Channel Myanmar

2023

Club Friday Season 15 : Love Begins (2023) 50
Club Friday Season 15 : Love Begins (2023) Club Friday Season 15 : Love Begins  (2023)နမ့်ခင် အဖြစ် Belle Jiratchaya ဖွန် အဖြစ် အဖြစ် Aton Thanakorn ဖိဆန် အဖြစ် Num Sornram နွတ် အဖြစ် Panward ဟတ် အဖြစ် Navin Tar ရွတ် အဖြစ် Sirilakဇာတ်လမ်းအကျဉ်းဟတ်နဲ့ရွတ်တို့က လက်ထပ်ပြီးတာ နှစ်၂၀ ရှိတဲ့ လင်မယားနှစ်ယောက်ဖြစ်ပြီး လူပျိုပေါက်အရွယ် ဖွန်ဆိုတဲ့ သားလေး တစ်ယောက်လည်း ရှိပါတယ် ဟတ်က မိန်းကလေးများစွာနဲ့ ဖောက်ပြန်တတ်ပြီး သူ့အမှားကို ဖုံးကွယ်ဖို့ ဇနီးဖြစ်သူကပဲ ဖောက်ပြန်သယောင် အမြဲစွပ်စွဲနေခဲ့သူတစ်ယောက်ပါတစ်နေ့ သူတို့ရဲ့ဘေးအိမ်ကို မိသားစုတစ်ခုပြောင်းလာခဲ့ပြီး သားဖြစ်သူ ဖွန် သဘောကျနေရတဲ့ နမ့်ခင်ဆိုတဲ့မိန်းမငယ်လေးတို့ မိသားစုဖြစ်နေခဲ့ပါတယ် ဖွန်နဲ့ နမ့်ခင်တို့ရဲ့ ငယ်ရွယ်တဲ့ ပထမဆုံးအချစ်ပန်းလေး ပေါက်ဖွားလာတော့မယ့်အချိန်မှာပဲ မထင်မှတ်ထားတဲ့ကိစ္စကြီး တစ်ခုဖြစ်လာခဲ့တယ်အဲ့ဒါကတော့ ဖွန့်အဖေနဲ့ နမ့်ခင်အမေတို့က ချစ်သူဟောင်းတွေဖြစ်နေခဲ့ပြီး ငြိစွန်းနေခဲ့တာပါပဲ အိမ်ထောင်သည်ဘဝမှာ တစ်ဖက်လူရဲ့ တစ်ကိုယ်ကောင်းဆန်မှုကြောင့် ...
50
TMDb: 50/10 400 votes
tv

Club Friday Season 15 : Love Begins (2023)

2023
Club Friday Season 15 : Love Never Dies (2023)
Club Friday Season 15 : Love Never Dies (2023) Club Friday Season 15 : Love Never Dies (2023)လင်ထန် အဖြစ် Aom sushar ဆဖွန် အဖြစ် Jes Jespipat ပိုင် အဖြစ် Cherpang Areekul ကျွန် အဖြစ် Mos Panuwatဇာတ်လမ်းအကျဉ်းလင်နဲ့ ဖွန်တို့က ကျောင်းတက်ချိန်အရွယ်ကတည်းက ငယ်ချစ်ဦးတွေဖြစ်ကြပြီး အရွယ်ရောက်လာချိန်မှာ တူတူနေပြီး ဘဝကို ဖြတ်သန်းနေကြတဲ့ ချစ်သူနှစ်ယောက်ပါလင်ကတော့ ငယ်စဉ်ကတည်းက မိဘနှစ်ပါး ဆုံးပါးသွားခဲ့ပြီး ညီမဖြစ်သူ ပိုင်ကိုသာ စောင့်ရှောက်ပေးရင်း နေခဲ့ရသူမို့ အချစ်တွေအကုန် ဖွန့်ကိုပေးရင်း မှီခိုလာခဲ့သူတစ်ယောက်ပါ တစ်နေ့ မတော်တဆမှုတစ်ခုဖြစ်အပြီးမှာ လင်တစ်ယောက် ဆေးရုံတက်နေရပြီး ဖွန်ကတော့ လာကြည့်ပေးခဲ့တာ မရှိခဲ့ပါဘူး ညီမဖြစ်သူ ပိုင်နဲ့ ဒေါ်လေးဖြစ်သူ စိတ်ရောဂါကုဆရာဝန်ရဲ့ စောင့်ရှောက်ပေးမှုကို ခံနေရပေမဲ့ ချစ်ရသူ ဆဖွန်ကပြောင်းလဲနေတယ်လို့ လင်က ခံစားနေရပါတယ်စိတ်ခံစားချက်ပြင်းထန်တဲ့ လင်တစ်ယောက် အလုပ်ကမိန်းကလေးနဲ့ ဆဖွန် ဖောက်ပြန်နေတယ်လို့ တွေးလာမိတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်လာမလဲ ညီမနဲ့ဒေါ်လေးဖြစ်သူက ပြောပြချင်ပေမဲ့မပြောနိုင်နေတဲ့ အမှန်တရားကရော ဘာများလဲ ဆဖွန်ကရော ...

Club Friday Season 15 : Love Never Dies (2023)

2023
Special Ops: Lioness (2023) 6.8
Special Ops: Lioness (2023) Special Ops: Lioness (2023) ==================== IMDb Rating - 6.8/10အထူးစစ်ဆင်ရေးတပ်ဖွဲ့တစ်ခုအကြောင်း ရိုက်ကူးထားတဲ့ စီးရီး ကောင်းတစ်ခုပါ။ ဒါရိုက်တာကတော့Yellowstone, Wind River တို့လို ဇာတ်လမ်းတွေကို ရေးသားခဲ့တဲ့ Taylor Sheridan ပါပဲ။ မင်းသမီးကတော့ Avatar ထဲက နတေးရီးအဖြစ်၊ GotG ထဲက ဂါမိုရာအဖြစ် သရုပ်ဆောင်ခဲ့တဲ့ Zoe Saldana ပါပဲ။ သူနဲ့အတူ နီကိုးကစ်မန်း၊ မောဂန်ဖရီးမန်းတို့လည်း ပါပါသေးတယ်။ ဒီတော့ စီးရီးအနေနဲ့ကြည့်ရင်တော့ သရုပ်ဆောင်အကြီးတန်း အတော် သုံးထားသလိုပါပဲ။ဇာတ်လမ်းအကျဉ်း အာဖဂန်၊ အီရတ်ရှေ့တန်းတွေမှာ ဖမ်းမိတဲ့အမျိုးသမီးတွေကို စစ် ဆေးဖို့ အမျိုးသမီးတပ်ဖွဲ့ဝင်တွေ ရှာရာကနေ ခြင်္သေ့မအထူးတပ်ဖွဲ့ ဆိုတာပေါ်လာပါတယ်။ အဲဒီအဖွဲ့ဝင်အမျိုးသမီးတွေဟာ အရေးကြီး ပစ်မှတ်တွေရဲ့ ဇနီး၊ ရည်းစား၊ မိသားစုဝင်တွေကို အသွင်ယူပြီး ခင် အောင်ဝင်လုံးရပါတယ်။ အဲဒီကနေမှာ ပစ်မှတ်ရဲ့သတင်းကို စုဆောင်း ပြီး အထူးတပ်ဖွဲ့တွေက လုပ်ကြံတာပဲ ဖြစ်ပါတယ်။ အဲဒီတော့ စပိုင် ဆန်ဆန် thriller ဇာတ်လမ်းကိုမှ စစ်ဆင်ရေးနဲ့တိုက်ပွဲတွေ ပေါင်းစပ် ထားတာမို့ ကြည့်လို့ကောင်းမယ့် စီးရီးတစ်ခုပါပဲ။ စုစုပေါင်း(၈)ပိုင်း ပါဝင်ပြီး ...
6.8
TMDb: 6.8/10 1210 votes
tv

