Channel Myanmar

2021

Cruel Summer (2021) Season 01 Complete 7.6
Cruel Summer (2021) Season 01 Complete Cruel Summer (2021) Season 01 Complete ~ IMDb - 7.4/10, Rotten Tomatoes - 82% ~ ဒီ Teen, Drama, Thriller, Mystery Series လေးက 13 Reasons Why ဇာတ်လမ်းကို ကြိုက်သူတွေ မကြည့်မဖြစ်ကြည့်သင့်တဲ့ Series လေးပါပဲ။ ပုံမှန် ဆယ်ကျော်သက် ပြဿနာတွေထက်ပိုကြီးတဲ့ ပြဿနာတွေကို ကြုံတွေ့ရတဲ့ ဆယ်ကျော်သက်လေးတစ်စုအကြောင်းပါ။ စလာကတည်းက စိတ်ဝင်စားစရာကောင်းပြီး နောက်ဘာဖြစ်မယ်ဆိုတာ အပိုင်းတိုင်းမှာ ရင်ခုန်နေရအောင် ဆွဲဆောင်ထားနိုင်ပါတယ်။ ဇာတ်လမ်းကို ခုနှစ်သုံးခုရဲ့ နွေရာသီတွေမှာ ဖြစ်ခဲ့တဲ့ အကြောင်းကို အပြိုင်ပြထားတဲ့အတွက် နည်းနည်းတော့ ရောချင်စရာကောင်းပါတယ်။ အချိန်ကရှေ့နောက်ကူးနေပေမဲ့ ဇာတ်လမ်းသွားကတော့ Mystery အမျိုးအစားပီပီသသ ရှေ့မှာ ဘာဖြစ်မလဲဆိုတာ မှန်းမရအောင် ပြထားနိုင်တာကတော့ အရမ်းကိုလှတယ်လို့ပြောချင်ပါတယ်။ ဇာတ်လမ်းထဲကအကြောင်းအရာကိုပဲ အဓိကပြောထားပြီး လူ့အဖွဲ့အစည်းက ဘာဖြစ်တယ်၊ ...
7.6
TMDb: 7.6/10 274 votes
tv

Cruel Summer (2021) Season 01 Complete

2021
D.P. Season 2 (2023)[Complete] 8.086
D.P. Season 2 (2023)[Complete] D.P. Season 2 (2023)******************* အပိုင်း ( ၁ မှ ၆) ထိ စ/ဆုံးဇာတ်လမ်းရဲ့အကျဉ်းချုံးကို Season 1 ကြည့်ပြီးသူတွေက သိကြပြီးသားဖြစ်မှာဆိုပေမဲ့အခုမှစကြည့်မယ့်သူတွေအတွက်တော့ S1 ကိုပါ အရင်ပြေးကြည့်ဖြစ်စေဖို့ အကျဉ်းချုံးလေး ပြန်ပြောပြပါမယ်နော်ဇာတ်လမ်းအကျဉ်းက မိသားစုအတွင်းရေးပြဿနာရှိလို့ တစ်ယောက်တည်းပေပေတေတေနေတဲ့အန်ဂျွန်ဟိုဆိုတဲ့ကောင်လေးက စစ်မှုထမ်းရမယ့်အချိန်ရောက်လာလို့ လိုက်ပို့မယ့် မိဘတွေမိသားစုဝင်တွေမပါဘဲ တပ်ထဲကို မထုံတက်သေးအမူအရာနဲ့ တစ်‌ယောက်တည်း ဝင်လာပါတယ်။ ပညာရေးအဆင့်က မမြင့်မားပေမဲ့ အမှန်တရားကို လက်ကိုင်ထားပြီး ‌ဖြတ်ထိုးဉာဏ်ကောင်းတဲ့ဂျွန်ဟိုတစ်ယောက် ကံစွပ်ပြီး တပ်ပြေးတွေကို လိုက်ဖမ်းရတဲ့အဖွဲ့ D.P. ထဲကို ရောက်သွားပါတယ်။အဲအဖွဲ့က တပ်က‌ထွက်ပြေးတဲ့သူတွေကို လိုက်ထမ်းရတာဖြစ်လို့ လိုက်ဖမ်းတဲ့သူတွေအနေနဲ့ဆံပင်ရှည်လည်းထားခွင့်ရှိသလို အပြင်ထွက်ခွင့်ကလည်း မကြာခဏရရှိတာကြောင့်တပ်သားတိုင်းရောက်ချင်တဲ့အဖွဲ့လို့ပြောရင် မမှားဘူးပေါ့။ အပြင်ရောက်ရင် သာမန်အရပ်သားလိုပဲ ပြုမူနေထိုင်ရတာကိုး။တစ်ခုရှိတာက ဂျွန်ဟိုကိုယ်တိုင် D.P အဖွဲ့ကိုရောက်လာပြီး တပ်ကြပ် ဟန်ဟိုယောနဲ့ အတွဲညီညီမလှုပ်ရှားရသေးခင် တပ်တွင်းအကြမ်းဖက်မှုတွေကို ခံစားခဲ့ရသလို ကြီးနိုင်ငယ်ညှဉ်းလုပ်ရပ်တွေကထိပ်ဆုံးရာထူးကအစ အောက်ခြေတပ်သားထိအဆုံး တပ်ထဲမှာ လှိုက်စားနေတယ်ဆိုတာပါပဲ။ ဂျွန်ဟိုတို့လိုက်ဖမ်းရတဲ့တပ်ပြေး‌တွေကလည်း အကြောင်းမျိုးစုံကြောင့် ပြေးကြတာဖြစ်ပေမဲ့အများစုက ...
8.086
TMDb: 8.086/10 145 votes
tv

D.P. Season 2 (2023)[Complete]

