Channel Myanmar

2023

Saint X (2023) 6.1
Saint X (2023) Saint X (2023) =========== IMDb Rating - 6.1/10အပန်းဖြေခရီးထွက်ရတာကို သဘောမကျတဲ့သူမျိုး မရှိနိုင်ဘူး ထင်ပါတယ်။ စိတ်ပျော်ရွှင်ဖို့အတွက် ခရီးတွေထွက်ကြတယ်၊ တချို့ကတော့ မိသားစုအချိန်လေးရဖို့ ခရီးထွက်တတ်ကြတယ်။ အယ်လီဆန်တို့ မိသားစုလေးကလည်း ကျောင်းပိတ်ရက်ရာသီ လေးမှာ အပန်းဖြေခရီးထွက်ခဲ့ကြတဲ့ သာမန်မိသားစုလေးပါပဲ။ ဒါပေမဲ့ ပျော်ရွှင်စရာအပန်းဖြေခရီးမဟုတ်ဘဲ ကြမ္မာဂြိုဟ်ဆိုး ဝင်မွှေခံရတဲ့ အပန်းဖြေခရီးတစ်ခု ဖြစ်လို့လာခဲ့တဲ့အခါ....ဇာတ်လမ်းလေးကတော့ ဒီလိုပါ။ ဝက်စ်ချက်စတာမြို့က လူကုံထံလူဖြူမိသားစုတွေ အင်ဒီဂိုပင် လယ်အော်ကျွန်းလေးပေါ်က အပန်းဖြေစခန်းတစ်ခုဆီ အပန်း ဖြေခရီး ထွက်လာခဲ့ကြပါတယ်။ အယ်လီဆန်တို့ မိသားစုအပါ အဝင်ပေါ့။ အယ်လီဆန်က သိပ်ကိုလှပပြီး ဆွဲဆောင်မှုအပြည့် ရှိတော့ ခရီးစဉ်မှာပါသမျှ ပုရိသတွေအပြင် ကျွန်းသားတွေရဲ့ လည်ပြန်ငေးခြင်းကိုပါ ခံရတဲ့ ဆယ်ကျော်သက်ကောင်မလေး တစ်ယောက်ပေါ့လေ။ တစ်ညမှာတော့ အယ်လီဆန်တစ်ယောက် ပျောက်ချင်းမလှပျောက်ဆုံးသွားခဲ့ပြီး ကျွန်းနဲ့မိုင်ချီဝေးတဲ့ ဖားရ် အဝေးကေးဆိုတဲ့ တောအုပ်ထဲမှာ သူ့ရဲ့အလောင်းပေါ်လာခဲ့ ပါတယ်။ဒါပေမဲ့ အာဏာပိုင်တွေက သူ့အမှုကို မတော်တဆမှုတစ်ခုအနေ နဲ့ပဲ ပိတ်လိုက်ခဲ့ကြတယ်။ နှစ် ၂၀ ကြာပြီးတဲ့နောက်မှာတော့ အယ် လီဆန်ရဲ့ ညီမဖြစ်သူ အမ်မလီတစ်ယောက် အရွယ်ရောက်လာတဲ့ အခါမှာ သူ့အစ်မရဲ့ ပဟေဠိဆန်စွာ သေဆုံးရမှုအတွက် တရားခံ ရှာဖို့ စတင်ပါတော့တယ်။ မမျှော်လင့်ထားတဲ့ အချိုးအကွေ့တွေနဲ့ အဆုံးထိ ...
6.1
TMDb: 6.1/10 1400 votes
tv

Saint X (2023)

2023
The Power (2023) 6.0
The Power (2023) The Power (2023) ============= IMDb Rating - 5.6/10NewYork Bestseller စိတ်ကူးယဉ်ဝထ္ထုကို အခြေခံပြီး ရိုက်ထားတဲ့ The Power ဇာတ်လမ်းတွဲကို Amazon Prime ကနေ ဘက်ဂျက်အများကြီးသုံးပြီး ဇာတ်လမ်း ဇာတ်အိမ် ကောင်ကောင်းနဲ့ရိုက်ကူးထားတာဖြစ်ပါတယ်။ရုတ်တရက် ကမ္ဘာ့အနှံ့က အမျိုးသမီးတွေ အများစုမှာ လျှပ် စစ်စွမ်းအင်လို ရှေ့ာတိုက်နိုင်တဲ့ အစွမ်းတွေရလာတဲ့အခါမှာ ကမ္ဘာကြီးက ပြောင်းလဲဖို့ဖြစ်လာပါပြီ။ ဥရောပ၊ အမေရိကမှအစ အာရှတိုက်အလယ်၊ အာဖရိကတိုက်အဆုံး ဘဝနာနေခဲ့တဲ့ ဆယ်ကျော်သက် ကောင်မလေး အများစုမှာ သူတို့ရဲ့ အဖိ အနှိပ်ခံဘဝကနေ ဒီလိုအစွမ်းတွေရလာတဲ့အခါမှ သူတို့ဘဝက ချက်ချင်းပြောင်းလဲသွားပါတယ်။ဒီစွမ်းအားရှင်လေးတွေကို ထိန်းချုပ်ဖို့ အဖွဲ့အစည်းတစ်ခုပေါ် လာပါတယ်။ ကမ္ဘာ့နိုင်ငံရေးမီဒီယာတွေရဲ့ စောင့်ကြည့်မှုလည်း ခံလာရပြီး သူတို့အားလုံးပေါင်းဆုံကာ ပိုကြီးမားတဲ့ အန္တရာယ် ကြီးတစ်ခုကို ကျော်ဖြတ်ဖို့ဖြစ်လာပါတယ်။Season 1 အနေနဲ့ (၉) ပိုင်းထွက်ရှိမှာဖြစ်ပြီး တစ်ပတ်တစ်ပိုင်း နှုန်းဖြင့်CM ကတင်ဆက်ပေးသွားမှာပါ။(ဒီစီးရီးရဲ့ အညွှန်းနဲ့ဘာသာပြန် ရေးသားပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်။)File Size.............(350 MB) / (800 MB) Quality...............WEB-DL 720p / ...
6.0
TMDb: 6.0/10 1300 votes
tv

The Power (2023)

