Channel Myanmar

2022

Thousand Years For You (2022)
Thousand Years For You (2022) CM ပရိသတ်တိုအတွက်မင်းသားချောလေး Allen နဲ့မင်းသမီးလေး Li Qin တိုရဲ့ဇာတ်လမ်းအသစ်လေးကိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ လုယန်ဆိုတဲ့ စစ်နတ်ဘုရားဟာနှစ်တစ်ထောင်ကျော်ခန့် အိပ်ပျော်နေခဲ့ပြီးနိုးထလာခဲ့ပါတယ်။ နှစ်ပေါင်းထောင်ချီအိပ်စက်နိုးထလာပြီးနောက်လည်းအတိတ်က ချစ်သူကို ရှာတွေ့ဖိုကြိုးစားနေခဲ့ပါသေးတယ်။ယွီတိန်းတိန်းဆိုတဲ့ ချင်းချွမ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်လေးကသူများအမြင်မှာတော့ ငွေမက်ပြီး တဏှာကြီးတဲ့ဓါးပြမလေးတစ်ယောက်ဖြစ်ပါတယ်။သူမဟာ အရင်ဘဝက နတ်သမီးတစ်ပါးဖြစ်ခဲ့ပြီးစစ်နတ်ဘုရားလုယန်နှင့် မေတ္တာမျှခဲ့ကြပါတယ်။ဒါပေမဲ့ အကြောင်းအရင်းအမျိုးမျိုးကြောင့်သူမက နောင်ဘဝသိုကူးပြောင်းခဲ့ပြီးစစ်နတ်ဘုရားကတော့နှစ်တစ်ထောင်ခန့် အိပ်ပျော်သွားခဲ့ပါတယ်။နှစ်သုံးထောင်ကြာပြီးနောက်မှာတော့မင်္ဂလာပွဲတစ်ခုမှာ သူမရဲ့ ဖူးစာဖက်ကို တွေ့ခဲ့ပါတယ်။ နှစ်တစ်ထောင်ကျော် ကြာပြီးနောက်မှာလည်းမြင်မြင်ချင်း ချစ်မိသွားတဲ့သူနှစ်ယောက်၊သူတိုရဲ့ ဇာတ်လမ်းလေးကို CM ကဘာသာပြန် တင်ဆက်ပေးမှာဖြစ်တဲ့အတွက်စောင့်မျှော်ကြည့်ရှုပေးပါဦးနော်။(အညွှန်းရေးသားထားသူကတော့ Moon ဖြစ်ပါတယ်)Quality : WEB-DL 720pTotal Episodes : 36Format : mp4Genres : Wuxia, Romance, Fantasy, DramaDuration : 45 min per EpisodeSubtitle : Myanmar Subtitle ( Hardsub )Translated by CM TeamEncoded ...

Thousand Years For You (2022)

2022
Once Again (2022) [Complete]
Once Again (2022) [Complete] Once Again (2022) [အစ-အဆုံး]အပိုင်းသစ် - ၇ နှင့် ၈ (ဇာတ်သိမ်းပိုင်း)မတော်တဆမှုတစ်ခုကြောင့် ဂန်ဂျီဟွန်း ... ဂန်ဂျီဟွန်းဟာ ရှင်းဂျယ်အူငယ်စဉ်အခါက သူ့ကိုကူညီပေးခဲ့သူတစ်ဦးဖြစ်ပါတယ်။ ဂျယ်အူ တစ်ယောက် သူချစ်ရတဲ့ဦးလေးကြီးဖြစ်သူ ဂျီဟွန်း သေဆုံးသွားပြီးတဲ့နောက်မှာ သူ့အပြစ်ကြောင့်လို့ ထင်မှတ်ကာ နောင်တတရားတွေနဲ့ ၁၅ နှစ်ကြာမှ မွေးရပ်မြေလေးကိုပြန်လာခဲ့ပါတယ်။အဲအချိန်မှာပဲ အရင်က ဂျီဟွန်းနေသွားခဲ့ဖူးတဲ့ အဆောင်က အခန်းလေးကိုသွားခဲ့ရမှာ အံ့ဖွယ်ဖြစ်ရပ်တွေဖြစ်လာခဲ့ပါတယ်။ ဂျီဟွန်းရဲ့အခန်းဟောင်းလေးထဲက ဖုန်းကနေတဆင့် လွန်ခဲ့တဲ့ ၂၀၀၇ ခုနှစ်က ဂျီဟွန်းနဲ့ ပြန်ဆက်သွယ်လို့ရခဲ့ပြီး တစ်နေ့မှာတော့ ဂျယ်အူကိုယ်တိုင် အဲဒီအတိတ်ကိုပြန်ရောက်သွားတဲ့အခါ ...အတိတ်မှာဖြစ်ခဲ့တာတွေကို ပြန်ပြီးပြောင်းလဲပစ်နိုင်မလား? ဂျီဟွန်းကရော လူကြီးဖြစ်နေတဲ့ဂျယ်အူကို မှတ်မိပါဦးမလား? သူတို့နှစ်ယောက် ဘယ်လိုတွေချစ်သွားကြမလဲ? ဆိုတာကိုတော့ mystery ဆန်ဆန် ဒီကားလေးထဲမှာပဲ ဆက်ပြီးစောင့်ကြည့်ပေးသွားကြပါဦးနော်။(အညွှန်းကိုတော့ Shoon Thu Thu Chain က ရေးပေးထားပါတယ်)Aired: July 20, 2022 -- Aired On: ...

