Channel Myanmar

2024

Tokyo Vice (2024) Season 2 7.8
Tokyo Vice (2024) Season 2 Tokyo Vice [Season 2](Season 1 ကြည့်ဖို့ လိုပါသည်)Tokyo Vice ဆိုတာကတော့ စာရေးဆရာ Jake Adelstein ရဲ့ စာအုပ်ကို ဇာတ်လမ်း ပြန်ဖန်တီးထားတဲ့ IMDb 8 တောင် ရရှိထားတဲ့ Crime/Drama စီးရီးကောင်းတစ်ခုပါ။The Fault in Our Stars, Baby Driver အစရှိတဲ့ နာမည်ကြီး ဇာတ်လမ်းတွေမှာ ပါဝင်ဖူးသူ မင်းသား Ansel Elgort က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းကို ပြောရရင်တော့ ဂျိတ်ဆိုတဲ့ အနောက်တိုင်းသားတစ်ယောက်က ဂျပန်နိုင်ငံ တိုကျိုမြို့ကို သတင်းထောက်တစ်ယောက်အဖြစ် အလုပ်လုပ်ဖို့ ရောက်လာရင်းက ရာကူဇာဂိုဏ်းတွေရဲ့ နောက်ကြောင်းသတင်းတွေကို လိုက်မိရင်း ပြဿနာတွေ ရှုပ်တာမျိုးပါ။ယခု စီစန် ၂မှာတော့ စီစန် ၁ တုန်းက လိုက်စုံစမ်းခဲ့တဲ့ ရာကူဇာတသ်ယောက်ရဲ့ သတင်းကို ဖော်နိုင်ခါနီး အခြေအနေနဲ့ ဇာတ်လမ်းကို စထားပါတယ်။ ဒါပေမဲ့လည်း သိတဲ့အတိုင်း ဒုစရိုက်သားတို့ရဲ့ သက်ဆိုးရှည်တတ်တဲ့ထုံးစံအတိုင်း ...
7.8
TMDb: 7.8/10 162 votes
tv

Tokyo Vice (2024) Season 2

2024
Eye Love You(2024)
Eye Love You(2024) Eye Love You(2024)*******************အပိုင်း (၁ မှ ၁၀) ထိ စ/ဆုံးCastတွေအနေနဲ့ကတော့ "Nevertheless"က အာလူးလေး Chae Jong Hyeopနဲ့ ဂျပန်မလေးFumi Nikaidoတို့အပြင် တခြားဂျပန်သရုပ်ဆောင်တွေ အများကြီး ပါဝင်ထားပါတယ်အသက်၃၀အရွယ် ဂျပန်မလေး ယူရီဟာ မတော်တဆမှုတစ်ခုကြောင့် လူ‌တွေရဲ့ မျက်လုံးကိုကြည့်လိုက်တာနဲ့သူတို့ရဲ့ စိတ်အတွေးတွေကိုပါသိနိုင်တဲ့ အထူးစွမ်းအားတစ်ခုကို ပိုင်ဆိုင်ထားပါတယ်.... ဒါကြောင့်မို့ ယူရီဟာ လူတွေရဲ့စိတ်ရင်းအမှန်ကိုသိလာရလေလေနာကျင်‌ရလာလေဖြစ်တာကြောင့် လူတွေနဲ့ အတတ်နိုင်ဆုံးဝေးဝေးနေပြီးတစ်ယောက်ယောက်ကိုချစ်ဖို့ကိုတောင် ကြောက်ရွံ့နေပါတယ်.... တစ်နေ့မှာတော့ ယူရီဟာ ဂျပန်ကို ပညာတောင်သင်‌ေရာက်လာတဲ့ အသက်၂၆နှစ်အရွယ် ကိုရီးယားလူမျိုးထယ်အိုဆိုတဲ့ကောင်လေးနဲ့တွေ့ပြီး မျက်လုံးချင်းဆုံမိတဲ့အချိန် စိတ်အတွေးတွေကိုကြားရပေမဲ့သူ နားမလည်တဲ့ ကိုရီးယားဘာသာစကား ဖြစ်နေပါတယ်.... ဂျပန်မလေးယူရီတစ်ယောက် ရင်းနှီးဖော်ရွေတတ်တဲ့ ကိုရီးယားမောင်လေးနဲ့တွေ့ပြီးတဲ့နောက် ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့...  Aired: Jan 23, 2024 - Mar 26, 2024 Aired On: Tuesday Genres: Comedy, Romance, Fantasy Duration: 60 mins Episodes: 10 Original Nif Translated by  Phyu ...

Eye Love You(2024)

