Channel Myanmar

2023

The Crossover (2023) 5.7
The Crossover (2023) The Crossover (2023) ================‌Disney ရဲ့ Sports, Drama ဇာတ်လမ်းတွဲလေးပါ။ ချက်ဘဲလ်ဆိုတဲ့ NBA basketball league ရဲ့ဂန္တ၀င် ကစားသမားကြီး အနားယူနေ၀င်ချိန်မှာတော့ အိမ် ထောင်ကျပြီး ဂျော်ဒန်ဘဲလ် နဲ့ ဂျော့ရှ်ဘဲလ်ဆိုတဲ့ အမွှာညီအစ်ကို နှစ်ယောက်ကိုရလာပါတယ် ။သူ့သားတွေကို အဖေခြေရာနင်းစေချင်တဲ့ ချက်ဘဲလ် က ငယ်ငယ်ထဲက ဘတ်စ်ကတ်ဘောကိုလေ့ကျင့်ပေး ပြီး ကျောင်းလက်ရွေးစင်နဲ့ အထက်တန်းကျောင်းတစ် လျှောက်ပြိုင်ပွဲတွေမှာ ၀င်ပြိုင်စေခဲ့ပါတယ်။ ဂျော်ဒန်နဲ့ ဂျော့ရှ့်ကလည်း NBA Pro player တွေကိုမွေးထုတ် ပေးနေတဲ့ ဘီကွန်အကယ်ဒမီ အထက်တန်းကျောင်းကို ၀င်ရောက်နိုင်ဖို့ကြိုးစားရင် အောင်မြင်တဲ့ ဘတ်စ်ကတ် ဘော ကစားသမားတွေဖြစ်အောင်ကြိုးစားကြမှာဖြစ်ပါ တယ် ။(ဒီစီးရီးရဲ့ အညွှန်းနဲ့ဘာသာပြန် ရေးသားပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်။)File Size.............(350 MB) / (830 MB) Quality...............WEB-DL 720p / 1080p Duration............50Mins(@Episode) Subtitle..............Myanmar Hardsub Format...............MP4 Genre.................Drama, Family, Sport Translator..........Thiha Yan Naing Encoder.............. SWM 720P (350 Mb)-----------------------------------Episode(1) - Yoteshin /  ...
5.7
TMDb: 5.7/10 1231 votes
tv

The Crossover (2023)

2023
Till The End of The Moon (2023)
Till The End of The Moon (2023) ❏ သူ့ရဲ့ ဘဝမှာ သံယောဇဥ်ချစ်ခြင်းမေတ္တာဆိုတာ မရှိ၊ မွေးဖွားစဥ်ကတည်းက တစ်ခါမှ မငိုခဲ့ဖူးသူ ၊သူ့ရဲ့ မျက်လုံးအိမ် အသက်သွေးကြောတွေကို ဖောက်ယူရင်တောင် နုနယ်နွမ်းလျတဲ့ ပုံစံကိုမြင်ရမှာမဟုတ်တဲ့ ရက်စက်သော မိစ္ဆာအရှင် - ထန်ထိုက်ကျင့် အဖြစ် လော်ယွင်ရှီး❏ မသေမျိုး နတ်ဂိုဏ်း အကြီးအကဲရဲ့ မွေးစားသမီးဖြစ်သူ ၊ လောကရဲ့ အမြင့်မြတ်ဆုံးသောဖီးနစ်သွေးကို ပိုင်ဆိုင်ထားသူ ၊ အရမ်းကိုမှ လှပတင့်တယ်တဲ့ မိန်းမပျိုလေး - လီစူးစူး အဖြစ် ပိုင်လုမိစ္ဆာတိုရဲ့အရှင်သခင် ထန်ထိုက်ကျင့် ကြီးစိုးကာ အနိုင်ကျင့်နှိပ်စက်နေတဲ့ လောကကြီးကိုကယ်တင်ဖိုအတွက်ဟန်ယန်ဂိုဏ်းချုပ်ရဲ့ မွေးစားသမီးငယ်ဖြစ်သူ လီစူးစူးကို အရာအားလုံးကို ဖြေရှင်းဖိုအတွက်လွန်ခဲ့သော နှစ်ပေါင်း ၅၀၀ ဆီကိုစေလွှတ်ခဲ့တယ်ဆိုပါတော့ ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀၀အတိတ်ကာလကို ရောက်ရှိသွားခဲ့တဲ့အချိန်မှာတော့ မိန်းမပျိုလေး လီစူးစူးဟာယဲ့အိမ်တော်ရဲ့သမီးငယ်လေး ယဲ့ရှီးဝု အဖြစ်ပြန်လည်မွေးဖွားခဲ့ပါတော့တယ် ။ ဒါပေမယ့်မထင်မှတ်ထားတဲ့ ကိစ္စတစ်ခုဟာလဲ ဖြစ်ပျက်လိုနေပြန်ပါတယ် ...

Till The End of The Moon (2023)

