Channel Myanmar

2024

Missing Crown Prince (2024)
Missing Crown Prince (2024) Missing Crown Prince (2024)******************************* အပိုင်း (၁ မှ ၂၀) စ/ဆုံး အားလုံးစောင့်မျှော်နေကြတဲ့ EXO အဖွဲခေါင်းဆောင် Suho ပါဝင်သရုပ်ဆောင်ထားသော နန်းတွင်းနောက်ခံ အချစ်ဟာသ ဇာတ်လမ်းလေး ထွက်ရှိလာပြီ ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ ဂျိုဆွန်းပြည်ရဲ့ အိမ်ရှေ့မင်းသားဖြစ်သူ Yi Gun ဟာ တစ်နေ့မှာတော့ Choi Myung Yoon ဆိုတဲ့ အမျိုးသမီးတစ်ဦးရဲ့ ရုတ်တရက် ပြန်ပေးဆွဲခြင်းခံလိုက်ရပါတယ်။ အိမ်ရှေ့မင်းသား ပျောက်ဆုံးသွားတာကြောင့် ဂျိုဆွန်းတစ်ပြည်လုံး အုတ်အော်သောင်းတင်းဖြစ်ကြရပါတယ်။လျှိဝှက်ချက်တွေ ဘေးအန္တရာယ်တွေနဲ့ ပြည့်နှက်နေတဲ့ ဂျိုဆွန်းပြည်ကြီးထဲမှာ Yi Gun နဲ့ Myung Yoon တိုနှစ်ယောက် အသက်ရှင်ဖို ရုန်းကန်ကြရင်း တဖြည်းဖြည်း သံယောဇဉ်တွယ်ကာ မမျှော်လင့်ထားတဲ့ အချစ်ပန်းလေး ဖူးပွင့်လာခဲ့တာကြောင့် ရင်ခုန်စိတ်လှုပ်ရှားဖွယ် ဇာတ်လမ်းတစ်ပုဒ် ပေါ်ပေါက်ခဲ့ပါတော့တယ်။မင်းသား Suho, မင်းသမီး Hong Ye Ji တိုက အဓိက ဇာတ်ဆောင်အဖြစ် သရုပ်ဆောင်ထားပြီး ဒုတိယမင်းသားအဖြစ် Seasons ...

Missing Crown Prince (2024)

2024
Murder in Mahim (2024)
Murder in Mahim (2024) Murder in Mahim (2024) "အင်စပက်တာဂျန်ဒီနှင့် မာဟင်မ်ဘူတာလူသဝာ်မှု" =======================================စုံထောက်ဇာတ်လမ်းကြိုက်သူတွေ သေချာပေါက်သဘောကျကြမယ့် အပိုင်း ၈ ပိုင်းပါ ဇာတ်လမ်းတွဲတစ်ခုကို ချန်နယ်မြန်မာပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ဒီဇာတ်လမ်းတွဲဟာဆိုရင် အိန္ဒိယနာမည်ကြီး စာရေးဆရာ ဂျယ်ရီပင်တိုရဲ့ဝတ္ထုကို ပြန်ရိုက်ထားတာပါ။ ဇာတ်လမ်းကို အကြမ်းဖျင်းပြောရရင်... မွမ်ဘိုင်းမြို့ရဲ့ မာဟင်မ်ဘူတာထဲမှာ လူသဝာ်မှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။သေဆုံးသူဟာ လိင်တူစိတ်ဝင်စားသူယောက်ျားလေးတစ်ယောက်ဖြစ်ပြီး သူရဲ့အလောင်းဟာ ကျောက်ကပ်ကို လက်နဲ့နှိုက်ထုတ်ခြင်းထားရပါတယ်။ အဲဒီအမှုကို တာဝန်ယူရတဲ့သူကတော့ ဘာအမှုမှမဖော်ထုတ်နိုင်တာ ၇ လရှိပြီဖြစ်တဲ့ အင်စပက်တာဂျန်ဒီပါပဲ။ ဂျန်ဒီဟာ ဒီအမှုကိုလိုက်ရင်းနဲ့ ငယ်ငယ်ကတည်းက ကိစ္စတစ်ခုကြောင့်ခွာပြဲခဲ့ရတဲ့ သူငယ်ချင်းဟောင်းတစ်ယောက်နဲ့ ပြန်တွဲမိပြီး တရားခံအတူလိုက်ကြပုံတွေကို ဒီဇာတ်လမ်းတွဲထဲမှာမြင်တွေ့ကြရမှာပါ...။(ဒီဇာတ်လမ်းတွဲအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)File Size – 500MB (Appx;)@EpisodeQuality – 1080p WEB DLDuration –45minute (@Episode)Total Episodes:EpsSubtitle – Myanmar HardsubFormat – Mp4Genre : MysteryTranslator – CM Bollywood TeamEncoder – ...

Murder in Mahim (2024)

2024
Sweet Tooth Season 3 7.837
Sweet Tooth Season 3 [ဇာတ်ကြောင်းနားလည်ဖို့ ရှေ့စီစန်တွေကို ကြည့်ဖို့ လိုအပ်ပါတယ်]အားလုံးချစ်တဲ့ သမင်တစ်ပိုင်းလူတစ်ပိုင်း ဆွိတုလေး ပြန်လာပါပြီ CM ပရိသတ်ကြီးရေ။စီစန်သရီးမှာတော့ ... The Sick ဆိုတဲ့ ‌ကူးစက်ရောဂါကြီးကြောင့် လူသားမျိုးနွယ်တစ်ခုလုံး မျိုးသုဉ်းဖို့ ရက်ပိုင်းလောက်သာ ကျန်တော့တဲ့ အခြေအနေဖြစ်လို့နေပါပြီ။ Sick အတွက် ဖြေဆေးကို ရှာဖို့ အဖွဲ့ပေါင်းစုံကလည်း ပထမဆုံး hybrid ဖြစ်တဲ့ ဆွိတုလေးကို အသည်းအသန် လိုက်ရှာ ဖမ်းဆီးဖို့ ပြင်ဆင်နေကြပါပြီ။ဆွိတုလေးဟာလည်း ဖြေဆေးရှာပေးနိုင်မယ်လို့ ယုံကြည်တဲ့ သူ့အမေရှိရာ အလက်စကာကို ခရီးဆက်ဖို့ ကြိုးစားလို့နေပါတယ်။ ဒီတော့ ဒီအန္တရာယ်တွေကြားကနေ ဆွိတုလေး လွတ်မြောက်သွားမလား။ လူသားတွေနဲ့ မျိုးစပ်တွေကြား ဘယ်လို သဘောထားတွေ ကွဲလွဲပြီး ဘာတွေ ဆက်ဖြစ်ကြမလဲဆိုတာ ကြည့်ရှူအားပေးကြပါဦး။File Size – 600MB (Appx;)@EpisodeQuality – 1080p WEB DLDuration –45minute (@Episode)Total Episodes:8EpsSubtitle – Myanmar HardsubFormat – Mp4Genre ...
7.837
TMDb: 7.837/10 1349 votes
tv

