Channel Myanmar

2021

Arcane(2021) Complete 9.7
Arcane(2021) Complete နာမည်ကျော် PC ဂိမ်းကြီးတစ်ခုဖြစ်တဲ့ League of Legends ဂိမ်းကြီးကိုပရိသတ်တော်တော်များများ သိကြမှာပါ... ဒီဂိမ်းဟာ MOBA ဂိမ်းတစ်ခုဖြစ်ပြီးတော့ကမ္ဘာတစ်ဝှမ်းဆော့ကစားသူပေါင်းသန်းချီရှိနေတဲ့ Playerbase အများဆုံးဂိမ်းလည်း ဖြစ်ပါတယ်...ထူးခြားတာကတော့ ဒီဂိမ်းကိုပိုင်တဲ့ Riot ကုမ္ပဏီက Fan service ပေးရမှာ အင်မတန်ကို နာမည်ကြီးတာပါ...ဂိမ်းထုတ်လုပ်ရုံတင်မကပဲ ဂိမ်းနဲ့ပတ်သတ်တဲ့ ပြိုင်ပွဲတွေ ရှိုးတွေ အလှူပွဲတွေအပြင် Kpop band လို အဆိုတော်အဖွဲ့တွေပါ ဖွဲ့ထားတာပဲဖြစ်ပါတယ်...အခုတော့ နောက်တစ်ဆင့်အနေနဲ့ ရုပ်ရှင်ဇာတ်လမ်းတွဲတွေဘက်ပါ ခြေဦးလှည့်လာပြန်ပါတယ်...ဒါကတော့ အခုတင်ဆက်ပေးမယ့် 'Arcane' ဆိုတဲ့ စီးရီးပါ... LOL အခြေတည်ရာကမ္ဘာကတော့Runeterra ဆိုတဲ့ ကမ္ဘာကြီးဖြစ်ပြီး နောက်ခံသမိုင်းဇာတ်ကြောင်းတွေ ဇာတ်လမ်းတွေနဲ့ အင်မတန်ကျယ်ပြန့်တဲ့universe ကြီးတစ်ခုကို တည်ဆောက်ထားတာပဲဖြစ်ပါတယ်... ဂိမ်းထဲမှာပါဝင်တဲ့ ချန်ပီယံတွေရဲ့ ဘဝဇာတ်ကြောင်း..နေရာဒေသတွေရဲ့ သမိုင်း..စတာတွေဟာ LOL ဆော့ကစားရာ Players တွေအတွက် သီးသန့်ကမ္ဘာတစ်ခုဖြစ်နေပြီး စိတ်ဝင်စားစရာလည်း အပြည့်နဲ့ပါ...ဒီ universe ကြီးကို ...
9.7
TMDb: 9.7/10 6 votes
tv

Arcane(2021) Complete

2021
My Teenage Girl (2021)
My Teenage Girl (2021) My Teenage Girl (2021)Idol အိပ်မက်ကို အမြန်ဆုံးဖန်တီးပေးနိုင်တဲ့ တစ်ခုတည်းသော အခွင့်အရေးဆိုတာ survival show တွေမှာပဲ ရှိတာမဟုတ်လားအားလုံးစောင့်မျှော်နေကြတဲ့ “My Teenage Girl ”ကို Channel Myanmar ကနောက်မကျစေရဘဲ တင်ဆက်ပေးချင်ပါတယ်ကိုရီးယားတင်မကဘဲ ကမ္ဘာတစ်ဝန်းက အသက် 11 မှ 23 ကြား မိန်းကလေး ပြိုင်ပွဲဝင်တွေဟာ debut နိုင်မယ့်အခွင့်အရေးအတွက် အကြိတ်အနယ်ယှဉ်ပြိုင်သွားကြမယ့် survival show တစ်ခုပဲဖြစ်ပါတယ်Auditions အတွက် လျှောက်ထားသူပေါင်း 30000 ကျော်ထဲက မိန်းကလေး 83ယောက်ကသာ ဆန်ခါတင်ရွေးချယ်ခံခဲ့ရပြီး အသက်အရွယ်အလိုက် အုပ်စုလေးစုကာ ပထမအဆင့် အရင်ယှဉ်ပြိုင်စေမှာပါအဓိက show မှာပါဝင်ယှဉ်ပြိုင်ခွင့်ကိုတော့ အုပ်စုတစ်စုစီက မိန်းကလေး 10 ယောက်စီကသာ ရရှိမယ့် survival showပါတင်ဆက်ပေးသွားမယ့် MC ကတော့ Yoon Kyun Sang ဖြစ်ပြီး Mentors တွေအနေနဲ့- Nation's girlgroup SNSD ရဲ့ KwonYuri - ...

My Teenage Girl (2021)

