Channel Myanmar

2022

Dahmer – Monster: The Jeffrey Dahmer Story (2022) Completed 8.533
Dahmer – Monster: The Jeffrey Dahmer Story (2022) Completed Dahmer - Monster: The Jeffrey Dahmer Story (2022) Completed Limited Series ~ IMDb - 8.6/10, Rotten Tomatoes - 91% ~ ဂျက်ဖ​ရေး ဒါးမား...​ ဝစ္စကွန်ဆင်ပြည်နယ် မီလ်​ဝေါကီးမြို့က ရူပါသန့်သန့် ရွှေအို​ရောင်ဆံပင်ရှည်နဲ့ လူ​ချော​တစ်​ယောက်​ပေါ့။ လူပုံစံကပျော့တိ​ပျော့ဖတ်နဲ့ အားမရှိတဲ့ပုံဖြစ်​နေတဲ့ ​​ကောင်​​လေးတစ်​ယောက်က လိင်တူစိတ်ဝင်စားသူဖြစ်သလို အ​ဖော်အချွတ် ဓါတ်ပုံ​တွေရိုက်ကူးရတာ ဝါသနာကြီးတာ​ကြောင့် အနီးအနားက အရက်ဘားကိုသွားပြီး ​ကိုယ်ဟန်ပြမော်ဒယ်​ရှာ​​လေ့ရှိသူပါ။ တစ်ရက်မှာ​တော့ ထ​ရေစီဆိုတဲ့ လူမည်း​ကောင်​​လေးတစ်​ယောက် ဂျက်ဖ်ရဲ့စကား​ပြော​ကောင်းမှုနဲ့အတူ ဓါတ်ပုံရိုက်ခံဖို့ သူ့တိုက်ခန်းကို ပါသွားခဲ့ပါတယ်။ တိုက်ခန်းထဲကို ရောက်တဲ့အချိန်မှ ဂျက်ဖ်ရဲ့ မူမမှန်​မှု​တွေကို အခါ​နှောင်းမှ ရိပ်စားခဲ့မိ​ပေမယ့် ​သေကံမပါခဲ့လို့ ထွက်​ပြေးလွတ်​မြောက်လာခဲ့ပြီး ကင်းလှည့်ရဲကားနဲ့မှ တည့်တည့်တိုးကာ တိုင်ကြားနိုင်ခဲ့ပါတယ်။ ဒီလိုနဲ့ပဲ ဂျက်ဖ်တစ်​ယောက်ဟာ ​သား​ကောင်အ​ရွေးမှားမှု​ကြောင့် သူ နှစ်ရှည်လများကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုကြီး​တွေကို အထုပ်နဲ့အထည်နဲ့ ချပြလျက်သား ...
8.533
TMDb: 8.533/10 15 votes
tv

Dahmer – Monster: The Jeffrey Dahmer Story (2022) Completed

2022
Devil in Ohio (2022) 6.625
Devil in Ohio (2022) Devil in Ohio (2022)Suspense Thriller ဖြစ်ပြီး Ohio က မိစ္ဆာဒိဋ္ဌိအဖွဲ့တစ်ခုကနေ လွတ်မြောက်လာတဲ့မိန်းကလေးအကြောင်းဖြစ်ပါတယ်။ ဒီ Devil in Ohio ကိုရေးခဲ့တဲ့စာရေးဆရာမက ဒီဇာတ်လမ်းကစိတ်ကူးယဥ်ဖြစ်ပေမယ့် ဇာတ်လမ်းကျောရိုးကတော့ အိုဟိုင်းရိုးက တကယ့်မိစ္ဆာဒိဋ္ဌိအဖွဲ့ပေါ်အခြေခံထားတယ်ဆိုတာကြောင့် ပရိသတ်အတော်များများစိတ်ဝင်စားနေတဲ့ series ပါ။ ဒီလွတ်မြောက်လာတဲ့မိန်းကလေးက ဆေးရုံရောက်လာတော့ ကျောမှာငါးထောင့်ကြယ်စက်ဝိုင်းကြီးကိုထွင်းခံထားရပြီး စိတ်ဒဏ်ရာလဲအတော်ရထားပုံပါပဲ။ ဘာမှလဲမေးမြန်းလို့မရပါဘူး။ ဆေးရုံက စိတ်ရောဂါအထူးကုဒေါက်တာမက်သစ်က ဒီမိန်းကလေးကိုမြင်တော့ သူ့သမီးလေးအရွယ်မို့ တော်တော်သနားပြီးသံယောဇဥ်ဖြစ်သွားပါတယ်။ သုံးလေးရက်ကြာတော့ အခြေအနေအရ ဒေါက်တာမက်သစ်ကကောင်မလေးကို သူ့အိမ်ခေါ်သွားခဲ့ပါတယ်။ ကောင်မလေးကြောင့် ဒေါက်တာတို့မိသားစုထဲမှာအပြောင်းအလဲတွေဖြစ်လာတဲ့အခါ၊ ကောင်မလေးရဲ့အတိတ်တွေ ပစ္စုပ္ပန်ထိလိုက်လာတဲ့အခါဘာတွေဆက်ဖြစ်မလဲ။Cult series တစ်ခုဖြစ်ပေမယ့် တစ်ချိန်လုံးသည်းထိတ်ရင်ဖိုဖြစ်နေရမှာမျိုးမဟုတ်ဘဲ Teen drama လေးတွေနဲ့ပါထူးထူးခြားခြားတွဲဖက်ထားလို့ ကြည့်ရမလားကျော်ရမလားဆိုရင်တော့ ကြည့်သင့်တဲ့series တစ်ခုလို့ညွှန်းပေးလိုက်ပါတယ်။အညွှန်းကိုတော့ Rashida က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Rashida, Moh Moh, Zaw Myo Thu, K.Hein တို့ပဲ ဖြစ်ပါတယ်။Genre.....Crime, Drama, Mystery Quality…. 1080p | 720p File size…600MB | 300MB Format… mp4 Duration….40min Episodes.....8 Episodes Subtitle…. Myanmar Subtitle ...
6.625
TMDb: 6.625/10 56 votes
tv

Devil in Ohio (2022)