2023
My Lucky Star (2023) 8.1
My Lucky Star (2023) "ကိုယ့်ရဲ့ချစ်ကြယ်စင်လေး ၂၀၂၃ " မြန်မာစာတန်းထိုးMy Lucky Star 2023နိုက် အဖြစ် Film Thanapat kawila ချုမ်ကျန် အဖြစ် Bifern Anchasa Mongkhonsamaiနိုက်ဟာ မိဘနှစ်ပါးလုံးဆုံးပါးသွားပြီးနောက်မိထွေးနဲ့အတူ နေနေရပါတယ်သူ့ချစ်သူနဲ့ မိထွေးရဲ့သား မင်္ဂလာဆောင်နေ့မှာ မိခင်ပိုင်တဲ့စိန်ဘယက်ကို သွားပြန်ခိုးယူခဲ့ပါတယ်သူဟာ မိထွေးရဲ့လူတွေလိုက်သတ်တာ ခံနေရစဉ် တချိန်တစ်ခါက သူကိုယ်တိုင်ရဲလက်အပ်ခဲ့တဲ့ ထောင်ထွက်မလေး ချုမ်ကျန်နဲ့ ဆုံခဲ့ပါတယ်သူတို့နှစ်ဦးဟာ တူတူထွက်ပြေးခဲ့ကြရာကိုယ်တိုင်ထောင်ထဲထည့်ခဲ့တဲ့လူလိမ်မလေးချုမ်ကျန်ကို နိုက်တစ်ယောက် ဘယ်လိုမေတ္တာရှိသွားမလဲနှစ်ဦးလုံးက ဖောက်ပြန်ခံထားရတဲ့အချစ်ရေးတွေနဲ့ကြုံခဲ့ရတာမို့ဒီအချစ်မှာရော လမ်းခရီးဖြောင့်ဖြူးပါ့မလားဘယ်လိုအတားအဆီးတွေနဲ့ ကြုံလာရမလဲဆိုတာကိုတော့“ကိုယ့်ရဲ့ချစ်ကြယ်စင်လေး”ဇာတ်လမ်းတွဲမှာ ဆက်လက်ကြည့်ရှုရအောင်နော်(အညွှန်းရေးသားသူကတော့ lei wutyi tun ဖြစ်ပါတယ်)Native Title: รักนี้ต้องเจียระไน Episodes: 12 Aired: Apr 19, 2023 - ? Aired On: Wednesday, Thursday Original Network: GMM One Content Rating: 13+ - Teens 13 or olderTranslated ...
8.1
TMDb: 8.1/10 votes
tv

My Lucky Star (2023)

2023
Queen of Masks (2023)
Queen of Masks (2023) Queen of the masksသူငယ်ချင်းကြားအချစ်အမုန်းသံယောဇဥ် မနာလိုသဝန်တိုမှုတွေကိုပုံဖော်ထားတဲ့ ဇာတ်လမ်းပဲ ဖြစ်ပါတယ်ပြည်သူ့ရှေ့နေဖြစ်တဲ့ ဒိုဂျယ်ရီ မာရီရယ်လာဟိုတယ်ရဲ့အဖွဲ့ခေါင်းဆောင် ယွန်းဟယ်မီ ဖက်ရှင်ဒီဇိုင်းနာ ဂိုယူနာ ယောင်ဝန်းယဉ်ကျေးမှုဖောင်ဒေးရှင်းဥက္ကဌရဲ့တစ်ဦးသောသမီး ဂျူယူဂျောင်း ငယ်ငယ်လေးတည်းက တစ်တွဲတွဲဖြစ်ခဲ့တဲ့ သူငယ်ချင်းလေးယောက်မတော်တဆမှုမဖြစ်ခင်အထိတော့ သူတို့လေးယောက်ဟာ အင်မတန်ရင်းနှီးကြတဲ့အချစ်ဆုံးသူငယ်ချင်းတွေပေါ့ယူဂျောင်းရဲ့ birdal shower မှာ လူသတ်မှုဖြစ်ခဲ့ပြီးတဲ့နောက် အခြားသူတွေရဲ့အလိမ်အညာတွေကြောင့်မို့လို့ သူတို့ထဲကတစ်ယောက်ဟာ ထောင်ကျသွားခဲ့ရပါတယ် ၁၀ နှစ်ကြာပြီးတဲ့နောက် အောင်မြင်နေတဲ့သူငယ်ချင်း ၃ ယောက်ရှေ့ကို ပြန်ရောက်လာတဲ့အခါ ဘယ်လိုလက်စားချေမှုတွေလုပ်ဆောင်မှာလဲ တကယ့်ဖြစ်ပွားခဲ့တဲ့ မတော်တဆမှုကရော ဘယ်လိုဖြစ်ရတာလဲဆိုတာ စိတ်ဝင်တစားနဲ့ကြည့်ရှုရမှာဖြစ်ပါတယ်ဒိတ်ဒိတ်မင်းသမီး ၄ ဦးအပြိုင်သရုပ်ဆောင်ထားတာဖြစ်ဖို့ သရုပ်ဆောင်ချက်ပိုင်ပိုင်နိုင်နိုင်နဲ့ ရှယ်လောင်ရမယ့်ဇာတ်လမ်းပဲဖြစ်ပါတယ် စုစု​ပေါင်း အပိုင်း ၁၆ ပိုင်းပါဝင်ပြီးတော့ အပတ်စဉ် တနင်္လာနဲ့ အင်္ဂါနေ့တိုင်းထုတ်လွှင့်သွားမှာဖြစ်ပါတယ်File Size – 1GB / 500MBQuality – 1080p WEB DL / 720pDuration – 2h 22minsTotal Episodes: 16EpsSubtitle – Myanmar HardsubFormat – Mp4Genre : Thriller, Mystery, Drama, Translator – ShwePyae~Kppks~K~LaiLaii~AditiEncoder – ...

Queen of Masks (2023)

2023
Mission Fan-Possible (2023)
Mission Fan-Possible (2023) Mission Fan Possible / Idol စစ်ဆင်ရေး (2023) =====================လောကမှာ မဖြစ်နိုင်တဲ့မစ်ရှင်ဆိုတာ မရှိပါဘူး .. အထူးသဖြင့် အိုင်ဒေါတွေကို အရူးအမူးစွဲလမ်းကြတဲ့ ဆယ်ကျော်သက်ပရိသတ်လေးတွေအကြံထုတ်တဲ့ မစ်ရှင်ဆိုရင်ပေါ့ ..။ဇာတ်လမ်းလေးကတော့ အောင်မြင်မှု အတော်အတန်ရနေတဲ့ Secret Dream ဆိုတဲ့အဖွဲ့က အားလုံးရဲ့ရှေ့မှောက်ကို ၅ နှစ်ပြည့်နှစ်ပတ်လည်ပွဲရယ် concert ရယ်နဲ့ ပြန်ရောက်လာတဲ့အချိန်ပဲဖြစ်ပါတယ်။ ကိုယ်အားပေးတဲ့အိုင်ဒေါအဖွဲ့ချင်းတူနေတဲ့အခါ fandom ထဲကသူတွေအချင်းချင်းရင်းနှီးတာကတော့ အဆန်းမဟုတ်ဘူးပေါ့။ ဒီအတိုင်းပဲ Patty ဆိုတဲ့ကောင်မလေးမှာလည်း သူချစ်တဲ့ အဆိုတော် Nanai ကို သူ့လိုပဲချစ်ကြ အားပေးကြတဲ့ အကြိုက်တူ အွန်လိုင်းသူငယ်ချင်း Lullabies (fandom name) လေးတွေရှိပါတယ်။ဒီလိုနဲ့ concert ကျင်းပမယ့်နေ့ကို ကြေညာလိုက်တော့ Patty တို့ အွန်လိုင်းသူငယ်ချင်းတွေ concert မှာ ပျော်ပျော်ကြီးဆုံကြဖို့ တိုင်ပင်ကြရင်း မထင်မှတ်တဲ့အကြောင်းအရင်းလေး ပေါ်လာပါတော့တယ်။ သူငယ်ချင်းတွေထဲက တစ်ယောက်ဖြစ်တဲ့ Ninja က ကင်ဆာနောက်ဆုံးအဆင့်နဲ့ဆေးရုံတက်နေရသူဖြစ်ပြီး concert ကျင်းပမယ့်အချိန်အထိ အသက်ရှင်ဖို့မသေချာဘူးမို့ သူသိပ်တွေ့ချင်တဲ့ Nanai ...

