Channel Myanmar

2022

Remarriage & Desires(2022) 10
Remarriage & Desires(2022) Remarriage & Desires(2022) ဇာတ်လမ်းတွဲအညွှန်း********************************************အပိုင်း သစ် (၁ မှ ၈) အထိ စ/ဆုံးနာမည်ကြီး မင်းသမီးကြီး  Kim Hee Sun ပါဝင်တဲ့ Netflix စီးရီးဟာ မထွက်ခင်ကတည်းကလူတွေအတော်စိတ်စားခဲ့ကြတယ်...ယခုထွက်လာတဲ့အခါမှ ထင်ထားတာထက်တောင် ပိုမိုက်မဲ့ပုံပဲ...Kim Hee Sun က ကျောင်းဆရာမတစ်ဦးဖြစ်ပြီး သမီးလေးလည်းတစ်ယောက်လည်းရှိတယ်...ခင်ပွန်းဖြစ်သူဆုံးပါးသွားလို့  သားအမိ (၂)ယောက်တည်းဖြတ်သန်းနေတယ်... အိမ်ထောင်ဦးစီးမရှိလို့ တစ်ချို့ကိစ္စတွေမှာ အားနည်းချက်ရှိသလိုမိခင်ဖြစ်သူကလည်း ငယ်ရွယ်တဲ့သူမကို ချမ်းသာတဲ့ သူနဲ့ အိမ်ထောင်ချပေးစေချင်တယ်..မြေးမလေးနဲ့ သမီးဖြစ်သူကို လုံခြုံအေးချမ်းစေချင်တာလည်းပါမှာပေါ့..အဲ့ဒီနောက် Rex လို့ခေါ်တဲ့ စေ့စပ်ပေးရေးကုမ္ပဏီကြီးတစ်ခုမှာမန်ဘာဝင်လိုက်တယ်...အဲ့ဒီနောက်မှာတော့ ကောင်းမွန်တဲ့ခင်ပွန်းမရဘဲ Kim Hee Sun  တစ်ယောက်ပိုင်ဆိုင်သမျှပါအကုန်ဆုံးရှုံးပြီး ဘဝပါပျက်သွားတော့တယ်..ဘာကြောင့်ဒီလိုတွေဖြစ်တာလဲ..သူမ ဘယ်လိုတုန့်ပြန်မလဲဆိုတာကိုတော့...အပိုင်း (၈) ပိုင်း တစ်ပြိုင်တည်း ထွက်ရှိခဲ့လို့ စောင့်မျှော်ကြည့်ရှုကြပါကုန်... Episodes:8File Size: 823MB & 344MBQuality :Web-DL 1080p,720pGenres: DramaTranslated by Shoon ...
10
TMDb: 10/10 2 votes
tv

Remarriage & Desires(2022)

2022
A Cunning Destiny (2022)
A Cunning Destiny (2022) A Cunning Destiny (2022) စ/ဆုံး"မာယာများတဲ့ဖူးစာ"........................................................... Women on Top ၏ လက်ထောက်တည်းဖြတ်သူတစ်ဦးဖြစ်တဲ့ “မွတ်မနီး”ဟာ သူမဘဝတွင်အရာအားလုံးကို ထိန်းချုပ်ရတာကို နှစ်သက်သဘောကျတယ်သိုပေမယ့် သူမ၏ မော်ဒယ် သူငယ်ချင်း “ကလတ်ဒေါင်း “နှင့် ဆရာဝန်ဖြစ်သူ “ထက်ချ်”တို၏ မင်္ဂလာပွဲတွင်သူမသည် သတိုသားရဲ့ သူငယ်ချင်းဖြစ်သူ ရှေ့နေဖြစ်သူ “ချင်ကရစ်”နှင့်ပထမဆုံးအကြိမ်တွေ့ဆုံပြီး တစ်ယောက်နဲ့တစ်ယောက် အငြင်းအခုံဖြစ်ခဲ့တယ်သာမာန်ဆိုရင်တော့ သူတိုနှစ်ဦးဟာ ပြန်တွေ့ဖို မဖြစ်နိုင်တော့ဘူးလို ထင်ထားခဲ့ကြပေမယ့်သူတိုနှစ်ဦးကြားမှာ မထင်မှတ်ထားတဲ့ အကြောင်းအရာတစ်ခု ဖြစ်သွားပြီးနှစ်ယောက်သား အိပ်ရာကနေ အတူတူနိုးလာသောအခါ ………သူမ “ မွတ်မနီး” ဟာ နာမည်ကြီးမင်းသမီးဖြစ်သူ “ဆိုဖီတာ” ရဲ့ မျက်နှာပြုပြင်ရေးနဲ့ပါတ်သတ်တဲ့သတင်းမှားကို ရေးသားခဲ့ပါတယ်လို တရားစွဲခံရသောအခါ ……….Mukmanee က အမှန်တရားကို ဘယ်လိုထုတ်ဖော်မလဲ မှားနေတဲ့လူရဲ့ မျက်နှာဖုံးကို ချွတ်နိုင်ပါ့မလားရှေ့နေဖြစ်တဲ့ ချင်ကရစ်ကရော ဘယ်လို ကူညီပေးမလဲမွတ်မနီးနဲ့ ချင်ကရစ်တို အချစ်က ဘယ်လိုဖြစ်ပေါ်လာမလဲဆိုတာ စောင့်မျှော်ကြည့်ရှူနိုင်ပါပြီAired: May.26 , 2022 Aired ...

