Channel Myanmar

2023

Kohrra (2023) 7.333
Kohrra (2023) Kohraa 2023(6eps)ယခုတခါ ပရိသတ်ကြီးကို တင်ဆက်ပေးမဲ့စီးရီးကတော့ Netflix ကနေ 2023 ခုနှစ်မှ ာထွက်ရှိလာတဲ့ rotten tomatoes 100%ထိရရှိထားတဲ့ စုံထောက်ကားကောင်းလေးပဲ ဖြစ်ပါတယ်ဇာတ်လမ်းလေးအစမှာတော့ စောစောစီးစီး ခြုံတိုးချောင်းရိုက်လုပ်နေတဲ့ ကျောင်းသားလေးဟာ ဘေးမှာခွေးဟောင်နေလို့ ထကြည့်တော့ အလောင်းတစ်ခုကိုတွေ့လို့ ရဲဌာနကိုသတင်းပို့လိုက်ပါတယ်ရဲတွေရောက်ရှိစစ်ဆေးလိုက်တဲ့အခါမှာ သေသူက မင်္ဂလာပွဲအတွက် ယူကေကပြန်လာတဲ့ သတို့သားလောင်းဖြစ်ပြီး သူရဲ့သတို့သားအရံပါ တစ်ပါတည်းပျောက်ဆုံးနေတာကိုသိလိုက်ရပါတယ် ဒီအမှုကိုတာဝန်ယူထားတဲ့ ရဲနှစ်ယောက်လဲ သဲလွန်စတွေကို တစ်စစီလိုက်ကောက်ရင်း သက်သေတွေပေါ်ပေါက်လာတဲ့အခါမှာ သူတို့ဘဝကိုပါ ခြိမ်းခြောက်မှုတွေရှိလာတော့ ဘယ်လိုဆက်ဖြေရှင်းကြမလဲဆိုတာ ပရိသတ်ကြီးပဲ ဆက်ကြည့်ရှုခံစားကြဖို့ တင်ဆက်ပေးလိုက်ရပါတယ်အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကပဲဖြစ်ပါတယ်File Size – 800MB / 400MBQuality –1080p WEB DL / 720pDuration – minute (@Episode)Total Episodes: 6EpsSubtitle – Myanmar HardsubFormat – Mp4Genre : Crime, DramaTranslator – ...
7.333
TMDb: 7.333/10 9 votes
tv

Kohrra (2023)

2023
Adhura (2023) 6.2
Adhura (2023) Adhura 2023 (7 Episodes) IMDb 6.7/10သရဲစီးရီးခပ်ကြမ်းကြမ်းတွေကိုမှ ကြိုက်နှစ်သက်သူတွေအတွက် တဝကြီးကြောက်ရမဲ့ စီးရီးအသစ်စက်စက်လေးတင်ဆက်ပေးလိုက်ပါတယ်။ဘယ်လူမျိုး ဘယ်နိင်ငံ ဘယ်ယဉ်ကျေးမှုမှာမဆို ဘူလီလုပ်တတ် အနိုင်ကျင့်တတ်တဲ့သူကတော့ ရှိတတ်ကြတာကို ရုပ်ရှင်ဇာတ်လမ်း သတင်းတွေကတဆင့် ကျွန်မတို့တွေတွေ့မြင်ကြရပါတယ်။ ပတ်ဝန်းကျင်မှာရော ကိုယ်တိုင်ရော ကြုံဖူးကြသူတွေလည်းရှိမှာပါ။ ဘလိုင်းကြီးအနိုင်ကျင့်တဲ့သူတွေဆိုတာက ခပ်ရှားရှားရယ်ပါ။အနိုင်ကျင့်ကြသူတွေဆိုတာက သူတို့မပိုင်ဆိုင်နိုင်တဲ့အရာတွေကိုပိုင်ဆိုင်ထားကြသူတွေကို ဦးတည်တတ်တာမျိုး အိမ်မှာ ဒါမှမဟုတ် သူနေရတဲ့ပတ်ဝန်းကျင်မှာ သူကိုယ်တိုင်က အနိုင်ကျင့်ခံရတတ်တာမျိုးတွေကြောင့်ပဲ သူတို့ကို ဒီလမ်းလျောက်စေတယ်လို့ယူဆမိပါတယ်။ဒီဇာတ်လမ်းလေးထဲမှာလည်း အနိုင်ကျင့်ကြသူတွေကိုမြင်တွေ့ရမှာပါ။ဇာတ်လမ်းအညွှန်း ကျောင်းနောက်ဆုံးနေ့မှာ ထူးဆန်းစွာနဲ့ပျောက်ဆုံးသွားတဲ့ ၁၆နှစ်အရွယ်ကျောင်းသားလေးတစ်ယောက်.. ပျောက်ဆုံးသွားတာ ၁၅နှစ်ကြာတဲ့အထိ ဘယ်ရောက်သွားမှန်း ဘယ်သူမှမသိခဲ့ကြဘူး။ ရှာဖွေကြတော့လည်းဘယ်မှာမှမတွေ့ရဘဲ တစ်ခန်းရပ်ခဲ့လေရဲ့... ၂၀၀၇ခုနှစ်ပညာသင်နှစ်ရဲ့ ကျောင်းသားဟောင်းများ တွေ့ဆုံပွဲ .. အရာရာတစ်စခန်းပြန်ထလာမဲ့နေ့တစ်နေ့..နိုင်ငံရပ်ခြားရောက်နေသူတွေပါပြန်ပေါင်းဆုံတဲ့နေ့ရက်မှာ ထူးဆန်းမှုတွေဟာ ဆက်တိုက်... ချောက်ချားစရာတွေကြား တစ်စတစ်စနဲ့သိလာရတဲ့အမှန်တရားတွေ အမုန်းတရားတွေ ဒီလိုထူးဆန်းမှုတွေနဲ့ ပျောက်ဆုံးနေတဲ့ကျောင်းသားလေးတို့ ဘာတွေဆက်နွယ်နေကြမလဲ ပျောက်ဆုံးမှုနောက်ကွယ်ကအမှန်တရားနဲ့ဆာလောင်နေတဲ့ မကောင်းဆိုးဝါးတစ်ကောင်ရဲ့ခြောက်လှန့်မှုတွေကို တဝကြီးကြည့်ရှုခံစားရမယ့် စီးရီးတခု...... (အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~BpL~Zwe Yan~Cherry~Sai~V တို့ပဲဖြစ်ပါတယ်File Size – 600MB  / 300MBQuality – 1080p AMZ WEB DL / 720pDuration – ...
6.2
TMDb: 6.2/10 4 votes
tv

