Channel Myanmar

2023

Joseon Attorney: A Morality (2023) 8
Joseon Attorney: A Morality (2023) Joseon Attorney: A Morality (2023) (အညွှန်း) =================================21 ရာစုခေတ် ရှေ့နေကားတွေချည်းပဲကြည့်နေရတာ ရိုးလောက်ပြီမို့ ဂျိုဆွန်းခေတ်ရှေ့နေကားလေးပြောင်းကြည့်ရအောင်။မိဘတွေရဲ့သေဆုံးမှုနဲ့ပတ်သက်ပြီးတာဝန်ရှိသူတွေကို ကလဲ့စားချေချင်တဲ့စိတ်နဲ့ ရှေ့နေဖြစ်လာတဲ့ Kang Han Soo .. ဘုရင့်သမီးတော်တစ်ပါးဖြစ်ပေမယ့် ဖြူစင်တဲ့စိတ်ထားနဲ့ ချို့တဲ့အဖိနှိပ်ခံပြည်သူတွေကို တစ်ဖက်တစ်လမ်းကနေ ကူညီပေးနေတဲ့ Lee Yeon Joo .. သူတို့နှစ်ယောက်ပေါင်းပြီး ဂျိုဆွန်းပြည်မှာ ဥပဒေကို လက်တစ်လုံးခြားလုပ်ပြီး ခေါင်းပုံဖြတ်နေတဲ့ လူကုံထံတွေ အရာရှိတွေကို ဥပဒေအရဘယ်လိုနှိပ်ကွပ်မလဲဆိုတာ ကြည့်ရမယ့် ဥပဒေရိုမန့်စ်ကားလေးပဲဖြစ်ပါတယ်။မင်းသားချော Woo Do Hwan ရဲ့ သုံးနှစ်အကြာမှ ပြန် comeback တဲ့ကားဖြစ်သလို မင်းသမီးကလည်း WJSN အဖွဲ့ဝင်လည်းဟုတ် .. အခုထိ ကေဒရာမာဖန်တွေရဲ့ရင်ထဲမှာရှိနေဆဲ Twenty-Five Twenty-One ရဲ့”ဂိုယူရင်း” လည်း ဖြစ်တာမို့ နှစ်ယောက်သား chemistry မမိမှာတော့မပူရပါဘူး။Quality :1080p WEB DL/ 720pTotal Episodes : 16EpsFormat : ...
8
TMDb: 8/10 1 votes
tv

Joseon Attorney: A Morality (2023)

2023
Better (2023) 7
Better (2023) Better (2023) Completed Mini-Series ~ IMDb - 6.4/10, Rotten Tomatoes - 89% ~ အဂတိလိုက်စားမှုတွေ၊ ကိုယ်ကျင့်တရား၊ အသိစိတ်ဓာတ်နဲ့ အမှားအမှန်ခွဲခြားသိမြင်မှု၊ Friendship တွေကို စုံစုံလင်လင် မြင်တွေ့ရမယ့် မှုခင်း ဒရာမာစီးရီးအမျိုးအစားဖြစ်ပါတယ်။ လက်တွေ့ကမ္ဘာကို ရောင်ပြန်ဟပ်နေတဲ့ ငွေနောက်လိုက်တဲ့သူတွေ၊ အကျင့်ပျက်ခြစားနေတဲ့ ရဲတွေ၊ မကောင်းမှုတွေ ကြီးစိုးနေတဲ့လောကကြီး အကြောင်းကို ပေါ်လွင်အောင် ပုံဖော်ထားတာဖြစ်တဲ့အတွက် ကြည့်ရမှာတန်ပါတယ်။ ~ ဇာတ်လမ်းအကျဉ်း ~ စုံထောက်စစ်ဆေးရေးမှူး ဆလက်ဟာ သူ့အဖေခြေရာနင်းပြီး ထူးချွန် တာ၀န်‌ကျေတဲ့ ရဲတစ်ယောက်ဖြစ်ပါတယ်။ သူ့မှာ ခင်ပွန်းနဲ့ ဆယ်ကျော်သက်အရွယ် အို၀မ်ဆိုတဲ့သားတစ်ယောက်ရှိပါတယ်။ တစ်ရက်မှာ အို၀မ်က ဦးနှောက်အမြှေးရောင်ရောဂါနဲ့ သေလုမျောပါးဖြစ်ပြီး ဆေးရုံရောက်သွားပါတယ်။ အဲဒီအချိန်မှာပဲ ဆလက်က သူ အနှစ်၂၀လောက် ကျူးလွန်ခဲ့တဲ့ အမှားတွေကို ပြန်မြင်ယောင်ပြီး အသိ၀င်လာပါတော့တယ်။ တကယ်တော့ သူဟာ အများထင်သလို ပြည်သူ့ဘက်တော်သားတစ်ယောက်မဟုတ်ပါဘူး။ သူ့ငယ်သူငယ်ချင်း ...
7
TMDb: 7/10 5 votes
tv

Better (2023)

2023
Queen Charlotte: A Bridgerton Story (2023)(18+) 7.764
Queen Charlotte: A Bridgerton Story (2023)(18+) 2023 Netflix Top-Ten Series တစ်ခုပါBridgerton စီးရီးကို သိပြီးသားသူတွေဆို ဒီဘုရင်မကြီးကို အကျွမ်းတဝင်ရှိပါလိမ့်မယ် ဘရစ်ဂျာတန်စီးရီးထဲမှာတော့ သူက main character သိပ်မဟုတ်တော့ သူ့ကို အာပလာလို ထင်မိသူရှိကောင်း ရှိနိုင်ပါလိမ့်မယ် ...ဒါပေမဲ့ ဂျာမနီနိုင်ငံကနေ ဥရောပတစ်ခွင် ဖြတ်သန်းလာပြီး ဗြိတိသျှအင်ပါယာကြီးရဲ့ ဘုရင်မ တစ်ပါးဖြစ်လာသူ Queen Charlotte ဟာ နယ်နယ်ရရ မဟုတ်ပါဘူး.ဒီဇာတ်လမ်းမှာ ဘုရင်မကြီး Charlotte ရဲ့ ငယ်ဘဝ ဇာတ်ကြောင်းတွေကို မြင်ရမယ် ... အသက်အရွယ်နဲ့ မလိုက်အောင် ဘယ်လိုထက်မြက်ကြောင်း ရဲရင့်ကြောင်းတွေ မြင်ရမယ် အထူးသဖြင့် ဘုရင်မကြီးနဲ့ ဘုရင် ဂျော့ဂ်ျတိုရဲ့ တစ်မူထူးခြားတဲ့ စိတ်ဝင်စားဖွယ်အချစ်ဇာတ်လမ်း ...ဒါတွေအပြင် လေဒီ ဒန်ဘရီတစ်ယောက် သာမန်ဘ၀ကနေ လေဒီရာထူးကို ဘယ်လိုဘယ်ပုံနဲ့ အရယူခဲ့သလဲ ဆိုတာတွေနဲ့ ... လေဒီ ဘရစ်ဂျာတန်ရဲ့ စိတ်ကိုလည်း အနီးကပ် သိနိုင်ဦးမှာပါ ...ပြောရရင်တော့ ဒီစီးရီးက ...
7.764
TMDb: 7.764/10 104 votes
tv

