Channel Myanmar

2019

When the Camellia Blooms (2019) [Complete] 8.233
When the Camellia Blooms (2019) [Complete] When the Camellia Blooms (2019)********************************အပိုင်းသစ် (၁ မှ ၂၀) စ/ဆုံး ဒီတစ်ခါ ပြန်လည်တင်ဆက်ပေးမဲ့ Seriesလေးကတော့ Kang Ha Neul နဲ့Gong Hyo Jin တို့ အဓိကပါဝင်သရုပ်ဆောင်ထားပြီး၂၀၂၀ ခုနှစ် ရုပ်ရှင်ဆုပေး‌ပွဲတွေမှာ ဆု‌တွေအများကြီးသိမ်းပိုက်ခဲ့တဲ့ဇာတ်လမ်းတွဲလေးပဲ ဖြစ်ပါတယ်။ဒီဇာတ်ကားလေးကတော့ အုံးဆန်းဆိုတဲ့ လှပတဲ့ကျွန်းမြို့လေးကိုအခြေတည်ပြီးရဲသားလေးနဲ့ single motherတို့ရဲ့ ရိုးရှင်းပြီး ကြည်နူးစရာအချစ်ဇာတ်လမ်းလေးကို ရိုက်ပြထားတာပါ။အုံးဆန်းမြို့က ယုံးရှစ်ဆိုတဲ့ကောင်လေးဟာ ကျောင်းသားဘဝတည်းကလူဆိုးဖမ်းဖို့ဆိုရင် အမြဲတဇွတ်ထိုးနိုင်တဲ့သူပါ။ကျောင်းပြီးလို့ ရဲသားဖြစ်သွားတော့လည်း ဆိုးလ်မြို့သူ ဒိုင်ယာနာမင်းသမီးလေးလိုလှပြီးထက်မြက်တဲ့ကောင်မလေးနဲ့တွဲမယ်ဆိုပြီး ဆိုးလ်မှာတာဝန်ကျရာက ရည်းစားမရခဲ့ဘဲအကြောင်းတစ်ခုကြောင့် ရာထူးချခံလိုက်ရပြီး ဇာတိမြိုကိုပဲ ပြန်ရောက်လာပါတယ်။ဆိုးလ်မြို့သူ ဒုံဘဲ့ဟာ အုံးဆန်းမှာ ကမ်မီလီယာဆိုတဲ့အရက်ဆိုင်ဖွင့်ထားပြီးsingle motherအဖြစ် ကိုယ့်အားကိုယ်ကိုးပြီး ၆နှစ်လုံးလုံး ကြိုးစားရုန်းကန်ကာအုံးဆန်းရဲ့ ဒိုင်ယာနာဆိုပြီး လူသိများလာပါတယ်။ဒီလို ကြိုးစားရုန်းကန်နေရတဲ့ ဒုံဘဲ့ကို ယုံးရှစ်ဟာ မြင်မြင်ချင်း‌ချစ်မိသွားပြီးကာကွယ်ပေးချင်စိတ်တွေ ဖြစ်လာပါတော့တယ်။ရဲသားလေးနဲ့ single motherလေးတို့ အချစ်လမ်းမှာ ဘယ်လိုကြုံတွေ့ရမလဲဆိုတာကိုတော့ဇာတ်လမ်းလေးထဲမှာပဲ ကြည့်ရှုလိုက်ရအောင်နော်။ (အညွှန်းကိုတော့ ...
8.233
TMDb: 8.233/10 44 votes
tv

When the Camellia Blooms (2019) [Complete]

2019
My Country: The New Age (2019) [Complete] 7.313
My Country: The New Age (2019) [Complete] My Country: The New Age (2019)**********************************အပိုင်း (၁ မှ ၁၆) စ/ဆုံး ကိုရီးယား သမိုင်း‌ကြောင်းဇာတ်လမ်းတွဲ‌တွေကို ကြိုက်နှစ်သက်ကြတဲ့ ပရိသတ်ကြီးတို့အတွက်ဒီတစ်ခါတင်ဆက်ပေးချင်တဲ့ ဇာတ်လမ်းလေးကတော့ My Country New Ageဆိုတဲ့Historical ဇာတ်လမ်းတွဲ လေးပဲဖြစ်ပါတယ်။မင်းသားကြီးအီဘန်ဝန် (Jang Hyuk) ကတော့ တိုင်းပြည်သစ်တည်ထောင်ဖို့အတွက်လက်မှာ‌သွေးစွန်းခဲ့ပေမဲ့  ဖခင်မင်းကြီးရဲ့အသိအမှတ်ပြုခြင်းကို မခံရတဲ့ မင်းသားတစ်ပါးပဲဖြစ်ပါတယ်။ဆောဟွီ (Yang Se Jong) ကတော့ တရားမျှတမှုကို မြတ်နိုးပြီး ဖခင်ဖြစ်သူ ဆုံးပါးသွားပြီးတဲ့နောက်မှာညီမဖြစ်သူကို စောင့်ရှောက်ရင်းနေလာခဲ့ပါတယ်။နမ်ဆွန်းဟို (Woo Do Hwang) ကတော့ မိခင်က ဇာတ်နိမ့်မျိူးရိုးဖြစ်တာကြောင့်တရားမဝင်သားအဖြစ်သတ်မှတ်ခံခဲ့ရပေမဲ့  ကိုယ်ပိုင်ရည်မှန်းချက် ကြီးမားသူတစ်ဦးဖြစ်ပါတယ်။ဟီဂျယ် (Kim Seol Hyun) ကတော့ အပျော်မယ်ဂေဟာမှာ ကြီးပြင်းလာခဲ့ပြီးဉာဏ်ရည်ထက်မြက်တဲ့ မိန်းကလေးတစ်ဦးပါ။ဇာတ်အိမ်တည်‌ဆောက်ပုံအရ ဂိုလျောခေတ်အကုန် ဂျိုဆွန်းခေတ်ဦး အကူးအပြောင်းကာလမှာတိမ်မြှုပ်နေတဲ့ လျှိဝှက်ချက်တွေကြား လက်စားချေခြင်းနဲ့ ပန်းတိုင်ဆိုတဲ့အရာ‌တွေအတွက်ငယ်သူငယ်ချင်းနှစ်ဦး ဓားချင်းယှဉ်ဖို့ဖြစ်လာတဲ့အခါမှာတော့...ဒီဇာတ်ကားရဲ့ Main Cast ...
7.313
TMDb: 7.313/10 32 votes
tv

