Channel Myanmar

2022

Insider (2022) [Complete]
Insider (2022) [Complete] Insider (2022) [အစ-အဆုံး] အပိုင်း - ၁၆ (ဇာတ်သိမ်းပိုင်း) (1080p ရပါပြီ) ဒီတစ်ခါတော့ မင်းသားချော ဂန်ဟာနူး ရဲ့ ဒရမ်မာ အသစ်လေး လာပါပြီ။ Moon lovers ကနေစလို့ မတူကွဲပြားတဲ့ ဇာတ်ရုပ်တွေကို ပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင်ပြခဲ့တဲ့ ဂန်ဟာနူးက ဒီတစ်ခါမှာလည်း တရားရေးအလုပ်သင် အဖြစ်နဲ့ ရိုက်ကူးထားတဲ့အပြင် Heo Sung Tae, Kim Sang Ho နဲ့ Jung Man Shik တို့လို အက်ရှင်ကားတွေ၊ စုံထောက်ကားတွေမှာ နာမည်ကျော်တဲ့ မင်းသားကြီးတွေကလည်း အားဖြည့်ပါဝင်ထားပါတယ်။ဇာတ်လမ်းအညွှန်းအနေနဲ့ကတော့ ...တရားရေးအလုပ်သင် Kim Yo Han က မှင်သေသေမျက်နှာထားနဲ့ အလုပ်ကို ချင့်ချိန်စဉ်းစားလုပ်တတ်သူပါ။သူများထက် အမြဲ နှာတစ်ဖျားသာပြီး အကွက်ကြိုရွှေ့တတ်တဲ့ ပြိုင်စံရှား Kim Yo Han တစ်ယောက် သူလျှိုအဖြစ်နဲ့ စုံစမ်းရေးလုပ်ရင်းကနေ ထင်မှတ်မထားတဲ့ အမှုတစ်ခုမှာ ...

Insider (2022) [Complete]

2022
Cleaning Up (2022) 8.0
Cleaning Up (2022) Cleaning Up (2022) ===============ကဲ ဒီတစ်ခါတော့ 2019 မှာ လွှင့်ခဲ့တဲ့ နာမည်ကြီး UK TV Series "Cleaning Up" ရဲ့ Remake K drama စီးရီး အသစ်လေး လာပါပြီ။ Eo Yong-Mi (Yum Jung-Ah), An In-Kyung (Jeon So-Min) နဲ့ Maeng Soo-Ja (Kim Jae-Hwa) တို့သုံးယောက်ဟာ အကျိုးဆောင် ကုမ္ပဏီတစ်ခုရဲ့ သန့်ရှင်းရေး အလုပ်သမားတွေဖြစ်ပါတယ်။- Eo Yong-Mi ကတော့ သမီးနှစ်ယောက်ကိုပျိုးထောင်ပေးရင်း ဘဝကို ခက်ခက်ခဲခဲရုန်းကန်နေရသူပါ။- An In-Kyung ကတော့ Food Truck လေးဝယ်ပြီး ကော်ဖီဆိုင်ဖွင့်ဖို ရည်ရွယ်ထားသူပါ။- Maeng Soo-Ja ကတော့ ပေါင်းသင်းဆက်ဆံရေးကောင်းတယ်ထင်ရ ပေမယ့် လူတွေကို သူလိုအပ်မှ ရင်းရင်းနှီးနှီးနေတတ်သူပါ။ဒီသန့်ရှင်းရေးဝန်ထမ်း ၃ ယောက်က သူတို့ကုမ္ပဏီရဲ့ ရှယ်ယာရောင်းဝယ်တဲ့ ကိစ္စတွေကို အမှတ်မထင်ကြားခဲ့ကြပြီး၊ သူတို့ရဲ့ ကံကြမ္မာကိုပြောင်းလဲဖို့ အတွက် ...
8.0
TMDb: 8.0/10 1200 votes
tv

Cleaning Up (2022)

2022
[18+] High (School) On Sex (2022) Complete
[18+] High (School) On Sex (2022) Complete [18+] High (School) on Sex (2022) Completed Mini Series Gibo ဆိုတဲ့ကောင်လေးက ပညာသင်ဆုရ ကျောင်းသား၊ တစ်ဖက်ကလဲ အချိန်ပြည့်ထန်နေတတ်သူပါ။ သူ့ကောင်မလေးက သူ့ကို ဂျူနီယာအထက်တန်းကျောင်းပြီးရင် အဆုံးထိ အလိုလိုက်မယ်လို့ကတိပေးခဲ့ပေမယ့် နိုင်ငံခြားမှာကျောင်းသွားတက်တော့မယ်ဆိုပြီး သူ့ကိုအဆက်အသွယ်ဖြတ်သွားခဲ့ပါတယ်။ ဒီလိုနဲ့ ဂီဘိုဟာ သူ့ရဲ့စိတ်ကူးယဉ်မှုတွေကို သူ့ဆရာမ အမိုက်စား၊ ယောက်ျားတိုင်းမှန်းကြတဲ့ မစ္စက် Salva အပေါ်ရွှေ့ပြောင်းလိုက်ပါတော့တယ်။ ဂီဘို့မှာ Wes ဆိုတဲ့ သူငယ်ချင်းတစ်ယောက်ရှိပြီး သူကတော့ ကိုယ့်လိင်စိတ်ကိုယ် ဝေခွဲမရသေးပဲ ဘယ်လိုအတွေ့အကြုံမျိုးကိုမဆို စမ်းသပ်လိုက်ဖို့ဝန်မလေးသူတစ်ယောက်ပါ။ Issa ကတော့ ကေတီဗွီမှာအလုပ်လုပ်တဲ့ သူ့မိခင်ကြောင့် သူ့ကိုပါ ဆိုးဆိုးဝါးဝါးနာမည်ဖျက်ကြအတင်းပြောကြသလို သူကလဲ ပြန်မဖြေရှင်းပေမယ့်တကယ်တမ်းတော့အပျိုစင်တစ်ဦးဖြစ်နေဆဲကောင်မလေးတစ်ယောက်ဖြစ်ပြီး စာကြိုးစားသလိုရည်မှန်းချက်လဲကြီးပါတယ်။ သူတို့အားလုံးဟာ ဂုဏ်သတင်းကြီးတဲ့ Harmon Catholic University မှာ စီနီယာအထက်တန်းကျောင်းသားတွေအဖြစ်ရောက်ရှိလာကြပြီး အတွေ့အကြုံသစ်တွေ ဘဝရဲ့အချိုးအကွေ့တွေကိုရင်ဆုံတွေ့ကြုံရတော့မှာဖြစ်ပါတယ်။ အဲ့ဒီလိုအချိန်မှာပဲ နိုင်ငံခြားမှာကျောင်းသွားတက်တယ်ဆိုတဲ့ Gibo ရည်းစားဟောင်း ဖြစ်တဲ့ ...

