Channel Myanmar

2022

The Fear Index (2022) 7.6
The Fear Index (2022) The Fear Index (2022)အကြောက်တရား ညွှန်းကိန်း ဆိုတာ ဘာလဲ။လူတွေက ကြောက်တရားပေါ်မူတည်ပြီး အလုပ်လုပ်ကြတယ်။ ဆုံးရှုံးရမှာကြောက်တယ်၊ ဒဏ်ရိုက်ခံရမှာကြောက်တယ်၊ ကားမမီမှာကြောက်တယ် အစသဖြင့် အကြောက်တရား နဲ့ နေ့စဥ်ဘဝမှာ ရှင်သန်နေကြပါတယ်။ထိုအကြောက်တရားကို စီးပွား‌ရေးလုပ်ငန်းရှင် အဲလက်စ်န္ဒြားဟော့ဖ်မန်း ကတော့ အသုံးချပြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအောင်မြင်ဖို့ ကြံစည်ပါတော့တယ်။တစ်ရက်မှာတော့ သူလိုချင်တဲ့တာ ကြာပြီဖြစ်တဲ့ စာအုပ်တစ်အုပ်က ဘယ်သူဝယ်ပေးမှန်းမသိရဘဲ ထူးထူးခြားခြားနဲ သူ့အိမ်ကို ရောက်လာပါတယ်။ စာအုပ်ရောက်လာတဲ့ ညမှာပဲ အမည်မသိကျူးကျော်သူ ဝင်ရောက်လာပြီး တိုက်ခိုက်တာ ခံလိုက်ရပါတယ်။ တိုက်ခိုက်တဲ့သူကရော ဘယ်သူလဲ စာအုပ်နဲ့ဘယ်လိုပတ်သတ်နေလဲ။ ဖန်သားပြင်မှာ ဆက်လက်ကြည့်ရှု့လိုက်ကြပါဦး။အညွှန်းကိုတော့ Leonard Lin က ရေးသားပေးထားပြီးတော့ဘာသာပြန်ထားတာကတော့ Leonard Lin, Thwal Yadi, Loon Swal Eain နဲ့ Roman NoX တို့ပဲ ဖြစ်ကြပါတယ်။Genre.....Drama Quality….WEB-DL 1080p File size…650MB Format…mp4 Duration….45min Subtitle….Myanmar Subtitle (Hardsub) Translator .....Leonard Lin, Thwal Yadi, Loon Swal Eain, ...
7.6
TMDb: 7.6/10 7 votes
tv

The Fear Index (2022)

2022
Inventing Anna (2022) 6.9
Inventing Anna (2022) Inventing Anna (2022)=======================IMDb Rating - 6.9/10အခု တင်ဆက်လိုက်တဲ့ Inventing Anna ဆိုတဲ့ Series လေးကတော့ 2019 မှာ ဖြစ်ခဲ့တဲ့အမှုကို အခြေခံထားတဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းတွဲ ဖြစ်ပါတယ်။ ဒီအမှုအကြောင်းကို အကျဉ်းချုံးနားလည်အောင် ရှင်းပြရမယ်ဆိုရင်တော့ Anna ဟာ ရုရှားဂျာမန် လူမျိုးတစ်ယောက်ဖြစ်ပြီး သူ အမေရိကန်မှာ လာ ရောက်အခြေချတဲ့ 2013 ကနေ 2017 ခုနှစ်အတွင်း လိမ်လည်မှုပေါင်းများစွာကို ကျူးလွန်ခဲ့တဲ့သူပါ။နာမည်ရင်းကတော့ Anna Sorokin ဖြစ်ပြီး Anna Delvey ဆိုတဲ့နာမည်တုနဲ့ အမွေဆက်ခံပိုင်ခွင့်ရှိသူ တစ်ယောက်အဖြစ်ဟန်ဆောင်ကာ ဒိတ်ဒိတ်ကြဲ ဘဏ်တွေ ဟိုတယ်တွေကနေ အချီကြီး လိမ်လည်ခဲ့တဲ့ သူဖြစ်ပါတယ်။ ထောင်ဒဏ် ၁၂ နှစ်အကျခံခဲ့ရပေမယ့် ၂၀၂၁ ခုနှစ်မှာ ပြန်လည်လွတ်မြောက်လာခဲ့ပြီး တော့ အထက်တန်းလွှာတွေ ဆယ်လီတွေ‌ သူဌေးတွေကြား အတော်လေး ဂရက်ရိုက်ခဲ့တဲ့ကိစ္စဖြစ်ပါတယ်။ ရုပ်လေးနဲ့က မထင်ရက်စရာ မျက်မှန်လေးနဲ့ မျက်နှာပြည့်ပြည့်လေးနဲ့ အပြစ်ကင်းတဲ့ပုံစံမျိုးလေး ...
6.9
TMDb: 6.9/10 1200 votes
tv

Inventing Anna (2022)

2022
Ghost Doctor (2022)
Ghost Doctor (2022) Ghost Doctor (2022)အနုပညာလှုပ်ရှားမှု​တွေ ခပ်ကျဲကျဲ ပဲ လုပ်​တော့တဲ့ မင်းသားကြီး Rainနဲ့ မအို​ဆေးစားထားတဲ့မင်းသား Kim Bumတို့ ခေါင်း​ဆောင် ပါဝင်ထားတဲ့ Ghost Doctor စီးရီးသစ်ထွက်ပါပြီCha Young Min ( Rain )ဟာ ခွဲစိတ်ကုသဖို့ ဘုရားက​ပေးလိုက်တဲ့ ဆရာဝန်လို့​ ဆိုရ​အောင် ပါရမီထူးတဲ့ ခွဲစိတ်ဆရာဝန်တစ်ဦးပါ၊ ဒါ​ပေမဲ့ ပါရမီရှင်တို့ရဲ့ထုံးစံအတိုင်း ပညာဂုဏ်​မောက်ရာမှာ သူမတူသလို တစ်ကိုယ်​ကောင်းလည်းဆန်ပြီး တခြားဘယ်ဆရာဝန်ကိုမှ ထီမထင်တဲ့ ​ငါစွဲသမား အတ္တကြီးတဲ့သူပါ၊Go Seong Tak (Kim Bum) က​တော့ ​မြောင်ရှင်း​ဆေးရုံဥက္ကဌရဲ့သား၊ တည်​ထောင်သူရဲ့ ​မြေးဖြစ်ပြီး မိသားစု​နောက်ခံနဲ့ ဒီ​ဆေးရုံကို ​ရောက်လာတဲ့ အလုပ်သင်ဆရာဝန်တစ်​ယောက်ပါ၊ ​ အကပ်နဲ့ ​နေရာရလာသူတို့ထုံးစံအတိုင်း ​​ပေါ့​ပေါ့​နေ ​ပေါ့​ပေါ့စား၊ ဆရာဝန်အလုပ်ကို မ​လေးစားတတ်တဲ့ သူမျိုးပါJang Se Jin ( Uee)က Cha Young Min ရဲ့ ရည်းစား​ဟောင်း အာရုံ​ကြောခွဲစိတ်ကု ...

