Channel Myanmar

2024

Women in Blue (2024) Season 1 6.7
Women in Blue (2024) Season 1  အပြာရောင်ဝတ်စုံအောက်မှ အမျိုးသမီးများဒီဇာတ်ကားကတော့ ဖြစ်ရပ်မှန်များအပေါ်မှာ မှိငြိမ်းရိုက်ကူးထားတဲ့ စပိန်နောက်ခံစကားပြော series တစ်ခုဖြစ်ပါတယ်။ ၁၉၇၁ ခုနှစ်ဝန်းကျင် မက္ကဆီကိုစီးတီး မြို့လေးမှာ အမျိုးသမီးတွေကို သတ်ပြီးတာနဲ့ အဝတ်ချွတ်ခဲ့တဲ့ "အဝတ်ချွတ်သူ" လို့ နာမည်ပေးခြင်းခံထားရတဲ့ လူသတ်သမားတစ်ယောက် လွတ်မြောက်လို့နေပါတယ်။အဲဒီအချိန်မှာ ပြည်သူတွေကအစိုးရနဲ့ ရဲတပ်ဖွဲ့ကို ဝေဖန်အပြစ်တင်နေကြသလို ဒါကိုပဲ သတင်းလုပ်ပြီးရေးသားနေတဲ့ မီဒီယာတွေရဲ့ အာရုံကို ပြောင်းဖို့အတွက် အစိုးရက ရဲမေ ရဲတပ်ဖွဲ့ ဖွဲ့စည်းရေး ပရိုဂရမ်ကို အကောင်အထည်ဖော်လိုက်ပါတော့တယ်။ဒီအခါမှာတော့ ယောကျ်ားက ဖောက်ပြန်လို့ ရဲတပ်ဖွဲ့ထဲဝင်ဖို့ ဆုံးဖြတ်လိုက်တဲ့ မာရီးယာ အယ်လီနာ ဒီ လာ တော်ရီ ရဲတွေဆိုရင် အမြင်မကြည်တဲ့ သူ့ညီမ ဗလင်တီနား ကမာ့ချို မော်ရားလက်စ် သုံးနှစ်လောက်အလုပ်လုပ်ခဲ့ပေမယ့် လစာ မတိုးတဲ့ အန်ဂျလိစ် ခရုဇ် နဲ့ မိန်းကလေးဆို အိမ်အလုပ်ပဲလုပ်ရမယ်လို့ ပုံသွင်းခံထားရတဲ့ ဂါဘီနာ ဟယ်ရာ မာတီးနက်စ် ...
6.7
TMDb: 6.7/10 5 votes
tv

Women in Blue (2024) Season 1

2024
Dawn is Breaking (2024)
Dawn is Breaking (2024) ဘယ်သူ့ကိုမှ အကြောက်အလန့်မရှိဘဲ လူတစ်ယောက်ကို သတ်တဲ့အချိန်တောင် ပြုံးနေနိုင်တဲ့ မင်းဆရာတုန်းဖန်းကျွေ့နဲ့ ရှဲမိသားစု တစ်ခုလုံးရဲ့ အသက်နဲ့ ခြိမ်းခြောက်ခံရတဲ့အတွက် မင်းဆရာနဲ့ လက်ထပ်ခဲ့ရတဲ့ ရှဲဝမ်ယင်......အပြင်မှာတော့ မင်းဆရာကို ဝတ်ဖြူစင်ကြယ်နဲ့ လရောင်လိုအေးမြတယ်လို ပြောဆိုနေကြပေမဲ့ ရှဲဝမ်ယင်တစ်ယောက်ပဲ သူ့အကြောင်းကို ကောင်းကောင်းသိတာပေါ့။ သူက ရက်စက်ကြမ်းကြုတ်ပြီး မကောင်းမှုအကုန်လုပ်တဲ့ အရူးကြီးတစ်ယောက်တဲ့လေ။ သေတဲ့အထိအရှုးမပေးဘဲ ဆုံးဖြတ်ချက်ပြတ်သားတဲ့ ရှဲဝမ်ယင်က ဒီအရူးကြီးကို မင်္ဂလာဦးညမှာပဲ သတ်လိုက်ဖို ဆုံးဖြတ်ခဲ့ပါတယ်......အဲလို အမုန်းတွေနဲ့ စခဲ့ပေမဲ့ တဖြည်းဖြည်းနဲ့ ရှဲဝမ်ယင်စိတ်ထဲမှာ တုန်းဖန်းကျွေ့က သူမ ငယ်စဉ်ကသူငယ်ချင်းတစ်ယောက်နဲ့ တူသလို ခံစားမိလာပါတယ်။ နောက်ပိုင်းမှာ မျိုးဆက် ၂ ဆက်နဲ့ပတ်သက်နေတဲ့ အကြံအစည်ကြီးတစ်ခုကလည်း သူတိုနောက်ကွယ်မှာ ဖြည်းဖြည်းချင်း ပေါ်ထွက်လာပါတော့တယ်...... တရုတ် Mini Series တွေမှာ အောင်မြင်လာတဲ့ မင်းသားချောလေး Li Fei နဲ့ သရုပ်ဆောင်ရာမှာ အလိုအပိုမရှိတဲ့ မင်းသမီးလေး He Xuanlin တိုရဲ့ ဇာတ်လမ်းလေးကို အားပေးလိုက်ရအောင်နော်......==================================Quality : WEB-DL 720p, 1080p Total Episodes ...