Mission Fan-Possible (2023)

2023
UMG (2023)
UMG (2023) UMG (2023)Castမြူအဖြစ် Nanon Korapat Kirdpan အန်းအဖြစ် Milk Pansa Vosbein ဖာစိုင်အဖြစ် Namtan Tipnaree WeerawatnodomSynopsisဒီနှစ်ပိုင်းတွေမှာ မတူကွဲပြား‌တဲ့ genre မျိုးစုံချ‌ပြနေတဲ့ GMMTV ကနေ အခုတစ်ခါမှာ ထူးထူးဆန်းဆန်း Sci-Fi ဇာတ်လမ်းလေးတစ်ပုဒ်ကို တင်ဆက်လိုက်ပါပြီ။လွန်ခဲ့တဲ့ ၈ နှစ်တုန်းက မြူဆိုတဲ့ကောင်လေးမှာ အန်းဆိုတဲ့ ချစ်ရသူ သူငယ်ချင်းမလေး တစ်‌ယောက်ပဲရှိခဲ့တာပါ။ အရမ်းချစ်ပြီး အရမ်းခင်ရပေမဲ့ တစ်နေ့မှာတော့ မြေပြိုပါတယ်ဆိုတဲ့ အကြောင်းရင်းနဲ့ မြူရဲ့တစ်ဦးတည်းသော bff မလေး ပျောက်ကွယ်ခဲ့ရပါတယ်။ နောက် ၈ နှစ်အကြာ လက်ရှိကာလမှာ မြူဟာ သူငယ်ချင်း‌ဆိုလို့ ဂျက်ပဲရှိတဲ့ မျက်နှာသေကြီးနဲ့ကောင်လေးဖြစ်လာပါတယ်။ တစ်နေ့မှာ သူတို့နှစ်ယောက် ရန်ပွဲထဲပါသွားတော့ အပြစ်ပေးခံရတဲ့အနေနဲ့ Documentary ရိုက်ဖို့ တာဝန်ပေးခံရပါတော့တယ်။ Documentary ကလည်း ရိုးရိုး‌တန်းတန်းမဟုတ်ဘဲ ထူးခြားဆန်းကြယ်ဖော်ထုတ်ရေးကလပ်က ကြယ်ကြွေလို့ ဂြိုဟ်သားတွေပေါ်‌လာရင် ဖမ်းမယ့်အကြောင်းဖြစ်ပြီး သွားရိုက်ရမယ့်နေရာကလည်း သူ့ bff အန်းပျောက်ခဲ့တဲ့နေရာဖြစ်နေတာပါ။မြူတစ်ယောက် ကလပ်အဖွဲ့သားတွေနဲ့အတူ မလိုက်ချင်လိုက်ချင် လိုက်ခဲ့ရာမှ လွန်ခဲ့တဲ့ ...

UMG (2023)

2023
Oh! Youngsim (2023)
Oh! Youngsim (2023) Oh Young Sim (2023)တနင်္လာနဲ့အင်္ဂါကို ချိုချိုမြန်မြန်လေးဖြတ်သန်းဖို့အတွက် webtoon ကိုပြန်လည်ရိုက်ကူးထားတဲ့ drama အသစ်လေးလာပါပြီ။ဇာတ်လမ်းအကျဉ်းလေးကတော့ ..... အိုယောင်းရှင်းဆိုတဲ့ ကောင်မလေးက ရသစုံရှိုးပီဒီတစ်ယောက်ဖြစ်ပေမယ့် လုပ်သမျှရှိုးတိုင်း ကြည့်ရှုသူနည်းပါးလွန်းလို့ ဖျက်သိမ်းခံနေရတဲ့သူတစ်ယောက်ပါ။ အလုပ်ပြုတ်ခါနီးနီးမှာ ရေတိုပရိုဂရမ်လေးတစ်ခုရလာတာကြောင့် နောက်ဆုံးအခွင့်အရေးအနေနဲ့ အဲဒီအစီအစဉ်အောင်မြင်ဖို့အတွက် သေသေကြေကြေကြိုးစားရတော့မယ့်အခြေအနေပါ။ အဲဒီအစီစဉ်အတွက် စွန့်ဦးတည်ထွင်ရေးသမားMark Wang ကို ဖိတ်ခေါ်လိုက်ပေမယ့် တကယ်တော့ ဒီလူက ငယ်ငယ်က သူ့ကိုတစ်ဖက်သတ်ကြိတ်ချစ်နေခဲ့တဲ့ ဝမ်ဂယောင်းထယ်ဆိုတဲ့ ကောင်လေးဖြစ်နေပါတော့တယ်။ ဒီလိုသူတို့၂ယောက်ဆက်ဆံရေးကြားမှာ သူမရဲ့အချစ်ရေးပရိုဂရမ်လေးကရော အောင်မြင်သွားမလား….သူမကို သဘောကျမိနေတဲ့ဂျူနီယာလေး အီချယ်ဒုံတစ်ယောက်ရော ကံကောင်းနိုင်ပါ့မလားဆိုတာကိုတော့ အပတ်စဉ် တနင်္လာနေ့နဲ့အင်္ဂါနေ့တိုင်း စောင့်မျှော်အားပေးရင်း ကြည့်ရှုနိုင်ပါတယ်။ စုစုပေါင်း ၁၀ ပိုင်း တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။အညွှန်းကိုတော့ Thant Sin က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Joyz, Hmwe, Thant Sin, Myo, Milkeux  တို့ပဲ ဖြစ်ပါတယ်။Genre..... Comedy Quality…. 1080p | 720p File size… 400MB | 200MB Format… ...