2023
The Swarm (2023) 6.736
The Swarm (2023) The Swarm (2023)Ecological sci-fi thriller seriesတွေကို နှစ်သက်သူတွေအကြိုက်ဖြစ်မဲ့ စီးရီးတစ်ခုဖြစ်တဲ့ The Swarmဆိုတဲ့စီးရီးလေးနဲ့ မိတ်ဆက်ပေးပါရစေ။ German နာမည်ကျော် စာရေးဆရာကြီး Frank Schätzingရဲ့ Best sellerစာအုပ်The swarmကို အခြေတည်ရိုက်ကူးထားတာဆိုတော့ စိတ်ဝင်စားဖို့ကောင်းမဲ့စီးရီးတစ်ခုအဖြစ် ညွှန်းပေးလိုက်ရပါတယ်။မိုးပြာရောင်ကောင်းကင်ကြီးအောက်မှာရှိတဲ့ ပြာလဲ့လဲ့ပင်လယ်ပြင်ကြီးကို မလှဘူးလို့ပြောနိုင်တဲ့လူရယ်လို့ ရှိမယ်မထင်ပါဘူး။ ဒါပေမဲ့ မာယာများလွန်းတဲ့ဒီပင်လယ်ကြီးဟာ အလှတရားတွေနဲ့အတူ အန္တရာယ်‌တွေ ဆန်းကြယ်မှုတွေနဲ့ ပြည့်နှက်နေတာကိုတော့ အားလုံးလက်ခံရမှာပါ။ဒီဇာတ်ကားလေးထဲမှာ‌တော့ အဏ္ဏဝါဗေဒ PhD ကျောင်းသူလေးဖြစ်တဲ့ ကိုယ်ထင်ရာလုပ်တတ်ပြီး စည်းမျဉ်းတွေကို သိပ်ဂရုမစိုက်တတ်တဲ့ ချာလီဝက်ဂ်နာတစ်ယောက် ဌာနချုပ်မှာ ပြဿနာဖြစ်ခဲ့တာကြောင့် ဝေးလံခေါင်ဖျားတဲ့ကျွန်းတစ်ကျွန်းကိုပို့ခံလိုက်ပါတယ်။ လူသူသိပ်မရှိတဲ့ကျွန်းဆိုတော့ ချာလီတစ်ယောက် ပျင်းခြောက်ခြောက် ကုန်ဆုံးရမဲ့ နွေရာသီကာလကိုကြိုတွေးရင် စိတ်ပျက်နေတာပေါ့။ ဒါပေမဲ့ မာယာတွေပြည့်နှက်နေတဲ့ ပင်လယ်ကြီးက ချာလီကို စိန်ခေါ်မှုတွေနဲ့ စောင့်ကြိုနေတာကိုတော့ သူမသိခဲ့ပါဘူး။ချာလီတစ်‌ယောက် ပင်လယ်အခြေအနေကို စူးစမ်းဖို့သွားရင်းနဲ့ သာမန်ထက်များပြားနေတဲ့ မီးတောက်ရေခဲလို့တင်စားကြတဲ့ မီသိန်းခဲတွေ အများအပြားတွေ့ရတာကတစ်ကြောင်း၊ လူတွေကိုအန္တရာယ်မပြုတတ်တဲ့ ဝေလငါးတွေ ပင်လယ်ကဏန်း‌တွေလိုပင်လယ်သတ္တဝါကြီးတွေက လူတွေကိုရန်ပြုနေတဲ့ ထူးဆန်းတဲ့ဖြစ်ရပ်တွေ ...
6.736
TMDb: 6.736/10 36 votes
tv

The Swarm (2023)

2023
Jinny’s Kitchen (2023)
Jinny’s Kitchen (2023) Jinny's Kitchen (2023)'Youn's Kitchen' ကို ကြည့်ဖူးတဲ့သူတိုင်း အခုတင်ဆက်ပေမဲ့ Jinny's Kitchen ဆိုတဲ့ အစီအစဥ်ကိုလည်း သဘောကျမှာ အသေအချာပါပဲ ။ 'Youn's Kitchen' မှာ bulgogi , bibimbap တို့လို ကိုရီးယားရိုးရာအစားအစာများကို တင်ဆက်ပြခဲ့ပြီး ဒီတစ်ခေါက်မှာတော့ 'Korean Fast Food' လို့ ခေါ်တဲ့ လမ်းဘေးအစားအစာတွေကို စိန်ခေါ်သွားမှာပါ ။ Youn's Kitchen မှာ ဒါရိုက်တာဖြစ်ခဲ့တဲ့ သရုပ်ဆောင် Lee Seo Jin က အခုအခါမှာတော့ ပိုင်ရှင်ဖြစ်လာပြီး နိုင်ငံခြားမှာ franchise စားသောက်ဆိုင်အသစ်ကို ဖွင့်လှစ်မှာပဲ ဖြစ်ပါတယ် ။တခြားပါဝင်မဲ့သူတွေကတော့ မင်းသမီးချော Jung Yu-mi ၊ ဆွဲဆောင်မှုရှိတဲ့ မင်းသား Park Seo-joon ၊ ပျိုတိုင်းကြိုက်တဲ့မင်းသား Choi Woo-shik နဲ့ ကမ္ဘာ့စတား BTS ရဲ့ V (Kim ...

Jinny’s Kitchen (2023)

2023
Hello Tomorrow! (2023) 6.3
Hello Tomorrow! (2023) Hello Tomorrow! (2023) ================= IMDb Rating - 6.3/10 Comedy, Drama, Sci-fiComedy-Scifi အမျိုးအစားဇာတ်လမ်းတွဲတွေရှားပါးတဲ့ အထဲမှာ Apple TV ကနေ ထုတ်လုပ်တဲ့ Hello Tomorrow ဆိုတဲ့ ဇာတ်လမ်းတွဲလေးကိုမြည်းစမ်းကြည့်‌စေချင်ပါတယ်။ ယနေ့ခေတ်မှာ လကမ္ဘာပေါ်ဟန်းနီးမွန်းထွက်ပြီး အခြေချ နေထိုင်ဖို့ဆိုတာ သန်းကြွယ်သူဌေးကြီးတွေအတွက်တောင် စိတ်ကူးယဉ်ဆန်‌နေပါလိမ့်မယ်။များမကြာမီ အနာဂတ်အချိန်တစ်ခုမှတော့ လူသားကမ္ဘာ ခေတ်မီတိုးတက်လာပြီး လူနာအခြေစိုက်စီမံကိန်းဆိုပြီး လကမ္ဘာပေါ်မှာ လူသားများအခြေချနေထိုင်လာပါပြီ ။ အောက်ခြေလူတန်းစားတွေအတွက်လည်း လကမ္ဘာပေါ်က ဘ၀နေထိုင်မှုတစ်ခုဟာ သိပ်ပြီးအလှမ်းမဝေးတော့ပါဘူး။ ဒီစီးရီးမှာ အဓိကကြည့်ရမှာက လကမ္ဘာမှာ အိမ်‌ခြံမြေအကျိုး ဆောင်လုပ်တဲ့ လူတစ်စုရဲ့ ဘ၀အကြောင်းနဲ့ လုပ်ငန်းခွင် comedy များကို သိပ္ပံစိတ်ကူးယဉ်ဆန်ဆန် စိတ်၀င်တစား ကြည့်ရှုရမှာဖြစ်ပါတယ်။စုစုပေါင်း(၁၀)ပိုင်းရှိတဲ့ ဒီစီးရီးကို CMမှ ဆက်တိုက်တင် ပေးသွားပါမယ်။(ဒီစီးရီးရဲ့ အညွှန်းနဲ့ဘာသာပြန် ရေးသားပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်။)File Size.............(190 MB) / (500 MB) Quality...............WEB-DL 720p / 1080p Duration............30Mins(@Episode) Subtitle..............Myanmar Hardsub Format...............MP4 Genre.................Comedy, Drama, Sci-Fi Translator..........Thiha Yan Nainng Encoder..............SWM 720P (190 Mb)-----------------------------------Episode(1) - Yoteshin ...
6.3
TMDb: 6.3/10 2800 votes
tv

