Channel Myanmar

2023

P.I. Meena (2023) 6.8
P.I. Meena (2023) PI Meena (2023) "စုံထောက်မလေးမီနာနှင့် ဗိုင်းရပ်စ်ကပ်ဆိုးကြီး" IMDB 7.3/10အခုတစ်ခါတင်ဆက်ပေးမဲ့ စီးရီးကောင်းလေးက ပရိသတ်ကြီး အကြိုက်တွေ့မှာဖြစ်တဲ့ crime/thriller စီးရီးလေးဖြစ်ပြီး Tooth Pari ဗန်ပိုင်းယားစီးရီးထဲက မင်းသမီးချောလေး တန်နရာက ဦးဆောင်ပါဝင်ထားပါတယ်ဇာတ်လမ်းအကျဉ်းလေးကတော့… မီနာဟာ သူ့အလုပ်သူလည်းစိတ်ကုန် လောကကြီးကိုလည်းစိတ်ကုန် ဆေးရုံမှာလဲ ကိုမာဝင်နေတဲ့မောင်လေးနဲ့ ဘဲကလည်းမရှိ အလုပ်ကပင်ပန်း နည်းပေါင်းစုံနဲ့ဘူနေတဲ့ အလွတ်စုံထောက်မလေးပါမိုးလေဝသသတင်းဆိုတာ ကြိုခန့်မှန်းကြပေမဲ့ မထင်မှတ်ထားတဲ့အချိန်မျိုးမှာ ကိုယ်မသိလိုက်ဘဲနဲ့တောင် မုန်တိုင်းအလယ်ရောက်နေတာမျိုး ဖြစ်သွားတတ်ပါတယ်…မီနာရဲ့ဘဝကလည်း အဲ့လိုပါပဲ ကိုယ့်ဟာကိုယ် လမ်းလျှောက်နေရင်း ဆိုင်ကယ်ကို ကားနဲ့တိုက်ပြေးသွားလို့ တိုက်ခံရတဲ့ကောင်လေးကို ဆေးရုံပို့ပေးခဲ့ပါတယ် ကောင်လေးကတော့ ကိုမာဝင်ပြီးမကြာခင်မှာ သေဆုံးသွားခဲ့တယ်အဲ့ကောင်လေးအတိုက်ခံရတာ သွေးရိုးသားရိုးမဟုတ်ဘဲ ပိုကြီးမားတဲ့ ကိစ္စတွေ နောက်ကွယ်မှာရှိနေတာကို မီနာတစ်ယောက်မသိခဲ့ဘဲ ကောင်လေးရဲ့အမေက အကူအညီတောင်းလို့ အမှုကိုဆက်စုံစမ်းခဲ့တဲ့အခါမှာ…..ဇာတ်အိမ်ကောင်းကောင်းနဲ့ ရင်ခုန်ခံစားရတဲ့ အရသာကို ကောင်းကောင်းပေးစွမ်းနိုင်မှာမို့ ပရိသတ်တို့ကြည့်ရှုခံစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ် (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကပဲ ဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )File Size – ...
6.8
TMDb: 6.8/10 4 votes
tv

P.I. Meena (2023)

2023
The Doll Factory (2023) 7.2
The Doll Factory (2023)  အိုင်းရစ်ဆိုတဲ့ မိန်းမငယ်လေးဟာ ကံအကြောင်းမလှလို့ သူရဲ့ အမြွှာအစ်မနဲ့အတူ အရုပ်ဆိုင်တစ်ဆိုင်မှာ သူ့ရဲ့ ဝါသနာ အစစ်အမှန် ပန်းချီပညာနဲ့ ခပ်ဆင်ဆင်ဖြစ်တဲ့ အရုပ်တွေကို ဆေးခြယ်တဲ့ အလုပ်လုပ်ရင်း ဘဝကို ရှင်သန်နေသူပါ။လှပတဲ့ ရုပ်ရည်နဲ့ ထင်ရှားတဲ့ ဆံပင်ကြောင့် သူဟာ ယောက်ျားနှစ်ယောက်နဲ့ ဆုံခဲ့ရတယ်။ တစ်ဦးဖြစ်တဲ့ ဆိုင်းလက်စ်ကတော့ ခင်မင်ချင်လို့ဆိုတဲ့ အကြောင်းရင်းနဲ့ ချဉ်းကပ်လာတယ်။ ကျန်တစ်ဦးဖြစ်တဲ့ လူးဝစ်ကတော့ သူ့ရဲ့ပုံကို ပန်းချီရေးဆွဲချင်လို့ ဖြစ်ပါတယ်။ဒီလိုနဲ့ အိုင်းရစ်အတွက် သူဝါသနာပါတဲ့ ပညာကို ဆည်းပူးဖို့၊ အရုပ်ဆိုင်က အလုပ်သမဘဝက ရုန်းထွက်ဖို့ အခွင့်အရေးတစ်ခု ရရှိလာခဲ့ပါတယ်။ သို့ပေမဲ့ အိုင်းရစ် မသိလိုက်တာက သူနဲ့ ပတ်သတ်မိတဲ့ ယောက်ျားနှစ်ယောက်လုံးရဲ့ နောက်ကြောင်းတွေက ထင်ထားသလောက် မရိုးရှင်းဘူးဆိုတာပါပဲ။ File size…(880 MB)/(500 MB) Quality….Webrip 1080p / 720p Format…mp4 Duration….00:47:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated ...
7.2
TMDb: 7.2/10 5 votes
tv

The Doll Factory (2023)

2023
Analog Squad (2023) 7.25
Analog Squad (2023) အမှတ်တမဲ့မှ အမှတ်တရသို့ (၂၀၂၃)ဇာတ်လမ်းအကျဉ်းလေးကတော့ သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ယောက်ဖြစ်တဲ့ Pond ဟာ နှစ် ၂၀ ကြာကွဲကွာနေတဲ့ နာမကျန်းတဲ့ဖခင်ဖြစ်သူနဲ့ပြန်ဆုံစည်းဖို့အကြောင်းဖန်လာပါတော့တယ်။ မိန်းမဖြစ်သူက ကလေးတွေကိုခေါ်ပြီးထွက်ပြေးသွားခဲ့တာမို့ တခြားမိသားစုဝင်လည်းမရှိသလို ဖခင်ဖြစ်သူဆီကိုတစ်ယောက်တည်းမသွားချင်တဲ့ Pond က Lily, Keg နဲ့ Bung တို့ကို သူ့ရဲ့မိသားစုဝင်တွေအဖြစ်ဟန်ဆောင်ပေးဖို့ငှါးရမ်းလိုက်ပါတယ်။ဒီလိုနဲ့ Pond တို့ဟန်ဆောင်မိသားစု ဖခင်ဖြစ်သူရှိတဲ့ Phang Nga ကိုသွားရာကနေ အံ့ဩစရာအဖြတ်အပျက်တစ်ခုနဲ့ကြုံလာရပါတော့တယ်။ Phang Nga မှာနေထိုင်နေတဲ့ Bung တစ်ယောက် ဖခင်ဖြစ်သူ ကားတိုက်မှုဖြစ်ကြောင်းသတင်းကြားပြီး အိမ်ကိုချက်ချင်းပြန်လာရာကနေ သူ့အဖေမှာ နောက်ထပ်မိသားစုတစ်ခု ထပ်ရှိနေသေးကြောင်း သိလိုက်ရတဲ့အခါ ..။အညွှန်းကိုတော့ Lai Laii က ရေးးသားထားပြီးးတော့ ဘာသာပြန်ထားတာကတော့ Laii, Mary, Su Myat, Kppks တို့ ပဲ ဖြစ်ပါတယ်။Genre..... Drama Quality…. 1080p | 720p File size… 500MB } 250MB Format… mp4 Duration…. 1h 28min Subtitle…. Myanmar ...
7.25
TMDb: 7.25/10 4 votes
tv