Dawn is Breaking (2024)

2024
Strange Tales of Jiang Cheng (2024)
Strange Tales of Jiang Cheng (2024) လူတွေရဲ့အပြုအမူကိုကြည့်ပြီး စိတ်အခြေနေကိုသုံးသပ်နိင်တဲ့ စိတ်ပညာရှင်ချင်ဟော်လော့၊ ထက်မြက်တဲ့စုံစမ်းစစ်ဆေးရေးအဖွဲခေါင်းဆောင် စုန့်ဟယ်နဲ့ မှန်းဆရခက်တဲ့ မှုခင်းဆရာဝန်မလေးဖန့်ရှောင်ဖန်တိုလူငယ်လေး(၃)ယောက် ပူးပေါင်းပြီးတော့ ကျန်းချန်မြိုကထူးဆန်းတဲ့အမှု(၈)မှုကိုဖော်တဲ့ဇာတ်လမ်းတွဲဖြစ်ပါတယ်။ နောက်ကြောင်း အကျင့်စရိုက် အတွေးအခေါ်တွေ မတူတဲ့လူငယ်လေးတွေဟာ သူတိုရဲ့စိတ်အားထက်သန်မှုကိုအရင်းခံပြီးတော့ကျန်းချန်ကသွေးစွန်းတဲ့အမှုတွေကိုဖော်ထုတ်ဖိုကြိုးစားခဲ့ကြတယ်။ တစ်ချိုတွေကမတရားပြုမူခံရတာကြောင့် မကောင်းဆိုးဝါးတွေဖြစ်သွားကြတယ်။ တစ်ချိုတွေကတော့ သူများတွေအတွက်တရားမျှတမှုကိုရယူနိုင်ဖို ကိုယ့်ကိုယ်ကိုယ်စတေးလိုက်ကြရတယ်။တစ်ချိုတွေကတော့ အပြစ်ကျူးလွန်လိုပြစ်ဒဏ်ပေးခံရတာကို သူတိုဘယ်နားမှားမှန်းမသိကြပဲ ပြည်သူတွေကိုဒုက္ခရောက်အောင်လုပ်ခဲ့ကြတယ်။ ဒီအမျိုးမျိုးသောတစ်ကိုယ်ရေဆန္ဒတွေအတွက် အပြစ်မရှိတဲ့လူတွေကိုအသုံးချစတေးပစ်ကြတဲ့လူတွေကို တရားနဲ့စီရင်နိုင်ဖို လူငယ်လေး(၃)ယောက်ဟာ ဘယ်လိုတွေထက်ထက်မြက်မြက်နဲ့ကြိုးစားကြလဲဆိုတာ ဆက်လက်စောင့်ကြည့်လိုက်ပါဦးနော်။==================================Quality : WEB-DL  1080p Total Episodes : 52 Format : mp4 Genres : Thriller, Historical, Mystery, Horror Runtime : 20 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK ======================================Ep 01 (1080p) - GDToT/ Yoteshin/ Userdrive/ Megaup/ Streamwish/ Meganz Ep 02 (1080p) - GDToT/ Yoteshin/ Userdrive/ ...

Strange Tales of Jiang Cheng (2024)

2024
Yakshini (2024)
Yakshini (2024) Yakshini (2024) ========အခု CM Bollywood ဖန်တွေအတွက် တင်ဆက်ပေးချင်တာကတော့ သဘာဝလွန်ဖြစ်ရပ်ဆန်းကြယ်တွေနဲ့ မွမ်းမံစီချယ်ထားတဲ့ Yakshiniဆိုတဲ့ hostarကထုတ်လွှင်ခဲ့တဲ့ အပိုင်း၆ပိုင်းနဲ့ mini serieလေးပဲဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်း ---------------ယက္ခဘီလူးမျိုးနွယ်ဝင် တစ်ယောက်ဖြစ်တဲ့ မာယာက နတ်ဘုံရဲ့စည်းမျဉ်းတစ်ခုကိုဖောက်ဖျက်ခဲ့အတွက် လူပြည့်မှာနေဖို့အတွက် ကျိန်စာတိုက်ခံခဲ့ရပါတယ် သူ့ရဲ့ကျိန်စာကိုပြေဖို့အတွက်ဆိုရင် မာယာက လူပျိုယောက်င်္ကျားအယောက်၁၀၀နဲ့ နေပြီးရင် သတ်ရမှာပါသူ့ရဲ့တိုင်းပြည်ဖို့ပြန်ရဖို့ဆိုရင် ဘာမဆိုလုပ်မယ့်မာယာတစ်ယောက်သူ့ရဲ့ နောက်ဆုံး သားကောင်ကိုလိုက်ရှာရင်း ရိုးသားကြင်နာတက်တဲ့ ခရစ်ရှ်နာဆိုတဲ့ကောင်လေးနဲ့ အမှတ်မထင်တွေ့ခဲ့ရပြီးတဲ့နောက်မှာ ဘာတွေဆက်ဖြစ်မလဲ မာယာက သူ့ရဲ့ခရစ်ရှ်နာကိုသတ်ပြီး သူ့ရဲ့ကျိန်စာကို ပယ်ဖျက်နိုင်မလားဆိုတာကိုတော့ .....(အညွှန်းနဲ့ဘာသာပြန်ကတော့ Soe Kalayar ~ Thaik San တို့ပဲဖြစ်ပါတယ်)Quality – 1080p WEB DLDuration –40minute (@Episode)Total Episodes:6EpsSubtitle – Myanmar HardsubFormat – Mp4Genre : Mystery~ RomanceTranslator – Soe Kalayar ~ Thaik San Encoder – YK  Episode 1 - Yoteshin ...

Yakshini (2024)

