Channel Myanmar

2020

Your Honor (2020) Season 2 6.5
Your Honor (2020) Season 2 Your Honor (2021) (Season 2) IMDb 7.2/10 ThrillerSeason 1မှာ ဖြောင့်မတ်မှန်ကန်လွန်းတဲ့ တရားသူကြီး 'ဘစ်ရှင်ဂိုဆလာ'တစ်ယောက် သားဖြစ်သူ 'အက်ဘီ'ရဲ့ပြဿနာကို ဖြေရှင်းရင်းဇနီးဖြစ်သူရဲ့သေဆုံးမှုက ဒီလောက်မရိုးရှင်းဘူးဆိုတာ သိသွားခဲ့ပါတယ်။ ဇနီးဖြစ်သူဟာ 'ဆတ်ဒ်နမ်မူခီ' အဓမ္မပြုကျင့်တာကို ခံခဲ့ရတာကြောင့် ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားတာဖြစ်ပါတယ်။'ဆတ်ဒ်နမ်မူခီ'ရဲ့သေဆုံးမှုနောက်ကွယ်မှာလည်း 'ဘစ်ရှင်ဂိုဆလာ'ရှိနေပါတယ်။ ဒီသေဆုံးမှုအတွက် 'ဘစ်ရှင်ဂိုဆလာ'ဟာ ခြိမ်းခြောက်မှုတွေအများကြီးရင်ဆိုင်နေရပြီး တစ်ဖက်မှာလည်း ဖြောင့်မတ်တဲ့တရားသူကြီးဆိုတဲ့ဂုဏ်ကို ရထားတဲ့သူမလို့ အခက်တွေ့နေပါတယ်။ ဒီအမှုတွေကို ဘယ်လိုဆက်ပြီးဖြေရှင်းမလဲ။ သားနဲ့ဇနီးဖြစ်သူရဲ့တရားမျှတမှုအတွက်ရော ဘာတွေဆက်လုပ်မလဲဆိုတာကို တစ်ပိုင်းချင်း စိတ်ဝင်စားစရာကြည့်ရှုကြရမှာဖြစ်ပါတယ်။Quality : 1080p SONY WEB DL /  720pTotal Episodes : 10EpsFormat : mp4Genres :Mystery, DramaDuration : 45minsSubtitle : Myanmar Subtitle ( Hardsub )Translated by CM Bollywood TeamEncoded by YK  720p Episode 1 - Yoteshin / Userdrive ...
6.5
TMDb: 6.5/10 2 votes
tv

Your Honor (2020) Season 2

2020
Your Honor (2020)Season1 Complete 8
Your Honor (2020)Season1 Complete Your Honor-------------------------- CM ပရိသတ်ကြီးဆီကို ရေလည်လန်းတဲ့ အိန္ဒိယစီးရီးလေးတစ်ခုအရောက်ပို့ပေးလိုက်ပါပြီအိန္ဒိယကားဖြစ်နေတာတောင် IMDB rating 8.3 ရထားတယ်ဆိုတော့ လုံးဝကျွတ်ဆင်ကြီးပါပဲဗျာဘာသာပြန်နေရင်း "ဟင်...ဟာ" ဖြစ်နေရတာက အရသာတစ်ခုပါဗျို့ကဲ...review လေးကို ရှေ့ဆက်လိုက်ရအောင်ဗျာတည်ကြည်ဖြောင့်မတ်လွန်းတဲ့ တရားသူကြီးတစ်ယောက်ရှိတယ် သူ့နာမည်က "ဘစ်ရှင်ဂိုဆလာ"သူဟာ တရားဥပဒေနဲ့ပတ်သက်လာရင် အလွန်တင်းကြပ်တဲ့လူ"တရားဥပဒေအထက်တွင် မည်သူမျှမရှိစေရ"ဆိုတဲ့ ဆောင်ပုဒ်ကိုလက်ကိုင်ထားတယ်ဒီလိုဂုဏ်သရေရှိတရားသူကြီးဆီမှာ"အက်ဘီ"ဆိုတဲ့ သားလေးတစ်ယောက်ရှိတယ်သားလေးက ပန်းနာရောဂါသည်လေးပြီးတာ့ မိတဆိုးလေးမို့ အဖေဖြစ်သူက အချစ်ပိုရတယ်သားဖြစ်သူအပေါ်မှာလည်း မျှော်လင့်ချက်အကြီးကြီးထားထားတယ်ဒီလိုနဲ့တစ်နေ့မှာတော့ သားဖြစ်သူလုပ်လိုက်တဲ့အမှားတစ်ခုကြောင့် ဘစ်ရှင်တစ်ယောက်ခေါင်းမီးတောက်ရတော့တာပဲသားဖြစ်သူဟာ လူတစ်ယောက်ကို ကားနဲ့တိုက်ခဲ့ပြီး ကြောက်ကြောက်လန့်လန့်နဲ့ထွက်ပြေးလာခဲ့တယ်ဒီအထိ ဘစ်ရှင်တစ်ယောက် စိတ်မပူသေးဘူး သားလေးကငယ်သေးတော့ အပြစ်ပေါ့လျှော့နိုင်တယ်လို့တွေးတယ်ဒါပေမဲ့ အဓိကပြဿနာက အက်ဘီ ကားနဲ့တိုက်မိခဲ့တဲ့လူဟာ အင်အားကြီးဂိုဏ်းတစ်ခုရဲ့ဂိုဏ်းသားဖြစ်နေတယ်ဂိုဏ်းတွေရဲ့ထုံးစံအတိုင်း အဖွဲ့ဝင်တစ်ယောက်ကိုထိရင် အဲ့ထိတဲ့လူကဘယ်သူဖြစ်နေပါစေ ရေဆုံးမြေဆုံးလိုက်သတ်တတ်ကြတယ်ဒါကိုလည်း တရားသူကြီးဖြစ်တဲ့ ဘစ်ရှင်ကသိတယ်အဲ့ဒီတော့ ဘစ်ရှင်တစ်ယောက် သူ့သားအသတ်မခံရဖို့အရေး နည်းလမ်းမျိုးစုံကြံဖန်ရပြီပေါ့ဆိုတော့ ဘစ်ရှင်တစ်ယောက်ဘာဆက်လုပ်မလဲ???ဖခင်မေတ္တာက တရားသူကြီးတစ်ယောက်ရဲ့ခံယူချက်တွေကို ရိုက်ချိုးပစ်နိုင်မှာလား??သူ့သားကရော ဘာကိစ္စနဲ့ သူများကိုသွားတိုက်ရတာလဲ??ပြီးတော့ သူဘယ်လိုတွေ အကွက်ရွေ့သွားမလဲဆိုတာကိုတစ်ပိုင်းပြီးတစ်ပိုင်း ရင်တထိတ်ထိတ်နဲ့ မထတမ်းကြည့်ရှုရမှာဖြစ်ပါတယ်ဇာတ်လမ်းအညွှန်းကိုတော့ Thet Hnin ...
8
TMDb: 8/10 1 votes
tv