Sweet Tooth Season 3

2024
In Cold Blood (2024)
In Cold Blood (2024) In Cold Blood (2024)**********************အပိုင်း (၁ မှ ၁၀၄) စ/ဆုံး အပူအလောင်လေးတွေပါမှ ကြည့်ရတာ အရသာရှိပါတယ်ဆိုတဲ့သူတွေအတွက်အလောင်တစ်လိုင်း ဇာတ်ကားသစ်လေးလာပါပြီ။မိဘတွေရဲ့ကွာရှင်းမှုကြောင့် တစ်ယောက်တစ်နေရာစီ ကွဲသွားခဲ့ကြတဲ့ ညီအစ်မနှစ်ယောက်ဟာအနှစ်၂၀အကြာမှာ တစ်ယောက်ကိုတစ်ယောက် မသိတဲ့ ဆက်ဆံရေးအဖြစ်ပြန်တွေ့ဖို့ ဖြစ်လာကြတဲ့အခါ..လောင်းကစားမက်တဲ့အမေ​ကြောင့် ဘဝပျက်ခဲ့ရတဲ့ ညီမဖြစ်သူ Lee HyeJi (Ha YeonJoo) ဟာအဖေ့ဘက်ပါသွားပြီး ကောင်းမွန်စွာကြီးပျင်းလာခဲ့တဲ့ အစ်မဖြစ်သူ Lee HyeWon(Lee SoYeon) ကိုမနာလိုစိတ်နဲ့အတူ မုန်းတီးမှုတွေ ပေါက်ဖွားလာပါတော့တယ်။ဒါအပြင် အစ်မဖြစ်သူက Lee HyeJi (Ha Yeon Joo) ဖောက်ပြန်ပြီးချူစားနေခဲ့တဲ့ကုမ္ပဏီပိုင်ရှင်သူဌေးကြီးရဲ့သားဖြစ်သူနဲ့ မကြာခင်လက်ထပ်ကြတော့မှာကို သိလိုက်ရတဲ့အခါ...သူ့ထက်ပိုပျော်ရွှင်ပြီး ချမ်းသာသွားမှာကို မမြင်ချင်တဲ့ LeeHyeJi တစ်ယောက် သူ့ကိုယ်သူ မိထွေးအရာနေပြီးသူ့အစ်မကို လက်မထပ်ဖြစ်အောင် ဘယ်လိုအနှောင့်အယှက်တွေပေးသွားမလဲ...Lee HyeWon ကရော သူ့ညီမမှန်းမသိဘဲ လက်စားပြန်ချေသွားမလား..ညီအစ်မနှစ်ယောက်ကြား ဘယ်လိုအရှုပ်တွေဖြစ်လာမလဲဆိုတာကို ရင်ခုန်စွာနဲ့စောင့်ကြည့်သွားရမှာပဲဖြစ်ပါတယ်။အစ်မဖြစ်သူ Lee HyeWon အနေနဲ့ကတော့ ဒုံယီကားထဲမှာ ...

In Cold Blood (2024)

2024
Amber Girls School (2024)
Amber Girls School (2024) "Amber Girls School"Amber မိန်းကလေး သီးသန့်ကျောင်းအခုတစ်ခါ တင်ဆက်ပေးချင်တဲ့ series လေးကတော့ 2024 ခုနှစ်ထွက် Amber Girls School ပဲ ဖြစ်ပါတယ် IMDb rating အနေနဲ့ကတော့ 7.4 ရရှိထားတာမလို့ ကြည့်လို့ကောင်းမဲ့ series လေးဖြစ်မှာကတော့ သေချာပါတယ်ရှင့်ဒီ series လေးရဲ့ အကျဉ်းကတော့ အိုဂျက်စ်ဆိုတဲ့ 15 နှစ်အရွယ် ကောင်မလေးဟာ ချန်ဒီဂါရ်မှာရှိတဲ့ Amber မိန်းကလေးသီးသန့်ကျောင်းက အတန်း 9 မှာ တက်ရောက်နေတဲ့ ကျောင်းသူလေးပဲ ဖြစ်ပါတယ်။ သူမမှာ 2008 ခုနှစ် မကုန်ခင် ဖြစ်အောင် လုပ်ချင်တဲ့ ရည်မှန်းချက်နှစ်ခု ရှိပါတယ် အဲ့ဒါကတော့ ကျောင်းရဲ့ အတန်းခေါင်းဆောင်ဖြစ်ဖို့နဲ့ ကောင်လေးတစ်ယောက်နဲ့ ပထမဆုံးအနမ်းနမ်းခွင့်ရဖို့ပဲ ဖြစ်ပါတယ်။ဒါပေမဲ့လည်း သူမဟာ အရမ်းကို ရှက်တတ်ပြီးတော့ သတ္တိလည်း နည်းတဲ့ သူတစ်ယောက်ပါ။ အိုဂျက်စ်ဟာ သူမရဲ့ စိတ်နဲ့ နှလုံးသားကြားမှာ ...