2024
The Fable (2024) 8
The Fable (2024) The Fable IMDb - 9.1/10၂၀၁၉ခုနှစ်မှာ Live action အနေနဲ့ထွက်ခဲ့တဲ့ The Fableဆိုတဲ့ မန်ဂါဟာ အခုဆိုရင် Anime seriesအနေနဲ့ ထွက်ရှိလို့လာပါပြီ။မြေအောက်လောကမှာ ကျွမ်းကျင်သူဖြစ်ပြီး အကုန်လုံးက နာမည်ကြားတာနဲ့ ကြောက်ရသူ။ အားလုံးက သူ့ကို ဖာဘယ်လို့နာမည်ပေးထားပါတယ်။ သူဟာဆိုရင် လေ့ကျင့်မှုပေါင်းများစွာနဲ့အတူ ကြေးစားလူသတ်သမားတစ်ယောက်မှာ ရှိသင့်တဲ့ အရည်အချင်းတွေ အကုန်လုံးကို ပိုင်ဆိုင်သူလည်း ဖြစ်ပါတယ်။ဒီလိုနဲ့ အလုပ်တွေ အရမ်းလုပ်ရလွန်းတဲ့အတွက် ဘော့စ်ဖြစ်သူဟာ ဖာဘယ့်ကို တစ်နှစ်လောက် သာမာန်ဘဝနဲ့ ဇာတ်မြှုပ်နေဖို့ခိုင်းပါတော့တယ်။ ဒီလို ဇာတ်မြှုပ်တဲ့နေရာမှာ သူတို့နဲ့အရင်က အလုပ်လုပ်ခဲ့တဲ့ပါတနာဖြစ်တဲ့ ယာကူဇာဂိုဏ်းရဲ့ အရိပ်အောက်မှာသွားနေရတဲ့အခါမှာတော့ .....၆စက္ကန့်နဲ့တင် ရန်သူကိုအပြတ်မှောက်အောင်လုပ်နိုင်တဲ့ ဖာဘယ်တစ်ယောက် သာမာန်ဘဝမှာ ဘယ်သူ့ကိုမှ မသတ်မိအောင် ဘယ်လိုနေမလဲ ... သူတို့သွားနေတဲ့ ဂိုဏ်းက ပြဿနာတွေကြားထဲရော ဘယ်လိုတွေရောက်သွားဦးမလဲ ... ဆိုတာတွေကို ခံစားကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ ToMo ပဲ ဖြစ်ပါတယ်)File Size – 300MB(Appx;)@EpisodeQuality – 1080p WEB DLDuration ...
8
TMDb: 8/10 1 votes
tv

The Fable (2024)

2024
Sunset Vibes (2024) 10
Sunset Vibes (2024) ဆည်းဆာရင်ငွေ့ (၂၀၂၄)Big Dragonထဲက ကိုနဂါးတို့Mos-Bankအတွဲနဲ့ Love seniorထဲက Anda-Lookkaew တို့ အပြိုင်ကြဲမယ့် Star Hunterရဲ့ Sunset×vibeဒီကားလေးထဲမှာတော့ ချစ်ရတဲ့ CP နှစ်တွဲလုံးကို အထက်လူကြီးနဲ့ အလုပ်သင်ကြားက office romanceအနေနဲ့ ကြည့်ရှုရမှာပါ။စံပယ်ရနံ့သင်းသင်းနဲ့ ခန့်ညားတဲ့ရှေးအဝတ်အစားနဲ့အမျိုးသားတစ်ယောက်ကို အိပ်မက်ထဲမှာ အမြဲမြင်တွေ့နေရတဲ့ဆာလင်းတစ်ယောက် ၁၈ နှစ်ပြည့်ခါနီးမှာ ဒီအိပ်မက်က ထူးထူးခြားခြားပဲ ပျောက်သွားလေရဲ့။လက်ရှိမှာတော့ သူငယ်ချင်းတွေဆေးထိုးမှုနဲ့ အလုပ်သင်လေး ဆာလင်းက Dating appကနေ Sunset×vibeဆိုတဲ့လူတစ်ယောက်နဲ့ စကားပြောရင်းကနေ တစ်ညတာအတူဖြတ်သန်းမိသွားတဲ့အခါ...တစ်ညတာချစ်သူက လက်တွေ့အလုပ်ခွင်မှာ သူ့ရဲ့သူဌေး ဆန်းဆူရီယန်ဖြစ်နေတာကို ဆာလင်းတစ်ယောက် သိသွားချိန်မှာတော့ ဘာတွေဘယ်လိုဆက်ဖြစ်ကြမလဲဆိုတာ အပတ်စဉ် စနေနေ့ညတိုင်း CMမှာ ရှုစားလို့ အတူရင်ခုန်လိုက်ကြပါစို့လား။အညွှန်းကိုတော့ Mary က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Mary, Char Ou ပဲ ဖြစ်ပါတယ်။Genre..... BL Quality…. 1080p | 720p File size… 600MB | 250MB Format… mp4 Duration…. 60min Subtitle…. Myanmar Subtitle (Hardsub) Translator ...
10
TMDb: 10/10 1 votes
tv

Sunset Vibes (2024)

2024
Queen Woo (2024)
Queen Woo (2024) Queen Woo (2024) ******************အပိုင်းသစ် 1 to 4CMပရိသတ်ကြီးအတွက် အသစ်ထွက်ရှိလာတဲ့...Queen Woo ဇာတ်ကားကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါပြီဒီဇာတ်လမ်းမှာတော့ မင်းသမီး Jeon Jong-seo က....ဂိုဂူလျောနိုင်ငံရဲ့ ဧကရီတစ်ပါး(အူဟီး)အဖြစ် ပါဝင်သရုပ်ဆောင်ထားပြီး....ယောရောဘွန်းတို့ရဲ့ အချစ်ဦး Lee Soo-hyuk အိုပါးနဲ့ Ji Chang-wookအိုပါးတို့က...အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်နန်းတွင်းဇာတ်လမ်းကောင်းကြိုက်နှစ်သက်သူတွေ...လက်မလွှတ်တမ်းကြည့်ရှုသင့်တဲ့ ဇာတ်လမ်းတွဲလေးတစ်ခုပါနော် ဇာတ်လမ်းအကျဉ်း -----------------ဂိုဂူလျောရဲ့ ဧကရီအူဟီးဟာ ခင်ပွန်းဖြစ်သူ ဘုရင်ကြီး ရုတ်တရက်ဆုံးပါးသွားတဲ့နောက်မှာ....သူမရဲ့ အသက်နဲ့အာဏာတည်မြဲဖို့အတွက် ဘုရင်ကြီးရဲ့ ညီတော် ၅ယောက်ထဲက မင်းသားတစ်ပါးနဲ့.....၂၄ နာရီအတွင်း ထိမ်းမြားပြီး ထီးနန်းကို ဆက်လက်ထိန်းသိမ်းဖို့ အကြောင်းဖန်လာပါတော့တယ် အူဟီးတစ်ယောက် မျိုးနွယ်စု ၅စုရဲ့ ပစ်မှတ်ဖြစ်လာခဲ့ပြီးနောက်မှာတော့.....အင်အားကြီးတဲ့ မျိုးနွယ်စု ၅စုဟာ ထီးနန်းအတွက်....ဘယ်လိုနည်းလမ်းတွေသုံးပြီး အပြိုင်အဆိုင် အားပြိုင်ကြမလဲ...ဘယ်လိုနန်းတွင်းအရှုပ်တော်ပုံတွေပေါ်ပေါက်လာမလဲဆိုတာကိုစောင့်မျှော်ကြည့်ရှူလိုက်ကြပါဦး..... ဇာတ်လမ်းအညွှန်းကို Zuri မှ ရေးသားပေးထားပါတယ် Drama: Queen Woo Genres: Action, Historical, Melodrama, Political Country: South Korea Episodes: 8 Airs: Aug 29, ...