Special Ops: Lioness (2023)

2023
The Uncanny Counter (2023) Season2 8.5
The Uncanny Counter (2023) Season2 The Uncanny Counter Season 2: Counter Punch (2023)အားလုံးစောင့်မျှော်နေကြတဲ့ မကောင်းဆိုးဝါးအမဲလိုက်ပွဲကြီး ပြန်လာပါပြီ ဒီ S2 မှာ S1 ထက် ပိုကြမ်းမယ့် အပြင် အမိုက်စား Cast အသစ်တွေလည်း ထပ်မံပါဝင်လာမှာဖြစ်ပါတယ် အဓိက မကောင်းဆိုးဝါးနေရာကနေ စွယ်စုံရ သရုပ်ဆောင် Kang Ki-Young နဲ့ ပရိတ်သတ်ကြီးရဲ့ အချစ်တော် AOUAD ထဲက လူဆိုးလေး (ခေါ်) Good Bad Mom ထဲက ငပေါလေး Yoo In-Soo ကပါ ပါဝင်ထားပါတယ်ဇာတ်လမ်းကို ပြန်ညွှန်းရရင် ကမ္ဘာမြေကြီးကို ဖျက်ဆီးပြီး လူတွေကို သတ်ဖြတ်တဲ့ မကောင်းဆိုးဝါးတွေကို ဖမ်းဆီးချုပ်နှောင်ဖို့ နိုင်ငံ့အနှံ့မှာ ဖွဲ့စည်းထားတဲ့ စွမ်းအားရှင် ကောင်တာ အဖွဲ့တွေရှိပါတယ် ဒီထဲမှာမှ စွမ်းအားအမျိုးမျိုးကိုပိုင်ဆိုင်ထားပြီး အပြင်းအထန်လေ့ကျင့်ရင်း အခက်အခဲတွေကို ရင်ဆိုင်သွားကြမယ့် ကိုရီးယားခေါက်ဆွဲဆိုင်အဖွဲ့... အရင် S 1 မှာ ကောင်တာတွေရဲ့ ...
8.5
TMDb: 8.5/10 98 votes
tv

The Uncanny Counter (2023) Season2

2023
The Sixth Commandment (2023) 7.9
The Sixth Commandment (2023) The Sixth Commandment (2023) Season 01 Complete ~ IMDb - 7.9/10, Rotten Tomatoes - 85% ~ အပိုင်းလေးပိုင်းပဲပါတဲ့ မှုခင်းဒရာမာကားပါ။ UK မှာ တကယ်ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန်အပေါ် အခြေတည်ထားပါတယ်။ ကားနာမည်ကလည်း ဆဠမမြောက်ပညတ်တော်ဖြစ်သလို ဇာတ်ကားကလည်း လူသတ်ကားဖြစ်နေတော့ သူတစ်ပါးအသက်မသတ်ရဆိုတဲ့ ဆဠမပညတ်တော်နဲ့ ပြောင်းပြန်ပေးထားသလိုဖြစ်နေမှာပေမဲ့ တကယ်တော့ ဒီနာမည်ဟာ ဒီကားအတွက် အလိုက်ဖက်ဆုံးနာမည်လို့ပြောလို့ရပါတယ်။ ဘာလို့ဆို ဒီရုပ်ရှင်က ဘာသာရေးနဲ့ တိုက်ရိုက်ဆက်စပ်နေလို့ပါပဲ။ သတ်တဲ့လူကလည်း ဖာသာလောင်းတစ်ယောက်လို့ပြောလို့ရတဲ့ ဉာဏ်ကောင်းတဲ့ ကဗျာရေးကောင်းတဲ့လူတစ်ယောက်ပေါ့။ အဲဒီလိုလူက လူသတ်ရတဲ့ ရည်ရွယ်ချက်ကတော့ မကောင်းနေပေမဲ့ အကြောင်းပြချက်ကောင်းတော့ရှိနေပြန်တာပါပဲ။ ပညာတတ်တွေမိုက်တဲ့အခါ ကမ်းကုန်အောင်ဆယ်ရခက်သတဲ့။ ဒီစီးရီးကတော့ သိပ်တော်သလို သိပ်လည်းရက်စက်တဲ့ လူတစ်ယောက်အကြောင်း ဖြစ်ရပ်မှန်ကို စိတ်ဝင်စားစရာကောင်းအောင်ရော ငြီးငွေ့စရာမကောင်းအောင်ရော လေးပိုင်းတည်းနဲ့အသက်သွင်းထားတာမို့ ဖြစ်ရပ်မှန်မှုခင်းရုပ်ရှင်ပရိသတ်တွေ အကြိုက်တွေ့ကြမယ့် ဇာတ်လမ်းတွဲပါပဲ။ (ဒီစီးရီးအတွက် အညွှန်းရေးသား ဘာသာပြန်ပေးသူကတော့ W ...
7.9
TMDb: 7.9/10 5 votes
tv

The Sixth Commandment (2023)

