Channel Myanmar

2022

A Model Family (2022) 8
A Model Family (2022) A Model Family (2022)စစ်ပွဲတွေ ရောဂါတွေ မတော်တဆမှုတွေကြောင့် ကမ္ဘာပေါ်မှာ နေ့စဥ် လူပေါင်းများစွာ အသက်ဆုံးရှုံးနေရပါတယ်ဒါပေမယ့် အဲဒီထက်ပိုများတဲ့ အသက်တွေကတော့ ငွေကြောင့်ဆုံးရှုံးနေတယ်တဲ့လောကမှာ ငွေကြောင့်ဆုံးရှုံးရတဲအသက်တွေ ဘယ်လောက်အထိများနေပြီလဲဇာတ်လမ်းအကျဥ်းဘတ်ဒုံဟာက ဂန်အွန်းဂျူနဲ့လက်ထပ်ထားတဲ့ သာမန် အိမ်ထောင်ဦးစီးတစ်ယောက်ဖြစ်တယ် သားသမီး ၂ ယောက်ရှိပြီး သားငယ်လေး ဟျွန်းအူ နှလုံးအစားထိုးခွဲစိတ်ဖို့အတွက် ငွေအရေးပေါ်လိုအပ်နေတယ် မိသားစုအပေါ် သူ့ရဲ့ တာဝန်မကျေမှုတွေကြောင့် ဇနီးဖြစ်သူ အွန်းဂျူကလည်း သူ့ကို ကွာရှင်းချင်နေတယ် အွန်းဂျူမှာကလည်း လျို့ဝှက်ချက်တွေက ရှိနှင့်ပြီးသားပေါ့ဒုံဟာတစ်ယောက် စိတ်ညစ်ညစ်နဲ့ခြေဦးတည့်ရာထွက်လာခဲ့ရာက မထင်မှတ်ဘဲ ကားတစ်စီးကိုတွေ့လိုက်ရတယ်လူပြတ်တဲ့လမ်းမပေါ်မှာရပ်ထားတာမို့ ထူးဆန်းလို့ အဲဒီကားအနားကိုသွားကြည့်တဲ့အခါ... ကားထဲမှာ လူနှစ်ယောက် သွေးအလိမ်းလိမ်းနဲ့ဖြစ်နေတာတွေ့လိုက်ရတယ် အစက အရေးပေါ်ကို ဖုန်းဆက်ပေးပေမယ့် ကားနောက်ခန်းက ငွေထုတ်ကြောင့် စိတ်ပြောင်းပြီး ဖုန်းချလိုက်တယ် နောက်ဆုံး ကားထဲကငွေတွေကို ခိုးယူလိုက်မိတယ်အဲဒီငွေတွေက မူးယစ်ဂိုဏ်းတွေနဲ့ ပက်သက်နေတဲ့အခါ ဒုံဟာတစ်ယောက် ဘယ်လိုဆက်ဖြစ်မှာလဲဆိုတာ ဒီဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှုကြပါရှင် ။Drama: A Model Family Director: Kim Jin-Woo Writer: Lee ...
8
TMDb: 8/10 1 votes
tv

A Model Family (2022)

2022
Love Mechanics (2022)
Love Mechanics (2022) Love Mechanics (2022) စ/ဆုံး ****************BL ကြိုက်တဲ့ ချစ်တို့အတွက် နောက်ထပ် BL ကြမ်းကြမ်းလေးတစ်ကား CM ကနေ တင်ဆက်ပေးလိုက်ပါတယ်**ဝီး အဖြစ် Yin Anan Wong **မာ့ခ် အဖြစ် War Wanarat Ratsameerat တို့က အဓိက ပါဝင်သရုပ်ဆောင်ပေးထားပါတယ်ဇာတ်လမ်းအကျဥ်းဘားလို့ခေါ်တဲ့ စီနီယာအစ်ကိုကြီးကို တဖက်သတ်လိုက်ကြိုင်နေတဲ့ မာ့ခ်ဆိုတဲ့ကောင်လေးမာ့ခ် တစ်ယောက် နေ့စဥ်နေ့တိုင်း ဘား နောက်ကို လိုက်ပြီးနှောက်ယှက်နေခဲ့တယ် ဘားရဲ့ သူငယ်ချင်းဝီးက ဒါကို လုံးဝ ကြည့်မရခဲ့ဘူး ဝီးက ဘားနဲ့ ဝေးဝေးနေဖို့ မာ့ခ်ကိုသတိပေးခဲ့တယ်ဒါပေမယ့် တစ်ရက်မှာတော့ ကြီးမားတဲ့ ကံကြမ္မာအလှည့်အပြောင်းတစ်ခုကို မာ့ခ်နဲ့ဝီး ရင်ဆိုင်ခဲ့ရတယ် မာ့ခ်ကတော့ သူနဲ့ဝီးကြားက ရေစက်တွေကို အဆုံးသတ်ချင်ခဲ့ပေမယ့် ဝီးက လက်မခံခဲ့ဘူး ဝီးမှာ ချစ်ရတဲ့ ချစ်သူရှိနေပေမယ့် မာ့ခ်က ဝီးကို သဘောကျသွားခဲ့တယ်သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးတွေ အဆင်ပြေသွားနိုင်မလား သုံးပွင့်ဆိုင်ဇာတ်လမ်း​ပေါ်သွားတဲ့အချိန်မှာ ဝီးဘာဆက်လုပ်မှာလဲ ဘာကိုရွေးချယ်မှာလဲဆိုတာ ဒီဇာတ်လမ်းလေးမှာ ဆက်လက်ကြည့်ရှုနိုင်ပါပြီရှင်Episodes: 10Aired: June.18 , 2022Aired ...