Ghost Doctor (2022)

2022
Bestseller (2022) 8
Bestseller (2022) Best Sellers (2022)ယနေ့မှာတော့ IMDb 6/10 အထိရရှိထားပြီးအပိုင်း (၈)ပိုင်းပါတဲ့ Thriller seriesလေးတစ်ခုကိုတင်ဆက်ပေးလိုက်ပါတယ်ဆယ်စုနှစ်တစ်ခုထိကြာအောင် စာရေးဖို့ အိုင်ဒီယာမရခဲ့တဲ့ဝတ္ထုစာရေးဆရာ တာဟဲလ်ဝါဇီ တစ်ယောက်က တက်သစ်စစာရေးသူတစ်ယောက်ဖြစ်တဲ့မီတု ရဲ့ဇာတ်ညွှန်းတစ်ပုဒ်ကိုသဘောကျသွားခဲ့ပါတယ်ဒီဇာတ်လမ်းကိုသူ့ရဲ့နောက်ထွက်မယ့်ဝတ္ထုအဖြစ်ထုတ်ဝေဖို့ဆုံးဖြတ်လိုက်ပြီးမီတုမက်သာနဲ့ လူချင်းတွေ့ဆုံခဲ့ပါတယ် မီတုရဲ့ဇာတ်အိမ်ကစိတ်ဝင်စားဖို့ကောင်းနေရုံသာမကမီတုနေထိုင်လာခဲ့တဲ့ဘဝဟာလည်း စိတ်ဝင်စားဖို့ကောင်းနေတာကိုရှာတွေ့ခဲ့ပါတယ်ရိုးရှင်းမှုတွေကဒီမှာတင်ပြီးမသွားပါဘူး နာမည်ကြီးစာရေးဆရာဆိုတဲ့အတိုင်းမုန်းတဲ့လူကတော့ရှိစမြဲပါ ဒီလိုနဲ့ တာဟဲလ်ဝါဇီကိုမုန်းတဲ့လူက မီတုကိုပါ အန္တရာယ်ပေးလာတဲ့အခါ...မင်းသမီးချောလေး Shruti Hassanပါဝင်ပြီး ဇာတ်အိမ်ခိုင်ခိုင်သည်းထိပ်ရင်ဖိုနဲ့စိတ်ဝင်တစားကြည့်ရှုရမယ့်ဇာတ်လမ်းတစ်ခုမို့လက်မလွှတ်ကြည့်ရှုနိုင်ဖို့တင်ဆက်ပေးလိုက်ပါတယ်ရှင်File Size –300MB @EpisodeQuality – 720p HE AAC Duration – 35minute (@Episode)Total Episodes: 8EpsSubtitle – Myanmar HardsubFormat – Mp4Genre : Drama / Thriller Translator – Yunni & HM & Go -O & HoneyeyEncoder – YK For VIP Member ...
8
TMDb: 8/10 1 votes
tv

Bestseller (2022)

2022
Murderville (2022) 5.8
Murderville (2022) မာဒါဗေးလ်ကို တစ်လမ်းသွားလက်မှတ်လေးဖြတ်လိုက်ကြရအောင် ဘဝအမောတွေပြေပျောက်သွားစေမယ့် စုံထောက်ဟာသကားလေးရောက်ရှိလို့လာပါပြီ စီနီယာစုံထောက်ကြီး တယ်ရီဆီယက်တဲလ်နဲ့ နာမည်ကြီးအနုပညာရှင်တွေတွဲပြီး လူသတ်မှုတွေကိုဖော်ထုတ်ရမှာ အမှုတစ်ခုစီတိုင်းရဲ့ ထူးခြားမှုတွေကို ရယ်စရာလေးတွေနဲ့ ရောယှက်ပြီး ဖော်ကျူးထားတာပါ ငြိမ့်ငြိမ့်လေးပြုံးပြီးခံစားရမယ့် ဟာသလေးတွေပါသလို တဝါးဝါးအော်ပြီး ရယ်ရတဲ့ ဟာသလေးတွေကိုပါ ခံစားရမှာပါ ဧည့်သည်သရုပ်ဆောင်တွေကလည်း နာမည်ကြီးပြီးသားဖြစ်တာကြောင့် တစ်ပိုင်းနဲ့တစ်ပိုင်း ဘယ်လိုပြီးသွားလဲဆိုတာတောင်မတွေးမိဘဲနဲ့ကို စီးမျောခံစားရမှာပါ အဲဒါကြောင့် ဘဝအမောတွေကို နာရီဝက်စာလောက်နဲ့ ဖျောက်ပြေးနိုင်တဲ့ မာဒါဗေးလ်လေးကို အားပေးလိုက်ကြပါဦး  File size…300 Mb Quality….Webrip 720p Format…mp4 Duration….30 Min Genre...Comedy, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by GarfieldEpisode 1 - VIP / Yoteshin/Megaup / Usersdrive / StreamsbEpisode 2 - VIP / Yoteshin/ Megaup / Usersdrive / StreamsbEpisode 3 - VIP / Yoteshin/Megaup / Usersdrive / Streamsb /  MeganzEpisode ...
5.8
TMDb: 5.8/10 16 votes
tv

Murderville (2022)

2022
Husband Overnight (2022)
Husband Overnight (2022) Husband Overnight (2022)     စ / ဆုံးဇာတ်လမ်းအကျဉ်း__________________အရာအားလုံး မျက်စိတစ်မှိတ် တစ်ညအတွင်းမှာ မိုးနဲ့မြေ လိုပြောင်းလဲသွားတဲ့သူမဘဝ...ခပ်အေးအေးနဲ့ ရိုးသားလွန်းတဲ့ သူမ...ဘာမဆို ပြောင်းလဲပစ်ဖို ဆုံးဖြတ်ထားတဲ့ ညမှာတင်ပဲ တိုက်ဆိုင်စွာဖြင့် သူ့ဂုဏ်ပုဒ်ပါ ပြောင်းလဲသွားသော သူမအဖြစ်...ကိုယ် မသိသော သူစိမ်းယောကျာ်းတစ်ယောက်နဲ့ တစ်ညလုံး တစ်ခုတင်တည်း အတူနေမိခြင်းကြောင့်သူမရဲ့ လှပသောကမ္ဘာကြီးဟာ ချက်ချင်းဆိုသလို မှောင်မိုက်ကာ အမေတစ်ခု သားတစ်ခုဘဝဖြင့်ဘဝလမ်းကြီးကို လျှောက်လှမ်းဖို အခြေအနေ ဖြစ်လာသောမခါ....တစ်ညတာ အမှားကြောင့် အကြောင်းဖန်လာသော သူမဘဝကရော ခက်ခဲကြမ်းတမ်းမလား ဖြောင့်ဖြူးမလား?Single mother တွေရဲ့ ဘဝကိုပါ တွင်တွင်ကျယ်ကျယ်ကြည့်ရှုရမှာဖြစ်ပြီးတစ်ညတာအမှားကြောင့် ဖြစ်လာမယ့်အကျိုးဆက်တွေကို ဒီဇာတ်လမ်းမှာ မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်ယခု ဇာတ်ကားအား အပတ်စဉ် သောကြာနေ့မှ တနင်္ဂနွေနေ့တိုင်း စောင့်မျှော်ကြည့်ရှုနိုင်ပါတယ်။Episodes: 18Aired: Jan.14, 2022Aired On:Fri , Sat & SunGenres:Romance & ...