Hello Tomorrow! (2023)

2023
Pandora: Beneath the Paradise(2023) [Complete]
Pandora: Beneath the Paradise(2023) [Complete] Pandora: Beneath the Paradise(2023)*********************************အပိုင်းသစ် (၁ မှ ၁၆) ထိ စ/ဆုံး အလောင်တစ်လိုင်းလေး လာပါပြီHong Tae-ra(Lee Ji-ah)ဆိုတဲ့အမျိုးသမီးဟာကိုရီးယားနိုင်ငံရဲ့ သမ္မတကတော်တစ်ယောက်ပါ...သူ့မှာ သူ့ရဲ့ ချစ်ရတဲ့ ယောက်ျားရယ်သမီးလေးရယ်နဲ့အတူ သာယာလှပတဲ့ ဘဝလေးရှိတယ်.... ဒါပေမဲ့ သူဟာ အတိတ်ကို မမှတ်မိဘူးဖြစ်နေတယ် ....တစ်နေ့မှာသူ့ရဲ့ မှတ်ဉာဏ်တွေ ပြန်ရရှိလာပြီး‌တော့ ဆိုးရွားတဲ့ အတိတ်ကို ပြန်မှတ်မိသွားခဲ့တယ်.... အဲ့ဒီအခါမှာ သူ့ရဲ့ ပြီးပြည့်စုံလှတဲ့ ဘဝကြီးကလည်း ပြိုကွဲသွားပြီးတော့သူလည်း ဆောက်တည်ရာမရ ဖြစ်သွားခဲ့ရတယ် ....အတိတ်က ဖြစ်ရပ်အတွက်လက်စားချေဖို့ ရုန်းကန်နေတဲ့ Hong Tae-ra တစ်ယောက် အဆုံးသတ်မှာဘယ်လိုတွေ ဖြစ်သွားမလဲဆိုတာကိုတော့ ဇာတ်ကားလေးထဲမှာပဲ ဆက်လက် ကြည့်ရှုပေးလိုက်ကြပါနော်ဒီကားလေးထဲမှာတော့ Cast အနေနဲ့ Lee Ji-ah, Lee Sang-yoon, Jang Hee-jin , Park Ki-woong , Bong Tae-gyu တို့ပါဝင်သရုပ်ဆောင်ထားပါတယ် Penthouse vibe ...

Pandora: Beneath the Paradise(2023) [Complete]

2023
Daisy Jones & the Six (2023) 8.1
Daisy Jones & the Six (2023) Daisy Jones & the Six (2023) ===================== IMDb Rating - 8.1/10ဂီတဆိုတာ ဘာလဲ။ လူတွေက ဂီတကို သူတို့ရဲ့ အထင်တွေ အမြင်တွေနဲ့ ရှု့ထောင့်မျိုးစုံကနေ ပုံဖော်ကြတယ်။ တချို့က ကြီးကျယ်ခမ်းနားမှုလို့ မြင်ကြပေမယ့် လူတချို့အတွက်က တော့ ဂီတနဲ့ အသက်မွေးတာက ထမင်းငတ်မယ့်အလုပ်လို့ မြင်ကြပါတယ်။ ဒါကလည်း ဖြတ်သန်းရပုံဘဝချင်းမတူကြလို့ အမြင်ချင်းမတူကြတာပဲ . . . ရှိပါစေတော့။ဒါပေမယ့် လူငယ်အများစုဟာ ဂီတတွေကို ဖန်တီးပြီးတော့ လူသားသမိုင်းတစ်လျှောက် အကြီးဆုံးဖြစ်တဲ့ ဖျော်ဖြေရေး လှိုင်းလုံးကြီးထဲမှာ စီးမျှောလိုက်ပါကြဖို့ ကြိုးစားကြပါတယ်။ လှိုင်းလုံးဖြစ်တဲ့အလျှောက် အောင်မြင်မယ်ဆိုရင် လှိုင်းထိပ်ကို ရောက်မယ် ကျရှုံးမယ်ဆိုရင်တော့ လှိုင်းအောက်ကို ရောက်ရှိ သွားမှာပဲ။ ဒီလိုနဲ့ ခေတ်ပေါ် ဂီတလောကမှာ အောင်မြင်ပြီး နာမည်ကြီးကြတဲ့ တီးဝိုင်းအဖွဲ့တွေ များစွာရှိသလိုပဲ လူမသိသူမသိ ဖျက်သိမ်းသွားတဲ့ တီးဝိုင်းအဖွဲ့ဆိုတာတွေလည်း ဒုနဲ့ဒေးပါပဲ။ဒီဇာတ်လမ်းမှာလည်း ထို့အတူပဲ ၁၉၇၇ မှာ လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တဲ့ Daisy Jones and The Six ဆိုတဲ့ တီးဝိုင်းအဖွဲ့ တစ်ခုဟာ ...
8.1
TMDb: 8.1/10 23000 votes
tv

Daisy Jones & the Six (2023)