Amber Girls School (2024)

2024
Like the Earth (2024)
Like the Earth (2024) ကမ္ဘာမြေကြီးအတိုင်း (၂၀၂၄)ါလာက မိသားစုကို ကြိုးစားပြီးရှာကျွေးနေတဲ့ အသံပါရမီရှင်လေးပေါ့ သူမက တူနဲ့တူမကိုစောင့်ရှောက်ရမယ်ဆိုတော့ အိမ်ထောင်မပြုဘဲ နေလာခဲ့သူပါ သူမကိုချစ်တဲ့ထီယူကတော့ ဒါလာကိုအဝေးကပဲစောင့်ရှောက်နေခဲ့ရတာ တစ်ရက် ဖူတာဝမ်းက သူတို့နယ်ဘက်ကို လာလည်နေစဉ် ဒါလာရဲ့သီချင်းသံကိုကြားရပြီးတဲ့နောက် ဖူတာဝမ်းက ဒါလာအပေါ်မေတ္တာရှိသွားခဲ့ရာမှာ ဒါလာကတော့ ထီယူနဲ့ဖူတာဝမ်း ဘယ်သူ့ကိုရွေးချယ်သွားမလဲ သူတို့နှစ်ယောက်ကရော ဒါလာ့အချစ်ကိုရဖို့ဘယ်လိုကြိုးစားသွားမလဲဆိုတာကဒီလိုကျေးလက်အချစ်ဇာတ်လမ်းလေးဖြစ်တဲ့ “ကမ္ဘာမြေကြီးအတိုင်း”ဆိုတဲ့ ဇာတ်ကားလေးမှာ ကြည့်ရှုလိုက်ရအောင်ပါအညွှန်းကိုတော့ Lei Wutyi Tun က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Lei Wutyi Tun, Nang Mwe Kham, Fake Love တို့ပဲ ဖြစ်ပါတယ်။Genre..... Drama Quality…. 1080p | 720p File size… 900MB | 400MB Format… mp4 Duration…. 40min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Lei Wutyi Tun, Nang Mwe Kham, Fake Love Encoder ..... Aaron720pEpisode 01 - ...

Like the Earth (2024)

2024
Jamnapaar (2024)
Jamnapaar (2024) Jamnapaar (2024) "တက်နိုင်ဖျားရောက်" IMDb - 8.4/10တက်သစ်စ သရုပ်ဆောင်စာရေးဆရာမလေးတစ်ဖြစ်လဲ ဆိုရှယ်အင်ဖလူရန်ဆာတစ်ယောက်လည်းဖြစ်တဲ့ မင်းသမီးချောရှရစ်ရှ်တီရင်ဒါနီနဲ့ Super 30 (2019)ထဲမှာ တပည့်တစ်ယောက်အဖြစ်ပါဝင်ခဲ့တဲ့ မင်းသားရစ်ဗစ်ခ်ဆာဟိုးတို့ရဲ့ စီးရီးလေးကိုတင်ဆက်ပေးပါရစေ။ကြိုးစားချင်စိတ်ရှိပြီး ဖခင်ရဲ့လောင်းရိပ်အောက်က မလွတ်နိုင်တဲ့ စာရင်းကိုင်ပေါက်စလေး ရှန်ကီ။ ရေတွင်းထဲက ဖားငယ်လေးလို သူ့တစ်နေရာကို တစ်ကမ္ဘာလုပ်မနေဘဲ ရေပုံးလိုမျိုးအခွင့်အရေးတစ်ခုကို အမိအရဖမ်းဆုပ်ပြီး ရေတွင်းထဲက ခုန်ထွက်ဖို့ကြိုးစားတဲ့အခါ။ဒေလီအရှေ့ပိုင်းက လူတွေသိပ်အထင်မကြီးကြတဲ့ သူ့နေရာလေးကို လုပ်ဖော်ကိုင်ဖက်တွေဆီကနေ ဖုံးကွယ်ထားပြီး မာနစိတ်တွေ တဖြည်းဖြည်းဝင်လာတဲ့အခါမှာတော့။ဖားကလေးခုန်လို့ အိုင်မပျက်ပေမဲ့ ဒီဖားငယ်လေးကတော့ သာမညောင်ညဖားတစ်ကောင်မဟုတ်ဘဲ ရေတွင်းဆီကနေ ခုန်ထွက်ဖို့ကြိုးစားနေတဲ့ လူငယ်တစ်ယောက်ရဲ့ အိပ်မက်နောက်လိုက်ပုံကို ခံစားကြည့်ရှုကြရမှာပါ။သုံးပတ်အတွင်းမှာပဲ ဇာတ်ဝင်တေးက ၁၅သန်းကျော် ကြည့်ရှုသူရှိတဲ့ထိပေါက်ခဲ့တဲ့ ဒီစီးရီးလေးကို ကြည့်ရှုခံစားကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)File Size – 800MB(Appx;)@EpisodeQuality – 1080p WEB DLDuration –40minute (@Episode)Total Episodes:8EpsSubtitle – Myanmar HardsubFormat – Mp4Genre : DramaTranslator – CM ...

Jamnapaar (2024)

2024
Fox Spirit Matchmaker: Red-Moon Pact (2024)
Fox Spirit Matchmaker: Red-Moon Pact (2024) ဒီဇာတ်ကား‌လေးကတော့ နာမည်ကြီး Donghua တစ်ခုကို အခြေခံပြီး adapt လုပ်ထားတဲ့ ရှန်းရှဇာတ်လမ်းတွဲလေးပဲဖြစ်ပါတယ် ။သရုပ်ဆောင်တွေအနေနဲ့ အဓိကမင်းသမီးအဖြစ် 85s flower တွေထဲကတစ်ယောက်ဖြစ်တဲ့ မမယန်းမီ ၊ မင်းသားအဖြစ် ခုခေတ် Traffic star တွေထဲ ထိပ်တန်းမင်းသားတစ်လက်ဖြစ်နေတဲ့ Gong Jun အပြင် တခြားနာမည်ကြီးအနုပညာရှင်တွေအများကြီးပါဝင်သရုပ်ဆောင်ထားကြတဲ့ IQIYI ရဲ့ ပထမဆုံး Super S+ Drama ပဲဖြစ်ပါတယ် ။ဇာတ်လမ်းအညွှန်းလေးအနေနဲ့ -ထူရှန်းဟုန်ဟုန်က ထူရှန်းတောအုပ်မှာ ထူရှန်းမျိုးနွယ်ဝင်တွေရဲ့ အကြီးအကဲဖြစ်ပြီး ညီမလေး၂ယောက်နဲ့အတူ မျိုးနွယ်စုကိုစောင့်ရှောက်နေထိုင်လျက်ရှိပါတယ် ။ ထူရှန်းမျိုးနွယ်တွေဟာ တောအုပ်ထဲကို ဘယ်လူသားကိုမှဝင်ခွင့်မပြုခဲ့ပေမဲ့ တုန်းဖန်းယွဲချူးဆိုတဲ့လူသားလေးကိုတော့ လူဆိုးကြီးလက်ထဲကနေ ကယ်ခဲ့ပြီးတော့ထူရှန်းဟုန်ဟုန်က သူနဲ့အတူ ထူရှန်းတောအုပ်မှာလိုက်နေစေခဲ့ပါတယ် ။ နှစ်ပေါင်းများစွာကြာပြီးတဲ့နောက်မှာ မမြင်နိုင်တဲ့အန္တာရာယ်တစ်ခုကလည်း ထူရှန်းမျိုးနွယ်ဆီချဉ်းကပ်လာခဲ့ပြီး ပြဿနာတွေအစပျိုးလာခဲ့တဲ့အချိန်အရွယ်ရောက်နေပြီဖြစ်တဲ့ တုန်းဖုန်းယွဲချူးတစ်ယောက် သူ့ရဲ့နတ်သမီးမမကိုဘယ်လိုပြန်ပြီး‌ေတာ့ကာကွယ်သွားမလဲ ? ဘယ်လိုမေတ္တာသက်ဝင်သွားမလဲဆိုတာကို စိတ်ဝင်စားဖွယ် လှလှပပCGI တွေနဲ့အတူ ရှုစားရမှာဖြစ်လို အဆုံးထိလိုက်ပါစောင့်ကြည့်ဖိုတိုက်တွန်းလိုက်ပါရစေ‌ရှင် ။====================================Quality : WEB-DL 1080p , 720p Total Episodes : 36 Format ...

