Channel Myanmar

2023

Super Junior: The Last Man Standing (2023) 10
Super Junior: The Last Man Standing (2023) Super Junior : The Last Man Standing (2023)မရေတွက်နိုင်တဲ့‌ အောင်မြင်မှုသမိုင်းတွေရေး‌ဆွဲခဲ့ကြတဲ့ Super Junior နဲ့အတူတူ E.L.F တွေအနေနဲ့ အမှတ်တရခရီးတွေဆီကို နယ်ချဲ့နိုင်ပြီး အမျိုးမျိုးသောခံစားချက်တွေကိုယူ‌ဆောင်လာမယ့် The Last Man Standing documentary လေးကိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။အချိန်အကြာကြီးအတူတူရှိလာခဲ့ကြတဲ့ Super Junior အဖွဲ့ဝင်တွေကြားက ခိုင်မာတဲ့သံယောဇဉ်တွေ၊ ယုံကြည်မှုတွေကို သေချာကြီးမြင်တွေ့ရမှာဖြစ်ပြီးတော့ အမှတ်တရတွေကို ပြန်လည်‌သတိရမိစေနိုင်မှာလည်းဖြစ်ပါတယ်။Super Junior စတင်ရာက‌နေ အခုအချိန်အထိ အတူတူ ကျော်ဖြတ်ခဲ့ကြတာတွေ ၊ ပျော်ရွှင်မှုတွေ ၊ အောင်မြင်မှုတွေ၊ ဝမ်းနည်းမှုတွေ ၊ အခက်အခဲတွေကို မျှဝေခံစားနိုင်မယ့် Documentary ကောင်းလေးတစ်ခုမို့ ကြည့်ကြဖို့တိုက်တွန်းလိုက်ပါတယ်နော်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Shin and Cali ပဲ ဖြစ်ပါတယ်။Genre..... Documentary Quality…. 720p | 480p File size… 1.1GB | 525MB Format… mp4 Duration…. 50min Subtitle…. Myanmar Subtitle ...
10
TMDb: 10/10 1 votes
tv

Super Junior: The Last Man Standing (2023)

2023
The Rig (2023) Season 01 Complete 7
The Rig (2023) Season 01 Complete The Rig (2023) S01 Complete Amazon Prime က ထွက်ရှိထားပြီး GoT ထဲက Jorah Marmont မင်းသားကြီး Iain Glen အဓိကပါဝင်ထားတဲ့ Sci-Fi Thriller စီးရီးတစ်ခု တင်ဆက်​ပေးလိုက်ပါတယ်။ စ​ကော့တစ်ရှ် ကမ်းလွန်​​ဒေသရှိ ​ရေနံတူးစင်တစ်ခုမှာ အလုပ်လုပ်​နေတဲ့ ရေလုပ်သား​တွေဟာ တာဝန်ပြီးဆုံးချိန် ကမ်းပေါ်ရှိ အိမ်ကိုပြန်နိုင်ဖို့ လာကြိုမယ့် ရဟတ်ယာဉ်ကို​စောင့်ဆိုင်း​နေချိန် ဘယ်ကမှန်းမသိတဲ့ မြူခိုးတွေ ရုတ်ချည်းအုံ့ဆိုင်းလာပြီး ရဟတ်ယာဉ်လာမရတဲ့အ​ခြေအ​နေနဲ့ ​ရေနံတူးစင်မှာပဲ ပိတ်မိသွားပါ​တော့တယ်။ အဲဒီမြူ​တွေက ​ပုံမှန်မြူ​တွေမဟုတ်ဘဲ သူတို့ကို ပုံစံမျိုးစုံနဲ့ ဒုက္ခ​ပေးလာတဲ့အခါ အလုပ်သမား​တသိုက် ဒီမြူထုကြားအသက်ဆက်ရှင်နိုင်မှာလား၊ ဒီမြူ​တွေက ဘယ်လိုထွက်လာတာလဲ၊ သွေးရိုးသားရိုးဖြစ်ပါ့မလား၊ မြူ​တွေကြားမှာ ဘယ်လိုအရာ​မျိုးတွေရှိ​နေမလဲဆိုတာ သည်းထိတ်ရင်ဖိုကြည့်ရှုရမှာပါ။ (ဒီစီးရီးကို အညွှန်းရေးသား ဘာသာပြန်ပေးသူကတော့ X ပဲဖြစ်ပါတယ်) Size ~ 500MB+ Total - 6 Episodes Quality – 720p Duration ~ ...
7
TMDb: 7/10 47 votes
tv