Husband Overnight (2022)

2022
Dr. Park’s Clinic (2022)
Dr. Park’s Clinic (2022) ရောဂါရှာဖွေကုသရေးသမားတော်တစ်ယောက်ဖြစ်တဲ့Dr. Park Won Jang တစ်ယောက်ကျွမ်းကျင်တဲ့ physician ဖြစ်လာပြီးငွေအမြောက်အမြားရှာဖို့ဆိုတဲ့ရည်မှန်းချက်နဲ့ ကိုယ်ပိုင်ဆေးခန်းတစ်ခု ဖွင့်လှစ်လိုက်ပါတယ်။ဒါပေမဲ့ မှန်းချက်နဲ့ နှမ်းထွက် မကိုက်ဘဲ ဆေးခန်းကိုလူနာတွေ သိပ်မလာတဲ့အပြင် အကြွေးတွေပါ တင်လာပါတော့တယ်။ဒီလိုနဲ့ ဆေးခန်းကို မဆုံးရှုံးရအောင် ကြိုးစားရင်းဆံပင်တွေကျွတ် ထိပ်ပြောင်လာပါရော။တစ်ချိန်တည်းမှာပဲ ဇနီးဖြစ်သူကလည်း မိမိထက်တီဗီမှာလာတဲ့ ဆေးပညာအကြံပြုချက်ပရိုဂရမ်တွေကို ပိုမိုယုံကြည်ပါသတဲ့။"လူနာရဲ့အခြေအနေသက်သာဖို့ထက် ငွေက ပိုအရေးကြီးတာလား" ဆိုပြီးမေးခွန်းထုတ်လိုက်တဲ့ Dr. Park Won Jang တစ်ယောက်wifi ဖိုးလောက်တောင် ကပ်စေးနဲနေတဲ့အခါ.....Cast တွေက နာမည်ကြီး မင်းသားမင်းသမီးကြီးတွေဖြစ်တဲ့အပြင်Reply 1988 ထဲက ဂျန်ဟွမ်ရဲ့ အမေနဲ့ Mr Queen ထဲကအထိန်းတော်ကြီးကလည်း nurse အဖြစ် ပါဝင်သွားမှာဖြစ်လို့ဘယ်လိုအခွီတွေ တွေ့ရမလဲဆိုတာ...Comedy, Medical drama အမျိုးအစားဖြစ်တဲ့Dr Park's Clinic series လေးကိုတော့အပတ်စဉ်တိုင်း cm ကနေဘာသာပြန်တင်ဆက်ပေးသွားမှာဖြစ်လို့အမောဖြေရင်း ကြည့်ရှုအားပေးကြပါဦးနော်။ File Size – ...

Dr. Park’s Clinic (2022)

2022
Devotion, a Story of Love and Desire (2022) 8.0
Devotion, a Story of Love and Desire (2022) Devotion, a Story of Love and Desire (2022)===============================အချစ်နဲ့ အိမ်ထောင်ရေး ဇာတ်လမ်းမျိုးကို နှစ်သက်သူတွေအတွက် Netflix Italian Original Series လေးလာပါပြီ။ ကာလိုနဲ့ မာဂရီတာက ပေါင်းသင်းလာတာ ငါးနှစ်ရှိနေပြီဖြစ်တဲ့ ဇနီးမောင်နှံပါ ကာလိုက အနုပညာတက္ကသိုလ်က ပါမောက္ခဖြစ်ပြီး စာရေးခြင်းနဲ့ အသက်မွေး ပါတယ်၊ မာဂရီတာကတော့ ဗိသုကာပညာနဲ့ ဘွဲ့ရထားတဲ့ ပညာတတ်ဖြစ်ပေမယ့် အိမ်ခြံမြေအကျိုးဆောင်လုပ်နေတဲ့သူပါ.. ပေါင်းသင်းခဲ့တဲ့ ၅ နှစ်တာလုံး မာဂရီတာ က ကာလိုကိုပဲ ဦးစားပေးခဲ့တယ်ဆိုပါတော့။ကာလိုကလည်း စာမရေးတာလေးနှစ်ရှိပြီဆိုတော့ ဝင်ငွေအများကြီးရှိမနေတာကြောင့် သူတို့နှစ်ယောက်ဟာ အိမ်ငှားဘဝနဲ့နေနေရလို့ ကိုယ်ပိုင်အိမ်လေးတစ်လုံးရှာဖွေနေကြ တာပါ။ ဒီလိုနဲ့ သူတို့ရဲ့နှစ်ယောက်တစ်ကမ္ဘာလေးထဲကို ဆိုဖီယာဆိုတဲ့ (၂၀)အရွယ်ဆယ် ကျော်သက်လေး တစ်ယောက်ဝင်ရောက်လာခဲ့ပါတယ်။ဆိုဖီယာက အသက်ကငယ်ငယ်၊ လှရေးကြွယ်ပြီးနူးညံ့သိမ်မွေ့သူလေးဖြစ်နေတော့ ကာလိုရဲ့စိတ်တွေဟာလည်း ရေကန်ထဲကို ခဲလုံးပစ်ချလိုက်သလို လှုပ်ခါလာပါတော့တယ်။ ငါးနှစ်လုံးမာဂရီတာအပေါ်သစ္စာရှိခဲ့တဲ့ ကာလိုရဲ့သစ္စာတရားဟာ မေးခွန်းထုတ်စရာတွေဖြစ်လာခဲ့ပြီး သူ့ကိုအလိုလိုက်ချစ်ခဲ့တဲ့ မာဂရီတာအပေါ်အချစ်တွေလျော့ပစ်ခွာသွားမလား။ သူတို့ရဲ့ငါးနှစ်တာအိမ်ထောင်ရေးကရော ဘာတွေဆက်ဖြစ်လာမလဲဆိုတာကြည့်ရမယ့် အချစ်မေတ္တာနဲ့လိုအင်တပ်မက်မှုအကြောင်း ဇာတ်ကွက်ပုံဖော်ထားပြီး (18+)အခန်းလေးတွေပါပါဝင်တဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပဲ ဖြစ်ပါတယ်။စုစုပေါင်း(၆)ပိုင်း တစ်ပြိုင်တည်းထွက်ရှိထားတဲ့ ဒီစီးရီးကို CMမှ ဆက်တိုက်တင်ဆက် ပေးသွားပါမည်။ (ဒီစီးရီးရဲ့ အညွှန်းကို May Myat ...
8.0
TMDb: 8.0/10 2300 votes
tv

Devotion, a Story of Love and Desire (2022)