Your Honor (2020)Season1 Complete

2020
The Forgotten Army – Azaadi ke liye (2020) Complete 6.897
The Forgotten Army – Azaadi ke liye (2020) Complete The Forgotten Army - Azaadi ke liye 2020IMDb 7.9 အထိရရှိထားပြီး မင်းသမီးချောလေး Sharvari Wagh က မိတ်ကပ်မရှိတာတောင် သဘာဝကျကျနဲ့ အစွမ်းကုန်လှပပေးထားပါတယ် မင်းသားကလည်း မသိသူမရှိတဲ့ Sunny Kaushal ဆိုတော့ လက်မလွှတ်သင့်တဲ့စစ်ကားကောင်းလေးပါပဲ...ဇာတ်လမ်းကျောရိုးကတော့ ဒုတိယကမ္ဘာစစ်မှာ ဂျပန်နဲ့ ဗြိတိသျှတို့ကျူးကျော်ခြင်းခံထားရတဲ့ အိန္ဒိယနိုင်ငံအတွက် အိန္ဒိယလူမျိုးကျားမကြီးငယ်မရွေး ကျရာနေရာကနေကြိုးပမ်းထမ်းဆောင်ခဲ့ကြပုံနဲ့အစပျိုးထားပါတယ်သမိုင်းကိုနောက်ခံယူထားပြီး တချို့တကယ်ဖြစ်ပျက်ခဲ့တဲ့ဖြစ်ရပ်တွေကိုပါ ထည့်သွင်းရိုက်ကူးထားတာမို့ သုတရသစုံလင်တဲ့ အိန္ဒိယလွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းနောက်ခံဇာတ်ကားလေးလို့ ညွှန်းဆိုရမှာပဲစစ်ပြန်အဘိုးကနေ မြေးကို သူတို့ရဲ့မေ့လျော့ခံသမိုင်း စာသင်ကျောင်းတွေမှာမ‌ဖော်ပြထားတဲ့ အောင်နိုင်သူတွေရေးသားခဲ့တဲ့သမိုင်းကို ပြန်ပြောင်းပြောဆိုပြဟန်နဲ့ narrative ဆန်ဆန် ဇာတ်လမ်းသွားကိုတင်ဆက်ထားလို့ ပေါ့ပေါ့ပါးပါးနဲ့ပဲ ချိတ်ဆက်မှုရှိရှိ အတိတ်နဲ့ပစ္စုပ္ပန်ကို တင်ဆက်ထားပေးပါတယ်စစ်ကားလဲကြိုက်တယ် ဇာတ်လမ်းခိုင်မာတာကြည့်ချင်တယ် ဖြစ်ရပ်မှန်သမိုင်းမှတ်တမ်းတွေကို အခြေခံထားတယ် စသည်ဖြင့် ကောင်းကွက်တွေပြည့်စုံနေတဲ့ ဒီစီးရီးကို ပရိသတ်ကြီးတို့ ခံစားကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ရပါတယ်File Size – 1GB / 500MBQuality – 1080p AMZ WEB DL / 720pDuration – 40minsTotal Episodes:5EpsSubtitle ...
6.897
TMDb: 6.897/10 146 votes
tv

The Forgotten Army – Azaadi ke liye (2020) Complete

2020
Amazing Stories (2023) 6.3
Amazing Stories (2023) Amazing Stories (2020)=======================IMDb Rating - 6.3/10 Amazing Stories က စိတ်ဝင်စားဖို့အရမ်းကောင်းတဲ့ ဇာတ်လမ်းမျိုးစုံကိုစုထားတဲ့ Anthology Series တစ်ခု ဖြစ်ပါတယ်။ တစ်ပိုင်းတစ်ပိုင်းစီက ဇာတ်ကွက်တွေက စိတ်ဝင်စားဖို့ကောင်းပြီး ရင်ထဲထိစေမယ့် ရသမျိုးစုံကို ပေးနိုင်ပါတယ်။ နာမည်ကြီး Flimmaker Steven Spielberg ရိုက်ကူး ထားပြီး Dylan O'Brien, Josh holloway, Victoria Pedretti, Edward Burns, Robert Forster စတဲ့ Castတွေ များစွာပါဝင်ပါတယ်။ ကြည့်ရူသူတွေကို စိတ် ကူးယဥ်၊ ဆန်းကြယ်မှုကမ္ဘာဆီ ခေါ်သွားပေးမယ့် Sci-Fi, Fantasy ဆန်ဆန် Series တစ်ခုပဲ ဖြစ်ပါတယ်။ (ဒီစီးရီးရဲ့ အညွှန်းနဲ့ဘာသာပြန် ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်။) File Size.............(400 MB) / (1 GB) Quality...............WEB-DL 720p / 1080p Duration............52Mins(@Episode) Subtitle..............Myanmar Hardsub Format...............MP4 Genre.................Action, Adventure, Drama Translator..........Thwal Htoo Zin Encoder..............Zin Phyo Aung 720P ...
6.3
TMDb: 6.3/10 65000 votes
tv

Amazing Stories (2023)

2020
Freud (2020) 7.3
Freud (2020) Freud (2020) A Complete Netflix's Series ဗမာစာဖတ်ပရိသတ်တွေတော့ ဆစ်ဂမန်ဖရွိုက်ကို အနည်းတော့အများ ရင်းနီးကြမှာပဲ။ ဒီက နာမည်ကြီး ဘတ်ဆဲလ်လား စာရေးဆရာတွေရော၊ အက်ဆေးရေးတဲ့လူတွေရော၊ သုတဆောင်းပါးတွေ ရေးတဲ့လူတွေရော ဆစ်ဂမန်ဖရွိုက်ကို ကိုးကားပြီး သူ့စကားတွေ လှိုင်လှိုင်သုံးခဲ့ကြဖူးပါတယ်။ ဇော်ဇော်အောင်တို့ တာရာမင်းဝေတို့ မင်းခိုက်စိုးစန်တို့လည်း သုံးခဲ့ကြတယ်။ ဆန်းတော့လည်း မဆန်းပါဘူး။ ဖရွိုက်ဟာ စိတ်ပညာလောကရဲ့ နာမည်ကျော်စိတ်ပညာရှင်ပဲကိုး။ ဒီကားကတော့ ဖရွိုက်ငယ်စဉ် မအောင်မြင်သေးခင်က အချိန်မှာ ဇာတ်အိမ်တည်ပြီး သမိုင်းဒရာမာအဖြစ်ရိုက်ထားတာပါ။ သမိုင်းဒရာမာဆိုတာ သမိုင်းတိကျမှု အင်မတန်နည်းတဲ့ အရာမို့ သုတအနေနဲ့တော့ ကြည့်လို့ပြေမှာမဟုတ်ပါဘူး။ ဇာတ်ကိုကလည်း စိတ်ပညာဇာတ်ထက် မှုခင်းဇာတ်ကြီးဖြစ်နေပါတယ်။ စိတ်ညှို့ပညာခေတ်မစားခင်အချိန်မှာ စိတ်ရဲ့စွမ်းအားကို စိတ်ပညာရှင်တွေကိုယ်တိုင် သေချာနားမလည်သေးခင်မှာ ဖရွိုက်ဟာ မသိစိတ်နဲ့ အိပ်မွေ့ချစိတ်ညှို့ပညာအကြောင်း စိတ်ဝင်စားခဲ့ပါတယ်။ အားလုံးရဲ့ ငကြောင်လို့ သမုတ်ခံခဲ့ရတယ်။ ဒီလိုနဲ့ ဟန်ဂေရီမင်းမျိုးပျက်တွေဟာ အိပ်မွေ့ချစိတ်ညှို့ပညာကို အသုံးချပြီး ဖရွိုက်တို့ တိုင်းပြည်ကို လက်သည်မပေါ်ဘဲ ...
7.3
TMDb: 7.3/10 236 votes
tv

Freud (2020)