2024
Burning Flames
Burning Flames ဒီတစ်ခါမှာ CM ပရိသတ်တွေကော Ren Jia Lun ပရိသတ်တို့အကြာကြီးစောင့်မျှော်ခဲ့ရတဲ့ Wu Geng Ji ဆိုတဲ့ Anime ကိုပြန်လည်ရိုက်ကူးပုံဖော်ထားတဲ့ မီးလျှံကြားမှသူရဲကောင်းဝူကန်း ဆိုတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ဇာတ်လမ်းအကြောင်းရာကတော့ လူ့ပြည်မှာအလွန်အေးချမ်းသာယာလွန်းလှတဲ့ ရှင်းတိုင်းပြည်မှာ ဝူကန်းဆိုတဲ့ မင်းသားလေးတစ်ပါးရှိသတဲ့။ ဒီလိုအေးချမ်းသာယာလွန်းတဲ့ ရှင်းတိုင်းပြည်ကိုတနေ့မှာတော့ ကံဆိုးခြင်းပေါင်းများစွာသယ်ဆောင်လာခဲ့ပါတော့တယ်။ ဒါကတော့ လူသားဆိုတာကထာဝရနတ်မျိုးနွယ်ရဲ့ ကျေးကျွန်လို့ခံယူထားကြတဲ့နတ်မျိုးနွယ်တွေကရှင်းတိုင်းပြည်ကိုလာခြယ်လှယ်ကြရင်းသွေးချောင်းစီးတဲ့ စစ်ပွဲဖြစ်ခဲ့ကြတယ်။ စစ်မြေပြင်မှာတင် ဝူကန်းရဲ့ခမည်းတော်ဘုရင်က နတ်ရွာစံသွားပြီးဝူကန်းရဲ့မယ်တော်ကတော့ နတ်စွမ်းအားပိုင်ဆိုင်ထားတဲ့လူသားမျိုးနွယ်စုဝင်ဖြစ်တာကြောင့် သူ မသေဆုံးခင်မှာဝူကန်းကိုနတ်စွမ်းအားတွေလွှဲပေးခဲ့တယ်။ ဒီလိုနဲ့တိုင်းပြည်ပျက်သုဉ်းသွားတဲ့အခါ ဝူကန်းဟာတိုင်းပြည်မင်းသားဘဝကနေအနိမ့်ကျဆုံးအစေခံဘဝထိရောက်သွားပြီး ခက်ခဲကြမ်းတမ်းစွာရုန်းကန်းနေပေမဲ့လည်း တိုင်းပြည်ပျက်သုဉ်းပြီးမိဘနှစ်ပါးသေဆုံးခဲ့တဲ့ရန်ငြိုးကတော့မပျက်ပြယ်ပဲ ခိုင်မာတည်ရှိနေခဲ့တယ်။ဒီရန်ငြိုးကိုလက်စားချေဖို့ရာ ဝူကန်းကအဖိုးဖြစ်သူ ဖူရှီးနောက်လိုက်ပြီးသိုင်းပညာတွေကော နတ်စွမ်းအားတွေကိုပါ ကျင့်ကြံလေ့ကျင့်အားထုတ်ခဲ့တယ်။ ဒီလိုလေ့ကျင့်ရင်းနဲ့သနားကြင်နာတတ်တဲ့ ပိုင်ချိုက်မိန်းကလေးနဲ့ ဝူကန်းရဲ့ဦးလေးဖြစ်သူ ကျီယွီတို့သင်ပေးမှုအောက်မှာ အန္တရာယ်အခက်အခဲဘေးဒုက္ခတွေအတူတူရင်ဆိုင်ဖြေရှင်းကြတဲ့အခါ ဘယ်လိုတွေဆက်ဖြစ်ကြမလဲ။လူ့ပြည်နဲ့နတ်ပြည်စစ်ပွဲကြီးဘယ်လိုအဆုံးသတ်လိုက်ကြမလဲ။ မိဘနှစ်ပါးနှင့်တိုင်းပြည်ပါ ဆုံးရူံးရတဲ့ရန်ငြိုးကိုဘယ်လိုလက်စားချေကြမလဲ။ ပျက်သုဉ်းသွားတဲ့အမိတိုင်းပြည်ကို ဘယ်လိုပြန်တည်ထောင်မလဲစတဲ့ အမိုက်စားဇာတ်ကွက်တွေနှင့်သာမက သိုင်းလောကပရိသတ်တွေအကြာကြီး စောင့်မျှော်ခဲ့ရတဲ့ ဇာတ်လမ်းတွဲလေးဖြစ်တာကြောင့်လက်မလွတ်တမ်းကြည့်ရူလိုက်ရအောင်။====================================Quality : WEB-DL 1080p , 720p Total Episodes : 40 Format : mp4 Genres : Drama, Action, Fantasy, Mystery Runtime : 45 min Subtitle : Myanmar ...

Burning Flames

2024
The Walking Dead: The Ones Who Live (2024) 8.8
The Walking Dead: The Ones Who Live (2024) AMC Walking dead universe ရဲ့ အဓိကဇာတ်ကောင် ၂ ယောက်ဖြစ်တဲ့ Rick Grime နဲ့ Michoone ရဲ့ ဇာတ်လမ်းတွဲထွက်ရှိလာပါပြီသာမန် WD sequel ဇာတ်လမ်းတွဲတွေနဲ့ယှဉ်ရင် ဒီဇာတ်လမ်းတွဲက ဘက်ဂျက်လည်း ပိုသုံးထားပြီး ကြည့်ရတာအတော်လေးခမ်းခမ်းနားနားရှိပါတယ်.... စီစင် ၁၁ ထဲက လွမ်းနေရတဲ့ ရစ်ခ်ဂရိုင်းကြီး ပြန်ပါလာပြီဆိုတော့ ဇာတ်လမ်းဇာတ်ကွက်က ပြောစရာမလိုပါဘူးဇာတ်တည်ထားတဲ့ပုံစံက တံတားပေါ်မှာ အားလုံးက သေပြီလို့ထင်ထားတဲ့ ရစ်ခ်ဂရိုင်းဟာ လူ ၂ သိန်းကျော်နေတဲ့ လျှို့ဝှက်မြို့ကြီးကိုရောက်သွားပါတယ် အဲ့ဒီမှာသူနိုးထလာတော့ တစ်မြို့လုံးကို စစ်တပ်က အုပ်ချုပ်တာဖြစ်ပြီး ... လူတွေကို အဆင့် အေ နဲ့ ဘီဆိုပြီးခွဲထားပါတယ်... အေက မြို့ကြီးတွေမှာနေခွင့်ရဲ့တဲ့ နိုင်ငံသားတွေ ဘီက ရစ်ခ်လိုပြင်ပကရောက်လာသူ အောက်ခြေတွေ... ဘီလူတန်းစားတွေ အေအဆင့်ရောက်ဖို့ဆိုရင် မြို့စွန်ဖျားတွေမှာ အောက်ခြေသိမ်း ၆ နှစ်လုပ်ရပါတယ်...ဒါပေမယ့် အဲ့ဒီမြို့ဟာ အဝင်ပဲရှိပြီး ဘယ်သူမှထွက်ခွင့်မပေးပါဘူး..ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ ...
8.8
TMDb: 8.8/10 13 votes
tv

The Walking Dead: The Ones Who Live (2024)

2024
The Impossible Heir(2024)
The Impossible Heir(2024) The Impossible Heir(2024)************************အပိုင်း ( ၁ မှ ၁၂) ထိ စ/ဆုံး Alchemy of Souls ထဲက မင်းသား Lee Jae-Wook နဲ့ Brave Citizen ထဲက မင်းသားLee Jun-Young တို့ နှစ်ယောက်ကို တစ်ကားထဲမှာတင် အတူတူတွေ့မြင်ရမယ့်The impossible heir စီးရီးဟာ နောက်ဆုံးတော့ ထွက်ရှိလာခဲ့ပါပြီ။ဇာတ်လမ်းအညွှန်း ----------------------------- အဖေဖြစ်သူက အမေကို သတ်ခဲ့တယ်ဆိုတဲ့ အတိတ်ဆိုးကြောင့် လူတွေရဲ့ ပျက်ရယ်ပြုခြင်းနဲ့ဖယ်ကျဉ်ခြင်း‌ေတွကို ခံခဲ့ရတဲ့ Han Tae-O(Lee Jae-Wook)။Kango လုပ်ငန်းစုကြီးရဲ့ သူဌေးမိသားစုကြီးကနေ မွေးဖွားလာခဲ့ရပေမဲ့လည်းတရားမဝင်သားဖြစ်နေတဲ့အတွက်ကြောင့် ကိုယ့်ရဲ့မိသားစုဝင်‌ေတွဆီက‌ေနတောင်လျစ်လျူရှူခြင်းနဲ့ အထင်သေးခြင်းတွေကို ခံခဲ့ရတဲ့ Kang In-Ha(Lee Jun-Young)။အထက်တန်းကျောင်းမှာ စတင်တွေ့ဆုံခဲ့တဲ့ သူတို့နှစ်ယောက်ဟာခြားနားတဲ့ နောက်ခံတွေကနေ လာခဲ့ကြပေမဲ့ တူညီတဲ့ခံယူချက်တွေကြောင့်ပဲ သူငယ်ချင်းဖြစ်လာခဲ့ကြပါတယ်။အရွယ်ရောက်လာတဲ့အခါမှာတော့... ဘဝရဲ့ အောင်မြင်မှုတွေကို လိုချင်တဲ့ Han Tae-O နဲ့ Kango ...