Analog Squad (2023)

2023
HACK Crimes Online (2023) 4
HACK Crimes Online (2023) Hack: Crimes Online(2023) "ဆိုက်ဘာရာဇဝတ်မှုများ" IMDb-7.6/10Amazon mini tvကနေ ထုတ်လွှင့်ခဲ့ပြီး အိန္ဒိယမှာ ထင်ရှားတဲ့ ဆိုက်ဘာရာဇဝတ်မှု စုံစမ်းရေးအရာရှိ မစ္စတာအာမစ်ဒူဘေးရဲ့ ၀တ္ထုကိုအခြေခံထားတဲ့ တကယ်ဖြစ်ပျက်ခဲ့တဲ့ ဆိုက်ဘာရာဇဝတ်မှုတွေကို ရိုက်ကူးတင်ဆက်ထားတဲ့ စီးရီးပဲဖြစ်ပါတယ်။ ဒီအတွဲတစ်မှာတော့ အပိုင်းကိုးပိုင်းပါဝင်ပါတယ်။ဆိုက်ဘာရာဇဝတ်မှုဆိုတာက ရာဇဝတ်မှုပါပဲ။ဘယ်လိုရာဇဝတ်မှုလည်းဆိုတော့ အပြင်မှာခိုးဆိုးလုနှိုက်သတ်ဖြတ်ကြတဲ့ ရာဇဝတ်မှုတွေလိုမျိုးပဲ အခုခေတ်ထဲက အလွှာပေါင်းစုံမှာ ပြောနေကျ "လိုင်းပေါ်မှာ... လိုင်းပေါ်က..."ဆိုတဲ့စကားလို၊ လိုင်းပေါ်ကနေ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေပေါ့။ဒီမှာ ဘာပါလာလည်းဆိုတော့ ဟက်ခ်ကာဆိုတဲ့ပုဂ္ဂိုလ်တွေ။ ဟက်ခ်တယ်ဆိုတာ သူတပါး ပိုင်ဆိုင်မှုကို သူတပါးခွင့်မပြုပဲ ဝင်ရောက်ယူငင်သုံးစွဲကြတာလို့ပဲ ဆိုကြပါစို့။ ခေတ်ကြီးတိုးတက်လာတာနဲ့အညီ ကိုယ်ပိုင်ဆိုင်တဲ့ ငွေကြေးတွေကို ငွေသားအဖြစ်မဟုတ်ဘဲ ဒစ်ဂျစ်တယ်ငွေကြေးအဖြစ်နဲ့ အကောင့်ဖွင့် စုဆောင်းသိမ်းဆည်း သုံးစွဲလာကြပါတယ်။ဒီလိုပိုင်ဆိုင်မှုတွေကို ဟက်ခ်ပြီး ပိုင်ရှင်ရဲ့ခွင့်ပြုချက်မရှိဘဲ ခိုးယူတဲ့ ရာဇဝတ်မှုတွေ၊အဲဒါအပြင် လုပ်ငန်းနဲ့ပတ်သက်တဲ့အချက်အလက်တွေ ကိုယ်ရေးကိုယ်တာအချက်အလက်တွေ ဓာတ်ပုံတွေ၊ ဂိမ်းအကောင့်တွေထိ ခိုးယူကြတဲ့ရာဇဝတ်မှုတွေ၊ ခိုးယူရရှိလာတဲ့ အချက်အလက်တွေကိုချုပ်ကိုင်ထားပြီး ပိုင်ရှင်ကို ခြိမ်းခြောက်ငွေညှစ်တာမျိုး၊အလိုမတူပဲ ကာမရယူတာမျိုးလို ရာဇဝတ်မှုတွေကို အထူးဆိုက်ဘာရာဇဝတ်မှုနှိမ်နှင်းရေးခေါင်းဆောင် အရာရှိအရှူတို့ရှ် ဦးဆောင်တဲ့အဖွဲ့က ဒီဆိုက်ဘာရာဇဝတ်မှုတွေကို နှိမ်နှင်းဖော်ထုတ်အရေးယူကြပုံကို ရိုက်ကူးတင်ဆက်ထားပါတယ်။ဇာတ်လမ်းအကျဥ်းကတော့ ရှက်ခ်သီဆိုတဲ့ ဆင်းရဲတဲ့မိသားစုက မွေးလာတဲ့ ကောင်မလေးတစ်ယောက် ex ဖြစ်သူရဲ့ ...
4
TMDb: 4/10 1 votes
tv

HACK Crimes Online (2023)

2023
Frisky Boxer (2023)
Frisky Boxer (2023) မိုးကြိုးလက်သီးး (၂၀၂၃)ဆူမ်ခစ် ဖိချစ်ခဲန့်၊ဆာဟတ် မတ်ရိုင့်ထယင်မ်ထန်၊ဆိုင်ထောင်း ခနောင်ခေါင်၊ခွမ့်ဒေါက် ဆောက်ဖိခတ်တို့က နာမည်ကြီး သမိုင်းဝင်လက်ဝှေ့သမားတွေဖြစ်ကြတဲ့အပြင် အရမ်းချစ်ကြတဲ့သူငယ်ချင်းလေးယောက်လည်းဖြစ်ပါတယ်တစ်ရက် သူငယ်ချင်းလေးယောက်ကြား အချစ်ရေး၊ငွေကြေး နဲ့ ရန်ငြိုးပြဿနာတွေ ဝင်လာခဲ့ပြီး ဆက်ဆံရေးပျက်စီးသွားခဲ့ရင်း လက်ဝှေ့လောကကပါ ပျောက်ကွယ်သွားခဲ့တယ်ပျောက်ကွယ်သွားမှုနဲ့အတူ ပြည်သူတွေကြားထဲ သတင်းထွက်လာခဲ့တာ​က နှစ်၂၀ကြာရင် လေးယောက်လုံးပြန်ဆုံပြီးထိုးပွဲကျင်းပမယ့်သတင်းပါပဲနှစ်၂၀ကြာပြီးနောက် ဆိုင်ဖဆိုတဲ့ကောင်လေးက လက်ဝှေ့လောကထဲကို အကြောင်းတစ်ခုနဲ့ဝင်လာခဲ့ပြီး ကွယ်ဝှက်ထားတဲ့လက်ဝှေ့ဆရာနှစ်ဦးရဲ့သမီးနှစ်ယောက်နဲ့ မရေရာတဲ့အချစ်ဆက်ဆံရေးလေးတွေရှိလာခဲ့တယ်လက်ဝှေ့ဆရာလေးဆူကရော ကတိအတိုင်း နှစ်၂၀ကြာပြီး ပညာပြိုင်ပွဲကျင်းပမှာလား အရမ်းချစ်ကြတဲ့သူငယ်ချင်းတွေ ဘာလို့ခါးခါးသီးသီးမုန်းသွားခဲ့ရတာလဲ ဆိုင်ဖကရော သူ့ရည်မှန်းချက်အတိုင်း လက်ဝှေ့လောကမှာ အဆင်ပြေလာပါ့မလား သူ့ရဲ့ဖူးစာရှင်ကရောဘယ်သူဖြစ်မလဲဆိုတာ "မိုးကြိုးလက်သီး" ဇာတ်လမ်းတွဲမှာကြည့်ရှုရမှာပဲဖြစ်ပါတယ်အညွှန်းကိုတော့ Kyi Nue Zin က ရေးးသားထားပြီးးတော့ ဘာသာပြန်ထားတာကတော့ Kyi Nue Zin and Nang Mwe Kham ပဲ ဖြစ်ပါတယ်။Genre..... Sports, Drama Quality…. 1080p File size…400MB Format… mp4 Duration…. 1h 28min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Kyi Nue Zin & ...