Fox Spirit Matchmaker: Red-Moon Pact (2024)

2024
Franklin (2024) 9.1
Franklin (2024)  ဗြိတိန်နှင့် အမေရိက နှစ်နိုင်ငံ စစ်မက်ဖြစ်ပွားနေပြီး အမေရိက အရေးနိမ့်နေတဲ့ကာလမှာ လျှပ်စစ်နဲ့ပတ်သက်တဲ့စမ်းသပ်ချက်တွေကြောင့် ကမ္ဘာကျော်လာခဲ့တဲ့ ဒေါက်တာ ဘင်ဂျမင်ဖရန်ကလင်ဟာ သူ့ရဲ့ မြေးလေး တန်ပယ်နှင့်အတူ ပြင်သစ်ပြည်ကို လူအင်အား လက်နက်ခဲယမ်းအင်အား ငွေအင်အားတို့ကို စစ်ကူအဖြစ် တောင်းခံဖို့အတွက် ပါရီကို ရောက်ရှိလာပါတော့တယ်။တရားဝင်သံတမန်အဖြစ် လာရောက်ကြောင်းလမ်းတာမဟုတ်တဲ့ ဒေါက်တာဖရန်ကလင်အနေနဲ့ ဘုရင်စနစ်ကျင့်သုံးနေဆဲဖြစ်တဲ့ ပြငသစ်နန်းတွင်းမှာ ဘယ်လိုအဆက်အသွယ်ရှာပြီး အမေရိကဖက်က စစ်ကူပေးအောင် ဘယ်လိုပညာသားပါပါ စည်းရုံးမလဲ၊ ဗြိတိန်ရဲ့ အင်အားကြီးမားမှုကြောင့် အရင်စစ်ပွဲမှာ အရှက်တကွဲ ရှုံးနိမ့်ခဲ့ရတဲ့ ပြင်သစ်ပြည်ကရော အမေရိကကို နောက်ကွယ်ကနေ အကူအညီပေးမလား အစရှိသဖြင့် အမေရိကန်ရဲ့ လွတ်လပ်ရေးအတွက် ဒေါက်တာဖရန်ကလင်တစ်ယောက် တိုင်းတပါးမှာ ဘယ်လိုကြိုးစားမလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် အတ္ထုပ္ပတ္တိဒရာမာဇာတ်လမ်းတွဲဖြစ်ပါတယ်။ File size…(976 Mb)/(492 MB) Quality….Webrip 1080p / 720p Format…mp4 Duration….00:55:00 Genre...Drama, War, Politics Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by MatteoSeason ...
9.1
TMDb: 9.1/10 9 votes
tv

Franklin (2024)

2024
Eric (2024) 7.105
Eric (2024) ဗင်းဆင့်ဟာ အင်မတန် အရည်အချင်းရှိတဲ့ ရုပ်သေးဆရာတစ်ယောက်ဖြစ်ပြီးတော့ Good Day Sunshine ဆိုတဲ့ ရုပ်သေးတီဗွီအစီအစဉ်ကို ဖန်တီးခဲ့သူတစ်ဦးဖြစ်ပါတယ်။ သူ့မှာ ဇနီးဖြစ်သူ ကက်ဆီနှင့် အက်ဂါဆိုတဲ့ တအားလိမ္မာတဲ့ သားလေးတစ်ယောက်လည်း ရှိပြီးတော့ အဖက်ဖက်က ကြည့်ရင် သာယာစိုပြေတဲ့ အိမ်ထောင်ရေးနှင့် မိသားစု ဘဝကို ပိုင်ဆိုင်ထားသူပေါ့။ ဒါပေမဲ့ ဗင်းဆင့်ဟာ အရမ်း အတ္တကြီးပြီးတော့ သူ့ဘေးပတ်ဝန်းကျင်က မိသားစုဝင်၊ လုပ်ဖော်ကိုင်ဖက် အားလုံးကို သူ့စိတ်ထဲမှာ အကောင်းဆုံးဖြစ်မယ့်ပုံစံကို အတင်းသွပ်သွင်း၊ တခြားလူရဲ့ ထင်မြင်ချက် အတွေးအမြင်ကို ဂရုမစိုက်ပဲ သူအထင်အမြင်၊ သူလုပ်တာသာ အကောင်းဆုံးဆိုပြီးတော့ လူတိုင်းကို အတ္တနဲ့ လွမ်းမိုးတတ်သူပါ။တစ်နေ့မှာတော့ သားလေးဖြစ်သူ အက်ဂါဟာ ဗင်းဆင့်ရဲ့ ရုပ်သေးအစီအစဉ်အတွက် သူစိတ်ကူးနဲ့ ဆွဲထားတဲ့ ရုပ်သေးသတ္တဝါကြီး အဲရစ်ကို ဗင်းဆင့်ကို ပြခဲ့ပေမယ့် ဗင်းဆင့်က သူ့သားလေးရဲ့ ကြိုးစားအားထုတ်မှုကို လက်သင့်မခံပဲ ...
7.105
TMDb: 7.105/10 62 votes
tv

