Channel Myanmar

2024

Monster Next Door (2024)
Monster Next Door (2024) အိမ်နီးချင်း ကိုလူဆိုး (၂၀၂၄)Introvert တိုင်းက ပြင်ပလောကထက် ကိုယ်တိုင်ဖန်တီးထားတဲ့ ဆိတ်ငြိမ်တဲ့ကမ္ဘာငယ်လေးမှာပဲ ဝါသနာပါရာတစ်ခုခုလုပ်ရင်းနဲ့ ပျော်မွေ့တတ်ကြပါတယ်။ ဒီထဲမှာ ဒီယို ဆိုတဲ့ကောင်လေးလည်းအပါအဝင်ပေါ့။ သူ့မှာလည်း သူငယ်ချင်းနဲ့တူတာဆိုလို့ သူမွေးထားတဲ့ လိပ်ကလေးပဲရှိတာပါ။ဒါပေမဲ့ ဒီယိုရဲ့ဆိတ်ငြိမ်ရပ်ကွက်လေးကို သူငယ်ချင်းတွေနဲ့ ပျော်ပါးပြီး တက်တက်ကြွကြွနေ ပါတီပေးတတ်တဲ့ ဂေါ့ဆိုတဲ့ စီနီယာက ဂေါ်ဇီလာလို ရောက်လာတဲ့အခါ... ဆူညံလွန်းတဲ့ဂေါ့ကို သည်းခံ‌နေပေမဲ့ မခံနိုင်တဲ့အဆုံး တစ်နေ့မှာ ဂေါ့ရဲ့အပြုအမူကိုဆင်ခြင်ဖို့ အချက်ပြလိုက်တာကြောင့် ဂေါ့လည်း ဒီယိုကိုအားနာသွားတဲ့နောက် တစ်ယောက်နဲ့တစ်ယောက် မုန့်တွေပေး စာတိုလေးတွေဖလှယ်ရင်းနဲ့ ဝရံတာကနေ စကားပြောတဲ့အထိ ရင်းနှီးရာကနေ အဆင့်တွေတက်လာချိန်မှာတော့..အညွှန်းကိုတော့ Mary က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Mary, Char Ou, Su Myat, Dao Phyo တို့ပဲ ဖြစ်ပါတယ်။Genre..... BL, Drama Quality…. 1080p | 720p File size… 600MB | 300MB Format… mp4 Duration…. 40min Episodes...8 Episodes Subtitle…. Myanmar Subtitle (Hardsub) Translator ...

Monster Next Door (2024)

2024
Epic of Mantra (2024)
Epic of Mantra (2024) လမင်းစေရာ ချစ်ဂါထာ (၂၀၂၄)ဘိုရဝုန်ဟာ အရင်ဘဝက သူမခင်ပွန်းကျန်ကို အမြဲတစေ အိပ်မက်မက်လေ့ရှိသူပါ ယာဉ်မတော်တဆမှုတစ်ခုကြောင့် ဘိုက ကျန်ကို ပြန်တွေ့ခဲ့ပါတယ် ပစ္စပ္ပုန်မှာ ကျန်ကတော့ အယုဒ္ဓခေတ်အကြောင်း ရေးပြီး လမင်းမန္တန်ဝတ္ထုထုတ်ဝေခဲ့သူ စန်ဆွန်ပါ စန်ဆွန်ဟာ သူရဲ့မယ့်ဘိုကို အယုဒ္ဓယခေတ်ဆီပြန်ခေါ်ဖို့ နေကြတ်မဲ့နေ့ အတိတ်တံခါးပြန်ဖွင့်ချိန်ကို စောင့်နေခဲ့ပါတယ် နေကြတ်တဲ့ရက် ဘိုဟာ အယုဒ္ဓယခေတ်ကို ပြန်ရောက်ပြီး ဘုရင်ကျန်နဲ့ ပြန်တွေ့ခဲ့ကြရာမှာ ဘိုနဲ့ကျန်တို့ အနေကြာလာပြီး မေတ္တာမျှခဲ့ကြပြီးနောက် ဘိုက သူမ အိမ်ကိုပြန်သွားဖြစ်မလား အယုဒ္ဓယခေတ်ကို ဘာကြောင့် ဘိုတစ်ယောက်ပြန်သွားရလဲဆိုတာတော့ “လမင်းစေရာ ချစ်ဂါထာ” ဇာတ်လမ်းတွဲမှာ စိတ်ဝင်တစား ကြည့်ရှုရမှာပါအညွှန်းကိုတော့ Lei Wuyi Tun က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Lei Wutyi Tun, Dao တို့ ပဲ ဖြစ်ပါတယ်။Genre..... Drama Quality…. 1080p | 720p File size… 800MB | 300MB Format… mp4 Duration…. 40min Subtitle…. Myanmar Subtitle (Hardsub) Translator ...

Epic of Mantra (2024)

2024
Perfect Family (2024) 10
Perfect Family (2024) Perfect Family (2024) *********************အပိုင်းသစ် 8ဒီဇာတ်ကား​လေးထဲမှာ​တော့ ဝါရင့်မင်းသားကြီး Kim Byung Chul ၊ မင်းသမီး​ကြီး Yoon Se Ah....Mouse , Zombie Detective ကားထဲက မင်းသမီး Park Ju Hyun တိုနဲ့အတူ....Lee Shi Woo၊ Kim Young Dae၊ Choi Ye Bin စတဲ့ နာမည်ကြီးများစွာ ပါဝင်ထားပြီး...ဂျပန်ဒါရိုက်တာကြီး Isao Yukisada ရဲ့ ပထမဆုံးရိုက်ကူးထားတဲ့ ပွဲဦးထွက်ကိုရီးယား Thriller ဒရာမာကား​လေးပဲဖြစ်ပါတယ်။Thriller ကြိုက်တဲ့ပရိသတ်တွေ လက်မလွှတ်သင့်တဲ့ နောက်ထပ် တစ်ကားပေါ့နော်... ဇာတ်လမ်းအကျဉ်း --------------Choi Jin Hyeok က ​အောင်မြင်တဲ့ ​ရှေ့​နေတစ်​ယောက်ဖြစ်ပြီး...သူ့မှာ Ha Eun Jun ဆိုတဲ့ ဇနီးနဲ့ Choi Seon Hui ဆိုတဲ့ ​မွေးစားသမီး​လေးတစ်​ယောက်ရှိပါတယ်​မိသားစုကို အရမ်းချစ်ပြီး ...
10
TMDb: 10/10 1 votes
tv