Frisky Boxer (2023)

2023
The Village (2023) 4.6
The Village (2023) The Village 2023 ရွာပျက်ကြီးရဲ့ဒဏ္ဍာရီ IMDb -5.3/10တစ်ခါလာလည်း တစ်ယောက်နဲ့အယောက် ၁၀၀ ချ တစ်ခါလာလည်း သီချင်းလေးဆိုပြီးကနေတဲ့ ဘောလိဝုဒ်ကားတွေ ငြီးငွေ့လှပါပြီဆိုတဲ့ CM ပရိသတ်တို့ တစ်ခါကြည့်မိ တစ်သက်စွဲငြိသွားမယ့် Horror Thriller စီးရီးလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါပြီ။ အိန္ဒိယရဲ့ ပထမဆုံး graphic novelကို အခြေခံပြီး ရိုက်ကူးထားတဲ့စီးရီးလေးဆိုတော့ ဘယ်လိုလာမလဲဆိုတာ ကြည့်ရှုခံစားလိုက်ရအောင်ပါ။ |အဝေးပြေးလမ်းမကြီးရဲ့ဘေးနားလေးမှာ လူမသိသူမသိ စွန့်ပစ်ရွာလေးတစ်ရွာဖြစ်တဲ့ကတ်တီရယ်ရွာလေး၊ အမြန်လမ်းမကြီးရဲ့ လမ်းအခွဲလေးတစ်ခု‌ဘေးမှာဖြစ်တာကြောင့် လူသူအရောက်အပေါက်နည်းတယ်လို့သာ အပြင်လူတွေက သိထားကြပေမဲ့ ရွာနီးစပ်ချုပ်ကလူတွေကတော့ နာမည်ကြားရုံနဲ့တင် ဖိန့်ဖိန့်တုန်အောင် ကြောက်ကြပါသတဲ့။အကြောင်းကတော့ ဒီရွာမှာ သရဲတစ္တေတွေကျက်စားတယ်ဆိုတဲ့သတင်းစကားနဲ့အတူ ရွာပျက်ကြီးဟာ အဝင်ရှိပေမဲ့ အသက်ရှင်လျက် ပြန်ထွက်လာနိုင်သူမရှိလို့ပါပဲ။ ဒေါက်တာဂေါ်သမ်တစ်ယောက် သမီးလေးနဲ့မိန်းမကိုခေါ်ပြီး ချန်နိုင်းကိုသွားဖို့ အဝေးပြေးလမ်းကနေ ကားနဲ့ထွက်လာတာပေါ့။ ဖြစ်ချင်တော့ လမ်းမှာကားမှောက်ထားလို့ ရဲမှုရဲခင်းစစ်ဆေးနေတာနဲ့ကြုံပြီး လမ်းပိတ်တာနဲ့တိုးပါတော့တယ်။ အမှုစစ်တာကြာဦးမှာကို မစောင့်ချင်တဲ့ဒေါက်တာဂေါ်သမ်တစ်ယောက် သူ့ဘဝအတွက် အိပ်မက်ဆိုးဖြစ်လာမယ့်ဆုံးဖြတ်ချက်ကိုချပြီး ကတ်တီရယ်ရွာကိုဖြတ်သွားရတဲ့ လမ်းခွဲကနေ ချန်နိုင်းကိုခရီးဆက်ဖို့လုပ်ပါတော့တယ်။ လမ်းကသံချောင်းတွေကြောင့် ကားဘီးပေါက်သွားတော့ ဂေါ်သမ်တစ်ယောက် မိန်းမနဲ့သမီးလေးကို ကားပေါ်ထားခဲ့ပြီး အကူအညီတောင်းဖို့ ...
4.6
TMDb: 4.6/10 8 votes
tv

The Village (2023)

2023
Tatlubaaz (2023) 5
Tatlubaaz (2023) Tatlubaaz (TV Series)(2023) "လူလိမ် ဘူလ်ဘူလ်" IMDb-5.5/10ရုပ်သံဇာတ်လမ်းတွဲ မင်းသားချော Dheeraj Dhooparရဲ့ စီးရီးကောင်းလေးတတွဲကိုတင်ဆက်ပေးလိုက်ပါတယ်။ဘူလ်ဘူလ်တျာဂီဆိုတာ တမြို့လုံးကို နည်းအမျိုးမျိုးနဲ့ပတ်လိမ်နေတဲ့ လူတစ်ယောက်။ ချမ်းသာကြွယ်၀တဲ့ဘ၀ကို မသမာတဲ့နည်းနဲ့ရယူဖို့ရာ ကြိုးစားနေတဲ့သူ။ သူ လက်ရှိနေထိုင်နေတဲ့မြို့မှာ ဖမ်း၀ရမ်းတွေလည်းအထုတ်ခံရ လိမ်လိုက်တဲ့လူတွေကလည်း လိုက်ရှာနေတာကြောင့် အချီကြီးကြံဖို့အရေး ဘနာရတ်ဆ်မြို့ကိုပြေးပါတော့တယ်။ ဘနာရတ်ဆ်ဆိုတာ ဒေလီလို နိုင်ငံရေးတွေနဲ့မြို့ မွမ်ဘိုင်းလို အိပ်မက်တွေနဲ့မြို့မဟုတ်ဘဲ အခွင့်အရေးတွေ အလားအလာတွေရှိတဲ့မြို့လို့ ခေါ်ကြတယ်။ အဲဒီလိုမြို့ကိုမှ ဘူလ်ဘူလ်တျာဂီတစ်ယောက် အချီကြီးလိမ်ဖို့အရေးကြံဖို့ကြိုးစားနေတုန်းမှာပဲ ဒီရှာနဲ့ အစ္စဘဲလီထောင်ချောက်ဆင်ထားတဲ့ ရာဇဝတ်မှုမြောက်များစွာနဲ့ ဒုက္ခတွင်းကြီးထဲကို သက်ဆင်းမိပါတော့တယ်။ဘူလ်ဘူလ်တျာဂီတစ်ယောက် သူ့အကြံအစည်ပဲ အောင်မြင်အထမြောက်မလား ဒုက္ခတောထဲမှာပဲ တဝဲလည်လည်နဲ့ လမ်းပျောက်သွားမလားဆိုတာ။ အိန္ဒိယလူလိမ်ရုပ်ရှင်ကားကောင်းတွေလိုပဲ တစ်ယောက်ပေါ်တစ်ယောက် ကွက်ကျော်ရိုက်တာတွေကို ရိုက်ကူးတင်ဆက်ထားတဲ့အတွက် ကြည့်ရှုခံစားကြပါဦး။(အညွှန်းကို‌တော့ Vမှ ရေးသားပေးထားပြီး ဘာသာပြန်ကတော့ Thaik Sanပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )File Size – 500MBQuality – 1080p WEB DL Duration – 24minsTotal Episodes: ...
5
TMDb: 5/10 2 votes
tv

Tatlubaaz (2023)