2023
Who Is Erin Carter? (2023) 6.5
Who Is Erin Carter? (2023) Who Is Erin Carter? (2023) ===================One Man , Two Life ဆိုတဲ့ စကားကိုကြားဖူးကြမယ်ထင်ပါတယ်။ လူတစ်ကိုယ် ဘဝနှစ်ခုပေါ့..လူတော်တော်များများမှာ အများမသိစေ ချင်တဲ့ ကိုယ့်ရဲ့ အမှောင်ခြမ်းဆိုတာ ရှိကြပါတယ်။ ဒါဆို အယ်ရင်ကာ တာ ဆိုတဲ့ အမျိုးသမီးတစ်ယောက်မှာရော၊ သူ(မ)မှာလည်း သေချာ ပေါက်ရှိနေပါတယ်။ ဒါပေမဲ့ ချစ်ရတဲ့ သမီးလေးကို ပိုင်ဆိုင်လာရတဲ့ အချိန်မှာတော့ ဒါတွေ အကုန်လုံးကို ပြည်ဖုံးကားချပြီး အကုန်လုံးကို ကျောခိုင်းထွက်လာပြီး နေရာအသစ် အလုပ်အသစ်နဲ့ မိသားစုနဲ့အတူ နေထိုင်ခဲ့ပါတော့တယ်။ဒါပေမဲ့ တစ်ရက်မှာတော့ သမီးဖြစ်သူနဲ့ ရှော့ပင်းမောလ်မှာ ဈေးဝယ် နေရင်း လုယက်မှုတစ်ခုနဲ့ တိုးသွားချိန်မှာတော့ သူနဲ့ သူရဲ့ မိသားစုကြား ဝေးကွာဖို့ စတင်အကြောင်းဖန်လာပါတော့တယ်။ ဓားပြတွေလက်ထဲ ကနေ သမီးဖြစ်သူကို ကယ်တင်ဖို့ ဓားပြတွေထဲက တစ်ယောက်ကို အယ် ရင် တစ်ယောက် ပစ်သတ်လိုက်တဲ့အချိန်ကစပြီး သူ့ရဲ့ အတိတ်ဆိုးတွေက သူနောက်ကို ပြန်လိုက်လာတဲ့ အခါမှာတော့ အယ်ရင်ရဲ့ အရင်ဘဝက ဘယ်လိုမျိုးဖြစ်မလဲ၊ လက်ရှိအလုပ်အကိုင်က ဆရာမဆိုပေမဲ့ တစ်ကယ့် အစစ်အမှန် ...
6.5
TMDb: 6.5/10 4900 votes
tv

Who Is Erin Carter? (2023)

2023
Laws of Attraction (2023) 10
Laws of Attraction (2023) Laws of Attraction / မေတ္တာဆွဲအား နိယာမများ (2023)ဒီတစ်ခါ CMကနေ BLပရိသတ်ကြီးအတွက် ရိုမန့်ဆန်တာလေးရော လှည့်ကွက်တွေ အက်ရှင်တွေပါဝင်တဲ့ BLကားကောင်းလေးတစ်ကားတင်ဆက်ပေးပါမယ်အရမ်းတော်ပြီးထက်မြက်ပေမဲ့ ပိုက်ဆံအကျိုးအမြတ်မျက်နှာသာကြည့်ပြီးလုပ်တဲ့ ရှေ့နေချန် ရှေ့နေချန်က လူငယ်တစ်ယောက်ပေမဲ့ အမှုကိစ္စတွေကိုင်တွယ်ရာမှာ အရမ်းတော်ပြီးသူလိုက်ရင်မနိုင်တဲ့အမှုမရှိသလောက်ပါ ငွေသာရမယ်ဆို အဲ့အမှုနိုင်အောင် အစွမ်းကုန်ကြိုးစားပေး ကလိမ်ဉာဏ်ဆင်တာတွေပါ လုပ်မဲ့လူတင်ကတော့ မိသားစုကိုအရမ်းချစ်တဲ့ တိုက်ကွမ်တိုဆရာလေးပါ သူ့မှာတွန်ခေါလို့ခေါ်တဲ့ မိဘမဲ့တူမလေးတစ်ယောက်ရှိပါတယ် သူအရမ်းချစ်ရတဲ့တူမလေးဟာ တစ်နေ့မှာ ကားတိုက်ခံရပြီး ဆုံးသွားပါတော့မယ် အမှုကိုလိုက်ပေမဲ့ တရားမျှတမှုမရှိခဲ့ပါဘူးတင်ရဲ့တူမအမှုကိုလိုက်ဖို့အတွက် ရှေ့နေချန်ကလည်းအပယ်ချခံခဲ့ရပါတယ် အဲဒီအမှုမှာ ဖုူံကွာ်ထားတာတွေရဇိတယ်လို့ထင်နေတဲ့ ရှေ့နေချန်ဟာ မကျေနပ်ဘဲ တင်နဲ့ပူးပေါင်းပြီး အဲ့အမှုကိုလိုက်တဲ့အခါမှာတော့ သူထင်ထားသလို မသမာမှုတွေရှိခဲ့ပါတယ်အမှန်တရားကိုဖော်ထုတ်ပြီးကြိုးစားရင်း အသက်အန္တရာယ်တွေနဲ့လည်းအမျိုးမျိုးတွေ့ကြုံခဲ့ရပါတယ် တစ်ဖက်မှာလည်း နှစ်ယောက်သားက အန္တရာယ်အတူကျော်ဖြတ်ရင်း ခံစားချက်တွေတိုးပွားလာတဲ့အခါမှာတော့.........အမှုမှန်ပေါ်ပေါက်မလား? ရှေ့နေချန် ရဲ့ အကြောင်းကရော? တင်ကရော အသက်ရှင်ပါ့မလား?ကဲ ဇာတ်လမ်းလေးထဲကြည့်လိုက်ရအောင်နော်အညွှန်းကိုတော့ Kong Hou က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Kong Hou, Mary Christ, Thada, Summer တို့ပဲ ဖြစ်ပါတယ်။Genre..... BL, Drama, ...
10
TMDb: 10/10 1 votes
tv

Laws of Attraction (2023)

