Channel Myanmar

2022

(18+)Sursuri Li (2022)
(18+)Sursuri Li (2022) Sursuri-Li (2022)ဒီတစ်ခါမှာတော့ အိန္ဒိယ 18+ ဟာသ စီးရီးလေးတစ်ခုကို တင်ဆက်ပေးပါ့မယ်ဒီစီးရီးလေးမှာ ဆူး နဲ့ ဆူရီလီးက အဓိက ဇာတ်လိုက်တွေပေါ့နော်ဆူးက သိပ်ကိုမင်္ဂလာဦးညနဲ့ကြုံချင်နေတဲ့ အသက် ၃၀ ကျော် လူပျိုကြီး.. တဏှာစိတ်အားထက်သန်တယ်ဆိုပေမယ့် သူ့ရဲ့ဒီဆန္ဒကို သူယူမယ့်မိန်းမနဲ့ပဲ ဖြတ်သန်းချင်နေတဲ့သူပေါ့ဗျာ...အဲ..ဆူရီလီးကတော့ ယောက်ျားလေးတွေနဲ့ အွန်လိုင်းကနေ အဖေါ်အချွတ်စကားပြောပြီး ကိုယ့်အသုံးစရိတ်ရှာနေတဲ့ ကောင်မလေး... သူဟာလည်းပဲ သူ့ရဲ့မင်္ဂလာဦးညကို သူယူမယ့်ယောက်ျားနဲ့ပဲ ဖြတ်သန်းချင်နေသူပါဒီလိုနဲ့ ကြောင်ခံတွင်းပျက်နဲ့ ဇရက်တောင်ပံကျိုးတို့ တွေ့ကြရာဝယ်...။ဘယ်လိုတွေ နှစ်ပါးသွားကြမလဲဆိုတာကို ကြည့်ရှုခံစားပေးကြပါဦးနော်ဒီစီရီးလေးက 18+ ကြီးကို အသာမပေးထားဘဲ ဟာသလေးတွေလည်း နှောပေးထားပါတယ်...။ဆိုတော့ ကြည့်လို့ရပါပြီနော်File Size – 500MB / 250MBQuality – 1080p / 720pDuration – 24minsTotal Episodes: 12EpsSubtitle – Myanmar HardsubFormat – Mp4Genre : RomanceTranslator – DevilEncoder – XCross 720p ==== Episode ...

(18+)Sursuri Li (2022)

2022
Satja Nai Chum Joan (2022) 8.0
Satja Nai Chum Joan (2022) ရာချန်/ ဒိတ် အဖြစ် Om Akkaphan ဟန် အဖြစ် Kelly Rattapong ကျရီယာ အဖြစ် Praew Chermawee ကော်ကစ် အဖြစ် Kiatipoom ဝယ်ဒေါင်ဝ်အဖြစ် Anna glucksဇာတ်လမ်းအကျဉ်းဒိတ်က အစိုးရအရာရှိကြီးတစ်ဦးရဲ့သားဖြစ်ပြီး တစ်နေ့ အဖေဖြစ်သူဟာ နာမည်ကြီးဓားပြတစ်ဦးဖြစ်တဲ့ ဆီယာဟန်ရဲ့ လုယက်တာခံလိုက်ရပြီး တိုင်းပြည်ဘဏ္ဍာတွေပါသွားခဲ့ပါတယ်ဒါ့အပြင် ဆီယာဟန်ရဲ့အချိတ်အဆက်ဖြစ်တဲ့ ရဲအုပ်ကြောင့် ဒိတ်ရဲ့ဖခင်က ထောင်ကျခဲ့ရတဲ့အပြင် ဒိတ်အမေနဲ့ညီမဖြစ်သူပါသေဆုံးခဲ့ရပါတယ်ဒိတ်ကို ဖခင်ဖြစ်သူကခေါ်တွေ့ပြီးအကြောင်းစုံပြောကာ မိသားစုပိုင်ဓားတစ်လက်ကိုအပ်ရင်း သေဆုံးသွားခဲ့တယ်အန္တရာယ်ကြားရောက်နေတဲ့တူဖြစ်သူဒိတ်ကို အမေ့အစ်ကိုဖြစ်သူ မဟာကလာကယ်သွားရင်း ဒိတ်က တခြားမြို့မှာ ရာချန်ခြံပိုင်ရှင်ဖြစ်တဲ့သူဌေးလေးရာချန်အဖြစ်ကြီးပြင်းလာခဲ့တယ်သူဌေးရာချန်ရဲ့နောက်ထပ်အလုပ်ကတော့ ဓားပြခေါင်းဆောင် ဆီယာဒိတ်ဖြစ်ပြီး ဂုတ်သွေးစုပ်နေတဲ့သူဌေးတွေကိုလိုက်နှိမ်နင်းတာပဲ ဖြစ်ပါတယ်တစ်ရက် ရာချန်က ညီမဝမ်းကွဲဖြစ်သူဝယ်ဒေါင်ဝ့်ကိုလိုက်ရှာရင်း သူဌေးသမီးလေး ကျရီယာနဲ့တွေ့ခဲ့သလို ဝယ်ဒေါင်ဝ်ကလည်း ရဲအုပ်ကော်ကစ်နဲ့တွေ့ဆုံခဲ့ပါတယ်ကျရီယာအနေနဲ့ ရာချန့်ကို မြင်မြင်ချင်းသဘောကျသွားမိပေမဲ့ ကျရီယာက တရားမဝင်ကုန်ကူးသန်းရောင်းနေတဲ့ သူဌေးကြီးချတ်ရဲ့သမီးဖြစ်နေခဲ့တဲ့အခါ...ဒါ့အပြင် တရားမျှတမှုကိုလိုလားတဲ့ ရဲအုပ်ကော်ကစ်ရဲ့ဖခင်ဖြစ်သူတောအရာရှိ ကတ်ကလည်း သူဌေးချတ်နဲ့အလိုတူအလိုပါဖြစ်နေတဲ့အခါ...တစ်ချိန်လုံး လက်စားချေချင်နေခဲ့တဲ့ ဆီယာဟန်ရဲ့သတင်းကိုပါကြားလာရတဲ့အခါ...ဆီယာဒိတ် တဖြစ်လဲ ရာချန်တစ်ယောက် မိသားစုအတွက်လက်စားချေနိုင်မလားတရားမဝင်ကုန်ကူးသန်းရောင်းနေတဲ့ ...
8.0
TMDb: 8.0/10 votes
tv

Satja Nai Chum Joan (2022)

