Channel Myanmar

2022

Mithya (2022) 7
Mithya (2022) Mithya 2022ဒီတစ်ခေါက်တင်ဆက်ပေးချင်တဲ့ စီးရီးကတော့ IMDb 7.8ထိရရှိထားတဲ့Drama, Thriller စီးရီး Mithyaပဲဖြစ်ပါတယ် ဒီစီးရီးမှာဆိုရင်တော့လှည့်ကွက်တွေ ဇာတ်မြှုပ်ထားတဲ့အကြောင်းအရာတွေပါဝင်ပြီး အပိုင်း ၆ပိုင်းကိုမရိုးရအောင်ဆွဲခေါ်ပေးသွားမှာပါဇာတ်လမ်းအကျဉ်းကတော့ ကောလိပ်ဆရာမတစ်ယောက်ဖြစ်တဲ့ ဂျူဟီးနဲ့ သူမရဲ့ကျောင်းသူရီဟာတို့ဟာ မထင်ထားတဲ့ ပြဿနာအသေးလေးကနေစအချေအတင်ဖြစ်ကြပြီး ပြဿနာကတစ်စတစ်စကြီးထွားလာခဲ့တာပါ အက်ဆေးတစ်ခုကို ကော်ပီကူးလာတယ်ဆိုပြီး ဆရာမဖြစ်သူ ဂျူဟီးကရီဟာ့ကိုစာမေးပွဲမှာအရှုံးပေးလိုက်ပါတယ် ရီဟာကတခြားလူမဟုတ်ပါဘူးကျောင်းအုပ်ထိန်းရေးကောင်စီအဖွဲ့ဝင်တစ်ယောက်ရဲ့သမီးပါ ရီဟာကလည်းဒီအက်ဆေးက ခိုးချတာမဟုတ်ဘဲ သူကိုယ်တိုင်ရေးထားတာပါဆိုပြီးအကြောက်အကန်ငြင်းနေပါတယ် ဒါပေမယ့် ဂျူးဟီကမယုံခဲ့ပါဘူးပြဿနာကဒီမှာတင်ပြီးမသွားပါဘူး ရီဟာကလည်း ထင်မထားအောင်ကိုမြှုပ်ကွက်တွေရှိနေတဲ့လူပါ ပြဿနာတွေတစ်စထက်တစ်စကြီးထွားလာနေချိန်မှာတော့ရုတ်တရက် ဂျူဟီးရဲ့အမျိုးသားဖြစ်သူက အသတ်ခံလိုက်ရပါတယ် ဂျူဟီးယောကျာ်းကိုဘယ်သူကသတ်လိုက်တာလဲ ဂျူဟီးထင်ထားသလို လူသတ်သမားက ရီဟာပဲလားလူသတ်သမားကိုရှာဖွေဖို့ဘယ်လိုအလှည့်အပြောင်းတွေဖြစ်လာမှာလဲဆိုတာစိတ်ဝင်တစားကြည့်ရှုရမယ့် စီးရီးကောင်းတစ်ခုဖြစ်တာကြောင့်ခံစားကြည့်ရှုနိုင်ဖို့တင်ဆက်ပေးလိုက်ရပါတယ်ရှင်(အညွှန်းရေးသားသူက Yunniဖြစ်ပါတယ်)File Size – 500MB@EpisodeQuality – 1080p WEB DLDuration – 33minute (@Episode)Total Episodes: 6EpsSubtitle – Myanmar HardsubFormat – Mp4Genre :  Mystery , DramaTranslator ...
7
TMDb: 7/10 1 votes
tv

Mithya (2022)

2022
In your heart ( 2022 )
In your heart ( 2022 ) ဒီတစ်ခါ CMကနေ ဘာသာပြန်တင်ဆက်ပေးဖို့ ရွေးချယ်ထားတဲ့ ဇာတ်ကားလေးကတော့Bl ကားလေးဖြစ်တဲ့ In Your Heart ပဲဖြစ်ပါတယ် ဒီကားလေးမှာတော့မျက်နှာသစ်မင်းသားတွေဖြစ်တဲ့ Hu Bo Wen နဲ့ Hu Shi Wen တို့သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့Ling Zimingနဲ့ Cheng Yi ဆိုတဲ့ ကောင်လေး‌နှစ်ယောက်ဟာငယ်ငယ်လေးကတည်းက မပြည့်စုံတဲ့မိသားစုမှာ ကြီးပြင်းလာကြတဲ့သူငယ်ချင်းတွေပဲ ဖြစ်ပါတယ် Ling Zimingဟာငယ်ငယ်လေးကတည်းကအဒေါ်(၂)ရဲ့ထိန်းကျောင်းမှုအောက်မှာကြီးပြင်းလာခဲ့ရသူဖြစ်ပြီး Cheng Yi ကတော့အဖွားဖြစ်သူရဲ့ထိန်းကျောင်းမှုအောက်မှာကြီးပြင်းလာသူဖြစ်ပါတယ် ဒီလိုမျိုးမပြည့်စုံတဲ့မိသားစုတွေကြောင့် နှစ်ယောက်သား အချင်းချင်းအမှီသဟဲပြုရင်း ပိုမိုရင်းနှီးခင်မင်လာခဲ့ပါ‌တယ် အရွယ်ရောက်လာတဲ့အချိန်မှာတော့ သူတို့ကိုယ်တိုင်တောင် မသိတဲ့ ခံစားချက်တစ်မျိုးကသူတို့နှစ်ဦးကြားမှာ ပေါက်ဖွားလာလို့ခဲ့ပါတယ် အရွယ်ရောက်စကောင်လေးတွေဆိုတော့ အချစ်ဆိုတဲ့အရာကို နားမလည်ကြဘဲအချင်းချင်း စမ်းသပ်ကြည့်ကြတယ် ဒါပေမယ့်..... ဒီလိုလုပ်တာကသူတို့နှစ်ဦးကို သတိမထားမိစေဘဲ ပိုလို့ဝေးသွားစေခဲ့ပါတော့တယ်အချစ်ဆိုတာ တစ်စုံတစ်ယောက်နဲ့ တစ်စုံတစ်ယောက်ကြားမှာ ဖြစ်ပေါ်လာတဲ့ စိတ္တဇနာမ်လေးဖြစ်ပြီး အချစ်ဆိုတာကိုနားလည်လာတဲ့ သူတို့နှစ်ဦးက ပြန်လည်နီးစပ်လာအောင်ဘယ်လိုတွေကြိုးစားမှာလဲ ဆိုတာကိုတော့ CMကနေမကြာခင်မှာတင်ဆက်ပေးတော့မယ့် In ...