Adhura (2023)

2023
Ishq Next Door (2023) 7
Ishq Next Door (2023) Ishq Next Door (1 to 10)IMDb 7.8 ဖူးစာ လူးလာ ဒူးကာလို့မရတဲ့ ဖူးစာရယ် ပါလာရင် အေးတိအေးစက်လူပျိုကြီးလည်း ရွစိန်လေးနဲ့ ရတတ်သလို မိုင်ထောင်ချီအဝေးကဆိုရင်လည်း ပြေးမလွတ်တတ်ပါဘူး ဒီမှာကတော့ အဝေးကြီးရယ်မဟုတ် တစ်ရပ်ကွက်တည်းသားချင်းပါပေါ့LDRS ရယ် ဖြစ်လာရင် ၉၀%ကပြတ်တတ်ပြီး ကျန်၁၀%ကလည်း မရေရာတတ်ဘူးလို့ စိတ်စွဲနေတဲ့ မေဟာ.. ရည်းစားဖြစ်သူကို ဒီလိုစိတ်ဒဏ်ရာကြောင့် မပြတ်ရအောင် အားသွန်ခွန်စိုက်ကြိုးစားပေးပါလို့ ပြောထားတဲ့ကြားက လမ်းခွဲခဲ့ရလို့ ပိုးဆိုးပက်စက်ခံစားခဲ့ရသူ တခြားလူတွေအသည်းကွဲရင် ဘီယာပုလင်းဖွင့်ကြပေမဲ့ သူကတော့ အထည်ဆိုင်ကောက်ဖွင့်ရင်း တစ်ကိုယ်တည်း တောက်ပမဲ့မိန်းမလုပ်နေသူပေါ့ တစ်ဖက်မှာကတော့ အိမ်ထောင့်တာဝန်ကို တာဝန်မယူနိုင်သေးပါဘူးဆိုတဲ့ လူပျိုကြီး ဒေ့ဗ် တစ်ရပ်ကွက်တည်းနေပြီး မေဟာ့ကိုနာမည်တောင်မသိတဲ့သူ ဒီလိုနဲ့ သူတို့နှစ်ယောက် တရားပွဲတစ်ခုမှာတွေ့ဆုံးရင်း ဘယ်လိုအလွဲတွေနဲ့ နှစ်ပါးသွားကြမလဲ အချစ်စစ်မှန်ရင် လျှောက်ရမဲ့လမ်းက မဖြောင့်ဖြူးလေတော့ သူတို့ရဲ့ကြားက အခက်အခဲတွေကိုလည်း ကြည့်ရှုခံစားရင်း မိမိလက်တွဲဖော်ကိုပိုပြီး နားလည်ပေးလိုက်ရအောင်လားရှင်(အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni~BpL~V~Moon~Zwe Yan ~Cherry တို့ပဲဖြစ်ပါတယ် )File ...
7
TMDb: 7/10 1 votes
tv

Ishq Next Door (2023)

2023
Zombieverse (2023)
Zombieverse (2023) Zombieverse (2023)ဒီတစ်ခေါက်ကိုတော့ ZOMBIEVERSE ဆိုတဲ့ရှိုးလေးနဲ့မိတ်ဆက်ပေးချင်ပါတယ် ဒီရှိုးက ''Love Hunter''ဆိုတဲ့ Dating Show ကို လာကြတဲ့ဧည့်သည်တွေက ရိုက်ကူးရေးလုပ်နေရင်း မထင်မှတ်တဲ့ရောဂါတစ်ခုက ရိုက်ကွင်းမှာပျံ့နှံ့လာပြီး ဝရုန်းသုန်းကားတွေဖြစ်ပါတော့တယ် ရောဂါကူးစက်ခံရသူတွေက ဇွန်ဘီတွေဖြစ်လာကြပြီး အကိုက်ခံရတာနဲ့ ဗိုင်းရပ်စ်က ကူးစက်မှာပါ သူတို့က ဒီအခြေအနေကနေ ဘယ်လိုလွတ်မြောက်အောင်ကြိုးစားကြမလဲ ဗိုင်းရပ်စ်ကဘယ်ကနေစပြီးဖြစ်လာတာလဲ ဇွန်ဘီအကိုက်မခံရအောင် ဘယ်လိုကာကွယ်ကြမလဲဆိုတာ ကို ရယ်ရတလှည့် ကြောက်ရတလှည့်နဲ့ကြည့်ရှုရမှာပါ(ဒီရှိုးမှာ Actor Lee Si Young, Park Naraeနဲ့ Dex တို့လို ရသစုံရှိုးလောကမှာ နာမည်ကြီးတဲ့သူတွေပါ ပါဝင်ထားပါတယ်)အညွှန်းကိုတော့ Thae Thae မှရေးသားထားပြီး ဘာသာပြန်တာကတော့ CM Variety Team မှဖြစ်ပါတယ်Genre..... Reality Quality…. 1080p | 720p File size… 800MB | 300MB Format… mp4 Duration…. 50min Subtitle…. Myanmar Subtitle (Hardsub) Translator ..... CM Variety Team Encoder ..... Aaron720pEpisode 01 ...

