Channel Myanmar

2023

Based on a True Story (2023) 7.3
Based on a True Story (2023) Based on a True Story (2023) ===================== IMDb Rating - 7.3/10ဒီတစ်ခါမှာတော့ CM ပရိတ်သတ်ကြီးတို့အတွက် (2023)ခုနှစ်ထွက် Comedy, Thriller စီးရီးအသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ လော့စ်အိန်ဂျလိစ်မြို့မှာ Westside Ripper ဆိုတဲ့ ကွင်းဆက်လူသတ် သမားကြီး ခေတ်ထနေဆဲအချိန်ဖြစ်ပါတယ်။ သေဆုံးသူ (၇)ယောက် ထိ ရှိလာတာတောင် ရဲတွေလည်း တရားခံဘယ်သူမှန်း မသိကြသေး ပါဘူး။တင်းနစ်ကစားသမားဟောင်းတစ်ယောက်ဖြစ်တဲ့ နေသန်နဲ့ သူ့ဇနီးအေ ဗာတို့ဟာ လောကဓံရိုက်ခတ်မှုကြောင့် ငွေကြေးအခက်ကြုံနေဆဲမှာပဲ ရေစက်လား ဝဋ်ကြွေးလားမသိ၊ အဲဒီကွင်းဆက်လူသတ်သမားကို ဘယ် သူဘယ်ဝါဆိုတာ သိသွားရုံမက လူကောင်လုံးလိုက်ကြီးပါ တွေ့လိုက် ကြရပါတယ်။ "အူမတောင့်မှသီလစောင့်နိုင်တယ်"ဆိုတဲ့စကားပုံအတိုင်း ငွေကြေးအခက်ကြုံနေတဲ့ လင်မယားစုံတွဲဟာ လူသတ်သမားကို ရဲလက် မအပ်ဘဲ လူသတ်သမားကို အကြောင်းပြုပြီး ငွေလမ်းကြောင်းဖန်တီးဖို့ စိတ်ကူးရသွားကြပါလေရော။ ဒီလိုနဲ့ လင်မယားနှစ်ယောက်နဲ့ ကွင်းဆက် လူသတ်သမားတစ်ယောက်တို့ရဲ့ အရှုပ်တော်ပုံကြီး စ‌တင်လေသတည်း ပေါ့ဗျာ။IMDb Rating 7.3/10 ရရှိထားပြီး Herly Quinn: Birds of Prey (2020)ထဲက Victor Zsasz အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Chris ...
7.3
TMDb: 7.3/10 4700 votes
tv

Based on a True Story (2023)

2023
The Idol Season 1 (2023) 18+ 7.6
The Idol Season 1 (2023) 18+ ဒီစီးရီးကတော့ အမေရိကန် ပေါ့စတား အဆိုတော်မလေးတစ်ယောက်ရဲ့ ဘဝအကြောင်းကို ဒရာမအနေနဲ့တင်ဆက်ထားတာပါ။ ထူးခြားချက်အနေနဲ့တော့ BlackPink အဖွဲ့ဝင် Jennie ပါဝင်ထားတာပါပဲ။ အဓိကဇာတ်ကောင်အနေနဲ့ကတော့ Lily-Rose Depp က ပါဝင်ထားပြီး သူဟာလည်း Johnny Depp ရဲ့ သမီးပဲဖြစ်ပါတယ်။ အဖော်အချွတ်၊ အသုံးအနှုန်း၊ ဇာတ်လမ်း အားလုံးကြမ်းတမ်းတာမို့ အသက်မပြည့်သေးရင် မကြည့်သင့်ပါဘူး။ဇာတ်လမ်းအကျဉ်းဂျော့စ်လင်းဆိုတဲ့ ကမ္ဘာကျော် ပေါ့အဆိုတော်မလေးဟာ စိတ်ဒဏ်ရာတွေနဲ့ ရုန်းကန်ရင်း ရှိုးပွဲတွေ ဆက်ဖို့ အခွေတွေထုတ်ဖို့ ကြိုးစားနေရတာဖြစ်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ အခွေထွက်ဖို့ နှစ်ပတ်အလိုမှာပဲ သူ့မျက်နှာပေါ်မှာ နို့ဆမ်းထားတဲ့ ပုံတစ်ပုံအင်တာနက်ပေါ်တက်လာပါတယ်။ ဒါဟာ တွစ်တာရဲ့ နံပါတ်တစ်လူပြောအများဆုံးကိစ္စဖြစ်လာပြီး ရိုက်ခတ်မှုတွေလည်း အများကြီးဖြစ်လာပါတယ်။ အဲဒီပုံရိုက်ဖြစ်သွားအောင် သူနဲ့အတူနေဖြစ်တဲ့လူကလည်း ကလပ်ပိုင်ရှင် ခပ်မိုက်မိုက် ကောင်ဆိုးလေးဖြစ်နေတာကြောင့် သူဘယ်လိုဆက်ပြီး စခန်းသွားမလဲ ဘယ်လိုကျော်ဖြတ်မလဲဆိုတာကို ကြည့်ရမှာပါပဲ။ ဂျင်နီကတော့ သူ့ရဲ့ သူငယ်ချင်း ဒိုင်ယန်ဆိုတဲ့ ...
7.6
TMDb: 7.6/10 5 votes
tv

The Idol Season 1 (2023) 18+

2023
A+(2023) 9.6
A+(2023) A+ (2023) IMDb 8.2ငယ်စဉ်ကစ ကျောင်းမှာ စာနဲ့ပဲနပန်းလုံးခဲ့ကြရပြီး အလယ်တန်းအထက်တန်းအထိ အဆင့်ကောင်းအောင် တက္ကသိုလ်ကောင်းကောင်းရောက်အောင် ကြိုးစားနေကြရတဲ့ ကျောင်းသား/သူတွေမှာ ဖိအားတွေက သူမသာ ကိုယ်မသာရှိကြစမြဲပါပဲ .. ပန်းတိုင်ရောက်သွားတဲ့လူတွေရှိသလို လမ်းတစ်ဝက်မှာတင် လက်လျှော့လိုက်ရတဲ့ လူတွေကိုလည်းမမေ့ကြဖို့ ဒီစီးရီးလေးကို ရိုက်ကူးခဲ့တာပါဘင်နာအင်ဒိုနီးရှားကျောင်းက စာမေးပွဲတိုင်း ပထမအဆင့်ချည်းရလို့ တီဗီထဲတောင် အမြဲလိုလိုပါနေတဲ့ကျောင်းတစ်ကျောင်း..‌ဒီကျောင်းရဲ့ထူးခြားချက်က 1 to 3ကျောင်းသားတွေဆို ကျူရှင်ခမပေးရဘူး အလကားပေါ့ ဒါပေမဲ့ အဆင့်များရင် များသလောက် သိန်းကို ရာနဲ့ချီပြီးတိုးတိုးသွားတာပါ ဒီတော့ မိဘကိုသနားတဲ့လူတွေက 1 to 3ဝင်ဖို့ အသေအလဲ ကြိုးစားကြ နေရာလုကြနဲ့ပေါ့ ဒီကျောင်းကိုမှ ကာလီဆိုဒီရ်ဂန်တာရီတဲ့ ကျောင်းသူလေးတစ်ယောက် ပြောင်းလာခဲ့တယ် ပြောင်းလာလာချင်း စာမေးပွဲနဲ့တိုးပေမဲ့ အဆင့်တစ်ရသွားခဲ့တော့ မနာလိုသူတွေ အမုန်းထားသူတွေများလာခဲ့ပါတယ် သူမရောက်ခင်က F4 လိုမျိုး Big Four ဆိုတဲ့လူလေးယောက်ရှိပါသတဲ့ ကျောင်းရဲ့မသိသူမရှိ ဒီဒိတ်ဒိတ်ကြဲတွေနဲ့ ရှေ့လျှောက် သူဘယ်လိုစခန်းသွားမလဲ ဒီလိုဖိအားတွေကြားထဲက ရိုမန့်လေးတွေကိုလည်း ကြည့်ရှုခံစားပေးကြပါဦးရှင်( အညွှန်းကိုတော့ Yunni မှရေးသားပေးထားပြီး ဘာသာပြန်သူတွေကတော့ Yunni,BpL,Aditi,Cherry,YH & Moon ပဲဖြစ်ပါတယ် ...
9.6
TMDb: 9.6/10 8 votes
tv