In your heart ( 2022 )

2022
Through the Darkness ( 2022 )
Through the Darkness ( 2022 ) မှုခင်းသည်းထိတ်ရင်ဖိုကားတွေကိုမှ ရင်တလှပ်လှပ်နဲ့ကြည့်ချင်သူCM ပရိသတ်ကြီးအတွက် ဒီတစ်ခေါက်မှာတော့Through the darkness ဆိုတဲ့ ကိုရီးယားစီးရီးလေးကို တင်ဆက်ပေးလိုက်ပါတယ်။ဒီကားလေးကတော့ ကိုရီးယားနိုင်ငံရဲ့ ပထမဆုံး profiler(မှုခင်းပုံဖော်သူ) အကြောင်းကိုရိုက်ကူးထားတာပါ။ကိုရီးယားနိုင်ငံအဝှမ်းမှာ ဖြစ်ပေါ်နေတဲ့ထိတ်လန့်ဖွယ်ရာကွင်းဆက်လူသတ်မှုရဲ့နောက်ကွယ်ကလူသတ်သမားကို ရဲဌာနကမလိုက်နိုင်တဲ့အခါမှာတော့အမေရိကန် FBI ရဲ့ Profile နည်းကို အသုံးချပြီးလူသတ်သမားကိုဖမ်းဖိုကြိုးစားကြပါတော့တယ်။ဒီလိုProfile ကိုလေ့လာတဲ့နည်းနဲ့ လူသတ်သမားရဲ့အတွင်းစိတ်ရိုင်းကို ပုံဖော်ပြီး အမှုလိုက်ကြမယ့်သူတွေကတော့ကိုရီးယားရဲ့ပထမဆုံးမှုခင်းပုံဖော်သူ Song Ha-young အဖြစ်မြန်မာပရိသတ်နဲ့မစိမ်းတဲ့ ဒေါသကြီးတဲ့ဖာသာလေး Kim Nam gilမှုခင်းကောက်ကြောင်းလိုက်တဲ့ဌာနရဲ့ ဌာနမှူးGook Young-soo အဖြစ် Jin Seon-kyuSMPA အဖွဲမှ စစ်ဆေးရေးအဖွဲမှူး Yoon Tae-goo အဖြစ်Kim So-jin တိုက ပါဝင်သွားမှာဖြစ်ပါတယ်။ဒီဇာတ်ကားလေးကိုကြည့်ရင်းရှုပ်ထွေးပြီးကြောက်စရာကောင်းတဲ့အမှုတွေကို သူတိုတွေ ဘယ်လိုဖြေရှင်းကြမလဲ ?သူတိုရဲ့ Profile ကောက်တဲ့နည်းကရော အောင်မြင်နိုင်ပါ့မလား ?နောက်ကွယ်မှာရော ဘယ်လိုအရှုပ်အထွေးတွေ ရှိနေဦးမလဲ ?ဆိုတာကို အသည်းတအေးအေးနဲ့ အဖြေရှာလိုက်ကြရအောင်နော်။  Quality : HDTV 720p Format : ...

Through the Darkness ( 2022 )

2022
Pieces Of Her (2022) 7.8
Pieces Of Her (2022) Pieces Of Her (2022)================IMDb Rating - 7.8/10ဒီနေ့မှ အသစ်ထွက်ရှိထားပြီး IMDB 7.8 အထိရရှိထားတဲ့ Netflix series လေးနဲ့မိတ်ဆက်ပေးချင်ပါတယ် ။ (၈) ပိုင်းလုံးထွက်ရှိထားတာဖြစ်ပြီး ကျန်တဲ့ အပိုင်းတွေကို ဆက်တိုက်တင်ပေးသွားမှာပါ။ဇာတ်လမ်းပုံစံက Crime, Drama, Thriller ဖြစ်ပြီး Laura‌ နဲ့ Andrea တို့သားအမိနဲ့ စတင်ထားပါတယ်။ အမေက စစ်ပြန်တွေကို ဘာသာစကားမှတ်ဉာဏ်ပျောက်ဆုံးမှု ကုသရေးစင်တာမှာ ကူညီနေတဲ့ သူဖြစ်ပြီးသမီးက တိုင်ကြားမှုတွေကို လက်ခံရတဲ့ 911 ဌာနကပါ။ Andrea ရဲ့အသက် ၃၀ ပြည့်မွေးနေ့မှာ သားအမိ ၂ ယောက် ဆိုင်တစ်ဆိုင်မှာ မိတ်ဆွေတစ်ယောက်နဲ့စကားပြောနေတုန်း သေနတ်သမားက ဝင်ပစ်ရာကနေ ဇာတ်လမ်း စပါတယ်။ ဒါကို Laura ဟာ သေနတ်သမားနဲ့တိုက်ခိုက်ကာ လူတွေကို ကယ်တင်နိုင်ခဲ့ပေမယ့် သူ့လက်မှာ ဓားဒဏ်ရာရပြီး ဆေးရုံရောက်သွားပါတယ်... Laura ရဲ့သတင်းဟာ သတင်းစာမျက်နှာ ရုပ်သံတွေမှာ ပျံ့နှံသွားပြီး လူတွေက သူရဲကောင်း တစ်ယောက်လိုအားပေးဆုတောင်းပေးနေကြပါတယ်။ သို့ပေမယ့် ...
7.8
TMDb: 7.8/10 2500 votes
tv

Pieces Of Her (2022)