Oh! Youngsim (2023)

2023
Love Village (2023)
Love Village (2023) Love Village (2023)ဒီတစ်ခေါက်မှာတော့ variety show ကြိုက်နှစ်သက်တဲ့ ပရိတ်သက်ကြီးအတွက် "Love Village" လို့ခေါ်တဲ့ dating Show လေးကို တင်ဆက်ပေးလိုက်ပါတယ်။ပုံမှန် Dating show တွေနဲ့ မတူတဲ့ စည်းမျဉ်းတွေနဲ့ တင်ဆက်ထားတာမလို့ စိတ်လှုပ်ရှားဖွယ်ရာ ပိုကောင်းပါတယ် ။ မြင်တွေ့နေကြ Korea show မဟုတ်ဘဲ japan variety show ဖြစ်နေတာကလည်း တမူထူးခြားစေမှာပါ။ ဒီတော့ Love Village ကို အချစ်ရှာဖွေဖို့ ရောက်ရှိလာကြတဲ့ သူတို့ဟာ သူတို့ရဲ့ စိတ်ကူးထဲကအတိုင်း လက်တွဲဖော်ကို ရှာတွေ့နိုင်ပါ့မလား ဘယ်လို ရိုမန့်တွေ အခက်အခဲတွေ ကြုံရဦးမလဲဆိုတာ ရင်ခုန်စွာနဲ့ ကြည့်လိုက်ကြရအောင်နော်။အညွှန်းကိုတော့ NanThin က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ CM Variety Team ပဲ ဖြစ်ပါတယ်။Genre..... Reality Quality…. 1080p | 720p File size… 700MB | 300MB Format… ...

Love Village (2023)

2023
Here We Meet Again (2023)
Here We Meet Again (2023) အခုတစ်ခေါက် CM ပရိသတ်တွေအတွက် အချစ်ကား ချိုချိုလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။တုန်ဟယ့်ကုမ္ပဏီရဲ့ သူဌေးသမီးဖြစ်သူ ရှန်းယွမ်ဟာ ရှီအန်းက ဒေဝါလီခံခါနီး ကုမ္ပဏီခွဲကိုကယ်တင်ဖို တာဝန်ပေးခံရတဲ့ အချိန်ကစ သူမရဲ့ ဘဝခရီးစဉ်အသစ်တစ်ခု စတင်ခဲ့ပါတယ်။ရှန်းယွမ်ဟာ သူမကျောင်းတက်စဉ်က လိုက်ခဲ့ဖူးတဲ့ ရွှီယန်းရှစ်နဲ့ ပြန်လည်ဆုံဆည်းခဲ့ပါတယ်။ရွှယန်းရှစ်ကလည်း အခက်အခဲတွေ ကြားထဲ ရောက်နေခဲ့ပါတယ်။ သူဟာ ကုမ္ပဏီရဲ့ မတရားမှုတွေကြားမှာGPS အင်ဂျင်နီယာတစ်ယောက် ဖြစ်ချင်တဲ့ အိပ်မက်ကို ဆက်လက်ကြိုးစားနေသူ ဖြစ်ပါတယ်။ရှန်းယွမ်ကလဲ ကုမ္ပဏီအခက်အခဲတွေကို ဖြေရှင်းရင်း တဖြည်းဖြည်း ဦးဆောင်နိုင်စွမ်းတွေ မြင့်မားလာခဲ့တယ်။သူတိုနှစ်ယောက်ဟာ အချင်းချင်း အားပေးနေခဲ့ပြီး အချစ်စိတ်တွေ တဖန်ပေါက်ဖွားလာခဲ့ပါတယ်။ကဲ......သူတိုနှစ်ယောက်ရဲ့ အချစ်ခရီးနဲ့ ဘဝရည်မှန်းချက်အတွက် ကြိုးစားအားထုတ်မှုတွေကိုCM ရဲ့ ဘာသာပြန်လေးနဲ့အတူ လိုက်ပါခံစားကြည့်ရှုလိုက်ရအောင်နော်။(အညွှန်းရေးသားထားသူကတော့ Moon ဖြစ်ပါတယ်)Quality : WEB-DL 720p,1080pTotal Episodes : 32Format : mp4Genres : Romance, ComedyDuration : ...

Here We Meet Again (2023)

2023
Ghosts of Beirut (2023)
Ghosts of Beirut (2023) Ghosts of Beirut(2023)အခု ၂၀၂၃ မှထွက်ရှိလာတဲ့ Thriller-Spy ဇာတ်လမ်းတွဲလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် ဇာတ်လမ်းတွဲဆိုပေမဲ့ တစ်ချက်တစ်ချက်မှာ Documentary စတိုင် ဖြစ်ရပ်မှန်တွေပြောပြတာတွေလည်း ပါဝင်တော့ ရသသုတစုံလင်စွာခံစားရမဲ့ ဇာတ်လမ်းပါပဲ အာရပ်-အစ္စရေးစစ်ပွဲအစပြုခဲ့တဲ့ ခေတ်ကနေ ယနေ့အချိန်ထိ CIA နဲ့ မော့ဆတ်တွေကို ခေါင်းခဲစေခဲ့တဲ့ လက်ဘနွန်က အကြမ်းဖက်ဗုံးခွဲသမားတစ်ယောက်ကို လိုက်လံဖမ်းဆီးဖို့ နှစ်ပေါင်းများစွာကြိုးစားခဲ့ပုံကို ရင်တစ်ထိတ်ထိတ်နဲ့ ကြည့်ရှုရမှာဖြစ်ပြီး ကြားထဲက Documentry ပုံစံသမိုင်းကို ဝင်ပြောပြတာကလည်း ဇာတ်ရှိန်မကျစေတဲ့ အပြင် မူရင်းဇာတ်အိမ်ကို ခိုင်မာအောင်တည်ဆောက်ပေးသလို ဖြစ်နေတာမို့ဖြစ်ရပ်မှန်အခြေပြု စပိုင်ဇာတ်လမ်း တကယ်ဖြစ်ခဲ့တဲ့ အာရပ်-အစ္စရေးစစ်ပွဲအကြောင်းတွေကို သိချင်သူတွေအတွက် ကြည့်ရှုသင့်တဲ့စီးရီးတစ်ခုဖြစ်ကြောင်း ညွှန်းဆိုပေးလိုက်ရပါတယ်တစ်ပတ်တစ်ပိုင်းနှုန်း နဲ့ စုစုပေါင်း ၄ ပိုင်း တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။အညွှန်းနဲ့ဘာသာပြန်တင်ဆက်ထားပေးတာကတော့ Sai Thurein Lynn ဖြစ်ပါတယ်Genre..... Drama Quality…. 1080p | 720p File size… 1GB | 400MB Format… mp4 Duration…. 40min Subtitle…. Myanmar Subtitle (Hardsub) Translator ..... ...