Love Mechanics (2022)

2022
Rebelde (2022) 8
Rebelde (2022) Rebelde Season 1Rebelde a.k.a Rebel က​တော့  Netflixရဲ့ အသစ် ထွက်ရှိလာတဲ့ လက်တင်စကား​ပြော Mexican ရုပ်သံစီးရီးတစ်ခုပဲ ဖြစ်ပါတယ်၊ Comedy, Teen Drama, Musical Themeဖြစ်ပြီး လက်တင်စီးရီး​တွေကို ရိုက်ကူးရာ၊ reboot ရာ စင်တင်​ပေးရာမှာ လက်​စောင်းထက်​လေ့ရှိတဲ့ Netflix ​ကြောင့် ​ ရှေ့က​​နောင်​​တော် Hit Teen Drama​တွေဖြစ်ကြတဲ့ Elite နဲ့ Control Zတို့​ရဲ့ခြေရာကို နင်းနိုင်မလား​​ဆိုတာ စောင့်ကြည့်ရမယ့် Teen Drama serieပဲဖြစ်ပါတယ်၊Rebelde ဟာ Latin Americaမှာ ၂၀၀၀ပြည့်နှစ်ဝန်းကျင်က အ​တော်​ရေပန်းစားခဲ့တဲ့ Teen Dramaပဲဖြစ်ပါတယ်၊ မူရင်းက အာဂျင်တီးနား series ဖြစ်တဲ့ Rebelde Wayဖြစ်ပြီး 2004 ခုနှစ်မှာ မက္ကဆီကိုအ​​ခြေစိုက်Televisaက​နေ ဗားရှင်း​ပြောင်းပြီး ရိုက်ကူးထားတာဖြစ်ပါတယ်၊ 2004 ထွက် Mexican version က​တော့Season 3 ခု total episodes 440နဲ့ Latin ...
8
TMDb: 8/10 2 votes
tv

Rebelde (2022)

2022
School Tales the Series (2022) Complete 10
School Tales the Series (2022) Complete School Tales the Series (2022) Completed Mini-Series ထိုင်းတွေဟာ သရဲတစ်လိုင်းနဲ့ အသေပေါက်လေတော့ Netflix ကနေ ထိုင်းသရဲမီနီစီးရီးအသစ်တစ်ခုကို တင်ဆက်လိုက်ပြန်ပါပြီ။ သူ့ရှေ့က ကျောင်းကိုအခြေတည်ရိုက်ထားတဲ့ သရဲစီးရီးလည်းအောင်မြင်ခဲ့လို့လားမသိ ကျောင်းအခြေတည် သရဲဇာတ်လမ်းတွေနဲ့ကိုပဲ ရွေးချယ်ရိုက်ကူးလိုက်ပါတယ်။ ဒီထိုင်းကျောင်းသရဲကားမှာ‌တော့ အပိုင်း၈ပိုင်းပါရှိပြီး Anthology စီးရီးဆိုတော့ တစ်ပိုင်းဇာတ်လမ်းတစ်ပုဒ် ပြောရရင် တစ်ပိုင်းတစ်ကားပါပဲ။ တစ်ပိုင်းကို သရဲတစ်ကောင်နဲ့ သရဲရှစ်ကောင်တိတိအခြောက်ခံရစေမယ့် စီးရီးလေးပါပဲ။ စော်ချောချော ဘဲချောချောလေးတွေရောပါတာမိုါ လူငယ်လည်းကြိုက်သလို လန့်လည်းလန့်ရမယ့် ထိုင်းစီးရီးလေးပါပဲ။ ကျောင်းမှာခြောက်တဲ့သရဲဆိုတော့ သေသွားတဲ့ဆရာမဝိညာဥ်တို့ ကျောင်းသားချင်းအနိုင်ကျင့်တာတို့ကို ရောစပ်ပြီး အချိုးအကွေ့တစ်ချို့ သုံးပြီး ပြသွားပါတယ်။ အပိုင်းတစ်ဆို ကျောင်းတွင်းအနိုင်ကျင့်မှုတစ်ချို့ကို သေချာပြထားပြီး သူငယ်ချင်းကို သူငယ်ချင်းလို မသတ်မှတ်ဘဲ အသုံးချစရာတစ်ခုလို မှတ်တဲ့ လူတွေရဲ့အဖြစ်သနစ်ကို ပြထားပါတယ်။ နောက် ကျောင်းမှာ မလှလို့ အနှိမ်ခံရရာကနေ လှချင်လို့ နတ်ဆိုးဆန်ဆန် ထိုင်းရိုးရာတစ္ဆေလိုဟာတွေနဲ့ အပေးအယူလုပ်မိတာတွေကိုပြထားပါတယ်။ သရဲဇာတ်လမ်းရှစ်ခုပေမဲ့ ...
10
TMDb: 10/10 1 votes
tv

School Tales the Series (2022) Complete

2022
To Be A Brave One (2022)
To Be A Brave One (2022) CM ကနေ ဒီတစ်ခါဘာသာပြန်တင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့ အရိုတစ်လိုင်းပရိတ်သတ်‌တွေအကြိုက်တွေ့စေမယ့် To be a brave one ဆိုတဲ့ကားလေးပဲ ဖြစ်ပါတယ် Casts တွေကိုပြောပြရမယ်ဆိုရင်Meteor Garden 2018 မှာ 2nd lead အဖြစ်ပါဝင်ခဲ့ပြီးလူကြိုက်များလာခဲ့တဲ့ Darren Chen က Shao Moli အဖြစ်Murder in the kairotei ထဲက မင်းသမီး Deng JiajiaကAn Yu အဖြစ်ပါဝင်ထားကြတာပဲဖြစ်ပါတယ်ဇာတ်လမ်းလေးကိုပြောပြရမယ်ဆိုရင်တော့ငယ်ငယ်ထဲက လိုလေသေးမရှိ Princess lifestyle နဲ့နေလာခဲ့တဲ့ An Yu ရဲ့မိသားစုလေးဆီကိုမထင်မှတ်ထားတဲ့ ကံကြမ္မာ အပြောင်းအလဲတစ်ခုကြောင့်သူမဘဝအတွက် အမည်းစက်အဖြစ် ထင်ကျန်နေ‌စေမယ့်အဖြစ်အပျက်တစ်ခု ဖြစ်သွားခဲ့ပါတော့တယ်သူမ ထောင်ကျပြီး ၄နှစ်အကြာမှာတော့ယုံကြည်မှုတွေပျောက်ဆုံးနေတဲ့ သူမဘဝထဲကိုငယ်ငယ်တုန်းက သိခဲ့ဖူးတဲ့ ကောင်လေး Shao Moli ကအမှတ်မထင်ဝင်ရောက်လာခဲ့ပါတယ်Shao Moli ဟာအခုချိန်မှာတော့ ငယ်ငယ်ရွယ်ရွယ်နဲ့အောင်မြင်နေတဲ့ စီးပွားရေးသမားတစ်ယောက်ဖြစ်နေခဲ့ပါပြီစိတ်ဒဏ်ရာတွေနဲ့ ပြည့်နှက်နေတဲ့ An Yuကို ...