Queen Charlotte: A Bridgerton Story (2023)(18+)

2023
Oru Kodai Murder Mystery (2023) Complete 7
Oru Kodai Murder Mystery (2023) Complete Oru Kodai Murder Mystery(2023)IMDb-6.7/10စတိတ်ကျောင်းသားဘဝမှာ ကျောင်းအုပ်ဆရာကြီးဆရာမကြီးတွေရဲ့သား မှန်ကြောင်အူကြောင်ကြောင်လေးတွေမြင်ဖူးတယ် ဟုတ်ဒီကားထဲမှာဗီယွန်ဆိုတဲ့ကောင်လေးဟာ ကျောင်းအုပ်ဆရာမကြီးရဲ့ ထူးချွန်ကျောင်းသားရဲ့ညီ ကျောင်းရဲ့အလှပဂေးကိုမှရွေးကြိုက်ပြီး လေကြီးလေကျယ်တွေပြောတဲ့ မှန်ကြောင်ငတိလေးပါသူ့ဘေးကအရာအားလုံး လူအားလုံးကသူ့ကိုဝိုင်းပစ်ပယ် အနိုင်မကျင့်နားမလည်ကြဘူးဆိုပြီး တစ်ယောက်တည်းပန်းနုသွေးနေသူပေါ့ ခရက်ရှ်လေးကြောင့်သာ ဘဝကြီးကနေချင်စရာရှိသူပါဆိုပြီး ခရက်ရှ်မျက်နှာတစ်ကမ္ဘာလုပ်နေသူပါအဲဒီလောက်ကြီးထိသူမှတ်ယူထားတဲ့ ကောင်မလေးက တစ်နေ့မှာ ရုတ်တရက်ကြီးပျောက်သွားပြီး နောက်မှာတော့ အလောင်းကိုသာ ပြန်တွေ့ပါတော့တယ် အဲဒီလိုနဲ့ လိုက်စုံစမ်းရင်း ရဲတွေရှာတွေတဲ့ သက်သေတွေအရ သံသယရှိသူဟာ ဗီယွန်ပါတဲ့ခရက်ရှ်ကလည်းသေ သူ့ကိုလည်းစွပ်စွဲခံရတဲ့ဗီယွန်ဟာ နည်းပညာရူးလေး အမွှာနှစ်ကောင်အပါအ၀င် သူ့သူငယ်ချင်းလေးယောက်နဲ့အတူ အသည်းအသန်လိုက်စုံစမ်းပါတော့တယ်ကျောင်းသားလေးတွေရဲ့အလွဲဟာသလေးတွေနဲ့ အစပျိုးထားပြီး အလှည့်အပြောင်းလေးတွေနဲ့ဆွဲခေါ်သွားမယ့် မှုခင်းကားကောင်းလေးပါFile Size – 800MB / 400MBQuality – 1080p / 720pDuration – 45minsTotal Episodes: 8EpsSubtitle – Myanmar HardsubFormat – Mp4Genre : Drama , MysteryTranslator – BpL~Yunni~Cherry~Khin~Sai~HM~NyeinEncoder – YK 720p Episode 1- Yoteshin / Userdrive / Megaup / Streamsb / ...
7
TMDb: 7/10 1 votes
tv

Oru Kodai Murder Mystery (2023) Complete

2023
Stealer: The Treasure Keeper(2023)[Complete] 10
Stealer: The Treasure Keeper(2023)[Complete] Stealer: The Treasure Keeper(2023)**********************************အပိုင်း( ၁ မှ ၁၂) ထိ စ/ဆုံး ဒီတစ်ခေါက်အသစ်ထွက်ရှိလာတဲ့ဇာတ်ကားလေးမှာတော့ Alice တို My Sassy Girl တို့ရဲ့မင်းသား Joo Won အဓိကပါဝင်ထားတဲ့ ဇာတ်ကားသစ်လေးတစ်ကားကို CM Fan တွေအတွက် တင်ဆက်ပေးလိုက်ပါတယ် ယဉ်ကျေးမှုအမွေအနှစ်တွေနဲ့ပက်သက်ပြီး စိတ်ဝင်စားစရာရိုက်ပြထားတာမိုလို ကြည့်ရတာ ဆန်းသစ်ပြီး အကြိုက်တွေ့ကြမယ်လို မျှော်လင့်ပါတယ်... SKUNK ဆိုတာကတော့ ယဉ်ကျေးမှုအမွေအနှစ်တွေကိုသီးသန့် ခိုးယူတဲ့ သူခိုးတစ်ယောက်ပါ..သူဟာနေ့ဘက်ဆိုရင် သာမာန်အလုပ်သမားတစ်ယောက်လိုနေထိုင်ပြီးညဘက်ဆိုရင် တန်ဘိုးကြီး  ယဉ်ကျေးမှုအမွေအနှစ်တွေကို လိုက်လံခိုးယူပါတယ်..ဒီအတွက် သူဟာ အချိန်ကြာမြင့်စွာလေ့ကျင့်ထားပြီး သူ့ရဲ့ထက်မြက်တဲ့ဉာဏ်ရည်နဲ့ပေါင်းစပ်လိုက်တဲ့အခါမှာခိုးယူမှုတိုင်းဟာ သဲလွန်စ မကျန်ဘဲ ပြီးမြောက်သွားလေ့ရှိတယ်...ဒီလိုဖြစ်စဉ်မျိုးခဏ ခဏဖြစ်လာတဲ့အခါမှာ ကိုးရီးယားက ရဲတွေအတော်ခေါင်းခြောက်ရပါတယ်... နောက်ဆုံးသီးခြား Team ကြီးတစ်ခုဖွဲ့ပြီးဒီသူခိုးကိုဖမ်းဖို့ကြိုးစားလာကြတဲ့အခါမှာတော့..သူက ဘာလို့ ဒီလိုမျိုးခိုးယူနေတာလဲ....ဘာကြောင့်လဲအပိုင်း ၁၂ ပိုင်းပါဝင်မှာဖြစ်ပြီး ရိုက်ချက်ကောင်းကောင်းတွေမို့ ခံစားကြည့်ကြပါဦး...Aired: Apr 12, 2023 - May 18, 2023 Aired On: ...
10
TMDb: 10/10 1 votes
tv

Stealer: The Treasure Keeper(2023)[Complete]