Eric (2024)

2024
The Atypical Family (2024) [Complete]
The Atypical Family (2024) [Complete] The Atypical Family (2024)*****************************အပိုင်းသစ် (၁ မှ ၁၂) စ/ဆုံး အားလုံးစောင့်မျှော်နေကြတဲ့ မင်းသား Jang Ki-Yong ရဲ့comeback drama လေးလာပါပြီ။ဒီ fantasy-romamce ကားလေးမှာတော့ Jang Ki-Yong,Unlockedထဲက Chun Woo-Hee, Gyeongseong Creature ထဲကClaudia Kim တို့အပြင် ဝါရင့်သရုပ်ဆောင်များစွာက ပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအညွှန်းBok Gwi-Joo (Jang Ki-Yong) တို့ မိသားစုဝင်တွေကသဘာဝလွန်စွမ်းအားတွေ ပိုင်ဆိုင်ထားကြသူတွေပါ။Bok Gwi-Joo ကတော့ မိသားစုဝင်ထဲမှာအချိန်ခရီးသွားတဲ့စွမ်းအားကို ပိုင်ဆိုင်ထားတဲ့သူတစ်ယောက်ပါ။ဒါပေမဲ့ သူ့စွမ်းအားက အတိတ်က ပျော်ရွှင်စရာကောင်းတဲ့အချိန်တွေကိုပဲသွားလို့ရပြီး အတိတ်ကိုတော့ ပြန်ပြင်ဆင်လို့မရနိုင်ပါဘူး။အတိတ်ကို ပြန်သွားနိုင်ပေမဲ့ ဘာကိုမှ ထိတွေ့လို့မရသလိုအတိတ်ကသူတွေကလည်း သူ့ရဲ့ ဖြစ်တည်မှုကို မမြင်ရတာကြောင့်တဖြည်းဖြည်းနဲ့ စိတ်ကျရောဂါ ခံစားလာရပြီး သူ့ရဲ့စွမ်းအားတွေပျောက်ဆုံးသွားပါတော့တယ်။ပျံနိုင်စွမ်း၊ နိမိတ်ပြအိပ်မက်မြင်နိုင်စွမ်းစတဲ့ သဘာဝလွန်စွမ်းအားတွေရှိတဲ့Gwi-Joo ရဲ့ မိသားစုဝင်တွေလည်းပဲ ယနေ့ခေတ်ရောဂါတွေဖြစ်တဲ့အိပ်မပျော်တဲ့ရောဂါ၊ အကြောက်လွန်ရောဂါနဲ့ စမတ်ဖုန်းစွဲလန်းနေမှုတွေကြောင့်စွမ်းအားတွေ ပျောက်ဆုံးသွားကြပါတော့တယ်။အဲဒီလိုနဲ့ တစ်နေ့ ...

The Atypical Family (2024) [Complete]

2024
Hierarchy (2024) [Complete]
Hierarchy (2024) [Complete] Hierarchy (2024)*****************အပိုင်းသစ် (၁ မှ ၇) စ/ဆုံး Netflixမှ ထုတ်လွှင့်သွားမယ့် အချောလေးတွေကိုတစ်စုတစ်စည်းတည်း ကြည့်ရှုလို့ရမယ့် "Hierarchy"ဇာတ်လမ်းတွဲမှာတော့ Crash Course in Romance"မှမင်းသား Lee Chae Min, "18 again "မှ မင်းသမီးလေးRoh Jeong Eui, "Our Blues" မှ မင်းသား Kim Jae Won တို့အပြင်တခြားလူငယ်သရုပ်ဆောင်များစွာ ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဥ်း-ဂျူရှင်းလုပ်ငန်းစုမှ တည်ထောင်ထားတဲ့ ဂျူရှင်းအထက်တန်းကျောင်းဟာတောင်ကိုရီးယားရဲ့ ဂုဏ်သတင်းအကြီးမားဆုံး ကျောင်းတစ်ကျောင်းဖြစ်ပြီးမွေးကင်းစကတည်းက အရွေးချယ်ခံထားရတဲ့ကျောင်းသားတွေသာဒီကျောင်းမှာတက်ရောက်လို့ရတဲ့အထိ ကြီးကျယ်လှပါတယ်။အဲဒီလိုကျောင်းကို ခြယ်လှယ်နေတာတော့ ဂျယ်ယူးလ်လုပ်ငန်းစုရဲ့တစ်ဦးတည်းသောသမီး ဂျွန်ဂျယ်အီ(Roh Jeong Eui),ဂျူရှင်းလုပ်ငန်းစုရဲ့ ဆက်ခံသူ ဂင်ရီအန်း(Kim Jae Won),ယွန်း နိုင်ငံတကာကုန်သွယ်ရေးကုမ္ပဏီရဲ့ အငယ်ဆုံးသမီး ယွန်းဟီရာ (Ji Hye Won),နိုင်ငံရေး အာဏာရှိတဲ့မိသားစုမှ သားလတ် အီဝူဂျင်း(Lee Won Jung)တို့ပဲဖြစ်ပါတယ်။ဒါပေမဲ့ တစ်နေ့မှာတော့ သာမန်ကောင်လေးတစ်ယောက်ဖြစ်တဲ့ဂန်ဟာ(Lee ...