[18+] High (School) On Sex (2022) Complete

2022
Link: Eat, Love, Kill (2022) [Complete]
Link: Eat, Love, Kill (2022) [Complete] Link: Eat, Love, Kill (2022) ဇာတ်လမ်းအညွှန်း [အစ-အဆုံး] အပိုင်းသစ် - ၁၆ (ဇာတ်သိမ်းပိုင်း)(1080p ကြည့်လို့ရပါပြီ) အားလုံးစောင့်မျှော်နေကြတဲ့ True Beauty ထဲကအချောလေး အင်ဂျူဂယောင်းရယ် Hotel Del Luna ထဲကအချစ်တော်ကြီး ဂူချန်းဆောင်းတို့ရဲ့ Romance ကားသစ်လေးလာပါပြီ။လွန်ခဲ့တဲ့ နှစ်ပေါင်း (၂၀) လောက်မှာ အွန်းဂယ်ဟွန်းရဲ့ အမြွှာ ညီမလေး တစ်ယောက် ပျောက်ဆုံးသွားခဲ့ပါတယ်။ လက်ရှိမှာတော့ အွန်းဂယ်ဟွန်းက အရွယ်ရောက်ပြီးသား စာဖိုမှူးတစ်ယောက်အဖြစ် ရှင်သန်နေပြီး ညီမဖြစ်သူ ပျောက်ဆုံးသွားတဲ့ စားသောက်ဆိုင်မှာ အလုပ်လုပ်ပါတယ်။တစ်ရက်မှာတော့ နိုဒါဟွန်းရဲ့ ခံစားချက်တွေ ပျော်ရွှင်မှု ဝမ်းနည်းမှုနဲ့ နာကျင်မှုတွေက သူ့ခံစားချက်နဲ့ ချိတ်ဆက်မိသွားခဲ့ပါတယ်။နိုဒါဟွန်းလေးကတော့ ကံမကောင်းတဲ့သူဖြစ်ပြီး အထူးသဖြင့် အချစ်ရေးမှာ ကံမကောင်းတဲ့ကောင်မလေးဖြစ်တာကြောင့် စာဖိုမှူးအွန်းဂယ်နဲ့ ခံစားချက်ချင်း ချိတ်ဆက်မိပြီးနောက်ပိုင်း ဘယ်လိုပြောင်းလဲသွားမလဲဆိုတာ ရယ်စရာလေးတွေနဲ့အတူ ကြည့်ပြီးရင်ခုန်ရမယ့် ကားလေးမို့ Channel Myanmar ကနေ အပတ်စဉ် ...

Link: Eat, Love, Kill (2022) [Complete]

2022
Shoorveer (2022) Complete 7.5
Shoorveer (2022) Complete ဘောလိ၀ုဒ် စီးရီးချစ်သူပရိသတ်တွေအတွက် မင်းသား မင်းသမီး အချောလေးတွေ ပါဝင်သရုပ်ဆောင်ထားတဲ့ action drama စီးရီးကောင်းလေးလာပြီနော် .... ၂၀၂၂ ဇူလိုင်လ ၁၅ ရက်နေ့မှာ ထွက်ရှိထားပြီး imdb rate 6.8 ရရှိထားတဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ် ဇာတ်လမ်း ကျောရိုးလေးကတော့ အကြမ်းဖက်သမားတွေရဲ့ ကျူးကျော်တိုက်ခိုက်ခြိမ်းခြောက်မှုဒဏ်ကို ခံနေရတဲ့ အိန္ဒိယနိုင်ငံ အမျိုးသားလုံခြုံရေးကို ကာကွယ်ဖို့ အဖွဲ့တစ်ခု စတင်ဖွဲ့စည်းတာကို အခြေပြုရိုက်ကူးထားတာပါ ။ အကြမ်းဖက်သမားတွေကြောင့် သေဆုံးနေရတဲ့ အသက်ကို ကာကွယ်ဖို့အတွက် အိန္ဒိယနိုင်ငံ အမျိုးသားလုံခြုံရေးကောင်စီက ပရောဂျက် HAWK ဟော့ခ် အမည်ဖြင့် အထူးကွန်မန်ဒိုတပ်ဖွဲ့တစ်ခုကို ကြည်းတပ် ရေတပ် လေတပ် အင်အားစုသုံးခုက ထိပ်တန်းအရာရှိတွေနဲ့ ဖွဲ့စည်းဖို့ ကြိုးစားခဲ့ပါတယ် ။ ဟော့ခ်ကို ဖွဲ့စည်းရခြင်း ရည်ရွယ်ချက်ကတော့ အကြမ်းဖက်မှုတွေကို အချိန်နဲ့တပြေးညီ မကြန့်ကြာစေဘဲ ပြည်သူတွေရဲ့ အသက်အန္တရာယ်ကို ကာကွယ်ပေးနိုင်ဖို့ပဲဖြစ်ပါတယ် အဲဒီအဖွဲ့ကို ဦးဆောင်ဖို့ ရွေးချယ်ခံရသူကတော့ အတိတ်က တပ်သားတွေကို ဆုံးရှုံးခဲ့ရတာကြောင့် ကိုယ့်ကိုကို အားမလိုအားမရဖြစ်ခဲ့တဲ့ ပင်စင်ယူခါနီး တပ်မှူး ရန်ဂျန် မာလစ်ပဲဖြစ်ပါတယ် ။ သူကိုယ်တိုင် ...
7.5
TMDb: 7.5/10 2 votes
tv