My Country: The New Age (2019) [Complete]

2019
World on Fire (2019)(2023) 7.885
World on Fire (2019)(2023)  "စစ်ပွဲတိုင်းဟာ အစပိုင်းမှာ မတူညီတဲ့ အကြောင်းတွေနဲ့ စတင်ခဲ့ကြပေမယ့်အဆုံးမှာတော့ အပြစ်မဲ့ ပြည်သူတွေအတွက် ရလဒ်ဆိုးတွေက အတူတူပါပဲ"တဲ့။ဒီဇာတ်လမ်းစီးရီးက ဒုတိယကမ္ဘာစစ် ကာလဝန်းကျင်ကို အခြေပြုပြီး ရိုက်ကူးထားတာပါ၊ပထမ ကမ္ဘာစစ်ကြီးအပြီးမှာ များစွာသော လူတွေဟာ နိုင်ငံစည်းလုံးရေးနဲ့အားကောင်းခိုင်မာတဲ့ ခေါင်းဆောင်ကောင်းကို လိုချင်လာခဲ့ကြတယ်။အီတလီက ဘန်နီတို မူဆိုလီနီမှ အစပြုပြီး ဂျာမနီမှာ အဒေါ့ ဟစ်တလာ၊ အင်္ဂလန်မှာအော့စ်ဝါ့ မိုးစလီ ဆိုပြီး ၁၉၂၅ နောက်ပိုင်းမှာ ဖက်ဆစ်ဝါဒီတွေ အားကောင်းလာခဲ့ပါတယ်။၁၉၃၉မှာ ဂျာမန်တွေ ပိုလန်ကို စတင် ကျုးကျော် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး မဟာမိတ်အင်္ဂလန်နဲ့ ပြင်သစ်က ဂျာမနီကို တုံ့ပြန် စစ်ကြေငြာလိုက်ခြင်းနဲ့ ဒုတိယကမ္ဘာစစ်ကြီးအစပြုခဲ့ပြီး ၁၉၄၅အထိ ခြောက်နှစ်တိုင် ကြာမြင့်ခဲ့တာပါ။ နာဇီတွေဝင်ရောက်လာခဲ့ပြီးကမ္ဘာ့စစ်မီးက ဥရောပနိုင်ငံ မြို့ကြီးတွေမှာ ပျံ့နှံ့လောင်ကျွမ်းလာတဲ့အခါမှီတင်းနေထိုင်ကြတဲ့ သာမန်ပြည်သူတွေ ဘဝကို ဘယ်လိုရိုက်ခတ်မှုတွေဖြစ်လာခဲ့လဲဆိုတာကို ဇာတ်အိမ်ဖွဲ့ ရိုက်ကူးထားပါတယ်။ စစ်ပွဲတစ်ပွဲဖြစ်လာတဲ့အခါပြင်ပဒဏ်ရာတွေ တင်မကဘဲ ရုပ်ပျက်ဆင်းပျက် အနိဌာရုံတွေ မြင်ရပြီး ...
7.885
TMDb: 7.885/10 52 votes
tv

World on Fire (2019)(2023)