The Rig (2023) Season 01 Complete

2023
Lockwood & Co. (2023) 8.1
Lockwood & Co. (2023) Lockwood & Co. (2023) ================== IMDb Rating - 8.1/10Netflix ကနေ အသစ်ထွက်ရှိလာတဲ့ ရှားလော့ဟုမ်းနဲ့ Supernatural ပေါင်းထားသလို စိတ်၀င်စားဖို့ကောင်းတဲ့ Horror ဇာတ်လမ်းတွဲ အသစ်တစ်ပုဒ်လာပါပြီ။ ဒါရိုက်တာ ကလည်း Marvel ရဲ့ Ant-Man , Starwars The last Jedi တို့မှာ ဇာတ်ညွှန်းဆရာဖြစ်ခဲ့တဲ့ Joel Cornish ဖြစ်ပါတယ်။ IMDb မှာလည်း အခုလောလောဆယ်  Rating 8 လောက် ထိရထားပါတယ်။ဇာတ်လမ်းအညွှန်း - ကမ္ဘာကြီးက ပရလောက ကပ်ဆိုက်ပြီး တစ်လောကလုံး သရဲ တွေ ကပ်ရောဂါလိုကြီးစိုးနေတဲ့ခေတ်ပါ။ ဒါပေမယ့် မရီဆာဖစ်စ်နဲ့ တွန်ရော်ဝယ်လ်ဆိုတဲ့ လူနှစ်ယောက်က ဒီကပ်ရောဂါကြီးကို နှိမ် နင်းခဲ့ပြီးနောက်ပိုင်းမှာ ကမ္ဘာအနှံ့ သရဲဖမ်းအေဂျင်စီတွေ မှိုလိုပေါက် လာပါတယ်။ အဲ့ထဲမှာမှ ဖစ်စ်နဲ့တွန်တို့ ဖွင့်ထားတဲ့ အေဂျင်စီက နာမည်အကြီးဆုံးဖြစ်ပါတယ်။နှစ် 50 အကြာမှာ မျိုးဆက်သစ်တွေအဖြစ် ဒီ series ရဲ့ MC တွေ ဖြစ်တဲ့ လူစီကိုင်လာနဲ့ အန်တိုနီလော့ဝုဒ်တို့ပေါ်လာပြီး ...
8.1
TMDb: 8.1/10 81 votes
tv

Lockwood & Co. (2023)

2023
Shahmaran (2023) 2
Shahmaran (2023) Shahmaran (2023)မြွေတစ်ပိုင်းလူတစ်ပိုင်းဒဏ္ဍာရီဆိုတာ အာရှနိုင်ငံတွေမှာအများဆုံးရှိသလို အဲဒီဒဏ္ဍာရီတွေပေါ်အခြေခံတဲ့မြွေကားတွေကလဲ တစ်ခေတ်တစ်ခါကပရိတ်သတ်ကြားမှာတော်တော်ရေပန်းစားခဲ့တာပါ။အခုထွက်ရှိလာတဲ့ တူရကီမြွေဇာတ်လမ်း Shahmaran ကလဲ ပရိသတ်ကြားမှာအကြိုက်တွေ့ကြဦးမယ်လို့ထင်ပါတယ်။ ဇာတ်လမ်းအကြောင်းမပြောခင် Shahmaran ရှာမရန်း ဒဏ္ဍာရီလေးကိုပြောပါဦးမယ်။ မူကွဲတွေရှိပေမယ့် အကြမ်းဖျင်းအားဖြင့်တော့ ရှာမရန်းက လူတစ်ပိုင်းမြွေတစ်ပိုင်း မြွေဘုရင်မပါ။ သူကမြွေတွေနဲ့အတူမြေအောက်မှာနေတယ်ပေါ့။ တစ်နေ့တော့လမ်းပျောက်ပြီးရောက်လာတဲ့ လူသားနဲ့ချစ်ကျွမ်းဝင်မိတယ်။ သူက လူသားကို ဆေးပညာရပ်တွေ သင်ကြားပေးခဲ့တယ်လို့ဆိုတယ်။ နောက်တော့ လူသားက မြေပေါ်ကိုပြန်သွားခဲ့တယ်။ ရှာမရန်းကလဲ သူ့အကြောင်းဘယ်သူ့ကိုမှ အသိမပေးဖို့မှာလိုက်တယ်။ လူသားက အစကတော့ကတိတည်ပါတယ်။ ဒါပေမဲ့သူတို့တိုင်းပြည်ကဘုရင် နာမကျန်းဖြစ်ပါရော။ အမတ်တွေကပြောတယ် ရှာမရန်းအသားကိုစားရင်ပြန်ကျန်းမာမယ်ပေါ့။ အဲမှာလူသားကလဲ ရှာမရန်းရဲ့နေရာကိုပြောပြလိုက်တယ်။ ရှာမရန်းကဖမ်းခံရချိန်မှာ "ငါ့အသားကိုဘုရင့်ကိုကျွေး ငါ့အူကလီစာတွေကို အမတ်တွေကိုကျွေး" လို့ပြောခဲ့တယ်။ ဘုရင်ကကျန်းမာသွားပေမယ့် အမတ်တွေကတော့သေသွားခဲ့တယ်ပြောတယ်။ လူသားကတော့နောင်တရားတွေနဲ့အတူ ရှာမရန်းသင်ကြားပေးထားတဲ့ ဆေးပညာကိုဆက်လက်အသုံးချကူညီပေးမှုတွေလုပ်သွားခဲ့တယ်ပြောတယ်။ ဒီဇာတ်လမ်းမှာတော့ ရှားစုဆိုတဲ့မိန်းကလေးက သူ့အမေကိုငယ်ငယ်ထဲကထားသွားခဲ့တဲ့ သူ့အဖိုးဖြစ်သူကိုလိုက်ရှာရင်း မြို့တစ်မြို့ကိုရောက်လာပါတယ်။ ဒီမြို့မှာ သူ့ကိုနှစ်ပေါင်းများစွာအရင်ထဲက ကြိုတင်စောင့်ဆိုင်းနေတဲ့ လူတစ်စုနဲ့ဆုံရတဲ့အခါ ဘာတွေဆက်ဖြစ်မလဲ။ မူလ ရှာမရန်းဇာတ်လမ်းနဲ့ရော ဘယ်လိုတွေပတ်သက်မှုရှိနေမလဲဆိုတာ ကြည့်လိုက်ကြရအောင်အစအဆုံး ၈ ပိုင်း ရှိပြီးတော့ ဆက်တိုက်ဆိုသလို တင်ပေးသွားမှာပဲ ဖြစ်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။Genre..... Drama, ...
2
TMDb: 2/10 1 votes
tv