Queen Woo (2024)

2024
Love Andante (2024)
Love Andante (2024) Love Andante (2024) ************************** အပိုင်း (၁ မှ ၈) စ/ဆုံးဒီဇာတ်ကားလေးကတော့ တောင်ကိုးရီးယား နဲ့ မြောက်ကိုးရီးယား ငြိမ်းချမ်းရေးရပြီးတဲ့နောက် စစ်မဲ့ဇုန်မှာ“ငြိမ်းချမ်းရေး”ရွာ လို့ အမည်ရတဲ့ ရွာတစ်ရွာတည်ပြီးတောင်/မြောက် နိုင်ငံသားတွေ ယှဉ်တွဲနေထိုင်ကြတဲ့အကြောင်းကိုအခြေခံထားတဲ့ စိတ်ကူးယဉ်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ် ။Lim Juyeong ( Kwon Hyunbin )ဟာ တောင်ကိုးရီးယား နာမည်ကြီး စန္ဒယားပညာရှင် ဖြစ်ပြီးHa Na Kyung ( Song Jiwoo )ကတော့ မြောက်ကိုးရီးယား အရာရှိကြီး တစ်ယောက်ရဲ့ အကြီးဆုံးသမီးဖြစ်သလို နာမည်ကြီး ဆေးဝါးပညာရှင်လည်း ဖြစ်ပါတယ် ။တောင်ကိုးရီးယားနိုင်ငံသားနဲ့ မြောက်ကိုးရီးယားနိုင်ငံသူလေးတို့ဟာ အကြောင်းကြောင်းကြောင့် “ငြိမ်းချမ်းရေး”ရွာကို ရောက်လာကြပြီးအဲဒီရွာရဲ့ နေထိုင်သူရွေးချယ်တဲ့ smart AI စနစ်ရဲ့ အမှားအယွင်းကြောင့်တစ်အိမ်တည်း အတူနေရဖို့ ဖြစ်လာတဲ့အခါ ...ဘယ်လိုအလွဲလေးတွေနဲ့ ကြုံရမလဲ ။အလွဲလေးတွေကြားထဲမှာ နှစ်ယောက်သား ခံစားချက်တွေ ဘယ်လောက်ပြောင်းလဲလာမလဲဆိုတာကို“ငြိမ်းချမ်းရေး”ရွာသားတွေနဲ့ ဇာတ်ကြောင်းအဖုံဖုံနဲ့အတူ ဗုဒ္ဓဟူးနေ့တိုင်း ...

Love Andante (2024)

2024
Heart Beat (2024) 5
Heart Beat (2024) Heart Beat (2024) "ကာရန်ညီသော အချစ်" IMDb - 6.8/10Disney+ Hotstarကနေ ထုတ်လွှင့်လိုက်တဲ့ အိန္ဒိယဒေါက်တာစီးရီးလေးကို တင်ဆက်ပေးပါရစေ။သိပ်ကိုစည်းကမ်းတင်းကြပ်တဲ့ ဆရာဝန်မကြီးတစ်ယောက်ရှိတယ်။အလုပ်မှာတင်မကဘဲ မိသားစုကအစ အပေါင်းအသင်းနဲ့အဆုံး အရာရာကို စည်းနဲ့ကမ်းနဲ့ လုပ်ကိုင်ဆက်ဆံတတ်တဲ့သူ။ ရှပ်တီးရှပ်ပြာနဲ့ ဆင်းရဲချို့တဲ့ရှာတဲ့ ဆရာဝန်မ ပေါက်စလေးလည်းရှိတယ်။မရည်ရွယ်ပါဘဲ လုပ်သမျှက အလွဲလွဲအချော်ချော်တွေနဲ့ ဘ၀တစ်ခုကိုပိုင်ဆိုင်ထားတဲ့သူ။ သူတို့တွေ တွေ့ဆုံကြတာက အာကေဆိုတဲ့ ဆေးရုံကြီးတစ်ခုမှာ။သူတို့တွေ့ဆုံမှုကနေစတဲ့ဇာတ်လမ်း၊ ရောဂါအမျိုးမျိုး ဇာတ်လမ်းအမျိုးမျိုးနဲ့လူနာတွေကို သူတို့ ရင်ဆိုင်ဖြေရှင်းရပုံတွေ၊ နောက် ထင်မှတ်မထားတဲ့အလှည့်အပြောင်းတွေနဲ့ အချစ်တွေထုံသင်းလာမဲ့ စီးရီးကောင်းလေးမို့ ခံစားကြည့်ရှုကြပါဦး၊(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team) File Size – 500MB(Appx;) @Episode Quality – 1080p WEB DL Duration – 22mins(@Episode) Total Episodes: 24Eps (@ Season) Subtitle – Myanmar Hardsub Format – Mp4 Genre : Drama ~ Mystery Translator – CM Bollywood ...
5
TMDb: 5/10 1 votes
tv

Heart Beat (2024)