2022
Peacemaker (2022) 7.3
Peacemaker (2022) Peacemaker (2022)==============IMDb Rating - 7.3/10Suicide Squad 2 မှာ ပါဝင်ခဲ့တဲ့ ဇာတ်ကောင်တစ်ကောင်ဖြစ်တဲ့ ပိစ်မိတ်ကာရဲ့ စီးရီးအသစ်ထွက်ပါပြီ။ သရုပ်ဆောင်ကလည်း တွေ့တဲ့အတိုင်း ဂျွန်စီနာ ပါပဲ။ ပိစ်မိတ်ကာဆိုတဲ့ ငြိမ်းချမ်းရေးဖန်တီးရှင်ဆိုတဲ့ နာမည်နဲ့လိုက်အောင် ခရစ်စ် ဟာ ငြိမ်းချမ်းရေးကို အရမ်းတန်ဖိုးထားသူတစ်ယောက်ပါ။ ငြိမ်းချမ်းရေး ရဖို့အတွက် ယောကျာ်းမိန်းမကလေးသူငယ် ဘယ်လောက်ပဲ သတ်ရသတ်ရ သတ်မယ့်သူပါပဲ။ လက်နက် အားလုံးကို ကျွမ်းကျွမ်းကျင်ကျင်သုံးပြီး လူသတ်နိုင်တဲ့ ပါရမီရှင်လည်း ဖြစ်ပါတယ်။ဒီစီးရီးကတော့ Suicide Squid 2 မှာ သူ သေနတ်မှန်ပြီး တိုက်ပိပြီး မသေဘဲ ဆေးရုံတက်နေရတာကနေ စပါတယ်။ ဆေးရုံကဆင်းတဲ့အချိန်မှာ အမန်ဒါ ဝေါ်လာက သူ့ကို သီးသန့် စစ်ဆင်ရေးတစ်ခုလုပ်ဖို့ အဖွဲ့တစ်ဖွဲ့နဲ့ အတူ တာဝန်ပေးလာတဲ့အခါ ဒီစီးရီးဖြစ်လာတာပါပဲ။PS. စကားလုံးတွေ ကြမ်းတမ်းတာရယ် တုံးလုံးအခန်းတွေပါတာရယ်ကြောင့် ကလေးတွေကြည့်ဖို့ မသင့်တော်ပါဘူး။(ဒီဇာတ်လမ်းရဲ့ အညွှန်းကို Mr.Anderson မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ Mr.Anderson, Yoon Sandi Aung, ...
7.3
TMDb: 7.3/10 2300 votes
tv

Peacemaker (2022)

2022
Fishbowl Wives (2022) 8
Fishbowl Wives (2022) Fishbowl Wives (2022) ဇာတ်လမ်းတွဲအညွှန်း**************************************(18+) အပိုင်း (၁ မှ8) အထိ စ/ဆုံး(ပထမဦးစွာ ဒီစီးရီးကို အထူးသတိပေးလိုတာကတော့ မိသားစုနဲ့အတူလုံးဝမကြည့်သင့်သလိုအပိုင်း ၁ စလို့ အစမိနစ်လေးကို အစမ်းသဘောအနေနဲ့ ယောင်လို့တောင် လူကြားထဲမဖွင့်မိပါစေနဲ့လို့ပြောကြားလိုပါတယ်...ဒီလိုပြောလိုက်လို့  ဓာတ်ဆီတစ်ဂါလံ ၃ကားရတဲ့ Adult စီးရီးလို့မထင်လိုက်ပါနဲ့....နာမည်ကြီး Cast တွေသုံးထားတဲ့အပြင် ဇာတ်လမ်းသွားလည်းတကယ်ကိုကောင်းပါတယ်...)ဆာကူရာဟီရာဂါဆိုတဲ့ အမျိုးသမီးတစ်ဦး မတော်တဆမှု တစ်ခုကြောင့်သူမရဲ့ အိပ်မက်ကို လက်လွှတ်ခဲ့ရတယ်။ သူမဟာ အိမ်ထောင်ကျသွားပြီးသူမရဲ့ခင်ပွန်းသည်က hair salon တွေကို ဦးစီးတယ်ပေါ့။အင်မတန်းခမ်းနားထည်ဝါတဲ့ မိုးမြင့်အဆောက်အဦးရဲ့ ထိပ်ဆုံးအလွှာမှာ နေတဲ့လင်မယား၂ဦး။ အမျိုးသမီးတိုင်းဟာ သူမကို အားကျရတယ်။ ဒါပေမယ့်သူမရဲ့ ခင်ပွန်းက အိမ်ထောင်ရေး ပေါ်တင်ဖောက်ပြန်နေပြီး သူမကိုအိမ်တွင်းအကြမ်းဖက်တာမျိုးလုပ်တယ်။ တစ်နေ့မှာ ရွှေငါးလေးတစ်ကောင်ကိုအကြောင်းပြုပြီး သူမက အမျိုးသားငယ်လေးတစ်ဦးနဲ့ တွေ့ဆုံခဲ့တယ်...အိမ်ထောင်ရှင်မ ဇနီးသည် ၆ဦးရဲ့ ကြုံတွေ့ရတဲ့ အိမ်ထောင်ရေးအခက်အခဲကာမဆက်ဆံရာမှာ ကြုံရတဲ့အခက်အခဲတွေကို ကွင်းကွင်းကွက်ကွက် ပြသပေးမှာပါ။"ယောက်ျားတွေ ဖောက်ပြန်တာကျ ...
8
TMDb: 8/10 1 votes
tv

Fishbowl Wives (2022)

