Channel Myanmar

2019

Boys To Men ( 2019 ) 7.7
Boys To Men ( 2019 ) ဒီတစ်ခေါက်တော့ Boys to Men ဆိုတဲ့ လူငယ်ကနေ မျက်စိတစ်မှိတ်အတွင်း လူလတ်အရွယ်ကို ကူးပြောင်းသွားတဲ့ fencing 🤺 ကိုအခြေခံထားတဲ့ ဇာတ်ကားကောင်းလေး တင်ပေးလိုက်ပါတယ်...Xu Kai Cheng ပါဝင်သရုပ်ဆောင်ထားတဲ့ဇာတ်ကားကောင်းလေးဖြစ်ပါတယ်ဒီလို Fencing 🤺 ကို အသားပေးတဲ့ ကားလေး ရှားတယ်နော်...ရှားတဲ့ကြားမှာ ဇာတ်လမ်းကလည်း စိတ်ဝင်စားဖို့ကောင်း...ဘယ်လိုကောင်းလဲဆိုရင် fencing မှာ ဆရာတစ်ဆူဖြစ်နေတဲ့ အိုရန်၊အားလုံးသိကြတဲ့ မွေးရာပါ ပါရမီရှင်ကြီး၊ ဘိုးစဉ်ဘောင်ဆက် fencing လောကမှာ ဆရာတစ်ဆူဖြစ်နေတဲ့ အိုမိသားစုရဲ့ မျိုးဆက်... ဒီလိုလူက ချန်ပီယံဆုကိုသိမ်းပိုက်လိုက်ပြီး အောင်ပွဲခံတဲ့ညမှာပဲ ဆိုင်ကယ်မှောက်ပြီး မေ့သွားလိုက်တာ ၅ နှစ်ကြာမှ နိုးတော့တယ်။၅ နှစ်ဆိုတဲ့အတိုင်းတာတစ်ခုမှာ သူလွတ်သွားတာတွေနောက်ကျသွားတာတွေ အများကြီးပေါ့... အဲ့လွတ်သွားတာတွေထဲသူအသက်လို တန်ဖိုးထားရတဲ့ fencing ကျွမ်းကျင်မှုပါ ပါသွားတာပေါ့...ဒီလိုနဲ့ သူချန်ပီယံဆိုတဲ့နေရာကို ဘယ်လို ကြိုးစားပမ်းစား ပြန်ကြိုးစားတယ်...ဘယ်လို အခက်အခဲတွေ အတားဆီးတွေကို ကျော်ဖြတ်ရတယ်ဆိုတာတွေ... ...
7.7
TMDb: 7.7/10 166 votes
tv

Boys To Men ( 2019 )

2019
In The Dark (2019) 9.0
In The Dark (2019) ဒီဇတ်လမ်းကတော့ မာဖီ ဆိုတဲ့ မျက်မမြင် ကောင်မလေး နဲ့ စရမှာပဲ    ဆယ်ကျော်သက် အရွယ်မှာ မျက်လုံးကွယ်ခဲ့ပြီး    ဘ၀ ကြီးကို ဖြစ်သလိုနေထိုင်တဲ့    ကောင်မလေး ချောချောလေး တစ်ယောက်ပေါ့    သဘောကျတဲ့ ကောင်လေးတွေ နဲ့ ဒိတ်တယ်    တစ်ည အိပ်ပြီးရင် ဘာမှ ဆက်ဖြစ်မလာဘူး    ဘယ်ယောင်္ကျားကိုမှ မယုံသလို    တစ်ညအိပ်ဖို့ကလွဲရင် ဘယ်သူ့ကိုမှ အတည်မတွဲတက်သူ    ဒါပေမဲ့ သူ ခင်တဲ့သူ တစ်ယောက် ရှိတယ်    လမ်းဘေး မှာ ဆေးရောင်းနေတဲ့ လူမဲ ကလေးလေး တစ်ယောက်    အဲ့ဒီ ကလေးက မာဖီ ရဲ့ အသက်ကို ကယ်ခဲ့တဲ့ သူ    တစ်ရက် မာဖီ လမ်းလျှောက်လာတုန်း ဓါးမြတိုက်ခံရတယ်    သေလုမတက် ရိုက်နှပ်သွားပြီး လမ်းပေါ်မှာ လဲ နေခဲ့တယ်    လူမဲ ကောင်လေးက တွေ့လို့ ရဲခေါ် ကယ်ဆယ်နိုင်လို့    မာဖီ တစ်ယောက် အသက်ဆက်နိုင်ခဲ့တာပါပဲ    မာဖီ အားရင် လူမဲ ကောင်လေး နဲ့ အချိန်ဖြုန်း    စကားတွေ ပြောလေ့ ရှိတယ် တစ်ယောက်နဲ့    ခင်မင်မှုတွေ ရှိလာပြီး အကောင်းဆုံးသူငယ်ချင်းတွေ    ဖြစ်လာခဲ့တယ်...    ဒါပေမဲ့ ...
9.0
TMDb: 9.0/10 941 votes
tv

In The Dark (2019)

