Channel Myanmar

2022

Critical X (2022) 7.0
Critical X (2022) Desperate Mr X (2022)လူနေမှုအဆင့်အတန်း မြင့်တာလာနဲ့မျှ စားဝတ်နေရေးအတွက် အလုပ်ဆိုတာ မရှိမဖြစ်လို ဖြစ်နေပါပြီ... ဒါပေမဲ့ စီးပွားရေးတွေ ကျပ်တည်းနေချိန်မှာ ကုမ္ပဏီတွေကလည်း ပြန်လည်ဖွဲ့စည်းမှုအတွက် ဝန်ထမ်းတွေ လျော့ကြတာလည်း တွေ့မြင်နေကျဖြစ်ပါတယ်မန်နေဂျာယွန်းကတော့ အလုပ်မှာတော်ပြီး ဂုဏ်ပုဒ်တွေအများကြီးနဲ့ နေခဲ့ရတာကြောင့် သူ့ကိုယ်သူ အထင်ကြီးလွန်းပြီး ရာထူးတက်ဖို့ပဲ ချောင်းနေသူပါ ဒါပေမဲ့ သူ့ဘဝက ထင်သလိုဖြစ်မလာဘဲ စိတ်ဓာတ်ကျစရာတွေနဲ့ပဲ ကြုံရပါတော့တယ် သူ့အတွက် ကံကောင်းတာတစ်ခုက ဘေးမှာ အားပေးနေတဲ့ ဇနီးဖြစ်သူရှိနေတာပါပဲဒီဇာတ်လမ်းတွဲက Comedy ဖြစ်တဲ့အလျောက် မန်နေဂျာယွန်းက စိတ်ဓာတ်ကျနေတဲ့ကြားကိုက အလွဲတွေချည်းလုပ်ပြီး သူစိတ်ဓာတ်ကျနေတာကိုက ခွီစရာကြီးဖြစ်နေတာပဲမန်နေဂျာယွန်းဟာ တခြားသူတော့မဟုတ်ပါဘူး ကျွန်တော်တို့တွေ ငယ်ငယ်ကကြည့်ခဲ့ဖူးတဲ့ "ချစ်လှေကားထစ်များ" လို့လူသိများတဲ့ ဇာတ်လမ်းတွဲထဲက Kwon Sang Woo ပါမင်းသားကြီး တစ်ယောက်အနေနဲ့ ဒီလို ဟာသဇာတ်လမ်းတွဲထွက်လာဖို့ တကယ်မထင်ထားခဲ့တာအမှန်ပါ တကယ်ရယ်ရတဲ့ဇာတ်လမ်းမို့လို့ စိတ်အပန်းဖြေဖို့ ကြည့်ရှုလိုက်ကြပါဦးနော် ။( အညွှန်းရေးသားထားသူကတော့ ...
7.0
TMDb: 7.0/10 votes
tv

Critical X (2022)

2022
Adamas (2022) [Complete] 6

Adamas (2022) [Complete]

2022
Last Light (2022) Complete 9
Last Light (2022) Complete Last Light (2022) Completed Limited Series ~ IMDb - 7.9/10, Rotten Tomatoes - 67% ~ အက်ရှင်ပရိသတ်တွေ ကမ္ဘာပျက်ကိန်းဆန်ဆန် ရုပ်ရှင်တွေကို သဘောကျတဲ့လူတွေအတွက် အက်ရှင် ဒရာမာစီးရီး အသစ်ပါ။ သူကဆန်းတော့ဆန်းပါတယ်။ သူ့ကမ္ဘာပျက်ကိန်းအထိ‌ ဆိုက်သွားတဲ့အကြောင်းရင်းက ရေနံပါ။ လောင်စာဆီပေါ့။ အရှေ့အလယ်ပိုင်းက ရေနံထုတ်တဲ့စက်ရုံတွေမှာ ရေနံတွေ ဘာဖြစ်ကုန်မှန်းမသိလို့ ရေနံလုပ်ငန်းလုပ်နေတဲ့ သိပ္ပံပညာရှင်တစ်ယောက်က သွားစစ်ဆေးပါတယ်။ အဲဒီရေနံတွေက ဘာပြဿနာဖြစ်နေလဲ အဖြေရှာဖို့ဓာတ်ခွဲခန်းပို့တဲ့လမ်းမှာပဲ တိုက်ခိုက်ခံလိုက်ရသလို ကမ္ဘာ့နိုင်ငံကြီးတွေကို ရေနံပို့နေတဲ့သင်္ဘောတွေကလည်း တားဆီးခံထားရပါတယ်။ လောင်စာဆီမရှိလို့ လျှပ်စစ်မထုတ်နိုင်ဘဲ တစ်ကမ္ဘာလုံးနီးပါး လျှပ်စစ်အားတွေပြတ်တောက်ကုန်သလို လမ်းပန်းဆက်သွယ်ရေးတွေလည်း တစ်ခုမှမရတော့ပါဘူး။ ဒါကို အကြမ်းဖက်အဖွဲ့တစ်ဖွဲ့ကလုပ်တာဖြစ်ပြီး ဒီရေနံပြဿနာကို ဘယ်လိုဖြေရှင်းကြမလဲအပြင် ဒီမှာအဓိကအနေနဲ့ အင်္ဂလန် ပြင်သစ် အရှေ့အလယ်ပိုင်း သုံးနေရာကိုပြထားတာမို့ အကြမ်းဖက်အဖွဲ့က ဘယ်နိုင်ငံကလဲ ဘယ်လိုခြေရာကောက်မလဲဆိုတာကိုပါ မြင်ရပါလိမ့်မယ်။ သိပ္ပံပညာရှင်ရယ် MI6 က ...
9
TMDb: 9/10 3 votes
tv