A Cunning Destiny (2022)

2022
Ms. Marvel (2022) – Season 01 7.6
Ms. Marvel (2022) – Season 01 Ms. Marvel (2022) - Season 01 =======================မာဗယ်ရဲ့ စူပါဟီးရိုးအသစ် မစ္စမာဗယ် စပါပြီ။ တစ်ပတ်တစ်ပိုင်းနဲ့ ၆ ပိုင်းထွက်ရှိမှာဖြစ်ပါတယ်။ကာမာလာခန်းဆိုတဲ့ ၁၆ နှစ်အရွယ် ပါကစ္စတန်သူ စူပါဟီးရိုးလေးဖြစ်ပါတယ်။ Comic အရဆိုရင်တော့ လေးယောက်မြောက် Ms. Marvel လည်းဖြစ်ပါတယ်။ ကာမာလာဟာ ဘာသာရေးနဲ့စည်းကမ်းတင်းကြပ်တဲ့ အစ္စလာမ်ဘာသာဝင်မိသားစု တစ်ခုရဲ့ သမီးပျိုလေးတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမဲ့ သူဟာ ကျောင်းစာတွေထက် ကာတွန်းတွေဆွဲဖို့တွေ အာကာသနဲ့ စူပါဟီးရိုးအကြောင်းတွေကိုပဲ အမြဲစိတ်ကူး ယဉ်နေတတ်သူဖြစ်ပါတယ်။ သူ့ရဲ့အကြိုက်ဆုံးဟီးရိုးကတော့ ကပ္ပတိန်မာဗယ်ပါပဲ။ သူ့ရဲ့ အစွမ်းတွေကတော့ ကပ္ပတိန်မာဗယ်နဲ့ ကွဲပြားပါတယ်။ ဘယ်လောက်ထိ ဘယ်လိုအစွမ်းထက်ပြီး ဘယ်ရန်သူတွေနဲ့ ရင်ဆိုင်ရမလဲဆိုတာတော့ ဆက်ကြည့်ရမှာပါပဲ။ (ဒီစီးရီးရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Mr.Andrson ဖြစ်ပါတယ်။)File Size.............(1.4 Gb) / (800 MB) / (300 MB) Quality...............WEBDL 4K / 1080p / 720p Duration............50Mins(@Episode) Subtitle..............Myanmar Hardsub Format...............MP4 Genre.................Action, Adventure, Comedy, Sci-Fi Translator..........Mr.Andrson Encoder..............SWM / ...
7.6
TMDb: 7.6/10 13 votes
tv

Ms. Marvel (2022) – Season 01

2022
Ultimate Weapon Alice(2022)
Ultimate Weapon Alice(2022) Ultimate Weapon Alice(2022) ဇာတ်လမ်းတွဲ*******************************************အပိုင်းသစ် (၁ မှ ၈)အထိ စ/ဆုံး ဟန်းဂယောအူးလ် ဆိုတဲ့ကောင်မလေးဟာဂိုဏ်းတစ်ခုက ဖိုက်တာမလေးတစ်ယောက်..အရွယ်ကလည်းကျောင်းနေတဲ့အရွယ်ဆိုတော့ ကျောင်းတစ်ကျောင်းမှာတက်နေလေရဲ့..တစ်နေ့တော့ ပြဿနာကြီးတစ်ခုကြောင့်ကျောင်းပြောင်းဖို့အကြောင်းဖန်လာတယ်...ကိုရီးယားကျောင်းအချို့မှာ ကြီးနိုင်ငယ်ညှဉ်းမျိုးတွေရှိတတ်တော့ ထုံးစံအတိုင်း ကျောင်းသစ်မှာ ဒီလိုတွေကြုံရပြန်တယ်..အဲ့ဒီအချိန်မှာ ခပ်ဆန်းဆန်းကောင်လေးတစ်ယောက်နဲ့ဆုံခဲ့ပြီးဒီကောင်မလေးဘာတွေဆက်ဖြစ်မလဲ...သူ့နောက်ကိုလိုက်နေတဲ့ ရာဇဝတ်ဂိုဏ်းနဲ့လည်းဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာကိုတော့..အပိုင်း (၈) ပိုင်းထွက်ရှိမှာဖြစ်ပါတယ်...  Episodes: 8Aired: Jun 24, 2022 - Aug 12, 2022File Size: 600MB & 300MBQuality :Web-DL 1080p,720pGenres: Action, Romance, Youth, DramaTranslated by Estel,ChitThe,So Ri   &  YumekoEncoded by  Phyo Pyae <<<<<<TELE LINK>>>>> Episode 1 720P]   [ UsersDrive   | Yoteshin |     MegaUp    |     Mega.NZ    | StreamSB  |  VIP 1080P][ UsersDrive   | Yoteshin |    MegaUp    ...

Ultimate Weapon Alice(2022)

2022
Triage (2022)
Triage (2022) Triage (2022)  စ / ဆုံး.........................ဘဝကို ရိုးရှင်းစွာဖြတ်သန်းချင်တဲ့သူတိုင်း အနှောင့်အယှက်တွေနဲ့ ကြုံလာရင် စိတ်ပျက်တတ်ကြတာ ငြင်းပယ်လို့မရပါဘူးတင်ဆိုတဲ့ ဒေါက်တာလေးက သူ့အလုပ်ကိုသူတာဝန်ကျေပွန်အောင်လုပ်ပြီး ဘဝကို ရိုးရှင်းစွာဖြတ်သန်းသူတစ်ဦး ဖြစ်ပါတယ် ဒါပေမယ့် ဒေါက်တာဆိုတဲ့ ဘဝလေးက တာဝန်ကျေပွန်တာလောက်နဲ့ မပြီးပြန်ပါဘူး စိတ်ရှည်သည်းခံမှု ဂရုဏာထားမှု တာဝန်ယူမှုတွေနဲ့ ပြည့်နှက်နေပြန်ပါတယ်ဒါပေမယ့် တစ်ညမှာ ဒေါက်တာတင်လေး အိပ်ယာနိုးလာပြီး အလုပ်စဝင်တဲ့နောက်ပိုင်းမှာ အချိန်ဝင်္ကပါထဲ ပိတ်မိနေပြီးကားမတော်တဆဖြစ်လာတဲ့ အရက်သမားကောင်လေးကို ထပ်ခါထပ်ခါ ကုနေရပါတော့တယ်တင်အတွက်တော့ အရက်သမားဆိုတာ ရောဂါပိုးမွှားတွေထက်တောင် ပိုပြီးရွံရှာတတ်ပါတယ်ဒါပေမယ့် ဒိအချိန်ဝင်္ကပါကနေ လွတ်မြောက်ချင်ရင် ဒီကောင်လေးကို အသက်ရှင်အောင်ကုသရမှာ ဖြစ်ပီးတော့ တင်အတွက် မလွယ်ကူလှပေ.....ကုသလိုက်တဲ့အခါတိုင်းလည်း အမြဲတမ်း သေဆုံးသွားတာကြောင့် တင်တစ်ယောက် ဒီကောင်လေးကို အသက်ရှင်လာအောင် ဘယ်လိုကုသမှာလဲ......ဒီအချိန်ဝင်္ကပါထဲကနေရော လွတ်မြောက်နိုင်ပါ့မလား........? ဒေါက်တာတင်ကရော အရက်သမားတွေကို မုန်းတီးရတဲ့ အကြောင်းအရင်းက ဘာလဲ...??အပတ်စဉ် တနင်္လာနေ့တိုင်း တစ်ပတ်မှ တစ်ပိုင်းတည်းမို့ လက်လွှတ်မခံ ကြည့်သင့်တဲ့ ဇာတ်လမ်းဆိုလည်း မမှားပါဘူးEpisodes: 13Aired: March , 2022Aired On: SATGenres:  RomanceTranslated by Mhoo ...