2019
Secret Garden (2019) 8
Secret Garden (2019) [Unicode]🍁လျှို့ဝှက်ဥယျာဉ်🍁 💕Secret Garden 2019 series💕ဒီတခါမိတ်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့ မကြာသေးခင် 2019 ကမှထုတ်လွှင့်ပြသသွားခဲ့တဲ့ Admin တို့ရဲ့အသဲကျော်လေး Baifern ရဲ့ ဇာတ်လမ်းကောင်းတကားပဲဖြစ်ပါတယ်😍ဇာတ်လမ်းပုံစံလေးကတော့ 🙈 ဇီဇာကြောင်မင်းသားရယ်လို့နာမည်ကြီးတဲ့ အရမ်းကိုမာနကြီးပြီးမောက်မာတတ်တဲ့ ကုမ္ပဏီပိုင်ရှင်သူဌေးသား ထာနပ်နဲ့... မိဘတွေမရှိတဲ့နောက်ကိုယ့်ဘဝကိုယ်ကျောင်း ကိုယ့်ကိုယ်ကိုအားကိုးရင်းမင်းသမီးတွေကိုယ်စား စတန့်မင်းသမီးအနေနဲ့သရုပ်ဆောင်ပေးရင်း ဘဝကိုရုန်းကန်နေရတဲ့ဘဝသမားလေး ဗီနာတို့ ဟာ အခြေအနေတစ်ခုကြောင့်မရည်ရွယ်ထားပဲ ဆုံတွေ့ရဖို့အကြောင်းဖန်လာပါတယ်...အဲ့ဒီ့နောက်မှာတော့ သူဌေးသားနဲ့ဆင်းရဲသမလေးဟာ ထူးဆန်းတဲ့ဖြစ်ရပ်တစ်ခုကြောင့်မမျှော်လင့်ထားပဲ ခန္ဓာကိုယ်ချင်းလွဲသွားကြပါတော့တယ်... ထာနပ်ခန္ဓာကိုယ်နဲ့ဗီနာ ဗီနာ့ခန္ဓာကိုယ်နဲ့ထာနပ်တို့ရဲ့အလွဲအချော်တွေ လွဲချော်မှုတွေကြားက သူတို့ရဲ့အချစ်ဇာတ်လမ်းကရော ဘယ်လိုတွေဖြစ်လာဦးမှာလဲ...🙈Casts ===== ထာနပ် အဖြစ် Anada Everingham ဗီနာအဖြစ် Baifern Pimchanok Luevisadpaibulဒီကားလေးဟာ Korea ကားကို Thai remake version အနေနဲ့ Baifern နဲ့ Ananda တို့ရဲ့သရုပ်ဆောင်မှုတွေနဲ့အတူ ပြန်လည်ဆန်းသစ်ထားတာကိုမြင်တွေ့ရမှာမို့ အပိုင်း (၂၀) ပါရှိမယ့် "လျှို့ဝှက်ဥယျာဉ်"လေးထဲ ဝင်ကြည့်လိုက်ကြရအောင်...🍁( အညွှန်းရေးသားထားသူကတော့ Kyi Nue Zin ဖြစ်ပါတယ် )[Zawgyi]🍁လျှို့ဝှက်ဥယျာဉ်🍁 💕Secret Garden 2019 series💕ဒီတခါမိတ်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့ မကြာသေးခင် 2019 ကမှထုတ်လွှင့်ပြသသွားခဲ့တဲ့ Admin တို့ရဲ့အသဲကျော်လေး Baifern ရဲ့ ဇာတ်လမ်းကောင်းတကားပဲဖြစ်ပါတယ်😍ဇာတ်လမ်းပုံစံလေးကတော့ ...
8
TMDb: 8/10 votes
tv

Secret Garden (2019)

2019
High Seas  Season 3 {Complete} 6.7
High Seas Season 3 {Complete} High Seas ( Season - 3 ) နက်ရှိုင်းတဲ့ ပင်လယ်ကြီးထဲကို တစ်ခေါက် အလည်ပြန်ထွက်ရပြန်ပါပြီဗျာ။ ဗီလာနွေဗာတို့ ညီအမဟာ ဘာဘရာ ဒီ ဘရက်ဂန်ဇာ သင်္ဘောကြီးနဲ့ ခရီးထွက်ဖို့ အကြောင်းဖန်လာပြန်ပါတယ်။ ကာရိုလီနာ ကတော့ ဖာနန်ဒိုနဲ့ အကြောင်းပါသွားပါပြီ။ အယ်ဗာ နဲ့ နီကိုးလက်စ် တို့က သူငယ်ချင်းလို့ပဲ ဆက်၍ ခေါ်နေဆဲပါပဲ။ အယ်ဗာကတော့ နာမည်ကျော် စာရေးဆရာမ ဖြစ်လာခဲ့ပါပြီ။ ဒီဇာတ်လမ်းကတော့ ခရီးစဉ်အသစ်ဖြစ်တဲ့အတွက် ဇာတ်ကောင်အသစ်တွေ ပါလာခဲံပါတယ်။ အခုကတော့ ဗိုင်းရပ်စ်ရာသီပဲ ဖြစ်နေလို့လား မသိပါဘူး။ ဒီဇာတ်လမ်းမှာလည်း သင်္ဘောပေါ် ဗိုင်းရပ်စ်ပါတာကို အခြေတည်ထားပါတယ်။ သင်္ဘောပေါ်မှာ ဗိုင်းရပ်စ် တကယ်ပါရဲ့လား မပါဘူးလားဆိုတာကိုတော့ ဇာတ်လမ်းထဲမှာ ဆက်ကြည့်ကြပါခင်ဗျာ။ စပိန်ကားတွေထုံးစံပီပီ စပွိုင်းရင် အကုန်ပေါ်သွားမျာမို့ပါ။ အရင်ဇာတ်လမ်းတွေလိုပဲ မမျှော်လင့်တဲ့ အချိုးအကွေ့တွေနဲ့ သင်္ဘောကြီးတစ်စီးကို အတူတူ စီးလိုက်ရအောင်ပါ. Season 4 ကိုတော့ နဂို စီစဉ်ထားပေမယ့် အခုအချိန်မှာတော့ မဆက်တော့ဘူးလို့ Netflix က ဆုံးဖြတ်ထားပါတယ်တဲ့။ အတွဲ - ၃ နဲ့ နှုတ်ဆက်လိုက်ပါတယ်ခင်ဗျာ။ Translated By : August , YK , ...
6.7
TMDb: 6.7/10 49 votes
tv

High Seas Season 3 {Complete}

2019
How to Sell Drugs Online (Fast)(2019/2020)[ စ /  ဆုံး] 8.1
How to Sell Drugs Online (Fast)(2019/2020)[ စ / ဆုံး] How to Sell Drugs Online (Fast)(2019/2020)Season 1 and Season 2 [ စ / ဆုံး]IMDb.....8.1အပိုင်း ( ၁ မှ ၁၂) အထိဒီ TV Series က Netflix ကထုတ်တဲ့ ဂျာမန်စီးရီးတစ်ခုပါ။ Netflix က ခုနောက်ပိုင်း အားလုံးသတိထားမိလောက်အောင်ကို သူတို့ ရိုက်တဲ့စီးရီးတွေက ကြည့်ရ အတော်လန်းနေတာကို သိကြမှာပါ... Moritz Zimmerman ဆိုတာ အသက် ၁၇ နှစ်သာရှိသေးတဲ့ အထက်တန်းကျောင်းသား ပြီးတော့ nerd တစ်ယောက်။ Nerd ဆိုတာ ကိုယ်စိတ်ဝင်စားတဲ့အရာတွေကိုသာ ဖိလုပ်နေပြီး လူတွေနဲ့ရောရောထွေးထွေးမနေတတ်တဲ့သူတွေ။ ကြာတော့လူမှုရေးဘက်မှာလစ်ဟင်းလာပြီး စည်းအပြင်ကလူတစ်ယောက်လိုဖြစ်လာတယ်။ ကျောင်းတွေမှာလည်း အနိုင်ကျင့်ခံအနှိမ်ခံလူတန်းစား။ ဒါပေမယ့် သူတို့တွေဟာ တစ်ခုခုကို ထွန်းပေါက်အောင်လုပ်ပြီဟေ့ ဆိုရင်လည်း လိုက်လို့မမှီအောင် ထက်မြက်လွန်း ကြတယ်။ ဒီထဲက အထိကဇာတ်လိုက်က အဲဒီလိုကောင်... ...
8.1
TMDb: 8.1/10 14 votes
tv