2023
Divine Destiny ( 2023 ) 10
Divine Destiny ( 2023 ) ဒီတစ်ခါမှာတော့ ရှန်းရှဇာတ်လမ်းတွဲပရိတ်သတ်တွေကို အကြိုက်တွေ့စေမယ့် ဇာတ်လမ်းလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်ဇာတ်လမ်းလေးကတော့ မိစ္ဆာအရှင်ကိုလွှတ်ပေးလိုက်လို့ ကောင်းကင်ဘုံကနေ လူ့ပြည်ကိုပြည်နှင်ဒဏ်ပေးခံလိုက်ရတဲ့ နတ်မင်းလို အကြောင်းတစ်ခုခုကြောင့် အထင်ခံနေရတဲ့ ရော့ချန် တစ်‌ယောက်ကို ကျင့်ကြံသူကျန်းယင်းယင်က ရှီးရွှမ်ဂိုဏ်းကိုခေါ်လာခဲ့ပြီးတော့ လေ့ကျင့်စေခဲ့ပါဝာယ်အဲ့နောက်မှာတော့ ရော့ချန်တစ်ယောက် ဂိုဏ်းတူမိန်းကလေး ကုချင်းနဲ့ချစ်ကြိုးသွယ်မိသွားခဲ့ပါတယ် ရော့ချန်ကိုမေတ္တာသက်ဝင်နေမိတဲ့ ကျန်းယင်းယင်တစ်ယောက်ကတော့ လက်မလျှော့ဘဲ သူချစ်ရသူကို ကာကွယ်ဖို အမြှီးကိုးချောင်းမြေ‌ခွေးအဖြစ်ကျင့်ကြံခဲ့ပါတယ်အမှန်တရားဘက်ကနေ သွေဖယ်သွားခဲ့တဲ့ကျန်းယင်းယင်နဲ့ ရော့ချန်တို ဘာတွေဆက်ဖြစ်လာမှာလဲ... အယောင်ဆောင်ထားတဲ့သူက အစစ်မှန်ပေါ်လာတဲ့အချိန် ဘယ်လိုတွေဖြစ်သွားမှာလဲ ... ရေစက်ပါလာခဲ့တဲ့သူတိုနှစ်ယောက်ဘာတွေဆက်ဖြစ်မှာလဲ....-ဆရာတူအစ်မ ကျန်းယင်းယင်အဖြစ် Angelababy-အယောင်အဆောင်နတ်မင်း ကျိချန်ရော့အဖြစ် Ma Tianyu-ဂိုဏ်းတူမိန်းကလေး ကုချင်းအဖြစ် Xuan Lu-ပြည်နှင်ဒဏ်ပေးခံလိုက်ရတဲ့နတ်မင်းအဖြစ် အပျိုကြီးWang Zhuochengတို့က ပါဝင်ထားတာဖြစ်ပြီး CM ကနေမကြာခင်မှာဘာသာပြန်တင် ဆက်ပေးတော့မှာဖြစ်လို စောင့်မျှော်ကြည့်ရှုအားပေးကြပါဦးနော်==============================Quality : WEB-DL 1080p , 480p Total Episodes : 36 Format : mp4 Genres : Action , Fantasy , Drama Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated ...
10
TMDb: 10/10 1 votes
tv

Divine Destiny ( 2023 )

2023
The Lost Flowers of Alice Hart (2023) 8.1
The Lost Flowers of Alice Hart (2023)  Genre – Drama IMDB – 8.1/10 IMDB 8.1 ရရှိထားတဲ့ ၇ ပိုင်း မီနီ ဒရမ်မာစီးရီးကောင်း အသစ်ဖြစ်ပါတယ်။သြစတြေးယား ရှုခင်းအလှအပတွေနဲ့ ဆိုးဝါးတဲ့ ငယ်ဘဝနဲ့ ကောင်မလေးတစ်ယောက်အကြောင်း ပုံဖော်ထားတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် Avator တို့Alien တို့မှာ ပါဝင်သရုပ်ဆောင်ဖူးတဲ့ မင်းသမီးကြီး Sigourney Weaver ကလည်းအားဖြည့်ထားပါသေးတယ်။ ဇာတ်လမ်းလေးကတော့ အဲလစ်စ်ဆိုတဲ့ကောင်မလေးဟာ မိဘဖြစ်သူတွေနဲ့လူသူကင်းဝေးရာမှာ နေထိုင်ပါတယ်။ စာဖတ်ရတာလည်း အလွန်နှစ်ခြိုက်တဲ့ကောင်မလေးပေါ့။ မိခင်ဖြစ်သူကလည်း မောင်လေးလား ညီမလေးလားမွေးပေးတော့မယ့်အချိန်ပါ။ အဖေကလည်း ချစ်တယ်ဆိုပေမဲ့ ချုပ်ချယ်ပြီးလက်ပါတဲ့အထိ ဆုံးမတတ်လို့ တစ်ခါတရံ ပွန်းပဲ့နေတတ်တဲ့ကောင်မလေးမျိုးပေါ့။ဒီလိုနဲ့ တစ်ရက်ကျ သူတို့မိသားစုဘဝ ကံဆိုးမိုးမှောင်ကျပြီး တစ်အိမ်လုံး မီးလောင်ကျွမ်းကာ အမေရော အဖေရော သေဆုံးတဲ့အထိ ဖြစ်ကာ သူကိုယ်တိုင်လည်း မနည်းအသက်ကယ်ထားရတာပါ။ ဒီလိုနဲ့ မွေးစားမယ့်လူမရှိတုန်း သဘောကောင်းသူစာကြည့်တိုက်မှုးက မွေးစားချင်ပေမဲ့ အဖေဖက်က အဖွားဖြစ်သူ ရောက်လာပြီးမွေးစားသွားပါတယ်။ ဒီလိုနဲ့ ...
8.1
TMDb: 8.1/10 16 votes
tv

The Lost Flowers of Alice Hart (2023)

2023
The Chosen One (2023) 5.6
The Chosen One (2023) The Chosen One (2023) ==================ဒီတစ်ခါမှာတော့ CMပရိတ်သတ်ကြီးတို့အတွက် သဘာဝလွန်စွမ်း အားတွေပါတဲ့ စပိန်စီးရီးလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဂျိုဒီဆိုတဲ့ ငယ်ငယ်ကတည်းကသဘာဝလွန်စွမ်းအားတွေပိုင်ဆိုင် ထားတဲ့ ကောင်လေးနဲ့ သူ့ဘေးနားက ဗရုတ်‌ဗရက်သူငယ်ချင်းလေး တွေရဲ့ အရှုပ်ထုပ်ပေါင်းသောင်းခြောက်ထောင်ပေါ့။ဂျိုဒီဟာ သူ့မှာစွမ်းအားတွေရှိတယ်ဆိုတာကို အသက်၁၂နှစ်ရောက် တဲ့အထိ မသိခဲ့ပါဘူး။ တစ်နေ့ကျ သူ့သူငယ်ချင်းတူကာဟာ သူ့ဦးလေး လှော်လက်နဲ့ရိုက်ချခဲ့တဲ့ ဒဏ္ဍာရီလာဆိုင်ရန်သတ္တဝါကို သွားရှာကြမယ်၊ ရှာတွေ့ရင် သူတို့ကျော်ကြားလို့ ချမ်းသာပြီဆိုပြီး ဂျိုဒီကို အပါခေါ်၊ သူ ငယ်ချင်းတစ်အုပ် မိဘတွေကိုညာ၊ သဲကန္တာရကိုတောင်ဖြတ်ပြီး ပင်လယ် ဆီခရီးထွက်ခဲ့ကြပါတယ်။ စိတ်ကူးနဲ့အရူးထခဲ့တဲ့ သူငယ်ချင်းတစ်အုပ် ဘယ်ပြောကောင်းမလဲ သဲကန္တရာထဲ မသေရုံတမယ်ပါပဲ။အဲဒီခရီးကအပြန်မှာ ဂျိုဒီဟာ သူ့မှာစွမ်းအားတွေရှိနေမှန်းသိသွားခဲ့ပြီး သူ့အကြောင်းကလည်း ဟိုးလေးတကျော်ဖြစ်လာပါတယ်။ ဘုရားလို ကိုးကွယ်တဲ့သူတွေတောင်ရှိလာတာမို့ ငယ်သေးတဲ့ဂျိုဒီလေးတစ်ယောက် အဲဒီဒဏ်တွေကို ဘယ်လိုကျော်ဖြတ်ရပါ့မလဲ။ သူ့မှာ ဘာလို့အစွမ်းတွေရှိ နေရတာလဲ။ သူ့အစွမ်းတွေကရော ရိုးစင်းရဲ့လား။ သူဘာတွေဆက်ပြီး ကြုံတွေ့ရဦးမလဲဆိုတာ "The Chosen One"ဆိုတဲ့စီးရီးထဲမှာ အဖြေရှာ လိုက်ကြပါဦး။(ဒီစီးရီးရဲ့ အညွှန်းကို Ngwe Zin မှရေးသားပေးပြီး၊ ဘာသာပြန် ရေးသား ပေးသူများကတော့ Ngwe Zin, EL ဖြစ်ပါတယ်။)File Size.............(300 Mb) ...
5.6
TMDb: 5.6/10 1100 votes
tv

