Channel Myanmar

2022

Silent (2022)
Silent (2022) Silent (2022)=====================မနှစ်က My Love Mix-Up! နဲ့လူသိများလာတဲ့ အဆိုတော်မင်းသားလေး Meguro Ren နဲ့အတူ One Week Friend ထဲကမင်းသမီးလေး Haruna တို့ ခေါင်းဆောင်ပါဝင်ထားတဲ့ အဖီးလ်တစ်လိုင်းဂျပန်ဒရာမာစီးရီးလေးလာပါပြီ။ဇာတ်လမ်းအညွှန်းလေးကတော့...'ဆုမုဂီ'ဆိုတဲ့ကောင်မလေးဟာ သူအထက်တန်းကျောင်းသူဘဝတုန်းက အသံလေး​ကြားပြီး ကျိတ်သဘောကျခဲ့ရတဲ့၊ သီချင်းနားထောင်ရတာဝါသနာပါတာလည်းတူ အကြိုက်ချင်းလည်းတူတဲ့'ဆိုး'ဆိုတဲ့ကောင်လေးနဲ့ လိုက်ဖက်တဲ့စုံတွဲလေးဖြစ်ခဲ့ပေမယ့် အထက်တန်းကျောင်းပြီးတဲ့အချိန်မှာတော့ မည်မည်ရရမရှိတဲ့ အကြောင်းပြချက်တွေနဲ့ 'ဆုမုဂီ'နဲ့ ကျောင်းကသူငယ်ချင်းတွေကို ဗြုန်းစားကြီးအဆက်အသွယ်ဖြတ်ပြီး ခြေရာဖျောက်သွားပါတော့တယ်။ဆုမုဂီတစ်ယောက် ငယ်ချစ်ဦးပေးခဲ့တဲ့ ဒဏ်ရာတွေကိုကုစားရင်း အချိန်တစ်ခုအရောက်မှာ အချစ်သစ်နဲ့ အခြေတကျနေထိုင်ဖို့စဥ်းစားနေစဥ် 'ဆိုး'ကိုအမှတ်မထင်ပြန်ဆုံလိုက်ရတဲ့အခါမှာ သူထင်ထားခဲ့သလို သစ်စိမ်းချိုးချိုးပြီးထားခဲ့တာမဟုတ်ဘဲ အကြားအာရုံချို့ယွင်းသွားမှုကြောင့်သာ အားလုံးနဲ့ဝေးရာကိုရှောင်ပြေးခဲ့တဲ့ 'ဆိုး' အဖြစ်ကိုသိလိုက်ရတဲ့အချိန်မှာတော့ ဘယ်လိုတွေဆက်ဖြစ်လာမလဲဆိုတာ....အပတ်စဉ် သောကြာနေ့တိုင်း တစ်ပတ်တစ်ပိုင်း ထုတ်လွှင့်သွားမှာ ဖြစ်ပြီးတော့ စုစုပေါင်း ၁၀ ပိုင်း ထုတ်လွှင့်သွားမှာပဲ ဖြစ်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Moe Pwint Phyu ပဲ ဖြစ်ပါတယ်။Genre..... Drama Quality…. 1080p | 720p File size… 1GB | 400MB Format… mp4 Duration…. 54min Subtitle…. ...

Silent (2022)

2022
The Silence of the Monster (2022)
The Silence of the Monster (2022) ဒီတစ်ခါ CMကနေ တင်ဆက်ပေးမဲ့ ဇာတ်လမ်းလေးကတော့လျှိဝှက်ဆန်းကြယ်တဲ့ အတိတ်ကိုပိုင်ဆိုင်ထားတဲ့သော့ဆရာ ဟယ်ချူးဖုန်အဖြစ် Double Love ထဲက မင်းသား Bi Wen Jun (Bevan)တက်ကြွတဲ့ အလုပ်သင်ရှေ့နေမချောချောလေး ဆွေယိအဖြစ် မင်းသမီး Annie Sunရှေးဟောင်းပစ္စည်းဆိုင်ပိုင်ရှင်ဖြစ်ပြီး ရှေးဟောင်းပစ္စည်းကိုစက္ကန့်ပိုင်းအတွင်း တန်ဖိုးဖြတ်နိုင်သူ လော့ပင်းအဖြစ်Shining Just For Youထဲက မင်းသား Zhu Zheng Ting (Jung Jung)လေလံရောင်းချသူဖြစ်ပြီး ရှေးဟောင်းပစ္စည်းတန်းဖိုးဖြတ်ရာတွင်ပါရမီရှင်လေးဖြစ်တဲ့ ဖန်းချီအဖြစ် မင်းသမီး Zhang Bo Jia (Baby Zhang) တိုကအဓိက ပါဝင်သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်ဇာတ်လမ်းလေးကတော့ ဟယ်ချူးဖုန်နဲ့ လော့ပင်းတို အတူလုပ်ကြတဲ့တရုတ်ရှေးဟောင်းပစ္စည်းအရောင်းဆိုင်ကို တစ်နေ့မှာအလုပ်သင်ရှေ့နေမလေး ဆွေယိဟာ ရောက်လာပြီးအကြောင်းကြောင်းကြောင့်အတူတူစုနေဖို ဖြစ်လာကြတယ်…နောက်ကျတော့ လေလံရောင်းချသူ ဖန်းချီဟာလည်းဒဏ်ရာတစ်ခုရလာပြီး ရောက်လာပြန်တယ်အဲ့ဒီအမျိုးသမီး၂ယောက် ရုန်းရင်းဆန်ခတ်ရောက်လာချိန်မှာသူတိုရဲ့ဘဝလည်းဇောက်ထိုးပြောင်းသွားပါလေရောမြင်မြင်ချင်းအချစ် ဘာညာတွေ ဖြစ်ကြမလား မသိဘူပေါ့နော်လူငယ်ပီပီ ဘဝကို တက်တက်ကြွကြွ အတူတူဖြတ်သန်းကြရင်းနောက်ပိုင်းမှာ ဘယ်လိုဇာတ်လမ်းလေးတွေ ဖြစ်လာမလဲစိတ်ညစ်စရာတွေ ...