2023
Happy Merry Ending(2023)[Complete] 2
Happy Merry Ending(2023)[Complete] Happy Merry Ending(2023)**************************အပိုင်း ( ၁ မှ ၈) ထိ စ/ဆုံးအားလုံးစောင့်နေကြတဲ့ ဒီ BL Series လေးမှာဆိုရင် SS501 အဖွဲ့ဝင် Kyu Jong တစ်ယောက်Main Role ကနေပါဝင်သရုပ်ဆောင်ထားပါတယ်..ဇာတ်လမ်းကတော့ အီဆွန်းဂျွန်းဟာ မင်္ဂလာခန်းမတစ်ခုမှာ မင်္ဂလာဂုဏ်ပြု‌တေးသီဆိုပေးရတဲ့အလုပ်ကိုလုပ်နေတဲ့ သာမန် ခပ်အေးအေးကောင်လေးတစ်ယောက်ပါဒီအလုပ်တစ်ခုတည်းကိုပဲနှစ်နဲ့ချီပြီးလုပ်လာရတဲ့ အချိန်မှာ တဖြည်းဖြည်းနဲ့ မင်္ဂလာဆောင်နေကြတဲ့ အတွဲတွေအတွက်အချစ်ကိုပုံဖော်စိတ်ကူးမြင်ယောင်ရင်း ဂုဏ်ပြုသီဆိုပေးဖို့တောင် ခက်ခဲလာတဲ့အထိ သူ့ရဲ့အလုပ်အပေါ်ကို စိတ်ဝင်စားမှုနည်းလာပါတော့တယ်ဒါပေမယ့်တစ်နေ့မှာ သူတို့ရဲ့မင်္ဂလာခန်းမကို ပီယာနိုတီးပြီးဖျော်ဖြေမယ့် ဆုန်းဂျယ်ဟျွန်းဆိုတဲ့ကောင်လေးရောက်လာတဲ့ အခါမှာတက်တက်ကြွကြွသွက်သွက်လက်လက်ရှိတဲ့ ဂျယ်ဟျွန်းနဲ့ အေးတိအေးစက်ဆွန်းဂျွန်းတို့ ကြားကသံယောဇဉ်၊ ခင်မင်ရင်းနှီးမှူတို့က မင်္ဂလာပွဲတစ်ခုပြီးတိုင်း ပိုပိုလာရပါတော့တယ်...ဒီလိုနဲ့နောက်ဆုံး သံယောဇဉ်တိုးရင်း ဘယ်လောက်အခြေအနေထိရောက်ကြမလဲဆိုတာကိုရင်ခုန်စိတ်လှုပ်ရှားစရာ စောင့်ကြည့်ကြရမှာပဲဖြစ်ပါတယ်....Episodes: 8Aired On: Wednesday, ThursdayFile Size:300MBQuality :Web-DL 1080pGenres: Drama, BL, RomanceTranslated by  ThynnEncoded by  Phyo ...
2
TMDb: 2/10 1 votes
tv

Happy Merry Ending(2023)[Complete]

2023
XO, Kitty (2023) 10
XO, Kitty (2023) XO Kitty (2023)To All The Boy I loved Before မှာထဲက အားလုံးချစ်ခဲ့ရတဲ့ အငယ်ဆုံးလေးကစ်တီတောင် အထက်တန်းကျောင်းသူကြီးဖြစ်လာခဲ့ပြီ။ ဒါကတော့ကစ်တီရဲ့ကိုယ်ပိုင်ဇာတ်လမ်းပါ။ အစ်မနှစ်ယောက်ကလဲ ဘဝမှာကိုယ်စီကိုယ်စီလမ်းတွေကိုထွက်သွားကြပြီဆိုတော့ ကစ်တီကလဲလမ်းစခင်းပြီပေါ့။ ကစ်တီကတော့ အစ်မတွေလို တက္ကသိုလ်ကျောင်းသူကြီးဖြစ်ဖို့တောင်မစောင့်ပါဘူး။ သူ ပြောသလိုပဲ ကံကြမ္မာပါလာတော့ သူ့အမေပစ္စည်းတွေကိုရှင်းရင်း သူ့အမေက အထက်တန်းကို ကိုးရီးယားက KISS ဆိုတဲ့ကျောင်းမှာတက်ခဲ့တာသိသွားပါလေရော။ နောက်ထပ်ကြမ္မာပါလာတာက ကစ်တီ့ချစ်သူ ဒေး ကလဲ လက်ရှိအဲ့ဒီကျောင်းမှာတက်နေတာ ဖြစ်နေတယ်။ ထပ်ပြီးကြမ္မာပါပြန်ပြီ။ ကစ်တီကလဲအဲ့ဒီကျောင်းကိုလျှောက်လိုက်တာ အနီးကပ်မှစကောလားရှစ်ရသွားပါလေရော။ အဲ့တော့ကစ်တီက ဒါသူနဲ့ဒေးရဲ့ဖူးစာပဲ။ ပြီးတော့သူ့အမေရဲ့ဘဝတစ်စိတ်တစ်ပိုင်းကိုလဲ သိခွင့်ရမယ်ဆိုတဲ့စိတ်နဲ့ ကိုးရီးယားမှာကျောင်းသွားတက်မယ့် ကစ်တီ့ရဲ့စွန့်စားခန်းမှာ ဘာတွေကြုံရမလဲဆိုတာ လိုက်ကြည့်လိုက်ရအောင်။စုစုပေါင်း ၁၀ ပိုင်း ရှိပြီးတော့ ဆက်တိုက်ဆိုသ်လို တင်ပေးသွားမှာပါ။အညွှန်းကိုတော့ Rashida က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Rashida, Roman NoX, Mary Christ, Moh Moh တို့ပဲ ဖြစ်ကြပါတယ်။Genre..... Comedy Quality…. 1080p | 720p File ...
10
TMDb: 10/10 2 votes
tv

XO, Kitty (2023)

2023
The Secret Romantic Guesthouse (2023)[Complete]
The Secret Romantic Guesthouse (2023)[Complete] The Secret Romantic Guesthouse (2023)**************************************အပိုင်း( ၁ မှ ၁၈ ) ထိ စ/ဆုံးယွန်းဒန်အိုဟာ မျိုးရိုးမြင့်အိမ်တော်ရဲ့ အချစ်ခံ အငယ်ဆုံးသမီးလေးဖြစ်ပေမဲ့ ဖခင်ဆုံးပါးပြီးနောက်မှာတော့အီဟွာ၀န်း တည်း‌ခိုဆောင်လေးကိုဖွင့်ပြီး တစ်မိသားစုလုံးကို ရှာကျွေးနေသူလေးဖြစ်ပါတယ်,,,အီဟွာ၀န်း တည်းခိုဆောင်လေးရဲ့ အထူးဧည့်သည်တော်တွေကတော့ ဂန်ဆန်း ၊ ဂင်ရှီယောလ် ၊ ‌ဂျောင်ယူဟာဆိုတဲ့ လူချောလေး‌သုံးယောက်ပါ,,,တစ်အိမ်တည်းမှာ လူချောလေးသုံးယောက်တောင် စုနေတာဆိုတော့ ယွန်းဒန်အိုတို့ရင်ထဲမှာလည်းနွေဦးလေပြည်လေးတွေ တိုက်ခတ်လို့နေတာပေါ့,,,,ကံဆိုးချင်တော့ ဒန်အိုတစ်ယောက် ကြည်နူးနေလို့မဆုံးသေးခင်မှာပဲ မိုးကြိုးပစ်ချပါတော့တယ်,,, ဆုံးပါးသွားတဲ့ဖခင်ဖြစ်သူရဲ့ အကြွေးတွေကြောင့် အီဟွာ၀န်းကို ထုတ်ပေးရတော့မဲ့အခြေအနေကို ရောက်လာပါတယ်,,,ဒန်အိုက ပိုက်ဆံပြန်မဆပ်နိုင်တာဖြစ်လို့ အကြွေးရှင်ကို သွားရှာပြီး ပိုက်ဆံအစားအကြွေးရှင်ရှာချင်နေတဲ့ နန်းကျအိမ်ရှေ့စံရဲ့ အကြီးဆုံးသား အီဆောလ်ဆိုသူကို ရှာပေးပါ့မယ်လို့ ကတိပေးခဲ့ပါတယ်,,,ဒန်အိုနဲ့အတူတူ လူချောလေးသုံးယောက် ပူးပေါင်းပြီး အီဆောလ်ကို ရှာဖွေကြတဲ့အခါမှာတော့....The Glory ထဲက ဗီလိန်မလေး Shin Yeeun နဲ့အတူ Ryeo Un , Kang ...