2023
Slip (2023) 6.7
Slip (2023) Slip (2023)နေ့စဉ် ပြောင်းလဲမှုမရှိ၊ စိတ်လှုပ်ရှားစရာမရှိဘဲ ဖြတ်သန်းနေရတဲ့ဘဝကြီးကို လူတော်တော်များများ ငြီးငွေ့ကြမှာပါ။ ဒီဇာတ်ကားထဲက Mae ကလည်း အဲဒီလိုပါပဲ။ အတူနေရည်းစားဖြစ်သူ Elijah နဲ့ ၁၃ နှစ်ကြာ နွေးထွေးမှုတွေ ပျောက်ကွယ်နေတဲ့ Relationship ထဲမှာ ပိတ်မိနေရင်း ဘဝကို စိတ်ကုန်နေပါတယ်။ အချင်းချင်း အချိန်သိပ်မပေးဖြစ်ကြတော့ဘဲ အဆင်ပြေသလိုနေလာကြပြီးတော့ Elija က ကလေးလိုချင်ပေမယ့် Mae ကတော့ အတိတ်ကစိတ်ဒဏ်ရာတွေကြောင့် မလိုချင်သေးပါဘူး။ တစ်နေ့ Mae အလုပ်လုပ်တဲ့ ပန်းချီပြခန်းက ပန်းချီပြပွဲအပြီး ပါတီမှာ Elijah က Mae ကိုမစောင့်ဘဲ ပြန်သွားတော့ ဘားမှာ Eric နဲ့ဆုံပါတယ်။ရည်းစားကို စိတ်ကုန်နေတဲ့ Mae လည်း Eric နဲ့ တစ်ညတာကုန်ဆုံးရင်း မနက်ခင်း သူနိုးလာတဲ့အချိန်မှာ Eric နဲ့သူက လက်ထပ်ထားပြီးသားဖြစ်နေတာကို တွေ့လိုက်ရပြီး သူ့ဘဝတစ်ခုလုံး ပြောင်းလဲသွားပါတော့တယ်။Rating ကလည်း IMDb 6.1 ရထားတာမို့ Parallel Universe ထဲမှာ ...
6.7
TMDb: 6.7/10 3 votes
tv

Slip (2023)

2023
[18+] Sssshhh! (2023) 7
[18+] Sssshhh! (2023) Sssshhh! (2023) Completed Mini-Series Sssshhh! ဆိုတာ Podcast တစ်ခုဖြစ်ပြီး ဒီအစီအစဉ်ကိုတော့ Salome Salvi ဆိုတဲ့ Adult Content Creator တစ်ယောက်က Host လုပ်ပါတယ်။ ဒီအစီအစဉ်မှာ လာရောက်တဲ့ဧည့်သည်တွေဟာ Host နဲ့အတူ သူတို့ရဲ့ လိင်နဲ့ပတ်သက်တဲ့အတွေ့အကြုံဇာတ်လမ်းတွေ၊ အယူအဆသဘောထားတွေကို အိတ်သွန်ဖာမှောက် မချွင်းမချန် ဆွေးနွေးပြောပြကြမှာဖြစ်ပါတယ်။ Erotica Manila ကိုသဘောကျခဲ့တဲ့ပရိသတ်တွေအတွက် သူ့လိုပဲ အချစ်၊ အိမ်ထောင်ရေးနဲ့လိင်မှုကိစ္စအဖြာဖြာကို မတူညီတဲ့ဇာတ်လမ်းလေးပုဒ်နဲ့ တင်ဆက်သွားမှာဖြစ်ပါတယ်။ အစီအစဉ်မှူး Salome Salvi အဖြစ် ဖိလစ်ပိုင်ရဲ့  Maria Ozawa လို့တင်စားကြတဲ့ Salome Salvi ကိုယ်တိုင်ဦးဆောင်ပါဝင်ထားပြီး Vivamax ရဲ့မျက်နှာသစ်မျက်နှာဟောင်း မင်းသမီးလေးတွေ အစုံအလင်ပါဝင်လာမှာဖြစ်တဲ့အတွက် စဆုံး ခံစား ကြည့်ရှုသင့်တဲ့ ဇာတ်လမ်းတွဲတစ်ခုပါပဲ။ (ဒီစီးရီးကို အညွှန်းရေးသား ဘာသာပြန်ပေးသူကတော့ ALS ပဲဖြစ်ပါတယ်)Size ~ 700MB+ Total - ...
7
TMDb: 7/10 1 votes
tv

[18+] Sssshhh! (2023)

2023
Alert: Missing Persons Unit (2023) 9.2
Alert: Missing Persons Unit (2023) Alert: Missing Persons Unit (2023) Completed Series Fox က​နေ အပတ်စဉ်ထုတ်လွှင့်နေတဲ့ Action, Drama စီးရီးအသစ်တစ်ခုကိုတင်ဆက်​ပေးလိုက်ပါတယ်။ Alert: Missing Persons Unit ဆိုတဲ့နာမည်အတိုင်း လူ​ပျောက်တိုင်ကြား​ရေးဌာနနဲ့ သက်ဆိုင်တဲ့ စီးရီးပါ။ ​​​​ဂျေဆင်နဲ့နစ်ကီ လင်မယား၂​ယောက်မှာ ​မွေးစားသားသမီး၂​ယောက်ရှိရာမှာ ကိသ်ဆိုတဲ့ သား​ဖြစ်သူက ၁၁နှစ်ကတည်းက ပြန်​ပေးဆွဲခံခဲ့ရတာပါ။ ၆နှစ်​ကျော်ကြာတဲ့အထိ သားဖြစ်သူကို ပြန်မ​တွေ့ခဲ့သလို နစ်ကီကိုယ်တိုင်လည်း MPU ဌာနရဲ့​ခေါင်း​ဆောင်တစ်​ယောက် ဖြစ်​နေပါပြီ။ သားဖြစ်သူကို ရှာ​ဖို့ ကြိုးစားရင်း တခြားလူ​ပျောက်မှု​တွေကို ရှာ​​ဖွေကယ်ဆယ်ကြပုံ​တွေ၊ စွန့်စားခန်း​တွေကို တစ်ပတ်ကို Story တစ်ခု ပုံစံနဲ့ ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ CM က​နေ အပတ်စဉ်ပုံမှန်တင်​ဆက်​ပေးသွားမယ့် 11 ပိုင်းရှိမယ့် စီးရီးအသစ်ပါပဲ။ (ဒီစီးရီးကို အညွှန်းရေးသား ဘာသာပြန်ပေးသူတွေကတော့ X, Thar Htet နဲ့ 666 တို့ပဲဖြစ်ပါတယ်) Size ~ ...
9.2
TMDb: 9.2/10 9 votes
tv

Alert: Missing Persons Unit (2023)