The Chosen One (2023)

2023
Fatal Seduction – Season (01) 7.4
Fatal Seduction – Season (01) [18+] Fatal Seduction - Season (01) - Part(1) =========================="ကာမ၊ ကာမေသု၊ မေထုန် ဆိုတဲ့ကိစ္စရပ်တွေက မလုပ်မနေရအလုပ်၊ ပြင်းပြတဲ့အရင်းခံဆန္ဒ၊ ဒါတွေကို ချစ်ခြင်းတရားရဲ့တံခါးပေါက်ဆိုပြီး လူ့အသိုင်းအဝိုင်းက ယုံကြည်စေချင်ကြတယ်" ဇာတ်လမ်းက ဤနိဒါန်း လေးအတိုင်းပါပဲ။ အိမ်ထောင်ရေးတစ်ခုမှာ ချစ်ခြင်းတရားတွေ ဆိတ် သုဉ်းပြီး အပြစ်တင်ခြင်းနဲ့မုသားတွေဝင်လာတဲ့အခါ ဘာတွေဆက်ဖြစ် လာမှာကိုကြည့်ရမဲ့ Dark Desire ဇာတ်လမ်းတွဲကို ပြန်လည်မှီငြမ်းရိုက် ကူးထားတဲ့ series လေးပဲဖြစ်ပါတယ်။နန်ဒီမာဟ်လာတီ ဆိုတဲ့အမျိုးသမီးတစ်‌ယောက်၊ ခင်ပွန်းသည်လီယိုနာ့ဒ် က သူ့လက်‌ထောက်မနဲ့ နေက်ကွယ်မှာဖောက်ပြန်နေတာကို သိပြီး‌တဲ့နောက် နေ့မှာပဲ သူငယ်ချင်းဖြစ်သူ ဘရန်ဒါနဲ့ ပိတ်ရက်အပန်းသွားဖြေတယ်။ အဲ့ နေ့ညမှာ နန်ဒီက ယောင်္ကျားကို စိတ်နာပြီး ကိုယ့်သားအရွယ်လောက်ရှိတဲ့ လူနဲ့မှောက်မှားမိသွားတယ်။ အဲလိုနဲ့အိမ်ပြန်ရောက်ပြီးနောက်ရက်ကျတော့ ဘရန်ဒါက ကိုယ့်ကိုယ့်ကိုယ်အဆုံးစီရင်သွားတယ်ဆိုပြီး သတင်းကြားလိုက် ရပါလေ‌ရော။ စုံစမ်းကြည့်လိုက်တဲ့အခါမှာတော့ ဒီအမှုဟာ သာမန်သွေးရိုး သားရိုးမဟုတ်ဘူးဆိုပြီး သံသယတွေရှိလာကြတယ်။ ဘရန်ဒါက တကယ်ပဲ ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်သွားတာလား၊ နန်ဒီတို့ အိမ်ထောင်ရေးကလည်း ဘာဆက်ဖြစ်မလဲဆိုတာကို စိတ်ဝင်တစားနဲ့ကြည့်ရူရမဲ့ Netflix ရဲ့ တောင် အာဖရိက ဇာတ်လမ်းတွဲလေးပဲဖြစ်ပါတယ်။(ဒီစီးရီးရဲ့ အညွှန်းနဲ့ဘာသာပြန် ရေးသားပေးသူကတော့ Khant Sett ...
7.4
TMDb: 7.4/10 28 votes
tv

Fatal Seduction – Season (01)

2023
Justified: City Primeval (2023) 7.8
Justified: City Primeval (2023) Justified: City Primeval (2023) ======================= Crime ,Drama IMDb Rating 7.8/10 Rotten Toamtoes 91%Rating တွေ အရမ်းကောင်းနေတဲ့ Hulu ဇာတ်လမ်းတွဲလေးတစ်ခု ဖြစ်ပါတယ်။ မိုင်ယာမီက နာမည်ကျော် အမေရိကန် ရဲအရှာရှိ ရေလန် ဂါဗင်က သမီးဖြစ်သူနဲ့အတူ ဒီထရိုက်မြို့ကို ခရီးနှင်လာပါတယ်။ နာမည် ကျော်တယ်ဆိုတာက ရေလန်ရဲ့ ပုံစံအနေအထားနဲ့ အရည်အချင်းတွေ ကြောင့်ပါ။ ကောင်းဘွိုင်တစ်ယောက်လို အမြဲဝတ်စားပြီး ဦးထုပ်ဆောင် ထားတတ်တဲ့ ရေလန်ဂါဗင်ဟာ ဒုစရိုက်လောကမှာတင် နာမည်ကြားရုံနဲ့ ကောင်းဘွိုင်ရဲဆိုပြီး အတော်လေး ရှိန်ကြပါတယ် ။ဒီထရိုက်ကိုရောက်တော့ လမ်းမှာ သူ့ကားကိုမှ ဓားပြတိုက်တဲ့ ၂ ကောင်ကို ကိုယ်တိုင်ဖမ်းဆီးပြီး တရားရုံးတင်ပေးလိုက်ပါသေးတယ်။ နောက်နေ့မှာပဲ တရားခွင်မှာစစ်ဆေးတဲ့ တရားသူကြီး အယ်ဗင်ဂိုင်း အသတ်ခံလိုက်ရပါတယ်။ သတ်သွားတဲ့သူကလည်း ထောင်နှုတ်ခမ်းဝကိုဝင်လိုက်ထွက်လိုက်လုပ်နေတဲ့ ကလဲမန့်မန်ဆယ်ပါ။ ကလဲမန့်ဆိုတာက စိတ္တဇသွေးအေးလူသတ်သမား ဖြစ်ပြီး ကတုံးပေါ်ထိပ်ကွက်လုပ်တတ်တဲ့ လူမိုက်မျိုးပါ။ သူတရားသူကြီးကို သတ်လိုက်ရာကနေ ကောင်းဘွိုင်ရဲ ရေလန်ဂါဗင်နဲ့ ထိပ်တိုက်တိုးပါတော့ တယ်။ ဆရာကြီး နှစ်ယောက်အားပြိုင်ကြတဲ့ ဇာတ်လမ်းတွဲမှာ ဘယ်သူက အသာရသွားမလဲဆိုတာကို အက်ရှင်ခပ်ကြမ်းကြမ်းတွေနဲ့ စိတ်ဝင်တစား စောင့်ကြည့်ရမှာ ဖြစ်ပါတယ်(ဒီစီးရီးရဲ့ ...
7.8
TMDb: 7.8/10 5600 votes
tv