Shahmaran (2023)

2023
My Uncanny Destiny (2023) 2
My Uncanny Destiny (2023) ုရှီမြိုနဲ့ ရှန်ယွဲမြိုဟာ ဘိုးဘေးဘီဘင်လက်ထက်တည်းက စစ်မက် ရန်ဘက်မြိုတွေပေါ့မုရှီမြိုအရှင်ဟာ သားတော်ဖွားမြင်နိုင်ခြင်းမရှိဘဲ ရဲ့ကျောက်နန်လို ခေါ်တဲ့ သမီးတော်လေးသာ ထွန်းကားခဲ့တယ်ဒါကြောင့်လည်း မြိုအရှင်အရိုက်အရာကို ဆက်ခံနိုင်ဖိုအတွက်သမီးဖြစ်သူရဲ့ သရုပ်မှန်ကို ဖုံးကွယ်ကာ ငယ်စဉ်တည်းကယောက်ကျားလေးယောင်ဆောင် ပြုမူနေထိုင်စေခဲ့တယ်ဒီလိုနဲ့ ဖခင်စိတ်တိုင်းကျ ယောကျာ်းလေးဖြစ်ပေးခဲ့တဲ့ ရဲ့ကျောက်နန်ဟာမုရှီမြိုရဲ့ မြိုအရှင်အဖြစ် လက်လွှယူလာခဲ့ပါတယ်တစ်နေ့မှာတော့ ရဲ့ကျောက်နန်တစ်ယောက် မတော်တဆမှုတစ်ခုကြောင့်တောင်ပေါ်ကနေ ခြေချော်ကျကာ ကျင်းဖူမြိုကို ဦးတည်စီးဆင်းနေတဲ့ မြစ်ထဲကိုပြုတ်ကျသွားရာကနေ တစ်ဖန် နန်းတော်ထဲကို မှားယွင်းဝင်ရောက်မိသွားပြီးထိုနန်းတော်ထဲမှာ သူရဲ့ရန်ဘက်ဖြစ်တဲ့ ရှန်ယွဲမြိုအရှင် လျိုရှန်းမင်နဲ့ တွေ့ဆုံခဲ့ရပြန်ပါတယ်အဲဒီနောက် ရဲ့ကျောက်နန်ဟာ မြိုနှစ်မြိုကြားက ရန်စွယ်တွေကို အဆုံးသတ်ပြီးငြိမ်းချမ်းရေး ယူချင်တာကြောင့် သူ့အခြေအနေမှန်ကို ဖုံးကွယ်ပြီးလျိုရှန်းမင်ရဲ့ အစေခံ အဖြစ် ဟန်ဆောင်နေခဲ့တယ်သိုပေမယ့် လူကနေပေမယ့် ပညာကမနေဆိုသလိုပင်အရှင်သခင်သွင်ပြင်ဟာ တဖြည်းဖြည်း ပေါ်လာခဲ့ပါရောအနားမှာရှိနေတဲ့ အစေခံဟာ ရန်ဘက်မြိုရဲ့ အရှင်ဖြစ်တာသိလိုက်တဲ့လျိုရှန်းမင်အနေနဲ့ ဒီအခြေအနေကို ဘယ်လိုကိုင်တွယ်မလဲလျိုရှန်းမင်မှာရော မြိုနှစ်မြိုကြား ငြိမ်းချမ်းရေးယူချင်တဲ့ ဆန္ဒရှိနေပါ့မလား….အဖြေကိုတော့ ဇာတ်ကားလေးကြည့်ရင်းသာ ဖော်ထုတ်လိုက်ပါ(အညွှန်းရေးသားထားသူကတော့ Chu ဖြစ်ပါတယ်)Quality : ...
2
TMDb: 2/10 1 votes
tv

My Uncanny Destiny (2023)