Once Again (2022) [Complete]

2022
Dark Winds (2022) 7.8
Dark Winds (2022) AMC ကထွက်ရှိတဲ့Thriller စီးရီးအသစ်လေးပါ။၁၉၇၀ကျော် Indian Reservation (ဌာနေအမေရိကန်လူမျိုးတွေရဲ့ သီးသန့်နယ်မြေ)မှာ ဇာတ်တည်ထားပါတယ်။ အဲဒီနယ်မြေတွေအတွက် Tribal police ဆိုတဲ့ အင်ဒီယန်းရဲတပ်ဖွဲ့ရဲ့ စခန်းမှုးဖြစ်သူ Joe Leaphron ဟာ သူ့နယ်မြေမှာဖြစ်တဲ့လူသတ်မှုနဲ့ FBI တွေစိတ်၀င်စားနေတဲ့ ဘဏ်ဓားပြတိုက်မှုတို့ကြား ဆက်နွယ်နေမှာကို သံသယရှိနေပါတယ်။ ဒါ့အပြင် Joe ရဲ့အတိတ်ကဖြစ်ရပ်တွေကြောင့် စုံစမ်းရေးကမလွယ်ကူဘဲ FBI ဘက်နဲ့လည်း တင်းမာမှုတွေရှိနေပါတယ်။ ၁၉၇၀တုန်းကထွက်ရှိတဲ့ နာမည်ကြီးစာအုပ်ကို ဇာတ်လမ်းတွဲပြန်ရိုက်ထားတာပါ။ ဌာနေအင်ဒီယန်းတွေရဲ့ ဓလေ့ထုံးစံတွေနဲ့ ယုံကြည်မှုတွေကိုထည့်ရိုက်ပြထားပြီး Reservationက အင်ဒီးယန်းတွေရဲ့အပယ်ခံဘ၀ကိုပြထားပါတယ်။ Zahn McClarnon,Jessica Matten,Kiowa Gordan တို့ပါ၀င်ထားပါတယ်။ Rotten tomatoes -100% Imdb 7.9/10 File size…500 Mb Quality….Webrip 720p Format…mp4 Duration….50 Min Total Episode...6 Episodes Genre...Drama, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by SP  Episode 1 VIP  /  Yoteshin  / Megaup  / ...
7.8
TMDb: 7.8/10 6 votes
tv

Dark Winds (2022)

2022
Lyric and Beat (2022)
Lyric and Beat (2022) Lyric and Beat (2022)ဒီတစ်ခါတင်ဆက်ပေးမယ့် ဖိလစ်ပိုင်ဇာတ်လမ်းတွဲအသစ်လေးကတော့ အဆိုတော်ဖြစ်ချင်တဲ့ စိတ်ကူးယဥ်အိပ်မက်ကိုယ်စီနဲ့လူငယ်လေးတွေအကြောင်းရိုက်ကူးထားတဲ့ကားလေးပဲဖြစ်ပါတယ်။လီရစ်ခ် ဆိုတဲ့ကောင်မလေးဟာ တစ်ချိန်ကအဆိုတော်တစ်ယောက်ဖြစ်ခဲ့ဖူးတဲ့အမေဖြစ်သူဆီကအမွေရထားတဲ့ အသံချိုချိုလေးကိုပိုင်ဆိုင်ထားပြီးဘဝတစ်လျှောက်လုံးအဆိုတော်ဖြစ်ဖို့ဆိုတဲ့ အိပ်မက်ကိုဆုပ်ကိုင်ထားတဲ့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိပြီး၊သွက်လက်သူလေးပါ။ဘိထ် ဆိုတဲ့ကောင်လေးကတော့ ချမ်းသာတဲ့မိသားစု၊ ရာထူးဂုဏ်သိမ်တွေနဲ့အိမ်ကနေမွေးဖွားလာပြီး အဆိုပိုင်းမှာလည်းထူးချွန်လှတဲ့လူငယ်လေးပါ။ ချမ်းသာစွာ နေရပေမယ့် စကားနည်းပြီးစည်းကမ်းကြီးတဲ့ခြောက်ကပ်ကပ်မိသားစုဘဝကိုပိုင်ဆိုင်ထားတဲ့ ဘိထ် ဟာ အဖေဖြစ်သူရဲ့ညွှန်ကြားချက်တွေ‌ကြားမှာပဲပိတ်မိနေတဲ့ကောင်လေးလည်းဖြစ်ပါတယ်။သူတို့နှစ်ယောက်ဟာ အဆိုဝါသနာပါတဲ့သူတိုင်းတက်ရောက်ဖို့အိပ်မက်မက်ခဲ့ကြရတဲ့ ဖိလစ်ပိုင်ရဲ့ဂီတကျောင်းတစ်ခုဖြစ်တဲ့ PNCM မှာ ဆုံစည်းမိကြတဲ့အခါ .. ။လီရစ်ခ်တစ်ယောက် သူအမြဲအိပ်မက်မက်ခဲ့ရတဲ့ ဂုဏ်ဒြပ်ကြီးလှတဲ့ကျောင်းကိုရောက်သွားပြီး သူ့ရဲ့ အိပ်မက်တွေကိုအကောင်အထည်ဖော်ဖို့ကြိုးစားတဲ့အခါ .. ။ အမြင့်ကိုတက်လှမ်းဖို့လမ်းဟာ မတ်စောက်စမြဲဖြစ်ပြီး လီရစ်ခ်ဟာသူ့ရဲ့အဖွဲ့သားတွေနဲ့အတူ ဘယ်လိုအခက်အခဲတွေကိုရင်ဆိုင်ပြီး သူ့အိပ်မက်ကိုကာကွယ်ဖို့ကြိုးစားမလဲဆိုတာအတူတူကြည့်လိုက်ကြရအောင်နော်။သီချင်းကောင်းလေးတွေနဲ့အတူ လူငယ်လေးတွေရဲ့ အိပ်မက်အတွက်ရုန်းကန်ကြိုးစားကြတာလေးတွေကိုမြင်တွေ့ရမှာမို့ လက်မလွှတ်ရမယ့် ဇာတ်ကားကောင်းလေးပါနော် ။အညွှန်းကိုတော့ Cali က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Shin နဲ့ Cali ပဲ ဖြစ်ပါတယ်။Genre..... Drama, Comedy, Music Quality…. 1080p | 720p File size… 600MB | 300MB Format… mp4 Duration…. 40min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Shin and Cali Encoder ..... August1080PEpisode ...