Justified: City Primeval (2023)

2023
Low Frequency (2023) 10
Low Frequency (2023) Low Frequency (2023)လောလောလတ်လတ်ထွက်ရှိထားပြီး မင်းသားငယ်ငယ်ချောချောလေးတွေပါတဲ့ Romance, Fantasy, Drama, BL ဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးပါ့မယ်။Mon က ငယ်သူငယ်ချင်းဆုံးသွားပြီးတဲ့နောက်ပိုင်း အိပ်မက်တစ်ခုတည်းကိုပဲ ထပ်ခါထပ်ခါမက်လာတာ ၁၈ နှစ်ရှိနေပြီဖြစ်ပါတယ်။ သူ ဘာကြောင့် အဲဒီအိပ်မက်ကို မက်နေရလဲဆိုတာ အဖြေရှာမရဖြစ်နေတဲ့အချိန် Thames ဆိုတဲ့ နာမည်ကြီးမင်းသားလေးတစ်ယောက် သူ့ဘဝထဲဝင်လာပါတယ်။ Thames ရဲ့ မန်နေဂျာက Mon ရဲ့အစ်မဆိုတော့ သူတို့ချင်းရင်းနှီးသွားပြီး အပြန်အလှန်စကားတွေပြောကြရင်း ကြည်နူးစရာဇာတ်လမ်းလေး ဖြစ်လာခါနီးအချိန်မှာမှ Thames က ကားမှောက်ပြီး ဒဏ်ရာအပြင်းအထန်ရသွားပါတယ်။ အဲဒီအတောအတွင်း Mon ကို သူတို့မိသားစုကိုးကွယ်တဲ့ အဘဘုန်းကြီးက အဆောင်တစ်ခု အမြန်ပေးခိုင်းသွားပြီး သိပ်မကြာခင်မှာ သူတစ်ခုခုနဲ့ကြုံရတော့မယ်ဆိုတဲ့ သဘောမျိုး ပြောသွားပါတယ်။ ဒီတော့ Mon တစ်ယောက် သူ့အိပ်မက်တွေကို အဖြေရှာနိုင်ပါ့မလား၊ အဘဘုန်းကြီးပြောသလိုမျိုး တစ်ခုခုထူးဆန်းတာ ကြုံရတော့မလား၊ Thames နဲ့ရော အချစ်ဇာတ်လမ်းလေး ရှေ့ဆက်နိုင်ပါ့မလားဆိုတာကို ဇာတ်လမ်းထဲမှာပဲ စောင့်မျှော်ကြည့်ရှုလိုက်ကြရအောင်နော်။အညွှန်းကိုတော့ Moh Moh က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Moh Moh, Blue, ...
10
TMDb: 10/10 2 votes
tv

Low Frequency (2023)

2023
Love You Seven Times ( 2023 )
Love You Seven Times ( 2023 ) The Journey of Chong Zi ထဲကမင်းသမီးလေးYang Chao Yueနဲ့ Romance of a Twin Flowerထဲကမင်းသားလေး Ding Yu Xiရဲ့ အချစ်နတ်ကားလေးလာပါပြီ။တိမ်စလေး ရှန်ယွင်ဟာ ဖူးစာရေးနတ်ကြောင့် နတ်ဖြစ်လာပြီး ဖူးစာရေးနတ်ဆောင်မှာ အလုပ်လုပ်ရပါတယ်။ ချုးခုန်းဟာ မောင်ရစ်ကြယ်နတ်မင်းရဲ့တပည့်ဖြစ်ပြီး ချီလင်နတ်မျိုးနွယ်ရဲ့ ဒုတိယမင်းသားဖြစ်ပါတယ်။ဖူးစာရေးနတ်ဆောင်ကိုဝင်ရောက်ပြီးအမှားလုပ်မိခဲ့တဲ့အတွက် ရှန်ယွင်နဲ့အတူ (၇)ဘဝတာ အချစ်ဒုက္ခတွေကိုခံယူဖို့ဖြစ်လာပါတယ်။ အတိတ်မေ့ဆေးရေသောက်ခဲ့လို့ အတိတ်ကိုမမှတ်မိပေမယ့် ဘဝဆက်တိုင်းမှာ ရှန်ယွင်နဲ့တွေ့ပြီး သူ့ကိုချစ်မိပါတယ်။ရှန်ယွင်နဲ့ ချူးခုန်ဟာ (၇)ဘဝဆက်တိုက် ဘယ်လိုအချစ်ဒုက္ခတွေနဲ့ကြုံတွေ့ကြရမလဲ နတ်ကားတို့ထုံးစံအတိုင်း ဘယ်လိုအချိုတွေကျွေးပြီး ဘယ်လိုငိုအောင်လုပ်မလဲဆိုတာဆိုတာကို အတူခံစားလိုက်ရအောင်နော်Quality : WEB-DL 1080p , 720p Total Episodes : 38 Format : mp4 Genres : Drama , Fantasy Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Clytie Encoded by ...

