Channel Myanmar

2022

Pink Lie (2022)
Pink Lie (2022) Pink Lie (အညွှန်း) =============“Sweet Lie” မဟုတ်တဲ့ “Pink Lie” ပါဗျို့ ..။ Dating Show တွေကိုမှကြိုက်နှစ်သက်ပါတယ်ဆိုတဲ့ CM ပရိသတ်တို့အတွက် .. EXchange တို့ Change Days တို့နဲ့တင် အလောင်မဝနိုင်တဲ့ပရိသတ်တို့အတွက် Disney+ ကနေ “ပန်းနုရောင်မုသား” လေးကို ဖန်တီးပေးလိုက်ပြန်ပါပြီ။လူတိုင်းမှာ ကိုယ့်ပတ်ဝန်းကျင်ကလူတွေ ကိုယ်နဲ့ရင်းနှီးလွန်းပါတယ်ဆိုတဲ့သူတွေကိုတောင်ထုတ်မပြချင်တဲ့ dark side တွေ အတိတ်ဟောင်းတွေ ရှိတတ်ကြတယ်။ အဲဒီလို လူတိုင်းမသိတဲ့ကိုယ့်ရဲ့တခြားဖက်အခြမ်းကို ကိုယ်ချစ်ရတဲ့သူများသိသွားခဲ့သည်ရှိသော် ကိုယ့်ကိုလက်ခံပေးနိုင်ပါ့မလား .. ဆက်ချစ်ပေးနိုင်ပါ့မလားဆိုတဲ့ စိုးရိမ်စိတ်လေးတွေရှိဖူးကြတယ် .. ဟုတ် ??“Pink Lie” ဆိုတဲ့နာမည်အတိုင်းပဲ ဒီရှိုးမှာပါဝင်သွားမယ့် ပါဝင်သူ (၇) ယောက်လုံးက လျှို့ဝှက်ချက်ကိုယ်စီနဲ့သူတွေပါ။ သူတို့အားလုံးမှာအလိမ်အညာတစ်ခုစီထားခွင့်ရှိပြီး အဲဒီလိုအလိမ်အညာကိုလည်း လုံးဝဖော်ထုတ်ပိုင်ခွင့်မရှိပါဘူး။ အတိတ်တွေ၊ အနာဂတ်တွေအကုန်ဘေးချိတ်ထားပြီး ကိုယ့်မျက်စိရှေ့မှာမြင်နေရမယ့်သူရဲ့ ရှိရင်းစွဲပုံစံလေးကိုပဲမြင်ပါများလာရာကနေ ဘယ်သူက ဘယ်သူ့ကို ခံစားချက်တွေပိုသွားမလဲ .. နှစ်သက်ရသူဖုံးကွယ်ထားတဲ့ “ပန်းနုရောင်မုသား” ကို သိသွားတဲ့အခါမှာရော ခံစားချက်တွေပြောင်းလဲကုန်မှာလား .. “အချစ်ကပဲ မုသားကိုအနိုင်ယူသွားနိုင်မှာလား” ဆိုတာကို ...

Pink Lie (2022)

2022
Happy Ending Romance S01 (2022) [Complete]
Happy Ending Romance S01 (2022) [Complete] Happy Ending Romance S01 (2022) [အစ-အဆုံး]အပိုင်းသစ် (၇ နှင့် ၈) (ဇာတ်သိမ်းပိုင်း)(1080p ရပါပြီ)ဂျောင်ဝူဟာ အလားအလာရှိတဲ့စာရေးဆရာတစ်ယောက်ပေမယ့် အတိတ်ကပြဿနာတစ်ခုကြောင့် အချိန်ပိုင်းအလုပ်တွေလုပ်ရင်း ဇာတ်မြုပ်နေထိုင်နေရသူပါ။ ဒီလိုခက်ခဲတဲ့အချိန်အတွင်း သူ့ဘေးနားမှာရှိနေပေးတဲ့သူကတော့ အရင်းနှီးဆုံးသူငယ်ချင်းလည်းဖြစ်၊ best-selling စာရေးဆရာလည်းဖြစ်တဲ့ ဂျောင်ဟျွန်းပဲဖြစ်ပါတယ်။တစ်နေ့ အထင်ကရထုတ်ဝေသူတစ်ဦးဖြစ်တဲ့ လူငယ်စီအီးအို ဟန်ထယ်ယောင်းက ဂျောင်ဝူဆီချဥ်းကပ်လာပြီး စာပေလောကထဲပြန်ဝင်ဖို့ကြိုးစားစည်းရုံးတဲ့အခါမှာတော့ ...ဂျောင်ဝူ၊ ဂျောင်ဟျွန်းနဲ့ ထယ်ယောင်းတို့သုံးယောက်ရဲ့ ကံကြမ္မာတွေ ဘယ်လိုပတ်သက်သွားကြမလဲ? ဇာတ်ကားနာမည်အတိုင်း happy ending ဖြစ်ပါ့မလား? ဆိုတာကတော့ ကြာသပတေးနေ့တိုင်း ဒီကားလေးထဲမှာစောင့်မျှော်ကြည့်ရှုပေးပါကုန်။(အညွှန်းကိုတော့ Ei Phyu Khin က ရေးပေးထားပါတယ်)Aired: Nov 24, 2022 --  Aired On: Thursday Genres: Drama, Romance Duration: 30mins Episodes: 9 Original Network: Viki & GagaOOLala File Size: 720p(~150MB) & 1080p(~300MB) Translated ...

Happy Ending Romance S01 (2022) [Complete]

2022
Wild Bloom (2022)
Wild Bloom (2022) ီတစ်ခေါက်မှာတော့ ကျွန်မတို ယင်းပေါင်တစ်ယောက်ရှင့်ဖူ အပြီးမှာ ၁၉၉၀ ဝန်းကျင်ကရွှီသူဌေးမအနေနဲ့ ရောက်လာပါပြီ...ဒီကားလေက ၁၉၉၀ ဝန်းကျင်ကာလမှာရွှပန့်ရှ ဆိုတဲ့ အမျိုးသမီးဟာအမျိုးသားတွေနဲ့ ရင်ဘောင်တန်းပြီးအမျိုးသားတွေကြီးစိုးနေတဲ့ ဆောက်လုပ်ရေးလောကမှာနေရာတစ်ခုရအောင်ကြိုးစားခဲ့တဲ့ အကြောင်းလေးပေါ့...ရွှီပန့်ရှဟာဆိုရင် သူ့မွေးချိန်မှာပဲ မိခင်ဟာ မီးတွင်းတည်းဆုံးခဲ့ပြီးဖခင်ဟာလည်း ဂရုမစိုက် ပစ်ထားခံရသူလေးမိုအချစ်ငတ်နေသူလေးပေါ့...ရွှီပန့်ရှက ဒီလို ခက်ခက်ခဲခဲ ကြီးပြင်းလာပေမယ့်လည်းအခက်ခဲကြုံရင် လာမယ့်ဘေး ပြေးတွေ့တတ်သူလေးတစ်ယောက်ပေါ့...ရွှီပန့်ရှမှာ ရှောင်ချန်နဲ့ ထုံရှောင်းချီဆိုတဲ့ သူငယ်ချင်းကောင်း ၂ ယောက်သူဝင်ဖိုကြိုးစားနေတဲ့ ဆောက်လုပ်ရေးလောကထဲကလူတွေပေါ့...ရွှပန့်ရှဟာ သူ့ရဲ့ မလျှော့သော စိတ်ဓာတ်ကို အရင်းခံပြီးအခက်ခဲတွေကို ထိပ်တိုက်ရင်ဆိုင်ပြီးသေဘေးတောင်မကြောက် ဆက်ကြိုးစားခဲ့တာကြောင့်နိုင်ငံတကာ ပိုကုန်လုပ်ငန်းအထိ ဖွင့်နိုင်ခဲ့တယ်...ဒီလိုနဲ့ အဆုံးသတ်မှာ ရွှပန့်ရှတစ်ယောက်သူလိုချင်တဲ့ ဆောက်လုပ်ရေး ဈေးကွက်ထဲက နေရာတစ်ခုအပြင်သူတောင့်တနေခဲ့တဲ့ အချစ်လည်း ရှာဖွေတွေ့ခဲ့လေသတည်းပေါ့...ဒီကားလေးကလည်း ရှင့်ဖူလိုပဲ အချစ်ရေးကိုအသားပေးရိုက်ထားတာမျိုးမဟုတ်ဘဲ အမျိုးသမီးဆိုနေရာမပေးချင်တဲ့ စီးပွားရေးလောကထဲအမျိုးသမီးတစ်ဦး ကျားကန်ရုန်းကန်ရတဲ့အကြောင်းလေးကိုအသားပေးရိုက်ကူးထားတာမို စာအုပ်နဲ့ ဘော်ပင်လေးကိုင်ပြီးကြည့်ဖို တိုက်တွန်းလိုက်ပါတယ်.. စုစုပေါင်း ၃၆ ပိုင်းရှိပြီး အပတ်စဉ်တနင်္ဂနွေကနေ ကြာသပတေးအထိ တစ်နေ့ ၂ ပိုင်းလာပြီးသောကြာ ...