To Be A Brave One (2022)

2022
Modern Love: Mumbai (2022) Complete 8
Modern Love: Mumbai (2022) Complete Modern Love MumbaiIMDb rating - 8/10အချစ်လို့ကြားလိုက်ရတာနဲ့ သစ်လွင်လှပမြူးကြွတဲ့ဘဝတစ်စိတ်တစ်ပိုင်းကို မြင်ယောင်ကြပေမယ့် နေ့စဥ်ဒုက္ခလှလှတွေကို မေ့တတ်ကြတယ်ဒီကားထဲမှာတော့ သဘာဝနဲ့ ပတ်ဝန်းကျင်ရဲ့ တင်းကျပ်သတ်မှတ်ချက်တွေနဲ့ နေ့စဥ်ဒုက္ခလှလှတွေကို အချစ်နဲ့ကျော်ဖြတ်သွားကြပုံလေး ရိုက်ပြထားတယ်အခါးသံသရာကို အချစ်ချိုချိုလေးတွေနဲ့ ဘယ်လိုတွေအနိုင်ယူမလဲ.........Episode 1အိန္ဒိယထုံးစံ ဇာတ်အနိမ့်အမြင့်တွေကြားက အချစ် ကန့်သတ်ထိန်းချုပ်မှုတွေကြားက မိန်းကလေး တစ်ယောက် ဘဝ ဇာတ်အနိမ့်အမြင့်ကွာခြားမှုတွေကြားက စွန့်စားပြီးချစ်ခဲ့ရသူက စွန့်ခွာသွားတဲ့အချိန် ထင်သလိုမျှော်လင့်စောင့်စားမနေပဲ ကိုယ့်ဘဝကိုယ်စတင်ပြောင်းလဲနေတဲ့ကောင်မလေးတစ်ယောက်.. ကန့်သတ်ချက်တွေ တင်းကျပ်မှုတွေကို ပေါ့ပေါ့ပါးပါးနဲ့ ဘယ်လိုကျော်ဖြတ်ပြသွားမလဲEpisode 2ကြီးပြင်းလာခဲ့ရတဲ့ ဘဝရဲ့အတိတ်ဖြစ်ရပ်တွေကထပ်ကြပ်မကွာလိုက်နေခဲ့တာမို့ Gayတစ်ယောက်အဖြစ်ဝန်မခံချင်ခဲ့တဲ့ မန်ဇူ သားအရင်းအချာပမာပြုစုပျိုးထောင်ပေးခဲ့တဲ့အဖွားစိတ်ပျက်သွားမှာကြောက်လို့ အချစ်ကိုဝန်မခံရဲခဲ့သူ..မိဘတွေကလည်း Gayတစ်ယောက်အဖြစ်လက်မခံခဲ့လို့ ပင်ပန်းနေတဲ့သူ့ဘဝထဲ ဘယ်လိုအလှည့်အပြောင်းတွေကြုံတွေ့လာမလဲ...Episode 3တရုတ်နဲ့ အိန္ဒိယစပ်ကာ မွေးဖွားလာပြီး တရုတ်ပြည်မှာပဲ အခြေချ နေထိုင်နေတဲ့သူအမေဖြစ်သူ တရုတ်လူမျိုးက သူ့သားကို တရုတ်မနဲ့ပဲ ယူစေချင်ပြီး သူ့သားချစ်သူ အိန္ဒိယမနဲ့ သဘောမတူတဲ့အခါ...အမေနဲ့ ချစ်သူကြား ဗျာများနေရတဲ့သူတစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်Episode 4အချစ်မှာ အသက်ဆိုတာဟာကိန်းဂဏန်းတစ်ခုပါပဲ အသက်၂၀လောက်ကွာခြားနေတဲ့ ၄၀ကျော်နဲ့ ၂၀ကျော်အချစ်အကြောင် းရိုက်ကူးတင်ဆက်ထားတဲ့ ဒီအပိုင်းဟာဆိုရင်လည်း ချစ်နေဖို့သာအဓိကဆိုတဲ့ ဝေါဟာရကို ပုံဖော်ထားပါတယ်Episode 5ရွေးလေ လိုလေ အိုတစ္ဆေဖြစ်နေတဲ့ အပျိုကြီးမမတစ်ယောက်လိုအပ်ချက်မရှိ သူနဲ့ကိုက်ညီတဲ့ ကောင်လေးတစ်ယောက်နဲ့ တွေ့ရှိသွားတဲ့အခါ...Episode 6အိမ်မှုကိစ္စအဝဝနဲ့ ယောင်္ကျားကိုပံ့ပိုးရင်း ဝါသနာတွေမှေးမှိန်ခဲ့ရတဲ့ အိမ်ထောင်ရှင်မ တစ်ယောက်ရဲ့ ...
8
TMDb: 8/10 1 votes
tv

Modern Love: Mumbai (2022) Complete

2022
Rangbaaz: Darr Ki Rajneeti (2022)
Rangbaaz: Darr Ki Rajneeti (2022) Rangbaaz: Darr Ki Rajneeti (2022)ဒီနေ့မှာတော့ Channel Myanmar ရဲ့ ပရိတ်သတ်တွေအတွက် အလွမ်းအဆွေးနဲ့ အချစ်ဇာတ်အိမ်တွေမဟုတ်ပဲ လှည့်ကွက်အပြည့်နဲ့ နိုင်ငံရေးဇာတ်လမ်းတစ်ခုကို မိတ်ဆက်ပေးလိုက်ပါတယ်။ဟာရွန်ရှာအာလီဘေဆိုတဲ့ ဒုစရိုက်သမားတဖြစ်လည်း နိုင်ငံရေးသမားတစ်ယောက်ရဲ့ အကြောင်းပေါ့။ လူမျိုးကြီးဝါဒကြီးစိုးပြီး ဇာတ်နိမ့်၊ဇာတ်မြင့် ခွဲခြားဆက်ဆံတဲ့ ပြဿနာနဲ့ အဓိကရုဏ်းတွေ၊ ဘာသာရေးအမြင်ကွဲလွဲမှုကြားထဲက လူတွေရဲ့ ကြမ်းကြုတ်မှုတွေ၊ ဒါတွေကို ငယ်စဥ်ဘဝကတည်းက ကြုံလာခဲ့တဲ့ ဟာရွန်။နိုင်ထက်စီးနင်းမှုတွေအောက်မှာ အလူးအလိမ့်ခံခဲ့ရတဲ့ ဟာရွန်တစ်ယောက် ဘီဟာပြည်နယ်ရဲ့ မထင်မရှားဘဝကနေ လူတိုင်း နာမည်ကြားရုံနဲ့ ကြောက်ရတဲ့ ဒုစရိုက်သမားဘယ်လိုဖြစ်လာခဲ့လဲ။ ပြည်နယ်ရဲ့ အာဏာအရှိဆုံး နိုင်ငံရေးသမားတစ်ယောက် ဘယ်လိုဖြစ်လာလဲဆိုတဲ့ အကြောင်းကို အပိုအလိုမရှိတဲ့ လှည့်ကွက်တွေနဲ့ ကြည့်ရမှာမို့ ကားကောင်းလေးတစ်ကားလို့ ညွှန်းလိုက်ပါတယ်ဗျာ။File Size –500MB / 250MbQuality – 1080p / 720pDuration – 40minsTotal Episodes: 6EpsSubtitle – Myanmar HardsubFormat – Mp4Genre : ActionTranslator – ...

