Channel Myanmar

20th Television

Only Murders in the Building Season 4 (2024) 8.314
Only Murders in the Building Season 4 (2024) Only Murders in the Building (Season 4) Genre – Comedy, Crime, Mystery, Drama IMDB – 8.1/10ကျွန်တော့် အသည်းကျော်လေး Selena Gomez တို့ရဲ့ နာမည်ကျော် စီးရီးလေး Season 4 ထွက်လာခဲ့လို့ ထပ်မံတင်ဆက်ပေးလိုက်ရပါပြီဗျာ။ဒီ S4 ဟာဆိုရင်လည်း မထွက်ခင်ကတည်းက Rotten Tomato မှာ ရာနှုန်းပြည့်နဲ့ ပွဲခံနေတာကြောင့် စိတ်မပျက်စေရလောက်ဘူးလို့ ထင်မိပါတယ်။ အရင် Season 3 အဆုံးမှာ မေဘယ်တို့တသိုက် လူသတ်တရားခံဖော်ပြီး ပွဲခံနေကြတဲ့အချိန် ချားစ်ရဲ့စတန့်သရုပ်ဆောင် ဆက်ဇ်တစ်ယောက် ချားစ်ရဲ့ တိုက်ခန်းမှာတင် သေနတ်ပစ်သတ်ခံရပြီး ဇာတ်သိမ်းခဲ့ပါတယ်။ယခုမှာလည်း အဲဒီကနေ တိုက်ရိုက်တင်ဆင်ပေးထားပြီး သူတို့တွေ တိုက်ခန်းထဲဝင်ခဲ့တဲ့အချိန်မှာတော့ အလောင်းက မရှိတော့ပါဘူး ချားစ်တစ်ယောက်လည်း ဒီတိုင်းဆက်ဇ်ပျောက်နေတယ်ထင်နေတာပါ။ ဒါပေမဲ့ သူတို့ရဲ့ နာမည်ကျော်ကြားမှုက ပေါ့ကတ်စ်တွေ ပြဇာတ်တွေတင်မကတော့ပဲ ဒီ Season မှာတော့ ဟောလိဝုဒ်ကနေ သူတို့ရဲ့အကြောင်းတွေကို ရုပ်ရှင်ရိုက်ကူးဖို့ ကမ်းလှမ်းခဲ့ရပါတော့တယ်။ဒီလိုနဲ့ အိုလီဗာကတော့ ဟောလိဝုဒ်ဆို ...
8.314
TMDb: 8.314/10 1351 votes
tv

Only Murders in the Building Season 4 (2024)

9-1-1 or 911 8.21
9-1-1 or 911 Covid19 ကြောင့် Stay Home နေကြရတဲ့CM Fan တွေ အတွက် အချိန်ကုန်မှန်းမသိအောင်ကြည့်ကောင်းတဲ့ တီဗီဇတ်လမ်းတွဲ တစ်ခု နဲ့မိတ်ဆက်ပေးပါရစေ...9-1-1 ပါတဲ့ ဟုတ်ပါတယ်...9-1-1 ဟာ မြန်မာပြည်က ကူညီပါရစေ လိုပါပဲ ဆိုပေမယ့်ဒီက ကူညီပါရစေလိုမျိုးတော့ မဟုတ်ပါဘူး9-1-1 အုပ်စု မှာ အရေးပေါ် တယ်လီဖုန်းလိုင်းကအော်ပရေတာတွေ ကနေ တဆင့် အမှုအခင်း - သဘာဝဘေး စတဲ့ပြသနာ ပေါင်းစုံကို ဆယ်သွယ်အကူအညီတောင်းတဲ့ အခါမီးသတ် - ရဲ - ဆေးဘက်အကူအညီ နှင့် အပြေးအလွှားကယ်ဆယ်ကြပါရတယ်ဒီ 9-1-1 ဇတ်လမ်းတွဲမှာတော့ ထူးထူးခြားခြား ဖြစ်စဉ်လေးတွေကိုEpisode တစ်ခုစီ အပြီးအစီး ပြထားတာမို့ ဆန့်ငင် ဆန့်ငင် မဖြစ်ပါဘူးဇတ်လမ်းတွဲထဲက သရုပ်ဆောင်တစ်ယောက်စီတိုင်းရဲ့ သဘာ၀ ကျတဲ့သရုပ်ဆောင်ချက်တွေ ကြောင့် ဇတ်လမ်းတွဲဟာ ပိုမိုပြီး အသက်ဝင်နေပါတယ်ဒီဇတ်လမ်းတွဲကိုAugust , Sai Wai ...
8.21
TMDb: 8.21/10 2291 votes
tv