Wild Bloom (2022)

2022
Revenge of Others (2022) 2
Revenge of Others (2022) Revenge of Others (2022)အားလုံးစောင့်မျှော်နေကြတဲ့ School Dramaလေးပါ။ ပုံမှန်School Dramaတွေလို ချိုချိုမြိန်မြိန် မဟုတ်တာတော့ Trailerကြည့်ဖူးပြီးသားလူတွေတော့ သိနေကြမှာပါ။မင်းသမီး Shin Ye Eunက ဒီကားထဲမှာ Ok Chan Miဆိုတဲ့ ၁၉နှစ်အရွယ်ကျောင်းသူလေးဖြစ်ပြီးတော့ အထက်တန်းကျောင်းရဲ့ သေနတ်ပစ်အသင်းက ကစားသမားတစ်ဦးအဖြစ် သရုပ်ဆောင်ထားပါတယ်။All of Us are dead ထဲက အားလုံးရဲ့အချစ်တော် Lomonကတော့ မိခင်ဖြစ်သူကို တစ်ကိုယ်တည်းစောင့်ရှောက်နေရတဲ့ အထက်တန်းကျောင်းသားလေး Ji Soo Heonအဖြစ်ပါဝင်ထားပါတယ်။Ok Chan Miဟာ သံသယဖြစ်ဖွယ်ကောင်းတဲ့ အမွှာအစ်ကိုဖြစ်သူရဲ့သေဆုံးမှုရဲ့နောက်ကွယ်က တရားခံနဲ့ အမှန်တရားကို ရှာဖွေဖို့ကြိုးစားနေခဲ့ပြီး Ji Soo Heonကတော့ အနိုင်ကျင့်ခံရတဲ့ကျောင်းသားတွေကိုယ်စား အပြစ်ရှိသူတွေကို ကလဲ့စားချေသွားမှာပါ။ရည်ရွယ်ချက်ချင်းမကွာကြတဲ့ နှစ်ယောက်သားတွေ့ဆုံကြပြီး အမှန်တရားကို ရှာဖွေသွားကြမှာဆိုတော့ သည်းထိပ်ရင်ဖိုဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်လာဦးမှာအသေချာပါပဲ။School Dramaကို Thriller အမျိုးအစားနဲ့ကြည့်ချင်သူတွေအတွက်ကတော့ ကြည့်သင့်တဲ့ဇာတ်လမ်းလေးပါပဲနော်။မျှော်နေတဲ့လူတိုင်းအတွက်လည်း အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်း တင်ဆက်ပေးသွားမှာမို့လို့ အတူလိုက်ပါစီးမျောဖို့ ဖိတ်ခေါ်လိုက်ပါတယ်။အညွှန်းကိုတော့ Milkeux က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Milkeux, ...
2
TMDb: 2/10 1 votes
tv

Revenge of Others (2022)

2022
A Spy Among Friends(2022)Season 1 7.8
A Spy Among Friends(2022)Season 1 A Spy Among Friends(2022)========================IMDb rating: 7.2/10 Rotten Tomatoes: 80% Genre : Drama Cast : Damian Lewis, Guy Pearce, Lily Thomas, Roger Hollisဒီတစ်ခါကတော့ based on true story သမားတွေ politicsကားကြိုက်တဲ့သူတွေ အကြိုက်တွေ့စေမယ့်ဇာတ်လမ်းမျိုးပါDec 8 2022 ကမှ ပူပူနွေနွေးထွက်ထားတာပါနာမည်မြင်ပြီး among us ကိုသတိရသွားကြတယ်မလားဇာတ်လမ်းလေးကို တစ်ချက်ကြည့်လိုက်ရအောင်ခဏတာသူငယ်ချင်းမျိုးတောင်မဟုတ်ဘဲ လူကြီးပိုင်းရောက်မှခင်ပြီး ၂၃ နှစ်လုံးလုံး အချစ်ဆုံးသူငယ်ချင်းဖြစ်ခဲ့တဲ့သူက သစ္စာဖောက်သွားမယ်ဆိုရင် လူကြီးမင်းတို့ဘယ်လိုခံစားရမလဲအချစ်ဆုံးသူငယ်ချင်းကို စစ်အေးကာလအတွင်းမှာ အကြီးဆုံးရာဇဝတ်မှု နိုင်တော်သစ္စာဖောက်မှုကို ကျူးလွန်သွားတဲ့ကောင်ဆိုပြီးတစ်နိုင်ငံလုံးက မြေလှန်ရှာနေကြတယ်ဆိုရင်ရောနီကိုလတ်စ်အယ်လီယော့ရဲ့ခံစားချက်ကတော့ အဲဒီအတိုင်းပါပဲအယ်လီယော့က MI5 ကအရာရှ်ိနင်ငံ့လျှို့ဝှက်ချက်တွေ ထိန်းသိမ်းရတဲ့ထဲမှာပါတယ်   ကင်မ်ဖေလ်ဘီက ဗြိတိန်ထောက်လှမ်းရေးအရာရှိဒါပေမယ့် ရုရှားတွေရဲ့သူလျှို  ပြောရရင်တော့ double agent ပေါ့ဗျာနှစ်ယောက်သားက ၂၃ နှစ်လုံးလုံး အရမ်းခင်လာပေမယ့် ကင်မ်ဖေလ်ဘီသစ္စာဖောက်မယ်ဆိုတာကို ...
7.8
TMDb: 7.8/10 6 votes
tv