Shoorveer (2022) Complete

2022
Chloe (2022) 6.9
Chloe (2022) Chloe (2022)BBC Oneမှာ ပြသခဲ့ပြီး Amazon Primeမှာ streamingလုပ်ခဲ့တဲ့ ဗြိတိန် psycho: thrillerစီးရီးတစ်ခုကို တင်ဆက်​ပေးလိုက်ပါတယ်၊ အပိုင်း ၆ပိုင်းပါဝင်တဲ့ Miniseriesဖြစ်ပြီး IMDb 6.5, RTမှာ 94% ရထားပါတယ်။ အစအဆုံး ထွက်ရှိထားပြီး CMက​နေ ဆက်တိုက်ပဲ တင်ဆက်​ပေးသွားပါ့မယ်။လူတိုင်းမှာ စိတ်ထဲကအားကျရသူ၊ သ​ဘောကျရသူဆိုတာ ရှိစမြဲပါ။ ဘက်ကီဂရင်းအတွက် အဲဒီလူဟာ ကလိုဝီဖဲရ်ဘွန်းဆိုတဲ့ မိန်းက​လေး တစ်​ယောက်ပါ။ Instagramလိုမျိုး လူမှုကွန်ရက်​ပေါ်က ဘဝ​​တွေနဲ့ သူ့ရဲ့ လက်​တွေ့ဘဝကို ယှဉ်​တွေး​နေတတ်တဲ့ ဘက်ကီအဖို့ ကလိုဝီရဲ့ ဘဝဟာ လုံးဝပြီးပြည့်စုံ​နေခဲ့တာပါ။ဒါ​ပေမဲ့ တစ်​​ရက်မှာ​​ ကလိုဝီသတ်​သေသွား​ကြောင်း သတင်းတစ်ခုကို ဘက်ကီတစ်​ယောက် မထင်မှတ်ဘဲ ​တွေ့လိုက်ပါတယ်။ ထူးဆန်းတာ တစ်ခုက ကလိုဝီ ​သေ​ကြောင်းမကြံခင်ညက ဘက်ကီကို ဖုန်းဆက်ဖို့ ကြိုးစားခဲ့တာပါ။ သူအားကျတဲ့ မိန်းက​လေးက ​သတ်​သေသွား​တော့ ဘက်ကီဟာ ဒီတိုင်းမ​ကျေနပ်နိုင်ဘဲ ဆာရှာမိုင်းစ်ဆိုတဲ့နာမည်အတုနဲ့ ကလိုဝီရဲ့ လူကုံထံမိတ်​​ဆွေအသိုင်းအဝိုင်းကြား ဝင်​ရောရင်း ကလိုဝီ သတ်​သေသွားရတဲ့ အ​ကြောင်းရင်းအမှန်ကိုရှာ​ဖွေရင်း ထင်တာထက် ပိုနက်နဲတဲ့အ​​ဖြေ​တွေ ထွက်​​ပေါ်လာပါ​တော့တယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ JimX ပဲ ဖြစ်ပါတယ်။Genre..... ...
6.9
TMDb: 6.9/10 14 votes
tv

Chloe (2022)

2022
Why Her?(2022)
Why Her?(2022) Why Her?(2022) ဇာတ်လမ်းတွဲ***************************အပိုင်း ( ၁ မှ ၁၆ ) အထိ စ/ဆုံးကိုရီးယားရဲ့အကြီးမားဆုံး Tk Group ဉပဒေရုံး ကြီ:ရှိတယ်... အူဆူဂျယ်ဆိုတဲ့အမျိုးသမီးဟာ မထင်မရှားကျောင်းလေးကနေ ဥပဒေဘွဲ့ရရှိပြီးနောက် အလုပ်သင်ရှေ့နေ့ အဖြစ် TK မှာ ဝင်ရောက်လုပ်ကိုင်ခဲ့တယ်.... အမျိုးသမီးလည်းဖြစ်တယ် ... ကျောင်းကလည်းအထင်ကြီးစရာ မရှိ ပုံစံကလည်း ချမ်းသာတဲ့မိသားစုက ဆင်းသက်လာတဲ့ ပုံမဟုတ်တဲ့အတွက် စီနီယာတွေက ရုံးစာပို့အဆင့်လောက် သာဆက်ဆံကြတယ်...အစည်းအဝေးခန်းထဲက ခွေးလိုမောင်းထုတ် ပစ်တာတွေ...စားသောက်ပွဲတွေမှာ တစ်ယောက်တည်း ချန်ထားခဲ့တာတွေ... အခြားနိုင်လိုမင်းထက်များစွာနဲ့ ဆက်ဆံခံရတယ်.. .ဒီလို အနိုင်ကျင့်ခံရမှုတွေ ကြောင့်ပဲ အူဆူဂျယ်ဆိုတဲ့ မိန်းကလေးအပေါ် တစ်နေ့အမြင့်ဆုံးကို ငါရောက် ရမယ်ဆိုတဲ့ အားအင်တွေဖြစ်လာပုံရတယ်... ဒီစိတ်ကြောင့်ပဲ အချိန်ပြည့်အလုပ်ကို အာရုံစိုက်တဲ့အပြင် ထက်မြက်ပါးနပ်တဲ့ သူ့ဉာဏ်ရည်ကြောင့် တဖြည်းဖြည်းနဲ့ TKမှာ သူ့ အရှိန်အဝါဟာ ကြီ:မားလာတယ်.. ကုမ္ပဏီရဲ့ ငွေကြေးအများဆုံး ရှာပေးနိုင်တဲ့သူ ဖြစ်လာသလို အခြား အဖွဲ့အစည်းပေါင်းများစွာကလည်း ကမ်းလှမ်းခံလာရတယ်...ဒီလိုထိပ်ဆုံးကိုရောက်လာတဲ့ သူမဟာလည်း ငယ်ငယ်တုန်းက ထိုးနှက်ခံရတဲ့လူတွေကြောင့် လက်ရှိပတ်ဝန်းကျင်မှာလည်း လိုက်လျောညီထွေဖြစ်မနေဘူး.. ဒါ့ကြောင့်ပဲ ရန်သူတွေ မနာလိုတဲ့ သူတွေပတ်လည်ဝိုင်းနေသလို ဖြစ်နေတယ်...အဆိုးဆုံးက သူမှန်တက်ထင်ရင် အစိုးရပိုင်းက အကြီးအကဲတွေ တက်သမဖို့ အထိ အူဆူဂျယ်ဆိုတဲ့ အမျိုးသမီးဟာ လက်တွန့်မနေခဲ့ဘူး.... ဒီကားက ကားနာမည်အတိုင်း female lead ပေါ့..မင်းသမီးကြီး Seo Hyun Jin က အူဆူဂျယ်အဖြစ် သရုပ်ဆောင်ထားတယ်.. သူ့ဇာတ်လိုဖြစ်နေတဲ့အတွက်ကြောင့် လုပ်ကွက်တွေအများကြီး ရသလို မင်းသမီ:ကြီးက ...