2022
The Queen’s Umbrella (2022) 9
The Queen’s Umbrella (2022) Under the queen's umbrella =======================လတ်တ​​လောနာမည်ကြီးနေတဲ့ Cheer Up ထဲ Main lead, True Beauty ထဲက အင်ဂျူဂယောင်ရဲ့မောင်လေး အပြင်အဆင်လေးတွေ အများကြီးပါဝင်တဲ့ နန်းတွင်းကားလေးထွက်ရှိလာပါပြီအများနဲ့ဆိုရင် ခက်ထန်ပြီး ဒေါသကြီးတဲ့သူတစ်ယောက်ဖြစ်သလို သားတော်တွေနဲ့ပတ်သတ်လာရင် မယ်တော်ကြီးပါမကျန် ဆတ်ဆတ်ထိမခံ ပြန်ပြောတတ်တဲ့ မိဖုရားခေါင်ကြီး Im Hwa Ryeongပြဿနာအိုးလို့ခေါ်ရလောက်တဲ့ထိ ဆိုးသွမ်းလှတဲ့ သူမရဲ့သားတော်တွေက တော်ဝင်မိသားစုက လူတိုင်းအမြင်မှာ မျက်စိစပါးမွှေးစူးစရာဆိုပေမယ့် သူအတွက်ကတော့ သားတော်တွေ ကျန်းမာဖို့ကအဓိကပါပဲသားတော်ထဲမှာ အလိမ္မာဆုံး အတော်ဆုံးဖြစ်တဲ့ အိမ်ရှေ့စံမင်းသားဟာ နန်းတွင်းပြဿနာကြားစိတ်ရှုပ်ရတဲ့ မိဖုရားခေါင်ကြီးရဲ့ အမောပြေလေးပေါ့ ဒီလိုနဲ့ အိမ်ရှေ့စံတစ်ယောက် မျိုးရိုးလိုက်ရောဂါခံစားနေရတာကို သိလိုက်ရတဲ့အခါ.....အိမ်ရှေ့စံနေရာကိုလုချင်တဲ့နေတဲ့သူတွေနဲ့ ရှုပ်ထွေးလှတဲ့ နန်းတွင်းအရှုပ်တော်ပုံတွေကြား သားတော်တွေကို ဘယ်လိုပြုပြင်ပြောင်းလဲပေးမှာလဲ ဒုက္ခမိုးတွေကြားကနေ ထီးသဖွယ် အကာအကွယ်ပေးမဲ့ မိခင်တစ်ဦးရဲ့မေတ္တာကိုဖော်ပြထားတဲ့ ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ် အပတ်စဥ် Sat Sun တိုင်းတင်ဆက်သွားမှာဖြစ်ပြီး စုစုပေါင်း အပိုင်း ၁၆ပိုင်းထုတ်လွှင့်သွားမှာဖြစ်ပါတယ်File Size – 960MB / 500MBQuality – 1080p NF WEB ...
9
TMDb: 9/10 1 votes
tv

The Queen’s Umbrella (2022)

2022
Love Is for Suckers (2022)
Love Is for Suckers (2022) Love is for Suckers (2022)အနှစ် ၂၀ ကျော် သူငယ်ချင်း၊ မိသားစုလို နေလာခဲ့ပြီးမှ Dating Show ကြောင့် ခံစားချက်တွေက သူငယ်ချင်းမဖြစ်နိုင်တော့တဲ့အခါမှာ....ဂူယောရွန်းက ၁၀ နှစ်ကျော်အောင် Program PD အဖြစ်လုပ်ခဲ့ရာက အစီအစဉ်တွေ အကုန်အဆင်မပြေတော့ဘဲ ဖျက်သိမ်းလိုက်ရပြီးတဲ့နောက် Dating Show ကိုအားသွန်ခွန်စိုက်ကို ပြင်ဆင်ပါတော့တယ်ဘတ်ဂျယ်ဟွန်းကတော့ အချစ်ကိုရှာဖွေနေတဲ့ လူပျိုကြီးဖြစ်ပြီး သူငယ်ချင်းဖြစ်တဲ့ ဂူယောရွန်းကိုကူညီဖို့ Dating Show ကိုဝင်ရိုက်လိုက်ပါတယ် အဲလိုနဲ့ PD နဲ့ cast အဖွဲ့ဝင်ဖြစ်ပေမဲ့ သူငယ်ချင်းကနေ တစ်ဆင့်တက်ကြမှာကို စောင်ကိုက်ပြီးကြည့်ရဦးမှာပါပါဝင်တဲ့သရုပ်ဆောင်တွေကတော့ Super Junior အဖွဲ့က Choi SiWon နဲ့ Lee Da Hee တို့ဖြစ်လို့ ကိုကိုလား မမလား လမ်းပျောက်စေမယ့် ဇာတ်လမ်းဆိုလည်းမမှားပါဘူးနော်စုစုပေါင်း ၁၆ ပိုင်း ထုတ်လွှင့်သွားမှာ ဖြစ်ပြီးတော့ အပတ်စဉ် ဗုဒ္ဓဟူးနေ့ နဲ့ ကြာသပတေးနေ့များမှာ တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။အညွှန်းကိုတော့ Joyz က ...

Love Is for Suckers (2022)

2022
A Friend of the Family (2022) Complete 9.1
A Friend of the Family (2022) Complete A Friend of the Family (2022) Completed Limited Series ~ IMDb - 7.4/10, Rotten Tomatoes - 91% ~ Peacock ရဲ့ Rotten Tomatoes - 91% အထိရထားတဲ့ Limited စီးရီးအသစ်ပါ။ အစအဆုံးကြည့်ဖို့အတွက် ၇နာရီ၅၃မိနစ်ပဲ ကြာမြင့်မှာမို့ အချိန်သိပ်မပေးရဘဲ ကောင်းကောင်းကြည့်လို့ရမယ့် ဖြစ်ရပ်မှန် မှုခင်းရုပ်ရှင်အမျိုးအစားပါပဲ။ ရုပ်ရှင်တွေ မယ်မယ်ရရ မရိုက်ဖြစ်သေးပေမဲ့ စီးရီးလောကမှာတော့ တော်တော်ခရီးပေါက်နေပြီဖြစ်တဲ့ Tom Hanks ရဲ့သား Colin Hanks ရဲ့ကားအသစ်မို့ ဦးလေးတွမ်ရဲ့ ပရိသတ်တွေလည်း သဘောကျလောက်မယ့် မီနီစီးရီးပါပဲ။ ၁၉၇၀ ခုနှစ်ကာလ အမေရိကန်နိုင်ငံမှာ "ဘရိုဘာ့ဂ်" ဆိုတဲ့ မိသားစုတစ်ခု ကြုံတွေ့ခဲ့ရတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ်အ‌ကြောင်းပါပဲ။ ဒီမိသားစုမှာ ဂျန်နီ ခယ်ရန် ဆူဇန် ဆိုတဲ့ သမီးလေး ...
9.1
TMDb: 9.1/10 2 votes
tv