2024
Addicted Heroin (2024)
Addicted Heroin (2024) ယစ်ယစ်မူးမူး အချစ်ဦး (၂၀၂၄)ဒီတစ်ခါမှာတော့ ရင်းနှီးပြီးသား ဇာတ်လမ်းတစ်ခုရဲ့ Thai Adaptation ဖြစ်တဲ့ Addicted Heroin ကို တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။ တရုတ်ဗားရှင်းတုန်းက ဝက်ဝက်ကွဲ အောင်မြင်မှု ရရှိခဲ့တဲ့ Addicted ကို ပြန်လည်ရိုက်ကူးထားတာမို့ မျှော်လင့် ကြည့်ရှုမှာပါပဲ။ဇာတ်လမ်းအကျဉ်းကတော့ဖခင် နောက်အိမ်ထောင်ပြုမှာကို မနှစ်မြို့တဲ့အတွက် အိမ်ကထွက်ပြေးလာတဲ့ အိမ်ပြေး Hero တစ်ယောက် Pop ဆိုတဲ့ကောင်လေးနဲ့ တွေ့ဆုံခဲ့တာပါပဲ။ Hero တစ်ယောက် Pop နဲ့ ရင်းနှီးဖို့ ဆင်းရဲချင်ယောင်ဆောင်ရင်း ဒီကောင်လေးကိုမှ ချစ်မိသွားခဲ့ပါတော့တယ်။ ဒါပေမဲ့ ကံကြမ္မာက မျက်နှာသာမပေးဘဲ Pop က သူမနှစ်မြို့တဲ့ မိထွေးရဲ့ သားဖြစ်နေတဲ့အခါ...ဆယ်ကျော်သက်အရွယ် အချစ်ကို ဘယ်လိုကာကွယ်မလဲ နှစ်ဦးသား အခက်အခဲတွေကို ဘယ်လိုကျော်ဖြတ်ကြမလဲ ဆိုတာ အသည်းတယားယား ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။အညွှန်းကိုတော့ Su Myat က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Su Myat, Mary, Char Ou, Dao ...

Addicted Heroin (2024)

2024
Brinda (2024) 7
Brinda (2024) Brinda (2024) "လျှို့ဝှက်တတ်သော..." IMDb - 7.3/10SonyLIVကနေ ထုတ်လွှင့်ခဲ့တဲ့ အသစ်စက်စက်တလေဂူးမှုခင်းစီးရီးကောင်းတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်။ Leo (2023)၊ 96(2018)လို ရုပ်ရှင်ကားကြီးတွေထဲက မင်းသမီးချော ထရီရှာခရစ်ရှ်နန် အဓိကဇာတ်ဆောင်အနေနဲ့ပါဝင်ထားပါတယ်။ရွာသူရွာသားတွေ ငတ်ပြတ်ပြီး သေကြေနေကြတာ တောစောင့်နတ်သမီးရဲ့ အမျက်ဒေါသကြောင့်လို့ဆိုပြီး ကလေးမလေးတစ်ယောက်ကို ယဇ်ပူဇော်ဖို့လုပ်ကြတယ်။အမေဖြစ်သူက သမီးလေးကို ယဇ်ပူဇော်တာမလုပ်ဖို့ ဘယ်လောက်တောင်းပန်နေပါစေ မရတဲ့အဆုံး သားနဲ့သမီးကိုခေါ်ပြီး ထွက်ပြေးဖို့ကြိုးစားပါရော။ပြေးရင်းလွှားရင်း ညီမလေးကိုလုပ်ပေးထားတဲ့ အရုပ်ကလေးပြုတ်ကျခဲ့လို့ အစ်ကိုဖြစ်သူကပြေးအကောက်ရွာသားတွေဝိုင်းလိုက်လို့ လူစုကွဲသွားပါတယ်။သားမိနှစ်ယောက် ကားပေါ်အတက် ရွာသားတွေဝိုင်းဆွဲလို့ အမေဖြစ်သူကျန်ခဲ့ပြီး ကလေးမလေးပဲကားပေါ်မှာပါသွားခဲ့တယ်။ဒီလိုကွဲကွာသွားတဲ့ မိသားစုတစ်ခုကနေ စလိုက်တဲ့ဇာတ်လမ်း၊ ထူးခြားဆန်းကျယ်တဲ့ လူသတ်မှုတွေ၊ မထင်မှတ်ထားတဲ့လှည့်ကွက်တွေနဲ့ တစ်ပိုင်းချင်းစီဆွဲခေါ်သွားမှာမို့ ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)File Size – 750MB(Appx;)@EpisodeQuality – 1080p WEB DLDuration –42minute (@Episode)Total Episodes:8EpsSubtitle – Myanmar HardsubFormat – Mp4Genre : Crime, MysteryTranslator – CM Bollywood TeamEncoder – YK  Episode ...
7
TMDb: 7/10 2 votes
tv

Brinda (2024)

2024
Lady in the Lake (2024) 6.5
Lady in the Lake (2024)  ၁၉၆၆ ခုနှစ် အမေရိကန်နိုင်ငံ ဘယ်လ်တီမိုးမြို့ရဲ့ကျေးဇူးတော်နေ့မှာကလေးငယ်တစ်ယောက်ပျောက်ဆုံးရာကနေစတင်ပြီးအမျိုးသမီးနှစ်ဦးရဲ့ဘဝတွေ ပတ်သက်ဆက်နွယ်မိကြပုံကိုရိုက်ကူးပြသထားပါတယ်။မင်းသမီး Natalie Portman သရုပ်ဆောင်ပေးထားတဲ့မတ်ဒီဆိုတဲ့အမျိုးသမီးဇာတ်ကောင်ဟာ အတိတ်ကလျှို့ဝှက်ချက်တစ်ခုကိုကြိုးစားဖုံးကွယ်နေတဲ့ ဂျူးအိမ်ထောင်ရှင်မတစ်ဦးဖြစ်သလို စုံစမ်းစစ်ဆေးရေးသတင်းသမားတစ်ဦးဖြစ်ချင်တဲ့အိပ်မက်ရှိသူပါ။တစ်ချိန်တည်းမှာပဲ ကလီယိုဆိုတဲ့လူမည်းအမျိုးသမီးကတော့လူမည်းအခွင့်အရေးအတွက်နိုင်ငံရေးလှုပ်ရှားမှုမှာပါဝင်ရင်းမိသားစုစားဝတ်နေရေးအတွက် ခက်ခက်ခဲခဲရုန်းကန်နေရသူဖြစ်ပါတယ်။အစပိုင်းမှာ သူတို့နှစ်ဦးရဲ့ဘဝတွေက သီးခြားစီလို့ထင်ရပေမယ့်ကလီယိုရဲ့ထူးဆန်းစွာသေဆုံးမှုကို မတ်ဒီတစ်ယောက်အစွဲအလမ်းကြီးလာတဲ့အခါမှာတော့ သူတို့ပတ်ဝန်းကျင်မှာရှိတဲ့လူတွေအားလုံးကိုအန္တရာယ်ဖြစ်စေနိုင်တဲ့စိတ်ဝမ်းကွဲမှုကြီးတစ်ခုဖြစ်ပေါ်လာခဲ့ပါတော့တယ်။Lady In The Lake ဟာ မှုခင်း Thriller ဇာတ်လမ်းကောင်းတစ်ခုတင်မကဘဲ အိပ်မက်တွေအတွက် အမျိုးသမီးတွေမထင်မှတ်ဘဲပေးဆပ်လိုက်ရတဲ့တန်ဖိုးတွေအကြောင်းကိုပါရိုက်ကူးပြသထားတာဖြစ်ပါတယ်။  File Size – 802 MB / 377 MBQuality –WEB-DL 1080p 5.1CH , 720pEpisodes -  7 EpsDuration -  55 minSubtitle – Myanmar HardsubFormat – Mp4Genre : Crime , Drama , MysteryTranslator –JULYEncoder – Min Wai  ( Season ...
6.5
TMDb: 6.5/10 18 votes
tv