Zombieverse (2023)

2023
Kaalkoot (2023) 7
Kaalkoot (2023) Kaalkoot (2023)IMDb-8.4/10Darling ကားထဲက မိန်းမကိုအနိုင်ကျင့်တဲ့ဂျစ်တစ်တစ်ရုပ်နဲ့ မင်းသား Vijay Varma နဲ့ ကပြားမင်းသမီးလေး Suzanna Mukherjee တို့ ပါဝင်ထားတဲ့ စီးရီးပါရဲအရာရှိတစ်ယောက်ဖြစ်ချင်လွန်းရူးသွပ်ကြလွန်းတဲ့ အိန္ဒိယကားများစွာကြည့်ခဲ့ဖူးကြပါတယ် ဒီကားကတော့ ရဲအရာရှိမဖြစ်ချင်ပါပဲ ဖြစ်နေရသူတစ်ယောက်ရဲ့ဘဝပါပဲရာဗီဟာ ရဲအရာအလုပ်ကိုစိတ်မဝင်စားလို့ နှုတ်ထွက်စာတင်ပေမဲ့ နှုတ်ထွက်မရဘဲဆက်တာဝန်ထမ်းနေရသူပါ အဲဒီအတောအတွင်းသူပျက်လိုက်တဲ့တစ်ရက်မှာပဲ ရဲစခန်းမှာလည်းအမှုတွေရှုပ် ၊ မိန်းကလေးတစ်ယောက် အက်စစ်နဲ့ပက်ခံရတဲ့အမှုကလည်း မထင်မှတ်ပဲသူကိုင်တွယ်လာရနဲ့ မပျော်လို့ထွက်ခါမှ ဝန်ပိနေရသူတစ်ယောက် နှုတ်မထွက်ရခင်ကာလအတွင်း ဘယ်လိုကောင်းကောင်းလုပ်ဆောင်နိုင်သွားမလဲ ဘယ်လိုအခက်အခဲပေါင်းသောင်းခြောက်ထောင်ကို ကျော်ဖြတ်ရမလဲရှုစားကြည့်ပါဦး(အညွှန်းနဲ့ ဘာသာပြန်သူတွေကတော့ BpL ~ Saii ~ Zwe ~ Yunni ~ Moon ~ Cherry တို့ပဲဖြစ်ပါတယ်)File Size – 800MB / 720pQuality – 1080p WEB DL / 720pDuration – 32minsTotal Episodes: 8EpsSubtitle – Myanmar HardsubFormat – Mp4Genre : Crime | ...
7
TMDb: 7/10 1 votes
tv

Kaalkoot (2023)

2023
King the Land(2023)[Complete]
King the Land(2023)[Complete] King the Land(2023)********************အပိုင်း( ၁ မှ ၁၆) ထိ စ/ဆုံးRed sleeves မှာ အကြီးအကျယ် ဒူးနဲ့မျက်ရည်သုတ်ကာ ဝမ်းနည်းပက်လက် ကြေကွဲခဲ့ရတဲ့ ပရိသတ်တွေအတွက်အခုတစ်ခါမှာတော့ မင်းသား Lee Jun Ho ရဲ့ “ King the Land “ အမည်ရတဲ့ ဟာသဇာတ်နှော ရိုမန့်ကားလေးတစ်ကားကိုဒီနေ့ Netflix ကနေ စတင်ပြီးကြည့်ရှုရတော့ဖြစ်ပါတယ် ,,,မင်းသမီးကလည်း Girl Generation က ပြည်သူ့အချစ်တော် Yoona ဖြစ်တဲ့အတွက်...တကယ်ကို Visual မိုက်တဲ့စုံတွဲကို တဝကြီးကြည့်ရတော့မှာမို့ ရင်ခုန်စရာပဲနော်ဒီလို မိမိုက်တဲ့အတွဲရဲ့ဇာတ်လမ်းလေးကတော့ နာမည်ကြီးဟိုတယ်တစ်ခုဖြစ်တဲ့ King Hotel ပိုင်ရှင်ရဲ့သူဌေးသား ဂူဝန်ဟာဂုဏ်အရှိန်အဝါကြီးပြီး သူများတွေထက်လည်း တမူထူးခြားတဲ့အပြုအမူအကျင့်စရိုက်ရှိတဲ့သူတစ်ယောက်ပါ ..လုပ်ငန်းဆက်ခံသူတစ်ဦးအနေနဲ့ လုပ်ငန်းသဘောတရားသင်ယူဖို့အတွက် King Hotel မှာ အလုပ်သင်တစ်ယောက်အနေနဲ့ အလုပ်ဝင်ခဲ့ပါတယ်.. တဖက်မှာလည်း ဆာရန်းဟာ သွက်လက်ထက်မြက်တဲ့အပြင် သူ့ကိုထိရင်လည်း ပြန်စွာတတ်ပြီးပျော်ပျော်နေတတ်တဲ့ကောင်မလေးတစ်ယောက်ပါ.. ဟိုတယ်ဝန်ထမ်းဖြစ်ချင်တဲ့အိပ်မက်ရှိတဲ့သူမဟာ ...

King the Land(2023)[Complete]