Perfect Family (2024)

2024
I Saw You in My Dream (2024) 8
I Saw You in My Dream (2024) အိပ်မက်ထဲက ချစ်သူ (၂၀၂၄)လူတစ်ယောက်ကို အိပ်မက်ထဲထည့်မက်တယ်ဆိုတာ အဲဒီလူက ကိုယ့်ရဲ့မသိစိတ်ထဲအထိ စိုးမိုးနိုင်လို့ပါတဲ့။အခန်းအောင်းပြီး ဂိမ်းဆော့ရတာကြိုက်တဲ့အိုက်အတွက်တော့ သူ့ကိုအမြဲလိုက်စတတ်တဲ့ ဘေးအိမ်က အစ်ကိုယုက အာရုံနောက်စရာပါပဲ။ အိုက်ကလည်း စတာကိုမကြိုက်ကြောင်းဘယ်လိုပြပြ ယုကတော့ မစရမနေနိုင် စမြဲစနေဆဲဆိုတော့ တွေ့တာနဲ့ငြင်းကြ စကားနိုင်လုကြပေါ့။ဒီလိုနဲ့ အစ်ကိုယုတစ်ယောက် အိုက်ရဲ့အိပ်မက်တွေထဲမှာ ပေါ်လာပြီး ဒီအိပ်မက်ထဲက ရိုမန်းတစ်ဆန်ဆန်အဖြစ်တွေက လက်တွေ့မှာပါ တကယ်လာမှန်နေတဲ့အခါ....အညွှန်းကိုတော့ Mary က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Mary, Char Ou, Su Myat, Dao Phyo တို့ပဲ ဖြစ်ပါတယ်။Genre..... BL, Drama Quality…. 1080p | 720p File size… 500MB | 200MB Format… mp4 Duration…. 40min Episodes..... 12 Episodes Subtitle…. Myanmar Subtitle (Hardsub) Translator ..... Mary, Char Ou, Su Myat, Dao Phyo Encoder ..... Aaron720pEpisode 01 ...
8
TMDb: 8/10 2 votes
tv

I Saw You in My Dream (2024)

2024
The Serpent Queen (2024) Season 2 7.658
The Serpent Queen (2024) Season 2 Season 2 Ep 1 to 8 [ စ / ဆုံး ] ဒီ Series ကတော့ 2022 က ထွက်ရှိခဲ့တဲ့ နိုင်ငံတကာမှာလူကြိုက်များခဲ့တဲ့ Synopsys of The Serpent Queen ရဲ့အဆက် Season 2 ဖြစ်ပါတယ်။Season 1 မှာတော့ ကတ်သရင်းတစ်ယောက် ပြင်သစ်နန်းတော်ထဲကိုရောက်လာပြီးနောက် ထီးနန်းအုပ်စိုးခဲ့တာဖြစ်ပြီး အခု Season 2မှာတော့ သူ့ရဲ့သား ချား ဘုရင် ၉ ကို ထီးနန်းလွှဲအပ်ပြီးနောက်ပိုင်းဖြစ်ပေါ်လာမဲ့ ၁၆ ရာစု ဥရောပနိုင်ငံတွေရဲ့ အာဏာအားပြိုင်မှု‌တွေ၊နန်းတွင်း နဲ့ နိုင်ငံရေး၊ ဘာသာရေး အရှုပ်အထွေးတွေကို ဆက်လက်ရှုစားကြရမှာပါ။Historical Drama အမျိုးအစားဖြစ်လို့ သမိုင်းကြောင်း၊ဘာသာရေး၊ အချစ်ရေး၊ မိသားစုရေးရာ စသဖြင့် Seriesတစ်ခုတည်းမှာတင် အကြောင်းအရာမျိုးစုံကို တဝကြီးကြည့်ရှုကြရမှာပါ။  File Size – ...
7.658
TMDb: 7.658/10 100 votes
tv

The Serpent Queen (2024) Season 2

2024
Sunny (2024) 6.5
Sunny (2024) Season 1 Ep 1 to 10 [ စ /ဆုံး ]ဂျပန်နိုင်ငံ၊ ကျိုတိုမြို့မှာနေပြီး ဂျပန်နိုင်ငံသား မာဆာဆာကာမိုတိုနဲ့ အိမ်ထောင်ရက်သားကျ၊ သားလေးတစ်ယောက်နဲ့ ပျော်ရွှင်နေတဲ့ အမေရိကန်လူမျိုးဆူဇီ ဆာကာမိုတို တစ်နေ့မှာတော့ လေယာဉ်နဲ့ခရီးထွက်သွားတဲ့ အမျိုးသားနဲ့ သားလေးတို့ရဲ့ လေယာဉ်ကပျက်ကျပြီး အလောင်းတွေ ရှာမတွေ့ဖြစ်ခဲ့ပါတယ်အမျိုးသားနဲ့ သားဖြစ်သူကို တစ်ပြိုင်နက်တည်း ဆုံးရှုံးလိုက်ရလို့ လစ်ဟာနေတဲ့ ဘဝကြီးထဲကို ရုတ်တရက်အမျိုးသားအလုပ်လုပ်တဲ့ ကုမ္ပဏီကဆိုပြီး လူတစ်ဦးရောက်လာကာ အမျိုးသားကိုယ်တိုင်တီထွင်ထားတယ်ဆိုတဲ့"Sunny" အမည်ရ အိမ်သုံးစက်ရုပ်တစ်ရုပ်ကို လက်ဆောင်လာပေးသွားပါတယ်..အရင်ကတည်းက စက်ရုပ်ဆို မုန်းတီးနေတဲ့ ဆူဇီတစ်ယောက်Sunny ရဲ့ ကျောချမ်းစရာ အပြုအမူတွေကိုတွေ့ပြီး စွန့်ပစ်ဖို့လုပ်ပေမဲ့လည်း မရတဲ့အဆုံး ရေခဲသေတ္တာတီထွင်တဲ့အပိုင်းမှာအလုပ်လုပ်တယ်လို့သိထားတဲ့ အမျိုးသားက တီထွင်ထားတဲ့စက်ရုပ်ဆိုတာကြောင့် နောက်ကွယ်က မသိသေးတဲ့အကြောင်းတွေကို ဖော်ထုတ်ဖို့လုပ်ရာက ဘယ်လိုအဖြစ်အပျက်တွေနဲ့ရင်ဆိုင်ရမလဲ....အိမ်သုံးစက်ရုပ်တွေက တကယ်ပဲ ကြောက်စရာကောင်းတာလား...လူတွေမသိကြသေးတဲ့ ဘယ်လိုလျှို့ဝှက်ချက်တွေရှိနေတာလဲ..အလောင်းရှာမတွေ့သေးတဲ့ သူ့အမျိုးသားနဲ့ သားလေးကရောတကယ်ဆုံးပါးသွားတာ ဖြစ်နိုင်မလား....တကယ့်နောက်ကွယ်က ရန်သူက ဘယ်သူလဲ ...
6.5
TMDb: 6.5/10 6 votes
tv