Love You Seven Times ( 2023 )

2023
The Outsider ( 2023 )
The Outsider ( 2023 ) Three Lives Three worlds ထဲကတုန်းဟွာသိကျွင်း ကောင်းဝေကွမ်းရဲ့ခေတ်ကားသစ်လေးကိုတင်ဆက်လိုက်ပါတယ်အန်းရှန့်အဖွဲ့အစည်းရဲ့တည်ထောင်သူဝမ်ကျန့်မင် ကွယ်လွန်ပြီးနှစ်နှစ်နေတော့ ကုမ္ပဏီဟာအကြပ်အတည်းထဲကျရောက်လာပါတယ်၊ ဝမ်မိသားစုရဲ့သားအကြီးဖြစ်တဲ့ ဝမ်ကျွီးအန်းနဲ့ အန်းရှန့်ကုမ္ပဏီရဲ့ဥက္ကဌဖြစ်တဲ့ အဒေါ်ဝမ်ယာနန်တို့ဟာ စီးပွားအမြင်မတူပဲသဘောထားချင်းမတိုက်ဆိုင်ကြတော့ အာဏာပါဝါတွေယှဉ်ပြိုင်တဲ့တိုက်ပွဲကြီးဖြစ်လာပါတယ်။အန်းရှန့်အထက်ပိုင်းလူကြီးတွေရဲ့တိုက်ပွဲဟာ ဝန်ထမ်းလေးစူးမော့ကိုပါရိုက်ခတ်လာခဲ့တယ်။ ဒီအရှုပ်အထွေးတွေကြားထဲစူးမော့ပါဆွဲထည့်ခံရပြီး စူးမော့ရဲ့ရိုးသားကြိုးစားပြီးသင်ယူချင်စိတ်များလို့သာ အခက်အခဲတွေကိုကျော်ဖြတ်နိုင်ခဲ့ပြီး ဝမ်ကျွီအန်းရဲ့ညွှန်ကြားမှုအောက်မှာ အရှိန်နဲ့ကြီးပြင်းလာခဲ့ပါတယ်။ သူမထင်မှတ်ထားတာကတော့ စူးမော့ဟာ ဝမ်ယာနန်က သူ့ဘေးမှာထည့်ထားတဲ့ သူ့ကိုစောင့်ကြည့်ဖို့လွှတ်ထားတဲ့သူဖြစ်နေတာပဲ။သူတို့နှစ်ယောက်ဟာ အချင်းချင်းသိထား ကာကွယ်နေကြပေမယ့် ခံစားချက်တွေမထိန်းချုပ်နိုင်ပဲချစ်မိသွားပါတော့တယ်။ ကောင်းဝေကွမ်းရဲ့ CEOပုံရိပ်အမိုက်စားကိုကြည့်ရမှာမလို့ လုံးဝလက်မလွှတ်သင့်ပါဘူးနော်။======================Quality : WEB-DL 1080p , 480p Total Episodes : 38 Format : mp4 Genres : Romance , Drama Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK Episode 1 (720p) - MegaUp / Usersdrive / Yoteshin / StreamVid / StreamsSB Episode 1 ...

The Outsider ( 2023 )

2023
You Are Desire ( 2023 )
You Are Desire ( 2023 ) နှလုံးသားရဲ့ရင်ခုန်သံတွေက ဆယ်ကျော်သက်တိုင်းရဲ့ စိတ်မှတ်ဉာဏ်မှာ တစ်စိတ်တစ်ပိုင်း နေရာယူထားစမြဲပါပဲ... ဒီတစ်ခါမှာတော့ ကျောင်းသားအရွယ်ဘဝကို ပြန်တမ်းတစေမဲ့ လူငယ်ဒရာမာလေးကို CMက တင်ဆက်ပေးလိုက်ပါပြီနော်လင်းယွီကျင့်ဟာ မိဘ‌နှစ်ပါးရဲ့ကွာရှင်းမှုအပြီးမှာတော့ ဖခင်နဲ့အတူ မြို့သစ်တစ်မြို့ကို လိုက်ပါခဲ့ရပြီး ကျောင်းလည်းပြောင်းခဲ့ရပါတယ်၊ မိခင်သစ်ဖြစ်သူမှာ "ဖုမင်ရှိုး"လို့ခေါ်တဲ့ သားတစ်ယောက်လည်း ရှိပြီး ကိုယ်စီကိုယ်စီမာန်မာနနဲ့၊တစ်ဦးတည်းသော သားသမီးတွေလည်းဖြစ်တော့ အမြဲလိုလို အတိုက်ခံအချေအတင် ဖြစ်နေရပါတော့တယ်။နောက်ဆုံးမှာတော့ စိမ်းကားပြီး သူစိမ်းဆန်တဲ့ နေရာသစ်မှာ လင်းယွီကျင့်တစ်ယောက် နွေးထွေးရာရပ်ဝန်းလေးကို ခြေလှမ်းမိပါတော့တယ်။ ကျောင်းမှာ အနိုင်ကျင့်သူလို့နာမည်ကျော်တဲ့ ရှန်ကျွမ်နဲ့ တွေ့ဆုံခဲ့ရတဲ့အခါ... အချင်းချင်း အမြင်စောင်းနေတဲ့ဆက်ဆံရေးကနေ အတန်းဖော်၊ အတန်းဖော်ကနေ သူငယ်ချင်းဆက်ဆံရေးထိ တစ်ဆင့်စီရင်းနှီးကျွမ်းဝင်လာပြီးနောက်မှာ...အရင်မိခင်ဖြစ်သူဟာ ဖခင်ဆီကနေ လင်းယွီကျင့်ကို ပြန်ခေါ်ဖို့ ရောက်လာခဲ့ပါတော့တယ် မြို့သစ်ကိုစလာစဉ် မိုးသဲမဲစွာရွာနေတဲ့ထိုနေ့ ...ပထမဆုံးမြင်လိုက်ရတဲ့ လူတစ်ယောက်၊အတိုတောင်းဆုံးတဒဂလေးမှာတင် မှတ်ဉာဏ်ထဲ နေရာယူသွားခဲ့တဲ့ ထိုမျက်ဝန်းတစ်စုံ... ဒါတွေအားလုံးကို အဆုံးသတ်ဖို့ဖြစ်လာတဲ့အချိန်ရောက်လာတော့မယ့်အချိန်မှာတော့...=================Quality : WEB-DL 1080p , 720p Total Episodes : 30 Format : mp4 Genres : Drama , Romance Runtime : 45 min Subtitle : Myanmar Subtitle ...