2021
D.P.(2021)
D.P.(2021) D.P.(2021)ဇာတ်လမ်းတွဲအညွှန်း*************************အပိုင်းသစ်(၁ မှ ၆)ထိ စ/ဆုံး(၆)ပိုင်းတစ်ပြိုင်နက်ထွက်ရှိမှာဖြစ်လို့ တစ်ထိုင်ထဲထိုင်ကြည့်ဖို့ အနည်းငယ်စောင့်ဆိုင်းပေးကြပါကုန်....နိုင်ငံသားတိုင်း စစ်မှုမထမ်းမနေရဆိုတဲ့ဉပဒေကို ကိုရီးယားမှာပြဌာန်းထားတာအားလုံးသိကြမှာပါ....ထုံးစံအတိုင်းအသက်ပြည့်လို့  တာဝန်ထမ်းဆောင်ဖို့ စစ်ထဲရောက်လာကြတဲ့သူတွေရှိပါတယ်...စစ်တပ်ဆိုတာလည်းသိတဲ့အတိုင်း ဌာနဆိုင်ရာတွေများပြားလွန်းလှသလို တာဝန်အသီးသီးသယ်ပိုးရတာလည်းအများကြီးရှိပါတယ်...အခုမှစစ်ထဲဝင်တဲ့ အန်ဂျွန်ဟိုအတွက်တော့ထူးခြားတယ်ပြောရမှာပဲ...နိုင်ငံတိုင်းမှာ စစ်ပြေးတွေပြန်လည်ဖမ်းဆီးဖို့ သီးခြားဖွဲ့စည်းထားတဲ့ တပ်ဖွဲ့တစ်ခုရှိကြတယ်...မြန်မာမှာဆိုရင်တော့ တပ်ထိန်းဖြစ်မလားပဲ...ဒီလိုအဖွဲ့အစည်းက သိရသလောက်ဖိုက်တာတွေနဲ့ဖွဲ့ထားတယ်ပြောတယ်....စစ်ပြေးတဲ့သူတွေကလည်း အခြေခံစစ်ပညာ တိုက်ရည်ခိုက်ရည်တွေရှိတော့ဖမ်းဆီးတဲ့နေရာမှာ သူတို့ထက် လက်စောင်းထက်ပြီး ဖိုက်တာကျနေနိုင်မှာအဆင်ပြေမှာမို့တော်ပေ့ ကြမ်းပေးဆိုတဲ့သူတွေနဲ့ဖွဲ့စည်းထားတယ်လို့ ဆိုတယ်... အန်ဂျွန်ဟိုတစ်ယောက်မမျှော်လင့်ဘဲ တပ်ထိန်းတပ်ဖွဲ့ထဲရောက်ပြီး မကြုံစဖူး ထိတ်လန့်စရာ တာဝန်တွေထမ်းဆောင်ဖို့ကြုံလာရတဲ့အခါမှာတော့...    Episodes-6Air Date-Aug 27, 2021Genres: Action, Military, DramaTranslated by Ei Phyu Khin, Hnin Pale,Mi Moe Set & Myo Myo HtetEncoder – Phyo Pyae  ZIP Yoteshin / Megaup / VIP   Season 1 Ep1  >>>>       Usersdrive   /  ...

D.P.(2021)

2021
Joe Pickett – Season (01), (02) 7.7
Joe Pickett – Season (01), (02) Joe Pickett - Season (01), (02) ====================== IMDb 7.7 ရရှိထားပြီး ဇာတ်လမ်းဇာတ်အိမ်ခိုင်ခိုင်နဲ့ season 2 ခု ထွက်ရှိထားတဲ့ စီးရီးတစ်ခုကို တင်ဆက်ပေးချင်ပါတယ်။ အထူးသဖြင့် အမျိုးသားပရိသတ်တွေ ပိုအကြိုက်တွေ့နိုင်မဲ့ ဇာတ်လမ်းမျိုးလို့ ထင် မြင်မိပါတယ်။ ဇာတ်ကောင်တွေရဲ့ အံဝင်ခွင်ကျဖြစ်မှု၊ ရိုက်ကူးတင် ဆက်ပုံ ကောင်းမွန်မှု နဲ့ နောက်ခံရှု့ခင်းတွေ သဘာဝဆန်စွာ လှပမှုတွေ ကြောင့် စတင်ထုတ်လွှင့်ချင်းမှာပဲ feedback ကောင်းတွေ အများကြီး ရထားတဲ့ စီးရီးတစ်ခုပါပဲ။ဇာတ်လမ်းအညွှန်း _____________ ဂျိုးပစ်ကတ်က ဆက်ဒယ်စထရင်းဆိုတဲ့ မြို့လေးကို အသစ်ပြောင်းလာ တဲ့ တောခေါင်းတစ်ယောက်ပါ။ ဥပေဒကို ချိုးဖောက်တဲ့ ဘယ်သူ့ကိုမဆို ချက်ချင်းအရေးယူတတ်ပြီး လိုင်စင်မဲ့ ငါးဖမ်းတဲ့ အစိုးရအဖွဲ့ခေါင်းဆောင် ကိုပါ ထိန်းသိမ်းအရေးယူခဲ့တာကြောင့် သတင်းစာတွေမှာ ဟိုးလေးတ ကြော်ကြော်ဖြစ်နေတဲ့သူပေါ့။ ဒါ့အပြင် ဇနီးဖြစ်သူ ရှေ့နေမလေးနဲ့ သမီး နှစ်ယောက်အပေါ်မှာလည်း တော်တော်လေးကို တာဝန်ကျေတဲ့ အိမ်ထောင် ဦးစီးကောင်းတစ်ယောက်ပါ။ဒီလိုနဲ့ ဆက်ဒယ်စထရင်းကို သူရောက်လာလာချင်းမှာပဲ အုတ်ခီလီဆိုတဲ့ တောကောင်ရောင်းဝယ်ရေးသမားတစ်ယောက်က ရာသီချိန်မဟုတ်ဘဲ အမဲ လိုက်နေတဲ့အတွက် လိုင်စင်သိမ်းပြီး အရေးယူပစ်ခဲ့ပါတယ်။ ဒါပေမဲ့ သူမသိ ခဲ့တာကတော့ ...
7.7
TMDb: 7.7/10 5200 votes
tv

Joe Pickett – Season (01), (02)