Why Her?(2022)

2022
Doctor Lawyer (2022) Complete
Doctor Lawyer (2022) Complete ထိပ်သီးဆေးကျောင်းတွေကနေ ဘွဲ့ရခဲ့ပြီး ထိပ်တန်းဆေးရုံကြီးရဲ့ နာမည်ကြီးရင်ခေါင်းခွဲစိတ်ဆရာဝန်ဖြစ်တဲ့ ဟန်ရီဟန် (ဆိုဂျီဆပ်)၊ ခွဲစိတ်ပညာမှာ အင်မတန်ပါရမီထူးပြီး ထိလိုက်တိုင်း ​​​ရွှေဖြစ်ကာ လုပ်​ဖော်ကိုင်ဖက်​တွေကပါ နတ်ဘုရားအဖြစ် တင်စားခံရသူဟာ တစ်​နေ့မှာ​ သူ့ရဲ့ဆရာဝန်သက်တမ်းတ​လျောက် ဖြစ်​တောင့်ဖြစ်ခဲ နှလုံးအစားထိုး ခွဲစိတ်ကုသရင်း လူနာဆုံးပါးသွားခဲ့ပါတယ်။ ဆုံးပါးသွားသူဟာ တခြားမဟုတ်ဘဲ သူ့ရဲ့ချစ်သူ အစိုးရအမှုစစ် ဂွမ်​ဆော့ဂ​ယောင်း (အင်ဆူဟျန်း)ရဲ့ ​မောင်​လေး ဖြစ်​နေတာပါ။ ဒီဖြစ်ရပ်အတွက် ဟန်ရီဟန်ဟာ ​ဆမသိမ်းခံရကာ ​ဆေး​လောက ကို ​ခြေချခွင့်မရှိ​တော့သူ ဖြစ်သွားပါတယ်။ လူက​နေ​ပေမယ့် ပညာကမ​နေတဲ့ ဟန်ရီဟန်ဟာ ရှေ့နေအဖြစ်နဲ့ ပြန်ပေါ်လာ​ပေမယ့် ​ဆေး​သေတ္တာတစ်လုံးကို အချိန်ပြည့်​ဆောင် ထားပါ​သေးတယ်။ ဒီလိုနဲ့ပဲ တစ်​နေ့မှာ​ နာမည်​ကျော် ဘန်း​ဆော့ တက္ကသိုလ်​ဆေးရုံကြီးက ဆရာဝန်တစ်​ယောက်ရဲ့သမားဝတ္တရား ပျက်ကွက်မှု တရားခွင်မှာ မ​မျှော်လင့်ထားတဲ့ အ​ခြေအ​နေတစ်ခု ထဖြစ်ပြီး ဟန်ရီဟန်အ​နေနဲ့ အစွမ်းပြချိန် ရောက်လာခဲ့ပါတယ်။ မတတ်သာလို့ ​ရှေ့​နေဖြစ်​နေ​ပေမယ့် သူ့စိတ်ထဲမှာ​တော့ လိုင်စင် သိမ်းခံလိုက်ရတဲ့ ခွဲစိတ်မှုနဲ့ပတ်သတ်ပြီး အခဲမ​ကြေဆဲပါ။ ဒီလိုနဲ့ပဲ သူ့အရည်အချင်းနဲ့ ယှဉ်လိုက်ရင် ဖြစ်ခဲလှတဲ့ ခွဲစိတ်ပြီး​ လူနာဆုံးပါးမှုဟာ သွေးရိုးသားရိုး​ရော ဟုတ်ရဲ့လားဆ်ိုတာ စုံစမ်း ​ဖော်ထုတ်ဖို့အတွက် ရှေ့​နေတဖြစ်လဲ ဆရာဝန်ကြီးအ​နေနဲ့ ချစ်သူ ဖြစ်တဲ့ အမှုစစ်မလေးနဲ့ ပူး​ပေါင်းခဲ့ပါတယ်။ ထိုအမှုအပြင် တခြား ဆေးပညာဆိုင်ရာမသမာမှုတွေနဲ့ ...

Doctor Lawyer (2022) Complete

2022
Yumi’s Cells 2 (2022) [Complete] 7.4
Yumi’s Cells 2 (2022) [Complete] Yumi's Cells 2 (2022) ဇာတ်လမ်းတွဲ [အစ-အဆုံး]*******************************အပိုင်းသစ်(၁၃ နှင့် ၁၄)(ဇာတ်သိမ်းပိုင်း) ယူမီရဲ့ဆဲလ်လေးတွေ တစ်ဖန်ပြန်ရှင်သန်လာပါပြီ ပရိတ်သတ်တွေ တစ်ခဲနက်အားပေးခဲ့ကြတဲ့ Season 1 မှာနာကျင်ရတဲ့လမ်းခွဲမှုကြောင့်ပြိုလဲသွားခဲ့တဲ့ ယူမီရဲ့အချစ်ဆဲလ်လေးကဝန်းလေးနဲ့တွေ့ပြီးနောက်ပိုင်းမှာ ပြန်လည်သက်ဝင်နိုးကြွလာခဲ့တဲ့အကြောင်းလက်တွေ့ကျကျရိုက်ကူးတင်ဆက်သွားခဲ့ပါတယ်.... အဆင်ပြေတဲ့ဆက်ဆံရေးတစ်ခုတည်ဆောက်နိုင်ခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့်ယူမီနဲ့ဝန်းလေးတို့ အချိန်တွေအကြာကြီးလက်မတွဲနိုင်ခဲ့ဘဲ လမ်းခွဲလိုက်ကြပါတယ်... ဒီ Season မှာတော့ပိုရင့်ကျက်စွာနဲ့ တွေးခေါ်တတ်လာတဲ့ယူမီကမထင်ထားတဲ့စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ဆန္ဒရှိလာခဲ့ပါတယ်... ဒီလိုနဲ့ သူ့အိမ်မက်တွေကို အကောင်အထည်ဖို့ အခက်အခဲတွေကိုရင်ဆိုင်ရင်းဘေးက‌နေလှုံ့ဆော်အားပေးနေတဲ့ ယူဘာဘီနဲ့ဆက်ဆံရေးအသစ်တစ်ခု တိုးလာတဲ့အခါမှာတော့...အလုပ်ကြိုးစားလွန်းတဲ့ ယူမီရဲ့ဆဲလ်လေးတွေနဲ့ ယူဘာဘီတို့ဘယ်လိုဇာတ်လမ်းဆက်ဖြစ်ဦးမလဲဆိုတာ ရင်ခုန်စွာနဲ့စောင့်မျှော်အားပေးကြပါဦးနော်.....ဇာတ်လမ်းအညွှန်းကိုတော့ Hnin Pale မှ ရေးသားပေးထားပါတယ်..  Episodes: 14Aired: Jun 10, 2022 - Jul 23, 2022File Size: 900MB & 400MBQuality :Web-DL 1080p,720pGenres: Comedy, Romance, LifeTranslated by Hnin Wut Ye,ChitThe, Lwin Lwin Aung  &  Hnin PaleEncoded by  ...
7.4
TMDb: 7.4/10 7 votes
tv