2023
Taaza Khabar (2023) 6
Taaza Khabar (2023) Taaza Khabar 2023IMDb-8.4/10ဒီတစ်ခါတော့ အိန္ဒိယရဲ့ပထမဆုံး subscriber 10 သန်းရရှိခဲ့တဲ့နာမည်ကြီး youtuber Bhuvan Bam အဓိကပါဝင်သရုပ်ဆောင်ထားတဲ့စီးရီးလေးတင်ဆက်ပေးချင်ပါတယ် ဒီထဲမှာတော့သူက ဗက်စ်ရာဆိုတဲ့ ကောင်လေးအနေနဲ့သရုပ်ဆောင်ထားပါတယ် အိန္ဒိယမှာတော့သူပါတယ်ဆိုတာနဲ့တင် ကြည့်ရှူသူများစွာရခဲ့တဲ့စီးရီးဖြစ်ပါတယ်ဗက်စ်ရာဆိုတဲ့ကောင်လေးဟာ ဆင်းရဲနုံချာလွန်းတဲ့အတွက် အများပိုင်အိမ်သာမှာ အစောင့်လုပ်ရသူပါ အရင်တည်းကချမ်းသာချင်လွန်းတဲ့သူဟာ တစ်နေ့အမေကိုသူ့အလုပ်ရှင်က နှိပ်စက်နေတာမြင်တော့ ပိုလို့ချမ်းသာကြွယ်ဝချင်လာပါတော့တယ် ပင်ကိုယ်စိတ်ရင်းကောင်းတဲ့သူဟာ ဘယ်သူကမှအရေးမလုပ်အိမ်သာထဲလဲနေတဲ့အဘွားကြီးကို ကယ်ဆယ်ရာကနေ သူ့ဘဝကိုပြောင်းလဲပေးတဲ့အစွမ်းတွေရလာပါတော့တယ် အရာအားလုံးကို လူတိုင်းထက်နှာတစ်ဖျားသာရစေဆိုတဲ့ဆုပါပဲ ဒီလိုနဲ့သူဟာရှေ့ဖြစ်လာမယ့်အရာတွေကိုကြိုသိလာခဲ့ပြီး သူ့အပါအဝင်သူ့ဘေးကလူတွေပါ ချမ်းသာကြွယ်ဝလာပါတော့တယ် အားလုံးအဆင်ပြေပြီး တတိုင်းရနေတော့ရော ဘဝကြီးကပြီးပြည့်စုံသွားပါပြီလား တစ်သက်လုံးမတွေးဖူးတဲ့အရာတွေကြုံတွေ့ပိုင်ဆိုင်လာရသူဟာ အကောင်းလောကဓံတွေကို ကြံ့ကြံ့ခံနိုင်ပါရဲ့လား ဗက်စ်ရာကရော သူပိုင်ဆိုင်လာရတာတွေနဲ့ ပျော်ရွှင်စွာနေသွားကြလေသတည်းဖြစ်ပါ့မလားဆိုတာ ပရိသတ်ကြီးရှုစားကြည့်ပါအဓိကဇာတ်ဆောင် Bhuvan Bam ဟာ စကားပြောစွမ်းရည်ကောင်းသူလို့နာမည်ကြီးသူဖြစ်ပါတယ် Comedy Thriller ဖြစ်တဲ့ ဒီကားမှာလည်း သူ့ရဲ့စကားပြောစွမ်းရည်နဲ့ ဟာသလေးတွေထည့်သွင်းထားတာဟာ ကလိထိုးရယ်ရမယ့်ပေါကားစာရင်းထဲတော့ပါမှာမဟုတ်ပါဘူး လက်တွေ့ဘဝထင်ဟပ်တဲ့ plot တွေနဲ့ တွေးတွေးပြီးရယ်နေရတဲ့ဟာသကားလေးဟာ တစ်ပိုင်းပြီးတစ်ပိုင်း မနားတမ်းကြည့်စေချင်လောက်သည်ထိစွဲရတယ်ဆိုတဲ့ အညွှန်းတွေရထားတာဖြစ်ပါတယ်File Size – 600MB / 300MBQuality – 1080p HS WEB DL / 7200Duration – 30minsTotal Episodes: 6EpsSubtitle – Myanmar HardsubFormat ...
6
TMDb: 6/10 7 votes
tv

Taaza Khabar (2023)