2021
With Love – Season (01), (02) 7.2
With Love – Season (01), (02) With Love - Season (01), (02) ===================== IMDb Rating - 7.2/10Rom-Com အမျိုးအစားကို ဇာတ်လမ်းကောင်းကောင်းနဲ့ ရယ် ရမှဆိုတဲ့ ဇာတ်လမ်းတွဲမျိုးကို ကြိုက်တတ်တဲ့သူ ဆိုရင် ဒီဇာတ် လမ်းတွဲကို ကြည့်လိုက်ပါ။ ဒီဇာတ်လမ်းတွဲဟာ IMDb Rating 7.2, Rotten Tomatoes 100% ရထားလောက်တဲ့အထိ ကောင်း ပါတယ်။ အရမ်းကြီး serious ဖြစ်နေတာတွေ၊ တွေးတောနေရ တာမျိုးတွေ၊ ဦးနှောက်စားနေရတာမျိုးတွေ မဟုတ်ဘဲ အေးအေး ဆေးဆေး ချစ်သူလေးနဲ့ chill ရင်း ကြည့်မယ်ဆိုရင်တော့ လုံးဝကို Perfect ဖြစ်မယ့် ဇာတ်လမ်းတွဲမျိုးပါ။လီလီဒီယက်ဇ်ဟာ ခရစ္စမတ်ညမတိုင်ခင်မှာ ရည်းစားနဲ့ လမ်းခွဲခဲ့တဲ့ လက်တင်သူလေး တစ်ယောက်ပါ။ အသက်ကလည်း ၂၈ နှစ်ရှိပြီမို့ မိဘတွေကလည်း သူ့ကို အခြေတကျဖြစ်စေချင်ပါတယ်။ လီလီလည်း ခရစ္စမတ်အကြို မိသားစု ညစာစားပွဲမှာ အမျိုးတွေနဲ့ ဆုံရမှာမို့ စိတ် ညစ်နေခဲ့ပါတယ်။ အကြောင်းကတော့ လက်တင်မျိုးနွယ်တွေရဲ့ ထုံးစံ အတိုင်း အမျိုးများပြီး၊ ထိုအမျိုးတွေကလည်း "ရည်းစားနဲ့ကွဲတယ်ဆို စိတ်မညစ်ပါနဲ့ ...
7.2
TMDb: 7.2/10 2500 votes
tv

With Love – Season (01), (02)

2021
Kin (2021) 8.065
Kin (2021) ကင်ဆယ်လာမိသားစုဟာ ဒဗ္ဗလင်အခြေစိုက်ဂန်းစတားမိသားစုတစ်ခုဖြစ်ပြီး နာမည်ကြီးတဲ့အထဲမှာပါပါတယ်။ ကွေလန်မိုးဆိုတဲ့ သူတို့ပြိုင်ဘက်တစ်ယောက်နဲ့ ပြိုင်ဆိုင်မှုတွေပြင်းထန်လာခဲ့ရာကနေ မိသားစုထဲက သွေးဆူလွယ်တဲ့ မိုက်ရူးရဲတစ်ယောက်ဖြစ်တဲ့ အဲရစ်ရဲ့လက်ချက်နဲ့သူတို့တစ်မိသားစုလုံး တစ်မြို့လုံးက ဂန်းစတားတွေရဲ့ပစ်မှတ်အောက်ရောက်တဲ့အထိပြဿနာတွေကြီးထွားလာပါတော့တယ်။ရှေ့တိုးမရနောက်ဆုတ်မရအခြေအနေ၊ မိသားစုတွင်းက သွေးကွဲမှုပြဿနာတွေ ပြိုင်ဆိုင်မှုတွေကြားကနေ ဘယ်လိုရုန်းထွက်ကြမလဲ? အင်အားကြီးတစ်ဖက်ရန်သူကိုဘယ်လိုရင်ဆိုင်အနိုင်ယူကြမလဲ အစရှိတာတွေကို ဒီဇာတ်လမ်းတွဲမှာတွေ့မြင်ရပါလိမ့်မယ်။Crime/Drama ပရိသတ်တွေသေချာပေါက်အကြိုက်တွေ့မှာဖြစ်ပြီး episode 1 ကနေအဆုံးအထိ မထတမ်းကြည့်ချင်အောင်ဆွဲဆောင်နိုင်မယ့်ဇာတ်လမ်းတွဲလည်းဖြစ်ပါတယ်။ ဖရန့်ကင်ဆယ်လာအဖြစ် GOT ထဲက Littlefinger တစ်ဖြစ်လဲ Aidan Gillenခေါင်းဆောင်ပါဝင်ထားတာပါ။File size…(848 MB)/(406 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….00:53:00 Genre...Drama, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Alias  Season 1Episode 1 720p  -  Yoteshin / Megaup / Meganz / Usersdrive / Streamvid / Streamsb Episode ...
8.065
TMDb: 8.065/10 23 votes
tv

Kin (2021)

2021
Record of Ragnarok – Season (01)(02) 6.4
Record of Ragnarok – Season (01)(02) Record of Ragnarok - Season (01)(02) ==============================="Record of Ragnarok"ကို Anime fan အတော်များများသိပြီး ဖြစ်ပါလိမ့်မယ်။ မသိသေးသူများအတွက် ပြောပြရမယ်ဆိုရင်တော့ ဘာသာရေးနယ်ပယ်အစုံက နတ်ဘုရားတွေ (ဥပမာ-Thor,Zeus, Shiva, Buddha,etc...)နဲ့ လူသားတွေကြားကတိုက်ပွဲဖြစ်ပါတယ်။ ဘာသာရေးနယ်ပယ်အစုံက နတ်ဘုရားတွေဖြစ်တဲ့အတွက် universe တွေကိုတစ်နေရာတည်းအကုန်စုကြည့်နေရသလိုပါပဲ။ အဲ့တစ်ချက် နဲ့တင် ဇာတ်လမ်းကအတော်စိတ်ဝင်စားဖို့ကောင်းနေပါပြီ။ဘာလို့လူသားတွေနဲ့ တိုက်ပွဲဖြစ်ရသလဲဆိုရင်ဖြင့် အဲ့လိုဘာသာရေး နယ်ပယ်အစုံက နတ်ဘုရားတွေဟာ နှစ်၁၀၀၀မှာတစ်ခါ သူတို့ဖန်ဆင်း ခဲ့တဲ့လူသားမျိုးနွယ်ကို ဆက်ရှင်သန်ခွင့်ပေးရမလား၊ မျိုးဖြုတ်ပစ် ရမလားဆိုပြီး မဲခွဲတဲ့အစည်းအဝေးထိုင်တတ်ကြပါသတဲ့။ အဲ့လိုနဲ့ နှစ်(၁၀၀၀)ရောက်တိုင်းတစ်ခါ မဲခွဲလာလိုက်တာ လူသားမျိုးနွယ် သက်တမ်းက အနှစ်(၇)သန်းအရောက်မှာတော့ ကမ္ဘာကြီးဟာ ယိုယွင်း ပျက်စီးလာလို့ ဘယ်နတ်ဘုရားမှ လူသားမျိုးနွယ်ကိုဆက်ထားချင်စိတ် မရှိတော့ပါဘူး။ အဲ့မှာတင် မျိုးဖြုတ်ကြမယ်အလုပ် Valkyrie ညီ အစ်မ(၁၃)ဖော်ထဲက အကြီးဆုံးအစ်မတော် Brunhild က "Ragnarok" စီးချင်းပွဲကို အဆိုပြုခဲ့ပါတယ်။"Ragnarok"စီးချင်းပွဲဆိုတာက နတ်ဘုရားတစ်ပါးနဲ့ လူသားတစ်ယောက် အသေအကြေစီးချင်းတိုက်တဲ့ပွဲပါ။ "Ragnarok"မှာ (၁၃)ချီပါဝင်မှာ ဖြစ်ပြီး အရင်ဆုံး(၇)ချီနိုင်တဲ့ဘက်က အနိုင်ရမှာပါ။ နတ်ဘုရား၁၃ပါးနဲ့ လူသားမျိုးနွယ်ရဲ့အသန်မာဆုံးလူ(၁၃)ယောက်တို့ စီးချင်းတိုက်ကြရင်း နောက်ဆုံးအဆုံးသတ်ရလဒ်က ဘယ်လိုဖြစ်လိမ့်မလဲ၊ လူသားမျိုးနွယ်ဟာ သုတ်သင်ခံရမှာလား၊ ဆက်လက်ရှင်သန်ခွင့်ရရှိမှာလားဆိုတာကို ကြည့် ရှုရမှာဖြစ်ပါတယ်။လက်ရှိမှာ Netflix ကနေ ...
6.4
TMDb: 6.4/10 6700 votes
tv