Triage (2022)

2022
KinnPorsche The Series (2022)
KinnPorsche The Series (2022) Kinn Porsche the series (2022) စ / ဆုံး ----------------------------------------------------ဒီတစ်ခါမိတ်ဆက်ပေးမဲ့ကားလေးကတော့ BLကိုဇာတ်အိမ်ခိုင်ခိုင်ကြမ်းကြမ်းနဲ့ အရမ်းreviewကောင်းတဲ့ကားလေးပါမာဖီယားဂိုဏ်းတစ်ခုရဲ့ ဒုတိယသားခွန်ခင်ဟာ ရန်သူပေါတဲ့အတွက် သူ့ကိုသေစေချင်တဲ့လူ များပါတယ် တစ်ရက်မှာတော့ ရန်သူတွေ လိုက်ဖမ်းလို ထွက်ပြေးရင်း ဖော့ရှ်ဆိုတဲ့ကောင်လေးနဲ့တွေ့ဆုံခဲ့ရပါတယ် ဖော့ရှ်က ခွန်ခင်ရဲ့ အသက်ကိုကယ်တင်ပေးခဲ့ပါတယ်ဖော့က ဘားမှာ အချိန်ပိုင်း bartender ဖြစ်ပါတယ် အမျိုးသားတိုက်ကွမ်ဒိုချန်ပီယံဟောင်းဖြစ်ခဲ့တဲ့ ဖော့က မြေအောက်လက်ဝှေ့ပွဲတွေလည်း အမြဲဝင်ထိုးပြီး အပိုဝင်ငွေရှာပါတယ်ကိုယ်ခံပညာကျွမ်းကျင်တဲ့ ဖော့ကို ခွန်ခင်ကသူ့ရဲ့သက်တော်စောင့်လုပ်ပေးဖိုတောင်းဆိုပေမယ့် ဖော့ကသဘောမတူခဲ့ပါဘူးငယ်ငယ်ကတည်းကလိုချင်တာမှန်သမျှရခဲ့တဲ့ကလေး ခွန်ခင်က ဖော့ကိုအမျိုးမျိုးခြိမ်းခြောက်လာတဲ့အခါမှ မငြင်းသာဘဲ လက်ခံသဘောတူလိုက်ရပါတော့တယ်သက်တော်စောင့်လုပ်ဖိုသဘောတူပြီးတဲ့အခါမှာတော့ ဖော့က ခွန်ခင်တိုအိမ်မှာနေဖိုပြောင်းလာခဲ့ရပါတော့တယ်ဖြေရှင်းစရာပဟေဠိတွေနဲ့ အနေနီးမှုတွေ ထိတွေ့မှုတွေကြောင့် ဖော့ဟာ ခွန်ခင်အပေါ်ခံစားချက်တွေရှုပ်ထွေးလာပြီး ရင်ခုန်သံတွေဖြစ်ပေါ်လာတဲ့အခါ..........ဘာတွေဆက်ဖြစ်မလဲဆိုတာ ဒီဇာတ်လမ်းလေးမှာ ဆက်လက်ကြည့်ရှုနိုင်ပါပြီအညွှန်းနဲ့ဘာသာပြန်သူကတော့ SEUNG ဖြစ်ပါတယ်Episodes: 14 + 1 Special Episode+ side storyAired:April.2 , 2022Aired On: SatGenres:  Romance  & DramaTranslated by ...

KinnPorsche The Series (2022)

2022
Seoul Check-in (2022)

Seoul Check-in (2022)

2022
Anna (2022) [Complete]
Anna (2022) [Complete] Anna (2022) (အစ-အဆုံး)အပိုင်း ၆ (ဇာတ်သိမ်းပိုင်း)(1080p ရပါပြီ)အားလုံး စောင့်မျှော်နေကြတဲ့ Bae Suzy ရဲ့ ဇာတ်ကားအသစ် 'Anna' ကို CM fan တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်း ...ယူမီဟာ အမြဲလိုလို လိမ်ညာတတ်တဲ့ ကောင်မလေးတစ်ယောက်ပါ။ အဲဒီလို လိမ်ညာမှုတွေကပဲ သူမရဲ့ ဘဝကို ​အပြောင်းလဲကြီးပြောင်းလဲသွားစေခဲ့တယ်။ သူမရဲ့ လိမ်ညာမှုကြောင့် အခြားသူတစ်ယောက်ရဲ့ ဘဝနဲ့ သူမနေထိုင်ခဲ့ရတယ်။ယူမီရဲ့ အမျိုးသားဖြစ်တဲ့ ဂျီဟွန်းကတော့ ရည်မှန်းချက်ကြီးမားတဲ့သူဖြစ်ပြီး သူ့ရဲ့ပန်းတိုင်ရောက်ဖို့သာ အလေးထားတတ်တဲ့သူပါ။ ဟျွန်ဂျူ ဆိုတာကတော့ အမြဲတမ်း သူများထက်သာချင်တဲ့သူတစ်ယောက်ဖြစ်ပြီး ယူမီနဲ့လည်း ဆက်ဆံရေးအနည်းငယ် တင်းမာပါတယ်။တကယ်တမ်း ယူမီ ယုံကြည်လို့ရတဲ့ တစ်ဦးတည်းသောသူက သူမရဲ့ စီနီယာဖြစ်တဲ့ ဂျီဝန် တစ်ယောက်ပဲရှိပါတယ်။ယူမီတစ်ယောက် အလိမ်အညာတွေနဲ့ဘဝကို ဘယ်လိုရှေ့ဆက်သွားမှာလဲ? ဘယ်လိုအပြောင်းအလဲ အချိုးအကွေ့တွေ ထပ်ပြီး ရင်ဆိုင်ရမလဲ? ဆိုတာ ဒီဒရမ်မာလေးမှာ ဆက်လက်ကြည့်ရှုလိုက်ရအောင်ပါ။ (အညွှန်းကိုတော့ Hay Thar Oo က ...