2022
Aye, Khoi Huk Jao (2022) [Complete]
Aye, Khoi Huk Jao (2022) [Complete] Aye, Khoi Huk Jao (2022)[အစ-အဆုံး]အပိုင်းအားလုံး HD Quality နဲ့ ကြည့်လို့ရပါပြီအပိုင်းသစ် - ၃၀ (ဇာတ်သိမ်းပိုင်း)ဖူဓနိုင်လို့ခေါ်တဲ့ ဘန်ကောက်မြိုသားလေးတစ်ယောက်ဟာ သူ့အဖေဖြစ်သူက ငွေကြေးပြဿနာတွေနဲ့ ရင်ဆိုင်နေရတဲ့အတွက် စိတ်ဓာတ်ကျနေရှာတယ်။ အကြွေးမဆပ်နိုင်တာကြောင့် အိမ်နဲ့ အခြားသော ပိုင်ဆိုင်မှုတွေကိုလည်း ဘဏ်က သိမ်းသွားတာမို့ နောက်ဆုံးမှာတော့ သူတို့ဆွေမျိုးတွေ ရှိတဲ့ ထေဖ်စုရင်ရွာလေးကို ပြောင်းလာခဲ့ရပါတယ်။ မြို့သားဖြစ်တာကြောင့် ရွာရဲ့ဓလေ့တွေနဲ့ လိုက်လျောညီထွေဖြစ်ဖို့တော့ အတော်လေး ကြိုးစားရရှာတယ်။ရွာမှာ အခြေချမယ်လို့ ဆုံးဖြတ်ထားတဲ့အတွက် ဆေးဆိုင်လေး ဖွင့်ပြီး အသက်မွေးဝမ်းကျောင်း ပြုဖို့ ကြံစည်ခဲ့ပါတယ်။ ဒါပေမဲ့ သူမသိတာက ရွာသားတွေက ခေတ်မီဆေးဝါးတွေထက် တိုင်းရင်းဆေးတွေကိုသာ ယုံယုံကြည်ကြည် မှီဝဲသုံးစွဲကြတာပါ။ရွာမှာနေရင်း ချတ်တဝမ်လို့ ခေါ်တဲ့ နောက်နောက်ပြောင်ပြောင်နေတတ်တဲ့ ကောင်မလေးတစ်ယောက်နဲ့ ဆုံတွေ့ခဲ့ပါတယ်။ ဒီလိုနဲ့ ဖူဓနိုင်တစ်ယောက် ချတ်တဝမ်အပေါ် မေတ္တာရှိလာတဲ့အခါမှာတော့ ပြဿနာ စတတ်ပါတော့တယ်။ ပက်ကျိုးဆိုတဲ့ ရွာခံကောင်လေးတစ်ယောက်ကလည်း ဖူဓနိုင်ကို ...

Aye, Khoi Huk Jao (2022) [Complete]

2022
Thai Cave Rescue (2022) 10
Thai Cave Rescue (2022) ဒီတစ်ခေါက် ဇာတ်လမ်းတွဲကတော့ ၂၀၁၈ ခုနှစ် ဇွန်၊ဇူလိုင်လမှာ ဖြစ်ပျက်ခဲ့ပြီး တစ်ကမ္ဘာလုံးထိတ်လန့်​သွားခဲ့ရတဲ့ ထိုင်းနိုင်ငံရဲ့ နာမည်ကျော်အဖြစ်အပျက်တစ်ခုကို ရိုက်ကူးတင်ဆက်ထားတာပဲ ဖြစ်ပါတယ်ဒီ​ဖြစ်ရပ်မှာတော့ မူဘာ(တောဝက်)အသင်းရဲ့ နည်းပြဖြစ်သူ အိတ်နဲ့ ကျောင်းသား ၁၂ယောက်တို့က ချင်းရိုင်ဘက်က ထမ့်လုန်ဂူကို အလည်သွားရင်း မိုးသည်းထန်လာပြီး ဂူထဲမှာ ပိတ်မိသွားခဲ့ပါတယ်ပိတ်မိနေခဲ့တဲ့ ၁၃ယောက်ကို နိုင်ငံပေါင်း၁၇နိုင်ငံက ကယ်ဆယ်ရေးသမားတွေ ပူးပေါင်းကယ်ဆယ်ဖို့ကြိုးစားခဲ့ပါတယ်ဒီဖြစ်ရပ်ကြီးကို နိုင်ငံပေါင်းစုံက documentary တွေ movie တွေအဖြစ်နဲ့တင်ဆက်ခဲ့ပြီး ဒီဇာတ်လမ်းတွဲမှာတော့ နည်းပြ အိတ်အဖြစ် Beam Papangkorn နဲ့ ကျောင်းသား ၁၂ယောက်အဖြစ် Pratya Patong, Songpol Kantawong, Chakkapat Sisat, Thanawut Chetuku, Teeraphat Somkaew, Thanaphong Kanthawong, Thanapat Phungpumkaew, Aphisit Yookham, Watcharaphol Puangsawan, Thapanot Huttapasu, Apisit ...
10
TMDb: 10/10 1 votes
tv

Thai Cave Rescue (2022)

2022
Salon De Nabi (2022)
Salon De Nabi (2022) Salon De Nabi (2022)မှုခင်းဇာတ်လမ်းတွေ အချစ်ဇာတ်လမ်းတွေပဲ ကြည့်နေရတာ ရိုးနေပြီလား ဒါဆိုရင်တော့ Idols တွေ အများကြီး ပါဝင်ထားပြီး တမူထူးခြားတဲ့ ဇာတ်လမ်းဇာတ်ကွက်လေးနဲ့ Salon De Nabi ဆိုတဲ့ ဇာတ်ကားလေးကို မိတ်ဆက်ပေးချင်ပါတယ်K-Drama လောကမှာ သိပ်ပြီးမြင်တွေ့နေကြမဟုတ်တဲ့ အလှပြင်ဆိုင်လောကအကြောင်းကို စိတ်ဝင်စားဖွယ် ရိုက်ကူးတင်ပြထားတဲ့ ဒီဇာတ်ကားလေးမှာတော့ လုပ်ငန်းခွင်ဘဝအခြေအနေကိုလိုက်ပြီး မျက်နှာနှစ်ဖက်နဲ့ နေနေရတဲ့သူတွေရဲ့ ဘဝအကြောင်းကို တစေ့တစောင်း ရိုက်ကူးပြထားပါတယ်သူများနဲ့မတူဘဲ ထူးခြားနေတဲ့ Gi-Ppeum ဆိုတဲ့ ကောင်မလေးဟာ နာဘီအလှပြင်ဆိုင်မှာ သူ့ရဲ့လုပ်ငန်းခွင်ဘဝကို စတင်လိုက်ရချိန်မှာတော့ တစ်သက်လုံး ခေါက်ရိုးကျိုးလာခဲ့တဲ့ သူ့ရဲ့အကျင့်တွေကို ပြင်ဖို့ကြိုးစားရပါတော့တယ်Customers တွေနဲ့ ပြောဆိုဆက်ဆံရတဲ့ အလှပြင်ဆိုင်အလုပ်မှာ Gi-Ppeum မလုပ်နိုင်တာက Customers တွေနဲ့ပြောဆိုရတာပဲဖြစ်နေတဲ့အခါ ဒီပြဿနာကို သူဘယ်လိုဖြေရှင်းမလဲဆိုတာ အခွီလေးနှောပြီး စိတ်ဝင်စားဖွယ် ကြည့်ရှုခံစားရမှာပါမင်းသမီး Kim Hyang-Gi နဲ့ မင်းသား Choi Daniel တို့က အဓိကပါဝင်ထားပြီး EXO's Xiumin နဲ့ MonstaX's HyungWon အပါအဝင် တခြား Idols ...