A Spy Among Friends(2022)Season 1

2022
Cheer Up (2022) 8.5
Cheer Up (2022) Cheer Up (2022) =============ဒီတစ်ခေါက်မှတော့ ပရိတ်သတ်တွေ ပေါ့ပေါ့ပါးပါးကြည့်ရမယ့် COMEDY/ ROMANCE အမျိုးအစား ကျောင်းသားဇာတ်လမ်းတွဲလေး တင်ဆက်ပေး လိုက်ပါတယ်။ ဒီဇာတ်လမ်းမှာတော့ တက္ကသိုလ်ကျောင်းသားဘဝရဲ့ ပျော်စရာ လေးတွေ၊ ရယ်မောစရာလေးတွေကို သေချာပုံဖော်ပြသထားလို့ ပရိတ်သတ် ကြီးလည်း အကြိုက်တွေ့မယ်လို့ မျှော်လင့်ပါတယ်။ဇာတ်လမ်းအကျဉ်း ----------------------------------- ထက်မြက်ပြီး ဇွဲကြီးတဲ့ ဒိုဟယ်အီဆိုတဲ့ ကောင်မလေးက တက္ကသိုလ်ကျောင်းသူ တစ်ယောက်ဖြစ်ပေမဲ့ မိဘရဲ့ ငွေကြေးမပြည့်စုံတဲ့ အခြေအနေကြောင့် ကျောင်း တက်ဖို့ထက် ငွေရှာဖို့ကိုပဲ အမြဲဦးစားပေးရပါတယ်။ တစ်ရက်မှာတော့ ယွန်ဟီး တက္ကသိုလ်ရဲ့ cheering squad အဖွဲ့ဝင်တစ်ယောက်အဖြစ် ပါဝင်လိုက်ပါတယ်။ Teyia လို့ခေါ်တဲ့ cheering squad ဟာ ကျောင်းမှာ နှစ် ၅၀ ကြာ သက်တမ်းရှိနေတဲ့ အဖွဲ့တစ်ခုဖြစ်ပါတယ်။ သူမဒီအဖွဲ့ထဲကို ဝင်ရတဲ့ အဓိက ရည်ရွယ်ချက်က ငွေကြေး ထောက်ပံ့မှုပေးတဲ့ အတွက်ကြောင့်ဆိုပေမယ့် တကယ်တမ်းအဖွဲ့မှာ ပါဝင်လုပ်ဆောင်တဲ့ အခါမှာတော့ ဒိုဟယ်အီတစ်ယောက် တက္ကသိုလ်ရဲ့ ပျော်ရွှင်မှုတွေကို စပြီးခံစား လာရပါတော့တယ်။ဒီအဖွဲ့လေးမှာ Teyia ရဲ့ အဖွဲ့ဝင်တွေနဲ့ တွေ့ခဲ့ရပြီး၊ cheering squad ...
8.5
TMDb: 8.5/10 2300 votes
tv

Cheer Up (2022)

2022
Behind Every Star (2022) 7.5
Behind Every Star (2022) Behind Every Star (2022)EP5***************************ဒီဇာတ်လမ်းလေးကတော့ ပရိတ်သတ်တွေ ပေါ့ပေါ့ပါးပါးကြည့်ရှုနိုင်မဲ့ Comedy/Romance Drama လေးတစ်ခုဖြစ်ပါတယ် ဒီဇာတ်လမ်းမှာ နာမည်ကြီးမင်းသား မင်းသမီးများရဲ့နောက်ကွယ်ကနေ ပံ့ပိုးပေးနေကြတဲ့ မန်နေဂျာတွေနဲ့ အခြားရိုက်ကွင်းအဖွဲ့သားတွေရဲ့ ဘဝတွေ၊ ဖျော်ဖြေရေးလုပ်ငန်းတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အခက်အခဲတွေကို ရိုက်ကူးပြသထားပါတယ်ဇာတ်လမ်းအကျဉ်းMETHOD Entertainment ကတော့ မင်းသားမင်းသမီးတွေများစွာနဲ့ အလုပ်တွဲလုပ်နေတဲ့ နာမည်ကြီး အေဂျင်စီကြီးတစ်ခုဖြစ်တယ် ဒီအေဂျင်စီကြီးမှာရှိတဲ့ ဝန်ထမ်းတွေကတော့ သရုပ်ဆောင်တွေအတွက် အလုပ်အကိုင်နဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေကိုပါ ဖြေရှင်းပေးနေရတာပါမာထယ်အိုကတော့ ကျွမ်းကျင်မန်နေဂျာတစ်ယောက်ဖြစ်ပြီး ကုမ္ပဏီမှာတော့ ဒါရိုက်တာရာထူးနဲ့ လုပ်ကိုင်ဆောင်ရွက်နေပါတယ် ဉာဏ်ကောင်းပြီး သိမ်မွေ့ပေမယ့် ဗျူဟာကောင်းတဲ့လူတစ်ယောက်ဖြစ်တာကြောင့် ဘယ်လိုလှည့်စားမှုမျိုးကိုမဆို သူက ကျွမ်းကျင်စွာ လုပ်ဆောင်တတ်တယ်ချွန်းဂျယ်အင်ကတော့ မန်နေဂျာလုပ်သက် ၁၄ နှစ်ရှိတဲ့ ဝါရင့်မန်နေဂျာတစ်ယောက်ပါ အလုပ်မှာဆိုရင်လည်း မန်နေဂျာအဖွဲ့ရဲ့ အဖွဲ့မှူးတစ်ယောက်ဖြစ်တယ် အရည်အချင်းရှိပြီး အလုပ်ဂျပိုးတစ်ယောက်လည်းဖြစ်တယ် ဒေါသကြီးပြီး သူဖြစ်ချင်တာဆိုရင် ဘာကိုမှဂရုမစိုက်ဘဲ ရအောင်လုပ်တတ်လို့ မာထယ်အိုနဲ့သူမက အမြဲတမ်း ပြဒါးတစ်လမ်း သံတစ်လမ်းလိုဖြစ်နေကျပါဂင်ဂျောင်ဒွန် ကတော့ ချွန်းဂျယ်အင်ရဲ့ အချစ်ဆုံးသူငယ်ချင်းဖြစ်ပြီး အလုပ်မှာလည်း ဂျယ်အင်နဲ့ ...
7.5
TMDb: 7.5/10 votes
tv

Behind Every Star (2022)