2023
Secret Playlist (2023) [Complete] 5
Secret Playlist (2023) [Complete] Secret Playlist (2023)**********************အပိုင်း (၁ မှ ၈) စ/ဆုံး ဆုန်းဟန်ဂျူဆိုတဲ့ တက္ကသိုလ်ကျောင်းသူလေးဟာ သူမရဲ့သရုပ်မှန်ကို ဖုံးကွယ်ပြီးPlii ဆိုတဲ့နာမည်နဲ့ အင်တာနက်မှာ Cover songတွေကို သီဆိုနေတဲ့ဝါသနာရှင်အဆိုတော်မလေးတစ်ယောက်ပါ။နာမည်ကြီး အိုင်ဒေါအဖွဲ SEZရဲ့  အဖွဲဝင်တစ်ယောက်ဖြစ်တဲ့ အီဒိုဂုကသူ့တစ်ကိုယ်တော်အယ်လ်ဘမ်အတွက် သီချင်းပေါင်းထုတ်ချင်လို့Plii ဆိုတဲ့ အင်တာနက်ပေါ်က အဆိုတော်မလေးကို လိုက်ရှာနေရင်းမထင်မှတ်ထားဘဲ ဟန်ဂျူနဲ့ ဒိုဂုတို့က တက္ကသိုလ်မှာ အတန်းဖော်တွေ ဖြစ်လာပါတော့တယ်။အတန်းအတူတူ တက်ရင်းနဲ့ ဟန်ဂျူတစ်ယောက် သူ့ရဲ့သရုပ်မှန်ကို ဆက်ပြီး ဖုံးကွယ်ထားနိုင်ပါ့မလား။ဒိုဂုကရော Pliiနဲ့အတူ ပူးပေါင်းပြီး သီချင်းထုတ်နိုင်ပါ့မလားဆိုတာ ကြည့်ရှုလိုက်ကြပါဦး။ဒီ Series လေးကတော့ အပိုင်း၈ပိုင်းရှိပြီး စနေနေ့တိုင်း ၂ပိုင်းစီ ထွက်ရှိမှာပဲဖြစ်ပါတယ်။ Aired: Nov 18, 2023 - Dec 9, 2023 Aired On: Saturday Genres: Romance, Youth, Drama Duration: 50 mins Episodes: 8 Original Network: TVING Translated by  ...
5
TMDb: 5/10 1 votes
tv

Secret Playlist (2023) [Complete]

2023
A Nearly Normal Family (2023) 7.115
A Nearly Normal Family (2023)  "သမီးတစ်ကောင် နွားတစ်ထောင်"ဆိုတဲ့ စကားပုံလေးကိုတော့ လူတိုင်းနီးပါးလောက်သိကြမှာပါ။ သမီးတစ်ယောက်ကို မွေးပြီး ပြုစုပျိုးထောင်ရတဲ့ အလုပ်က အင်မတန်မှလည်းခက်ခဲလှပါတယ်။ သမီးမိန်းကလေးရှိတဲ့ မိဘတွေဆို အသိဆုံးဖြစ်မှာပါ......အဲဒီလိုနဲ့ သမီးလေးက အရွယ်ရောက်အိမ်ထောင်ကျပြီးသွားရင်လည်း သူ့အမျိုးသားက ထိန်းသိမ်းရပြန်ပါတယ်။ သူ့ ဇနီးလေး လိုချင်တာရဖို့ ပျော်ရွှင်နေစေဖို့ အပူအပင်မရှိဖို့ ကြိုးစားအားထုတ်ရတာပါ။ အိမ်ထောင်သည် ယောက်ျားတိုင်းကို မဆိုလိုပေမဲ့ တာဝန်သိတတ်တဲ့ ယောက်ျားတွေကတော့ ဒီ တာဝန်ကို ကျေပွန်ကြတာချည်းပါပဲ..........ဒီကားလေးကတော့ နာမည်ကိုက "ပုံမှန်နီးပါး မိသားစု"တဲ့..... ပုံမှန်ဆိုလည်း ပုံမှန် ထူးခြားတယ်ဆိုလည်း ထူးခြားတယ်ပေါ့..... ဘာလို့ ပုံမှန်နီးပါး ဖြစ်နေရတာလဲ ဟုတ်ပါတယ် ပုံမှန်နီးပါးလေးပါပဲ......ဇာတ်လမ်းလေးထဲမှာ မင်းသမီးလေးက အားကစားသမားလေးတစ်ယောက်ပါ သူ့အသက် ၁၅နှစ်မှာ ပြိုင်ပွဲသွားပြိုင်ရင်း လက်ထောက် နည်းပြကို မြူဆွယ်သလိုဖြစ်သွားတာကြောင့် မုဒိန်းကျင့်ခံလိုက်သလို ဖြစ်သွားပါတယ်....."သလို"တွေထည့်ထားတာက "သလို"တွေလိုကို ဖြစ်နေလို့ပါ......အဲဒါနဲ့ သူ့ကိုစစ်ဆေးကြည့်တော့လည်း ရုန်းရင်းဆန်ခတ်ဖြစ်တာတွေဘာတွေမတွေ့တော့ တရားကလည်းစွဲလို့မရ.....သူကိုယ်တိုင်ကလည်း လက်ခံသလိုလို.....ငြင်းသလိုလိုဖြစ်နေတာလည်းပါမှာပေါ့......အဲဒါနဲ့ သူအရွယ်ရောက်လာတဲ့အချိန် အဲဒီလိုပဲ ...
7.115
TMDb: 7.115/10 27 votes
tv

A Nearly Normal Family (2023)