A Friend of the Family (2022) Complete

2022
From Scratch (2022) Complete 8
From Scratch (2022) Complete From Scratch (2022) Completed Limited Series ~ IMDb - 7.9/10, Rotten Tomatoes - 92% ~ ဒီနှစ်ထဲမှာပဲ Netflix ကတင်ဆက်လိုက်တဲ့ ဒရာမာစီးရီးသစ်ဖြစ်ပြီး နယူးယောက်တိုင်းမ်ရဲ့ရောင်းအားအကောင်းဆုံး ဖြစ်ရပ်မှန်ဝတ္ထုတစ်ပုဒ်ကို ပြန်လည်အသက်သွင်းထားတာပါ။ IMDb 7.9/10 နဲ့ Rotten Tomatoes က 92% တောင်ပေးထားတဲ့အတွက် အကောင်းဆုံးမဟုတ်ရင်တောင် သာမန်ထက်အများကြီးပိုတဲ့အနေအထားတစ်ခုရှိတယ်ဆိုတာ ပြောစရာလိုမယ်မထင်ပါဘူး။ အဓိကဇာတ်ဆောင်မင်းသမီးအနေနဲ့ အားလုံးရင်းနှီးပြီးသားဖြစ်တဲ့ Guardians of the Galaxy ထဲက Gamora အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Zoe Saldaña ကပါဝင်အားဖြည့်ထားပါတယ်။ ဇာတ်လမ်းလေးအကြောင်းကတော့ အီတလီမြေမှာ အနုပညာလေ့လာဖို့ရောက်လာခဲ့တဲ့ ဥပဒေကျောင်းသူလေး အေမီတစ်ယောက် ဖလောရင့်စ်မှာတွေ့တဲ့ စားဖိုမှူးလေးနဲ့ ဘယ်လိုတွေငြိပြီး ဘာတွေဆက်ဖြစ်မလဲဆိုတာပါပဲ။ ဒီထက်ပိုပြောရရင် Spoiler ဖြစ်မှာမို့ဒီလောက်ပဲပြောပါ့မယ်။ ထူးခြားချက်ကိုပြောရမယ်ဆိုရင် အီတလီမှာရိုက်ထားတဲ့ဇာတ်ဝင်ခန်းတွေက ချက်ချင်းသွားလည်ပစ်ချင်လောက်အောင် တော်တော်လေးကိုမိုက်ပါတယ်။ ဖြစ်ရပ်မှန်ကိုအခြေခံထားတာကြောင့် သာမန်ထက်အများကြီးထူးကဲဖောက်ထွက်နေတဲ့ အချစ်ဇာတ်လမ်းမျိုးမဟုတ်သလို ...
8
TMDb: 8/10 83 votes
tv

From Scratch (2022) Complete

2022
Lighter and Princess (2022)
Lighter and Princess (2022) ❏ ခပ်ဆိုးဆိုး/ခပ်မိုက်မိုက်ကောင်လေး - လီရွှင် နဲ့❏ စာတော်တဲ့ တက္ကသိုလ်ကျောင်းသူလေး - ကျူးယွင့် တိုရဲ့အချစ် အမုန်း ဆုံးရှုးမှုတွေ ပေးဆပ်မှုတွေ ကြားထဲမှပေါက်ဖွားလာမဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်...!တက္ကသိုလ်ကျောင်းသူဘဝကိုပထမဆုံးခြေလှမ်းခါစပြုနေတဲ့ ကျူးယွင့်ဟာခပ်ဆိုးဆိုးကောင်လေး လီရွှင်နဲ့ တွေ့ဆုံခဲ့ပြီးသူမရဲ့ဘဝဟာ ဇောက်ထိုးမိုးမျှော်ဖြစ်ခဲ့ရပါတော့တယ်ဘာကိုမှမသိနားမလည် ပိုက်ဆံဖြုန်းဖိုသာသိတဲ့သူဌေးသားတစ်ယောက်လို ကျူးယွင့်ရဲ့ အထင်မှားခြင်းကိုခံထားရတဲ့ "သူ" ဟာ တကယ်တမ်းတော့Programming ပိုင်းမှာ တစ်ဖက်ကမ်းခပ်ကျွမ်းကျင်တဲ့ပညာရှင်လေးတစ်ဦးဖြစ်နေခဲ့ပါတယ် နှစ်ယောက်သားဟာအကြိမ်ပေါင်းများစွာ တွေ့ဆုံပြီးတဲ့နောက်မှာတော့တစ်ဦးနဲ့ တစ်ဦး လေးနက်မှူတွေ/တန်ဖိုးထားမှုတွေဖြစ်ပေါ်လိုလာခဲ့ပါတယ် ကျူးယွင့်အခက်အခဲတွေနဲ့ရင်ဆိုင်ကြုံတွေ့ရတဲ့ အချိန်မှာလဲ လီရွှင်ဟာသူမရှေ့ကနေပြီး မားမားမက်မက် ရပ်တည်ကာကွယ်ပေးခဲ့ပါတယ်ဒီလိုနဲ့ နှစ်ယောက်သားရဲ့ ရိုးရှင်းတဲ့ဆက်ဆံရေးကြားမှာချစ်ခြင်းမေတ္တာတွေ တစ်ဖြည်းဖြည်းပေါက်ဖွားလာခဲ့ပြီးတော့မိသားစုအခြေအနေ ကွာခြားမှုတွေကိုတောင် ဂရုမပြုပဲသတ္တိရှိရှိနဲ့ ရှေ့ဆက်လျှောက်လှမ်းခဲ့ပါတယ်ဒါပေမဲ့လို သူတိုနှစ်ဦးရဲ့ အချစ်ရေးလမ်းကြောင်းဟာဖြောင့်ဖြူးဖိုအတွက် ကံပါမလာခဲ့ပါဘူးကံကြမ္မာရဲ့အလှည့်အပြောင်းတွေကံကြမ္မာရဲ့မျက်နှာသာမပေးမှုတွေကြောင့်လီရွှင်ရဲ့အစ်မဖြစ်သူဟာ မသမာသူတစ်ဦးကြောင့်ကားတိုက်မှုမတော်တဆဖြစ်ပွားခဲ့ပြီး အစ်မဇောနဲ့စိတ်မထိန်းနိုင်တဲ့ လီရွှင်ဟာ တရားခံဖြစ်သူကိုထိခိုက်မှုဖြစ်စေခဲ့တာကြောင့်ထောင်ဒဏ်ချမှတ်ခံလိုက်ရတဲ့အချိန်မှာတော့...?❐ သူတိုနှစ်ဦးရဲ့ အချစ်ဇာတ်လမ်းလေးဟာ ဘယ်လိုဆက်ဖြစ်သွားမှာလဲ ?❐ ကြုံလာတဲ့ အခက်အခဲတွေကိုရော သူတိုနှစ်ဦး ရင်ဆိုင်ကျော်ဖြတ်နိုင်ပါ့မလား ?❐ သူတိုအပေါ် မသမာခဲ့တဲ့ ...