9-1-1 or 911

2018
Tracker (2024) 7.3
Tracker (2024) Tracker (2024) Ongoing ~ IMDb - 6.7/10, RT - 88%, Meta - 64% ~ Smallville ထဲ အိုလီဗာကွင်း ဂရင်းအဲရိုးအဖြစ်သရုပ်ဆောင်ခဲ့တဲ့ Justin Hartley အဓိကသရုပ်ဆောင်ထားတဲ့ စီးရီးအသစ်ပါ။ ဒီစီးရီးက ဘာနဲ့တူလဲဆို ခုမြင်ရများတဲ့ စီးရီးတွေထက် ဟိုးတုန်းက စီးရီးတွေပုံစံမျိုးပိုသွားတယ်။ ဇာတ်ကတော့ သူ့နာမည်အတိုင်းပဲ လူပျောက်တာတွေ ပစ္စည်းပျောက်တာတွေကို ခြေရာခံလိုက်ရှာပြီး အဲဒီအတွက် ထုတ်ထားတဲ့ ဆုကြေးကိုစားနေတဲ့ ဆုကြေးစားတစ်ယောက်အကြောင်းပဲ။ သူများပြဿနာတွေကို ဖြေရှင်းရင်း သူ့ပြဿနာတွေတစ်စနဲ့တစ်စပေါ်လာတာက စူပါနေထရယ်ရဲ့စစချင်းစီဆန်တွေလိုပဲ။ အမှုတစ်ခုလိုက်လိုက် ငွေထုတ်လိုက် နောက်တစ်မှုထပ်ရှာလိုက်။ သူကတစ်ယောက်တည်းလုပ်နေတာတော့မဟုတ်ဘူး။ သူ့နောက်မှာ အချက်အလက်တွေစုဆောင်းပေးတဲ့သူတွေ ဟက်ကာတွေ နောက် ရှေ့နေတွေအထိပါရှိနေတယ်။ တစ်ခါတလေ လူပျောက်ရှာတာက စွန့်စားခန်းဆန်ပေမဲ့ တစ်ခါတလေကျလည်း စုံထောက်ကားကြည့်နေရသလိုပဲ။ သူ့အတိတ်မှာလည်း ပဟေဠိတစ်ခုချန်ထားတာဆိုတော့ လူပျောက်တွေလိုက်ရှာ အမှုတွေရှင်းရင်း သူ့အတိတ်က ပဟေဠိဘယ်လိုပုံပေါ်လာမလဲကြည့်ရလိမ့်မယ်။ လက်ရှိအထိတော့ ၃ပိုင်းထွက်ထားပြီး ...
7.3
TMDb: 7.3/10 23 votes
tv

Tracker (2024)

2024
Will Trent (2023) 7.7
Will Trent (2023) Will Trent (2023) =============IMDb Rating - 7.6/10Pieces of Her ရဲ့ဖန်တီးရှင်စာရေးဆရာမ Karin Slaughter ရဲ့အခြားသောနာမည်ကျော်စီးရီးစ်တစ်ခုဖြစ်တဲ့ Will Trent ကိုပြန်လည်အသက်သွင်းထားတဲ့ ဇာတ်လမ်းတွဲအသစ်ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းအနေနဲ့ စုံထောက် Will Trent ဟာငယ်စဉ်ကတည်းက မိဘတွေစွန့်ပစ်ခံခဲ့ရပြီး ပြည်နယ်မိဘမဲ့ကလေးစောင့် ရှောက်မှုစနစ်အောက်မှာ ကြီးပြင်းခဲ့ရသူတစ်ဦးပါ။ အဲ့ဒီမှာတွေ့ကြုံခဲ့ရတဲ့ခါးသီးမှုတွေ စိတ္တဇတွေဟာလက်ရှိအချိန်ထိ သူ့အပေါ်သက် ရောက်မှုရှိနေဆဲဖြစ်ပြီး အခုချိန်မှာတော့ဂျော်ဂျီယာစုံစမ်းစစ်ဆေးရေးဗျူရိုမှာ ထိပ်သီးစုံထောက်တစ်ဦးအဖြစ်ဘဝကို ကြိုးစားတည် ဆောက်နေပါတယ်။သူဟာ ငယ်စဉ်ကတည်းက စာသင်ရခက်၊ ဖတ် ရခက်တဲ့ ဦးနှောက်ချို့ယွင်းမှုဝေဒနာကိုခံစားခဲ့ရသူဖြစ်ပြီး စာဖတ်တဲ့ နေရာမှာ အခုချိန်ထိအခက်အခဲရှိတဲ့သူပါ။ဒါပေမယ့်လည်း တစ်ဖက်က အားသာချက်အနေနဲ့ အခင်းဖြစ်နေရာ တစ်ခုကိုတစ်ချက်ကြည့်လိုက်ရုံနဲ့ သူများတွေ မမြင်နိုင်မျက်စိလျှမ်း သွားနိုင်တဲ့အသေးစိတ်အချက်အလက်လေးတွေကို စူးရှစွာထိုးထွင်း မြင်နိုင်တဲ့သူဖြစ်တဲ့အတွက် ဗျူရိုမှာ မှုခင်းဖြေရှင်းနိုင်မှုအမြင့်ဆုံး စုံထောက်အဖြစ်ရပ်တည်နေပြီး လတ်တလောမှာလဲ အက်တလန် တာရဲတပ်ဖွဲ့ရဲ့ခြစားမှုကိုတာဝန်ပေးခံရချိန်မှာဖြေရှင်းပေးနိုင်ခဲ့သလို အဲ့ဒီလိုဖြေရှင်းပေးနိုင်ခဲ့တဲ့အတွက် အက်တလန်တာရဲတပ်ဖွဲ့ (APD) ဝင်တစ်ချို့ အဖမ်းခံခဲ့ရပြီး APD ...
7.7
TMDb: 7.7/10 5400 votes
tv

Will Trent (2023)

2023
We Were the Lucky Ones (2024) 10
We Were the Lucky Ones (2024) ဒုတိယကမ္ဘာစစ်အစောပိုင်းမှာ ကာ့တို့မိသားစုဟာ ချမ်းသာတဲ့အရှိန်နဲ့ရာဒွန်းမြို့မှာ ဘေးကင်းကင်းနဲ့ နေထိုင်နေကြပါတယ်။ ဒါပေမဲ့ ကာ့တို့က ဂျူးသွေးပါတဲ့အတွက် ဟစ်တလာအာဏာရတဲ့အချိန်မှာရှောင်တိမ်းရပါတော့တယ်။ ဒီလိုရှောင်တိမ်းရင်းနဲ့ ကာ့တို့မိသားစုတွေ တကွဲတပြားစီဖြစ်သွားပါတော့တယ်။ဒီလိုနဲ့ မိသားစုပြန်လည်ပေါင်းစည်းနိုင်ဖို့ ကာ့တို့မောင်နှမတွေ ကိုယ်စီ ဘယ်လိုကြိုးစားကြမလဲ သူတို့တွေ တကယ်ပဲပြန်လည်ဆုံစည်းနိုင်ကြပါ့မလား... Georgia Hunter ‌ရဲ့ We were the lucky ones ဆိုတဲ့စာအုပ်ကိုအခြေပြုရိုက်ကူးထားတာဖြစ်ပြီး Kissing Booth မင်းသမီးJoey King ပါဝင် သရုပ်ဆောင်ထားပါတယ်။2024 Marchလ 28ရက်‌နေ့မှာထွက်ရှိလာတဲ့စီးရီးအသစ်လေးပဲဖြစ်ပါတယ်။ File size…    500 MB Quality… Web-DL 1080p Format… mp4 Duration…. 50m Genre ..... Drama/War Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Htet Aung Lwin , Elizabeth Khant , Benni  1080pEP 01 - ...
10
TMDb: 10/10 1 votes
tv