2021
1883 (2021) 9
1883 (2021) ဒီဇာတ်လမ်းတွဲကတော့ နာမည်ကျော် စီးရီး Yellowstone ထဲက မိသားစုရဲ့မူလပထမ စွန့်စားခန်းခရီးစဉ်ကို ရိုက်ကူးထားတာဖြစ်ပါတယ်။ Rating အမြင့်စား ကောင်းဘွိုင်စီးရီးရှားပါးနေတဲ့အချိန်မှာ ပီပီပြင်ပြင်ကို ရိုက်ကူးထားတာပါပဲ။ ၁၈၈၃ခုနှစ် အမေရိကန်ပြည်မှာ ရေမြေပတ်ဝန်းကျင် ပိုကောင်းရာအရပ်တွေဆီ ပြောင်းရွှေ့နေထိုင်ကြပုံတွေကို ရိုက်ကူးပြသထားတာပါ။ ဇာတ်လမ်းအကျဉ်းကတော့ လယ်သမားတစ်ဦးဖြစ်တဲ့ ဂျိမ်းစ်ဒက်တန်ဟာ ခိုးဆိုးဓားပြတွေပေါတဲ့ တက္ကဆက်အရိုင်းမြေကို စွန့်ခွာပြီး သူ့မိသားစုနဲ့အတူ အနောက်အရပ်ဆီ ခရီးထွက်ဖို့ပြင်ခဲ့ပါတယ်။ ဒီလိုပြင်ဆင်တုန်းမှာ လှည်းခရီးသွားတစ်ဖွဲ့ကို အနောက်အော်ရီဂွန်အရပ်ဆီ ဦးဆောင်သွားမယ့် ရှီအေးဘရန်နန်ဆိုတဲ့ လူတစ်ယောက်နဲ့ ဆုံမိခဲ့ပါတယ်။ ရှီအေးဘရန်နန်ဆိုတာကတော့ ကူးစက်ရေကျောက်ရောဂါဖြစ်ပြီး သေဆုံးသွားတဲ့ မိသားစုကို အိမ်မှာမီးရှို့ပြီးထားခဲ့ရတဲ့ နာကျင်စရာအတိတ်‌တွေနဲ့ လူတစ်ဦးပါ။ သူ့မှာ သောမတ်စ်ဆိုတဲ့ ညာလက်ရုံးတစ်ဦးလည်းရှိပါတယ်။ ဂျိမ်းစ်မိသားစုမှာက မိန်းမသားလေးယောက်နဲ့ ငါးနှစ်သား‌တစ်ယောက်၊ ရှီအေးတို့ခရီးသွားအဖွဲ့မှာက ‌မြင်းမစီး သေနတ်မပစ်တတ် ဘာဆိုဘာမှ မကျွမ်းကျင်သူတွေချည်းဆိုတော့ တစ်နေရာတည်းသွားမယ့် ခရီးသည်တွေအဖြစ် သူတို့နှစ်ဖွဲ့ တူတူခရီးနှင်ခဲ့ကြပါတယ်။ လမ်းခရီးမှာတော့ ခိုးဆိုးဓားပြ၊ မြွေပါးကင်းပါး၊ လှည်းနင်းမိတဲ့မတော်တဆမှုတွေ၊ ရောဂါကပ်ဘေးတွေ အမျိုးမျိုးကြုံကြရပါတယ်။ သေခြင်းတရားတွေ ပူဆွေးမှုတွေနဲ့ ပြည့်နှက်နေတဲ့ ခရီးစဉ်ကြီးပေါ့။ ဒါပေမဲ့ ဆယ်ကျော်သက်‌မိန်းမပျိုလေးတစ်ဦးဖြစ်တဲ့ ...
9
TMDb: 9/10 32 votes
tv

1883 (2021)

2021
Love (ft. Marriage & Divorce)(2021)
Love (ft. Marriage & Divorce)(2021) Love (ft. Marriage & Divorce)(2021) အညွှန်း*************************************အပိုင်းသစ်(၁မှ ၁၆)ထိ စ/ဆုံးဒီဇာတ်လမ်းတွဲကတော့ ပုံမှန် ကောင်လေးနဲ့ကောင်မလေးတို့ ချစ်ဖို့အရေးကြိုးစားနေတဲ့ ဇာတ်လမ်းတွဲမျိုးမဟုတ်ပါဘူး....အဲ့အဆင့်တွေထက်ကျော်လွန်ပြီး အိမ်ထောင်ကျပြီးနောက်ပိုင်း အိမ်ထောင်သည်တွေသမီးရည်းစားဘဝတုနး်ကလို ချစ်နိုင်သေးရဲ့လားဆိုပြီး ပုံစံမတူတဲ့ စုံတွဲ(၃)တွဲကို ရိုက်ပြထားတာပါ....ပျင်းစရာကြီးလို့မထင်လိုက်နဲ့...တကယ့်လက်ရှိမှာ ဒီလိုတွေတကယ်ဖြစ်နေတာ....တရားသူကြီး Park Sa Hyun ဟာ drum တီးခတ်နေတဲ့ Boo Hye Ryung ကိုမြင်မြင်ချင်းချစ်မိသွားပြီး လက်ထပ်ခဲ့ကြပါတယ် ...အိမ်ထောင်သက်သုံးနှစ်ရှိပြီး ကလေးမရှိသေးသော ပထမဆုံးစုံတွဲ.....Shin Yoo Shin ကတော့ဆေးရုံဒါရိုက်တာတစ်ယောက်ဖြစ်ပြီး radio show တစ်ခုရဲ့ PD ဖြစ်တဲ့ Sa Pi Young ရဲ့ချစ်လှစွာသောခင်ပွန်းပေါ့ သူမဟာ သူမရဲ့အိမ်ထောင်ရေးအတွက် အမြဲတမ်း အကောင်းဆုံးတွေဖြစ်အောင် ကြိုးစားနေတဲ့သူလေးပါ,......Lee Si Eun ကတော့ radio show ရဲ့အဓိကစာရေးဆရာမဖြစ်ပြီး ပြဇာတ်နဲ့ရုပ်ရှင်မေဂျာရဲ့ဌာနမှူးPark Hye Ryoong ရဲ့ဇနီးကောင်းတစ်ယောက်လည်းဖြစ်ပါတယ်....ဒီလိုစုံတွဲသုံးတွဲရဲ့ မတူညီတဲ့ ...