2023
Kumari Srimathi (2023) 6.5
Kumari Srimathi (2023) Kumari Srimathi (2023) "အပျိုကြီး ဒေါ်ရှရီမာသီ" IMDb-7.2/10 Amazon Prime Videoကနေ ထုတ်လွှင့်ခဲ့တဲ့ အပိုင်းခုနစ်ပိုင်းနဲ့ တောင်ပိုင်းအိန္ဒိယစီးရီးကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းတွဲရဲ့ နာမည်ကိုက ခပ်ဆန်းဆန်း၊ "Kumari"ဆိုတာ လက်မထပ်ရသေးတဲ့ အမျိုးသမီး၊ အပျို လူလွတ်ပေါ့။ "Srimathi"ဆိုတာက အိမ်ထောင်သည်အမျိုးသမီးတဲ့။ဒီတော့ လက်မထပ်ရသေးတဲ့ အိမ်ထောင်သည်အမျိုးသမီးလို့ အဓိပ္ပါယ်ထွက်နေပေမယ့်လည်းအဲဒါမျိုးတော့မဟုတ်ပါဘူး။ အပျိုကြီးဒေါ်ရှရီမာသီရဲ့ ဘိုးဘွားပိုင်အိမ်ကြီးကို ကာကွယ်ဖို့ ပိုင်ဆိုင်ဖို့ကြိုးစားရုန်းကန်ပုံကို ရှုမြင်ခံစားကြရမှာပါ။ အဓိကဇာတ်ကောင်အနေနဲ့ကတော့ ဘောလိ၀ုဒ်ပရိသတ်ကြီးနဲ့ မစိမ်းလှတဲ့ မင်းသမီးချောနီသ်ယာမီနန်သရုပ်ဆောင်ထားပါတယ်။ မင်းသမီးနီသ်ယာဆိုတာ ကလေးဘ၀ကတည်းက ဟာနုမာန်ဆိုတဲ့ နိုင်ငံခြားရုပ်ရှင်ထဲမှာပါဝင်သရုပ်ဆောင်ခဲ့တဲ့သူလည်းဖြစ်တယ်။တခါတုန်းက ဂိုဒါဗာရီမြစ်ကြီးရဲ့ ကမ်းစပ်မှာ ရာမာရာဂျူလန်ကာဆိုတဲ့ ရွာလေးတစ်ရွာရှိတယ်။ လယ်သမားလေးတစ်ယောက်က အဲဒီရွာမှာ အိမ်ဆောက်ချင်တဲ့ဆန္ဒဇောနဲ့အတူ အလုပ်တွေကြိုးစားလုပ်ခဲ့လိုက်တာ နောက်ပိုင်းမှာတော့ သူ့ဆန္ဒပြည့်၀ခဲ့ပါတယ်။အဲဒီအိမ်ကြီးဆောက်ပြီးကတည်းက မိသားစုရဲ့စီးပွားလာဘ်လာဘတွေ တိုးပွားလာခဲ့တာဆိုပြီး ဒီအိမ်ကြီးကိုဘယ်လိုအခြေအနေမျိုးမှာပဲ ဖြစ်ပါစေ ရောင်းချခြင်းမပြုဖိုး သားတွေကိုမှာထားခဲ့တယ်။ ရှရီမာသီကတော့ အဲဒီလယ်သမားလေးရဲ့ မြစ်တော်စပ်သူပေါ့။အဘိုးဖြစ်သူက ရှရီမာသီငယ်ငယ်ကတည်းက သူ့အဖေမှာသလိုပဲ ရှရီမာသီတို့ကို ကတိတောင်းခဲ့တယ်။ သူသေတာပဲဖြစ်ဖြစ် မသေခင်မှာပဲဖြစ်ဖြစ် အိမ်ကြီးကိုဘယ်တော့မှမရောင်းဖို့ပေါ့။ ရှရီမာသီ အရွယ်ရောက်လာပြီး အဘိုးဖြစ်သူရော အဖေဖြစ်သူရောမရှိတော့တဲ့အချိန်မှာတော့ ဦးလေးဖြစ်သူက အိမ်ပေါ်ကနေ ကန်ချလိုက်တယ်။နောက်ပြီး ဘိုးဘွားပိုင်အိမ်ကြီးကို ရောင်းဖို့လုပ်တဲ့အတွက် တရားရုံးမှာ အမွေလုဖို့ ...
6.5
TMDb: 6.5/10 2 votes
tv

Kumari Srimathi (2023)

2023
Frasier (2023) 7.0
Frasier (2023) Frasier (2023) =========== IMDb Rating - 7.0/101993-2004 ကထွက်ခဲ့တဲ့ Fraiser sit-coms ရဲ့ နောက်ဆက်တွဲ sitcom စီးရီးဖြစ်ပါတယ်။ Fraiser စီးရီးက ၂၀၀၀ ခုနှစ်အစောပိုင်းကထွက်ခဲ့တဲ့ နာမည်ကြီး sitcom စီးရီးတွေထဲမှာ Friend, The Office.Fresh Prince of Bel-air စတဲ့ sitcoms တွေနဲ့ အပြိုင်ဖြစ်ခဲ့တာ ဖြစ်ပါတယ်။နာမည်ကြီး ဒေါက်တာဖရေဆာခရိန်းရဲ့  တီဗီအစီအစဉ်တင်ဆက်သူဘဝကို sitcoms ဇာတ်လမ်းတွဲအဖြစ် ဖန်တီးထားပြီး Ratiing တွေမှာဆိုလည်း ၈.၅ အထိ ရခဲ့တဲ့အထိအောင်မြင်ခဲ့ပါတယ်။အခုထွက်ရှိလာတဲ့ Fraser စီးရီးက ဖခင်နေရာကို ရောက်လာတဲ့ ဖရေဆာ ခရိန်းဟာ ချီကာဂိုက နာမည်ကြီးတီဗီ အစီအစဉ်တင်ဆက်သူဘဝကနေ အနားယူပြီး သားရှိတဲ့ နယူးယောက်မြို့ကိုရောက်လာပါတယ်။ မပြေလည် သေးတဲ့ သားအဖေနှစ်ယောက်ကြား ဆက်ဆံရေးကိုပြေလည်အောင်ညှိနှိုင်း ရင်း သူငယ်ငယ်ကတက်ခဲ့တဲ့ ဟားဗက်တက္ကသိုလ်မှာ လက်ချာဆရာဖြစ်လာ တဲ့ အခါမှာ..ဘဝအသစ်တစ်ဖန်ပြန်စရင်း ဖရေဆာခရိန်းတစ်ယောက် sitcoms လောကထဲကို ပြန်ဝင်လာခဲ့ပါပြီ။Sitcoms ဇာတ်လမ်းတွဲတွေကို ကြည့်နေကြဆိုရင်တော့ ဒီဇာတ်လမ်းတွဲက လည်း သေချာပေါက်စောင့်ကြည့်သင့်တဲ့ ဇာတ်လမ်းထဲမှာပါပြီး၊ ဖရေဆာခ ရိန်းကြီးရဲ့ ...
7.0
TMDb: 7.0/10 2900 votes
tv

Frasier (2023)

2023
A Bloody Lucky Day (2023) [Complete]
A Bloody Lucky Day (2023) [Complete] A Bloody Lucky Day (2023) ***************************** အပိုင်းသစ် (၁ မှ ၁၀) စ/ဆုံး တက္ကစီဒရိုင်ဘာအဖြစ် လုပ်ကိုင်နေတဲ့ Oh Taek တစ်ယောက် တစ်နေ့မှာတော့ ကိုးရီးယားလူမျိုးတွေ အယူအရ ကံကောင်းပြီး ငွေဝင်တယ်ဆိုတဲ့ ဝက်အိပ်မက်ကိုမက်ပါတယ်။ အိပ်မက်အတိုင်း လူတစ်ယောက်က သူ့ကို မို့ဖိုဆိပ်ကမ်းမြို့ကို ပို့ပေးရင် ငွေ(၁) မီလီယံဝမ်ပေးမယ်ဆိုပြီး ကမ်းလှမ်းခံရပါတော့တယ်။ Oh Taek ကတော့ ပျော်ပြီး ကမ်းလှမ်းချက်ကို လက်ခံလိုက်ပေမဲ့ သူ့ကားကို လာငှားတဲ့သူက လူတွေကို ရက်ရက်စက်စက် သတ်ပြီး လှေနဲ့ထွက်ပြေးဖို့ ကြံနေတဲ့ ကွင်းဆက်လူသတ်သမား Hyuk Soo ဖြစ်နေပါတော့တယ်။ Hyuk Soo တစ်ယောက် သူ့အကြံအတိုင်း ထွက်ပြေးလွတ်‌မြောက်သွားနိုင်မလား...။ Oh Taek ကရော Hyuk Soo က လူသတ်သမားဆိုတာကို ရိပ်မိသွားမှာလားဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။အဓိက Cast တွေအနေနဲ့ Hospital Playlist ထဲက ဘုန်းကြီးဝတ်ချင်တဲ့လူရိုးလေး Yoo Yeon Seok ကို ဇာတ်ကောင်သစ်ဖြစ်တဲ့ ကွင်းဆက်လူသတ်သမားအဖြစ် ...