2023
The Legend of Anle ( 2023 )
The Legend of Anle ( 2023 ) ဒီတစ်ခါမှာတော့ CMက‌နေ ဘာသာပြန်တင်ဆက်တင်‌ဆက်ပေးမယ့် ဇာတ်လမ်းတွဲလေးကတော့ အားလုံးစောင့်မျှော်နေကြတဲ့ ရန်အန်းလဲ့(တိကျစ်ယွမ်)အဖြစ် အချစ်တော်လေး Dilireba အိမ်ရှေ့စံမင်းသားဟန်ယဲ့အဖြစ် ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင် မင်းသားGong Jun တို့အပြင် Long Ballad ကားနဲ့ မြန်မာပရိတ်သတ်ရဲ့ကြိုက်နှစ်သက်မှုကိုရထားတဲ့ Liu Yuning က အမတ် လော့မင်ရှီးအဖြစ် ပါဝင်အားဖြည့်ထားတဲ့ ကားလေးပဲဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းလေးကတော့ လွန်ခဲ့တဲ့ ၁၀နှစ်က တိုင်းပြည် သစ္စာဖောက်မှုနဲ့ မှားယွင်းစွပ်စွဲခံခဲ့ရတဲ့ တိမိသားစုရဲ့ မျိုးဆက် တိကျစ်ယွမ်ဆိုတဲ့ သတ္တိခဲမလေးက ၁၀ နှစ်အကြာမှာတော့ ပြည်သူတွေရဲ့ အေးချမ်းမှုကို ဖော်ဆောင်ပေးရင်း နန်းတွင်းကို ချဉ်းကပ်ဖို့ အကြံစည်နဲ့ ရန်အန်းလဲ့အဖြစ် တစ်ဖန်ပေါ်လာခဲ့ပါတယ်တိမိသားစုရဲ့ အပြစ်ကင်းစင်ကြောင်းကို ပြန်လည်ဖော်ထုတ်ဖို့ အကြံရှိတဲ့သူမနဲ့ ပြည်သူတွေကို အလေးထားတဲ့ အိမ်ရှေ့စံ မင်းသား ဟန်ယဲ့တို့ ၁၀ နှစ်အကြာမှာ ပြန်လည်တွေ့ဆုံခဲ့ပါတယ် ငယ်စဉ်ကတည်းက ဘိုးတော်မင်းကြီးရဲ့အမိန့်နဲ့ မင်းသားနဲ့ ကျစ်ယွမ်တို့က စေ့စပ်ထားတာပဲဖြစ်ပါတယ်ပြန်လည်ဆုံတွေ့ချိန်မှာတော့ မမှတ်မိခဲ့တဲ့မင်းသားက ကျစ်ယွမ်ဆိုတဲ့ ကောင်မလေးအပေါ်မှာ သစ္စာရှိနေဆဲဖြစ်နေပြီး တိုင်းပြည်အတွက် အောင်မြင်မှု တစ်ခုလုပ်ဆောင်နိုင်ခဲ့တဲ့ အန်းလဲ့ကတော့ အိမ်ရှေ့စံမိဖုရားနေရာကို ဆုအဖြစ်တောင်းခံခဲ့ရာမှာတော့ မင်းသားက ငြင်းဆိုခဲ့ပါတယ်...နောက်ပိုင်းတွေမှာ နှစ်ယောက်အတူတူ တိုင်းပြည်အတွက် ဘယ်လိုတွေ ပူးပေါင်း တိုက်ပွဲဝင်သွားမှာလဲ သူတို့နှစ်ယောက်ရဲ့ ကံကြမ္မာက ဘယ်လိုတွေဆက်ဖြစ်မှာလဲ အန်းလဲ့ကရော နောက်ဆုံးမှာ တိမိသားစုအတွက် တရားမျှတမှုကို ...

The Legend of Anle ( 2023 )

2023
The Rain in España (2023)
The Rain in España (2023) The Rain in España (2023)ခုတခါတင်ဆက်ပေးချင်တာကတော့ အက်စပန်နာမြိုက မိုးရေကြားထဲလို အမည်ရတဲ့ ဖိလစ်ပိုင် လူငယ်အချစ်စီးရီးလေးပဲဖြစ်ပါတယ်.....ဇာတ်လမ်းအကျဉ်း အဖေရော အမေရောက ကုမ္ပဏီပိုင်ရှင်တဦးဖြစ်ပြီး ကိုယ်ကိုတိုင်ကလဲ ဗိသုကာပညာရှင်မလေးဖြစ်တဲ့ လူနာဟာ တနေ့ကုမ္ပဏီအစည်းအဝေးမှာ သူမကြားချင်တဲ့ သတင်းတခုကြားသိလိုက်ရပါတယ်သတင်းကတော့ ကျောင်းတုန်းက သူရဲ့ချစ်လှစွာသော ခရက်ရှ်ကြီးက သူ့ကုမ္ပဏီမှာ ရှေ့နေလာလုပ်မှာကြောင့်ပါပဲ... သူ့အဖေနဲ့အမေကိုခါးခါးသီးသီး အလုပ်မခန့်ဖို တောင်းဆိုခဲ့ပေမဲ့ လက်မခံတဲ့အခါ ဘယ်လိုဘယ်ပုံဆက်ပြီးစခန်းဆက်သွားကြမလဲ...သူမနဲ့သူမရဲ့ခရက်ရှ်ကြားဘယ်လိုတင်းမာမှုတွေရှိလဲဆိုတာကို ဇာတ်ကြောင်းပြန် တက္ကသိုလ်ကျောင်းသားဘဝအဖြစ် တပိုင်းပြီးတပိုင်း တင်ဆက်သွားမှာဖြစ်ပြီး ဆယ်ကျော်သက်အရွယ် အချစ်ရဲ့ဆွတ်ပျံ့ကြည်နူး ရင်ခုန်မှုတွေကို ဖိလစ်ပိုင်သူအချောလေးတွေနဲ့ မျက်စိပဒေသာဖြစ်အောင် ကြည့်ရှုရမှာပဲဖြစ်ပါတယ်File Size – 1GB / 500MBQuality – 1080p WEB DL / 720pDuration – 50minsTotal Episodes: 10EpsSubtitle – Myanmar HardsubFormat – Mp4Genre : Drama, ComedyTranslator – MomentEncoder – YK 720p Episode 1 -Yoteshin / Userdrive / Megaup / Meganz / ...

The Rain in España (2023)