A+(2023)

2023
Modern Love Chennai (2023) 6.2
Modern Love Chennai (2023) Modern Love ChennaiIMDb-7.4/10National Film award ဆုရဒါရိုက်တာကြီးတွေအပါအဝင် ဒါရိုက်တာကြီး ၈ ယောက် စုပေါင်းလက်စွမ်းပြ ရိုက်ကူးထားတဲ့ anthology စီးရီးလေးဖြစ်ပါတယ် ဇာတ်လမ်းမတူ cast တွေမတူပဲ တစ်ပိုင်းကို ရသတစ်မျိုးစီခံစားရင်း သံစဉ်ချိုချိုတေးသွားလေးတွေပါ ခံစားနိုင်မှာဖြစ်ပါတယ်အိန္ဒိယနိုင်ငံက ချန်နိုင်းမြို့ကြီးမှာလူစုံဓာတ်စုံသလို အချစ်ဇာတ်လမ်းတွေကလည်း အစုံပါပဲအချစ်ကရိုးရှင်းတယ် ဒါပေမဲ့ဆန်းကြယ်တယ် လောကီလူသားတွေအတွက် အကြီးဆုံးစိတ်စွမ်းအားကိုပြောပါဆိုရင် အချစ်ပဲဖြစ်မယ်ထင်ပါတယ် အချစ်နဲ့သာဆိုရင် အပူနဲ့အအေးလို ဆန့်ကျင်ဘက်အရာတွေကိုတောင် ပြောင်းလဲနိုင်ပြီး အချစ်ကြောင့် ဘဝကြီးပါပြောင်းလဲသွားတတ်တယ် အချစ်ကို အခြေခံပြီး နေ့စဉ်ဘဝတွေ လူတွေရဲ့အကြောင်းတွေ လောကဓံအကြောင်းတွေကို အောက်က ခေါင်းစဉ်လေးခြောက်ခုမှာ ကြည့်ရှုခံစားနိုင်မှာပါ..... အချစ်ရဲ့တစ်စိတ်တစ်ပိုင်း မှန်ကူကွက်လေးတွေပေါ့၁ လားလ်ဂွန်ဒါရဲ့မိန်းမပျိုများ ၂ မျက်ဝန်းလေးတွေ ၃ ချစ်ရည်ရွှန်းလဲ့ မျက်ဝန်းတစ်စုံ ၄ ဒီဇင်ဘာ ၅ ငှက်သိုက်ထဲက ဆိတ်သမင်လေး ၆ မှတ်ဉာဏ်ဆိုတာ ငှက်တစ်ကောင်လို့ ဆိုတဲ့ အပိုင်း ၆ ပိုင်းနဲ့ အချစ်အတွက်ပြောင်းလဲကြသူတွေ အချစ်နဲ့ပြောင်းလဲကြသူတွေအကြောင်း ရှုစားကြရမှာဖြစ်ပါတယ်အချစ်ကြောင့် ကြေကွဲနေတဲ့သူတွေ ပျော်ရွှင်ကြည်နူးနေတဲ့သူတွေ အချစ်ကိုကိုးကွယ်တဲ့သူတွေ အချစ်ကို မျက်နှာလွှဲသူတွေ ဘယ်သူတွေပဲဖြစ်ဖြစ် အချစ်နဲ့မကင်းနိုင်တဲ့ပရိသတ်ကြီးတို့ ခံစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်(အညွှန်းနဲ့ ဘာသာပြန်သူတွေကတော့ BpL ~ Saii ~ Moon ...
6.2
TMDb: 6.2/10 4 votes
tv

Modern Love Chennai (2023)

2023
Skull Island (2023) Season 01 (Complete) 8.2
Skull Island (2023) Season 01 (Complete) Skull Island (2023) Season 01 Complete MonsterVerse ရဲ့ ပရိသတ်များအတွက် Skull Island Animated Series Season 1 ထွက်ရှိလာပါပြီ။ Kong: Skull Island (2017) ရဲ့ Sequel ဖြစ်ပြီးတော့ King Kong ဘဝနဲ့ Skull Island မှာ ထီးနန်းစိုးစံစဉ်ကာလတွင်းကို အခြေတည်ရိုက်ကူးထားတာပါ။ King Kong (2005) ရဲ့ အငွေ့အသက်လေးတွေကိုလည်း ခံစားမိစေမှာပါ။ လေ့လာစူးစမ်းရှာဖွေသူတစ်စုက ပင်လယ်ပြင်မှာ ရွက်လွှင့်ရင်း လက်နက်ကိုင်လူတစ်စုကိုတင်ဆောင်လာတဲ့ တခြား သင်္ဘောတစ်စင်းက‌နေ ထွက်ပြေးလာတဲ့ ဆယ်ကျော်သက်ကောင်မလေးကို ကယ်ထားလိုက်ပါတယ်။ အဲဒီကောင်မလေးထွက်ပြေးလာတဲ့ သင်္ဘောက ကြည့်နေရင်းတင် မြင်ကွင်းကပျောက်သွားပြီး သူတို့ရဲ့ စူးစမ်းရှာဖွေရေးသင်္ဘောလေးကပါ အဲဒီ သင်္ဘောလို ကံကြမ္မာမျိုးနဲ့ ကြုံသွားရရှာပါတယ်။ အဲဒီလိုနဲ့ ရေမျောကမ်းတင် အသက်ရှင်ကျန်သူတစ်စုတင်တဲ့ကမ်းကတော့ ရေဒါပေါ်မှာ ရှာမတွေ့တဲ့ Skull Island ...
8.2
TMDb: 8.2/10 4 votes
tv

Skull Island (2023) Season 01 (Complete)