How to Sell Drugs Online (Fast)(2019/2020)[ စ / ဆုံး]

2019
The Pier (2020) 6.8
The Pier (2020) ကျွန်မ တည်ငြိမ်နေတဲ့ ရေပြင်ကျယ်ကြီးကို ငေးကြည့်နေမိတယ် မောင်။ ကျွန်မ ဘဝကလည်း ဒီရေပြင်လို တည်ငြိမ်အေးချမ်းနေခဲ့ဖူးတယ်လေ။ ကျွန်မဘဝက လှတယ် အေးချမ်းတယ် ပျော်ရွှင်မှုအပြည့်နဲ့ အောင်မြင်နေတဲ့ ဗိသုကာပညာရှင်တစ်ယောက်။ ပြီးတော့ ကျွန်မကို သိပ်ချစ်တဲ့ မောင်လည်းရှိတယ်။ ဒါပေမယ့် ရေပြင်ကျယ်ဟာ မာယာများတယ် ပြောင်းလဲလွယ်တယ် တည်ငြိမ်နေရာကနေ ရုတ်တရက် မုန်တိုင်းထန်လာတတ်တယ်။ မောင်လည်း ဟောဒီရေပြင်ကျယ်လိုပဲ။ ၁၅နှစ်လုံးလုံး အေးချမ်းတည်ငြိမ်နေတဲ့ ကျွန်မဘဝထဲကို မောင်ဟာ အဆိုးရွားဆုံး မုန်တိုင်းတွေကို ယူဆောင်လာခဲ့တယ်။ မုန်တိုင်းတွေကို သယ်ဆောင်လာတဲ့မောင်ဟာ အေးအတူပူအမျှ အတူတကွနေကြပါမယ်ဆိုတဲ့ လက်ထပ်စဉ်က ကတိသစ္စာတွေကို ဖောက်ဖျက်ပြီး ပြန်မဆုံနိုင်သော ခွဲခွာခြင်းမျိုးနဲ့ သောကမုန်တိုင်းအလယ်မှာ ကျွန်မကို တစ်ယောက်တည်း ထားပစ်ခဲ့ပြန်တယ်။ လူတွေက ဒီဆိပ်ကမ်းမှာ အပန်းလာဖြေနေကြတယ်။ ဒီဆိပ်ကမ်းမှာ လာပျော်ရွှင်နေကြတယ်။ ကျွန်မကတော့ ဒီ ဆိပ်ကမ်းကို သိပ် မုန်းတယ် မောင်။ အလုပ်ကိစ္စနဲ့ ခရီးထွက်မယ်လို့ ကျွန်မကို မောင် ပြောသွားခဲ့တယ်။ မကြာသေးခင်ကမှ ကျွန်မတို့ ဘဝအတွက် အစီအစဉ်တွေချရင်း ပျော်ရွှင်ရယ်မောနေကြသေးတယ်လေ။ အခုတော့ ကျွန်မ ပြန်တွေ့ရတာ ဟောဒီဆိပ်ကမ်းမှာတင်နေတဲ့ မောင့်ရဲ့ အသက်မဲ့တဲ့ ခန္တာကိုယ်တဲ့လား။ ကျွန်မတို့ ပျော်ရွှင်နေကြတာလေ ဒါပေမယ့် မောင်က ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံသွားတာတဲ့လား။ မယုံနိုင်ဘူး မောင်ရယ်။ ကျွန်မ အပူတွေမှ မဆုံးသေးဘူး။ ၁၅ နှစ်တာလုံး ...
6.8
TMDb: 6.8/10 19 votes
tv

The Pier (2020)

2019
Hey sensei , Don’t you know? (2019) 7.4
Hey sensei , Don’t you know? (2019) [Unicode]IMDb rating 6/102019က ထွက်ရှိခဲ့တဲ့ Dramaဖြစ်ပါတယ် ။ အပိုင်း၆ပိုင်းပါဝင်ပြီး တစ်ပိုင်းစီမှာပျှမ်းမျှ ၂၅မိနစ်စာရှိပါတယ်။ "Hey sensei,don't you know" ဆိုတဲ့ Manga ကို drama အဖြစ်ပြန်ရိုက်ခဲ့တာဖြစ်ပြီး Ending song အနေနဲ့ Bolbbagan 4ရဲ့ပထမဆုံး Japanese single song "Love"သီချင်း ကိုအသုံးပြုထားပါတယ်။"ဟာနာ နှင့် ရီချီ""ဟာနာ"ဆိုတဲ့မိန်းကလေးက Girl Manga တွေရေးတဲ့စာရေးဆရာမတစ်ယောက်ဖြစ်ပါတယ်။ သူကတော့ အထက်တန်းကျောင်းseniorဘဝကတည်းက Mangaတွေကိုစတင်ရေးသားခဲ့ပြီး အလုပ်ထဲမှာပဲဘဝကိုမြှုပ်နှံထားသူတစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့မှာတော့စာမူတွေအပ်ပြီးပြန်အလာ လမ်းမှာရှိတဲ့မှန်တစ်ချပ်ထဲမှာ သူမရဲ့ပုံရိပ်ကိုမြင်တွေ့လိုက်ရပါတယ်။ အလုပ်ကလွဲပြီးကျန်တာကိုဂရုမစိုက်ခဲ့တဲ့ဟာနာတစ်ယောက် fashionအမြင်မရှိ ဖရိုဖရဲဖြစ်နေမှန်းသိလိုက်ရတဲ့အခါ သူမရဲ့ပုံစံကိုပြောင်းပစ်ဖို့ဆလွန်းတစ်ခုကို သွားလိုက်ပါတယ်။ အဲဒီဆလွန်းမှာတော့ ဆံပင်ညှပ်တော်ပြီးခံ့ညားတဲ့ ရီချီဆိုတဲ့Hairstylistတစ်ယောက်ရှိနေခဲ့ပါတယ်။"ရီချီ"ကတော့ Modelမင်းသမီးတွေကိုပါ hairstyleပြင်ပေးရလေ့ရှိတဲ့ခပ်မိုက်မိုက်Hairstylistတစ်ယောက်ပါ။ သူ့အနားမှာမိန်းကလေးတွေဝိုင်းဝိုင်းလည်နေပေမဲ့ hairstyleတွေကိုပဲအမြဲတမ်းသင်ယူလေ့လာမှုတွေပဲပြုလုပ်နေခဲ့လို့ ရည်းစားကိုဂရုမစိုက်နိုင်ဘဲ တစ်ယောက်ပြီးတစ်ယောက်နဲ့ပြတ်စဲခဲ့ရတာကြောင့် ရည်းစားထပ်မထားဘဲ အလုပ်ကိုသာ အချိန်ပြည့်ကြိုးစားနေခဲ့ပါတယ်။ တစ်နေ့မှာတော့သူ့ဆလွန်းကို ကပိုကရိုနဲ့အနွေးထည်အထူကြီးဝတ်ထားတဲ့မိန်းကလေးတစ်ယောက် ဆံပင်ညှပ်ဖို့ရောက်လာခဲ့ပါတယ်။ဆံပင်ညှပ်ပေးရင်း စကားစမြည်ပြောမိတဲ့အခါ ဟာနာရဲ့အလုပ်အပေါ်ထားတဲ့လေးနက်မှုတွေ စိတ်အားထက်သန်မှုတွေကိုမြင်ပြီးသဘောကျသွားခဲ့ပါတယ်။ ဟာနာကလည်း သူ့ရဲ့Mangaတွေထဲကလို စကားပြောကောင်းပြီးခံ့ညားတဲ့cool guy ရီချီကိုသဘောကျနေခဲ့ပါတယ်။ ...
7.4
TMDb: 7.4/10 2574 votes
tv