Salon De Nabi (2022)

2022
Maid’s Revenge (2022)
Maid’s Revenge (2022) ဒီတစ်ခေါက်မှာ Love in Time မှာနာမည်ကြီးခဲ့တဲ့Dai GaoZheng နဲ့Emperor or Boss မှာနာမည်ကြီးခဲ့တဲ့Chen FangTongတိုရဲ့ Chemistry မိမိသရုပ်ဆောင်ထားတဲ့ Maid’s Revenge ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်Dong Yan’er (Chen FangTong)ကငယ်ငယ်ကတည်းကမိဘအရိပ်အောက်ကနေကောင်းကောင်းကြီးပြင်းလာခဲ့ပြီးအိမ်ကသူတွေကလွဲလိုတစ်ခြားသူနဲ့သိပ်မတွေ့ခဲ့တဲ့တုန်အိမ်ကသခင်မလေးတစ်ယောက်….Fang TianYi (Dai GaoZheng)ကတော့အာဏာကြီးတဲ့ဗိုလ်ချုပ်တစ်ယောက်……Yan’er နဲ့ TianYi တိုကငယ်ငယ်ကတည်းကစေ့စပ်ထားခဲ့ပေမဲ့ Yan’erအိမ်မှာတစ်မိသားစုလုံးအသတ်ခံရတဲ့အခါမှာTianYiကပေါ်ထွက်လာခဲ့လိုTianYiကို ရန်သူလိုထင်ခဲ့ပြီးဂလဲ့စားချေဖိုစတင်စီစဉ်ခဲ့တယ်Yan’erရဲ့အစီအစဉ်ကတကယ်ပဲဖြစ်မြောက်မလား?TianYi ကလည်း တကယ်ပဲတုန်အိမ်ကိုသတ်ခဲ့တာလား?Yan’er နေရာမှာ အစားထိုးဝင်ခဲ့တဲ့အဖေတူအမေကွဲညီမလေးကရောဘာအကြံနဲ့လုပ်ခဲ့တာလဲ?ဂလဲ့စားချေနိုင်မနိုင်အစီအစဉ်ဖြစ်မြောက်မလားဆိုတာကိုMaid’s Revenge ကားလေးကြည့်ရင်းရင်ခုန်စိတ်လှုပ်ရှားဖွယ်အဖြေရှာ ကြည့်ရှုကြရအောင်~ (အညွှန်းရေးသားထားသူကတော့ Hinn Wut Hmon ဖြစ်ပါတယ်)Quality : WEB-DL 720pTotal Episodes : 30Format : mp4Genres : Historical, Romance, DramaDuration : 13 min per EpisodeSubtitle : Myanmar Subtitle ( Hardsub ...

Maid’s Revenge (2022)

2022
Fate: The Winx Saga – Season (02) 8.34
Fate: The Winx Saga – Season (02) Fate: The Winx Saga - Season(02)========================IMDb Rating - 6.9/10ဒီစီးရီးဟာ ယခုလို Live Action စီရီးအနေနဲ့မထွက်ခင် Animated series အနေနဲ့ ၂၀၀၄ ခုနှစ်တည်းက စတင်ထွက်ရှိလာခဲ့ပြီး၊ အောင်မြင်ခဲ့တဲ့ မှော်စီးရီး တစ်ခုလည်းဖြစ်ပါတယ်။ Live Action ဟာ Animated ထက် ပိုကောင်းသွားတဲ့ စီးရီးကိုပြပါဆို ဒီစီးရီးဟာ ထိပ်ဆုံးကနေ ဦးဆောင်မယ့်စီးရီးတစ်ခုလို့ဆိုရပါလိမ့်မယ်။ မှော်ဇာတ်လမ်းအများစုဟာ ဇာတ်လမ်းဇာတ်ကွက်ချာ၊ CGI effect ကညံ့၊ သရုပ်ဆောင်တွေက သုံးစားမရလို့ ကြည့်မကောင်းတာတွေက ‌အတော်များတတ်ပေမဲ့ ဒီစီးရီးမှာတော့ ထိုအရာတွေအကုန်လုံးတစ်ခုမှ ပြောစရာမလိုဘဲ အလွန်ကောင်းတယ်ဆိုတာ Season 1 ကြည့်ဖူးသူတိုင်း သိကြမယ်လည်းထင်ပါတယ်။  ပရိသတ်တွေ အရမ်းသဘော ကျလွန်းလို့ Rating ခပ်များများပေးထားတာခံရတဲ့ စီးရီးလေးလည်းဖြစ်တာမို့ ဘယ် လောက်ကြည့်ထိုက်လဲဆိုတာ သိပ်ပြောပြဖို့လိုနေမယ်မထင်တော့ပါဘူး။ယခုမှစကြည့်ချင်သူတွေ‌အနေနဲ့ကတော့ Season 1 ကိုစကြည့်ရမှာဖြစ်ပြီး မှော်ကား ကြိုက်သူတစ်ယောက်အတွက် အလွန်နှစ်ခြိုက်စရာကောင်းအောင် ကြိုအသိပေးထား ပါရစေ။ ယခု Season 2 ကိုတော့ Season ...
8.34
TMDb: 8.34/10 42000 votes
tv

Fate: The Winx Saga – Season (02)

2022
Boundless (2022) 7.333
Boundless (2022) Boundless (2022)Amazon Primeက​နေ ထုတ်လွှင့်ထားပြီး ပ​ရော်ဖက်ဆာကြီး Álvaro Monte နဲ့ နာမည်ကြီး လက်တင်မင်းသား Rodrigo Santoro တို့ ပါဝင်ထားတဲ့ Boundlessဆိုတဲ့ limitedစီးရီးကို တင်ဆက်​ပေးလိုက်ပါတယ်။အပိုင်း၆ပိုင်းပဲပါဝင်ကာ IMDb rating 6.7ရရှိထားပါတယ်။ သမိုင်း​ကြောင်း အ​ခြေခံထားတဲ့ စိတ်ကူးယဉ်စီးရီး တစ်ခုဖြစ်ပြီး ​​ ရေ​ကြောင်းခရီးဖြင့် ကမ္ဘာကို တစ်ပတ်ပတ်ခဲ့ခြင်း နှစ်၅၀၀ပြည့်အထိမ်းအမှတ်ဖြင့် ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ပေါ်တူဂီလူမျိုးဖာဒီနန်မက်ဂျဲလန်ဟာ အ​မေရိကတိုက် အင်ဒီးလူမျိုး​တွေနဲ့ ဟင်းခတ်ကုန်သွယ်​ရေးလုပ်ဖို့ မိုင်​ပေါင်းများစွာပိုတို​တောင်းတဲ့ ရေလမ်း​ကြောင်းသစ်တစ်ခု ရှာ​တွေ့ခဲ့​ပေမယ့် ပေါ်တူဂီဘုရင်က အသိအမှတ်မပြုခဲ့တာ​ကြောင့် စပိန်နိုင်ငံကိုသွားပြီး သူ့ရဲ့အစီအစဉ်နဲ့လမ်း​ကြောင်းကို ချပြခဲ့ရာ စပိန်နိုင်ငံဘုရင်က လက်ခံခဲ့တဲ့အတွက် သူရဲ့ နယ်​မြေသစ်ရှာပုံ​တော်ကို လက်စွဲသင်္ဘောသား​တွေအပါအဝင် စပိန်မာလိန်မှူး ဆီဘက်ရှန် အယ်ကာနိုတို့နဲ့ စတင်ခဲ့ပါတယ်။ တကယ်ရှိမရှိ ​သေချာမသိဘဲ ခန့်မှန်းတွက်ချက်မှုနဲ့ ရေလမ်း​ကြောင်းအသစ်ကို ​ခြေဆန့်ခဲ့တဲ့ မက်ဂျဲလန်နဲ့ အယ်ကာနို​​​​တို့ရဲ့စွန့်စားခန်းကို သဘာဝ​ဘေး​တွေအပြင် စိန်​ခေါ်မှု​ပေါင်းများစွာက ​စောင့်ကြို​နေတဲ့အခါ....အညွှန်း နဲ့ ဘာသာပြန်ကတော့ JimX ပဲ ဖြစ်ပါတယ်။Genre..... Action & Adventure Quality…. 1080p ...
7.333
TMDb: 7.333/10 54 votes
tv