Hierarchy (2024) [Complete]

2024
Law-less (2024)
Law-less (2024) ဥပဒေမရှိတဲ့ ဥပဒေသား (၂၀၂၄)P’Leeကိုတော့ အချစ်ဇာတ်ကားတွေနဲ့ အကျွမ်းတဝင်ရှိကြမှာပါ ဒီတစ်ခါမှာတော့ P’Leeနဲ့P’Namtanတိုရဲ့ မြင်နေကြနဲ့မတူတဲ့ မာဖီးယား typeမျိုးကို ကြည့်ကြရမှာပါ ပရီဖတ်ဟာ အမေဖြစ်သူ မာဖီးယားတချိုသတ်တာခံရလိုက်ရတာကို ကိုယ်တိုင်မြင်ခဲ့ပါတယ် ဝင်းဟာ မိခင်ကိုဆုံးရှုးခဲ့သော်လည်းအာဏာပိုင်တွေလက်ထဲက ဥပဒေကို မဆန့်ကျင်နိုင်ခဲ့ပါဘူး ဒါကြောင့်လည်း အမေ့အတွက်လက်စားချေမဲ့စိတ်နဲ့ ရှေ့နေဖြစ်ဖိုကြိုးစားခဲ့ပါတယ် ရှေ့နေဖရောင်နဲ့ရင်းနှီးခဲ့ပြီးနောက်မှာ ဥပဒေမဲ့တဲ့အာဏာရှင်တွေကို ဘယ်လိုတိုက်ထုတ်မလဲဆိုတာ စိတ်ဝင်တစားနဲ့ “ဥပဒေမရှိတဲ့ ဥပဒေသား”ဇာတ်ကားမှာ ကြည့်ရှုလိုက်ရအောင်ပါအညွှန်းကိုတော့ Lei Wutyi Tun က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Lei Wutyi Tun, Nang Mwe Kham, Fake Love တိုပဲ ဖြစ်ကြပါတယ်။Genre..... Action, Drama Quality…. 1080p | 720p File size… 250MB | 700MB Format… mp4 Duration…. 50min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Lei Wutyi Tun, Nang Mwe Kham, Fake ...

Law-less (2024)

2024
Frankly Speaking (2024) [Complete]
Frankly Speaking (2024) [Complete] Frankly Speaking (2024)**********************အပိုင်းသစ် (၁ မှ ၁၂) စ/ဆုံး Rom-Com ဒရမ်မာလေးတွေ ကြိုက်သူများအတွက်ဒီတစ်ခေါက်မှာတော့  6/45 ထဲက မင်းသား Go Gyung-Pyo နဲ့Start Up ထဲက မင်းသမီး Kang Han Na တို့  အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ စီးရီးသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ်။- ဇာတ်လမ်းအကျဉ်း -ဆုန်းဂီဘဲ့ (Go Gyung-Pyo) ဟာဆိုရင် အောင်မြင်တဲ့သတင်းကြေညာသူတစ်ယောက် ဖြစ်ပါတယ်။စကားအပြောအဆို ရည်မွန်ပြီး ယဉ်ကျေးသလိုအလုပ်မှာလည်းတော်တဲ့ ပြီးပြည့်စုံသူမို့ အားလုံးကသူ့ကို စံပြသတင်းကြေညာသူအဖြစ် သတ်မှတ်ထားကြတာပေါ့။ဒီလိုနဲ့ တစ်နေ့မှာ ဂီဘဲ့တစ်ယောက် မတော်တဆ ဓာတ်လိုက်ပြီး မေ့လဲသွားပါတော့တယ်။ပြန်နိုးလာတဲ့အခါမှာတော့ အရင်လို ယဉ်ကျေးတဲ့ ဆုန်းဂီဘဲ့မဟုတ်တော့ဘဲကိုယ်ပြောချင်တဲ့စကားကို ချုပ်တည်းထားလို့မရဘဲတစ်ချိန်လုံး ကြမ်းတမ်းရိုင်းစိုင်းတဲ့ စကားတွေ‌ပြောနေတဲ့ ဂီဘဲ့ဖြစ်နေခဲ့ပါပြီ။တစ်ဖက်မှာလည်း အွန်ဝူဂျူ (Kang Han-Na) ကစိတ်အားထက်သန်မှုရှိတဲ့ ရသစုံလင်ရှိုး စာရေးဆရာမဖြစ်ပါတယ်။ဂီဘဲ့ရဲ့ အပြောအဆို ကြမ်းတမ်းပုံကို စိတ်ဝင်စားသွားပြီး သူ့ရဲ့ ...

Frankly Speaking (2024) [Complete]

2024
Love in the Tea Garden
Love in the Tea Garden ဒီဇာတ်ကားလေးကတော့ romantic အချစ်ဇာတ်လမ်းတွေမှ ကြည့်ချင်တယ်ဆိုတဲ့ပရိသတ်ကြီးအတွက် အကြိုက်တွေ့စေမဲ့ ရိုရိုချိုချိုအချစ်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်နော် ။ ဇာတ်လမ်းအကျဉ်းလေးကတော့ :ယဲ့ရှီးယန်က ယဲ့လုပ်ငန်းစုရဲ့ သမီးလေးဖြစ်ပြီးတော့ နယ်ဘက်ကို ခရီးထွက်ရင်း ကားအက်စီးဒန့်ဖြစ်ပြီး အသက်အန္တာရာယ်နဲ့ကြုံတွေ့ခဲ့ရပါတယ် ။ ဒါပေမဲ့ ကူယန့်ရွာရဲ့ လက်ဖက်ခင်းပိုင်ရှင် လုမင်ယွိဆီမှာ အကယ်ခံလိုက်ရပြီး အသက်အန္တာရာယ်ကနေလည်း လွတ်မြောက်ခဲ့ပါတော့တယ် ။ဒါပေမဲ့ ယဲ့ရှီးယန်တစ်ယောက် သူ့နောက်ခံကြောင့် အန္တာရာယ်တွေဖြစ်လာမှာကို‌ ကြိုတင်ရှောင်ရှားတဲ့အနေနဲ့ အတိတ်မေ့ချင်ယောင်ဆောင်ပြီး ကူယန်ရွာမှာပဲဆက်နေထိုင်ခဲ့ပါတယ် ။ အတူတူနေတာကြာလာတော့ သံယောဇဉ်ဖြစ်လာကြတဲ့ သူတို့၂ဦးဟာ လက်ဖက်ခင်းကြီးကို စောင့်ရှောက်ရင်း ဘဝကိုအေးအေးချမ်းချမ်းနေရမယ်လို့ထင်ထားကြတာပေါ့ ။ဒါပေမဲ့ ချွေးလုပ်ငန်းစုရဲ့သားချွေးကျစ်ဟောက်က ရုတ်တရက်ကြီး ယဲ့ရှီးယန်ကိုတွေ့သွားချိန်မှာတော့ မမျှော်လင့်ထားတဲ့ မုန်တိုင်းတွေ သူတို့ဘဝထဲဝင်ရောက်လာပါတော့တယ် ။ ဇာတ်လမ်းလေးထဲမှာ သူတို့နှစ်ယောက် ပြဿနာတွေကို အတူတူရင်ဆိုင်ပြီး အဆုံးထိ အချစ်စစ်ကိုရှာဖွေသွားမလား ? ဒါမှမဟုတ် ဘယ်လိုအခက်အခဲတွေနဲ့ကြုံတွေရပြီး သူတို့နှစ်ယောက်ပေါင်းစည်းနိုင်ပါ့မလား ဖြစ်လာမဲ့ပြဿနာတွေကိုရောဘယ်လိုရင်ဆိုင်ကြမလဲဆိုတာကို စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာဖြစ်လို့ အဆုံးထိစောင့်ကြည့်ပေးဖို့ မမေ့ပါနဲ့နော်။============================== Quality : WEB-DL 1080p Total Episodes : 24 Format : mp4 Genres : Drama, Romance Runtime : 15 min Subtitle ...