Lady in the Lake (2024)

2024
6th Sense Agency (2024)
6th Sense Agency (2024) သရဲဖမ်း အေဂျင်စီ (၂၀၂၄)မြင်နေကျနဲ့မတူတဲ့ ဇာတ်အိမ်ဆန်းဆန်းတွေ ရိုက်ပြချင်တဲ့ Netflix ရဲ့ ထိုင်းဇာတ်လမ်းတွဲအသစ် ရောက်လို့လာပြန်ပါပြီ။ သရဲခြောက်တဲ့အိမ်တွေကို သရဲနှင်ပြီး ရောင်းပေးမယ့်ဇာတ်လမ်းမို့ သရဲတွေ နေရာတကာ ဖောဖောသီသီ မြင်ရမှာပဲ ဖြစ်ပါတယ်။ သရဲကားကြိုက်သူများ ကြည့်ပါ၊ ကြောက်ဖို့တော့ တာဝန်မယူပါ။ :3ဒီဇာတ်လမ်းရဲ့ ဇာတ်လိုက် အွန်ဟာ ဘာလုပ်လုပ် ဘာမှမဖြစ်မြောက်တဲ့ ငနဲတစ်ကောင်ပါပဲ။ စီးပွားတွေ သောက်သောက်လဲ ရှာတတ်လွန်းလို့ ကုန်လိုက်တဲ့ ငွေဟာလဲ သောက်သောက်လဲ ဖြစ်ပါတယ်။ နောက်ဆုံး သူ့အဖေပေးခဲ့တဲ့ တိုက်ကိုတောင် အကြွေးနဲ့ အသိမ်းခံလိုက်ရပါတော့တယ်။အဖေ့ရဲ့ဆန္ဒကို ဖြည့်ဆည်းပေးဖို့၊ တိုက်ကို ပြန်ဝယ်နိုင်ဖို့ ငွေများများရမယ့် ဂွင်ကောင်းကောင်း ရှာရာမှာ သရဲခြောက်တဲ့အိမ်ကို အကျိုးဆောင်ရောင်းပေးဖို့ ဖြစ်လာခဲ့ပါတယ်။ လူလိမ်နတ်ဆရာအဖွဲ့ဆီမှာပါ ညှပ်ချခံရအပြီး၊ အိမ်ကိုလည်း ဘယ်လိုမှရောင်းမရတဲအဆုံး လက်လျော့မယ့်ဆဲဆဲမှာ သရဲတွေကို မြင်နိုင်၊ သရဲတွေနဲ့ စကားပြောနိုင်စွမ်းရှိတဲ့ ထစ်ဆိုတဲ့ အတိတ်မေ့နေတဲ့ မိန်းကလေးတစ်ယောက်နဲ့ တွေ့ခဲ့ပါတယ်။ဒီလိုနဲ့ ငွေရှာချင်တဲ့ ခပ်တုံးတုံးငနဲတစ်ကောင်၊ မှတ်ဉာဏ်ပြန်ရှာမယ့် သရဲမြင်နိုင်စွမ်းရှိတဲ့ မိန်းကလေးတစ်ယောက်နဲ့ လူလိမ် ၂ ယောက်တို့ ပူးပေါင်းပြီး ...

6th Sense Agency (2024)