The Silence of the Monster (2022)

2022
Dragon Age: Absolution (2022) 6.4
Dragon Age: Absolution (2022) Dragon Age: Absolution (2022) ======================= IMDb Rating - 6.4/10ဒီတစ်ခါမှာတော့ CM ပရိသတ်ကြီးတို့အတွက် Animation Series ကောင်းလေးတစ်ခု တင်ဆက်ပေးလိုက်ရပါတယ်။ မှော်အတတ်တွေ ဂမ္ဘီရသတ္တဝါတွေကြီးစိုးခဲ့တဲ့ ခေတ်ကာလတစ်ခုအကြောင်းသရုပ်ဖော် ထားတဲ့ Fantasy ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ရှေးခေတ် Tevinter နိုင်ငံတော်ကြီးမှာ သာမန်လူသားတွေနဲ့အတူ မှော်ဆရာတွေ ဝါဒဖြန့်ဂိုဏ်းတွေ နတ်မိစ္ဆာတွေ နတ်သူငယ်လေးတွေ ပါ အတူယှဉ်တွဲနေထိုင်ကြရာမှာ ခွဲခြားဆက်ဆံခံရမှုတွေနဲ့ ပြည့်နှက် နေခဲ့ပါတယ်။ မှော်အတတ်ကသာအရေးအပါဆုံးဖြစ်နေပြီး တိုင်းပြည် ရဲ့ကာကွယ်စောင့်ရှောက်သူတွေကလည်း မှော်အစွမ်းရှိတဲ့ဘယ်လို ပုဂ္ဂိုလ် ဘယ်လိုသတ္တဝါမျိုးကိုမဆို ပစားပေးထားပြီး မတရားမှုမှန်သမျှ ကိုလည်း မျက်ကွယ်ပြုထားခဲ့ကြပါတယ်။ အထက်ဖားအောက်ဖိစနစ်နဲ့ တိုင်းပြည်မှာကျွန်ပြုခံနေရာကနေ လွတ် မြောက်လာတဲ့ Mirium ဆိုတဲ့ နတ်သူငယ်မလေးကတော့ Tevinter နိုင်ငံအပြင်ဘက်မှာပဲ ကြေးစားလုပ်ကြံသူတစ်ယောက်အနေနဲ့ ဇာတ် မြှုပ်နေထိုင်နေရာ၊ တစ်နေ့မှာတော့ ချစ်သူဟောင်း Hira ရဲ့ကမ်းလှမ်းမှု ကြောင့် လျို့ဝှက်စစ်ဆင်ရေးတစ်ခုကိုလက်ခံလိုက်တဲ့အတွက် Tevinter ကိုပြန်သွားရဖို့ဖြစ်လာခဲ့ပါတယ်။ တန်းတူအခွင့်အရေးမရရှိခဲ့လို့ နေရပ် တိုင်းပြည်ကိုမုန်းတီးနေသူ Mirium တစ်ယောက်.... တိုင်းပြည်ရဲ့မှော်ဝင် ရှေးဟောင်းပစ္စည်းတစ်ခုကို ခိုးယူပေးရဖို့ဖြစ်လာတဲ့အခါ..... ရှေ့ဆက် ရင်ဆိုင်ရမယ့်စွန့်စားခန်းတွေကို စောင့်မျှော်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (ဒီစီးရီးရဲ့ အညွှန်းနဲ့ ဘာသာပြန် ရေးသားပေးသူကတော့ Hnin Wut Yi ဖြစ်ပါတယ်။)File ...
6.4
TMDb: 6.4/10 2000 votes
tv

Dragon Age: Absolution (2022)

2022
The First Responders (2022)
The First Responders (2022) ဒီကားမှာဆိုရင်တော့ ရဲတပ်ဖွဲ့နဲ့မီးသတ်ဌာနရဲ့ပူးတွဲစစ်ဆင်ရေးတွေကို စိတ်လှုပ်ရှားစွာနဲ့ကြည့်ရှုရမှာပါစာရိတ္တမကောင်းတဲ့လူဆိုးတွေကိုဖမ်းပြီး သူ့ရဲ့ထက်မြက်တဲ့အရည်အချင်းတွေနဲ့ ပြစ်မှု မှုခင်းတွေကိုအရယူပြီး တရားခံတွေရဲ့စိတ်ကိုဖတ်နိုင်တဲ့ နိုင်လိုစိတ်ပြင်းပြတဲ့ခက်ထန်တဲ့စုံထောက် Jin Ho Gae. အပြင်ပန်းကနေကြည့်ရင်တော့အေးတိအေးစက်နိုင်ပေမယ့် နစ်နာသူတွေအပေါ်ဂရုစိုက်ပေးတဲ့ အကြောက်တရားကင်းမဲ့တဲ့မီးသတ်သမား Bong Do Jin. သူတို့နှစ်ယောက်နဲ့အတူတူပူးပေါင်းပေးမှာကတော့ စာနာတတ်တဲ့ဆေးဘက်အကူ Song Seol ပဲဖြစ်ပါတယ် ဒီသုံးယောက်ပေါင်းပြီးအမှုတွေကိုဘယ်လိုဖြေရှင်းသွားမလဲ ဘယ်လိုအက်ရှင်ဆန်ဆန်နဲ့ရင်ခုန်ရမလဲဆိုတာကြည့်လိုက်ရအောင်နော်Kim Rae Won, Son Ho Jun, Gong Seung Yeon တို့ပါဝင်သရုပ်ဆောင်ထားတဲ့ The first responders ဆိုတဲ့ကားလေးကို အပတ်စဥ် စနေ့နေ့မှာတင်ဆက်သွားပြီး အပိုင်း 12 ပိုင်းပြသသွားမှာဆိုတော့ အမြဲမပြတ်စောင့်ကြည့်ပေးကြပါဦးနော်Quality : 1080p / 720pTotal Episodes : 12EpsFormat : mp4Genres :DramaDuration :1h 5minsSubtitle : Myanmar Subtitle ( Hardsub )Translated by  Cali ~ Yong Hom~ Summer ~ Go-OEncoded ...

The First Responders (2022)