Lighter and Princess (2022)

2022
Unexpected Falling (2022)
Unexpected Falling (2022) ဟယ်လို ဟယ်လို ~~~ The Confidence (2020) က ဖုရှန်ရှင်း(Peng Guan Ying)နဲ့ဟယ်ယန်(Elvira Cai) တို ၂ ယောက် Unexpected Falling (2022) မှာပြန်ဆုံပြီပေါ့ကွယ် သူတိုရဲ့ ၂၀၂၀ က ill fated destiny က၂၀၂၂ မှာလည်း ဆက်လိုက်လိုလာပြန်တယ်Unexpected Falling (2022) ဇာတ်လမ်းထဲမှာရွမ်ကျန်းကျန်း (Elvira Cai)ဟာကောင်းကျွင်း(Peng Guan Ying)နဲ့ မဆုံခင်တည်းကအိမ်ထောင်သည်အမျိုးသမီးဖြစ်နေလိုပါပဲ...ဇာတ်လမ်း အကျဉ်းလေးက ဒီလိုပေါ့နော်ရွမ်ကျန်းကျန်းဟာသူ့ရဲ့ ငွေကြေးပညာရှင် အမျိုးသားရဲ့ ကာကွယ်မှုအောက်မှာအပူပင်းကင်းတဲ့ ရိုးရှင်းသောဘဝကို ဖြတ်သန်းနေခဲ့ရာကနေသူ့ခင်ပွန်းရဲ့ ရုတ်တရက် သေဆုံးမှုနဲ့အတူ သူ့ဘဝလေးလည်းကမောက်ကမဖြစ်ပြီး မုန်တိုင်းထန်ခဲ့တာပေါ့...ဘာလိုလဲဆိုတော့ ရုတ်တရက်ကြီး သူဟာငွေပမာဏအများကြီး အကြွေးတင်သွားခဲ့တာနဲ့အတူဒီငွေကို ပြန်ဆပ်ဖို အင်အားလည်း မရှိသူဖြစ်နေလိုပေါ့...ဒီအချိန်မှာ ရှေ့နေ ကောင်းကျွင်းဟာ သူ့ဘဝထဲရောက်လာခဲ့တယ်...ရွမ်ကျန်းကျန်းကို တတ်နိုင်သမျှ ကူညီပေးရာကနေcp fan တွေမျှော်လင့်သလို အချိုဇာတ်သိမ်းလေးလာမလား...အရင်The Confidence ...

Unexpected Falling (2022)

2022
First Love (2022) 9.143
First Love (2022) First Love (2022) °°°°°°°°°°°°°°°°°°°°° 'အချစ်ဦး' တဲ့ အချစ်ဦး ဆိုတာကို ဘယ်လို ခံယူထားကြလဲ။ ကိုယ့်အနေနဲ့ ပြောရရင်တော့ အချစ်ဦးဆိုတဲ့ ဖြစ်တည်မှုဟာ သိပ်ကိုအံ့သြဖို့ကောင်းတယ်။ ဘဝမှာ ပထမဆုံးအနေနဲ့ အချစ်ဆိုတာကို သင်ကြားပေးခဲ့သူ၊ ရင်ထဲမှာ လိပ်ပြာတွေပျံနေသလို ရွစိရွစိနဲ့ ထိုင်ရမလို ထရမလို ခံစားချက်မျိုးဖြစ်အောင် ပြုစားနိုင်သူလို့ ထင်တာပဲ။အဲဒီ အချစ်ဦးအကြောင်း ရေးဖွဲ့ထားတဲ့ သီချင်းတွေ တစ်ပုံကြီး ရှိတဲ့အထဲကမှ ဇာတ်လမ်းတွဲကို စိတ်ကူးပုံပေါ်လာစေတာကတော့ ဂျပန်-အမေရိကန်ကပြားအဆိုတော်မလေး ဟိခါရု အုတဒရဲ့ ၁၉၉၉ ခုနှစ်မှာ ထွက်ခဲ့တဲ့ 初恋 (First Love) ဆိုတဲ့ သီချင်းလေးပါပဲ။ဟိခါရုဟာ ဒီသီချင်းကို ရေးပြီး အသံသွင်းခဲ့တဲ့အချိန်ကဆို အရွယ်အားဖြင့် ၁၅ နှစ်သာ ရှိပါသေးသတဲ့။ သစ်ရွက်လှုပ်ရင်တောင် ရင်ခုန်တတ်တဲ့ မြီးကောင်ပေါက်စအရွယ် အပျိုဖြန်းမလေးရဲ့ အချစ်ဦးဆိုတာကို လှလှပပ၊ ဆွေးဆွေးမြေ့မြေ့နဲ့ ပုံဖော်ထားခဲ့တဲ့၊ အောင်မြင်မှုတွေ အများကြီးရခဲ့တဲ့ သီချင်းလေးပေါ့။မြန်မာပရိသတ်တွေကတော့ မူရင်းဂျပန်သီချင်းကို နားမထောင်ဖူးရင်တောင် ဆုန်သင်းပါရ် ပြန်ဆိုထားတဲ့♪သိပ်ချစ်ဖူးခဲ့မိတာ မင်းတစ်ယောက်တည်း ရှိတာပါ♪ ♪တစ်သက်တာ မင်းရဲ့ရင်မှာ ...
9.143
TMDb: 9.143/10 7 votes
tv

First Love (2022)

2022
The Suspect (2022) 7.5
The Suspect (2022) The Suspect (2022)အခုတလောမှ ထွက်ရှိလာတဲ့ ဇာတ်လမ်းတွဲ ကောင်းကောင်းတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းဇာတ်အိမ် ကောင်းမွန်သလို IMDb Rating 6.6, Rotten Tomatoes 62% အထိ ရရှိထားပါတယ်။ စုံထောက်ဇာတ်လမ်းတွေ၊ လျှို့ဝှက်သည်းဖိုမှုခင်း ဇာတ်လမ်းတွေ ကြိုက်သူတွေအဖို့ ရေငတ်တုန်း ရေတွင်းထဲ ကျသလိုပါပဲ။ အပိုင်းကလည်း ၅ ပိုင်းတည်း ပါတာမို့ အချိန်လည်း အများကြီးပေးစရာမလိုပါဘူး။ ဒေါက်တာ ဂျိုး အိုလော့ကလင်းဟာ အောင်မြင်တဲ့ စိတ်ရောဂါကုဆရာဝန် တစ်ယောက်ပါ။ စာအုပ်တွေလည်း ရောင်းရသလို၊ မီဒီယာတွေမှာလည်း ဖော်ပြခြင်းခံရတဲ့ ကုသရာမှာ နာမည်ကြီးသူပါ။ ကောင်လေးတစ်ယောက် အဆောက်အဦးပေါ်က ခုန်ချသတ်သေဖို့ လုပ်တာကို တားဆီးပေးနိုင်ခဲ့လို့ ပိုပြီး နာမည်ကြီးလာခဲ့ပါတယ်။ တစ်နေ့မှာ ရဲတွေက သုသာန်မှာ အမျိုးသမီးတစ်ယောက်ရဲ့ အလောင်းကို စွန့်ပစ်ထားတာကို တွေ့ခဲ့ပါတယ်။ အဲဒီအမျိုးသမီးကို ဓားနဲ့ ၂၁ ချက် ထိုးသတ်ပြီး စွန့်ပစ်ထားခဲ့တာပါ။ စုံထောက် ဒေဗီလည်း လိုက်စုံစမ်းရင်း ဂျိုး နဲ့တွေ့ကာ သရုပ်ခွဲသူလုပ်ပေးဖို့ ခေါ်ခဲ့ပါတယ်။ နံပါတ် ...
7.5
TMDb: 7.5/10 10 votes
tv