2019
Our Planet (2019) 9.3
Our Planet (2019) Netflixနဲ့ Silverback Filmsတို့ကနေ ပူးပေါင်းတင်ဆက်ထားတဲ့ Our Planetဟာ IMDBမှာ 9.4 နဲ့ Rotten Tomatoes မှာ 93% အထိ rating ရရှိထားတဲ့ Season 1 တွင်အပိုင်း ၈ ပိုင်းပါဝင်ပြီး Season 2 တွင် အပိုင်း ၄ ပိုင်း ပါဝင်တဲ့ Documentary series ဖြစ်ပြီး စက်တင်ဘာ ၂၂ရက်နေ့မှာ ကျင်းပခဲ့တဲ့ Emmyဆုပေးပွဲကြီးမှာလဲ အကောင်းဆုံး documentary seriesဆုကိုအားလုံးမျှော်မှန်းထားတဲ့အတိုင်း ရယူနိူင်ခဲ့ပြီး စီးရီးရဲ့နောက်ခံစကားပြော David Attenboroughကလဲ Best Narratorဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။ Documentaryစီးရီး ဖြစ်လို့ ကြည့်ရတာပျင်းစရာကြီးလား လို့မေးရင် ထိုင်ရာကမထတမ်း ကြည့်မိလောက်အောင်ထိကို ဆွဲဆောင်မှုရှိတယ်လို့ ပြန်ဖြေမှာရပါ။ ဘာကြောင့်ဒီလောက်ထိ ကြည့်ရှုသူကို ဆွဲဆောင်ထားနိူင်တာလဲ? အပိုင်းတစ်ပိုင်းစီမှာ လူသူအရောက်ပေါက်နည်းပြီး အရင်ကတစ်ခါမှ ရိုက်ကူးလေ့လာမှုမလုပ်ရသေးတဲ့ မတူညီတဲ့ နေရာဒေသပေါင်းစုံက သက်ရှိဘဝတွေ သဘာဝဖြစ်စဉ်တွေကို လျှိ့ဝှက်ကင်မရာတွေ ဒရုန်းတွေနဲ့ စိတ်ဝင်စားဖွယ် ရိုက်ကူး တင်ဆက်ထားတာပါ။ ဒီလိုရိုက်ကူးနိူင်ဖို့ သေချာ ရွေးချယ်ထားတဲ့အတော်ဆုံး ရိုက်ကူးရေးအဖွဲ့ဝင်ပေါင်း ၆၀၀ကျော်ဟာ နိူင်ငံပေါင်း ၅၀ကျော်က နေရာဒေသအစုံမှာ ရိုက်ကူးရေး ရက်ပေါင်း ၃၅၀၀ကျော် (စုစုပေါင်းကြာမြင့်ချိန် ...
9.3
TMDb: 9.3/10 290 votes
tv

Our Planet (2019)

2019
Arthdal Chronicles S2(2023)[Complete] 8
Arthdal Chronicles S2(2023)[Complete] Arthdal Chronicles S2(2023)************************‌အပိုင်း (၁ မှ ၁၂) ထိ စ/ဆုံးS2ထွက်လာပါပြီ အရင် Main Cast အချို့မပါခဲ့ဘဲ  Lee Joon Gi  တို့ Shin Sae Kyeongတို့ အစားထိုးပါဝင်လာပါတယ်...S1မကြည့်ရသေးတဲ့သူတွေတော့ ကြည့်ဖို့မပြေလောက်ပါဘူး..ဒါ့ကြောင့် S1ကြည့်ဖို့တိုက်တွန်းချင်ပါတယ်...အညွှန်းကိုတော့ S2စပွိုင်လာဖြစ်မှာစိုးလို့S1ကဟာကိုပဲ ပြန်လည်ကူးယူထားပါတယ်... ကမ္ဘာ့ခေတ်ဦးအချိန်အခါတုန်းကတော့ လူသားတွေမှာ နိုင်ငံ တိုင်းပြည် ဘုရင်ဆိုတာတွေမရှိကြပါဘူး။ဒီလိုနဲ့တဖြည်းဖြည်း မီး ဓားသွား လက်နက်နဲ့ ထွန်ယက်စိုက်ပျိုးနည်းတွေကိုသိလာတဲ့လူသားတွေဟာလောကကြီးကိုစိုးမိုးဖို့ကြိုးစားကြပါတယ်။Eunsun ဆိုတဲ့ကလေးလေးဟာ နိမိတ်ဆိုးနဲ့မွေးဖွားလာပြီး ကျိန်စာသင့်နေတယ်လို့သတ်မှတ်ခံထားရတာကြောင့် ဒီကလေးရဲ့ရှင်သန်မှုအတွက် Arthdalမြို့သူမိခင်ဟာ ခက်ခက်ခဲခဲကြိုးစားခဲ့ရတာပါ.....တာဂွန် ကတော့ Arthdal မြို့ကစစ်သူကြီးတစ်ဦးဖြစ်ပြီး အသက်ငယ်ရွယ်စဉ်ကတည်းကထက်မြတ်သူတစ်ဦးဖြစ်ပြီး Arthdal မြို့ကို အောင်မြင်မှုတွေဆောင်ကြဉ်းပေးသူတစ်ဦးလဲဖြစ်ပါတယ်။သူ့ရဲ့အိမ်မက်ကတော့ Arthdalရဲ့ ဘုရင်ဖြစ်လာဖို့ပါပဲ။Wahan မျိုးနွယ်စုရဲ့ ဆက်ခံသူတစ်ဦးဖြစ်ပေမယ့် ခက်ခဲမှုတွေကိုကျော်လွှားရသူTan-Ya ကတော့ Eunsunရဲ့အချစ်ဦးဖြစ်ပြီး တာဂွန် ချစ်မြတ်နိုးတဲ့သူလဲဖြစ်ပါတယ်။S2မှာဘယ်လိုတွေဆက်နွယ်ပြီးကြမ်းပြမလဲဆိုတာကိုတော့ ရင်ခုန်ခံစားကြည့်ကြပါ... Episodes: 12 Aired: Sep 9, 2023 - Oct 15, ...
8
TMDb: 8/10 46 votes
tv

