Channel Myanmar

2023

The Trust (2023)
The Trust (2023) Xu Yu ဟာ စစ်သူကြီးသမီးပီသစွာ ငယ်စဉ်ကတည်းက လက်ထဲဓားကိုင်ပြီး ကြီးပြင်းလာခဲ့ရသူပါ။ငယ်ငယ်ကတည်းက ဓားနဲ့လေးအတတ်မှာကျွမ်းကျင်တဲ့ Xu Yu က သူ့ဖခင်စစ်သည်တော်တွေရဲ့ပြိုင်ဘက်ဖြစ်သလို အရည်အချင်းရှိတဲ့စစ်သည်တော်တစ်ယောက်လည်းဖြစ်ပါတယ်ဧကရာဇ်ကတော့ Xu Yu နဲ့ ဆန့်ကျင်ဘက်ပါပဲ တိုက်ခိုက်ရတာထက် စာဖတ်ရတာကို ပိုနှစ်သက်တဲ့သူတစ်ဦးပါဒီလိုနဲ့ တစ်နေ့ Xu Yu ဟာ သူ့မိသားစုကို အခက်အခဲကနေ ကယ်တင်ဖိုအတွက်ဧကရာဇ် Xiao Jin Yun နဲ့လက်ထပ်ဖိုဖြစ်လာတဲ့အခါ...နှစ်ယောက်က ဘယ်တော့မှအဆင်မပြေဘူးဆိုတာ အစကတည်းက သိပေမဲ့လည်းကြင်စဦးဇနီးမောင်နှံတို ထုံးစံအတိုင်းမကြာခဏအချိန်ဖြုန်းရမယ်ဆိုတဲ့အချက်ကြောင့်သာ တွေ့ဖြစ်ခဲ့ကြပြီးရေကန်ထဲအတူတူပြုတ်ကျသွားရာကနေနှစ်ဦးသားရဲ့ဝိညာဉ်က အပြောင်းအလဲဖြစ်သွားတဲ့အခါ…အကြိုက်ချင်းဆန့်ကျင့်ဘက်ဖြစ်နေတဲ့သူနှစ်ယောက် သူတိုဝိညာဉ်နဲ့ အခြားသူခန္ဓာကိုယ်မှာဘယ်လိုအဆင်ပြေအောင်နေထိုင်ကြမလဲ အချင်းချင်းဖေးမကူညီရင်းနဲ့ တစ်ယောက်အပေါ်တစ်ယောက်သံယောဇဉ်တွေတိုးသွားမှာလား ဒါမှမဟုတ် ပိုဆိုးသွားမှာလားဆိုတာ ဆက်လက်စောင့်ကြည့်ပေးကြပါဦးနော်(Reviewed By Shwe Pyae)Quality : WEB-DL 720p,1080pTotal Episodes : 30Format : mp4Genres : Drama, Romance, Bussiness, HistoricalDuration ...

The Trust (2023)

2023
The Watchful Eye – Season(01) 6.3
The Watchful Eye – Season(01) The Watchful Eye - Season (01) ======================= IMDb Rating - 6.3/10ဂရေးဘောင်းမိသားစုကြီးဟာ နယူးယောက်မြို့တော်ရဲ့ အစဉ်အလာကြီးမားတဲ့အထက်တန်းလွှာမိသားစုတစ်စု ဖြစ်ပါတယ်။ လူကုံထံတို့ထုံးစံ လူသိမခံချင်တဲ့အတိတ် တွေ၊ မိသားစုဝင်ချင်းအားပြိုင်မှုတွေ၊ အမုန်းအငြိုးအာ ဃာတတွေနဲ့ သပွတ်အူလိုက်နေတဲ့ မိသားစုတစ်ခုပါပဲ။ နောက်တစ်ခုရှိတာကတော့ သူတို့ရဲ့အဆောက်အအုံကြီးဟာ လျှို့ဝှက်ဆန်းကြယ်တဲ့ သေဆုံးမှုအမျိုးမျိုးဖြစ်ပေါ်လေ့ရှိတဲ့ အတွက်လည်းနာမည်ကြီးပါတယ်။ ဒီလိုသေဆုံးမှုတွေနဲ့အတူ တစ္ဆေခြောက်တဲ့ ကောလဟာလတွေကလည်းရှိပါသေးတယ်။အဲ့ဒီလို နေရာမျိုးကိုမှ ကလေးထိန်းအဖြစ်အလုပ်ဝင်လျှောက်ပြီး ပြောင်းလာခဲ့တဲ့သူက အယ်လီနာဆိုတဲ့ မိန်းမချောလေးပါပဲ။ အယ်လီနာဟာ သူတို့ရဲ့အစေခံတန်းလျားသဘော အပေါ်ဆုံးထပ် စတိုခန်းတွေမှာနေရာရတယ်။လေ့လာစပ်စုရင်း အဆောက်အအုံ ထဲမှာနဂိုရောက်နှင့်နေတဲ့ ရွယ်တူတစ်ချို့နဲ့မိတ်ဆွေဖြစ်ခဲ့တယ်။ ဒါပေမယ့် လူလစ်ရင်လစ်သလို ကျီးကန်းတောင်းမှောက်မျက်လုံး တွေနဲ့ ချောင်းမြောင်းနေတတ်တဲ့ အယ်လီနာမှာ လျှို့ဝှက်အကြံ အစည်ကြီးတစ်ခုရှိနေပါသေးတယ်။ဒီလိုနဲ့ သူနဲ့မိတ်ဆွေဖွဲ့ခဲ့တဲ့ လူတစ်စုကြားကတစ်ဦးဟာ သက်ရှိ ထင်ရှားလူမဟုတ်ပဲ ပရလောကသားတစ်ယောက်ဖြစ်နေတယ် ဆိုတာ သိလိုက်ရတဲ့နောက်တော့ ဒီအဆောက်အအုံကြီးနဲ့ သူ့ဆီမှာ နေထိုင်သူတွေရဲ့ လျှို့ဝှက်ချက်တွေဟာ တစ်ရစ်ချင်းပြေ ကျလာပါတော့တယ်။ ဒါဆိုရင် အယ်လီနာရဲ့အကြံအစည်အောင် မြင်နိုင်မလား၊ ဘယ်သူတွေက သူ့အတွက် ရန်သူဖြစ်ပြီး ဘယ်သူ တွေက မိတ်ဆွေဖြစ်နေမလဲ၊ အဆောက်အအုံကြီးမှာဖြစ်ပေါ်ခဲ့တဲ့ ဆန်းကြယ်တဲ့သေဆုံးမှုတွေရဲ့ တရားခံဟာ ဘယ်သူလဲ? စသည်ဖြင့် Drama, Mystery thriller ဆိုတဲ့အတိုင်း သိချင်စိတ်ကိုနိူးဆွဆွဲခေါ် သွားမယ့် ဇာတ်လမ်းဇာတ်အိမ်အချိုးအကွေ့တွေနဲ့ အသည်းတအေး အေး ရင်တဖိုဖိုကြည့်ရှုခံစားရမယ့် ...
6.3
TMDb: 6.3/10 1800 votes
tv