2020
The Letter for the King (2020) စ-ဆုံး 7.041
The Letter for the King (2020) စ-ဆုံး 2020 ကထွက်ရှိခဲ့တဲ့ Fantasy, Adventure series လေးပါ။ Tiuri နဲ့မိခင်ဖြစ်သူတို့ဟာ စစ်ကြောင့်မွေးရပ်မြေကိုစွန့်ခွာခဲ့ရပြီး Dagonaut တိုင်းပြည်ကိုလာပြီး ပထွေးဖြစ်သူ သူကောင်းမျိုးတစ်ယောက်နဲ့ အတူနေပါတယ်။ တစ်နေ့မှာတော့ မမျှော်လင့်ဘဲ တိုင်းပြည်တစ်ခုလုံးကို အပြောင်းအလဲဖြစ်သွားစေနိုင်တဲ့စာတစ်စောင်ကို ဘုရင်ကြီးဆီပို့ဖို့တာ၀န်က Tiuri ဆီကိုရောက်ရှိလာပါတယ်။ တစ်ချိန်တည်းမှာဘဲရက်စက်ကြမ်းကြုတ်တဲ့ မင်းသား Viridian ဟာဒဏ္ဍာရီလာဟောကိန်းထဲက သူရဲကောင်းကိုလိုက်ရှာနေရင်း Tiuri ကိုပါ သတ်ဖို့အမိန့်ထုတ်ထားပါတယ်။ Tiuri တစ်ယောက်လည်း အန္တရာယ်အသွယ်သွယ်ကို သူငယ်ချင်းတွေအကူအညီနဲ့ဖြတ်ကျော်ပြီး ကျရောက်လာတဲ့တာ၀န်ကိုပြီးမြောက်အောင်ဆောင်ရွက်နိုင်မလားဆိုတာ ကြည့်ရှူ့ရမယ့် လူငယ်စွန့်စားခန်းဇာတ်လမ်းတွဲလေးပါ။File size…(1 GB) / (500 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….00:52:00 Genre...Sci and fantasy, Action and adventure, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by SPDownload LinkEpisode 1 720p  -  Yoteshin ...
7.041
TMDb: 7.041/10 193 votes
tv

The Letter for the King (2020) စ-ဆုံး

2020
El Cid (2020) Season 01 7.269
El Cid (2020) Season 01 El Cid (2020) Season 01 Complete ~ IMDb - 6.7/10, Rotten Tomatoes - 75% ~ El Cid စီးရီးကို တော်တော်များများကတော့ ကာရိုက်တာတွေတော်တော်ကြမ်းပြီး တိုက်ပွဲခန်းတွေ တော်တော်လန်းတဲ့ဇာတ်လမ်းတွဲလို့ မှတ်ချက်ပေးထားကြတယ်။ ကြည့်သင့်တဲ့စီးရီးတစ်ခု အဖြစ်လည်း တော်တော်များများက ညွှန်းဆိုထားကြတယ်။ ဒီဇာတ်လမ်းတွဲက Rodrigo Díaz de Vivar လို့ခေါ်တဲ့ အလယ်ခေတ်စပိန်က သူရဲကောင်းတစ်ယောက်အကြောင်းကို အကျယ်တဝင့်ရိုက်ပြထားတဲ့ ဇာတ်လမ်းတွဲ။ သူ့အဖေက ဘုရင်စေလွှတ်တဲ့ နယ်စပ်ကလေးမှာ စောင့်ကြပ်ရင်း အသက်ပေးခဲ့ရတဲ့ သူရဲကောင်းတစ်ယောက်။ သူ့အဖေဟာ နိုင်ငံအတွက် အသက်ပေးတိုက်ခိုက်ရင်း သေဆုံးခဲ့ပေမဲ့ တိုင်းပြည်ကရော သူတို့အရှင်တွေကရော သူ့အဖေကို ရှိတယ်လို့တောင်မထင်ခဲ့ကြဘူး။ ဘာလို့ဆို သူ့အဖေက စစ်ရှုံးပြီး ကျရှုံးသွားတာကိုး။ ဒီတော့ သူက တိုက်ပွဲတိုင်းအောင်တဲ့ သူရဲကောင်းဖြစ်ရမယ်လို့ ဆုံးဖြတ်ခဲ့တယ်။ သူရဲကောင်းတွေရဲ့ မြင်းတွေကို အစာကျွေး ...
7.269
TMDb: 7.269/10 180 votes
tv

El Cid (2020) Season 01

2020
Home Before Dark – Season (01),(02) 7.5
Home Before Dark – Season (01),(02) Home Before Dark - Season (01),(02) ========================== IMDb Rating - 7.5/10ခင်ဗျားတို့ အသက် ၉ နှစ်အရွယ်မှာ ဘာလုပ်နေကြပြီလဲ၊ သံပြိုင်ကဗျာတွေ သီဆိုရင်း ဆော့ကစားလို့ ကောင်းတုန်း၊ ညောင်ပင်တစ္ဆေဝေလေလေ လုပ်လို့ကောင်းတုန်းပဲလား၊ ဒီထဲက ဟေလ်ဒီဆိုတဲ့ ၉ နှစ်အရွယ် ကလေးမကတော့ သတင်းစာတွေထုတ်ဝေပြီး အမှုတွေတောင် လိုက်ဖြေရှင်း ပေးနေပြီဗျ။အဖြစ်ကတော့ ဒီလိုဗျာ . ဟေလ်ဒီရဲ့ အဖေက မှုခင်းသတင်း တွေကိုလိုက်တဲ့ သတင်းထောက်တစ်ယောက်။တစ်နေ့ သူတို့ မိသားစုက သူ့အဖေရဲ့ မြို့လေးကို ပြောင်းရွှေ့ခဲ့ရပြီး အဲဒီမှာပဲ အခြေချဖို့ ဖြစ်လာခဲ့တယ်။ ဒါပေမဲ့ ထူးဆန်းတာက အဲဒီမြို့ လေးမှာ သူ့အဖေက အရင်က မဖြေရှင်းနိုင်ခဲ့တဲ့ အမှုတစ်ခုရဲ့ ပါဝင်ပတ်သက်သူအဖြစ် နာမည်ကြီးနေတာကို သူတို့က မသိကြဘူး။မြို့ကိုရောက်ရောက်ချင်းမှာပဲ ကလေးမရဲ့ ပထမဆုံးမိတ်ဆွေ တစ်ယောက် အသတ်ခံရလိုက်ရပြီး ထူးဆန်းမှုတွေ ဆက်တိုက်ပဲ ဖြစ်ပေါ်လာခဲ့တယ်။ အဲဒီထူးဆန်းမှုတွေ၊ လူသတ်မှုတွေ၊ သူ့အဖေ ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ အဖြေရှာမရတဲ့အမှုတွေ ဒါတွေ အားလုံးက ဟေလ်ဒီ့အတွက် လက်မလွှတ်နိုင်စရာ အနံ့တွေဖြစ် လာခဲ့ပြီး ပဟေဠိတွေ အဖြေညှိဖို့ ကြိုးစားတော့တာပါပဲ။ဒီဇာတ်လမ်းက ...
7.5
TMDb: 7.5/10 11000 votes
tv

Home Before Dark – Season (01),(02)