The Impossible Heir(2024)

2024
Wedding Impossible (2024) [Complete]
Wedding Impossible (2024) [Complete] Wedding Impossible (2024)****************************အပိုင်းသစ် (၁ မှ ၁၂) စ/ဆုံး ဒီဇာတ်လမ်းတွဲလေးကတော့ Under the Queen's Umbrella,Duty after school ထဲက မင်းသား Moon Sang Min နဲ့Ballerina, Call ထဲက မင်းသမီး Jeon Jong Seo တို့အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ ဟာသဇာတ်မြူးကားလေးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်း...Na Ah Jeong (Jeon Jong Seo)ဟာ အရည်အချင်းရှိပေမဲ့အသိအမှတ်ပြုမခံရတဲ့ ဇာတ်ရံမင်းသမီး‌တစ်ယောက်ပါ။သူမမှာ ၁၅နှစ်ကြာ ရင်းနှီးလာတဲ့ Lee Do Hanဆိုတဲ့ယောက်ျားလေးသူငယ်ချင်းတစ်ယောက်ရှိပါတယ်။Lee Do Han (Kim Do Wan)ကတော့ LJ လုပ်ငန်းစုရဲ့သားကြီးဖြစ်ပြီးမိသားစုရဲ့ လက်ထပ်ဖို့ တွန်းအားပေးမှုကို ခံနေရပေမဲ့သူ့မှာ လက်မထပ်နိုင်တဲ့လျှို့ဝှက်ချက်တစ်ခု ရှိနေပါတယ်။ဒါကြောင့်လည်း သူ့ သူငယ်ချင်းမလေးကို ဟန်ဆောင်လက်ထပ်ဖို့အကူအညီတောင်းပါတော့တယ်။Lee Ji Han (Moon Sang Min)ကတော့ LJလုပ်ငန်းစုရဲ့ ...

Wedding Impossible (2024) [Complete]

2024
In Blossom (2024)
In Blossom (2024) 2024 အတွက် မျှော်လင့်ရတဲ့ Ongoing ဇာတ်လမ်းတွေထဲက တစ်ခုဖြစ်တဲ့ In Blossom လေးကို CM မှဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်း အကျဉ်းလေးကတော့-ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်လေးဖြစ်တဲ့ ဖန်းယွဲ့(Liu Xue Yi) ဟာ လူတိုင်းက မုန်းတီးနေတဲ့ ယန်ချိုင်ဝေး(Ju Jing Yi) ကို လက်ထပ်ယူခဲ့ပါတယ်။ မင်္ဂလာပွဲနေ့မှာပဲ ယန်ချိုင်ဝေးက အသတ်ခံလိုက်ရပြီး သူ့ကိုသတ်တယ်လို့ သံသယဖြစ်ခံရတဲ့သူက ဖန်းယွဲ့ဖြစ်နေပါတယ်။ သေရွာကပြန်လာတဲ့ ယန်ချိုင်ဝေးဟာ ရှန့်ကွမ်းကျီ အနေနဲ့ ပြန်လာခဲ့ပြီး ဖန်းယွဲ့ရဲ့ သရုပ်မှန်ကို ဖော်ထုတ်ဖို့ ကြိုးစားပါတော့တယ်။ဒါပေမဲ့ အမှုဟောင်းတွေ တစ်ခုချင်းစီကို စုံစမ်းဖြေရှင်းခဲ့တဲ့ တစ်လျှောက်မှာ သူတို့နှစ်ယောက်ရဲ့ နှလုံးသားချင်း ပြန်နီးကပ်သွားခဲ့ပါတယ်။ ယန်ချိုင်ဝေးကလည်း သူ့ကိုသတ်တဲ့ တရားခံက တခြားလူ ဖြစ်ပြီး ဖန်းယွဲ့က သူ့ကို တကယ်ချစ်မြတ်နိုးခဲ့တာကို သိခဲ့ရပါတယ်။ တရားခံ အစစ်က ဘယ်သူ ဖြစ်မလဲ...... သူတို့ နှစ်ယောက်ကို ဒုက္ခပေးနေတဲ့ နောက်ကွယ်က လူကရော ဘယ်သူ ဖြစ်မလဲ......ဆိုတာကို မင်းသမီးချောလေး Ju ...

In Blossom (2024)

2024
Physical: 100 Season 2 – Underground (2024) [Complete]
Physical: 100 Season 2 – Underground (2024) [Complete] Physical: 100 Season 2 - Underground (2024)**********************************************အပိုင်းသစ် (၈+၉) ဇာတ်သိမ်း “ Physical :100 “ ဆိုတဲ့ အစီအစဉ်က Season 1 ပြီးသွားတဲ့နောက်မှာSeason 2 အနေနဲ့ ပရိသတ်ကြီးဆီကို ပြန်လည်ရောက်ရှိလာပါပြီ။အင်အားသုံးပြီး ယှဉ်ပြိုင်ရတဲ့ ပွဲတွေကိုမှ ကြိုက်နှစ်သက်တဲ့သူတွေအတွက်တော့တကယ့်ကို လက်မလွတ်တမ်း ကြည့်ရှုသင့်တဲ့ အစီအစဉ်လေးပဲ ဖြစ်ပါတယ်။ဒီအစီအစဉ်မှာ ကျား၊မ မရွေးဘဲ နယ်ပယ်အသီးသီးကတကယ့်ကို ခန္ဓာကိုယ်တောင့်တင်းပြီး နာမည်ကြီးတဲ့ကစားသမား  အယောက် ၁၀၀ တိတိကရုပ်ပိုင်းဆိုင်ရာ အင်အားချင်း ယှဥ်ပြိုင်ကြမှာပဲ ဖြစ်ပါတယ်။Season 1 နဲ့ မတူဘဲ Season 2 မှာတော့ တကယ့်ကိုအားကစားနယ်ပယ် စုံလင်စွာ ပါဝင်ထားတာကို တွေ့ရမှာပဲ ဖြစ်ပါတယ်။ပြိုင်ပွဲဝင် အယောက် ၁၀၀ က ခက်ခဲလှတဲ့ ရုပ်ပိုင်းဆိုင်ရာ ပြိုင်ပွဲတွေကိုဖြတ်ကျော်ရှင်သန်လာပြီးမှ နောက်ဆုံး ခန္ဓာကိုယ် အကြံ့ခိုင်အတောင့်တင်းဆုံးသူတစ်ဦးတည်းကသာ အနိုင်ရရှိမဲ့ ...