2023
Inspector Avinash (2023) Complete
Inspector Avinash (2023) Complete Inspector Avinash (TV Series 2023) IMDb - 8.4/10Fourth Wall break တယ်လို့ပြောလိုက်ရင် ကျွန်တော်တော့ Deadpool ရုပ်ရှင်တွေထဲက ဆရာဓာတ်ဘူးကြီးနဲ့ You(2018) စီးရီးထဲက ဆရာကြီးဂျိုးဂိုးဘတ်ကို ပြေးမြင်မိတာပဲ။ သူတို့ ကာရိုက်တာတွေကို သရုပ်ဆောင်နေရင်း ကျွန်တော်တို့ ကြည့်နေတဲ့သူတွေကို လှမ်းလှမ်းပြီး ပြောတာလေ။ တခါတလေ ကျွန်တော်တို့ ကြည့်နေတဲ့သူတွေက အပြစ်တင်ခံရသေးတာ။(အပေါ်ကကားတွေကို မကြည့်ရသေးရင် CM မှာတင်ဆက်ပေးထားပါတယ်) ဒီဇာတ်လမ်းတွဲထဲမှာလည်း ဆရာကြီးအာဗီနက်ရှ်က သူ့ဇာတ်ကောင်ကို သရုပ်ဆောင်နေရင်းနဲ့ပဲ ကျွန်တော်တို့ကို လှမ်းပြီး ဇာတ်ကြောင်းပြောပြနေတာ။ဇာတ်လမ်းအကျဉ်း ၁၉၉၇ ခုနစ်ဝန်းကျင် အိန္ဒိယနိုင်ငံ အူတာပရာဒတ်ရှ်ပြည်နယ်က အင်စပက်တာ အာဗီနက်ရှ်။ လူဆိုးတွေဖိန့်ဖိန့်တုန်အောင် ကြောက်ရသူ လူကြမ်းကြီး အင်စပက်တာ အာဗီနက်ရှ်။ ဝန်ကြီးချုပ်အသက်အန္တရာယ်ကိုပါ ပေါ်ပေါ်ထင်ထင် ခြိမ်းခြောက်လာတဲ့အထိ လူဆိုးဂိုဏ်းတွေ တန်ခိုးထွားလာတဲ့အခါ ဝန်ကြီးချုပ်အမိန့်နဲ့ ပြည်ထဲရေးဝန်ကြီးကနေပြီး STF ဆိုတဲ့ အထူးစစ်ဆင်ရေးအဖွဲ့တစ်ခု ဖွဲ့စည်းခဲ့ပါတယ်။ ဇာတ်လိုက်ကျော် မစ္စတာအာဗီနက်ရှ်လည်း ဒီအဖွဲ့ထဲမှာပါတာပေါ့။အဲဒီ STF အဖွဲ့ကနေပြီး အကြမ်းဖက်သမားတွေ ရာဇဝတ်သားတွေကို ဘယ်လိုနှိမ်နှင်း အရေးယူမလဲ။ပိုပြီးကြီးမားတဲ့ လက်နက်ဂိုဏ်းတစ်ခုနောက်ကို လိုက်ရတဲ့အခါ ဘယ်လိုအန္တရာယ်တွေနဲ့ ရင်ဆိုင်ကြုံတွေ့ရမလဲဆိုတာ ရဲမှုခင်းကား ...

Inspector Avinash (2023) Complete

2023
A Date With the Future ( 2023 )
A Date With the Future ( 2023 ) ဒီတစ်ခေါက် CM ကနေတင်ဆက်ပေးမဲ့ဇာတ်လမ်းတွဲလေးကတော့‌ မီးဘေးအန္တရာယ်‌‌က‌‌ေနလူေတွကိုရဲစွမ်းသတ္တိအပြည့်နဲ့ကယ်တင်ပေးနေတဲ့မီးသတ်သမားလေးနဲ့ မြေပြင်သတင်းများကိုအချိန်နဲ့တစ်ပြေးညီတင်ဆက်ပေးနေတဲ့သတင်းထောက်မလေးကြားကပေါ်ပေါက်လာတဲ့အချစ်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်...ဒီဇာတ်လမ်းလေးမှာအဓိကပါဝင်သရုပ်ဆောင်ထားကတော့ မင်းသမီးချော Zhang Ruoan နဲ့ဟောင်‌ေကာင်မင်းသားချော William Chan..သူ့ကိုအရင်ကတည်းက သိုင်းကား Legend of Zu Mountain,Pearl Eclipse အစရှိတဲ့သိုင်းကားတင်သာမကပဲ action ကားများထဲလည်းသူ့ရဲ့ကောင်းမွန်တဲ့သရုပ်ဆောင်ချက်တွေနဲ့အများရင်းနှီးပြီးသားဖြစ်မှာပါ😌ဒီဇာတ်လမ်းလေးမှာကတော့ မီးသတ်သမား‌‌ေလးကျင်ရှီချွမ်းဟာ ငလျင်ကယ်ဆယ်ရေးတစ်ခုမှာရွှီလိုင်လိုအမည်‌ရတဲ့ကောင်မလေးတစ်ယေက်ကိုကယ်တင်ခဲ့တယ်။ အဲ့ကောင်မလေးကသူ့ကိုကယ်‌တင်ပေးတဲ့ကယ်တင်ရှင်ကို ၁၀နှစ်ပြီးရင်‌ပြန်လည်‌ေတွ့ဆုံမယ်ဆိုတဲ့ကတိကို‌ေပးထားခဲ့တယ်။အဲ့အချိန်မှာတော့မီးသတ်သမားကလည်းကောင်မလေး ဒဏ်ရာရနေတာကိုငဲ့ညှာပြီး လက်ခံခဲ့တာကနေစပါတယ်။၁၀နှစ်ပြီးတဲ့နောက် ရွှလိုင်ဟာသတင်းထောက်ရာထူးအပြင်နိုင်ငံတကာခွေးလေ့ကျင့်သင်ကြားရေးလက်မှတ်ပါရထားတဲ့သူအဖြစ်နဲ့တရုတ်ပြည်ကိုပြန်ရောက်လာခဲ့တယ်။ သူမဟာ သတင်းတင်ဆက်ရင်း ကျင်ရှီချွမ်းနဲ့ ကယ်ဆယ်ရေးတစ်ခုမှာပြန်လည်တွေ့ဆုံခဲ့တယ်။အဲ့အချိန်မှာတော့ ကျင်ရှီချွမ်းကသူမကိုမမှတ်မိတဲ့အပြင်ကို သူ့ကိုအကျင့်စာရိတ္တမကောင်းတဲ့သတင်းထောက်ဆိုပြီးနားလည်မှုလွဲနေခဲ့တယ်။ဒါပေမဲ့ရွှီလိုင်ဟာလက်မလျှော့ပဲနဲ့ ကျင်ရှီချွမ်းတို ကယ်ဆယ်ရေးအဖွဲတည်ထောင်တဲ့အခါမှာသူမရဲ့နိုင်ငံတကာခွေးလေ့ကျင့်သင်ကြားရေးကျွမ်းကျင်မှုနဲ့ အဖွဲမှာကျင်ရှီချွမ်းရဲ့ပါတနာအဖြစ်လုပ်ကိုင်ရင်းကျင်ရှီချွမ်းကသူ့အပေါ်မေတ္တာမျှလာစေအောင်ဘယ်လို‌အားထုတ်သလဲ....ယခင်ကအဖွဲဝင်တစ်ယောက်ဆုံးရှုးထားတဲ့စိတ်ဒဏ်ရာကြောင့် တဖန်ချစ်ဖိုဝန်လေးနေတဲ့ကျင်ရှီချွမ်းကရောရွှီလိုင်ရဲ့ရည်ရွယ်ချက်ရှိရှိချဉ်းကပ်မှုတွေ၊ ဖွင့်ဟပြောဆိုမှုတွေပေါ်ယိမ်းယိုင်လာမလား...နှစ်ဦးနှစ်ဖက်ကအလုပ်သဘောအရ‌အ‌ေရး‌ေပါ်အန္တရာယ်တွေကြားမှာကြိမ်ဖန်များစွာတွေ့ဆုံရင်းအခက်အခဲတွေကိုအပြန်အလှန်ဖေးမရင်းဘယ်လိုရင်ဆိုင်ကျော်ဖြတ်မလဲဆိုတာကိုCM နဲ့အတူစောင့်မျှော်ကြည့်ရူကြဖိုဖိတ်ခေါ်လိုက်ပါတယ် 🥰 Reviewed By Tsuki Mon Quality : WEB-DL 720p,1080p Total Episodes : 36 Format : mp4 Genres : Romance, Drama Duration : 45 min per Episode Subtitle : ...