The Secret Romantic Guesthouse (2023)[Complete]

2023
Dahaad (2023) Complete 6.2
Dahaad (2023) Complete Dahaad 2023 ( IMDb 7.8/10)ပုရိသတို့အသည်းစွဲ ဆိုနားက်ရှီဆင်းန်ဟာလေးဟာဆိုရင် ဒီကားထဲမှာ သဘာဝအတိုင်းလှပပြီး သရုပ်ဆောင်ချက် အပိုအလိုမရှိတာကို တွေ့မြင်ရမှာပဲဖြစ်ပါတယ်ဗျအိန္ဒိယရုပ်ရှင်လောကဟာ နှစ်ကြာလာတာနဲ့အမျှ အရည်အသွေးတွေ တဖြည်းဖြည်းတိုးတက်လာတယ်ဆိုတာ အငြင်းပွားဖွယ်မရှိပါဘူး Amazon TV ကနေ streaming လုပ်ပေးခဲ့တဲ့ ဒီ Web series ကလည်း နှယ်နှယ်ရရတော့ မဟုတ်ပါဘူးဘာလင်အပြည်ပြည်ဆိုင်ရာ ရုပ်ရှင်ပွဲတော်မှာ best serie ဆုအတွက် ယှဉ်ပြိုင်ဖို့ ပြသခွင့်ရထားတဲ့ဇာတ်လမ်းလေးပါ ဘာတွေများကောင်းနေလို့ အင်တာနေရှင်နယ်လယ်ဗယ်လောက်ရောက်နေတာလဲဆိုတော့ ဇာတ်လမ်းတည်ထားတာက ဆိုက်ကိုလူသတ်သမား serial killer အကြောင်းပါ အချိတ်အဆက်မမိရင်ဂွမ်း မရိုက်တတ်ရင် မင်းသားက ပါဝါရိန်းဂျားဖြစ်ရင်ဖြစ် မဟုတ်ရင် လူဆိုးက လုံးဝဖမ်းမမိနိုင်တဲ့ god နီးပါးကြမ်း စသဖြင့် plot hole ပေါင်းများစွာရှိနိုင်ပါတယ်ဒီဇာတ်လမ်းလေးထဲမှာတော့ အဓိကဇာတ်ဆောင်ဖြစ်တဲ့ ရဲမေအန်ဂျလီဘာတီက လူပျောက်မှုတွေကို ခိုးရာလိုက်တာလား ပြန်ပေးဆွဲခံရတာလား လိုက်စုံစမ်းရင်း ကွင်းဆက်လူသတ်မှုအဖြစ် ခြေရာခံမိလာတဲ့အခါ...... အဓိကဇာတ်ဆောင်တွေအပြင် ဇာတ်ပို့တွေလဲအားကောင်း ဘာသာရေးနိုင်ငံရေးပဋိပက္ခတွေကိုပါ side story အနေနဲ့ မသိမသာထည့်ပြသွားတာမို့ အချိန်ပေးကြည့်ရတာတန်မဲ့ဇာတ်ကားတစ်ကားပါ သည်းထိပ်ရင်ဖို thriller ကားကောင်းတွေကို ကြိုက်နှစ်သက်သူတွေအဖို့ ဒီ series လေးကိုလက်မလွှတ်ကြဖို့ အကြံပေးရင်း ...
6.2
TMDb: 6.2/10 5 votes
tv

Dahaad (2023) Complete

2023
Phetra Naruemit (2023) 8.8
Phetra Naruemit (2023) "ချစ်ခြင်းဖန်ဆင်းသောလှေ" မြန်မာစာတန်းထိုးခွန်လုန်ရာတ်ချ်မွန်တရီ/နုပ် အဖြစ် Mike Pattaradet ခေမိအွန် အဖိရတ်ဂ်ထာရာကွမ်/ခရင်မ် အဖြစ် Mookda Narinrakဇာတ်လမ်းအကျဉ်းခရင်မ်က လှပထက်မြက်သွက်လက်တဲ့ သတင်းထောက်မလေးတစ်ယောက်ဖြစ်သလို ရည်ရွယ်သူ ထွတ်စဖွန်ဆိုတဲ့ ကောင်လေးလည်းရှိနေခဲ့ပြီး အရာရာပြည့်စုံသူတစ်ယောက်ပေါ့တစ်ရက် ခရင်မ်တစ်ယောက် ထူးဆန်းလှပတဲ့လှေငယ်လေးတစ်ခုလက်ဆောင်ရခဲ့ပြီး ထူးဆန်းတဲ့အိပ်မက်တွေ မက်လာခဲ့တယ်ထိုင်းရိုးရာအိမ်တစ်ခုနဲ့ အမျိုးသားတစ်ယောက်ကို မက်လာခဲ့တာမို့ သိလိုစိတ်ပြင်းပြတဲ့ခရင်မ်တစ်ယောက် အိပ်မက်ထဲက ရိုးရာအိမ်ကိုလိုက်ရှာပါတော့တယ်ခွန်နုပ်ကတော့ လွန်ခဲ့တဲ့နှစ်နှစ်ရာလောက်မှာ နေထိုင်နေတဲ့ ဂုဏ်သရေရှိအရာရှိတစ်ယောက်ဖြစ်ပြီး စေ့စပ်ထားသူ မယ့်ဘိုဆိုတဲ့အမျိုးသမီးလေးရှိနေသူတစ်ယောက်ပါမယ့်ဘိုကို စိတ်မဝင်စားတဲ့ နုပ်တစ်ယောက် ဖူးစာရှင်ခေါ်တဲ့ ဖေတရာနိရမစ်ဂါထာကိုရွတ်ဆိုကြည့်ချိန်ဒီဘက်ခေတ်ရဲ့ ခရင်မ်တစ်ယောက်ကလည်း သူမကို မယ့်အွန်ဆိုပြီးအကောက်ကြံသတ်ဖြတ်သူလက်ကရှောင်ရှားနေရင်း လွန်ခဲ့တဲ့နှစ်၂၀၀က ခွန်နုပ်ရှေ့ရောက်လာခဲ့ပါတော့တယ်ဘယ်မိန်းကလေးကိုမှစိတ်မဝင်စားခဲ့တဲ့ နုပ်တစ်ယောက် ခရင်မ့်ကို စိတ်ညွတ်လာတဲ့အခါမှာတော့ မယ့်ဘိုက သူမတို့အချစ်ကြားက တတိယလူလို့ ခရင်မ့်ကိုမြင်ကာ အမုန်းကြီးမုန်းခဲ့ပါတော့တယ်ခေတ်မတူ ဘဝမတူကြတဲ့အ​ပြင် ဆိုင်သူရှိနေပြီးသား ခွန်နုပ်နဲ့ ခရင်မ်တို့ကြား ဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုတော့ စောင့်မျှော် ကြည့်ရှုကြရအောင်(အညွှန်းရေးသားသူမှာ Nue Nue Lay ဖြစ်ပါတယ်)Native Title: เภตรานฤมิต Episodes: 10 Aired: ...
8.8
TMDb: 8.8/10 votes
tv