2020
The Devil Punisher (2020) 6.571
The Devil Punisher (2020) ❏ လူ့ပြည်နဲ့ မရဏပြည်နှစ်ခုအကြားက နတ်ဆိုးတွေ ဝိဉာဥ်တွေ မကောင်းဆိုးဝါးတွေကိုအပြစ်ပေးကာနှစ်ပေါင်းထောင်ချီတိုင်အောင် ရှင်သန်လာခဲ့တဲ့ အရှင်သခင် - ကျုံးခွေ❏ လူတွေသေဆုံးပြီးနောက် လူ့ဘဝကို ပြန်လည်ဝင်စားမည့်နေရာမှာ အတိတ်ဘဝကခါးသီးမှုတွေ မေ့ပျောက်စေဖို မေ့ပျောက်ခြင်းဟင်းရည်ကို တီထွင်ကာဝိဉာဥ်တွေကို တိုက်ကျွေးပေးရတဲ့ - မိန်းကလေးမုန့် (ခေါ်) မုန့်ဖောတစ်နေ့မှာတော့ မရဏတိုင်းပြည်အတွင်းမှာ ကိုင်တွယ်ရခက်တဲ့ ဝိဉာဥ်တစ်ကောင်နဲ့ တွေ့ဆုံခဲ့ပြီး၎င်းဟာ မိန်းကလေးမုန့်ကို လူ့ပြည်ဆီ ပြန်ပေးဆွဲခေါ်ဆောင်သွားခဲ့ပါတော့တယ် ။အဲဒီ အခွင့်ကောင်းကို ယူပြီး တစ်ခြားဝိဉာဥ်ပေါင်းများစွာကလဲ လူ့ပြည်ကို ခုန်ချသွားခဲ့ပါတော့တယ် ။ဒီလိုနဲ့ မရဏ တိုင်းပြည်မှာ ကမောက်ကမတွေဖြစ်ကုန်ပြီး လွတ်မြောက်သွားတဲ့ ဝိဉာဥ်တွေနဲ့မိန်းကလေးမုန့်ကို ကယ်တင်ဖို စတင်လုပ်ဆောင်ခဲ့ကြပါတော့တယ်။ တစ်ဆက်ထဲမှာပဲပြန်ပေးဆွဲခံရတဲ့ မိန်းကလေးမုန့်ဟာ သူမရဲ့ အတိတ်တွေအားလုံးကို မေ့ပျောက်နေတဲ့မိန်းကလေး မုန့်ရှင်းယွီ အဖြစ်နဲ့လူ့ပြည်မှာနေထိုင်နေပြီး သူမကို လာရောက်ကယ်တင်တဲ့ကျုံးခွေနဲ့တစ်ဖန်ပြန်လည်တွေ့ဆုံလာခဲ့တဲ့အခါမှာ ...?❏ မုန့်ရှင်းယွီဟာ ကျုံးခွေကို ပြန်လည်မှတ်မိနိုင်ပါ့မလား ?❏ လွတ်မြောက်သွားတဲ့ အညှိးကြီးဝိဉာဥ်တွေကိုရော သူတိုတွေ ...
6.571
TMDb: 6.571/10 7 votes
tv

The Devil Punisher (2020)

2020
Little Fires Everywhere (2020) 8
Little Fires Everywhere (2020) Little Fires Everywhere (2020) ======================= IMDb Rating - 7.7/10"မစ္စစ်ရစ်ချက်ဒ်ဆန် တစ်ယောက်ယောက်က ခင်ဗျားအိမ်ထဲမှာ ရှိနေတုန်း တမင်တကာ အိမ်ကိုမီးရှို့သွားတာ" ရစ်ချက်ဒ်ဆန် မိသားစုရဲ့အိမ် မီးလောင်ရာကနေ ဇာတ်လမ်းစပါတယ်။ဘယ်သူရှို့မှန်းမသိရာကနေ မီးလောင်မှုမဖြစ်ခင် လွန်ခဲ့တဲ့(၄)လ ကို နောက်ကြောင်းပြန်ရင်း ဇာတ်လမ်းဖြစ်လာပါတော့တယ်။ အပြင်ပန်းကကြည့်လိုက်ရင် ငွေကြေး၊ လူမှုရေးအသိုင်းအဝိုင်း အကုန်ပြည့်စုံနေတဲ့ ရစ်ချက်ဒ်ဆန်မိသားစု။ ခမ်းနားတဲ့အိမ်ကြီး ရယ်၊ ငွေရှာကောင်းတဲ့အဖေနဲ့အမေရယ်၊ ဆယ်ကျော်သက် မောင်နှမ၄ယောက်ရယ်နဲ့ အဆင်ပြေပြေသိုက်သိုက်ဝန်းဝန်းရှိ လှတဲ့ မိသားစုပေါ့။ သူတို့နဲ့ဖီလာဆန့်ကျင်စွာပဲ မီယာနဲ့ပရဲလ်တို့ ကတော့အမေတစ်ခုသမီးတစ်ခု၊ အိမ်ပိုင်ယာပိုင်မရှိတဲ့အပြင် အမေဖြစ်သူရဲ့အလုပ်ကြောင့် ခဏခဏရွှေ့ရပြောင်းရတတ် ပါတယ်။တစ်နေ့ကျ ရစ်ချက်ဒ်ဆန်တို့ရဲ့အိမ်ငယ်တစ်လုံးကိုမီယာတို့ သားအမိ ငှားလိုက်တဲ့အချိန်ကစလို့ဆန့်ကျင်ဘက်မိသားစုနှစ်စု တွေ့ဆုံဖို့ အကြောင်းဖန်လာပါတော့တယ်။ မတူညီတဲ့ လူနေမှု စနစ်က မိသားစုနှစ်ခု၊ ရိုးရှင်းတယ်ထင်ရပေမဲ့ မိသားစုအရေး မီးပွားသေးသေးလေးတွေကနေ အိမ်ကြီးတစ်ခုလုံး မီးလောင် ပြာကျရလောက်တဲ့ အခြေအနေထိဆိုက်သွားပါတယ်။ဒီ Series ဟာ Celeste Ng ရဲ့2017တုန်းက အရောင်းရဆုံးစာအုပ် စာရင်းဝင်ခဲ့တဲ့ "Little Fires Everywhere"စာအုပ်ကို ပြန်လည် အသက်သွင်းရိုက်ကူးထားတာဖြစ်ပြီး IMDb rating 7.7ထိ ရရှိ ထားတဲ့ ဇာတ်လမ်းတွဲဖြစ်ပါတယ်။ ကြည့်ရှုခံစားလိုက်ကြပါဦး။(ဒီစီးရီးရဲ့ အညွှန်းကို Ngwe Zin ...
8
TMDb: 8/10 240 votes
tv

Little Fires Everywhere (2020)