Arthdal Chronicles S2(2023)[Complete]

2019
Sex Education Season (2018) 8.3
Sex Education Season (2018)  အရွယ်ရောက်ပြီးသားလူတွေအတွက်တော့ဒီစီးရီကပုံမှန်18+အခန်းတွေအများကြီးပါတဲ့ဟာသစီးရီးတစ်ခုပါပဲဒါပေမယ့်အခုချိန်ထိလိင်ပိုင်းဆိုင်ရာကိုသေချာရေရေရာရာမသိသေးတဲ့လူတွေအတွက်တော့လိင်ပညာပေးစာအုပ်၁၀အုပ်လောက်နဲ့ညီသွားနိုင်ပါတယ်ကျွန်တော်တို့နိုင်ငံရဲ့ယဉ်ကျေးမှုနဲ့ကိုးကွယ်တဲ့ဘာသာအရလိင်ကိစ္စဟာဂုဏ်ယူစရာကိစ္စမဟုတ်သလိုစူးစမ်းသင့်တဲ့ကိစ္စလည်းမဟုတ်ပါဘူးအဲ့အတွက်ကြောင့်safe sexကိုတောင်သေချာမသိလို့ပြသနာတက်နေကြတာတွေလည်းအခုထိရှိပါသေးတယ်သူတို့နိုင်ငံကဆယ်ကျော်သက်တွေရဲ့sex lifeကရော ဘယ်လိုမျိုးလဲပြီးတော့ဆယ်ကျော်သက်တွေအဓိကပြသနာတွေကိုဘယ်လိုရှင်းရမလဲဆိုတာဒီစီးရီးမှာအကုန်မြင်နိုင်ပါတယ်ဟာသစီးရီးဖြစ်တာကြောင့်ပျင်းဖို့လည်းလုံးဝမကောင်းတဲ့အပြင်တက်သစ်စသရုပ်ဆောင်တွေရဲ့ရုပ်ရည်နဲ့ပီပြင်မှုတွေကစီးရီးတစ်ခုလုံးကိုပြည့်စုံနေစေပါတယ် ဇာတ်လမ်းပုံစံကတော့ အိုတစ်ဆိုတဲ့ကောင်လေးဟာတစ်ကိုယ်ရည်အာသာဖြေလို့မရပါဘူးသူရဲ့အမေကလိင်ပိုင်းဆိုင်ရာအကြံပေးဖြစ်ပြီးသူ့နေ့စဉ်ဘဝကိုအဲ့အရာကအတော်သက်ရောက်နေပါတယ်မမျှော်လင့်ပဲသူတို့ကျောင်းကသူငယ်ချင်းတစ်ယောက်ဘောကြီးချင်လို့ecee2သုံးလုံးသောက်မိပြီးအဆမတန်ကြီးသွားတာကိုမေ့ဖ်လို့ခေါ်တဲ့ကောင်မလေးနဲ့အတူတွေ့သွားပါတော့တယ်ဘာလို့သောက်မိလဲဆိုတာကိုပြန်ရှင်းပြတဲ့အခါမှာတော့သုတ်မလွှတ်နိုင်တဲ့ပြသနာရှိနေကြောင်းဆေးသောက်လိုက်ရင်သုတ်လွှတ်နိုင်မယ့်ထင်လို့သောက်မိကြောင်းပြောပြပါတော့တယ် အိုတစ်ဟာသူ့အမေရဲ့ဆွေးနွေးတဲ့ပုံစံကိုနေ့တိုင်းကြားပြီးအဲ့ကောင်လေးကိုစကားပြောပေးပါတယ်ပါလာတဲ့ပါရမီကြောင့်ပဲပြောရမလားမသိပေမယ့်သုတ်လွှတ်နိုင်သွားပါတယ်မေ့ဖ်ဟာအဲ့ပါရမီကိုသတိထားမိပြီးသူတို့နှစ်ယောက်စပ်တူလုပ်ငန်းတစ်ခုကိုထူထောင်လိုက်ပါတော့တယ်အဲ့တာကတော့SEX EDUCATIONပါပဲ    File size…  700 mb /  300 MB Quality… WEB Rip 1080p / 720p Format… mp4 Duration….  48 m Genre .....  Drama, Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant . August . Sithu Translated by.. Mr.Anderson, Garfield , El MoH, Act Molemy, Shwe Yee Oo, Wai Zin, Linn Kyaw Swar Aung, Hein Thet Naing , HWL, JimX, Chit Tee, Charm ...
8.3
TMDb: 8.3/10 6557 votes
tv

Sex Education Season (2018)