Record of Ragnarok – Season (01)(02)

2021
Superman & Lois Season 1+2+3 (2021-2022) 8.3
Superman & Lois Season 1+2+3 (2021-2022) မထင်မှတ်ထားပဲ ဇာတ်လမ်းကောင်းကောင်းနဲ့ CGI တွေရိုက်ချက်တွေကောင်းကောင်းနဲ့ထွက်လာခဲ့တဲ့ စူပါမန်းစီးရီးဟာ season 3 ဆက်ထွက်လို့လာပါပြီ။အက်ရှင်တွေဟာလည်းပိုပိုမိုက်လာပါတယ်။ DCEU စူပါမန်းရဲ့အရသာကို လွမ်းနေသူတွေအဖို့တော့ တကယ်ကိုကျေနပ်အားရစေမှာပါ။ စူပါမန်းဟာ ပျက်စီးသွားတဲ့ fortress of solitude အစား နေရာအသစ်မှာ fortress အသစ်ဆောက်လိုက်ပြီး ဒီတစ်ခါတော့ သူတစ်ယောက်တည်းအတွက်မဟုတ်ပဲ တစ်မိသားစုလုံးအတွက်ဖြစ်ပါတယ်။သူ့အစွမ်းတွေအမွေရထားတဲ့သားဂျော်ဒန်ကို အပျံျံနဲ့ အတိုက်ုက်အခိုက်တွေလေ့ကျင့်ပေးနေပြီမို့ ဒီseasonမှာ ဂျော်ဒန်ကို စူပါမန်းရဲ့ရော်ဘင်အနေနဲ့မြင်ရဖို့ မျှော်လင့့်လို့ရပါတယ်။ comic ထဲက သံဝတ်စုံနဲ့စူပါမန်း steel ကိုကိုယ်စားပြုတဲ့ ဂျွန်ဟင်နရီီအိုင်းယွန်းဟာ လက်ရှိကမ္ဘာကသူ့ရဲ့ပုံတူကိုသတ်ခဲ့တဲ့တရားခံကို စုံစမ်းနေပါတယ်။လူးဝစ်လိန်းကလည်း ကလေးနောက်တစ်ယောက်ရှိနေပြီလို့ထင်ရတဲ့ လက္ခဏာတွေတွေ့နေပါတယ်။စမောဗီးလ်မြို့မှာ စူပါမန်းနဲ့လူးဝစ်တို့ရဲ့ မိသားစုကိစ္စတွေကိုလည်း Smallville စီးရီးက vibe နဲ့ မြင်တွေ့ရဦးမှာပါ။ comic တွေထဲမှာ စူပါမန်းမရင်ဆိုင်ဖူးသေးတဲ့ Green arrow နဲ့ Batman တို့ရဲ့ villain တစ်ယောက်လည်း ပါလာမယ့်အပြင် လက်စ်လူသာလည်း ပါလာမှာဖြစ်တဲ့အတွက် ဇာတ်ကောင်စုံစုံလင်လင်တွေ့ရမယ့်ဒီseason ကို ရူစားကြပါတော့.... File size…800 ...
8.3
TMDb: 8.3/10 964 votes
tv

Superman & Lois Season 1+2+3 (2021-2022)

2021
Debris (2021) Season 1 7.1
Debris (2021) Season 1   Supernatural တို့ X-File တို့လိုမျိုး အဓိကဇာတ်ကောင်နှစ်ယောက်က ထူးခြားဆန်းကြယ်တဲ့အမှုတွေကို စိတ်ဝင်စားစရာရင်တမမနဲ့ ဖြေရှင်းတာမျိုး ကြည့်ချင်တယ်ဆိုရင်တော့ဒီ စီးရီးလေးက သင့်အတွက်ပဲ ဖြစ်ပါတယ်။ Season 1 မှာတော့အပိုင်း ၁၃ ပိုင်း ပါဝင်ထားတာကို တွေ့ရှိရမှာပါ။ သူကတော့နတ်ဆိုး မိစ္ဆာ သူရဲအကောင်ပလောင်တွေလို မဟုတ်ဘဲအာကာသယာဉ်ပျံ အပိုင်းအစကြောင့် ထူးခြားတဲ့စွမ်းအားတွေနဲ့လူတွေ ဒုက္ခရောက်ကြပုံတွေ လောဘတွေ ပြဿနာတွေအမှုတွေကို တင်ဆက်ပြသပေးထားတာပါ။ ဇာတ်လမ်းအကျဉ်းလေးကတော့ ကမ္ဘာပေါ်က ပညာရှင်တွေကဂြိုလ်သားယာဉ်ပျံတစ်စီးကို လွန်ခဲ့တဲ့ ၃ နှစ်တုန်းကတွေ့ရှိခဲ့ကြပါတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ ၆ လမှာတော့ အဲဒီယာဉ်ပျံက အပိုင်းအစအနတွေဟာ ကမ္ဘာမြေပေါ် ပြုတ်ကျလာပါတယ် အဲဒါကို Debris တွေလို့ ခေါ်ပြီး ခေါင်းစီးနာမည်ကဒါကို ပေးထားတာ ဖြစ်ပါတယ်။ သူက သာမန်ပြုတ်ကျလာရင်တော့ ကိစ္စမရှိဘူးပေါ့ ဒါပေမဲ့ ဒါက နေရာအနှံ့အပြား ပြုတ်ကျလာတဲ့အပြင် တစ်ခုချင်းစီတွေက ထူးခြားတဲ့ စွမ်းအားတွေရှိနေတာပဲ ဖြစ်ပါတယ် ...
7.1
TMDb: 7.1/10 120 votes
tv