Ghosts of Beirut (2023)

2023
Tale of the Nine Tailed 1938(2023)[Complete] 2
Tale of the Nine Tailed 1938(2023)[Complete] Tale of the Nine Tailed 1938(2023)********************************အပိုင်း( ၁ မှ ၁၂) ထိ စ/ဆုံးအားလုံးစောင့်မျှော်နေတဲ့ Season 2 ထွက်ရှိလို့လာပါပြီ...S1 မှာကတည်းက ဆန်းပြားတဲ့ဇာတ်အိမ်နဲ့ CGI အလန်းစား အက်ရှက်ခပ်မိုက်မိုက်တွေနဲ့မို့ကြည့်ရတာ တမူးထူးခြားတဲ့ရသကိုခံစားခဲ့ရတာမို့ ပရိတ်သတ်တွေ S2 ကိုမျှော်နေကြတာတော့မဆန်းပါဘူး...S2 မှာတော့အချိန်ခရီးသွားတာတွေပါဝင်လာပြီး ရှေးခေတ်ကိုပြန်ရောက်သွားတယ်လို့ဆိုတယ်...ယဉ်ကျေးမှုတွေမထွန်းကားတဲ့ရှေးခေတ်ဆိုတော့ ပိုကြမ်းပြီးရက်စက်တဲ့အခန်းတွေပါတယ်လို့လည်းဆိုကြတယ်..ဒါ့အပြင် Kim So Yeon လို ဆရာမကြီးက Main Role အနေနဲ့ပါဝင်လာပြန်တော့ ဘယ်လိုတွေဆက်ဖြစ်ကြဦးမလဲဆိုတာတော့စိတ်ဝင်စားစရာပါ...စပွိုင်လာတွေဖြစ်မှာမို့လို့ ဒီလောက်ပဲအညွှန်းရေးလိုက်ပါရစေ..အပတ်စဉ်Sat ,Sun ညတွေစောင့်မျှော်ခံစားလိုက်ကြရအောင်....Aired: May 6, 2023  - Jun 11, 2023 Aired On:  Saturday, Sunday Genres:Historical, Horror, Romance, Fantasy Duration: 70 mins Episodes: 12 Original Network: TVN File Size: 720p(~250MB) Translated by Hay Thar Oo, Miri, ...
2
TMDb: 2/10 1 votes
tv

Tale of the Nine Tailed 1938(2023)[Complete]

2023
Lucky Hank (2023) 6.8
Lucky Hank (2023) Lucky Hank (2023) =============== IMDb Rating - 6.8/10ကဲ .. ဆောဂွတ်မန်းဆိုတဲ့ နာမည်တစ်လုံးနဲ့ ပရိသတ်ရင်ထဲကို ထိုးဖောက်ခဲ့တဲ့ Bob Odenkirk ကြီး ဒီတစ်ခါတော့ ကျောင်း ဆရာ ပါမောက္ခကြီး လုပ်နေပြန်ပါပြီ။ ဒီဘဲကြီးက Title မှာ နာမည်ပါတဲ့ ဇာတ်လမ်းတွေနဲ့ အကျိုးပေးတယ်ပြောရမလို တောင် ဖြစ်နေပါပြီ။ အရင်က Better Call Saul ရဲ့ ဆောလ် အခု Lucky Hank ရဲ့ ဟန့်ခ်ပေါ့၊ ဒီစီးရီးမှာလည်း executive producers အဖွဲ့က Breaking Bad နဲ့ Better Call Saul တို့ရဲ့ ပဲ့ကိုင်ရှင်တွေပါပဲ။၁၉၉၇ ခုနှစ်က ထွက်ရှိခဲ့တဲ့ စာရေးဆရာ Richard Russo ရဲ့ Straight Man ဝတ္ထုကို အခြေခံရိုက်ကူးထားတဲ့ Comedy Drama ဖြစ်ပါတယ်။ ပြောရရင်တော့ စာရေးဆရာရဲ့ ကောလိပ် ကျောင်းဆရာဘဝက ကြုံခဲ့ရတဲ့ အဖြစ်အပျက်အတွေ့အကြုံတွေ အကြောင်းပါ။အမြည်းပေးရရင်တော့.. ဝီလီယံ ...
6.8
TMDb: 6.8/10 1800 votes
tv

Lucky Hank (2023)

2023
Saas, Bahu Aur Flamingo (2023) 8
Saas, Bahu Aur Flamingo (2023) Saas, Bahu Aur Flamingo (2023) IMDb-8.1/10ပူပူနွေးနွေးထွက်ရှိထားပြီး မှတ်ချက်ကောင်း rating ကောင်းတွေ အများအပြားရရှိထားတဲ့ ဇာတ်လမ်းတွဲလေး တင်ဆက်ပေးလိုက်ပါတယ်။"ယောက္ခမ၊ ချွေးမများနှင့် ကြိုးကြာနီ" တဲ့။ ခပ်ကြမ်းကြမ်းမင်းသမီးကြီးနဲ့ ခပ်လန်းလန်းမင်းသမီးလေးတွေအများကြီး ပါဝင်ထားတဲ့ ခပ်မိုက်မိုက်ဇာတ်လမ်းတွဲတခုပါ။ဇာတ်လမ်းအကျဉ်း ရာနီဘာဆိုတဲ့ အမျိုးသမီးကြီးက အမျိုးသမီးတွေနဲ့ချည်း မူးယစ်ဆေးထုတ်လုပ်တဲ့ ဂိုဏ်းတခုဖွဲ့စည်းထားတယ်။ သားနှစ်ယောက်ရှိပေမဲ့ သားတွေကိုကျ အဝေးမှာပို့ထားပြီး ချွေးမတွေနဲ့သမီးကိုပဲ မူးယစ်ဆေးထုတ်လုပ်တဲ့နေရာမှာ ခိုင်းစေခဲ့တယ်။သူတို့ဆီက ထုတ်တဲ့ မူးယစ်ဆေးကြောင့်ပဲ ဒုဝန်ကြီးရဲ့ သားဖြစ်သူအရေးပေါ်ရောက်သွားတဲ့နောက်မှာတော့ မူးယစ်နှိမ်နှင်းရေးကနေ မူးယစ်ဆေးထုတ်လုပ်နေတဲ့ ပင်မအရင်းအမြစ်ကို စုံစမ်းဖော်ထုတ်ဖို့ ရဲတယောက်ကို အထူးစေလွှတ်လိုက်တယ်။အရှင်ခရစ်သျှဏ မွေးနေ့ပွဲမတိုင်ခင်မှာပဲ... စပိန်ဂိုဏ်းတခုဆီကို သတ်မှတ်ထားတဲ့ဆေးပမာဏပို့ပေးရမှာရယ်၊ နိုင်ငံခြားကနေ ပြန်လာမဲ့သားနှစ်ယောက်ရယ်၊ သူ့ရဲ့ အမွေခံတယောက် ရွေးချယ်ဖို့ကနေ မိသားစုသွေးကွဲကြတာတွေ၊ မူးယစ်နှိမ်နှင်းရေးက အရာရှိက စုံစမ်းစစ်ဆေးမှုလုပ်တာတွေ၊ အဲလိုအရာတွေကြားထဲမှာမှ ဘုရင်မလို့ ခေါ်ဝေါ်ကြတဲ့ ရာနီဘာတယောက် ဘယ်လိုတွေကုလားဖန်ထိုး ဉာဏ်ကစားပြီး ရင်ဆိုင်သွားမလဲဆိုတာ တပိုင်းပြီးတပိုင်း စိတ်ဝင်စားဖွယ် ကြည့်ရှုကြရမှာပါ။ 18+ နှင့် ခုတ်ထစ်ဖြတ်အခန်းတချို့ပါဝင်တာကြောင့် ကလေးငယ်များနှင့်အသည်းငယ်တတ်သူများ မကြည့်ရှူသင့်ပါ။ (အညွှန်းရေးသားသူကတော့ chiclon3 ဖြစ်ပြီးဘာသာပြန်သူတွေကတော့ chiclon3~Zwe Yan Naing~Thaik San~BpL~Yunni~Aditi~Saii တို့ပဲဖြစ်ပါတယ်)Quality : 1080p  / 720pTotal Episodes :8EpsFormat : mp4Genres : Drama, Action ...
8
TMDb: 8/10 3 votes
tv