2022
Real Fake (2022)
Real Fake (2022) Real Fake (2022)ငွေနှင့်ရေးသည့် နဖူးစာ မင်ရည်ကျဲ၏ မကျဲ၏ဘယ်သူက အစစ်အမှန်ဖြစ်ပြီး ဘယ်သူက အတုအယောင်လဲ? ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဒီဇာတ်ကားလေးထဲမှာတော့ Tourist ရဲအရာရှိတစ်ယောက်ဖြစ်တဲ့ Gob ဟာ ဆိုရှယ်မီဒီယာမှာလည်း အတော်လေး နာမည်ကြီးတဲ့သူပါ။ ဒီလိုနဲ့တစ်နေ့မှာတော့ Gob ဟာ လူလိမ်ဂိုဏ်းတစ်ခုကို စုံစမ်းဖမ်းဆီးဖို့ တာဝန်ကျလာပါတယ်။ အဲဒီလူလိမ်ဂိုဏ်းကို ဦးဆောင်နေတာကတော့ Real ခေါ်တဲ့ မိဘမဲ့မိန်းမလှလေးတစ်ယောက်ပါပဲ။ တစ်နေ့မှာတော့ Real ဟာ ဒေါ်လာသန်းပေါင်းများစွာထည့်ထားတဲ့ အိတ်တစ်လုံးကို ကောက်ရခဲ့ပြီးတဲ့နောက် ငွေအတုရောင်းဝယ်မှုလောကထဲကို ခြေချဖို့ ဖြစ်လာခဲ့ပါတော့တယ်။ဒီလိုနဲ့ လူလိမ်ဂိုဏ်းကိုဦးဆောင်နေတဲ့ကောင်မလေးနဲ့ လူလိမ်ဂိုဏ်းကို ဖမ်းဆီးဖို့ကြိုးစားနေတဲ့ ရဲအရာရှိတို့ရဲ့ကြားမှာ ခံစားချက်တွေ တဖြည်းဖြည်းပေါက်ဖွားလာခဲ့ပြီးတဲ့နောက် ရဲတစ်ယောက်ဖြစ်တဲ့ Gob ဟာ အချစ်အတွက် Real ကို ကူညီမလား၊ ဒါမှမဟုတ် သူ့ရဲ့အလုပ်တာဝန်ကိုပဲ ကျေပွန်အောင် ဆောင်ရွက်သွားမလား။ဘယ်သူ့ရဲ့ခံစားချက်တွေက အစစ်အမှန်ဖြစ်ပြီး ဘယ်သူက အတုအယောင်ဖြစ်မလဲ။ သူတို့နှစ်ယောက်ရဲ့ ဇာတ်လမ်းဟာ ချစ်ခြင်းတရားနဲ့ပဲ အဆုံးသတ်သွားမလား ဆုံးရှုံးမှုတွေနဲ့ပဲ အဆုံးသတ်သွားမလား ဒါမှမဟုတ် တခြား ဘယ်အရာတွေများ ဆက်ဖြစ်လာဦးမလဲဆိုတာ စိတ်ဝင်စားဖွယ် စောင့်မျှော်ကြည့်ရှုနိုင်ပါပြီ။အညွှန်းကိုတော့ Hmwe ...

Real Fake (2022)

2022
Riches (2022)
Riches (2022) Riches (2022)ထိတ်ထိတ်ကြဲ လူမည်း မိသားစုကြီးအကြောင်း ကျကျနနရိုက်ပြထားတဲ့ Prime Video ရဲ့ စီးရီးအသစ်တစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်အာဖရိကနွယ်ဖွား စတီဗင်ရစ်ချတ်ဟာ လူမျိုးရေး ခွဲခြားဖိနှိပ်မှုတွေ ကြားထဲက UK စီးပွါးရေးလောကမှာ ကြီးကျယ်ခမ်းနားတဲ့ Cosmetics empire ကြီးတစ်ခုကို တည်ထောင်နိုင်ခဲ့တဲ့ ထိပ်တန်း လုပ်ငန်းရှင်တစ်ယောက်ပါစတီဗင်မှာ အိမ်ထောင်နှစ်ဆက်ရှိပြီး ပထမအိမ်ထောင်နဲ့ သားသမီး ၂ ယောက် လက်ရှိဒုတိယအိမ်ထောင်နဲ့ သားသမီး ၃ ယောက်ရှိပါတယ်တစ်နေ့ စတီဗင်တစ်ယောက် ရုတ်တရက်ကြီး ကောက်ခါငင်ကာ သေသွားတဲ့အခါမှာတော့ အမွေကိစ္စနဲ့ပတ်သက်ပြီး အဖေတူ အမေကွဲ မောင်နှမတွေ ကြားထဲမှာ သဘောထား ကွဲလွဲမှုတွေ၊ သံသယတွေနဲ့ တိုက်ပွဲတွေ ပြင်းထန်လာပါတော့တယ်ကြီးကျယ်ခမ်းနားလှတဲ့ လုပ်ငန်းစုကြီးရဲ့ စရိုက် မတူတဲ့ သားသမီး ၅ ယောက်အကြားက အားပြိုင်မှုတွေ၊မိသားစု အရှုပ်တော်ပုံတွေကို Racial profiling တွေ Cultural appropriation တွေနဲ့ ရောနှော တင်ဆက်ထားတာဖြစ်လို့ အချိန်ကုန်ရကျိုးနပ်မယ့် စီးရီးတစ်ခုပါစုစုပေါင်း ၆ ပိုင်းပဲ ရှိပြီး ဆက်တိုက်ဆိုသလို တင်ပေးသွားပါမယ်။အညွှန်း နဲ့ ...

Riches (2022)

2022
The Recruit (2022) 7.2
The Recruit (2022) The Recruit (2022) ============== IMDb Rating - 7.2/10ဒီကနေ့မှ Netflix ကနေ အသစ်ထွက်ရှိလာတဲ့ အမေရိကန် CIA စီးရီးတစ်ခုကို CM ပရိသတ်ကြီးအတွက်တင်ဆက်ပေးလိုက်ပါတယ်။ To all the boys I've loved before မှာ လူကြိုက်များခဲ့တဲ့ မင်းသား Noah Centineo က အဓိက ဇာတ်လိုက်အနေနဲ့ ပါဝင်သရုပ်ဆောင် ထားပါတယ်။ဇာတ်လမ်းအကျဉ်း .............................. အိုဝင် ဟန်းဒရစ်စ် ဆိုတဲ့ လူချောလေးက အမေရိကန် အထွေထွေအကြံ ပေးဌာနကို အသစ်ရောက်ရှိလာတဲ့ လူငယ်‌ရှေ့နေတစ်ယောက်ပါ။ အလုပ် စဝင်ဝင်ချင်း နှစ်ရက်မြောက်မှာပဲ ဆီးနိတ်ထောက်လှမ်းရေးကော်မတီ အကြီးအကဲနဲ့ တစ်ပွဲတစ်လမ်းအကဲစမ်းပြီးတဲ့နောက် စီအိုင်အေဌာနကို လိပ်မူပြီးပို့တဲ့ ခြိမ်းခြောက်စာဖိုင်တွဲတွေကို စစ်ဆေးဖို့ တာဝန် အပေးခံလိုက် ရပါတယ်။ဖိုင်တွဲတွေကို စစ်ဆေးနေရင်းမှာ မက်စ် မလာဇေ့ လို့ခေါ်တဲ့ အမျိုးသမီး တစ်ယောက်က သူ့ကို ထောင်ကနေ ထုတ်မပေးရင် အေဂျင်စီရဲ့ ထိပ်တန်း လျှို့ဝှက်ချက်တွေ အကုန်ပါတဲ့ သတင်းတွေကို ထုတ်ဖော်ပြောပစ်မယ်ဆိုပြီး ခြိမ်းခြောက်ထားတဲ့ စာကို တွေ့လိုက်ရပါတယ်။ သူမက အလွန်အန္တရာယ်များတဲ့ စစ်ဆင်ရေးတွေအကြောင်း ...
7.2
TMDb: 7.2/10 1700 votes
tv

The Recruit (2022)