Anna (2022) [Complete]

2022
Shining Girls (2022) (Complete) 9
Shining Girls (2022) (Complete) Shining Girls (2022) (Complete Mini Series) ~ IMDb - 7.4/10, Rotten Tomatoes - 83%, Meta - 65% ~ Apple TV+ ကနေ နိုလန်ရိုက်တဲ့ စီးရီးလို့ထင်ရလောက်အောင် ရှုပ်ယှက်ခက်နေတဲ့ Thriller စီးရီးအသစ်တစ်ခုထွက်လာပါတယ်။ Lauren Beukes ရဲ့ နာမည်တူ ၀တ္တုကိုပဲ ပြန်ရိုက်ထားတာပါ။ ဇာတ်ကြောင်းကလည်း ထူးပါတယ်။ အချိန်ခရီးသွား ကွင်းဆက်လူသတ်သမားကို လိုက်တဲ့အကြောင်းပါ။ တော်တော်ရှုပ်သလို စစချင်းမှာဆို ဘာအကြောင်းလဲသိဖို့တောင် ခက်ပါတယ်။ ခေါင်းစားရတဲ့ ရုပ်ရှင်တွေ ကြိုက်တဲ့သူတွေ အကြိုက်စီးရီးပါပဲ။ မင်းသမီးချောတာမပါဘဲ ကျွန်တော့်ကို ဆွဲဆောင်နိုင်တဲ့ Series ဆိုလို့ ဒီ Series ပဲရှိမယ်ထင်တယ်။ ရင်တသိမ့်သိမ့်တုန်ဖွယ် ထူးခြားဆန်းကျယ်အမျိုးအစားပေါ့။ လူသတ်သမားကိုရှာတဲ့ မင်းသမီးက သူ့အကြောင်းသူတောင် မမှတ်မိဘူး။ လူသတ်သမားက အချိန်တွေ ခုန်ကူးပြီး လူလိုက်သတ်နေတယ်။ ...
9
TMDb: 9/10 8 votes
tv

Shining Girls (2022) (Complete)

2022
Be the SMF (2022)
Be the SMF (2022) Be the SMF (2022)Be the SMF ဆိုတာကတော့ Mbitious ရဲ့ အဆက်ဖြစ်ပြီး "Street Man Fighter" ထိ ဆက်သွားမဲ့ရှိုးပဲ ဖြစ်ပါတယ် ။ဒီအစီအစဉ်ကနေ SMF Crew ကို join ခွင့်ရမဲ့ အဖွဲ့ဝင်တွေကို ရွေးချယ်သွားမှာပါ ။ ရွေးချယ်ခံရသူဖြစ်လာဖို့အတွက် တိုက်ပွဲကလည်း ပိုပြင်းထန်လာပါပြီ ။Shortlist 21 ယောက်ထဲကမှ Top Dancer ၈ ယောက်သာ အရွေးချယ်ခံရမှာဖြစ်ပါတယ် ။ Fan Voting တင်မဟုတ်ဘဲ Dancer တွေရဲ့ အရည်အချင်းတွေ လုပ်ပြနိုင်စွမ်းတွေကို ကော်မတီအဖွဲ့ဝင်တွေကနေ ရွေးချယ်အမှတ်ပေးပြီး ပြန်ချိန်ညှိပြီးမှ နောက်ဆုံးရွေးချယ်ခံရမယ့် ထိပ်တန်း Dancer ၈ ဦးကို ဖော်ပြသွားမှာပါ ။ဘယ်သူပါဝင်ခွင့်ရမှာလဲဆိုတာကို ရင်ခုန်စွာ ကြည့်ရှုခံစားလိုက်ကြပါဦးနော် ။အညွှန်းကိုတော့ Moe Pwint Phyu က ရေးပေးထားပြီး ဘာသာပြန်ဆိုပေးထားတာကတော့ CM Variety Team ...

Be the SMF (2022)