A Date With the Future ( 2023 )

2023
My Perfect Stranger (2023)
My Perfect Stranger (2023) ဒီတစ်ခေါက် တင်ဆက်ပေးမှာကတော စောင့်ပြီးရင်းစောင့်ခဲ့ရတဲ့ Time Travel ဇာတ်လမ်းလေးဖြစ်ပါတယ်သတင်းထောက်ဖြစ်တဲ့ ယွန်းဟယ်ဂျွန်းနဲ့ စာရေးဆရာမဖြစ်ချင်တဲ့ ဘဲ့ယွန်းယောင်းတို့ဟာ နှစ်ယောက်သား တိုက်တိုက်ဆိုင်ဆိုင်ပဲ ၂၀၂၁ ခုနှစ်ကနေ ၁၉၈၇ ခုနှစ်ကို အချိန်ခရီးသွားအနေနဲ့ ရောက်သွားပါတော့တယ်လက်ရှိဘဝမှာ အမေ့ကိုဆုံးရှုံးလိုက်ရပေမဲ့ ၁၉၈၇ ခုနှစ်ပြန်ရောက်တဲ့အခါမှာ အမေဖြစ်သူကို နောက်တစ်ဖန်ပြန်တွေ့လိုက်ရတဲ့ ဘဲ့ယွန်းယောင်းနဲ့ကွင်းဆက်လူသတ်မှုရဲ့ နောက်ကွယ်ကအမှန်တရားကို ဖော်ထုတ်သွားမယ့် ယွန်းဟယ်ဂျွန်းတို့ကြားမှာ ဘယ်လိုဆက်စပ်မှုရှိမလဲအတိတ်ကို ပြန်ပြောင်းချင်တဲ့ ဘဲ့ယွန်းယောင်းကရော အရှုပ်အထွေးတွေကြားကနေ ပြန်ပြင်လို့ရမလားဆိုတာ ကြည့်လိုက်ကြပါဦးနော်အပိုင်း ၁၆ ပိုင်းပါဝင်သွားမှာဖြစ်ပြီး Find me in your memory က Kim Dong Wook နဲ့ The Secret life of my Secretary ထဲက မင်းသမီး Jin Ki Joo တို့ပါဝင်ထားပါတယ်Quality : 1080p WEB DL / 720pTotal Episodes : 16EpsFormat : mp4Genres : ...

My Perfect Stranger (2023)

2023
Prosecution Elite ( 2023 ) 5.5
Prosecution Elite ( 2023 ) ဒီတစ်ခေါက် CM ပရိတ်သတ်ကြီးအတွက်တင်ဆက်ပေးမဲ့ ကားလေးကတော့ကျော်ကြားသော ဥပဒေကျောင်းမှ ကျောင်းသူ ရှေ့နေမလေး အန်းနီရဲ့ ဇာတ်လမ်းကိုသည်းထိတ်ရင်ဖို စိတ်ဝင်စားဖွယ်ရိုက်ပြထားတဲ့ ရှေ့နေစုံထောက်ကားလေးပဲဖြစ်ပါတယ်ဒီဇာတ်ကားရဲ့အကြောင်းအရာကတော့ အောင်မြင်ကျော်ကြားတဲ့ ရှေ့နေမလေး အန်းနီဟာကျန်းချိန်စုံစမ်းစစ်ဆေးရေးရှေ့နေဌာနသို ဝင်ရောက်ခဲ့ပြီးတဲ့နောက် ခက်ခဲနက်နဲသောရာဇဝတ်မှုများစွာကို ရင်ဆိုင်ခဲ့ရပြီး မှုခင်းရဲတပ်ဖွဲမှူး ဟယ်လုယွမ်နှင့် ပူးပေါင်းကာအမျိုးမျိုးသောတရားစွဲဆိုမှုလုပ်ငန်းများကို ပြောင်မြောက်စွာ တာဝန်ယူဆောင်ရွက်နိုင်ခဲ့ပါတယ်။အန်းနီဟာ စုံစမ်းစစ်ဆေးရေးရှေ့နေဌာနတွင် တာဝန်ထမ်းဆောင်နေချိန်မှာပဲလျှိဝှက်ဆန်းကြယ်သော စတုတ္ထအစိုးရရှေ့နေဌာနသို တာဝန်ပေးအပ်ခံရပြီးခက်ခဲသော ဆိုက်ဘာရာဇ၀တ်မှုအသစ်များစွာကို ရင်ဆိုင်ခဲ့ရပြန်တယ်။သူမနှင့် သူမရဲ့ လုပ်ဖော်ကိုင်ဖက်တွေဟာ ပြစ်မှုဆိုင်ရာ သဲလွန်စများကို ဖော်ထုတ်ခဲ့ကြပြီးမှုခင်းရဲမှူး ဟယ်လုယွမ်ရဲ့ ပူးပေါင်းဆောင်ရွက်မှုဖြင့် နယ်စပ်ဖြတ်ကျော် အမှန်တရားကိုခြေရာခံရှာဖွေခဲ့ကြရာမှ နောက်ဆုံးမှာ ရှာဖွေဖော်ထုတ်နိုင်ခဲ့ကြပါတယ်။သံသယရှိသူ၊ တရားခံတွေကို တစ်ဦးပြီးတစ်ဦး ဘယ်လိုဖမ်းဆီး တရားစီရင်သွားမလဲဆိုတာကိုတော့CM ပရိတ်သတ်ကြီးအနေနဲ့ ဇာတ်လမ်းလေးထဲ စိတ်ဝင်စားဖွယ် ဆက်လက်ကြည့်ရှုရမှာပဲဖြစ်ပါတယ်ဒီဇာတ်လမ်းလေးထဲမှာ အန်းနီအဖြစ် နာမည်ကြီးမင်းသမီး Dilireba နဲ့မှုခင်းရဲမှူးဟယ်လုယွမ်အဖြစ် Tong Da Wei တိုမှပါဝင်သရုပ်ဆောင်ထားပါတယ်။(အညွှန်းရေးသားထားသူကတော့ Myat Thandar Minn ဖြစ်ပါတယ်)Quality : ...
5.5
TMDb: 5.5/10 2 votes
tv