Saas, Bahu Aur Flamingo (2023)

2023
Bloodhounds(2023)[Complete]
Bloodhounds(2023)[Complete] Bloodhounds(2023)******************အပိုင်း( ၁ မှ ၈) အထိ စ/ဆုံးနာမည်ကြီးဒိတ်ဒိတ်ကြဲမင်းသားတွေ ပါဝင်တဲ့ အက်ရှင်ဇာတ်ကြမ်းကားကိုမှ ကြည့်ချင်ပါတယ်ဆိုတဲ့ပရိသတ်တွေအတွက် ယခု (၉) ရက်နေ့ Netflix မှာပြသတော့မယ့် “Bloodhounds” အက်ရှင်ဇာတ်ကားကတော့တကယ့်ကို လက်မလွှတ်မသင့်တဲ့ ကားကောင်းတစ်ကားဖြစ်လာမှာပါနော်....ဇာတ်လမ်းအစမှာတော့ ဂင်ဂွန်းဝူဟာ လက်စပြင်းတဲ့တက်သစ်စလူငယ်လက်ဝှေ့ကစားသမားတစ်ဦးပါ လက်ဝှေ့ပြိုင်ပွဲတွေထိုးရင်း သူနဲ့အသင်မွေးဝမ်းကျောင်းချင်းတူတဲ့ ဟုံးဝူဂျင်းအမည်ရတဲ့ လက်ဝှေ့ကစားသမားနဲ့သူငယ်ချင်းဖြစ်ခဲ့ကြပါတယ်..ဂွန်းဝူရဲ့အမေဟာ ငွေကြေးမပြေလည်တာကြောင့် တရားမဝင်ငွေတိုးချေးစားတဲ့လောကထဲမှာမှ တကယ့်လူမိုက်ခေါင်းဆောင်ဂင်မြောင်ဂီးလ်ဆီကနေ ပိုက်ဆံချေးမိရာ နောက်ပိုင်းမှာ ပြန်မဆပ်နိုင်တော့တဲ့အခါသားဖြစ်သူ ဂွမ်းဝူနဲ့ လူမိုက်ခေါင်းဆောင် ဂင်မြောင်ဂီးလ်တို့ထိပ်တိုက်တိုးဖို့ အကြောင်းဖန်လာပါတော့တယ်...ဇာတ်ကား Casts Line up တွေကလည်း ရှယ်ပါပဲနော် Wo Do Hwan ၊ Lee Sang Yi ၊ Park Sung Woong ၊Huh Joon Ho နဲ့ Siwon (Super Junior) တို့အပါအဝင် အခြားသောသရုပ်ဆောင်တွေကဘယ်လိုမျိုးအချိတ်အဆက်မိမိနဲ့ အက်ရှင်ဇာတ်ကြမ်းမလဲဆိုတာကို ...

Bloodhounds(2023)[Complete]

2023
Back From the Brink ( 2023 )
Back From the Brink ( 2023 ) ဒီတစ်ခါ CM Chinese Fanလေးတွေအတွက် တင်ဆက်ပေးမဲ့ ဇာတ်ကားလေးကတော့...နူးညံ့သိမ်မွေ့ပြီး ပြေပြစ်ချောမောလှတဲ့ အချစ်ကြီးတဲ့ နှစ်ပေါင်းထောင်ချီ မိစ္ဆာနဂါး 'ထျန်းယောက်'အဖြစ် မင်းသား Neo Houထက်မြက်သွက်လက်ပြီး ဆွဲဆောင်မှုရှိတဲ့ မိန်းမပျိုလေး 'ယန့်ဟွေ'အဖြစ် မင်းသမီး Zhou Yeလနတ်သမီးပမာ လှပပြီးတော့ ကွမ်ဟန်ဂိုဏ်း ဂိုဏ်းချုပ် 'စုယင်'အဖြစ် မင်းသမီး Yang Rong တိုအဓိက ပါဝင်သရုပ်ဆောင်ထားကြတဲ့ Back From The Brink ဆိုတဲ့ XianXia ကားလေးပဲ ဖြစ်ပါတယ်ဇာတ်လမ်းလေးကတော့ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀က ထျန်းယောက်ဟာ သူ ချစ်ရသူဖြစ်တဲ့ကွမ်ဟန်ဂိုဏ်း ဂိုဏ်းချုပ် စုယင် သစ္စာဖောက်တာကို ခံလိုက်ရပြီး သူ့ရဲ့ နဂါးအကြေးခွံတွေနဂါးအရိုးတွေအပါအဝင် ခန္ဓာကိုယ်ရော ဝိညာဉ်ရော အပိုင်းပိုင်း ဖျက်ဆီးခံလိုက်ရပြီးတော့အရပ်လေးမျက်နှာမှာ တံဆိပ်ခတ်ချုပ်နှောင်တာကို ခံလိုက်ရတယ်...ဒါပေမဲ့လည်း ကံကောင်းထောက်မစွာနဲ့ပဲ သူ့ရဲ့ဝိညာဉ်က လွတ်မြောက်လာခဲ့တယ်...အဲ့ဒါနဲ့ သူက ရွာတစ်ရွာက ရေကန်ထဲမှာ ...