2022
Ai Long Nhai (2022)
Ai Long Nhai (2022) Ai Long Nhai (2022) Seaosn Completeဘဲရေးတဲ့ဖူးစာ/ဘဲရှာပေးတဲ့ "ဘဲ"ဒီတစ်ခေါက်မှာတော့ အဆင်လေးတွေ အများကြီးပါတဲ့ BL series သစ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ခပ်ဆိုးဆိုးဂျစ်ကန်ကန်ကောင်လေး အိုင်ဟာ ကနေဒါမှာ ကျောင်းတက်ရင်းနဲ့ ရန်ပွဲဖြစ်တော့ အဖေက ထိုင်းမှာ ပြန်လာနေဖို့ ဖိအားပေးပါတော့တယ်။ထိုင်းရောက်တော့ ဆိုင်ကယ်စီးလာတဲ့ကောင်လေး ချန်နိုင်ကို တွေ့ပြီး ရင်ခုန်သွားပါလေရော။ ဖြစ်ချင်တော့ ချန်နိုင်အတွက် အဓိပ္ပာယ်တွေအများကြီးပါတဲ့ ဘဲရုပ်သော့ချိတ်လေးက ပြုတ်ကျခဲ့တာနဲ့ အိုင်က သွားကောက်ပေးရင်း နှစ်ယောက်သား ဆုံမိပါတော့တယ်။နောက်တော့ အိုင်က ချန်နိုင်တို့ရှိတဲ့ကျောင်းကို ပြောင်းလာခဲ့ပါတယ်။ အဲဒီမှာ ချန်နိုင်ရဲ့ သူငယ်ချင်းအုပ်စုနဲ့လည်း ရင်းနှီးလာပြီးတော့ ဘယ်လိုအချစ်ဇာတ်လမ်းလေးတွေဖြစ်လာမလဲ၊ ဘယ်လို အချင်းချင်း အောက်ဖဲလှန်မလဲဆိုတာကိုပါ ကြည့်ရှုရမှာ ဖြစ်ပါတယ်။BL ချစ်သူတွေအတွက်တော့ အဆင်လေးတွေရော၊ BL အတွဲတွေရော အများကြီးပါမှာဖြစ်လို့ သေချာပေါက် ကြည့်ရှုလို့ တန်စေမှာပါ။ ဇာတ်သွားကလည်း ပေါ့ပေါ့ပါးပါးလေးဖြစ်လို့ အပန်းဖြေရင်း၊ စောင်ကိုက်ရင်း အတူစီးမြောလိုက်ကြရအောင်နော်။အညွှန်းကိုတော့ Myo Myo Htet က ရေးထားပေးပြီးတော့ဘာသာပြန်ထားတာကတော့ ...

Ai Long Nhai (2022)

2022
Little Demon (2022) 6.8
Little Demon (2022) Little Demon (2022) ================ IMDb rating - 6.8အခုတင်ဆက်ပေးလိုက်တဲ့ series လေးကတော့ ဒီနှစ်ထဲထွက် ထားပြီး rating လဲမြင့်သလို့ ကြမ်းလည်းကြမ်းပါတယ်။ Adult aminated sitcom ဖြစ်တာနဲ့အညီ စကားလုံးတွေကလည်း အတော်ကိုကြမ်းသလိုသွေးထွက်သံယိုအခန်းတွေ များစွာပါတဲ့ အတွက်ကလေးသူငယ်များအတွက်မသင့်တော်ပါဘူး။ဇာတ်လမ်းအကျဉ်းလေးကတော့ အင်အားနည်းလာတဲ့စေတန်ဟာ ငရဲပြည်ကနေနှင်ထုတ်ခံရပြီးနောက်ပိုင်းမှာ ပြန်လည်အုပ်စိုးနိုင်‌ဖို့ အတွက် သမ္မာကျမ်းစာအရ ခရစ်တော်ပြိုင်ဖက်ကို မွေးဖွားဖို့အတွက် သူ့မျိုးစေ့တွေကိုစကြာဝဠာတစ်ခွင်လိုက်ချပါ‌တော့တယ်။ ဒီလိုနဲ့ နောက်ပိုင်း ကမ္ဘာမှာ ခရစ်တော်ပြိုင်ဖက်လို့ဆိုရလောက်တဲ့ စွမ်းအား ရှိတဲ့ little Demon ကို လော်ရာဖိုင်းဘတ်ခ်ျဆိုတဲ့အမျိုးသမီးက မွေးဖွားလိုက်ပါတယ်။လော်ရာကကိုယ်တိုင်က စုန်းမတစ်ယောက်ဖြစ်တာမို့လို့ ကလေးကို တစ်ချိန်မှာ စေတန်ကလာခေါ်မှာသိတဲ့အတွက် တစ်မြို့ပြီးတစ်မြို့ ရှောင်တိမ်းရင်းနဲ့ မစ်ဒယ်လ်တောင်းမြို့ကိုရောက်လာတယ်။ ဆယ်သုံးနှစ် လောက်ရှောင်ပြေးလာပေမယ့်လည်း မိစ္ဆာစွမ်းအားကိုစေတန်ကအာရုံခံ မိပြီးသိရှိသွားတဲ့အတွက် သူ့ကလေးကိုပြန်ခေါ်ဖို့ကြိုးစားပါတော့တယ်။ မိစ္ဆာ မဖြစ်စေချင်တဲ့ လော်ရာနဲ့ သူ့နဲ့အတူအုပ်စိုးဖို့ မိစ္ဆာ မဖြစ်ဖြစ်အောင် ဖန်တီးမယ့်စေတန်တို့ကြား အားပြိုင်ရင်းဘယ်လိုတွေဖြစ်လာမလဲဆိုတာ စိတ်ဝင်စာဖွယ်ကြည့်ရှုပေးကြပါဦး။(ဒီစီးရီးရဲ့ အညွှန်းနဲ့ ဘာသာပြန် ရေးသားပေးသူကတော့ Tin Myo Lwin ဖြစ်ပါတယ်။)File Size.............(350 MB) Quality...............WEB-RIP 1080p Duration............26Mins(@Episode) Subtitle..............Myanmar Hardsub Format...............MP4 Genre.................Animation, Comedy, Horror Translator..........Tin Myo Lwin Encoder..............SWM 1080P (350 ...
6.8
TMDb: 6.8/10 3000 votes
tv

Little Demon (2022)

2022
She and Her Perfect Husband (2022)
She and Her Perfect Husband (2022) ဟဲလို ဒီတစ်ခေါက် CM မှာတင်ဆက်ချင်တဲ့ကားလေးကတော့Xu Kai နဲ့ yang mi နာမည်ကြီး မင်းသား မင်းသမီးပါဝင်သရုပ်ထားတဲ့ ဇာတ်ကားလေးဖြစ်ပါတယ် ရှေ့နေ့ချင်းစစ်ဟာ အလုပ်မှာပဲစိတ်၀င်စားသူတစ်ဦးဖြစ်ပြီးသူ့မိဘနှစ်ပါးက သူ့ကို အတင်းအိမ်ထောင်ပြုခိုင်းတယ်။ထိပ်တန်း ရှေနေ့ကုမ္ပဏီဖြစ်တဲ့ Chen And Hui ဟာအိမ်တွင်းရေးကိစ္စမှာ နိုင်နင်းတဲ့ ရှေ့နေတစ်ယောက်ကိုအလုပ်ခန့်ချင်တယ်။ သူ့သတ်မှတ်ချက်က‌တော့အလုပ်လျှောက်သူဟာ အိမ်ထောင်ပြုပြီးသားသူ ဖြစ်ရမယ် ။ချင်းဝိန်းက ချင်းစစ်ရဲ့ အလုပ်လျှောက်လွှာမှာmarriage status မှာ သူခွင့်ပြုချက် မရှိဘဲအိမ်ထောင်ပြုပြီးသူ အဖြစ် တိတ်တခိုးပြင်ရေးခဲ့တယ်။ချင်းစစ်မှာ ဘာမသိလိုက်ရဘဲ အလုပ်ခန့်အပ်ခြင်းခံရတယ် ။ချင်းစစ်က အလွန်ထက်မြတ်သောကြောင့်လုပ်ငန်းရှင် လောင်ကျင်းရဲ့ အသိမှတ်ပြုတာခံရပြီးသူ့ကို အမျိုးသမီးလုပ်ငန်းရှင် အသင်းအဖွဲရဲ့ရှေ့နေအကြံပေးအဖြစ် ထောက်ခံချက်ပေးတဲ့အခါဘယ်လိုတွေဆက်ဖြစ်နိုင်မလဲထိုစဉ် သူ၏ ခင်ပွန်းလောင်းအဖြစ်ရုတ်တရက် ပေါ်ထွက်လာတဲ့ ရန်ဟွာကရောဘယ်လိုမျိုးချင်းစစ်ဆီ အကူညီတောင်းမလဲ ....အိမ်ထောင်မပြုချင်တဲ့ နှစ်ယောက်ကြားမှာဘယ်လို သံယောဇဉ်တွေ ညှိနိုင်မလဲအဲ့အချိန်မှာ ချင်းစစ်ရည်စားဟောင်းဖြစ်သူမှာလည်းရှေ့နေကုမ္ပဏီသို ဝင်ရောက်လာတဲ့အခါမှာဘာ‌တွေဆက်ဖြစ်နိုင်မလဲ သူတိုသုံးယောက်ကြားကရှုပ်ထွေးမယ့် အချစ်ဇာတ်လမ်းကိုစိတ်၀င်တစား ကြည့်ရှုနိုင်ရန် CM မှတင်ဆက်လိုက်ပါသည်။(အညွှန်းရေးသားထားသူကတော့ Mei ...