Debris (2021) Season 1

2021
Fantasy Island – Season (01),(02) 6.122
Fantasy Island – Season (01),(02) Fantasy Island - Season (01),(02) ======================= IMDb Rating - 6.2/10အခု Fantasy Island (2021) ဇာတ်လမ်းတွဲဟာ ၁၉၉၇ ခုနှစ်က ထွက်ရှိခဲ့တဲ့ Fantasy Island ဇာတ်လမ်းတွဲရဲ့ တိုက်ရိုက်အဆက်ဖြစ်သလို ၂၀၂၀ ခုနှစ်က ထွက်ရှိခဲ့တဲ့ Fantasy Island ရုပ်ရှင်ရဲ့ အဆက်လည်းဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ ရုပ်ရှင်ဟာဆိုရင် Horror/ Thriller ပုံစံမျိုးသွားခဲ့ပေမယ့် အခု ဇာတ်လမ်းတွဲ ကတော့ Fantasy/Drama အမျိုးအစားမျိုးဖြစ်နေပါတယ်။ စိတ်ကူး ယဉ်ကျွန်းဆိုတဲ့ ကျွန်းကြီးတစ်ကျွန်းပေါ်မှာ ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကို တစ်ပိုင်းချင်းစီမှာ မတူညီတဲ့ရသ တင်ဆက်ပုံတွေနဲ့ အပိုင်းလိုက် တင်ဆက်ထားပါတယ်။အပိုင်း (၁) မှာတော့ အစားအသောက်ကို စားချင်ပေမယ့် ဝိတ်ချဖို့မစားနိုင်ဘူးဖြစ်နေတဲ့ တင်ဆက်သူ ခရစ္စတင်း ကောလင်းရယ်၊ မဲလ်အကူဒါနဲ့ ရူဘီအကူဒါဆိုတဲ့ အဘိုးကြီး အဘွားကြီးစုံတွဲရယ် စိတ်ကူးယဉ်ကျွန်းပေါ်ကို ရောက်လာခဲ့ ပါတယ်။ ရူဘီဟာဆိုရင် ကင်ဆာရောဂါနဲ့သေခါနီးဖြစ်နေတာမို့ နောက်ဆုံးအနေနဲ့ ‌ပျော်ပါးနိုင်ဖို့ ဒီကျွန်းကိုရောက်လာခဲ့တာပါ။ အကြောင်းကိစ္စအသီးသီးနဲ့ ရောက်လာကြတဲ့ သူတို့ ၃ ယောက်ရဲ့ ဘဝတွေကို ဆန်းကြယ်မှုတွေ ပြည့်နှက်နေတဲ့ကျွန်းကြီးက ...
6.122
TMDb: 6.122/10 41 votes
tv

Fantasy Island – Season (01),(02)

2021
FBI: International (2021)
FBI: International (2021) FBI: International (2021)==================IMDb Rating - 6.3/10Series တွဲရဲ့နာမည်ကိုမြင်လိုက်တာနဲ့ ဘယ်လိုဇာတ်လမ်းတွဲမှန်းရိပ်မိလောက်ကြမယ်လို့ထင်ပါတယ်။ FBI:international ဆိုတဲ့အတိုင်း FBI ရဲ့ နိုင်ငံဖြတ်ကျော်အမှုလိုက်တဲ့အကြောင်းတွေကို ရိုက်ပြထားတဲ့ ကားပါပဲ။ ဒီကားထဲမှာ FBIကဖွဲ့ထားတဲ့ Fly Team လို့ခေါ်တဲ့အထူးစူံစမ်းရေးအဖွဲ့ရဲ့လှုပ်ရှားမှုတွေကိုအဓိက ထားထားတာပါ။ Fly Team ဆိုတာက အမေရိကန်နိုင်ငံကိုအန္တရာယ်ပြုနိုင်တယ်ဆိုရင် အချိန်မရွေးနေရာမရွေး စုံစမ်းဖမ်းဆီးတုန့်ပြန်နိုင်အောင် အထူးလေ့ကျင့်ထားတဲ့အဖွဲ့ပါ။ အမှုတစ်ခုကိုလိုက်ရင် တရားခံမိဖို့အဓိကမထားပဲ တရားခံနဲ့ဆက်စပ်ပြီးနောက်ဆက်တွဲပြဿနာတွေမရှိအောင်တစ်ခါတည်းရှင်းတတ်တဲ့ စကော့ဖောရက်စတာ... FBI အေးဂျင့်လုပ်သက်တစ်လျှောက် မကောင်းတဲ့မှတ်ချက်တွေပေးခြင်းခံရပေမယ့် ထူးချွန်တဲ့သူ့ရဲ့ဦးဆောင်မှု အောက်မှာ FBI ရဲ့ Fly team က အမှုတွေကိုဖြေရှင်းပုံတွေ တရားခံလိုက်ဖမ်းပုံတွေက Crime,dramaပီပီ စိတ် ဝင်စားဖို့ကောင်းလှပါတယ်။အပိုင်း(၁၁)ပိုင်းပါဝင်ပြီးတော့ လတ်တလော(၁၀)ပိုင်းထိထွက်ထားတဲ့ ဒီစီရီးက CBSကထွက်ထားတဲ့ FBI စီးရီးတွေနဲ့လည်းပတ်သက်မှုရှိတယ်ဆိုတော့ကား...crime/dramaချစ်သူတွေအနေနဲ့တစ်ဝကြီးကြည့်ရှုလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့ အညွှန်းကို Chit Tee မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ CM Team ပဲဖြစ်ပါတယ်။)File Size - (350 MB) Quality – WEBDL 720p Duration -  43 mins ...