2020
Luna Nera – Season (01) 6.0
Luna Nera – Season (01) Luna Nera - Season (01) ================= IMDb Rating - 6.0/10နာတာလီဟာ လက်သည်အဘွားကြီးတစ်ယောက်ဖြစ်ပြီး မွေးလူနာ တစ်ယောက်အခက်အခဲတွေ့နေတဲ့အချိန်မှာသူ့မြေးမငယ် အာဒီနဲ့ အတူ ကူညီမွေးဖွားပေးနေခဲ့ပါတယ်။ မွေးကင်းစကလေးဟာကံ မကောင်းအကြောင်းမလှစွာသေဆုံးလုဆဲဆဲအချိန်မှာ မွေးလူနာက အာဒီကိုစုန်းမဆိုပြီး ထိတ်လန့်မောင်းထုတ်ခဲ့သလို အဲ့ဒီကလေးငယ် လည်း သေဆုံးသွားခဲ့ရပါတယ်။အခြေအနေတွေကိုကြိုမြင်တဲ့ နာတာလီဟာ တကယ်လို့ သူ့ကိုစုန်း လိုက်မုဆိုးတွေလာခေါ်သွားပြီး ပြန်မလာနိုင်ခဲ့ရင်ဆိုတဲ့အကြောင်း ပြချက်နဲ့ ဆန်းကြယ်တဲ့ရှေးဟောင်းစာအုပ်တစ်အုပ်၊ ပြီးတော့ ပျောက် ဆုံးနေတဲ့မြို့တော်များလို့ခေါ်တဲ့နေရာတစ်ခုကိုရှာတွေ့နိုင်ဖို့ လိုအပ် တာတွေကို အာဒီထံသင်ကြားပြသပေးပြီး မောင်ဖြစ်သူ ဗလန်တေး ကိုလည်း စောင့်ရှောက်ဖို့မှာထားခဲ့ပါတယ်။ပီထရိုဆိုတဲ့ကောင်လေးကတော့ ရောမမှာခေတ်ပေါ်ဆေးပညာကိုသင် ကြားနေသူဖြစ်ပြီးတော့ သူတို့ကိုသူ့ဆရာကနေ ဒီခေတ်မှာစုန်းတွေ မှော်အတတ်တွေဟာတကယ်မရှိတော့ဘဲ ဆေးသိပ္ပံနည်းကသာအရာရာ ကို ဖြေရှင်းနိုင်ကြောင်းလက်တွေ့ပြသလေ့ရှိပါတယ်။ သူ့အမေနေမ ကောင်းဘူး ဆိုတဲ့သတင်းစကားကြောင့်နေရပ်ကိုပြန်လာချိန်မှာတော့ သူ့ဖခင်ဟာစုန်းလိုက်မုဆိုးအဖွဲ့ခေါင်းဆောင်ဖြစ်နေပြီး သူ့အမေမကျန်း မာဖြစ်ရတာရယ်၊မွေးကင်းစကလေးသေဆုံးမှုရယ်ဟာ နာတာလီဆိုတဲ့ စုန်းမကြီးလက်ချက်လို့တစ်ထစ်ချယုံကြည်ပြီးစုန်းတွေကို အမြစ်ဖြတ် ချေမှုန်းတော့မယ့်အချိန်ပါပဲ။ဆန့်ကျင်ဘက်နောက်ခံနှစ်ခုဆီက အာဒီနဲ့ ပီထရို၊ ရှေးဟောင်းအယူသီး မှုတွေနဲ့ခေတ်ပညာတတ်လူငယ်တွေကြားက လွန်ဆွဲအားပြိုင်မှုတွေ၊ ရှေးခေတ်သဘာဝလွန်ပညာတွေရဲ့နက်နဲမှုနဲ့ လျှို့ဝှက်ချက်တွေကိုရပ် သပ်ရှုမောတွေ့မြင်ရပါလိမ့်မယ်။ ရာဇဝတ်နောက်ခံ ဇာတ်လမ်းသဘော ကျနှစ်သက်သူတွေ၊ စုန်းကဝေမှော်ကားကြိုက်ပရိသတ်တွေ အကြိုက် တွေ့မယ့်ဇာတ်ကားဖြစ်ပါတယ်။အဲတော့ နာတာလီတစ်ယောက် စုန်းလိုက်မုဆိုးတွေလက်က ပြန်လာနိုင် ပါ့မလား၊ သူ့မြေးမငယ်အာဒီကရော တကယ်ပဲစုန်းတစ်ကောင်လား၊ သူ ရှာဖွေတွေ့ရှိစေချင်ခဲ့တဲ့ ရှေးဟောင်းစာအုပ်နဲ့လျှို့ဝှက်မြို့တော်မှာဘာတွေ ရှိနေမလဲ အစရှိတာတွေကို ဇာတ်လမ်းထဲမှာဆက်ပြီးရှုစားစေချင်ပါတယ်။(ဒီစီးရီးရဲ့ အညွှန်းကို Alias မှရေးသားပေးပြီး၊ ...
6.0
TMDb: 6.0/10 3200 votes
tv

Luna Nera – Season (01)

2020
La Révolution (2020) 6.6
La Révolution (2020) La Révolution (2020) ================ IMDb Rating - 6.6/101787 ခုနှစ်မှာ ပြင်သစ်ပြည်ကြီးဟာ ဝါးအစည်းပြေသလို ဖရိုဖရဲနဲ့ ဖြစ်ချင်တိုင်း ဖြစ်နေပါတယ်။ အောက်ခြေ လူတန်း စားတွေက ငတ်မွတ်ခေါင်းပါးပြီး ဆင်းရဲမွဲတေနေသလောက် အာဏာပိုင်တွေကတော့ အဓိပ္ပာယ်မရှိတဲ့ အခွန်အတုတ်တွေ ကောက်ပြီး ပျော်ပါးနေကြတဲ့ ကာလပါ။အဲဒီလို အချိန်ကာလမှာ မွန်တာဇင်းနယ်မြေမှာ ရေဗက္ကာဆိုတဲ့ ဆင်းရဲသားမိန်းကလေးတစ်ယောက် အသတ်ခံလိုက်ရပါတယ်။ အာဏာပိုင်တွေကတော့ တိုင်းတစ်ပါးသား ကလေကချေ အိုးမဲ့ အိမ်မဲ့ တစ်ယောက်က သတ်သွားတာလို့ ဝါဒဖြန့်ပြီး အိုကာဆိုတဲ့ အိမ်ခြေရာမဲ့ကို ကြိုးပေးဖို့ ပြင်ပါတော့တယ်။ ဒါပေမဲ့ အိုကာရဲ့ အကျဉ်းထောင် တာဝန်ခံဆရာဝန် ဂျိုးဆက်က အိုကာ့မှာ အပြစ် မရှိဘူးလို့ ယုံကြည်ပြီး လူသတ်သမား အစစ်ကို ရှာဖွေဖို့ ကြိုးစား ရင်းနဲ့ အထက်တန်းလွှာ အသိုင်းအဝိုင်းထဲမှာ ပျံ့နှံ့နေတဲ့ ဗိုင်းရပ်စ် ပိုး တစ်ခုကို တွေ့ရှိသွားတဲ့နောက်မှာတော့…၁၈ ရာစု ပြင်သစ်တော်လှန်ရေးကြီး မဖြစ်ခင်ကာလကို သဘာ ဝလွန် အဖြစ်အပျက်တွေနဲ့ စိတ်ကူးယဉ်ဆန်ဆန် ရိုက်ကူးထား တာပါ။ ဖြစ်ရပ်မှန်နဲ့ fantasy ကို ရောသမမွှေလိုက်ရင် ...
6.6
TMDb: 6.6/10 5900 votes
tv

La Révolution (2020)