Lyric and Beat (2022)

2022
Mike (2022) 6.4
Mike (2022) Mike (2022) ========== IMDb Rating - 6.4/10၂၀၂၂ ခုနှစ်မှ Hulu ကနေ ထွက်ရှိလာတဲ့ နာမည်ကြီး လက်ဝှေ့သမားဖြစ်တဲ့ မိုက်ခ်တိုင်ဆန်ရဲ့ ဘဝကို ရိုက်ကူးထားတဲ့ Mike ဆိုတဲ့ အပိုင်း (၈) ပိုင်းပါ။ Mini Series လေး တစ်ခုကို တစ်ပတ်တစ်ပိုင်းနှုန်း တင်ဆက်ပေးသွားမှာပါ။ မိုက်ခ်တိုင်ဆန်ဟာ ၁၉၆၆ ခုနှစ် ဇွန်လ ၃၀ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။လက်ဝှေ့သမားအဖြစ် ၁၉၈၅ ခုနှစ်မှ ၂၀၀၅ ခုနှစ်အထိ အသက်မွေးခဲ့ပါတယ်။ မိုက်တိုင်ဆန်က ကမ္ဘာ့အကောင်းဆုံး ဟဲဗီးဝိတ်ချန်ပီယံအဖြစ်လည်းရရှိခဲ့သူပါ။ အသက် ၂၀ အရွယ်မှာ ပထမဆုံး ခါးပတ်ကိုရရှိခဲ့ပြီး အငယ်ဆုံး ဟဲဗီးဝိတ်ချန်ပီယံ အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ၁၉၉၂ ခုနှစ်မှာတော့ မုဒိမ်းမှုအတွက် ပြစ်ဒဏ် ချမှတ်ခံရပြီး ထောင် ၆ နှစ်ကျခဲ့ပါတယ်။ သို့သော် ၃ နှစ်အကြာမှာတော့ ခံဝန်နဲ့ ပြန်လည် လွတ်မြောက်လာခဲ့ပါတယ်။ ဒါကတော့ သူ့ရဲ့ ကိုယ်ရေးအကျဉ်းချုပ်ပါ။ဒီ စီးရီးထဲမှာတော့ မိုက်ခ်ရဲ့ ငယ်ဘဝကနေ ...
6.4
TMDb: 6.4/10 1200 votes
tv

Mike (2022)

2022
Dahan: Raakan Ka Rahasya (2022) 8
Dahan: Raakan Ka Rahasya (2022) Drama series တွေကို ကြည့်ရတာငြီးငွေ့နေကြတဲ့ ဘောလိ၀ုဒ်ချစ်သူ ပရိသတ်ကြီးအတွက် အခုတစ်ခေါက်မှာတော့ CM ကနေ IMDB 7.4 ရရှိထားတဲ့ Thriller ဘောလိ၀ုဒ်စီးရီးလေးကောင်းတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ် ဒီစီးရီးလေးကတော့ သဘာ၀လွန်ဖြစ်ရပ်ဆန်းတွေ Horror ကားတွေကို ကြိုက်နှစ်သက်သူများအတွက် လက်မလွှတ်သင့်ဘဲကြည့်ရှုသင့်တဲ့ စီးရီးလေးတစ်ခုဆိုလည်း မမှားပါဘူးDahan ဆိုတာ တောင် လို့အဓိပ္ပာယ်ရပါတယ် ။ ဒါကြောင့် ဇာတ်ကားလေးကလည်း နာမည်နဲ့လိုက်ဖက်အောင် Shilaspura ကတောင်တွေရဲ့ နောက်ကြောင်းရာဇဝင်ကို အခြေခံပြီး ရိုက်ကူးထားတာပါ စီးရီးလေးအစမှာတော့ ခင်ပွန်းသည်ဖြစ်သူကို ပူပူနွေးနွေး ဆုံးရှုံးထားရတဲ့ IAS အရာရှိတစ်ဦးဖြစ်သူ Avani နဲ့ သူ့သားလေး Anay တို့ ရာဂျစ်စသန် မှာရှိတဲ့ Shilaspura သို့ အကြောင်းကြောင်းကြောင့် ခရီးထွက်လာဖြစ်ခဲ့ပါတယ် Shilaspura ဆိုတာက ရှေးခေတ် အယူအဆတွေ ကိုးကွယ်ယုံကြည်မှုတွေ မှော်ဆရာ နတ်ဆိုးရဲ့ ကျိန်စာနဲ့ ဖုံးလွှမ်းအုံ့မှိုင်းနေတဲ့ မြို့လေးတစ်မြို့ပေါ့ ...ဒဏ္ဍာရီတွေအရ Shilaspura မှာ Nikasiyas နဲ့ ...
8
TMDb: 8/10 1 votes
tv

Dahan: Raakan Ka Rahasya (2022)

2022
The Empress (2022) 7.3
The Empress (2022) The Empress Season 1 (2022)IMDb rating ~ 7.4၁၉ ရာစု ဥရောပရဲ့ ဒုတိယမြောက် အကြီးကျယ်ဆုံး ဩစတြီးယားအင်ပါယာကြီးရဲ့ဧကရာဇ် ပထမမြောက် ဖရန့်ဇ် ဂျိုးဇက် ဘုရင်နဲ့ ကြင်ယာတော် အဲလိဇဘက်တို့ရဲ့ အချစ်ဇာတ်လမ်းပါSissi ဆိုပြီး နာမည်ကြီးတဲ့ ဘာဗေးရီးယား မင်းသမီး အဲလိဇဘက်အကြောင်း ရိုက်ကူးထားတဲ့ ဇာတ်ကားတွေ စီးရီးတွေ အမြောက်မြားရှိသလို ဇာတ်ကားတိုင်း စီးရီးတိုင်းဟာလည်း သူ့ပုံစံနဲ့သူ ပေါက်ခဲ့တာချည်းပါပဲဒီတစ်ခေါက်စီးရီးကတော့ Netflix ကနေ လွှင့်တဲ့ စီးရီးပါကဗျာတွေ ရေးရတာ သဘောကျပြီး လွတ်လပ်စွာ တွေးခေါ် ပြုမူတတ်တဲ့ ဘာဗေးရီးယား မင်းသမီး အဲလိဇဘက်ဟာ အဲဒီခေတ်အဲဒီအခါကတော့ မိသားစုရဲ့ သိုးမည်းဆိုပြီး အမည်တပ်ခံထားရသူပါ၁၈၅၃ ခုနှစ် ဩစတြီးယား အင်ပါယာကြီးမှာ ရာသီဥတုဒဏ်နဲ့ ငတ်မွတ်ခေါင်းပါးမှုတွေကြောင့် ဆူပူအုံကြွမှုတွေ ပေါ်ပေါက်လာပါတယ်ဆူပူမှုတွေကို ဖြေရှင်းဖို့ လူထုကို အာရုံလွှဲတဲ့အနေနဲ့ ဩစတြီးယား အင်ပါယာ ဘုရင်ရဲ့ မိခင်ဖြစ်သူက သားတောင်မောင် ဘုရင်မင်းမြတ်အတွက် ဧကရီမိဖုရားမြှောက်ပေးဖို့ ကြိုးပမ်းပါတော့တယ်မိဖုရားလောင်းအနေနဲ့ တူမတော်စပ်တဲ့ ဘာဗေးရီးယား ...
7.3
TMDb: 7.3/10 3 votes
tv