2023
Meet Yourself (2022)
Meet Yourself (2022) ❏ သူငယ်ချင်းအရင်းဖြစ်သူ ဆုံးပါးသွားတဲ့အတွက်ကြောင့်တလီမှာရှိတဲ့ ယွင်မောင်ရွာလေးကို စိတ်ပြေလက်ပျောက်တစ်ကိုယ်တည်း ခရီးထွက်လာတဲ့ ရွှဟုန်သုန့် အဖြစ် လျိုယိဖေး❏ မြိုမှာရှိတဲ့ လစာကောင်းကောင်း အလုပ်ကိုစွန့်လွှတ်ကာမွေးရပ်မြေယွင်မောင်ရွာကလေးကို တိုးတတ်ဖိုအရေးကြိုးပန်းနေတဲ့ ရှဲကျစ်းယောင် အဖြစ် လီရှန့်သူငယ်ချင်းအရင်းဖြစ်သူ ဆုံးပါးသွားတဲ့အတွက်ကြောင့်ရွှဟုန်သုန့်(လျိုယိဖေး) တစ်ယောက် သူမရဲ့ ဘဝကြီးရောအလုပ်အကိုင်တွေရောဟာ အောက်ဆုံးအထိ နိမ့်ကျသွားခဲ့ပါတယ်သူမဟာ အဲဒီဝမ်းနည်းမှုတွေကို ဖြေဖျောက်ဖိုအတွက်တလီမှာရှိတဲ့ ယွင်မောင်ရွာလေးဆီကို အနားယူဖိုတစ်ကိုယ်တည်းထွက်လာခဲ့ပါတော့တယ် အဲဒီအချိန်မှာတော့လစာကောင်းတဲ့ လက်ရှိအလုပ်ကိုထွက်ပြီး မွေးရပ်မြေမှာစိုက်ပျိုးတီထွင်မှုတွေပြုလုပ်နေတဲ့ ဒေသခံတစ်ယောက်ဖြစ်သူရှဲကျစ်းယောင် နဲ့တွေ့ဆုံခဲ့ပါတယ် ဒီလိုနဲ့ နေ့စဥ်အတူတူဖြတ်သန်းလာခဲ့စဥ်အတွင်းမှာရှဲကျစ်းယောင် တစ်ယောက် ရွှဟုန်သုန့်ရဲ့ ကြင်နာမှုတွေလေးနက်မှုတွေကို တစ်ဖြည်းဖြည်းနဲ့ ခံစားလာခဲ့ပါတော့တယ်အဲဒီနောက်မှာတော့ သူဟာ ရွှဟုန်သုန့်ရဲ့ ဟိုတယ်နဲ့ ခရီးသွားလာရေးဆိုင်ရာလုပ်ငန်းအတွေ့အကြုံတွေကိုအသုံးချပြီးတော့ ဒေသခံဝန်ထမ်းတွေကိုဝန်ဆောင်မှုဆိုင်ရာ အသိပညာပေးရန်နဲ့ ယွင်မောင်ကျေးရွာလေးရဲ့ ယဉ်ကျေးမှုနဲ့ခရီးသွားလုပ်ငန်း ဖွံဖြိုးတိုးတက်စေရန် ကူညီဆောင်ရွက်ဖို ဖိတ်ခေါ်ကမ်းလှမ်းခဲ့ပါတယ်ဒီလိုနဲ့ နှစ်ယောက်သားဟာ ယွင်မောင်ကျေးရွာလေး တိုးတတ်စေဖိုအတူတူဆောင်ရွက်ခဲ့ကြရင်း ခံစားချက်တွေ ပေါက်ဖွားကာ မေတ္တာမျှခဲ့ကြပါတော့တယ်။ဒီဇာတ်ကားလေးက အချစ်ဇာတ်လမ်းချည်းပဲ အဓိက ဦးစားပေးရိုက်ကူးထားတာတော့မဟုတ်ပါဘူး။မဖွံဖြိုးသေးတဲ့ကျေးရွာတစ်ရွာကို အတူတူ တိုးတတ်အောင်လုပ်ဆောင်ကြပုံတွေအချင်းချင်းရိုင်းပင်းကူညီကြပုံတွေ ...

Meet Yourself (2022)

2023
Trial By Fire(2023) 6.333
Trial By Fire(2023) Trial by Fire (2023) Crime, Drama, Mystery IMDb 8.6/10 (1.9K)ဒီတစ်ခါတင်ဆက်ပေးမယ့် ဘောလီဝုဒ်စီးရီးလေးကတော့ တကယ်ကို ရင်ထဲထိမှန်စေမယ့် စီးရီးလေးပါပဲ။ငွေများတရားနိုင်ဆိုတာ လောကကြီးမှာ တကယ်ကိုရှိနေခဲ့တဲ့ အခြေအနေလေးတစ်ခုပါပဲ။ ပိုက်ဆံ ရာထူး အာဏာ ဒီသုံးခုဟာ လူသားတစ်ယောက်ကို လူမဆန်စွာ ပြုမူလိုက်နိုင်သလို ကိုယ်ချင်းစာတရားဆိုတဲ့ လောကကျင့်ဝတ်ကို မေ့သွားစေတတ်ပါတယ်။ဒီစီးရီးလေးက အိန္ဒိယနိုင်ငံရဲ့ကြမ္မာငင်တဲ့နေ့လေး တစ်နေ့အကြောင်းကို ရိုက်ကူးတင်ဆက်ထားတာပါ။ ၁၉၉၇ခုနှစ် ဇွန်လ ၁၃ရက်နေ့က အပ်ဟာရုပ်ရှင်ရုံအကြီးအကျယ် မီးလောင်မှုဖြစ်စဉ်ထဲမှာ လူပေါင်းရာချီသေဆုံးခဲ့ရတဲ့ အဖြစ်အပျက်လေးပါ။ဒီအမှုဟာ သူကြွယ်ကြီးတွေနဲ့ ကြမ္မာငင်ခဲ့တဲ့ကလေးမိဘတွေအကြား နှစ်ပေါင်း၂၀ကြာ အမှုရင်ဆိုင်ခဲ့ရတဲ့ ဝမ်းနည်းစရာ အဖြစ်အပျက်လေးပါပဲ။ပိုက်ဆံရှိတယ်ဆိုတိုင်း ငွေဂုဏ်မောက်ပြီး ဘာမှတာဝန်ယူမှု တာဝန်သိမှုမရှိတဲ့ လူကုံထံတွေ အကြောင်းဆိုလည်း မမှားလောက်ပါဘူး။ကဲ ဆိုတော့ ရှုစားပေးကြပါဦးနော်။Quality : 1080p NFWEB DL  / 720pTotal Episodes : 7EpsFormat : mp4Genres : Crime , Drama , MysteryDuration : ...
6.333
TMDb: 6.333/10 6 votes
tv