She and Her Perfect Husband (2022)

2022
Fah Than Tawan (2022) [Complete]
Fah Than Tawan (2022) [Complete] နှလုံးသားချင်းသို့ ~ Fah Than Tawan (2022) [အစ-အဆုံး]အပိုင်းသစ် -  ၂၄ (ဇာတ်သိမ်းပိုင်း)ဝေဟာ၊ တာဝမ်နဲ့ နိထန် တို့ဟာ အချစ်ဆုံး သူငယ်ချင်းတွေ ဖြစ်ကြတယ်။ သူတို့သုံးယောက်အတူ ပျော်စရာအချိန်လေးတွေဖြတ်သန်းခဲ့ကြရင်းနဲ့ပဲ ဝေဟာနဲ့ တာဝမ်ဟာ နိထန်အပေါ် သူငယ်ချင်းထက် ပိုတဲ့ ခံစားချက်တွေ ရှိလာကြတယ်။ဒါပေမဲ့လည်း တစ်ရက်မှာတော့ ရုတ်တရက် ဝေဟာရဲ့ အမေနဲ့ တာဝမ်တို့အမေ နှစ်ဦးစလုံး တစ်ပြိုင်နက်တည်း သေဆုံးသွားမှုကြောင့် ဝေဟာနဲ့ တာဝမ်တို့ နှစ်ယောက်ဟာ သွေးကွဲသွားခဲ့ကြတယ်။ဝေဟာရဲ့ အမေကလည်း အတိတ်က ဖြစ်ရပ်‌တစ်ခုကြောင့် ဝေဒနာခံစားနေသူပါ။ ဒါကြောင့်လည်း ဝေဟာက သူ့အမေကို ဒီထက်ပို ပြုစုစောင့်ရှောက်နိုင်ဖို့ လက်ရှိအလုပ်ကနေထွက်ပြီး လက်ဝှေ့အတတ်ပညာကိုဆည်းပူးကာ အသက်မွေးရင်း ဘဝကို ခက်ခဲစွာ ရုန်းကန်နေကြတာပေ့ါ။တာဝမ့်အဖေ တက်ကွန်းဟာ အောင်မြင်သော အိမ်ခြံ‌မြေ ရောင်းဝယ်မှုဖြစ်တဲ့ စီးပွားရေးသမားတစ်ယောက်ပီပီ သူရဲ့ တစ်ဦးတည်းသော သား(တာဝမ်)ကို ...

Fah Than Tawan (2022) [Complete]

2022
Dharavi Bank (2022) 7
Dharavi Bank (2022) Dharavi Bank (2022) Imdb 8.9 / 10kမင်းသားကြီးSuniel Shettyအဓိကပါဝင်သရုပ်ဆောင်ထားပြီး မင်းသားချောVivekပါ ပါဝင်အားဖြည့်ထားတဲ့Crime/Thrillerစီးရီးကောင်းလေးတခု တင်ဆက်ပေးလိုက်ပါပြီဇာတ်လမ်းအကျဉ်းဒီအိန္ဒိယစီးရီးလေးကတော့ အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့မှာတည်ရှိတဲ့ အာရှရဲ့အဆင်းရဲဆုံးဖြစ်တဲ့ ဒါရာဗီရပ်ကွက်မှာ အခြေချတဲ့ ''သာလိန်ဗန်'' ဆိုတဲ့ ဂန်းစတားတစ်ယောက်ကို အခြေခံထားပါတယ်။ ဆင်းရဲပေမယ့် နှလုံးသားကြီးတဲ့သူတွေနေကြတယ်လို့ ကြွေးကြော်ကြပါတယ်။ ဆင်းရဲသားရပ်ကွက်က ဂန်းစတားဆိုပေမယ့် ကုဋေ ၃၀၀၀၀ အထိ ကြွယ်ဝပြီး နိုင်ငံရေးပိုင်းတွေအထိ စွက်ဖက်နိုင်တဲ့သူပါ။သူ့ရဲ့ အာဏာနဲ့ ကြွယ်ဝမှုတွေကြောင့် နိုင်ငံရေးအာဏာလိုချင်တဲ့သူတွေက ပူးပေါင်းချင်ကြပါတယ်။ အဲဒီထဲမှာမှ မာထရီဆိုတဲ့ နိုင်ငံရေးသမားတစ်ယောက်ကို လက်ခံပြီး ကူညီကြပါတယ်။ အဲဒီအတွက် လက်ရှိအာဏာရ အမျိုးသမီးဝန်ကြီးချုပ်ဖြစ်တဲ့ ဂျန်ဗီ ဆူဗီနဲ့ အပွတ်အတိုက်တွေရှိလာတဲ့အခါမှာတော့ ဂန်းစတား သာလိန်ဗန်ကို ရှင်းပစ်ဖို့ ကြိုးစားလာပါတယ်။သာလိန်ဗန်ဆိုတဲ့ဂန်းစတားကြီးကလည်း နှစ်ချီအောင် ကိုယ်ယောင်ဖျောက်နေတာမို့ ရှင်းပစ်ဖို့ ဖြစ်နိုင်ပါ့မလား...? ဒါရာဗီဆိုတဲ့ ဆင်းရဲသားရပ်ကွက်က ဂန်းစတားကြီးက ဘာကြောင့်ချမ်းသာနေရတာလဲ...? သာလိန်ဗန်နဲ့ ဂျန်ဗီဆူဗီတို့ရဲ့ နိုင်ငံရေးစစ်ပွဲကြီးမှာ ဘယ်သူအနိုင်ရသွားမလဲ...? ဘယ်သူကအမှန် ဘယ်သူကအမှားလဲ...? မေးခွန်းများစွာနဲ့ ရင်ခုန်စွာကြည့်ရမယ့် ဇာတ်လမ်းတွဲကောင်းတစ်ခုဖြစ်ပါတယ်။File Size –600MB/ 400MBQuality – 1080p MX WEB DL ...
7
TMDb: 7/10 2 votes
tv

Dharavi Bank (2022)