The Empress (2022)

2022
Fakes (2022) 7.2
Fakes (2022) Fakes(2022)နာမည်အတိုင်းပဲ အတုတွေ လုပ်ကြတဲ့ စီးရီးပါ ဘာကို အတုလုပ်မှာလဲ ဆိုတော့ အိုင်ဒီတွေကိုပါဇိုဝီနဲ့ ရေဘက်ကာဆိုတဲ့ အထက်တန်းကျောင်းသူ နှစ်ယောက်ရှိပါတယ် သူတို့အချင်းချင်းကတော့ Best friend တွေပါတဲ့ဆယ်ကျော်သက်အရွယ် Best friend နှစ်ယောက်ပေါင်းပြီး မြောက်အမေရိကရဲ့ အကြီးမားဆုံးအိုင်ဒီအတု အင်ပါယာကြီးကို တည်ထောင်ဖြစ်သွားကြပါတယ်ဇိုဝီကတော့ ဒီကိစ္စကြီး တစ်ခုလုံးဟာ ရေဘက်ကာရဲ့ အိုင်ဒီယာသာ ဖြစ်ပြီး သူကတော့ စူးစမ်းချင်စိတ်ကြောင့်သာ လုပ်ခဲ့တာပါတဲ့ရေဘက်ကာကလည်း ဒါတွေ အားလုံးက ဇိုဝီရဲ့ အကြံဉာဏ်တွေပါတဲ့ ဆိုတော့ ဘယ်သူ့အိုင်ဒီယာနဲ့ ဘယ်လိုတွေ ဖန်တီးဖြစ်ခဲ့ကြလဲဆိုတာကို အတုအယောင်တွေနဲ့အတူ ရှုစားလိုက်ကြပါဦးNetflix ကနေ September 2 ရက်နေ့က ထွက်ရှိထားတာ ဖြစ်ပြီး IMDb rating ~ 6.5 ရရှိထားပါတယ်စုစုပေါင်း ၁၀ ပိုင်း ရှိပြီးတော့ ဆက်တိုက်ဆိုသလို တင်ပေးသွားပါမယ်အညွှန်းကိုတော့ Roman NoX က ရေးထားပေးပြီးတော့ဘာသာပြန်ထားတာကတော့ Roman NoX, Kevin Aung, Thada, Leonard Lin, ...
7.2
TMDb: 7.2/10 8 votes
tv

Fakes (2022)

2022
This Fool (2022) 7.6
This Fool (2022) This Fool (2022) ============ IMDb Rating - 7.6/10လတ်တလောထွက်ရှိထားပြီး IMDb Rating - 7.26, Rotten Tomatoe 100 အထိရထားတဲ့ Hulu ရဲ့ ပေါ့ပေါ့ပါးပါးနဲ့ အတော်လေးရယ်ရတဲ့ Comedy ဇာတ်လမ်းတွဲလေးကိုတင်ဆက်ပေးချင်ပါတယ်။လော့အိန်ဂျလိစ်ရဲ့ မက္ကဆီကန်သားတို့နေထိုင်ရာ Hood လို့ပြောလို့ရတဲ့ ပတ်ဝန်းကျင်မှာကြီးပြင်းလာခဲ့တဲ့ ဂျူလီရိုဟာ ပတ်ဝန်းကျင်က ဒုစရိုက်မှုတွေ ဂိုဏ်းတွေအရမ်းများပေမယ့် သူတစ်ပါးကို အရမ်းကူညီတတ်တဲ့ လူကောင်း တစ်ယောက်ပါ။ နောက်ပြီးတော့ Hug not Thugs ဆိုတဲ့ ပြန်လည်ထူထောင်ရေး စင်တာတစ်ခုကိုဂိုဏ်းသားတွေနဲ့အတူတူ ဖွင့်လှစ်ထားပါတယ်။ထောင်တွေနှစ်ရှည်ကျပြီး ပြန်လွတ်လာတဲ့ သူ့ဝမ်းကွဲအစ်ကို လူဝိစ်ဟာ ဂျူလီရိုကို အရမ်းပျော့ညံတဲ့ Gay လို့သဘောထားပြီး၊ လူမိုက်လိုနေဖို့ တိုက်တွန်းရာကနေ နှစ်ယောက်ပေါင်း လောင်းကျော် ဘာတွေဆက်ဖြစ်ဦးမလဲဆိုတာ ဒီ ဇာတ်လမ်း တွဲလေးမှာ ရယ်ရယ်မောမောနဲ့ကြည့်ရှုရမှာဖြစ်ပါတယ်။ (ဒီစီးရီးရဲ့ အညွှန်းနဲ့ ဘာသာပြန် ရေးသားပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်။)File Size.............(400 MB) / (800 MB) Quality...............WEB-DL 720p ...
7.6
TMDb: 7.6/10 1900 votes
tv

This Fool (2022)