Trial By Fire(2023)

2023
My Lethal Man (2023)
My Lethal Man (2023) CM ကနေအမြဲမျိုးစုံသောတရုတ်ဇာတ်လမ်းတွဲတွေကိုတင်ဆက်ပေးလာတာဒီတစ်ခါမှာလည်းMy Lethal Man ဆိုတဲ့မှုခင်းတရုတ်ဇာတ်လမ်းတွဲလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ Shen Man Ning နဲ့ Yan Xing Cheng တိုကလွန်ခဲ့သော (၁၇) နှစ်တုန်းကဖြေရှင်းမရတဲ့ အမှုထဲကိုပါဝင်ပတ်သက်လာဖို အကြောင်းဖန်လာခဲ့တာပေါ့။ဒီလိုနဲ့ နှစ်ဦးသား အမှုရဲ့အဖြစ်မှန်ကိုဖော်ထုတ်ကြရင်းအချစ်ဇာတ်လမ်းလေးပေါက်ဖွားလာခဲ့တာပေါ့။ကဲဒီတော့ CM ပရိသတ်ကြီးတိုရေသူတိုပါဝင်ပတ်သက်တဲ့အမှုကဘာများဖြစ်မလဲ? ဘယ်လိုတွေအချစ်ဇာတ်လမ်းလေး ဖြစ်တည်လာခဲ့လဲ?ဘယ်လိုသည်းထိတ်ရင်ဖိုဖွယ်ရာအမှုကို ဖော်ထုတ်သွားမလဲအစရှိတဲ့ မေးခွန်းပေါင်းများစွာရဲ့အဖြေတွေအတွက်ဒီဇာတ်လမ်းလေးကိုကြည့်ရူလိုက်ရအောင်။ဇာတ်လမ်းထဲမှာ Shen Man Ning အဖြစ် Li Mo Zhi,Yan Xing Chengအဖြစ် Fan Zhi Xin နဲ့အစရှိတဲ့သရှပ်ဆောင်ပေါင်းများစွာ သရုပ်ဆောင်ထားပါတယ်။(အညွှန်းရေးသားထားသူကတော့ Ann Chi ဖြစ်ပါတယ်)Quality : WEB-DL 720p,1080pTotal Episodes : 24Format : mp4Genres : Mystery, Romance, DramaDuration : 45 min per EpisodeSubtitle : ...

My Lethal Man (2023)