Hey sensei , Don’t you know? (2019)

2019
Ehd e Wafa 9
Ehd e Wafa “မင်းရဲ့ မမက ထက်မြက်တဲ့မိန်းမ ရစ်တတ်တယ်ဆိုတာမ နဲ့ မအပ်စပ်တဲ့ကိစ္စ မင်းဘေးက စကီတွေတော့ မမ ပစ်သတ်မယ် စိတ်ချ”(ကာရန်မိအောင် စပ်ထားတာ)ကဲ ကိုရီးယားက ဗိုလ်ကြီးများ ဘေးဖယ်တော့နော်ပါကစ္စတန်က ဗိုလ်ကြီးမမ လာပါပြီ ။ဒီတစ်ခါ Channel Myanmar က တင်ဆက်ပေးမှာကတောEhd-E-Wafa ဆိုတဲ့ ဒရာမာ နဲ့ ဟာသ ပါကစ္စတန် ဇာတ်လမ်းတွဲလေးပဲဖြစ်ပါတယ်။ဒီစီးရီးဟာ ပါကစ္စတန်နိုင်ငံရဲ့ လူကြိုက်အများဆုံး စီးရီးတစ်ခုအဖြစ် အောင်မြင်ခဲ့ပြီးEhd-E-Wafa ကို အဓိပ္ပါယ်ဖွင့်ဆိုရရင်Promise of Loyalty (သစ္စာတရားရဲ့ ကတိကဝတ်) လို့ အဓိပ္ပါယ်ရပါတယ်။ဒီဇာတ်လမ်းတွဲမှာ ဗိုလ်ကြီးမမ အဖြစ် Akizeh Shah က သရုပ်ဆောင်ထားပြီးAhad Raza Mir နဲ့ ...
9
TMDb: 9/10 1 votes
tv

Ehd e Wafa

2019
Black Dog (2019) 9
Black Dog (2019) Black Dog ဒီတစ်ခါတော့ ကျောင်းဆရာ ဆရာမတွေ အကြောင်း ရိုက်ကူးထားတဲ့ BLACK DOG ဆိုတဲ့ ဇာတ်ကားသစ်လေးတစ်ကားနဲ့မိတ်ဆက်ပေးပါမယ် ဒီဇာတ်ကားထဲမှာတော့ beauty inside က မင်းသမီး Seo Hyun Jin ကို စာချုပ်နဲ့ ဆရာမအဖြစ်လုပ်ကိုင်နေတဲ့ ယာယီကျောင်းဆရာမလေး ဂိုဟာနူးအဖြစ်မြင်ရမှာပါ ဟာနူးဟာ ဘာလို့ ဒီလို အာမခံချက်မရှိတဲ့ စာချုပ်အလုပ်သမား ဘ၀ကို ရွေးချယ်ခဲ့လဲဆိုတာတော့ သူမမှာလည်း အကြောင်းရင်းတွေ ရှိနေပါတယ် သူမ အထက်တန်းကျောင်းသူဘ၀တုန်းက သူမတို့ ကျောင်းလေ့လာရေးခရီးမှာ သူတို့စီးလာတဲ့ ကားဟာ လိုဏ်ခေါင်းတိမ်းမှောက်သွားခဲ့ပါတယ် အဲ့အချိန်မှာတော့ ကားထဲမှာ ဟာနူးတစ်ယောက်တည်း ခြေထောက်ညပ်ပြီး ကျန်နေခဲ့ပါတယ် ကားက ပေါက်ကွဲတော့မှာမို့ ဆရာတွေကော ကျောင်းသားတွေရော ကားနားကို မသွားဖို့ ကယ်ဆယ်ရေးက တားနေပေမယ့် စာချုပ်နဲ့ဆရာ၀င်လုပ်နေတဲ့ ယာယီဆရာ ကင်ယောင်းဟာတော့ တပည့်ဖြစ်သူကို ကယ်ဖို့ လိုဏ်ခေါင်းထဲပြန်၀င်သွားပြီး မှောက်နေတဲ့ ကားထဲကို ၀င်ပြီးကယ်ဆယ်ခဲ့ပါ သူကယ်ဆယ်နေတဲ့ အချိန် နောက်ကလိုက်လာတဲ့ ကယ်ဆယ်ရေးအဖွဲ့က လူတစ်ယောက်နဲ့ ကျောင်းသူဂိုဟာနူးကိုထည့်ပေးလိုက်ပြီး သူကတော့ နောက်က လိုက်ခဲ့မယ်လို့ပြောခဲ့ပါတယ် ဒါပေမယ့် ကံမကောင်းစွာနဲ့ ကားက ပေါက်ကွဲသွားတဲ့အခါမှာတော့ ဆရာကင်ယောင်းဟာ သေဆုံးသွားခဲ့ပါတယ် ကျောင်းသားကျောင်းသူတွေနဲ့အခြားသူတွေကတော့ ဒဏ်ရာအသေးမွှားအတွက်တောင်မှ လျော်ကြေးတွေရရှိခဲ့ပေမယ့် ဆရာကင်ယောင်းဟာအတွက်တော့ လျော်ကြေးမရရှိခဲ့ပါဘူး ဘာကြောင့်မရခဲ့လဲဆိုတာကတော့ သူက ...
9
TMDb: 9/10 3 votes
tv