Yumi’s Cells 2 (2022) [Complete]

2022
The Time Traveler’s Wife (2022) 8.4
The Time Traveler’s Wife (2022)   အရင်က တစ်ကားတည်းထွက်ဖူးတဲ့ အချိန်ခရီးသွားတဲ့သူတစ်ယောက်အကြောင်းလေးကိုဇာတ်လမ်းတွဲလေးနဲ့ထွက်ရှိလို့လာပါပြီအချစ်ဆိုတာက မရှိတော့တဲ့အချိန်မှာမှ ပိုပြီးတော့ အသည်းအသန်ချစ်မိကြတာကသဘာဝပါပဲကိုယ့်ရဲ့ချစ်သူက ခနနေတိုင်း ဖြတ်ခနဲ ဖြတ်ခနဲ့ ပျောက်ပျောက်သွားတတ်တဲ့အချိန်ခရီးသွားတဲ့သူတစ်ယောက်ဖြစ်နေရင်ရော ဘယ်လိုလုပ်မလဲအချိန်ခရီးသွားရပေမဲ့လည်း ဘာကိုမှပြင်ဆင်ခွင့်မရှိတဲ့ လူတစ်ယောက်အနေနဲ့ရောဒါက ဆုလာဘ်လား ပြစ်ဒဏ်လာဆိုတာကိုတောင် သေချာမသိနိုင်လောက်အောာင်ပါပဲလူတွေရဲ့ ဖြစ်တတ်တဲ့သဘောတွေ ဖြစ်မယ်ဆိုတာကိုသိသိကြီးနဲ့ တားလို့မရတဲ့နာကျင်မှုတွေလူမှန်းမသိခင်လောက်ကတည်းက တစ်ယောက်တည်းကိုပဲ စွဲစွဲလန်းလန်းစောင့်ခဲ့တဲ့ အချစ်စစ်တွေအကြောင်းကိုပေါ့ပေါ့ပါးပါးလေးနရယ်စရာလေးတွေရောပြီးတော့ တင်ဆက်ထားတာဖြစ်တဲ့အတွက်ရသပေါင်းစုံခံစားပြီး ကြည့်ဖို့ထိုက်တန်တဲ့ကားကောင်းလေးတစ်ကားပါပဲ File size…(554Mb) Quality….Webrip 720p/1080p Format…mp4 Duration….50 Min Episode...6 Epi Genre... Sci-fic/Drama/ Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by GarfieldEpisode 1720p - VIP / Yoteshin / Meaup /Meganz/ Usersdrive / StreamEpisode 2720p - VIP / Yoteshin / Meaup /Meganz/ Usersdrive / StreamEpisode 3720p - VIP ...
8.4
TMDb: 8.4/10 40 votes
tv

The Time Traveler’s Wife (2022)

2022
EVE (2022)
EVE (2022) EVE (2022)ကိုရီးယားရဲ့နာမည်ကျော် ဝမ် ၂ ထရီလီယံ ကွာရှင်းမှုအကြောင်းကို အခြေတည်ထားတဲ့ ဒရာမာကားကောင်းကောင်းလေး လာပါပြီ။ဇာတ်လမ်းအကျဉ်းကတော့ ..... Lee Ra El ဆိုတဲ့အမျိုးသမီး လက်စားချေလိုစိတ် ပြင်းထန်နေတဲ့ အမျိုးသမီးတစ်ယောက်ပါ။ ဘာလို့ လက်စားချေလိုစိတ် ကြီးရတာလဲဆိုတော့ ငယ်ငယ်တုန်းက အာဏာကြီးသူတွေရဲ့လက်ထဲ မတရားမှုနဲ့ သေဆုံးသွားခဲ့ရတဲ့ သူမရဲ့အဖေကြောင့်ပဲဖြစ်ပါတယ်။Lee Ra El ရဲ့အဖေ သေဆုံးသွားပြီးနောက်မှာတော့ သူတို့မိသားစုလေးဟာ ပျက်စီးသွားခဲ့ရပါတယ်။ တစ်ချိန်မှာတော့ သူမ လက်စားချေဖို့ အကြောင်းဖန်လာပါတော့တယ်။ လက်စားချေဖို့အတွက် သူမရဲ့ပစ်မှတ်ကတော့ LY Group ကို ဦးဆောင်နေတဲ့ Kang Yoon Gyeomပဲဖြစ်ပါတယ်။ Ra El က Seo Eun Pyung ရဲ့အကူအညီနဲ့ အစီအစဉ်ကိုအကောင်ထည်ဖော်ခဲ့ပါတယ်။ Seo Eun Pyung ကတော့ မိဘမဲ့ဂေဟာ‌‌မှာ ကြီးပြင်းခဲ့တဲ့သူဖြစ်ပြီး အမျိုးသားလွှတ်တော်ရဲ့ အသက်အငယ်ဆုံး အမတ်တစ်ဦးလည်း ဖြစ်ပါတယ်။ဇာတ်လမ်းရဲ့အသက်ကတော့ Lee Ra El ဟာ Kang Yoon Gyeom နဲ့ကွာရှင်းဖို့အတွက် ဝမ်၂ထရီလီယံ တောင်းဆိုရာကနေ စပါတော့တယ်။ ဘာတွေ ...