Rangbaaz: Darr Ki Rajneeti (2022)

2022
Diet (2022)
Diet (2022) Diet (2022)Diet လုပ်တယ်ဆိုတာ ဒီဘက်ခေတ်မှာ အတော်လေး ခေတ်စားလာတဲ့ အလေ့အထ တစ်ခုပါ။ ဝိတ်ချမယ်လို့ ဆိုလိုက်တာနဲ့ အသက်ထွက်မတတ် လေ့ကျင့်ခန်းတွေလုပ်ပြီး မသေရုံတမယ် စားရတာတွေကို ပြေးမြင်မိကြမှာပါ ။ ဒါပေမဲ့ ဒီအစီအစဉ်ကတော့ အဲဒီလိုမျိုးတွေကနေ ကွဲထွက်ပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ ဝိတ်ချနိုင်မယ့် နည်းလမ်းတွေကို ပြသပေးသွားမှာပဲ ဖြစ်ပါတယ် ။ ၃၈ ကီလို ကျအောင် ဝိတ်ချခဲ့ပြီး ၁၃ နှစ်တိုင်တိုင် ကျန်းမာတဲ့ ခန္ဓာကိုယ်ကို ထိန်းသိမ်းထားနိုင်တဲ့ Kim Shin Young က Host အဖြစ် တာဝန်ယူသွားမှာ ဖြစ်ပြီးတော့ဝိတ်ချမယ့်အဖွဲ့ဝင်တွေကတော့... - သရုပ်ဆောင်ပိုင်နိုင်တဲ့ စွယ်စုံရ အနုပညာရှင် Ha Jae Suk - ကျက်သရေရှိပေမဲ့ ဘီယာဗိုက်ထွက်နေတဲ့ အသောက်တလိုင်း သရုပ်ဆောင် Go Eun Ah - Generation MZ တွေကြားထဲမှာ ရေပန်းစားတဲ့ ဂီတပညာရှင် Park Moon Chi - ထိပ်သီး အကပညာရှင်ဖြစ်ပေမဲ့ ...

Diet (2022)

2022
Paper Girls (2022) Season 01 Complete 7.8
Paper Girls (2022) Season 01 Complete Paper Girls (2022) Season 01 Complete ~ IMDb - 6.8/10, RT - 87%, IGN - 7/10 ~ (၈ပိုင်း စဆုံးထွက်ရှိထားတာဖြစ်ပြီး တစ်ရက် နှစ်ပိုင်းနှုန်းနဲ့ လေးရက်အတွင်း ၈ပိုင်းလုံး တင်ဆက်ပေးသွားပါမယ်) နာမည်တူ Mystery/Sci-Fi Comic ဖြစ်တဲ့ Paper Girls ကို ဇာတ်လမ်းတွဲအဖြစ် ပြန်ရိုက်ကူးထားတာပါ။ ရဗျူးတွေကတော့ Stranger Things, Yellowjackets နဲ့ Black Mirror သုံးကားလုံးရဲ့ အရသာကိုပေးထားတယ်ဆိုပါတယ်။ ကျွန်တော်လည်းစစကြည့်ချင်းမှာ STနဲ့ နည်းနည်းဆင်နေသလိုလို ထင်လိုက်ပါသေးတယ်။ ကလေးတစ်အုပ် တိုင်ပတ်နေတာရော၊ ကောင်းကင်အနီကြီးရော၊ ထူးခြားဆန်းကြယ်ဖြစ်ရပ်တွေရော အပိုင်းတစ်မှာ မြင်နေရတာကိုး။ Thriller စီးရီးလို့ ပြောရမယ့် စီးရီးဆိုတော့ စစချင်းမှာ သတင်းစာပို့တဲ့ကလေးမတွေက ညဘက်ကြီး သတင်းစာပို့ရင်း လမ်းသရဲတွေနှောင့်ယှက်ခံရတဲ့ ဇာတ်ကွက်တွေပြပြီး ရင်တထိတ်ထိတ်ဖြစ်အောင်လုပ်ထားတယ်။ ပြီးကျ ...
7.8
TMDb: 7.8/10 10 votes
tv

Paper Girls (2022) Season 01 Complete

2022
Miracle (2022) [Complete]
Miracle (2022) [Complete] Miracle (2022) [အစ-အဆုံး] အပိုင်းသစ် - ၁၄ (ဇာတ်သိမ်းပိုင်း) (1080p ရပါပြီ) အသက်ငယ်ငယ်လေးနဲ့ အောင်မြင်ကျော်ကြားနေတဲ့ Idol လေး လူးဝစ် ... သူ့ရဲ့ အလုပ်ကြိုးစားမှုနဲ့ သီချင်းကောင်းတွေကြောင့် နိုင်ငံတကာမှာ လူကြိုက်များတဲ့ အနုပညာရှင်ဖြစ်လာခဲ့တယ်။အီဆိုရင်းကတော့ လူးဝစ်ရဲ့ အမာခံပရိတ်သတ်တစ်ယောက်ပါ။ တစ်နေ့မှာ လူးဝစ်လို Idol တစ်ယောက်ဖြစ်လာဖို့ အိပ်မက် မက်နေသူလေးပေ့ါ။နာမည်ကြီးလာတာနဲ့အမျှ လူးဝစ်ဟာ သူ့ရဲ့ အေဂျင်စီနဲ့ မန်နေဂျာ ရဲ့ ပိုမို တင်းချုပ်ချယ်ခြင်း ခံလာရပါတယ်။ ဒါပေမဲ့ ကိုရီးယား ပြန်ရောက်တုန်းလေး လျှောက်လည်ချင်လို့ လူးဝစ်တစ်ယောက် ဟိုတယ်ကနေ ထွက်ပြေးလာခဲ့တယ်။ထွက်ပြေးလာတဲ့ လူးဝစ်နဲ့ အီဆိုရင်းတို့ ဆုံတွေ့ပြီးနောက် ဘယ်လို Miracle တွေ ဖြစ်လာမလဲ ဆိုတာ ဆက်လက်ကြည့်ရှုကြပါဦးရှင်။ (အညွှန်းကိုတော့ Hay Thar Oo က ရေးပေးထားပါတယ်။) Aired: June 24, 2022 -- Aired On: Friday, Saturday Genres: ...