Love (ft. Marriage & Divorce)(2021)

2021
Love (ft. Marriage and Divorce)Season 2 [2021] 7.7
Love (ft. Marriage and Divorce)Season 2 [2021] Love (ft. Marriage and Divorce)Season 2 [2021]အညွှန်း************************************************အပိုင်းသစ်(၁ မှ ၁၆)ထိ စ/ဆုံးSeason 1 ထွက်ပြီးသားပါ...လောင်မြိုက်ခြင်းတွေနဲ့ ပျော်မွေ့နေတဲ့သူတွေအတွက်လို့ဆိုတာထက် ဒီလောကကြီးမှာဒီလိုမျိုးတွေလည်းရှိပါ့လားဆိုတဲ့အသိနဲ့ ထွင်းဖောက်သုံးသပ်တတ်တဲ့သူတွေအတွက် S2 ကိုဆက်လက်တင်ပေးလိုက်ပါတယ်...အညွှန်းကတော့  S1ကဟာပဲထားလိုက်ပါ့မယ်...ဒီဇာတ်လမ်းတွဲကတော့ ပုံမှန် ကောင်လေးနဲ့ကောင်မလေးတို့ ချစ်ဖို့အရေးကြိုးစားနေတဲ့ ဇာတ်လမ်းတွဲမျိုးမဟုတ်ပါဘူး....အဲ့အဆင့်တွေထက်ကျော်လွန်ပြီး အိမ်ထောင်ကျပြီးနောက်ပိုင်း အိမ်ထောင်သည်တွေသမီးရည်းစားဘဝတုနး်ကလို ချစ်နိုင်သေးရဲ့လားဆိုပြီး ပုံစံမတူတဲ့ စုံတွဲ(၃)တွဲကို ရိုက်ပြထားတာပါ....ပျင်းစရာကြီးလို့မထင်လိုက်နဲ့...တကယ့်လက်ရှိမှာ ဒီလိုတွေတကယ်ဖြစ်နေတာ....တရားသူကြီး Park Sa Hyun ဟာ drum တီးခတ်နေတဲ့ Boo Hye Ryung ကိုမြင်မြင်ချင်းချစ်မိသွားပြီး လက်ထပ်ခဲ့ကြပါတယ် ...အိမ်ထောင်သက်သုံးနှစ်ရှိပြီး ကလေးမရှိသေးသော ပထမဆုံးစုံတွဲ.....Shin Yoo Shin ကတော့ဆေးရုံဒါရိုက်တာတစ်ယောက်ဖြစ်ပြီး radio show တစ်ခုရဲ့ PD ဖြစ်တဲ့ Sa Pi Young ရဲ့ချစ်လှစွာသောခင်ပွန်းပေါ့ သူမဟာ သူမရဲ့အိမ်ထောင်ရေးအတွက် အမြဲတမ်း အကောင်းဆုံးတွေဖြစ်အောင် ကြိုးစားနေတဲ့သူလေးပါ,......Lee Si ...
7.7
TMDb: 7.7/10 3 votes
tv

Love (ft. Marriage and Divorce)Season 2 [2021]

2021
Moonshine (2021) [Complete] 8
Moonshine (2021) [Complete] Moonshine (2021) ဇာတ်လမ်းတွဲအညွှန်း************************************ အပိုင်းသစ် - ၁၆ (ဇာတ်သိမ်းပိုင်း)(အစ-အဆုံး ရပါပြီ) သမိုင်းနောက်ခံအချစ်ဇာတ်လမ်းအမိုက်စားလေးတွေကို မျှော်လင့်နေကြတဲ့ CM ပရိသတ်ကြီးအတွက် အခုတစ်ခေါက်တင်ဆက်ပေးမှာကတော့လူငယ်တွေရဲ့ ချစ်ခြင်းမေတ္တာနဲ့ ခင်မင်မှုတွေကို စိတ်ဝင်စားဖွယ်ဖော်ညွှန်းထားတဲ့ ဂျိုဆွန်းခေတ်နောက်ခံဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဒီကားလေးထဲမှာတော့ ... အရက်သေစာရောင်းဝယ်ဖောက်ကားမှုကို ပြင်းပြင်းထန်ထန်တားမြစ်ထားတဲ့ ကာလကြီးမှာ အောင်မြင်မှုအတွက် ယန်ဟန်းမြို့တော်ကိုတက်လာပြီး တရားရေးဌာနမှာအလုပ်လုပ်နေသူ အထောက်တော်လေး Nam Young အကြွေးတွေကိုဆပ်ဖို့အတွက် အရက်ပုန်းရောင်းရုံသာမက ရရာအလုပ်နဲ့ မိသားစုကိုရှာကျွေးနေရတဲ့ကောင်မလေး Kang Ro Seo နဲ့ အရက်သေစာသောက်စားမှုတားမြစ်ထားပေမယ့် စည်းမျဥ်းတွေကိုဂရုမစိုက်ဘဲ နန်းတော်အပြင်ကိုခိုးခိုးထွက်ပြီး သောက်စားနေတတ်တဲ့ ပြဿနာအိုးမင်းသားလေး Lee Pyo ကိုယ်လိုချင်တာကိုရအောင်ယူတတ်တဲ့ မျိုးရိုးမြင့်မိသားစုရဲ့ သခင်မလေး Han Ae jin တို့လေးဦး ဆုံစည်းဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ သူတို့လေးဦးရဲ့ ဘယ်လိုကမောက်ကမအဖြစ်အပျက်လေးတွေနဲ့ ဆုံစည်းဖြစ်ကြမလဲ ? ဘယ်လိုအမှုတွေ ဘယ်လိုအခြေအနေတွေနဲ့ စုံစမ်းမှုတွေကို ရင်တထိတ်ထိတ်နဲ့ လုပ်ဆောင်ကြမလဲ ? လူငယ်တွေကြား ဘယ်လိုအချစ်ဇာတ်လမ်းမျိုးတွေ ပေါက်ဖွားလာကြမလဲ ? ဆိုတာကိုတော့ အခုတင်ဆက်ပေးထားတဲ့ When Flowers ...
8
TMDb: 8/10 1 votes
tv