We Were the Lucky Ones (2024)

2024
The Spiderwick Chronicles (2024) 8.455
The Spiderwick Chronicles (2024)  The Spiderwick Chronicles လိုပြောလိုက်ရင်ငယ်ငယ်က အားလုံးနီးပါးကြည့်ဖူးခဲ့ကြမဲ့ စာအုပ်ကြီးတစ်အုပ် နဲ့ မောင်နှသုံးယောက်ရဲ့ မှော်သတ္တဝါတွေကြားကစွန့်စားခန်း ရုပ်ရှင်ကို ပြေးမြင်မိကြမှာပါ။ အဲဒီရုပ်ရှင်ကThe Spiderwick Chronicles (မြန်မာအမည်-အံ့ဖွယ်မှတ်တမ်းများ)ဆိုတဲ့ စာအုပ်ကိုရုပ်ရှင်အဖြစ်ပုံဖော်ထားတာဖြစ်ပါတယ်။အခု series လေးက အဲဒီရုပ်ရှင်ရဲ့ Reboot series တစ်ခုပါပဲ။Reboot ဖြစ်တဲ့အလျှောက် ယခင်ရုပ်ရှင်နဲ့ မတူတာတွေအများကြီးရှိပြီး စာအုပ်ကိုပိုမို မှီငြမ်းထားတာတွေ့ရပါတယ်။ ဇာတ်လမ်းအကျဉ်း***************ဂျဲရတ်ဟာ oppositional defiance disorder (ODD)ဆိုတဲ့ဒေါသမထိန်းနိုင်၊ အလိုမကျ၊ ပြောတာနဲ့ဆန့်ကျင်ဘက်လုပ်တတ်တဲ့ စိတ်‌ရောဂါအခြေအနေမျိုးနဲ့ ကြုံတွေ့နေရတဲ့မြီးကောင်ပေါက်လူငယ်တစ်ယောက်ပါ။ သူ့မှာ အစ်မ မယ်လိုရီနဲ့အမြွှာအစ်ကိုဆိုင်မွန်တိုရှိပါတယ်။ အမြွှာဆိုင်မွန်ကတော့ဂျဲရတ်နဲ့ဆန့်ကျင်ဘက် လိမ္မာနာခံပြီး အေးအေးဆေးဆေးနေတတ်သူပါ။ အစ်မမယ်လိုရီကတော့ Fencing ကစားသမားတစ်ဦးဖြစ်ပါတယ်။ တစ်နေ့မှာ သူတိုအမေဟာ ဂျဲရတ်ရဲ့စိတ်ကျန်းမာရေးကိုကုသပေးဖို နဂိုနေထိုင်ရာ New York ကနေသူတိုရဲ့ ဘိုးဘွားပိုင်အိမ်ကြီးရှိရာ Hensonမြိုကိုပြောင်းရွေ့လာခဲ့ကြပါတယ်။ ဒီလိုနဲ့ဂျဲရတ်ဟာ သူတိုရဲ့အဘေးArthur Spiderwick မှတ်တမ်းပြုစုသွားတဲ့ မှော်သတ္တဝါတွေအကြောင်းစာအုပ်ကိုတွေ့ရှိသွားခဲ့ပါတော့တယ်။ စာအုပ်ရဲ့အရေးကြီးတဲ့ စာမျက်နှာတွေဟာလည်းဟန်ဆန်မြိုနေရာအနှံအပြားမှာ ...
8.455
TMDb: 8.455/10 22 votes
tv

The Spiderwick Chronicles (2024)