Black Dog (2019)

2019
When They See Us (2019) 8.6
When They See Us (2019) (Unicode)ဖြစ်ရပ်မှန် ဇာတ်လမ်းတွေကို သဘောကျနှစ်ခြိုက်ပြီးတော့ မှုခင်းနောက်ခံ ဒရာမာစီးရီး ကြည့်ရှုချင်ကြသူတွေအတွက်Neflix စီးရီတစ်ခုဖြစ်တဲ့ When they see us 2019 ဆိုတဲ့ မီနီစီးရီးလေး (လေးပိုင်း စဆုံး) တင်ဆက်ပေးချင်ပါတယ် …ဒီစီးရီးလေးဟာ အမေရိကန်နိုင်ငံရဲ့ တရားရေးကို မီးမောင်းထိုးပြထားတဲ့ ဇာတ်လမ်းလေးဖြစ်ပြီးတော့ အဓမ္မကျင့် လူသတ်မှုတစ်ခုမှာ မပါဝင်ဘဲစွပ်စွဲခံရတဲ့ လူငယ်လေး ၅ ယောက်အကြောင်းကို ရင်နင့်ဖွယ် ရိုက်ကူးထားတာပါ …မှားယွင်းတဲ့ တရားစီရင်မှုနောက်က အကျိုးဆက်တွေကို ဒီကားထဲမှာ တွေ့မြင်ရမှာပါ၁၉၈၉ ခုနှစ်က အမေရိကန်နိုင်ငံမှာ အမှန်တကယ်ဖြစ်ပျက်ခဲ့တဲ့ အမှုတစ်ခုဖြစ်ပြီးတော့ ပါဝင်သူတွေဟာ ယနေ့တိုင် သက်ရှိထင်ရှားရှိနေဆဲပါအမေရိကန်ရဲတွေ အစိုးရရှေ့နေတွေနဲ့ ဒေါ်နယ်ထရမ့်တို့လို(သမ္မတမဖြစ်သေး) လူတွေက လူမည်းလူငယ်တွေကိုမှားယွင်းစွာ စိီရင်ချက်ချဖို့ အတင်းဖိအားပေးခဲ့ကြပါတယ်…အစအဆုံး ရင်တမမနဲ့ ခေါ်ယူသွားမယ့် ဇာတ်လမ်းလေးဖြစ်ပြီးတော့ တရားဥပဒေစိတ်ဝင်စားသူတွေ ...
8.6
TMDb: 8.6/10 98 votes
tv

When They See Us (2019)

2019
Until we meet again ด้ายแดง (2019) 8.8
Until we meet again ด้ายแดง (2019) ဒီ စီးရီးလေးဟာ နိုဝင်ဘာလ ရဲ့ တတိယ အပတ်မှာ Line TV ကနေ စတင် ထုတ်လွှင့်ခဲ့တဲ့ ထိုင်း ဒရာမာ စီးရီးဖြစ်ပါတယ် ဒီတိုင်း အစမ်းကြည့်နေရင်း သိပ်မကောင်းလောက်ဘူး ထင်ရပေမဲ့ ဇတ်လမ်းရဲ့ ပထမပိုင်းမှာတင် ထိုင်ရာက မထစတမ်း ကြည့်ချင်စိတ် ဖြစ်ပေါ်လာစေခဲ့တဲ့ ဇတ်လမ်းတွဲပါပဲ ခုခေတ်စားနေတဲ့ BL ဇတ်လမ်းပုံစံမျိုးပေမဲ့ သူက တစ်မျိုးလေး ထူးဆန်းပါတယ်.... လိင်တူချင်း ချစ်မိတဲ့ ကောင်လေး ၂ ယောက်ဟာ မိဘတွေရဲ့ ပိတ်ပင်တားမြစ်မှုတွေကြောင့် သေကွဲ ကွဲခဲ့ရပေမဲ့ သူတို့ အချစ် နဲ့ သစ္စာကြောင့် လူဝင်စား အဖြစ် နဲ့ နောက်ဘ၀ တစ်ခု မှာ ထပ်မံ ဆုံတွေ့ဖို့ အကြောင်းဖန်လာခဲ့ပြန်ပါတယ်... ဖမ် ဆိုတဲ့ ကောင်လေး ချောချောလေးဟာ ကျောင်းအသစ်တစ်ခုကို ပြောင်းလာခဲ့ပြီး သူယူထားတဲ့ မေဂျာက စီးပွားရေးပါ သူ ဝါသနာပါတာကတော့ အချက်အပြုတ်တီထွင်ဆန်းသစ်မှုပေါ့ အဲ့ဒီကျောင်းမှာပဲ အားကစား ဘက်က ကောင်လေးတစ်ယောက်ကို စတွေ့ရာကနေ သူ့အရင်ဘ၀ ကို ပြန်မှတ်မိလာဖို့ အကြောင်းဖန်လာခဲ့သော အခါ.... ဒီဇတ်လမ်းတွဲကို Chanyein Soe က ...
8.8
TMDb: 8.8/10 3480 votes
tv

Until we meet again ด้ายแดง (2019)

2019
Once Upon a Time in Lingjian Mountain (2019)
Once Upon a Time in Lingjian Mountain (2019) CM Fan တွေ အတွက် Netflix မှာ ပြသနေတဲ့ သိုင်း စီးရီး အလန်းလေး တင်ပေးလိုက်ပါတယ် ဒီသိုင်းစီးရီးဟာ Facebook မှာတော့ ဟိုတစ်စ ဒီတစ်စ ပြန့်နေတာ ကြာပါပြီ CM ကနေ 1080P HD Version နဲ့ ပြန်တင်ပေးတာဆိုတော့ Quality အကောင်းဆုံး ကြိုက်သူတွေ အတွက် အလန်းဆုံးပဲလေ CM ကနေ အပိုင်းတွေ အများကြီး ဆက်တိုက်တင်ပေးသွားမယ့် အပြင် CM ကနေ Download လို့ ရရုံမကပဲ ဒါရိုက်ကြည့်ချင်သူတွေ အတွက် Facebook ပေါ်မှာ ကြည့်ရသလို အဆင်ပြေအောင် Live Version တွေ အစားထိုး တင်ပေးထားမှာ ဖြစ်လို့ အလုပ်မရှုပ်ချင်သူတွေ အတွက် အဆင်ပြေဆုံးပါပဲ.... ဇတ်လမ်းပုံစံကတော့ လင်ကျန့်တောင် ရဲ့ ဂိုဏ်းအဖွဲ့ဝင်ရွေးချယ်ပွဲကနေ စတာပါပဲ လင်ကျန့်တောင် ပေါ်က လင်ကျန့် ဂိုဏ်းဟာ တော် ရုံ ဘယ်သူမှ ဝင်လို့မရတဲ့ နတ်ဂိုဏ်း ဖြစ်ပြီး တပည့်တွေ ...