2022
Phantom School (2022)
Phantom School (2022) Phantom School (2022)လူသားတွေရဲ့ဆန္ဒတွေကိုစားသုံးပြီး အသက်ရှင်နေကြတဲ့ တစ္ဆေတွေကို Phantom Hunter လို့ခေါ်တဲ့ တစ္ဆေလိုက်မုဆိုးတွေက ပုတီးလုံးလေးတွေထဲမှာ ဖမ်းဆီးချုပ်နှောင်ထားကြပါတယ်ဒါပေမဲ့ တစ်နေ့မှာတော့ အဲဒီပုတီးလုံးလေးတွေအခိုးခံလိုက်ရတဲ့အခါ တစ္ဆေလိုက်မုဆိုးတို့အတွက် စိန်ခေါ်မှုတစ်ခုဖြစ်လာပါတော့တယ် ဘယ်သူက ဘာရည်ရွယ်ချက်နဲ့ခိုးသွားမှန်းမသိရတဲ့အခြေအနေဖြစ်တာကြောင့် လွတ်မြောက်သွားတဲ့တစ္ဆေတွေကိုရှာဖို့ Yuna ဆိုတဲ့ တစ္ဆေလိုက်မုဆိုးမလေးကို လူသားကမ္ဘာဆီစေလွှတ်လိုက်တဲ့အခါ... သာမန်ကျောင်းသူတစ်ယောက်အနေနဲ့ လူသားတွေရဲ့ကမ္ဘာမှာနေထိုင်ရဖို့ဖြစ်လာတဲ့ Yuna တစ်ယောက် ဘယ်လိုအခြေအနေတွေနဲ့ ကြုံတွေ့လာရမလဲသူလိုက်ရှာနေတဲ့ ‌တစ္ဆေကိုရော ရှာတွေ့သွားနိုင်ပါ့လားဆိုတာအပြင် တစ္ဆေလိုက်မုဆိုးနဲ့လူသားတွေကြားက ဆက်နွယ်မှုတွေ၊ ဖုံးကွယ်ထားတဲ့ သဘာဝလွန်ဖြစ်ရပ်ဆန်းတွေနဲ့ လျှို့ဝှက်ချက်တွေအကြောင်းကို စိတ်ဝင်စားဖွယ်ကြည့်ရှုခံစားရမှာဖြစ်လို့ Supernatural ကြိုက်နှစ်သက်တဲ့သူတွေ သဘောကျစေမယ့် ဇာတ်ကားတစ်ကားပါပဲသရုပ်ဆောင်တွေအနေနဲ့လည်း Choi Seok Won, NC.A နဲ့ Im Sung Kyun စတဲ့ အချောအလှလေးတွေချည်းပါဝင်ထားတာမို့ ကြည့်ရတာတန်စေမှာပါအညွှန်း ကို တော့ Hmwe Thet Winn က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Hmwe နဲ့ P&D ပဲ ဖြစ်ပါတယ်။Genre..... Action & Adventure Quality…. 1080p ...

Phantom School (2022)

2022
The Midnight Club (2022) 7.158
The Midnight Club (2022) The Midnight Club (2022) ========================နက်ဖလစ်ရဲ့ ဟော်ရာ သည်းထိပ်ရင်ဖို စီးရီးကောင်းတစ်ခု တင်ပေးလိုက်ပါတယ်။ စီးရီးအစမှာတော့ အလွန်ကာဆိုတဲ့ ကောင်မလေးတစ်ယောက်ကနေ စထားပါတယ်။ အလွန်ကာဟာ စာတော်ပြီး အထက်တန်းကျောင်းပြီးလို့ ကောလိပ်တက်ဖို့ စောင့်နေတဲ့ ကောင်မလေးဖြစ်ပါတယ်။ဒါပေမဲ့ ကင်ဆာကုမရတဲ့အဆင့်ရောက်နေတာကို သိလိုက်ရပြီး အိပ်မက်တွေ ပျက်စီးသွားခဲ့တယ်။ အဲဒီမှာ သူ့လိုပဲ ဆရာဝန်တွေလက်လျှော့ထားတဲ့ ရောဂါပိုင်ရှင် ဆယ်ကျော်သက်လူငယ်လေးတွေ နောက်ဆုံးအချိန်မှ ာ အနားယူကြတဲ့ အိမ်တစ်ခုကိုတွေ့သွားပြီး သွားဖို့ဆုံးဖြတ်လိုက်တယ်။ အဲဒီမှာ သူ့လိုပဲ ရောဂါသည် ၇ ယောက်နဲ့တွေ့ပြီး ညသန်းခေါင်ကလပ်ဆိုတာမှာ ဝင်ပါလိုက်တယ်။အဲဒီကလပ်ကညတိုင်း ကြောက်စရာပုံပြင်တွေ အလှည့်ကျပြောရတဲ့အပြင် သူတို့အဖွဲ့ထဲကပထမဆုံးသေတဲ့လူဟာ တမလွန်ကနေကျန်တဲ့သူတွေကို မရရအောင်ဆက်သွယ်ပြီး ပြောပြရမယ်လို့ ကတိပေးထားကြပါတယ်။ ဒီလိုနဲ့ သူတို့အထဲက တစ်ယောက် အရင်ဆုံးသေသွားတဲ့အခါ ထူးဆန်းတာတွေ စတင်လာပါတော့တယ်....File Size – 740MB  / 320MBQuality – 1080p NF WEBDL / 720pDuration – 54minsTotal Episodes: 10EpsSubtitle – Myanmar HardsubFormat – Mp4Genre ...
7.158
TMDb: 7.158/10 57 votes
tv

The Midnight Club (2022)

2022
Liar’s Love (2022)
Liar’s Love (2022) လူတိုင်းအားကျရတဲ့ အချစ်အိမ်ထောင်ရေးလေးကိုပိုင်ဆိုင်ထားရတဲ့ စူးထန်တစ်ယောက်ကတော့ချစ်ရတဲ့ခင်ပွန်းနဲ့အတူ ပြခန်းလေးတစ်ခုကို ပိုင်ဆိုင်ထားတာပေါ့ဒါပေမယ့်လည်း တိုက်ဆိုင်စွာပဲ တစ်ရက်မှာသူချစ်ရတဲ့ယောင်္ကျားရဲ့တစ်ဖက်ခြမ်းက သရုပ်မှန်ကို သိလိုက်ရတယ်။သူ့ဘေးမှာ အမြဲရှိပြီး ချစ်ပေးခဲ့တဲ့လူက ကွင်းဆက်လူသတ်သမားတဲ့လေအရှေ့တစ်လှမ်းမှာ လူသတ်သမား၊ နောက်တစ်လှမ်းမှာ အချစ်‌တွေနဲ့ ချိုမြိန်မှုဖျက်စီးတတ်တဲ့လူသတ်သမားနဲ့ ချစ်ရတဲ့ခင်ပွန်းဆိုတဲ့မျဉ်းပါးပါးလေးပဲခြားထားတဲ့ သူချစ်ရတဲ့ယောင်္ကျားစူးထန်ဆိုတဲ့မိန်းကလေး‌က ဘယ်လိုတွေဖြစ်လာမလဲ။အချစ်အကြောင်းကို သူဆက်ပြောပြပြီး သာယာတဲ့အိမ်ထောင်ရေးဘဝကို ဆက်ပြီးရပါဦးမလားဒီလိုသည်းထိပ်ရင်ဖိုနဲ့ ချိုမြိန်မှုတွေကို ခံစားရမယ့်ကားလေးကိုချန်နယ်မြန်မာကနေ တင်ဆက်ပေးမှာမို စောင့်မျှော်ကြည့်ရှုပေးပါဦးနော်(အညွှန်းရေးသားထားသူကတော့ Minnie ဖြစ်ပါတယ်) Quality : WEB-DL 720p,1080pTotal Episodes : 16Format : mp4Genres : Crime, Mystery, Sci-Fi, DramaDuration : 30 min per EpisodeSubtitle : Myanmar Subtitle ( Hardsub )Translated by CM TeamEncoded by LK Episode 1 - MegaUp ...