Sunny (2024)

2024
KAOS (2024) Season 1 7.314
KAOS (2024) Season 1  IMDb - 7.5, RT 72% အသီးသီးရရှိထားတဲ့ Netflix Dark Comedy, Fantasy Series တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Greek Mythology ကို ခေတ်ပေါ်ပုံစံနဲ့ ပြန်လည်စိတ်ကူးပုံဖော် ရိုက်ကူးပြထားတာ တော်တော်လေး စိတ်ဝင်စားဖို့ကောင်းပြီး ကြည့်လို့ကောင်းပါတယ်။သိကြတဲ့အတိုင်း Mount Olympus က နတ်ဘုရားတွေထဲမှာ Zeus ဟာ King of the Gods (နတ်ဘုရားတွေရဲ့ ဘုရင်တစ်ပါး) ပေါ့။ ကျန်တဲ့ နတ်ဘုရားတွေက သု့လက်အောက်က ကျရာတာဝန်တွေကို အသီးသီးထမ်းဆောင်ရင်း လူသားတွေကို အုပ်ချုပ်ကြတယ်။ ဒီနတ်ဘုရားတွေ အထူးသဖြင့် Zeus ကို ဖီဆန်သူကတော့ Prometheus ပေါ့။ဒီစီးရီးမှာ Zeus ကို ဖြုတ်ချမဲ့ Prometheus ရဲ့လုပ်ကြံမှုကြီးကို Prometheus ကိုယ်တိုင်က ဇာတ်ကြောင်းပြောကြတဲ့ ပုံစံနဲ့ အဆင့်ဆင့်ရိုက်ကူးပြထားပါတယ်။ File size…(800 ...
7.314
TMDb: 7.314/10 59 votes
tv

KAOS (2024) Season 1

2024
Your Honor (2024) 10
Your Honor (2024) Your Honor (2024) *****************အပိုင်းသစ် 8Crime, Thriller တွေကြိုက်တဲ့ ပရိသတ်တွေ လက်မလွှတ်တမ်းကြည့်သင့်တဲ့ ဇာတ်ကားလေးပါနော်သရုပ်ဆောင်တွေအနေနဲ့လည်း နာမည်ကြီးဝါရင့်မင်းသားကြီး Son Hyun Joo, Kim Myung Min တို့အပြင်...Escape of seven ,sweet home တို့မှာပါဝင်ခဲ့တဲ့ သရုပ်‌ဆောင်တွေဖြစ်တဲ့ Kim Do Hun,Hun Nam Jun နဲ့...မင်းသမီးချောလေး Jung Eun chae တို့ပါဝင်ထားပါတယ် ဇာတ်လမ်းအကျဉ်း --------------သားဖြစ်သူအတွက် ဘယ်အရာမဆိုလုပ်ဖို့အဆင်သင့်ဖြစ်ပြီး...မကောင်းဆိုးဝါးလို့ သတ်မှတ်ခံရတဲ့လူတစ်ယောက်ဖြစ်လာဖို့တောင်ဝန်မလေးတဲ့.....ဖခင်တစ်ဦးရဲ့မေတ္တာ အတ္တကြီးမားပုံတွေကိုထင်ထင်ရှားရှားတွေ့မြင်ရမယ့်ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်လူတိုင်းလေးစားခံရတဲ့ နာမည်ကြီးတရားသူကြီး Song Pan Ho....ကြင်နာတတ်ပြီး ဘာနာမည်ပျက်မှမရှိတဲ့အောင်မြင်တဲ့ဘဝမှာ....ဖြောင့်မတ်မှန်ကန်ပြီး သမာသမတ်ကျစွာနေထိုင်ခဲ့ပေမဲ့....သားဖြစ်သူကြောင့် သူမလုပ်ဖူးတဲ့လုပ်ရပ်ကိုလုပ်ရတဲ့အခါ....ဒုစရိုက်အဖွဲ့အစည်းရဲ့သွေးအေးလူသတ်သမား ရက်စက်တဲ့သူလို့နာမည်ကြီးတဲ့ Kim Kang Heon...သူ့ကိုမြင်တာနဲ့လူတကာဖိန့်ဖိန့်တုန်အောင် ကြောက်ရတဲ့သူဖြစ်ပေမဲ့....သားကိုတော့ တုန်နေအောင်ချစ်တဲ့အဖေတစ်ယောက်ပဲဖြစ်ပါတယ်ယာဉ်မတော်တဆဖြစ်ပြီး သားဖြစ်သူသေသွားတဲ့အခါ....Kim Kang Heon တစ်ယောက်မတော်တဆမှုနောက်ကွယ်ကအကြောင်းကိုစုံစမ်းရင်း.....ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာ ဒီဇာတ်လမ်းမှာကြည့်ရှုရမှာဖြစ်ပါတယ်ဇာတ်လမ်းအညွှန်းကို Shwe Pyae မှ ရေးသားပေးထားပါတယ် Drama: Your ...
10
TMDb: 10/10 1 votes
tv

Your Honor (2024)