The Suspect (2022)

2022
The Final Score (2022)
The Final Score (2022) The Final Score (2022)ကမ္ဘာ့ဖလားပြိုင်ပွဲစတင်ဖို့ နီးကပ်လာပြီဖြစ်လို့ ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ ပတ်သက်တဲ့သမိုင်းတ​လျောက် နှ​မြောစရာ​အ​ကောင်းဆုံး ​ကြေကွဲဖို့ အ​ကောင်းဆုံးဖြစ်ရပ်တစ်ခုအ​ကြောင်း ဖြစ်ရပ်မှန်ကိုရိုက်ကူးထားတဲ့ Netflix စီးရီးတစ်ခုကို တင်ဆက်​ပေးလိုက်ပါတယ်။၁၉၉၄ခုနှစ် အ​မေရိကန်ပြည်​ထောင်စုမှာ ကျင်းပခဲ့တဲ့ကမ္ဘာ့ဖလားမှာ ကိုလံဘီယာ လက်​ရွေးစင်အသင်းဟာ ​ခြေစစ်ပွဲ​တွေမှာ ရလဒ်​​တွေ ​ကောင်းခဲ့သလို ကိုလံဘီယာသား​တွေကလည်း ဖလားမှန်းတဲ့အထိကို ​​မျှော်လင့်ချက်​တွေ ကြီးခဲ့ကြတာပါ။ ဒါ​ပေမဲ့ တကယ်တမ်း ပြိုင်ပွဲမှာ အုပ်စုတက်​ရေး အဆုံးအဖြတ်အဖြစ် အိမ်ရှင်အ​မေရိကန်အသင်းနဲ့ ရင်ဆိုင်ကစားခဲ့ရပါတယ်။ သ​ရေကျရင်​တောင် အုပ်စုကတက်နိုင်တဲ့ အခွင့်အ​ရေးရှိခဲ့​ပေမယ့် ထိုပွဲစဉ်မှာ အ​မေရိကန်အသင်းကို ၂ - ၁ဂိုးနဲ့ အ​ရေးနိမ့်သွားခဲ့ပါတယ်။ ရှုံးချက်နာတာက အသင်းရှုံးစေခဲ့တဲ့ ဂိုးကို ကိုလံဘီယာ​နောက်ခံလူ အန်ဒ​ရေ​အက်စ်ကိုဘားက Own goalအဖြစ် သွင်းယူခဲ့မိတာပါ။ဒီဂိုး​ကြောင့် ကိုလံဘီယာသား​တွေရဲ့ ​မျှော်လင့်ချက်​တွေ ​ရေစုန်​မျော သွားသလို အက်စ်ကိုဘားအ​ပေါ် အမြင်မကြည်လင်သူ​တွေ များစွာ ရှိခဲ့တာပါ။ ဒါ​ပေမဲ့ ထိုကိစ္စကပဲ သူ့အသက်ကို ဇီဝိန်ချုပ်သွားမယ်လို့ အက်စ်ကိုဘား​ရော ကိုလံဘီယာသား​တွေရော ထင်ခဲ့မှာမဟုတ်ပါဘူး ၁၉၉၄ဇူလိုင်၂ရက် မနက်​အ​စောပိုင်းမှာ ဇာတိမြို့ မယ်ဒလင်းမှာရှိတဲ့ ဘားတစ်ခုက ထွက်လာတဲ့ အက်စ်ကိုဘားကို လူတစ်စုက ​သေနတ်နဲ့ ၁၂ချက်တိတိ ပစ်ခတ်သတ်ဖြတ်သွားခဲ့ပါတယ်။လူသတ်သမားလို့ ယူဆရသူဟာ ထို​ခေတ်က ကိုလံဘီယာရဲ့ထိပ်သီး မူးယစ်ရာဇာ​တွေရဲ့ ...

The Final Score (2022)

2022
Modern Love: Hyderabad (2022) Complete 5
Modern Love: Hyderabad (2022) Complete ဒီစီးရီးလေးကတော့ အပိုင်းတစ်ပိုင်းကို ဇာတ်လမ်းတစ်ခုစီနဲ့ မေတ္တာရဲ့သဘောတရားကို ဖွဲ့ကျူးထားတဲ့ အပိုင်း (၆) ပိုင်းပါ စီးရီးလေးတစ်ခုပဲဖြစ်ပါတယ်အချစ်နဲ့ မေတ္တာမြစ်ဖျားခဲ့ပြီး ဖြစ်ပေါ်လာတဲ့ ပေးဆပ်မှုတွေ အနစ်နာခံမှုတွေနဲ့ ကြည်နူးမှု လွမ်းဆွေးမှုတွေကို ဇာတ်လမ်းတစ်ပုဒ်ချင်းစီမှာ ထိထိမိမိနဲ့ ရိုက်ကူးတင်ဆက်ထားတာဖြစ်လို့ဆွတ်ပျံ့ကြည်နူးဖွယ် အေးချမ်းတဲ့အရသာကို ခံစားချင်တဲ့ ဒရမ်မာကြိုက်သူတွေအနေနဲ့ ဒီစီးရီးလေးကို ကြည့်ကြည့်ဖို့ အခုလိုပဲ အကြံပြုံလိုက်ရပါတယ်Quality :1080p / 720pTotal Episodes : 6EpsFormat : mp4Genres :Comedy , DramaDuration : 43minsSubtitle : Myanmar Subtitle ( Hardsub )Translated by Sora ~ Yunni ~ Poe ~ OeliuJEncoded by YK 720p ===== Episode 1 - Yoteshin / Userdrive / Megaup / Meganz Episode 2 - Yoteshin / Userdrive / Megaup ...
5
TMDb: 5/10 2 votes
tv