EVE (2022)

2022
How To Build a Sex Room (2022) 7.9
How To Build a Sex Room (2022) How to Build a Sex Room (2022) ဒီတစ်ခါမှာတော့ဒီတစ်ခါမှာတော့ Netflix ကနေ ပူပူနွေးနွေး ထွက်ရှိထားတဲ့ အခန်းတွင်းပြင်ဆင်တဲ့ မှတ်တမ်းတင် ပညာပေးစီးရီးလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဘယ်လိုအခန်းမျိုးကို ပြင်ဆင်မွမ်းမံမှာလဲဆိုတော့ ခေါင်းစဉ်ထဲကအတိုင်း Sex Room/ လူကြီးကစားခန်း/အပျော်ကြူးခန်း/ ဒချိခန်း... သန်ရာသာ ခေါ်ကြပါ... အဲ့လိုအခန်း​ဖြစ်အောင် ပြင်ဆင်ပေးမှာပါ Sex room လို့ မြင်လိုက်တာနဲ့ တော်တော်များများက BDSM ကို ပြေးမြင်မိတတ်ကြတယ်။ မမှားပေမဲ့ ဟုတ်တော့လည်းမဟုတ်သေးဘူး။ Sex room ကို ဘာလို့ ထည့်ချင်ရတာလဲ...။ ကိုတော်တော်ဖြစ် မတော်တော်ဖြစ်တွေ ဖြစ်နေလို့ နေမှာပေါ့ ဆိုတာလည်း မဟုတ်သေးပြန်ဘူး။ ဒီစီးရီးထဲမှာတော့ Melanie Rose ဆိုတဲ့ အတွင်းပိုင်းအခန်း‌‌တွေပြင်ဆင်ပေးတဲ့ အဒေါ်ကြီးက ဘယ်လို clients မျိုးတွေကို လက်ခံပြင်ဆင်ပေးရမလဲဆိုတာတွေအပြင် Sex room ထည့်ချင်ရတဲ့ ရည်ရွယ်ချက်မျိုးစုံကို တွေ့မြင်ရမယ်၊ ကြည်နူးရမယ်။ Decorator တွေအတွက်လည်း ...
7.9
TMDb: 7.9/10 8 votes
tv

How To Build a Sex Room (2022)

2022
The Broken News (2022) 8
The Broken News (2022) The Broken News (2022)==================== အားလုံးနဲ့ရင်းနှီးပြီးသားဖြစ်နေတဲ့ ဂျာနယ်လစ်လောက၊မီဒီယာလောကအကြောင်းရိုက်ကူးထားတဲ့ IMDb 7.6/10 ရ အိန္ဒိယစီးရီးကောင်းလေးပဲဖြစ်ပါတယ်။မွန်ဘိုင်းမြို့က “Awaaz Bharati” နဲ့ “Josh 24/7” အမည်ရ အပြိုင်သတင်းချန်နယ်နှစ်ခု ..ဂျာနယ်လစ်တွေရဲ့ကျင့်ဝတ်တွေ လိုက်နာရမယ့်ထုံးတမ်းတွေကိုလေးစားတဲ့သတင်းချန်နယ် နဲ့ ကိုယ့်သတင်းကြည့်ရှုနှုန်းများများရရင်ပြီးရော နစ်နာသူကိုလည်းမငဲ့ညာကြည့်ရှုသူကိုလည်းမလေးစားဘဲ လိုချင်တဲ့သတင်းကိုအကြပ်ကိုင်ဖန်တီးယူပြီး“အိန္ဒိယရဲ့ နံပါတ်တစ် သတင်းချန်နယ်” ဆိုတဲ့ဂုဏ်ပုဒ်ကိုပဲ မက်မောတဲ့ သတင်းချန်နယ် ..။ သတင်းချန်နယ်ဆိုတာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အမှုအခင်းအားလုံးနဲ့ဆက်နွယ်နေတဲ့ အရာတစ်ခုပါ။ ဒါတွေအားလုံးထဲမှာမှအမှန်တရားတွေလည်းရှိမယ် အလိမ်အညာတွေလည်းရှိမယ်ဖုံးကွယ်ထားတာတွေလည်းရှိလည်းရှိမယ်။ “The Broken News” မှာလည်း၂၀၁၇ခုနှစ်ရဲ့ လူ ၁၄ယောက်သေဆုံးခဲ့တဲ့ City Glitz Mall မီးလောင်မှုကမတော်တဆမှုလား ရှို့မီးလားဆိုတာ ဘယ်သူမှအဖြေမထုတ်နိုင်သေးတဲ့သတင်းတစ်ခုဖြစ်နေပါတယ်။ အဖြေမထုတ်နိုင်သေးသလိုလက်လည်းမလျှော့နိုင်တဲ့သူကတော့ “Awaaz Bharati”သတင်းချန်နယ်က ဂျာနယ်လစ် Radhika ပါ။ အဲဒီမီးလောင်မှုထဲမှာအခန်းဖော်ဖြစ်တဲ့ ဂျာနယ်လစ် Julia လည်းပါသွားခဲ့ပြီး Radhika ကတော့အခန်းဖော်ဖြစ်တဲ့ Julia ရဲ့ပစ္စည်းတွေကတဆင့် ...
8
TMDb: 8/10 1 votes
tv

The Broken News (2022)

2022
The Story of Xing Fu (2022)
The Story of Xing Fu (2022) The Story of Xing Fuတရုတ်ဇာတ်လမ်းတွဲတွေကိုမှ ချစ်မြတ်နိုးတဲ့CM ပရိသတ်တွေအတွက် CM ကနေပြီးတော့The Story of Xing Fu ဆိုတဲ့ ဇာတ်ကားကိုတင်ဆက်ပေးချင်ပါတယ်။ဇာတ်ကားထဲမှာအဓိကဇာတ်ကောင်မင်းသမီးအဖြစ်Zhao Li Ying, မင်းသားအဖြစ် Tang Zeng တိုကပါဝင်သရုပ်ဆောင်ထားကြောင့်ဒီဇာတ်လမ်းတွဲလေးကတော့ကောင်းမှာအသေအချာပါဘဲနော်။ဇာတ်လမ်းအကျဉ်းကတော့လူ့ဘဝမှာအတက်အကျတွေကြောင့် ခါးသီးမှု၊ချိုမြိန်မှုတွေဖြစ်ပေါ်လာတဲ့အချိန်မှာ ရဲရဲဝံ့ဝံ့နဲ့ရင်ဆိုင်ကျော်ဖြတ်သွားရင် နောက်ဆုံးမှာပျော်ရွှင်မှုဆိုတဲ့အရာကိုရရှိလာမှာမဟုတ်လား။ He Xing Fu (Zhao Li Ying) ကWang Qing Lai ဆိုတဲ့ရိုးသားဖြောင့်မတ်တဲ့လူနဲ့လက်ထပ်ပွဲနေ့မှာ ညီမဖြစ်သူ He Xing Yun တစ်ယောက်Wan Chuan Jia ဆီကနေစော်ကားခံခဲ့ရတယ်။Wan Chuan Jia ကတော့ရွာလူကြီးဖြစ်တဲ့Wan Shan Tang ရဲ့သားဖြစ်တယ်။အဲ့အချိန်မှာရဲရင့်တဲ့ He Xing Fu တစ်ယောက်Wan Chuan Jia ကိုဒဏ်ရာရအောင်ရိုက်မိခဲ့တယ်။ဒီလိုနဲ့ပြဿနာတွေတစ်ခုပြီးတစ်ခုဖြစ်ရင်းတစ်နေ့မှာကျန်းမာရေးထုတ်ကုန်စက်ရုံဆောက်လုပ်ဖိုအတွက်He Xing Fu ရဲ့ယောက္ခမမြေနေရာကိုသိမ်းယူမယ့်ပြဿနာပေါ်လာပါတော့တယ်။He Xing Fu ...