2019
Bard of Blood (2019) (Complete) 7
Bard of Blood (2019) (Complete) ဒီတခေါက်တင်ဆက်ပေးမယ့် စီးရီးကတော့ ဘောလိဝုဒ်ပရိသတ်တို့အကြိုက် အက်ရှင်ဇာတ်ကြမ်းပဲဖြစ်ပြီး ၇ပိုင်းနဲ့ netflix ကနေ တင်ဆက်ပေးထားပါတယ်...ရိတ်တင်မှာဆိုရင်လဲ 6.8/10ကို voting users 12kကပေးထားတာဖြစ်ပြီး ဘောလိဝုဒ်နာမည်ကြီးမင်းသားတဦးဖြစ်တဲ့ အင်မရန်းဟရှ်မီက ခေါင်းဆောင်းမင်းသားအဖြစ် ပါဝင်ထားပြီး Night Manager စီးရီးတည်းက အတော်လန်းတဲ့မင်းသမီးဆိုဘီသာကပါ ပါဝင်အားဖြည့်ထားတာကြောင့် တပိုင်းပြီးတပိုင်း ဆက်ကြည့်ချင်မယ့်စီးရီးမျိုးဆိုလဲ မမှားပါဘူး...အညွှန်း ------- အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်ဖြစ်တဲ့ အေးဂျင့်ဗစ်ကရမ်နဲ့ အဘီရ်နှစ်ဦးသားဟာ ဘာလိုချီစတန်မြို့ကို မစ်ရှင်တခုရှိတာကြောင့် သွားရင်း မထင်မှတ်ထားပဲ လမ်းမှာ တိုက်ခိုက်မှုနဲ့ကြုံတွေ့ခဲ့ရပါတယ်...ကြိုတင်ပြင်ဆင်မထားပဲ တိုက်ခိုက်ရတာကြောင့် အဘီရ်ကိုဆုံးရှုံးလိုက်ရပြီး ဌာနချုပ်ကလဲ မသေတဲ့ ဗစ်ကရမ်ကို ရာထူးဖြုတ်ချ ကြိုးစားခဲ့သမျှကို အသိအမှတ်တောင်မပြုပဲ အေဂျင်စီကနေ ထုတ်လိုက်တဲ့အခါ....သူငယ်ချင်းဖြစ်သူကိုလဲ ဆုံးရှုံးရ ရာထူးလဲဖြုတ်ချခဲ့ရတဲ့ ဗစ်ကရမ်ဟာ စိတ်ထိခိုက်ပြီး ကျောင်းဆရာအဖြစ်နဲ့ အသက်မွေးရင်း အတိတ်ကဒဏ်ရာတွေကို ကုစားနေတုန်း သူ့ရဲ့ဆရာဟောင်းဆာဒစ် ရောက်လာပြီး မစ်ရှင်တခုကို ဆောင်ရွက်ပေးဖို့ တောင်းဆိုလာတဲ့အခါဒီမစ်ရှင်ကရော ဘာများလဲ .....သူ့သူငယ်ချင်းသေဆုံးမှုကရော သွေးရိုးသားရိုးဟုတ်ရဲ့လား...စတဲ့ စိတ်ဝင်စားဖွယ်မေးခွန်းတွေနဲ့ တပိုင်းပြီးတပိုင်း ဆက်လက်ဆွဲခေါ်သွားမယ့် စီးရီးကောင်းတခုပဲဖြစ်ပါတယ်Quality : 1080p WEB DL  / 720pTotal Episodes : 7EpsFormat : mp4Genres ...
7
TMDb: 7/10 27 votes
tv

Bard of Blood (2019) (Complete)

2019
Miracle Workers – Season (01),(02),(03),(04) 7.1
Miracle Workers – Season (01),(02),(03),(04) Miracle Workers - Season (01),(02),(03),(04) ================================ IMDb Rating - 7.1/10 Comedy, Drama, FantasyIMDB 7.1 ထိရထားပြီး ဟယ်ရီပေါ်တာမင်းသား Daniel Radcliffe ဦးဆောင် ပါဝင်ထားတဲ့ Comedy, Fantasy ဇာတ်လမ်းတွဲကောင်းလေးဖြစ်ပါတယ်။ Season 4 ခုထိထွက်ရှိမှာဖြစ်ပြီး CM မှ ဆက်တိုက်တင်ဆက်သွားပါမယ်။ကမ္ဘာပေါ်က လူသားတွေဟာ ဘုရားသခင်ကို အယုံမကြည်ရှိသူတွေ များသထက် ပိုများလာပါတယ်။ လူ့အကြိုက် နတ်မလိုက်နိုင် ဆိုသလို လူတွေရဲ့ လိုအင်ဆန္ဒတွေ ကလည်း ဘုရားသခင်တောင် လက်မြှောက်အရှုံးပေးပြီး ထိုင်ကြည့်နေရပါတယ်။ ဘုရားသခင်ဖြစ်သူက သူဖန်တီးထားတဲ့ လူသားကမ္ဘာကြီးကို စိတ်ပျက်ငြီးငွေ့လာတဲ့ အခါမှာ အလုံးစုံဖျက်စီးလိုက်ဖို့ ကြေငြာလိုက်ပါတယ်။ ဒါကို ဆုတောင်းဖြည့်နတ်သူ ငယ်ရာထူးတာဝန်ယူထားတဲ့ အီဇီကရယ် ( Daniel Radcliffe ) နဲ့ အသစ်ဝန်လာတဲ့ နတ်သူငယ်ဝန်ထမ်းလေး အလက်ဇန်းဒါးက လူသားမျိုးနွယ်ကို ကူညီကယ်တင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဆုတောင်းဖြည့်တာဝန်ယူထားရတယ်ဆိုပေမယ့် သူတို့ဆီကို ဆုတောင်းလာတဲ့ စာတွေက တစ်နေ့ကို သန်းနဲ့ချီရှိပေမယ့် ဖြည့်ပေးနိုင်တဲ့ဆုက ကား သော့ပျောက်လို့ ...
7.1
TMDb: 7.1/10 16000 votes
tv