The Watchful Eye – Season(01)

2023
Bed Friend (2023)
Bed Friend (2023) Bed Friend (2023)ဒီတစ်ခေါက်မှာတော့ နာမည်နဲ့တင်စိတ်ဝင်စားစရာကောင်းတဲ့ Bed Friend ဆိုတဲ့ BL Series သစ်လေးကိုတင်ဆက်ပေးလိုက်ပါပြီ ။ Uea က သာမန်ကုမ္ပဏီဝန်ထမ်းတစ်ဦးဖြစ်ပြီး King ကတော့ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်ဖြစ်ပါတယ်။ ကြောင်နဲ့ကြွက်လို ရန်ဖြစ်နေတတ်တဲ့ သူတို့နှစ်ယောက် တစ်ညမှာ အတူအိပ်မိရာကနေ ဇာတ်လမ်းရှုပ်လာပါတော့တယ်။ ဖောက်ပြန်ခဲ့တဲ့ချစ်သူဟောင်းကြောင့် စိတ်ဒဏ်ရာရသွားတဲ့ Uea တစ်ယောက် ပွေရှုပ်တယ်လို့နာမည်ကြီးတဲ့ King နဲ့ဘယ်လိုတွေဆက်ဖြစ်လာမှာလဲ။ King ကရော သူထင်သလို လူစားမျိုးပဲဖြစ်နေမလားဆိုတာကို Bed Friend စီးရီးသစ်မှာ အားပေးကြည့်ရှုလို့ရပါပြီနော်။အပတ်စဉ် တနင်္လာနေ့တိုင်းမှာ တစ်ပတ်တစ်ကိုင်းနှုန်း နဲ့ စုစုပေါင်း ၈ ပိုင်း ထုတ်လွှင့်သွားမှာပဲ ဖြစ်ပါတယ်။အညွှန်းကိုတော့ Summer က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Laii, Kong, Thada, Summer တို့ပဲ ဖြစ်ကြပါတယ်။Genre..... BL, Drama Quality…. 1080p | 720p File size… 600MB | 300MB Format… mp4 Duration…. 47min Subtitle…. Myanmar Subtitle (Hardsub) Translator ..... ...

Bed Friend (2023)

2023
Tooth Pari: When Love Bites(2023) 5.5
Tooth Pari: When Love Bites(2023) Tooth Pari: When Love Bites 2023အခုတင်ဆက်ပေးမယ့် ဇာတ်လမ်းကတော့ ထူးထူးခြားခြား Netflix ကနေအသစ်ထွက်ရှိထားတဲ့ ဟင်ဒီစကားပြော ဗန်ဗိုင်းယားစီးရီးတစ်ပုဒ်ဖြစ်ပါတယ်။ IMDb 7.8အထိရရှိထားပြီး cast တွေအနေနဲ့ နာမည်ကြီးမင်းသမီးလေးတန်ညာက ဗန်ဗိုင်းယားမအဖြစ် သရုပ်ဆောင်ထားပြီး သွားဆရာ၀န်ကတော့ ဂန်ဂူဘိုင်းဇာတ်ကားထဲက မင်းသားပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်း လတ်ရဲဆတ်ရဲတဲ့ ဗန်ဗိုင်းယားမလေးတစ်ယောက် လူသားတွေကိုပလေးရင်း သူ့ဆန္ဒတွေကိုဖြည့်ဆည်းတာပေါ့။ တစ်နေ့မှာ မတော်တဆဖြစ်ပြီး သူ့အစွယ်ကျိုးသွားခဲ့တယ်။ သူ့အစွယ်ပြန်ရဖို့အရေး သွားဆေးခန်းသွားရာမှာ မာမား boy လေးသွားဆရာဝန်နဲ့ ဆုံတွေ့ဖို့ဖြစ်လာတော့တယ်။ လူသားတွေကိုပတ်ပလေးနေတဲ့ ဗန်ဗိုင်းယားမလေးတစ်ယောက် သွားဆရာဝန်နဲ့တွေ့သွားတဲ့အခါ ထုံးစံအတိုင်းလူသားနဲ့ ဗန်ဗိုင်းယားတို့ကြားက အချစ်တွေပေါက်ဖွားလာပေမယ့် ကံကြမ္မာက မျက်နှာသာမပေးခံလိုက်ရတဲ့အခါ ...ဇာတ်လမ်းထူးခြားတဲ့ Drama ,Thriller ,Comedy ကားဖြစ်ပြီး‌ ပေါ့ပေါ့ပါးပါးတင်ဆက်ထားပေမယ့် နောက်ပိုင်းမှာ ဇာတ်လမ်းက plot twist တွေနဲ့ dark ဖြစ်တဲ့ဇာတ်ကွက်ကို ကြည့်ရှုရမှာဖြစ်ပါတယ်။Quality : 1080p NF WEB DL / 720pTotal Episodes : 8EpsFormat : mp4Genres ...
5.5
TMDb: 5.5/10 4 votes
tv

Tooth Pari: When Love Bites(2023)