Phetra Naruemit (2023)

2023
No Math School Trip (2023)
No Math School Trip (2023) No Math School Trip (2023)EXO's D.O., Crush, Zico, Yang Se Chan, Choi Jung Hoon နဲ့ Lee Yong Jin တို့လိုမျိုး နာမည်ကြီးတွေချည်း ပါဝင်ထားကြတဲ့ SBS ရဲ့ Variety ရှိုးအသစ်လေး "No Math School Trip" ထွက်ရှိလာပါပြီ။ဒီရှိုးလေးမှာဆိုရင်တော့ ဒီသူငယ်ချင်း ၆ ယောက်ဟာ နှင်းတွေဖုံးလွှမ်းနေတဲ့ ရွာလေးတစ်ရွာဆီကို အစီအစဉ်ရေရေရာရာမရှိဘဲ ခရီးထွက်ကြရင်း ထူးထူးခြားခြားမစ်ရှင်တွေကို ဆောင်ရွက်ကြရမှာပါ။ဂျပန်နိုင်ငံ Hokkaido မြို့ကို နောက်ခံထားပြီး ရိုက်ကူးထားတဲ့ ဒီအစီအစဉ်လေးမှာ D.O. တို့ Crush တို့ သူငယ်ချင်းတစ်စုက ဘယ်လိုရယ်စရာမောစရာတွေကို ဖန်တီးသွားကြမလဲဆိုတာ အခုကစပြီး အပတ်စဉ် စနေနေ့တိုင်းမှာ စောင့်မျှော်ကြည့်ရှုနိုင်ပြီဖြစ်လို့ ရသစုံရှိုးကောင်းကောင်းလေးကို မျှော်နေကြတဲ့ပရိသတ်ကြီး လက်လွှတ်မခံဘဲ ကြည့်ရှုလိုက်ကြပါဦးနော်။အညွှန်းကိုတော့ Hmwe Tbet Winn က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ CM Variety ...

No Math School Trip (2023)

2023
Gutar Gu (2023) Complete
Gutar Gu (2023) Complete Gutar Gu 2023Gutar Gu 2023 ( IMDb 8.4/10)နေ့စဉ်ဘဝတွေမှာ ရုန်းကန်လှုပ်ရှား စိတ်ပင်ပန်းရပါတယ်ဆိုမှ ဒရာမာတွေ အတုံးအတစ်လိုက်နဲ့ စိတ်ပင်ပန်းစရာ ဇာတ်ကားတွေကြည့်ပြီး လောင်မနေပါနဲ့ ပရိသတ်တို့ပရိသတ်တို့ရဲ့ နုနယ်ဖြူစင်တဲ့ ကျောင်းသားဘဝတွေကို အလွမ်းပြေ ပေါ့ပေါ့ပါးပါး ကျောင်းသားအချစ်ဟာသဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးပါရစေ မြို့ပြောင်းလာတဲ့ ကျောင်းသူသစ်ကောင်မလေးရယ် ရည်းစားမထားဖူးတဲ့ အိမ်ရှင်ကျောင်းသား လူပျိုပေါက်လေးရယ် အတန်းထဲမှာမျက်မှန်းတန်းမိကြရာကတစ်ဆင့် မိတ်ဆွေတွေဖွဲ့ အဆင့်တွေတက်နဲ့ ဖြေးဖြေးချင်းအချစ်တွေ ပေါက်ဖွားလာတဲ့အခါပေါ့ဘယ်လိုလဲ ဇာတ်လမ်းလေးက ငယ်ဘဝကို အမှတ်ရမိစေတယ်မလား ဒီ web series လေးမှာ ကျောင်းသားဘဝအချစ်ဇာတ်လမ်းလေးတွေအပြင် အချစ်ရေးရာ အကြံပေးတဲ့အစ်ကိုကြီးတွေ ဘေးကနေမီးထိုးလိုက်ဂျင်းထည့်လိုက်နဲ့ သူငယ်ချင်းတွေဟိုလွဲဒီလွဲ စသဖြင့် ဇာတ်လမ်းလေးက ပေါ့ပေါ့ပါးပါးနဲ့ကြည်နူးစရာလေးမို့ ပရိသတ်ကြီးတို့ငယ်ဘဝအလွမ်းပြေ ဘဝအမောတွေ ခေတ္တပြေပျောက်စေဖို့ တင်ဆက်ပေးလိုက်ရပါတယ်File Size –600MB / 300MBQuality – 1080p WEB DL / 720pDuration – 25minsTotal Episodes:6EpsSubtitle – Myanmar HardsubFormat – Mp4Genre : RomanceTranslator – Khin~Sai~BpL~ThaikSan~Yunni~CherryEncoder ...