Boundless (2022)

2022
Murder By The Sea (2022) 9
Murder By The Sea (2022) Crime Series တွေကို ကြိုက်နှစ်သက်ကြတဲ့ ပရိသတ်ကြီးတို့အတွက် ဒီတစ်ခါမှာတော့ Murder By the Sea လို့ခေါ်တဲ့ Crime Thriller ဘင်္ဂါလီ စီးရီးလေးကို တင်ဆက်ပေးလိုက်ပါတယ် ။ ၂၀၂၂ August ၁၂ ရက်နေ့မှာမှ အသစ်စက်စက်ထွက်ရှိထားတဲ့ စီးရီးလေးဖြစ်ပြီး စုစုပေါင်း အပိုင်း ၈ ပိုင်းပါဝင်ကာ ပူရီမြို့လေးကို အခြေခံရိုက်ကူးထားတာပဲဖြစ်ပါတယ် ။ငယ်ဘ၀က မောင်ဖြစ်သူ ပင်လယ်ထဲ ပြုတ်ကျပြီး ရေနစ်သေဆုံးခဲ့ရတဲ့ ဖြစ်ရပ်ဆိုးကြီးကြောင့် အိမ်ထောင်ကျတဲ့အထိ အတိတ်ရဲ့ အရိပ်ကနေ မလွတ်မြောက်နိုင်သေးဘဲ မှုခင်းသဲထိတ်ရင်ဖိုဇာတ်လမ်းတွေကို ရေးသားနေသူ စာရေးဆရာမ Arpitar San .... မောင်ဖြစ်သူ သေဆုံးရတာ သူ့ပယောဂကြောင့် ဆိုတဲ့ စိတ်ခံစားချက်ကြီးကြောင့် တဖြည်းဖြည်း စိတ်ဝေဒနာ ခံစားလာနေရတာမလို့ စိတ်ရောဂါ အထူးကုဆရာဝန်ရဲ့ အကြံပေးချက်အရ သူငယ်စဉ်က နေထိုင်ရာ ပူရီမြို့ကို ပြန်လာပြီး အိပ်မက်ဆိုးကြီးကို ကျော်လွှားနိုင်ဖို့ ကြိုးစားနေတဲ့အချိန် ....Arpitar တစ်ယောက် ပင်လယ်ကမ်းစပ်မှာလမ်းလျှောက်နေရင်း ဓာတ်ပုံဆရာ ဖြစ်သူ Arun ...
9
TMDb: 9/10 1 votes
tv

Murder By The Sea (2022)

2022
[18+] Wag Mong Agawin Ang Akin (2022) Complete
[18+] Wag Mong Agawin Ang Akin (2022) Complete [18+] Wag Mong Agawin Ang Akin (2022) Complete Limited Series ဂျပ်စမင်းဟာ ဆွေမျိုးမရှိတစ်ကောင်ကြွက် လက်ရှိအချိန်မှာ လိင်လုပ်သားအဖြစ် အသက်မွေးနေရပေမယ့် တစ်ဖက်က ကျောင်းဆက်တက်ရင်း ပညာရေးဆုံးခန်းတိုင်အောင်ကြိုးစားသလို တစ်ချိန်မှာအောင်မြင်လာရမယ့်ဆိုတဲ့ ရည်မှန်းချက် ကြီးကြီးမားမားခိုင်ခိုင်မာမာလဲရှိတဲ့သူလေးပါ။ သူ့အတွက် အားကျစရာ၊ လေးစားအတုယူစရာ Idol တစ်ယောက်ရှိပြီး အဲ့ဒီလူကတော့ Prima ဆိုတဲ့ အလှကုန်လုပ်ငန်းစုကြီးရဲ့ပိုင်ရှင်၊ ထက်မြက်တဲ့မိန်းမလှ၊ မမကြီးတစ်ယောက်ဖြစ်တဲ့ ခရစ်စတင်းပါပဲ။ ဒါပေမယ့် ခရစ်စတင်းမှာလဲလူမသိတဲ့ အပူတွေရှိနေပြန်ပါတယ်။ ခရစ်စတင်းက ခင်ပွန်းသည်သေဆုံးချိန်မှာ Prima လုပ်ငန်းစုကို ဆက်ခံရခဲ့ပေမယ့်ခင်ပွန်းသည်ရဲ့ဇနီးဟောင်းနဲ့ လင်ပါသားတို့ရဲ့သြဇာကိုမလွန်ဆန်နိုင်သေးပဲ အချိန်ပြည့် စောင့်ကြည့်ခံနေရသူပါ။ ဒါ့အပြင် လင်ပါသားဖြစ်တဲ့ရိုင်ယန်က သူ့ကိုအသေရရအရှင်ရရလိုချင်နေပြီး၊ သူ့ချစ်သူကတော့ Prima ရဲ့သာမန်ဝန်ထမ်းတစ်ယောက်ဖြစ်တဲ့အတွက်လဲ ခရစ်စတင်းအကျပ်ရိုက်နေရပါတယ်။ ဘဝချင်းအလွှာမတူ မိုးနဲ့မြေဖြစ်တဲ့မိန်းမနှစ်ယောက်ဟာ၊ ကံတရားရဲ့အလှည့်အပြောင်းတွေ၊ ပတ်ဝန်းကျင်ရဲ့စေ့ဆော်မှုတွေကြောင့် ထိပ်တိုက်ရင်ဆိုင် ဆုံဆည်းကြဖို့ဖြစ်လာပါတော့တယ်။ Iskandalo, High (School) On Sex တို့ရဲ့ နေရာကိုဝင်လာတဲ့ ...