Physical: 100 Season 2 – Underground (2024) [Complete]

2024
The Rebound (2024)
The Rebound (2024) အချစ်၏ တန်ပြန်သဘောတရား (၂၀၂၄)ဆင်းရဲတွင်းကနေ လွတ်မြောက်ပြီး ပညာသင်ဆုရဖို့ ကြိုးစားနေတဲ့ အထက်တန်းကျောင်းသားလေး Zen (ဇန်)တစ်ယောက် တစ်နေ့မှာတော့ ကံဆိုးစွာနဲ့ပဲ သူတို့ပါဝင်ကစားနေတဲ့ ဘတ်စကတ်ဘောအသင်းက စီနီယာတစ်ယောက် ဆေးစွဲနေပါတယ်ဆိုပြီး Lin (လင်) ဆိုတဲ့ကျောင်းသားသတင်းထောက်လေးကနေတဆင့် သတင်းပျံ့သွားခဲ့လေတော့ ကျောင်းက သူတို့ဘတ်စကတ်ဘောကလပ်ကို ဖျက်သိမ်းဖို့အတွက် ကြေညာခဲ့ပါတယ်။ သူ့ဝါသနာကို လက်မလျှော့ချင်တာကြောင့် Zen (ဇန်)တစ်ယောက် ရာသီပွဲစဉ်ပထမပွဲမတိုင်ခင်မှာ ဝင်ကစားနိုင်ဖို့ အသင်းဖော်သစ်တွေနဲ့ နည်းပြအသစ်တွေရှာပြီး အသင်းသစ်ထပ်ဖွဲ့ဖို့ကြိုးစားရပါတော့တယ်။ သူငယ်ချင်းဟောင်းတွေဖြစ်တဲ့ Ryu(ရူ)နဲ့ Zen (ဇန်) တို့ကြားက မတူကွဲပြားချက်တွေကိုနောက်ထားပြီး ဘတ်စကတ်ဘော ကစားဖို့အတွက် သူတို့နှစ်ယောက် ပြန်လည်ပေါင်းစည်းနိုင်ခဲ့ပါတယ်။ သူတို့ကြားကဆက်ဆံရေးက သူငယ်ချင်းအဆင့်ထက်ကျော်‌လွန်နေပေမဲ့ အလွတ်တမ်း ဘတ်စကတ်ဘောကစားသမား Ryu (ရူ) တစ်ယောက် အသင်းခေါင်းဆောင် Zen ( ဇန်) အပေါ် သူ့ခံစားချက်တွေ ဝန်ခံလိုက်ဖို့ တွန့်ဆုတ်နေတဲ့အခါမှာတော့....အပတ်စဉ် ဗုဒ္ဓဟူးနေ့နဲ့ ကြားသပတေးနေ့တိုင်း တင်ဆက်ပေးသွားမှာမို့ စောင့်မျှော်ကြည့်ရှုအားပေးကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။အညွှန်းကိုတော့ KIM က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ KIM, Mary, Su Myat, Dao Phyo ...

The Rebound (2024)

2024
Furies (2024) 7.439
Furies (2024)  ဒီတစ်ခါမှာတော့ 2024ခုနှစ်မှာ အသစ်စက်စက်ထွက်ရှိထားတဲ့"The Furies" Netflix series လေးတစ်ခုကိုတင်ဆက်ပေးချင်ပါတယ်ပြင်သစ်မြို့ကြီးဟာ အရောင်အသွေးစုံပြီးလှပသလောက် ဒုစရိုက်မှုတွေလည်းပေါများလှပါတယ်တဲ့ ပဲရစ်ကဒုစရိုက်လောကမှာ ဒုစရိုက်သမားအချင်းချင်း ရာဇဝတ်မှုကျူးလွန်ရင် ကြားဝင်ဖြေရှင်းပေးရတဲ့အမျိုးသမီးတစ်ယောက်ရှိပါတယ် သူမကို"ပြစ်ဒဏ်စီရင်တဲ့နတ်သမီး"လို့ခေါ်ကြပါတယ် သူမနာမည်အရင်းက "ဆယ်လ်မာ"ပါဇာတ်လမ်းအကျဥ်းကတော့လီနာဆိုတဲ့ကောင်မလေးဟာ သာမန်ကောလိပ်ကျောင်းသူလေးတစ်ယောက်ပါ ဒါပေမဲ့ သူမရဲ့မိဘတွေကတော့ ဒုစရိုက်သမားတွေပါ သူမရဲ့ဖခင်ဟာ ဒုစရိုက်လောကရဲ့စာရင်းကိုင်းတစ်ယောက်ဖြစ်ပြီး လီနာရဲ့မွေးနေ့မှာ အသတ်ခံလိုက်ရပါတယ် လီနာလည်း သူ့အဖေကို ပြစ်ဒဏ်စီရင်တဲ့နတ်သမီး(ဆယ်လ်မာ)ကသုတ်သင်လိုက်တာလို့ထင်မှတ်နေခဲ့တာကြောင့် ပြစ်ဒဏ်စီရင်တဲ့နတ်သမီးကိုလိုက်လံရှာဖွေခဲ့ပါတယ် ဒါပေမဲ့ သူမရှာတွေ့တဲ့အခါမှာတော့ သူမအဖေကိုသတ်တာက ''ဆယ်လ်မာ"မဟုတ်ဘူးဆိုတာ သိလိုက်ရပါတယ် အဲ့ဒါကြောင့် သူမအဖေကိုသတ်ခဲ့တဲ့လူကိုဖော်ထုတ်ဖို့အတွက် ဆယ်လ်မာနဲ့ပူးပေါင်းပြီး ဒုစရိုက်လောကထဲကိုခြေစုံပစ်ဝင်လိုက်ပါတော့တယ်လီနာရဲ့အဖေကိုဘယ်သူကသတ်ခဲ့တာလဲ ဘာကြောင့်သတ်ခဲ့တာလဲဆိုတာကို လီနာတစ်ယောက်ဖော်ထုတ်နိုင်ပါ့မလား........ File size…(662 MB)/(335 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:05:00 Genre...Action, addventure, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ruby Jane   Season 1Episode 1 720p  -  Yoteshin / Megaup ...
7.439
TMDb: 7.439/10 33 votes
tv