2024
Percy Jackson and the Olympians (2023) 7
Percy Jackson and the Olympians (2023)  နာမည်ကြီး မှော်စိတ်ကူးယဉ် စာအုပ်တွေကို ပြန်လည်ရိုက်ကူးထားတဲ့ စီးရီးအသစ် လာပါပြီ။ ရုပ်ရှင်အနေနဲ့လည်း ထွက်ပြီးသားဖြစ်ပေမဲ့ ဒါကတော့အစက‌နေ ပြန်ရိုက်တာပါ။ ဇာတ်လမ်းတွဲဆိုတော့ ပိုစုံစုံကြည့်ရမှာပါ။ ရုပ်ရှင်တွေကို စီးရီးပြန်ရိုက်တဲ့နေရာမှာ လူအမြင်ကတ်ခံရဆုံးကတော့ လူမည်းတွေကို ဆိုင်ဆိုင်မဆိုင်ဆိုင် အတင်းထည့်တဲ့ ပြဿနာပါပဲ။ ဒီရုပ်ရှင်မှာလည်း နာမည်ကျော်ဇာတ်ကောင်ဖြစ်တဲ့ စစ်၊ ပညာရှိနတ်ဘုရားမ အသီနာရဲ့သမီး Annabeth Chase ကို လူမည်းအဖြစ်ပြောင်းထားလို့ ဝေဖန်ခံနေရတာပါ။ ဒါပေမဲ့ ဒီလိုအဆဲခံရတာဟာ ဇာတ်လမ်းမကောင်းရင် ပိုဆိုးသွားတတ်ပြီး ဇာတ်လမ်းရောသရုပ်ဆောင်ရော ကောင်းနေရင်တော့ နားလည်ပေးခံရတာများပါတယ်။ ဒီစီးရီးကတော့ ခရမ်းချဉ်သီးရော IMDb မှာပါလတ်တလောတော့အခြေအနေအကောင်းနေတာမို့ အကောင်းဘက်ကိုသွားမယ်လို့ မျှော်ထင်ရပါတယ်။ဇာတ်လမ်းအကျဉ်းပါစီဂျက်ဆန်မှာ ကျောင်းမှာ စိတ်ကူးအရမ်းယဉ်တတ်ပြီး ထူးဆန်းတာတွေကို တစ်ယောက်တည်း မြင်တတ်လွန်းလို့ တစ်ကျောင်းလုံးက အူကြောင်ကြောင်ကောင်လေးအဖြစ် သတ်မှတ်ထားတာပါ။ ဒါပေမဲ့ သူဟာ လူသားနဲ့ နတ်ဘုရားတွေက‌နေ မွေးလာတဲ့ သွေးနှောနတ်ဘုရား တစ်ယောက်ဖြစ်နေပြီး သူ အရွယ်ရောက်လာတဲ့ ၁၂ ...
7
TMDb: 7/10 1 votes
tv

Percy Jackson and the Olympians (2023)

2023
The Santa Clauses – Season (01), (02) 6.3
The Santa Clauses – Season (01), (02) The Santa Clauses - Season (01), (02)===========================IMDb Rating - 6.3/10 ♪ Jingle bells, Jingle bells, Jingle all the way ♪ ခရစ်စမတ်ရာသီရောက်လာရင် ဆန်တာကလော့စ်ရဲ့ ဇာတ်လမ်းလေးတွေကို ကြည့်ရတာ မရိုးနိုင်တဲ့ ရိုးရာတစ်ခုဖြစ်လိုနေပါပြီ။ အခုနှစ်မှာတော့ Disney+ ကနေ The Santa Clauses ဆိုတဲ့ ခရစ်စမတ်ရာသီစာ comedy-fantasy စီးရီးတစ်ခုကို ထုတ်လွှင့်ပေးလိုက်ပါတယ်။ဒီစီးရီးက ၂၀၀၀ ခုနှစ်ဝန်းကျင်တွေက ထွက်ရှိခဲ့တဲ့ The Santa Clause (1)(2) (3) ရုပ်ရှင်တွေရဲ့ အဆက်လို့လည်း ပြောလို့ရပါတယ်။ အခုစီစန်မှာတော့ ဆန်တာ ကလော့စ်ရာထူးကို နောက်ဆုံးလက်လွှဲယူထားတဲ့သူက စကော့ကယ်လ်ဗင်ပါ။သူက အသက် ၆၅ နှစ် ရှိနေပြီဖြစ်တာမို့ သူ့ရဲ့မှော်အစွမ်းတွေ တဖြည်းဖြည်းကျ ဆင်းလို့လာနေပါပြီ။ ဒါကြောင့် သူပင်စင်ယူပြီးရင် သူ့ရဲ့ ဆန်တာရာထူးကို ဆက်ခံ နိုင်မဲ့လူကို ရှာပုံတော်ဖွင့်ရမှာ ဖြစ်ပါတယ်။ ဒီကြားထဲမှာလည်း ...
6.3
TMDb: 6.3/10 9600 votes
tv

The Santa Clauses – Season (01), (02)

2023
Faraway Downs (2023) 6.714
Faraway Downs (2023)  Disney plus ကရိုက်ကူးထားပြီး နာမည်ကျော် မင်းသားကြီး Hugh Jackman နဲ့မင်းသမီး Nicole Kidman တို့ပါဝင်သရုပ်ဆောင်ထားတဲ့ ဒီစီးရီးဟာ castsတွေနဲ့တင်ကြည့်သင့်တဲ့စီးရီးဖြစ်ပါတယ်..ဒါ့အပြင် သူတို့ (၂)ယောက်ပေါင်းပြီး ရန်သူတွေပတ်လည်ဝိုင်းနေတဲ့အထင်ကရခြံကြီးကိုကာကွယ်တဲ့ဇာတ်လမ်းဆိုတော့ ပိုစိတ်ဝင်စားဖို့ကောင်းပါတယ်...Lady Sahara Ashley ဆိုတဲ့ အထက်တန်းလွှာအမျိုးသမီးတစ်ယောက်ရှိပြီး သူ့ယောက်ျားဖြစ်သူ Lord Maitland Ashley ကတော့ဩစတြေးလျနိုင်ငံ မြောက်ဘက်စွန်းက Faraway Downs ဆိုတဲ့ နွားခြံကြီးမှာနေထိုင်ပါတယ်။ တစ်နေ့ မှာ Lady Sahara Ashley က သူ့ယောက်ျားရှိရာFaraway Downs ကိုလိုက်သွားတဲ့အခါ သူ့ယောက်ျားဖြစ်သူက သေဆုံးနေတာကိုတွေ့လိုက်ရပါတော့တယ်။ အဲ့လိုနဲ့ပဲ ဆာရာဟာ Faraway Downs ဆိုတဲ့ခြံကြီးကိုThe Droverဆိုတဲ့ နွားပွဲစားအကူအညီနဲ့ ဦးစီးဖို့အကြောင်းဖန်လာပါတော့တယ်။တစ်ဖက်မှာလည်း Faraway Downs ကို ဝယ်ချင်နေတဲ့ ပြိုင်ဖက်ကုမ္ပဏီကြီးတစ်ခုလည်းရှိနေတဲ့အပြင် နားမလည်ပါးမလည် ခြံဦးစီးရှိနေတဲ့နေရာဆိုတော့ လစ်ရင်လစ်သလိုအပိုင်စီးချင်နေတဲ့ လောဘသမားတွေကလည်း ဒုနဲ့ဒေးပေါ့... ...
6.714
TMDb: 6.714/10 7 votes
tv