Miracle Workers – Season (01),(02),(03),(04)

2019
Warrior Season 1+ 2 + 3 (2020) 8.3
Warrior Season 1+ 2 + 3 (2020) WarriorCM Fan တွေ အတွက် အကြမ်းစား Action Series တစ်ခုတင်ဆက်ပေးလိုက်ပါတယ်...ဇတ်လမ်းကတော့ အားစမ်း ဆိုတဲ့ ဖြူဖြူပျော့ပျော့ တရုတ်လေး တစ်ယောက်တရုတ်အလုပ်ကြမ်းသမားတွေ နဲ့ အတူ လှေကြီးတစ်စင်း နဲ့ ဆန်ဖရစ်စစ်စကို ကိုရောက်လာတဲ့ အချိန်က စတယ် ပြောရမှာပဲတစ်ခြား အလုပ်ကြမ်းသမားတွေ နဲ့ မတူတာက သူကအလုပ်ကြမ်း လုပ်ဖို့ လာတာမဟုတ်ပဲ လူတစ်ယောက်ကိုလာရှာတာပါ သူ့အနေနဲ့ ဒီမြို့ ရဲ့ တရုတ်တန်းကိုရောက်ဖို့ လိုနေပါတယ်...သိတဲ့ အတိုင်း အဖြူကောင်တွေက တရုတ်တွေကိုနှိမ်တဲ့ အတွက် သင်္ဘောဆိပ်မှာတင် အရာရှိ ၃ ယောက်ကိုဝင်းချွန်း သိုင်း နဲ့ အမှောက်ချလိုက်ပါတယ်...IP Man ကြည့်ဖူးတဲ့သူတွေဆို ဝင်းချွန်းသိုင်းကိုသိမှာပါဒီတရုတ်လေးက နယ်နယ်ရရ တော့ မဖြစ်နိုင်ဘူးအလုပ်သမားခေါင်း က အားစမ်း ရဲ့ လက်ရည်ကိုတွေ့သွားတော့ တရုတ်တန်း က တရုတ်လူမိုက်တွေဆီတဆင့် ထပ်ရောင်းလိုက်ပါတယ်...စလာကတည်းက ...
8.3
TMDb: 8.3/10 5,087 votes
tv

Warrior Season 1+ 2 + 3 (2020)

2019
Genndy Tartakovsky’s Primal (2009) 8.6
Genndy Tartakovsky’s Primal (2009) ဒီ Animated Series က R Rated လို့ ပြောလို့ရတယ် ဘာလို့ဆို အပိုင်းတိုင်း သွေးထွက်သံယို သတ်တာဖြတ်တာ တွေပဲ ပါလို့ပါ အချိန်ကာလ က ဒိုင်နိုဆော တွေ မျိုးမတုန်းမှီ ကျောက်ခေတ်ကို ဦးတည် ထားပါတယ် တစ်ရက်မှာ လူရိုင်းကြီး တစ်ယောက်က သူ့မိသားစု အတွက် အစာရှာရင်း အိမ်ပြန်လာခဲ့ပါတယ် ဒါပေမဲ့ မြင်ကွင်းက သူ့ရင်ကို ဆို့နင့်သွားစေတယ် အသားစား ဒိုင်နိုဆော တွေ ဟာ သူ့ မျက်စိရှေ့မှာပဲ သူ့ကလေးတွေ နဲ့ မိန်းကို အမဲဖြတ် တစစီ လုပ်ပြီး ဝါးမျိုလိုက်ကြပါတော့တယ် ဒီကနေ စပြီး သူ့ဘ၀ တလျှောက် ဘာတွေ ဆက်ဖြစ်မယ် ဆိုတာတော့ စိတ်ဝင်စားစရာပါပဲ ဒီဇတ်လမ်းတွဲ ဟာ ၁၀ ပိုင်းရှိပြီး IMDb Rating 8.7 ထိ ရရှိထားတာပါ ဆုတွေ ဆိုရင်လဲ Emmys ဆု ၃ ကြိမ်တိုင် ရရှိထားပြီး စကားလုံး၀ မပြော စာတမ်းမထိုးတဲ့ စီးရီးမို့ ဘာသာပြန်ခိုင်းခြင်း သည်းခံပါ :D   Season 1 Ep01 - Userdrive ...
8.6
TMDb: 8.6/10 1241 votes
tv