2022
Semantic Error (2022) 10
Semantic Error (2022) Semantic Error (2022) ဇာတ်လမ်းတွဲအညွှန်းအပိုင်းသစ် - ၈ (ဇာတ်သိမ်းပိုင်း)(အစ-အဆုံး ရပါပြီ) ကွန်ပျူတာသိပ္ပံမေဂျာက ဂျူနီယာကျောင်းသားလေး ချူဆန်းဝူဟာ အမှန်တရားလက်ကိုင်ထားတဲ့ အေးစက်ဖြောင့်မတ်သူတစ်ယောက် ဖြစ်ပါတယ်။ဘယ်လောက်တောင် အကျိုးအကြောင်းသင့်လုပ်တတ်လဲဆိုရင် နောက်ဆုံးနှစ်အဖွဲ့လိုက် presentation လုပ်ရတုန်းက သူတစ်ယောက်တည်း လုပ်ရလို့ဆိုပြီး ကျန်တဲ့အဖွဲ့သားတွေနာမည်အကုန်လုံးကို လူသိရှင်ကြား ပယ်ထုတ်ပြီး သူ့နာမည်တစ်ခုပဲ ရေးခဲ့တဲ့သူမျိုးပေါ့။ဒါပေမယ့် သူမသိလိုက်တာက သူ့ရဲ့အဲ့လိုလုပ်ရပ်က စီနီယာကျောင်းသားတစ်ယောက်ဖြစ်တဲ့ ဂျန်ဂျယ်ယောင်းရဲ့ပညာရေးမှတ်တမ်းမှာ အကြီးကြီးသွားရိုက်ခတ်ပါတော့တယ်။ဒီဇိုင်းမေဂျာက ဂျယ်ယောင်းကတော့ ဆန်းဝူနဲ့ဆန့်ကျင်ဖက် စတိုင်ကျ လူချစ်လူခင်ပေါပြီး အတော်လေးနာမည်ကြီးတဲ့သူတစ်ယောက်ပါ။ဆန်းဝူရဲ့လုပ်ရပ်ကြောင့် သူ့ရဲ့နိုင်ငံခြားပညာတော်သင်သွားမယ့် မဟာစီမံကိန်းကြီး ရုတ်တရက် ပျက်စီးသွားတဲ့အခါမှာတော့ ဆန်းဝူကို မရမကသွားရှာဖို့ဖြစ်လာပါတော့တယ်။ စရိုက်ချင်းဆန့်ကျင်ဖက်ဖြစ်တဲ့ သူတို့နှစ်ယောက် အတူတူတွဲလုပ်ရတဲ့အချိန် နှစ်ယောက်ကြားမှာ ထူးခြားတဲ့သံယောဇဉ်လေးတစ်မျိုး စတင်ရစ်ပတ်လာတဲ့အခါမှာတော့... (ဇာတ်လမ်းအညွှန်းကို Ei Phyu Khin က ရေးပေးထားပါတယ်)  Aired: February 16, 2022 -- Aired On: Wednesday & ThursdayGenres: Drama, Romance, ...
10
TMDb: 10/10 1 votes
tv

Semantic Error (2022)

2022
Love Unexpected ( 2022 )
Love Unexpected ( 2022 ) ဒီတစ်ခါ CM ကနေ ဘာသာပြန်တင်ဆက်ပေးဖို့ ရွေးချယ်ထားတဲ့ဇာတ်ကားလေးကတော့ရိုမန်တစ်ဆန်ဆန်ဇာတ်ကားလေးဖြစ်တဲ့Love Unexpectedပဲဖြစ်ပါတယ်။ဒီကားလေးမှာတော့The Imperial Coronerဇာတ်ကားထဲမင်းသား Yang Ting Dong နဲ့The Legend of Xiao Chuoဇာတ်ကားထဲမှာပါဝင်ခဲ့ဖူးတဲ့မင်းသမီးGong Wan Yiတို့ကသရုပ်ဆောင်ထားတာဖြစ်ပါတယ်ဇာတ်လမ်းလေးကတော့နာမည်ကြီးရှေ့နေတစ်ယောက်Liu Rou Chen က အာဟာရပညာရှင် Lu Fan Fan ရဲ့ လူနာပေါ့အလုပ်အတူတူတွဲလုပ်လာတာကြာတော့အချင်းချင်းနားလည်လာကြတဲ့အချိန်မှာတော့...တစ်နေ့ Lu Fan Fan ကလွန်ခဲ့တဲ့ (၁၄) နှစ်တုန်းကLiu Rou Chen ရဲ့ဘဝထဲကို ဝင်ရောက်သွားခဲ့တယ်အဲ့အချိန်မှာ Lu Fan Fan တစ်ယောက် Liu Rou Chenဖြတ်သန်းခဲ့တဲ့ဘဝကို နားလည်သဘောပေါက်လာခဲ့ရင်းတဖြည်းဖြည်းနဲ့နှလုံးသားချင်းနီးစပ်ခဲ့ပါတော့တယ်ကဲဒီတော့ Lu Fan Fan ကလွန်ခဲ့တဲ့ (၁၄)နှစ်တုန်းကLiu Rou Chen ရဲ့ဘဝအခက်အခဲတွေကိုဘယ်လိုကူညီပေးမလဲဆိုတာကိုတော့CM ကနေ မကြာခင်မှာတင်ဆက်ပေးတော့မယ့် Love Unexpected ဆိုတဲ့ဇာတ်လမ်းတွဲလေးမှာ စောင့်မျှော်ကြည့်ရှု အားပေးကြပါဦးနော်~ Quality ...

Love Unexpected ( 2022 )

2022
Finding Ola (2022) 7.7
Finding Ola (2022) Finding Ola (2022)================IMDb Rating - 7.7/10ကွာရှင်းမှုဆိုတာ ယောင်္ကျားတွေအတွက်တော့ လွတ်လပ်မှု၊ မိန်းမတွေအတွက်တော့ အကျဉ်းထောင် တဲ့ . . . ဒီစကားက အငြင်းပွားဖွယ်နိုင်ရာတော့ ရှိတာပေါ့။ ဘာလို့ဆို တချို့သောကိစ္စတွေမှာက ၂ ယောက်လုံးအတွက် လွတ်လပ်မှု ဖြစ်နေနိုင်သလို အိမ်ထောင်ဆိုတာကမှ အကျဉ်းထောင်လို့ ဆိုလာနိုင်သူတွေလည်း ရှိနေနိုင်ပါတယ်။ သို့ပေမဲ့ များသောအားဖြင့် အမျိုးသမီးတစ်ယောက်ကို ကွာရှင်းမှုကမှ တကယ့်အကျဉ်း ထောင်လို့ ပြောရင် သူလက်ခံနိုင်ချေရှိတယ်။ ဘာလို့ဆို လက်တွဲဖော် မရှိတော့ဘူးဆိုသည်နဲ့ တစ်ပြိုင်နက် သူဟာ ကိုယ့်ထူးကိုယ်ချွန်ပြီး ဘ၀အတွက် ရုန်းကန်လှုပ်ရှားရတော့မယ်။ သားသမီးရှိနေရင် လူပိုစာပါ သူရှာရမယ်။ မိသားစုတာ၀န်ကြီး တစ်ခုလုံးက မောင်တစ်ထမ်း မယ်တစ်ရွက်ကနေ မယ်ချည်းသာလျင်အခြေအနေကို ရောက်လာမယ်။ ဒီတော့ ဟုတ်တယ် ဘ၀သစ်ရဲ့ အကျဉ်းထောင်ကြီးလိုပါပဲ ...အလားတူ မိကံဆိုးကြီး Ola ဟာလည်း ဒီထောင်ကျသွားသဗျ  ဒီထောင်ထဲ အရောက်ပို့လိုက်သူ ကတော့ သူ့‌ချစ်လင် ကိုယ်တိုင်ပါပဲ။ ဒီတော့ သူ့ဘ၀ဟာ မိုးနဲ့မြေလို ရုတ်ချည်း ...
7.7
TMDb: 7.7/10 2200 votes
tv