FBI: International (2021)

2021
Definitely Not Today (2021) 8
Definitely Not Today (2021) Social Anxiety ရနေတဲ့ မီချုံ... သူ့ရဲ့ဖြစ်တည်မှုကို လုံးဝသဘောမကျဘဲအိမ်ထဲမှာပဲ အမြဲနေနေတတ်ပြီးတော့ လူမှုဆက်ဆံရေးရှိရမှာကို ကြောက်နေသူပေါ့။နောက်ဆုံးတော့ ဘဝကြီးကို လက်လျှော့ဖိုဆုံးဖြတ်ရင်း မြစ်ထဲမှာ သတ်သေဖိုကြံခဲ့တယ်။ကြမ္မာဖန်ချင်တော့ မြစ်ထဲမှာ ရေနစ်နေတဲ့ မိန်းကလေးတစ်ယောက်နဲ့ ဆုံခဲ့တယ်။သူ့နာမည်က ကျိလျောင်တဲ့... သူနဲ့တော့ လုံးဝမတူတဲ့သူပေါ့။ အကြောက်တရားမရှိဘဲတက်တက်ကြွကြွနေတဲ့သူ... ဒါပေမယ့်လည်း သူ့မိသားစုကထိခိုက်စေလာတဲ့အခါမှာအဝေးကိုထွက်ပြေးလာတဲ့သူပေါ့။နှစ်ယောက်ကြားက သူငယ်ချင်းသံယောစဉ်တွေ၊မတူညီတဲ့ စရိုက်ပုံတွေကြားကနေ အဆင့်တက်ရင်း အချစ်တွေလိုက်လာမလား?ပရမ်းပတာဖြစ်နေတဲ့ သူတိုဘဝတွေထဲကို အချင်းချင်းဝင်ရောက်ရင်း အဆင်‌ပြေသွားကြမလား?(အညွှန်းရေးသားထားသူကတော့ Minnie ဖြစ်ပါတယ်)Quality : WEB-DL 720p,1080pTotal Episodes : 8Format : mp4Genres : Crime, Comedy, FamilyDuration : 45 min per EpisodeSubtitle : Myanmar Subtitle ( Hardsub )Translated by CM TeamEncoded by LK Episode ...
8
TMDb: 8/10 2 votes
tv

Definitely Not Today (2021)

2021
EN-O’Clock’ (2021)
EN-O’Clock’ (2021) EN-O'Clock' (2021)ENGENE လေးတွေ အတွက် သတင်းကောင်းလာပါပြီ ။ ENGENE မဟုတ်သူတွေလည်း လတ်တလော နာမည်ကြီးနေတဲ့ Polaroid Love ဆိုတဲ့ သီချင်းလေးကိုတော့ တော်တော်များများ သိကြမယ်ထင်ပါတယ် ။ဒီသီချင်းရဲ့ သီဆိုသူတွေကတော့ I-Land ကနေ မွေးထုတ်ပေးလိုက်တဲ့ ကောင်လေး 7 ယောက် , 4th generation group တွေထဲက တစ်ဖွဲ့ဖြစ်တဲ့ ENHYPEN အဖွဲ့ ပါပဲ ။အခု CM ကနေ ENHYPEN အဖွဲ့သားတွေရဲ့ EN-O'CLOCK ဆိုတဲ့ ရှိုးလေးကို တင်ဆက်ပေးသွားမှာပါပဲ ဖြစ်ပါတယ် ။ပေါ့ပေါ့ပါးပါးနဲ့ ရယ်ရတဲ့ ရှိုးလေးဖြစ်တဲ့အပြင် ကောင်လေးတွေရဲ့ Visual , Talent နဲ့ မထင်မှတ်ထားတဲ့ တခြားသော ပုံစံအမျိုးမျိုးကို မြင်တွေ့ရမှာမလို့ စိတ်အပန်းလည်းပြေ ပျော်ဖို့လည်း ကောင်းမှာပါ ။ ENGENE တွေလည်း သဘောကျလိမ့်မယ်လို့ မျှော်လင့်ပါတယ် ။အပတ်စဉ် ကြာသပတေးနေ့တိုင်း CM မှာ ...

EN-O’Clock’ (2021)

2021
Doogie Kamealoha, M.D. (2021) 7.9
Doogie Kamealoha, M.D. (2021) Doogie Kamealoha M.D. (2021)IMDb - 6.3/10"ဒူဂီကန်မယ်လ်လိုဟာအမ်ဒီ"ဆေးပညာဒရာမာ က အမေရိကန်မိသားစုဆေးပညာဟာသ ဒရာမာတစ်ခုဖြစ်ပြီးတော့ ၁၉၈၉-၉၃ခုနှစ်က ABC ရုပ်သံကနေထုတ်လွှင့်ခဲ့တဲ့ "ဒူဂီဟောင်ဆာ "ဆေးပညာဒရာမာကိုအခြေခံထားတာဖြစ်ပါတယ်။လာဟဲလာ ဒူဂီ ကန်မယ်လ်လိုဟာ ဆိုတဲ့ဆယ်ကျော်သက်ဉာဏ်ကြီးရှင်မလေး က သူ့ရဲ့ အထက်တန်းကျောင်းသားဘဝနဲ့ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆရာဝန်ဖြစ်လာတဲ့အခါမှာ မိသားစုနဲ့ဘယ်လိုရုန်းကန်နေရတယ်ဆိုတာရယ်၊ သူရဲ့အလုပ်ရှင်လဲဖြစ်တဲ့ သူ့အမေနဲ့ သူနဲ့ကြားကဆက်ဆံရေးကို ဘယ်လိုမျိုးညှိနှိုင်းပြီး အလုပ်လုပ်သွားမယ်ဆိုတာကို ၁၀ ပိုင်းထဲနဲ့ အပြီး ကြည့်ရှုကြရမှာဖြစ်ပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Elrond ပဲ ဖြစ်ပါတယ်။Genre.....Drama, Medical Episodes.....10 Quality….WEB-DL 1080p File size…300 MB Format…mp4 Duration….30 min Subtitle….Myanmar Subtitle (Hardsub) Translator ..... Elrond Encoder ..... AugustEpisode 01 - VIP | Userdrive | Yoteshin | Megaup | Meganz | CMDriveEpisode 02 - VIP | Userdrive | Yoteshin ...
7.9
TMDb: 7.9/10 48 votes
tv