You Are Desire ( 2023 )

2023
R U Next?  (2023)
R U Next? (2023) R U NEXT? (2023)အခုတင်ဆက်ပေးမယ့် Debut Survival Show လေးကဝောာ့ R U NEXT? ဆိုတဲ့ ရှိုးလေးပါပဲ။LE SSERAFIM တို့ New Jeans တို့လို နောက်ထပ်မွေးထုတ်ပေးမယ့် HYPE နဲ့ JTBC ရဲ့ Girl Group Project တစ်ခုဖြစ်ပါတယ်။ သင်တန်းသူပေါင်း ၂၂ယောက်ပါ၀င်မှာဖြစ်ပြီး နောက်ဆုံး ၆ယောက်အဖွဲ့နဲ့ပဲ ရွေးထုတ်ပြီးဖွဲ့ပေးသွားမှာပါ။ ကိုရီးယား ဂျပန် ထိုင်း အမေရိကန် အစရှိတဲ့ အချောလေးတွေ ၂၂ယောက်ပါ၀င်မှာဖြစ်ပြီး မျက်စိပသာဒ ဖြစ်ပြီး ရင်အေးစေမှာ အမှန်ပါပဲ။ Roundတိုင်းမှာ ခက်ခဲတဲ့မစ်ရှင်အများအပြားပါ၀င်မှာဖြစ်ပြီး Survial show တွေရဲ့ ထုံးစံအတိုင်း ရန်ဖြစ်တာတွေ ငိုယိုတာတွေ မြင်ရဦးမှာပါ။ ဒိုင်တွေကလည်း ပရိသတ် နဲ့ မစိမ်းတဲ့ Aiki, 2AMက Jo Kown, KARA က Gyuri, Wanna One ...

R U Next? (2023)

2023
Young Blood ( 2023 )
Young Blood ( 2023 ) တာ့စုန့်တိုင်းပြည်ကြီးက လူငယ်လေးတွေရဲ့စွန့်စားခန်း ဇာတ်လမ်းလေးဖြစ်တဲ့ သိုင်းကားကောင်းလေးတင်ဆက်ပေးလိုက်ပါပြီ။ ချင့်လိဘုရင်လက်ထပ် စုန့်တိုင်းပြည်မှာ တိုင်းပြည်ငြိမ်းချမ်းရေးအတွက် လူငယ်လေးတွေကိုလေ့ကျင့်ပြီးလျို့ဝှက်အဖွဲ့ဖွဲ့စည်းခဲ့တယ်။ ယွမ်ကျုံ့ရှင်း၊ ကျောက်ကျန်း၊ ဝမ်ခွမ်း၊ ရှောင်ကျင်း၊ ရှဲရင်းနဲ့ ဝေ့ယွမ်တို့(၆)ယောက်ဟာအဖွဲ့လေးတစ်ခုဖြစ်လာခဲ့တယ်။သူတို့(၆)ယောက်ဟာ စိတ်တူကိုယ်တူနဲ့ အခက်အခဲတွေ အမျိုးမျိုးကျော်ဖြတ်ပြီး ရင့်ကျက်လာခဲ့ကြတယ်။ စုန့်၊ရှတိုင်းပြည်နှစ်ပြည်ရဲ့ စစ်ပြေငြိမ်းရေးအောင်မြင်ဖို့ရာ ရှအိမ်ရှေ့မင်းသားကိုကူညီဖို့တာဝန်ဟာသူတို့ကိုယ်ပေါ်ကျရောက်လာခဲ့ပါတယ်။ တာဝန်အရ သူတို့(၆)ယောက်သား ရှတိုင်းပြည်ကိုခရီးထွက်လာခဲ့ကြတယ်။ သူတို့ကိုဘယ်လိုအန္တရာယ်တွေကစောင့်ကြိုနေမလဲ...... စစ်ပြေငြိမ်းရေးဆွေးနွေးခြင်းရဲ့နောက်ကွယ်က ရည်ရွယ်ချက်ကရောဘာတွေဖြစ်နေမလဲ...... လူငယ်လေး(၆)ယောက်ရဲ့စွန့်စားခန်းလေးကို ဆက်ပြီးစောင့်မျှော်ကြည့်ရှုလိုက်ပါဦးနော်......Quality : WEB-DL 1080p , 720p Total Episodes : 27 Format : mp4 Genres : Action , Mystery , Crime Runtime : 1h 10 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Clytie Encoded by LK Episode 1 - MegaUp / Usersdrive / Yoteshin / StreamVid  Episode 1 (1080p) - MegaUp ...

Young Blood ( 2023 )

2023
Dayaa (2023) Complete 6
Dayaa (2023) Complete Dayaa (2023) ============ ဘောလိဝုဒ်ရဲ့ မှုခင်း သည်းထိတ်ရင်ဖိုစီးရီးကြိုက်နှစ်သက်သူတွေဖို့ Disney+Hosterက စီးရီးကောင်းတခုနဲ့မိတ်ဆက်ပေးချင်ပါတယ်....အညွန်းအအေးခန်းကားမောင်းသမားက မီးဖွားတော့မယ်ဇနီးအတွက် အလုပ်ကို ပုံမှန်ထက် ပိုပြီးကြိုးစားကာ ပိုက်ဆံရှာနေတဲ့ ဒရိုင်ဘာတစ်ယောက်ပါ နေ့မအိပ်ညမအိပ်ကားမောင်းပြီး အိမ်တောင် မပြန်နိုင်ရှာတဲ့ သူဟာ စိတ်သဘောထားလဲပြည့်ဝသူဖြစ်ပြီး အလုပ်ကိုလဲ သေသေချာချာစီစီစစ်စစ် လုပ်နိုင်သူဆိုလဲ မမှားပါဘူး....ဒါပေမဲ့ သူသတိလက်လွတ်နဲ့ ပြီးစလွယ်လက်ခံလိုက်မိတဲ့ ကုန်ပို့လက်ခံမှုတခုမှာ မထင်မှတ်ထားတဲ့ ပြဿနာတခုနဲ့ကြုံလိုက်ရတဲ့အခါ...ပြဿနာကတော့ သူ့ကားရဲ့အအေးခန်းထဲမှာ ဘယ်သူဘယ်ဝါမှန်းမသိတဲ့ သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတဲ့ မိန်းကလေးတဦးရဲ့အလောင်းပါလာတာပဲဖြစ်ပါတယ်....ဒီအလောင်းကို ဘယ်သူလာထည့်သွားတာလဲ...ဒီအလောင်းက ဘယ်သူများလဲ ဘာအတွက်ကြောင့် သေဆုံးရတာလဲ ဘယ်သူသတ်တာလဲ နောက်ကွယ်မှာဒီအလောင်းကို လာတင်သွားသူကရော ဘယ်သူလဲ စတဲ့ အတွေး‌တွေး မေးခွန်းပေါင်းများစွာနဲ့ တပိုင်းပြီးတပိုင်း plot twistတွေ စီးမျောသွားအောင် ဆွဲဆောင်နိုင်မယ့် စီးရီးကောင်းတခုမလို့ တင်ဆက်ပေးလိုက်ရပါတယ်File Size – 500MB / 250MBQuality – 1080p / 720pDuration – 25minsTotal Episodes: 8EpsSubtitle – Myanmar HardsubFormat – Mp4Genre : Crime~Thriller~MysteryTranslator ...
6
TMDb: 6/10 1 votes
tv

Dayaa (2023) Complete

2023