2023
Woman in a Veil (2023)
Woman in a Veil (2023) Woman in a Veil(2023)*********************အပိုင်း ( ၁ မှ ၁၀၃ ) စ / ဆုံးWoman in a veil drama က ဒါရိုက်တာ Shin Chung Seok နဲ့ ဇာတ်ညွှန်းရေးဆရာLee Jung Dae တို့ရဲ့ 2020က ထွက်ရှိခဲ့တဲ့ Man in a veil drama ပြီးနောက် ဒုတိယ project ပဲဖြစ်ပါတယ်။ဒီတစ်ခေါက်မှာလည်း plot ကောင်းကောင်းနဲ့ ကြည့်ရှုသူ‌တွေ လောင်ရဖို့အတွက် ဒီနှစ်ဦးက အထူးပူးပေါင်းဆောင်ရွက်ထားပါတယ်တဲ့။ဂယော်အူးလ်ဆိုတဲ့ အမျိုးသမီးက သူ့ရဲ့ ယောက်ျားဖြစ်သူနဲ့ သူငယ်ချင်းဖြစ်သူအယ်ရာတို့ ဖောက်ပြန်နေကြတာကို မျက်မြင်တွေ့လိုက်ရပြီးနောက် ရှော့ရသွားပြီးအမြင်အာရုံဆုံးရှုံးခဲ့တဲ့အပြင် lock-in syndrome လို့ခေါ်တဲ့ မလှုပ်ရှားနိုင် စကားမပြောနိုင်ဘဲမျက်လုံးလှုပ်ရှားမှုနဲ့သာ ဆက်သွယ်နိုင်တဲ့ ဒုက္ခိတတစ်ဦးဖြစ်သွားခဲ့ပါတယ်။ထို့နောက် ဂယော်အူးလ်က အစစအရာရာမှာ ပြီးပြည့်စုံနေတဲ့ ...

Woman in a Veil (2023)

2023
Cruel Summer (2023) Season 02 Complete 7.6
Cruel Summer (2023) Season 02 Complete Cruel Summer (2023) Season 02 ~ IMDb - 7.4/10, Rotten Tomatoes - 82% ~ Season 2 ကတော့ ပထမ Season နဲ့ ဇာတ်လမ်းက ဘာမှမဆိုင်ပါဘူး။ Season 1 မကြည့်ထားလည်း ဖြတ်ကြည့်လို့ရပါတယ်။ ဒါပေမဲ့ ဆင်တာတွေ တော်တော်များများတွေ့ရမှာပါ။ အဲဒီတော့ ပုံစံတူတူကြီး ပျင်းစရာကြီးလို့မထင်လိုက်ပါနဲ့။ ပိုပြီး စိတ်ဝင်စားစရာကောင်းသလို၊ ပိုပြီးလည်း ရှုပ်လာတယ်လို့ ပြောရပါလိမ့်မယ်။ ပထမ Season အတိုင်းပဲ ရက်စွဲသုံးခုကို တစ်ပြိုင်တည်းပြထားပါတယ်။ အဲဒီတော့ ဇာတ်လမ်းအစမှာ ဒိတ်လေးတွေကို ကြည့်ဖို့ မမေ့ပါနဲ့ဦး။ စလာကတည်းက ဇာတ်ရှိန်ကောင်းကောင်းနဲ့လာပြီး လုံးဝဇာတ်ရှိန်မကျအောင် ထိန်းသွားနိုင်ပါတယ်။ ပထမ Season ကို အကြိုက်တွေ့တဲ့သူတွေတော့ ဇာတ်လမ်းက မဆက်စပ်ပေမဲ့ လုံးဝမကြည့်မဖြစ် ကြည့်သင့်ပါတယ်။ ဇာတ်လမ်းအကျဉ်းကိုတော့ အစအဆုံး ကိုယ့်ဘာသာပဲ ခံစားပြီး ကြည့်နိုင်အောင် ...
7.6
TMDb: 7.6/10 276 votes
tv

Cruel Summer (2023) Season 02 Complete

2023
Full Circle (2023) 6.4
Full Circle (2023) Full Circle (2023) ============= IMDb Rating - 6.4/10ဒီစီးရီးကတော့ ဇာတ်ကောင်တွေ အများကြီးနဲ့ ရှုပ်ထွေးပွေလီတဲ့ Crime and mystery စီးရီးမျိုးလို့ပဲ ဆိုရမယ်။ 'ရတယ် ရှုပ်တာမျိုးမှ ကြိုက်တာ' ဆိုတဲ့သူတွေအတွက်တော့ ကွက်စတိပါပဲ။ အချိန်လေး သာရရင် သေချာထိုင်စဉ်းစားပြီး ကြည့်ရမဲ့စီးရီးထဲ ပါတယ်ဆိုပါတော့။ကဲ ဇာတ်လမ်းကို နည်းနည်းလောက် ညွှန်းပေးရမယ်ဆိုရင်တော့ ဒီလိုက စလိုက်ကြတာပေါ့။ ဂိုင်ယန်နာက လူမိုက်ဂိုဏ်းတစ်ခုကို မစ္စမဟာဘီရာ ဆိုတဲ့ အမျိုးသမီးကြီးတစ်ယောက်က ဦးဆောင်နေတယ်။ တစ်ရက်မှာ တော့ သူ့မိသားစုဝင်တစ်ယောက် လုပ်ကြံခံလိုက်ရတယ်။ ဒီအတွက် မစ္စ မဟာဘီရာ အလိုချင်ဆုံးဖြစ်နေတာက လက်တုံ့ပြန်မှု။ လူးဝစ်နဲ့ ဇာဗီယာ ကတော့ နယူးယောက်မှာ အလုပ်လုပ်ရမယ်ဆိုလို့ ဂိုင်ယန်နာကနေ ထွက် လာကြတဲ့ ရိုးရိုးအေးအေး ကောင်လေးနှစ်ယောက်ပေါ့။ဒါပေမဲ့ သူတို့ရသွားတဲ့အလုပ်က မစ္စမဟာဘီရာရဲ့ ဂိုဏ်းအဖွဲ့ဝင်တွေအဖြစ်။ မစ္စမဟာဘီရာ လက်စားချေမဲ့ မိသားစုကတော့ စားဖိုမှူးဂျက်ဖ်လို့ နာမည် ကြီးတဲ့ ကာစီနိုနဲ့ ချမ်းသာလာတဲ့ ခရိုနီအဘိုးကြီးရဲ့ မိသားစုပါ။ ဒီအတွက် သားကောင်ဖြစ်လာတာကတော့ အဘိုးကြီးရဲ့ တစ်ဦးတည်းသောမြေးဖြစ်တဲ့ ဂျဲရတ်ဆိုတဲ့ကောင်လေးတစ်ယောက်။ တစ်ဖက်မှာတော့ ...
6.4
TMDb: 6.4/10 2700 votes
tv

Full Circle (2023)