2022
Mirror: A Tale of Twin Cities ( 2022 )
Mirror: A Tale of Twin Cities ( 2022 ) ဒီတစ်ခါ CM ကနေ ဘာသာပြန်တင်ဆက်ပေးဖို့ရွေးချယ်ထားတဲ့ကားလေးကတော့ စိတ်ကူးယဉ်ဆန်ဆန်ရိုက်ကူးထားတဲ့ ရှေးခေတ်ကားလေး Mirror: Twin cities ပဲဖြစ်ပါတယ်ရှေးဒဏ္ဍာရီစကားတွေအရ နတ်ဘုရားတွေကဘုံခြောက်ဘုံအလယ်မှာ အလွန်အေးချမ်းသာယာတဲ့ယွီဟွမ်ဆိုတဲ့နေရာတစ်ခုကိုဖန်တီးထားကြတယ်တဲ့အလယ်ပိုင်းဒေသမြောင်မျိုးနွယ်ကမိန်းကလေးနာရှန်းဟာရန်ပွဲတွေကြောင့်သူတို့အိုးအိမ်တွေပျက်စီးသွားတဲ့အချိန်မှာယွီဟွမ်ဒေသကိုထွက်လာခဲ့ပါတော့တယ် ရေသူမျိုးနွယ်စူးမော့နဲ့ခုန်းစန်းမျိုးနွယ်ကအိမ်ရှေ့စံမင်းသမီးပိုင်ရင်းတို့ဟာလွန်ခဲ့တဲ့နှစ်တစ်ရာလောက်ကမျှော်စင်ဖြူမှာ တွေ့ဆုံခဲ့ကြပါတယ်ပိုင်ရင်းက ခုန်းစန်းမျိုးနွယ်အိမ်ရှေ့စံမင်းသားကျန်းလန်နဲ့စေ့စပ်ထားသူဖြစ်ပြီးစူးမော့ကတော့ခုန်းစန်းမျိုးနွယ်တွေဖမ်းထားတဲ့ ပိုင်ရင်းရဲ့အစေခံရေသူမျိုးနွယ်တစ်ယောက်ပါ သုံးနှစ်လောက်အတူတူနေလာပြီးတဲ့အခါမှာတော့ပိုင်ရင်းကစူးမော့ကိုချစ်မိသွားပါတော့တယ်ဒါပေမဲ့ကံကြမ္မာကမျက်နှာသာမပေးတော့ ပိုင်ရင်းဟာ22kmမြင့်တဲ့မျှော်စင်ဖြူကနေခုန်ချပြီးသတ်သေသွားခဲ့ပါတယ်သူသတိရလာချိန်မှာ ခုန်းစန်းမျိုးနွယ်ကပျက်စီးခါနီးအခြေအနေရောက်နေပါပြီနှစ်ပေါင်းတစ်ရာကြာပြီးနောက် ယွီဟွမ်ဒေသကိုကျန့်လျိုမျိုးနွယ်တွေချုပ်ကိုင်နေချိန်မှာ စူးမော့ဟာသူ့အချစ်ဟောင်းပိုင်ရင်းကိုရှာဖို့ယွီဟွမ်ဒေသကိုပြန်လာခဲ့ပါတယ်အခက်အခဲမျိုးစုံကြားမှာ စူးမော့ဟာသူ့လူမျိုးတွေကိုပြန်ခေါ်ထုတ်ဖို့နဲ့သူ့ချစ်သူပိုင်ရင်းကိုပိုင်ဆိုင်ဖို့လုပ်လာရင်းဘယ်လိုဖြစ်သွားမလဲဆိုတာ ကြည့်ရှူခံစားရမှာပါအဓိကသရုပ်ဆောင်တွေအနေနဲ့ Legend of Chusen ထဲကမင်းသားချော Li Yifeng က ပင်လယ်ဘုရင် Su Mo အဖြစ်Heavenly sword and Dragon slaying sabre ထဲကမင်းသမီးချောလေး Chen Yuqi (ကျောက်မိန်)ကသခင်မလေးBai Ying အဖြစ် Love of thousand years ထဲကမင်သား Zheng Yecheng က ခုံစန်းအိမ်ရှေ့စံ Zhen Lan အဖြစ်ပါဝင်ထားကြတဲ့ Mirror :Twin Citiesဆိုတဲ့စိတ်ကူးယဉ်အိမ်မက်ဆန်ဆန်ရိုက်ကူးထားတဲ့ ...

Mirror: A Tale of Twin Cities ( 2022 )

2022
In From the Cold (2022) 7.7
In From the Cold (2022) ဒီဇာတ်လမ်းလေးကတော့ သူ့နာမည်အတိုင်းပါပဲ စပိုင်လုပ်နေတာကနေ အနားယူထားတဲ့ အန်ညာဆိုတဲ့ ရုရှားစပိုင်မလေးတ်ယောက်ဟာ လင်ယူသားမွေးလုပ်ပြီး ဘဝကိုအေးအေးဆေးဆေး ဖြတ်သန်းနေခဲ့တာပါအနားမယူခင်က သူဟာ ဝစ်စပါလို့ နာမည်ကြီးတဲ့ လူတိုင်းကြောက်တဲ့ စပိုင်လူသတ်သမား ဖြစ်ခဲ့တာပါ။တစ်နေ့ သူ့သမီးရဲ့ ရေခဲ့ပြင်စကိတ်ပြိုင်ပွဲအတွက် စပိန်နိုင်ငံကို ရောက်လာတဲ့အခါမှာတော့ မထင်မှတ်ဘဲနဲ့  CIA က သူ့ကိုဖမ်းလာပြီးသူ့လက်ရာနဲံ့ တစ်ပုံစံတည်း လုပ်နေတဲ့ ထူးဆန်းတဲ့ စပိုင်တစ်ယောက်ကို ပြန်လိုက်ရှာဖို့ အကြပ်ကိုင်တဲ့အခါ စွန့်စားမှုတွေပြန်လုပ်ရတော့တာပေါ့ တခြားစပိုင်ကားတွေနဲ့ မတူတာကတော့ ဒီစပိုင်ရဲ့ လုပ်နိုင်စွမ်းတွေပါပဲ သူကဘာဖြစ်လို့ စပိုင်အလုပ်ကနားရတာလဲ သူ့နောက်ကိုလိုက်နေတဲ့ သူကရော ဘာလို့လိုက်နေရတာလဲ သူတို့၂ယောက်ပေါင်းပြီး ဘယ်သူ့ကို တိုက်ခိုက်ရမှာလည်း ရန်သူရဲ့ အကြံစည်တွေကရော ဘယ်လောက်ထိဆိုးရွားမှာလဲ ဆိုတာတွေကိုတော့ စီးမျောခံစားလို့တကယ်ကောင်းမှာပါ တိုက်ခိုက်ခန်းတွေကြမ်းတာ စကားလုံးကြမ်းတာတွေနည်းနည်းပါတဲ့အတွက် မိသားစုလိုက်ကြည့်လို့မကောင်းပါဘူးFile size…350 Mb Quality….Webrip 1080p / 720p / 480p Format…mp4 Duration….02:01:00 Genre...Drama, Sci-fi, Fantasy, Action, Adventure Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated ...
7.7
TMDb: 7.7/10 25 votes
tv

In From the Cold (2022)

2022
Rocket Boys (2022) Complete 8
Rocket Boys (2022) Complete Rocket Boys (2022)———————————————-1940-1960 ကာလတွေအတွင်းမှာ ဇာတ်လမ်းတည်ထားတဲ့ Sony LIV ရဲ့ Rocket Boys ဟာ အိန္ဒိယရဲ့Scientific Legendကြီး နှစ်ဦးဖြစ်တဲ့ Homi Bhabha နဲ့ Vikram Sarabai တို့ရဲ့ သမိုင်းသစ်ရေးထိုးပုံကိုရိုက်ကူးတင်ဆက်ထားတဲ့ အတ္ထုပ္ပတ္တိဆန်ဆန် ဇာတ်လမ်းတွဲလေးပဲ ဖြစ်ပါတယ်၁၉၄၇ အိန္ဒိယရဲ့ လွတ်လပ်ရေးကာလက အိန္ဒိယတွေကို ဂုဏ်ယူစေခဲ့တဲ့ သိပ္ပံပညာရှင် သုံးယောက်ဟာအခက်အခဲတွေ အတွေးမတူတာတွေ နိုင်ငံရေးဖိအားတွေ စိတ်သဘောထားကွဲလွဲမှုတွေကြားက အိန္ဒိယရဲ့ပထမဆုံး နျူးကလီယားစီမံကိန်းနဲ့ အာကာသသိပ္ပံစီမံကိန်းကို ဖော်ဆောင်ခဲ့ကြတဲ့အကြောင်းအသေးစိတ်ကျကျ ဗဟုသုတရမယ့်ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်အတ္ထုပ္ပတ္တိဆန်ဆန် အပိုင်း ၈ ပ်ိုင်းရိုက်ကူးထားပေမယ့် တစ်ပိုင်းပြီး တစ်ပိုင်းဆက်သိချင်ကြည့်ချင်စေမယ့်ဒါရိုက်တာရဲ့ ရိုက်ချက်တွေအပြင် Scientist တွေရဲ့personal life နဲ့ အချစ်ရေးအချစ်ရာတွေကိုလည်း ဒရာမာဆန်ဆန်တွေ့မြင်ရမှာဖြစ်လ်ု့ ပျင်းစရာမကောင်းစေဘဲ ကြည်နူးဖွယ် စိတ်ဝင်စားဖွယ် ဖြစ်နေမှာပါဒီဇာတ်ကားကို ကြည့်ရင်းဆက်ကြည့်ချင်အောင် ဆွဲဆောင်နိုင်မယ့် အချက်တွေက ဒါတွေတင် မကသေးပါဘူးထိုခေတ်ထိုအခါက ...
8
TMDb: 8/10 1 votes
tv