[18+] Wag Mong Agawin Ang Akin (2022) Complete

2022
It’s Beautiful Now (2022) 9.0
It’s Beautiful Now (2022) It's Beautiful Now (2022)==================Lee Yoon-Jae (Oh Min-Suk), Lee Hyun-Jae (Yoon Si-Yoon) နဲ့ Lee Soo-Jae (Seo Bum-June) တို့က လက်ထပ်တာတွေ ရည်းစားထား တာတွေမှာ စိတ်မဝင်စားတဲ့ လူပျိုကြီးညီအစ်ကိုတွေပါ။ သူတို့ရဲ့ အဘိုး Lee Kyung-Cheol (Park In-Hwan) နဲ့ သူတို့မိဘတွေဖြစ်တဲ့ Lee Min-Ho (Park Sang-Won) နဲ့ Han Kyung -Ae တို့က သူတို့သားတွေ ဒီလိုဖြစ် နေတာကို စိုးရိမ်နေကြတယ်။ အဲဒါကြောင့် သူတို့သားသုံးယောက်ကို အပေးအယူတစ်ခု ကမ်းလှမ်းလိုက်တယ်။ ညီအစ်ကိုတွေထဲမှာ အရင်ဆုံး လက်ထပ်တဲ့ ပထမတစ်ယောက်ကို တိုက်ခန်း အပိုင်ရမယ်ဆိုတဲ့ အပေးအယူပဲ ဖြစ်ပါတယ်။အဲလိုနဲ့ တိုက်ခန်းလိုချင်တဲ့ ညီအစ်ကိုသုံးယောက် ကြိုးစားပြီး အပြိုင်အဆိုင် လက်ထပ်ဖို့ မိန်းမရှာကြမှာပါ။ အကြီးဆုံးအစ်ကိုဖြစ်တဲ့ Lee Yoon-Jae က သွားဆရာဝန်အဖြစ်လုပ်ကိုင်ပြီး လူနာတွေကြားထဲမှာ ဂုဏ်သတင်းကျော်ကြားတဲ့ သမားတော်ကောင်းတစ်ယောက်ဖြစ်ပါတယ်။အလတ်လေးကတော့ Lee Hyun ...
9.0
TMDb: 9.0/10 2300 votes
tv

It’s Beautiful Now (2022)

2022
The Imperfects (2022) 6.0
The Imperfects (2022) The Imperfects (2022)================ဒီစီးရီးကတော့ Netflix ကနေ လောလောလတ်လတ်ထွက်ထားတဲ့ စီးရီးသစ်တစ်ခုဖြစ်ပြီး Season(1) အနေနဲ့ဆယ်ပိုင်းတစ်ပြိုင်ထဲထွက် ရှိထားတာဖြစ်ပါတယ်။Action, Adventure, Drama အမျိုးအစားဖြစ်ပါတယ်။ဇာတ်လမ်းအကျဥ်းကတော့ မျိုးဗီဇချို့ယွင်းမှုတွေနဲ့မွေးဖွားလာတဲ့ လူငယ်တွေကို ဒေါက်တာဆာကော့ဗ်ဆိုတဲ့ဆရာဝန်နဲ့သူ့လက်ထောက်က ကုသဖို့ကြိုးစားရင်း၊ စမ်းသပ်ချက်တွေလုပ်ရင်း မထင်မှတ်ထားတဲ့ ရလဒ်တွေဖြစ်လာတဲ့နောက် ဒီလူငယ်တွေမှာအစွမ်းလို့ခေါ်လို့လည်းရသလို ထိန်းချုပ်မရနိုင်တဲ့အကျိုးဆက်တွေဖြစ်လာခဲ့ပါတယ်။ အကြမ်းဖျဥ်းအားဖြင့် ပြောရရင် Xmen တွေနဲ့သဘောတရားချင်းဆင်တူပြီး Character တည် ဆောက်ထားပုံတွေလည်းခိုင်မာကျစ်လစ်တယ်လို့ပြောလို့ရပါတယ်။ချူပါကာဘရာလို့ခေါ်တဲ့ဒဏ္ဍာရီလာသမန်းဝံပုလွေတစ်ပိုင်း၊ရုပ်ပြဝတ္ထုစာရေး ဆရာလူငယ်လေးဟွမ်ရူဝိစ်၊ အသံနဲ့ခြောက်လှန့်တတ်တဲ့အိုင်းရစ်ရှ်ဒဏ္ဍာရီလာ မကောင်းဆိုးဝါးမဘန်ရှီးလို အကြားအာရုံနဲ့အသံပါဝါတွေရလိုက်တဲ့ အညတရ တီးဝိုင်းတစ်ခုကအဆိုတော်မလေး တေလ်ဒါ၊ အိပ်ပျော်နေတဲ့ယောကျ်ားတွေဆီက ကာမဂုဏ်ကိုစားသုံးတတ်တယ်ဆိုတဲ့ဒဏ္ဍာရီလာနတ်ဆိုးမ ဆက္ကူဘတ်စ်လို သူ့ရဲ့ကိုယ်သင်းနံ့နဲ့ ကျား၊မ မရွေးကိုလိင်စိတ်အလွန်အမင်းကြွလာအောင် လှုံ့ဆော် နိုင်စွမ်းရှိသူ ဇီဝသိပ္ပံကျောင်းသူလေးအက်ဘီဆင်းဂ်၊ သူတို့ရဲ့ထိန်းချုပ်မရတဲ့ အစွမ်း တွေက ကောင်းခြင်းတွေကိုဦးတည်လာမလား၊ လက်ရှိကျိန်စာတစ်ခုလိုခံစားနေရ တာကနေ ဘယ်လိုရုန်းထွက်မှာလဲဆိုတာတွေအပြင် သူတို့ရဲ့စွန့်စားခန်းတွေကို စိတ်ဝင်တစားကြည့်ရှုရမှာပါ။(ဒီစီးရီးရဲ့ အညွှန်းကို Min Khant Bo မှရေးသားပေးပြီး၊ ဘာသာပြန် ရေးသား ပေးသူများကတော့ Min Khant Bo, Alias, San Thu Aung, Htet Kyaw Myo တို့ ဖြစ်ပါတယ်။)File Size.............(350 MB) / (800 MB) Quality...............WEB-DL ...
6.0
TMDb: 6.0/10 1500 votes
tv

The Imperfects (2022)