Moonshine (2021) [Complete]

2021
The One and Only (2021) 8.0
The One and Only (2021) The One and Only (2021)===================2021 မကုန်ခင်မှာ CMက ဘာသာပြန်တင်ဆက်ပေးမယ့် နောက်တစ်ကားကတော့ JTBCက ထုတ်လွှင့်ပြသမယ့် melodramaဇာတ်လမ်းကောင်းလေးပဲ ဖြစ်ပါတယ်။ ငယ်စဉ်က မိဘစွန့်ပစ်တာခံခဲ့ရပြီး အဘွားလက်ထဲမှာ ကြီးပြင်းခဲ့ရတဲ့ Pyo In Sook(Ahh Eun Jin)က နာမကျန်းဖြစ်ခဲ့မှုကြောင့် အာရုံခံစားနိုင်မှုတွေ ပျောက်ဆုံး နေပြီး သေခြင်းနဲ့နီးကပ်နေပြီဖြစ်တဲ့ မိန်းကလေးတစ်ယောက်ပါ။အမျိုးသားဇာတ်လိုက်ဖြစ်တဲ့ Woo Cheon(Kim Kyung Nam) ကတော့ လူသတ်မှု တစ်ခုမှာ ပါဝင်ခဲ့ပြီးနောက် အလွတ်စုံထောက်အဖြစ် လုပ်ကိုင်နေသူဖြစ်ပြီး တရားမဝင်တဲ့ ကိစ္စတွေကိုတောင် တုံ့ဆိုင်းခြင်းမရှိ လုပ်ဆောင်နိုင်သူ... ဘဝမှာဘာအကြောက်တရားမှ မရှိတဲ့ လူတစ်ယောက်။ဒီနှစ်ယောက်ပဲလားဆိုတော့ မဟုတ်ပါဘူး နောက်ထပ် ကိုယ်စီအပူအပင်အပြည့်နဲ့ဇာတ်ကောင် နှစ်ဦးလည်းပါပါသေးတယ်။ သာမန် အိမ်ထောင်သည်ဘဝနဲ့ နေထိုင်ခဲ့ပေမဲ့ အထီးကျန်နေခဲ့ပြီး သေခြင်းရဲ့ဒဏ်ခတ်မှုနဲ့ကိုပါခံနေရသူ Se Yeon(Gang Ye Won)... ဆိုရှယ်မီဒီယာမှာ influencer အနေနဲ့ ရပ်တည်နေသူဖြစ်ပေမယ့်၊ တကယ်တမ်းကျ မကြာခင် သေဆုံးရတော့မယ့် ကောင်မလေး Mi Do(Joy)...မတူညီတဲ့ဇာတ်ကောင်တွေဆိုပေမဲ့ တစ်ဦးစီမှာရှိနေ‌တဲ့ နာကျင်မှုတွေက မထူးမခြားမနားပါပဲ။ ဘဝမှာ ...
8.0
TMDb: 8.0/10 5000 votes
tv

The One and Only (2021)

2021
Love and Joy (2021)
Love and Joy (2021) Love and Joy (2021)ယောင်္ကျားလေးတစ်ယောက်နဲ့ မိန်းကလေတစ်ယောက်တို့ခင်မင်မိရင် "သူငယ်ချင်း" ဆိုတဲ့ နာမ်စားတစ်ခု တကယ်ပဲဖြစ်လာနိုင်ပါသလား။Can a man and a woman become friends?ဒီအတွက် အဖြေကတော့ ...ဒီရှိုးလေးဟာတော့ အပေါ်ကမေးခွန်းလေးကို အဖြေရှာကြမယ့် လူငယ်လေးရှစ်ယောက်တို့ ဆုံတွေ့ရာက ဖြစ်ပေါ်လာတဲ့ အစီအစဉ်လေးပဲဖြစ်ပါတယ်။ပုံမှန် Reality Show တွေနဲ့ ပုံစံလေးတစ်မျိုးကွဲထွက်ပြီးတော့ နာမည်ကြီးတွေလည်း တစ်ယောက်မှ ပါဝင်ထားခြင်း မရှိပါဘူး။Host ပုံစံမျိုးအနေနဲ့ Im La Ra နဲ့ Son Min Soo တို့က တင်ဆက်ပေးထားတာဖြစ်ပြီး Regular Member ရှစ်ယောက်လုံးကတော့ အဆင်တွေကြီးပဲဖြစ်တာမို့ ကြည့်ရတာ မျက်စိအေးစေမယ့် ရှိုးတစ်ခုဖြစ်မှာတော့ အသေအချာပါပဲ။သူငယ်ချင်းဖြစ်နိုင်ပါတယ်လို့ ယုံကြည်သူတွေရှိသလို၊ ဖြစ်မလာနိုင်တဲ့ဖက်က ရပ်တည်သူတွေလည်း ပါဝင်နေတာကြောင့် အဆုံးသတ်ရလဒ်နဲ့အဖြေတွေက အချစ်တစ်ခုလား၊ စစ်မှန်တဲ့ သူငယ်ချင်း ဆက်ဆံရေးလား ဒါမှမဟုတ် ဇုန်တစ်ဇုန်ထဲရောက်သွားမှာလားဆိုတာတော့ အဆုံးထိ ကြည့်ရှုအားပေးရင်း အဖြေထုတ်သွားလိုက်ကြပါဦး။စုစုပေါင်း (၈) ပိုင်း ပါဝင်မှာဖြစ်ပြီး Channel Myanmar ...