Furies (2024)

2024
Club Friday Season 16 : Hot Love Issue, Secret of Dating Apps (2024) 7
Club Friday Season 16 : Hot Love Issue, Secret of Dating Apps (2024) လျှို့ဝှက်ချိန်းဆိုမှုများ နောက်ဝယ် (၂၀၂၄)ဖလွိုင်ဆိုင် အဖြစ် Punpun Satatta ဘန့် အဖြစ် Jackie jackrinဇာတ်လမ်းအကျဉ်းဖလွိုင်ဆိုင်က စတုတ္ထနှစ်တက္ကသိုလ်ကျောင်းသူ တစ်ဦးဖြစ်ပြီး ရုပ်ရည်အရလည်း ချောမောလှပသူတစ်ဦး ဖြစ်ပါတယ် ဖလွိုင်က မိန်းမလှလေးဖြစ်ပေမဲ့ သူ့ရဲ့ အပြောအဆိုကြမ်းတမ်းမှုကြောင့် သူငယ်ချင်းအဖွဲ့ထဲမှာ ရည်းစားမရှိတဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ် ဖလွိုင့်လို ရည်းစားမရှိတဲ့ ယောက်ျားလေးသူငယ်ချင်း ဘန့်လည်းရှိနေပေမဲ့ ဘန့်ကတော့ သူကိုယ်တိုင်ကိုက ချစ်သူတွဲဖို့ စိတ်ကူးမရှိနေသေးတာ ဖြစ်တယ်တစ်ရက် သူငယ်ချင်းတွေကို အားကျစိတ်နဲ့ ဖလွိုင်တစ်ယောက် သူ့ရဲ့ အပြောအဆို အကျင့်တွေကို ဖုံးကွယ်ပြီး ရည်းစားရနိုင်မယ့် တစ်ခုတည်းသောနည်းဖြစ်တဲ့ dating app တွေ သုံးလာပါတော့တယ်Dating app က တွေ့တဲ့လူတွေက ထုံးစံအတိုင်း လိမ်လည်လှည့်စားမှုတွေနဲ့ပြည့်ပြီး မယုံနေရတဲ့အခါမှာတော့ ဖလွိုင်တစ်ယောက် ခဏတာပျော်ရွှင်မှုကနေ ပျက်စီးခြင်းတွေဖြစ်လာမလား ဖလွိုင့်အပေါ် အမြဲစိုးရိမ်စိတ်ပူနေပေးတဲ့ ဘန့်ကရော ခံစားချက်တွေရှိနေခဲ့တာလားဘန့်အပေါ် စိတ်ဝင်စားနေတဲ့ “အင်”ဆိုတဲ့ မိန်းမကောင်းလေး ပေါ်လာချိန်မှာ ဘန့်တစ်ယောက် အရင်လို ငြင်းပယ်နိုင်ပါဦးမလားလူကိုယ်တိုင်ခင်မင်ရာက တွဲရင်တောင် မယုံကြည်နိုင်ရတဲ့ ခေတ်ကြီးမှာ dating app တစ်ခုက ဆက်ဆံရေးတွေက အစစ်အမှန်ဖြစ်နိုင်ပ့ါမလားဆိုတာ ကြည့်ရှုရမှာပဲ ...
7
TMDb: 7/10 votes
tv

Club Friday Season 16 : Hot Love Issue, Secret of Dating Apps (2024)

2024
House of Ninjas (2024) 8.068
House of Ninjas (2024) ရှားရှားပါးပါး ဂျပန်နင်ဂျာ စီးရီး အသစ်တစ်ခုထွက်လာပါတယ်။ရှေးခေတ်နင်ဂျာကားတွေနဲ့ မင်းသား the rain ရဲ့ နင်ဂျာကားနောက်ပိုင်းမှာ မထွက်တာ အတော်ကြာပါပြီ။ ဒီစီးရီးမှာတော့ နင်ဂျာတွေ ပေါပေါလောလော ပါလာပါပြီ။အဓိကဇာတ်လိုက်တွေဖြစ်တဲ့ တာဝါရာ မိသားစုဟာ ရှီနိုဘီ ခေါ် နင်ဂျာ မိသားစုပါ။ ဖေဖေနင်ဂျာ မေမေနင်ဂျာ သားသားမီးမီး အကုန်နင်ဂျာပါ။ သူတို့က နိုင်ငံကာကွယ်ရေးတာဝန်တွေကို လျို့ဝှက်ထမ်းဆောင်ခဲ့တဲ့ နင်ဂျာတွေဖြစ်ပြီး အနားယူနေကြတာပါ။ သူတို့ရဲ့ ရန်သူ ဖူမာ နင်ဂျာတွေကိုလည်း အပြတ်ရှင်းခဲ့ပြီမို့ အလုပ်မရှိတော့ဘူးလို့ ထင်နေကြတဲ့သူတွေပါ။ဒါပေမဲ့ နင်ဂျာ အန္တရာယ်တွေနဲ့ ရန်သူဟောင်းတွေ ပြန်ပေါ်လာပြီး သူတို့ရဲ့ အရင်အဆက်အသွယ်တွေကလည်း နင်ဂျာအဖြစ် စစ်ဆင်ရေးတွေလုပ်ဖို့ ပြန်လာခေါ်တဲ့အခါ တာဝါရာ မိသားစု လက်ရှိဘဝနဲ့ လျှို့ဝှက် နင်ဂျာတွေဘဝကြားမှာ ဘာတွေဖြစ်လာမလဲကြည့်ရတော့မှာ ဖြစ်ပါတယ်။ File size…(861 Mb)/(457 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:00:00 Genre...Action, Drama, ...
8.068
TMDb: 8.068/10 37 votes
tv

House of Ninjas (2024)