2022
Chainsaw Man (2022) 10
Chainsaw Man (2022) Chainsaw Man    ====================== Chainsaw Man ဟာ Manga မှာထဲကတော်တော်ကို hype ခဲ့တဲ့ ဇတ်လမ်းပါအခုတော့ Anime ဇတ်လမ်းတွဲ အနေနဲ့ စထွက်လာခဲ့ပါပြီအကြွေးတွေ ပတ်လည်ဝိုင်းပြီး မသေရုံတမယ် စားသောက်ပြီးအသက်ရှင်နေရတဲ့ Denji ဆိုတဲ့ ကောင်လေး တစ်ယောက်ရှိပါတယ်သူ့မှာ ဖခင်ချန်ခဲ့တဲ့ အကြွေးတွေ ဆပ်ရင်း တစ်ရက်ကို ပေါင်မုန့်တစ်ချပ်လောက်စားရဖို့ အရေး ရုန်းကန်လှုပ်ရှားနေရသူပါ တစ်ရက်မှာတော့ သူ့ဘ၀ ထဲကို Pochita လို့ခေါ်တဲ့ Devil Pet လေး တစ်ကောင် စရောက်လာပြီး အတူတူ မကောင်းဆိုးဝါးတွေကိုကြေးစားလိုက်သတ်ရင်း အကြွေးတူတူ ဆပ်ကြတာပေါ့တစ်ရက်မှာတော့ Denji ရဲ့ အလုပ်ရှင်က အလုပ်တစ်ခုကို ထပ်အပ်ပါတယ်အဲ့ဒီ အလုပ်ကနေ စပြီး Denji ရဲ့ ဘ၀ ပြောင်းလဲသွားဖို့ အကြောင်းဖန်လာခဲ့သောအခါ Episodes : 12 (Ongoing)File Size   : 300MB / 250mbQuality     :Web-Dl. ...
10
TMDb: 10/10 5 votes
tv

Chainsaw Man (2022)

2022
Let the Right One In (2022)
Let the Right One In (2022) Let the right one in (2022)ဟောလိုးဝင်းရာသီ​ ရောက်ပြီဆို​တော့ Horror genreရုပ်ရှင်နဲ့ စီးရီး​တွေ စတင်ထွက်ရှိလာပြီဖြစ်လို့ ဒီတစ်ခါမှာ​ Showtime Streamingက ထုတ်လွှင့်​နေတဲ့ Horror,Drama စီးရီး​လေးကို တင်ဆက်​ပေးလိုက်ပါတယ်။ Episode 10ပိုင်း ပါဝင်မှာဖြစ်ပြီး အပတ်စဉ် ​သောကြာ​နေ့တိုင်း တင်ဆက်​ပေးသွားမှာပါ။ဒီစီးရီးက ဆွီဒင်စာ​ရေးဆရာကြီး John Ajvide Lindqvistရဲ့ နာမည်ကြီးဝတ္ထု Let the Right One In ကို series version အဖြစ် ပြန်လည်အသက်သွင်းထားတာဖြစ်ပါတယ်။ အ​ရှေ့မှာ ဒီနာမည်နဲ့ပဲ ဆွီဒင်ဗားရှင်းနဲ့ အ​မေရိကန်ဗားရှင်း ရုပ်ရှင်၂ကား ရှိခဲ့ပြီး ၂ကားလုံးလည်း ​အောင်မြင်ခဲ့ပါတယ်။ လက်ရှိစီးရီးက တစ်ပိုင်းပဲ ထွက်ရှိ​သေးပြီး RT 70% ရရှိထားပါတယ်။အဲလီ​နောနဲ့ ဖခင်ဖြစ်သူ မာ့ခ်တို့ဟာ လူတစ်​ယောက်​နောက်ကို လိုက်ရင်း အ​မေရိကန်တစ်နိုင်ငံလုံးကို ​ခြေဆန့်​နေသူ​တွေ​ပေါ့။ သူတို့​တွေလိုက်ရှာ​နေတာက တခြားသူမဟုတ်ဘဲ အဲလီ​နောကို ဗန်ပိုင်းယားဖြစ်​အောင် ပြောင်း​ပေးသွားတဲ့သူပါ။ ဒါ​ကြောင့်မို့ အဲလီ​နောတို့ဟာ သဘာဝလွန်လူသတ်မှု​​တွေဖြစ်​တဲ့​နေရာတိုင်း ထိုသူကိုလိုက်ရှာရင်း ...

Let the Right One In (2022)

2022
Curtain Call(2022)[Complete]
Curtain Call(2022)[Complete] Curtain Call(2022)****************အပိုင်း ( ၁ မှ ၁၆) ထိ စ/ဆုံးဒီတစ်ခါ series အသစ်လေးမှာတော့ kdrama fan တွေနဲ့ရင်းနှီးပြီးသားဝါရင့်သရုပ်ဆောင်အကျော်အမော်တွေပါဝင်သလိုHa Ji Won ရဲ့ 2022 Comeback drama တစ်ခုလို့ပြောရင်လည်းမမှားပါဘူး။ Ja Geum Soon ဟာ မြောက်ကိုရီးယားကနေ ထွက်ပြေးလာတဲ့လမ်းမှာ ခင်ပွန်းနဲ့ကွဲကွာပြီးတောင်ကိုရီးယားကို တစ်ယောက်တည်းလွတ်မြောက်လာရာကနေအောင်မြင်တဲ့ဟိုတယ်ပိုင်ရှင်သူဌေးမအဖြစ် နှစ်ပေါင်းများစွာရပ်တည်လာခဲ့ပါတယ်။အသက်တွေကြီးလာတဲ့အခါ သူကိုယ်တိုင်တောင်မမြင်ဖူးတဲ့ မြောက်ကိုရီးယားကမြေးဖြစ်သူကိုမသေခင်တွေ့သွားချင်တာကြောင့် အပူတပြင်းလိုက်ရှာပါတော့တယ်။သူဌေးမရဲ့လက်ထောက်ကတော့ သခင်စိတ်ချမ်းသာပါစေ ဆိုတဲ့ရည်ရွယ်ချက်နဲ့ ပြဇာတ်သရုပ်ဆောင်တစ်ယောက်ကို အစားထိုးဖို့ဖြစ်လာတဲ့အခါ.....ဘယ်လို အလှည့်အပြောင်းတွေဖြစ်လာမလဲဆိုတာကိုတော့ အပတ်စဥ် တနင်္လာအင်္ဂါနေ့တိုင်း CM ကနေကြည့်ရှုလို့ရပါပြီနော်..... ။ဇာတ်လမ်းအညွှန်းကိုတော့Hnin Wut Yi ကရေးသားထားပေးပါတယ်...    Episodes: 16File Size:1.1GB, 500MBQuality :Web-DL 1080p,720PGenres: Business, Life, DramaTranslated by  Hay Thar Oo , A Htet ,  Thynn Nu Swe,   ...