Faraway Downs (2023)

2023
Only Murders in the Building (2022) – Season 02 8.6
Only Murders in the Building (2022) – Season 02 Only Murders in the Building (2022) - Season 02 =========================== IMDb Rating - 8.1/10Season 01 မကြည့်ရသေးသူများအတွက် ခုအညွှန်းက Spoilerတွေ ပါပါတယ်။ Season 01 >>> Click Here *********************************** ဝါရင့် အနုပညာရှင်ကြီးတွေဖြစ်တဲ့ Steve Martin နဲ့ Martin Short တို့ ပါ၀င်တာကတစ်ကြောင်း၊ Selenators တို့ရဲ့ အချစ်တော် Selena Gomez ပါ၀င်နေတာကတစ်ကြောင်း မထွက်ခင်ကတည်းက ခေတ်ထနေတဲ့ စီးရီးပါ ။ (၁၀) ပိုင်းပါ၀င်ပြီး ပွဲဦးထွက် ၂ ပိုင်းထွက်ချလာပါတယ်။စုံထောက်ကြီး 3 ယောက်ပြန်လာပါပြီ။ ပြီးခဲ့တဲ့ စီစန် အဆုံးသတ်မှာ ပြဿနာရှင်းပြီလို့ ယူဆရင်း အောင်ပွဲခံနေတဲ့ မေဘယ်၊ ချားလ်နဲ့ အိုလီဗာတို့ ပြီးအောင်တောင် မပျော်လိုက်ရဘဲ ဒုက္ခနဲ့လှလှတွေ့သွားတာကို မှတ်မိကြသေးရဲ့လား မသိဘူး....အခုတော့ အဲဒီ ဒုက္ခရဲ့ နောက်ဆက်တွဲအနေနဲ့ စီစန် 2 ...
8.6
TMDb: 8.6/10 620 votes
tv

Only Murders in the Building (2022) – Season 02

2022
Only Murders in the Building (2021) – Season 01 8.3
Only Murders in the Building (2021) – Season 01 Only Murders in the Building (2021)==========================IMDb Rating - 9.5/10ဝါရင့် အနုပညာရှင်ကြီးတွေဖြစ်တဲ့ Steve Martin နဲ့ Martin Short တို့ ပါ၀င်တာကတစ်ကြောင်းSelenators တို့ရဲ့ အချစ်တော် Selena Gomez ပါ၀င်နေတာကတစ်ကြောင်း မထွက်ခင်ကတည်းကခေတ်ထနေတဲ့ စီးရီးပါ ။ အပိုင်း ၁၀ ပိုင်းပါ၀င်ပြီး ပွဲဦးထွက် ၃ ပိုင်းတောင် ထွက်ချလာပါတယ်။ဇာတ်လမ်းအညွှန်း −Charles, Oliver နဲ့ Mabel Mora တို့ဟာ Upper West Side က ကွန်ဒိုတစ်ခုမှာ ဘ၀ ကိုယ်စီနဲ့ ကိုယ့်လမ်းကိုယ်လျှောက်နေသူတွေပါ။ တစ်နေ့ သူတို့နေတဲ့ ကွန်ဒိုမှာ လူသေမှုတစ်ခု ဖြစ်လာပါတယ်။ ဖြစ်ချင်တော့ အဲဒီလူကမသေခင် တစ်နာရီကမှ သူတို့ ၃ ယောက်နဲ့အတူ ဓာတ်လှေကားတူတူစီးသွားသူရယ်ပါ။ ရဲတွေကတော့ တွေ့ရှိလာတဲ့သက်သေတွေအရ ...
8.3
TMDb: 8.3/10 200 votes
tv

Only Murders in the Building (2021) – Season 01

2021
True Lies (2023) 7.846
True Lies (2023) True Lies(2023)မကြာသေးခင်ကမှ ထွက်ရှိထားပြီး အမေရိကန် action, comedy စီးရီးလေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ ဇာတ်လမ်းကျောရိုးကတော့ အမေရိကန်တို့ရဲ့ထုံးစံအတိုင်း ပစ်မယ်ခတ်မယ်၊ ကမ္ဘာကြီးကိုကယ်တင်မယ်၊ ကြားထဲက အရွှန်းလေးတွေ ဖောက်မယ်ပေါ့ဗျာ။ သို့ပေမဲ့လည်း ဒီစီးရီးလေးကို 1994ခုနှစ်က ဒါရိုက်တာကြီး James Cameron စီစဉ်ရိုက်ကူးတင်ဆက်ထားပြီး မင်းသားကြီး Arnoldပါဝင် သရုပ်ဆောင်ခဲ့တဲ့ True Liesဆိုတဲ့ ရုပ်ရှင်အပေါ် မှီငြမ်းထားတာပါ။ ဒီမှာ တစ်ခု သတိထားမိတာက Japan anime industryထဲက Spy x familyနဲ့လည်း တချို့တစ်နေရာမှာ ခပ်ဆင်ဆင်လေး သွားတူနေတယ်ဆိုတာပါပဲ။ဇာတ်လမ်းအကျဉ်းကတော့ Harry Taskerဟာ ကွန်ပျူတာ အရောင်းစာရေးလေးအဖြစ် အသွင်ယူထားတဲ့ နိုင်ငံ့ထိပ်တန်း သူလျှိုအဖွဲ့အစည်းတစ်ခုက သူလျှိုတစ်ယောက်ပဲဖြစ်ပါတယ်။ အိမ်ထောင်ရက်သား ကျပြီးလို့ ၁၇နှစ်အကြာ သားသမီးတွေ ထွန်းကားပြီးတာတောင်မှ သရုပ်မှန်ကို အခုထိပိပိရိရိ ဖုံးကွယ်ထားနိုင်ဆဲပါ။ တစ်ဖက်မှာလည်း ဇနီးဖြစ်သူ Helenအနေနဲ့ Harryရဲ့ အချိန်မတိကျမှုတွေ အလုပ်ကိစ္စဆိုပြီး မကြာခဏ ရက်တိုခရီးထွက်တာတွေအပေါ် သင်္ကာမကင်း စဖြစ်လာပါတော့တယ်။ အဲဒီလိုနဲ့ပဲ သရုပ်မှန်မပေါ်ချင်သလို အိမ်ထောင်ရေးပြဿနာလည်း မတက်ချင်တဲ့ Harryခမျာ ကြံရာမရတဲ့အဆုံး လံကြုပ်ဇာတ်ခင်းပြီး ...
7.846
TMDb: 7.846/10 13 votes
tv