Liar’s Love (2022)

2022
New Life Begins (2022)
New Life Begins (2022) အခုတစ်ခေါက်မှာတော့ Reset ဇာတ်ကားလေးနဲ့အောင်မြင်မှုအကြီးအကျယ်ရခဲ့တဲ့ မင်းသားလေး (Bai Jing Ting) နဲ့ချစ်စရာကောင်းတဲ့မင်းသမီးလေး (Tian Xi Wei)တိုလိုက်ဖက်ညီစွာရိုက်ကူးထားတဲ့ ရိုမန့်ဟာသကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်ဇာတ်ကြောင်းလေးကတော့...သခင်လေး ၆ယောက်အတွက်သတိုသမီးရွေးပွဲတစ်ခုကြောင့်ရှင်းချွမ်းမှာမိန်းကလေးတွေအားလုံး စု‌ဝေးနေကြပါတယ်။ရှင်းချွမ်းရဲ့နာမည်ကြီး ဂုဏ်သရေရှိသခင်လေး ၆ ယောက်မှပါဝင်ပေမယ့်လည်း သိုသိုသိပ်သိပ်နေထိုင်တတ်သူ ယင်ကျန့်၊သတိုသမီးအဖြစ် ရွေးချယ်မခံရဘဲ ဘဝကိုကြိုးစားဖြတ်သန်းရင်းသက်သောင့်သက်သာနေချင်သူ လီဝေ၊သူတိုနှစ်ဦးဟာ ကြမ္မာဖန်ပြီး မထင်မှတ်ဘဲအလွဲလွဲအမှားမှားနဲ့ တွေ့ဆုံခဲ့ကြပါတယ်နှစ်ဦးသားအတူတူနေထိုင်ကာတစ်ယောက်နဲ့တစ်ယောက်ရိုင်းပင်းကူညီရင်းတဖြည်းဖြည်းမေတ္တာတွေတိုးလာခဲ့ကြတယ်။ယင်ကျန့်တစ်ယောက် ရုံးတော်အရာရှိတစ်ယောက်ဖြစ်လာတဲ့အချိန်မှာလည်း သူတိုရဲ့အမြင်တွေတူညီကာနှလုံးသားချင်း ထပ်တူကျခဲ့ကြလာပြီး ဘယ်လိုအချစ်တွေပိုကြမလဲကျန်တဲ့သခင်လေး ၅ယောက်ကရောသူတိုသမီးလောင်းရွေးချယ်ပွဲက အလျောင်းအလျာတွေနဲ့ဘယ်လိုအလွဲတွေ ရင်ခုန်စရာတွေဖြစ်ကြမလဲဆိုတာဒီဇာတ်ကားလေးမှာ ဆက်ကြည့်လိုက်ရအောင်ပါနော်(အညွှန်းရေးသားထားသူကတော့ Minnie ဖြစ်ပါတယ်)Quality : WEB-DL 720p,1080pTotal Episodes : 36Format : mp4Genres : Romance, Comedy, Life, DramaDuration : 45 min per EpisodeSubtitle : Myanmar Subtitle ( Hardsub )Translated by ...

New Life Begins (2022)

2022
Connect(2022) [Complete]
Connect(2022) [Complete] Connect(2022) Ep1 to 6[Complete]*********************************ဒုံဆူတစ်ယောက် ကိုယ်တွင်းအင်္ဂါကူးသန်းရောင်း၀ယ်ရေးအဖွဲ့ဆီမှာပြန်ပေးဆွဲခံလိုက်ရပြီး မျက်လုံးတစ်ဖက်ပါ ဖောက်ထုတ်ခံခဲ့ရတယ်...နောက်ပိုင်းကျ ဒုံဆူတစ်ယောက် တစ်စုံတစ်ခုကိုစတင်မြင်လာရတဲ့အခါ သူ့ရဲ့မျက်လုံးကိုတောင်ကိုးရီးယားတစ်နိုင်ငံလုံးကို လှုပ်လှုပ်ရွရွဖြစ်စေခဲ့တဲ့ ကွင်းဆက်လူသတ်သမားကိုအစားထိုးပေးလိုက်တာဖြစ်ကြောင်း နားလည်သဘောပေါက်သွားပြီးလူသတ်သမားမြင်‌ရတာတွေကို အတူတူလိုက်မြင်နေရတဲ့ ဒုံဆူဟာနောက်ထပ်လူမသတ်နိုင်အောင်တားဖို့အတွက် အဲဒီလူသတ်သမားကို လိုက်ရှာပါတော့တယ်...Jung HaeIn, Go KyungPyo နဲ့ Kim Hye Jun တို့ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့၆ပိုင်းပါရှိပါတယ်..ဂျပန်ဒါရိုက်တာကြီး Takashi Miike က ရိုက်ကူးပေးထားပြီး Jung Hae in ရဲ့ သရုပ်ဆောင်ချက်အသစ်အဆန်းတွေကိုတွေ့မြင်ရဦးမဲ့ ဇာတ်ကားသစ်လေးဟာ ဒီနေ့ပဲ ၆ ပိုင်းလုံးထွက်ရှိသွားမှာဖြစ်လို့ စောင့်မျှော်ကြည့်ရှုပေးကြပါဦး....    Episodes: 6File Size:700MB, 300MBQuality :Web-DL 1080p,720PGenres: Thriller, Mystery, Horror, CrimeTranslated by  Hay Thar Oo , Miri,  .Hnin Wai Oo  &  EstelEncoded by  Phyo Pyae   >>>>TELE ...

Connect(2022) [Complete]

2022
Pom Pang Ban (2022) [Complete]
Pom Pang Ban (2022) [Complete] Pom Pang Ban (2022) [အစ-အဆုံး]အပိုင်းသစ် - ၁၇ (ဇာတ်သိမ်းပိုင်း)AD 2015 ခုနှစ်မှာ အယုဒ္ဓယစစ်တပ်ဟာ ဝီရန်နခွန်မြိုကို သွားရောက်တိုက်ခိုက်ခဲ့တယ်။ ဗိုလ်မှူးကြီးဖြစ်သူ ဆဲန်ဟာ နိုင်ချေမရှိတော့မှန်းသိတော့ တိုင်းပြည်စောင့်ရှောက်ဖိုအတွက် လူတွေကိုသတ်ပြီး မှော်ပညာနဲ့ ပြုစားခဲ့တယ်။ ဆဲန်ဟာ သူ့သူငယ်ချင်းဖြစ်သူ မူရန်ကိုပါ သတ်ပစ်ခဲ့တာပါ။ မူရန်ကတော့ မသေခင်မှာ ဆဲန်ကို ပြန်ဝဠ်လည်ပါစေ ဆိုပြီး ကျိန်စာတိုက်ခဲ့တယ်။ခေမ်ဟောမ် ဆိုတဲ့ကောင်မလေးတစ်ယောက်ဟာ ညတိုင်း ရှေးဟောင်းတိုင်းပြည် စစ်ပွဲတွေကြားမှာရောက်နေသလို မှုန်ဝါးဝါးအိမ်မက်တွေမက်ရင်း လန့်နိုးလာတယ်။ ခေမ့်ဟောမ်ဟာ ဒဲန်ထန်ကိုမြင်တော့ ဟိုးအရင်ကတည်းက သိကျွမ်းနေသလိုမျိုး ဒဲန်ထန်ရဲ့ နှလုံးသားထဲကနာကျင်မှုကိုပါ ခံစားမိလိုက်တယ်။အဲ့တာကတော့ ခေမ်ဟောမ်ရဲ့ အစ်မဖြစ်သူ အင်ထနင်ဆိုတဲ့ မိန်းကလေးတစ်ယောက်နဲ့ သက်ဆိုင်နေတာပါပဲ။ ဒဲန်ထန် ခေမ့်ဟောမ်နဲ့ နီးကပ်စွာရှိနေတဲ့အချိန်တိုင်းဟာ သံယောဇဉ်အဖြစ်ကိုပြောင်းလဲသွားခဲ့ပါတယ်။ ဒါပေမဲ့ အစ်မဖြစ်သူကတော့ ဒန်ထန်နဲ့ ခေမ့်ဟောမ်ရဲ့ ပတ်သတ်မှုကို ဘာကြောင့်မှန်းမသိ တားမြစ်ခဲ့တယ်။ဘူရစ်ဆိုတဲ့ ခန့်ညားလှသော ရုပ်ရှင်ထုတ်လုပ်သူဟာ ...