Curtain Call(2022)[Complete]

2022
Berserk: The Golden Age Arc – Memorial Edition(2022)Season 1 8.6
Berserk: The Golden Age Arc – Memorial Edition(2022)Season 1 Berserk : The Golden Age arc 2022 ===========================(သတိပေးချက်- ယခုဇာတ်လမ်း၌ ကိုယ်လုံးတီးအခန်းများ၊ ခေါင်းနှစ်ခြမ်းခွဲ၊ မျက်လုံးဖောက်ထုတ်၊လျှာဖြတ်သော ကြမ်းကြမ်းတမ်းတမ်းသတ်ဖြတ်ခန်းများနှင့် ကြမ်းတမ်းသော စကားလုံးအသုံးအနှုန်းများအပြင် လိင်ဆက်ဆံခန်းများနှင့် မုဒိန်းကျင့်ခန်းများပါသောကြောင့် ကလေးသူငယ်များနှင့် အသက်၁၈ နှစ်အောက် လူငယ်များကြည့်ရန်မသင့်လျော်ပါ။)IMDb - 7.5/10 MyAnimeList - 7.7/10ဒီစီးရီးကတော့ ဂျပန်animeတွေထဲကdark fantasy genreတွေထဲမှာ နံပါတ် ၁ လို့ကိုပြောလို့ရတဲ့ဇာတ်လမ်းဖြစ်ပြီး 1997တုန်းကလည်းanime စီးရီးထွက်ခဲ့ဖူးကာ အရမ်းကိုလည်းအောင်မြင်ခဲ့ပါတယ်။ အခုထွက်လာတဲ့စီးရီးကတော့ remake စီးရီးဖြစ်တာမလို့အရင်ထွက်တာတွေကိုပြန်မကြည့်လည်းရတဲ့အပြင် ရုပ်ထွက်တော်တော်ကိုလှတာမလို့ရုပ်ထွက်ပိုင်းနဲ့ဇာတ်လမ်းပိုင်းဦးစားပေးသူတွေကြည့်ကိုကြည့်သင့်တဲ့စီးရီးပါ။ဒီစီးရီးဟာ အင်္ဂလန်ရဲ့သမိုင်းကြောင်းထဲကTudorတိုင်းပြည်နဲ့Midlandတိုင်းပြည်တို့ရဲ့နှစ်တစ်ရာစစ်ပွဲကိုအခြေခံထားတာပါ။အဲ့ဒီစစ်ပွဲအတွင်းမှာ Griffithဆိုတဲ့သူရဲကောင်းပေါ်လာခဲ့ပြီး တိုက်ပွဲတိုင်းကိုအနိုင်ယူနိုင်ခဲ့ပြီးMidlandဘုရင်ရဲ့သူကောင်းပြုတာကိုပါခံခဲ့ရပါတယ်။ အဲ့လိုလူတိုင်းလေးစားရတဲ့Griffithဆီမှာ ထူးဆန်းတဲ့ Egg of kingဆိုတဲ့ကျောက်တုံးလေးတစ်ခုရှိပါတယ်။ အဲ့လိုနဲ့ကြမ္မာငင်တဲ့တနေ့မှာတော့ စိတ်ကူးနဲ့တောင်တွေးမထင်နိုင်လောက်တဲ့ကိစ္စကြီးဖြစ်လာခဲ့ပြီးအခြေအနေတွေဟာ တဆစ်ချိုးပြောင်းလဲသွားပါတော့တယ်။  Episodes : 13File Size –300MB / 150MB @EpisodeQuality –1080p / 720pDuration – 25 ...
8.6
TMDb: 8.6/10 441 votes
tv

Berserk: The Golden Age Arc – Memorial Edition(2022)Season 1

2022
Reasonable Doubt (2022) Season 1 စ-ဆုံး 7.5
Reasonable Doubt (2022) Season 1 စ-ဆုံး   စိတ်ဝင်စားဖို့ကောင်းတဲ့ Legal Drama လေးနဲ့ မိတ်ဆက်ပေးပါရစေ စီအမ်ပရိသတ်ကြီးရေဂျက်ဇ်ဆိုတဲ့ အမျိုးသမီးဟာ သိပ်ကို တော်ပြီး အကြောက်တရားနည်းတဲ့ တရားခံရှေ့နေတစ်ယောက်ပါ။ တရားခံရှေ့နေဆိုတဲ့အတိုင်း ဒီအလုပ်က လွယ်ကူလှတဲ့ အလုပ်မဟုတ်ပါဘူး။ တရားခံဖြစ်လုနီးပါး လူတစ်ယောက်ရဲ့ကံကြမ္မာက ဒီရှေ့နေအပေါ် မူတည်နေတယ်မဟုတ်လား။ဒါပေမယ့် ဂျက်ဇ်ကတော့ ဒီအရာမှာ သိပ်ကို ထူးချွန်လွန်းလို့ သူ့ရဲ့အမှုသည်အများစုကို အမှုနိုင်အောင်စွမ်းဆောင်နိုင်သူဖြစ်လို့ ... သူတို့ ဥပဒေဌာနမှာ လူမျိုးရေးခွဲခြားမှုတွေ မသိမသာရှိနေသေးပေမယ့် .... အရေးကြုံရင် ဂျက်ဇ် စတီးဝက်က မပါမဖြစ်ပါ။ ဒါကတော့ ဂျက်ကလင် စတီးဝက် ခေါ် ဂျက်ဇ်ရဲ့ ကိုယ်ရေးအကျဉ်းဆိုပါတော့ ...ဇာတ်လမ်းအစမှာတော့ ... တော်လှပါချည်ဆိုတဲ့ ဂျက်ဇ်တစ်ယောက် အသက်အန္တရာယ်ထိ စိုးရိမ်ရတဲ့ ဒုက္ခအကြီးအကျယ်ရောက်နေတဲ့ အနိဌာရုံမြင်ကွင်းနဲ့ စတင်ထားပါတယ် ... ခရစ်ယာန်ဘာသာကို ကိုးကွယ်သူပီပီ သူ့နှုတ်ဖျားကလည်း ဒီလို အန္တရာယ်ကွင်းထဲမှာ ဘုရားကိုလည်း နှလုံးသွင်းလို့ နေပြန်ပါတယ် ...ဒီတော့ ...
7.5
TMDb: 7.5/10 13 votes
tv