Last Light (2022) Complete

2022
Reset (2022) 8.2
Reset (2022) ❏"အချိန်စက်ဝန်း" အဆက်မပြတ်လည်ပတ်နေလေ့ရှိတဲ့ "အချိန်စက်ဝန်း" ❏လူတွေရဲ့ လက်တွေ့ဘဝမှာ သေချင်းတရားကိုအကြိမ်ကြိမ်အခါခါ မျက်မြင်ကိုယ်တွေ ကြုံတွေ့ရမှလူ့ဘဝရဲ့ အဓိပ္ပာယ်ကိုနားလည်လာကြတယ်တဲ့....!❏ လီရှီချင် (ကျောက်ကျင်းမိုက်) လိုခေါ်တဲ့တက္ကသိုလ်ကျောင်းသူလေးတစ်ယောက်---သူဟာ သူ့ကိုယ်သူ ဘက်စ်ကားတစ်ခုပေါ်မှာအချိန်စက်ဝန်းတစ်ခုအကြားပိတ်မိနေခဲ့တယ်ဆိုတာသတိထားမိသွားပါတယ်အဲဒီဘက်စ်ကားဟာဆိုရင်သတ်မှတ်ထားတဲ့ အချိန်ရောက်လာတိုင်းတူညီတဲ့ပေါက်ကွဲမှုတစ်ခုဟာခဏခဏကြိမ်ဖန်များစွာဖြစ်ပေါ်လိုလာပါတယ်တစ်ဆက်ထဲမှာပဲ လီရှီချင်ဟာလဲအကြိမ်ကြိမ်အဖန်အဖန်ပြန်လည်ရှင်သန်လိုလာခဲ့ပြန်ပါတယ်အဲ....အဲဒီအချိန်မှာပဲလီရှီချင်ဟာ ကားပေါ်မှာ ပါလာတဲ့တစ်ခြားကားစီးနင်းလိုက်ပါလာတဲ့သူတစ်ယောက်နဲ့ တွေ့ဆုံခဲ့ပါတယ်သူကတော့❏ ဂိမ်းဗိသုကာပညာရှင်တစ်ယောက်ဖြစ်တဲ့ရှောင်ဟက်ယွင်(ပိုင်ကျင့်ထင်) ပါသူဟာ ဒီသံသရာလည်နေတဲ့အချိန်စက်ဝန်ကြီးကပူးပေါင်းကြံစည်ထားတဲ့ကြံစည်မှုတစ်ခုဖြစ်ကြောင်းသိရှိသွားတဲ့အချိန်မှာတော့ဘာတွေဆက်ဖြစ်ကြမလဲ?ဒီသံသရာလည်နေတဲ့အချိန်စက်ဝန်းအတွင်းကနေရောသူတိုတွေလွတ်မြောက်နိုင်ပါ့မလား?အချိန်တွေကို အဆက်မပြတ်ဖြတ်သန်းအမှန်တရားကိုအဆက်မပြတ်ရှာဖွေရင်းကားပေါ်မှာပါလာကြတဲ့ခရီးသည်တွေရဲ့ အသက်တွေကိုသူတိုတွေ ကယ်တင်သွားနိုင်ကြပါ့မလား? ဆိုတာ...လူ့သဘောသဘာဝနဲ့လက်တွေ့ဘဝအကြောင်းအရာတွေကြားထဲမှဘဝရဲ့အဓိပ္ပာယ်ကို ဆွေးနွေးအဖြေရှာရင်း"Reset" ဆိုတဲ့ ဇာတ်လမ်းတွဲကောင်းလေးကိုကြည့်ရှုလိုက်ရအောင်လားရှင်~ Reviewed By Chit Mya Mya Hmwe Quality : WEB-DL 720pTotal Episodes : 15Format : mp4Genres : Thriller, Mystery, Sci-fiDuration : 45 min per EpisodeSubtitle : Myanmar Subtitle ( Hardsub )Translated by CM TeamEncoded ...
8.2
TMDb: 8.2/10 30 votes
tv

Reset (2022)

2022
Bad Romeo (2022) [Complete]
Bad Romeo (2022) [Complete] Bad Romeo (2022)[အစ-အဆုံး]အပိုင်းသစ် - ၁၇ (ဇာတ်သိမ်းပိုင်း)(1080p ရပါပြီ)ပရိတ်သတ်တွေ မျှော်လင့်နေတဲ့ YA YA နဲ့ MARIO တို့ရဲ့ BAD ROMEO ဇာတ်လမ်းတွဲအသစ်လေးကို CM မှ တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်း ...ဖခင်ရဲ့ချုပ်ချယ်မှုတွေအောက်မှာ ကြီးပြင်းလာခဲ့ရတဲ့ စိုင်ခင်မ်ဆိုတဲ့ကောင်မလေး ... တစ်နေ့မှာတော့ သူမနေခဲ့ဖူးတဲ့ ဘဝနဲ့ နေထိုင်ကြည့်ချင်လို့ ဖခင်ရဲ့ အရိပ်အောက်ကနေ ထွက်လာခဲ့တယ်။ အဲဒီလိုထွက်လာချိန်မှာတော့ ကလာ့ဆိုတဲ့ ကောင်လေးနဲ့တွေ့ပြီး သူမဘဝရဲ့ ကြီးမားတဲ့ ပြောင်းလဲမှုတွေ စတင်တော့တာပါပဲ။ ကလာ့ကတော့ ရိုးသားကြိုးစားတဲ့ ကောင်လေးတစ်ယောက် ... ခင်မ်နဲ့ တွေ့ဆုံပြီးနောက်ပိုင်း ကလာ့ရဲ့ ဘဝမှာလည်း ပြောင်းလဲမှုတွေ ဖြစ်လာခဲ့တယ်။ချစ်သူရဲ့ သစ္စာဖောက်ခြင်းကိုလည်း ခံလိုက်ရပြီး အသဲကွဲနေတဲ့ ကလာ့နဲ့ ဖခင်ဆီကနေ ထွက်ပြေးလာတဲ့ စိုင်ခင်မ် သူတို့နှစ်ယောက် ရှေ့ဆက်ပြီး ဘာတွေဖြစ်မလဲဆိုတာကို ဒီဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှုကြပါရှင့် ။(အညွှန်းကိုတော့ Angel က ရေးပေးထားပါတယ်။)Aired: July 20, ...

Bad Romeo (2022) [Complete]

2022
Everything’s Trash (2022) 5.0
Everything’s Trash (2022) Everything's Trash (2022) ====================Everything's Trash ဆိုတဲ့ Rotten Tomatoes 89% ရထားတဲ့ ၂၀၂၂ ခုနှစ်ထွက် Comedy series လေးတစ်ခုကို တင်ဆက်‌ပေးလိုက် ပါတယ်။ဖီဘီဟာ အသံလွှင့်အစီစဉ်မှာ အသံလွှင့်သူအဖြစ် လုပ်ကိုင်နေသူပါ။ သူ့ရဲ့ အသံလွှင့်အစီအစဉ်ကို Everything's Trash လို့ နာမည်ပေးထား ပါတယ်။ ဖီဘီ့ရဲ့ အကို ဂျေဒန်ဟာ ရွေးကောက်ပွဲကို ဝင်ပြိုင်ဖို့လုပ်ရင်း ဖီဘီ့ရဲ့ အသံလွှင့်အစီအစဉ်မှာ ပါဝင်ဖြစ်ပါတယ်။ သို့သော် ဖီဘီတစ်ယောက် တလွဲလုပ်ပြီး ပြဿနာတက်ပါတော့တယ်။ ထိုပြဿနာကို ဖီဘီ ဘယ်လို ဖြေရှင်းမလဲဆိုတာ ဟာသလေးတွေနဲ့ ပေါ့ပေါ့ပါးပါးကြည့်ရှု့ရမယ့် ဟာသ ဇာတ်လမ်းတွဲလေးပါ။ အပတ်စဉ်ထွက်ရှိသွားမယ့် ဇာတ်လမ်းတွဲလေး ဖြစ်တာမို့ အားလုံးပဲစောင့်မျှော်ကြည့်ရှုလို့ရပါပြီ။(ဒီစီးရီးရဲ့ အညွှန်းကို Leonard Lin မှရေးသားပေးပြီး၊ ဘာသာပြန် ရေးသား ပေးသူများကတော့ Leonard Lin, Zaw Myo Thu, Roman Nox, Luca Mi တို့ ဖြစ်ပါတယ်။)File Size.............(200 MB) / ...
5.0
TMDb: 5.0/10 2300 votes
tv