Love and Joy (2021)

2021
User Not Found (2021)
User Not Found (2021) User Not Found (2021)==================Teenager ကျောင်းသားဇာတ်ကားလေးတွေကို ကြိုက်တတ်တဲ့ သူတွေအတွက် Wanna One အဖွဲ့ဝင်ဟောင်းCIX အဖွဲ့ဝင် Bae Jin Young ရဲ့သရုပ်ဆောင်ဘက်ကိုတစ်ဆင့်တက်မဲ့ web series User Not Found လေးနဲ့မိတ်ဆက်ပါရစေ။တစ်ချိန်တည်းမှာ ကျောင်းပြောင်းလာကြတဲ့ ယူမင်ဂျယ်ဆိုတဲ့ နာမည်တူ ကျောင်းသူနှစ်ယောက် အေးစက်ပြီးဆွဲဆောင်မှုရှိတာနဲ့အတူ ကောလဟလမှာနာမည်ကြီးတဲ့ ရှင်းလီဂျွန်း၊ flirt တဲ့နေရာမှာတော်တယ်ဆိုပြီး ကောလဟလထွက်နေတဲ့ ရှင်းလီဂျွန်းဟာ ယူမင်ဂျယ်နဲ့ မတော်တဆပတ်သတ်မိပြီး အထင်လွဲမှုတွေခံရပါတယ်။ရှင်းလီဂျွန်းနဲ့ ပတ်သတ်မိတဲ့ ယူမင်ဂျယ်က ဘယ်သူဖြစ်မလဲဆိုတာတော့ စောင့်ကြည့်ပေးကြပါဦးနော်။High School Romance အနေနဲ့တွေ့ရမဲ့ ဒီဇာတ်ကားလေးဟာ တမျိုးထူးခြားနေပါပြီ။ဒီကားလေးဟာ One Fine Week, Best Mistake, Kiss Goblin တို့လို နာမည်ကြီး web series တွေရိုက်ခဲ့တဲ့WHYNOT media ကပဲရိုက်မှာဖြစ်တဲ့အတွက် မကောင်းမှာတော့ မပူနဲ့နော် ...

User Not Found (2021)

2021
Artificial City (2021)
Artificial City (2021) Artificial City(2021)ဒီလောကကြီးဟာ ငွေမရှိရင် ရှင်သန်လို့မရတဲ့နေရာ...ငွေမရှိရင် ခိုင်မာတဲ့အိမ်ထောင်ရေးတစ်ခုကိုတည်ဆောက်လို့မရတဲ့ နေရာ….ဒီလိုလောကကြီးထဲမှာ ရှင်သန်နေတဲ့ ယွန်းဂျယ်ဟီးဆိုတဲ့အမျိုးသမီးဟာနှစ်ရှည်လများချစ်ကြိုက်ခဲ့တဲ့ ချစ်သူကိုစွန့်ခွာပြီးဆုန်းဂျင်းမိသားစုက ဂျန်ဂျွန်ဟျော့နဲ့လက်ထပ်ခဲ့တယ်သိပ်ကိုချမ်းသာလွန်းတဲ့ မိသားစုထဲဝင်ရတာ ယွန်းဂျယ်ဟီးအတွက် ဘယ်လောက်ခက်ခဲခဲ့မယ်ထင်လဲအဲ့ဒီထဲကမှ ဂျန်ဂျွန်ဟျော့ဆိုတာ ဆုန်းဂျင်းမိသားစုရဲ့
တရားဝင်သားမဟုတ်နေတဲ့အခါ....ငွေဆိုတာ လူကိုပိုပိုပြီးလောဘတက်စေတဲ့အရာခင်ပွန်းဖြစ်သူက တရားမဝင်တဲ့သားဖြစ်နေတာကြောင့်ဆုန်းဂျင်းကိုဆက်ခံနိုင်သူဖြစ်ဖို့ အခွင့်အလမ်းနည်းမှန်း ယွန်းဂျယ်ဟီးက မသိဘဲမနေပါဘူးအာဏာဆိုတာလည်း လောကကို ထိန်းချုပ်နိုင်တဲ့နည်းတစ်မျိုးပဲမဟုတ်လားယွန်းဂျယ်ဟီးဟာ ခင်ပွန်းဖြစ်သူကို ဆက်ခံပိုင်ခွင့်ရအောင်နိုင်ငံရေးနယ်ပယ်ဘက်ကနေ လွှမ်းမိုးဖို့ကြိုးစားရင်း....အတောမသတ်နိုင်တဲ့ လောဘတွေဟာလူတွေကို ဘယ်လောက်အနေအထားအထိ အဆိုးဆုံးရောက်အောင် ဆွဲချနိုင်ပါသလဲ???အပတ်စဉ် ဗုဒ္ဓဟူးနဲ့ကြာသပတေးနေ့တိုင်း Channel Myanmar မှာတင်ဆက်ပေးသွားမှာမလို့စောင့်မျှော်ကြည့်ရှုပေးကြပါဦး File Size –700MB @EpisodeQuality – 720pDuration – minute (@Episode)Total Episodes: 20 EpsSubtitle – Myanmar HardsubFormat – Mp4Genre : Drama MysteryTranslator – CM TeamEncoder – YK  VIP Member - Click Here ...