A Bloody Lucky Day (2023) [Complete]

2023
The Irrational (2023) 7.0
The Irrational (2023) The Irrational (2023) ================ IMDb Rating - 7.0/10CM ပရိသတ်တွေအတွက် နောက်ထပ် သဲထိပ်ရင်ဖို စုံထောက်ကားတစ်ခု ထွက်ရှိလာပါပြီ။ ဇာတ်လမ်းတွဲရဲ့ နာမည်အတိုင်း လူတွေရဲ့မူမမှန်ယုတ္တိမဆန် တဲ့ လုပ်ရပ်တွေ၊ ဆင်ခြင်တုံတရားကင်းမဲ့တဲ့အကြောင်းတွေကို စိတ်ဝင်စားဖို့ ကောင်းအောင် စုံထောက်ဇာတ်လမ်းပုံစံပြန်ပြီးဖန်တီးပေးထားတာပါ။ ဒီဇာတ် ကားမှာတော့ "The Flash" ဇာတ်လမ်းတွဲထဲက Joe West အနေနဲ့ သရုပ်ဆောင် ခဲ့တဲ့ သရုပ်ဆောင်လည်းဖြစ် ပရိုဂျူဆာနဲ့ ဒါရိုက်တာလည်းဖြစ်တဲ့ Jesse L. Martin ကိုယ်တိုင်ပါဝင်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ထွက်နေဆဲကာလအတွင်းမှာပဲ IMDB rating 7.0 အပြင် Rotten Tomaotoes မှာ Audience Score 77ရာခိုင်နှုန်းအထိရရှိထားတာဖြစ်တဲ့အပြင်ကို ဇာတ်လမ်းဇာတ် သွားကလည်း တစ်ပိုင်းနဲ့တစ်ပိုင်းမတူဘဲ မှုခင်းနဲ့ပတ်သက်တဲ့ရသမျိုးစုံကို မတူညီတဲ့ ရှုထောင့်ကနေရိုက်ပြထားတာဖြစ်တဲ့အတွက် ဇာတ်ခံနဲ့ပတ်သက်ပြီးတော့ လုံးဝအပြစ် ပြောစရာမရှိပါဘူး။ဇာတ်လမ်းအကျဉ်း - အဲလက်မာဆာဆိုသူဟာ လူတွေရဲ့အမူအကျင့်နဲ့ပတ်သက်တဲ့ အမူအကျင့်ပိုင်းဆိုင်ရာ စိတ်ပညာမှာ ကမ္ဘာထိပ်ထိန်းသိပ္ပံပ့ညာရှင်တစ်ဦးဖြစ်ပါတယ်။ လူတွေရဲ့ စိတ်ပိုင်းဆိုင် ရာနဲ့ပတ်သက်လာပြီဆိုရင် တခြားသူတွေနဲ့ ချဉ်းကပ်ပုံချင်းမတူတဲ့ တမူထူးခြားတဲ့ သူ့ရဲ့နည်းလမ်းတွေကြောင့် အက်ဖ်ဘီအိုင်ကနေ အရေးကြီးတဲ့မှုခင်းဆိုင်ရာ ကိစ္စတွေ မှာဆိုရင် သူ့ကိုအကူအညီတောင်းလေ့ရှိပါတယ်။ အပိုင်း ...
7.0
TMDb: 7.0/10 2600 votes
tv

The Irrational (2023)

2023
The Couple Next Door (2023) 5.3
The Couple Next Door (2023) The Couple Next Doors (2023) ============ Drama., ThrillerThriller ဇာတ်လမ်းတွဲကောင်းကောင်း ကြည့်ချင်တဲ့လူတွေ အကြိုက်တွေ့ စေမယ့် ဘေးအိမ်ကစုံတွဲ The Couple Next Door ဖြစ်ပါတယ်။ Open relationship အကြောင်းကိုကောင်းကောင်း ရိုက်ပြထားတဲ့ စုံတွဲ ၂ တွဲရဲ့ အကြောင်းပါ။ကလေးအရမ်းလိုချင်ပေမယ့် ကလေးမရနိုင်တဲ့ ပီတာနဲ့ အီဗီတို့စုံတွဲဟာ ရပ်ကွက်ငယ်လေးတစ်ခုကို ပြောင်းလာပါတယ်။ ဘေးအိမ်က သူတို့ရဲ့အိမ် နီးချင်းဖြစ်လာတဲ့ ဒန်နီနဲ့ ဘက်ကာဆိုတဲ့ စုံတွဲရှိပါတယ်။ ဒန်နီဟာ ခန္တာကိုယ် တောင့်တောင့်ဖြောင့်ဖြောင့်နဲ့ မက်မောလောက်စရာရုပ်ရည်နဲ့ ရဲအရာရှိတစ်ဦး ပေါ့။ ဘက်ကာကလည်း ယောက်ျားသားတွေ ငေးကြည့်ရတဲ့ ယောဂဆရာမ၊ သူတို့နှစ်ဦးရဲ့ relationship ဟာ လုံးဝ open ပဲ၊ ကလေးတစ်ယောက်ရထား ပေမယ့် ကိုယ်ကြိုက်တဲ့ လူနဲ့ စိတ်ကြိုက်ဖောက်ပြန်ခွင့် အတူနေခွင့်ပြုထား တယ်။ အိပ်ချင်တဲ့သူနဲ့ အိပ်တယ်၊ လူရိုးလေးတို့စုံတွဲ ပီတာနဲ့ အီဗီကလည်း ခင် မင်လာကြရင်း သူတို့နဲ့ မြည်းစမ်းကြည့်ကြဖို့ အကြောင်းဖန်လာပြီး ကိစ္စတွေက ထင်ထားတာထက် ရှုပ်လာတဲ့အခါမှာ...ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို ကြည့်ရမှာပါ။အများကြီးပြောမနေတော့ပဲ ရိုးရိုးလေးနဲ့ ...
5.3
TMDb: 5.3/10 1812 votes
tv

The Couple Next Door (2023)

2023
The Santa Clauses – Season (01), (02) 6.3
The Santa Clauses – Season (01), (02) The Santa Clauses - Season (01), (02)===========================IMDb Rating - 6.3/10 ♪ Jingle bells, Jingle bells, Jingle all the way ♪ ခရစ်စမတ်ရာသီရောက်လာရင် ဆန်တာကလော့စ်ရဲ့ ဇာတ်လမ်းလေးတွေကို ကြည့်ရတာ မရိုးနိုင်တဲ့ ရိုးရာတစ်ခုဖြစ်လိုနေပါပြီ။ အခုနှစ်မှာတော့ Disney+ ကနေ The Santa Clauses ဆိုတဲ့ ခရစ်စမတ်ရာသီစာ comedy-fantasy စီးရီးတစ်ခုကို ထုတ်လွှင့်ပေးလိုက်ပါတယ်။ဒီစီးရီးက ၂၀၀၀ ခုနှစ်ဝန်းကျင်တွေက ထွက်ရှိခဲ့တဲ့ The Santa Clause (1)(2) (3) ရုပ်ရှင်တွေရဲ့ အဆက်လို့လည်း ပြောလို့ရပါတယ်။ အခုစီစန်မှာတော့ ဆန်တာ ကလော့စ်ရာထူးကို နောက်ဆုံးလက်လွှဲယူထားတဲ့သူက စကော့ကယ်လ်ဗင်ပါ။သူက အသက် ၆၅ နှစ် ရှိနေပြီဖြစ်တာမို့ သူ့ရဲ့မှော်အစွမ်းတွေ တဖြည်းဖြည်းကျ ဆင်းလို့လာနေပါပြီ။ ဒါကြောင့် သူပင်စင်ယူပြီးရင် သူ့ရဲ့ ဆန်တာရာထူးကို ဆက်ခံ နိုင်မဲ့လူကို ရှာပုံတော်ဖွင့်ရမှာ ဖြစ်ပါတယ်။ ဒီကြားထဲမှာလည်း ...
6.3
TMDb: 6.3/10 9600 votes
tv