Pom Pang Ban (2022) [Complete]

2022
The Three Gentle Bros (2022) 7.5
The Three Gentle Bros (2022) ဖင်မ်ဖတ်ထရာ အဖြစ် Mam Kathaleeya အစ် အဖြစ် Luke Ishikawa ထမ် အဖြစ် Tay Tawan အာတီး အဖြစ် Gun Atthaphan ကျောက် အဖြစ် Mook Warranit နိန်နာရိတ် အဖြစ် Punpun Sutatta ဝီယူး နရိယာ အဖြစ် Film Rachanumဇာတ်လမ်းအကျဉ်းစိုးမိုးလွန်းပြီး သူ့အလိုကျလုပ်တတ်လွန်းတဲ့ မိခင်ဖြစ်သူ ဖင်မ်ဖတ်ထရာမှာ အစ်၊ ထမ် နဲ့ အာတီးဆိုတဲ့ ခင်ပွန်းမတူဘဲ မွေးထားတဲ့ သားသုံးယောက်ရှိပါတယ်ချုပ်ကိုင်လွန်းတဲ့ မိခင်ဖြစ်သူကို “စုန်းမ” လို့ နာမည်ပြောင်ပေးထားရလောက်အောင်ထိ စိတ်ကုန်နေခဲ့ပေမဲ့ မလွန်ဆန်နိုင်တဲ့ သားသုံးယောက်ကို ဖင်််မ်က စိတ်ကြိုက်ချွေးမ ပေးစားဖို့ စီစဉ်ပါတော့တယ်ဒါပေမဲ့ ကျောက် ၊နိန်နဲ့ ဝီယူးဆိုတဲ့ သူမ သဘောမတူနိုင်လောက်စရာ မိန်းကလေး သုံးယောက်က သားတွေရဲ့ ဘဝထဲကို အကြောင်းမျိုးစုံနဲ့ ဝင်လာချိန်မှာတော့ စိတ်အလိုကျလုပ်တတ်တဲ့ မိခင်ဖြစ်သူဖင်မ် တစ်ယောက် သားတွေရဲ့ စုံတွဲဘဝကြား ...
7.5
TMDb: 7.5/10 votes
tv

The Three Gentle Bros (2022)

2022
Uncoupled (2022) 6.889
Uncoupled (2022) Uncoupled (2022)ရိုးအီခြင်း ငြီးငွေ့ခြင်း-အင်မတန်ရိုးရှင်းပေမဲ့ ကိုယ်တိုင်ကြုံရချိန်မှာတော့ နားလည်ရခက် ခံရခက်စေတဲ့စကားလုံးတစ်လုံး၊ တစ်နည်းအားဖြင့် သံယောဇဉ်၊အချစ်၊‌မေတ္တာ၊ပတ်သက်မှု‌တွေရဲ့လမ်းဆုံးတစ်ခု။လူတစ်ယောက်အကြောင်းကို အိတ်သွန်ဖာမှောက် ခရေစေ့တွင်းကျသိရဖို့ "၁၇ နှစ်" ဆိုတဲ့အချိန်ကာလဟာ လုံလောက်လားလို့မေးရင်တော့ ကျွန်တော်တို့တော်တော်များများက ပိုတောင်ပိုဦးမယ် လို့ ပြန်ဖြေကြမှာ အသေအချာပါ။ ကျွန်တော်တို့ရဲ့ဇာတ်လိုက်ကြီးမိုက်ကယ်လော်ဆန်လည်း ကျွန်တော်တို့လိုပဲ တွေးထင်ခဲ့သူတစ်ယောက်ပေါ့။ဒါပေမဲ့ လောကမှာ နားလည်ရအခက်ဆုံးနဲ့ အစိုးမရဆုံးအရာ၊ အပြောင်းအလဲလွယ်ဆုံးအရာဆိုတဲ့ ဘွဲ့ထူးတွေတသီကြီးရထားတာ "လူတစ်ယောက်ရဲ့စိတ်သဘောထား" ဆိုတာကို သူမေ့လျော့နေခဲ့တဲ့အခါ...၁၇ နှစ်တာကာလပတ်သက်မှုတစ်ခုဟာ မျက်စိတစ်မှိတ်အတွင်းမှာ သစ်စိမ်းချိုးချိုးခံရပြီး နေ့ချင်းညချင်း Mr Perfect Boyfriend ကိုရထားတဲ့အတွက် ဂေးတိုင်းရဲ့စံပြပုဂ္ဂိုလ်ဘဝကနေ နေ့ချင်းညချင်းပဲ အသက် ၅၀ နားကပ်နေတဲ့ Single Gayဘဝကို ရောက်သွားတဲ့အခါမှာတော့...ပုံမှန်အသက် ၅၀ နားကပ်လို့ အားလုံးက အခြေတကျဖြစ်နေကြချိန်မှာမှ ချွတ်ချော်ပြီး လူပျိုအိုကြီးဖြစ်သွားတဲ့မိုက်ကယ်လော်ဆန်၊ ဂေး smallလေးတွေ ဂေး အဆင်လေးတွေကြားထဲမှာမှ ဂေးအိုကြီးဖြစ်နေတဲ့သူ့ဘဝ၊ ဒီကြားထဲ Singleဖြစ်ရတာကို သေမလောက်ကြောက်နေပြန်တော့ ဘယ်လိုအလွဲပေါင်းများစွာနဲ့ future spouseကို လိုက်လို့ရှာမလဲဆိုတာ ကြည့်ရှုရမှာပါ။Romace Comedyအမျိုးအစားလေးဖြစ်တာကြောင့် ပေါ့ပေါးပါးပါးနဲ့ ကြည့်ရှုသူတွေဘဝအမောပြေစေမဲ့ စီးရီးလေးတစ်ခုအဖြစ် ညွှန်းပေးလိုက်ရပါတယ်အညွှန်းကိုတော့ Mary Christ ...
6.889
TMDb: 6.889/10 36 votes
tv

Uncoupled (2022)

2022