2023
Oasis(2023)
Oasis(2023) Oasis(2023)***********အပိုင်း( ၁ မှ ၁၆ ) ထိ စ/ဆုံးဆင်းရဲတဲ့မိသားစုကနေ မွေးဖွားလာပေမဲ့ ထက်မြက်ပြီးစိတ်ထားဖြူစင်တဲ့ကောင်လေး အီဒူဟက်နဲ့ချမ်းသာတဲ့မိသားစုကနေ မွေးဖွားလာပြီး ရှုံးတာကို လုံး၀မကြိုက်တဲ့လူချမ်းသာကောင်လေး ချွဲချောအွန်းတို့ဟာဆိုရင်ငယ်စဉ်ကတည်းက ညီအစ်ကိုတွေလို ကြီးပြင်းလာကြတဲ့ နှစ်ယောက်မရှိတဲ့သူငယ်ချင်းတွေဖြစ်ကြပါတယ်သူတို့နှစ်ယောက် တစ်ပြိုင်တည်းသဘောကျမိသွားတဲ့ ကောင်မလေးကတော့ဆိုးလ်ကနေကျောင်းပြောင်းလာတဲ့ အိုဂျောင်ရှင်းဆိုတဲ့ ကောင်မလေးပေါ့ဒူဟက်နဲ့ ချောအွန်းတို့နှစ်ယောက်စလုံး ဂျောင်ရှင်းကို တွဲကြဖို့ ဖွင့်ပြောကြပါတော့တယ်ဂျောင်ရှင်းက ဘယ်တစ်ယောက်ကို ရွေးချယ်သွားမှာလဲ? ညီအစ်ကိုတွေလို‌ချစ်ကြတဲ့ သူတို့နှစ်ယောက်ကြားမှာရော ပြိုင်ဆိုင်မှုလေးတွေ ရှိလာမလားဆိုတာတော့....School 2017 ထဲက 2nd lead စုံတွဲလေးဖြစ်တဲ့ Jang Dong Yoon နဲ့ Seol In Ah တို့ကဒီတစ်ခေါက်မှာတော့ Main lead အနေနဲ့ ပြန်တွေ့ကြပါပြီနော် 1980-1990 အချိန်ကို ရိုက်ကူးထားတဲ့ period drama လေးဖြစ်တာကြောင့်အရင်ကားတွေလို ငိုရဦးမလားဆို‌တာကိုတော့ စောင့်ကြည့်ကြစို့နော်   Episodes: 16File Size:1.3GB, 500MBQuality :Web-DL AMZN 1080p,720PGenres: ...

Oasis(2023)

2023
Obsession (2023) 18+ 6.718
Obsession (2023) 18+ ပရိသတ်ကြီးအတွက် ဒီတစ်ခါတော့ IMDb 5.1 ရှိတဲ့ ဇာတ်လမ်းတွဲလေးတစ်ခုတင်ဆက်ပေးလိုက်ပါတယ် ဒီခေတ်ကြီးထဲမှာ ဘယ်သံယောဇဉ်ကမှ မယုံရတော့ဘူးလို့ တော်တော်များများကပြောနေကြတာပါ ခေါက်ရိုးကျိုးနေတဲ့ လူ့အသိုင်းအဝိုင်းမှာ အဖန်တလဲလဲဖြစ်တတ်တဲ့ အရာတွေကလည်း အများကြီးပါပဲ လူ့စိတ်ဆိုတာကလည်း ခက်သားဗျ မရနိုင်တာ မယူထိုက်တာကိုမှ ပိုပြီးလိုချင်ကြတဲ့အမျိုးလေ ကိုယ်သွေးသားရင်းကလွဲရင် ကျန်တဲ့သူတွေဆို သိပ်ယုံလို့ရတဲ့ခေတ်မှမဟုတ်တော့တာကိုး ဒီကားလေးထဲမှာတော့ ဒိတ်ဒိတ်ကြဲ ဆရာဝန်ကြီးတစ်ယောက်ရယ် သူ့သားရဲ့ ကောင်မလေးတစ်ယောက်ရယ်ကို အခြေခံပြီးရိုက်ထားတဲ့ လူ့သဘာဝဖောက်လွဲဖောက်ပြန်တတ်တဲ့အကြောင်းလေးပါပဲနည်းနည်းလေးလွန်တာကတော့ မြင်ရုံနဲ့ မနေနိုင်မထိုင်နိုင်ဖြစ်ပြီး သိပ်တောင်မတွေ့ကြရသေးဘဲ အချစ်နယ်ကျွံကြတဲ့ ကိစ္စပါ သူ့သားက ကောင်မလေးတွေအများကြီးတွဲလိုက် ပျက်လိုက်ဖြစ်နေပေမဲ့ ဒီတစ်ယောက်နဲ့ကျတော့ ဖခင်ကြီးကိုယ်တိုင် နွံနစ်ရတဲ့အဖြစ်ပါပဲ အဲဒီလိုနဲ့ သားရော အဖေရော အပိုင်အုပ်ထားတဲ့ အန်နာဆိုတဲ့ ကောင်မလေးက လှေတံနှစ်ဖက်ကို အချိုးကျကျနင်းမလား လျှို့ဝှက်ချက်ကြီးပေါ်သွားရင် ဘာဖြစ်ကြမလဲ နာမည်အရမ်းကြီးနေတဲ့သူတစ်ယောက်အတွက် ဒီလိုမျိုးကိစ္စဆို ဘယ်လိုဖြေရှင်းကြမလဲ စတာ စတာတွေကို ဒီထဲမှာ အပြီးသာ ကြည့်ရှုလိုက်ကြပါတော့....... File size…(760 ...
6.718
TMDb: 6.718/10 39 votes
tv

Obsession (2023) 18+

2023
Tiny Beautiful Things (2023) 7.7
Tiny Beautiful Things (2023) Tiny Beautiful Things (2023)လူရယ်လို့ဖြစ်လာပြီဆိုရင် ဘဝရဲ့ပြဿနာတွေ အဆင်မပြေမှုတွေ လောကဓံတွေကြောင့် မွန်းကြပ်မှုဒဏ်ကိုတော့ အနည်းနဲ့အများ ခံစားရတာချည်းပါပဲ။ ဒီလိုမွန်းကြပ်နေတဲ့စိတ် အခြေအနေတစ်ခုပေါ်မှာ Guilty ဖြစ်နေတဲ့စိတ်ကို ဖြေလျှော့ဖို့ နည်းလမ်းကောင်းတစ်ခုကတော့ တစ်စုံတစ်ယောက်ကို ရင်ဖွင့်ဖို့ပါပဲ။တစ်စုံတစ်ယောက်ကို ရင်ဖွင့်ရတာ စိတ်ကိုပေါ့ပါးစေတယ် စိတ်သက်သာရာရစေတာမှန်ပေမဲ့ ကျွန်တော်တို့ရွေးချယ်ဖြစ်တဲ့နည်းလမ်းတွေထဲမှာတော့ "ရင်ဖွင့်တယ်" ဆိုတာက လူကြိုက်များလှတဲ့နည်းတော့မဟုတ်နေပြန်ပါဘူး။ လူတိုင်းဟာ ‌ကိုယ့်ရဲ့အားနည်းချက်တစ်ခုကို နောက်တစ်ယောက်ကို ဖွင့်ဟပြချိန်မှာ အနာပေါ်ဆားဖြူးတာနဲ့တူတဲ့ ဝေဖန်ကဲ့ရဲ့မှုတွေကိုတော့ စိုးရွံ့တတ်ကြတာပဲလေ။ ဒါဟာလည်း ဝေဖန်မှုတွေရှောင်ဖို့အတွက် မသိတဲ့လူတစ်ယောက်ဆီကနေ အကြံပေးမှု နှစ်သိမ့်မှုတွေတောင်းခံနိုင်တဲ့ Dear Sugar Column ရဲ့ အစပါပဲ။အခုဒီရုပ်ရှင်လေးကတော့ Dear Sugar Column‌ist ဖြစ်ခဲ့တဲ့ နာမည်ကျော်စာရေးဆရာမ Cheryl Strayed ရဲ့ နာမည်ကြီးစာအုပ်တစ်အုပ်ဖြစ်တဲ့ Tiny Beautiful Thingsကို ရုပ်ရှင်ပြန်လည်ရိုက်ကူးထားတဲ့စီးရီးလေးတစ်ခုပါ။ ဒီကားလေးထဲမှာတော့ Cheryl ကို မရည်ရွယ်ဘဲနဲ့ Dear Sugar မှာ အမည်မသိစာရေးသူအဖြစ်နဲ့ စာရေးဖို့ဖြစ်လာတဲ့ကလဲရ်အနေနဲ့ မြင်တွေ့ရမှာပါ။ကလဲရ်ဟာ အသက် ...
7.7
TMDb: 7.7/10 3 votes
tv