Modern Love: Hyderabad (2022) Complete

2022
Lipgloss Spy ( 2022)
Lipgloss Spy ( 2022) ထီရာဖတ် အဖြစ် Boy Pakorn နူလီ ပရာလီ အဖြစ် Namtarn Pichukkana ဝရကွန် အဖြစ် Punjan Parma ဖွန် အဖြစ် Prang Kannarunဇာတ်လမ်းအကျဉ်းနူလီက ကုမ္ပဏီကြီးတစ်ခုရဲ့ စာရင်းကိုင်တစ်ဦးဖြစ်တဲ့အပြင် beauty blogger အလုပ်ကိုလည်း လုပ်ကိုင်နေသူ ဖြစ်ပါတယ်နေမကောင်းဖြစ်နေတဲ့ အမေ့ကို ကုသနိုင်ဖို့ ပိုက်ဆံလိုအပ်နေပြီး youtube မှာ video တင်ရင်း နာမည်ကြီးဖို့ ကြိုးစားနေသူ တစ်ယောက်ပေါ့ထီရာဖတ်ကတော့ အရင်က ရဲဝန်ထမ်းဟောင်းတစ်ဦးဖြစ်ပြီး မူးယစ်ရာဇာတစ်ဦးဖြစ်တဲ့ ပါရကန်ကြောင့် ညီမဖြစ်သူ ဆုံးပါးရပြီးနောက် ပါရကန်ကို ဖမ်းနိုင်ဖို့ စုံထောက်လုပ်နေခဲ့ပါတယ်တစ်ရက် နူလီရဲ့ video အတိုင်း ကလေးတစ်ယောက် လိုက်လုပ်ရင်း ထိခိုက်မိရာကစပြီး အပြစ်တင်ကြရင်း အလုပ်ပြုတ်ခဲ့ရသလို တခြားအလုပ်သစ်လည်း ရှာမရတော့တဲ့ နူလီဟာ ရဲအရာရှိဖြစ်သူ သူငယ်ချင်း ဝရကွန် အကူအညီနဲ့ သူလျှိုတစ်ဦးဖြစ်လာပါတော့တယ်ညီမဖြစ်သူအတွက် လက်စားချေချင်နေတဲ့ ထီရာဖတ်နဲ့ ...

Lipgloss Spy ( 2022)

2022
The Sex Lives of College Girls – Season 02 (2022) 7.8
The Sex Lives of College Girls – Season 02 (2022) The Sex Lives of College Girls - Season 02 (2022) ================================== IMDb Rating - 7.8/10ဒေါက်ဒေါက် .... အက္ကဆက်ကောလိပ်က စော်ကြီးလေးယောက်ရဲ့ တံခါးခေါက်သံပါ .... ဘဲတွေကို နည်းမျိုးစုံ အကြံထုတ်ပြီး ဝိုက်မယ့် စားစော်ကြီးလေးယောက် ဆိုလည်း မမှားပါဘူး။ နယ်အသီးသီးက ရောက်လာပြီး စရိုက်မတူ အမူ အကျင့်တွေ မတူကြတဲ့ ဒီအမျိုးသမီးငယ် လေးယောက်ကို မှတ်မိကြဦး မယ်ထင်ပါတယ်။သူတိုကတော့ ကင်ဘာလီ၊လိတ်တန်၊ဘယ်လာနဲ့ ၀စ်နီတို့ပဲ ဖြစ်ပါတယ်။ တစ်ယောက်က စာဂျပိုး တဂျိန်းဂျိန်း တစ်ယောက်က ဂေး တဂျိန်းဂျိန်း တစ်ယောက်က စာရေးဆရာရူး တဂျိန်းဂျိန်း တစ်ယောက်က ဘောသမ တဂျိန်းဂျိန်း လေးယောက်သား စရိုက်မတူပေမယ့် အဂျိန်းကြိုက်တာချင်းတော့ တူတယ်။ သူငယ်ချင်းများဆိုသည်မှာလဲ တူတာလေးရှိမှ ပေါင်းဖြစ်သည်မဟုတ်လား။ဇာတ်လမ်းကို စပွိုင်လိုက်ဖို့ရာကျ နှမြောဖို့ကောင်းတယ်လို့ မြင်မိပါတယ်။ ဒီတော့ ခြုံငုံပြောရမယ်ဆိုရင်တော့ ... ကောလိပ်ကျောင်းသားတို့ရဲ့ ဂယက် တစ်သိန်းဘ၀တွေကို ဒီလေးယောက်ရဲ့ ဘ၀နဲ့ မီးမောင်းထိုးပြထားပါတယ်။ ဒီကားကြည့်ရင်း တစ်ခါက တက္ကသိုလ်ကျောင်းသားဘ၀ကိုလည်း အောက်မေ့ နိုင်မှာဖြစ်ပါတယ်။ ကုတင်ပေါ်က ...
7.8
TMDb: 7.8/10 17000 votes
tv

The Sex Lives of College Girls – Season 02 (2022)

2022
Limitless with Chris Hemsworth (2022)
Limitless with Chris Hemsworth (2022) Limitless with Chris Hemsworth (2022) ============================= IMDb Rating - 8.1/10ဒီရက်ပိုင်း Hit ဖြစ်နေတဲ့ သတင်းတစ်ခုကတော့ MCUရဲ့ Thor အဖြစ်သရုပ်ဆောင်တဲ့ Chris Hemsworthရဲ့ ဒီရက်ပိုင်း Hit ဖြစ်နေတဲ့ သတင်းတစ်ခုကိုတော့ ကြားဖူးထား လောက်ပြီထင်ပါတယ်။ ဟုတ်ပါတယ် သူ့ရဲ့မျိုးရိုးလိုက်တတ်တဲ့ အယ်လ်ဇိုင်းမားရောဂါအကြောင်း သိရှိပြီးတဲ့နောက်မျာတော့ ရုပ်ရှင် ရိုက်ကူးမှုတွေ ရပ်နားထားမှာဖြစ်ပြီး ဘယ်အချိန်မှာ ပြန်ရိုက်ကူး ဖြစ်မလဲတော့ အတိအကျ ပြောဆိုထားခြင်း မရှိသေးပါဘူး။ သူက Avengers ရိုက်ကူးနေစဉ်ကာလကတည်းက စိတ်ဖိစီးမှု ဒဏ်တွေ အများအပြားခံစားခဲ့ရပြီး သူ့ရဲ့ စားသောက်နေထိုင်မှု ပုံစံတွေကိုပါပြောင်းလဲပစ်ခဲ့ရသူပါ။ဒီ documentary မှာတော့ Chris Hemsworth ရဲ့ လက်ရှိကြုံ တွေ့နေရတဲ့ စိတ်ဖိစီးမှုတွေကို တွန်းလှန်သွားနိုင်မဲ့ အပြင်းစား စိန်ခေါ်မှုကြီးခြောက်ခုကို လုပ်ဆောင်ပြသွားမှာဖြစ်ပါတယ်။စိတ်ဖိစီးမှုဒဏ်ကို တွန်းလှန်နိုင်ဖို့က အဲဒီလို စိတ်ဖိစီးမှုကို ဖြစ်စေတဲ့ အရာတွေနဲ့ ထိပ်တိုက်ရင်ဆိုင်ပစ်လိုက်ခြင်းဖြစ်တယ်ဆိုတဲ့ အဆိုအရ သူအရမ်းကြောက်တဲ့ သူမလုပ်နိုင်လောက်ဘူးလို့ ထင်တဲ့ စိန်ခေါ်မှု အကြီးစားတွေကို လုပ်ဆောင်ရင်း သူ့ရဲ့အတွေ့အကြုံတွေကို မျှဝေ ပေးသွားမှာမျိုးပါ။သူနဲ့အတူတူ သူ့ရဲ့ညီအစ်ကိုရင်းချာတွေဖြစ်တဲ့ မင်းသား Liam ...