2023
Story of Things (2023)
Story of Things (2023) Story of Things 2022 IMDb 7.3/10ဒီခေါက်တင်ဆက်ပေးချင်တဲ့ ဘောလိဝုဒ်စီးရီးလေးကတော့ အပိုင်း၅ပိုင်းနဲ့ မီနီစီးရီးအမျိုးအစားဖြစ်ပြီး အပိုင်း၁ပိုင်းဇာတ်လမ်း၁ပုဒ်နဲ့ ဝတ္ထုတိုလေးတွေဖတ်ရသလို ခံစားချက်ကိုပေးစွမ်းနိုင်မယ့် စီးရီးလေးတခုပါ..Episode 1: လူတွေဟာ ကိုယ်လိုချင်တဲ့ ပန်းတိုင်ကို အမိအရကြိုးစားကြရင်းနဲ့ လူစိတ်တွေပျောက်သွားကြပြီး ငါဆိုတဲ့ အတ္တကြီးစိုးလာကြပါတယ် ဒါပေမဲ့လည်း ကိုယ်ပြုတဲ့ကံကတော့ ကိုယ့်ထံပြန်လာတတ်စမြဲပါပဲနော်Episode 2: မိခင်မေတ္တာဟာ ဘယ်အရာနဲ့မှတုနှိုင်းမမှီတဲ့ အအေးမြဆုံးခိုလှုံရာအရိပ်ပါပဲ။ သမီးဖြစ်သူစိတ်ချမ်းသာဖို့အတွက် မိမိရဲ့ပျော်ရွှင်မှုကိုတောင်စတေးခဲ့တဲ့မိခင်... သူပေးခဲ့တဲ့မေတ္တာတွေလောက် သမီးဖြစ်သူကတန်ပြန်မပေးနိုင်ခဲ့တဲ့အချိန်မှာတော့...Episode 3: Second-hand တွေသုံးတတ်တဲ့သူတွေသတိထားကြဖို့ မက်ဆေ့ပေးထားတဲ့ဇာတ်လမ်းတစ်ခုပဲဖြစ်ပါတယ် Second-hand အရောင်း‌ဆိုင်ကနေ ဝယ်လာမိတဲ့အဲလ်ကွန်းတစ်ခု အဲဒါနဲ့ကပ်ပါလာတဲ့ မမြင်ရတဲ့အရာတစ်ခုက ဘယ်လိုဒုက္ခပေးမလဲEpisode 4: လူတိုင်းမှာ အကြောက်တရား(phobia) တစ်ခုစီတော့ ရှိတတ်ကြစမြဲပါပဲ ဒါပေမယ့်ဒီအကြောက်တရားကို ငယ်စဥ်ကတည်းကဖခင်ကိုယ်တိုင်က ရိုက်သွင်းပေးမိခဲ့တဲ့လူငယ်တစ်ယောက် အချိန်တန်အရွယ်ရောက်လာချိန်မှာတော့ ဒီအကြောက်တရားကိုဘယ်လိုရင်ဆိုင်အံတုခဲ့လဲ လေးစားတာနဲ့ကြောက်တာကိုမကွဲပြားတဲ့ဖခင်ကရော သားရဲ့ပြောင်းလဲလာမှုကိုလက်ခံပေးနိုင်ရဲ့လားဆိုတာ ရှူမြင်ခံစားရမှာဖြစ်ပါတယ်Episode 5: အချစ်ကြောင့်ကြေကွဲလူငယ်လေးဖြစ်နေတဲ့ ကောလိပ်ကျောင်းသားလေးတစ်ယောက် ကျောင်းအဆောင်ကနေ ပြောင်းလာပြီး အိမ်တစ်လုံးမှာ ငှားနေခဲ့ပါတယ်။ သူနေရတဲ့ခေါင်မိုးထပ်က မှန်တစ်ချပ်မှာ ထူးဆန်းတဲ့ကောင်မလေးတစ်ယောက်နဲ့ဆုံတွေ့ခဲ့ရပြီး သူတို့နှစ်ယောက်ကြားက မမြင်နိုင်တဲ့သံယောဇဉ်လေးတွေဖြစ်လာခဲ့ပါတယ်။ သူတို့နှစ်ယောက်ရဲ့ဆုံတွေ့မှုကတကယ်လား အိပ်မက်လား ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို ကြည့်ရှုကြရမှာဖြစ်ပါတယ်။File Size – 400MB / 600MBQuality – 1080p / 720pDuration – 45minuteTotal Episodes: ...

Story of Things (2023)

2023
A Good Day to be a Dog(2023) 10
A Good Day to be a Dog(2023) A Good Day to be a Dog(2023)***************************အပိုင်း ( ၁ မှ ၁၄) ထိ စ/ဆုံးအထက်တန်းကျောင်းတစ်ကျောင်းမှာ ကိုရီးယားဘာသာစကားသင်တဲ့ Han Hae Na ကအပြင်ပန်းမှာတော့ သာမန်ဘဝကိုပိုင်ဆိုင်ထားသူတစ်ယောက်လို့ထင်ရပေမယ့်တကယ်တော့ ကျိန်စာသင့်နေသူတစ်ယောက်ပါ။ လူတစ်ယောက်ကိုနမ်းလိုက်မိတာနဲ့ညစဥ်ညတိုင်း သန်းခေါင်ယံအချိန်ကနေ ၆ နာရီကြာ ခွေးအဖြစ်ပြောင်းလဲသွားပြီးကိုယ်နမ်းခဲ့တဲ့သူကို ခွေးအသွင်နဲ့ပြန်နမ်းနိုင်မှာသာ ညတိုင်းခွေးဘဝရောက်နေတဲ့ဘဝကြီးကကျွတ်မှာပါ။ဒီလိုနဲ့ယောက်ျားတွေကိုမနမ်းမိဖို့ရှောင်ရင်း စင်ဂယ်ဘဝရောက်နေရရှာတဲ့ Han Hae Na တစ်ယောက်တစ်ညမှာတော့ တစ်ကျောင်းတည်းက သင်္ချာဆရာ Jin Seo Won ကို မူးမူးနဲ့နမ်းမိသွားပါတော့တယ်။ ငယ်ငယ်ကဖြစ်ခဲ့တဲ့အဖြစ်အပျက်တစ်ခုကြောင့် ခွေးတွေကိုအရမ်းကြောက်တဲ့ Jin Seo Won ရယ် ..ကိုယ်နမ်းခဲ့တဲ့သူကို ခွေးဘဝနဲ့ပြန်နမ်းမှဖြစ်မယ့် Han Hae Na ရယ် ဘယ်လိုအခွီတွေ အရိုတွေဖြစ်ကြဦးမလဲ။အပတ်စဥ် ဗုဒ္ဓဟူးနေ့တိုင်းတင်ဆက်ပေးသွားမှာဖြစ်သလို cast တွေအနေနဲ့ကလည်းPark Gyu Young နဲ့ ဆရာချောချောလေးများဖြစ်ကြတဲ့ Cha ...
10
TMDb: 10/10 1 votes
tv