2020
Rise of Empires: Ottoman (2020) 7.354
Rise of Empires: Ottoman (2020) Rise Of Empires: Ottoman Season 1 (2020)သမိုင်းဖြစ်ရပ်မှန်များကို စိတ်ဝင်စားသူတွေ မဖြစ်မနေကြည့်ရမယ့် series တစ်ခုလာပါပြီ။ အော့တမန်အင်ပါယာကို အင်အားကြီးစေပြီး သမိုင်းလမ်းကြောင်းကိုလဲ ကြီးကြီးမားမားပြောင်းလဲစေခဲ့တဲ့ အော့တမန်ဘုရင် စူလ်တန်မာမက်ရဲ့သမိုင်းကြောင်းပါ။ စူလ်တန်မာမက်ကတော့ သူ့ခမည်းတော်နတ်ရွာစံအပြီးမှာ ၁၉ နှစ်အရွယ်နဲ့နန်းတက်ခဲ့တဲ့စူလ်တန်ငယ်တစ်ပါးပါ။ အသက်အရွယ်ငယ်တော့ သူ့အင်ပါယာတွင်းကရော အပြင်ကရန်သူကပါ သွေးတိုးစမ်းမှုတွေနဲ့ကြုံရပါတယ်။ မာမက်ကလဲ သူ့စွမ်းရည်ကိုပြသဖို့ရာအတွက် ဘိုင်ဇင်တိုင်းအင်ပါယာရဲ့မြို့တော်ဖြစ်တဲ့ ကွန်စတန်တီနိုပယ်ကိုသိမ်းဖို့ဆုံးဖြတ်လိုက်ပါတယ်။ ဘိုင်ဇင်တိုင်းအင်ပါယာကတော့ အရှေ့ရိုမန်အင်ပါယာပါပဲ။ သူတို့မြို့တော် ကွန်စတန်တီနိုပယ်က ခရစ်ယာန်ဘာသာရေးအရ အထွတ်အမြတ်နေရာလဲဖြစ်ပြီး ဒီမြို့ကိုသိမ်းပိုက်ချင်ခဲ့တဲ့တခြားတပ်ပေါင်း၂၃ တပ်က အရှုံးပေးလက်လျှော့ပြန်ခဲ့ရတဲ့မြို့ပါ။ အဲ့ဒီတပ်တွေထဲမှာ မာမက်ဖခမည်းတော် စူလ်တန်မူရက်ဒ်ရဲ့တပ်လဲအပါအဝင်ပါပဲ။ ဒီဇာတ်လမ်းမှာတော့ ၁၉နှစ်သားအရွယ်စူလ်တန် မာမက်ရဲ့ကွန်စတန်တီနိုပယ်ကို ကြိုးပမ်းမှုအကြောင်းအဓိကကြည့်ရမှာပါ။ ဒီစီးရီးရဲ့ ထူးခြားချက်ကတော့ Docudrama အဖြစ်ဖန်တီးထားခြင်းပါပဲ။ ဒီဒရာမာဇာတ်လမ်းသွားထဲမှာပဲ ပညာရှင်တွေရဲ့အမြင်တွေရှင်းလင်းချက်တွေကို တစ်ပါထဲထည့်ပေးထားတော့ ဒီသမိုင်းကြောင်းကိုကိုယ်သိမထားရင်တောင် ဂူဂဲလ်သွားရှာစရာမလိုပဲ အဆင်ပြေပြေကြည့်နိုင်သွားသလို ပါဝင်တဲ့ဇာတ်ကောင် အဲ့ဒီခေတ်ရဲ့အနေအထား အယူအဆတွေကိုလဲတစ်ပါထဲသိရမှာပါ။ ရုပ်ရှင်ကြည့်နေရင်း ကိုယ်သိချင်တဲ့မေးခွန်းတွေကိုလဲဖြေပေးမယ့် စပွိုင်လာလဲမပေးမယ့်သူမျိုး ဘေးမှာရှိနေသလိုပေါ့။အဲ့ဒါအပြင် နောက်ခံစကားပြောသူကလဲ GOT ထဲက အားလုံးသဘောကျနှစ်ခြိုက်ရသူကြီး တိုင်ဝင်လန်နစ်စတာ (Charles Dance) ဆိုတော့ သူ့အသံပါဝါ အနိမ့်အမြင့် အစွဲအငင်တွေရဲ့ ပံ့ပိုးမှုကလဲ ဒီစီးရီးကိုအသက်ဝင်စေတာမို့ တော်တော်ပြည့်စုံတဲ့စီးရီးတစ်ခုပါပဲ။အညွှန်းကိုတော့ ...
7.354
TMDb: 7.354/10 240 votes
tv

Rise of Empires: Ottoman (2020)

2020
Naxalbari (2020) Complete 6
Naxalbari (2020) Complete Naxalbari (2020) Action, Crime, Thriller IMDb 7.1/10 (4.7K)အခုတစ်ခါတင်ဆက်ပေးမယ့် စီးရီးလေးကလည်း Court Martial မင်းသား ရာဂျစ်ခန်ဒေးဝါးရဲ့စီးရီးလေးပဲဖြစ်ပါတယ်။တောတွင်းတစ်နေရာမှာ သတ္တုတွင်းစက်ရုံတည်ဆောက်ဖို့အတွက် ကုမ္ပဏီတစ်ခုက ကြိုးစားနေပါတယ်။ဒါပေမဲ့ ဒေသခံတွေက အဲ့ဒီစက်ရုံကို ကန့်ကွက်နေကြတယ်။အဲ့ဒီဒေသသူပုန်တွေကလည်း သူတို့နယ်မြေကို အပါမခံနိုင်တဲ့အတွက် တော်လှန်ရေးတွေ လုပ်ကြတယ်။ လူထုထဲမှာ သူတို့ရဲ့သူလျှိုတွေကို ထည့်ထားတယ်။ ဒီသူပုန်ဂိုဏ်းကို ထိပ်တန်းရဲအရာရှိတစ်ယောက်ဖြစ်တဲ့ ရာဟက်ကို ဖြိုခွင်းဖို့ တာဝန်ပေးလာတဲ့အခါမှာတော့...။သူပုန်တွေရဲ့သူလျှိုတွေက ရဲအရာရှိရာဟက်ဆီကို ဘယ်လိုချဉ်းကပ်လာမလဲ။ရာဟက်က သစ်တောထဲက သူပုန်တွေကို ဘယ်လိုနှိမ်နင်းသွားမလဲ။ သူ့ရဲ့အနီးဆုံးရန်သူက ဘယ်သူဖြစ်လာမလဲ။သူပုန်တွေကို လျှို့ဝှက်ထောက်ပံ့ပေးနေတဲ့သူတွေကရော ဘယ်သူတွေဖြစ်နေမလဲဆိုတဲ့ လှည့်ကွက်ပေါင်းများစွာကို ရင်တထိတ်ထိတ်နဲ့ကြည့်ရမယ့် စီးရီးတွဲလေးပဲဖြစ်ပါတယ်။File Size – 500MB/ 200MBQuality – 1080p Zee5 WEB DL / 720pDuration – minute (@Episode)Total Episodes: 9EpsSubtitle – Myanmar HardsubFormat – Mp4Genre : ...
6
TMDb: 6/10 1 votes
tv

Naxalbari (2020) Complete

2020
October Faction (2020) 6.789
October Faction (2020) October Faction (2020)**********************(စ-ဆုံး)IMdb မှာ 6.2 ရထားတဲ့အပြင်Drama/thriller ကား fan တွေအတွက် comic book ကို အခြေခံထားတဲ့supernatural ဇာတ်လမ်းတွဲလေးပါ Fred နဲ့ Deloris တို့စုံတွဲကGoeffနဲ့ Viv ဆိုတဲ့ အမွှာသားနဲ့ သမီးနဲ့ ပျော်ရွှင်တဲ့မိသားစုလေး ရှိပါတယ် ဒါပေမဲ့ ကလေး၂ယောက်မသိတာက Fred နဲ့ Deloris က monster hunter တွေဆိုတာပါပဲFred တို့စုံတွဲက ငယ်ငယ်က ကျောင်းပြီးတည်းက Presidio ဆိုတဲ့ အဖွဲ့အစည်းတစ်ခုကို ဝင်ပြီး monster မျိုးစုံဖမ်းပြီး သတ်ဖြတ်နှိမ်နင်းရေးအလုပ်ကို လုပ်နေတာပါvampireတွေ werewolf တွေနဲ့ supernatural သတ္တဝါမျိုးစုံကို အမဲလိုက်ကြပါတယ် သူတို့ကလေး၂ယောက်ကိုတော့ ဘာမှမပြောပြဘဲသာမန်ဘဝလိုနေထိုင်နေကြတယ်ဒါပေမဲ့ Goeff နဲ့ Viv က ခု ဆယ်ကျော်သက် 17 နှစ်ရွယ်ရောက်နေပြီဆိုတော့ဖုံးကွယ်ရတာခက်လာရင်း အန္တရာယ်တွေလည်း ကြုံလာရတော့ ဘယ်လိုဆက်ဖြစ်ကြမလဲ.... Episodes: 10File Size:815MB, ...
6.789
TMDb: 6.789/10 230 votes
tv

October Faction (2020)