True Lies (2023)

2023
American Born Chinese (2023) 8.5
American Born Chinese (2023)  ဒီစီးရီးကိုတော့ အတော်များများ မျှော်နေကြတာပါ။ ဒစ္စနေးကနေ မင်းသမီးကြီး မီရှဲယိုနဲ့ ရိုက်ကူးထားတဲ့ စိတ်ကူးယဉ်မှော်စီးရီးပါပဲ။အမေရိကန်နိုင်ငံနဲ့ တရုတ်ကောင်းကင်ဘုံကို အခြေခံထားပါတယ်။ ကောင်းကင်ဘုံမှာ မိုးနတ်မင်းဟာ အေးချမ်းစွာ အုပ်စိုးနေပေမဲ့ နွားမိစ္ဆာဟာ ပုန်ကန်ဖို့ အင်အားစုနေပါပြီ။ နွားမိစ္ဆာကိုတားနိုင်ဖို့ကလည်း မျောက်မင်းစွန်းဝူခုန်းရဲ့ သံတောင်ဝှေးရှိမှဖြစ်မှာဆိုပေမဲ့ သံတောင်ဝှေးကို စွန်းဝူခုန်းရဲ့ သား စွန်းဝေ့ချန်က ခိုးပြီးထွက်ပြေးသွားပါတယ်။ ခိုးပြီးတော့ အမေရိကန်က ကျောင်းတစ်ကျောင်းမှာ ကျောင်းသားအဖြစ်ဟန်ဆောင်ပြီးပုန်းနေခဲ့တာပါ။ အဲဒီမှာပဲ စွန်းဝေ့ချန်နဲ့ တရုတ်လေး ကျင်းဝမ်တို့ သူငယ်ချင်းဖြစ်လာပါတယ်။ အဲဒီတောင်ဝှေးကို ပြန်ရဖို့ လိုက်ယူတဲ့ ဝူခုန်း၊ နွားမိစ္ဆာတို့အဖွဲ့နဲ့ စွန်းဝေ့ချန်ကိုကူညီမယ့် ကွမ်ယင်မယ်တော်တို့ ဘာဆက်ဖြစ်ကြမလဲဆိုတာ....File size…(1.1 GB)/(600 MB) Quality….Webrip 1080p / 720p Format…mp4 Duration….35:00 Genre...Drama Horror Thriller Episode... 8 Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Aderson Translated by CM Team  Episode 1 720p  ...
8.5
TMDb: 8.5/10 2 votes
tv

American Born Chinese (2023)

2023
The Crossover (2023) 5.7
The Crossover (2023) The Crossover (2023) ================‌Disney ရဲ့ Sports, Drama ဇာတ်လမ်းတွဲလေးပါ။ ချက်ဘဲလ်ဆိုတဲ့ NBA basketball league ရဲ့ဂန္တ၀င် ကစားသမားကြီး အနားယူနေ၀င်ချိန်မှာတော့ အိမ် ထောင်ကျပြီး ဂျော်ဒန်ဘဲလ် နဲ့ ဂျော့ရှ်ဘဲလ်ဆိုတဲ့ အမွှာညီအစ်ကို နှစ်ယောက်ကိုရလာပါတယ် ။သူ့သားတွေကို အဖေခြေရာနင်းစေချင်တဲ့ ချက်ဘဲလ် က ငယ်ငယ်ထဲက ဘတ်စ်ကတ်ဘောကိုလေ့ကျင့်ပေး ပြီး ကျောင်းလက်ရွေးစင်နဲ့ အထက်တန်းကျောင်းတစ် လျှောက်ပြိုင်ပွဲတွေမှာ ၀င်ပြိုင်စေခဲ့ပါတယ်။ ဂျော်ဒန်နဲ့ ဂျော့ရှ့်ကလည်း NBA Pro player တွေကိုမွေးထုတ် ပေးနေတဲ့ ဘီကွန်အကယ်ဒမီ အထက်တန်းကျောင်းကို ၀င်ရောက်နိုင်ဖို့ကြိုးစားရင် အောင်မြင်တဲ့ ဘတ်စ်ကတ် ဘော ကစားသမားတွေဖြစ်အောင်ကြိုးစားကြမှာဖြစ်ပါ တယ် ။(ဒီစီးရီးရဲ့ အညွှန်းနဲ့ဘာသာပြန် ရေးသားပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်။)File Size.............(350 MB) / (830 MB) Quality...............WEB-DL 720p / 1080p Duration............50Mins(@Episode) Subtitle..............Myanmar Hardsub Format...............MP4 Genre.................Drama, Family, Sport Translator..........Thiha Yan Naing Encoder.............. SWM 720P (350 Mb)-----------------------------------Episode(1) - Yoteshin /  ...
5.7
TMDb: 5.7/10 1231 votes
tv