The Santa Clauses – Season (01), (02)

2023
Obliterated (2023) 6.5
Obliterated (2023) Obliterated (2023) ============== IMDb Rating - 6.5/10Action, Comedy အမျိုးအစား ကြိုက်တဲ့သူတွေအတွက် တကယ့် ရွှေဖြစ်မယ့် ဇာတ်လမ်းတွဲလေးတစ်ခုတင်ဆက်ပေးချင်ပါတယ်။ Hangover လို ပေါက်တတ် ကရလုပ်တဲ့ ရုပ်ရှင်မျိုးနဲ့ Seal Team လိုမျိုး အထူးတပ်ဖွဲ့ကို ရောသမမွှေထားတဲ့ ဇာတ်လမ်းတွဲပါ။ တကယ်လည်း ရယ်ရသလို၊ အက်ရှင်ပိုင်းကလည်း အဆင်ပြေ ပြေနဲ့ ကြည့်လို့ကောင်းပါတယ်။(၁၈+ ပြကွက်တွေ၊ အဖော်အချွတ်တွေ၊ ရိုင်းစိုင်းကြမ်းတမ်းတဲ့ အသုံးအနှုန်းတွေ ဖောဖောသီသီပါဝင်တာမို့ မိသားစုနဲ့အတူ ကြည့်ရှုရန် မသင့်တော်ကြောင်း ကြိုတင် အသိပေးလိုက်ချင်ပါတယ်။)ဇာတ်လမ်းအကျဥ်း ---------------- လပ်ဗေးဂတ်စ်မှာ အဏုမြူဗုံးတိုက်ခိုက်မယ်လို့ သတင်းရတဲ့အတွက် အေဗာဝန်း တားနဲ့ အထူးတပ်ဖွဲ့ဟာ စီးပွားရေးသမား အိုင်ဗန် ခေါ့စလော့ကို ဝင်ရောက်ဖမ်းဆီး ခဲ့သလို အဏုမြူဗုံးကိုပါသိမ်းဆည်းနိုင်ခဲ့ပါတယ်။ ဒီလိုနဲ့ မစ်ရှင် အောင်မြင်ပြီဆိုပြီး အေဗာတို့ အဖွဲ့သားတွေလည်းပါတီကျင်းပပြီး မီးကုန်ယမ်းကုန် ကဲကြပါတော့တယ်။ ဒါပေမယ့် တကယ်တမ်း သူတို့ သိမ်းဆည်းရခဲ့တဲ့အဏုမြူဗုံးဟာ အတုဖြစ်နေပြီး ခေါ့စလော့ကို မလွှတ်ပေးရင် လပ်ဗေးဂတ်စ်မြို့ကို ဗုံးခွဲတိုက်ခိုက်မယ်ဆိုပြီး ခေါ့စ လော့ရဲ့ လူတွေက ခြိမ်းခြောက်လာပါတယ်။ ဒါကို အေဗာတို့အဖွဲ့သားတွေ ဘယ်လို ရင်ဆိုင်ဖြေရှင်းကြမလဲဆိုတာကို ...
6.5
TMDb: 6.5/10 3600 votes
tv

Obliterated (2023)

2023
Jom Jon Dok Mai Khao (2023) 4
Jom Jon Dok Mai Khao (2023) "ပန်းဖြူအသွင်နဲ့ဓားပြ" မြန်မာစာတန်းထိုးရဲအုပ်ကစ်ကောင့် အဖြစ် Point cholawit ဘွတ်စဘာ အဖြစ် Noolek thithinan sanlaလက်ရည်ကြွယ်တဲ့ရဲအုပ်ကစ်ကောင့်ဟာ ပန်းဖြူအသွင်ဓားပြတိုအဖွဲကို ဖမ်းဖို တာဝန်ကျခဲ့ပါတယ်သူဟာ တာဝန်ထမ်းဆောင်ဖို ရွာဘက်ကိုရောက်လာချိန်မှာ သဘောမနောကောင်းတဲ့မိန်းမချောလေးဘွတ်စဘာကို ချစ်ကြိုက်မိခဲ့ပါတယ်ဘွတ်စဘာက ဆီယာငင်းကမွေးစားထားတဲ့ မိဘမဲ့တစ်ယောက်ဖြစ်တဲ့အပြင်သူမဖခင်အရင်း သမန်းကျားကိုသတ်တဲ့မုဆိုးကို လိုက်ရှာနေသူပါကံမကောင်းစွာနဲ့ ကစ်ကောင့်ဟာ သူဖမ်းဆီးရမဲ့ဓားပြအဖွဲမှာ ဘွတ်စဘာကဦးဆောင်နေမှန်း သိရချိန်မှာတော့ဘွတ်စဘာကို ကစ်ကောင့်တစ်ယောက် ဖမ်းရက်မလားသူချစ်သူဘွတ်စဘာကို ဆက်ချစ်မလား လက်လွှတ်ခဲ့မလားဘွတ်စဘာရော သူ့ဖခင်ကိုသတ်တဲ့သူကိုတွေ့မလားဇာတ်သိမ်းကို ရင်ခုန်စွာနဲ့စောင့်ကြည့်ရမဲ့ “ပန်းဖြူအသွင်နဲ့ဓားပြ”ဇာတ်လမ်းတွဲမှာ ရသမျိုးစုံခံစားရင်း ကြည့်ရှုရအောင်ပါ(အညွှန်းရေးသားသူမှာ Lei Wutyi Tun ဖြစ်ပါသည်)Translated by Nang Mwe Kham & Fake love & Lei Wutyi TunGenre..... Drama Quality….. 720p File size… 500MB Format… mp4 Duration…. 48min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Nang Mwe ...
4
TMDb: 4/10 40 votes
tv

Jom Jon Dok Mai Khao (2023)

2023
The Red Apple (2023) 3
The Red Apple (2023) Akai Ringo / The Red Apple (2023)ယခု CM က လက်ရှိ Manga တောင်ထွက်နေဆဲဖြစ်ပြီး Ongoing Manga ကို live action ပြန်ရိုက်ထားတဲ့ 18+ ဂျပန်စီးရီးလေးနဲ့မိတ်ဆက်ပေးပါရစေ။ Manga မှာလည်း ရှယ်ပေါက်ခဲ့ပြီး Live action မှာလည်း နာမည်ကြီးခဲ့တဲ့ ၁၀ပိုင်းပဲပါတဲ့ အချောလေးများစီးရီးပါ။ ၂၀၅၀ ကို အခြေတည်ထားပြီး ဂျပန်နိုင်ငံမှာ ၂၀၃၅ လောက်ကစပြီး "လိင်မဆက်ဆံရ" ဥပဒေကို စပြီးပြဌာန်းခဲ့ပါတယ်။ ဥပဒေကိုလိုက်နာဖို့အတွက် ဆယ်တိုရီ(SICO)လို့ ခေါ်တဲ့ ဌာနကိုထူထောင်ပြီး ဥပဒေနဲ့ဆန့်ကျင်တဲ့လိင်ဆက်ဆံသူတွေကို လိုက်လံဖမ်းဆီးခဲ့ပါတယ်။ အဖေလိုမျိူး SICO အရာရှိဖြစ်ချင်နေတဲ့ အင်နူတာလေးကတော့ မွေးကတည်းက ဝင်းနုတာကိုတောင် ဘာမှန်းမသိတဲ့လူရိုးလူအလေးပါ။ လိင်ဆက်ဆံတာကိုတောင် ရွံစရာအဖြစ်သတ်မှတ်ထားတဲ့ကောင်လေးကို သူ့သူငယ်ချင်းက တရားမဝင်လိင်ဆက်ဆံတဲ့ ကလပ်ကိုခေါ်သွားလိုက်တဲ့အခါမှာ… သူသဘောကျနေတဲ့ ဂျပန်မင်းသမီးကိုတွေ့ရှိသွားပါ‌တော့တယ်။ ဂျပန်မင်းသမီးနဲ့ ဘာတွေဆက်ဖြစ်မလဲ... ဘေးအိမ်ကငယ်သူငယ်ချင်းနဲ့ကော ဘယ်လိုတွေ အဆင့်တက်လာမလဲ။ အင်နူတာလေးတစ်ယောက် ဘယ်လိုများစော်လေးတွေကြားက ထွက်ပြေးမလဲဆိုတာ ရင်တမမနဲ့ကြည့်ရှုလိုက်ပါဦးနော်။(၁၈+ စီးရီးဖြစ်တဲ့အတွက် ရည်းစားရှိတဲ့သူကတော့ အခန်းတံခါးပိတ်ကြည့်ပြီး FA တွေကတော့ စောင်ကိုက်ပြီးသာကြည့်ကြပါလို့ညွန်းချင်ပါတယ်)အညွှန်း နဲ့ ဘာသာပြန်ကတော့ ...
3
TMDb: 3/10 3 votes
tv