Once Upon a Time in Lingjian Mountain (2019)

2019
Unbelievable (2019) [COMPLETE] 8.3
Unbelievable (2019) [COMPLETE] (Unicode)နက်ဖလစ်ကနေ အပိုင်း ၈ ပိုင်း ပါဝင်တဲ့ မီနီစီးရီး အသစ်တစ်ခု ထွက်လာပြန်ပါပြီ။Imdb 8.5 နဲ့ အကောင်းဆုံး စီးရီးဆုတွေထဲမှာ ဆန်ကာတင်နေပါတယ်။ Crime Drama အမျိုးအစားပါ။၂၀၁၅ တုန်းက ထုတ်ဝေခဲ့တဲ့ “မယုံနိုင်စရာ မုဒိန်းမှု ဇာတ်လမ်းတစ်ပုဒ်” ဆိုတဲ့ သတင်းဆောင်းပါးကို အခြေခံပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့အပြင် လိင်ကိစ္စ သရုပ်ဖော်မှုတွေ အသုံးအနှုန်းတွေ ပါဝင်တာကြောင့် ကလေးများ ကြည့်ရှုရန် မသင့်တော်ကြောင်း သတိပေးချင်ပါတယ်။မုဒိန်းမှုပေါင်း ၃၀ ကျော်ကို ပိပိရိရိ သဲလွန်စမကျန်အောင် ပြုကျင့်သွားတဲ့လူကို ထောင်ဒဏ် 327 နှစ်ခွဲ ချနိုင်ခဲ့တဲ့အထိ ရေဆုံးမြေဆုံးလိုက်တဲ့ စုံထောက်တွေအကြောင်းပါပဲ။ဇာတ်လမ်းအစမှာတော့ မယ်ရီ ဆိုတဲ့ ၁၆ နှစ်အရွယ် မိန်းကလေး တစ်ယောက် မုဒိန်းကျင့်ခံရလို့ တိုင်ချက်ဖွင့်တာကနေ စပါတယ်။ဒီစီးရီးထဲမှာတော့ ...
8.3
TMDb: 8.3/10 66 votes
tv

Unbelievable (2019) [COMPLETE]

2019
Another Me (2019) 6.7
Another Me (2019)    "Another Me" (2019 Chinese Drama Series) ==========================="Another Me" ဆိုတာနဲ့ နာမည်လေးဖတ်ပြီးတော့ ရင်ထဲတစ်မျိုးလေး ထင်သွားကောင်း ထင်သွားနိုင်ပါတယ်နော်။ပရိတ်သတ်တို့လည်း ဘဝတစ်ကွေ့မှာ ကိုယ့်ရဲ့ကိုယ်ပွားလေးလို အမွှာလေးလို ဖြူစင်တဲ့သံယောဇဉ်တွေနဲ့ ချစ်ရခင်ရတွယ်တာရတဲ့ သူငယ်ချင်းတစ်ယောက်တော့ ရဖူးကောင်း ရဖူးကြမှာပါ။ဇာတ်လမ်းလေးကို အစဖွင့်ရမယ်ဆိုရင် ...အန်းရှန်လို့ခေါ်တဲ့ အထက်တန်းကျောင်းသူလေးက ၃နှစ်အရွယ်ထဲက ဖခင်ရဲ့စွန့်ပစ်မှုကို ခံခဲ့ရပါတယ်။ မိခင်ဖြစ်သူကလည်း အဝေးမှာအလုပ်ကြိုးစားပြီးတော့ အန်းရှန်ဆီကို တစ်ခါတစ်လေမှ အလည်လာခဲ့တယ်။ မိဘမေတ္တာကို ငတ်မွတ်နေတဲ့ အန်းရှန် တစ်ယောက် ကျောင်းပြေး အတန်းနောက်ကျ ရန်ဖြစ် စတဲ့မကောင်းတာမှန်သမျှ အကုန်လုပ်ပါတယ်။ အန်းရှန်တစ်ယောက် ဒီလိုဆိုးသွမ်းနေရင်းနဲ့မှ သူကိုယ်တိုင်နဲ့ မတူခြားနားတဲ့ ကျောင်းသူလေးနဲ့ မထင်မှတ်ပဲ ရင်းနီးသွားခဲ့ကြတယ်။ အန်းရှန်ရဲ့ သူငယ်ချင်းအသစ်လေး ချီယွဲ့က တကယ်တော့ အဆိုးဆုံးကျောင်းသူလေး အန်းရှန်ကို အစတည်းကသိနေခဲ့တာလေ။ အန်းရှန်ကျောင်းမှာ ပြဿနာရှာတာတွေကို ချီယွဲ့က ...
6.7
TMDb: 6.7/10 6.7 votes
tv

Another Me (2019)

2019
Batwoman Season (1) 7.8
Batwoman Season (1) Batwoman series ကDCကနေအခုမှစပြီးထွက်လာတဲ့စီးရီးအသစ်လေးပါBatmanဆန်းကြယ်စွာပျောက်ဆုံးသွားချိန်မှာပဲGothamမြို့ကမျှော်လင့်ချက်တွေကုန်ဆုံးနေတဲ့မြို့ဖြစ်ခဲ့တယ်Gothamမြို့ဟာ Jacob Kaneနဲ့သူရဲ့Crows Private Security ရဲ့စောင့်ကြည့်နေတဲ့လက်အောက်ကိုရောက်ရှိခဲ့တယ်Kaneရဲ့သမီးKateဟာအိမ်ကိုပြန်လာခဲ့တယ်Alice ကသူမရဲ့အဖေနဲ့သူမရဲ့ရည်စားဟောင်းSophie Moore ကိုပစ်မှတ်ထားလာတဲ့အချိန်မှာ သူ့ရဲ့မိသားစုနဲ့သူ့ရဲ့မြို့ကိုကူညီပေးနိုင်ဖို့Gothamကိုပြန်လာခဲ့တယ်Kate ရဲ့အစ်ကိုဝမ်းကွဲBruce Wayne ကိုBatman လို့အရင်ကမသိခဲ့ဘူးသူမအရွယ်ရောက်လာပြီး Aliceရဲ့တိုက်ခိုက်မှုတွေဖြစ်လာတော့မှာBruceရဲ့ရုံးခန်းကိုရောက်ခဲ့ပြီး Batmanဆိုတာကိုသိရှိသွားတော့တယ်သူမဟာBatmanရဲ့ဝတ်စုံကိုယူပြီးတော့Gothamမြို့မှာစွန့်စားမှုတွေကိုသူမရဲ့အဖေတူအမေကွဲMary နဲ့Luke Foxတို့ရဲ့အကူအညီနဲ့သူမရဲ့ပျောက်ဆုံးနေတဲ့အစ်ကိုBruce Wayneရဲ့နေရာမှာဆက်လက်ပြီးBatwomanအနေနဲ့တာဝန်ယူခဲ့တာပေါ့တစ်ပတ်ကိုတစ်ပိုင်းထွက်တာမို့လို့ တစ်ပတ်ကိုတစ်ပိုင်းပို့ပေးပါ့မယ် Translator : Hsu LeiEncoder : Moe Myint Lwin Episode Complete Zip File VIP / Yoteshin / Megaup  
7.8
TMDb: 7.8/10 26 votes
tv