Rocket Boys (2022) Complete

2022
The Responder (2022) 8.7
The Responder (2022) The Responder (2022)" ခင်ဗျားအ​မေကြီး​ရော ဘယ်လို​နေလဲ" "​သေမယ့်​ရက်ကို ထိုင်​စောင့်​နေတယ်"ဒါက​ ရဲသားကြီးခရစ်ကာဆင် တဖြစ်လဲ Martin Freeman ​ပြောတဲ့ ဒိုင်ယာ​လော့တစ်​ကြောင်းပါ၊ ပတ္တ​ရောင်ရဲသားဖြစ်တဲ့ ခရစ်ဟာ ညကင်းလှည့်ရင်း Command centre က လွှတ်တဲ့ ​ကေ့စ်မှန်သမျှကို သွား​​ရောက်​ဖြေရှင်း​ပေးရတဲ့ Responder တစ်​ယောက်ပါ၊ ညဘက်ဆိုတဲ့အတိုင်း ​ကေ့စ်​တွေကလည်း အိမ်နီးချင်း​တွေ ရန်ဖြစ်တာအစ ယာဉ်မ​တော်တဆမှုအလယ် လုယက်ဓါးပြမှုနဲ့ လူသတ်မှုအဆုံး အကုန်ပါတာ​ပေါ့ဒီလို​ကေ့စ်မျိုးစုံကို ညတိုင်းအိပ်​ရေးပျက်ခံ စိတ်ပင်ပန်းခံပြီး ဖြေရှင်း​ပေးရတဲ့ခရစ်တစ်​ယောက် ကြာလာ​တော့ သူ့ရဲ့စိတ်မှာ ထိ​ခိုက်လာတယ် ဒဏ်ဖြစ်လာတယ် စိတ်ပညာရှင်နဲ့ ​ဆွေး​နွေးရတဲ့အ​ခြေအ​​နေဖြစ်လာတယ်၊ အရင်ကသိပ်သ​ဘော​ကောင်း၊ လုပ်​ဖော်ကိုင်ဖက်​တွေနဲ့ သိပ်အဆင်​ပြေခဲ့တဲ့ ခရစ်ဟာ အခုဆို လူ​သေမှုအခင်း​နေရာမှာ ​သေသူစားခဲ့တဲ့ ဝက်​ပေါင်​ခြောက်ကို ထိုင်စား​နေတဲ့အထိ ​သွေး​​အေး​ပြောင်းလဲသွားပါတယ်အဲလိုနဲ့ပဲ ​ကေစီဆိုတဲ့ ဂျစ်ပစီမ​လေးနဲ့ ဆုံခဲ့တာ​ပေါ့၊ သူကလည်း နှယ်နှယ်ရရမဟုတ်ဘဲ Drug dealer​ခေါင်း​ဆောင်ဆီက ကိုကိန်း တစ်အိတ်လုံး ဖြောင်လာတဲ့သူ​ပေါ့၊ အဲဒီ​ခေါင်း​ဆောင် ကြိုးကိုင်တာ ခံထားရတဲ့ ခရစ်တစ်​ယောက် ​ကေစီကိုလိုက်ဖမ်း​ပေးရင်း ​​သူသာ ဖမ်းပို့​ပေးလိုက်ရင် ​ကေစီအသတ်ခံရမယ်ဆို​တာသိ​တော့ နဂိုစိတ်ရင်း​ကောင်းသူပီပီ မိမိပြီးချင်းပဲ ပြန်လွှတ်​ပေးခဲ့ပါတယ်၊ လွှတ်​ပေးပြီး နောက်ပိုင်းကစပြီး ​မူးယစ်ဂိုဏ်းရဲ့ရန်ကို​ရှောင်ရင်း ခရစ်အ​နေနဲ့ ...
8.7
TMDb: 8.7/10 6 votes
tv

The Responder (2022)

2022
We Don’t Bite: Street Woman Fighter (2022)
We Don’t Bite: Street Woman Fighter (2022) We Don't Bite: Street Woman Fighter (2022)Korean Dance Battle တွေက ဘယ်လောက်ကြမ်းလဲဆိုတာ လူတိုင်းသိပြီးဖြစ်မှာပါ။ အဲဒီထဲမှာမှ Street Woman Fighter မှာ ပြိုင်ဘက်အဖြစ် အချင်းချင်း ယှဉ်ပြိုင်ခဲ့ကြတဲ့ အဖွဲ့ခေါင်းဆောင် ၈ ယောက်ကတော့ နာမည်ကြီးတဲ့အပြင် Street Dance Girl Fighter မှာပါ မာစတာတွေအဖြစ် ပါဝင်ခဲ့ကြပါသေးတယ်။ပြိုင်ပွဲထဲမှာတော့ ပြိုင်ဘက်တွေဖြစ်ကြပေမဲ့ တကယ့်လက်တွေ့မှာတော့ ရင်းနှီးတဲ့ စိတ်တူကိုယ်တူ ညီအစ်မတွေ ဖြစ်လာခဲ့ကြပါတယ်...သူတို့ ၈ ယောက်ရဲ့ဆန္ဒကတော့ ပြိုင်ပွဲအပြီးမှာ အတူတူခရီးထွက်ရင်း ထမင်းအတူတူစားကြရင်း စကားတွေ အများကြီးပြောချင်ပါတယ်တဲ့။ဆန္ဒအတိုင်း စီစဉ်ပေးတဲ့အခါမှာတော့ ခေါင်းဆောင် ၈ ယောက်ဟာ ကျေးလက် တစ်နေရာမှာရှိတဲ့ စွန့်ပစ်အိမ်ကြီးကို ၃ ရက်ခရီးထွက်ရမှာပါ။ စွန့်ပစ်အိမ်ဆိုပေမဲ့လည်း "Mean No Harm - Penthouse" တုန်းက ဗီလိန် ၃ ယောက်က အိမ်ကို သေချာပြုပြင်ပေးခဲ့တော့ တကယ့်ကို နေချင့်စဖွယ် အိမ်ကလေး ဖြစ်နေမှာပါ။ခရီးထွက်တဲ့အချိန်ကတော့ ...