2024
Mystery of the Spirit (2024)
Mystery of the Spirit (2024) အာဃာတစံအိမ် (၂၀၂၄)ဆွယ့်က ထမ်နဲ့ လက်ထပ်ထားတဲ့သူပါ သို့ပေမဲ့ သာယာတဲ့ သာယာတဲ့အိမ်ထောင်ဘ၀ကို အပြည့်အ၀ မခံစားခဲ့ရပါဘူး ယောက္ခမဖြစ်သူကလည်း သူ့ကို မကြည်ဖြူတော့ ပိုဆိုးတာပေါ့ သူ့ယောက္ခမက သူ့ကိုမုန်းရုံတင်မက သူ့ သားသမီးကိုပါ မချစ်မနှစ်မြို့ပေးပါဘူးတစ်နေ့ ခင်ပွန်းဖြစ်သူ ထမ်က အစေခံ မိန်းကလေးဖြစ်တဲ့ မလိနဲ့ ချစ်ကြိုက်ခဲ့ပါတယ် သူ့ယောက္ခမကလည်း သူ့သားကို မလိ နဲ့ပဲ သဘောတူတာပါ တစ်နေ့မှာ မလိ ရုတ်တရက် သေဆုံးသွားပါတယ်သူသေဆုံးသွားရတဲ့ အကြောင်းရင်းကို ဘယ်သူမှမသိကြပါဘူး မလိတစ်‌ယောက် ထမ်နဲ့ရထားတဲ့ ကိုယ်၀န်နဲ့တူတူ သေဆုံးခဲ့ရပါတယ် မလိ သေဆုံးသွားပြီး အာဃတကြီးတဲ့ မကျွတ်မလွတ်သရဲဘ၀သို့ရောက်သွားပါတယ် ဆိုတော့ သူ့ကို အာဃတကြီးတဲ့ သရဲဖြစ်အောင် ဘယ်သူလုပ်လိုက်တာလဲ မလိသေဆုံးမှုမှာ ဆွယ့်ပါ၀င်ပတ်သက်နေမလားဆိုတာ စောင့်ကြည့်လိုက်ပါအညွှန်းကိုတော့ Fake Love က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Lei, Nang, Fake Love တို့ပဲ ဖြစ်ပါတယ်။Genre..... Drama, Historical, Romance Quality…. 1080p | 720p File size… 1GB ...

Mystery of the Spirit (2024)

2024
Constellation (2024) 8.757
Constellation (2024)  ရှေ့ဆက်ပြီးဘာတွေဖြစ်မလဲဆိုတာကို ခန့်မှန်းရခက်ခက်နဲ့စီးမျှောကြည့်ရှုလို့ရမယ့် စီးရီးတစ်ခုကို Apple tvကတင်ဆက်လိုက်ပြန်ပါပြီ။Si-fi၊ Psychological Thriller အမျိုးအစားဖြစ်နေပြန်တော့ကြည့်ရှုလို့လည်းကောင်း လိုက်တွေးလို့လည်းကောင်းဦးမယ့်စီးရီးလေးပါပဲ။ဇာတ်လမ်းအကြောင်းကိုပြောပြရရင်ဥရောပအာကာသအေဂျင်စီရဲ့ အာကာသယာဥ်မှူးတစ်ယောက်ဖြစ်တဲ့ဂျိုဟန်နာအီရစ်ဆွန်ဟာ နိုင်ငံတကာအာကာသစခန်းမှာသုတေသနပြုလုပ်နေရင်းနဲ့ မတော်တဆမှုနဲ့ကြုံရပါလေရော...။ဖြစ်စဥ်ကတော့ အာကာသစခန်းကို ပြင်ပကအရာဝတ္ထုတစ်ခုကဝင်တိုက်တာပါ။ ဒီမတော်တဆမှုကြောင့်ပဲ အာကာသစခန်းကလူတိုင်းဟာ မြေပြင်သို့အရေးပေါ်ပြန်ဆင်းလာခဲ့ရပါတယ်...။ဒီလောက်နဲ့တင်မပြီးသွားသေးဘဲ ဂျိုဟန်နာနောက်ကို စိုးထိတ်မှုတွေ၊သံသယတွေ၊ ကြောက်ရွံ့မှုတွေကိုက တောက်လျှောက်လိုက်နေခဲ့ပါတယ်...။ဘာလို့လဲဆိုတော့ အာကာသစခန်းကို ဝင်တိုက်တဲ့ပြင်ပအရာဝတ္ထုဆိုတာ လူတိုင်းမထင်မှတ်ထားတဲ့အရာဖြစ်နေတာရယ်...ဒီအရာဝတ္ထုက အာကာသစခန်း တကယ်ပဲ ဝင်တိုက်မိတာလားဆိုတာဂျိုဟန်နာကိုယ်တိုင်တောင် ထင်ယောင်မြင်ယောင်ဖြစ်နေတာရယ်...ဒီလိုမတော်တဆဖြစ်ရတယ်ဆိုတာက အာကာသစခန်းထဲမှာထူးဆန်းတဲ့သုတေသနစမ်းသပ်ချက်ကြောင့်ဖြစ်နေမလားဆိုတာတွေကြောင့်ပါ...။မည်သို့ပင်ဆိုစေကာမူ ရင်တထိတ်ထိတ်နဲ့ လိုက်ပါစီးမျှောတွေးတောလို့ကောင်းမယ့် စီးရီးလေးဖြစ်တာမို့ တင်ဆက်ပေးလိုက်ရပါတယ်...။  File Size –  858 MB / 391 MBQuality –WEB-DL 1080p , 720pDuration – 58 Min  (@Episode)Total Episodes: 8 EpsSubtitle – Myanmar HardsubFormat – Mp4Genre : Sci-Fi & Fantasy ...
8.757
TMDb: 8.757/10 35 votes
tv

Constellation (2024)

2024
The Signal (2024) 6.685
The Signal (2024)  ဒီတစ်ခေါက်မှာတော့ Netflix ရဲ့ အသစ်စက်စက် Thriller/Mystery/ Sci-fi ဂျာမန် စီးရီးလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Season 1 မှာ အပိုင်း ၄ ပိုင်း ထွက်ရှိထားတာဖြစ်ပါတယ်။စဗန်က သမီးလေး ချာလီနဲ့အတူ မိန်းမဖြစ်သူ အာကာသယာဉ်မှူး ပေါလာရဲ့ အာကာသခရီး အိမ်အပြန်ကို စောင့်မျှော်နေသူပါ။ ရိုးသားတဲ့စဗန်နဲ့ အမေနဲ့တူပြီး ဉာဏ်ရည်ထက်မြက်တဲ့သမီးငယ်လေး ချာလီက ပေါလာရဲ့ အာကာသခရီးစဉ် လွှတ်တင်ခြင်းတွေနဲ့ ဆင်းသက်ခြင်းတွေရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို အစဉ်မပြတ်စောင့်ကြည့်ပြီး ပေါလာအိမ်ပြန်လာမဲ့ရက်ကို လက်ချိုးရေတွက်ပြီး စိတ်လှုပ်ရှား တက်ကြွစွာနဲ့ စောင့်မျှော်နေကြတာပါ။ပေါလာရဲ့ အာကာသယာဉ်က ကမ္ဘာမြေပေါ် ဆင်းသက်နိုင်ခဲ့ပြီး ဆင်းသက်တဲ့နေရာကနေ သူ့တို့သားအဖရှိရာဆီ ပြန်လာမဲ့နေ့မှာ သားအဖနှစ်ယောက် လေဆိပ်မှာ သွားစောင့်နေကြရင်း သူတို့ရဲ့ကမ္ဘာလေးကို ချာချာလည်သွားစေမဲ့ မယုံနိုင်စရာ သတင်းဆိုးကြီးကို ကြားလိုက်ရပါတော့တယ်။ အဲဒါကတော့ ပေါလာ စီးလာတဲ့ လေယာဉ်က အဆက်အသွယ်မရဘဲ ပျက်ကျသွားခဲ့ပြီး အသက်ရှင်ကျန်ရစ်သူတစ်ယောက်မှ မတွေ့ဘူးဆိုတာပါပဲ။စဗန်လည်း ပေါလာရဲ့သတင်းကို စောင့်စားရင်းနဲ့ ပေါလာ ...
6.685
TMDb: 6.685/10 46 votes
tv