2023
A Wildflower in the City (2023) 8.0
A Wildflower in the City (2023) “သံမဏိအရိုင်းပန်း” မြန်မာစာတန်းထိုး Dok Ya Pa Concrete 2023ချာနွန် အဖြစ် Toontam Yuttana မီနာ အဖြစ် Kaimook Rungratတောသူမလေးမီနာက ဘန်ကောက်မြို့ပေါ်တက်ပြီး အဖေနဲ့အတူအလုပ်လုပ်နေသူပါမဟုတ်မခံတတ်တဲ့မီနာတစ်ယောက် သူများကိစ္စဝင်ကူရှင်းပေးရင်း မာဖီးယားဂိုဏ်းဝင်ချာနွန်နဲ့ဆုံမိကြပါတယ်မီနာဖခင်က အကြွေး၁သိန်းရှိသော်လည်း ချာနွန်တပည့်တွေက အတိုးနဲ့ပေါင်း ၃သိန်းပြန်တောင်းတာကြောင့် ရန်ဖြစ်ခဲ့ကြရာမီနာတယောက် ချာနွန်က သူ့အဖေကိုရန်ပြုခဲ့သူအဖြစ် အမုန်းကြီးမုန်းနေခဲ့ပါတယ်တရားမဝင်စီးပွါးရေးတွေလုပ်နေရတဲ့ ချာနွန်ကလည်း ဒီလောင်ရိပ်ထဲမှာ ပိတ်မိနေသူလားသူတကယ်ပဲ မီနာ့အဖေကိုရန်ပြုခဲ့တာလားမီနာတစ်ယောက်ရော ချာနွန်ကိုဘယ်တော့မှအမြင်ကြည်မလဲအရိုင်းပန်းလေးမီနာတယောက် ဒီအခက်အခဲတွေကို ဘယ်လိုကျော်ဖြတ်ရမလဲဆိုတာကိုတော့အရမ်းကောင်းတဲ့ဒရမ်မာဇာတ်ကားလေးဖြစ်တဲ့ “သံမဏိအရိုင်းပန်း”ကို စောင့်မျှော်ကြည့်ရှုရအောင်နော်Native Title: ดอกหญ้าป่าคอนกรีต Episodes: 15 Aired: May 29, 2023 - ? Aired On: Monday, Tuesday, Wednesday, Thursday, Friday Original Network: GMM One Duration: 40 min.Translated by  Nang Mwe Kham & Lei Wutyi TunEncoded ...
8.0
TMDb: 8.0/10 votes
tv

A Wildflower in the City (2023)

2023
Twilight ( 2023 ) 10
Twilight ( 2023 ) ဒီတစ်ခေါက် CM ရဲ့ ပရိသတ်တွေအတွက် မင်းသားလေး Allen Ren နဲ့ မင်းသမီးလေး Angelababy တို့ရဲ့ ဇာတ်လမ်းသစ်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-စိတ်ကျန်းမာရေးဆရာဝန်ဖြစ်သူ လျိုရှာဟာ လမ်းမှာ တံတားပေါ်က ခုန်ချချင်တဲ့ အမျိုးသမီးတစ်ယောက်ကို သူ့ရဲ့ပညာနဲ့ကူညီပေးခဲ့ပြီး ကယ်တင်ပေးခဲ့ပါတယ်။ အဲ့ဒီ့အဖြစ်အပျက်ကို သူ့ရဲ့ စုံထောက်ဝတ္ထုကို ဇာတ်ညွှန်းအဖြစ် ရေးချင်နေသူ စာရေးဆရာ ချီလျန်ရှန်းက တွေ့သွားပြီး လျိုရှာကို အကြံပေးအဖြစ် လုပ်ပေးဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။လူအများအပြားကို ကူညီပေးချင်တဲ့ စိတ်ကူးအိပ်မက်ကို အကောင်အထည်ဖော်ဖို့အတွက် လျိုရှာက သူမရဲ့ကိုယ်ပိုင်ရုံးခန်း ဖွင့်ခဲ့ပြီးတော့ လူအများကို စိတ်ကျန်းမာရေးပညာနဲ့ အကူအညီပေးနိုင်ခဲ့ပါတယ်။ ချီလျန်ရှန်းရဲ့ ဝတ္ထုကို ဇာတ်လမ်းအဖြစ် ပြောင်းလဲနေချိန်မှာလည်း လျိုရှာရဲ့ အကူအညီတွေ ရရှိခဲ့ပါတယ်။သူတို့နှစ်ယောက် အဆက်အသွယ်အမြဲရှိနေခဲ့ပြီး ချီလျန်ရှန်းဟာလည်း လျိုရှာအပေါ် တဖြည်းဖြည်း မေတ္တာရှိလာခဲ့တယ်။ အဲ့နောက်မှာ တဖြည်းဖြည်း လျိုရှာရဲ့ ပရဟိတလုပ်ငန်းတွေမှာ ပါဝင်ခဲ့ပြီးတော့ ဘဝအခက်အခဲတွေနဲ့ ရင်ဆိုင်နေရသူတွေကို ကျော်ဖြတ်နိုင်အောင် ကူညီပေးခဲ့ပါတယ်သူတို့နှစ်ယောက်လည်း အကြိမ်ကြိမ်ပူးပေါင်းမှုတွေကတစ်ဆင့် တဖြည်းဖြည်းနီးကပ်လာပြီး ဘယ်လိုတွေရှေ့ဆက်လှမ်းကြမလဲ ဘယ်လိုတွေ အခက်အခဲကို ဖြတ်ကျော်ကြမလဲဆိုတာ ဆက်လက်ခံစားကြည့်ရှုပါQuality : WEB-DL 1080p ...
10
TMDb: 10/10 1 votes
tv

Twilight ( 2023 )