Limitless with Chris Hemsworth (2022)

2022
Please Send a Fan Letter (2022)
Please Send a Fan Letter (2022) Please send me a fan letter (2022) (အညွှန်း) =================================ဒီနေ့မနက်တော့ တောင်ကိုရီးယားရဲ့ထိပ်တန်းစတား Han Kang Hee ဆီကို fan letter လေးတွေပို့ကြရအောင် ..Idol, Variety Show, Drama & Movie ဘက်ပေါင်းစုံမှာထူးချွန်တဲ့ မမ Choi Soo Young ရဲ့ နောက်ထပ်အသစ်စက်စက် Romcom drama လေးပဲဖြစ်ပါတယ်။ငယ်စဉ်ကလေးဘဝတည်းက အနုပညာလောကထဲကိုဝင်လာခဲ့ပြီး လက်ရှိတောင်ကိုရီးယားရုပ်ရှင်လောကရဲ့ထိပ်တန်းစတား .. Han Kang Hee. အားလုံးသိကြတဲ့အတိုင်းအနုပညာရှင်တွေဆိုတာ အဝေဖန်ခံရဆုံးသူတွေပဲမို့ Han Kang Hee ကိုလည်း မျက်စိဒေါက်ထောက်ကြည့်ပြီးဝေဖန်နေတဲ့သူတွေတစ်ပုံကြီးပါ။ မုန်းကြတဲ့သူတွေရှိသလို ချစ်ကြတဲ့သူတွေလည်းရှိတာမို့ Bang Jung Seok (Yoon Park) ရဲ့သမီးလေး Bang Yu Na က Han Kang Hee ရဲ့ အမာခံပရိသတ်တွေထဲကတစ်ယောက်ပေါ့။ဒီလိုနဲ့တစ်နေ့မှာ ကျန်းမာရေးမကောင်းဖြစ်နေရှာတဲ့ သမီးလေးရဲ့ဆန္ဒကိုဖြည့်ဆည်းပေးတဲ့အနေနဲ့ Bang Jung Seok တစ်ယောက် Han ...

Please Send a Fan Letter (2022)

2022
The Calling (2022) 8.5
The Calling (2022) အာဗရာဟမ် အာဗရာဟမ်က နယူးယောက်ရဲဌာနရဲ့ အတော်ဆုံး စုံထောက်။ ဘာသာတရားကိုင်းရှိုင်းတဲ့ ဂျူးဘာသာဝင်တစ်‌ယောက်ဖြစ်တဲ့ သူဟာ အမှုလိုက်တဲ့နေရာမှာလည်း အလိုလိုသိစိတ်က ဖြစ်ပေါ်လာတဲ့ ခံစားချက်တွေကို အဓိကအားကိုးသူ။ လူသားဆန်မှုကို ယုံကြည်သူဖြစ်ပေမဲ့ ရဲတစ်ယောက်ဖြစ်လာပြီဆိုမှတော့ အမြဲတမ်းလိုလို ဆိုးယုတ်သူတွေနဲ့ပဲ ကြုံနေရတဲ့သူ့အတွက် မှုခင်းတွေရဲ့ ရှုပ်ထွေးမှုမြင့်မားလာတာနဲ့အမျှ သူ့အသက်အန္တရာယ်ကို ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်လာရတဲ့အခါMindhunter စီးရီးရဲ့ ဇာတ်လမ်းသွားလာပုံမျိုး နဲ့ Sherlock Holmes လို ခွကျတဲ့ ဉာဏ်ကြီးရှင်ရဲစုံထောက်တစ်ယောက်ကို ဗဟိုပြုထားတာမလို့ ကြည့်မိတာ နောင်တမရစေမဲ့ ဇာတ်လမ်းမျိုးဖြစ်ပါတယ်။Quality :1080p WEB H264 / 720pTotal Episodes :8EpsFormat : mp4Genres :Drama, CrimeDuration :46minsSubtitle : Myanmar Subtitle ( Hardsub )Translated by Nana Yuni 720p === Ep1 - Yoteshin / Userdrive / Megaup / Meganz  Ep2 - Yoteshin / ...
8.5
TMDb: 8.5/10 2 votes
tv

The Calling (2022)

2022
Wolf Like Me (2022) Season 1 7.98
Wolf Like Me (2022) Season 1 Wolf Like Me =========== ဂယ်ရီက ဇနီးသည် ကင်ဆာရောဂါနဲ့ ဆုံးပါးသွားလို့ ၁၁ နှစ်အရွယ်သမီးလေးနဲ့ ကျန်ရစ်ခဲ့တဲ့ ဆင်ဂယ်ဖားသားတဦးပါ စိတ်ပိုင်းဆိုင်ရာပြဿနာရှိလို့ စိတ်ကုဆရာဝန်နဲ့ပြနေရတဲ့ အကြောက်လွန်ရောဂါဖြစ်နေတဲ့ သမီးလေးကို အဖက်ဖက်က လိုလေသေးမရှိအောင်ထားပြီးဖခင်တာဝန်ကျေစေခဲ့ပေမယ့် သမီးလေးနဲ့ သူ့ရဲ့ကြားက ဆက်ဆံရေးကအဆင်ပြေမလာခဲ့ပါဘူး တနေ့မှာတော့ သမီးလေးကို ကျောင်းလိုက်ပို့တဲ့လမ်းမှာ သူတို့ကားကို အခြားကားတစီးက မတော်တဆဝင်တိုက်ပြီးအက်ဆီးဒင့်ဖြစ်ခဲ့ပါတယ်ဝင်တိုက်သူက မေရီဆိုတဲ့ အမျိုးသမီးတဦးဖြစ်ပြီးဒီမတော်တဆမှုကို အကြောင်းပြလို့ သူတို့ရင်းနှီးခဲ့ကြပါတယ်ဂယ်ရီနဲ့‌ မေရီတို့ မိတ်ဆွေ ထက်ပိုတဲ့ ဆက်ဆံရေးတခုကို ရောက်လာခဲ့သည့်တိုင်မေရီဟာ ဂယ်ရီရဲ့ အနားကနေ အမြဲတမ်းထွက်ပြေးနေခဲ့တယ် တညမှာတော့ဘာကြောင့် သူဒီလိုလုပ်နေတာလဲဆိုတဲ့ မေရီရဲ့ ထူးဆန်းအံ့ဩဖွယ်ရာလျှို့ဝှက်ချက်တခုကို မထင်မှတ်ဘဲ ဂယ်ရီ သိရှိသွားပါတော့တယ်။  Episodes   : 6File Size    : 544MB , 256MBQuality      :Web-DL 1080p,720PGenres      : Drama, ...
7.98
TMDb: 7.98/10 49 votes
tv