The Signal (2024)

2024
Aníkúlápó: Rise of the Spectre (2024) 7.3
Aníkúlápó: Rise of the Spectre (2024)  IMDb - 6.3/10လတ်တလောလေးကမှ Netflixကနေ ထုတ်လွှင့်ခဲ့တဲ့ နိုင်ဂျီးရီးယား မီနီစီးရီးလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဟာသဗီဒီယိုလေးတွေနဲ့ ပရိသတ်တွေ နှစ်ခြိုက်သဘောကျရတဲ့ ဧမာနွေလတို့လူမျိုးတွေပေါ့။ ၂၀၂၂ကလည်း Aníkúlápóဆိုတဲ့နာမည်နဲ့ ရုပ်ရှင်တစ်ကားကို နတ်ဖလစ်ကနေပဲ တင်ဆက်ပေးခဲ့တာမှာ ပရိသတ်အားပေးမှု အတော်ရခဲ့သလို ဒါရိုက်တာဖြစ်သူက Game Of Thronesစီးရီးရဲ့ နိုင်ဂျီးရီးယားဗားရှင်းလို့ ပြောဆိုခဲ့တဲ့အတွက် ဝေဖန်သံတွေ သောသောညံခဲ့ပါသေးတယ်။ ဒီစီးရီးကိုလည်း ထူးခြားဆန်းကျယ်အမျိုးအစား ရုပ်ရှင်စီးရီးအနေနဲ့ ရိုက်ကူးတင်ဆက်ထားပါတယ်။ဒဏ္ဍာရီလာ ငှက်ကြီးတစ်ကောင်ဖြစ်တဲ့ အက္ကာလာရဲ့စွမ်းအင်ကို စုပ်ယူပြီး ရက်ကန်းသည် ဆာရိုတစ်ယောက် သေသူတွေကို ပြန်ရှင်သန်လာအောင်လုပ်နိုင်တဲ့ အစွမ်းရခဲ့ပါတယ်။ သူသေလွန်တဲ့အချိန်မှာတော့ ကောင်းကင်ဂိတ်တံခါးကိုစောင့်တဲ့ နတ်မင်းကြီးက ဖြတ်ကျော်ခွင့်မပြုပဲ သေခြင်းတရားကိုလှည့်စားပြီး သူ ပြန်ရှင်သန်စေခဲ့သူတွေရဲ့ အသက်ကို ပြန်နှုတ်ယူဖို့ လက်ဖွဲ့အဆောင်တစ်ခုပေးကာ ရှင်သူတွေဆီကို ဝိညာဉ်ဘ၀နဲ့ ပြန်စေလွှတ်ခဲ့ပါတယ်။ဝိညာဉ်ဘ၀နဲ့ သူ အသက်ပြန်သွင်းပေးခဲ့သူတွေကို အသက်လိုက်နှုတ်နေတုန်းမှာပဲ မျက်မမြင်အဘွားကြီးဆီရောက်ချိန်မှာတော့ ဝိညာဉ်ကနေ လူ့ဘ၀ပြန်ရောက်မဲ့နည်းပေးပြီး သူ့ကိုမသတ်ဖို့တောင်းဆိုခဲ့ပါတယ်။ ဆာရိုလည်းသဘောတူပြီး ...
7.3
TMDb: 7.3/10 6 votes
tv

Aníkúlápó: Rise of the Spectre (2024)

2024
Love Storiyaan (2024) 3
Love Storiyaan (2024) Love Storiyaan (2024) "အချစ်ဆိုသည်မှာ..." IMDb - 7.7/10သံသရာဝဲဂယက်က မလွတ်ကင်းနိုင်သရွေ့ ဆုန်ချည်ဆန်ချည်ကူးခတ်ရင်း ကြုံတွေ့ကြရမှာက ချစ်ခြင်းမေတ္တာဆိုတဲ့ ပူလောင်ခြင်း အေးချမ်းခြင်းစတဲ့ အမျိုးမျိုးသော ခံစားမှုတွေကို ပေးစွမ်းတဲ့အရာကိုပါပဲ။ဒီစီးရီးလေးမှာတော့ ချစ်ခြင်းမေတ္တာနဲ့ အရာရာကို အောင်နိုင်ပြီး ပျော်ရွှင်စရာအဆုံးသတ်လေးတွေ ကြုံတွေ့ခဲ့ရတဲ့ လက်တွေ့ဘ၀က ချစ်သူစုံတွဲတွေကို မှတ်တမ်းရုပ်ရှင်အနေနဲ့ ရိုက်ကူးတင်ဆက်ထားတာပါ။လက်တွေ့ဘ၀က လူတွေအကြောင်းကို ရိုက်ကူးတင်ဆက်ထားတာ ဖြစ်တဲ့အတွက် ဒီစီးရီးလေးကို ကြည့်နေရင်းနဲ့ ဒီနေရာလေးကတော့ ငါတို့ကြုံတွေ့ခဲ့ဖူးတဲ့ အခိုက်အတန့်လေးနဲ့ဆင်လိုက်တာ၊ ဒါလေးကငါတို့လက်ရှိရင်ဆိုင်နေရတဲ့ ပြဿနာလေးတွေလိုပဲလို့ မြင်တွေ့ခံစားကြရမဲ့အပြင် သူတို့တွေ ဘယ်လိုဖြတ်သန်းရင်ဆိုင်ကြလဲဆိုတာကိုပါ အတုယူလို့ ရစေမှာပါ။လက်တွေ့ဘ၀က မတူညီတဲ့ စုံတွဲခြောက်တွဲရဲ့ အချစ်ရေးကို အပိုင်းခြောက်ပိုင်းမှာ တစ်တွဲစီတင်ဆက်ပေးထားတာမို့ ခံစားကြည့်ရှုကြပါဦး ချစ်သောရုပ်ရှင်ချစ်ပရိသတ်တို့။ (အညွှန်းနဲ့ဘာသာပြန်ကတော့ V~KKKZ~BpL~Yunni~Aditi~ToMoတို့ပဲဖြစ်ပါတယ်)File Size – 600MB (Appx;)@EpisodeQuality – 1080p WEB DLDuration – 36minute (@Episode)Total Episodes: 6EpsSubtitle – Myanmar HardsubFormat – Mp4Genre : Documentary, DramaTranslator ...
3
TMDb: 3/10 1 votes
tv