Batwoman Season (1)

2019
Woman of 9.9 Billion(2019)
Woman of 9.9 Billion(2019) Woman of 9.9 Billion(2019)အၫြန္း********************************အပိုင္း(၁ မွ ၁၆)ထိ စ/ဆုံး(unicode)Kim Kang Woo ဆိုတဲ့အမျိုးသားကတော့ စုံထောက်ဟောင်းဖြစ်ပေမယ့် အမှုတစ်ခုကိုအသည်းအသန်လိုက်နေပါတယ်... ဒီအမှုက ထင်သလောက်မလွယ်ပေမယ့် သူလက်မလျှော့ဘူး.. ညီဖြစ်တဲ့သေဆုံးတယ်...သေဆုံးမှုမှာ ပတ်သက်တဲ့အရာတွေက ထိပ်သီးလူဆိုးဂိုဏ်းတွေဖြစ်နေနိုင်တယ်ဆိုတာကိုသူသိထားတယ်.. .Cho Yeo Jung ဆိုတဲ့ အမျိုးသမီးဟာ သာမန်အမျိုးသမီးတွေလိုပဲ သာယာတဲ့ မိသားစုလေးပိုင်ဆိုင်ပြီး ဘဝကိုရိုးစင်းစွာဖြတ်သန်းချင်သူပါ... အိမ်ထောင်ရေးနဲ့ တခြားမိသားစုအကြောင်းအရာတွေမှာ သူမ အတွက် ကံမကောင်းခြင်းတွေပဲယူဆောင်လာသလိုပါပဲ...ဘယ်အရာမှအဆင်မပြေ.... တစ်နေ့တော့ သူမအတွက် ကံဆိုးခြင်းလား ကံကောင်းခြင်းလား မသိ... ဒေါ်လာ ၉ သန်းကျော် ပါဝင်တဲ့ ပိုက်ဆံအိတ်ကို ကောက်ရခဲ့တယ်... ဒီပိုက်ဆံအိပ်ဟာ လူဆိုးဂိုဏ်းတွေနဲ့ အဓိကပတ်သက်နေပြီး သူမအတွက် တကယ့်ကိုသွေးပျက်ဖွယ်ရာဖြစ်ခဲ့တယ်... စုံထောက်နဲ့ သူမ ဘယ်လိုတွေဆုံကြမလဲ.. ဒီအရှုတ်တွေကို ဘယ်လိုရှင်းကြမလဲ....ဒီစီးရီးက cast တွေလည်း နာမည်ကြီးတွေဖြစ်သလို ဇာတ်လမ်းကလည်း ဆွဲဆောင်မှုရှိပါတယ်... လှည့်ကွက်တွေ လူဆိုးဂိုဏ်းတွေနဲ့တကယ့်ကိုရင်ခုန်စိတ်လှုပ်ရှားဖွယ်ပါပဲ....ဒီဇာတ်လမ်းတွဲကိုတော့ December 4 ရက်နေ့ ကနေစပြီးတော့ အပတ်စဉ် ဗုဒ္ဓဟူးနဲ့ ကြာသပတေးညတွေမှာ ထုတ်လွှင့်သွားမှာပါ... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ ညီမငယ် Hay Thar Oo နှင့် Htet Nandar Aung ...

Woman of 9.9 Billion(2019)

2019
Chocolate (2019) 8.8
Chocolate (2019) November လ ရဲ့ အေးချမ်းတဲ့ အချိန်မှာပဲ ငယ်ချစ်ဦး နဲ့ ပြန်ဆုံရတယ် တော်တော်များများ စောင့်မျှော်နေကြတဲ့ Chocolate ကို Netflix ကနေ ဒီနေ့ အပိုင်း (၁) စတင် ထုတ်လွှင့်လိုက်ပါပြီ ပျောက်နေတာ ကြာပြီ ဖြစ်တဲ့ မင်းသမီး ဟာဂျီဝမ် တစ်ယောက် ခေါင်းဆောင်မင်းသမီး နေရာကနေ ပါဝင်လာတာကို မြန်မာပြည်က ဖန် တစ်ချို့ကတော့ သေချာပေါက် စောင့်မျှော်နေကြတာပါပဲ စောင့်မျှော်ရတာ တန်တယ်ပြောရမယ် အပိုင်း (၁) မှာတင် ရင်ခုန်စရာ စိတ်လှုပ်ရှားစရာတွေ အပြည့်နဲ့ပါပဲ.... ဇတ်လမ်းလေး အစမှာတော့ မိခင်ဖြစ်သူ နဲ့ အတူ ပင်လယ်နဲ့ နီးတဲ့ မြို့ငယ်လေးမှာ စားသောက်ဆိုင်ဖွင့်ထားတဲ့ အချက်အပြုတ်ဝါသနာပါတဲ့ ကန် ဆိုတဲ့ ကောင်လေး တစ်ယောက် အဲ့ဒီ မြို့ကို အလည်ရောက်လာပြီး ကန် နဲ့ တစ်ရက်ပဲ ဆုံခဲ့ပေမဲ့ သံယောဇဉ် တွယ်သွားတဲ့ မြို့က ကောင်မလေး.... အခြေအနေ အကြောင်းတစ်ခု ကြောင့် သူတို့ ပြန်မဆုံ ခဲ့ပေမဲ့ တစ်ယောက်နဲ့တစ်ယောက်ကတော့ မေ့မသွားခဲ့ဘူး နှစ်တွေအများကြီး ကြာပြီး အမှတ်မထင် ...
8.8
TMDb: 8.8/10 2432 votes
tv