Tiny Beautiful Things (2023)

2023
Peak Time (2023) 9.5
Peak Time (2023) Peak Time (2023)ဒီတစ်ခေါက်မှာတော့ ရင်တထိတ်ထိတ်နဲ့ကြည့်ရမယ့် Ongoing Survival ရှိုးတစ်ခုဖြစ်တဲ့ Peak Time ကို တင်ဆက်ပေးချင်ပါတယ် ခက်ခဲစွာနဲ့ သင်တန်းသားကာလပတ်တွေကုန်ဆုံးခဲ့ပြီး ပွဲဦးထွက်ခွင့်ရခဲ့ပေမယ့် အခြေအနေအမျိုးမျိုးကြောင့် ရပ်ဆိုင်းခဲ့ရ ဖျက်သိမ်းခဲ့ရ လူသိမများခဲ့ရတဲ့ အိုင်ဒေါတွေအတွက် အခွင့်အရေးတစ်ရပ်အနေနဲ့ Peak Time ဆိုတဲ့ ပရိုဂရမ်လေးက မျှော်လင့်ချက် ဖြစ်လာခဲ့ပါပြီ ဒီပရိုဂရမ်မှာ စုစုပေါင်း အဖွဲ့ ၂၃ ဖွဲ့ပါဝင်ယှဉ်ပြိုင်ကြမှာဖြစ်ပြီး နောက်ဆုံးကျန်ရှိတဲ့အဖွဲ့က ဆုကြေးငွေအပြင် Album ထုတ်ခွင့်၊ Showcase မှာဖျော်ဖြေခွင့်အထိရရှိမှာပဲဖြစ်ပါတယ်ဒါပေမဲ့ ပွဲဦးထွက်ပြီးသား အိုင်ဒေါအဖွဲ့တွေစုဝေးနေတဲ့နေရာမို့ ပြိုင်ဆိုင်မှုပြင်းထန်ပြီး လမ်းခရီးက လွယ်ကူချောမွေ့မှာတော့မဟုတ်ပါဘူး အဖွဲ့ကိုယ်စီရဲ့မျှော်လင့်ချက်ရောင်ခြည်ကိုယ်စီကို ​အထင်းသားမြင်နေရမှာဖြစ်တာမို့ တကယ် ကြည့်လို့ လောင်လို့ကောင်းမယ့် "Peak Time" ကိုလည်း အပတ်စဉ် စောင့်မျှော်ပေးကြပါဦးနော်အညွှန်းကိုတော့ Shin Shin က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ CM Variety Team ပဲ ဖြစ်ပါတယ်။Genre..... Reality Quality…. 1080p | 720p File size… 2.5GB ...
9.5
TMDb: 9.5/10 2 votes
tv

Peak Time (2023)

2023
Chains of Heart (2023)
Chains of Heart (2023) Chains of Heart (2023)သစ်တောအရာရှိလေးတစ်ယောက်ဖြစ်တဲ့ဒင်မှာ ခန်ဆိုတဲ့ နှစ်နဲ့ချီမြတ်နိုးရတဲ့ချစ်သူရှိပါတယ်။ RS သက်တမ်းလည်းမနည်းလှတဲ့ သူတို့နှစ်‌ယောက်ရဲ့ဘဝက ကြမ္မာဆိုးငင်ချင်တော့ မူးယစ်မှောင်ခိုမာဖီးယားဂိုဏ်းတစ်ဂိုဏ်းနဲ့ပတ်သက်မိပြီး တောင်စောင်းကနေ နှစ်ယောက်တူတူ ပြုတ်ကျသွားတဲ့အခါ...ခန်တစ်ယောက် အသက်မသေဘဲနိုးထလာခဲ့ပေမဲ့ သေသည်ရှင်သည်လည်း သေချာမသိရဘဲ အစရှာမရ ပျောက်ခြင်းမလှပျောက်နေတဲ့ဒင်၊ ဒင်ကို‌ဆုံးရှုံးလိုက်ရတာကြောင့် နှလုံးသားတံခါးကိုချိတ်ပိတ်လိုက်တဲ့ "ခန်" တစ်ယောက် ၂ နှစ်အကြာမှာ ရန်ပွဲထဲကသူ့ကို ရုတ်တရက်ဝင်ကယ်သူနဲ့ဆုံလိုက်ရပေမဲ့ မျက်နှာကိုသေချာမြင်ခွင့်မရလိုက်တဲ့အခါ...အဲဒီနေ့က မမျှော်လင့်ထားတဲ့အဖြစ်အပျက်နဲ့ သူ့ရဲ့ဘဝထဲကို တိတ်တခိုးဝင်ရောက်လာတဲ့ အမည်မသိလူသားလေးနဲ့ ချစ်ရသူနဲ့ခပ်ဆင်ဆင်တူတဲ့အချက်တွေကြောင့် "ဒင်" လို့ထင်နေမိတဲ့ "ခန်" တို့ ဘယ်လိုရှေ့ဆက်ကြမလဲ။ ကံကြမ္မာမုန်တိုင်းကြောင့် ကွဲကွာနေတဲ့အချစ်ငှက်ငယ်လေးတွေရော ကံအလှည့်အပြောင်းမှာ ပြန်‌ဆုံနိုင်မလားဆိုတာ အားလုံးအ‌တူ ကြည့်ရှုခံစားလိုက်ရအောင်ပါ။အညွှန်းကိုတော့ Mary Christ က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Mary, Shin, Cali, Moh တို့ပဲ ဖြစ်ကြပါတယ်။Genre..... BL, Drama Quality…. 1080p | 720p | File size… 600MB | 300MB Format… mp4 Duration….47min Subtitle…. Myanmar Subtitle (Hardsub) Translator ..... ...