2022
Gentlemen of East 8th (2022)
Gentlemen of East 8th (2022) ဒီတစ်ခါမှာတော့ပေါ့ပေါ့ပါးပါးအချစ်ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ထုန်ယွီ၊ ကောချုံ၊ လီကျဲစန်းနှင့် ရှန့်ရှောင်ဖေးတို့ကတက္ကသိုလ်အတူတက်ခဲ့တဲ့သူငယ်ချင်းတွေဖြစ်ကြတယ်။သူတို့၄ယောက်ကမတူညီမလုပ်တွေအသီးသီးနဲ့ဘဝကိုဖြတ်သန်းနေကြတယ်။ဒီအကောင်းဆုံးအချိန်ကာလမှာသူတို့ဟာအချစ်နဲ့လုပ်ငန်းအောင်မြင်မှုကိုရယူခဲ့တဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ထုန်ယွီ၊ ကောချုံ၊ လီကျဲစန်းနှင့် ရှန့်ရှောင်ဖေးတို့၄ယောက်ဟာမတူညီတဲ့ဇာတိကလာကြပြီး တက္ကသိုလ်မှာအရမ်းရင်းနီးတဲ့သူငယ်ချင်းတွေဖြစ်ခဲံ့ကြပြီးပျော်ရွှင်စရာလူငယ်ဘဝကိုအတူဖြတ်သန်းခဲ့ကြတယ်.အခုချိန်မှာအောင်မြင်လာကြပြီး ၂၀၂၀ခုနှစ် ရှန်ဟိုင်းမြို့မှာနည်းပညာအင်ဂျင်နီယာအဖြစ်ထုန်ယွီ၊ကျောင်းဆရာတစ်ယောက်အဖြစ် ကောချုံ၊ဘရန်းဒတ်ဆိုင်ပိုင်ရှင် ရှန့်ရှောင်ဖေးနဲ့အနောက်တိုင်းစားဖိုမှူးအဖြစ်လီကျဲစန်းဆိုပြီးအသီးသီးဖြစ်လာကြတယ်။သူတို့လေးယောက်ဟာတည်ငြိမ်ရင့်ကျက်လာပြီးယောင်္ကျားလေးတွေရဲ့အခက်အခဲအသီးသီးကြုံတွေ့နေရတယ်။အချစ်နဲ့လဲကြုံတွေ့လာကြတယ်။သူတို့ဟာသက်လတ်ပိုင်းလူငယ်တွေရဲ့အခက်အခဲတွေကိုဘယ်လိုကျော်ဖြတ်ကြပြီးအချစ်နဲ့လုပ်ငန်းအောင်မြင်မှုနှစ်မျိုးလုံးရအောင်ဘယ်လိုလုပ်ဆောင်ကြလဲဆိုတာကို ကြည့်ရှုရမှာဖြစ်ကြပါတယ်။(အညွှန်းရေးသားထားသူကတော့ Nu Mon ဖြစ်ပါတယ်)Quality : WEB-DL 720pTotal Episodes : 40Format : mp4Genres : Friendship, Comedy, Romance, DramaDuration : 45 min per EpisodeSubtitle : Myanmar Subtitle ( Hardsub )Translated by CM TeamEncoded by LK VIP Link : Click Here Episode 1 - MegaUp / Yoteshin / Usersdrive / StreamSB Episode 1 (1080p) - MegaUp / Yoteshin ...

Gentlemen of East 8th (2022)

2022
Tomorrow, I’ll Be Someone’s Girlfriend (2022) 7
Tomorrow, I’ll Be Someone’s Girlfriend (2022) Tomorrow I Will Be Someone's Girlfriend (2022)Disney Plus က ထုတ်ထားတဲ့ ၁၂ပိုင်းပါဝင်တဲ့ ဂျပန်ဇာတ်လမ်းတွဲလေးပါ။ မန်ဂါလည်း ရှိခဲ့ပြီး မန်ဂါကို ပြန်ရိုက်ထားတဲ့ ဇာတ်လမ်းတွဲပါပဲ။ ဇာတ်လမ်းကတော့ သိပ်မကြာသေးခင်ကတင် နာမည်ကြီးလိုက်သေးတဲ့ ဂျပန်က အငှားရည်းစားခေါ် အချိန်အတူဖြုန်းပေး ရည်းစားဟန်ဆောင်ပေးတဲ့ အလုပ်ကိုလုပ်တဲ့ ကောင်မလေးတွေအကြောင်းပါပဲ။ဒီလို အငှားရည်းစားလုပ်တဲ့ အကြောင်းကို ရိုက်ပြတဲ့ ဒါရိုက်တာကလည်း အမျိးသမီးပါ။ အမျိုးသမီးတွေ ပွိုင့်ကနေ သေချာကို ဘာလို့လုပ်ဖြစ်သွားတယ် ဘာအခက်အခဲတွေကြုံရတယ်ဆိုတာကို သေချာပုံဖော်ထားပါတယ်။ ဒီလိုပုံဖော်ရာမှာ အငှားရည်းစား အလုပ်ဘာလို့လုပ်ဖြစ်သွားကြတယ်ဆိုတဲ့ ပွိုင့်ကို ကောင်မလေးလေးငါးယောက်လောက်သုံးပြီး ရှု့ထောင့်အမျိုးမျိုးကနေ တင်ပြထားပါတယ်။ တစ်ချို့ကျတော့လည်း တကယ်သနားဖို့ကောင်းနေတာတွေ တစ်ချို့ကတော့လည်း မိုက်တွင်းနက်နေတာတွေ စုံလို့ပါပဲ။ ဒီအလုပ်ကိုလုပ်ဖို့ အလှအပက အရေးကြီးလို့ မလှတဲ့မိန်းကလေးတွေ ကြုံရတဲ့အခက်အခဲတွေပါပါတယ်။ နောက် အငှားရည်းစားဆိုတာ ရည်းစားအဖြစ်ဟန်ဆောင်ပေးရုံ လွန်ရောလက်ထိပဲကိုင်ခွင့်ပေးထားပေမဲ့ တစ်ချို့က ကိုယ်ကိုပါ ...
7
TMDb: 7/10 1 votes
tv

Tomorrow, I’ll Be Someone’s Girlfriend (2022)

2022
Stockstruck (2022) [Complete]
Stockstruck (2022) [Complete] Stockstruck (2022) [အစ-အဆုံး]အပိုင်းသစ် -  ၁၂ (ဇာတ်သိမ်းပိုင်း) အပတ်စဉ် သောကြာနေ့တိုင်း နှစ်ပိုင်းစီ ထုတ်လွှင့်ပြသသွားမဲ့ ကိုရီးယား ဒရမ်မာ အသစ်လေးလာပါပြီဇာတ်လမ်းအညွှန်း ... မတူညီတဲ့နယ်ပယ်တွေကနေ စတော့ စျေးကွက်မှာ မြှုပ်နှံဖို့ လူ၅ယောက်ဆုံစည်းခဲ့ကြတယ်။မကြာခင်လက်ထပ်တော့မှာဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုနဲ့ အကျွမ်းမဝင်ဘဲ ပိုက်ဆံပဲ ဆုံးရှုံးသွားတဲ့ Yoo Mi Seo … ၂၄နာရီစတိုးဆိုင်မှာ အလုပ်လုပ်ပြီးတာနဲ့ စျေးကြီးနိုင်ငံခြားထုတ်ကားပေါ်တက်စီးသွားတဲ့ လျှို့ဝှက်ဆန်းကြယ်သူ Choi Sun Woo … ပျော်ရွှင်ဖို့သာ ဂရုစိုက်ပြီး အောင်မြင်ဖို့ စိတ်မဝင်စားဘဲ အချိန်ပိုင်းအလုပ်နဲ့ အသက်မွေးနေတဲ့ Kang San … ဝက်ခြေထောက်ဆိုင်ကို ဦးစီးစီမံနေရတဲ့ ဆိုင်ပိုင်ရှင် Jung Haeng Ja … အလုပ်ကနေ အငြိမ်းစားယူပြီးတဲ့နောက် စတော့ စျေးကွက်မှာ စတင်မြှုပ်နှံလာတဲ့ Kim Jin Bae ...ဒီလိုနဲ့ သူတို့၅ယောက်က မတူညီတဲ့ နယ်ပယ်တွေကနေ စတော့ စျေးကွက်တစ်ခုမှာ မြှုပ်နှံဖို့ ...