Everything’s Trash (2022)

2022
Becoming Witch (2022) 9
Becoming Witch (2022) ဒီတစ်ခေါက်တော့ CM ကနေမိန်းကလေး ၃ယောက်ရဲ့ အားရဖွယ်ရာ လက်စားချေမှုတွေကိုဟာသပုံစံလေးနဲ့ ရိုက်ကူးပြသထားတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးသွားမှာပါဇာတ်ကြောင်းလေးကတော့...ဂုံမာရီဟာ ချစ်ဖိုကောင်းတဲ့သမီးလေးနဲ့အတူ အားကျဖိုကောင်းတဲ့ပျှော်ရွှင်စရာအိမ်ထောင်သည်ဘဝကို ပိုင်ဆိုင်ထားသူဖြစ်ပါတယ်ဒါပေမဲ့ သူ့ယောကျာ်းဖောက်ပြန်နေတာကို သိသွားချိန်မှာတော့သူ့ရဲ့အိမ်ထောင်သည်ဘဝကို သူမတူတဲ့နည်းလမ်းနဲ့အဆုံးသတ်ဖိုပြင်ဆင်ပါတော့တယ် ချယ်ဟီဆူးကတော့ သူဌေးမိသားစုရဲ့ချွေးမတစ်ယောက်ဆိုပေမဲ့အတိတ်မေ့ရောဂါခံစားနေရတဲ့ ယောက္ခမရဲ့ပြုစုစောင့်ရှောက်နေရတဲ့အပြင်ယောကျာ်းကလည်း သွေးအေးအေးနဲ့ အဖတ်မလုပ်တာကို ကြုံတွေ့နေရသူပါတစ်နေ့မှာတော့ သူ့ယောက္ခမက ကြောက်မက်ဖွယ်ကောင်းပြီးမက်ဖိုကောင်းတဲ့အရာတစ်ခု ကမ်းလှမ်းလာခဲ့ပါတယ် ယန်ဂျင်းအာကတော့ ဆိုးဝါးတဲ့ယောကျာ်းတစ်ယောက်ကိုပိုင်ဆိုင်ထားပြီးသူ့ယောကျာ်းသေဆုံးသွားမှုကြောင့် အာမခံကြေးအမြောက်အများကိုရရှိထားသူဖြစ်ပါတယ် သူရတဲ့ငွေတွေနဲ့ သက်သောင့်သက်သာနေရမဲ့ဘဝတစ်ခုကိုရနိုင်သော်ငြားလည်း ရုတ်တရက်ကြီးရလာတဲ့ငွေတွေကိုတစ်ယောက်ယောက်ကလုယူသွားမှာ စိုးထိတ်နေပြီးပူပန်ကြောင့်ကြတဲ့ဘဝနေနေရသူတစ်ယောက်လည်းဖြစ်ပါတယ် ဒီလို အခက်အခဲကိုယ်စီကြုံတွေ့နေရတဲ့ သူငယ်ချင်း ၃ယောက်ဟာသတ်ပစ်ချင်လောက်တဲ့ရန်သူတွေပေါ်လာပြီးစုန်းမတွေအလား ရူးသွပ်မှုတွေကြီးစိုးလာချိန်မှာတော့...ဘာတွေဘယ်လိုဆက်ဖြစ်ပြီး သူတို့စိတ်အလိုအတိုင်းတကယ်ပဲသတ်ပစ်နိုင်မှာလားဆိုတာကို ကြည့်ရှုကြရမှာပါဗျာ Quality : WEB-DL 720p,1080pTotal Episodes : 12Format : mp4Genres : Comedy,MysteryDuration : 1 hr 10 min per EpisodeSubtitle : Myanmar Subtitle ( Hardsub )Translated by CM TeamEncoded by ...
9
TMDb: 9/10 1 votes
tv

Becoming Witch (2022)

2022
Narco-Saints (2022) [Complete] 7.333
Narco-Saints (2022) [Complete] Narco-Saints (2022)အပိုင်းသစ် - ၁ မှ ၆ [အစ-အဆုံး](1080p များလည်း ရပါပြီ)အွန်းဆူဆိုတဲ့ သူဟာ မိဘ(၂)ပါးလည်းမရှိ ..ငယ်စဉ်ကတည်းက ပညာလည်းကောင်းစွာမသင်ရတော့ ဘဝကအတော်ရုန်းကန်ရတယ်။ ဒါပေမဲ့သူဟာ အမေရိကန်သံရုံးကသူတွေနဲ့နီးစပ်ခဲ့လို့ အင်္ဂလိပ် စကားအတော်အတန် ပြောတတ်တဲ့အပြင် သူ့မိသားစုလည်း သူ့လိုမဖြစ်စေရဘူးဆိုတဲ့စိတ်ကြောင့် အလုပ်အကိုင်တွေ ကြိုးစားလုပ်လို့ အတော်အဆင်ပြေလာတယ်။ဒီနောက်တော့ ပိုချမ်းသာချင်တဲ့သူ့ဆီကို ကုန်သည်တစ်ယောက်က ဆူရာနမ်ဆိုနိုင်ငံက ငါးတွေကို ကိုယ်တိုင် ကုန်ကူးဖို့ လာရောက်ဆက်သွယ်တယ်။ ဒီတော့ သူဟာ ဆူရာနမ်ကို သွားခဲ့တယ်...လူရည်လည်တဲ့သူ့အဖို့ သိပ်အခက်အခဲမရှိပေမဲ့ အဲ့ဒီကာလများဆီမှာ ကိုရီးယားကို ဆူရာနမ်ကနေ မူးယစ်ဆေးတွေသွင်းနေတဲ့အကောင်ကြီးကြီး တစ်ကောင်လည်းရှိတယ်။အဲ့ဒီနောက်မှာတော့ ...ဒီစီးရီးက ဘက်ဂျက်တွေအများကြီးသုံးထားသလို နာမည်ကြီး cast တွေချည်းသုံးထားပြီး ဖြစ်ရပ်မှန်အပေါ်အခြေခံထားတယ်လို့လည်းဆိုတာမို့ ဒီလထဲ အကြည့်သင့်ဆုံး အကြမ်းဆုံး ကိုရီးယားစီးရီးဖြစ်လိမ့်မယ်လို့ထင်တဲ့အတွက် နင်းကန်ကြည့်သင့်ပါကြောင်း ...Aired                ...
7.333
TMDb: 7.333/10 3 votes
tv