2024
No Gain No Love (2024)
No Gain No Love (2024) No Gain No Love (2024) *********************** အပိုင်းသစ် (၄)ဒီတစ်ခါမှာတော့ Hometown Cha-Cha-Cha ထဲမှ မင်းသမီး Shin Min A နဲ့Penthouse မှ မင်းသား Kim Young Dae တို့ရဲ့ ‌မမနဲ့မောင်လေး Rom-Com ဒရမ်မာသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ်- ဇာတ်လမ်းအကျဉ်း -ဆွန်းဟယ်ယောင်း (Shin Min-A) ဟာဆိုရင် ဘယ်လိုအခြေအနေမျိုးမှာမှ နစ်နာဆုံးရှုံးမှု မဖြစ်ချင်တဲ့သူမျိုးပါငယ်စဉ်တုန်းက မိဘမဲ့ကလေးတွေကို အိမ်မှာခေါ်ပြီး စောင့်ရှောက်ပေးတတ်တဲ့ အမေဖြစ်သူကြောင့်အမေ့မေတ္တာကို တခြားကလေးတွေနဲ့ မျှဝေခံစားခဲ့ရတဲ့ ဟယ်ယောင်းလေး ..အလုပ်ဝင်ပြန်တော့လည်း ဟယ်ယောင်းတို့ကုမ္ပဏီက လူမှုဖူလုံရေး အကျိုးခံစားခွင့် ၉၀% ကိုအိမ်ထောင်သည်များကိုသာ ပုံပေးထားပါတယ် ..ခုလည်း အမြန်ဆုံး ရာထူးတိုးနိုင်မဲ့ အခွင့်အရေးဖြစ်တဲ့ ကုမ္ပဏီတွင်းပြိုင်ပွဲမှာ လူလွတ်တွေကို မရွေးချယ်ပါဘူးတဲ့ ..ဘာတစ်ခုမှ အဆုံးရှုံးမခံချင်တဲ့ ဟယ်ယောင်းလည်း နည်းလမ်းရှာဖွေရင်း သူ စဉ်းစားလိုက်မိတာက ယောက်ျားယူဖို့...သူယူလို့ ...

No Gain No Love (2024)

2024
Battle of the Writers (2024) 9
Battle of the Writers (2024) ကလောင်တံ စစ်ပွဲ (၂၀၂၄)၂၀၂၃ ခုနှစ်တုန်းက One 31ရဲ့ အတော်လေးhotသွားတဲ့ Bed Friend BL ထဲက side CP ကို Main Role အဖြစ် မြင်ရမဲ့ ဒုတိယမြောက်ဇာတ်လမ်းတွဲဖြစ်တဲ့ Battle of writersMain CPအပြင် အဆင်လေးတွေအများကြီး ပါဝင်အားဖြည့်ထားသေးတာမလို့ စိတ်ညစ်ညူးစရာတနင်္လာညရဲ့ အလုပ်အမောတွေကို CMနဲ့အတူ ဖြေဖျောက်လိုက်ပါဦးစို့။စာရေးဆရာလောကမှာ ရှုံ့အချဆုံးလုပ်ရပ်တစ်ခုဖြစ်တဲ့သူများစာကို ကူးချပါတယ်လို့ နာမည်တပ်ခံရတဲ့ အော့အွန် သူကူးမိတယ်ဆိုတဲ့လူကလည်း နှုတ်ခမ်းနီမလေးတွေအသည်းစွဲ YSရဲ့ နံပါတ် စာရေးဆရာ နတ်ဘုရားလို့ တင်စားခေါ်ဝေါ်ရတဲ့ ရှီအာ့ယဲ့ အော့အွန်ဘက်က မကူးပါဘူးလို့ ငြင်းဆိုထားပေမဲ့ ဝတ္ထုနှစ်ခုကလည်း တရု-တ် နဲ့ ပေါက်ဖော်လို ဖြစ်နေပြီး အမြွှာလို ထပ်တူကျတာမဟုတ်ရုံတမယ်ဖြစ်နေလေတော့... ဒီပြဿနာကိုဖြေရှင်းဖို့လုပ်ရင်း သူငယ်ချင်းရဲ့အကြံအရ ကလောင်တံစစ်ပွဲ‌ဆိုတဲ့ဂိမ်းကိုကစားရင်း စတင်ခဲ့တဲ့ YS စာရေးဆရာလေးယောက်ရဲ့ပတ်သက်မှုက ဘာတွေဆက်ဖြစ်မလဲ ရှုစားကြရအောင်ပါ။အညွှန်းကိုတော့ Mary က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Mary, Char Ou, Su Myat, ...
9
TMDb: 9/10 1 votes
tv

Battle of the Writers (2024)

2024
Never Enough (2024)
Never Enough (2024) ၃ ပွင့်ဆိုင် နှလုံးသား (၂၀၂၄)JJ , Parisနဲ့ Bowတို့လို ရှယ်castတွေချည်းသုံးထားတဲ့ Ch3 ရဲ့ ၃ ပွင့်ဆိုင် နှလုံးသား ဇာတ်လမ်းကောင်းပါ့မလားက အသာထား cast ကြည့်ရရုံနဲ့တင် တန်နေပြီဆိုတော့ JJ comebackမျှော်နေသူတွေ stay tunedပါဒုက္ခအမျိုးမျိုးကြားကနေ တဝမ်ရဲ့အဘွားဆီမှာ အတူလာခိုလှုံဖြစ်ကြပြီး အဘွားရဲ့မေတ္တာနဲ့ အတူတကွကြီးပြင်းခဲ့ကြတဲ့ တဝမ် ရှင်းနဲ့ မာနဆိုတဲ့ သူငယ်ချင်း ၃ ယောက် အရွယ်ရောက်လာတော့ တဝမ်ဆိုတဲ့ကောင်မလေးကိုပဲ မျှော်ကြည့်နေခဲ့ရတဲ့ မာနနဲ့ရှင်းတို့က ၅၂၈ စည်းကိုကျော်လို့ ခံစားချက်မှာ အရောင်လေးတွေကိုယ်စီစွန်းလာကြတဲ့အခါ... တစ်ဖက်ကလည်း ညီအစ်ကိုရင်းထက် ပိုရင်းတဲ့သူငယ်ချင်းတွေလည်းဖြစ်နေပြန်တော့ ဒီသူငယ်ချင်း ၃ ယောက်ရဲ့ သုံးပွင့်ဆိုင်ချစ်ဇာတ်လမ်းက ဘာတွေဆက်ဖြစ်မလဲ ရှုစားလိုက်ရအောင်ပါ။အညွှန်းကိုတော့ Mary Christ က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Mary, Char Ou, Su Myat, Dao, တို့ ပဲ ဖြစ်ပါတယ်။Genre..... Drama Quality…. 1080p | 720p File ...