The Red Apple (2023)

2023
Castaway Diva(2023)[Complete]
Castaway Diva(2023)[Complete] Castaway Diva(2023)********************အပိုင်း ( ၁ မှ ၁၂ ) ထိ စ/ဆုံးငယ်ငယ်လေးတည်းက အဆိုတော်ဖြစ်ချင်လွန်းလှတဲ့ ဒေသိယစကားသံဝဲဝဲလေးနဲ့ ကောင်မလေး Seo Mok Ha .. အလယ်တန်းရောက်တော့ အဆိုပြိုင်ပွဲတစ်ခုမှာဝင်ပြိုင်ရင်း ပြိုင်ပွဲမှာအနိုင်ရရှိခဲ့တယ်။ သီချင်းဆိုရတာကိုရူးသွပ်တဲ့ Mok Ha က တစ်နေ့မှာ နယ်ကနေ ဆိုးလ်ကို လူရွေးပွဲဝင်ပြိုင်ဖို့အသွား လမ်းမှာမတော်တဆမှုတစ်ခုဖြစ်ပြီး လူသူကင်းမဲ့တဲ့ကျွန်းကြီးတစ်ကျွန်းမှာသောင်တင်သွားခဲ့ရတော့တယ်။ အဆိုတော်မကြီးဖြစ်ချင်တဲ့ကောင်မလေးတစ်ယောက် လူဆိုလို့သူ့အပြင်မရှိတဲ့ကျွန်းကြီးမှာ ၁၅ နှစ်ကြာ တစ်ယောက်တည်း အခက်အခဲဆင်းရဲဒုက္ခတွေနဲ့ရင်ဆိုင်ရင်း တစ်နေ့မှာတော့ ကျွန်းကြီးပေါ်ကနေ ပြန်အကယ်တင်ခံခဲ့ရပါတော့တယ်။ ၁၅ နှစ်လုံးလုံးကင်းကွာနေခဲ့တဲ့လူ့ပတ်ဝန်းကျင်ကိုပြန်ရောက်လာပြီး အပြောင်းအလဲတွေနဲ့အသားကျအောင်ကြိုးစားရင်း ဘာတွေဖြစ်ဦးမလဲ .. သူ့ရဲ့အဆိုတော်ဖြစ်ချင်တဲ့အိပ်မက်ကိုရော ဆက်အကောင်အထည်ဖော်နိုင်ဦးမလား ..။Cast တွေအနေနဲ့ကတော့ “ဝူယောင်းဝူ” ဇာတ်ကောင်နဲ့ ချီးကျုးမှုတွေ တစ်ခဲနက်ရရှိခဲ့ပြီး Daesang ဆုကြီးအထိပါသိမ်းပိုက်နိုင်ခဲ့တဲ့ “Park Eun Bin” နဲ့ “Nevertheless” ဇာတ်ကားနဲ့ အာလူးလေးလို့လူသိများခဲ့တဲ့ “Chae Jong Hyeop” တို့က အဓိကပါဝင်သွားမှာဖြစ်သလို CM ကနေ အပတ်စဉ် စနေ, တနင်္ဂနွေတိုင်း ...

Castaway Diva(2023)[Complete]

2023
Perfect Marriage Revenge(2023)[Complete]
Perfect Marriage Revenge(2023)[Complete] Perfect Marriage Revenge(2023)********************************အပိုင်း(၁ မှ ၁၂) စ/ဆုံး ဟန်အီဂျူက ဟန်ဝူးလ်ဘဏ္ဍာရေးလုပ်ငန်းစုရဲ့  ဥက္ကဌဖြစ်သူဟန်ဂျင်ဝန်းတို့ဇနီးမောင်နှံရဲ့ မွေးစားသမီးဖြစ်ပါတယ်။မွေးစားသမီးဆိုတဲ့အတိုင်းပဲ အီဂျူက မိဘတွေဆီကနေရောညီမလေးဟန်ယူရာဆီကနေရော အချစ်မခံရပါဘူး။အီဂျူရဲ့ ခင်ပွန်းသည်ကတော့ ဂျောင်ဆယ်ဟျော့...တစ်နေ့မှာတော့ ခင်ပွန်းသည်ဂျောင်ဆယ်ဟျော့ တကယ်ချစ်တဲ့သူကသူမဟုတ်ဘဲ သူ့ညီမဆိုတဲ့ အမှန်တရားကို သိလိုက်ရပြီးနောက်ပြေးထွက်သွားရင်း ကားတိုက်ခံလိုက်ရပါတယ်။ပြန်နိုးလာတဲ့အချိန်မှာတော့ ဂျောင်ဆယ်ဟျော့နဲ့လက်မထပ်ခင်အချိန်ကို ပြန်ရောက်နေပါပြီ။ကလဲ့စားချေချင်စိတ် ပြင်းပြနေတဲ့ အီဂျူတစ်ယောက်ဂျောင်ဆယ်ဟျော့နဲ့ စေ့စပ်ထားတာကိုလည်း ဖျက်သိမ်းလိုက်ပြီးညီမဖြစ်သူ လက်ထပ်ချင်နေတဲ့ ထယ်ဂျာလုပ်ငန်းစုရဲ့မြေး ဆောဒိုဂုကို ချဉ်းကပ်ပါတော့တယ်။ဆောဒိုဂုနဲ့ ဟန်အီဂျူတို့နှစ်ယောက် ပူးပေါင်းပြီး ဘယ်လိုမျိုးကလဲ့စားချေသွားကြမလဲဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာပဲ ဆက်လက်ကြည့်ရှုပေးကြပါဦးကလဲ့စားဒရမ်မာလေးကိုမှ fantasy လေး နှောထားတာဖြစ်လို့ အလောင်တစ်လိုင်းကိုမှကြိုက်နှစ်သက်ကြသူတွေအတွက် အကြိုက်ဖြစ်ဦးမှာ အမှန်ပါပဲ။Main Cast တွေအဖြစ် Sung Hoon , Jung Yoo Min , Jin Ji Hee တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။စုစုပေါင်းအပိုင်း ၁၆ ပိုင်း ပါဝင်မှာဖြစ်ပြီး အပတ်စဉ် စနေ ...

Perfect Marriage Revenge(2023)[Complete]

2023