Miracle (2022) [Complete]

2022
The Heart of Genius (2022)
The Heart of Genius (2022) အခုတစ်ခေါက် CM ကဘာသာပြန်တင်ဆက်ပေးမယ့် ဇာတ်လမ်းလေးကတော့The Heart of Genius ဆိုတဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။သရုပ်ဆောင်တွေကတော့Murder in the kairotei ထဲက မင်းသား Steven Zhang ကPei Zhi အဖြစ်၊ My sister ထဲက မင်းသမီးလေး Wendy Zhang ကLin Zhaoxi အဖြစ် ပါဝင်ထားကြတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ဒဿနိကဗေဒနဲ့ ဘွဲရခဲ့တဲ့ Lin Zhaoxi ဟာ ဘွဲရပြီးနောက်ဘဝကြီးကိုအလိုမကျဖြစ်နေပါတယ်။ သူမရဲ့ နှလုံးသားထဲမှာသင်္ချာကိုပဲ လေ့လာချင်စိတ်ပြင်းထန်ခဲ့ပေမဲ့သင်္ချာပါရဂူဖခင်လောင်လင်နဲ့ အချစ်ဦး Pei Zhi တိုရှေ့မှာသူမဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မရှိဖြစ်နေပါတယ်။သိုပေမဲ့ သူမဟာ အပြိုင်ကမ္ဘာခရီး ၂ ခုကို သွားခွင့်ရပြီးနောက်မထင်ထားတဲ့ အင်အားတွေကို ရရှိခဲ့ပါတယ်။သူမ ပထမအကြိမ်အပြိုင်ကမ္ဘာကိုရောက်သွားတော့အဲ့ဒီမှာ သူမက အသက် ၁၂ နှစ်အရွယ်ပဲ ရှိပါသေးတယ်။လောင်လင်ရဲ့ အကူအညီနဲ့ သူမဟာ အိုလံပစ်သင်္ချာနွေရာသီစခန်းမှာနွေရာသီကျောင်းပိတ်ရက်ကို ...

The Heart of Genius (2022)

2022
Jinxed At First (2022)
Jinxed At First (2022) ဒရမ်မာစီးရီးအလောင်တွေကြား ဆန်းဆန်းပြားပြားလေးနဲ့ရိုမန့်စ်ကားကိုကြည့်ချင်ကြသူတွေအတွက်အခုတင်ဆက်ပေးလိုက်တဲ့ကားလေးကတော့Jinxed at first ဆိုတဲ့ စီးရီးလေးပဲဖြစ်ပါတယ်။အမြဲတမ်းကံဆိုးခြင်းတွေကိုပဲ ကြုံရလေ့ရှိတဲ့ငါးဆိုင်ကကောင်လေးGong Soo Gwang ဟာချစ်စရာကောင်မလေးတစ်ယောက်နဲ့ ခဏတာဆုံပြီးနောက်မှာဘဝမှာ ထူးခြားတဲ့အရာတွေနဲ့ကြုံတွေ့ခဲ့ရပါတယ်။သူနဲ့တွေ့ခဲ့ရသူလေးကတော့ လူတစ်ဦးကိုထိမိလိုက်တာနဲ့အဲ့လူရဲ့အနာဂါတ်ကိုကြိုသိနိုင်တဲ့ကောင်မလေး Lee Seul biပဲဖြစ်ပါတယ်။ကံကောင်းခြင်းနတ်ဘုရားမလေးတစ်ပါး ဘဝထဲကို ဝင်လာပြီးထူးဆန်းတဲ့အရာတွေခံစားခဲ့ရတဲ့ Gong Soo Gwang တစ်ယောက်၇နှစ်အကြာ Lee Seul Bi နဲ့ ပြန်လည်ဆုံတွေ့ရာမှာတော့ဘယ်လိုထူးဆန်းမှုတွေကို ဆက်ရင်ဆိုင်ရဦးမလဲ၇နှစ်တာကာလပတ်လုံး Lee Seul Bi တစ်ယောက် ဘယ်တွေရောက်နေခဲ့တာလဲသူတိုနှစ်ယောက်ကြုံတွေ့ရမှာက ကံကောင်းခြင်းတွေလား ကံဆိုးခြင်းတွေလား....စတာတွေကို ဂျွန်လရဲ့မိုးအေးအေးကြား အချစ်ဇာတ်လမ်းလေးရောပြီးကြည့်ရှုရမှာပဲဖြစ်ပါတယ်။ပရိသတ်အသည်းစွဲ Seo Hyun လေးနဲ့Mr.Queen က သနားခဲ့ရတဲ့ ကျန်ရစ်လေး Na In Woo တိုရဲ့Chemistry ကလည်းတော်တော်လေးမိနေတာမို ရိုချင်သူတိုလက်လွှတ်မခံသင့်တဲ့ကားလေးလိုညွှန်းဆိုလိုက်ပါတယ်နော်(အညွှန်းရေးသားထားသူကတော့ Lwin Lwin Aung ဖြစ်ပါတယ်) Quality : WEB-DL 720p,1080pTotal Episodes : 16Format : ...

Jinxed At First (2022)

2022
Astrophile (2022)
Astrophile (2022) Astrophile (2022) စ / ဆုံး"ကြယ်စင်ညှို့တဲ့ ည" .......................................F4 တို့ You are my heartbeat တို့ အပြီးမှာတော့ Davika နဲ့ P' Bright ကို လွမ်းနေမယ့်သူတွေအတွက် Astrophile ဆိုတဲ့ ကားသစ်လေး ထွက်ရှိလို့လာခဲ့ပါပြီ။'ငယ်ကချစ် အနှစ်တစ်ရာ မမေ့သာ' ဆိုတဲ့အတိုင်း အထက်တန်းကျောင်းမှာ တွေ့ခဲ့တဲ့မမအကြောင်းကို ညတိုင်း ကြယ်တွေရေတွက်ရင်း သတိရတမ်းတနေတဲ့ ကောင်လေးတစ်ယောက်......ငယ်ငယ်ကချစ်ခဲ့ရတဲ့ မမက influencer အဖြစ် online မှာ ထုတ်ကုန်ပစ္စည်းတွေရောင်းချနေတာကို သိလိုက်ရတဲ့အခါ နီးစပ်ခွင့်ရဖို့အတွက် သူမရောင်းတဲ့ ပစ္စည်းတွေမှာ ပြဿနာ‌တွေ ရှာရင်းနဲ့...................ကိုယ့်ပုံစံအတိုင်းမဟုတ်ဘဲ "တခြားလူ" အဖြစ် အမှတ်မှားခံရရင်း မတော်တဆ သရုပ်မှန်ပေါ်သွားခဲ့ရင် မမက ပလစ်သွားမလား စိတ်ပူရတာက တစ်ဖက်......ခက်ခဲပင်ပန်းတဲ့လောကကြီးမှာ ရှင်သန်နေထိုင်ရင်း ဘဝအမောတွေရှိလာတဲ့အခါ အမြဲတမ်းပြုံးပျော်အောင် လုပ်ပေးနိုင်တဲ့ တစ်ဦးတည်းသော ကောင်လေးရယ်..... နေရာတိုင်းမှာ အားကိုးအားထားပြီး ...