Genndy Tartakovsky’s Primal (2009)

2019
The Witcher (2019-2021) Season 1+ 2+3 9.3
The Witcher (2019-2021) Season 1+ 2+3 စူပါမန်းမင်းသား ဟင်နရီကဗေး ပါဝင်ထားတဲ့ နက်ဖလစ်ရဲ့ ဝစ်ချာ စီးရီးလာပါပြီနာမည်ကျော်စာအုပ်နဲ့ ဂိမ်းတွေကို အခြေခံထားတာမို့ အတော်ကောင်းမှာပါတိုက်ခိုက်ခန်းတွေက game of thrones ထက် ကြမ်းတမ်းတာကိုတော့ သတိပြုပါဝစ်ချာဆိုတာ မှော်ပညာနဲ့ ပြောင်းလဲခံထားရတဲ့လူသားတွေပါတိုက်ရည်ခိုက်ရည်ကောင်းပြီး အေးစက်စက် လူသားတွေပါပဲမှော်ပညာ အသေးစားနဲ့ဆေးရည်တွေကိုလည်း အသုံးချနိုင်ပါတယ်အောက်လမ်းနည်းနည်းဆန်လို့ လူတွေမုန်းတီးခံရပါတယ်သူတို့က သူရဲကောင်းမဟုတ် လူဆိုးမဟုတ်တွေပါပဲမိစ္ဆာကောင်တွေကို ကြေးစားလိုက်သတ်ပြိး အသက်မွေးပါတယ်ဒီစိးရီးမှာတော့ မိစ္ဆာတွေ စုန်းတွေ နတ်ဘုရားတွေ တိုင်းပြည်ကိစ္စတွေနဲ့ ဇာတ်လမ်းဖွဲ့ထားပဲ ဖြစ်ပါတယ်စုစုပေါင်း ၈ပိုင်းရှိပြီး ဆက်တိုက် တင်ပေးသွားပါ့မယ်(ဘာသာပြန်တင်ဆက်ထားသူတွေတော့ CM Team ပဲ ဖြစ်ပါတယ်)Quality – 720p / 1080 NF WEB-DLDuration – 1hr (@Episode)Subtitle – Myanmar HardsubFormat – Mp4Genre : Action, Adventure, DramaTranslator – CM TeamEncoder ...
9.3
TMDb: 9.3/10 7 votes
tv

The Witcher (2019-2021) Season 1+ 2+3

2019
The Mandalorian (2019-2023) Season 1 + 2 + 3 9.1
The Mandalorian (2019-2023) Season 1 + 2 + 3 ဒစ်စနေးရဲ့ ပွဲဦးထွက် စတားဝါးစ် စီးရီးလာပါပြီ။ အတော်ကို လန်းပါတယ်။ စတားဝါးစ်ဖန်တွေ အကြိုက်တွေ့မှာပါ။ အထူးပြုလုပ်ချက်တွေနဲ့ အကောင်တွေ ယာဉ်တွေ လုပ်ထားတာ အတော်ကိုကောင်းပါတယ်။ စီးရီးဆိုပေမယ့် ရုပ်ရှင့်အဆင့်နီးပါး ဖန်တီးထားတာပါပဲ။ တိုက်ခိုက်ခန်းတွေကလည်း တကယ့် စတားဝါးအငွေ့အသက်ကို ရမှာပါ။ ကြည့်လေလေ သဘောကျလေလေပါပဲ။ ဇာတ်လမ်းကတော့ တစ်ပိုင်းထဲနဲ့ ကောင်းမကောင်း ပြောဖို့ခက်ပါသေးတယ်။ အပိုင်း ၁ ရဲ့ အခြေအနေအရတော့ မေးခွန်းတွေနဲ့ စိတ်ဝင်စားစရာ ကောင်းနေတုန်းပါပဲ။ ဒီစီးရီးရဲ့ အချိန်ကာလကတော့ စတားဝါးစ် ၆ - ရီထန်းအော့ဖ်သယ်ဂျဒိုင်း အပြီးကနေ စတင်ထားတာပါ။ ဆရာယိုးဒါး၊ အင်ပါယာ၊ ဒါ့သ်ဗိတ်ဒါတို့ သေဆုံးပြီးသွားခဲ့ပါပြီး။ ဆရာယိုးဒါးဟာ အသက် ၉၀၀ ဝန်းကျင်မှာ သေသွားခဲ့တာပါ။ ဒါကိုလည်း အကြောင်းရှိလို့ ပြောပြတာပါ။ စီးရီးရဲ့ နာမည် မန်ဒါလိုရီးယန်း ဆိုတာ စတားဝါးစ်ရဲ့ နာမည်ကျော် မျိုးနွယ်စု တစ်ခုနာမည်ပါပဲ။ သူတို့တွေဟာ နာမည်ကျော် ချပ်ဝတ်အင်္ကျီတွေနဲ့ တိုက်ခိုက်မှုကျွမ်းကျင်ကြလို့ ကျော်ကြားပါတယ်။ စတားဝါးစ် နံပါတ် ၅ အင်ပါယာ စထရိုက်ဘက်မှာ မိတ်ဆက်သွားတာကို တွေ့မှာပါ။ နောက်ပြီး စတားဝါး ၂ - ကလုန်းစစ်ပွဲမှာလည်း ပါပါတယ်။ ပထမဆုံး မိတ်ဆက်ခဲ့တဲ့ ဘော့ဘာဖက်ထ်ရဲ့ ကာရိုက်တာကို လူကြိုက်များလာတဲ့အတွက် မန်ဒါလိုရီးယန်း ဇာတ်လမ်းတွေ ထပ်ပြီးပေါ်ပေါက်လာခဲ့တာပါပဲ။ ဒီအထဲမှာ ...
9.1
TMDb: 9.1/10 9,401 votes
tv