Artificial City (2021)

2021
Lost in Space – Season 03 7.6
Lost in Space – Season 03 Lost in Space - Season 03====================IMDb Rating - 7.1/10Netflixရဲ့ budgetမြင့် Hit series​တွေထဲက တစ်ခုဖြစ်တဲ့ Lost in Space Season 3ထွက်လာပါပြီ။Season 2အဆုံးမှာ ပင်မResoluteယာဉ်​ကို စက်ရုပ်အပြည့်နဲ့ ယာဉ်တစ်စီး​​ရောက်လာပြီး တိုက်ခိုက်ခဲ့တဲ့အတွက် Will, Judyနဲ့ Pennyနဲ့ Robotတို့က Jupiterယာဉ်နဲ့အတူ Resoluteပေါ်မှ Young Colonists ၉၇​ယောက်​ကို Alpha Centuriဆီ ကယ်ဖို့ တာဝန်ယူခဲ့ရပါတယ်၊ဒါ​ပေမဲ့ Jupiterယာဉ်ဟာ အမည်မသိကြယ်တာရာအဖွဲ့အစည်းထဲ ​ရောက်သွားပြီး အဲဒီထဲမှာ လွန်ခဲ့တဲ့နှစ်​ပေါင်း၂၀က​ပျောက်ဆုံးခဲ့တဲ့၊ Judyအ​ဖေ Grant Kelly ကြီးကြပ်ခဲ့တဲ့ Fortunaယာဉ်ပျံကို ပြန်​​တွေ့ခဲ့ရပါတယ်၊ဒီ Seasonမှာ​တော့ Willတို့တစ်သိုက် ကိုယ့်အားကိုယ်ကိုးရင်း Colonist ၉၇​ယောက်ကို အခက်အခဲ​၊ အတားအဆီးတွေကြားက ဘယ်လိုဦး​ဆောင်သွားမလဲ၊ Fortunaယာဉ်က​ရော ဘာ​ကြောင့်​ ပျောက်ဆုံးသွားခဲ့တာလဲ၊ အဲဒီလျှို့ဝှက်ချက်​တွေက သူတို့ဘဝကို ဘယ်​​လောက်ထိ ​ပြောင်းလဲသွား​​စေမလဲဆိုတာ ဆက်လက်ကြည့်ရှုရမှာပါ(ဒီဇာတ်လမ်းရဲ့အညွှန်းကို JimX မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့JimX, August, Chuck Chuck, Chit Tee, Tar ...
7.6
TMDb: 7.6/10 934 votes
tv

Lost in Space – Season 03

2021
The Player (2021)
The Player (2021) THE PLAYER(2021) / စ / ဆုံးဇာတ်လမ်းတွဲအညွှန်း ******************************** အောင်မြင်ကြွယ်ဝမှုတွေ ၊ ခမ်းနားတောက်ပမှုတွေနဲ့ ကျော့မော့နေတဲ့ လူချမ်းသာတွေရဲ့ဘဝ...သူတိုအောင်မြင်မှုတွေရဲ့နောက်ကွယ်က လူအများအားကျရသအောင်မြင်ကြွယ်ဝမှုတွေ ၊ ခမ်းနားတောက်ပမှုတွေနဲ့ ကျော့မော့နေတဲ့ လူချမ်းသာတွေရဲ့ဘဝ...သူတိုအောင်မြင်မှုတွေရဲ့နောက်ကွယ်က လူအများအားကျရသလို အကောင်းတွေနဲ့ပဲ ပြည့်နေရဲ့လား...ရှုပ်ထွေးပွေလီလှတဲ့ လူ့ဘဝဇာတ်ခုံကြီးမှာ လူတကာနဲ့ ပုခုံးချင်းယှဉ်၊ ရင်ဘောင်တန်းနိုင်ဖိုအတွက် ကျရာဇာတ်ရုပ်ကနေ အတတ်နိုင်ဆုံးကနေရတဲ့ သူတို....ကိုယ့်လက်ရှိနဲ့ အလှမ်းဝေးလွန်းလှတဲ့ဘဝကို ရယူချင်လာတဲ့ လောဘတွေကိုပိုက်ထားတဲ့ လူတစ်သိုက်...ဘယ်လိုကောက်ကျစ်စဉ်းလဲတဲ့ အကြံတွေကိုထုတ်သုံးကြမလဲ... ယုံကြည်ရတဲ့သူငယ်ချင်းနောက်ကျောကို ဓားနဲ့ထိုးဖိုလည်း ဝန်မလေးတဲ့သူတွေ... တစ်ယောက်ဘဝကိုဆွဲချနိုင်ဖိုအတွက် ကိုယ့်ဘဝကိုပါ စတေးမဲ့သူတွေ... အပြန်ပြန်အလှန်လှန် သစ္စာဖောက်မှုတွေနဲ့...တားဆီးမရတဲ့ လူသတ်မှုတွေဖြစ်ပေါ်လာတဲ့အခါတရားခံက ဘယ်သူလဲ...ကိုယ့်ဘေးနားကလူကရော ယုံကြည်ရသူဟုတ်ရဲ့လား လောဘနဲ့ပတ်သက်လာရင် ကိုယ့်ကိုယ်ကိုယ်တောင် ယုံကြည်ရရဲ့လားဆိုတဲ့လူ့သဘောသဘာဝရဲ့ အယုတ်ကန်းနိုင်ဆုံး အမူအကျင့်တွေကို ပေါ်ပေါ်ထင်ထင် တွေ့မြင်ရမဲ့ Genre စုံ ထိုင်းကားကောင်းလေးဖြစ်တဲ့ The Player ကို CM မှာ အပတ်စဉ် Mon, Tue တိုင်း စောင့်မျှော်ကြည့်ရှုလိုရပါပြီ...P.S - 18+ အခန်းတွေလည်းပါပြီး ...