2023
Rain Dogs (2023) 6.4
Rain Dogs (2023) Rain Dogs (2023) Season 01 Complete ~ IMDb - 6.3/10, Rotten Tomatoes - 100% ~ "A family like no other" Rain Dogs ဟာ HBO ရဲ့ 2023 ထွက် အသစ်စက်စက် British Series တစ်ခုပဲဖြစ်ပါတယ်။ သာမန် လူလတ်တန်းစားတွေ၊ လူကုံထံတွေအကြောင်းကို ရိုက်ထားတဲ့ ဇာတ်ကားတွေကနေ ကွဲထွက်ပြီး စားဖို့သောက်ဖို့၊ နေစရာရှိဖို့အတွက် ရုန်းကန်ကြရတဲ့ လက်လုပ်လက်စား လူတန်းစားတစ်ရပ်အကြောင်းကို ရိုက်ကူးပုံဖော်ထားတဲ့ Dark Comedy, Drama စီးရီးလေးတစ်ခုပါပဲ။ ဇာတ်လမ်းရဲ့အစမှာ Single Mother တစ်ဦးဖြစ်တဲ့ Costello Jones ဟာ ခက်ခဲတဲ့အနေအထားတစ်ရပ်နဲ့ရင်ဆိုင်နေရပြီး သူ့ရဲ့ ချစ်စရာသမီးချောလေး Iris ဟာလည်း မိခင်ဖြစ်သူကိုနားလည်ပြီး ဖြစ်သမျှကို စိတ်မညစ်စွာ အတူတူရင်ဆိုင်ရဲတဲ့ ကလေးလေးဖြစ်ပါတယ်။ ...
6.4
TMDb: 6.4/10 8 votes
tv

Rain Dogs (2023)

2023
Boys Planet (2023)
Boys Planet (2023) Boys Planet (2023)"K-pop ကိုကိုရီးယားရဲ့ ပိုင်ဆိုင်မှုလို့ သတ်မှတ်ထားတဲ့ခေတ်ကကုန်သွားပါပြီ" မနှစ်က Girls Planet ပြီးကတည်းက စောင့်လိုက်ရတဲ့ Boys Planet ကတော့ အခုပဲထွက်လာပါပြီဒီတစ်ခေါက်ကတော့ Korea, Global ဆိုပြီး Group K နဲ့ G အနေနဲ့ခွဲထားပါတယ် မဲပေးတဲ့စနစ်ကလည်း ပြင်ပအဖွဲ့အစည်းဖြစ်တဲ့ Samil PwC ကကိုင်တွယ်သွားမှာပါပါဝင်ယှဉ်ပြိုင်တဲ့သူတွေလည်း ချောပေ့ တော်ပေ့ ကောင်းပေ့ဆိုတာလေးတွေပဲဆိုတော့ ကြည့်ရတာအရမ်းတန်နေပါပြီ ယောရောဘွန်းတို့ရော ကိုယ့် Pick ကို Debut Line ထဲဝင်ဖို့ မဲပေးဖို့အသင့်ဖြစ်ပြီလားဒီ BOYS PLANET က ကောင်လေးတွေကို အပြည့်အဝကြူးဖို့ CM ကလည်း အပတ်စဉ်တင်ဆက်သွားမှာဆိုတော့ လက်မလွှတ်တမ်းစောင့်ကြည့်ဖို့ မမေ့ကြနဲ့နော်အညွှန်းကိုတော့ Joyz က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ CM Variety Team ကပဲ ဖြစ်ပါတယ်။Genre..... Reality Quality…. 1080p | 720p File size… 4GB ...

Boys Planet (2023)

2023
The Nurse (2023) 6.9
The Nurse (2023) The Nurse (2023) ============== IMDb Rating - 6.9/10[ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားသည်]2012 ခုနှစ် --------------- Arne ဆိုတဲ့ သက်ကြီးပိုင်း အမျိုးသားကြီးတစ်ယောက် ဒိန်း မတ် နိုင်ငံက ဆေးရုံတစ်ခုမှာ .. ရောဂါလက္ခဏာ ကြီးကြီးမား မား မရှိပါဘဲ သေဆုံးသွားခဲ့တယ်။ အလောင်းကို စစ်ကြည့်တဲ့ အခါ diazepam လွန်ကဲမှုကြောင့်လို့ အဖြေထွက်တယ်။ ဆေးရုံက ဆေးမှားထိုးတာ မဟုတ်ကြောင်း သေချာတဲ့အတွက် လူနာဟာ သူ့ကိုယ်သူ ဆေးထိုး သေကြောင်းကြံတယ်လို့ ‌သတ်မှတ်လိုက် ကြတယ်။2014 ခုနှစ် ---------------- Pernille ဆိုတဲ့ အမျိုးသမီးတစ်ယောက် ဒိန်းမတ်ဆေးရုံကြီးမှာ သူနာပြုအနေနဲ့ ပထမဆုံး အလုပ်ဆင်းခွင့်ရခဲ့တယ်။ Christina ဆိုတဲ့ သူနာပြုက သူ့ရဲ့ အလုပ်၀င်စ ကာလတွေမှာ သင်ပြလေ့ကျင့် ပေးတယ်။ တစ်ခုသော ညမှာ လူနာတစ်ယောက် ရုတ်တရက် သေ ဆုံးတယ်။ လူနာခန်းထဲက အမှိုက်ခြင်းထဲမှာ Diazepam တွေပါတဲ့ ဆေးထိုးပြွန်ကို Pernille တွေ့သွားတယ်။ သေဆုံးရခြင်း အကြောင်း ရင်း တူညီတဲ့ ဖြစ်ရပ်တွေ စိပ်လာတဲ့အခါ သံသယ၀င်စရာတွေ ...
6.9
TMDb: 6.9/10 710 votes
tv

The Nurse (2023)