2022
Maldivas (2022) 7.1
Maldivas (2022) Maldivas (2022)Netflix ရဲ့Mystery ဆန်ဆန် ပေါ်တူဂီ စကားပြော ဘရာဇီး စီးရီးလေးတစ်ခု တင်ဆက်ပေးလိုက်ပါတယ်Maldivas ဆိုတာ လူချမ်းသာတွေ နေကြတဲ့ တန်ဖိုးကြီး ကွန်ဒို တိုက်ခန်းတွဲပါထိတ်လန့်စရာ ဖြစ်ရပ်ဆိုးကြောင့် သမီးဖြစ်သူနဲ့ အဆက်အသွယ်ဖြတ်ထားတဲ့ ပက်ထရီဆီယာ...Maldivas ရဲ့ ဘုရင်မလို့ တင်စားခေါ်ဝေါ်ကြတဲ့ ပလတ်စတစ်ဆာဂျင် ဗစ်တာဟူဂိုးရဲ့ဇနီးဖြစ်သူ ပြီးပြည့်စုံတဲ့ ဘဝပိုင်ရှင် မီလာနီ....တွဲဖက် အဆိုတော် ကော်အာနဲ့ လက်ထပ်ထားတဲ့ အောင်မြင်တဲ့ အဆိုတော် လုပ်ငန်းရှင် ရေဇာ...ခင်ပွန်းသည်က အဂတိလိုက်စားမှုနဲ့ အိမ်မှာ အကျယ်ချုပ်ကျခံထားရတဲ့ ကလေးနှစ်ယောက် အမေ ကတ်....သူတို့တွေက အဲဒီကွန်ဒိုရဲ့ လူသိများသူတွေပါတစ်နေ့တော့ အဲဒီကွန်ဒိုမှာ ထူးခြားဆန်းကြယ်တဲ့ မီးလောင်မှုဖြစ်ပြီး အားလုံးက တစ်ကောင်ကြွက်လို့ ထင်ထားကြတဲ့ ပက်ထရစ်ဆီယာ သေဆုံးသွားခဲ့ပါတယ်တိုက်တိုက်ဆိုင်ဆိုင်ပဲ ပက်ထရီဆီယာ သေဆုံးသွားပြီးတဲ့နောက်မှာ Maldivas ကွန်ဒိုကို သူ့သမီးဖြစ်သူ လဇ် လိုဘာတို ရောက်ရှိလာပြီး အမေဖြစ်သူရဲ့ သေဆုံးမှုကို စုံစမ်းပါတော့တယ်Maldivas ရဲ့ လူသိများတဲ့ သူတွေက ဒီမီးလောင်မှုနဲ့ ဘယ်လိုပတ်သက်နေလဲ သူတို့ တစ်ဦးချင်းစီမှာရော ဘာလျှို့ဝှက်ချက်တွေရှိနေလဲ ...
7.1
TMDb: 7.1/10 11 votes
tv

Maldivas (2022)

2022
The Terminal List (2022) 8.1
The Terminal List (2022) The Terminal List (2022) ==================== IMDb Rating - 8.1/10Guardian of the Galaxy တို့ Jurassic World တို့နဲ့ နာမည်ကြီးနေတဲ့ မင်းသား ခရစ် ပရက်ဟာ အခုတော့ အက်ရှင်စီးရီးအကောင်းစားတစ်ခုမှာ ပါဝင်လာပါပြီ။ ရုပ်ရှင်အဆင့်တန်းမျိုးနဲ့ ဘက်ဂျက်ကောင်းကောင်းနဲ့ရိုက် ထားတာမို့ တဝကြီးကြည့်ရမှာပါ။ ခရစ်ပရက်ကတော့ SEALအထူးတပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်မှူး ဂျိမ်းစ်ရိစ်နေရာကနေ ပါဝင်ထားတာဖြစ်ပါတယ်။ဇာတ်လမ်းအစမှာတော့ ရိစ်ရဲ့ တပ်စိတ်ဟာ သတင်းပေးဆီက သတင်းအခိုင် အမာရပြီးအကြမ်းဖက်ခေါင်းဆောင် ကဟာနီရဲ့ လျို့ဝှက်စခန်းကို ဝင်စီးကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒါက ထောင်ချောက်ဖြစ်နေပြီ ရိစ်ရဲ့ တပ်ဖွဲ့တစ်ခုလုံး ကျဆုံးသွားခဲ့ပြီး ရိစ် တစ်ယောက်ပဲ အသက်ရှင်လျက်လွတ်မြောက်ခဲ့ပါတယ်။ သူလည်း ခေါင်းထိသွားပြီး ပြန်သတိရလာချိန်မှာ စစ်ဆင်ရေးမှတ်တမ်းတွေရော အချက်အလက်တွေရောက သူမမှတ်သလိုလို ပြင်ဆင်ထားသလိုလို မှားနေသလို လိုဖြစ်လာပါတယ်။ ဒါပေမဲ့ သူပြောတာကိုလည်း ဘယ်သူမှ မယုံဘဲ သူ့ကိုခေါင်းထိ ထားလို့ ကောင်းကောင်းနားဖို့ပဲ ဝိုင်းပြောလာကြတယ်။ ဒါပေမဲ့ အမေရိကန်မြေ ပေါ်မှာပါ ဒီကိစ္စအတွက် သူ့ကိုလုပ်ကြံသူပေါ်လာတဲ့အခါ ရိစ်တစ်ယောက် ...
8.1
TMDb: 8.1/10 4200 votes
tv

The Terminal List (2022)

2022
Dear.M (2022)
Dear.M (2022) Dear.M (2022) ===========ဆောယွန်းတက္ကသိုလ်ကြီးက "M" ဆိုတဲ့အမည်အသိတဲ့ လူတစ်ယောက်က ပို့စ်မတင်ခင်ထိ အေးချမ်းနေခဲ့တယ်။ သူ့ရဲ့ပို့စ်တစ်ခုတည်းနဲ့ ကျောင်းတော်ကြီးတစ်ခုလုံး ဂယက် ထသွားခဲ့တယ်။ ကျောင်းသားတွေကလည်း "M" ရဲ့အမှန် တရားကို ဖော်ထုတ်ဖို့အတွက် လွယ်ကူတဲ့ task တွေကို လုပ်ဆောင်ရပါတယ်။တစ်ဘဝလုံးအိပ်မက်မရှိ မျှော်လင့်ချက်မရှိနေထိုင်လာတဲ့ မာဂျူအာက ကျောင်းတော်ကြီးရဲ့ပဟေဠိကိုတော့ အားတက် သရော အဖြေရှာချင်နေခဲ့တယ်။ သူနဲ့အတူ ကွန်ပြူတာသိပ္ပံ ကျောင်းသား ချာမင်ဟို၊ စီးပွားရေးမေဂျာကျောင်းသူ ဆောဂျီမင်းနဲ့ စီးပွားစီမံမေဂျာက ဘတ်ဟာနူးတို့က "M" ရဲ့ပုံစံအမှန်ကိုဖော် ထုတ်ဖို့ အတူကြိုးစားကြပါတယ်။စွန့်စားမှုခရီးကြီးကို အတူလျှောက်လှမ်းရင်း သူတို့ကြားထဲက အခြေအနေလေးတွေက သူငယ်ချင်းသံယောဇဉ်ကနေ တိုးတက် လာကြတယ်။ ရင်ခုန်သံစည်းချက်တွေ မြန်ဆန်လာသလို "M" ရဲ့ သရုပ်မှန်လည်း ပိုပြီးရှုပ်ထွေးလာခဲ့တော့ "M" ရဲ့သရုပ်မှန်ကို ဖော်ထုတ်နိုင်ပါ့မလားဆိုတာ ဆက်လက်ကြည့်ရှုရမှာပါ။မာဂျူအာ အဖြစ် Park Hye-Soo ချာမင်ဟို အဖြစ် NCT Jung Jae Hyun Seo Jimin အဖြစ် Roh Jeong Hui ဘတ်ဟာနူး အဖြစ် Bae Hyun Sung တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။ June 29 ...