2023
Nineteen to Twenty (2023) 9.8
Nineteen to Twenty (2023) 19/20 (2023)ဒီတစ်ခေါက်တင်ဆက်ပေးမယ့်ရှိုးလေးက''Nineteen to Twenty ''ဆိုတဲ့ ၁၈နှစ်ဆယ်ကျော်သက်ကနေ အသက်၂၀ ပြည့်ပြီးတရားဝင်အရွယ်ရောက်တဲ့သူတွေဖြစ်ကြတော့မယ့် အထက်တန်းကျောင်းသား/သူလေးတွေ၁၂ယောက်ကို''19 School''ဆိုတဲ့ကျောင်းမှာ အရွယ်ရောက်လာရင်တတ်သင့်တဲ့ သင်ခန်းစာတွေကိုသင်ပေးမှာပါအသက်ပြည့်တဲ့သူဖြစ်လာတဲ့ခံစားချက်နဲ့အသက်ပြည့်တဲ့သူဖြစ်ဖြစ်ချင်းဘာလုပ်ချင်လဲဆိုတာတွေကိုကြည့်ရှုရမှာပါဒီ ကျောင်းရဲ့စည်းမျဥ်းကတော့တစ်ခုတည်းပါပဲ''ရည်းစားမထားရဘူး''ဆိုတဲ့စည်းမျဥ်းပါ။ ရုပ်ချောပြီး ချစ်စရာကောင်းတဲ့သူတွေချည်း နေတဲ့ကျောင်းမှာ သူတို့ရဲ့တစ်ခုတည်းသောကျောင်းစည်းကမ်းကိုလိုက်နာနိုင်ပါ့မလား ဆိုတာကြည့်လိုက်ကြရအောင်နော်.. ဒါကကိုယ့်ရဲ့အထက်တန်းကျောင်းသားဘဝကအမှတ်တရတွေကို ပြန်ပြီးသတိရစေမယ့်ရှိုးလေးတစ်ခုလည်းဖြစ်ပါတယ်(ကိုရီးယားအသက်ကနိုင်ငံတကာထက်အသက်၂နှစ်ပိုပြီးတွက်ထားလို့ ၂၀ မှအသက်ပြည့်တယ်လို့ယူဆတာပါ သူတို့ဆီမှာအသက် ၂၀ ဆိုတာ မြန်မာနိုင်ငံက ၁၈ နှစ်နဲ့ ညီမျှပါတယ်။)ဒီရှိုးကို-Cho Kyu hyun, Kim Ji Eun ,Lee Su Hyun,Jung Se wonတို့ကတင်ဆက်ထားပါတယ်အညွှန်းကိုတော့ Thae Thae မှရေးသားပြီး ဘာသာပြန်တာကတော့ CM Variety Team ကပဲဖြစ်ပါတယ်Genre..... Reality, Dating, Romance Quality…. 1080p | 720p File size…1GB | 400MB Format… mp4 Duration…. 1h 30min Subtitle…. Myanmar Subtitle (Hardsub) Translator ..... CM Variety Team Encoder ..... Aaron720pEpisode ...
9.8
TMDb: 9.8/10 4 votes
tv

Nineteen to Twenty (2023)

2023
Rafuchakkar (2023) 7
Rafuchakkar (2023) Rafuchakkar (2023)IMDb-6.8/10အခုနောက်ပိုင်း အိန္ဒိယစီးရီးတွေပိုပိုကောင်းလာတယ်ဆိုတာ ငြင်းမရတဲ့အချက်တစ်ခုပါပဲ ခုတစ်ခါလည်း ဆုရနာမည်ကြီးမင်းသားမင်းသမီးတွေဖြစ်တဲ့ Manish Paul ၊ Priya Bapat တို့နဲ့ သရုပ်ဆောင်များစွာပါဝင်ထားတဲ့ crimes ‌and drama စီးရီးလေး တင်ဆက်ပေးလိုက်ပါတယ်မိဘတွေရဲ့ မင်္ဂလာနှစ်ပတ်လည်ကျင်းပဖို့ရောက်နေတဲ့ ပါဝန်ကူးမားဟာဘုမသိဘမသိအဖမ်းခံပြီးတရားရုံးထိ တန်းရောက်သွားပါတော့တယ် သူ့ရဲ့ရိုးသားမှုအတွက် အမှုရင်ဆိုင်ပေးမဲ့ရှေ့နေကတော့ ငယ်သူငယ်ချင်းဂျယ်ဒေ့ဗ် သူစွပ်စွဲခံထားရတဲ့အမှုတွေက ပါလီမန်အဖွဲ့ဝင်တစ်ဦးနဲ့ သူ့သမီးကိုလိမ်လည်မှု၊ နိုင်ငံတွင်းကနာမည်အကြီးဆုံးဘီစကစ်စက်ရုံကမုန့်ကို အဆီချဘီစကစ်ဆိုပြီး အမျိုးသမီးတွေကိုလိမ်ရောင်းမှု စသဖြင့်နိုင်ငံ့ပြည်သူတွေကိုထိခိုက်စေတဲ့ လိမ်လည်မှုပေါင်းများစွာ။အိန္ဒိယနိုင်ငံ‌တော်အတွက်ဆိုတဲ့ ခံယူချက်နဲ့ သူ့ကိုစွဲချက်တင်မှာကတော့ ရီတူး ၊ သူကလည်း ဒီအမှုတွေကို သိတောင်မသိပါဘူးငြင်း သူငယ်ချင်းဖြစ်သူဂျယ်ဒေ့ဗ်ကလည်းသူအပြစ်ကင်းကြောင်းသက်သေအစုံပြပေး၊ ရီတူးကလည်း သူကျူးလွန်ခဲ့တဲ့အကြောင်းရာအပြည့်စုံကို ဇာတ်လမ်းသဖွယ်စိတ်ဝင်စားနိုင်အောင်တင်ပြနိုင်နေလေတော့ တရားခွင်ဟာ အကြိတ်အနယ်ဖြစ်လာပါတော့တယ် ဒီလိမ်လည်မှုပေါင်းများစွာကျူးလွန်နေတဲ့သူ ကျူးလွန်ရတဲ့အကြောင်းရင်းကို ရီတူးရဲ့ ဖော်ထုတ်ပုံတွေနဲ့အတူရှုစားကြည့်ပါဦး(အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ Yunni ~Soe Kalayarတို့ပဲဖြစ်ပါတယ် )File Size – 800MB / 400MBDuration – 40minsTotal Episodes: 9EpsSubtitle – Myanmar HardsubFormat – ...
7
TMDb: 7/10 2 votes
tv