Narco-Saints (2022) [Complete]

2022
Fantastic Family : DNA Singer (2022)
Fantastic Family : DNA Singer (2022) Fantastic Family : DNA Singer (2022)ပုံမှန်မြင်တွေ့နေကျ မဟုတ်တဲ့ ယှဉ်ပြိုင်မှုပုံစံအသစ်တမျိုးနဲ့ ပရိသတ်ရှေ့ကိုရောက်ရှိလာခဲ့တဲ့ DNA Singerနာမည်ကြီး Celebrities တွေရဲ့ သီချင်းဆိုပြိုင်ပွဲတွေ ၊ အဆိုတော်အသစ်တွေကို ရွေးချယ်မယ့် Survival Show တွေနဲ့ မတူညီတဲ့ DNA Singer ကတော့ နာမည်ကြီးစတားတွေရဲ့ မိသားစုဝင်တွေက ယှဉ်ပြိုင်ကြမယ့် အစီအစဉ်တစ်ခုပါ ။ဒိုင်တွေအနေနဲ့လည်း Kang Daniel က စလို့ တခြား နာမည်ကြီးတွေပါဝင်ထားပြီး တကယ့်ဒိတ်ဒိတ်ကြဲ နာမည်ကြီးစတားတွေရဲ့ မိသားစုဝင်တွေက ဝင်ရောက်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ် ။ ဒိုင်တွေအနေနဲ့ကတော့ ယှဉ်ပြိုင်မှုကို အကဲဖြတ်ရင်း ဘယ်နာမည်ကြီးစတားရဲ့ မိသားစုဝင်ဖြစ်မလဲဆိုတာကိုပါ ခန့်မှန်းရမှာပါ ။တစ်ဦးးချင်းယှဉ်ပြိုင်မှုပြီးဆုံးသွားရင်တော့ အနိုင်ရရှိသူတွေက ကိုယ့်ရဲ့မိသားစုဝင်နဲ့အတူ စုံတွဲသီဆိုမှုကို ဆက်လက်ယှဉ်ပြိုင်ရမှာပါ ။ ဒိုင်တွေဆီက အမှတ်အများဆုံးရရှိတဲ့အဖွဲ့အနေနဲ့ကတော့ နောက်တစ်ခေါက်ပွဲစဉ်ရဲ့ အနိုင်ရရှိသူနဲ့ တစ်ဖန်ပြန်လည်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ် ။ပွဲစဉ် 2 ပွဲဆက်တိုက် အနိုင်ရရှိမယ်ဆိုရင်တော့ နာမည်ကြီး Brand အနှိပ်ခံစက်ကို လက်ဆောင်အဖြစ်ရရှိမှာပါ ။ ပြောင်မြောက်တဲ့သီဆိုယှဉ်ပြိုင်မှုတွေအပြင် မိသားစုဝင်တွေကြားထဲက ...

Fantastic Family : DNA Singer (2022)

2022
Immortal Samsara ( 2022 )
Immortal Samsara ( 2022 ) ဒီတစ်ခါတော့ CM ကနေမှအားလုံးစောင့်မျှော်နေကြတဲ့ Immortal Samsara ဆိုတဲ့series လေးကို တင်ဆက်ပေးမှာပဲ ဖြစ်ပါတယ်Casts တွေကတော့ မိတ်ဆက်စရာမလိုလောက်အောင်သရုပ်ဆောင်ကောင်းလွန်းပြီး မြန်မာပရိတ်သတ်တွေနဲ့ မစိမ်းတဲ့မင်းသား မင်းသမီးတွေပဲဖြစ်ပါတယ်နော်ဒါဆို ဇာတ်လမ်းလေးကို နည်းနည်းပြောပြမယ်နော်ပန်းကြာလေးလွှာမျိုးနွယ်စုမှဆင်းသက်လာပြီးဆေးဖက်ဝင်အမျိုးအစားကြာပန်းဖြစ်တဲ့ Yan Dan (Yang Zi)နဲ့သူ့ရဲ့အမွှာအစ်မ Zhi Xi(Meng Ziyi)တိုဟာပန်း အနွယ်ဝင်ကနေ လူပုံပြောင်းခဲ့ကြပါတယ်Yan Dan ရဲ့ဘဝမှာ အကြီးမားဆုံးဖြစ်ရပ်တစ်ခုအဖြစ်သူမဟာ Ying Yuanနတ်မင်း(Cheng Yi)နဲ့ အချစ်ဆိုတဲ့အရာကိုထိတွေ့မိခဲ့ပြီး ကောင်းကင်းစည်းမျဉ်းကိုဖောက်ဖျက်မိရာကနေမှ ....သူ ကြုံရတဲ့ချစ်ခြင်းတရားကမမျှော်လင့်ထားတဲ့ဖြစ်ရပ်တွေကြောင့်သူမတစ်ယောက် နှစ်ပေါင်း ၈၀၀ ကြာအောင်ကြိုးစားမေ့ခဲ့ရတာပေါ့နော်အဲ့နောက်မှာတော့ Yan Dan ရဲ့ဘဝထဲကို Yu Moကထောက်ပံ့မှုတွေ ကောင်းမွန်မှုတွေဆီကိုခေါ်ဆောင်သွားပေးနိုင်ဖို စုံစည်းခဲ့ကြပါတယ်တစ်ရက်မှာ သူတိုနှစ်ယောက် မိစ္ဆာတွေကို ဖမ်းဆီးအပြစ်ပေးဖို တာဝန်ကိုထမ်းဆောင်ရင်းYing Yuan နတ်မင်းရဲ့ လက်ရှိလူဝင်စားတစ်ယောက်ဖြစ်တဲ့မိစ္ဆာဖမ်းသူ Tang Zhou နဲ့စုံမိရာမှာတော့နှစ်၈၀၀ကြာမေ့အောင်ကြိုးစားခဲ့တဲ့ သူမနဲ့ လူဝင်စားတစ်ယောက်ဖြစ်နေတဲ့Ying Yuanနတမင်းတိုကဘာတွေဆက်ဖြစ်ကြမှာလဲဆိုတာကိုတော့CM ကနေတင်ဆက်ပေးတော့မယ့် Immortal ...