2022
Tierra Incognita (2022) 5.6
Tierra Incognita (2022) Tierra Incognita (2022) =================Disney+ ကနေ အသစ်ပြသလာတဲ့ Horror, Mystery Series အသစ်ကို တင်ဆက်ပေးလိုက်ပါတယ်။ စုစုပေါင်း(၈)ပိုင်း တစ်ပြိုင်တည်းထွက်ရှိထားပြီး လူငယ်ကြိုက်စီးရီးမျိုးဖြစ်တာမို့ လက်မလွှတ်စေရအောင်တင်ဆက်ပေးလိုက်ပါပြီ။လွန်ခဲ့တဲ့ ရှစ်နှစ်က Cabo Qwert မှာ ပျောက်ဆုံးသွားတဲ့ မိဘတွေကို ရှာဖွေဖို့ သားဖြစ်သူ အဲရစ် ဒါလာရစ်က သူ့ရဲ့ဇာတိမြို့ကို ပြန်သွားရာကနေ အစချီထားပါတယ်။ တစ်မြို့လုံးကလူတွေက သူ့မိဘတွေရဲ့ ပျောက်ဆုံးမှုကို ရေရေရာရာမသိဘဲ သူ့မိဘ တွေက သူတို့တည်ထောင်ခဲ့တဲ့ ကစားကွင်းကို ကျိန်စာသင့်အောင် လုပ်ခဲ့တာဆိုပြီး လည်း ပြောဆိုနေကြပါတယ်။အဲရစ်အနေနဲ့ သူ့မိဘတွေကို ဆုံးသွားပြီလို့ မထင်ဘဲ တစ်နေရာရာမှာရှိမယ်လို့ ယုံကြည်ပြီး အမှန်တရားတစ်ခုကို ရှာဖွေဖို့ ကြိုးစားပါတော့တယ်။ အဲတော့ သူ့မိဘ တွေက ဘယ်လို ပျောက်သွားတာလဲ။ နောက်ပြီးတော့ မြို့ထဲမှာ အလင်းတန်းတွေ ပေါ်လာတိုင်း လူတွေဘာလို့ပျောက်သွားတာလဲ၊ အဲရစ်တစ်ယောက်ကရော သူ့မိဘ တွေကို ပြန်လည်ရှာတွေ့နိုင်ပါ့မလားဆိုတာ ပဟေဠိဆန်ဆန် အဖြေရှာရင်း ကြည့်ရှူ ရမှာပါ။ (ဒီစီးရီးရဲ့ အညွှန်းနဲ့ ဘာသာပြန် ရေးသားပေးသူကတော့ Parris ဖြစ်ပါတယ်။)File Size.............(400 ...
5.6
TMDb: 5.6/10 1200 votes
tv

Tierra Incognita (2022)

2022
&Audition – The Howling (2022) 9
&Audition – The Howling (2022) &Audition - The Howling (2022)HYBE Labels Japan ရဲ့ Audition Program ကြီး &Audition ကတော့ ဇူလိုင်လမှာ ပရိသတ်ရှေ့ကို တရားဝင်ထွက်ရှိလို့လာပါပြီ၂၀၂၀ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ I-Land survivial show ရဲ့ ပြိုင်ပွဲဝင်လေးဦးဖြစ်တဲ့ K, Nicholas, EJ, Taki တို့ကို ပွဲဦးထုတ်ဖို့ confirm အပြီးမှာ သူတို့နဲ့အတူပွဲဦးထွက်မယ့် အဖွဲ့ဝင်တွေကို ဒီပရိုဂရမ်ကတစ်ဆင့် ရွေးချယ်သွားမှာပါ။Debut member လေးဦးအပါအဝင် ပြိုင်ပွဲဝင် ၁၅ယောက်ရဲ့ ပရိုဖိုင်တွေကို မိတ်ဆက်ကတည်းက အားလုံး hype ခဲ့ကြ‌ပြီး မျှော်လင့်နေကြတဲ့ ရှိုးလေးပါI-Land တုန်းက သူငယ်ချင်းတွေဖြစ်တဲ့ Enhypen member တွေနဲ့လည်း တစ်ဖန်ပြန်လည်တွေ့ဆုံကြဦးမှာပါအပိုင်း(၁၀)ပိုင်းပါဝင်ပြီး အပတ်စဉ်စနေနေ့တိုင်း တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်အညွှန်း ကိုတော့ MTA က ရေးထားပေးပြီးတော့ဘာသာပြန်ထားတာကတော့ CM Variety Team ကပဲ ဖြစ်ပါတယ်။Genre.....Reality Quality…. ...
9
TMDb: 9/10 10 votes
tv

&Audition – The Howling (2022)

2022
Bravo, My Life (2022) 8.1
Bravo, My Life (2022) ဒီတစ်ခေါက်မှာတော့ CM ကနေ အိပ်မက်ကို အကောင်ထည်ဖော်ဖို့ ကြိုးစားနေတဲ့ တက်ကြွဖျတ်လတ်တဲ့ကောင်မလေးနဲ့ သူဌေးသားကောင်လေးအကြောင်းကို ဇာတ်အိမ်ကြီးကြီးနဲ့ ရိုက်ကူးတင်ဆက်ထားတဲ့ အပိုင်းရှည်မိသားစုဟာသကားလေးကို တင်ဆက်သွားမှာပါဒီကားလေးမှာဆိုရင်...ဆောဒုန်ဟီးဟာ ဆင်းရဲတဲ့မိသားစုကနေပေါက်ဖွားလာတာဖြစ်ပြီး ဒီဇိုင်းနာဖြစ်ချင်တဲ့ အိပ်မက်ကို လက်တွေ့အကောင်အထည်ဖော်ဖို့ ကြိုးစားနေတဲ့ တက်တက်ကြွကြွကောင်မလေးတစ်ယောက်ဖြစ်ပါတယ် တစ်နေ့မှာတော့ ဒုန်ဟီးဟာ သူ့တူကို သူ့ရဲ့သားအဖြစ်မွေးစားပျိုးထောင်ဖို့ဆုံးဖြတ်ချက်ချလိုက်ပါတယ် အဲဒီနောက် ဒုန်ဟီးတစ်ယောက် အရင်ကတည်းကပန်းခင်းလမ်းမဟုတ်တဲ့ အိပ်မက်ရှိရာဆီလျှောက်လှမ်းရာလမ်းမှာ ထပ်တိုးအခက်အခဲတွေကို ရင်ဆိုင်ကျော်လွှားရဖို့ဖြစ်လာပါတော့တယ်ဂန်ချာယောလို့အမည်ရတဲ့ကောင်လေးတစ်ယောက်ကတော့ ကုမ္ပဏီခပ်ကြီးကြီးထောင်ထားတဲ့ အဖေတစ်ယောက်ကို ပိုင်ဆိုင်ထားသူတစ်ယောက်ပါ မိသားစုနောက်ခံအသိုင်းအဝိုင်း​တောင့်ပေမဲ့လည်း သူကြုံနေရတဲ့ ပြဿနာဟာ အစစအရာရာ အဆင်ပြေချောမွေ့တဲ့ သူ့အဖေကုမ္ပဏီမှာ အလုပ်မဝင်ချင်ဘဲ အရင်နေခဲ့ရာ U.S ကိုပဲ ပြန်သွားချင်နေတာပဲဖြစ်ပါတယ် သို့သော်ငြားလည်း ရွှေလင်ပန်းနဲ့မွေးလာတဲ့ သူဌေးသားလေးချာယောဟာ သူ့အဖေရဲ့ငွေကြေးထောက်ပံ့မှုမပါဘဲ ဘာမှမလုပ်နိုင်ဘူးဆိုတာ သဘောပေါက်လာတဲ့အခါ သူ့အဖေကုမ္ပဏီမှာ တစ်နှစ်အလုပ်လုပ်ပေးဖို့ အပေးအယူလုပ်ခဲ့ပါတယ်ကံကြမ္မာအရ အိပ်မက်နောက်လိုက်နေတဲ့ ဆောဒုန်ဟီးနဲ့ U.Sကို ပြန်ဖို့ ကုမ္ပဏီမှာ အလုပ်ဝင်လုပ်နေရတဲ့ ဂန်ချာယောတို့ ပတ်သတ်ဆက်နွယ်မိသွားချိန်မှာ သူတို့တွေရဲ့ဘဝ အိပ်မက်တွေ မိသားစုအသိုင်းအဝိုင်းတွေ ဘယ်လိုမျိုးပြောင်းလဲလှုပ်ခတ်သွားမလဲဆိုတာ ...
8.1
TMDb: 8.1/10 votes
tv