Love in the Tea Garden

2024
Star Wars: Tales of the Empire (2024) 7.9

Star Wars: Tales of the Empire (2024)

2024
Fiasco (2024) 6.412
Fiasco (2024)  ၂၀၂၄ ဧပြီလကထွက်ရှိထားတဲ့ Fiasco ပြင်သစ်စီးရီးဟာComedy အမျိုးအစားဆိုပေမယ့် ဟားတိုက်ရယ်မောနေရမှာမျိုးမဟုတ်ဘဲ ထေ့လုံးတွေ၊ ပါးနပ်တဲ့ဟာသတွေနဲ့အရည်အသွေးမြင့်တဲ့တင်ဆက်မှုပုံစံတွေကို မှတ်တမ်းရုပ်ရှင်တစ်ခုအသွင်ကြည့်ရှု့ခံစားရမှာဖြစ်ပါတယ်။အပိုင်း ၇ ပိုင်းပါဝင်တဲ့ mini-serie ကို ကိန်းရုပ်ရှင်ပွဲတော်မှာလည်းပြသခဲ့ပါတယ်။ Comedy ဖြစ်ပေမယ့် အညှာအတာမရှိတဲ့ရုပ်ရှင်လောကအကြောင်းကိုလည်း ထည့်သွင်းရိုက်ကူးထားတာမြင်တွေ့ရပါတယ်။အဓိကဇာတ်ကောင်ရာဖယ်လ်ဗဲလွန်းဟာ ပြင်သစ်တော်လှန်ရေးသမားတစ်ဦးဖြစ်ခဲ့တဲ့အဘွားဖြစ်သူကိုဂုဏ်ပြုဖို့ သူကိုယ်တိုင်ဒါရိုက်တာလုပ်ပြီး ပွဲဦးထွက်ရုပ်ရှင်ရိုက်ကူးမှုကိုစတင်ခဲ့ပါတယ်။ ပထမဆုံးရိုက်ကူးခွင့်ရတဲ့ရုပ်ရှင်ဖြစ်လို့စိတ်လှုပ်ရှားနေတဲ့ရာဖယ်လ်ဟာ ရိုက်ကွင်းကိုရည်မှန်းချက်ကြီးကြီးနဲ့ စွန့်စွန့်စားစားအကောင်အထည်ဖော်ခဲ့ပေမယ့် မထင်မှတ်ဘဲ ရိုက်ကွင်းမှာအလွဲလွဲအချော်ချော်တွေဖြစ်လာခဲ့ပါတယ်။ဒါ့အပြင် အဖွဲ့သားတစ်ဦးက ရိုက်ကွင်းနောက်ကွယ်ကမသင့်တော်တဲ့ဖြစ်ရပ်တွေကို ခိုးမှတ်တမ်းတင်ထားပြီးရုပ်ရှင်ကိုပျက်စီးရာပျက်စီးကြောင်းကြံစည်လာတဲ့အခါရာဖယ်လ်နဲ့အဖွဲ့ဟာ ဒီသစ္စာဖောက်ကိုဖော်ထုတ်ဖို့ကြိုးစားရင်းရုပ်ရှင်ကိုဘယ်လိုကယ်တင်သွားမယ်ဆိုတာ ဆက်လက်ကြည့်ရှု့ရမှာပဲဖြစ်ပါတယ်။Fiasco စီးရီးဟာ ထွက်ရှိပြီး ၂၄ နာရီအတွင်း ပြင်သစ်Netflix မှာ နံပါတ်တစ်ချိတ်ခဲ့ပြီး Globalမှာတော့ နံပါတ် ၇ နေရာမှာ ခြောက်ရက်ကြာအောင်နေရာယူထားနိုင်ခဲ့ပါတယ်။  File Size – 764 MB / 355 MB (@Episode)Quality –NF WEB-DL 1080p 5.1CH , 720pDuration – 40 Min ...
6.412
TMDb: 6.412/10 34 votes
tv

Fiasco (2024)

2024
Marital Justice (2024)
Marital Justice (2024) အိမ်ထောင်ရေး စီရင်ခန်း (၂၀၂၄)ဘိုက ပါရမိတ်နဲ့လက်ထပ်လာတာ ၁၅နှစ်ရှိခဲ့ပြီး သားလေးနွတ်လည်း ရှိတာကြောင့် သူတို့အိမ်ထောင်ရေးက မပြောင်းလဲဘဲ ချစ်မြဲအတိုင်းချစ်ကြတယ်လို့ ထင်နေခဲ့တာပါကမ္ဘာနှစ်ခုနဲ့မိတ်ကတော့ ဇနီးဖြစ်သူဘိုဆီ ပိတ်ရက်တိုင်းပြန်လာပြီး ကျန်ရက်မှာ သူ့အထက်လူကြီးရဲ့သမီး လင်နဲ့တွဲနေခဲ့ပါတယ်မိတ်က ဘိုကိုကွာရှင်းဖို့ပြောချင်ပေမယ့် ပြောမထွက်ဘဲနေခဲ့ရာ လင်နဲ့လက်ထပ်ရက်ရောက်လာခဲ့တော့တယ် မိတ်နဲ့လင် မင်္ဂလာပွဲနေ့မှာပဲ ဘိုက သူငယ်ချင်းဆီက သတင်းရပြီး လိုက်သွားကြည့်ရာမှာတော့ သွေးပျက်မတတ်ဖြစ်ခဲ့ရတဲ့ မြင်ကွင်းနဲ့အတူ မိတ် မယားငယ်ရှိတယ်ဆိုတာကြောင့် ဘိုတစ်ယောက် ဆောက်တည်ရာမရဖြစ်ခဲ့ပါတယ်ဒါကြောင့် သူမက လက်ထပ်စာချုပ်နဲ့အတူ တရားမျှတမှုယူဖို့ ရုံးတက် တိုင်ချက်ဖွင့်ခဲ့ရာမှာ ဘိုက တရားနိုင်သွားမလား လင်နဲ့မိတ်က ဆက်လက်ပေါင်းမှာလား ကွာရှင်းလိုက်မလားဆိုတာကိုတော့ ဒီဇာတ်ကားလေးမှာပဲ ဆက်လက်စောင့်ကြည့်လိုက်ရအောင်ပါအညွှန်းကိုတော့ Lei Wutyi Tun က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Lei Wutyi Tun, Fake Love, Nang Mwe Kham တို့ပဲ ဖြစ်ကြပါတယ်။Genre..... Drama Quality…. 1080p | 720p File size… 700MB | 300MB Format… mp4 Duration…. 1h ...