Finding Ola (2022)

2022
Next Level Chef (2022)
Next Level Chef (2022) Next Level Chef (2022)Masterchef ကိုလွမ်းနေကြတဲ့ သူများအတွက် Gordon Ramsay ရဲ့ Next Level Chef လာပါပြီNext Level Chef ဆိုတဲ့ ပြိုင်ပွဲခေါင်းစဉ်အတိုင်း အားလုံးတစ်ခါမှမမြင်ဖူးတဲ့ ယှဉ်ပြိုင်မှုမျိုးနဲ့ ယှဉ်ပြိုင်ရမှာပါ ဒီပြိုင်ပွဲမှာယှဉ်ပြိုင်ဖို့ Gordon တစ်ယောက် တစ်နိုင်ငံလုံးအနှံ့က Home Cook တွေ Social Media Chef တွေ Professional Chef တွေ စုစုပေါင်း ၁၅ ယောက်ကိုရွေးချယ်ထားပါတယ် Ramsay ရဲ့ အမိုက်စားပြိုင်ပွဲအိုင်ဒီယာကို ကူညီအကောင်အထည်ဖော်ဖို့ နောက်ထပ်ရောက်ရှိလာတဲ့ Chef နှစ်ယောက်က Nyesha Arrington နဲ့ Richard Blais ပါဒီပြိုင်ပွဲဝင် ၁၅ ယောက်ထဲကနေမှ စားဖိုမှူးကြီး ၃ ယောက်က သူတို့အဖွဲ့ထဲကို ၅ ယောက်စီခေါ်ပြီး Mentorship ပေးမှာပါ ဒီပြိုင်ပွဲရဲ့ အထူးခြားဆုံးကတော့ ချက်ပြုတ်ရမယ့် Kitchen ပါပဲ ပုံမှန်မြင်တွေ့နေကျ Kitchen တစ်ခုတည်းမှာ အားလုံးချက်ရမှာမဟုတ်ဘဲ မတူညီတဲ့ Kitchen ...

Next Level Chef (2022)

2022
Work Later, Hike Now (2022)
Work Later, Hike Now (2022) Work Later Hike Now (2022)သုံးယောက်ပေါင်းလောင်းကျော် အရက်သမား မမ၃ယောက်ကို မှတ်မိကြသေးရဲ့လား Season 2 လေးကိုစောင့်ရင်းနဲ့ မမ သုံးယောက်ရဲ့ Variety Show လေးကို တင်ဆက်ပေးလိုက်ပါတယ်ဒီတခါမှာတော့ မမတွေက အရက်သမားအဖြစ်ကနေ တောင်တက်သမားဖြစ်သွားကြပါပြီ - တောင်တက်ရတာ သဘောကျတဲ့ ဆွန်းဟွာရယ် - တောင်ဆိုလို့ အပြေးစက်က လျှောစောက်လိုမျိုးမြင့်တာလေးပဲ ပြေးဖူးတဲ့ အွန်းဂျီရယ် - တောင်တက်ရင် လှဲပြီးနားလိုက် တက်လိုက်လုပ်မယ်ဆိုတဲ့ ဆွန်းဘင်တို့ သုံးယောက်ဘယ်တောင်တွေကိုတက်ပြီး ဘယ်လိုဟာသတွေမြင်ရဦးမှာလဲ မမ ၃ယောက်အလှအပြင် သာယာလှပတဲ့ တောင်တွေ တောင်ထိပ်ရှုခင်းအလှတွေကိုမြင်ရမှာဖြစ်ပါတယ်အပိုင်း ၄ပိုင်းထွက်ရှိမှာ ဖြစ်ပြီး အပတ်စဥ် စနေနေ့တိုင်းတင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်(အညွှန်းကိုတော့ Shwe Pyae Sone မှ ရေးသားပေးထားပြီးCM Variety AM မှ ဘာသာပြန်တင်ဆက်ပေးထားပါတယ်)Genre.....Reality Quality….WEB-DL 1080p and 720p File size…1.2GB and 750MB Format…mp4 Duration….1h 50min Subtitle….Myanmar Subtitle (Hardsub) Translator ...

Work Later, Hike Now (2022)