Doogie Kamealoha, M.D. (2021)

2021
Sweet Tooth (2021) 10
Sweet Tooth (2021) Sweet Tooth (2021)IMDb 8.4/ 10Netflix ကတော့ ထုံးစံအတိုင်း စိတ်၀င်စားစရာ series တစ်ခု မိတ်ဆက်လိုက်ပြန်ပါပြီJeff Lemire ရဲ့ Sweet Tooth ဆိုတဲ့ DC Comic Book ကို ပြန်လည် ဆန်းသစ်ထားတဲ့ Action-adventure, fantasy drama လေးမို့ DC fan တွေ အကြိုက်တွေ့မယ်လို့ ထင်ပါတယ်Sweet Tooth ဆိုတာကတော့ ဒီဇာတ်လမ်းရဲ့ အဓိကဇာတ်ဆောင် ကောင်လေးလေးရဲ့ နာမည်ပါဒီကောင်လေးဟာ hybrid လို့ခေါ်တဲ့ လူတစ်ပိုင်း သမင်တစ်ပိုင်းလေးပါကမ္ဘာကြီး ပျက်သုဉ်းသွားပြီးနောက် သူဟာ တခြားသော hybrids တွေနဲ့ရောပြီး အသက်ရှင်ကျန်ရစ်ခဲ့ပါတယ်အရွယ်ကလည်းငယ် အတွေ့အကြုံမရှိသေးတဲ့ hybrid လေးတစ်ကောင် ဒီလောကကြီးမှာ အသက်ဆက်နိုင်ဖို့ရာ တစ်ဦးတည်း ရင်ဆိုင်ရပုံတွေကို စိတ်၀င်စားဖွယ်တင်ဆက်ထားပုံတွေကိုအပိုင်း ၈ ပိုင်းနဲ့ တစ်၀ကြီး ကြည့်ရှူရမှာဖြစ်ပါတယ်DC entertainment ...
10
TMDb: 10/10 1 votes
tv

Sweet Tooth (2021)

2021
El Cid (2021) Season 02 7.3
El Cid (2021) Season 02 El Cid (2022) Season 02 Complete ~ IMDb - 6.7/10, Rotten Tomatoes - 75% ~ ပထမတွဲ ကြည့်ပြီးတဲ့ လူတွေတော့ El Cid ရဲ့ ရှုပ်ထွေးလှတဲ့ စစ်နယ်ရှင်ဆန်ဆန် နိုင်ငံရေးကနေမှ ဆုံးသွားတဲ့လီယွန်ဘုရင်က ထီးနန်းကို သားသမီးတွေကို တစ်ခြမ်းစီခွဲပေးလိုက်လို့ ပိုရှုပ်ထွေးသွားတဲ့အကြောင်းကို သိပြီးကြလောက်ပြီပေါ့။ လီယွန်ဘုရင် သူတို့အဖေဟာ သူ့မွေးချင်းညီအစ်ကိုတွေကို ထီးနန်းအတွက်သတ်ခဲ့တာမို့ အဲဒီစိတ်တစ်ပိုင်းနဲ့ ကွယ်လွန်ခါနီး သူ့သားသမီးတွေကိုတော့ သူ့လို မဖြစ်စေချင်တာမို့ တစ်ယောက်နဲ့ တစ်ယောက် မတိုက်ခိုက်ကြဖို့မှာရင်း နယ်မြေတွေကိုခွဲဝေပေးလိုက်တယ်။ ဗျာဒိတ်လာသူရဲကောင်းလိုဖြစ်နေတဲ့ ရိုင်ကိုလည်း သူ့သားသမီးတွေ အချင်းချင်းမသတ်ရအောင် စောင့်ရှောက်ပေးဖို့ ကတိတောင်းခဲ့တယ်။ ဒီလိုနဲ့ ခွဲပေးတဲ့ဒေသတွေရဲ့ ကိုယ့်ထီးကိုယ်နန်းတွေမှာ နန်းတက်ကြရင်း အခက်အခဲကိုယ်စီနဲ့ ကြုံလာရတယ်။ သားကြီးတဖြစ်လဲ ဆန်ချိုဟာ သူရသင့်တဲ့ထီးနန်းဆိုတဲ့စိတ် မသိမသာကြီးစိုးနေခဲ့သလို အကြီးဆုံးဖြစ်နေပေမဲ့ သမီးဖြစ်နေလို့ နန်းမရလိုက်တဲ့ ယူရာကာကလည်း ...
7.3
TMDb: 7.3/10 182 votes
tv

El Cid (2021) Season 02

2021
The Kingdom Season 1+2 (2021) 7.3
The Kingdom Season 1+2 (2021) ဒီတစ်ခေါက်မှာတော့ CM ပရိသတ်ကြီးကို The Kingdom El Reino ဆိုတဲ့ ၂၀၂၁ ခုနှစ်ထွက် Netflix ရဲ့ Crime/Thriller/Drama အမျိုးအစား Argentiina စီးရီးလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ IMDB rating 6.5/10 ရရှိထားပြီး အာဂျင်တီးနားရုပ်ရှင်ဝေဖန်ရေးအသင်းကပေးအပ်တဲ့ အကောင်းဆုံးဇာတ်ညွှန်းဆု၊ Tadeo အဖြစ် သရုပ်ဆောင်တဲ့ Peter Lanzaniက အကောင်းဆုံး ဇာတ်ပို့ဆုနဲ့ ဇာတ်ဝင်သီချင်းဆုတွေကို အသီးသီးရရှိခဲ့တာပါ။ ဇာတ်လမ်းအညွှန်း လူသိများထင်ရှားတဲ့ သင်းအုပ်ဆရာ ဖာသာအယ်မီလီယိုက အာဂျင်တီးနားရဲ့ သမ္မတရွေးကောက်ပွဲမှာ သမ္မတလောင်း အယ်လ်မန်ဒိုဘာဒါခေါ့စ်နဲ့အတူ ဒုသမ္မတလောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်နေတာပါ။ အခက်အခဲတွေကြားထဲကပဲ လူထုစည်းဝေးပွဲတွေလုပ်၊ ဟောပြောပွဲတွေလုပ်နဲ့ နောက်ဆုံးတော့ နှစ်ယောက်သား နောက်ဆုံးလူထုစည်းဝေးပွဲမှာ ဟောပြောဖို့ ဖြစ်လာခဲ့ပါတယ်။ လုံခြုံရေးတွေ အထပ်ထပ်ချထားပေမယ့် အဓိကရုဏ်းဖန်တီးသူတွေကြောင့် လူထူစည်းဝေးပွဲက အနည်းငယ် ကမောက်ကမဖြစ်သွားတာမို့ စည်းဝေးပွဲကို ဆက်မလုပ်ဖို့အရေးဆွေးနွေးတိုင်ပင်ရတော့တာပေါ့။ ဒါပေမယ့်လည်း သင်းအုပ်ဆရာရဲ့ ...
7.3
TMDb: 7.3/10 42 votes
tv