Chains of Heart (2023)

2023
Sengalam (2023) 4.5
Sengalam (2023) Sengalam 2023 IMDb 7.6ဒီစီးရီးကတော့အနည်းငယ်ထူးဆန်းပါတယ် တစ်ပိုင်းချင်းစီမှာ မတူတဲ့ဇာတ်လမ်း၂ခုကို တစ်ပိုင်းစီပြသပေးသွားမှာပါ ကွင်းဆက်လူသတ်မှုအကြောင်းနဲ့နိုင်ငံရေးအကြောင်းကိုတစ်ဝက်စီပြသထားတာဖြစ်လို့ မတူတဲ့ခံစားချက်ရစေမှာပါကွင်းဆက်လူသတ်မှု... ဗယ်လာရီမှာ သား၃ယောက်ရှိပါတယ် ရာယာကတော့အကြီးဆုံးပေါ့ ဥပဒေနဲ့မဖြေရှင်းနိုင်တဲ့အမှုတွေဆိုလက်နဲ့ဖြေရှင်းပါတယ် သူတို့ပစ်မှတ်ထားနေတဲ့ လူတွေကိုတစ်ယောက်ချင်းစီလိုက်သတ်နေတာမျိုးပေါ့ တစ်ရွာလုံးကဒီ၃ယောက်ကို ကယ်တင်ရှင်တွေလို့တွေးကြပါတယ် ဒါကြောင့်ဘယ်ရဲမှသူတို့ကိုဖမ်းမမိတာပါ ဘယ်ရွာသားတွေကမှ သတင်းမပေး မကူညီပေးကြလို့ပါ ဒီကွင်းဆက်လူသတ်မှုမှာဆိုရင်တော့ Farziလိုမျိုး လက်တစ်လုံးခြားလွတ်လွတ်သွားတာလေးတွေကို အသည်းတယားယားကြည့်ရှုရမှာပါနိုင်ငံရေး... ဗီရူဒွန်ဝါဆိုတဲ့မြို့လေးမှာ မိသားစုအစဉ်အဆက် မြို့တော်ဝန်တာဝန်ယူလာတာ နှစ်ပေါင်းကို၄၀ကျော်နေတဲ့မိသားတစ်စုရှိပါတယ် ဒီလောက်အချိန်အကြာကြီးဆိုတော့ စုမိဆောင်းမိတာတွေနဲ့ မိတ်ဆွေသင်္ဂဟတွေကမနည်းမနော ရွေးကောက်ပွဲတိုင်း သူတို့ချည်းမြို့တော်ဝန်ပေါ့ ဒါကိုခရိုင်အတွင်းရေးမှူးနဲ့ လူတစ်စုကမကျေမနပ်ဖြစ်နေပါတယ်.. ဆိုတော့ နိုင်ငံရေးထုံးစံအတိုင်း ကြိုတွေးထားလို့မရတဲ့လှည့်ကွက်တွေနဲ့ နေရာလုကြမဲ့အပိုင်းလေးတွေလည်းရှူစားလိုက်ကြပါဦးQuality : 1080p / 720pTotal Episodes : 9EpsFormat : mp4Genres : Crime, Drama, War & PoliticsDuration : 37mSubtitle : Myanmar Subtitle ( Hardsub )Translated by BpL~Cherry~Yunni~NyeinEncoded by YK 720p Episode 1 - Yoteshin / Userdrive / Megaup / Streamvid Episode ...
4.5
TMDb: 4.5/10 2 votes
tv

Sengalam (2023)

2023
Duty After School (2023)
Duty After School (2023) Duty after school (2023)All of us are dead, the school nurse flies တိုလို student actionကားကြိုက်သူများအတွက် All of us are dead S2 မလာခင်မှာ Tving ကနေအသစ်ထွက်လာရှိလာတဲ့ ကျောင်းသားကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် အထက်တန်းကျောင်းတစ်ခုမှ ဝင်ခွင့်အတွက်စာကြိုးစားနေကြတဲ့ကျောင်းသားတွေက ဝင်ခွင့်အတွက်စာကြိုးစားရမယ့်အစား သူတိုအသက်ရှင်ဖိုအတွက် ဂြိုဟ်သားတွေနဲ့တိုက်ခိုက်ဖို ဖြစ်လာတဲ့အခါမှာ....ကောင်းကင်ပေါ်ကနေ ကမ္ဘာမြေပေါ်ကို ဂြိုဟ်သားတွေကျရောက်လာပြီးတော့ ကြီးမားတဲ့ပျက်စီးမှုတွေဖြစ်လာပါတော့တယ် ကိုရီးယားအစိုးရဟာ ဒီဂြိုဟ်သားတွေကို နှိမ်နင်းဖိုအတွက် စစ်တပ်အင်အားဖြည့်တင်းဖိုအတွက် တက္ကသိုလ်တိုင်းအထက်တန်းကျောင်းတိုင်းက ကျောင်းသား/သူ တိုင်းကို စစ်လေ့ကျင့်ရေးတွေလုပ်ဖို အမိန့်ထုတ်ပြန်လိုက်ပါတယ် ဒါပေမဲ့ အထက်တန်းကျောင်း တတိယနှစ်အခန်း ၂ က ကျောင်းသားတွေကတော့ ဂရုမစိုက်ဘဲ တက္ကသိုလ်ဝင်ခွင့်အတွက်ပဲစာကြိုးနေတုန်းပါပဲ ဖြစ်ချင်တော့ ဒီနှစ်မှာ အဲဒီစာမေးပွဲတွေမကျင်းပဖြစ်တဲ့အခါ ကျောင်းသာတွေက စာလုပ်ရမယ့်အစား စစ်လေ့ကျင့်ရေးတွေကိုလေ့ကျင့်ရပါတော့တယ်ကျောင်းသားတွေအပေါ်စည်းကမ်းတင်းကြပ်ပေမယ့်ဂရုစိုက်တဲ့ တပ်ကြပ်ကြီး ကျောင်းသားတွေရဲ့ဘေးကင်းမှုကိုဦးစားပေးတဲ့ အတန်းပိုင်ဆရာမနဲ့အတူ ကျောင်းသားတွေက ...