Reasonable Doubt (2022) Season 1 စ-ဆုံး

2022
Summer Strike (2022)
Summer Strike (2022) Summer Strike 2022အလုပ်မှာရော ကိုယ်ပိုင်ဘဝမှာပါ အဆင်မပြေမှုတွေ တစ်ခုပြီးတစ်ခု ကြုံတွေ့လာရပြီးနောက် ဘဝကို အသစ်တစ်ဖန် ပြန်နေထိုင်ဖို့ ဆုံးဖြတ်လိုက်တဲ့ ယောရွန်းဆိုတဲ့ကောင်မလေးဟာ စိတ်ညစ်စရာတွေမရှိ ဘာမှမလုပ်ဘဲ အေးချမ်းတဲ့ဘဝမှာပဲ နေထိုင်ဖို့ ဆုံးဖြတ်ပြီးတော့ အလုပ်ထွက်ပြီး ရွာငယ်လေးတစ်ရွာကို ပြောင်းရွှေ့အခြေချခဲ့ပါတော့တယ်။သူအရင်နေခဲ့တဲ့ ခပ်မြန်မြန်လှုပ်ရှားနေကြတဲ့ နေရာနဲ့မတူဘဲ အေးချမ်းသာယာတဲ့ရွာလေးမှာ စာကြည့်တိုက်ဝန်ထမ်းအဖြစ် ဘဝကိုအေးဆေးစွာ ဖြတ်သန်းရင်း ဘဝရဲ့အဓိပ္ပာယ်ကို ရှာဖွေတွေ့ရှိသွားမယ့်ပုံကို အကြည်ဓာတ်လေး အပြည့်ရစေမယ့် စိမ်းစိုစိုရှုခင်းလေးတွေနဲ့အတူ ရိုက်ပြထားတာမို့ စိတ်အမောပြေအောင် ကြည့်ရှုလိုက်ကြပါဦး။အညွှန်းကိုတော့ MPP က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ MPP, Joyz, JimX, Hmwe တို့ပဲ ဖြစ်ကြပါတယ်။Genre..... Drama Quality…. 1080p | 720p File size… 1.2GB | 350MB Format… mp4 Duration….1h 5min Subtitle…. Myanmar Subtitle (Hardsub) Translator ..... MPP, Joyz, JimX, Hmwe Encoder ..... August720pEpisode 01 - Userdrive ...

Summer Strike (2022)

2022
Reborn Rich(2022)[Complete]
Reborn Rich(2022)[Complete] Reborn Rich(2022)*******************အပိုင်း( ၁ မှ ၁၆)ထိ စ/ဆုံး Yoon Hyun Woo (Song Joong Ki)က အင်အားကြီးလုပ်ငန်းစုကြီးဖြစ်တဲ့Soonyang Group မှာ သူဌေးမိသားစုရဲ့ လူယုံအတွင်းရေးမှူးအဖြစ် ၁၀ နှစ်ကြာအလုပ်ကျွေးပြုခဲ့ပါတယ်ဒီမိသားစုဆီမှာပဲ အစေခံတစ်ယောက်လို အလုပ်ကြိုးစားခဲ့ပေမဲ့ တစ်နေ့မှာတော့အလွဲသုံးစားမှုနဲ့စွပ်စွဲခံရပြီး အသတ်ခံခဲ့ရတယ် .. သေဆုံးသွားပေမဲ့ အံ့ဩဖို့ကောင်းစွာနဲ့ပဲ သူ့ဝိညာဥ်ဟာSoonyang Group CEO Jin Yang Cheol (Lee Sung Min) ရဲ့အငယ်ဆုံးသားလေးJin Do Joon ခန္ဓာကိုယ်ထဲကနေ နောက်တစ်ကြိမ်ပြန်နိုးလာတဲ့အခါမှာတော့ ..အဖြစ်အပျက်တွေအားလုံးကို မှတ်မိနေတဲ့ Jin Do Joon တစ်ယောက် ..သူ့ကိုသတ်ခဲ့တဲ့ ဂျင်မိသားစုကို ဘယ်လိုလက်စားပြန်ချေမလဲ ..“Soonyang Group Grim Reaper”လို့ လူသိများတဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ကအမှုစစ် Seo Min Young (Shin Hyun Bin) နဲ့ ...

Reborn Rich(2022)[Complete]

2022
The Witcher: Blood Origin (2022) 5.8
The Witcher: Blood Origin (2022)  နာမည်ကျော် The Witcher စီးရီးကြီးရဲ့ မူလအစအကြောင်းကို လေးပိုင်းပါဝင်တဲ့ စီးရီးတစ်ခုအနေနဲ့ နက်ဖလစ်က တင်ဆက်လိုက်ပါပြီ။ ဒီစီးရီးမှာတော့ ကမ္ဘာပေါ်ကို လူသားတွေ မိစ္ဆာတွေမရောက်သေးခင် နတ်သူငယ်တွေရဲ့ခေတ်ကို အခြေခံထားပါတယ်။ နတ်သူငယ်အင်ပါယာကြီးရဲ့ အင်အားကြီးကို စစ်သည်တော် ၇ ယောက်က အံတုတိုက်ခိုက်ရင်း ပထမဆုံးသော ဝစ်ချာ ပေါ်ပေါ်လာပုံကို အခြေခံထားတာပဲ ဖြစ်ပါတယ်။ ဝစ်ချာစီးရီးရဲ့ ဝိသေသအတိုင်း သတ်တာဖြတ်တာကြမ်းကြမ်းတွေ၊ မျိုးနွယ်စုတွေ၊ မှော်တွေ၊ သတ္တဝါတွေ အဆဲအဆိုတွေနဲ့ ဝေဝေဆာဆာကြည့်ရမှာပဲ ဖြစ်ပါတယ်။ ခေတ်မတူတာကြောင့် ဂဲရော့ကြီး မပါဝင်ပေမဲ့ မင်းသမီးကြီး မီရှဲယိုက ဓားသမားအဖြစ် ပါဝင်ထားပါတယ်။ ခံစားကြည့်လိုက်ပါဦး။ File size… 1Gb / 500 Mb Quality….Webrip 1080p / 720p  Format…mp4 Duration….50 Min Genre...Fantasy, Adventure Subtitle….Myanmar Subtitle (Hardsub) Encoder….Thit San Khant Translated by Mr. Anderson Download ...
5.8
TMDb: 5.8/10 8 votes
tv

The Witcher: Blood Origin (2022)