Never Enough (2024)

2024
Summer Night (2024)
Summer Night (2024) နွေလယ်ည (၂၀၂၄)ဒီစီးရီးလေးကတော့ နွေကျောင်းပိတ်ချိန်မတိုင်ခင် အထက်တန်းကျောင်းသားဘဝ လျှို့ဝှက်ချစ်ပုံပြင်ဇာတ်ကားလေးတစ်ပုဒ်ဖြစ်ပါတယ် ။ ဆယ်ကျော်သက်ကျောင်းသားဘဝရဲ့ လွတ်လပ်မှု ၊ သူငယ်ချင်းတွေအကြားတွယ်တာမှုနဲ့အတူ တစ်ခါတရံမှာ ဖြစ်ပေါ်တတ်တဲ့ ကြိုတင်မှန်းဆလို့မရတဲ့ ချစ်ခြင်းတွေ၊ အမုန်းတွေနဲ့ လှပစွာ တင်ဆက်ပြသထားတဲ့ စီးရီးလေးကို ကြည့်ရှုခံစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်ကျောင်းမှာ လူမသိသူမသိ တစ်ယောက်တည်းတိတ်ဆိတ်စွာ နေတတ်တဲ့ လွန်ဆိုတဲ့ကောင်လေးနဲ့ တက်တက်ကြွကြွပျော်ပျော်ရွှင်ရွှင်ရွှင်နဲ့အပေါင်းအသင်းများတဲ့ ထီဝါကွန်တို့ မတော်တဆတိုက်မိကာ နမ်းမိသွားရာကနေ ဝှိုက် ထီဝါကွန်က လွန်ကို သူတို့စတည်းချနေကျ အနုပညာခန်းလေးက သူ့သူငယ်ချင်းများနဲ့မိတ်ဆက်ပေးခဲ့ပါတယ်။ အဲဒီသူငယ်ချင်းတွေထဲက ဒီဇိုင်းနာဖြစ်ချင်သူ စတားဆိုတဲ့ သူငယ်ချင်းကျောင်းသူလေးကို လွန် နဲ့ ဝှိုက်တို့ကအတူတူ ချစ်မိသွားကြတဲ့အခါ လွန်နဲ့ဝှိုက် သူငယ်ချင်းနှစ်ယောက်ကြား အခြားသူငယ်ချင်းတွေကြား ဆက်ဆံရေးက ဆက်ပြီး အဆင်ပြေနိုင်ပါ့မလားဆိုတာ "နွေလယ်ည" ဆိုတဲ့ စီးရီးလေးမှာ ဆက်လက်ကြည့်ရှုကြရမှာပဲ ဖြစ်ပါတယ်။အညွှန်းကိုတော့ Dao Phyo က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Dao Phyo, Mary, Su Myat, Char Ou တို့ပဲ ဖြစ်ပါတယ်Genre..... BL, Drama Quality…. ...

Summer Night (2024)

2024
36 Days (2024)
36 Days (2024) 36Days 2024 (ရှုပ်ထွေးပွေလီ ဗီလာကြီး)လူကုံထံအသိုင်းအဝိုင်းတွေပဲနေထိုင်တဲ့ ဗီလာတစ်ခုမှာ တိုနီဟာ အိမ်တော်တော်များများကိုပိုင်ဆိုင်ပြီး ပြန်လည်အငှားချကာထားပါတယ်။တစ်ရက်တော့ အေးအေးချမ်းချမ်းနေထိုင်နေတဲ့ ဒီဗီလာကို ဖာရာဆိုတဲ့ လေယာဉ်မယ်လေး ပြောင်းရွှေ့နေထိုင်တဲ့အချိန်ကနေ စပြီးတော့ ဒီဗီလာအကြားမှာ ပြဿနာတွေ ဖြစ်လာခဲ့ပါတော့တယ်။ဒီရှုပ်ထွေးမှုတွေကြားမှာ ဖာရာက ဘယ်လိုတွေ ပါဝင်ပတ်သက်နေတာလဲ ....... ပြီးတော့ အိမ်ရှာလို့မရသေးလိုဆိုတဲ့အကြောင်းပြချက်နဲ့ သူငယ်ချင်းအိမ်မှာ ခေတ္တလာရောက်တည်းခိုနေတဲ့ အခြောက်မလေး တာရာကရော ဒီရှုပ်ထွေးတဲ့ဇာတ်လမ်းထဲမှာ ဘယ်လိုတွေ ပါဝင်ပတ်သက်နေဦးမလဲ....... ဗီလာမှာရှိတဲ့သူတွေကြားက ပြဿနာအရှုပ်တွေရော ပြန်လည်အဆင်ပြေသွားပြီး အရင်လိုပဲ အေးအေးချမ်းချမ်းနေရပါ့မလား ......ဒီဗီလာမှာရှိတဲ့သူတွေရဲ့ အချစ်, အမုန်း, ငွေကြေးအားပြိုင်မှုတွေ, အလိမ်အညာလှည့်ကွက်တွေနဲ့အတူ ဘယ်လိုလျှိ့ဝှက်ချက်များစွာတွေ ရှိနေမလဲဆိုတာကို ကြည့်ရှုရမယ့် အပိုင်း၈ပိုင်းပါဝင်တဲ့ ဟင်ဒီ Thriller ဝဘ်စီးရီးလေးဖြစ်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကတော့ YunnI~BpL~ToMo~KKKZ တို့ပဲဖြစ်ပါတယ်)File Size – 500MB(Appx;)@EpisodeQuality – 1080p WEB DLDuration –40minute (@Episode)Total Episodes:8EpsSubtitle – Myanmar HardsubFormat – Mp4Genre : Drama, Mystery, CrimeTranslator – YunnI~BpL~ToMo~KKKZEncoder – YK  Episode ...