Wolf Like Me (2022) Season 1

2022
Wednesday (2022) 8.1
Wednesday (2022) Wednesday (2022) =============== IMDb Rating - 8.1/10ဒီစီးရီးကတော့ နာမည်ကျော် အဒမ်စ်မိသားစုရဲ့ထဲက သမီးဖြစ်သူ Wednesday ကို အဓိက ဇာတ်ကောင်အဖြစ်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ အဒမ်စ်မိသားစုကို ရုပ်ရှင်တွေ၊ ကာတွန်းတွေ၊ ဇာတ်လမ်း တွဲတွေထဲမှာ မြင်ဖူးသူတွေရှိမှာပါ။ စွမ်းအားကိုယ်စီနဲ့၊ ပေါက်ကရ ဂွစာတွေ၊ လူ့ကန့်လန့်တွေပါပဲ။ ရယ်လည်းရရသလို ကြောက်ဖို့လည်း ကောင်းပါတယ်။ဒီစီးရီးကို အဓိက ရိုက်ကူးသူကတော့ ဒါရိုက်တာ တင်ဘာတန်ပါပဲ။ သူ့ကိုမသိကြရင်တောင် သူရိုက်ခဲ့တဲ့ Corpse Bride,Edward Scissorhands, Frankenweenie, Sweeney Todd: The Demon Barber of Fleet Street တို့လို ထူးထူးခြားခြား ကျောချမ်းစရာဇာတ်လမ်းတွေကို သိကြမှာပါ။ ဒီစီးရီး ကလည်း သူ့လက်ရာဖြစ်နေတာရယ် ကမ္ဘာကျော် ဇာတ်ကောင်ဖြစ်နေတာရယ် ကြောင့် လူအတော်များများ စောင့်မျှော်နေကြပါပြီ။ဇာတ်လမ်းအကျဉ်း Wednesday ဟာ လူသတ်မှုနဲ့ ကျောင်းကနေ အထုတ်ခံရပြီး သင်းကွဲတွေ လူထူးဆန်းတွေချည်းပဲ တက်တဲ့ နဲဗားမောဆိုတဲ့ကျောင်းကို ရောက်သွားခဲ့ပါ တယ်။ အဲဒီကျောင်းအုပ်ဟာ သူ့ရဲ့အမေနဲ့ ကျောင်းနေဖက်ဖြစ်ခဲ့ပြီး၊ သူ့အမေနဲ့ အဖေကလည်း ဒီကျောင်းမှာပဲ တွေ့ပြီး ...
8.1
TMDb: 8.1/10 630 votes
tv

Wednesday (2022)

2022
Circuit Breakers (2022) 6.5
Circuit Breakers (2022) Circuit Breakers (2022) ================= IMDb Rating - 6.5/10Apple TV ကနေအသစ်တင်ဆက်ထားတဲ့ Sci-Fi anthology Series တစ်ခုဖြစ်ပြီး အပိုင်းခုနှစ်ပိုင်းပါဝင်မှာဖြစ်ပါတယ်။အနာဂတ်ကာလကို အခြေခံထားတဲ့ ဒီဇာတ်လမ်းတွဲအသစ်မှာ နယူတန်အလယ်တန်းကျောင်းက ကျောင်းသားလေးတွေရဲ့ မတူညီတဲ့ဘဝတွေ ၊အတွေ့အကြုံတွေနဲ့အတူ နောင်ဆယ်နှစ်ကိုအခြေခံထားတာဖြစ်တဲ့အတွက် အဲ့ဒီအချိန်ကာလကို မှန်းဆထားတဲ့ နေ့စဉ်ဘဝထဲက နည်းပညာအသစ်အဆန်းတွေ၊ ကျောင်း သားလေးတွေကိုယ်တိုင် သိပ္ပံပညာကိုလက်တွေ့စမ်းသပ်ကြပြီး သူတို့ဘဝ တွေအထိ ပါဝင်သက်ရောက်လာပုံတွေကိုပါတွေ့မြင်ရမှာပါ။anthology ဖြစ်တဲ့အတွက် အပိုင်းခုနှစ်ပိုင်းဟာ သီးခြားဇာတ်လမ်းတိုလေး တွေအနေနဲ့ဖြစ်သလို၊ ဇာတ်လမ်းတွေက ဒီအလယ်တန်းကျောင်းသားလေးတွေ သိပ္ပံပညာကိုတလွဲအသုံးချမိရာကဖြစ်ပေါ်လာတဲ့ ပြဿနာတွေကိုရင်ဆိုင် ဖြေရှင်းကြပုံဖြစ်ပြီး ကျွန်တော်တို့ငယ်စဉ်ဘဝ ဘိုဘိုနဲ့ Et တို့၊ တီထွင်ပါရဂူ ဖိုးဆိတ်ဖြူတို့ကို ပြန်သတိရချင်စရာပါ။ သူချပြသွားတဲ့ concepts တွေ ideasတွေက အတော်လေးလန်းပြီးတော့လက်ရှိဘဝနဲ့ချိန်ထိုးပြီးတွေးစရာလေး တွေလဲပေးနိုင်ဦးမှာပါ။ (ဒီစီးရီးရဲ့ အညွှန်းနဲ့ ဘာသာပြန် ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်။)File Size.............(250 MB) / (500 MB) Quality...............WEB-DL 720p / 1080p Duration............25Mins(@Episode) Subtitle..............Myanmar Hardsub Format...............MP4 Genre.................Family,Sci-Fi, Fantasy Translator..........Alias Encoder..............Zin Phyo Aung 720P (250 Mb)-----------------------------------Episode(1) - Yoteshin ...
6.5
TMDb: 6.5/10 2300 votes
tv

Circuit Breakers (2022)

2022