Stockstruck (2022) [Complete]

2022
Between Love and Friendship (2022)
Between Love and Friendship (2022) Between Love and Friendship (2022)Between Love and Friendship ဆိုတဲ့ အစီအစဉ်ကတော့ အချစ်ကိုရှာဖွေဖို့ ခရီးထွက်နေတဲ့ ယောက်ျားလေးယောက်နဲ့ အမျိုးသမီးလေးယောက်အကြောင်းပါ ။ အပြင်လောကက သူငယ်ချင်းအစစ်တွေ အတူတူခရီးသွားတဲ့အချိန်မှာ အစပြုလာတဲ့ တကယ့်အချစ်ဇာတ်လမ်း reality Show တစ်ခုပဲ ဖြစ်ပါတယ် ။ဒီခရီးစဉ်မှာ သူတို့ရဲ့ ခင်မင်ရင်းနှီးမှုတွေဟာ စမ်းသပ်ခံရပြီး သူငယ်ချင်းအချို့က ရန်သူတွေ ဖြစ်သွားကြပါတယ် ။ သူငယ်ချင်းတွေကြား ကွယ်ဝှက်ထားတဲ့ ပုန်းအောင်းနေတဲ့ စိတ်သဘောထားတွေဟာလည်း ဒီအစီအစဉ်မှာ ပေါ်ထွက်လာမှာပါ။ သူတို့‌တွေကြား လျှို့ဝှက်ချက်တွေ၊ လိမ်ညာမှုတွေနဲ့ ခံစားချက်တွေဟာ ရောထွေးလာပြီး နောက်ဆုံးမှာတော့ သူငယ်ချင်းကို ရွေးချယ်မလား ဒါမှမဟုတ် အချစ်အတွက် သူငယ်ချင်းတွေကိုပဲ စွန့်လွှတ်လိုက်မလားဆိုတာတွေ ဖြစ်လာပါတော့တယ် ။ ခင်မင်ရင်းနှီးမှုလား ဒါမှမဟုတ် အချစ်လားဆိုတဲ့ ရွေးချယ်မှုအားလုံးက သူတို့ရဲ့ကိုယ်ပိုင်ဗီဇတွေအပေါ် မူတည်ပြီး ပြောင်းလဲနေမှာပါ ။ ဒီတော့ သူငယ်ချင်းအရင်းတွေကြား ဘာတွေဆက်ဖြစ်လာမလဲဆိုတာ အရိုတလိုင်း အလောင်တလိုင်းနဲ့ ကြည့်ရှုရမှာမလို့ Dating show ကြိုက်နှစ်သက်တဲ့ ပရိတ်သတ်ကြီးအတွက် လက်လွတ်မခံသင့်တဲ့ ရှိုးပဲဖြစ်ပါတယ် ...

Between Love and Friendship (2022)

2022
Today’s Webtoon (2022)
Today’s Webtoon (2022) Bussiness Proposal ထဲမှာ ဒရာမာပရိတ်သတ်တွေရဲ့ နှလုံးသားကို ဖမ်းစားသွားတဲ့ Kim Se Jeong (Shin Ha Ri)ရဲ့ အသစ်ထွက်ဇာတ်ကားလေးကို မိတ်ဆက်ပေးချင်ပါတယ်ဇာတ်ကြောင်းလေးကတော့...ဂျူဒိုလက်ရွေးစင်အသင်းရဲ့ အားကစားသမားဖြစ်တဲ့ အုံမာအွန်းတစ်ယောက် မမျှော်မှန်းထားတဲ့မတော်တဆမှုကြောင့် ခြေထောက်ဒဏ်ရာရပြီး သူ့တစ်ဘဝတာလုံးရင်းနှီးမြှုပ်နှံထားရတဲ့ အိပ်မက်ကိုလက်လျော့ကာ အားကစားလောကကနေ အပြီးတိုင်ထွက်ခွာလိုက်ရပါတယ်ကိုယ့်အတွက်အရာရာဦးစားပေးဖြစ်ခဲ့ရာ ဂျူဒိုကိုစွန့်လွှတ်ပြီး အတော်ကြာအောင်လမ်းပျောက်နေခဲ့ပေမဲ့ တစ်နေ့မှာ ဝက်ဘ်တွန်းတည်းဖြတ်ဌာနကို အစားအသောက်ပိုရင်း အုံမာအွန်းတစ်ယောက် သူ့ဘဝရဲ့အလင်းရောင်ဖြစ်တဲ့ အိပ်မက်အသစ်တစ်ခုကို တဖန်ပြန်ပေါ်ပေါက်လာခဲ့ပါတယ်သူ့ရဲ့အိပ်မက်သစ်ကို အကောင်အထည်ဖော်ဖိုအတွက် အကောင်းဆုံးကြိုးစားပြီး ဝက်ဘ်တွန်းတိုက်တစ်ခုရဲ့ တည်းဖြတ်ဌာနမှာ အလုပ်ရသွားချိန်မှာတော့ မရင်းနှီးတဲ့နယ်ပယ်တစ်ခုမှာ အနည်ထိုင်အခြေကျဖို အခက်အခဲမျိုးစုံကို ရင်ဆိုင်ကြုံတွေ့ရပါတော့တယ်ဒါပေမဲ့လည်း ဖြစ်လာသမျှပြဿနာတွေကို သူ့ရဲ့သူမတူထူးခြားတဲ့အမြင်ကိုအသုံးချ လုပ်ဖော်ကိုင်ဖက်တွေရဲ့အကူအညီနဲ့ ဘယ်လိုတွေ အားထုတ်ကြိုးပမ်းရင်း ဒီဝက်ဘ်တွန်းလောကမှာ ရင့်ကျက်လာမလဲဆိုတာကို အခုပဲ ဒေါင်းကြည့်လိုက်ရအောင်ပါနော်Native Title: 오늘의 웹툰 Episodes: 12 Aired: Jul 29, 2022 - Sep 3, 2022 Aired ...

Today’s Webtoon (2022)