Gutar Gu (2023) Complete

2023
Save the Tigers (2023) Complete 7
Save the Tigers (2023) Complete Save the Tigers(IMDb 8.1/10)ယောကျာ်းတွေမကောင်းတဲ့ကား ယောကျာ်းတွေက မိန်းမတွေကိုအနိုင်ကျင့်တဲ့ကား အမျိုးသမီးအခွင့်အရေးတန်းတူရရေး ဘာညာကားတွေကြည့်ရလို့ ရိုးနေပါပြီလား ကမ္ဘာဦးအစကနေ ယနေ့အထိ သင်တို့ဒူးတုန်အောင်ကြောက်ရတဲ့ နံရိုးတစ်ဖက် ချစ်သူလေးများအကြောင်းကို အမှန်အတိုင်းဖော်ထုတ်‌တင်ဆက်ပေးမဲ့ imdb rating 8.1 ထိ အလန်းစားရရှိထားတဲ့ အိန္ဒိယစီးရီးလေးလာပါပြီဇာတ်လမ်းနာမည်က စကြည့်လိုက်ပါ save the tiger ကျားများကိုကယ်တင်ပါတဲ့ ဟုတ်ပါတယ် ဒီထဲကယောကျာ်းတွေအကုန်မိန်းမကြောက်ရပါတယ် ဇာတ်လမ်းအစမှာတည်းက မူးပြီးမောင်းလို့ ရဲဖမ်းခံထိ ကားသိမ်းခံရတာကို မိန်းမနာမည်နဲ့ကားဖြစ်နေလို့ တရားရုံးကို မိန်းမမခေါ်ရဲလို့ ရဲမှူးကို သွားတောင်းပန်တာက စပါတယ်သူတို့ကိုလှိမ့်ပိတ်ဟောက်နေတဲ့ ဆရာရဲမှူးကလည်း ဖုန်းထဲမှာ မိန်းမဟောက်တာခံနေရတာပါ အဲ့တော့မှ ဘဝတူချင်း အတွေ့အကြုံတွေဖလှယ်ကျရင်း အခွီ မယကဇာတ်လမ်းလေးပေါ်လာပါတော့တယ်ဟာသဇာတ်လမ်းဆိုပေမဲ့ ပေါဟာသတွေ အောက်လုံးတွေမပါ ကျားမအခွင့်အရေး အိမ်ထောင်ရေး Parenting စတာတွေကို ရှုထောင့်တစ်ခုကနေရိုက်ပြထားတာမို့ ပျော်ပျော်ရွှင်ရွှင်နဲ့ ခံစားနိုင်မယ့် ဘဝအမောပြေဇာတ်လမ်းလေးမို့ CM ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ရပါတယ်File Size – 800MB / 400MBQuality – 1080p WEB DL / 720pDuration – 30minsTotal Episodes: 6EpsSubtitle – Myanmar HardsubFormat – Mp4Genre ...
7
TMDb: 7/10 1 votes
tv

Save the Tigers (2023) Complete

2023
Behind the Revenge (2023) 8.5
Behind the Revenge (2023) "အချစ်မီးလျှံကလဲ့စား ၂၀၂၃ " မြန်မာစာတန်းထိုးနုတ်ဖရွတ် အဖြစ် Son Yuke Songpaisan ဖွမ်ဝလိုင် အဖြစ် Bee Namthip ယွတ်ထီယင်း အဖြစ် Pim Pimprapaဇာတ်လမ်းအကျဉ်း"နုတ်ဖရွတ် ဘွန်ယကွမ်"က ဘွန်ယာကွမ်ဆေးရုံပိုင်ရှင်ဖြစ်တဲ့ ထိုင်းနိုင်ငံနံပါတ်တစ်ခွဲစိတ်ဆရာဝန်ပရဂေါပ်ရဲ့သားပါဒါပေမဲ့ "ဖွမ်ဝလိုင်" ဆိုတဲ့သူနာပြုမလေးဟာ ဘွန်ယာကွမ်မိသားစုအပေါ်ရှိတဲ့အငြိုးတွေကြောင့်ဘွန်ယာကွမ်ဆေးရုံကိုအပိုင်သိမ်းပြီးလက်စားချေချင်နေတာမို့ နုတ်ဖရွတ်ကိုချဉ်းကပ်ခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး ဒီလိုနဲ့နုတ်ဖရွတ်ရဲ့အဖေ ဒေါက်တာပရဂေါပ်ကိုချဉ်းကပ်ခဲ့ပါတယ်တစ်နေ့မှာ ဒေါက်တာပရဂေါပ်ဟာ ကားမတော်တဆဖြစ်ရင်း နှလုံးရောဂါဖောက်ပြီးသေဆုံးသွားခဲ့ပါတယ်သေတမ်းစာမှာ "ဖွမ်ဝလိုင်" ကို ဆေးရုံစီအီးအိုအဖြစ်ပေးအပ်ခဲ့တဲ့အတွက် နုတ်ဖရွတ်ဟာ ဒီကိစ္စအတွက်မယုံသင်္ကာတွေဖြစ်ပြီး သူ့အဖေ ဘာ့ကြောင့် ရုတ်တရက်ကြီး နှဖောက်သွားပြီး သေဆုံးသွားရတာလဲ "ဖွမ်ဝလိုင်" ကိုရော ဘာလို့ စီအီးအိုပေးခဲ့တာလဲဆိုတာလိုက်စုံစမ်းပါတော့တယ်"ဖွမ်ဝလိုင်" စီအီးအိုဖြစ်ပြီးနောက်ပိုင်း ဆရာဝန်အဟောင်းတွေထွက်ခိုင်းပြီး ဆရာဝန်အသစ်တွေဝင်ခိုင်းပါတယ် အဲ့ထဲမှာမှ သူ့ညီမ "ယွတ်ထီယင်း" ဆရာဝန်မလေးပါနေခဲ့ပါတယ်"ယွတ်ထီယင်း" ကတော့ မင်းသားအေဖပညာသင်ဆုပေးထားပြီး ဆေးကျောင်းပြီးခဲ့တဲ့ဆရဝန်မလေးပေါ့ သူ့ကျေးဇူးရှင်ကို ကျေးဇူးဆပ်ဖို့ ဒီဆေးရုံကိုရောက်လာတာပါဒါကို နုတ်ဖရွတ်က သူ့ကို "ဖွမ်ဝလိုင်" ရဲ့ညီမဆိုပြီးအငြိုးတွေထား သူ့ကိုအနိုင်ကျင့်ပါတော့တယ်ဒီလိုနဲ့ပဲ နုတ်ဖရွတ်က သူ့အဖေသေဆုံးမှုအမှန်ကိုစုံစမ်းနိုင်မလား ယွတ်ထီယင်းနဲ့ဆက်ဆံရေးကရော အငြိုးကနေဘာတွေဆက်ဖြစ်လာမလဲ ဇာတ်ကားထဲမှာကြည့်ရှုလိုက်ရအောင်နော်(အညွှန်းရေးသားသူ Nang Mwe Kham ဖြစ်ပါတယ်) Native ...
8.5
TMDb: 8.5/10 votes
tv

Behind the Revenge (2023)