Prosecution Elite ( 2023 )

2023
Fatal Attraction (2023) 7.7
Fatal Attraction (2023) Fatal Attraction (2023)ယခုဇာတ်လမ်းတွဲဟာ ၁၉၈၇ က ထွက်ရှိခဲ့တဲ့ Fatal Attraction အမည်ရ ရုပ်ရှင်ကို ပြန်လည်ဆန်းသစ် ပုံဖော်ထားတာပါ။Erotic Psychological Thriller အမျိုးအစားဖြစ်တာမို့ မထင်ထားတဲ့ ဇာတ်ကွက်တွေ၊ မြှုပ်ကွက်တွေကို သည်းထိတ်ရင်ဖို ကြည့်ရှု့ရမှာ ဖြစ်တာမို့ လက်လွတ်မခံဖို့ အကြံပေးချင်ပါတယ်။ Erotic အမျိုးအစားလည်းဖြစ်တာမို့ မိသားစုနဲ့အတူ မကြည့်သင့်တဲ့ ဇာတ်ဝင်ခန်းတစ်ချို့ ပါဝင်လာနိုင်တာမို့ ညိုကီတို့ ဒုက္ခမရောက်ရလေအောင် ကြိုပြီး သတိပေးလိုက်ချင်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ဒန်ဟာ အောင်မြင်နေတဲ့ အစိုးရ ခရိုင်ရှေ့နေတစ်ယောက်ပါ။ လှပတဲ့ ဇနီးရယ်၊ ချစ်စရာကောင်းတဲ့ သမီးလေးရယ်၊ သာယာတဲ့ အိမ်ထောင်ရေးရယ် ၊ အဆင်ပြေတဲ့ အလုပ်အကိုင်နဲ့ ဒန်ရဲ့ ဘဝဟာ ပြီးပြည့်စုံနေခဲ့ပါတယ်။ အဲလို ပြီးပြည့်စုံနေတဲ့ ဒန်ရဲ့ ဘဝကို မုန်တိုင်းလိုမွှေမယ့် မိန်းကလေး အဲလက်စ် ဖောရက်စ်နဲ့ တရားခွင်တစ်ခုမှာ ဆုံခဲ့ပါတယ်။ အဲလက်စ်ဟာဆိုရင် တရားလိုမိသားစုတွေကို အား‌ပေးရတဲ့ ဝန်ထမ်းဖြစ်ပြီး ဒန်ဟာလည်း ရှေ့နေဖြစ်တာမို့ သူတို့ချင်း မကြာခဏဆိုသလို ...
7.7
TMDb: 7.7/10 10 votes
tv

Fatal Attraction (2023)

2023
White House Plumbers (2023) 6.7
White House Plumbers (2023)  ၁၉၇၄ ခုနှစ်မှာ အမေရိကန်သမ္မတ ရစ်ချက်နစ်ဆင် နှုတ်ထွက်ပေးလိုက်ရတဲ့အထိ ဖြစ်စေခဲ့တဲ့ ဖြစ်ရပ်မှန်ဝါးတားဂိတ်အရှုပ်တော်ပုံကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ သမ္မတ ရစ်ချက်နစ်ဆင်ဟာ ၁၉၆၉ ခုနှစ် ကနေ ၁၉၇၂ ခုနှစ်ထိ သမ္မတရာထူးတစ်ဆက် တာဝန်ထမ်းဆောင်ခဲ့ပြီးတဲ့နောက် နောက်ထပ်တစ်ကြိမ် ပြန်အရွေးခံရဖို့အတွက် ကြိုးပမ်းရင်း ဒီဝါးတားဂိတ်အရှုပ်တော်ပုံဆိုတာ ပေါ်လာခဲ့ရခြင်းပဲဖြစ်ပါတယ်။ နစ်ဆင်အနိုင်ရဖို့ သမ္မတပြန်လည်ရွေးကောက်ရေးကော်မတီပါဖွဲ့ခဲ့ပြီး ပြိုင်ဘက်အမတ်လောင်းရဲ့ ဒီမိုကရက်တစ်ပါတီ နေရှင်နယ်ဌာနချုပ်ဖြစ်တဲ့ ဝါးတားဂိတ်အဆောက်အအုံကို ဖောက်ထွင်းဝင်ပြီး အသံဖမ်းစက်တွေတပ်ဖို့ကြိုးစားခဲ့ကြပါတယ်။ ဒီဇာတ်လမ်းထဲမှာတော့ နစ်ဆင်ထောက်ခံသူ မျိုးချစ်နှစ်ယောက်ဖြစ်တဲ့ အက်ဖ်ဘီအိုင်အေးဂျင့်ဟောင်းဂေါ်ဒန်လစ်ဒီနဲ့ စီအိုင်အေအေးဂျင့်ဟောင်း ဟားဝပ်ဒ်ဟန့်တ်တို့က အဲဒီဖောက်ထွင်းမှုတွေကို ဦးဆောင်ခဲ့ပုံတွေအကြောင်း တင်ဆက်ထားပါတယ်။ နိုင်ငံရေးဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံထားပေမဲ့ စိတ်လှုပ်ရှားစရာအက်ရှင်ကားမျိုးအနေနဲ့ ကြည့်ရမှာမဟုတ်ဘဲ အေးဂျင့်၂ ယောက် ဝါးတားဂိတ်ရုံးခန်းထဲဝင်ရဖို့ အကြိမ်ကြိမ်ကျရှုံးပုံတွေကို ပြုံးချင်စရာကောင်းအောင်တင်ဆက်ထားတဲ့ သရော်ဇာတ်လမ်းမျိုး (Political Satire) ဖြစ်ပါတယ်။ HBO ကထုတ်ထားတာဖြစ်ပြီး Cast တွေကလည်း Now you see ...
6.7
TMDb: 6.7/10 32 votes
tv

White House Plumbers (2023)