The Crossover (2023)

2023
Alaska Daily (2022) 7
Alaska Daily (2022) Alaska Daily (2022) Completed Limited Series ~ IMDb - 7.4/10, Rotten Tomatoes - 67% ~ ဇာတ်လမ်းတွဲပေမဲ့ မင်းသမီးကတော့ နှယ်နှယ်ရရမဟုတ်ပါဘူး။ ဟောလိဝုဒ်မင်းသမီးတွေရနိုင်တဲ့ အကြီးဆုံးဆု၊ ကမ္ဘာပေါ်က မင်းသမီးတွေရနိုင်တဲ့အကြီးဆုံးဆုလို့ပြောလို့ရတဲ့ Academy Award for Best Actress in a Leading Role အော်စကာဆုကို ၂ခါပြန်ရထားတဲ့ Hilary Swank ပါ။ Boys Don't Cry ဆိုတဲ့ကားနဲ့ ပထမတစ်ခါရခဲ့ပြီး ကလင့်အိစ်ဝုရိုက်တဲ့ Million Dollar Baby နဲ့ ဒုတိယရခဲ့တာပါ။ အော်စကာနှစ်ဆုရှင် ရှားရှားပါးပါး သရုပ်ဆောင်ထားတဲ့ ဇာတ်လမ်းတွဲလေးပေါ့။ ဒီထဲမှာ ဟီလာရီက သတင်းထောက် အိုင်လင်းအဖြစ်သရုပ်ဆောင်ထားတယ်။ သူက သတင်းကြီးတွေကိုရအောင်လိုက်နိုင်တဲ့သူမျိုး၊ သတင်းကောင်းသတင်းမှန်ကိုရေးဖို့ ဘာအတွက်မှ နောက်မတွန့်တဲ့ သတင်းထောက်မျိုး။ ကားအဖွင့်မှာ ဗိုလ်ချုပ်ကြီးတစ်ယောက်ရဲ့ ...
7
TMDb: 7/10 3 votes
tv

Alaska Daily (2022)

2022
Doogie Kamealoha, M.D. (2021) 7.9
Doogie Kamealoha, M.D. (2021) Doogie Kamealoha M.D. (2021)IMDb - 6.3/10"ဒူဂီကန်မယ်လ်လိုဟာအမ်ဒီ"ဆေးပညာဒရာမာ က အမေရိကန်မိသားစုဆေးပညာဟာသ ဒရာမာတစ်ခုဖြစ်ပြီးတော့ ၁၉၈၉-၉၃ခုနှစ်က ABC ရုပ်သံကနေထုတ်လွှင့်ခဲ့တဲ့ "ဒူဂီဟောင်ဆာ "ဆေးပညာဒရာမာကိုအခြေခံထားတာဖြစ်ပါတယ်။လာဟဲလာ ဒူဂီ ကန်မယ်လ်လိုဟာ ဆိုတဲ့ဆယ်ကျော်သက်ဉာဏ်ကြီးရှင်မလေး က သူ့ရဲ့ အထက်တန်းကျောင်းသားဘဝနဲ့ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆရာဝန်ဖြစ်လာတဲ့အခါမှာ မိသားစုနဲ့ဘယ်လိုရုန်းကန်နေရတယ်ဆိုတာရယ်၊ သူရဲ့အလုပ်ရှင်လဲဖြစ်တဲ့ သူ့အမေနဲ့ သူနဲ့ကြားကဆက်ဆံရေးကို ဘယ်လိုမျိုးညှိနှိုင်းပြီး အလုပ်လုပ်သွားမယ်ဆိုတာကို ၁၀ ပိုင်းထဲနဲ့ အပြီး ကြည့်ရှုကြရမှာဖြစ်ပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Elrond ပဲ ဖြစ်ပါတယ်။Genre.....Drama, Medical Episodes.....10 Quality….WEB-DL 1080p File size…300 MB Format…mp4 Duration….30 min Subtitle….Myanmar Subtitle (Hardsub) Translator ..... Elrond Encoder ..... AugustEpisode 01 - VIP | Userdrive | Yoteshin | Megaup | Meganz | CMDriveEpisode 02 - VIP | Userdrive | Yoteshin ...
7.9
TMDb: 7.9/10 48 votes
tv

Doogie Kamealoha, M.D. (2021)

2021
Welcome to Chippendales (2022) Complete 8
Welcome to Chippendales (2022) Complete ဆိုမန်စတိဗ်ဘန်းနာဂျီ ဟာ အိန္ဒိယကနေ အမေရိကန်ကို ရွှေ့ပြောင်းလာရောက်နေထိုင်သူဖြစ်ပြီး ဇွဲနပဲရှိရှိ ခြစ်ကုတ်စုဆောင်းနိုင်မှုကြောင့် ခုနစ်နှစ်ကြာပြီးနောက်မှာ ကိုယ်ပိုင်လုပ်ငန်းတစ်ခု တည်ထောင်နိုင်သွားတယ်။အစဦးမှာ ရေလိုက်ငါးလိုက်လွဲခဲ့ပေမဲ့ သူဟာ ၁၉၈၀ ခုနှစ်များမှာ အမျိုးသမီးတွေအတွက် အမျိုးသားအဖော်အချွတ်ကလပ် "ချစ်ပန်ဒေးလ်စ်" ကို အောင်မြင်တဲ့လုပ်ငန်းအဖြစ် ဦးဆောင်နိုင်ခဲ့တဲ့ စီးပွားရေးစွမ်းဆောင်ရှင်တစ်ယောက် ဖြစ်လာခဲ့ပါတယ်။ သူတည်ထောင်ခဲ့တဲ့ ချစ်ပန်ဒေးလ်စ်ဟာ အခုခေတ်ကာလအထိ နာမည်တစ်ခုရှိနေပေမဲ့ သူ့ရဲ့ဇာတ်ကြောင်းကတော့ သာမန် စီးပွားရေးစွမ်းဆောင်ရှင်တွေလောက် မရိုးရှင်းခဲ့။သူ့ရဲ့ကလပ် အောင်မြင်ရေး၊ အောင်မြင်မှုကို ထိန်းသိမ်းထားနိုင်ရေးအတွက် လိုက်ခဲ့မိတဲ့ လမ်းမှားတွေနဲ့ နောက်ဆုံးမှာ ခေတ်တစ်ခေတ်ရဲ့ အဆန်းကြယ်ဆုံး မှုခင်းဖြစ်ရပ်မှန်တစ်ခုအဖြစ် ယနေ့ထိတိုင် ပြောမဆုံး ဖြစ်နေကြသေးတဲ့ အမေရိကန်အိပ်မက် လမ်းကြောင်းလွဲသွားခဲ့ပုံကို ကြည့်ရှုရမှာပါ။Quality :1080p DSNP WEB DL /720pTotal Episodes : 778MB / 362MBFormat : mp4Genres :Drama, Crime, ComedyDuration :45minsSubtitle : Myanmar Subtitle ( Hardsub )Translated by Nana Yuni & Min Khant Kyi WinEncoded ...
8
TMDb: 8/10 4 votes
tv