2022
The Autumn Ballad
The Autumn Ballad The Autumn Balladဒီတစ်ခါ CMကနေ ဘာသာပြန်တင်ဆက်ပေးဖို့ ရွေးချယ်ထားတဲ့ ဇာတ်ကားလေးကတော့နန်းတွင်းဇာတ်ကားလေးဖြစ်တဲ့ The Autumn Ballad ပဲဖြစ်ပါတယ်ဒီကားလေးမှာတော့လက်ရှိ CM မှာပြသနေတဲ့ Dream Garden ထဲကမင်းသမီးချောလေး Qiao Xin က (ချိုးယန်း)အဖြစ် Novoland:castle in the sky 2 ထဲကမင်းသားချော Xu Zheng Xi က (လျန်ရိ)အဖြစ်အဓိကပါဝင်သရုပ်ဆောင်ထားကြတာပဲဖြစ်ပါတယ်ဇာတ်လမ်းလေးကတော့ချိုးမိသားစုရဲ့အချစ်မခံရတဲ့ချိုးယန်းမမလေးကတစ်နေ့မှာဖိအားပေးလက်ထပ်ခြင်းခံခဲ့ရတယ်ကံမကောင်းစွာနဲ့မင်္ဂလာဆောင်တဲ့နေ့မှာပဲ သတို့သားလောင်းဟာ သေသွားခဲ့ပြီးချိုးယန်းဟာလည်း အခန်းထဲမှာပိတ်လှောင်ထားခံခဲ့ရပါတယ်ချိုးယန်းကသူမရဲ့ဉာဏ်ရည်ထက်မြက်မှုနဲ့ဇွဲလုံ့လဝိရိယကိုသုံးပြီးပိတ်လှောင်ထားရာကနေလွတ်မြောက်အောင်ကြံဆောင်နိုင်ခဲ့ပါတယ်ဒါပေမယ့်လည်း အဲ့ကိစ္စကမပြီးသေးဘဲ တစ်စတစ်စပိုပိုရူပ်ထွေးတဲ့အမှုဖြစ်လာပါ‌တော့တယ်အဲ့အမှုကိုစုံစမ်းရင်းအခက်အခဲတွေကြုံတွေ့လာတဲ့အချိန်မှာအေးတိအေးစက်နိုင်တဲ့ ဦးရီတော်လျန်ရိနဲ့ရင်းနှီးကျွမ်းဝင်ခဲ့ပါ‌တော့တယ်လက်ရုံးရည်ရောနှလုံးရည်နဲ့ပါပြည့်စုံတဲ့ လျန်ရိနဲ့ဉာဏ်ရည်ထက်မြက်တဲ့ချိုးယန်းတို့နှစ်ယောက်အပြန်အလှန်ဖေးမကူညီပေးရင်းအမှုတွေ အခက်အခဲတွေကိုဘယ်လိုရင်ဆိုင်ဖြေရှင်းကြမလဲ တစ်ယောက်နဲ့တစ်ယောက်ဖေးမကူညီရင်းအချိန်တွေကြာလာတာနဲ့အမျှလျန်ရိနဲ့ချိုးယန်းတို့ရဲ့ချစ်ခြင်းမေတ္တာတွေဘယ်လိုပေါက်ဖွားလာမလဲဆိုတာကိုတော့CMကနေ မကြာခင်မှာတင်ဆက်ပေးတော့မယ့် The Autumn Ballad ဆိုတဲ့ဇာတ်လမ်းတွဲလေးမှာ စောင့်မျှော်ကြည့်ရှု အားပေးကြပါဦးနော်~    Episode 1 Yoteshin / MegaUp / Usersdrive /  VIP   Episode 2 Yoteshin / MegaUp / Usersdrive /  VIP   Episode ...

The Autumn Ballad

2022
Rudra: The Edge Of Darkness (2022) Complete 8
Rudra: The Edge Of Darkness (2022) Complete Rudra:The edge of darkness(2022)ဒီဇာတ်လမ်းတွဲကတော့ အင်္ဂလိပ်စီးရီးတစ်ခုဖြစ်တဲ့ Luther ကိုအန္ဒိယဇာတ်လမ်းတွဲအဖြစ်ပြန်လည်အသက်သွင်းထားတဲ့ Crime/Thriller စီးရီးတစ်ခုပဲဖြစ်ပါတယ်။ဇာတ်လမ်းအစအဆုံးတစ်ထေရာထဲပြန်ရိုက်ထားတာတော့မဟုတ်ပေမယ့် Remake လို့ပြောထားတာကြောင့်ဇာတ်ကောင်တွေနဲ့ ဇာတ်လမ်းကြောရိုးတချို့ကတော့ဆင်တူနေမှာပါ။ မူရင်း Luther စီးရီးကတော့ ၂၀၁၀ ခုနှစ်ထဲကစတင်ပြီးSeason(5) ခုထွက်ရှိထားပြီး အခုအိန္ဒိယဇာတ်လမ်းတွဲက တော့ Season(1) ကို အပိုင်း(6)ပိုင်းနဲ့ထွက်ရှိလာတာပါ။ ဇာတ်လမ်းအကျဥ်းကတော့ မွန်ဘိုင်းမြို့တောင်ပိုင်းက ရူဒရာဆိုတဲ့ရဲတစ်ယောက်ဟာသေနတ်လုံးဝမကိုင်တဲ့ရဲဆိုပြီးနာမည်ကျော်ပါတယ်။ ဟုတ်ပါတယ် သူဟာလူသတ်မှု၊ပြန်ပေးဆွဲမှု စတဲ့အမှုကြီးတွေကိုကိုင်တွယ်ရပေမယ့်လည်း သေနတ်ကိုလုံးဝမကိုင်ပဲMind game တွေကိုသာသုံးပြီးအမှုတွေကိုဖြေရှင်းလေ့ရှိတာပါ။ ဒီလိုအရည်အချင်းရှိတဲ့ရဲတစ်ယောက်ကလည်း သူ့ကိုယ်ပိုင်ဘဝမှာတော့အမြဲအဆင်ပြေမနေခဲ့ပါဘူး။ကွဲခါနီးဖြစ်နေတဲ့အိမ်ထောင်ရေးတစ်ခု၊ ဖြေရှင်းစရာကျန်နေတဲ့အမှုတွေကြားမှာသူဘယ်လိုကျော်လွှားမလဲ။ အမှောင်လောကနဲ့ရင်ဆိုင်ရင်း ကိုယ့်ရဲ့အမှောင်ဘက်ခြမ်းကိုရောရူဒရာတစ်ယောက် ထိန်းချုပ်နိုင်ပါ့မလား။ အဲဒါတွေနဲ့အတူ စိတ္တဇဆန်ဆန်မှုခင်းတွေနဲ့ plot twist တွေmind game တွေကို ဝေဝေဆာဆာကြည့်ရှုရမယ့်စီးရီးတစ်ခုဖြစ်တဲ့အပြင် နဂိုအင်္ဂလိပ်ဇာတ်လမ်းရဲ့ကြောရိုးကိုအိန္ဒိယစတိုင်ပြန်ရိုက်ထားတာကလည်းကြည့်ရတာ အရသာတစ်မျိုးဖြစ်တာကြောင့် မှုခင်း/စုံထောက်ကားကောင်းတွေကိုကြိုက်နှစ်သက်တဲ့ပရိသတ်ကြီးအနေနဲ့လက်လွှတ်မခံသင့်တဲ့စီးရီးတစ်ခုလို့ပဲညွှန်းလိုက်ပါရစေ။ File Size – 600MB @Episode / 300MB@EpisodeQuality – 1080p / 720pDuration – minute ...
8
TMDb: 8/10 1 votes
tv