Dear.M (2022)

2022
Now and Then (2022) 8
Now and Then (2022) Now and Then (2022)ကမ်းခြေမှာပျော်ပါးနေကြတဲ့ တက္ကသိုလ်ဘွဲ့ရပြီးခါစ လူငယ်လေးတစ်စု "နောက်အနှစ်၂၀ကြာရင် ကိုယ့်ကိုယ်ကိုဘာဖြစ်နေမယ်ထင်လဲ" ဆိုတော့ သမ္မတကြီး၊ ဆရာဝန်ကြီး၊ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ စသည်ဖြင့် အသီးသီးဖြေကြတာပေါ့ဒါပေမဲ့ တကယ်တမ်း နောက်အနှစ်၂၀မပြောနဲ့ မိနစ်၂၀တောင် မကြာတဲ့အချိန်လေးမှာ သူတို့ဘဝကို ဇောက်ထိုးမိုးမျှော်ဖြစ်စေမယ့် အိပ်မက်ဆိုးကြီးတစ်ခု မမျှော်လင့်ဘဲဖြစ်လာပါတော့တယ်အကြောင်းရင်းကတော့ သူတို့ထဲက ကောင်လေးတစ်ယောက် သေဆုံးသွားလို့ပါပဲဘယ်လိုအကြောင်းရင်းကြောင့် သေဆုံးသွားရတာလဲ။ ဒီဖြစ်ရပ်ဆိုးကြီးက အနှစ်၂၀ကြာသည်အထိ သူတို့ကို ဘယ်လိုခြောက်လှန့်နေမယ်ဆိုတာ ကြည့်ရှုလိုက်ကြပါဦးအပိုင်း၈ပိုင်းပါဝင်တဲ့ Spanish Crime Drama ဖြစ်ပြီး အပတ်စဉ်တင်ဆက်ပေးသွားပါမယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ MTA ပဲ ဖြစ်ပါတယ်။Genre.....Drama, Thriller Quality….1080p | 720p File size…1GB and 400MB Format…mp4 Duration….40min Subtitle….Myanmar Subtitle (Hardsub) Translator ..... MTA Encoder .....AugustVIP Link - Click Here!1080pEpisode 01 - Userdrive | Yoteshin | Megaup | ...
8
TMDb: 8/10 2 votes
tv

Now and Then (2022)

2022
Any Body Can Dance (2022)
Any Body Can Dance (2022) Any Body Can Dance (2022)ဘယ်ခန္ဓာကိုယ်မဆို ကခုန်နိုင်ပါတယ်။ အကကို နှစ်သက်နေသရွေ့ မည်သူမဆို ကခုန်နိုင်ပါတယ် ။ 'Anybody Can Dance' အစီအစဉ်ဟာဆိုရင် အကမကျွမ်းကျင်ပေမဲ့ ဝါသနာပါတဲ့သူတွေကို အကသင်တန်းပေးသွားမဲ့ reality dancing ရှိုးပဲ ဖြစ်ပါတယ် ။ သင်ကြားပေမဲ့သူတွေကတော့ "Street Woman Fighter" ရဲ့ ခေါင်းဆောင် (၈) ယောက်ပဲ ဖြစ်ပါတယ် ။ ပရော်ဖက်ရှင်နယ် အကသမားတွေအစား အကကို မထူးချွန်တဲ့သူတွေ ပါဝင်ခြင်းက ကြည့်ရှုသူတွေကို မတူညီတဲ့ ရသတစ်မျိုး ဖြစ်စေမှာပါ ။ ဒီအစီအစဉ်ကို သူငယ်တန်းမှ အသက် ၅၀ အရွယ်အထိ ကမ္ဘာတစ်ဝှမ်းက လူအများက လျှောက်လွှာတင်လျှောက်ထားခဲ့ကြပါတယ် ။ လျှောက်ထားသူတွေထဲ ဆရာဝန်များ ၊ အစိုးရအရာရှိများ ၊ သုတေသီများနဲ့ ပါမောက္ခများ အပါအဝင် သရုပ်ဆောင်များ ၊ လူရွှင်တော်များနဲ့ ဖျော်ဖြေရေးနယ်ပယ်မှာ လက်ရှိလုပ်ဆောင်နေတဲ့ Idol တွေအထိပါ ပါဝင်လာတာကို တွေ့ရမှာပါ ။NCT အဖွဲ့ရဲ့ Taeyong ...