Bravo, My Life (2022)

2022
Cyber Vaar (2022) Complete 7
Cyber Vaar (2022) Complete Cyber Vaar – Har Screen Crime Scene (2022)ဒီစီးရီးလေးကတော့ တော်တော်လေး စိတ်ဝင်စားဖို့ကောင်းသလို ကမ္ဘာကြီးနဲ့လည်း သက်ဆိုင်နေတဲ့ အကြောင်းအရာလေးဆိုလည်း မမှားပါဘူးဘာလို့လဲဆိုတော့ ခုလက်ရှိကမ္ဘာကြီးပေါ်မှာ အင်တာနက်အသုံးပြုသူတွေ တော်တော်များလာနေပါတယ်..အင်တာနက်ပေါ်မှာ ဈေးဝယ်မယ် ချက်တင်ထိုင်ကြမယ် အပျော်တမ်းဂိမ်းတွေကစားကြမယ်အဲ့ဒီလို နာမည်ကြီးလာတာနဲ့အမျှ ဒီအင်တာနက်ကိုအခြေခံပြီး လိမ်လည်လုပ်စားလာတဲ့သူတွေလည်း အများကြီးရှိလာနေပါတယ်ဒီဇာတ်လမ်းလေးမှာ အပိုင်းတစ်ပိုင်းချင်းစီအလိုက် အွန်လိုင်းပေါ်ကနေ ကျူးလွန်တဲ့ပြစ်မှုတွေ..ခြိမ်းခြောက်ငွေညှစ်မှုတွေနဲ့ လိမ်လည်မှုတွေကို ရိုက်ကူးပြသထားလို့ ဗဟုသုတများစွာ ရရှိမှာပဲဖြစ်ပါတယ်...အပိုင်းတစ်ပိုင်းချင်းစီအလိုက် အမှုမှန်ဖေါ်ထုတ်ပုံတွေကိုလည်း မြင်တွေ့ရမှာမို့ မှုခင်းစုံထောက်ကားကြိုက်သူတွေ သဘောတွေ့စေမှာ အမှန်ပါပဲ..စိတ်ဝင်စားစရာအကောင်းဆုံးအချက်က ပြစ်မှုအားလုံးက လူကိုမတွေ့ရဘဲ အွန်လိုင်းပေါ်ကနေပဲ ကျူးလွန်ကြတာကို အွန်လိုင်းကနေ ပြန်လည်စုံစမ်းတဲ့ စီးရီးလေးဆိုတော့ လက်မလွှတ်သင့်တဲ့ စီးရီးလေးပါ..IMDb အနေနဲ့ကလည်း လူအယောက် 12K က 8.0 ပေးထားတာဆိုတော့ ရှုစားပေးကြပါဦးလို့ ညွှန်းဆိုပေးလိုက်ပါတယ်နော်File Size – 500MB/ 250MBQuality – 1080p WEB DL /  720pDuration – 24mTotal Episodes: 14EpsSubtitle – Myanmar HardsubFormat ...
7
TMDb: 7/10 1 votes
tv

Cyber Vaar (2022) Complete

2022
Five Days at Memorial (2022) 8.154
Five Days at Memorial (2022)  Apple TV ရဲ့ ဆေးရုံ ကပ်ဘေး ဇာတ်လမ်းတွဲအလန်းတစ်ခု လာပါပြီ။ဒီတစ်ခါတော့ မုန်တိုင်းတိုက်တဲ့အချိန်ကြုံတွေ့ရတဲ့ အကြောင်းရိုက်ထားတဲ့ ဇာတ်လမ်းတွဲလေးကို တင်ဆက်ပေးလိုက်ပါတယ် မန်မိုရီရယ်ဆိုတဲ့ ဆေးရုံမှာ မုန်တိုင်းတိုက်လို့ လူတွေခိုလှုံခွင့်ပေးထားပြီး မုန်းတိုင်းတိုက်တဲ့ ၅ကြာရက်ပြီးသွားတဲ့အချိန်မျာ လူပေါင်း ၄၅ယောက်အထိ သေခဲ့ရတဲအကြောင်းကို ရိုက်ပြထားတဲ့ကားကောင်းလေးတစ်ကားပါပဲ မုန်တိုင်းဟာ ဘယ်လောက်ထိပြင်းထန်လဲ လူတွေကရော ဘာကြောင့်သေရတာလဲ ဆေးရုံမှာရှိတဲ့သူတွေကရော ဘာမှကြိုတင်မကာကွယ်ထားဘူလား ဆိုတာကို ရင်တမမ နဲ့ ကြည့်ရမဲ့ ဇာတ်ကားကောင်းလေးတစ်ကားမို့လို့ အမြန်ဆုံးသာဒေါင်းကြည့်လိုက်ကြပါတော့ဗျာFile size… 400 Mb Quality….Webrip 720 Format…mp4 Duration….50 Min Genre... Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by GarfieldDownload LinkEpisode 1 720p  - VIP / Yoteshin / Megaup / Meganz / Usersdrive / StreamsbEpisode 2 720p  - Yoteshin / Megaup / ...
8.154
TMDb: 8.154/10 13 votes
tv