Rudra: The Edge Of Darkness (2022) Complete

2022
Secrets of Summer (2022) 8.5
Secrets of Summer (2022) Secrets of Summer (2022)====================IMDb Rating - 6.9/10"Secrets of Summer " နွေရာသီလျှို့ဝှက်ချက်များဆိုတဲ့ အမည်လေးအတိုင်း နွေရာသီအချိန်အခါကိုနောက်ခံထားရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးပါ။နွေရာသီ ဆိုတာက မိုးလေကင်းစင်ပြီးပူပြင်းခြောက်သွေ့တာက ဓမ္မတာပါပဲ။ ဒီလိုရာသီမျိုး ဆိုတာက ရေနဲ့ပတ်သက်တဲ့အားကစားသမားတွေအတွက်အကြိုက်ဆုံးရာသီတစ်ခု ပေါ့။ ဒီဇာတ်ကားလေးထဲမှာဆိုရင်လည်း Cielo Grandeလေးမှာ (၁၂)နှစ်ကြာမကျင်းပဖြစ်တဲ့ Summer Crush ဆိုတဲ့ ရေလှိုင်းစီးပြိုင်ပွဲလေးတစ်ခုကို နွေရာသီမှာကျင်းပဖို့ဟန်ပြင် နေကြတာပေါ။ ဒီပြိုင်ပွဲလေးနဲ့အတူ Sky Vibes ဆိုတဲ့ ကာရာအိုကေဘားလေးကိုပါ ပြန် အသက်သွင်းရင်း Cielo Grandeကိုအရင်ကလိုပြန်ဖြစ်အောင်ကြိုးစားနေကြတာပေါ့။ ဒီလိုပြန်အသက်သွင်းဖို့လုပ်နေတဲ့ Cielo Grande ဆိုတဲ့နေရာလေးဆီ ပရော်ဖက်ရှင်နယ် ရေလှိုင်းစီးသမားလေး Steffiကလည်း သူ့မိသားစုရဲ့လျှို့ဝှက်ချက်လေးကိုရှာဖွေဖို့ရောက် လာတော့ Cielo Grandeက အရင်လိုလှုပ်ရှားအသက်ဝင်လာမလား။ Steffiကလည်း သူရှာနေတဲ့အရာကိုတွေ့သွားမလားဆိုတာကို စိတ်အပန်းဖြေကြည်နူးစွာကြည့်ရမယ့် Family and drama ကားလေးပါလို့ ညွှန်းပါရစေ။(စုစုပေါင်း ၁၁ ပိုင်းရှိတဲ့ ဒီစီးရီးကို cm မှဆက်တိုက်တင်ဆက်သွားပါမည်။)(ဒီဇာတ်လမ်းရဲ့ အညွှန်းကို Chit Tee မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ CM Team မှဖြစ်ပါတယ်။)File Size ...
8.5
TMDb: 8.5/10 2 votes
tv

Secrets of Summer (2022)

2022
Ran Dok Ngiew (2022)
Ran Dok Ngiew (2022) Ran Dok Ngiew(2022) စ / ဆုံး***********************ဇာတ်လမ်းအကျဥ်းမိန်းမသားတစ်ယောက်ရဲ့ ခန္ဓာကိုယ် နဲ့နှလုံးသားကိုကောက်ကျစ်စဥ်းလဲတဲ့ယောင်္ကျားတစ်ယောက်ရဲ့ လက်ထဲမှ ာအစိတ်စိတ်အမြွှာမြွှာဖြစ်အောင်နင်းခြေခံလိုက်ရတဲ့အချိန်မှာတော့ .......အဲ့ဒီမိန်းကလေးတစ်ယောက်ရဲ့ ရင်ထဲမှာနာကျည်းမှုတွေ အငြိုးအတေး တွေက ဖုံးလွှမ်းသွားပါတော့တယ် ......ဒါကြောင့် သူမဟာ သူ့ရဲ့ ကျန်ရှိနေတဲ့ဘဝအစိတ်အပိုင်းမှာလက်စားချေနိုင်ဖိုအတွက် လိမ်လည်လှည့်ဖျားခြင်းနဲ့အတူ သူ့မရဲ့ခန္ဓာကိုယ်ကိုလက်နက်အဖြစ်သုံးခဲ့ပါတယ်။အဲ့ဒီအငြိုးအတေးတွေကလည်း လူမှူအသိုင်းအဝိုင်းကြားထဲမှာဖြစ်ပေါ်နေတဲ့ ကျား-မ ခွဲခြားမှုဆိုတဲ့ ခေါင်းစဥ်ကိုဘယ်လိုမျိုးအကျိုးသက်ရောက်မှုတွေဖြစ်စေမလဲ..........ဇာတ်ကောင်တဦးချင်းဆီရဲ့ အခြေခံမိသားစုဘဝတွေကို ပုံဖော်တင်ဆက်ထားတာကသင့်အတွက် အံ့အားသင့်ဖွယ် သင်ခန်းစာတွေနဲ့ ကြည့်ရှုရမယ့်ဇာတ်လမ်းတွဲလေးကိုCM မှ Ongoing အမှီ ဘာသာပြန်တင်ဆက်ပေးမှာဖြစ်ပါတယ် စောင့်မျှော်အားပေးကြပါဦးရှင်...........[ဇာတ်လမ်းအကျဥ်းကို Tinme me soe & Zoe မှရေးထားပါတယ် ]Episodes: TBAAired: Jan.1, 2022– TBAAired On: Mon to ThurGenres: Romance, DramaTranslated by Zoe , May Thu & Tin Me Me ...

Ran Dok Ngiew (2022)

2022
Young Wallander – Season 02 7.2
Young Wallander – Season 02 Young Wallander - Season 02=======================IMDb Rating - 7.2/10Season 01 မကြည့်သေးသူများအတွက် အခုအညွှန်းက Spoiler ဖြစ်နိုင်ပါတယ်။ စုံထောက်ဇာတ်လမ်းကောင်းတွေကို ကြိုက်နှစ်သက်သူတွေအတွက် Young Wallander Season 2 ပြန်လာပါပြီ။ ဒီ season မှာတော့ ရဲတပ်ဖွဲ့ကနေ ထွက်ခဲ့တဲ့ Kurt Wallander တစ်ယောက် ရှေ့ဆက်ဘာလုပ်ရမှန်းမသိဘဲ လမ်းပျောက်နေခဲ့ပါတယ်။ ရဲအလုပ်ကနေရတဲ့ စိတ်ဒဏ်ရာနဲ့ မှတ်ဉာဏ်ဆိုးတွေကြောင့် ညတိုင်း အိပ်မက်ဆိုးတွေ မက်နေခဲ့ပါတယ်။ နဂို နေထိုင်ရာ ရပ်ကွက်မှလည်း ချစ်သူရှိရာ တစ်ခြားရပ်ကွက်သို့ ပြောင်းရွေ့နေထိုင်ဖို့ ဖြစ်လာ ခဲ့ပါတယ်။  Frida Rask ရဲ့ နားချမှုကြောင့် ရဲတပ်ဖွဲ့ထဲ ပြန်ဝင်ဖို့ စိတ်ပြန်လည်သွားခဲ့ပြီး။ ရဲအလုပ်က သူ့ကိုထပ်ပြီး စိတ်ဒဏ်ရာမပေးစေရဘူးလို့ ဆုံးဖြတ်ပြီး ရဲတပ်ဖွဲ့ထဲပြန်ဝင်ခဲ့ပါ တယ်။ ပထမဆုံးပြန်ကိုင်ရတဲ့ အမှုကတော့ နိုက်ကလပ်အပြင်ဖက်မှာ ကားနဲ့ တိုက်ပြီး ထွက်ပြေးသွားတဲ့ အမှုပါ။ အမှုကရိုးရှင်းသည်ဟုထင်ရသော်လည်း သေဆုံးသူမှာ လွန်ခဲ့တဲ့ ၈ နှစ်က Frida ...
7.2
TMDb: 7.2/10 2250 votes
tv