Astrophile (2022)

2022
Irma Vep (2022) 6.9
Irma Vep (2022) HBO ရဲ့စီးရီးအသစ်လေးပါ။Tomb Raider ထဲက မင်းသမီးချောလေး Alicia Vikander ကခေါင်းဆောင်မင်းသမီး အဖြစ်ပါ၀င်ထားပါတယ်။Mira ဟာ၀င်ငွေကောင်းတဲ့စူပါဟီးရိုးကားတွေရိုက်လေ့ရှိတဲ့ နာမည်ကြီးမင်းသမီးတစ်ယောက်ပါ။ဒါပေမယ့် သူကပိုက်ဆံရမယ့်ရုပ်ရှင် (Blockbuster)တွေပဲ ရိုက်နေရတာငြီးငွေ့လာလို့ အနုပညာမြောက်မယ့်ကားရိုက်ချင်တဲ့အတွက် 1916က အသံတိတ်ပြင်သစ်ရုပ်ရှင်ဟောင်း "Les Vampires" ကိုတမူထူးခြားတဲ့ပြင်သစ်ဒါရိုက်တာ Rene နဲ့ ပဲရစ်မြို့မှာ အတူရိုက်ဖို့ သဘောတူလိုက်ပါတယ်။ဒါပေမယ့် ရိုက်ကူးရေးဟာထင်သလောက်မလွယ်ကူဘဲ Mira အတွက် ကိုယ်ရေးကိုယ်တာပြဿနာတွေသာမက ဇာတ်ကောင်ဖြစ်သူ Irma Vep နေရာကိုဈာန်၀င်နိုင်ဖို့ရုန်းကန်ရပါတယ်။ဒါရိုက်တာ Rene ကလည်းအရင်က စိတ်ပိုင်းဆိုင်ရာပြဿနာတွေကြောင့် ထုတ်လုပ်ရေးမှာ ဒုက္ခရောက်နေပါတယ်။ဒီစီးရီးက ဇာတ်လမ်းတွဲရိုက်ကူးရေးအကြောင်းကို ရိုက်ထားတဲ့ဇာတ်လမ်းတွဲလေးပါ။Personal Shopper,Clouds of Sils Maria တို့ရိုက်ခဲ့တဲ့ နာမည်ကြီးဒါရိုက်တာ Oliver Assayas ရိုက်ကူးထားပြီး Alicia Vikander အပြင် Adria Arjona,Vicent Macaigne တို့ပါ၀င်ထားပါတယ်။ File size…400 Mb Quality….Webrip 720p Format…mp4 Duration….50 Min Genre...Drama, ...
6.9
TMDb: 6.9/10 16 votes
tv

Irma Vep (2022)

2022
Meme Boys (2022)
Meme Boys (2022) Meme Boys၂၀၂၂ ထွက် IMDB rat 7.8/10 ရရှိထားတဲ့ ဘောလိ၀ုဒ် စီးရီးအသစ်လေးဖြစ်တဲ့ Meme boys လေးလာပါပြီ .... ဒီစီးရီးလေးရဲ့ ထူးခြားချက်က အရင် စီးရီးတွေလို ဇာတ်အိမ်မျိုးမဟုတ်ဘဲ လူငယ်ဆန်ဆန် ပေါ့ပေါ့ပါးပါး ကောလိပ်ကျောင်းသားတွေရဲ့ ဘ၀ကို ဇာတ်အိမ်တည်ပြီး ဟာသ ဒရာမာ ပုံစံ ရိုက်ကူးထားတာပါ ....အုပ်ချုပ်ရေး စီမံခန့်ခွဲမှု အပိုင်းနဲ့ ပတ်သက်ပြီး ကျောင်းသားတွေနဲ့ ဌာနမှူးကြား သဘောထားကွဲလွဲချက်တွေ ရှိနေကြတဲ့ အာပူဗာ ကောလိပ် ကောလိပ်ရဲ့ အဓိက အုပ်ချုပ်သူ ဌာနမှူးကတော့ စည်းကမ်း နဲ့ ထိန်းချုပ်မှုက လူ့ဘ၀မှာ အရေးကြီးဆုံးလို့ ယူဆတဲ့သူ .... meme boys ဆိုတာကတော့ ကောလိပ်ရဲ့ ညံ့ဖျင်းတဲ့ စီမံခန့်ခွဲမှုတွေ meme အနေနဲ့ လှောင်ပြောင်ဖန်တီးပြီး အင်တာနက်ပေါ် မျှဝေနေတဲ့ page လေးတစ်ခု ...ဒီ page ...

Meme Boys (2022)