Any Body Can Dance (2022)

2022
Queer as Folk (2022) 8
Queer as Folk (2022) Queer as Folk(2022)LGBTQ+ ထဲက Q ရဲ့အရှည်ကောက် Queer or Questioning ဆိုတာ “လွတ်လပ်စွာ ချစ်ခင်စုံမက်သူများ”လို့ အဓိပ္ပာယ်ရပါတယ်တဲ့1999 ခုနှစ်က ထွက်ခဲ့တဲ့ British စီးရီးကို ပြန်လည်ရိုက်ကူးထားတဲ့ ဒီစီးရီးဟာ Gender မခွဲဘဲ နှလုံသားရှိသူတိုင်း လွတ်လပ်စွာ ချစ်မြတ်နိုးကြတဲ့ LGBT ရပ်ဝန်းအကြောင်း ရိုက်ကူးထားတာပါဇာတ်လမ်းကိုတော့ New Orleans ပြည်နယ်မှာ အခြေတည်ထားပါတယ် ဘရိုဒီဆိုတဲ့ ကောင်လေးတစ်ယောက် ဆေးကျောင်းကနေ ကျောင်းထွက်လာပြီး သူ့အိမ်ရှိရာ ဇာတိမြို့ကို ပြန်ရောက်လာတဲ့ အခါမှာ အိမ်နဲ့လည်း အဆင်မပြေ သူ့အဆက်ဟောင်း နိုအာဆိုတဲ့ ကောင်လေးကလည်း ရည်းစားအသစ် ရနေတာနဲ့ ကြုံပါတယ်စိတ်ပြေလိုပြေငြား LGBT ကလပ် ဘေဘီလုံကို သွားပျော်ပါးရာကနေ ဘေဘီလုံကလပ်မှာ သေနတ်သမားတစ်ယောက် ရောက်လာပြီး ရမ်းသမ်း ပစ်ခတ်တာနဲ့ ကြုံရပါတယ်အဲဒီ ပစ်ခတ်မှုမှာ မင်ဂတ်စ်ဆိုတဲ့ ကောင်လေးကို ဝင်ကာပေးရင်း ဘရိုလီ ဒဏ်ရာရသွားပြီးတဲ့နောက် ဘရိုလီ နဲ့ မင်ဂတ်စ်တို့ ရှေ့ဆက်ဘယ်လိုတွေ ဖြစ်ကြမလဲ...ဘေဘီလုံရဲ့သေနတ်သံတွေ ဆူညံတဲ့ ညတစ်ညကို ...
8
TMDb: 8/10 9 votes
tv

Queer as Folk (2022)

2022
Bang Bang Baby (2022) 7.8
Bang Bang Baby (2022) Bang Bang Baby (2022)ဒီဇာတ်လမ်းတွဲလေးကတော့ အီတလီ ဇာတ်လမ်းတွဲ Crime Drama အမျိုးအစားဖြစ်ပါတယ် ဇာတ်လမ်းကတော့ စိတ်အားငယ်တတ်တဲ့ အဲလစ်ဆိုတဲ့ သာမန်ကောင်မလေးတစ်ယောက် ပေါ်အခြေခံထားပါတယ်အမေနဲ့ပဲ ကြီး​​ပြင်းခဲ့ရပြီး အဖေက​တော့သေသွားခဲ့ပါပြီ သူအဖေက ရာဇဝတ်သားတစ်ယောက်ပါ အဲလစ်က သူ့အဖေကိုပဲ အမြဲသတိရနေခဲ့ပြီး သေသွားပြီဆိုတာကိုလည်း မယုံနိုင်ဖြစ်နေခဲ့ပါတယ် တစ်ရက်မှာ​​ သူငယ်ချင်းတစ်ယောက်နဲ့ သူ့အဖေရဲ့ အမျိုးတွေရှိတဲ့ မြို့ဆီသွားပြီး သူအဖေအကြောင်းစုံစမ်းခဲ့ကြပါတယ် အဲမှာ သူ မယုံကြည်နိုင်လောက်တဲ့ကိစ္စဖြစ်ခဲ့ပြီး အများကြီး ပြောင်းလဲသွားခဲ့ရပါတယ်။ ဘာကိစ္စတွေ ဖြစ်လို့ သူ ဒီလောက်ထိ ပြောင်းလဲသွားခဲ့ရလဲ ဘယ်လိုတွေ ပြောင်းလဲသွားခဲ့တာလဲ ဆိုတာကတော့ ဒီဇာတ်လမ်းတွဲထဲမှာ ဆက်လက်ကြည့်ရှုကြရမှာပဲ ဖြစ်ပါတယ်။စုစုပေါင်း ၁၀ ပိုင်းတိတိ ပါဝင်မှာ ဖြစ်ပြီးတော့ ဆက်တိုက်ဆိုသလို တင်ပေးသွားမှာပဲ ဖြစ်ပါတယ်။Genre.....Drama, Crime Quality…. 1080p | 720p File size… 400MB | 200MB Format… mp4 Duration…. 52min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Kuz, Leonard ...
7.8
TMDb: 7.8/10 14 votes
tv

Bang Bang Baby (2022)

2022
Iron Chef: Quest for an Iron Legend (2022) 7.0
Iron Chef: Quest for an Iron Legend (2022) Iron Chef: Quest for an Iron Legend (2022)===============================IMDb Rating - 7.0/10Iron Chef ဆိုတဲ ဟင်းချက်ပြိုင်ပွဲကြီးပြန်လာပါပြီ။ ကမ္ဘာတစ်ဝန်းက နာမည်ကြီးတဲ့ စားဖိုမှူးတွေဟာ ကျွမ်းကျင်တဲ့ စာဖိုမှူး Iron Chef လို့သတ်မှတ်ခံထားရတဲ့ သူတွေကို စိန်ခေါ် ဟင်းချက်ပြိုင်ပြီး Iron Chef ဆိုတဲ့ ဂုဏ်ပုဒ်ကိုအရယူရမှာပါ။ Iron Chef တွေအနေနဲ့ကလည်း သူတို့ရဲ ဂုဏ်ကို ဆက်ထိန်းဖို့ ရေကုန်ရေခန်းကြိုးစားကြမှာပါ။Episode တစ်ခုချင်းစီမှာ စိန်ခေါ်သူစားဖိုမှူးတစ်ယောက်ဟာ Iron Chef တစ်ယောက်နဲ့တစ်နာရီအတွင်း သတ်မှတ်ထားတဲ့ themeနဲ့ ဟင်းငါးပွဲကို ချက်ပြုတ်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ကမ္ဘာကျော်စားဖိုမှူးတွေရဲ့ ဟင်းချက်ပုံချက် နည်းတွေကို တွေ့မြင်နိုင်ပြီး ချက်ပြုတ်တာကို စိတ်ဝင်စားတဲ့ အိမ်ထောင် ရှင်တွေ စားဖိုမှူးတွေ အတွက် အကြိုက်တွေ့စေမှာ သေချာပါတယ်။ (ဒီစီးရီးရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူများကတော့ CM Team  မှဖြစ်ပါတယ်။)File Size.............(500 MB) Quality...............WEBDL 720p Duration............45Mins(@Episode) Subtitle..............Myanmar Hardsub Format...............MP4 Genre.................Show, Reality-TV Translator..........CM Team Encoder..............SWM720P (300 Mb)-----------------------------------Episode(1)Yoteshin ...
7.0
TMDb: 7.0/10 2500 votes
tv