Love Storiyaan (2024)

2024
Death and Other Details (2024) 7.5
Death and Other Details (2024)  Hulu ကထုတ်တဲ့ အလန်းစား စုံထောက်ဇာတ်လမ်းကြီးဖြစ်ပါတယ် Rating 7 နဲ့ Crime ဇာတ်လမ်းတွဲကြိုက်သူ‌တွေ လက်မလွှတ်သင့်တဲ့ ဇာတ်လမ်းတစ်ပုဒ်ပါပဲ...အညွှန်းကို ဆက်ရရင်....အမွေခံမိသားစုကြီးရဲ့ ၂ ခုရဲ့ ၁၀ ရက်တာ ပင်လယ်သင်္ဘောခရီးစဉ်ကြီးမှာ ကမ္ဘာ့အတော်ဆုံး စုံထောက်ကြီး ရူးဖက်ကော့ဝေါ့နဲ့ သူ့ရဲ့ လက်ထောက် ထရူးဘစ်စကီပါ ပါဝင်လာပါတယ် အကြောင်းကတော့ နှစ်ဖက်မိသားစုက ဘီလီယံဒေါ်လာချီတဲ့ ရင်းနှီးမြှုပ်နှံမှုကိုလုပ်မှာဖြစ်တဲ့အတွက် စုံထောက်ကြီး ရူးဖက်စ်ကို background check နောက်ကြောင်းစစ်ဖို့အတွက် တစ်ဖက်မိသားစုက ငှားရမ်းလိုက်တာဖြစ်ပါတယ်ဒါပေမယ့် ဖြစ်ချင်တော့ သင်္ဘောရေချပြီး တစ်ညမှာပဲ သူ့ရဲ့လက်ထောက် ထရူဘစ်စကီအသတ်ခံလိုက်ရပါတယ် မိသားစုနှစ်ခုကြားက ဇာတ်ကောင်တစ်ကောင်ချင်းစီကို စုံစမ်းအဖြေရှာရင်းနဲ့ ရှုပ်ထွေးပွေလီတဲ့ လှည့်ကွက်တွေကိုလည်း အသေးစိတ်စောင့်ကြည့်ရမှာဖြစ်ပါတယ်...စုံထောက်ဇာတ်လမ်းတွေဆိုတာ နောက်ဆုံးမှာ တရားခံဘယ်သူလဲ သိမှာဖြစ်တဲ့အတိုင်း ဒီဇာတ်လမ်းကလည်း သူလား ငါလားပဟေဠိပေါင်းများစွာနဲ့ စုံထောက်ကြီးရူးဖက်ရဲ့ တရားစီရင်ခန်းကို ကြည့်ရှုခံစားရမှာဖြစ်ပါတယ်...( အညွှန်းနဲ့ ဘာသာပြန်ကိုတော့ Thiha Yan Naing ကရေးသားထားပါတယ် ) File ...
7.5
TMDb: 7.5/10 22 votes
tv

Death and Other Details (2024)

2024
3 Body Problem (2024) 7.6
3 Body Problem (2024)  2024 မှာထွက်ရှိလာတဲ့ 3 body Problem ကတော့ စိတ်ဝင်စားစရာတွေနဲ့ ကြည့်ကောင်းမဲ့ကားလေးတစ်ကားပါပဲ.......ကျွန်တော်တို့အသက်ရှင်နေထိုင်တဲ့ စကြာဝဠာကြီးမှာ တခြားသက်ရှိတွေရော ရှိနိုင်မလားဆိုတဲ့ အတွေးက တကယ့်ကိုစိတ်ဝင်စားစရာပါ.....အဲဒီ စိတ်ဝင်စားစရာအတွေးကိုလည်း ပညာရှင်တွေက နည်းလမ်းမျိုးစုံနဲ့ အဖြေထုတ်နိုင်ဖို့ကြိုးစားနေကြတာပါ.....နည်းပညာမြင့်တဲ့ နိုင်ငံတွေအပြိုင်အဆိုင် ကြိုးပမ်းရာကနေ တရုတ်နိုင်ငံလေ့လာရေးစခန်းတစ်ခုမှာရှိတဲ့ ပညာရှင်တစ်ယောက်က နေဟာ ကိုယ်တိုင်လည်း လျှပ်စစ်သံလိုက်စွမ်းအင်ထုတ်ပေးနိုင်သလို တခြားဂြိုလ်ရဲ့ စွမ်းအင်ကိုလည်း ချဲ့ထုတ်ပေးနိုင်တယ်ဆိုတာကို လေ့လာတွေ့ရှိသွားပါတယ်......စကြာဝဠာကြီးထဲမှာ တခြားသက်ရှိတွေများရှိမလားလို့ တွေးမိနေကြတဲ့ လေ့လာသူတွေဟာ တခြားသက်ရှိတွေကို ဆက်သွယ်လို့ ရလိုရငြား အသံထုတ်လွှင့်စက်ကြီးတွေနဲ့ အရင်ကထုတ်လွှင့်နေရာကနေ နေရဲ့ ချဲ့ထုတ်နိုင်စွမ်းကိုတွေ့သွားတော့ အားနည်းလှတဲ့ ကမ္ဘာဂြိုလ်က ထုတ်လွှင့်စက်ကို နေဘက်ကိုသာဦးတည်ပြီး လွှင့်လိုက်ရင် ချဲ့ပေးနိုင်မှာပဲဆိုတဲ့ အတွေးနဲ့ သူက ထုတ်လွှင့်ချင်နေတာပါ.....ဒါပေမဲ့လည်း သူမွေးဖွားရာနိုင်ငံက တရုတ်ဖြစ်နေပြီး သူတို့ရဲ့ သမ္မတကြီးကလည်း မော်စီတုံးဖြစ်နေတာကြောင့် Red Sun လို့တင်စားထားတဲ့ သမ္မတကြီးဂုဏ်သိက္ခာအတွက် သူ့အထက်လူကြီးတွေက ခွင့်မပြုခဲ့ပါဘူး......လူတွေရဲ့ ဗီဇအရ ခွင့်မပြုတာမှပိုလုပ်ချင်တဲ့သူကလည်း ...
7.6
TMDb: 7.6/10 67 votes
tv

3 Body Problem (2024)

2024