2023
Why? (2023)
Why? (2023) Why(2023)ဒီတစ်ခေါက်တင်ဆက်ပေးချင်တဲ့ စီးရီးလေးကတော့ အချစ်အလွမ်း မိသားစုကြားအရှုပ်အထွေးတွေနဲ့ ဇာတ်လမ်းဇာတ်ကွက်အလှည့်အပြောင်းတွေကို တင်ဆက်ပေးထားတဲ့ အင်ဒိုဒရာမာစီးရီးလေးပဲဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းဂီဗန်ကို စတွေ့တည်းက မြင်မြင်ချင်းအချစ်နဲ့ချစ်မိသွားတဲ့ ကောင်မလေး ဂရေ့စ်.....ကျောင်းမှာ ခပ်ဆိုးဆိုးခပ်ပေပေနေပေမယ့် ဂရေ့စ်ရဲ့ညီမဖြစ်သူ ဂလေဒီကိုမြင်မိမှ ချစ်မိသွားပြီး နေထိုင်သွားတဲ့ ဂီဗန်...ငယ်စဉ်ကတည်းက အမဖြစ်သူနဲ့မတူပဲ အနုပညာကိုသာ စိတ်ဝင်စားတဲ့ ဂလေဒီသူတိုသုံးဦးကြား အချစ်နဲ့ကံကြမ္မာလှည့်ကွက်တွေနဲ့ ဇာတ်လမ်းကိုတည်ဆောက်ထားပြီး အထင်လွဲမှုတွေ သွေးထိုးမှုတွေကြား အချစ်စစ်တိုလမ်းဖြောင့်ဖြူးမလားဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုသွားရမှာပဲဖြစ်ပါတယ်Quality : 1080p  VDO WEBDL / 720pTotal Episodes :7EpsFormat : mp4Genres : Drama, Romance,Duration : 47minsSubtitle : Myanmar Subtitle ( Hardsub )Translated by MomentEncoded by YK 720p Episode 1 -Yoteshin / Userdrive / Megaup / Meganz / Streamvid Episode 2-Yoteshin / Userdrive / Megaup / Meganz / ...

Why? (2023)

2023
Sweet Tooth Season2 7.9
Sweet Tooth Season2 Sweet tooth ( season 2 ) ======================Season 1 တုန်းက ထင်တာထက်ပိုကောင်းပြီး၊ emmy ဆုတွေ ရတဲ့ထိအောင်မြင်ခဲ့တဲ့ Sweet tooth ဇာတ်လမ်းတွဲရဲ့ season 2 ဟာ ပရိသတ်ရှေ့ကို ပြန်လည်ရောက်ရှိလာခဲ့ပါပြီ။ ပြီးခဲ့တဲ့ season မှာတော့ တစ်စစီပြန့်ကြဲနေခဲ့တဲ့ အစပျိုးထားသမျှ ဇာတ်ကောင်တွေကို ချိတ်ဆက် ပေါင်းစည်းပြပြီးတော့မှ ပရိသတ်တွေ ကလိကလိဖြစ်အောင် ဟက်ကော့ကြီးဇာတ်သိမ်းသွားခဲ့ပါတယ်။ဇာတ်လမ်း ပြန်ဆက်ရရင်တော့ ရောဂါလှိုင်း နောက်တစ်လှိုင်းပြန်စလို့ ဖြေဆေး အသည်းအသန်လိုချင်နေကြတဲ့ နောက်ဆုံးလူသားတွေဟာ မျိုးစပ်ကလေးတွေကို ရိုးတွင်းချဉ်ဆီထုတ်ဖို့အတွက် ဖမ်းထားကြပြီး မျိုးစပ်ကလေးတွေကလည်း သူတို့နည်းသူတို့ဟန်နဲ့ လွတ်မြောက်ဖို့ကြိုးစားနေကြပါတယ်။ဇာတ်လမ်းက ဘယ်လိုဆက်ဖြစ်သွားလဲ၊ အခု season 2 ကရော season 1 ရဲ့ tempo ကို မီရဲ့လား၊ hype ထားရတာနဲ့ တန်ရဲ့လားဆိုတာတွေကို ကိုယ်တိုင်ကြည့်ပြီး ဆုံးဖြတ်နိုင်ဖို့ သမင်ချိုနဲ့ကောင်လေး ဆွိတုရဲ့ ဇာတ်လမ်းတွဲကို ချန်နယ်မြန်မာကနေ ဘာသာပြန်ဆိုတင်ဆက်ပေးလိုက်ပါတယ်...။Quality :1080p WEBRIP / 720pTotal ...
7.9
TMDb: 7.9/10 1092 votes
tv

Sweet Tooth Season2

2023
United Kacche (2023) 7
United Kacche (2023) United Kacche (2023) IMDb 7/10နိုင်ငံခြားမှာပိုက်ဆံရှာပြီးသူဌေးဖြစ်လာဖို့ဆိုတာ ပန်ဂျပ်ပြည်နယ်က တန်ဂိုဆိုတဲ့ကောင်လေးရဲ့အိပ်မက်တစ်ခု...အသိတွေရော သူငယ်ချင်းတွေပါထွက်နေကြတဲ့အချိန် ပိုက်ဆံကမရှိတော့ တန်ဂိုတစ်ယောက် အကြံအိုက်နေချိန်ပေါ့ဒီလိုနဲ့လူတစ်ယောက်နဲ့တွေ့ဆုံပြီး အဲဒီလူအကြံပေးပါတယ် ပန်ချာပီတွေလုပ်နေကြနည်းအတိုင်း ဘိုးဘွားမြေတွေပေါင်ပြီး နိုင်ငံခြားထွက်ဖို့ပါ ဒီလိုပဲပတ်ကြံလိုက်တာပေါင်ဖြစ်သွားတယ်ဆိုပါတော့ နိုင်ငံခြားရောက်ပြီးတော့ အလုပ်ရှာဘာညာနဲ့ဗီဇာသက်တမ်းကုန်ပါလေရော ပြဿနာကဒီကစမှာပါ ဒီလိုတရားမဝင်နေထိုင်သူတွေကိုကာကြေးလို့ခေါ်ကြပါတယ်ဒီကာကြေးတွေကိုဖမ်းတဲ့အဖွဲ့ကရှိနေပါတယ် ဖြစ်ချင်တော့ အဲဒီဖမ်းမဲ့ကောင်နဲ့တန်ဂိုနဲ့တစ်အိမ်တည်းမှာသွားငှားမိပါလေရော ဒီတော့ အဖော်မပါကိုယ်တစ်ယောက်တည်းဖြစ်နေတဲ့နိုင်ငံခြားမှာ တရားမဝင်ဖြစ်နေမဲ့အပြင်ကို လိုက်ဖမ်းတဲ့လူနဲ့ပါအတူနေမိတဲ့ တန်ဂိုတစ်ယောက်ဘယ်လိုဇာတ်သိမ်းသွားမလဲကြည့်လိုက်ကြပါဦးFile Size – 311MBQuality – 720p WEB RIPDuration – 24minute (@Episode)Total Episodes: 8EpsSubtitle – Myanmar HardsubFormat – Mp4Genre : Drama, ComedyTranslator – BpL~Cherry~Yunni~ThaikSanEncoder – YK 720p Episode 1 - Yoteshin / Userdrive / Megaup / Meganz / Streamvid / Streamsb Episode 2 - Yoteshin / Userdrive / Megaup / Meganz ...
7
TMDb: 7/10 1 votes
tv