2022
Big Mouth (2022)
Big Mouth (2022) Big Mouth 2022ပတ်ချန်ဟိုဟာဆိုရင် တရားခွင်မှာ နိုင်နိုင်ချေ ၁၀ ရာခိုင်နှုန်းလောက်ပဲရှိတဲ့ ရှေ့နေတစ်ယောက်ပါ အရမ်းလည်းစကားများလွန်းလို့ လူတိုင်းက ​ Big mouth(အာကျယ်ကောင်)ဆိုပြီး နာမည်ပြောင်ပေးထားရသူပါ ဂိုမီဟိုကတော့ ပတ်ချန်ဟိုရဲ့မိန်းမဖြစ်ပြီး သူနာပြုဆရာမလေးတစ်ယောက် ဖြစ်ပါတယ် ရုပ်ရည်ချောမောရုံသာမက ယောကျာ်းဖြစ်သူ ရှေ့နေဖြစ်လာတဲ့အထိ ငွေကြေးပိုင်း စိတ်ပိုင်းဆိုင်ရာအဘက်ဘက်ကနေ supportive ပေးခဲ့တဲ့ မိန်းမဖြစ်တဲ့အပြင် အရမ်းကိုထက်မြတ်တဲ့မိန်းကလေးဆိုလည်း မမှားပါဘူးတစ်နေ့မှာ ချန်ဟိုတစ်ယောက် လူသတ်မှုတစ်ခုမှာပါဝင်ဖို့ အကြောင်းဖန်လာပြီးတော့ ဥာဏ်ကြီးရှင်လူလိမ် Big mouth အဖြစ်သံသယဝင်ခံရတဲ့အခါ..... လင်မယားနှစ်ယောက်ပေါင်းပြီးတော့ ဒီလိုစွပ်စွဲခံရတဲ့ကိစ္စကို ဖြေရှင်းကြမှာလဲ တကယ့်တရားခံအစစ်ကရောဘယ်သူလဲ နာမည်​ကြီးတွေဖြစ်ကြတဲ့ Lee Jung Suk နဲ့ Yoona တို့ရဲ့ Come back Dramaလေးဖြစ်တဲ့ Big Mouth ကို အပတ်စဥ် သောကြာနဲ့စနေတိုင်းထုတ်လွှင့်မှာဖြစ်ပြီး စုစုပေါင်း ၁၆ပိုင်းပါဝင်မှာဖြစ်ပါတယ်File Size – 500MB / 1GBQuality – 720pDuration – 60 minsTotal Episodes: 16EpsSubtitle – Myanmar HardsubFormat ...

Big Mouth (2022)

2022
See You Again (2022)
See You Again (2022) See You Again (2022)ဒီတစ်ခါမှာတော့CM ပရိသတ်တွေအတွက်ရိုဆန်မှုတွေအပြည့်နဲ့အချစ်ဖန်တက်စီကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ main cast တွေအဖြစ်မင်းသားချော Hu Yi Tian(Checkmate) နဲ့မင်းသမီးချော Chen Yu Qi(Mirror: A Tale of Twin Cities) တိုကပါဝင်သရုပ်ဆောင်ထားပါတယ်နော်။ ဇာတ်လမ်းအကျဥ်းလေးကတော့1930ခုနှစ် Republican ခေတ်အချိန်ရဲ့နာမည်ကြီးကြယ်ပွင့်သရုပ်ဆောင်Xiang Qin Yu ကမမျှော်လင့်ဘဲကံကြမ္မာအလှည့်မှာ21ရာစုခေတ်ကိုအချိန်ခရီးသွားပြီးရောက်လာခဲ့ပါတယ်။1930နှစ်နဲ့မတူညီဘဲ ထူးခြားဆန်းသစ် နေတဲ့နေရာမှာတစ်ယောက်တည်း ယောင်လည်လည်ဖြစ်နေတဲ့အချိန်Xiang Qin Yu ရဲ့ ဖန်အကြီးစား,screenwriter ဖြစ်သူ Jin A Yin နဲ့ဆုံတွေ့ကြတဲ့အခါမှာတော့...နာမည်ကျော်သရုပ်ဆောင်တစ်ယောက်နဲ့သာမန်ဇာတ်ညွှန်းရေးဆရာမလေးရဲ့ဇာတ်လမ်းက ဘယ်လိုဖြစ်မလဲ။တစ်ယောက်ကိုတစ်ယောက်အပြန်အလှန် ကူညီကြရင်းရင်ခုန်သံတွေ နီးကပ်လာမှာလား။ဒါ့အပြင် 21 ရာစုကို ရောက်လာခဲ့ရတဲ့အကြောင်းရင်းကို ရှာဖွေတဲ့အခါမှာတော့အမှန်တရားကရော ဘာလဲ ဆိုတာတွေကိုရိုရိုချိုချို, ဟာသရသမျိုးစုံ ,ရင်ခုန်စိတ်လှုပ်ရှားစရာအပြည့်နဲ့ခံစားကြည့်ရှုရမှာပါနော်။(အညွှန်းရေးသားထားသူကတော့ Chan Mya Mya Thein ဖြစ်ပါတယ်) Quality : WEB-DL 720pTotal Episodes : 30Format : ...

See You Again (2022)

2022
Minato’s Laundromat: Wash My Heart! (2022)
Minato’s Laundromat: Wash My Heart! (2022) Minato's Laundromat: Wash My Heart! (2022) ဇာတ်လမ်းတွဲ*********************************************************အပိုင်း ( ၁  မှ ၁၂  )   စ  / ဆုံးအရမ်းSweet ဖြစ်တဲ့ Japan BL စီးရီးလေးကိုတင်ဆက်ပေးလိုက်ပါတယ်..Inter မှာလည်း တော်တော်လေး ပေါက်ခဲ့သလို ကောင်းမွန်တဲ့ Review တွေပဲရရှိခဲ့လို့CM ပရိတ်သတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်.. Minato Akira ဆိုတဲ့ကောင်လေးတစ်ယောက်ဟာ ခေါင်းပုံဖြတ်တဲ့ကုမ္ပဏီတစ်ခုမှာအချိန်ပိုတွေဆင်းရင်း ကျန်းမာရေးဖောက်လာလို့ အလုပ်ထွက်လိုက်တယ်...အနားယူပြီး ကျန်းမာရေးကောင်းလာတဲ့အချိန်မှာ အဘိုးဖြစ်သူရဲ့အကြွေစေ့ပင်းမင်းဆိုင်လေးကိုအမွေဆက်ခံဦးစီးခဲ့တယ် ...Minatoရဲ့ဆိုင်လေးမှာ လာတဲ့ဖောက်သည်တွေကတော့အိမ်ရှင်မတွေ၊ အိမ်နီးချင်းတွေနဲ့ လူကြီးတွေပေါ့ တစ်နေ့တော့ Minatoရဲ့ဆိုင်လေးကိုShinဆိုတဲ့ခပ်ချောချောကောင်ငယ်လေးတစ်ယောက်ရောက်လာတယ်Shinကတော့ သူ့အိမ်ကမိသားစုဝင်များတော့ အဝတ်လျှော်စက်မနိုင်လို့Minatoဆိုင်မှာအမြဲလာလျှော်တဲ့ဖော်သည်လေးဖြစ်လာခဲ့တယ်အသက်အရွယ်မတူပေမဲ့ Minataနဲ့ Shinတို့ဟာဘော်ဒါတွေလိုရင်းနှီးလာကြတယ်တစ်နေ့မှာ နှစ်ယောက်သားစကားပြောရင်း Minatoက သူ Gayဆိုတဲ့အကြောင်းမထင်မှတ်ဘဲပြောမိသွားတဲ့အခါ…. Shinက Minatoကို အရင်လိုဆက်ခင်မလားMinatoနားကပဲထွက်သွားမလား Minatoကကော မြင်မြင်ချင်းကြွေခဲ့ရတဲ့Shinကိုသူ့အနားမှာဆက်နေဖို့ဆွဲထားနိုင်ပါ့မလားဆိုတာကိုတော့ ဆက်လက်ကြည့်ရှူကြပါဦး..... Episodes: 12Aired: Jun 29, 2022 - Sep ...

Minato’s Laundromat: Wash My Heart! (2022)

2022