The Player (2021)

2021
Trace of Hidden Love(2021)
Trace of Hidden Love(2021) Trace of Hidden Love (2021)    စ / ဆုံး________________________ဇာတ်လမ်းတွဲအညွှန်းထိရန်ထဝပ် ရဲ့အကို ထယူးထဝပ်ဟာ ကေအုဆာနှင့် လက်ထပ်ပြီး၁ နှစ် မပြည့်ခင်မှာ အိမ်တွင်သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရတယ်ကေအုဆာ သည် ထူးထူးခြားခြား ပျောက်ကွယ်သွားပြီး အတိတ်မေ့နေသောလူတစ်ယောက်အဖြစ် ဆေးရုံတွင် ပြန်ပေါ်လာခဲ့တယ်ဒီလူသတ်မှူမှာ သံသယဖြစ်စရာ ဖြစ်လာတဲ့အခါ၊ ကေအုဆာ ဟာ တကယ်ဖြစ်ပျက်ခဲ့တာကို စုံစမ်းစစ်ဆေးဖို ထိရန်ထဝပ် နဲ့ ပူးပေါင်းလိုက်ပါတော့တယ်သိုသော်၊ အဖြေများကိုရှာဖွေရင်း သူမ၏အမှတ်တရများကို ပြန်လည်ရယူရန်နည်းလမ်းတစ်ခုလည်း ရှာဖွေနေစဉ်တွင်...ထိရန်ထဝပ်နှင့် ကေအုဆာ အကြား အချစ်ဇာတ်လမ်းသည် စတင်ပေါ်ပေါက်လာခဲ့တယ်အမှုကိစ္စအမှန်တရားကို သူတိုရှာဖွေတွေ့ရှိနိုင်မလား.?သူတိုရဲ့ အချစ်ဇာတ်လမ်း ဘယ်လိုမျိုးဖြစ်လာမလဲ...................ကေအုဆာရဲ့ အမွှာ အမကိုရော ဘယ်လိုရှာဖွေတွေ့ရှိမလဲ...........လူသတ်မှု၏ ပဟေဠိကို အဖြေရှာနေသော ချစ်ခြင်းမေတ္တာ ဖုံးကွယ်ထားသော ဒရာမာ ဇာတ်ကားကို စောင့်မျှော်ကြည့်ရှုနိုင်ပါပြီEpisodes: TBAAired: Nov 23, 2021 – TBAAired On: Mon ...

Trace of Hidden Love(2021)

2021
From Chao Phraya to Irrawaddy (2022)

From Chao Phraya to Irrawaddy (2022)

2021
Switch On (2021)
Switch On (2021) Switch On (2021)     စ / ဆုံး___________________ဇာတ်လမ်းတွဲအညွှန်းဒီတစ်ခါ တင်ဆက်မယ့်ဇာတ်ကားလေးကတော့ ထိုင်း series fan လေးတွေပါမကKdrama fan လေးတွေပါစိတ်ဝင်စားရမယ့်ကားလေးပါနော်2016 လောက်က နာမည်အရမ်းကြီးခဲ့တဲ့ W: Two worlds ဆိုတဲ့ Kdrama လေးအတိုင်တစ်ဖန် remake ပြန်ရိုက်ထားတဲ့ဇာတ်လမ်းလေးပေါ့အားခင်ဟာ သေနတ်ပစ်အားကစားသမားတစ်ယောက်ဖြစ်ပြီး ဘီလျံနာသူဌေးကြီးရဲ့တစ်ဦးတည်းသောသားလည်းဖြစ်ပါတယ်အားခင်က သေနတ်ပစ်မှာသာမန်အဆင့်လောက်ပဲကျွမ်းကျင်တာပါတစ်နေ့ အဖေရဲ့မွေးနေ့မှာ surprise cake လေးကိုဆိုင်ကနေ အားခင်တစ်​ယောက် ပျော်ပျော်ရွင်ရွင်နဲ့သွားယူနေတုန်းသူ့အဖေဟာ သူပြိုင်ပွဲဝင်နေကျသေနတ်နဲ့ပစ်သတ်ခံခဲ့ရပါတယ်သေနတ်ပိုင်ရှင်ဟာလည်းအားခင်.... သေနတ်ပေါ်ကလက်ဗွေပိုင်ရှင်ကလည်း အားခင်ထူးခြားဆန်းကြယ်စွာခိုင်မာတိကျနေတဲ့ သက်သေတွေနဲ့အတူ အားခင်ထောင်ကျခဲ့ရပါတယ်နီဆာဆိုတဲ့အလုပ်သင်ဆရာဝန်မလေး ...အဖေဖြစ်သူကဂိမ်းတီထွင်သူ ဂိမ်းထဲကအဓိကဇာတ်ကောင်လေးကအားခင်ပေါ့အားခင်ရဲ့ကမ္ဘာလေးဟာ ဂိမ်းတစ်ခုအနေနဲ့ အသက်ဝင်နေတယ်ဆိုတာကို ဘယ်သူကမှသတိမထားမိကြပဲမတော်တဆ အားခင်တို့ကမ္ဘာဘက်ကိုရောက်သွားတဲ့နီဆာ.....နီဆာတကယ့်ကမ္ဘာဆီပြန်ထွက်လာနိုင်မလား အားခင်ရောသူ့ရဲ့နာမည်ပျက်ကိုပြန်ချေပနိုင်မလား??အားခင်မကျူးလွန်ခဲ့တဲ့ပြစ်မှုရဲ့နောက်ကွယ်မှာရောဘယ်လိုလျှို့ဝှက်ချက်တွေရှိနေတာလဲ??ဆိုတာကိုတော့ အပတ်စဥ်စောင့်မျှော်ကြည့်ရှုရမှာပေါ့နော်Recommend ချင်တာကတော့ W နဲ့လုံးဝဥဿုံတူနေတာမျိုးမဟုတ်ပဲ ကွဲပြားတာလေးတွေလည်းရှိလို့ ထိုင်း version လေးကိုလည်းခံစားကြည့်ကြစေချင်ပါတယ်Episodes: TBAAired: Nov 18, 2021 – TBAAired On: ...