2023
Demon Slayer: Kimetsu no Yaiba(2023) Season 3 Complete 8.7
Demon Slayer: Kimetsu no Yaiba(2023) Season 3 Complete ပြီးခဲ့တဲ့ အတွဲ ( ၂ ) မှာတော့ တန်ဂျီရိုတို့ဟာ အထက်မိစ္ဆာ ဂယူတာရိုနဲ့ အသေအကြေတိုက်ခိုက်ခဲ့ကြပြီး နဲဇူကိုရဲ့ သွေးမိစ္ဆာအစွမ်းကြောင့် အနိုင်ရခဲ့ကြပေမဲ့ တိုက်ပွဲဒဏ်ရာတွေကြောင့် သေကောင်ပေါင်းလဲ ဖြစ်ကုန်ကာ ဆရာ့ဆရာကြီး အသံဟာရှီရာ တန်ဂန်က သူ့ရဲ့ မဟေသီလေးယောက်နဲ့အတူ အဝေးကိုထွက်ပါတယ်။အခု အသစ်စက်စက် အတွဲ ( ၃) မှာတော့ ကိုမာဝင်နေကြတဲ့ တန်ဂျီရိုတို့ သတိပြန်ရလာကြပြီး ဒဏ်ရာနည်းတဲ့ ဇဲနစ်စုနဲ့အီနိုဆူခဲတို့က မစ်ရှင်ကိုယ်စီနဲ့ ခရီးထပ်ထွက်ကုန်ကြပါတယ်။ ဒဏ်ရာပြင်းတဲ့ တန်ဂျီရိုကတော့ တစ်ယောက်တည်းကျန်ခဲ့ပြီး ဒဏ်ရာပြန်ကောင်းလာတဲ့အချိန် သူ့မှာ ဓားမရှိတော့တဲ့အတွက် ဓားအသစ်တစ်ချောင်းထပ်ယူဖို့ နီချီရင်ဓားတွေထွက်တဲ့ ဓားသွန်းရွာကို တစ်ယောက်တည်းထွက်သွားခဲ့ရင်း ဓားသွန်းရွာမှာ စွန့်စားခန်းတွေ ထပ်ကြုံရပါတော့တယ်။ဒီ မိစ္ဆာနှိမ်နင်းသူ အတွဲ ( ၃ ) ဟာဆိုရင် မူရင်း မန်းဂထဲက ဓားသွန်းရွာ ဇာတ်ကြောင်းပိုင်းကို ဖန်သားပြင်ပေါ် အသက်သွင်းထားတာပဲဖြစ်ပါတယ်။ ပရိသတ်အခိုင်အမာရှိပြီးသား ဇာတ်လမ်းဖြစ်လို့ ထွေထွေထူးထူး ထပ်မညွှန်းတော့ဘဲ ပရိသတ်များ ကြည့်ရှုခံစားရန်အလို့ငှာ စီအမ်ကနေ ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ အားပေးကြပါကုန်...။File ...
8.7
TMDb: 8.7/10 4976 votes
tv

Demon Slayer: Kimetsu no Yaiba(2023) Season 3 Complete

2023
The Youth Memories ( 2023 )
The Youth Memories ( 2023 ) Xiao Zhan ကောကော နဲ့ မမ Li Qin တိုရဲ့ကားသစ်လေးလာပါပြီ......၁၉၇၀ခုနှစ်ရဲ့ပေကျင်းကိုနောက်ခံထားပြီး ပြုပြင်ပြောင်းလဲရေးခေတ်မှာ သာမန်လူငယ်လေးတွေရဲ့ ကြီးပြင်းလာပုံနဲ့တိုးတက်ပြောင်းလဲလာပုံကိုပုံဖော်ထားတဲ့ဇာတ်လမ်းလေးဖြစ်ပါတယ်။ရှောင်းချွင်းရှန်း၊ ယဲ့ကော်ဟွာနဲ့ ချန်ဟုန်ကျွင်းတိုဟာ ကွဲပြားတဲ့ကိုယ်ရည်ကိုသွေးတွေနဲ့အရမ်းချစ်ကြတဲ့သူငယ်ချင်းတွေဖြစ်ကြတယ်။သူတိုတွေဟာစစ်ထဲဝင်ကြရတယ်...... တက္ကသိုလ်ဝင်ခွင့်ဖြေကြတယ်......ပင်လယ်အတူထွက်ကြတယ်......လုပ်ငန်းတည်ထောင်ကြတယ်......ဒီလိုနဲ့အခက်အခဲအမျိုးမျိုးကျော်ဖြတ်ပြီး ကံကြမ္မာအနိမ့်အမြင်အတက်အကျတွေနဲ့လူ့ဘဝရဲ့အဓိပ္ပါယ်ကိုရှာတွေ့လာကြတယ်။သူတိုတွေကြားကသူငယ်ချင်းသံယောဇဉ်၊ သူတိုတွေရဲ့အချစ်ရေး၊ရည်မှန်းချက်အိပ်မက်တွေနဲ့ အခက်အခဲတွေဟာ ရင်ခုန်စရာအရမ်းကောင်းပါတယ်။သာမန်လူငယ်လေးတွေ ဘယ်လိုကြီးပြင်းတိုးတက်လာကြလဲဆိုတာအတူကြည့်လိုက်ကြရအောင်နော်......Reviewed By Nu MonQuality : WEB-DL 720p,1080pTotal Episodes : 38Format : mp4Genres : Romance, Drama, Life, YouthDuration : 45 min per EpisodeSubtitle : Myanmar Subtitle ( Hardsub )Translated by CM TeamEncoded by LK Episode 1 - MegaUp  / StreamVid / Usersdrive / ...

The Youth Memories ( 2023 )