Marital Justice (2024)

2024
Jurassic World: Chaos Theory (2024) 7.4
Jurassic World: Chaos Theory (2024)  ဒီဇာတ်လမ်းတွဲလေးကတော့ Jurassic Park ပျက်စီးသွားပြီးနောက်ပိုင်းကို ရိုက်ပြတင်ဆက်ထားတဲ့ ဇာတ်လမ်းတွဲလေးပါ.....Jurassic Park ပျက်စီးသွားတဲ့အချိန် ဒိုင်နိုဆောတွေပြည့်နှက်နေတဲ့ ကျွန်းပေါ်မှာ ကျန်ခဲ့လို့ အားလုံးက ‌ေ-သပြီဆိုပြီး ယူဆထားတဲ့ Nublar Six ဆိုတဲ့ ဆယ်ကျော်သက်လေး ၆ယောက်ကတော့ မယုံနိုင်လောက်အောင်ပဲ အသက်ရှင်သန်နိုင်ခဲ့ပါတယ်......အဲဒီအချိန်မှာ လူတွေကလည်း ဒိုင်နိုဆောတွေနဲ့ အတူယှဉ်တွဲနေထိုင်နေကြပြီး သူတို့ကိုတော့ DPW လို့ခေါ်တဲ့ ကမ္ဘာဦးသားရိုင်းတိရိစ္ဆာန်ထိန်းသိမ်းရေး ဌာနကနေ တာဝန်ယူကြီးကြပ်ပေးထားပါတယ်......Nublar Six အဖွဲ့ထဲက ဘရွတ်ကလင်းဆိုတဲ့တစ်ယောက်ကတော့ ကျွန်းပေါ်မှာ ရှင်သန်အောင်နေနိုင်ခဲ့ပြီးမှ မြို့ပေါ်မှာ ဒိုင်နိုဆောကြောင့် အသက်ဆုံးရှုံးသွားခဲ့ရပါတယ်......သူတို့၆ယောက်လည်း တစ်ယောက်တစ်နေရာစီ ကိုယ့်ဘဝနဲ့ ရှင်သန်နေတုန်းမှာပဲ သူတို့ထဲက ဘန်ဂျမင်ဆိုတဲ့ တစ်ယောက်က ဘရွတ်ကလင်း သေဆုံးရတာ သွေးရိုးသားရိုးတိုက်ဆိုင်မှုမဟုတ်ဘဲ လုပ်ကြံခံရတာပါလို့ သံသယဝင်ရင်းစုံစမ်းရာမှ လူတစ်ယောက်က သူတို့ကို လိုက်ရှာရှင်းလင်းနေတယ်လို့ ယုံကြည်သွားခဲ့မိပါတယ်......အဲဒီနောက်ပိုင်းမှာတော့ သူ့ရဲ့ သူငယ်ချင်းတွေကို သတိလိုက်ပေးရင်း ဘရွတ်ကလင်းကို ဘယ်သူသ-တ်တာလဲ ဘာကြောင့်သ-တ်တာလဲဆိုတာ စွန့်စားခန်းတွေဖွင့်ပြီး ...
7.4
TMDb: 7.4/10 32 votes
tv

Jurassic World: Chaos Theory (2024)

2024
Practice Daughter ( 2024 )
Practice Daughter ( 2024 ) CM ပရိသတ်ကြီးအတွက် ဒီတစ်ခါမှာတော့ မင်းသားလည်းချော မင်းသမီးလေးတွေကလည်းလှလှလေးနဲ့ မျက်စိပဒါသဖြစ်ဖွယ်ကောင်းပြီး ဇာတ်လမ်းလေးကပါ တမူထူးခြားတဲ့ ဇာတ်ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ် ။ဇာတ်လမ်းအညွှန်းလေးအနေနဲ့ -အမတ်ချုပ်ကြီးရဲ့ သမီးလေးဖြစ်တဲ့ မေယွိရှန့်နဲ့ သူခိုးမလေးရှောင်သိုကျစ်တို နှစ်ဦးဟာ အကျင့်စရိုက်ရော ဂုဏ်ဒြပ်အဆင့်အတန်းပါ အလွန်ကွာခြားပါတယ် ။ဒါပေမဲ့ မမျှော်လင့်ထားဘဲ ‌တစ်နေ့မှာ ခန္တာကိုယ်ချင်းလဲသွားကြပြီး ခန့်မှန်းမရတဲ့ကိစ္စတွေလည်းအများကြီးဖြစ်လာခဲ့ပါတော့တယ် ။သူတို၂ယောက်ခန္တာကိုယ်ပြန်လဲသွားမလား မလဲခင်မှာရော ဘယ်လိုအခက်အခဲတွေနဲ့ကြုံတွေ့ရမလဲဆိုတာကို စိတ်ဝင်စားစွာကြည့်ရှုရမှာဖြစ်လို ဒီဇာတ်ကားလေးကို အဆုံးထိကြည့်ရှုပေးဖို မမေ့ပါနဲ့နော် ။ ====================================Quality : WEB-DL 1080p , 720p Total Episodes : 24 Format : mp4 Genres : Romance, Historical, Drama Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Kay Thwe Phyo Encoded by LK=====================================Ep 1 (720p) - ...

Practice Daughter ( 2024 )

2024