2024
Chutney Sambar (2024)
Chutney Sambar (2024) Chutney Sambar (2024) IMDb - 8.1/10Disney+ Hotstarကနေ ထုတ်လွှင့်ခဲ့တဲ့ တမီးလ်ဟာသဇာတ်လမ်းတွဲလေးကို တင်ဆက်ပေးပါရစေ။ အဓိကဇာတ်ဆောင်အနေနဲ့ကတော့ တမီးလ်ဟာသမင်းသားကြီး ယိုဂီဘာဘူပဲဖြစ်ပါတယ်။ တမီးလ်ရုပ်ရှင်အများစုမှာတွေ့ရတတ်ပြီး ခပ်ပေါပေါဇာတ်ကောင်နဲ့ ယိုဂီဘာဘူကြီးကို ဒီဇာတ်လမ်းတွဲထဲမှာတော့ ပြောင်မြောက်တဲ့ဟာသတွေနဲ့ ရယ်မောပျော်ရွှင်ဖွယ်ရာ မြင်တွေ့ကြရမှာပါ။"အာမူဒါစားသောက်ဆိုင်"ဆိုတာ အိုတီမြို့မှာတော့ အောင်မြင်ကျော်ကြားတဲ့ဆိုင်တစ်ဆိုင်ပေါ့။ ဆိုင်ရှင်ဦးလေးကြီးတို့မိသားစုတစ်ခုလုံး သိုက်သိုက်ဝန်းဝန်းနဲ့ ဆိုင်လေးကို ကြိုးစားလုပ်ကိုင်ကြပါတယ်။ ဆိုင်က စားပွဲအားမရှိတဲ့ထိ လက်မလည်အောင်ရောင်းကောင်းတာကြောင့် ငွေကြေးဥစ္စာပြည့်စုံပြီး မိသားစုစုံလင်ပေမဲ့ ဆိုင်ရှင်ဦးလေးကြီးက ပန်ကရိယကင်ဆာနောက်ဆုံးအဆင့်ကိုခံစားနေရတယ်။ မိသားစုဆရာဝန်က လက်လျှော့လိုက်ဖို့ပြောပြီး အေးအေးချမ်းချမ်းနဲ့ နောက်ဆုံးခရီးကိုစောင့်မျှော်ဖို့ပဲ အကြံပြုပါတယ်။သေအံ့နီးဆဲဆဲတစ်ညမှာတော့ သားဖြစ်သူကာသီကိုခေါ်ပြီး သူ့နောက်ဆုံးဆန္ဒကိုဖြည့်ဆည်းပေးဖို့တောင်းဆိုပါတယ်။ဘာလဲဆိုတော့ သူ့အရင်အတိတ်က လက်မထပ်ဘဲအတူနေခဲ့တဲ့အမျိုးသမီးနဲ့ ရခဲ့တဲ့သားတစ်ယောက်ရှိတာကို မကြာခင်ကမှ သိခဲ့ရပြီး သူ့နောက်ဆုံးအချိန်မှာ အဲဒီသားဖြစ်သူကိုတွေ့ဖို့ ဒီမိသားစုနဲ့တစ်သိုက်တစ်ဝန်းထဲရှိကျန်ခဲ့ဖို့ပါပဲ။ ကာသီတစ်ယောက် အစ်ကိုကြီးကိုရှာဖို့ ချန်နိုင်းတစ်ခွင်လိုက်ရှာခဲ့ပြီးအဲဒီမှာပဲ သူ့ဆိုင်နဲ့သူအောင်မြင်နေတဲ့ အဖေတူအမေကွဲအစ်ကိုကြီးဖြစ်သူ ဆရာကြီးဘာဘူကို တွေ့လိုက်ရပါတော့တယ်။ အဲဒီကနေစလို့ လုံး၀မလိုက်ဘူးငြင်းဆန်တဲ့ ဘာဘူကို ဖခင်ဆီပေးထားတဲ့ကတိအတိုင်း အိုတီကိုလိုက်ခဲ့ဖို့အရေး မရမကကြိုးစားရင်း အလွဲတွေကြုံကြတာကို ခံစားကြည့်ရှုရယ်မောပြုံးရွှင်ကြရမှာပါ။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)File Size – 1GB (Appx;)@EpisodeQuality – 1080p WEB DLDuration ...

Chutney Sambar (2024)

2024
[18+] Those About to Die (2024) 7.7
[18+] Those About to Die (2024) Those About to Die (2024) Season 01 Complete ဇာတ်လမ်းရဲ့ အဓိကကျောရိုးကတော့ တန်းနက်စ်လို့ ခေါ်တဲ့ ရောမခေတ်က လောင်းကစားဒိုင်လေးတစ်ယောက်အကြောင်းပါပဲ။ ခေတ်ကတော့ ကောင်လေးတစ်ယောက်ကို ဟိုဟာဖြတ်ပြီး ယူထားတဲ့၊ ရောမမြို့ကြီးမီးလောင်နေချိန်မှာ စောင်းတီးနေလို့ နာမည်ကြီးတဲ့ ဘုရင်နီရိုး နတ်ရွာစံပြီးတဲ့နောက်မှာ ရောမအင်ပါယာကြီးကို သူတစ်လူငါတစ်မင်း အုပ်ချုပ်ကြတဲ့ ဧကရာဇ်လေးပါးခေတ်ရဲ့အလွန် ရောမကို ပြန်လည်ပေါင်းစည်းနိုင်ခဲ့တဲ့ ဗက်စပါးရှန်းရဲ့နေဝင်ချိန်ကနေ စပါတယ်။ ဗက်စပါးရှန်းက မျိုးရိုးမြင့်ကနေ ဆင်းသက်လာတာမဟုတ်ဘဲ သာမန် မြင်းထိန်းမိသားစုက ပေါက်ဖွားလာတာဆိုတော့ ရောမမြို့ရဲ့ အထက်တန်းစားအလွှာကလည်း သိပ်မကြည်ကြဘူးပေါ့။ ဗက်စပါးရှန်းမှာ စစ်သား တိုက်တပ်နဲ့ နိုင်ငံရေးသမား ဒိုမေရှန် ဆိုတဲ့ သားနှစ်ယောက်ရှိတယ်။ (တကယ့်သမိုင်းမှာကတော့ သမီးတစ်ယောက်လည်း ရှိပါသေးတယ်။ ဒီဇာတ်လမ်းထဲမှာတော့ မပါပါဘူး) ဗက်စပါးရှန်းဧကရာဇ်ကြီး နတ်ရွာစံတော့ စစ်သားဖြစ်တဲ့ တိုက်တပ်ကို ထီးနန်းပေးခဲ့တယ်။ သူတို့ရဲ့ပုလ္လင်ပေါ်ကကစားပွဲလေးက လောင်းကစားဒိုင် တန်းနက်စ်အတွက် လှေကားထစ်တွေ ပေါ်လာတယ်လို့ ပြောလို့ရတာပေါ့။ လောင်းကစားဒိုင် ...
7.7
TMDb: 7.7/10 126 votes
tv

[18+] Those About to Die (2024)