2023
Beauty of Resilience ( 2023 )
Beauty of Resilience ( 2023 ) ဒီတစ်ခါ CMကနေတင်ဆက်ပေးမဲ့ကားလေးကတော့ နတ်မင်းနဲ့လူဘုံလောကအကြောင်းကိုရိုဆန်ဆန်လေးရိုက်ပြထားတဲ့ ကားကောင်းလေးတစ်ကားပါ မင်းသမီးလေးကလည်းအားလုံးနဲ့မစိမ်းတဲ့လူပါ ချုံကျီပြီးထဲက ဆရာတပည့်ကားလေးတွေ မကြည့်ရတာ ကြာပြီဟုတ်ဇာတ်လမ်းအကြောင်းအရာလေးကတော့ ဝေမင်းဆက်လက်ထက် လူ့ဘုံလောကကို အခြေခံရိုက်ကူးထားတာပါဝေမင်းဆက်လက်ထက်မှာ အမတနတ်ဖုရားဖြစ်ဖို ကျင့်ကြံကြတာတွေ ရှိပေမဲ့ အောင်မြင်ဖိုတော့ ခက်ခဲလွန်းလှပါတယ်အဲ့ထဲမှာက ဝေကျစ်ဆိုတဲ့မိန်းမငယ်လေးက ငယ်ငယ်ထဲက ကံမကောင်းမှုတွေနဲ့ ကြီးပြင်းလာတဲ့လူပါသူကအေးအေးဆေးဆေးနဲ့ သိုသိုသိပ်သိပ်နေပေမဲ့ သတ္တိမရှိတဲ့လူတော့ မဟုတ်ပါဘူးတစ်နေ့ အမတနတ်ဖုရားသွေးကြောနဲ့မွေးဖွားလူသူတွေကို စစ်ဆေးတဲ့ပွဲကို သူကတက်ရောက်ခဲ့ပါတယ်ပွဲအတွင်းစစ်ဆေးချိန် ဝေကျစ်ဟာ ကြေးမှုထဲမီးငှက်ပုံပေါ်လာပါတော့တယ် သူတိုတစ်ဖွဲလုံးဟာအမတဖြစ်ဖို ကျင့်ကြံရမှာဖြစ်တဲ့အတွက် ကျင့်ကြံရေးကျောင်းကို အပိုခံလိုက်ရပါတယ်ကျောင်းကိုကြီးကြပ်တဲ့ဆရာကတော့ စည်းကမ်းတင်းကျပ်တဲ့ ယန်ယွဲပါ ယန်ယွဲကလည်းတကယ်တော့ ကောင်းကင်ဘုံရဲ့ နတ်မင်းကြီးပါ ယန်ယွဲဟာ ဒဏ္ဍာရီစကားတွေအရ မီးငှက််တည်ရှိမှုဟာလောကသုံးဘုံကို ပျက်စီးစေတဲ့အတွက် မီးငှက်ဖြစ်လာမဲ့လူကိုရှာပြီးသတ်ရမှာက ယန်ယွဲရဲ့တာဝန်ပါကဲ ဒီလိုနဲ့ စောင့်ကြည့်နေရင်း ဝေကျစ်ရဲ့ ထက်မြက်ပုံ အလျှော့မပေးပုံတွေကြောင့် စိတ်ဝင်စားလာရာကနေ ဘယ်လိုတွေဆက်ဖြစ်မလဲသူသတ်ရမဲ့မီးငှက်ကရော ဝေကျစ်လား? ကံကြမ္မာကရော ဘယ်လိုတွေ ဖန်တီးပေးမလဲ?ဇာတ်လမ်းလေးထဲ စောင့်ကြည့်လိုက်ရအောင်နော်(အညွှန်းရေးသားထားသူကတော့ Kong Hou ဖြစ်ပါတယ်) Quality : ...

Beauty of Resilience ( 2023 )

2023
School of Lies(2023) 7
School of Lies(2023) School of Lies(2023)IMDb-5.9/10နာမည်ကတော့ မုသားကျောင်းတော်တဲ့ အိန္ဒိယနိုင်ငံရဲ့ စိတ်ကူးယဉ်ဆန်တဲ့ Dalton မြို့တော်က ဘော်ဒါကျောင်းတစ်ခုမှာ setting ထိုင်ရိုက်ကူးထားပြီး BBC ကနေထုတ်လုပ်လိုက်တဲ့ ကျောင်းသားစီးရီးလေးဖြစ်ပါတယ် ဒီဇာတ်လမ်းကလည်း ဖြစ်ရပ်မှန်ပါပဲ ဒါပေမဲ့ ဘယ်နိုင်ငံဘယ်မြို့မှာဖြစ်ခဲ့တာပါဆိုတဲ့ အသေးစိတ်အချက်အလက်ကိုတော့ ထုတ်ပြောမထားကြပါဘူးဇာတ်လမ်းအညွှန်းRISE ဆိုတဲ့ကျောင်းတော်ကနေ ၁၂ နှစ်အရွယ် ရှက်တီဆယ်လ်ဂွန်ကာဆိုတဲ့ ကျောင်းသားလေးတစ်ယောက် ရုတ်တရက်ပျောက်သွားပါတယ် အစကတော့ သာမန်ပဲကျောင်းသားတစ်ယောက် ကျောင်းလစ်ပြီးလျှောက်သွားတယ်ထင်ကြတာပေါ့ အချိန်ကြာလေ ဘယ်သူ့ဆီကမှဘာသတင်းအစအနမှမရလေတော့ ကိစ္စတွေကရိုးရှင်းမနေတော့ပါဘူးဒီလိုနဲ့ မိဘတွေသူငယ်ချင်းတွေအဆင့်ဆင့်လိုက်မေး ခုတွေ့တယ်ပြောလိုက် တော်ကြာနေမတွေ့မိပါဘူးပြောလိုက်နဲ့ တစ်ယောက်တစ်မျိုးထင်ရာတွေပြောကြပေါ့ ဒါကိုပဲလိုက်အဖြေရှာဖော်ထုတ်ကြမှာဖြစ်ပါတယ်ဇာတ်လမ်းနာမည်အတိုင်းပါပဲ ဒီကျောင်းတော်ကအလွှာအသီးသီးက ဖုံးဖိလိမ်ညာထားတာတွေရှိနေပါတယ် ပျောက်သွားတာရိုးမှရိုးရဲ့လား ဘယ်သူတွေက ဘာအကြောင်းရင်းတွေနဲ့ နောက်ကွယ်မှာရှိနေသလဲ.. "လိမ်ညာလိုက်တာမှန်ပေမဲ့ ကောင်းစေချင်တဲ့ရည်ရွယ်ချက်ရှိရင် အဖြူရောင်မုသားတဲ့.. ထိခိုက်သွားစေတဲ့စိတ်နဲ့ လိမ်လိုက်ရင် အနက်ရောင်မုသားလား.... ကောင်းစေချင်တဲ့စိတ်နဲ့လိမ်လိုက်ပေမဲ့ တစ်ဖက်မှာထိခိုက်သွားတာလည်းရှိတဲ့ အဆိုးအကောင်းရောနေတာက မီးခိုးရောင်မုသားလား...."မုသားကျောင်းတော်ကြည့်ပြီး မုသားတွေကို အဓိပ္ပာယ်ဖော်ကြည့်ပါဦးFile Size : 700MB / 400MBQuality : 1080p WEB DL / 720pTotal Episodes : 8EpsFormat : mp4Genres : Drama , Mystery ...
7
TMDb: 7/10 1 votes
tv

School of Lies(2023)

2023
Gotham Knights Season 1(2023) 7.947
Gotham Knights Season 1(2023) Gotham Knights series ကိုတော့ March လ 14 ရက်နေ့မှာ The Flash နဲ့ Arrow series တွေကို ထုတ်ပေးခဲ့တဲ့ CW Channel ကပဲ ထုတ်ဝေပေးခဲ့တာဖြစ်ပြီး အပိုင်း 13 ပိုင်းထွက်ရှိမှာ ဖြစ်ပါတယ်။ ဒီစီးရီးမှာတော့ Supernatural ကကျွန်တော်တို့ရဲ့ အချစ်တော် နတ်သား ကတ်စတီရယ်အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Misha Collins က Harvey Dent aka Two Face အဖြစ်ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။ ဇာတ်လမ်းအညွှန်းကတော့ Multiverse တစ်ခွင်မှာ plan သာရှိရင် ဘယ်သူ့ကိုမဆို ချနိုင်တဲ့ Batman ဟာ ဒီစီးရီးစစချင်းမှာပဲ လူတစ်ုရဲ့ အကွက်ချသတ်ဖြတ်မှုကြောင့် သေဆုံးသွားခဲ့ရပါပြီ။ ဆျာဘတ်တို့ရဲ့ ထုံးစံအတိုင်း သူ့မှာ မွေးစားသားဖြစ်သူ Turner Hayes တစ်ယောက်ကျန်နေခဲ့ပါသေးတယ်။ ဒါပေမဲ့ သူ့အဖေကို ...
7.947
TMDb: 7.947/10 19 votes
tv