Duty After School (2023)

2023
Jubilee (2023) 8
Jubilee (2023) Jubilee (2023)IMDb-7.9/10Padmaavat ထဲကမင်းသမီးချောလေး Aditi Rao Hydari နဲ့ မင်းသားကြီး Aparshakti Khurana တို့ ပါ၀င်သရုပ်ဆောင်ထားတဲ့ ၁၉၄၀ ၀န်းကျင်အငွေ့အသက်လေးတွေနဲ့ ဇာတ်ကားကောင်းလေးကိုခံစားကြည့်ပါဦး၁၉၄၇ ၀န်းကျင်အိန္ဒိယရဲ့ နိုင်ငံရေးအရှုပ်အရှင်းတွေနဲ့အတူ ရုပ်ရှင်လောကမှာလည်းသပွတ်အူလည်နေကြပါတယ်Roy Talkies ဆိုတာ အဲဒီခေတ်အခါက မျက်နှာသစ်လေးတွေကိုစင်တင်ပြီး အောင်မြင်ကျော်ကြားအောင်လုပ်ပေးနေတဲ့ နံပါတ်တစ်စတူဒီယို ဒီရဲ့ပိုင်ရှင် စရီကန့်ရွိုင် သူ့ရဲ့စတူဒီယိုပါတနာ ဇနီးချောဆူမီတရာကူမာရီ မစ္စတာရွိုင်ဟာ သူဆက်ထုတ်မဲ့ရုပ်ရှင်အတွက်အားလုံးကြေညာပြီးပေမဲ့ အဓိကဇာတ်ဆောင်ကိုတော့ ချန်လှပ်ထားခဲ့တယ် ရုပ်ရှင်လောကသားတွေကြားမှာတော့ အဲဒီဇာတ်ဆောင်နဲ့ မဒမ်ဆူမီတရာထွက်ပြေးသွားပြီဆိုတဲ့ ကောလဟတွေ‌ မစ္စတာရွိုင်ဟာ သူ့ဘ၀နဲ့စတူဒီယိုအတွက် အရေးပါနေသူဇနီးနဲ့ သူစင်တင်ပေးမဲ့မင်းသား နှစ်ယောက်သားကို ပါးပါးနပ်နပ်ကိုင်တွယ်နိုင်မှပဲ သူ့သိက္ခာသူ့ဘ၀သူ့စတူဒီယိုကို ကယ်တင်နိုင်တော့မှာပါ၁၉၄၇ ဆိုတဲ့ကာလတွေဟာ ဉာဏ်များတယ် ပဟေဋိဆန်တယ် ရန်သူမိတ်ဆွေရောထွေးနေပြီး ကြည့်ရှူသူတွေအတွက်ကတော့ တစ်ကွက်ချင်းစိတ်၀င်တစားနဲ့စီးမျောသွားနိုင်တဲ့အတွက် CM ပရိသတ်‌ကြီးအတွက် တင်ဆက်ပေးလိုက်ရပါတယ်File Size – 700MB/ 350MB Quality – 1080p / 720pDuration – 58minsTotal Episodes:Subtitle – Myanmar HardsubFormat – ...
8
TMDb: 8/10 1 votes
tv

Jubilee (2023)

2023
The Diplomat (2023) 5
The Diplomat (2023) The Diplomat (2023) Complete ~ IMDb rating - 6.5/10 ~ 2023 မှာထွက်ရှိထားတဲ့ ဒရာမာ သည်းထိတ်ရင်ဖို မှုခင်းစီးရီး​လေးဖြစ်တဲ့ The Diplomat ​လေးနဲ့ မိတ်ဆက်​ပေးပါရ​စေ။ သံတမန်​ရေးရာ​ရော အမှုအ​ကြောင်း​တွေ​ရောသာမက ဒရာမာ​ခန်း​တွေပါ အဘက်ဘက်က ပြည့်စုံ​အောင် ရိုက်ထားတဲ့စီးရီး​လေးဖြစ်လို့ ကြည့်သင့်တဲ့ စီးရီး​လေးတစ်ခုလည်းဖြစ်ပါတယ်။ လော်ရာဟာ ကက်တန်လန်မြို့ကလေးမှာနေနေတဲ့ တိုင်းတစ်ပါးရောက်ဗြိတိန်သူတစ်ယောက်ပါ။ သူက အဲဒီမြို့ကိုရောက်လာတဲ့ ဗြိတိန်နိုင်ငံသားတွေရဲ့ ပြဿနာတွေကို လိုက်လံဖြေရှင်းပေးရတဲ့ အလုပ်လုပ်ပါတယ်။ တစ်​နေ့ ဗြိတိန်နိုင်ငံသားတစ်ဦး အသတ်ခံလိုက်ရတဲ့အချိန်မှာ သံတမန်​ရေးရာ​ ဘောင်ထဲက​နေမလွန်ဆန်နိုင်ဘဲ သူ့သူငယ်ချင်း ကက်တန်လန်မြို့သူ အယ်ဘာနဲ့ အမှုကို ​ဘယ်လို ဖြေရှင်းသွားမလဲ၊ အမှုမှန်ရဲ့​နောက်ကွယ်မှာ​ရော ဘယ်သူ​တွေရှိ​နေတာလဲဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမယ့် စီးရီး​လေးဖြစ်ပါတယ်။ အပိုင်းတိုင်းမှာလည်း အမှုအ​ကြောင်းချည်းမဟုတ်ဘဲ ဖြစ်​လေ့ဖြစ်ထရှိတဲ့ သံတမန်ကိစ္စ​လေး​​တွေကို ထည့်ရိုက်​ပေးထားတာ​ကြောင့် ကြည့်ရတာနှစ်ထပ်ကွမ်းတန်တဲ့ စီးရီး​လေးတစ်ခုဖြစ်ပါတယ်လို့ညွှန်းလိုက်ပါရ​​စေ။ (ဒီစီးရီးကို အညွှန်းရေးသား ဘာသာပြန်ပေးသူကတော့ DB ပဲဖြစ်ပါတယ်)Size ~ 550MB+ Total ...
5
TMDb: 5/10 1 votes
tv