Young Wallander – Season 02

2022
The Fame Game (2022)
The Fame Game (2022) The Fame Game (2022)ဒီလထဲမှာ Netflix ကတင်ဆက်လိုက်တဲ့ ဘောလိဝုဒ် series တစ်ခုဖြစ်ပါတယ်။အပိုင်းရှစ်ပိုင်းပါဝင်ပြီးတော့ Thriller series ဖြစ်ပြီးIMDB 7.3/10 ရရှိထားတဲ့ series ကောင်းတစ်ခုလည်းဖြစ်ပါတယ်။ဇာတ်လမ်းအကျဥ်းကတော့ ကမ္ဘာကျော်စူပါစတားတစ်ယောက်၊ဇနီးကောင်းမိခင်ကောင်းတစ်ယောက်အဖြစ် နေထိုင်နေတဲ့ Anand ဟာရုတ်တရက်သတင်းအစအန ရှာမရပဲပျောက်ဆုံးသွားခဲ့ပါတယ်။သူ့ပတ်ဝန်းကျင်ကမိသားစုဝင်တွေနဲ့ ရဲတွေကလည်း ရေကုန်ရေခမ်းကြိုးစားရှာဖွေကြရင်းအကျည်းတန်လှတဲ့အမှန်တရားတွေနဲ့ သူလိမ်ညာဖုံးကွယ်ထားတဲ့ကိစ္စတွေကလည်း တစ်ခုချင်းပေါ်လာခဲ့ပါတော့တယ်။အောင်မြင်မှုရဲ့နောက်ကွယ်မှာလည်းလူတွေထင်မှတ်မထားတဲ့အမှန်တရားတွေရှိနေပြီးထင်မှတ်မထားတာတွေတစ်ခုပြီးတစ်ခု ဘူးပေါ်သလိုပေါ်လာတဲ့အခါ ဘာတွေဆက်ဖြစ်မှာလဲ။သူ့ရဲ့ပျောက်ဆုံးမှုနောက်ကွယ်မှာရော ဘယ်လိုအကြောင်းခံတွေရှိနေမှာလဲဆိုတာကတော့စိတ်လှုပ်ရှားစရာဇာတ်ရှိန်အတက်အကျတွေ ဇာတ်ကွက်အလှည့်အပြောင်းတွေနဲ့တူတူ ပရိသတ်ကိုယ်တိုင်ပဲရှုစားကြည့်လိုက်ကြပါဦး။ အရည်အသွေးမြင့်တဲ့ Thriller seriesတစ်ခုဖြစ်တာကြောင့် ရှစ်ပိုင်းပြီးသွားရင်တောင် ကြည့်မဝဖြစ်ကျန်ခဲ့မှာတော့ကျိန်းသေပါပဲ။ File Size – 300MB@EpisodeQuality – 720p WEB DLDuration – 44minute (@Episode)Total Episodes: 8EpsSubtitle – Myanmar HardsubFormat – Mp4Genre : Drama Translator – Yate & Haruko & HM ...

The Fame Game (2022)

2022
Euphoria – Season 02 (2022) 8.4
Euphoria – Season 02 (2022) Euphoria - Season 02 (2022)=====================IMDb Rating - 8.4/10, Rotten Tomatoes 82%အထွေအထူး ပြောဖို့ လိုမယ်မထင်တော့ပါဘူး... ဒီကားဟာ ခေတ်နောက်ပြန်ဆွဲသူတွေနဲ့ မသက်ဆိုင်ဘူး ... ဒါဟာ ၂၁ ရာစု ခေတ်လူငယ်တွေရဲ့ စုတ်ပြတ်ရှုပ်ပွနေတဲ့ ကမ္ဘာတစ်ခုပါ။ အချစ်၊ အမုန်း နဲ့ ခင်မင်မှုတွေကြားမှာ လိင်၊ မူးယစ်ဆေး၊ ပါတီနဲ့ ရန်ပွဲတွေ ရောယှက်လျက် လူငယ်တွေ အပျော်ရှာနေကြတယ်။ ဇာတ်တွေရှုပ်နေကြတယ်။ လမ်းပျောက်နေကြတယ်။ ၀မ်းနည်းနေကြတယ်။ စိတ်ဓာတ်ကျနေကြတယ်။ ဒီလောကကြီးကို စိတ်၀င်စားတယ် နားလည်ကြည့်ချင်တယ်ဆိုရင်တော့ တစ်ပွဲတစ်လမ်းလောက် နွှဲစမ်းကြည့်လိုက်ပေါ့။ euphoria မှ ပြန်လည်ကြိုဆိုပါတယ် .....Season 02 မှာ စုစုပေါင်း (၆)ပိုင်းပါရှိမှာဖြစ်သလို . Sunday တိုင်းတစ်ပတ်တစ်ခါ cm ကနေ ဆက်တိုက်တင်ဆက်ပေးသွားပါမ် (ဒီစီးရီးရဲ့ အညွှန်းကို Yoon Sandi Aung မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေး သူများကတော့ Thiha Yan Naing, Yoon Sandi Aung ...
8.4
TMDb: 8.4/10 5111 votes
tv

Euphoria – Season 02 (2022)