Back From the Brink ( 2023 )

2023
Bupkis (2023) 7.4
Bupkis (2023) Bupkis (2023) =========== Genres - Comedy , Drama IMDb Rating - 7.4/10Pete Davidson ဆိုတာ ဒီနေ့ခေတ် ရှားပါးလာတဲ့ လူငယ် comedy actor. တွေက အအောင်မြင်ဆုံး Hollywood actor တစ်‌ယောက်ပါ။ သူတွဲခဲ့တဲ့ သူတွေကလည်း Kim Kardashian, Ariana Grande တို့လို စူပါမာ်ဒယ် တွေ။ဒီဇာတ်လမ်းတွဲက သူ့ဘ၀နဲ့ ငယ်ဘ၀ဇာတ်ကြာင်းအနည်းငယ်ကို ရိုက်ပြထားတာပါ ။ တစ်ခြားဇာတ်ကောင်တစ်ခုကိုမြင်ရမှာမဟုတ် ဘဲ Pete Davidson ဆိုတဲ့ သူ့ဘ၀ကို သူကိုယ်တိုင်ရိုက်ကူးထား တာပါ။ ရုပ်တည်ကြီးနဲ့ နောက်တဲ့ ဟာသတွေ , Hollywood က ရိုက်ကွင်းအလွဲတွေနဲ့ နောက်ကွယ်ကဇာတ်လမ်းတွ အများကြီးပါပဲ။ ဧည့်သည်သရုပ်ဆောင်အဖြစ် Brad Pitt , Machine Gun Kelly , Avenger ထဲက Winter soldier သရုပ်ဆာင်စသည်ဖြင့် အများကြီး ပါ၀င်ထားပါသေးတယ်။ Comedy ဇာတ်လမ်းတွဲမျှော်နေတဲ့ သူတွေ အကြိုက်တွေ့စမယ့် ဇာတ်လမ်းတွဲပါပဲ ...
7.4
TMDb: 7.4/10 3300 votes
tv

Bupkis (2023)

2023
The Good Bad Mother(2023)
The Good Bad Mother(2023) The Good Bad Mother(2023)***************************အပိုင်း(၁ မှ ၁၄ ) ထိ စ/ဆုံး"ငါဟာ ပျော်ရွှင်တယ်"ဆိုတဲ့စကားကို အမြဲရွတ်ပြီး နေထိုင်လာတဲ့ ယောင်းဆွန်းတစ်ယောက်ကံအကြောင်းမလှစွာနဲ့ မိသားစုတွေကို ဆုံးရှုံးလိုက်ရပြီး ဝက်မွေးမြူရေးခြံအလုပ်ကိုလုပ်ပြီးသားကို တစ်ယောက်တည်း ပျိုးထောင်ခဲ့တဲ့သူပါ..ဆင်းရဲပြီး ဘာအင်အားမှမရှိလို့ ဒီလိုတွေဖြစ်ရတာဆိုပြီး သားကို ပညာတတ်ကြီးဖြစ်စေချင်တဲ့စိတ်နဲ့ စာမှစာဖြစ်အောင် စည်းကမ်းတင်းကျပ်လွန်းလှတဲ့ ယောင်းဆွန်းကတော့ သူ့ရဲ့သားဖြစ်တဲ့ ဂန်ဟိုအတွက် အရမ်းကို မုန်းရတဲ့အမေပါပဲ...ကျောင်းမှာ "ဝက်"လို့ အခေါ်ခံရပြီး ဝက်ချေးနံ့နံတယ်ဆိုပြီး အမြဲအနိုင်ကျင့်ခံရတဲ့ ဂန်ဟိုတစ်ယောက် "ဒါတွေအားလုံး ငါတို့မှာ ငွေနဲ့ အာဏာမရှိလို့ ဖြစ်ရတာ"ဆိုတဲ့ အမေရဲ့ စကားကြောင့်ဂန်ဟိုဟာ ဆိုးလ်ဗဟိုခရိုင်အမှုစ်ရုံးက အင်အားကြီးသူဘက်ကပါပြီး အားနည်းတဲ့သူတွေကိုအနိုင်ကျင့်တဲ့ အောင်မြင်မှုအတွက်သာဆို ဘာမဆိုလုပ်မယ့် ရက်စက်တဲ့ အမှုစစ်တစ်ယောက်ဖြစ်လာပါတယ်...အဲ့ဒီနောက်ကံကြမ္မာ အလှည့်အပြောင်းက ဆိုးရွားလွန်းလှပါတယ်...သူတို့တွေ ဘယ်လိုဆက်ဖြစ်သွားကြလဲဆိုတာကိုတော့...အသဲတွေခွဲသွားတဲ့ မင်းသား Lee Do Hyunနဲ့အတူ မင်းသမီးကြီး Ra Mi Ranတို့ ဒီHealing Comedy ...

The Good Bad Mother(2023)

2023
A Boss and a Babe (2023) 8
A Boss and a Babe (2023) A Boss and A Babe (2023)Castဘော့စ်ချောလေး ဂန်အဖြစ် Force Jiratchapong အလုပ်သင်လေး ချေအဖြစ် Book KasidetSynopsisEnchante ဇာတ်လမ်းတွဲထဲက Force နဲ့ Book အတွဲကို လွမ်းနေကြသူတွေအတွက် GMMTV ကနေ ရုံးတွင်းအချစ်ဇာတ်လမ်းလေးတစ်ပုဒ် ဖန်တီးပေးလိုက်ပါပြီ။ဂိမ်းကစားရတာရှယ်ကြိုက်ပြီး မျက်နှာချွန်ချွန် စကားများများ တည့်တိုးအိုးပေါက်ပဲပြောတတ်တဲ့ ချေဆိုတဲ့ကောင်လေးဟာ အလုပ်သင်ဝန်ထမ်းလုပ်ဖို့ သူ့အစ်ကိုဖြစ်သူရဲ့ဂိမ်းကုမ္ပဏီထဲရောက်လာပါတယ်။ အလုပ်သင်ဆိုတဲ့အတိုင်း ကော်ဖီဝယ်ပေးရ၊ စာရွက်မိတ္တူကူးရနဲ့ TTMY တောက်တိုမယ်ရလေးပေါ့။ ဒီလို TTMY ချေရဲ့ ဘော့စ်ကတော့ အလွန်တရာချေးများပြီး အရမ်းကိုစည်းကမ်းတင်းကြပ်တဲ့ သူဌေးချောချောလေးပါ။ သူဌေးချောပေမဲ့ လူတိုင်းကကြောက်ရတဲ့ ခပ်တည်တည်နဲ့သူဌေးကြီးပေါ့။ ဒါပေမဲ့ ချေတစ်ယောက်မသိလိုက်တာက ဘော့စ်ဖြစ်သူဟာ အိပ်မရတဲ့ဝေဒနာကြောင့် ချေရဲ့ ASMR channel ကို အမြဲကြည့်ပြီးမှ အိပ်နိုင်တဲ့ အမာခံပရိသတ်တစ်ယောက်ဖြစ်နေတယ်ဆိုတာပါပဲ။မထင်မှတ်ထားတဲ့ကိစ္စနဲ့ ဘော့စ်ရဲ့အာရုံစိုက်မှုခံလိုက်ရတဲ့ ချေတစ်ယောက် ဘော့စ်ရဲ့ အိပ်မရတဲ့ဝေဒနာကို သူ့တော်ကီစကေးတွေနဲ့ ဘယ်လိုသက်သာ‌အောင်လုပ်ပေးမလဲ? စည်းခြားတာတွေကနေ ဘော့စ်နဲ့ ဘယ်လိုနီးကပ်အောင်လုပ်သွားမလဲ? ဘော့စ်ရဲ့နှလုံးသားတံခါးကို သူ့ရဲ့ပေါက်ကရအမူအကျင့်‌တွေနဲ့ ဘယ်လိုတံခါးခေါက်သွားမလဲ? GMM က နာမည်ကြီးအဆင်လေးတွေကို ငမ်းရင်း ပေါ့ပေါ့ပါးပါးကြည့်ရှု့ရမယ့် ဒီဇာတ်ကားလေးကို သောကြာနေ့ညတိုင်း ...
8
TMDb: 8/10 1 votes
tv