The Story of Xing Fu (2022)

2022
Resident Evil (2022) Complete 9.3
Resident Evil (2022) Complete နက်ဖလစ်ရဲ့ ရက်စီးဒန့်အီဗယ်စီးရီးအသစ်ထွက်လာပါပြီ။ ဇာတ်လမ်းရော ရိုက်ချက်တွေရော သရုပ်ဆောင်တွေရော အတော်ကိုကောင်းပါတယ်ဇာတ်လမ်းကလည်း အသစ်အဆန်းနည်းနည်းဖြစ်တော့ စိတ်ဝင်စားဖို့ကောင်းပါတယ်။ ဇာတ်လမ်းကျောရိုးကတော့ အားလုံးသိတဲ့အတိုင်းပါပဲ... အမ်ဘရဲလား ကုမ္ပဏီရဲ့ ဆေးဝါးစမ်းသပ်မှုတွေကြောင့် ဇွန်ဘီးတွေဖြစ်လာပြီး ကမ္ဘာတစ်ခုလုံး အဆုံးသတ်သွားခဲ့ပါတယ်။ အသက်ရှင်ကျန်တဲ့လူ သန်း ၃၀၀ လောက်ပဲရှိပြီး ဇွန်ဘီး သန်း ၆၀၀၀ လောက်ဖြစ်နေပါပြီ။ အမ်ဘရဲလားကတော့ ကမ္ဘာကြီးကို လက်ဝါးကြီးအုပ်ပြီးစိုးမိုးနေဆဲပါပဲ။ လူတွေကလည်း ကမ္ဘာအနှံ့မှာ ကိုယ့်အဖွဲ့လိုက် ရှင်သန်ဖို့ကြိုးစားနေကြပါတယ်။ အဲဒီကြားထဲမှာမှ ထူးခြားတဲ့ နောက်ခံဇာတ်လမ်းတွေနဲ့ အမ်ဘရဲလား အလိုရှိနေတဲ့လူတွေ၊ တိုက်ခိုက်ရေးသမားတွေ ပါလာတဲ့အခါ....  File Size – 421MBQuality – 720p NF WEB RIPDuration –55 minute (@Episode)Total Episodes: 8EpsSubtitle – Myanmar HardsubFormat – Mp4Genre : Drama, Sci-Fi & FantasTranslator – Mr,Anderson & JimX , Yoon Sandi , ThiHa & Sett ...
9.3
TMDb: 9.3/10 7 votes
tv

Resident Evil (2022) Complete

2022
To My Star 2: Our Untold Stories (2022)
To My Star 2: Our Untold Stories (2022) To my star 2 : Our Untold Stories (2022)ကိုယ့်ဘဝထဲကို ဝင်ရောက်လာပြီးသားဆိုရင်တော့ ကိုယ့်ပိုင်ဆိုင်မှုကို အဆုံးရှုံးမခံချင်ကြတာ သဘာဝပါပဲ ။ အဲ့ဒီပိုင်ဆိုင်မှုဟာ လူပဲဖြစ်ဖြစ် အရာဝတ္ထုပဲ ဖြစ်ဖြစ်ပေါ့ ။တကယ်လို့များ ကိုယ်အမြတ်တနိုးနဲ့ ခူးဆွတ်ချူထားရတဲ့ အဖိုးတန်ကြယ်ပွင့်လေးဟာ ကိုယ့်ဘဝထဲကနေ ဘာအကြောင်းပြချက်ရယ်လို့မှ မရှိဘဲ ပျောက်ကွယ်သွားခဲ့မယ်ဆိုရင် ဘယ်လိုလူသားကများ ပျော်ရွှင်နိုင်ပါ့မလဲ ။ကောင်းကင်ကကြယ်လေးတမျှ အလှမ်းဝေးကွာလွန်းတဲ့ ဟန်ဂျီဝူးဆိုတဲ့လူသားလေးကို ပိုင်ဆိုင်ခွင့်ရခဲ့တဲ့ ဒိတ်ဒိတ်ကြဲသရုပ်ဆောင် ဂန်ဆောဂျွန်း ။ဒါပေမဲ့ အကြောင်းပြချက်ရယ်လို့တောင် မရှိဘဲ ရုတ်တရက် လမ်းခွဲခံလိုက်ရတဲ့အခါ ဂန်ဆောဂျွန်းရဲ့ဘဝမှာ ဘာတွေပြောင်းလဲသွားမလဲ? ဟန်ဂျီဝူးက‌ရော ဘယ်လိုအကြောင်းတွေ ရှိနေလို့များ လမ်းခွဲလိုက်ရတာလဲ?“တစ်လအကြာမှာတော့ မင်း ပြန်လာလောက်မယ်လို့ထင်ခဲ့တယ် ။ နှစ်လအကြာမှာတော့ မင်းတစ်ခုခုဖြစ်နေတာလားလို့ စိတ်ပူခဲ့တယ် ။ တစ်နှစ်အကြာမှာတော့.... ”ဘာတွေဆက်ဖြစ်သွားမလဲဆိုတာ အခုပဲ ကြည့်ရှုခံစားလိုက်ကြပါဦးနော် ။အညွှန်းကိုတော့ Hmwe Thet Winn က ရေးထားပေးပြီးတော့ဘာသာပြန်တွေကတော့ Hmwe Thet Winn နဲ့ Moe Pwint Phyu ...