Switch On (2021)

2021
Bulgasal: Immortal Souls (2021)
Bulgasal: Immortal Souls (2021) Bulgasal : Immortal souls (2021)Dan hwal (Lee Jin-Wook)ကအမြဲတမ်းထာဝရရှင်သန်နေတဲ့ လွန်ခဲ့သောနှစ်ပေါင်း 600 က လူသားတစ်ဦးဖြစ်ပါတယ် ရှေးခေတ်မှာ တပ်မှူးတစ်ယောက်အဖြစ် တာဝန်ကို ထမ်းဆောင်နေပြီး နှစ်ပေါင်း 600 လုံးလုံး မသေနိုင်ခဲ့ပါဘူးMin Sang Woon(Kwon Na-Ra) ကလည်းမသေနိုင်တဲ့လူဖြစ်ခဲ့‌ပေမယ့် အခုတော့ သူမက လူသားအဖြစ်ကို ပြန်လည်ဝင်စားပြီးတော့ လူသားအဖြစ် နေထိုင်‌နေပါတယ် သူမရဲ့ ကြေကွဲဖွယ်ဖြစ်ရပ်တစ်ခုကို ဖြတ်သန်းပြီးတော့ သူမရဲ့ တကယ့်နာမည်နှင့် အထောက်အထား‌တွေကို ပြောင်းလဲပြီး နေထိုင်နေခဲ့ပါတယ် သူမရဲ့ကြေကွဲစရာအဖြစ်အပျက်ကို လက်စားချေဖို့ ပြင်ဆင်ရင်း လျှို့ဝှက်စွာ နေနေခဲ့ပါတယ် အတိတ်မှာ Dan Sol က Dan Hwal ရဲ့ ဇနီးဖြစ်ခဲ့ပြီး သူမမှာ ထူးခြားမှုတစ်ခုရှိနေပါတယ်Ok Eul Tae ကလည်း Dan Hwal လိုမျိုး မသေနိုင်တဲ့လူသားပါ ဒါပေမယ့် သူကတော့ သေရမှာကိုမကြိုက်တဲ့သူ၊ ဒီလိုရှင်သန်နေရတာကို ပျော်မွေ့နေတဲ့သူပါအဲ့တော့ သူက ဗီလိန်ဖြစ်လာမှာလား...မွေးကတည်းက ကျိန်စာတိုက်ခံရပြီး သေခြင်းမှ ...

Bulgasal: Immortal Souls (2021)

2021
Dream Garden (2021)
Dream Garden (2021) ပရိတ်သတ်တွေနဲ့မစိမ်းတဲ့ World of Honour ထဲကမင်းသားလေး Gong Jun နဲ့Ode to joy ထဲက မင်းသမီးလေး Qiao Xin တို့က ပါဝင်သရုပ်ဆောင်ထားတဲ့series အသစ်လေးနဲ့တင်ဆက်ပေးလိုက်ပါတယ်အနေအေးပြီး စိတ်ပညာနဲ့ပတ်သတ်ရင် ကျွမ်းကျင်တဲ့ စိတ်ရောဂါကုဆရာဝန်လေး Lin Shen နဲ့ချစ်မှုရေးရာနဲ့ပတ်သတ်ရင် လက်တွေ့မကြုံဖူးပေမယ့် သူ့ကိုယ်သူ ကျွမ်းကျင်အဆင့်လို့ခံယူထားတဲ့ blogger မလေး xiao xiao တို့ဟာ တစ်ယောက်နဲ့တစ်ယောက် အမြင်မတူတဲ့အတွက်ငြင်းခုံဖူးကြသူနှစ်ဦးပါ။ ဒီလိုနဲ့ စိတ်ပညာနဲ့ပတ်သတ်ပြီး လေ့လာချင်တဲ့xiao xiao တစ်ယောက် စိတ်ရောဂါကုဆရာဝန်တစ်ဦးဆီမှာ လက်ထောက်အဖြစ်လျှောက်ရာကနေ သွေးအေးတဲ့ Lin Shenရဲ့လက်အောက်မှာ လက်ထောက်အဖြစ်အလုပ်လုပ်ခွင့်ရပြီးတဲ့နောက် ကံကြမ္မာက သူတို့နှစ်ဦးကို နီးစပ်စေဖို့ဘယ်လို​အပြောင်းအလဲတွေ ဖန်တီးပေးဦးမလဲ ဆိုတာကို ဒီဇာတ်လမ်းလေးထဲမှာရင်ခုန်စိတ်လှုပ်ရှားရင်းကြည့်ရှုရမှာပဲဖြစ်ပါတယ်။အချောလေးနှစ်ယောက်ရဲ့ လိုက်ဖတ်မှုအပေါင်းကိုလည်း လှလှပပကြီးခံစားရမယ့်အပြင်Lin Shen တစ်ယောက် အိပ်မွေ့ချကုထုံးတွေနဲ့ လူနာတွေရဲ့ စိတ်ဒဏ်ရာတွေကိုဘယ်လိုဖြေရှင်းပေးမလဲ Xiao Xiao ကရော ...

Dream Garden (2021)

2021