2020
Hunters – Season (01),(02) 7.2
Hunters – Season (01),(02) Hunters - Season (01),(02) =================== IMDb Rating - 7.2/10၁၉၇၀ ခုနှစ်ပတ်ဝန်းကျင်ကိုဇာတ်အိမ်တည်ထားပြီး အကြမ်းဖျဥ်းအားဖြင့် ပြောရရင်တော့ ဒုတိယကမ္ဘာစစ်အပြီး အမေရိကန်ပြည်ထောင်စုမှာ ဇာတ် မြှုပ်နေတဲ့ နာဇီလက်ကျန်တွေကို၊ နာမည်ကျော်ဂျူးလူမျိုးတုန်းသတ်ဖြတ်မှု ကြီးကနေရှင်ကျန်ခဲ့တဲ့သူတွေကပြန်ကလဲ့စားချေဖို့ စုစည်းကြတဲ့အကြောင်းပါပဲ။ ကလဲ့စားချေတယ်ဆိုပေမယ့်ဂျူးတွေဖက်ကပဲမီးပြန်မွှေးတာမဟုတ်ပဲနဲ့ နာဇီလက်ကျန်တွေနဲ့သူတို့အသိုင်းအဝိုင်းတွေကလည်း ဒီဂျူးလက်ကျန်တွေကို ဆက်လက်မုန်းတီးပြီးအမြစ်ဖြတ်ဖို့ကြံစည်နေကြဆဲပါ။ ဒီတော့ကလဲ့စားချေတယ် ဆိုတာထက်ဦးသူစားစတမ်းဆိုတဲ့ပုံစံနဲ့အပြန်အလှန် ဗျင်းကြတဲ့သဘောပါပဲ။ဒီဇာတ်လမ်းမှာ Conspiracy လို့ခေါ်တဲ့စိတ်ကူးယဥ်သီအိုရီတွေလည်းပါပေမယ့် များသောအားဖြင့် ဖြစ်ရပ်မှန်တွေကိုအခြေခံထားတယ်လို့ဆိုပါတယ်။ ဆိုလိုတာက ဒီဂျူးတွေဖွဲ့စည်းထားတဲ့ Hunters ဆိုတဲ့အဖွဲ့နဲ့ နာဇီလက်ကျန်တွေရဲ့မြေအောက် တိုက်ပွဲက လက်တွေ့မှာတကယ်ရှိခဲ့လားမရှိခဲ့လားဆိုတာမသေချာပါဘူး။ မည်သို့ပင် ဆိုစေကာမူ ဒုတိယကမ္ဘာစစ်ကြီး၊ ဟစ်တလာ၊ နာဇီတွေ လူမျိုးတုန်းသတ်ဖြတ်ခံခဲ့ရတဲ့ ဂျူးခြောက်သန်းကတော့ အမှန်တကယ်ပဲရှိခဲ့ပါတယ်။ သဘောအကျဆုံးအချက်ကို ပြောပါဆိုရင်တော့ ဖြစ်ရပ်မှန်နဲ့ Conspiracy ကိုဟာကွက်မရှိအောင်ပေါင်းစပ်ပြီး ချပြသွားနိုင်တာပါပဲ။ယူတတ်မယ်ဆိုရင်သူတို့ပြောသွားတဲ့ဒိုင်ယာလော့ဂ်တွေ ဇာတ်ဝင်ခန်းတွေကနေ ကိုယ် မသိသေးတဲ့နိုင်ငံရေးနဲ့ပတ်သက်တဲ့အမြင်တွေ ဗဟုသုတတွေအများကြီးရနိုင်ပါတယ်။ Rating/Review တွေလည်းကောင်းတဲ့အပြင် ဆုနှစ်ခုနဲ့ ဇကာတင်ရွေးချယ်ခံရမှုကိုးကြိမ် ထိ ပါဝင်ထားတဲ့စီးရီးဖြစ်တာကြောင့် အများကြီးညွှန်းနေစရာလိုတော့မယ်မထင်ပါဘူး။ နောက်ဆုံးအနေနဲ့ပြောရရင် သမိုင်းကြောင်းတွေကိုအခြေခံတဲ့စီးရီးတွေကို ကြိုက်တတ် ရင်တော့တကယ်ကိုလက်မလွှတ်သင့်တဲ့စီးရီးတစ်ခုပါပဲ။ (ဒီစီးရီးရဲ့ အညွှန်းကို Min Khant Boမှရေးသားပေးပြီး၊ ဘာသာပြန် ရေးသားပေးသူများ ကတော့ Min Khant Bo, San Thu Aung, Htet Kyaw ...
7.2
TMDb: 7.2/10 38000 votes
tv

Hunters – Season (01),(02)

2020
Gangs of London (2020)+ Season(2) 9.1
Gangs of London (2020)+ Season(2) IMDb Rating - 8.5/10TMDp Rating - 9.1/10 #Unicodeလန်ဒန်မြို့ရဲ့ လူဆိုးဂိုဏ်းကြီးတွေ အကြောင်း ဇာတ်လမ်းဆင်ထားတဲ့ စီးရီးတစ်ခု ထွက်လာပါပြီ။  စုစုပေါင်း ၉ ပိုင်း ရှိပါတယ်။နေ့စဉ်တင်ဆင်ပေးသွားမှာပါ။ ဒီစီးရီးကတော့ ပိကီ ဘလိုင်ဒါ တို့ ဂေါ့ဖားသားတို့လို သွေးအေးအေး ရက်စက်တဲ့ စတိုင်မျိုးမဟုတ်ပါဘူး။ ဒါရိုက်တာကိုက Raid ရုပ်ရှင်ကို ရိုက်ခဲ့တဲ့သူဖြစ်လို့ အက်ရှင် အသားပေးပါတယ်။ Raid ရဲ့ အများနဲ့ တစ်ယောက်ရက်ရက်စက်စက်တွေ ချတဲ့ အငွေ့အသက်မျိုးတွေ ပါပါတယ်။ စတန့်နည်းပြတွေကလည်း Bourne ရုပ်ရှင်တွေလို အက်ရှင်အကြမ်းတွေမှာ ပါခဲ့တဲ့လူတွေပါပဲ။ဇာတ်လမ်းအကျဉ်း …----------------------လန်ဒန်မြို့ရဲ့ လူဆိုးဂိုဏ်းအားလုံးဟာ ဝဲလေ့ မိသားစုရဲ့ ထိန်းချုပ်မှုအောက်မှာ အလုပ်လုပ်ကြရပါတယ်။ တစ်နေ့မှာတော့ဝဲလေ့မိသားစုရဲ့ ခေါင်းဆောင် ဖင်း ဝဲလေ့ လုပ်ကြံခံရပြီး သူ့နေရာကို ဆက်ခံဖို့ သားဖြစ်သူ ရှောင်ဝဲလေ့က နန်းတက်လာပါတော့တယ်။ အဲဒီမှာ ဂိုဏ်းပေါင်းစုံက ...
9.1
TMDb: 9.1/10 16 votes
tv

Gangs of London (2020)+ Season(2)