Chocolate (2019)

2019
Truth Be Told (2019) 7.4
Truth Be Told (2019) Truth Be Told 2019 IMDB rating -7.5  UnicodeCM ပရိသတ်ကြီးအတွက် rating အလန်းစီးရီကားတစ်ခုကိုတင်ဆက်ပေးလိုက်ပါတယ်။ Crime, Dram, Thriller ဇာတ်လမ်းကြိုက်သူတွေအတွက်လုံးဝလက်မလွှတ်သင့်ဇာတ်ကားလေးပါ။ ဒီဇာတ်လမ်း စီးရီးကို Apple TV+ က ထုတ်လွှင့်ထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းက ဝေါ်ရိန်ကေ့ဗ်တစ်ယောက်တက္ကသိုလ်ကျောင်းဆရာတစ်ယောက် ချာ့ခ်ဘာမန် ကိုသတ်တယ်ဆိုတဲ့အမှုကနေစထားပါတယ်။ ဝေါ်ရိန်ကေ့ဗ်ကိုစွပ်စွဲထားတဲ့အမှုဟာ သက်သေခိုင်လုံတဲ့အတွက်ကြောင့်မဟုတ်ဘဲ ချာ့ခ်ဘာမန်ရဲ့သမီး လန်နီဘာမန်ရဲ့မျက်မြင်ထွက်ဆိုချက်ရယ်အိမ်ထဲမှာလက်ဗွေရာကျန်ခဲ့ဆိုတာရယ်ကြောင့် ထောင်ကျခဲ့ရတာပါ။ ဒါ့အပြင် The New York Time မဂ္ဂဇင်းရဲ့သတင်းထောက် ပေါ့ပီပေါ်နယ်ရဲ့ သတင်းအရေးအသားတွေကြောင့် ဝေါ်ရိန်ကိုထောင်ကျဖို့ပိုမိုခိုင်လုံသွားခဲ့တာပါ။ ဒါပေမယ့် ဝေါ်ရိန်ရဲ့အမေဟာသူ့သားအပြစ်ကင်းကြောင်း ပြဖို့နှစ်နှစ်ဆယ်လုံးလုံးရှာဖွေခဲ့ပါတယ်။ တစ်နေ့မှာတော့ လန်နီရဲ့သက်သေထွက်ဆိုချက်ဟာမှားကြောင်းဗီဒီယို ထွက်လာခဲ့ပါတယ်။ အဲ့ဒါကြောင့်တရားရုံကိုပြန်လည်လျှောက်ထားခဲ့ပါတယ်။အဲဒီအချိန်မှာ ပေ့ါပီဟာလဲတရားရုံးမှာရှိနေခဲ့ပါတယ်။ အဲ့ဒါကြောင့်ပေ့ါပီဟာ သူ့ကြောင့်အပြစ်မဲ့ကလေးတစ်ယောက်ကိုထောင်ကျအောင်လုပ်မိပြီဆိုပြီး နောင်တတွေရပြီး ဝေါ်ရိန်ရဲ့အမှုကိုအစအဆုံးကိုပြန်လိုက်ခဲ့ပါတယ်။ ပေ့ါပီဟာ ဝေါ်ရိန်အပြစ်မရှိဘူးဆိုတာယုံကြည်ပြီး ချာ့ခ်ဘာမန်ကိုဘယ်သူတွေသတ်တာလဲ ဘာကြောင့်သတ်တာလဲ သူ့သမီးကရောဘာလို့လိမ်ညာထွက်ဆိုတာလဲ ။ နောက်ကွယ်ဘယ်လိုအရာတွေရှိမှာလဲ၊ နောက်ထပ်ဘယ်လိုအကြောင်းအရာတွေရှိဦးမလဲ၊ စတဲ့အရာတွေကို ပေ့ါပီတစ်ယောက်ဘယ်လိုဖော်ထုတ်မလဲဆိုတာစိတ်ဝင်တစားနဲ့ကြည်ရှုရမယ့်ဇာတ်လမ်းကောင်းလေးမို့လို့တင်ဆက်ပေးလိုက်ပါတယ်။ (ဇာတ်လမ်းအညွှန်း နဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Tin Myo Lwin နဲ့ d3mon တို့ပဲဖြစ်ပါတယ်။)   Quality – 720p ...
7.4
TMDb: 7.4/10 9 votes
tv

Truth Be Told (2019)

2019
Love with Flaws (2019) 9.0
Love with Flaws (2019) CM fan တွေအတွက် အခု တင်ဆက်ပေးမယ့် series လေးကတော့ love with flaws ဆိုတဲ့ series လေးဖြစ်ပါတယ်...ဒီဇာတ်လမ်းလေးမှာ ဂျူဆောယွန်း(Oh Yeon Seo) ကတော့ ရုပ်ချောတဲ အစ်ကို ၂ ယောက်နဲ့ မောင်တစ်ယောက်ကို ပိုင်ဆိုင်ထားပြီး အစ်ကိုတွေနဲ့ မောင်ရဲ့ ပွေရှုပ်မှုကြားမှာ အမြဲကြားညှပ်ပါရသူပါသူ့အစ်ကိုတွေနဲ့ မောင်ဖြစ်သူကြောင့် အသည်းကွဲသွားကြတဲ့လူတွကို အမြဲမြင်နေရတဲ့အခါ ရုပ်ချောတဲ့ ကောင်လေးတွေက မကောင်းဘူးလို့ သတ်မှတ်ပြီး ရုပ်ချောတဲ့ ယောက်ျားတွေကို ရှောင်နေခဲ့ပါတယ်လီဂန်ဝူ(Ahn Jae-Hyeon) ကတော့ နိုင်ငံခြားမှာ အကြာကြီး သွားနေပြီးမှ ကိုရီးယားကို ပြန်လာခဲ့တဲ့သူပါသူအလယ်တန်းတက်တုန်းက အီးထွက်တာကို ကျောင်းသားတွေကအီးပေလို့ နာမည်ပြောင်ခေါ်ခဲ့ကြပါတယ်အဲ့လို ဝိုင်းအခေါ်ခံရတဲ့ လီဂန်ဝူကတော့ သူ့ကို အီးပေဆိုတဲ့ နာမည်ပြောင်ကိုခေါ်တိုင်း တကယ်ဗိုက်နာပြီး အီးပါချင်တဲ့အထိ ဖြစ်တတ်ပါတယ်အဲ့ trauma ကို ကုသဖို့အတွက် trauma စ ...
9.0
TMDb: 9.0/10 9.0 votes
tv

Love with Flaws (2019)

2019