Immortal Samsara ( 2022 )

2022
The Resort (2022) 7.4
The Resort (2022) The Resort (2022) ============= IMDb Rating  - 7.4/10Peacockကနေ အပတ်စဥ်ပြသနေပြီး  IMDb Rating 7.4/10 ရရှိထားတဲ့ The Resort ဆိုတဲ့ စီးရီးလေးကိုတင်ဆက်ပေးချင် ပါတယ်။နိုအာနဲ့ အမ်မာတို့ ဇနီးမောင်နှံ‌နှစ်ယောက်က မက္ကဆီကိုက ယူကာတန်ပြည်နယ်မှာရှိတဲ့ အပန်းဖြေစခန်းတစ်ခုဆီကို အပန်းဖြေဖို့ရောက်လာခဲ့တာကနေစထားပါတယ်။ ဒါပေမဲ့ သူတို့မထင်မှတ်ထားတာက လွန်ခဲ့တဲ့ ၁၅ နှစ်ကဖြစ်ပျက်ခဲ့တဲ့ မဖြေရှင်းနိုင်သေးတဲ့ လျို့ဝှက်ချက်ကြီးတစ်ခုက အဖော်ထုတ်ခံရဖို့ သူတို့ကိုစောင့်ကြိုနေတယ်ဆိုတာပါပဲ။အဲဒီလျို့ဝှက်ချက်ကတော့ ကောလိပ်ကျောင်းသား တစ်ယောက်နဲ့ ကောင်မလေးတစ်ယောက် အစအနမရှိ ပျောက်သွားခဲ့တဲ့ကိစ္စပါ။ ဒါကို သူတို့ဘယ်လိုဖော်ထုတ်ကြမလဲဆိုတာကိုစိတ်ဝင်တစားကြည့်ရှု ရမှာပါ။ ဒီစီးရီးက စုစုပေါင်း(၈)ပိုင်းထွက်ရှိမှာဖြစ်ပြီး CM မှဆက် တိုက်တင်ဆက်ပေးသွားပါမယ်။ (ဒီစီးရီးရဲ့ အညွှန်းကို Khant Sett Naing မှရေးသားပေးပြီး၊ ဘာသာပြန် ရေးသား ပေးသူများကတော့ Khant Sett Naing, May Thet Khine Soeတို့ ဖြစ်ပါတယ်။)File Size.............(350 MB) / (800 MB) Quality...............WEB-DL 720p / 1080p Duration............35Mins(@Episode) Subtitle..............Myanmar Hardsub Format...............MP4 Genre.................Comedy, Mystery, Thriller Translator..........Khant Sett ...
7.4
TMDb: 7.4/10 2600 votes
tv

The Resort (2022)

2022
You’re Nothing Special (2022) Complete 5.583
You’re Nothing Special (2022) Complete You're Nothing Special Season 1 ===========================ဘာစီလိုနာမြို့ကြီးကနေ သူ့အမေရဲ့ ဇာတိမြို့နယ်လေးကို ပြောင်းရွှေ့လာရတဲ့ ‌ဆယ်ကျော်သက် ကျောင်းသူလေး အမ်မိုင်ယာ မြို့ခံတွေဆီက အဖွားအကြောင်းတီးတိုးပြောကြတာတွေကို စူးစမ်းရင်း အဖွားရဲ့ ထူးဆန်းတဲ့စွမ်းအားတွေကို တွေ့ရှိသွားခဲ့တယ်သူငယ်ချင်းရဲ့ ငယ်ဘ၀မကျေနပ်ချက်ကို အစွမ်းတွေသုံးပြီး လက်တည့်စမ်း ကျိန်ရာကနေ သူ့ကျိန်စာအတိုင်း တစ်ကယ်ဖြစ်လာတဲ့အချိန်မှာ တခြားသူငယ်ချင်းတွေကပါ သူတို့ရဲ့ အချစ်ရေး လူမှုရေးအခက်အခဲလေးတွေဖြေရှင်းပေးဖို့ အမ်မိုင်ယာကို လာအပူကပ်ကြတယ်တစ်ပိုင်းချင်းစီမှာ သူငယ်ချင်းတွေ အကူအညီတောင်းသမျှကို အဘွားရဲ့ အစွမ်းတွေ သုံးပြီး ကူညီပေးတဲ့ ပုံစံလေး ရိုက်ကူးထားတာပါ ဆယ်ကျော်သက် လူငယ်တွေရဲ့ စူးစမ်းစိတ် အချစ်နဲ့ သူငယ်ချင်းဆက်ဆံရေး တွေကို စပိန်နိုင်ငံက မြို့သေးလေး‌ရဲ့ မျက်စိအေးစရာ ရှုခင်းလေးတွေနဲ့ ပေါ့ပေါ့ပါးပါး ကြည့်ကောင်းတဲ့ drama ကားလေးဆိုပြီး review ရထားတဲ့ကားမို့ Heavy Drama တွေနဲ့အီနေရင် အပြောင်းအလဲအဖြစ် ကြည့်ကြည့်နော် File Size – 7200MB / 400MBQuality – 1080p NF WEBDL AAC5.1CH / 720pDuration – ...
5.583
TMDb: 5.583/10 6 votes
tv

You’re Nothing Special (2022) Complete

2022
The Girl in the Mirror (2022) 8
The Girl in the Mirror (2022) The Girl in the Mirror (2022 Netflix series)IDMDb (7.1/10) =================================ခရီးစဥ် တစ်ခုမှာ လူငယ်တွေအချင်းချင်း ဆုံပြီး အသိအကျွမ်း ဖြစ်သွားကြတယ်။လူငယ်သဘာဝ သောက်စားပျော်ပါးရင်းနဲ့ ခင်မင်လာတော့ သူ့အတွဲ ကိုယ့်အတွဲ အီစီကလီတွေ ဖြစ်လာကြတယ်။ခရီးအဆုံးမှာ ကတောက်ကဆ အနည်းငယ်ဖြစ်လို့ စိတ်ခုစိတ်ဆိုးကြတာ ရှိရုံကလွဲပြီး တခြားထူးထူးခြားခြား မရှိခဲ့ပေမယ့် အပြန်လမ်းမှာ သူတို့ ခရီးသည်တင်ကား ရှေ့ဆက်သွားလို့မရအောင် မြူခိုးတွေ ပိတ်လာခဲ့ပါတယ်။မြူခိုးကြားက မရမက သွားရင်းနဲ့ မမျှော်လင့်ထားတဲ့ ကားမတော်တဆမှု ဖြစ်ခဲ့ပါတယ်။ဒီမတော်တဆမှုကြောင့် ဒဏ်ရာရသူကရ၊ သေတဲ့သူက သေ၊ ပျောက်တဲ့သူက ပျောက်နဲ့ ဖြစ်ခဲ့ပေမယ့် သေရွာက ကပ်သီးလေး လွတ်မြောက်လာတာကတော့ အယ်လ်မာဆိုသူ မိန်းမပျိုလေးပါ။သူကိုယ်တိုင် အတိတ်မေ့ပြီး မှတ်ဉာဏ်ပျောက်ခဲ့ရတော့ ဒီမတော်တဆမှုကို ပြန်လည် စုံစမ်းရှာဖွေရင်း သူ့ကိုယ်သူ ပြန်မှတ်မိအောင် ကြိုးစားရပါတော့တယ်။ဒီမတော်တဆမှုက သွေးရိုးသားရိုးမှ ဟုတ်ရဲ့လား၊ ဒီခရီးစဥ်နဲ့ ဘယ်လိုများပတ်သက်နေမလဲ၊ အယ်လ်မာရဲ့ မှတ်ဉာဏ်ထဲမှာ ကျန်ခဲ့တဲ့ အစိတ်အပိုင်းတွေက ဘယ်လို ဖြစ်လာမလဲ...၊စတဲ့ သို့လောသို့လော ...
8
TMDb: 8/10 1 votes
tv