2020
Too Hot to Handle Season 4 (2022) 6.8
Too Hot to Handle Season 4 (2022) Too Hot to Handle Season 4 (2022)ကမ္ဘာတစ်လွှားက အထန်လေးများနှင့် Too hot to handle s4 လာပါပြီ။ ဒီတစ်ခါမှာလည်း မာယာများတဲ့ Lana နဲ့ Desiree တို့ရဲ့ ထောင်ချောက်ထဲကို ဟော့ဟော့ရမ်းရမ်း အဆင်လေး ၁၀ ယောက် ပြုတ်ကျသွားပြန်ပြီဆိုတာကတော့ ဒီအစီအစဉ်ကိုကြည့်ရှုသူတိုင်းသိကြမှာပါ။ဒီတစ်ခါမှာ နည်းနည်းလေးထူးခြားတာတော့ s3ကနေစပြီး ကုန်‌ဈေးနှုန်းနဲ့အညီလိုက်တက်လာတဲ့ prize fundပါပဲ။ Prize Fund က စုစုပေါင်း ဒေါ်လာ 2 သိန်းနဲ့ အနိုင်ရရှိသူစုံတွဲကတော့ ကျန်ရှိဆုကြေးပိုက်ပြီး အိမ်ပြန်ခွင့်ရမှာပါ။ကျန်ရှိဆုကြေးဆိုတဲ့အတိုင်းပါပဲ မဘုရ မနုရ မထုရဆိုတဲ့ များပြားလှတဲ့ Sex banစည်းမျဉ်းတွေကို ချိုးဖောက်ရင်တော့ တတိတိနဲ့နုတ်ခံရမှာပါ။ ပြွတ်ပြွတ်တောင်ပေးခွင့်မရတဲ့ Sex Ban reality show က အမှောင်လောကသား 10 ယောက်နဲ့ ဘဝပြောင်းသွားစေလောက်မဲ့ဆုကြေးငွေကြားမှာ အပြိုင်လွန်ဆွဲမှုတွေကို ဆောင်းရာသီခပ်စိမ့်စိမ့်လေးမှု ကြည့်ရှုရင်း အတူတူရင်ဖိုလိုက်ရအောင်ပါအညွှန်းကိုတော့ Mary Christ ...
6.8
TMDb: 6.8/10 360 votes
tv

Too Hot to Handle Season 4 (2022)

2020
Valeria – Season (01)(02) 6.5
Valeria – Season (01)(02) Valeria - Season (01)(02) ================= IMDb Rating - 6.5/10ဗလယ်ဒီယားဟာ စာရေးဆရာမ ဖြစ်ဖို့ ကြိုးစားနေတဲ့ အမျိုးသမီး တစ်ယောက်ပါ။ သို့သော် စာရေးဖို့လုပ်တိုင်း ဘာအကြံဉာဏ်မှ ထွက်မလာဘဲ လမ်းဆုံးနေခဲ့ပါတယ်။ ထို့အတွက် သူ့ကိုယ်သူ အားမလို အားမရဖြစ်ပြီး ဝမ်းနည်းနေတဲ့သူပါ။ ထို့အတူ ခင်ပွန်း ဖြစ်သူနဲ့လည်း ပြေလည်လှတယ် မဟုတ်ဘဲ အိမ်ထောင်ရေးမှာ အခက်အခဲတွေနဲ့ ကြုံတွေ့နေရပါတယ်။အလုပ်မရှိတာလည်း ၄ လကြာမြင့်ပြီမို့ ငွေရေးကြေးရေး ပြဿနာ လည်း ရှိနေပြန်ပါတယ်။ ဒါပေမယ့် သူ့သူငယ်ချင်း သုံးယောက် ဖြစ်တဲ့ လိုလာ၊ ကာမန်းနဲ့ နေရီယာတို့က သူ့ကို နှစ်သိမ့်ပေးကြပါတော့တယ်။ ဗလယ်ဒီယားတစ်ယောက် ထိုအခက်အခဲတွေကို ဘယ်လိုဖြတ်သန်း မလဲဆိုတာကို ဟာသတွေနဲ့ ကြည့်ရှု့ရမယ့် Netflix ကနေ ထုတ်လွှင့်ခဲ့တဲ့ စပိန်စကားပြော ဇာတ်လမ်းတစ်ခုဖြစ်ပါတယ်။(ဒီစီးရီးရဲ့ အညွှန်းကို Leonard Lin မှရေးသားပေးပြီး၊ ဘာသာပြန် ရေးသား ပေးသူများကတော့ Leonard Lin, Zaw Myo Thu, Roman Nox တို့ဖြစ်ပါတယ်။)File ...
6.5
TMDb: 6.5/10 6000 votes
tv

Valeria – Season (01)(02)

2020
Alice in Borderland (2020) 8.8
Alice in Borderland (2020) Alice in Borderland (2020) IMDb - 8.8/10 ဂိမ်းချည်းပဲဆော့နေလို့အဆူခံရပြီး အိမ်ပေါ်ကဆင်းလာရတဲ့အချိန်မျိုး အလုပ်ပြုတ်လာတဲ့အချိန်မျိုး စိတ်ညစ်ညူးနေရတဲ့အချိန်မျိုးတွေမှာ လူတွေအကုန်မရှိတော့ဘဲ တစ်မြို့လုံးမှာ ကိုယ်နဲ့ ကိုယ့်သူငယ်ချင်းတွေပဲ ကျန်တော့တယ်ဆိုရင် ပျော်မိမှာပဲ ဟုတ်တယ်မို့လား????? ဒါပေမယ့် အဲ့လိုကျန်နေခဲ့တာက အသက်နဲ့ရင်းပြီးဆော့ရတဲ့ဂိမ်းအတွက်ဆိုတာသိရင်တော့ ဆက်ပျော်နေနိုင်မှာမဟုတ်ပါဘူး ဒီဇာတ်လမ်းတွဲထဲမှာလည်း ဘူနေတဲ့သူငယ်ချင်းသုံးယောက်က အရက်သောက်ဖို့ အရက်ဆိုင်လိုက်ရှာနေရင်းက ဘုမသိဘမသိနဲ့ ရှင်သန်ခြင်းနဲ့သေဆုံးခြင်းဂိမ်းကို ဆော့လိုက်ရပါတယ် ဉာဏ်လေး ဆိုစလောက်ကောင်းပြီး တစ်ခေါက်လောက်နိုင်လိုက်ပေမယ့် သူတို့ရှေ့မှာတင် တစ်ယောက်ပြီးတစ်ယောက်သေကုန်တာကို တွေ့ရတဲ့အခါမှာ သူတို့တွေ ဘယ်လိုဆက်လုပ်ကြမလဲ????? ပြေးလိုက်လွှားလိုက်နဲ့သေရေးရှင်ရေးဖြစ်နေကြတဲ့ကြားထဲက သူငယ်ချင်းအချင်းချင်းကြားထဲက သံယောဇဉ်လေးတွေကိုလည်းမြင်ရမှာပါ ဒီကားကို အိမ်ကလူကြီးတွေကိုလည်းပြပေးသင့်ပါတယ် အလုပ်မလုပ်ဘဲ ဂိမ်းပဲဆော့နေတာက သေရေးရှင်ရေးကြုံလာတဲ့အခါမှာ အထောက်အကူပြုပါတယ်ဆိုတာလေးသိရအောင်ပေါ့လေ ဒီ့အပြင် Netflix ကရိုက်တဲ့ကားဆိုတဲ့အတိုင်း စိတ်ပျက်စေမှာ မဟုတ်တဲ့အပြင် ဂျပန် Live action တွေတိုင်းမှာ နာမည်ကြီးတဲ့ Yamazaki Kento ကခေါင်းဆောင်ပါဝင်ထားတာကို အချိန်လေးပေးပြီးကြည့်ပါလို့ Yamazaki Kento ရဲ့ကောင်မလေးက တိုက်တွန်းရင်း CM အဖွဲ့သားများနဲ့အတူ ဘာသာပြန်တင်ဆက်လိုက်ပါတယ်ရှင် IMDb - 8.8/10 Rotten Tomatoes - 96% ဆိုတော့ လက်မလွှတ်တမ်း ကြည့်သင့်တဲ့ ကားတစ်ကားပါပဲ။ File Size - 700MB Quality - 1080P Subtitle - Myanmar (Hardsub) Genre - ...
8.8
TMDb: 8.8/10 10 votes
tv

Alice in Borderland (2020)

2020