36 Days (2024)

2024
Beauty and Mr. Romantic (2024)
Beauty and Mr. Romantic (2024) Beauty and Mr.Romantic (2024) *******************************အပိုင်းသစ် (44)ဒီဇာတ်လမ်းကတော့ Family Drama/Romance အမျိုးအစားဖြစ်ပြီးတော့....သရုပ်ဆောင်တွေအနေနဲ့ My ID is Gangnam Beauty ထဲက အလှလေး Lim SooHyang နဲ့....Young Lady and Gentleman ထဲက ဦးလေးကြီး Ji HyunWoo တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ် ဇာတ်လမ်းအညွှန်း ------------------- Park Dora (Lim SooHyang)က နာမည်ကြီးမင်းသမီးတစ်လက်ဖြစ်ပြီး....ကိစ္စတစ်ခုကြောင့် သူ့ရဲ့အောင်မြင်မှုတွေရပ်တန့်သွားဖို့ အကြောင်းဖန်လာပါတော့တယ်Go PilSeung (Ji HyunWoo) ကတော့....ဒရမ်မာစီးရီးလေးတွေကို ဖန်တီးပေးနေတဲ့ တက်သစ်စ ဒါရိုက်တာလေးတစ်ယောက်ပါဒီလိုနဲ့ နှစ်ယောက်သားအလုပ်အတူတွဲလုပ်ဖို့ ဖြစ်လာကြပြီးနောက်......ဒါရိုက်တာလေး Go PilSeung က မင်းသမီးလေး Park Dora ကို သဘောကျမိသွားရင်းကနေ.....ထိပ်တန်း A-list မင်းသမီးတစ်ယောက်အဖြစ် ဘယ်လိုပြန်ဆွဲတင်ပေးသွားမလဲဆိုတာကို....ဟာသနှောပြီး ရင်ခုန်စွာနဲ့ ကြည့်ရှုသွားရမှာပဲ ဖြစ်ပါတယ် ဇာတ်လမ်းတွဲအညွှန်းကိုတော့ Hsu Pyae Pyae Aung ...

Beauty and Mr. Romantic (2024)

2024
The Trainee (2024)
The Trainee (2024) အချစ်ရဲ့အလုပ်သင်လေး (၂၀၂၄)စီးပွားရေးမေဂျာကျောင်းသားလေး လိုင်အန်၊ကုမ္ပဏီတစ်ခုတည်းမှာ အလုပ်သင်အဖြစ်လုပ်ကြမယ့် သူငယ်ချင်းများဖြစ်တဲ့ တေး၊ ဘာမီ၊ ပိုင် တို့ဟာ ကိုယ်ကျွမ်းကျင်ရာ စိတ်သန်ရာအတိုင်း အကောင်းဆုံးလုပ်ကိုင်ဖို့အတွက် ရုပ်ရှင်ကုမ္ပဏီကို အလုပ်သင်အဖြစ်နဲ့လျှောက်ထားလာခဲ့ကြပြီး အလုပ်တွေကို သင်ယူဖို့ ရှိလာကြပါတယ်လိုင်အန်ဟာ လက်ထောက်ဒါရိုက်တာအဖြစ် ရုပ်ရှင်ကုမ္ပဏီမှာလုပ်နေတဲ့ ဂျိန်းနှင့်အတူ အလုပ်သင်အဖြစ် လုပ်ကိုင်ကြဖို့ဖြစ်လာပြီး အတွေ့အကြုံအသစ်တွေ ဖန်တီးတွေးခေါ်မှုအသစ်တွေ စိန်ခေါ်ချက်အသစ်တွေကို အတူတူ ဘယ်လိုဖြတ်ကျော်သွားကြမလဲဆိုတာကို ဒီ BL ဇာတ်ကားလေးမှာ ကြည့်နိုင်မှာဖြစ်ပါတယ်အပတ်စဉ် တနင်္ဂနွေနေ့တိုင်း တင်ဆက်ပေးသွားမှာမို့ စောင့်မျှော်ကြည့်ရှုအားပေးကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။အညွှန်းကိုတော့ Dao Phyo က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Mary, Char Ou, Kim, Dao Phyo တို့ပဲ ဖြစ်ပါတယ်။Genre..... BL, Drama Quality…. 1080p | 720p File size… 500MB | 250MB Format… mp4 Duration…. 40min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Mary, Char Ou, Kim, Dao ...

The Trainee (2024)

2024
4MINUTES (2024) 9
4MINUTES (2024) ၄ မိနစ် (၂၀၂၄)Kinn Porsche ရဲ့ထုတ်လုပ်ရေးကုမ္ပဏီဖြစ်တဲ့Be On Cloud ရဲ့ စိတ်ဝင်စားမှုအများဆုံးဖြစ်သလို ရွှေ့ဆိုင်းမှုများစွာနဲ့ BLသစ်ဖြစ်တဲ့ 4 minutesဝါရင့်မင်းသားကြီး Jes Jespipatရဲ့ ပထမဆုံးBLကားဖြစ်ပြီး Bibleနဲ့အတူ ဘယ်လိုအတွဲညီညီ သရုပ်ဆောင်မလဲ ရှုစားကြပါဦးစို့။ယာဉ်မတော်တဆမှုတစ်ခုနဲ့တိုက်ဆိုင်စွာနဲ့ပဲ အချိန်လေးမိနစ်စာ စောမြင်နေတဲ့ လုပ်ငန်းရှင်ကြီးရဲ့သား စီးပွားရေးကျောင်းသားလေးဂရိတ် သူဌေးသားပီပီ ဘဝကို ခပ်ပေါ့ပေါ့ပဲဖြတ်သန်းနေတဲ့ဂရိတ်အတွက် အနာဂတ်ကို လေးမိနစ်စောမြင်တဲ့အစွမ်းက ကြီးမားတဲ့ပြောင်းလဲမှု ဖြစ်စေခဲ့တာပေါ့။ဒီလိုနဲ့တစ်နေ့ ဘဝသမား ခွဲစိတ်ဆရာဝန်လေးထမ်းနဲ့ ဆုံဆည်းပြီး အဆင့်တွေတက်လာတဲ့အခါမှာတော့....BoCလက်ရာပီပီ Trailer မှာထဲက သည်းထိတ်ရသလို ရင်ဖိုစရာအခန်းလေးတွေလည်းပါတာမလို့ 18 ယောက်ပြည့်မှပဲ စီအမ်နဲ့အတူ ရင်ဖိုလိုက်ရအောင်ပါ။အညွှန်းကိုတော့ Mary Christ က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Mary, Char Ou, Su Myat ပဲ ဖြစ်ပါတယ်။Genre..... BL, Mystery Quality…. 1080p | 720p File size… 500MB | 200MB Format… mp4 Duration…. 40min Subtitle…. Myanmar Subtitle ...
9
TMDb: 9/10 2 votes
tv