The Girl in the Mirror (2022)

2022
Surface (2022) 6
Surface (2022) Surface (2022)၂၀၂၂ မှ Apple Tv ကနေ လက်တလောပူပူနွေးနွေးထွက်ရှိလာတဲ့ Thriller စီးရီးအသစ်လေး တင်ဆက်ပေးချင်ပါတယ်။ဆိုဖီ ဟာ ခေါင်းကို ထိခိုက်မိပြီးတော့ အတိတ်မေ့ရောဂါဖြစ်နေတဲ့သူပါ။ သူဟာ လှေပေါ်ကနေ ပင်လယ်ထဲခုန်ချပြီး သတ်သေဖို့လုပ်ခဲ့ပေမယ့် ကံကောင်းထောက်မစွာပဲ မသေခဲ့ဘဲ ခေါင်းကို ခိုက်မိသွားပြီး အတိတ်မေ့သွားခဲ့တာပါ။ ဆိုဖီရဲ့ ခင်ပွန်းဖြစ်သူ ဂျိမ်းကတော့ သူ့ကို စောင့်ရှောက်ပေးနေပါတော့တယ်။ တစ်နေ့မှာတော့ လူတစ်ယောက် ပေါ်လာပြီး သူဖြစ်ခဲ့တဲ့ ကိစ္စဟာ ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ လုပ်တာမဟုတ်ဘူးဆိုပြီး ပြောလာပါတော့တယ်။ ဆိုဖီလည်း သံသယဝင်လာခဲ့ပြီး ပျောက်ဆုံးသွားတဲ့ မှတ်ဉာဏ်တွေကို လိုက်လံရှာဖွေဖို့ ကြိုးစားလာပါတော့တယ်။ ထိုလူကရော ဘယ်သူလဲ၊ ဆိုဖီနဲ့ ဘယ်လိုပတ်သက်နေလဲ။ ဆိုဖီသတ်သေဖို့ ကြိုးစားတာကရော သူ့ခင်ပွန်းနဲ့ ပတ်သက်နေလားဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှု့ရမယ် စီးရီးကောင်းလေးတစ်ခုဖြစ်ပါတယ်။စုစုပေါင်း ၈ ပိုင်းရှိပြီး အပတ်စဉ် သောကြာနေ့တိုင်း ပုံမှန်တင်ဆက်ပေးသွားမှာမို့ စောင့်မျှော်အားပေးကြပါဦး။အညွှန်း နဲ့ ဘာသာပြန်ကတော့ Leonard Lin ပဲ ဖြစ်ပါတယ်။Genre..... Drama, Thriller Quality…. 1080p | 720p File ...
6
TMDb: 6/10 6 votes
tv

Surface (2022)

2022
The Undeclared War (2022) 7.8
The Undeclared War (2022) The Undeclared War (2022)Peacock TVက​ ထုတ်လွှင့်ထားတဲ့ British thrillerစီးရီး​ကောင်းတစ်ခုကို တင်ဆက်​ပေးလိုက်ပါတယ်။ Miniseriesဖြစ်ပြီး Epiက ၆ပိုင်းပဲ ပါဝင်ကာ IMDb 6.6နဲ့ RT 70% ရရှိထားပါတယ်။၂၀၂၄ခုနှစ် ဗြိတိန်အ​ထွေ​ထွေ​ရွေး​ကောက်ပွဲကာလကို ဇာတ်အိမ်တည်ထားပြီး အင်အားကြီးနိုင်ငံ​တွေကြားက cold war ပုံစံလို့ ​ပြောနိုင်တဲ့ Cyber warအ​ကြောင်းကို thrillerဆန်ဆန် ကြည့်ရှု ခံစားရမှာပါ။ Cyber ​​လောကနဲ့ သူတို့​ရဲ့ လုပ်ငန်း​ဆောင်ရွက်ပုံ၊ Malwareတိုက်ခိုက်မှုအမျိုးမျိုးနဲ့ ဟက်ခ်ကာ​တွေရဲ့အားပြိုင်မှု​၊ နိုင်ငံ့​ခေါင်း​ဆောင်​တွေရဲ့ အားပြိုင်မှု​နဲ့အတူ ဇာတ်အစအဆုံးကို ​လိုတိုရှင်း ခပ်သွက်သွက် ကြည့်ရမှာပါ။ ITပိုင်းနဲ့ hackingပိုင်း​တွေကို စိတ်ဝင်စားသူ​တွေ အကြိုက်​တွေ့မှာ ​​သေချာပါတယ်။ဆာရာပါဗင်က ယူ​ကေက အစိုးရဆက်သွယ်​ရေးဌာနချုပ်(GCHQ)ကို ထူးချွန်အဆင့်နဲ့ရောက်လာတဲ့ အလုပ်သင်​ကျောင်းသူတစ်ဦးပါ။ ​​ရောက်​​ရောက်ချင်း ​ဆောက်နဲ့ထွင်းဆိုသလို အလုပ်ဆင်းတဲ့​နေ့မှာပဲ ယူ​ကေရဲ့ဆက်သွယ်​ရေးစနစ်တစ်ခုလုံးနီးပါးကို ပြတ်ကျသွား​​စေတဲ့ Malwareတိုက်ခိုက်မှုကြီး ဖြစ်ခဲ့ပါတယ်။ အာဏာပိုင်​တွေနဲ့GCHQအရာရှိ​တွေက ရုရှားအစိုးရရဲ့တရားမဝင်အဖွဲ့အစည်းက တိုက်ခိုက်ခဲ့တာလို့ တရား​သေယူဆပြီး တန်ပြန် Cyberတိုက်ခိုက်မှု​တွေလုပ်ဖို့ ပြင်ဆင်ကြပါ​တော့တယ်။ ဒါ​ပေမဲ့ အဆိုပါMalwareဟာ သာမန်လို တစ်ဆင့်ပဲ တိုက်ခိုက်တာမျိုးမဟုတ်ဘဲ လျှို့ဝှက်ကုတ်တွေနဲ့၂ဆင့် ၃ဆင့်ထိ ...
7.8
TMDb: 7.8/10 11 votes
tv