2022
From Repair To Pair (2022)
From Repair To Pair (2022) ဒီတစ်ခါမှာတော့ youkuကအဆွေးတစ်လိုင်းတွေ အဝကြည့်ပြီးမျက်ရည်မဆယ်နိုင်သေးတဲ့လူတွေအတွက်ချိုမှချိုဆိုတဲ့ဇာတ်ကားကောင်းလေးတစ်ခုနဲ့CMက မိတ်ဆက်ပေးချင်ပါတယ်။"ချိုးယွမ်"ဟာ ယဉ်ကျေးမှုအနုပညာလက်ရာတွေကိုမြတ်နိုးတဲ့ မိန်းကလေးတစ်ယောက်ဖြစ်ပြီးသူတိုမိသားစုဟာလည်း ပန်းပုပညာနောက်ခံရှိတဲ့အ‌လျောက်"ယွီရှင်းကျန့်"လိုခေါ်တဲ့ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းရေးလုပ်ငန်းဟာသူမရဲ့ ပန်းတိုင်တစ်ခုပဲ ဖြစ်ပါတယ်။ဒါပေမဲ့ ထိုနေရာရောက်ဖိုဆိုတာသူမအတွက် ကောင်းကင်က ကြယ်ကို ဆွတ်ခူးဖိုအိမ်မက်မက်သလို ဖြစ်နေခဲ့ပါတယ်"ချင်ကျစ်ယွင်"ကတော့ ယွီရှင်းကျန့်က ရှေးဟောင်းအမွေအနှစ်ပြုပြင်ထိန်းသိမ်းရေး ပညာရှင်တစ်ယောက်ဖြစ်ပြီးချိုးယွမ်ရဲ့ လေးစားရဆုံး အိုင်ဒေါလ်တစ်ယောက်လည်းဖြစ်ပါတယ်။"လော်ယိုချန်"ဆိုတဲ့ ချိုးယွမ်ရဲ့အစ်ကိုဖြစ်သူဟာနာမည်အတိုင်း ငွေသာအရာရာဆိုတဲ့လူမျိုးဖြစ်ပါတယ်၊ဒီလိုနဲ့အစ်ကိုဖြစ်သူကြောင့်ရော တစ်နေ့မှာ ယွီရှင်းကျန့်လုပ်ငန်းမှာအကျပ်အတည်းကြုံတွေ့နေချိန် ချိုးယွမ်တတ်မြောက်ထားတဲ့ရော်ဘာပန်းချီပညာဟာ ယွီရှင်းကျန့်အတွက်အသက်ကယ်ဆေးတစ်ခွက် ဖြစ်နေခဲ့ပါတော့တယ်၊ဒါကြောင့်ပဲချိုးယွမ်ဟာ သူမအလေးစားရဆုံးသူဆီမှာပဲ တပည့်ဖြစ်ပြီးနီးစပ်ဖို အကြောင်းဖန်လာပါတော့တယ်။ဒါပေမဲ့"ဘယ်လောက်ပဲ ဖြောင့်တန်းနေတဲ့ မျဉ်းတစ်ကြောင်းဖြစ်ပါစေ၊ထိမိရင်တော့ ရွေ့သွားနိုင်တာပဲ"ဆိုတဲ့အတိုင်းချိုးယွမ်အမြဲတစ်ဖက်သတ်ကြိုက်ခဲ့ရတဲ့"ဇော့ဟွိက်ရန်"ဟာ ပြည်ပကနေ ပြန်လာခဲ့ပါတော့တယ်-သူတို နှစ်ယောက်ကြားက စည်းကရော ခိုင်မြဲနေမှာလား-စွာတေးလန်မလေးနဲ့ ဆရာတပည့်ကြားကရယ်မောစရာဟာသလေးတွေနဲ့အချို‌‌ေလး‌ေတွကိုပုံမှန်နဲ့မတူကွဲပြားတဲ့ပုံစံနဲ့ ကြည့်ရှုရမယ့်အပြင်ရှေးဟောင်းယဉ်ကျေးမှုအလေ့အထတွေကိုပါတစ်ဝကြီးမြင်‌ေတွ့ရမှာပဲ ဖြစ်ပါတယ်။(အညွှန်းရေးသားထားသူကတော့ Anle ဖြစ်ပါတယ်)Quality : WEB-DL 720p,1080pTotal Episodes : 23Format : mp4Genres : Comedy, Mystery, DramaDuration : 45 min per EpisodeSubtitle : ...

From Repair To Pair (2022)

2022
Meet Cute (2022)
Meet Cute (2022) Meet Cute (2022) IMDb 7.4/10 Dramaအခုတစ်ခါမှာတော့ သိပ်ချစ်ဖို့ကောင်းတဲ့ အိန္ဒိယစီးရီးလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Anthology အမျိုးအစားဖြစ်ပြီး စိတ်ကြည်နူးစရာ အပိုင်းလေး ၅ ပိုင်းပါဝင်ပါတယ်နော်။ဟုတ်ပါတယ်။ အပိုင်းလိုက် ဇာတ်လမ်းတစ်ပုဒ်စီပါလို့ စီးရီးတစ်ခုတည်းနဲ့ ဇာတ်လမ်းပိုဒ်တို ၅ပိုဒ်ကြည့်နိုင်တာပေါ့နော်။ ဇာတ်လမ်းတိုင်းမှာလည်း မတူညီတဲ့ Relationships တွေကို ပညာပေးရိုက်ကူးထားပါတယ်။ ဒီစီးရီးလေးကို ယင်ကောင်မင်းသား နာနီကလည်း ပူးတွဲပရိုဂျူဆာအဖြစ်တာဝန်ယူပေးထားတာဖြစ်ပါတယ်။ဇာတ်လမ်းပိုင်းကတော့ ဇာတ်ကားနာမည်လေးအတိုင်းပါပဲ ချစ်စရာ ကြည်နူးစရာ ကြုံကြိုက်တိုက်ဆိုင်မှုလေးတွေနဲ့ တွေ့ဆုံမှုလေးတွေအကြောင်းပါ တစ်ခါတလေ ဘဝမှာ အမှတ်မထင်တွေ့ဆုံမှုလေးတွေကနေ ကိုယ့်ဘဝရဲ့အရေးကြီးဆုံးဖြတ်ချက်တွေချလာနိုင်ပါတယ်ကိုယ်အမှတ်မထင်ဆုံတွေ့လိုက်ရတဲ့သူက ကိုယ့်ကိုအကြာကြီး ခရက်ရှ်နေပြီး ကိုယ့်ဘဝရဲ့လက်တွဲဖော်လည်းဖြစ်လာနိုင်ပါတယ်ယောက္ခမဆိုတိုင်း ကိုယ့်အပေါ်အမြဲတမ်းဆိုးနေလိမ့်မယ်မထင်လိုက်ပါနဲ့နော် သူ့ရဲ့စရိုက်ကို ကိုယ်နဲ့အံကိုက်မဖြစ်လို့ မကြိုက်ဘူးလို့ မဆိုလိုက်ပါနဲ့နော် အဲ့ဒါက သူ မင်းကိုမဆုံးရှုံးချင်လို့ ပြုမူနေတာလည်း ဖြစ်နိုင်ပါတယ်နော်လမ်းကြုံလိုက်ရင်းနဲ့လည်း ဘဝရဲ့အရင်းနှီးဆုံးလူတွေဖြစ်လာနိုင်ပါတယ် ဆိုတဲ့ ဘဝရဲ့ကြည်နူးစရာတွေ့ဆုံမှုလေးတွေအကြောင်းကို ဒီစီးရီးလေးမှာ ရသမြောက်စွာကြည့်ရှုရမှာပဲဖြစ်ပါတယ်နော်File Size – 500MB / 250MB Quality – 1080p  / 720pDuration – 38minsTotal Episodes: 5EpsSubtitle – Myanmar HardsubFormat – ...