2024
The Elusive Samurai (2024) 8.5
The Elusive Samurai (2024) The Elusive Samurai (2024) Genre – Anime, Adventure, Comedy IMDb – 8.7/10 MyAnimeList – 7.7/10“မျောက်လွှဲကျော် ဆာမူရိုင်းလေး” လာပါပြီ။ ဟုတ်ပါတယ် Anime ချစ်သူတွေအတွက် Demon Slayer Hashira Arc အပြီးမှာ အသစ်ထွက်ရှိလာခဲ့တဲ့ ဟိုးရှေးတုန်းက Shogunခေတ် အခြေခံ ဆာမူရိုင်း စွန့်စားခန်း Anime လေးပဲ ဖြစ်ပါတယ်။အပိုင်း ၁ သာ ထွက်ရှိထားသေးပေမဲ့ ဇာတ်လမ်းဇာတ်အိမ်လေး ကောင်းနေတာရယ် ရုပ်ထွက်လေးတွေက ချစ်စရာကောင်းတာရယ် ဟာသလေးတွေ ပါဝင်တာရယ် စိတ်ဝင်စားဖို့ကောင်းတာရယ်ကြောင့် ချက်ချင်း ပြန်ပေးလိုက်ပြီး တစ်ပတ်တစ်ပိုင်း ပုံမှန် တင်ဆက်ပေးသွားမှာပါ။ နောက်ထပ် စိတ်ဝင်စားဖို့ကောင်းတာကတော့ ဒီစီးရီးရဲ့ မင်းသားလေးဟာ အပြင်မှာ တကယ်ရှိခဲ့တဲ့ ၁၃၀၀ ပြည့်နှစ်တွေက Hojo Tokiyuki ဆိုတဲ့ဆာမူရိုင်းတစ်ယောက်ကို အခြေခံထားတယ်လို့ ဆိုပါတယ် ဇာတ်ကောင်နာမည်ကလည်း ဒါပါပဲ။ဇာတ်လမ်းလေးက အကျဉ်းပြောပြရမယ်ဆို ဂျပန်ခေတ် ၁၃၃၃ ခုနှစ်မှာ Kamakura မြို့ကနေ အုပ်ချုပ်နေတဲ့ ...
8.5
TMDb: 8.5/10 2 votes
tv

The Elusive Samurai (2024)

2024
Batman: Caped Crusader (2024) 7.5
Batman: Caped Crusader (2024) DCရဲ့ နာမည်ကြီးဇာတ်ကာင် Batmanရဲ့ animation ဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ Batman : Caped Crusaderကို Amazon Primeကနေထုတ်လွှင့်လိုက်ပါပြီ။ IMDb 7.4,RT 95%နဲ့ နိုင်ငံတကာက DC hardcoreဖန်တွေကြား အတော်လေး ချီးကျူးခံနေရတဲ့ ဇာတ်လမ်းတွဲဖြစ်ပါတယ်။Animationပိုင်းတွေ fight scene‌တွေမှာ အတော်လေး ကောင်းသလိုဇာတ်လမ်းပိုင်းကလည်း ဂေါ်သမ်မြို့ကြီးထဲက မှုခင်း‌တွေ၊ ဂိုဏ်းတွေနဲ့ရင်ဆိုင်ရပုံတွေ၊အမှုဖြေရှင်းပုံတွေကို စုံထောက်ဆန်ဆန် ရိုက်ကူးထားလို့မူလ Batmanရဲ့အရသာကို အပြည့်အဝပြန်ခံစားရစေတဲ့Animation ပါပဲ။အထွေအထူးညွှန်းနေစရာတောင် မလိုတာမို့ ကြည့်ရှုခံစားလိုက်ပါဦး။ File size…    450 MB Quality… Web-DL 1080p Format… mp4 Duration…. 25m Genre ..... Action/Animation Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by JimX 1080pEP 01 - Usersdrive / Yoteshin / MegaupEP ...
7.5
TMDb: 7.5/10 110 votes
tv

Batman: Caped Crusader (2024)

2024
GG Precinct (2024) 8.5
GG Precinct (2024) CM ဖန်တွေအတွက် ၆ ပိုင်းတည်းရှိတဲ့ ထိုင်ဝမ်မီနီစီးရီးလေးCM Team က ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်...Marry My Dead Body မှာ မောင်မောင်ဆိုတဲ့ ဝိညာဉ်လေးနဲ့ဖူးစာဆုံခဲ့တဲ့ ဝူမင်ဟန့် တစ်ယောက် ICU ကို ဝင်ပြီးနောက်စခန်းပြန်ရောက်လာချိန်မှာတော့ "GG Precinct" ဆိုတဲ့ထိုင်ဝမ် မီနီဒရာမာလေး ပေါ်ထွက်လာပါတော့တယ်...ဒီကားလေးကို အကျဉ်းပြောရရင် ဝူမင်ဟန့် တစ်ယောက် စခန်းမှာပြန်ပြီး တာဝန်စထမ်းဆောင်တာနဲ့ ပထမဆုံးအမှုကတော့လျှို့ဝှက်ဆန်းကြယ်မှုအပြည့်နဲ့ အသတ်ခံထားရတဲ့ အလောင်းကိုအစပြုတဲ့ ကွင်းဆက် လူသတ်မှုပါပဲ... တိုက်တိုက်ဆိုင်ဆိုင်ပဲဒီအမှုဟာလွန်ခဲ့တဲ့ အနှစ် ၂၀ က ဥပစာစကားလူသတ်သမားမိစ္ဆာရဲ့ အမှုနဲ့ပတ်သက်မှုရှိနေတာကို တွေ့ခဲ့ရတယ်... ဒီဥပစာစကား လူသတ်သမားဟာဆိုရင်တရုတ်ဘာသာစကားသင်တဲ့ နည်းပြဆရာဖြစ်ပြီး... သူ့ကျောင်းသားတွေကိုအမှားမဖြစ်စေ အမှားမခံနိုင်တဲ့ အတော်ကို တင်းကြပ်တဲ့ဆရာကြီးပေါ့...ဒါကြောင့်လည်း သူက စာလုံးမှားရေးရင် သတ်ပစ်မယ်လို့ ခြိမ်းခြောက်နေကြဆရာကြမ်းကြီးကနေ နောက်ဆုံးမှာ အားလုံးကြောက်ရတဲ့ စိတ်ဖောက်ပြန်သူကွင်းဆက်လူသတ်သမားကြီး အဖြစ်ပြောင်းလဲသွားတာပေါ့... အခုအမှုကဒီဆရာပဲလုပ်တာလား... ဒါပေမယ့် ဒီဆရာက အထူးကြပ်မတ်ထောင်မှာလေ...ဒါဆို ...
8.5
TMDb: 8.5/10 2 votes
tv

GG Precinct (2024)

2024