The Undeclared War (2022)

2022
Love in Spring (2022)
Love in Spring (2022) Love in Spring (2022)ဒီတစ်ခေါက်မှာတော့ CM ရဲ့ BL fan လေးတွေအတွက် Korea Historical/Romance BL Series လေးတင်ဆက်ပေးလိုက်ပါတယ် ဒီဇာတ်လမ်းမှာတော့ မင်းသား Yoo Young Jae နဲ့ Kim Song တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်ဇာတ်လမ်းအကျဉ်းလေးကတော့- အလုပ်အကျွေးပြုနေရတဲ့ သခင်လေးက ကိုယ့်ကိုစွဲလမ်းနေလို့ ထွက်ပြေးနေရှာတဲ့ အစေခံလေး ဆယ်ဗြော ဆယ်ဗြောရဲ့အသက်ကို အမတ်ကြီး ချွဲဂျင်ဆာက ကယ်ဆယ်ပေးခဲ့ပါတယ် အမတ်ကြီးက ဆယ်ဗြောကို မိန်းကလေးလို ဟန်ဆောင်ခိုင်းပြီး သူ့ရဲ့ တတိယသမီး ချွဲဟယ်ဆောင်းအဖြစ်နေထိုင်စေခဲ့တယ်- အမေနဲ့အတူ နေထိုင်တဲ့ ဆင်းရဲတဲ့ မျိုးရိုးမြင့်ကောင်လေး ဂျင်ဂွန်ဆောင်း ဂွန်ဆောင်းကတော့ သိုင်းပညာကျွမ်းကျင်တဲ့သူတစ်ယောက်ပါ- တစ်ရက်မှာတော့ တောင်ပေါ်သစ်ခုတ်ဖို့သွားတဲ့ဂွန်ဆောင်းက ရေထဲခုန်ချသွားတဲ့ မိန်းကလေးတစ်ယောက်ကို ကယ်တင်ဖို့ကြိုးစားခဲ့တယ် ဒါပေမယ့် မိန်းကလေးကပဲ သူ့ကိုပြန်ပြီးကယ်တင်ပေးခဲ့တယ်အဲဒီမိန်းကလေးကတော့ အခြားလူမဟုတ်ပါဘူး မိန်းကလေးပုံစံဟန်ဆောင်ထားတဲ့ ဆယ်ဗြောပါရုတ်တရက် ဆယ်ဗြောနဲ့ ဂွန်ဆောင်းလက်ထပ်ဖို့အကြောင်းဖန်လာတဲ့အခါမှာ ဘာတွေဆက်ဖြစ်မလဲဆိုတာကို CM က ဘာသာပြန်တင်ဆက်ပေးမယ့် Love in Spring မှာ ဆက်လက်ကြည့်ရှုကြပါရှင်စုစုပေါင်း ...

Love in Spring (2022)

2022
Shooting Night Out (2022)
Shooting Night Out (2022) Shooting Night Out (2022)ဒါကတော့ Healing Trip အစီအစဉ်လေးပါ။ ဘယ်လို Healing Trip လဲဆိုတော့ နာမည်ကျော် စတားတွေအတွက် ခရီးသွားရင်း အနားယူဖို့ စီစဉ်ပေးထားတဲ့ အစီအစဉ်လေးပါ။ခရီးသွားဖော်အဖြစ် ပါပေးမယ့်လူတွေကတော့- ရသစုံရှိုးတွေမှာ နာမည်ကြီးပြီး အနုပညာရှင်တော်တော်များများက ချစ်ကြတတ်တဲ့ Lee Su Geun - နာမည်ကြီး ဟာသသရုပ်ဆောင် Lee Jin Ho နဲ့ - Super Junior အဖွဲ့ဝင် အပြုံးအေးအေးလေးနဲ့ ဖမ်းစားတတ်တဲ့ Kyu Hyun တို့ပဲ ဖြစ်ပါတယ်။Su Geun က ယာဉ်မောင်း၊ Jin Ho က နောက်လိုက်အလုပ်သမား၊ Kyu Hyun က အစားအသောက်နဲ့ ဖျော်ဖြေရေးကို တာဝန်ယူကြမှာပါ။ဘယ်အနုပညာရှင်တွေနဲ့ ဘယ်လိုခရီးတွေသွားပြီး ဘာတွေ ပျော်ရဦးမလဲဆိုတာ ကြည့်လိုက်ရအောင်ပါ။အညွှန်းကိုတော့ Nan Thin က ရေးထားပေးပြီးတော့ဘာသာပြန်ထားတာကတော့ CM Variety Pro Max ...

Shooting Night Out (2022)

2022
New Recruit (2022) 5
New Recruit (2022) New Recruit (2022)“စစ်မှုထမ်းတယ်” ဆိုတဲ့စကားဟာ K-Drama fan တွေနဲ့ K-Pop fan တွေအတွက်တော့ ရင်းနှီးနေပြီးသားဖြစ်မှာပါမကြာခင်မှာ စစ်မှုထမ်းရတော့မယ့် မင်းသားချော‌ တွေလည်း ရှိနေတာမို့ တောင်ကိုရီးယားယောက်ျားသားတို့ရဲ့ စစ်မှုထမ်းဘဝအခြေအနေတွေကို ဟာသလေးရောပြီးရိုက်ကူးထားတဲ့ ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်New Recruit ဆိုတဲ့ ဇာတ်လမ်းတွဲမှာဆိုရင်တော့ တောင်ကိုရီးယားနိုင်ငံရဲ့ စစ်မှုထမ်းဘဝကို ကွက်ကွက်ကွင်းကွင်း ရိုက်ကူးဖော်ပြထားပြီး လူကောင်း၊ လူဆိုး၊ လူထူးဆန်းအစုံရှိတဲ့ စစ်တပ်ရဲ့သဘောသဘာဝတွေကို တွေ့မြင်ခံစားရမှာပါစစ်တပ်ရဲ့သဘာဝတစ်ခုလိုဖြစ်နေတဲ့ ကြီးနိုင်ငယ်ညှင်းအခြေအနေတွေကစပြီး စစ်တပ်ထဲကနေ့စဉ်ဘဝလှုပ်ရှားမှုတွေ၊ စစ်စည်းမျဉ်းစည်းကမ်းတွေနဲ့ လူ့သဘောသဘာဝတွေကိုပါ ဟာသလေးနှောပြီး သိမြင်ခံစားနိုင်မှာ ဖြစ်လို့ မလွတ်တမ်းကြည့်ရှုသင့်တဲ့ ဇာတ်ကားတစ်ကားပါပဲကိုရီးယားက ကိုကိုတွေရဲ့ စစ်မှုထမ်းဘဝကို သိချင်ရင်တော့ မလွတ်တမ်းကြည့်ရှုကြဖို့ အကြံပေးချင်ပါတယ်နော်အညွှန်းကိုတော့ Hmwe Thet Winn က ရေးထားပေးပြီးတော့ဘာသာပြန်ထားတာကတော့ Hmwe and Joyz ပဲ ဖြစ်ပါတယ်။Genre..... Drama, Comedy Quality…. 1080p | 720p File size… 600MB | 300MB Format… mp4 Duration…. 30min Episodes....10 Episodes Subtitle…. ...
5
TMDb: 5/10 1 votes
tv