United Kacche (2023)

2023
Make a Wish (2023) 7.6
Make a Wish (2023) "Make a wish 2023" မြန်မာစာတန်းထိုးဖတ်ဖွန်မ် အဖြစ် Judo Tantachj Tharinpirom ကရစ် အဖြစ် Fluke Natouch Siripongthon ချာန် အဖြစ် Nike Nitidon Pomsuean မိတ် အဖြစ် Pon Thanapon Aiemkumchaiဒေါက်တာဖတ်ခ်ဖွန်မ်က သရဲမြင်နိုင်တဲ့သူပါ သရဲမြင်နေရတော့ ဘာလုပ်လုပ် ဘာကိုင်ကိုင် သူ့အတွက် အဆင်မပြေနေပါဘူးဒါကြောင့် သရဲမမြင်နိုင်အောင် နည်းလမ်းပေါင်းစုံ ကြိုးစားပါတော့တယ် ဒါပေမဲ့ အလုပ်မဖြစ်ခဲ့ပါဘူးတစ်နေ့ သူ့ကို နတ်မင်းကြီး တစ်ပါးက ညောင်ပင်စောင့်နတ်သားဆီမှာ သွားဆုတောင်းဖို့ ပြောပါတယ်သူလည်း နတ်မင်းကြီးပြောတဲ့အတိုင်း ညောင်ပင်မှာ ဆုတောင်းဖို့ သွားပါတော့တယ်ဒီလိုနဲ့အရမ်းချောပြီး အကြင်နာတရားပြည့်ဝတဲ့ နတ်သားနဲ့တွေ့ခဲ့ပါတယ်ဆိုတော့ ညောင်ပင်စောင့်နတ်သားက သူ့ကို ဘယ်လိုနည်းလမ်းတွေ ပေးလာမှာလဲသရဲမမြင်ရအောင် သူ့ကို ဘာတွေလုပ်ခိုင်းမှာလဲဆိုတာ စောင့်ကြည့်လိုက်ပါ..(အညွှန်းရေးသားသူကတော့ Tawan ဖြစ်ပါတယ်)Native Title: ภารกิจนายเทวดา Episodes: 6 Aired: Mar 22, 2023 - ...
7.6
TMDb: 7.6/10 votes
tv

Make a Wish (2023)

2023
Florida Man (2023) 7.2
Florida Man (2023) Florida Man (2023) A Complete Netflix Series Netflix ကနေ လောလောလတ်လတ် အသစ်ထွက်ထားတာဖြစ်ပြီး ပါသမျှလူတွေအချင်းချင်း ကိုယ် သူ့မယုံ သူ့ ကိုယ်မယုံ လိမ်ကောက်ရင်း ကလိမ်ကျနေတဲ့ ရှုပ်ရှုပ်ထွေးထွေး စုံထောက် အက်ရှင်ဇာတ်လမ်းကို ဟာသလေးနှောပြီး ကြည့်ရမှာပါ။ Agents of S.H.I.E.L.D. ထဲက အေးဂျင့်ကိုလ်ဆင်ကြီး တစ်ချက်တစ်ချက် ထဖောက်တဲ့ အခန်းတွေက အခွီရဆုံးလို့ထင်တာပါပဲ။ ဇာတ်လမ်းကတော့ လောင်းကစားစွဲနေလို့ ပြဿနာတွေတက်ပြီး စုံထောက်ရာထူးကနေ အလုပ်ပြုတ်သွားတဲ့ မိုက်က သူအကြွေးတင်နေတဲ့ လူမိုက်ခေါင်းဆောင်ဆီမှာ အကြွေးသိမ်းတဲ့အလုပ် ပြန်လုပ်ရင်း သူ့သူဌေးရဲ့ မိန်းမကိုလည်း ခိုးစားနေတာက‌နေစတာပါပဲ။ အဲဒီကောင်မလေးက ရုတ်တရက် လူမိုက်ခေါင်းဆောင်ဆီက ထွက်ပြေးသွားတော့ လူမိုက်ခေါင်းဆောင်က မိုက်ကို လိုက်ရှာခိုင်းပါတယ်။ ကောင်မလေးပြေးသွားတာက မိုက်ရဲ့ ဇာတိမြို့ဖြစ်တဲ့ ဖလော်ရီဒါပါ။ ဖလော်ရီဒါကို မုန်းနေတဲ့ မိုက်တစ်ယောက် သူဌေးလုပ်သူနဲ့ အပေးအယူလုပ်ပြီး ကောင်မလေးကို ...
7.2
TMDb: 7.2/10 33 votes
tv

Florida Man (2023)