2022
Maggie (2022) 7.3
Maggie (2022) Maggie (2022) =========== IMDb Rating - 7.0/10Huluကနေ အသစ်ပြသသွားတဲ့ Comedy Series အသစ်လေးကို ဒီနေ့အတွက်တင်ဆက်ပေးချင်ပါတယ်။အကြားအမြင်ဆရာမတစ်ယောက် လူတစ်ယောက်ကို ရှေ့ဖြစ်ဟောရင်း မထင်မှတ်ပဲ မိမိဟာ ထိုလူနဲ့အိမ်ထောင်ကျပြီး ကလေးတွေပါရတော့မည် ဟု သိလိုက်ရသောအခါ . . .မက်ဂီတစ်ယောက် ထူးခြားလှတဲ့စွမ်းအင်ကို ပိုင်ဆိုင်ထားသော်လည်း ထိုစွမ်းအင်ကြောင့်ပဲ ရည်းစားထားချင်စိတ်မရှိ၊ အိမ်ထောင်ပြုချင်စိတ်မရှိပဲ အပျိုကြီးဘဝနဲ့အရိုးထုတ်ဖို့ပဲ စဉ်းစားထားပါတယ်။ သို့သော် မထင်မှတ်တဲ့ အကြားအမြင်ဖတ်မှုကနေ သူ့ရဲ့ အနာဂါတ်ခင်ပွန်းလောင်းကိစ္စကြီးကြောင့် သောကရောက်ရတော့တာပေါ့။တကယ်တော့လူတိုင်းဟာဖြစ်လာမယ့် အနာဂါတ်ကို ရှောင်လွှဲလို့မရပါဘူး။ သူဘယ်လိုပဲ ရှောင်ဖယ်ဖို့ ကြိုးစားကြိုးစား နဖူးစာရေးနတ်က နဖူးမှာ စာကပ် ပေးထားပြီးသားပါ။ "You can't fight fate"...." ကံကြမ္မာကို ငြင်းဆန်လို့မရ ပါဘူး".....ဟုတ်တယ်မှတ်လား။အဲ့တော့ ဘယ်လိုအဆုံးသတ်မလဲဆိုတဲ့ ကံကြမ္မာကို သိထားတဲ့ အကြားအမြင် ဆရာမတစ်ယောက် အဲဒီလူကို တကယ်ပဲ ချစ်ကျွမ်းဝင်မိမလား။ ဒါပေမယ့် သူမမြင်မိလိုက်တဲ့ ဇာတ်လမ်းလေးတွေလည်း ရှိသေးတာမို့ သူ့ရဲ့အနာဂတ်ခရီးဟာ ချောမွေ့လှတဲ့ခရီးတော့ မဟုတ်နိုင်ပါဘူး။ ဒီစီးရီးလေးဟာ စိတ်ကိုဆွပေးပြီး ခိုးလုခိုးလုနဲ့ ကြည့်ရမယ့် ဇာတ်လမ်းဇာတ်အိမ်ဆန်းဆန်းလေးရိုက်ကူးထားတဲ့ ရိုးမန့်ဟာသ ဇာတ်လမ်းတွဲလေးပဲဖြစ်ပါတယ်။(စုစုပေါင်း ၁၃ပိုင်း ပါဝင်တဲ့စီးရီးလေးကို cm ...
7.3
TMDb: 7.3/10 14 votes
tv

Maggie (2022)

2022
Dear X Who Doesn’t Love Me (2022) 7.5
Dear X Who Doesn’t Love Me (2022) Dear X Who Doesn't Love Me (2022) ===========================ကဲ NCTရဲ့ မြက်မလေးတွေ (NCTzen)စောင့်မျှော်နေကြတဲ့ ကင်ဒိုယောင်းရဲ့ mini dramaလေးထွက်လာပါပြီ။တေးရေးတစ်ယောက် ဖြစ်ချင်ပြီး ရည်းစားလည်း တခါမှ မထားဖူးဘဲ ကိုယ့်ကိုကိုယ် ယုံကြည်မှုလည်း ပျောက်ဆုံးနေတဲ့ တက္ကသိုလ်ကျောင်းသူ လေး ဆောဟီးဆူ၊ လုပ်သမျှ တစ်ခုမှ အဆင်မပြေရင်း တစ်နေ့ ထူးဆန်းတဲ့ စာသားစာအုပ်လေးတစ်အုပ်ကို တွေ့ပြီး အဲ့စာအုပ်​ဟာ သူမ ဆန္ဒတွေကို ဖြည့်ဆည်းပေးလိုက်တဲ့အခါ...တေးရေးလည်းဖြစ်သွားသလို ကောင်လေးတွေပါ ပါဝင်ပတ်သက်လာတော့ သူမရဲ့ သူငယ်ချင်း မက၊ ရည်းစားမကျ၊ ကောင်လေးသူငယ်ချင်း ဂျောင်ရှီဟိုနဲ့ ဘယ်လိုတွေရှေ့ဆက်ကြမလဲ၊ ဖရန့်ဇုန်ထဲက ရုန်းထွက်နိုင်မလား။ စာအုပ်ကရော ဘာလို့ မှော်ဝင်အစွမ်းထက် ဆု​တောင်းတွေဖြည့်ပေးလဲဆိုတာကို ဒီလူငယ် ရိုမန့်ဒရမ်မာလေးထဲမှာ ကြည့်ရှုအားပေးကြပါဦး။(ဒီစီးရီးရဲ့ အညွှန်းကို Hay Man Thit Sar  မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေး သူများကတော့ Khaing Khin, Minnie Leon Silva, Hay Man Thit Sar, Thu ...
7.5
TMDb: 7.5/10 1200 votes
tv

Dear X Who Doesn’t Love Me (2022)

2022
First Kill (2022) 8.316
First Kill (2022) ကျွန်မနာမည် ဂျူလီယက် ။ ရှင်တို့သိတဲ့ ဇာတ်လမ်းထဲက ဂျူလီယက်တော့မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်မအဖြစ်က ဒီဇာတ်လမ်းနဲ့ ခပ်ဆင်ဆင်ရယ်။ကျွန်မတို့တွေကို ရှင်တို့လူသားတွေက တစ်မျိုးခေါ်ကြပါသေးတယ်။ မကောင်းဆိုဝါး‌ကောင်တွေ မိစ္ဆာတွေတဲ့။ အတိအကျပြောရရင် ကျွန်မက သွေးစုပ်ဖုတ်ကောင်ပါ။ ဒါပေမယ့် ကျွန်မတို့က တခြားသွေးစုပ်ဖုတ်ကောင်တွေနဲ့ မတူဘူး။ နေ့အလင်းရောင်မှာ သွားလာနိုင်တယ် ။ လူသားအစားအသောက်တွေကို ပုံမပျက်စားပြီး ကျန်းမာစွာနေနိုင်တယ်။ နေ့ရက်တိုင်းမှာ ညဘက်ကျမှ ခိုးကြောင်ခိုးဝှက်ထွက်ပြီး လူသားသွေးကို အငမ်းမရလိုက်ရှာသောက်စရာမလိုဘူး။ အင်း…ဒါပေမယ့် တခါတရံတော့ ကျွန်မတို့ သွေးလိုက်စုပ်ကြတာပေါ့။ ဘာလို့လဲဆိုတော့ ကျွန်မတို့ ကိုယ်တွင်းက ပင်ကိုယ်ဗီဇလေ သိတယ်မဟုတ်လား။ ‌ကျွန်မကတော့ အဲဒီဗီဇကို ငြင်းဆန်တယ် ကျွန်မ သွေးမစုပ်ချင်ဘူး။ကျွန်မ မကောင်းဆိုးဝါးမဖြစ်ချင်ဘူး။ ကျွန်မက Legacy လို့ခေါ်တဲ့ အမွေခံသွေးစုပ်ကောင်အဆက်အနွယ်ကနေ မွေးဖွားလာတာပါ။ မွေးဖွားလာတာနော် ။ အကိုက်ခံရလို့ ဖြစ်တဲ့သွေးစုပ်ဖုတ်ကောင်မျိုးမဟုတ်ဘူး။ ပြီးတော့ ဒီအဆက်အနွယ်ထဲမှာမှ ကျွန်မအဘွားက ဩဇာအရှိဆုံးသူလေ။ ...
8.316
TMDb: 8.316/10 95 votes
tv