2023
Black Knight (2023) [Complete]
Black Knight (2023) [Complete] Black Knight(2023)******************အပိုင်း(၁ မှ ၆ ) စ/ဆုံးအားလုံးစောင့်မျှော်နေကြတဲ့ Netflix Series အသစ် Black Knight ဟာဆိုရင် 2071 ခုနှစ် မှာဇာတ်အိမ်တည်ထားတာဖြစ်ပြီးလေထုအဆိပ်သင့်မှုပြင်းထန်လာတာနဲ့အညီ ကမ္ဘာကြီးမှာရှိတဲ့ လူဦးရေရဲ့ ၁% ပဲ အသက်ရှင်ကျန်တော့တဲ့ခေတ်ကာလပါ...ဒီလိုခေတ်ကာလမှာတော့ လူတွေက အိမ်ထဲကအိမ်ပြင်မထွက်ကြတော့ပါဘူး...အိမ်အပြင်ကိုထွက်ကြတာနဲ့လည်း အောက်စီဂျင် Mask တွေ တပ်ကြရတာမို့လို့ တစ်ဦးနဲ့တစ်ဦး ပေးပို့ချင်တာ စားနပ်ရိက္ခာပစ္စည်း စတာတွေကို Knight လို့ ခေါ်ကြတဲ့ Delivery သမားတွေက ပို့ပေးကြရပါတယ်....အန္တရာယ်တွေကြား သူခိုးဓါးပြတွေကြားကနေ Delivery လိုက်ပို့ပေးရတဲ့ Knight တွေထဲမှာကိုယ်ခံပညာအကျွမ်းကျင်ဆုံးနဲ့ အတော်ဆုံးကတော့ Knight 5-8 (Kim Woo Bin) ပဲဖြစ်ပါတယ်...ကမ္ဘာပျက်ကာလရဲ့ သူရဲကောင်း 5-8 နဲ့ အပြိုင်ဇာတ်လမ်းမှာပါလာမယ့် ဗီလိန်ကတော့ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ ကမ္ဘာကြီးကိုအုပ်စိုးဖို့ ကြိုးစားနေတဲ့ ဥက္ကဌကြီး Ryu Hae Jin ရဲ့ ...

Black Knight (2023) [Complete]

2023
Rabbit Hole (2023) 7.3
Rabbit Hole (2023) Rabbit Hole (2023)၂၀၂၃ မှာ Paramount+ မှ ထုတ်လွှင့်ဆဲ Thriller ဇာတ်လမ်းတွဲကောင်းတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်။ Prison Break တို့ 24 တို့လို ဇာတ်လမ်းတွဲမျိုးကို ကြိုက်သူတွေ ဒီဇာတ်လမ်းတွဲကို လက်လွှတ်မခံဖို့ အကြံပေးချင်ပါတယ်။IMDb rating 8/10၊ Rotten Tomatoes 71% ရရှိထားပါတယ်။24 ဇာတ်လမ်းတွဲမှာ ဂျက်ဘောင်ဝါ အဖြစ် အရမ်းကိုအောင်မြင်ခဲ့တဲ့ မင်းသားကြီး Kiefer Sutherland က အဓိကမင်းသား ဂျွန်ဝီယာ အဖြစ်ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဂျွန်ဝီယာဟာ ကတုံးပေါ် ထိပ်ကွက်၊ သူများမျက်ခုံးမွှေးပေါ် စင်္ကြံလျှောက်ပြီး စီးပွားရေးလုပ်ငန်းရှင်တွေကြားမှာ သူလျှိုအဖြစ် လုပ်ကိုင်ရင်းအသက်မွေးနေသူဖြစ်ပါတယ်။ လုပ်ငန်းရှင်တွေကလည်း သူတို့ရဲ့ပြိုင်ဖက်ကို ထိုးနှက်ဖို့၊ ငွေကြေးရေးကြေး အမြတ်ရရှိဖို့ အစရှိတဲ့ ကိစ္စရပ်တွေကို တရားမဝင်နည်းလမ်းနဲ့ လုပ်ဖို့အတွက် ဂျွန်ကို ငှားရမ်းကြပါတယ်။ ဒီလိုလုပ်ကိုင်နေရင်း အက်ဖ်ဘီအိုင်ကလည်း ဂျွန့်ကို လိုက်ပြီးစုံစမ်းနေပေမယ့် သက်သေမခိုင်လုံတဲ့အတွက် မဖမ်းနိုင်ဘဲဖြစ်နေပါတယ်။တစ်နေ့မှာ ဗဲလ်လန့်စ်ဆိုတဲ့ ...
7.3
TMDb: 7.3/10 23 votes
tv

Rabbit Hole (2023)

2023
The Love You Give Me (2023)
The Love You Give Me (2023) ဒီတစ်ခါ စီအမ်ပရိသတ်ကြီးအတွက် တင်ဆက်ပေးမှာကတော့ အချစ်ဟာသဇာတ်လမ်းလေးပါတစ်ချိန်တုန်းက မင်ဟွေ့ဆိုတဲ့ကောင်မလေးတစ်ယောက်က ရှင်းချီဆိုတဲ့ ကောင်လေးတစ်ယောက်ကို ချစ်ခဲ့သတဲ့။သက်ဆုံးတိုင်ပေါင်းဖက်ဖိုအတွက် လက်ထပ်ဖိုထိပါ စီစဉ်ထားသူတွေပေါ့။ ဒါပေမယ့် ကိစ္စတွေဖန်လာတာရှင်းချီရဲ့အသက်ကိုပါ ထိခိုက်စေလောက်တဲ့ထိ ရှုပ်ထွေးခဲ့တာဆိုတော့ ဆက်ဆံရေးတစ်ခုကလည်း အက်ရာထင်ခဲ့တာပေါ့။နှစ်တွေကြာပြီး ပြန်ဆုံကြတော့လည်း နှစ်ယောက်လုံးက ကိုယ့်နယ်ပယ်မှာ နေရာတစ်ခုရှိသူတွေ..."ကံကြမ္မာ" ဆိုတဲ့အရာက ပြန်ဆက်သွယ်ပေးရာကနေ သိလိုက်ရတာက မင်ဟွေ့မှာ သားတစ်ယောက်ရှိနေပြီတဲ့။သူတိုရဲ့ဆက်ဆံရေးကို အစကနေ ပြန်စမလား... ရင်မှာ သိမ်းဆည်းထားတဲ့အချစ်တွေကို ပြန်လည်ဖွင့်ဟရင်းရှေ့ဆက်ကြမလားဆိုတာ စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်Reviewed by MinnieQuality : WEB-DL 720p,1080pTotal Episodes : 28Format : mp4Genres : Romance, Comedy, DramaDuration : 45 min per EpisodeSubtitle : Myanmar Subtitle ( Hardsub )Translated by CM TeamEncoded by ...