Gotham Knights Season 1(2023)

2023
The Good Mothers (2023) 7
The Good Mothers (2023)  IMDB 7.7/10 Crime , Drama အီတလီက မာဖီးယားဂိုဏ်းနဲ့ အဖွဲ့အစည်းတွေအကြောင်းကိုရိုက်ပြထားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းတွဲဖြစ်ပါတယ် ။ မာဖီးယားဂိုဏ်းက ခေါင်းဆောင်ရဲ့သားနဲ့ငယ်ငယ်ရွယ်ရွယ်နဲ့လက်ထပ်လိုက်ရတဲ့ အန်နာဟာ ဒန်နိစ်ဆိုတဲ့သမီးတစ်ယောက်ရလာပါတယ် ။ သူ့သမီးအရွယ်ရောက်လာတော့ သူ့အဖေ လူဆိုးနဲ့ဝေးရာကိုသားအမိနှစ်‌ေယာက်ထွက်ပြေးခဲ့တာ နှစ်အတော်ကြာခဲ့ပါပြိ ။ဒါပေမယ့် ရှောင်လွှဲလို့မရတဲ့ ကံကြမ္မာအရ သူ့ဖခင်နဲ့ပြန်လည်ဆုံစည်းခဲ့ပြီး အဖြစ်ဆိုးတွေဖြစ်လာပါတယ်။ မိခင်ဖြစ်သူ ပြန်ပေးဆွဲခံရကာသေဆုံးသွားပြီး သမီဖြစ်သူ လည်း ဖခင်နဲ့ မာဖီးယားမိသားစု၀င်ဖြစ်လာပါတယ် ။ ဒါပေမယ့် သူတို့သားအမိလိုဖြစ်နေတဲ့ အမျိုးသမီးတွေများစွာရှိနေပါတယ် ။ ဒါကိုသိတဲ့ အီတလီရဲတပ်ဖွဲ့၀င်တွေက မာဖီးယားဂိုဏ်းက ဖိနှိပ်ခံနေရတဲ့ အမျိုးသမီးအိမ်ထောင်ရှင်‌မတွေကိုစည်းရုံးကာ မာဖီးယားဂိုဏ်းတစ်ခုလုံးကိုနှိမ်နင်းတဲ့ ဖြစ်ရပ်မှန်ကိုရိုက်ပြထားတာဖြစ်ပါတယ် ။ (အညွှန်းနဲ့ဘာသာပြန်ကိုတော့ Thiha Yan Naing ကရေးသားထားပါတယ် ) File size…(628 GB)/(350 MB) Quality….Webrip 1080p / 720p Format…mp4 Duration….00:56:00 Genre...Drama, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated ...
7
TMDb: 7/10 14 votes
tv

The Good Mothers (2023)

2023
Great Expectations (2023) 7.4
Great Expectations (2023) Great Expectations (2023) Completed Mini-Series ချားလ်ဒစ်ကင်းရဲ့ Great Expectations ကို ရွှေဥဒေါင်းက ဘာသာပြန်ခဲ့ပြီး ၁၉၅၀ မှာ ဘာသာပြန်စာပေဗိမာန်ဆုရခဲ့တဲ့ " မျှော်တလင့်လင့် " ဆိုတဲ့စာအုပ်ကို စာသမားတော်တော်များများသိကြမှာပါ။ ဒစ်ကင်းဟာ ဒီကလူတွေရော တစ်ကမ္ဘာလုံးကလူတွေပါ ရင်းနီးပြီးသားဖြစ်တဲ့ ခရစ္စမတ်မာစတာပိစ် A Christmas Carol အပြင် Oliver Twist နဲ့ David Copperfield တို့လို စာတွေကို ရေးသားခဲ့တဲ့ ဂန္ထဝင်ကမ္ဘာကျော် စာရေးဆရာဆိုတာ အားလုံးအသိပါပဲ။ Great Expectations ဟာလည်း သူ့ရဲ့အကောင်းဆုံး စာအုပ်ထဲပါပြီး ခဏခဏရုပ်ရှင်ပြန်ရိုက်ခံရတဲ့ ဇာတ်လမ်းဆိုလည်း မမှားပါဘူး။ ဒီတစ်ခါဇာတ်လမ်းကိုတော့ Olivia Colman လို အော်စကာဆုရှင်မင်းသမီးကြီးနဲ့ နိုလန်ရဲ့ Dunkirk လိုကားမျိုးမှာ ဝင်သရုပ်ဆောင်ဖူးခဲ့တဲ့ Fionn Whitehead တို့က သရုပ်ဆောင်ထားပါတယ်။ ဇာတ်ကတော့ မိဘတွေသေသွားပြီး ...
7.4
TMDb: 7.4/10 5 votes
tv

Great Expectations (2023)

2023
RACE (2023)
RACE (2023) Race အညွှန်းPark Yoon-Zo (Lee Yeon-Hee) ကတော့ ပညာရေးနောက်ခံသိပ်မရှိတဲ့ သာမန် အမျိုးသမီးငယ်လေးတစ်ယောက်ဖြစ်ပါတယ်။ သူနဲ့ ဆန့်ကျင်ဘက်စိတ်နေသဘောထားရှိပြီး ထက်မြက်တဲ့ သူငယ်ချင်း Ryu Jae-Min (Hong Jong-Hyun)အလုပ်လုပ်တဲ့ ကုမ္ပဏီကြီးတစ်ခုမှာ PR Department ပိုင်းအတွက် ခန့်အပ်ခြင်းခံလိုက်ရတဲ့အခါမှာတော့...PR ပိုင်းဆိုင်ရာမှာ ကျွမ်းကျင်တဲ့ Ku Yi-Jung (Moon So-Ri) နဲ့ အတူအလုပ်လုပ်ပြီး ပညာအရည်အချင်းဆိုတဲ့ ကန့်သတ်မျဉ်းတွေကို ဖြတ်ကျော်ကာ ရုန်းကန်ကြိုးစားရင်း ကုမ္ပဏီဝန်ထမ်းကောင်းတစ်ယောက်အဖြစ် Yoon-Zo တစ်ယောက် တိုးတက်လာတာကို မြင်ရမှာဖြစ်ပါတယ်။Welcome to Wedding Hell နဲ့ ပရိတ်သတ်ကြီးနှစ်သက်သဘောကျခဲ့ရတဲ့ မင်းသမီး Lee Yeon-Hee နဲ့အတူ Moon Lover ထဲက Wang Yo တဖြစ် မင်းသားချော (Hong Jong-Hyun)တို့က အဓိကပါဝင်သရုပ်ဆောင်ထားပြီးကိုယ်ပိုင်အမြင် အတွေးအခေါ်တွေကို ထုတ်ဖော်ပြသတာ သဘောကျတတ်တဲ့ PR အေဂျင်စီရဲ့ CEO ...

RACE (2023)

2023