A Good Day to be a Dog(2023)

2023
Kaleidoscope – Season (01) 7.1
Kaleidoscope – Season (01) Kaleidoscope - Season (01) ==================== IMDb Rating - 7.1/10၂၀၂၃ မှာ ပူပူနွေးနွေးထွက်ရှိလာတဲ့ Action စီးရီးသစ်တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Better Call Saul , Breaking Bad တို့နဲ့ လူသိများခဲ့တဲ့ မင်းသားကြီး Giancarlo ကတော့ ဒီထဲမှာတော့ ငတက်ပြား အကြီးစားကြီးပေါ့။ ငတက်ပြားကြီးက ငတက်ပြား လေးတွေ လိုက်စုရင်း ကန်ဒေါ်လာ (၇)ဘီလီယံတန် ဓားပြတိုက် မှုကြီးကို ဖန်တီးတော့မှာပဲ ဖြစ်ပါတယ်။ဒါပေမဲ့လည်း ကြီးမားတဲ့အရာတွေမှာ ကြီးမားတဲ့ပေးဆပ်မှုတွေ ရှိစမြဲဖြစ်သလို၊ ယုံကြည်မှုနဲ့ သစ္စာဆိုတာလည်း အရေးပါတဲ့ ကဏ္ဍ တွေမှာ ပါဝင်နေပါတယ်။ ယုံကြည်မှုနဲ့သစ္စာက အုတ်မြစ်ကျတဲ့ ဒီမသမာမှုကြီးမှာ လောဘနဲ့ ဖောက်ပြန်စိတ်တွေ ရောယှက်လာတဲ့ အခါ ဘာတွေဆက်ဖြစ်မှာလဲ.....စုစုပေါင်း(၈)ပိုင်းထွက်ရှိထားပြီး cmမှ ဆက်တိုက်တင်ဆက်ပေးသွား မှာဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းကို Act Molemy မှ ရေးသားပေးပြီး၊ ဘာသာ ပြန်ရေးသားပေးသူများကတော့  CM Teamမှ ဖြစ်ပါတယ်။)File Size.............(300 MB) / (600 MB) Quality...............WEB-DL 720p ...
7.1
TMDb: 7.1/10 2900 votes
tv

Kaleidoscope – Season (01)

2023
Gyeongseong Creature(2023)[Complete] 8
Gyeongseong Creature(2023)[Complete] Gyeongseong Creature(2023)***************************အပိုင်း (၁ မှ ၁၀ ) ထိ စ/ဆုံး နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ Park Seo Joon နဲ့ Han SoHee တို့ကအဓိကပါဝင်သရုပ်ဆောင်ထားပါတယ် ။Park SeoJoon ကတော့ ဂျန်ထယ်ဆန်းဆိုတဲ့ စီးပွားရေးသမားတစ်ယောက်နေရာကပါဝင်ထားပြီးHan SoHee ကိုတော့ နယ်လှည့်သွားလာနေတဲ့ တိုက်ခိုက်ရေးကျွမ်းကျင်တဲ့စုံထောက်မလေး ယွန်းချယ်အို့အဖြစ်တွေ့ရမှာပါ ။ ထူးဆန်းတဲ့အမှုကိစ္စတစ်ခုကိုသူတို့နှစ်ဦးအတူစုံစမ်းဖို့ဖြစ်လာရာကနေ ကြုံတွေ့ရမယ့် ဘေးဒုက္ခဆိုးကြီးကို ကြည့်ရှုရမှာပါ ။ဇာတ်လမ်းအကျဉ်း***************သူမကငယ်စဥ်က ဖခင်ဖြစ်သူနဲ့အတူ မန်ချူးရီးယားနဲ့ရှန်ဟိုင်းတို့ကိုအိမ်ဦးနဲ့ကြမ်းပြင်လို့ အမြဲသွာလာနေရသူဖြစ်ပါတယ်...လူဆိုး သူခိုး ဓားပြနဲ့အခြားအန္တရယ်ပေါင်းများစွာရှိလို့  မိန်းကလေးဆိုသော်ငြားဘဝရှင်သန်ရေးအတွက် ကိုယ်ခံပညာပေါင်းစုံကိုလေ့လာသင်ယူခဲ့သလိုလက်နက်ပေါင်းစုံကိုလည်း ကျွမ်ကျင်စွာအသုံးပြုတတ်ပါတယ်...သူမရဲ့ ဆယ်နှစ်ကျော်ကြာပျောက်ဆုံးနေတဲ့ အမေကိုရှာဖွေဖို့အတွက် Gyeongseong ကိုရောက်လာပြီး Hang Tae Sang (Park Seo Joon)နဲ့ဆုံခဲ့ပါတော့တယ်။အဲဒီနောက်မှာတော့....Aired: Dec 22, 2023  - Jan 5, 2024 Aired On:  Friday Genres: Action, Thriller, Historical, Sci-Fi Duration: 60 ...
8
TMDb: 8/10 1 votes
tv

Gyeongseong Creature(2023)[Complete]

2023