The Love You Give Me (2023)

2023
Pale Moon (2023)
Pale Moon (2023) Pale Moon (2023)ဒီတစ်ခေါက်မိတ်ဆက်ပေးမှာကတော့ နာမည်ကြီး ဂျပန်စီးရီးကို Remake ပြန်ရိုက်ထားတဲ့ Romance, Thriller ဇာတ်လမ်းတွဲလေးပဲဖြစ်ပါတယ်ယူအီဟွာဆိုတဲ့အမျိုးသမီးဟာ အရင်က အောင်မြင်တဲ့ ကုမ္ပဏီဝန်ထမ်းဖြစ်ခဲ့ပေမဲ့ အိမ်ထောင်ကျသွားတဲ့အခါမှာ.. ခင်ပွန်းဖြစ်သူရဲ့ လျစ်လျူရှုခြင်းကိုခံရပြီး အိမ်ရှင်မအဖြစ်မနေနိုင်တော့ဘဲ အပြင်မှာ ဘဏ်ဝန်ထမ်းအဖြစ် အလုပ်လုပ်ရင်းခဲ့ပါတယ်အဲလိုနဲ့ မတော်တဆ ဧည့်သည်ရဲ့ ပိုက်ဆံကိုသွားခိုးမိရာက ပြဿနာတစ်သီကြီးတက်ခဲ့ရတော့တာပါပဲအပိုင်း ၁၀ ပိုင်းပါဝင်သွားမှာဖြစ်ပြီး အကုန်လုံးလည်းမျှော်နေကြတဲ့ ဇာတ်လမ်းလေးဆိုတော့ ကြည့်လိုက်ကြပါဦးနော်အညွှန်းကိုတော့ Joyz က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Joyz, Hmwe, ThantSin တို့ပဲ ဖြစ်ပါတယ်။Genre..... Drama Quality…. 1080p | 720p File size… 1GB | 400MB Format… mp4 Duration…. 1h 10min Episodes...10 Episodes Subtitle…. Myanmar Subtitle (Hardsub) Translator ..... JoyZ, Hmwe, ThantSin Encoder ..... Aaron720pEpisode 01 - Userdrive | ...

Pale Moon (2023)

2023
Love of Replica (2023)
Love of Replica (2023) Hello ဒီတစ်ခါ CM ကနေ တင်ဆက်ပေးမှာကတော့ Love of Replicaဆိုတဲ့ အချစ်ကားလေးဖြစ်ပါတယ်ဒီဇာတ်ကားမှာ သူဌေးသမီး ရွှီရှီးရှီးနဲ့ အန်းယွဲဆိုသူအဖြစ် မင်းသမီး (Yilia Yu)သူဌေးသမီးရဲ့ သက်တော်စောင့်ခန့်ချောလေး လုကျင်ယန်အဖြစ် မင်းသား(Tsao Yu Ning)တိုကအဓိက ပါဝင်သရုပ်ဆောင်ထားကြတာပဲ ဖြစ်ပါတယ်…ဇာတ်လမ်းလေးအစမှာတော့ သူဌေးသမီးဖြစ်တဲ့ ရွှီရှီးရှီးက သတိမေ့မြောခဲ့ပြီးသူ သတိရလာတဲ့အခါမှာတော့ မှတ်ဉာဏ်တွေ အားလုံး ပျောက်ဆုံးသွားခဲ့ပြီးသူ့ရဲ့ သက်တော်စောင့်ဖြစ်တဲ့ လုကျင်ယန်ကို မြင်မြင်ချင်း ချစ်မိသွားတယ်ဒါပေမဲ့ သက်တော်စောင့်စည်းမျဉ်းတွေကို ထပ်ကြပ်မကွာလိုက်နာတဲ့ လုကျင်ယန်ကရော ရွှီရှီးရှီးကို ပြန်ချစ်ပါ့မလားရွှီရှီးရှီးက သူ့ရဲ့ ငယ်ပေါင်းဖြစ်တဲ့ တင်းပေဖန်ဆီကနေ သူက ရွှးရှီးရှီး အစစ်မဟုတ်ဘဲရုပ်ချင်းဆင်တူတဲ့အန်းယွဲဖြစ်နေတာကို သိလိုက်ရတယ်အန်းယွဲက အမှန်တရားကိုစုံစမ်းရင်းနဲ့ ဘယ်လိုထိတ်လန့်စရာကောင်းတဲ့ လျှိဝှက်ချက်တွေကို သိလာမလဲလုကျင်ယန်ကရော သူဌေးသမီးဘေးမှာ သဘောရိုးနဲ့သက်တော်စောင့်လုပ်နေတာရော ဟုတ်ပါ့မလားသူ့မှာရော ဘာရည်ရွယ်ချက်တွေ ရှိနေမလဲလျှိဝှက်ကြံစည်မှုကြားမှာ အန်းယွဲနဲ့ လုကျင်ယန်တိုနှစ်ယောက်ရဲ့ အချစ် ဇာတ်လမ်းကရော ဘယ်လိုဖြစ်လာမလဲနှစ်ဦးသား သံသယတွေ ...

Love of Replica (2023)

2023
Transatlantic (2023) 6.5
Transatlantic (2023) Transatlantic (2023) =============== IMDb Rating - 6.5/10ဒီစီးရီးရဲ့ အချိန်ကာလက ဒုတိယကမ္ဘာစစ် ဟစ်တလာရဲ့ နာဇီတပ်ဖွဲ့တွေ ပြင်သစ်ပြည်မြောက်ပိုင်းကို သိမ်းပိုက်အပြီး ပြင်သစ်နဲ့ ဂျာမနီ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရယူထားတဲ့ ကာလပါ။ ပြင်သစ်ပြည်တောင်ပိုင်းကိုတော့ ဗင်ချီ(Vinchy) အစိုးရက တာဝန်ယူထားပြီး ပဲရစ်အပါအဝင် ပြင်သစ်ပြည် မြောက်ပိုင်းက ထွက်ပြေးလာကြတဲ့ စစ်ဘေး ဒုက္ခသည်အများအပြား မာဆေးမြို့မှာ သောင်တင်နေချိန်ပါ။ ဂျူးလူမျိုးတွေကို အမြစ်ပြတ် နှိမ်နင်းရေးဆိုတဲ့ ဟစ်တလာရဲ့ မဟာပေါ်လစီကြီးကြောင့် မာဆေးမြို့ရောက် ဂျူးတွေ ပြင်သစ် ပြည်ကနေ ထွက်ပြေးဖို့ ဆိုင်းပြင်နေကြချိန်ပါ။အဲဒီကာလမှာ မာဆေးမြို့က ဂျူးတွေကို ကယ်ထုတ်ပေးခဲ့တဲ့ Emergency Rescue Committee ဆိုတဲ့ အမေရိကန် အဖွဲ့ တစ်ဖွဲ့ ရှိခဲ့ပါတယ်။ ဗေရီယန် ဖရိုင်း(Varian Fry) ဦးဆောင်တဲ့ အဲဒီအဖွဲ့ဟာ Hannah Arendt, Max Ernst, Marc Chagall တို့လို အကျော်အမော်တွေအပါအဝင် ဒုက္ခသည်ပေါင်း ၂,၀၀၀ ကျော်ကို စပိန်နယ်စပ်ကနေ ပေါ်တူဂီ၊ အဲဒီကနေ အမေရိကန် ပြည်ထောင်စုဆီ ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ဒီစီးရီးက ဗေရီယန်ဖရိုင်းတို့အဖွဲ့ရဲ့ဂျူးကယ်ဆယ်ရေး စွန့်စား ခန်းတွေကို ...
6.5
TMDb: 6.5/10 3100 votes
tv

Transatlantic (2023)

2023