Five Days at Memorial (2022)

2022
If You Wish Upon Me(2022)

If You Wish Upon Me(2022)

2022
Good Job (2022)
Good Job (2022) Good Job (2022)ဇာတ်လမ်းတွဲအညွှန်း**********************************အပိုင်း ( ၁ မှ ၁၂ ) ထိ စ/ဆုံး  "Big Mouth" တို့ "If you wish upon me" Drama တို့မှာ လက်စွမ်းပြနေတဲ့ SNSD member တွေနဲ့အတူတစ်ပြိုင်တည်း လက်စွမ်းပြသွားတော့မဲ့ Kwon Yu-ri နဲ့ High Kick မှစလို့လူကြိုက်အရမ်းများပြီး ကြေးအမြင့်ဆုံးမင်းသားတစ်လက်ဖြစ်လာတဲ့ Jung Il-woo တို့ ပါဝင်သရုပ်ဆောင်ထားတဲ့Good Job ဆိုတဲ့ ongoing serie လေးကို CM က ဘာသာပြန်တင်ဆက်ပေးသွားပါတော့မယ်ဗျ။ဒီကားလေးရဲ့ဇာတ်ကြောင်းကတော့ လုပ်ငန်းရှင် သူဌေးတစ်ဖြစ်လဲ စုံထောက်အနေနဲ့နှစ်ဘဝလုံးကို ပိုင်နိုင်စွာ ဖြတ်သန်းနေတဲ့ "Eun Sun Woo" လုပ်ငန်းရှင်ဆိုလည်း လုပ်ငန်းရှင်အလျောက် Gentleman ဆန်ဆန်နဲ့တည်တည်ငြိမ်ငြိမ်နေတတ်သလိုစုံထောက်အနေနဲ့လည်း ပါးနပ်ဖြတ်လတ်ပြီး ဇွဲကောင်းတဲ့သူတစ်ယောက်အနေနဲ့Jung Il-woo က သရုပ်ဆောင်သွားမှာဖြစ်ပြီး ...

Good Job (2022)

2022
Tales of the Walking Dead (2022) 7.9
Tales of the Walking Dead (2022)   Walking Dead ဆိုတာ အကောင်းဆုံးနဲ့အရှိန်အဝါအကြီးဆုံး အကျယ်ပြန့်ဆုံး ဇွန်ဘီးဇာတ်လမ်းတွဲကြီးတစ်ခုပဲဆိုမမှားပါဘူး။ ဒီစီးရီးကတော့ အဲဒီဇာတ်လမ်းတွဲတွေထဲက ဇာတ်ကောင်တွေ တစ်ကောင်ချင်းဆီကို ဇာတ်လမ်းတစ်ခုဆီ ဘောနပ်စ် သဘောမျိုး ပြသထားတာပါပဲ။ ဒီတော့ Walking Dead ကိုမကြည့်ဖူးရင်တောင် ရုပ်ရှင်တစ်ကားစီလို့ သဘောထားပြီး ဇိမ်နဲ့ကိုကြည့်လို့ရပါတယ်။ Walking Dead ဖန်တွေအတွက်တော့ ရွှေပေါ့ဗျာ။ဇာတ်လမ်းတိုင်းမှာ ကမ္ဘာပျက်ချိန် ဇွန်ဘီးတွေကြားမှာရုန်းကန်ရတဲ့ လူ့သဘာဝတွေ တွေးစရာတွေနဲ့ စွန့်စားခန်းတွေပါဝင်ပါတယ်။File size…400 Mb Quality….Webrip 720 Format…mp4 Duration….50 Min Genre...Drama, Action & Adventure, Sci-Fi & Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by GarfieldDownload LinkEpisode 1 720p  - VIP / Yoteshin / Megaup / Meganz / Usersdrive / StreamsbEpisode 2 720p  ...
7.9
TMDb: 7.9/10 27 votes
tv

Tales of the Walking Dead (2022)

2022
Cyberpunk: Edgerunners (2022) Complete 8.7
Cyberpunk: Edgerunners (2022) Complete Gamer​တွေကြား အ​မျှော်လင့်ကြီး ​မျှော်လင့်ထားသလို မသိသူ မရှိ​လောက်တဲ့ Cyberpunk : Edgerunners ကို တင်ဆက်​ပေး လိုက်ပါပြီ။ ဒီAnimeက Cyberpunk 2077 မတိုင်ခင် တစ်နှစ် မှာ ဖြစ်ခဲ့တဲ့ ကိစ္စ​တွေကို Prequel အ​နေနဲ့ ရိုက်ကူးထားတာပါ။ IMDB 8.6နဲ့ RT 100% အပြည့် ရထားပါတယ်။ Animationနဲ့ Effect​တွေကလည်း ​ပြော​စရာမလို​အောင် ရှယ်လှပါတယ်။​​ခေတ်​ရှေ့​ပြေးလွန်းပြီး ​သိပ္ပံနည်းပညာ​တွေ ထွန်းကားလွန်းသလို ​ငွေနဲ့ပဲ အရာရာလည်ပတ်နေတဲ့ အနာဂတ် မြို့​တော်ကြီးတစ်ခုမှာ ​ဒေးဗစ်လို့​​ခေါ်တဲ့ ဂျစ်ကန်ကန်​ကောင်​လေးဟာ ​​ဆင်းရဲနွမ်းပါးမှု ​ကြောင့် လူရာသွင်းမခံရသလို ဘယ်​လောက်ပဲ ကြိုးစားကြိုးစား အရှုံးနဲ့ ရင်ဆိုင်​ရတဲ့ ဘဝပိုင်ရှင်လို့ပဲ ​ပြောရမှာပါ။ကံအ​ကြောင်းမလှရတဲ့အထဲ တစ်​​နေ့မှာသူ့ဘဝတစ်ခုလုံးကို ​ဇောက်ထိုးမိုး​မျှော် ဖြစ်စေမယ့် ဖြစ်ရပ်ဆိုးကြီးဖြစ်လာတဲ့အခါ ဘဝ​ပေးကံကြမ္မာကို ​ခြေစုံကန်ပြီး ​ငွေရဖို့အတွက် ဘာမဆိုအကုန်လုပ်မယ့် ​ဝရမ်း​ပြေး ​ကြေးစား Edgerunnerဘဝကို ​ရောက်သွားပါ​တော့တယ်။File Size – 400MB / 200MBQuality – 1080p NF WEB DL /  ...
8.7
TMDb: 8.7/10 231 votes
tv