Welcome to Chippendales (2022) Complete

2022
Tell Me Lies (2022) Season 1 Complete 8
Tell Me Lies (2022) Season 1 Complete Tell Me Lies (2022) Season 1 Complete ~ IMDb rating - 6.5/10, Rotten Tomatoes - 86% ~ ပိုစတာကြည့်ပြီး ဒီကားကို Adult ကား လိုလို ဘာလိုလို ထင်ကြမှာပဲ။ တကယ်က အထက်တန်းကျောင်းပြီးတဲ့နောက် တက္ကသိုလ်စတက်ကြတဲ့ ဖရက်ရှာမလေးတွေနဲ့ စီနီယာကိုကိုတွေကြားက ဇာတ်လမ်းကို ပဟေဠိလေးတစ်ခုထည့်ပြီး ပုံဖော်ထားတာ။ တက္ကသိုလ်ကျောင်းသူဘဝအစ Fresher Welcome ကနေ ကြုံရတဲ့ပြဿနာတွေကနေ စပြီးပုံဖော်ထားတယ်။ တက္ကသိုလ်အငွေ့အသက်နဲ့ ကားလေးပေါ့။ မင်းသမီးဖြူဖြူချောချောလေးရယ် မင်းသမီးရဲ့လင်လုဘက် ညိုချောမလေးရယ် ပါတယ်။ ဒီလောက်နဲ့တန်ပါတယ်။ ဘာလို့ ဒီလောက်နဲ့တန်လဲဆိုတာက လာမယ်။ ခင်ဗျားသာ Adult ဇာတ်လမ်းတွဲတွေကို သဘာကျရင် ဒီဇာတ်လမ်းက ခင်ဗျားအတွက်ရွှေပဲ။ ဘာလို့ဆို ဖိလစ်ပိုင် အပြာဇာတ်လမ်းတွဲတွေထက်စာရင် ဒီကားကတော့ ဒီတိုင်း ဒရာမာသာတပ်ထားတာ တစ်ပိုင်း ၃ ၄ခန်းအထိပါတယ်။ ...
8
TMDb: 8/10 6 votes
tv

Tell Me Lies (2022) Season 1 Complete

2022
Mike (2022) 6.4
Mike (2022) Mike (2022) ========== IMDb Rating - 6.4/10၂၀၂၂ ခုနှစ်မှ Hulu ကနေ ထွက်ရှိလာတဲ့ နာမည်ကြီး လက်ဝှေ့သမားဖြစ်တဲ့ မိုက်ခ်တိုင်ဆန်ရဲ့ ဘဝကို ရိုက်ကူးထားတဲ့ Mike ဆိုတဲ့ အပိုင်း (၈) ပိုင်းပါ။ Mini Series လေး တစ်ခုကို တစ်ပတ်တစ်ပိုင်းနှုန်း တင်ဆက်ပေးသွားမှာပါ။ မိုက်ခ်တိုင်ဆန်ဟာ ၁၉၆၆ ခုနှစ် ဇွန်လ ၃၀ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။လက်ဝှေ့သမားအဖြစ် ၁၉၈၅ ခုနှစ်မှ ၂၀၀၅ ခုနှစ်အထိ အသက်မွေးခဲ့ပါတယ်။ မိုက်တိုင်ဆန်က ကမ္ဘာ့အကောင်းဆုံး ဟဲဗီးဝိတ်ချန်ပီယံအဖြစ်လည်းရရှိခဲ့သူပါ။ အသက် ၂၀ အရွယ်မှာ ပထမဆုံး ခါးပတ်ကိုရရှိခဲ့ပြီး အငယ်ဆုံး ဟဲဗီးဝိတ်ချန်ပီယံ အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ၁၉၉၂ ခုနှစ်မှာတော့ မုဒိမ်းမှုအတွက် ပြစ်ဒဏ် ချမှတ်ခံရပြီး ထောင် ၆ နှစ်ကျခဲ့ပါတယ်။ သို့သော် ၃ နှစ်အကြာမှာတော့ ခံဝန်နဲ့ ပြန်လည် လွတ်မြောက်လာခဲ့ပါတယ်။ ဒါကတော့ သူ့ရဲ့ ကိုယ်ရေးအကျဉ်းချုပ်ပါ။ဒီ စီးရီးထဲမှာတော့ မိုက်ခ်ရဲ့ ငယ်ဘဝကနေ ...
6.4
TMDb: 6.4/10 1200 votes
tv

Mike (2022)

2022