A Boss and a Babe (2023)

2023
Dead Pixels (2023) Complete 7
Dead Pixels (2023) Complete Dead Pixels (India)(TV Series 2023) IMDb-7.4/102019ခုနှစ်က ထွက်ရှိခဲ့တဲ့ ဗြိတိန်ဇာတ်လမ်းတွဲကိုပဲ remake လုပ်ထားတဲ့ စီးရီးလေးပါ။ဂိမ်မာတွေ အချင်းချင်းကြားက ချစ်ခင်ရင်းနှီးမှု၊သူတို့ ဘ၀နေထိုင်မှုတွေ လက်တွေ့ဘ၀မှာ ဖြတ်သန်းကြပုံတွေကို တင်ဆက်ပေးထားတဲ့ ဇာတ်ကြောင်းကို စီးရီးနာမည်မပြောင်းဘဲ အရသာတမျိုးလေး ခံစားရစေမှာပါ။နောက်မတူတာတခုက ဗြိတိန်ဇာတ်လမ်းထဲမှာ ဆော့တဲ့ဂိမ်းက Kingdom Scrolls ဖြစ်တာရယ် ဒီအိန္ဒိယစီးရီးလေးထဲမှာတော့ Battle of Thrones ဂိမ်းကိုဆော့ကြတာပါ။ဇာတ်လမ်းအကျဉ်း ဂါယာသရီဆိုတဲ့ ကောင်မလေးရယ် ဘဟာဂဗ်နဲ့ အာနန်ဆိုတဲ့ ဘဲနှစ်ပွေရယ်က ဂိမ်မာတွေပါ၊ ဂါယာသရီမှာ အိုက်ရှ်ဝါရီယာဆိုတဲ့ သူငယ်ချင်းအလန်းလေးရှိပြီး သူတို့၂ယောက်ရယ် ဘဟာဂဗ်ရယ် တိုက်ခန်းတခုထဲမှာ အတူတူစုနေကြတာပါ။ဂါယာသရီနဲ့ ဘဟာဂဗ်က ရုံးတခုမှာ အလုပ်အတူတူ၊တရက် သူတို့ရုံးကို အသစ်ရောက်လာတဲ့ ရိုနန်ဆိုတဲ့ ဘဲခပ်ချောချောလေးကို ဂါယာသရီက နှာဘူးထပြီး ဂိမ်းထဲမှာ အတူဆော့ဖို့ ခေါ်လာပါရော။အဲဒီမှာ သူတို့သူငယ်ချင်းသုံးယောက်ပေါင်းပြီး ရိုနန်ကို ဝိုင်းဆေးထိုးကြပါတယ်။ ဒီဇာတ်လမ်းလေးမှာ သူတို့မျှော်လင့်ထားသလို ဂိမ်းရဲ့နောက်ဆုံးပန်းတိုင်ကို ရောက်အောင် သွားနိုင်ကြမလား။ဂိမ်းကပဲ သူတို့ဘ၀ထဲကို လက်တွေ့ဆန်တဲ့ထိတွေ့မှုတွေ ယူလာပေးမလားဆိုတာ ကြည့်ကြည့်ကြပါဦး။ (အညွှန်းနဲ့ ဘာသာပြန်သူတွေကတော့ CM Bollywood Team မှ ဖြစ်ပါတယ်)File ...
7
TMDb: 7/10 1 votes
tv

Dead Pixels (2023) Complete

2023
Siren: Survive the Island (2023) 6
Siren: Survive the Island (2023) Siren : Survive the Island (2023)ဒီတစ်ခေါက်မှာတော့ Netflix ကနေ အသစ်ထွက်လာတဲ့ သည်းထိတ်ရင်ဖို survival show တစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်၂၄ ယောက်သော ရဲအရာရှိ၊ မီးသတ်သမား၊ သက်တော်စောင့်၊ စစ်သား၊ အားကစားသမား၊ စတန့်သမား အစရှိတဲ့ အမျိုးသမီးတွေက ဝေးလံခေါင်ဖျားအရပ်က လူသူကင်းဝင်းတဲ့ ကျွန်းတစ်ကျွန်းပေါ်မှာ အသက်ရှင်ကျန်ရစ်ဖို့အတွက် သူ့ထက်ငါအပြိုင် အစွမ်းကုန်ယှဉ်ပြိုင်ကြရမှာဖြစ်ပါတယ်ဘယ်လိုအားပြိုင်မှုတွေ စိန်ခေါ်မှုတွေနဲ့ အနိုင်ယူကြမလဲဆိုတာကို သည်းထိတ်ရင်ဖိုကြည့်ရှုရမှာဖြစ်လို့ သည်းထိတ်ရင်ဖိုအမျိုးအစားကို ကြိုက်နှစ်သက်တဲ့ပရိသတ်ကြီးတို့ လက်လွတ်မခံသင့်ဘူးနော်စုစုပေါင်း ၁၀ ပိုင်း ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။အညွှန်းကိုတော့ Hsu က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ CM Variety Team ပဲ ဖြစ်ပါတယ်။Genre..... Reality Quality…. 1080p | 720p File size… 1-2 GB | 500-750 MB Format… mp4 Duration…. 1h Subtitle…. Myanmar Subtitle (Hardsub) Translator ..... ...
6
TMDb: 6/10 2 votes
tv

Siren: Survive the Island (2023)

2023