We Don’t Bite: Street Woman Fighter (2022)

2022
Feria: The Darkest Light (2022) 8.1
Feria: The Darkest Light (2022) Feria: The Darkest Light (2022)=======================IMDb Rating - 8.1/10Netflixရဲ့ ဒီ​နေ့ထွက် စပိန် thriller ဇာတ်လမ်းတွဲဖြစ်ပြီး ၈ပိုင်းအပြီး ထွက်ရှိထားတဲ့ Cultအသား​ပေး horror, mysteryနဲ့ thriller seriesပဲဖြစ်ပါတယ်ကိုးကွယ်ယုံကြည်ရာတစ်ခုကို မျက်စိစုံမှိတ် နားပိတ်ပြီး အမှားကိုအမှန်ထင်၊ အမှန်ပြင်​ပေမဲ့ အမှားမမြင်တဲ့အခါ အစွန်း​​​ရောက်ဖြစ်လာသလို ​နောက်ဆက်တွဲအ​ဖြစ် ဥပါဒန် ​ကြောင့်ဥပဒ်သင့်ပြီး မဖြစ်သင့်မဖြစ်ထိုက်တဲ့ဆိုးကျိုး​တွေ ​ကပ်ပါလာတတ်ပါတယ်။တစ်ခါတ​လေမှာ ကိုယ်က ပြုသူမဟုတ်ရင်​​တောင် ကိုယ့် ​ဆွေမျိုး​တွေ မိတ်​ဆွေ​တွေရဲ့ လုပ်ရပ်က ကိုယ့်ကိုစက်ကွင်း မလွတ် ဖြစ်​စေပါ​သေးတယ်၊ ဒီSeriesမှာ အဲဒီစက်ကွင်းရဲ့ ဒဏ်ကိုခံရသူ​တွေက​တော့ အယ်ဗာနဲ့ဆိုဖီယာတို့ ညီအစ်မ ၂​ယောက်ပဲဖြစ်ပါတယ်။သူတို့ရဲ့မိခင် အယ်လယ်နာဟာ Cult of Lightအသင်း​တော် ရဲ့ အ​ရေး​ပါတဲ့အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ဂိုဏ်းရဲ့Ritualအတွက် လူ​ပေါင်း၂၃​ယောက်ကို ​သေဆုံး​စေသူအဖြစ် သံသယရှိခံရသူ ဖြစ်​နေပါတယ်၊ မိခင်ရဲ့ကိုးကွယ်ယုံကြည်မှု​ကြောင့်ဖြစ်လာတဲ့ အကျိူးဆက်​တွေကို ညီအစ်မ၂​ယောက် ခါးစည်းခံရင်း မိခင် ​​ပျောက် လိုက်ရှာရမှ ထိုCultရဲ့ အတွင်းလျှို့ဝှက်ချက်​တွေ၊ သဘာဝလွန်ဖြစ်ရပ်​တွေနဲ့မှ ​တည့်တည့်သွားတိုးမိ​လေရာ...။Cult genreရဲ့ထုံးစံအတိုင်း ယစ်ပူ​​ဇော်မှုဓ​လေ့​တွေ၊ ​​သွေးသံ ရဲရဲပြကွက်​တွေပါဝင်သလို စပိန်ဇာတ်လမ်း​တို့ ထုံးစံအတိုင်း Eroticဆန်ဆန် scene​တွေလည်း အ​တော်ပါဝင်တာမလို့ မိသားစုနဲ့အတူကြည့်ရှုဖို့​တော့ သိပ်မသင့်​တော်ပါဘူး။(ဒီဇာတ်လမ်းဟာ စုစုပေါင်း(၈)ပိုင်းတစ်ပြိုင်တည်းထွက်ထားပါတယ်။) (ဒီဇာတ်လမ်းရဲ့ ...
8.1
TMDb: 8.1/10 2254 votes
tv

Feria: The Darkest Light (2022)

2022
The Great Indian Murder (2022) Complete 7.5
The Great Indian Murder (2022) Complete The Great Indian Murderer (2022)ဒီတစ်ခါမှာတော့ cm ပရိသတ်ကြီးအတွက် Feb 4 ရက်နေ့မှာထွက်ရှိခဲ့တဲ့ ဟင်ဒီလူသတ်စီးရီးကောင်းလေးနဲ့ မိတ်ဆက်ပါရစေ။ဒီစီးရီးလေးကတော့ Vikas Swarup ရေးသားခဲ့တဲ့ “SIX SUSPECTS” ဆိုတဲ့စာအုပ်ကို အခြေခံထားတာဖြစ်ပြီး Crime, Politics, Thriller အမျိုးအစားဖြစ်လို့ရင်တဒိတ်ဒိတ်နဲ့ ကြည့်ရမှာပါ။အိန္ဒိယနိုင်ငံ အထက်တန်းလွှာရဲ့ အခြေအနေတွေ၊ အိန္ဒိယထုံးစံ ကြမ်းတမ်းတဲ့parenting တွေနဲ့ အစပျိုးထားတဲ့ ဒီစီးရီးလေးမှာတော့ နိုင်ငံရေးသမားတွေအာဏာလု လောဘတက်ကြတာတွေ ၊ကိုယ်နဲ့အမြင်မတူတိုင်း ရန်သူလို့သတ်မှတ်ပြီးတော့ အခွင့်အာဏာပိုကြီးတဲ့သူတွေကလက်အောက်ငယ်သားတွေကို ခြိမ်းခြောက်ခိုင်းစေတာတွေ၊အာဏာနဲ့ငွေအတွက် မိဘနဲ့သားသမီး ကိုယ့်သွေးသားချင်းတောင် ပြန်သတ်ဖို့ကြိုးစားတာတွေပါ ရိုက်ကူးထားတော့ တော်တော်ကြမ်းတဲ့ စီးရီးလို့ပြောရမှာပါ။ဇာတ်လမ်းအစမှာတော့ နိုင်ငံရေးသမားတစ်ယောက်ရဲ့သားဖြစ်သူ စက်မှုလုပ်ငန်းရှင်တစ်ယောက်ကဒေလီမှာ ပါတီကျင်းပရင်းနဲ့ပဲ သူ့ပါတီမှာပဲ အသတ်ခံလိုက်ရပါတယ်။ ဖခင်က နိုင်ငံရေးသမားဖြစ်တဲ့အပြင်ကိုယ်တိုင်ကစက်မှုလုပ်ငန်းရှင်ဆိုတော့ ပါတီတက်ရောက်သူတွေက အမျိုးမျိုး အစုံစုံပါပဲ။သေနတ်ပစ်ခံရချင်းပဲ ပါတီတက်ရောက်သူတွေကို စစ်ဆေးပြီးတော့နဲ့ သံသယရှိသူတွေကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။ဒါပေမဲ့ အဲဒီသံသယရှိသူတွေက တကယ်ပဲ တရားခံဟုတ်ရဲ့လား၊ ...
7.5
TMDb: 7.5/10 2 votes
tv