To My Star 2: Our Untold Stories (2022)

2022
God’s Favorite Idiot (2022) 6.7
God’s Favorite Idiot (2022) Netflixက​ ထွက်ရှိထားတဲ့ ဟာသငစားစီးရီးတစ်ခုကို တင်ဆက်​ ​ပေးချင်ပါတယ်။ ကလာ့ခ်ဆိုတဲ့ ဘဲတစ်​ပွေက သူနဲ့တစ်ရုံးတည်း အလုပ်လုပ်​နေတဲ့အမ်မလီကို ကြိတ်ကြိုက်​နေသူ၊ စကား​ပြောရင် အ​ပေါက်အလမ်းမတည့်၊ ​ကြောင်​တောင်​တောင်​​ပဲ ​ပြောတတ်သူ၊ လူပျိုသိုးကြီး​ပေါ့။တစ်​နေ့မှာ​တော့ ထူးထူးဆန်းဆန်းပဲ ကွက်ကြားမိုးကြိုးတစ်ခုဟာ ကလာ့ခ်ကို သီးသန့်လာပစ်သွားပြီး အဲဒီကတည်းက ထူးဆန်းတဲ့ ကိစ္စ​တွေ စဖြစ်လာပါ​တယ်။ သူ့တစ်ကိုယ်လုံး ဖ​ယောင်းတိုင်မီးလို လင်းထိန်​နေတာကို crush​လေး အမ်မလီ ​တွေ့သွားတာက​နေစလို့ တစ်ရုံးလုံးအသိ၊တစ်မြို့လုံးအသိ အုတ်​အော်​သောင်းနင်း​ကိစ္စ​တွေ ဖြစ်ကုန်ပါ​တော့တယ်။​နောက်ပိုင်းမှာ သူ့ကိုပစ်သွားတဲ့ မိုးကြိုးဟာ ဘုရားရှင်​စေလွှတ်တဲ့ မိုးကြိုးဖြစ်ပြီး သူ့ကိုတမန်​တော်အဖြစ် ခန့်အပ်လိုက်တယ်ဆိုတာ သိရှိပြီး​နောက်ပိုင်း သမ္မာကျမ်းစာလာ 4 Horsemen​ နဲ့ ​စေတန်ရဲ့ ​အဖျက်လုပ်ငန်း​တွေကို ကလာ့ခ်တစ်​ယောက် တမန်​တော်အစွမ်းနဲ့ လိုက်လံတားဆီးရင်း ​ဘူမသိကိုးမသိနဲ့ ကမ္ဘာကြီးရဲ့ ကယ်တင်ရှင် ဘဝကို ​ရောက်မှန်းမသိ​ ရောက်လာပါ​တော့တယ်။File size…500 Mb Quality….Webrip 720p Format…mp4 Duration….45 Min Genre... Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by JimX  Episode 1 720p - VIP / Yoteshin / Megaup /  Meganz  / ...
6.7
TMDb: 6.7/10 16 votes
tv

God’s Favorite Idiot (2022)

2022
Hurts Like Hell (2022)
Hurts Like Hell (2022) Hurts Like Hell (2022)IMDb rating 8.6 ရရှိထားတဲ့ ၂၀၂၂ ခုနှစ်ထွက် Netflix ရဲ့ နောက်ထပ် Documentary Series ကောင်းတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်။ အဆိုပါ Series မှာတော့ ထိုင်းနိုင်ငံရဲ့ လက်ဝှေ့လောကရဲ့ အမှောင်ခြမ်းကို တစ်စိတ်တစ်ပိုင်းမျှ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ လက်ဝှေ့ကိုလည်း စိတ်ဝင်စားတယ် Documentary Series ကိုလည်း ကြိုက်တယ်ဆိုရင် လက်မလွှတ်တမ်း ကြည့်ရှု့သင့်တဲ့ Series တစ်ခုပါ။ လောင်းကစားဟာ ထိုင်းလက်ဝှေ့လောကရဲ့ အသက်သွေးကြောဖြစ်ပါတယ်။ ထိုလောကသားလည်း ၅ သိန်းခန့်ရှိပြီး နှစ်တစ်နှစ်တွင် လောင်းကစားမှာ ငွေကြေး လည်ပတ်မှုဟာ ထိုင်းဘတ်ငွေ ဘီလီလျံ ၄၀ မှ ၅၀ အထိရှိပါတယ် လက်‌‌ဝှေ့ရုံမှာ ကြည့်ရှု့သူရဲ့ ၉၈ ရာခိုင်နှုန်းဟာ လောင်းကစားသမားတွေပါ။ ထိုကဲ့သို့ ကြီးကျယ်လှတဲ့ လောကကြီးထဲမှာ ဒုစရိုက်ကိစ္စတွေကဲ့သို့ မကောင်းတဲ့အရာတွေဆိုတာ ဖြစ်တတ်စမြဲပါပဲ။ အဆိုပါလောကသားတွေကရော ဘယ်လိုကျင်လည်နေကြလဲ ဘယ်လိုတွေ ရှင်သန်နေလဲဆိုတာ စိတ်ဝင်စားဖွယ် ...

Hurts Like Hell (2022)

2022
New Normal Zine (2022) Complete
New Normal Zine (2022) Complete New Normal Zine(2022)ဒီတစ်ခေါက်မှာတော့ Alice နဲ့ Police university တို့မှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့မင်းသမီး Hwang Seung In ရဲ့ ကားသစ်လေးကို တင်ဆက်ပေးသွားမှာပါ။တစ်ကောင်ကြွက် ကောင်မလေး Cha Ji Min တစ်ယောက် မဂ္ဂဇင်းတိုက်တစ်ခုမှာပြည်တွင်းသတင်းထောက်အနေနဲ့ ဘဝကို အေးအေးဆေးဆေး ဖြတ်သန်းနေရင်း ရုတ်တရက် အဲဒီမဂ္ဂဇင်းတိုက်က ပိတ်သိမ်းခံလိုက်ရပါတယ်။အဲဒီနောက် ပင်မကုမ္ပဏီလက်အောက်ခံ ဒီဂျစ်တယ်မဂ္ဂဇင်းဖြစ်တဲ့ "New Normal Zine" မှာ အယ်ဒီတာအဖြစ်နဲ့ အလုပ်ဆက်လုပ်ဖြစ်ခဲ့ပါတယ်။အလုပ်သစ်မှာ တွေ့လိုက်ရတဲ့ သူဌေးသစ်ကတော့ ပင်မကုမ္ပဏီမှာ တစ်နှစ်တည်း အလုပ်ဝင်ရင်းခင်မင်ရင်းနှီးခဲ့တဲ့ အယ်ဒီတာချုပ် Son Ro Ji ပါ။ Son Ro Ji ကတော့ Cha Ji Min နဲ့မတူဘဲလုံးဝကို အလုပ်ဂျိုးဖြစ်နေပါတော့တယ်။ ဒီလိုနဲ့ ဘဝကိုပေါ့ပေါ့ပါးပါးဖြတ်သန်းချင်တဲ့ Cha Ji Min တစ်ယောက်အလုပ်ဂျိုးနဲ့ ...

New Normal Zine (2022) Complete

2022