2023
Thicker Than Water (2023) 7.2
Thicker Than Water (2023) Thicker Than Water (2023)"သွေးကရေထက်ပျစ်တယ်" ဆိုတဲ့စကားက ဆလင်းမ်တို့မိသားစုကိုရည်ညွှန်းတာပါပဲ။ သူတို့က ပဲရစ်မှာနေနေကြတဲ့ အယ်လ်ဂျီးရီးရန်းမွတ်ဆလင်တွေပါ။ သူတို့မိသားစုထဲမှာ ဆလင်းမ်ကအမွှေဆုံး။ သူ့အစ်မသုံးယောက်ရှိတယ်။ အဲ့ဒီသုံးယောက်ထဲက ဖာဟာဆိုတဲ့အစ်မက ဆလင်းမ်ကိုအချစ်ဆုံးအစ်မ။ ဖာဟ့ာအပြောအရတော့ သူတို့မိသားစုတွေက ငယ်ငယ်ထဲကအချင်းချင်းဂရုစိုက်ဖို့ သင်ကြားပေးတာခံထားရတယ်တဲ့။ အဲ့ဒါအပြင် သူတို့အဖေက သူတို့ကိုထားပြီးထွက်သွားချိန်မှာ အမေကလဲအလုပ်တွေအရမ်းလုပ်ရတော့ ဆလင်းမ်အတွက် ဖာဟာကအစ်မအပြင် ဒုတိယမိခင်ဖြစ်ခဲ့တယ်။ ဒီဇာတ်လမ်းက မွတ်ဆလင်တွေရဲ့ရမ်မဒါန်ဥပုဒ်လမှာဖြစ်တယ်။ရမ်မဒါန်လရဲ့ပထမရက်မှာ မိသားစုတွေအတူ ဥပုဒ်ဖြေဖို့ချိန်းထားကြတာ ဆလင်းမ်ကရောက်မလာဘူး။ သိပ်မကြာပါဘူး ရဲတွေရောက်လာပြီး ဖာဟာတို့ညီအစ်မတွေကို စစ်ဆေးမေးမြန်းကြပါလေရော။ အကြောင်းကရော ဆလင်းမ်က ရဲတစ်ယောက်ကိုကားနဲ့တိုက်ပြီးထွက်ပြေးသွားလို့ပါ။ ဆလင်းမ်ကလဲအဲ့ဒီကားကို ဖာဟာ့အိမ်မှာလာရပ်ထားတယ်။ ဖာဟာကလဲ သူလဲအမှုမပတ်အောင် သူ့မောင်ကိုလဲကယ်တင်ချင်ဇောနဲ့ သူတို့ညီမသုံးယောက်ရယ် ငမွှေထိုးတူမလေးရယ်ပေါင်းပြီး ကားကြီးကိုမီးရှို့အစဖျောက်လိုက်ကြတယ်။ပြသနာကဒီမှာတင်ပြီးရင်တော်သေး။ ဖာဟ့ာစေတနာကဝေဒနါဖြစ်သွားတယ်ဆိုပါတော့။ ရဲကိုတိုက်တာက ပြသနာသိပ်မရှိဘူး။ ပြသနာကသူတို့မီးရှို့လိုက်တဲ့ကားထဲမှာ ဆလင်းမ်ပို့ပေးရမယ့်မူးယစ်ဆေးတွေပါသွားတာပဲ။ အဲ့မှာတင်ရဲတွေရော မူးယစ်ရာဇာတွေနဲ့ပါ ဇာတ်လမ်းကရှုပ်လာတော့ ဖာဟာ့အနေနဲ့ ဆလင်းမ်ကိုရော သူ့မိသားစုဝင်တွေကိုပါ ဘယ်လိုများကာကွယ်ဖြေရှင်းပေးမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။Seriesရဲ့ ဇာတ်လမ်းသွားက ခိုင်ခိုင်မာမာရှိတဲ့အပြင် ဒီဇာတ်လမ်းမှာ မိသားစုတွေကြားကသံယောဇဥ်တွေ၊ အဆိုးအကောင်းပြသနာတွေရော၊ မောင်နှမတွေရဲ့ အမြဲသတ်နေ စကားနိုင်တွေလုနေကြပေမယ့် တကယ့်အရေးကြုံလာတဲ့အခါ သွေးကရေထက်ပျစ်တယ်ဆိုတာတွေကို ရမဒါန်ဥပုဒ်လနောက်ခံနဲ့ဖော်ကြူးပြထားလို့ တမူထူးခြားတဲ့ series လဲဖြစ်ပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။Genre..... ...
7.2
TMDb: 7.2/10 14 votes
tv

Thicker Than Water (2023)

2023
The Eighth Sense (2023) 10
The Eighth Sense (2023) The Eighth Sense (2023)ဒီတစ်ခေါက်အလှည့်ကျလာတဲ့ Korea BL ဇာတ်လမ်းလေးကတော့ Lim Ji-Sub နဲ့ Jun-Taek Oh တို့ပါဝင်ထားတဲ့ The Eighth Sense ဆိုတဲ့ကျောင်းသားဇာတ်လမ်း‌လေးဖြစ်ပါတယ်ဂျီဟျွန်းက ဆိုးလ်တက္ကသိုလ်တစ်ခုမှ ကျောင်းသားအသစ်ဖြစ်ပြီး ကျေးလက်မြို့ငယ်လေးမှ ပြောင်းရွှေ့လာခဲ့ပါတယ် သူက အဓိပ္ပါယ်ရှိတဲ့ဆက်ဆံရေးကို တည်ဆောက်ဖို့ ရုန်းကန်နေရပြီး အလုပ်များတဲ့ဆိုးလ်ကို ပြောင်းရွှေ့ခြင်းရတာ သူ့အတွက် ကမောက်ကမနှင့် စိတ်ရှုပ်ထွေးစေခဲ့ပါတယ်နှစ်ကြီးကျောင်းသား ဂျယ်ဝန်းက မဖြစ်မနေစစ်မှုထမ်းပြီးနောက်မှာ ဆိုးလ်ကို ပြန်လာခဲ့ပါတယ်ဂျီဟျွန်းအချိန်ပိုင်းအလုပ်လုပ်နေတဲ့ဆိုင်မှာ မထင်မှတ်ဘဲတွေ့ဆုံခဲ့ပြီး သူတို့နှစ်ဦးရဲ့ တစ်ဦးနဲ့တစ်ဦး အပြန်အလှန် စူးစမ်းလိုစိတ်များ စတင်ပေါ်ပေါက်လာခဲ့ပါတယ် ဂျီဟျွန်း က ဂျယ်ဝန်း တက်တဲ့ လှိုင်းစီးကလပ်မှာ ပါဝင်လာတဲ့အခါ အခြေအနေတွေက ဘယ်လိုဆက်ဖြစ်လာမလဲ.....ဂျီဟျွန်းက လှိုင်းစီးခြင်းနဲ့ ပင်လယ်ပြင်ကို ချစ်မြတ်နိုးကြောင်း တွေ့ရှိလာတဲ့အခါမှာ သူတို့ရဲ့သံယောဇဉ်တွေဟာ ပိုမိုနက်ရှိုင်းလာပြီး ရေလွှာလျှောစီးအဖွဲ့ရဲ့ခရီးတစ်ခုစထွက်ချိန်မှာ တွေ့ဆုံကြပြီး ခဏတာဆွဲဆောင်မှုတစ်ခုပဲလား... ဒါမှမဟုတ် တစ်သက်တာချစ်ခြင်းမေတ္တာလားဆိုတာကိုတော့‌ စောင့်မျှော်ကြည့်ရှုပေးပါဦးနော်အညွှန်းကိုတော့ Myo Myo က ရေးထားပေးပြီးတော့ ဘာသာပြန်ထားကတာကတော့ Myo Myo and ...
10
TMDb: 10/10 1 votes
tv

The Eighth Sense (2023)

2023