Meet Cute (2022)

2022
Big Dragon (2022) 9.1
Big Dragon (2022) မန်ကွမ် အဖြစ် Mos Panuwat ယိုင် အဖြစ် ISBANKYဇာတ်လမ်းအကျဉ်းစီးပွါးရေးမေဂျာကျောင်းသားတစ်ဦးဖြစ်တဲ့ သူဌေးသားလေး ယိုင်နဲ့ ဗိသုကာကျောင်းသားတစ်ဦးဖြစ်တဲ့ စာအရမ်းတော် နာမည်ကြီးတဲ့ မန်ကွမ်တို့က စီနီယာမမဖြစ်တဲ့ မေဂျာကွင်း အာကျို့ကို ပြိုင်လိုက်မိရာက ကတောက်ကဆလေးတွေ ဖြစ်လာခဲ့ပါတယ်တစ်ရက် အာကျို နဲ့ မန်ကွမ်တို့ ယိုင်ရဲ့ ဘားကို လာချိန် ယိုင်က မန်ကွမ်ကို မေ့ဆေးခတ်လိုက်ကာ ဗီဒီယိုရိုက်ပြီး အရှက်ကွဲအောင်လုပ်ဖို့ ကြံစည်ခဲ့ပေမဲ့ တပည့်နှစ်ယောက်ရဲ့ အလွဲကြောင့် ဆေးမှားခတ်မိပြီး ယိုင်နဲ့ မန်ကွမ်တို့ မှားယွင်းသွားမိခဲ့တယ်ဒါ့အပြင် ရိုက်ကူးထားမိတဲ့ ဗီဒီယိုက မန်ကွမ့်ဆီရောက်နေခဲ့ပြီး ယိုင့်ကို ခြိမ်းခြောက်လာခဲ့တဲ့အခါ ဒေါသပေါက်ကွဲခဲ့တဲ့ ယိုင်က ဒီအဖြစ်ကို မေ့ဖို့ ဘားကို ဖျက်ဆီးခဲ့ပါတယ်ယိုင်က မှတ်ဥာဏ်ဆိုးကို ဖျက်ဖို့ လုပ်ခဲ့ပေမဲ့ ဘားကို ပြန်ပြင်မယ့် ဒီဇိုင်းအဖွဲ့မှာ ဗိသုကာကျောင်းသား မန်ကွမ်က အလုပ်သင်အဖြစ်ပါလာခဲ့တဲ့အခါ…အမုန်းတရားကနေ စခဲ့တဲ့ ယိုင်နဲ့ မန်ကွမ်တို့ ဆက်ဆံရေး ...
9.1
TMDb: 9.1/10 4 votes
tv

Big Dragon (2022)

2022
Criminal Minds: Evolution (2022) 8.1
Criminal Minds: Evolution (2022) Criminal Minds: Evolution (2022) ========================= IMDb Rating - 8.1/10အမေရိကန်မှုခင်းဇာတ်လမ်းကောင်းတွေကိုမှ ကြိုက်နှစ်သက်တဲ့ CM ပရိသတ်ကြီးအတွက် Nov 24 ကမှ စီစန်အသစ် ထွက်ရှိလာပြီး IMDb 8.9/10 ထိ ရရှိထားတဲ့ crime, mystery and thriller စီးရီး ကောင်းလေးတစ်ခု တင်ဆက်ပေးလိုက်ပါတယ်။Season 1 အစ 2005 ခုနှစ်ကတည်းက rating အလန်းစားတွေ ရရှိ ထားပြီး အခု 2022 ခုနှစ်မှာတော့ Season 16: Evolution ဆိုပြီး ဆက် လက်ထွက်ရှိလာတာပါ။ Season 16 ဆိုပေမဲ့ အရှေ့က Season တွေနဲ့ ဆက်စပ်မနေတာမို့ အခု Seasonကိုပဲ တန်းကြည့်လို့ရပါတယ်။ ကလေးဘဝတည်းက ကြိုက်ခဲ့ရတဲ့ Baby's day out ဇာတ်ကားထဲက မင်းသားကြီး Joe Mantegna က အဓိကဇာတ်ကောင်အနေနဲ့ ပါဝင် သရုပ် ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဉ်း ----------------- ဒီစီစန်ရဲ့ အရှုပ်တော်ပုံကတော့ FBI ...
8.1
TMDb: 8.1/10 198000 votes
tv

Criminal Minds: Evolution (2022)

2022
East New York (2022) ၆.၉
East New York (2022) East New York (2022) =============== IMDb Rating - 6.9/10ရဲဇာတ်လမ်းတွဲနဲ့ လျှို့ဝှက်နက်နဲတဲ့အမှုတွေကို ဖြေရှင်းတာကို ကြိုက်တဲ့ fan တွေအတွက် East NewYork ဇာတ်လမ်းတွဲက အကောင်းဆုံးဖြစ်မှာပါ။ IMDbမှာလည်း တစ်ပိုင်းကို rating(၈)လောက်ရထားပြီး၊ (6) ပိုင်းနှုန်းနဲ့ တစ်ပတ်တစ်ပိုင်းတင်ဆက်သွားမှာပါ။ဇာတ်လမ်းအညွန်းကတော့ နယူးယောက် အရှေ့ပိုင်း (7-4) ရဲတပ်ရင်းကို ရီဂျီနာဟေးဝုဒ်ဆိုတဲ့ အမျိုးသမီးအရာရှိရောက်ရှိလာပြီး ယိုယွင်းနေတဲ့ တရားဥပဒေနဲ့ အထက်အောက်အရာရှိတွေကြား ပျက်စီးမှုတွေနဲ့ NewYork. ရဲ့ ဒုစရိုက်အမြင့်ဆုံးလို့သတ်မှတ်လို့ရတဲ့ East NewYork အပိုင်းကို ဘယ်လို ကိုင်တွယ်ဖြေရှင်းသွားမလဲဆိုတာကို ‌‌စိတ်၀င်တစားစောင့်ကြည့်ရမှာဖြစ်ပါတယ်။(ဒီစီးရီးရဲ့ အညွှန်းနဲ့ ဘာသာပြန် ရေးသားပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်။)File Size.............(350 MB) / (700 MB) Quality...............WEB-DL 720p / 1080p Duration............44Mins(@Episode) Subtitle..............Myanmar Hardsub Format...............MP4 Genre.................Crime, Drama Translator..........Thiha Yan Naing Encoder..............SWM720P (350 Mb)-----------------------------------Episode(1) - Yoteshin /  Megaup / ...
၆.၉
TMDb: ၆.၉/10 ၁၇၀၁ votes
tv

East New York (2022)

2022