4MINUTES (2024)

2024
The Loyal Pin (2024)
The Loyal Pin (2024) သစ္စာရှင်မလေး "ပင်" (၂၀၂၄)အန်နင်လဖတ် ဆဝစ်တာဝါရစ် အဖြစ် Becky Rebecca ပင်ထိဒါ အဖြစ် Freen Sarochaဇာတ်လမ်းအကျဉ်းဆဝစ်တာဝါရစ်နန်းတော်ကြီးရဲ့ အရှင်သခင်ဖြစ်သူ မင်းသားကြီးရဲ့မယ်တော်ဟာ “ပတ်ထမ်မိကာ” ဆ်ုတဲ့ မိန်းမငယ်လေးကို သမီးတစ်ယောက်လိုမွေးစားခဲ့ပြီး မင်းသမီးတစ်ဦးကဲ့သလို့ ချီးမြှောက်ခဲ့ပါတယ်တစ်ရက် ပတ်ထမ်မိကာက မိဘမဲ့ဖြစ်သွားတဲ့ တူမဖြစ်သူ “ပင်ထိဒါ”ကို သူရှိရာ နန်းတော်ထဲ တစ်ဖန်ခေါ်ယူမွေးစားခဲ့ရာက မင်းသားကြီးရဲ့ အချစ်ဆုံး အငယ်ဆုံးသမီးတော် “အန်နင်လဖတ်”နဲ့ အရင်းနှီးဆုံးတွေ ဖြစ်လာခဲ့တယ်တစ်နေ့ မင်းသားကြီးက နိုင်ငံခြား ပညာတော်သင်သွားခဲ့တဲ့ သားတော်ကြီးနှစ်ယောက်ထက် မနိမ့်ကျစေလိုစိတ်နဲ့ သမီးတော်လေး အန်နင့်ကို ၁၅နှစ်အရွယ်မှာ ပညာတော်သင်လွှတ်ဖို့ ကြံရွယ်ခဲ့ပါတော့တယ်ဆယ်ကျော်သက် မိန်းမပျိုလေး ၂ ဦးကြားက ခင်တွယ်လွန်းတဲ့ ဖြူစင်တဲ့မေတ္တာက အရောင်တွေစွန်းထင်းလာချိန်မှာတော့ မတူညီတဲ့ အသိုင်းအဝိုင်း၊ ရှေးရိုးစွဲကြတဲ့ လူတွေကြား ချစ်ခရီးလမ်းက ဖြောင့်ဖြူးနိုင်ပါ့မလား ဆိုတာ “သစ္စာရှင်မလေးပင်”ဇာတ်လမ်းတွဲမှာ စောင့်မျှော်ကြည့်ရှုကြရအောင်အညွှန်းနဲ့ဘာသာပြန်ကတော့ Kyi Nue Zin ပဲ ဖြစ်ပါတယ်Genre..... GL, Drama Quality…. 1080p | 720p File ...

The Loyal Pin (2024)

2024
YATAGARASU: The Raven Does Not Choose Its Master (2024) 8
YATAGARASU: The Raven Does Not Choose Its Master (2024) YATAGARASU: The Raven Does Not Choose Its Master (2023) Genre – Anime, History, Fantasy, Dramaဒီ Anime လေးက ပြောရမယ်ဆိုရင်တော့ စာနည်းနည်းရှည်မယ်လို့ကြိုတင်စကားပလ္လင်ခံထားချင်ပါတယ်။ ဘာလို့လဲဆိုတော့ အဲဒါမှလည်း ကြည့်မယ့်လူတွေအတွက် ပိုပြီးရှင်းရှင်းလင်းလင်း ဖြစ်စေမယ်လို့ ထင်လို့ပါ။ဒီစီးရီးလေးက သာမန် Anime လေးတွေနဲ့ မတူပဲ ထူးဆန်းတဲ့ဒဏ္ဍာရီလာအကြောင်းအရာနဲ့ Game of Throne အသေးစားစတိုင်လိုမျိုးနန်းတွင်းရေးရာ ထီးနန်းပုလ္လင် ကြံစည်မှုကိစ္စတွေကိုအိမ်တော်တွေများစွာရယ် ဇာတ်ကောင်များများနဲ့ တင်ဆက်ထားလို့ကျွန်တော်ကိုယ်တိုင် တော်တော်သဘောကျမိတဲ့ထဲမှာ ပါပါတယ်။ပထမဆုံး စပြောရမယ်ဆိုရင် သူတည်ဆောက်ထားတဲ့ကမ္ဘာအကြောင်း ရှင်းပြချင်ပါတယ်။ခေတ်ဦးအစကတည်းက တောင်နတ်ဘုရားတစ်ပါးဟာ ဒီနယ်မြေကို ရောက်ရှိလာပြီးသာယာဝပြောတဲ့အတွက် Yamauchi ဆိုပြီး နာမည်ပေးခဲ့တယ်။သူ့ကိုယ်စား အုပ်ချုပ်ဖို့ဆိုပြီး သူ့ကလေးငယ်တွေဖြစ်တဲ့Yatagarasu တွေကို တာဝန်ပေးခဲ့ပါတယ်၊ ဒီ Yatagarasu ဆိုတာသမန်းဝံပုလွေလိုမျိုး ဂျပန်ဒဏ္ဍာရီမှာတော့ ခြေ ၃ ချောင်းပါတဲ့လူပုံစံပြောင်းလို့ရတဲ့ သမန်းကျီးနက်တွေကို ဆိုလိုချင်တာပါ။ ဒါပေမဲ့ ...
8
TMDb: 8/10 1 votes
tv

YATAGARASU: The Raven Does Not Choose Its Master (2024)