The Diplomat (2023)

2023
Copycat Killer (2023) 8
Copycat Killer (2023) Copycat Killer (2023)The victim gameတို့ Danger zoneတို့လိုပဲ ထိုင်ဝမ်စုံထောက်စီးရီးပရိသတ်တွေကြားမှာ ရေပန်းစားနေတဲ့ Copycat killerဆိုတဲ့ Taiwan remakeဇာတ်ကားလေးကို တင်ဆက်ပေးချင်ပါတယ်။Chris Wu နဲ့ Ko Chia Yen တို့လို ထိုင်ဝမ်ဝါရင့်သရုပ်ဆောင်တွေ ဝိုင်းဝန်းအားဖြည့်ထားတဲ့အပြင် အချစ်တော်လေး Ruby Linကိုလည်း Support role အနေနဲ့ မြင်ရဦးမှာဆိုတော့ သင်္ကြန်တွင်းမှာ စုံထောက်စီးရီးကောင်းကောင်းနဲ့နှပ်ချင်သူတွေအတွက် ရွေးစရာတစ်ခုဖြစ်မှာပါ။စိတ္တဇလူသတ်သမားတစ်ယောက်ရယ်လို့ ဖြစ်လာခြင်းရဲ့အရင်းခံဟာ မွေးရာပါဗီဇကိုက မကောင်းတာလား။ ဒါမှမဟုတ် ငယ်စဉ်ကပတ်ဝန်းကျင်ရဲ့လွှမ်းမိုးမှုတွေ ကြုံတွေ့ခဲ့ရတဲ့ နာကျင်မှုတွေကြောင့်လား။ ရုတ်တရက်ဖြစ်ပေါ်လာတဲ့ စေ့ဆော်မှုတစ်ခုနောက်ကိုလိုက်ရင်း လူသတ်ရတာကို နေသားကျနှစ်ခြိုက်သွားတာလား။အကြောင်းအရင်းက ဘယ်တစ်ခုပဲဖြစ်နေပါစေ လောကကြီးမှာ အကြမ်းအနု စိတ်ကိုလု ဆိုသလိုပဲ လူကောင်းနဲ့လူဆိုးကြားမှာ အလွှာပါးတစ်ခုပဲခြားတယ်ဆိုတာကိုတော့ ဘယ်သူမှငြင်းနိုင်မယ်မထင်ပါဘူး။ဒီကားလေးထဲမှာတော့ ငယ်စဉ်ဘဝက ကြီးမားတဲ့ဖြစ်ရပ်ဆိုးတစ်ခုကြောင့် စိတ်ဒဏ်ရာရှိခဲ့ဖူးတဲ့ အမှုစစ်ကောရှောင်ချိဟာ ဥပဒေကိုလက်ကိုင်လို့ ရာဇဝတ်သားတိုင်းကို အပြစ်ပေးမယ်ဆိုပြီး သံဓိဋ္ဌာန်ချထားသူပါ။ အပြောနဲ့အလုပ်ညီတဲ့သူတစ်ယောက်ဖြစ်တာကြောင့် အဖြောင့်မတ်ဆုံး အထက်မြက်ဆုံးအမှုစစ်အဖြစ်နဲ့ အတော်လေးနာမည်ကြီးသူလည်းဖြစ်ပါတယ်။ လုပ်ဖော်ကိုင်ဖက်တွေကြားမှာတော့ သူဟာစာအုပ်ကြီး၊ ပေတံကြီးလို ဆက်ဆံခံရသူပေါ့။ဒီလိုနဲ့ ရွှေ့ပြောင်းနေထိုင်သူတွေများတဲ့ စုန့်ယန်မြို့မှာ ...
8
TMDb: 8/10 31 votes
tv

Copycat Killer (2023)

2023
Taxi Driver 2 (2023)[Complete] 8.122

Taxi Driver 2 (2023)[Complete]

2023
Queenmaker(2023)[Complete] 10
Queenmaker(2023)[Complete] Queenmaker(2023)*****************အပိုင်း( ၁ မှ ၁၁) ထိ စ/ဆုံးအကြံပေးအရာရှိဆိုတဲ့ အသုံးအနှုံးကို ကျွန်တော်တို့  တော်တော်များများ ကြားဖူးနားဝရှိကြတယ်..သမ္မတအကြံပေးအရာရှိ ကုမ္ပဏီအကြံပေးအရာရှိ ယုတ်စွအဆုံး အဆိုတော် နဲ့အခြား ဆယ်လီအကျော်အမော်များစွာပင် အကြံပေးအရာရှိပုံစံများ အနားမှာ ခေါ်ယူထားကြတယ်..တကယ်တော့ သူတို့ရဲ့ တာဝန်တွေကလည်း အတော်ကြီးမားလှပါတယ်..သူ့တို့အရည်အချင်းပြည့်ဝမှုပေါ်မူတည်ပြီး သူတို့တာဝန်ထမ်းဆောင်နေတဲ့သူတွေဟာ ပိုမိုထင်ပေါ်သွားနိုင်သလိုဟိုးအောက်ဆုံးကိုကျသွားနိုင်တာလည်းရှိလို့ပါ... Queenmaker မှာ ဒီသဘောတွေကိုအဓိက ထားပြီးရိုက်ပြထားတယ်..လှတပတ ကောင်းမလေးတွေ ကောင်လေးတွေမပါဘဲ လုပ်ငန်းခွင်နဲ့ အကောင်းဆုံးဖြတ်သန်းနိုင်တဲ့၃၀ကျော်အရွယ်တွေနဲ့ အဓိက ဇာတ်အိမ်တည်ထားတယ်...Kim Hee Ae နဲ့ Moon So Ri လို ဆရာမကြီးတွေကဒီဇာတ်လမ်းရဲ့ အဓိက ဇာတ်ဆောင်တွေဖြစ်ပြီး ဇာတ်ပို့တွေကလည်းနာမည်ကြီးတွေကြီးဖြစ်ကြတယ်..တစ်ယောက်က လုပ်ငန်းစုကြီးတစ်ခုရဲ့ ထက်မြက်တဲ့အကြံပေးအရာရှိတစ်ယောက်ဖြစ်သလိုတစ်ယောက်ကတော့ ဒီလုပ်ငန်းကြီးကိုဖြိုချဖို့ တိုက်ပွဲဝင်နေတဲ့သူ...ဇာတ်လမ်းက အရမ်းစိတ်ဝင်စားစရာကောင်းတယ်... မျက်မှောက်ခေတ်မှာ ဒီနည်းလမ်းတွေကိုစနစ်ကျကျနဲ့အသုံးပြုလာကြသလို တော်တော်များများကလည်း ဗဟုသုတရ ရစရာတွေ မှတ်သားစရာတွေဖြစ်နေတယ်....ပျင်းစရာကြီးလို့လည်းမထင်လိုက်နဲ့  လုံးဝဂေါ်ထွက်နေအောင် ရိုက်ပြထားတာမို့ ခံစားကြည့်ကြပါဦး. Episodes: 11File Size:1.3GB, ...
10
TMDb: 10/10 1 votes
tv

