Channel Myanmar

Agatha Christie Limited

Charlie Chopra And The Mystery Of Solang Valley (2023) 5
Charlie Chopra And The Mystery Of Solang Valley (2023) Charlie Chopra & The Mystery of Solang Valley (2023) "စုံထောက်မလေးချာလီချိုပရာနှင့် ဆန်းကြယ်ဆိုလန်းတောင်ကြား"IMDb-6.7/10Murder on the Orient Express (2017)လိုရုပ်ရှင်ရဲ့ စာရေးဆရာမကြီး Agatha Christie 1931ကရေးသားထုတ်ဝေထားတဲ့ Sir Arthur Conanရဲ့ The Hound of Baskerville ရဲ့ settingကို မှီငြမ်းထားတဲ့ The Sittaford Mysteryအမည်ရှိ စုံထောက်လျှို့ဝှက်ဆန်းကြယ်၀တ္ထုရှည်ကြီးကိုအခြေခံပြီး Haider(2014)နဲ့ Khufiya(2023)တို့လိုရုပ်ရှင်တွေရဲ့ ပဲ့ကိုင်ရှင်ဒါရိုက်တာကြီး Vishal Bhardwajကနေ ရိုက်ကူးပုံဖော်ထားတာပါ။စုံထောက်ဝတ္ထုမှာ သူမတူတဲ့ဆရာကြီးနှစ်‌ယောက်ရဲ့အငွေ့အသက်တွေနဲ့ နာမည်ကျော်ဒါရိုက်တာကြီးရဲ့လက်ရာကောင်းဆိုတော့ လက်မလွတ်တမ်းကြည့်ရှုဖို့ လက်တို့လိုက်ရပါတယ်။ နှင်းတွေဝေတဲ့ဆိုလန်းတောင်ကြားဟာ နှင်းလျှောစီးသူတွေအတွက်တော့ သုခဘုံပါပဲ။ ဆိုလန်းတောင်ကြားရဲ့ နှင်းလျှောစီးအပန်းဖြေစခန်းကိုပိုင်ဆိုင်သူကတော့ ချမ်းသာတဲ့ ဗိုလ်မှူးချုပ်ရာဝတ်ပါ။ တစ်နေ့မှာ လေဒီရို့စ်ဆိုတဲ့ဝိညာဉ်ကိုခေါ်ပြီး မေးမြန်းကြတဲ့အချိန်မှာ လေဒီရို့စ်က ဗိုလ်မှူးချူပ်ရာဝတ်သေပြီလို့ ရုတ်တရက်ပြောလိုက်ပါတော့တယ်။ဗိုလ်မှူးချုပ်ကိုစိုးရိမ်သွားတဲ့ ဗိုလ်မှူးဘာရူအာတစ်ယောက် နှင်းမုန်တိုင်းကြောင့် ကားမရှိလိုင်းမမိအခြေအနေကြားက ဗိုလ်မှူးချုပ်ကိုသွားကြည့်ဖို့ ...
5
TMDb: 5/10 2 votes
tv

Charlie Chopra And The Mystery Of Solang Valley (2023)

2023
Why Didn’t They Ask Evans? (2023) 6.726
Why Didn’t They Ask Evans? (2023) Why didn't they ask Evansစုံထောက်ဇာတ်လမ်းတွေကို နှစ်သက်သူတွေအနေနဲ့ စာရေးဆရာမကြီး Agatha Christieရဲ့ လက်ရာတွေကို ရင်းနှီးကြမှာပါ။ သူ့ရဲ့ဝတ္ထုတွေဖြစ်တဲ့ Murder on the Orient Expressနဲ့ Death on the Nileတို့ကို ရုပ်ရှင်အဖြစ် ပြန်လည်ရိုက်ကူးခဲ့ရာမှာလည်း ပရိတ်သတ်တွေကြား လူကြိုက်များခဲ့ပါတယ်။ဒီတစ်ခေါက်တင်ဆက်ပေးချင်တာကတော့ Agatha Christieရဲ့ဝတ္ထုဖြစ်တဲ့ Why didn't they ask Evans?ကို ပြန်လည်ရိုက်ကူးထားတဲ့ Mini Seriesလေးပဲဖြစ်ပါတယ်။ခပ်ဝေးဝေးကလူတစ်ယောက်ရဲ့အော်သံကြောင့် ရိုက်လျက်စဂေါက်တံကို ရပ်တန့်ပြီး ဘော်ဘီဂျုန်းစ်တစ်ယောက်အသံလာတဲ့ဖက်ကို လှမ်းကြည့်မိတယ်. လှိုင်းတွေရိုက်ခတ်နေတဲ့ချောက်ကမ်းပါးစွန်းကနေ လူတစ်ယောက်ပြုတ်ကျနေတာကိုတွေ့တော့ အကူအညီပေးဖို့ အပြေးအလွှားဆင်းသွားတဲ့ဘော်ဘီကို သေလုဆဲဆဲလူက စကားတစ်ခွန်းပဲပြောနိုင်ခဲ့တယ်'သူတို့ဘာလို့ အီဗန်ကိုမမေးခဲ့တာလဲ'တဲ့. ဘော်ဘီဂျုန်းစ်ဆိုတာက ရေတပ်ကဒုဗိုလ်အနေနဲ့ထွက်လာတဲ့ သင်းအုပ်ဆရာရဲ့သားဖြစ်ပြီး မာ့ချ်ဘော့တ်မြို့ရဲ့ဂေါက်ကွင်းမှာအလုပ်လုပ်နေတဲ့သူတစ်ယောက်ပါ. အေးအေးဆေးဆေးနဲ့ သူတပါးကိုကူညီတတ်တဲ့သူ့ဘဝထဲကို ချောက်ကမ်းပါးကနေပြုတ်ကျသွားတဲ့ သေသွားတဲ့လူတစ်ယောက်ရဲ့နောက်ဆုံးစကားက အမြဲတဝဲလည်လည်ဖြစ်ပြီးမေးခွန်းထုတ်စရာဖြစ်လာပါတော့တယ်.ဒီမေးခွန်းကိုပိုပြီးတော့ အသက်ဝင်လာအောင်တွန်းအားပေးနေတာကတော့ လန်ဒန်မြို့ကနေပြန်လာတဲ့သူဠေးသမီးလေး လေဒီဖရန်စစ်ဒါဝက်ပါပဲ. စပ်စပ်စုစုနဲ့ သွက်လက်လွန်းတဲ့သူ့ရဲ့ဖိအားပေးမှုတွေနဲ့အတူ ဒါဟာ လူသေမှုလား လူသတ်မှုလားဆိုတာကို ရှာဖွေရင်းနဲ့ ကိုယ်တိုင်ပါအသက်အန္တရာယ်နဲ့ရင်ဆိုင်လာရတဲ့အခါမှာဘယ်လိုတွေဆက်ဖြစ်မယ်ဆိုတာကို ဇာတ်လမ်းထဲမှာအဖြေရှာရမှာပါ.စုံထောက်ဝထ္ထုတွေမှာနာမည်ကြီးတဲ့ Agatha Christieရဲ့လူကြိုက်များခဲ့တဲ့ Why didn't they asked ...
6.726
TMDb: 6.726/10 42 votes
tv

Why Didn’t They Ask Evans? (2023)

2022