Cyberpunk: Edgerunners (2022) Complete

2022
Once Upon a Small Town (2022) 8.0
Once Upon a Small Town (2022) ဒီညတော့ မြိုပြမွန်းကြပ်မှုတွေရဲ့အဝေး နယ်မြိုလေးရဲ့ နွေရာသီတစ်ခုဆီ အတူတူထွက်ပြေးကြရအောင်လား💚နောက်ဆုံးတော့ Lawထဲကရုန်းထွက်လာတဲ့ KakaoTV နဲ့ Netflix ရဲ့ Romcom series လေးတစ်ခုဖြစ်တဲ့ Once Upon A Small Town ပြသမယ့်နေ့ရောက်ရှိလာပါပြီ။Han JiYool ဆိုတဲ့ တိရစ္ဆာန်ဆေးကုဆရာဝန်လေးက သူ့အဖိုးရဲ့ဇာတိဖြစ်တဲ့ HeeDong ရွာလေးကို ရောက်ရှိလာပြီး အဖိုးရဲ့ တိရစ္ဆာန်ဆေးခန်းလေးကို တာဝန်ယူ‌ရဖိုဖြစ်လာပါတယ် ။Ahn JaYoung ဆိုတဲ့ ရဲအရာရှိစာမေးပွဲဖြေဖိုပြင်ဆင်နေတဲ့ ကောင်မလေးက‌တော့ ဇာတိရွာလေးရဲ့ သာရေးနာရေး ကိစ္စအဝဝကို ကူညီဖိုအသင့်ဖြစ်နေတဲ့ ရဲမေလောင်းလေးဖြစ်ပါတယ် ။ဒီလိုနဲ့ သူတိုနှစ်ဦးတွေ့ဆုံမိပြီး ရွာရဲ့အရေးအကြောင်းပေါင်းစုံမှာ အပြန်အလှန်ကူညီပေးကြရင်း နှစ်ဦးကြားမှာ Romance အချစ်ဇာတ်လမ်းလေးတစ်ခုပေါ်ပေါက်လာပါတော့တယ် ။ကျေးလက်ရှုခင်းတွေနဲ့ သဘာဝဆန်တဲ့ ဇာတ်ကောင်စရိုက်လေးတွေကို ဟာသအနှော၊ ရိုမန့်စ်အရောလေးနဲ့ ခံစားရမှာမို သေချာပေါက် Healing ဖြစ်စေမယ့် ဒရာမာလေးပါ ။main casts တွေကတော့ Joy ...
8.0
TMDb: 8.0/10 votes
tv

Once Upon a Small Town (2022)

2022
P.S I Hate You (2022) 8.1
P.S I Hate You (2022) ဖရယ် အဖြစ် Pearwah မင် အဖြစ် Jan ployshompoo ဝမ်ဝမ် အဖြစ် Pat Chayanit မေ အဖြစ် Fah Yongwaree စရတ် အဖြစ် Aye Sarunchana ဖစ် အဖြစ် Lee Thanat ဖူ အဖြစ် Papang Phromphiriyaဇာတ်လမ်းအကျဉ်းလူတွေ မေ့နေကြတဲ့ စကားတစ်ခွန်းရှိတယ် “သစ္စာဖောက်ခြင်း” တဲ့ ဒီစကားဟာ ရန်သူတွေဆီက ဖြစ်လာတာမဟုတ်ပါဘူး…ဖရယ် ၊မင် ၊ ဝမ်ဝမ်၊ မေ နဲ့ စရတ်တိုက ကျောင်းကတည်းက အရမ်းရင်းနှီးကြတဲ့ သူငယ်ချင်းတွေဖြစ်ကြပါတယ်ဖရယ့် မင်္ဂလာပွဲမှာ ကျန်လေးယောက်က သတိုသမီးအရံလုပ်ပေးရင်း ပျော်ရွှင်နေခဲ့ပေမဲ့ မထင်မှတ်ထားတဲ့ ဖြစ်ရပ်ဆိုးတစ်ခု ဖြစ်လာခဲ့တယ်အဲဒီဖြစ်ရပ်ကတော့ မင်္ဂလာစုံတွဲရဲ့ ကြည်နူးဖွယ်ဗီဒီယိုကို ပိတ်ကားထက်မှာ ပြရမယ့်အစား ဖရယ့်ရဲ့ HD ကို ပြလိုက်မိတာပါပဲဗီဒီယိုက သူတို၅ဦးဆီမှာသာရှိခဲ့ပြီး သက်သေတွေအရ “မင်” လုပ်တယ်လို ညွှန်ပြလာတဲ့အခါ အရှက်ရရတဲ့ ဖရယ်လည်း သတ်သေသွားခဲ့ပါတယ်ဖရယ်ဆုံးပါးပြီးနောက် သူငယ်ချင်းအဖွဲလည်း လျှိဝှက်ချက်တွေ ...
8.1
TMDb: 8.1/10 votes
tv

P.S I Hate You (2022)

2022