Iron Chef: Quest for an Iron Legend (2022)

2022
Wild Abandon (2022) 7.1
Wild Abandon (2022) Wild Abandon (2022) ================= IMDb Rating - 7.1/10ဗိသုကာ ပညာရှင် Oktay ဆိုတဲ့ အိမ်ထောင်ရှင် အမျိုးသားတစ်ယောက် အိမ်ကနေ ထွက်သွားဖို့အတွက် လေဆိပ်မှာစောင့်နေရင်း အီဘူစတန်မြို့ တစ်မြို့လုံး မြူတွေဆိုင်းနေတာကြောင့် လေဆိပ်မှာရှိတဲ့ ခရီးစဥ်အားလုံး ဖြတ်သိမ်းလိုက်ရပါတယ်။ အဲဒါနဲ့ Oktay တစ်ယောက် ဘာမှမဖြစ်ခဲ့သလိုပဲ အိမ်ပြန်လာပြီး မိသားစုနဲ့အတူ ပြန်နေခဲ့ပြီး သာမန်ဘဝကို ပြန်ရောက်လာ ခဲ့ပါတယ်။Nil ကတော့ Oktayရဲ့ အမျိုးသမီးဖြစ်ပြီး ဆယ်နှစ်ကျော်ကျော် အိမ်ရှင်မ ဘဝကနေ လုပ်ငန်းခွင်ကို ပြန်ဝင်နိုင်ဖို့အတွက် ကြိုးစားနေသူတစ်ဦးပါ။ Oktay တို့မိသားစုဘဝက အဆင်မပြေခဲ့တာ ကြာပါပြီ။ တစ်ယောက်နဲ့ တစ်ယောက် စကားသိပ်မပြောဘဲ တွေ့ဖြစ်ရင် စကားပဲများနေတဲ့ အခြေ အနေပါ။ မိဘနဲ့သားသမီးကြားမှာလည်း ကွာဟချက်တွေအများကြီးရှိနေ သလို တစ်အိမ်ထဲနေပြီး အထီးကျန်နေကြပါတယ်။အချစ်တွေ သွေးအေးသွားတဲ့အချိန်မှာတော့ Oktay တစ်ယောက် အထီး ကျန်ပြီး သူရဲ့ အရင် ပန့်ခ်ဘဝကို ပြန်သွားကာ ဗိသုကာပညာရှင်ဘဝရော ပန့်ခ်ဘဝနဲ့ပါ နေထိုင်နေပါတယ်။ အဲ့တော့ ဒီဇာတ်လမ်းလေးမှာ သူတို့ မိသားစုဘဝလေး ပြန်လည်စိုပြေလာပါ့မလား။ Oktay ...
7.1
TMDb: 7.1/10 4900 votes
tv

Wild Abandon (2022)

2022
Stranger Things Season 4 (2022) 8.7
Stranger Things Season 4 (2022) Stranger Things Season 4 (2022)========================IMDb Rating - 8.7/10​ထူးဆန်းဖို့ကောင်းတဲ့ သဘာဝလွန်ဖြစ်ရပ်ဆန်းတွေဖြစ်ပွားခဲ့တဲ့ Hawkins မြို့လေးကို Eleven တို့ စွန့်လွှတ်ကာ ရွှေ့ပြောင်းခဲ့ပေမဲ့ ဖြစ်ရပ်ဆန်းတွေက သူတို့နောက် လိုက်လာသလား။ ဒါမှ မဟုတ် Hawkins မြို့လေးကပဲ သူတို့ အဖွဲ့ကို ပြန်ခေါ်နေသလား ဆိုတာကတော့ Season 04 မှာသိရတော့မှာပါ။ ပရိသတ်အချစ်တော်ဖြစ်ခဲ့တဲ့ Jim Hopper ကလည်း မသေဘူးဆိုတော့ သူ့ရဲ့ စွန့်စားခန်းတွေပါ ကြည့်ရမှာ ဖြစ်ပါတယ်။( ရိုမန့်တွေ ဒရမ်မာတွေ ဇွတ်ထည့်ထားပြီးတမင် အချိန်ဆွဲထားတယ်လို့လည်း ဖန်အချို့က ပြောဆိုထားတာတွေ ရှိနေတော့ ဘယ်လိုတွေ ပြင်​ပြီးရိုက်ထားကြ မလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။) ရှေ့ Season တွေထက် ပိုကြမ်းပြီး ပိုကြောက်စရာကောင်းရုံသာမက တစ်ချို့ အပိုင်းတွေဆို သာမန်စီးရီးရုပ်ရှင်တွေထက် runtime ပိုရှည်မယ်လို့ စီးရီးကို ထုတ်လုပ်သူတွေ ဒါရိုက်တာတွေက ဆိုထားကြပါတယ်။ CM မှာလည်း အရင် Season တွေကို တင်ထား​ပြီးသားဆိုတော့ season 1,2,3 ...
8.7
TMDb: 8.7/10 995000 votes
tv

Stranger Things Season 4 (2022)

2022