Queenmaker(2023)[Complete]

2023
Romance of a Twin Flower (2023)
Romance of a Twin Flower (2023) ဒီတစ်ခါCMကနေ တင်ဆက်ပေးမဲ့ကားလေးကတော့ရိုမန့်ချိုချိုလေးနဲ့ ပရိတ်သတ်တွေကိုအချိုကြွေးမဲ့ကားလေးပါရှောင်ဖုန်းကာရိုက်တာနဲ့ ပရိတ်သတ်တွေဆီကနေအချစ်တွေသိမ်းပိုက်ခဲ့တဲ့Peng Xiao Ran လေးကို ရှေးခေတ်ကာရိုက်တာနဲ့ ပြန်မြင်ရမှာပါဒီတစ်ခါမှာလည်း သူများနဲ့မတူတမူထူးခြားပြီးဉာဏ်ထက်မြက်တဲ့ကျိမန်ဆိုတဲ့ကောင်မလေးဟာမတော်တဆမှုတစ်ခုကြောင့် မှတ်ဉာဏ်တွေပျောက်ဆုံးသွားခဲ့ရပါတယ်သူမှတ်ဉာဏ်တွေပျောက်ဆုံးချိန်မှာ ဘာမှတောင်ရှင်းပြခွင့်မရဘဲသူ့ရဲ့အမွှာညီမနေရာကိုအစားထိုးပြီး ဟုံအိမ်တော်ထဲခေါ်သွင်းခံလိုက်ရပါ တော့တယ်ရောက်တဲ့အရပ်မှာပဲ သူ့ရဲ့ဟာသဉာဏ် စီးပွားရေးအသိပညာကိုအသုံးပြုပြီးအခက်အခဲတွေအများကြီးကိုဖြေရှင်းပေးလိုက်ရာက ဟုံအိမ်တော်ကလူတွေသတိထားမိသွားပါလေရောအဲ့လိုနဲ့ ကျိမန်လေးကို ဟုံအိမ်တော်ထဲက အရမ်းအေးစက်ပြီးမာနကြီးတဲ့သခင်လေးနင်ယွိရွှမ်က သတိထားမိသွားပြီး ဘာတွေဆက်ဖြစ်မလဲ?တစ်အိမ်တော်ထဲနေပြီး ဘယ်လိုတွေကြုံတွေ့ရမလဲ?မာနကြီးတဲ့သခင်လေးကို ကြွေကျသွားလောက်အောင် ဘယ်လိုတွေတောင်ကျိမန်လေးက ဆွဲ ဆောင်မလဲ?တကယ့်အမွှာညီမပေါ်လာရင်ရောဘယ်လိုဖြစ်မလဲဆိုတာ ဇာတ်လမ်းလေးထဲ ကြည့်လိုက်ရအောင်နော်[Reviewed By Kong Hou]Quality : WEB-DL 720p,1080pTotal Episodes : 38Format : mp4Genres : Drama, Romance, Bussiness, HistoricalDuration : 45 min per EpisodeSubtitle : Myanmar Subtitle ( Hardsub )Translated by CM TeamEncoded by ...

Romance of a Twin Flower (2023)

2023
That ’90s Show (2023) 7
That ’90s Show (2023) That 90's Show (2023) ~ IMDb - 6.4/10, Rotten Tomatoes - 76% ~ ဒီတစ်ခါတင်ဆက်ပေးချင်တာကတော့ ထူးထူးဆန်းဆန်းလေးလို့ပဲပြောရမှာပါ။ ၂၀၂၃ မှာထွက်ပေမဲ့ နာမည်အတိုင်း ၁၉၉၀ ပြည့်နှစ်တွေက Sitcom ပုံစံမျိုး တင်ဆက်ပေးထားတာဖြစ်ပါတယ်။ Sitcom ရဲ့သဘောတရားကိုအကြမ်းဖျဥ်းပြောပြရရင် Scene တွေအားလုံးကို Studio ဆင်ပြီး ရိုက်ကူးတာဖြစ်ပါတယ်။ မြင်သာအောင်ပြောရရင် ပြဇာတ်ကို ရုပ်ရှင်လိုရိုက်ပြလိုက်တဲ့သဘောပါပဲ။ ပရိသတ် Reaction တွေပါမယ်။ သိပ်သဘာဝမကျတဲ့ ဟာကွက်တွေနဲ့ အစစ်မဟုတ်မှန်းသိသာတဲ့ Setting မျိုးတွေ၊ ပေါတောတောဟာသတွေအများစု၊ ဒါတွေပေါင်းစပ်ထားတာကိုအကြမ်းဖျဥ်းအားဖြင့် Sitcom လို့ခေါ်ပါတယ်။ ဘာလို့ဒါတွေရှင်းပြနေရသလဲဆိုရင် သာမန်စီးရီးတွေနဲ့ပဲကျင့်သားရနေတဲ့သူတွေ၊ Sitcom ရဲ့သဘောတရားကိုမသိတဲ့သူတွေက ရုပ်ရှင်စစ်စစ်တွေနဲ့နှိုင်းပြီး ဝေဖန်တာမျိုးတွေရှိနေလို့ပါပဲ။ အဲဒီလို မပြီးပြည့်စုံမှု၊ ရုပ်ရှင်မဆန်မှု၊ ပေါကားအထာဟာသလေးတွေ၊ ယုတ္တိမရှိတဲ့ Plot လေးတွေကပဲ Sitcom ရဲ့အနှစ်သာရစစ်စစ်ဖြစ်နေလို့ပါ။ ဇာတ်လမ်းအကြောင်းကိုသွားရရင် ဝင်စကွန်ဆန်မှာနေကြတဲ့ ရက်ဒ်နဲ့ကစ်တီတို့ ...
7
TMDb: 7/10 77 votes
tv

That ’90s Show (2023)

2023