The Great Indian Murder (2022) Complete

2022
I Am Georgina (2022) 6.2
I Am Georgina (2022) I Am Georgina (2022) ====================== IMDb Rating - 6.2/10ရုပ်၀တ္တုလောကဆန်ဆန် နှိုင်းယှဉ်ပြောရမယ်ဆို သူဟာ influencer, စီးပွားရေးပညာရှင်တစ်ယောက် ။ Instagram မှာ followers အများဆုံးသော ကမ္ဘာကျော်အမျိုးသားရဲ့ လက်တွဲဖော်တစ်ယောက်။ပကာသနတွေ မပါဘဲ တင်စားရမယ်ဆိုရင်တော့ သူဟာ မိခင်တစ်ယောက်။ အချစ်ကြောင့် ပြောင်းလဲသွားခဲ့သူတစ်ယောက်ပေါ။ သူဆိုတာ Georgina Rodriguez။ Cristiano Ronaldo ကို ပိုင်ဆိုင်ထားတဲ့၊ မီဒီယာမှာ မျက်နှာပန်းလှတဲ့၊ အောင်မြင်နေတဲ့ အမျိုးသမီးပါ။ လူတိုင်းဟာ အချစ်ရေး၊ စီးပွားရေး၊ အိမ်ထောင်ရေး စသည်ဖြင့် အဘက်ဘက်ကနေ ဒီအမျိုးသမီးကို အားကျကြတယ်။ လေးစားကြတယ်။ အခုတော့ ဒီအမျိုးသမီးဟာ မဂ္ဂဇင်း ကာဗာတွေရဲ့ နောက်ကွယ်၊ အင်စတာဂရမ်ပုံတွေရဲ့ ‌နောက်ကွယ်၊ ကောဇောခင်းနီတွေရဲ့ နောက်ကွယ် ခြုံငုံပြောရရင် အောင်မြင်မှုဆိုတဲ့ ကန့်လန့်ကာနောက်ကွယ်က သူ့ဘ၀ကို ချပြဖို့ ဆုံးဖြတ်ခဲ့ပါပြီ။လူထဲက လူတစ်ယောက်ပေမဲ့ အောင်မြင်ကျော်ကြားသူ ဖြစ်လာတဲ့အခါ သူ့ရဲ့ Personal Life ကအစ စိတ်၀င်စားစရာဖြစ်လာပါတယ်။ ဒီတော့ ဒီ reality show မှာရော ...
6.2
TMDb: 6.2/10 2300 votes
tv

I Am Georgina (2022)

2022
A Discovery of Witches – Season 03 8.0
A Discovery of Witches – Season 03 A Discovery of Witches - Season 03===========================IMDb Rating - 8.0/10 | Rotten Tamatoes 94%******** Spoiler Alert ***********S1, S2 မကြည့်ရသေးသူတွေအတွက်တော့ စပွိုင်လာလေးတွေ ပါနိုင်ပါတယ်နော် S2 တုန်းက ၁၆ရာစုကို အချိန်ခရီးသွားခဲ့ကြတဲ့ မက်သရူးနဲ့ ဒိုင်ယာနာတို့နှစ်ယောက် ဒီစီစန်မှာတော့ အခုလက်ရှိကာလကို ပြန်လည်ရောက်ရှိလာပါပြီ။ သူတို့ရောက်ရောက်ချင်းမှာပဲ ဆီးကြိုလိုက်တဲ့သတင်းကတော့ စိတ်မကောင်းစရာပါ ဒိုင်ယာနာ့ရဲ့ အမေလိုချစ်ခင်ရတဲ့ အမ်မလီတစ်‌ယောက် ပီတာနော့စ်သတ်တာ ခံလိုက်ရတာပါ ပြီးတော့ မက်သရူးရဲ့အစ်ကိုဖြစ်သူ ဘောလ်ဒွင်းကလည်း ဆပ်တောစ်မှာ စုန်း၊ နတ်ဆိုး၊ လူ၊ ဗန်ပိုင်းယားအစုံ ဘော်‌ဒါဆောင်လို စုနေနေကြတာကို သဘောမတွေ့ဘဲ ဒီကလာမွန့်မိသားစု မဟုတ်သူအားလုံးကို နှင်ထုတ်လိုက်ပါတယ်။ နောက်ပြီး သွေးဆာလောင်မှုရောဂါရှိနေတဲ့ ဗန်းပိုင်းယားတစ်ကောင် လူ‌တွေကိုလိုက်သတ်နေတယ်ဆိုတဲ့ သတင်းကလည်း လူတွေ ကြားမှာရော သတ္တဝါတွေကြားမှာပါ အတော်ကိုပျံ့နှံ့နေပြီဆိုတော့ ဒီပြဿနာတွေကို သူတို့ဘယ်လိုဖြေရှင်းပြီး ဘယ်လိုရှေ့ဆက်ကြမယ်ဆိုတာ Season 3 မှာ ဆက်လက်ကြည့်ရှု ကြပါဦး။ (ဒီစီးရီးရဲ့ အညွှန်းကို MTA ...
8.0
TMDb: 8.0/10 356 votes
tv

A Discovery of Witches – Season 03

2022
Neymar: The Perfect Chaos (2022) 8.4
Neymar: The Perfect Chaos (2022) Neymar : The Perfect Chaos (2022) မြန်မာစာတန်းထိုး******************************************IMDb - 7အပိုင်း ၁ မှ ၃ (အစ-အဆုံး) ''ခင်ဗျား ကျွန်တော့်ကိုမကြိုက်ဘူးမလား"၊ "အဲဒါ ခင်ဗျားကိစ္စလေ"၊  "ကျွန်တော်ကတော့ ကျွန်တော်နေချင်သလိုနေမှာပဲ" သတင်းထောက်ကို နေမာပြန်ပြောခဲ့တဲ့စကား။ တကယ်ဘုကျတဲ့ကောင်။ခင်ဗျားဟာ ဘောလုံးလောကနဲ့ မရင်းနှီးတဲ့လူတစ်‌ယောက်ဆိုရင်တောင် နေမာကိုတော့ ခင်ဗျားကြားဖူးနားဝရှိနေလိမ့်မယ်။ သူဟာ ရော်နယ်ဒို၊ မက်ဆီတို့ပြီးရင် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားတွေထဲက တစ်ယောက်ဖြစ်ပြီး နာမည်ကျော် ဘာစီလိုနာအသင်းမှာ ငါးနှစ်ကြာကစားခဲ့တဲ့လူတစ်ယောက်ဖြစ်ပါတယ်။၂၀၁၇ မှာ ပြင်သစ်လိဂ် ပီအက်စ်ဂျီအသင်းကို စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ အသင်းပြောင်းလာခဲ့ပါတယ်။ ဆိုတော့ သူ့ရဲ့စံချိန်တင်ပြောင်းရွှေ့ကြေးက ဘယ်လောက်တဲ့လဲဆိုရင် ယူရို ၂၂၂ သန်းပါ။ အခုငွေလဲနှုန်းနဲ့ဆို မြန်မာငွေ သိန်းပေါင်း ၄၄ သိန်းကျော်ပါ။ 2022 ခုနှစ်မှာ နေမာရဲ့ကြွယ်ဝမှုဟာ မြန်မာငွေ သိန်းပေါင်း 35 သိန်းချမ်းသာကြွယ်ဝပါတယ်။ဝင်ငွေအရကြည့်မယ်ဆိုရင် သူဟာ တစ်စက္ကန့်ကို သုံးဒေါ်လာနှုန်း ...
8.4
TMDb: 8.4/10 46 votes
tv

Neymar: The Perfect Chaos (2022)

2022