The Kingdom Season 1+2 (2021)

2021
Kung Fu S03 6.2
Kung Fu S03 Kung Fu - Season 03 (2023)=====================Kung Fu Season 3 မှာ နစ်ကီရဲ့ စွန့်စားခန်း တစ်ဖန်ပြန်လည် ရောက်ရှိလို့လာပါပြီ။ နစ်ကီတို့ မိသားစုဟာ ငလျင်ကြောင့် ဖြစ်ပျက်သွားတဲ့ ဆုံးရှုံးမှုတွေကနေ ပြန်လည် ရုန်းထွက်ဖို့ ကြိုးစားနေကြပါတယ်။ နစ်ကီ့မိခင်ဖြစ်သူဟာ စားသောက်ဆိုင်ဖွင့်နိုင်ဖို့ ပြန်လည်ကြိုးစားနေသလို၊ အယ်လ်သီယာဟာလည်း ကုမ္ပဏီမရှိတော့လို့ ကြိုးစားနေရပြန်ပါတယ်။ စားသောက်ဆိုင်ပြန်ဖွင့်ဖို့မှာထားတဲ့ မီးဖိုတွေကို လာပို့တဲ့ ထရပ်ကားကိုလည်း လူဆိုးဂိုဏ်းက ဝင်လုသွားပြန်တာမို့ ကံဆိုးသွားရာ မိုးလိုက်လို့ရွာပြန်ပါတယ်။ ရဲတွေကလည်း အလုပ်များနေတာမို့ နစ်ကီတို့လည်း ရဲမတိုင်တော့ဘဲ ကိုယ်တိုင် လှုပ်ရှားဖို့ ဖြစ်လာပါတယ်။ နစ်ကီတို့ လူဆိုးဂိုဏ်းများနဲ့ရင်ဆိုင်အတွေ့မှာ ဘို ဆိုတဲ့ ကောင်လေးက ဝင်ပြီး ကူညီသွားခဲ့ပါတယ်။မူးယစ်ဆေးရောင်း၊ လက်နက်ရောင်းနေတဲ့ လူဆိုးဂိုဏ်းတွေက ဘာလို့ အိမ်သုံးပစ္စည်းတွေကို ခိုးနေရတာလဲ၊ ဝင်ကူညီသွားတဲ့ ဘို ဆိုတဲ့ ကောင်လေးကရော ဘယ်သူလဲ၊ နစ်ကီတစ်ယောက် ဘာအထူးအဆန်းတွေ ထပ်ပြီး ကြုံရမလဲဆိုတာကို ဆက်လက်ရှု့စားလိုက်ပါဦး။ File Size.............(750 MB) Quality...............WEBDL 1080p Duration............42Mins(@Episode) Subtitle..............Myanmar Hardsub Format...............MP4 Genre.................Action, Adventure, Drama Translator..........CM Team Encoder..............SWM  1080P (750 MB)-----------------------------------Episode(1) - Yoteshin ...
6.2
TMDb: 6.2/10 4700 votes
tv

Kung Fu S03

20062021
Kung Fu – Season 01 (2021) 5.3
Kung Fu – Season 01 (2021) Kung Fu - Season 01 (2021)===================အက်ရှင် ဇာတ်လမ်းတွဲ ကောင်းကောင်းလေးတွေကို မျှော်လင့်နေတဲ့ ပရိသတ်တွေအတွက် 2021 က ထွက်ရှိထားတဲ့ Kung Fu ဆိုတဲ့ စီးရီးလေးနဲ့ မိတ်ဆက်ပေးပါရစေ။ နောက်ပြီး ဒီစီးရီးဟာ CW ကနေထုတ်လွှင့်လာတဲ့ စီးရီးတစ်ခုဖြစ်ပြီး တရုတ်ကားဆန်ဆန်ရိုက်ပြထားတာမျိုးမဟုတ်ဘဲ Marvel ရဲ့ Shang-Chi လိုစီးရီးမျိုးပါ။နစ်ကီရှန်ဟာ တရုတ်မိသားစုက သမီးမိန်းကလေးတစ်ယောက်ပါ ။ တရုတ်မိသားစုတို့ရဲ့ ထုံးစံအတိုင်း ငယ်ငယ်လေးကတည်းက နစ်ကီဟာ စာ၊ အနုပညာ၊ အားကစား ဘက်စုံမှာ ထူးချွန်အောင် သွန်သင်ခြင်းခံရပြီး၊ မိဘတွေ ‌ချပေးတဲ့ ပုံစံခွက်ထဲမှာ နေရတဲ့ ကလေးမလေး တစ်ယောက် ဖြစ်ခဲ့တယ် ။ နစ်ကီဟာ သူ တွဲနေတဲ့ လူဖြူကောင်လေးနဲ့ပါ လမ်းခွဲခဲ့ရပြီး၊ မိဘစိတ်တိုင်းကျနေခဲ့ပေမယ့် မိဘတွေဟာ သူ့ကို ကြင်ဖက်တွေ့ပေးဖို့ပါ စီစဉ်လာတော့ နစ်ကီတစ်ယောက် ဒဏ်မခံနိုင်တော့ဘဲ အိမ်ကနေ ထွက် ပြေးပြီး အမျိုးသမီးရှောင်လင်ကျောင်းတစ်ကျောင်းမှာ ရောက်ရှိ နေထိုင် ဖြစ်ကာ အဲဒီကျောင်းမှာပဲ သုံးနှစ်တိုင်တိုင် ကြာမြင့်ခဲ့ပါတယ် ။တစ်ရက်မှာတော့ ...
5.3
TMDb: 5.3/10 3600 votes
tv

Kung Fu – Season 01 (2021)

2021