2024
Dhevaprom (2024)
Dhevaprom (2024) ထည်ဝါခမ်းနား ချစ်ပုံပြင်များ (၂၀၂၄)လအွန်ကျန်၂၀၁၃ ခုနှစ် CH3ရဲ့ 46 နှစ်မြောက်အထိမ်းအမှတ်အနေနဲ့ ထွက်ရှိထားပြီး ထိတ်ထိတ်ကြဲcastတွေနဲ့ပွဲထုတ်ခဲ့တဲ့ Gentlemen of Jutathep ရဲ့ အတွဲ ၂ ကတော့ ဆယ်စုနှစ်တစ်ခုအကြာမှာ ပရိသတ်တောင်းဆိုချက်အတိုင်း ထွက်ရှိလာပါပြီ။ အရင်ဇာတ်လမ်းတွဲရဲ့အရှိန်အဝါကမသေးတာမလို့ ခုဇာတ်လမ်းတွဲမှာရော အရင်ဇာတ်လမ်းရဲ့ဂုဏ်သတင်းကို ဆက်ထိန်းထားနိုင်မလားဆိုတာ ရှုစားလိုက်ပါစို့လား။ဂျူထာထေ့ပ်မျိုးဆက်ဖြစ်တဲ့ ဖူသယ်နက် ဂျူ‌ထာထေ့ပ်က အဖိုးတန်ရတနာတစ်ပါးဖြစ်တဲ့ "အာဈနာချက္ကရာလည်ဆွဲ" ကို ထိန်းသိမ်းရဖို့ တာဝန်ယူထားရသူပေါ့။ အကြောင်းအရင်းကတော့ ဒီရှားပါးကျောက်မျက်ရတနာတွေနဲ့လုပ်ထားတဲ့ လည်ဆွဲကို ဖူသယ်နက်ပိုင်တဲ့ JT Centerမှာ ခင်းကျင်းပြသထားလို့ပါပဲ။ အဖိုးတန်ရတနာပီပီ လိုချင်သူတွေက လောကတက်သူတွေ ဒုနဲ့ဒေးမလို့ လုံခြုံရေးအထပ်ထပ်ချထားရသူပေါ့။ ဒီလူတွေထဲက တစ်ယောက်ကတော့ လအွန်ကျန်ပါပဲ။လအွန်ကျန်က ဒီလည်ဆွဲအတွက်နဲ့ပဲ ပြင်သစ်ကနေ ဘန်ကောက်ကိုပြန်လာတဲ့သူဖြစ်ပြီး လည်ဆွဲခိုးဖို့ရည်ရွယ်ချက်နဲ့ပဲ ဖူသယ်နက်ရဲ့အတွင်းရေးမှူးအဖြစ် ချဉ်းကပ်လာတဲ့အခါ... တစ်ဖက်က ဖူသယ်နက်ကလည်း အကြံသမားလေးဖြစ်တဲ့ လအွန်ကျန်ကိုမှ မြင်မြင်ချင်း အချစ်ကြီးချစ်မိလေတော့...ရန်သူဖြစ်ဖို့ကံပါပေမဲ့ မျက်ကန်းအချစ်က သူတို့နှစ်ယောက်ကြားမှာ ဇာတ်ဆရာအလိုကျ ဖြစ်တည်လာတော့ သူတို့ဘယ်လိုတွေရှေ့ဆက်ကြမလဲ Action Romance Drama အပြင် Mystery‌ လေးပါ ရောစပ်ရိုက်ကူးထားတာဖြစ်လို့ ရှုစားလိုက်ကြရအောင်ပါ။အညွှန်းကိုတော့ Mary ...

Dhevaprom (2024)

2024
Are You The One (2024)
Are You The One (2024) CM ကနေ ဒီတစ်ခါတင်ဆက်ပေးမယ့် ဇာတ်လမ်းတွဲလေးကတော့Lost You Forever မှာတုန်းက ကိုကိုရွှမ်းကို ကြိုက်ကြတဲ့ပရိတ်သတ်တွေအတွက် အကြိုက်တွေ့စေမယ် ဇတ်လမ်းသစ်လေးပဲဖြစ်ပါတယ်Main cast တွေကလည်း တရုတ်မှာ နာမည်ရလာကြတဲ့ Zhang Wanyi နဲ့Wang Churan တို့ပဲဖြစ်ပါတယ်။ အဲ့တော့ ဇာတ်လမ်းလေးကိုပြောပြရမယ်ဆိုရင်ယန်တောင်ရဲ့မြို့စောင့်တပ်အရှင်သခင်မ လျိုမျန်ထန်က ရဲရင့်ပြီးတော့ဖြောင့်မတ်မှန်ကန်တဲ့ သူတစ်ဦးဖြစ်ပါတယ်။ တစ်နေ့မှာတော့ သူနဲ့ လက်ထပ်ဖို့ချွေးကျိုဆီကိုအသွားမှာ ရက်စက်ကြမ်းကြုတ်တဲ့ဓါးပြတွေနဲ့ဆုံပြီးဒဏ်ရာအပြင်းအထန်ရသွားခဲ့ပါတယ်။ အဲ့ဒါကို ဟွိုင်ယန်မင်းသားဖြစ်တဲ့ချွေးရှင်ကျိုးက ကယ်တင်ပြီးတော့ ဆေးကုသပေးခဲ့ပေမယ့်လျိုမျန်ထန်တစ်ယောက် အတိတ်မေ့သွားပြီး ယန်တောင်ကနေလက်ထပ်ထိမ်းမြားဖို့ ထွက်လာတဲ့ ကိစ္စကိုပဲ မှတ်မိပါတော့တယ်။နန်းတွင်းမှာ အဆင့်ကိုးဖြစ်ပြီး ချွေးမျိုးရိုးဖြစ်တာကြောင့်ချွေးရှင်ကျိုးရဲ့ သူငယ်ချင်းက ချွေးကျိုလို့ခေါ်လိုက်တာကို ကြားပြီးလျိုမျန်ထန်တစ်ယောက် ခင်ပွန်းမှားသွားခဲ့ပါတော့တယ်။ဟွိုင်ယန်မင်းသားကလည်း သူ့အတွက်အကျိုးရှိနေတော့ မရှင်းတော့ဘဲဒီအတိုင်းထားလိုက်ရာကနေ နောက်ပိုင်းမှာ ...

Are You The One (2024)

2024