2022
Tracer (2022)
Tracer (2022) Tracer (2022) ဇာတ်လမ်းတွဲအညွှန်း***************************** Season ( 1  & 2 ) စ/ဆုံး ဒီတစ်ခါ CM က တင်ဆက်ပေးမဲ့ ဇာတ်လမ်းတွဲလေးကတော့ ကိုရီးယားနိုင်ငံ အကောက်ခွန်ဌာနကို လက်စားချေချင်နေတဲ့ မိုက်ရူးရဲဆန်တဲ့ လူတစ်ယောက်အကြောင်း ရိုက်ကူးထားတဲ့ Tracer ဆိုတဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ ဒီကားလေးကတော့ အပတ်စဉ် သောကြာနဲ့ စနေနေ့တိုင်း ထွက်ရှိမှာဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ ...Hwang Dong Joo (In Si Wan) က နိုင်ငံအကောက်အခွန်ဌာနက အကြီးအကဲဖြစ်ပြီး အခွန်ဌာနက ဝှက်ထားတဲ့ ငွေတွေကို ခြေရာခံဖို့ ကြိုးစားနေသူတစ်ယောက်လည်း ဖြစ်ပါတယ်။သူ့အဖွဲ့မှာတော့ အမြဲတမ်း တက်ကြွနေတဲ့ Seo Hye Young (Go Ah Sung)နဲ့ သူ့ရဲ့ အထက်လူကြီး Oh Young (Park Yong Woo)တို့ ပါဝင်ပါတယ်။In Tae ...

Tracer (2022)

2022
Juvenile Justice (2022)
Juvenile Justice (2022) Juvenile Justice (2022) ဇာတ်လမ်းတွဲအညွှန်း**************************************အပိုင်းသစ် -၁၀ (ဇာတ်သိမ်းပိုင်း)(အစ/အဆုံး ရပါပြီနော်) ကိုရီးယား ဇာတ်လမ်းတွဲကောင်းကောင်းလေးကြိုက်သူများအတွက် Netflix ရဲ့ နောက်ထပ် ကိုးရီးယားဒရမ်မာအသစ်လေးတစ်ခု လာပါပြီနော်။ ဒီဇာတ်လမ်းတွဲလေးကတော့ အသက်မပြည့်သေးတဲ့ လူငယ်တွေ ကျူးလွန်ထားတဲ့ ပြစ်မှုကို စီရင်ချက်ချပေးရတဲ့ ကိုရီးယားနိုင်ငံ "လူငယ်တရားရုံး" အကြောင်းရိုက်ကူးထားတာပါ။ ကျောင်းပြဿနာ၊ ငွေကြေးပြဿနာ၊ အိမ်တွင်းရေးပြဿနာတွေ ရှိလာတဲ့အခါ လူငယ်တွေက စိတ်ပျော်ရာနောက် ပါသွားကြပြီး ပြစ်မှုတွေကို ကျူးလွန်မိကြပါတယ်။ တောင်ကိုရီးယားနိုင်ငံရဲ့ ဥပဒေအရ အသက်မပြည့်သေးဘဲ ပြစ်မှုကျူးလွန်တဲ့ ရာဇဝတ်သားတွေကို ထောင်ချခွင့်မရှိဘဲ "လူငယ်ကာကွယ်ရေးအမှု" ဆိုတဲ့အမှုခေါင်းစဉ်နဲ့ တရားရုံးက စီရင်ချက်ချပေးရပါတယ်။ လူငယ်ရာဇဝတ်သားတွေကို ထောင်မချဘဲ နောက်တစ်ကြိမ် ဒီလိုကျူးလွန်မှုမျိုးမရှိ‌စေဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လူငယ်ပြုပြင်ရေးစခန်းကိုသာ ပို့ပါတယ်။ ဒီဥပဒေအကြောင်းကို သိတဲ့ လူငယ်တွေက လူသတ်မှု၊ လိင်အကြမ်းဖက်မှု၊ လူကုန်ကူးမှု၊ ပြည့်တန်ဆာလုပ်ရန်အတင်းအကျပ်စေခိုင်းမှု စတဲ့ ကြီးလေးတဲ့ ပြစ်မှုတွေကို ကျူးလွန်ကြပြီး လူငယ် ရာဇဝတ်သားတွေက များသထက်များလာခဲ့ပါတယ်။ဒီဖြစ်ရပ်ကို လုံးဝ သဘောမကျတဲ့ ...

Juvenile Justice (2022)

2022
Memory of Encaustic Tile ( 2022 )
Memory of Encaustic Tile ( 2022 ) ဒီတစ်ခါ CM ကနေတင်ဆက်ပေးမှာကတော့ ပေါ့ပေါ့ပါးပါးလူငယ်ကျောင်းသားကားလေး ဖြစ်တဲ့ Memory of Encaustic tile ပဲဖြစ်ပါတယ်ဒီကားလေးထဲမှာတော့ Put your head on my shoulder ထဲကမင်းသားချောချောလေး Linyi က Zheng Sunianအဖြစ် အခု CM ကနေဘာသာပြန်တင်ဆက်နေတဲ့ Mirror: Twin cities ထဲကမင်းသမီးချောလေး Chen Yuqi က Shao Xue အဖြစ် မင်းသား Yan Zidong ကZhang Qi အဖြစ် အဓိကပါဝင်ထားကြတာပဲဖြစ်ပါတယ်ဇာတ်လမ်းလေးကတော့ Zheng Sunian Shao Xue နဲ့ Zhang Qi တို့ဟာငယ်ငယ်ထဲကအတူတူကြီးပြင်းလာကြတဲ့ သူငယ်ချင်းတွေဖြစ်ပါတယ်သူတို့သုံးယောက်လုံးရဲ့မိဘတွေက ရှေးဟောင်းပစ္စည်းပြုပြင်ထိန်းသိမ်းရေးဌာနရဲ့ဝန်ထမ်းတွေဖြစ်ပြီး ရှေးဟောင်းရိုးရာပစ္စည်းတွေကိုနှစ်သက်ကြသူတွေလည်းဖြစ်ကြပါတယ် သူတို့သုံးယောက်အသက်ကြီးလာတာနဲ့အမျှခံစားချက်တွေဟာလည်းပြောင်းလဲလို့လာခဲ့ပါတော့တယ်Zheng Sunian ရဲ့အမေသေဆုံးပြီးနောက်မှာတော့ သူတို့သုံးယောက်လုံးဟာ ကိုယ်ကျွမ်းကျင်ရာဝါသနာပါရာအလုပ်ကိုယ်စီကိုရွေးချယ်ဖို့ ကွဲသွားခဲ့ကြပါတယ် Shao Xue ...

Memory of Encaustic Tile ( 2022 )

2022