Rafuchakkar (2023)

2023
Twisted Metal – Season (01) 7.5
Twisted Metal – Season (01) Twisted Metal - Season (01) ==================== IMDb Rating - 7.8/10Anthony Mackie(New Captain America မင်းသား) ရဲ့ စီးရီးသစ်လာပါပြီ။ Twisted metal ဆိုတဲ့ ဗီဒီယိုဂိမ်းကို အခြေခံရိုက်ကူးထားပြီး IMDb rating 7.5 ရရှိထားတဲ့ Adventure, Action, Comedy စီးရီးလေးပါ။ လွန်ခဲ့တဲ့နှစ်နှစ်ဆယ်က ကမ္ဘာပျက်ပြီးနောက်မှာ မြို့တွေမှာ တံတိုင်း တွေ ကာလိုက်ကြပါတယ်။ အဝင်အထွက်ကို တင်းကြပ်ထားပြီး အပြင် လူတွေက တံတိုင်းတွင်းကို ဝင်ခွင့်မရှိပါဘူး။ ကိုယ်တွေရဲ့ ဇာတ်လိုက် ဂျွန်ဒိုး(Anthony)ကတော့ မြို့တစ်မြို့နဲ့တစ်မြို့ ပစ္စည်းလိုက်ပို့ပေးတဲ့ Delivery သမားလေးပါ။ သူတို့အခေါ် နွားနို့ပို့သမားပေါ့။တစ်နေ့တော့ နယူးဆန်ဖရန်စစ္စကိုရဲ့ စီအိုအိုက ဂျွန်ဒိုးကို နယူးချီကာဂို ကနေ ပစ္စည်းသွားယူပေးရင် တံတိုင်းတွင်းနေထိုင်ခွင့်ပေးမယ်လို့ အပေး အယူလုပ်လာပါတယ်။ သက်စွန့်ဆံဖျားအလုပ်လုပ်ရင်း သံယောဇဉ်တွယ် စရာဆိုလို့ သူ့ကားလေးပဲရှိတဲ့ဘဝမှာ ဂျွန်ဒိုးတစ်ယောက် တံတိုင်းတွင်းက ဘဝကို လောဘတက်မိပါတယ်။ ဒါကြောင့်ပေးလိုက်တဲ့အချိန်အတွင်း ပစ္စည်းသွားယူနိုင်ပါ့မလား ပစ္စည်းကရောဘာလဲ ခရီးတစ်လျှောက်ဘာ တွေနဲ့ကြုံရမလဲဆိုတာ ကြည့်ရှုခံစားလိုက်ကြပါဦး။ (သွေးထွက်သံယိုအခန်းတွေပါတဲ့အတွက် အသည်းငယ်သူများ မကြည့်သင့်ပါ)(ဒီစီးရီးရဲ့အညွှန်းကို ...
7.5
TMDb: 7.5/10 1874 votes
tv

Twisted Metal – Season (01)

2023
Deadloch (2023) 5.7
Deadloch (2023) Deadloch (2023) ========= Comedy, Crime IMDB 6.6/10ဇာတ်လမ်းတွဲကောင်းတွေထွက်တဲ့ amazon prime ရဲ့ Comedy , Crime ဇာတ်လမ်းတွဲလေးဖြစ်ပါတယ် Deadloach ဆိုတဲ့ မြို့လေးက လူနေနည်းပြီး အေးဆေးတိတ်ဆိတ်တဲ့ ခရိုင်မြို့ငယ်လေးဖြစ်ပါတယ် တစ်နေ့တော့ သူ့တို့မြို့ရဲ့ လူသိများပြီး ဖော်ရွေတဲ့ ထရန့်လေသန်ဆိုတဲ့ လူတစ်ယောက် ကမ်းခြေမှာ ကိုယ်တုံးလုံးနဲ့ သေနေပါတယ်.... နယ်ခံရဲတွေကတော့ ဒါကို မူးရူးပြီး ခိုက်ရန်ဖြစ်ပွားခဲ့တယ်လို့ ယူဆရင်း သာမန်လူသေမှုအဖြစ် သတ်မှတ်လိုက်ပါတယ် ဒါပေမယ့် မကြာခင်မှာပဲ ထရန့်ရဲ့ အစ်ကိုဖြစ်သူ ဂါဗင်လေသန်ကလည်း သူ့ညီလိုပဲ သေဆုံးရင်း လျှာပါ နှုတ်ယူခံလိုက်ရပါတယ် ညီအစ်ကိုနှစ်ယောက်လုံး လျှာဖြတ်ခံရပြီးသေသွားတဲ့ အမှုဟာ သာမန်သွေးရိုးသားရိုး မဟုတ်ဘဲ ကွင်းဆက်လူသတ်သမားတစ်ယောက် ဒက်လော့ချ်မှာရှိနေပြီဆိုတာကို သိလိုက်ရပါတယ်... ဒီအမှုကို ဦးဆောင်ဖြေရှင်းဖို့အတွက် လစ်စ်ဘွန်းမြို့က စုံထောက် အက်ဒီရက်ကလစ်ဖ်နဲ့ နယ်ခံရဲမေ ဒေါ်စီကော်လင်းတို့ တာဝန်ဖြစ်လာပါတယ်... နှစ်ယောက်လုံးက Lesbian တွေဖြစ်ပြီး အမြဲတမ်းသဘောထားကွဲလဲနေတဲ့ ဘုနဲ့ဘောက်ဖြစ်တာကြောင့် ဒီကွင်းဆက်လူသတ်သမားအမှုကို ဘယ်လိုဖြေရှင်းသွားမလဲဆိုတာကို စိတ်ဝင်တစား စောင့်ကြည့်ရမှာဖြစ်ပါတယ်အညွှန်းကိုတော့ Thiha Yan ...
5.7
TMDb: 5.7/10 18 votes
tv

Deadloch (2023)

2023