First Kill (2022)

2022
Sky in Your Heart (2022)
Sky in Your Heart (2022) Sky in Your Heart (2022)  စ / ဆုံး............................................................... ဒီဇာတ်လမ်းလေးကတော့ Star In My Mind Series ရဲ့ အဆက်လေးပါ🤍ပြီးတော့ ပထမအတွဲက ဒေါင်နျူယာလေး အစ်ကိုရဲ့ အချစ်ပုံပြင်လေးပဲ ဖြစ်ပါတယ်...ရည်းစားဟောင်းဖြစ်သူရဲ့ ရုတ်တရက် မင်္ဂလာပွဲကြောင့် အသည်းကွဲနေတဲ့ ခိုးဝါ့ဖား တစ်ယောက် တစ်နေ့ Wedding Party မှ အပြန်မှာ ကားအက်ဆီးဒင့် တစ်ခု ဖြစ်ခဲ့ရာကနေ ဇာတ်လမ်းစတင်ခဲ့တာပါ🤍ဇာတ်လမ်းအကျဉ်းကဒီလို🤍နာကျင်စရာ အတိတ်တွေဆီက ရုန်းထွက်မရတဲ့ ခိုးဝါ့ဖားတစ်ယောက်ယာဉ်မဆင်မခြင် မောင်းနင်ပြီး အက်ဆီးဒင့်ဖြစ်ခဲ့အတွက် ရဲစခန်းမှ ဒဏ်ခတ်တဲ့အနေနဲ့ အရမ်းခေါင်တဲ့ ဒေသဘက်ကို တာဝန်ပြောင်းခံခဲ့ရပါတော့တယ်...အဲ့ဒီဒေသကို ရောက်တော့ နှလုံးသားနဲ့ဘဝတစ်ခုလုံးကိုပါ Guide လုပ်ပေးမယ့် လုပ်အားပေးဆရာလေးတစ်ယောက်နဲ့ ဆုံတွေ့ခဲ့ပါတော့တယ်...ဘယ်သူ သိမလဲ?အဲ့ဒီဒေသမှာ သူ့အချစ်စစ် အသစ်ကို ရှာတွေ့မယ်ဆိုတာ...သူ့အချစ်စစ်က လုပ်အားပေးဆရာလေး ဖြစ်နေမယ်ဆိုတာ...သူကိုယ်တိုင်တောင် မသိခဲ့ရှာပါဘူး... ဒါပေမယ့် သူ့နှလုံးသားရဲ့ မသိစိတ်က အလိုလိုသိနေတော့ဆရာလေးအပေါ်က ...

Sky in Your Heart (2022)

2022
Boo, Bitch (2022) 7.2
Boo, Bitch (2022) Boo,Bitch (2022)ဒီတစ်ခါတော့ To all the boys ဇာတ်လမ်းတွေထဲက အချောလေး Lana Condor ရဲ့ ၈ ပိုင်းပါ မီနီစီးရီးအသစ်ကလေးကို တင်ဆက်ပေးပါရစေဇာတ်လမ်းအကျဉ်းကတော့ .... အယ်ရစ်ကာက ပေါ်ပြူလာမဖြစ်တဲ့ သာမန်ကျောင်းသူတစ်ယောက်ပါ။ Nerdy Teen လေးတွေပုံစံအတိုင်း သူ့ရဲ့တစ်ဦးတည်းသော အချစ်ဆုံးသူငယ်ချင်း ဂျီရာ ရှိတယ် တခြားသူတွေကတော့ သူ့ကိုရှိနေမှန်းတောင်မသိကြပါဘူး။အယ်ရစ်ကာ နဲ့ဂျီရာ က အထက်တန်းပြီးခါနီးမှာ ပါတီတစ်ခုကို သွားဖို့ဆုံးဖြတ်လိုက်တယ်။ ပါတီမှာ အဆင်မပြေလောက်ဘူးတွေးထားပေမယ့် တကယ်တော့ပြေခဲ့တယ်။ အယ်ရစ်ကာကလဲသူ့crush လေးနဲ့ first kiss တောင်ရလုနီးနီး ဖြစ်ခဲ့တာပေါ့။ အဲလိုတွေ အဆင်ချောနေတော့ ပါတီကအပြန်လမ်းမှာ သူတို့သူငယ်ချင်းနှစ်ယောက် ကြောက်မနေဘဲ ဘဝကိုပျော်ပျော်နေမယ်ပြောနေကြရင်း.....နောက်နေ့မနက် အယ်ရစ်ကာ နိုးတော့ အိမ်ကိုဘယ်လိုရောက်ခဲ့မှန်းမသိဘူး။ သူ ပျောက်သွားတဲ့ဆွဲကြိုးကိုသွားရှာရင်း သူနဲ့သူ့သူငယ်ချင်းတွေ့တာက သမင်ကြီးအောက်မှာရောက်နေတဲ့အလောင်း နဲ့ အလောင်းမှာစီးထားတာက အယ်ရစ်ကာ့ဖိနပ်။ အယ်ရစ်ကာတစ်ယောက်သေသွားပြီလား? ဘယ်လိုသေသွားတာလဲ? အဲဒါဆိုအခုဆွဲကြိုးလိုက်ရှာနေတာကဝိဥာဥ်လား? သူ့သူငယ်ချင်းကရောဘာလို့သူ့ကိုမြင်နေရတာလဲ? သူ အပြင်သွားကြည့်တော့လဲ လူတွေကသူ့ကိုမြင်ရပေမယ့် သူ ဝိဥာဥ်ဖြစ်ကြောင်းပြနေတဲ့လက္ခဏာတွေကရှိနေပြန်သေးတယ်။ အဲတော့ဝိဥာဥ်လားလူလားတောင် သူ့ကိုယ်သူမသိတဲ့အယ်ရစ်ကာတစ်ယောက် ဘာတွေဆက်ဖြစ်မယ်ဆိုတာ ကြည့်လိုက်ပါဦး။အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။Genre..... ...
7.2
TMDb: 7.2/10 20 votes
tv

Boo, Bitch (2022)

2022