New Recruit (2022)

2022
Love Between Fairy and Devil (2022)
Love Between Fairy and Devil (2022) CM ပရိသတ်တွေအတွက်ဒီတစ်ခါမှာLove Between Fairy and Devil ဆိုတဲ့တရုတ်ဇာတ်ကားကောင်းလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ဒီဇာတ်ကားထဲမှာ Dong Fang Qing Cang အဖြစ် Wang He Di,Xiao Lan Hua အဖြစ် Yu Shu Xin တိုကပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့Po Xin မျိုးနွယ်နဲ့မိစ္ဆာမျိုးနွယ်နဲ့တိုက်ခိုက်ရင်းPo Xin မျိုးနွယ်ရဲ့နတ်ဘုရားမတစ်ပါးကိုမိစ္ဆာအရှင်ဖြစ်တဲ့ Dong Fang Qing Cang ကရှင်းလင်းပစ်ခဲ့တယ်။နှစ်တစ်သောင်းကျော်ကြာပြီးနောက် ကောင်းကင်ဘုံမှာအဆင့်နိမ့်နတ်သမီး Xiao Lan Hua အဖြစ်တဖန်ပြန်လည်မွေးဖွားလာပြီးHao Tian စင်မှာပိတ်မိခံထားရတဲ့ Dong Fang Qing Cang ကိုမရည်ရွယ်ပဲနဲ့ပြန်လည်နှိးထအောင်လုပ်လိုက်မိပါတယ်Dong Fang Qing Cang ကလည်းသူ့လွတ်လပ်မှုကိုရယူဖိုကြိုးစားရင်း Xiao Lan Hua နဲ့ဝိဉာဉ်ချင်းလဲသွားခဲ့တယ်။ရက်စက်ကြမ်းကြုတ်တဲ့မိစ္ဆာအရှင်နဲ့ဖြူစင်ပြီးကြင်နာတတ်တဲ့နတ်မိမယ်လေးဘယ်လိုဖြစ်ပြီးတော့များဝိဉာဉ်ချင်းလဲသွားရတာလဲ။မတူညီတဲ့အကျင့်စရိုက်နဲ့မတူညီတဲ့စွမ်းအားတွေကြားမှာဝိဉာဉ်ချင်းလဲမိနေတဲ့နှစ်ဦးသားဘယ်လိုအခက်အခဲတွေတွေ့ကြုံလာရမလဲ။လဲမိသွားတဲ့ဝိဉာဉ်နှစ်ခုကိုကောပြန်ရယူနိုင်ပါ့မလားဆိုတာကိုအားလုံးပဲအတူတူစောင့်ကြည့်လိုက်ကြရအောင် ~ (အညွှန်းရေးသားထားသူကတော့ Ann Chi ဖြစ်ပါတယ်) Quality : WEB-DL 720pTotal Episodes : ...

Love Between Fairy and Devil (2022)

2022
Alchemy of Souls S01 (2022) [Complete] 7
Alchemy of Souls S01 (2022) [Complete] Alchemy of Souls S01 (2022) [အစ-အဆုံး] အပိုင်း -  ၂၀ (ဇာတ်သိမ်းပိုင်း)(1080p ရပါပြီ ခင်ဗျာ) TVN TVING နဲ့ Netflix တို့ရဲ့ အလန်းစား ဒရမ်အသစ်လေး လာပါပြီ။ cast တွေနဲ့တင် တစ်ဝက်လောက် ကြည့်သင့်နေတဲ့ ဒရမ်မာလေးပါ။ဇာတ်လမ်းအကျဉ်းကတော့ ...ဒယ်ဟိုမြို့တော်က ကြီးမြတ်တဲ့ဂျန်မျိုးနွယ်မှာ မနှစ်မြို့စရာလျှို့ဝှက်ချက်နဲ့အတူ ဂျန်အူဂီကို မွေးဖွားခဲ့တယ်။ နောက်ကွယ်မှာတော့ တစ်မြို့လုံးက ဂျန်အူဂီနဲ့သူ့မိသားစုကိုမကောင်းပြောကြတာပေါ့။ ဖခင်ဖြစ်သူက သူ့အပေါ်မန္တန်နဲ့တားမြစ်ခဲ့တဲ့အတွက် အရွယ်ရောက်တဲ့အချိန်မှာတောင် မှော်ပညာကိုမသင်နိုင်လို့ ဂျန်အူဂီတစ်ယောက်ကတော့ ဒေါသပုံထပြီး သူ့စွမ်းအင်ကိုဖွင့်ပေးမဲ့ ဆရာကိုရှာဖို့ စိတ်အလိုဆန္ဒပြင်းထန်လိုချင်နေခဲ့ပါတယ်။ ဒီလိုအမြဲပြဿနာတွေနဲ့ ဒုက္ခပင်လယ်ဝေတဲ့ ဂျန်အူဂီတစ်ယောက် တစ်နေ့မှာတော့ မူဒေါ့ဆိုတဲ့ ကောင်မလေးနဲ့တွေ့ဆုံခဲ့တယ်။ မူဒေါ့ကတော့ တစ်ချိန်က အရိပ် လူသတ်သမားဖြစ်ပေမဲ့ သူ့မရဲ့ ဝိညာဉ်က အားနည်းတဲ့ ခန္ဓာကိုယ်ထဲမှာ ပိတ်မိနေပြီး စွမ်းအင်တွေပျောက်ဆုံးနေရှာတယ်။ ဒီလိုနဲ့ မူဒေါ့က ဂျန်အူဂီရဲ့ အစေခံဖြစ်လာပြီး နောက်ကွယ်မှာ တိုက်ခိုက်ဖို့ ...
7
TMDb: 7/10 1 votes
tv

Alchemy of Souls S01 (2022) [Complete]

2022