The Mandalorian (2019-2023) Season 1 + 2 + 3

2019
Queen: Love and War (2019) 7.1
Queen: Love and War (2019) Queen: Love and War (2019) နတ်သားလေးဘလူးဘယ်ရီ…အဲ ရမ်ဘရာရီပြီးသွားပြီဆိုတော့ နတ်သားပရိသတ်ကြီးအတွက် Kim Min-Kyu ရဲ့ နန်းတွင်းကားဟောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ “အစ်မဖြစ်သူကိုသတ်ခဲ့တဲ့ တရားခံကိုရှာဖွေဖို့အတွက် မိဖုရားဖြစ်ဖို့ကြိုးစားမယ့်အွန်းဘို နဲ့ ရုပ်ရည်ချောမောပြေပြစ်ပြီး ဉာဏ်ပညာထက်မြက်တဲ့ ရှင်ဘုရင်အီဂယောင်းတို့ရဲ့ နန်းတွင်းအချစ်ဇာတ်လမ်းလေးတစ်ပုဒ်” ဖြစ်ပါတယ်။ အစ်မဖြစ်သူအတွက် လက်စားချေဖို့တစ်ခုတည်းနဲ့ မိဖုရားဖြစ်ဖို့ကြိုးစားနေတဲ့ အွန်းဘိုဟာ ငယ်စဉ်ကတည်းက မိန်းကလေးတစ်ယောက်တည်းကိုပဲချစ်မြတ်နိုးခဲ့တဲ့ မင်းကြီးအီဂယောင်းနဲ့ တွေ့ဆုံပြီးတဲ့နောက်မှာတော့ သူ့ရဲ့လက်စားချေမှုခရီးလမ်းက ဘာတွေဆက်ဖြစ်သွားမလဲ။ သူလိုလားတဲ့လက်စားချေမှုကို တကယ်ပဲလုပ်ဆောင်နိုင်သွားပါ့မလား။မင်းကြီးနဲ့အွန်းဘိုတို့ရဲ့ အချစ်ဇာတ်လမ်းလေးကရော ဘယ်လိုတွေဖြစ်တည်လာမလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် နန်းတွင်းအချစ်ဇာတ်ကားလေးဖြစ်လို့ ဘလူးဘယ်ရီပရိသတ်တွေလည်း အကြိုက်တွေ့ကြမှာပါ။အဓိကဇာတ်လိုက်တွေအဖြစ် Kim Min-Kyu နဲ့ Jin Se-Yeon တို့က ပါဝင်ထားကြတဲ့အတွက် ကြည့်လို့ကောင်းမှာအမှန်ပဲမို့ ကြည့်ဖြစ်အောင်ကြည့်လိုက်ကြပါဦးနော်။အညွှန်းကိုတော့ Hmwe Thet Winn က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Hmwe, Laii, Joyz, Milkeux, Shin, Cali, MyoMyo တို့ပဲ ဖြစ်ပါတယ်။Genre..... Drama, Historical Quality…. 1080p | 720p File size… ...
7.1
TMDb: 7.1/10 5 votes
tv

Queen: Love and War (2019)

2019
Extraordinary You (2019) 8.496
Extraordinary You (2019) Extraordinary You (2019)KDrama လောကသားတွေထဲ 2019 တုန်းကထွက်ရှိခဲ့တဲ့ Extraordinary You ကိုတော့ မသိတဲ့လူမရှိလောက်ပါဘူး။"W:Two Words Apart"လိုမျိုး Webtoon နဲ့ လက်တွေ့ဘဝဆက်စပ်နေတဲ့ ဇာတ်လမ်းမျိုးဖြစ်တဲ့အတွက် Fantasy ကြိုက်သူတိုင်း ရင်းနှီးပြီးသားဇာတ်လမ်းလေးပါ။ချမ်းသာတဲ့မိသားစု‌နောက်ခံနဲ့ 17နှစ်အရွယ် အထက်တန်းကျောင်းသူလေး Eun Dan Oh ဟာ ကိုယ်တွေဘက်ကကြည့်ရင်‌တော့ Extraordinary You ရဲ့ အဓိကဇာတ်လိုက်ပါ။ဒါပေမယ့် Webtoon ဆရာ ရေးဆွဲထားတဲ့ကမ္ဘာမှာရှိတဲ့ Eun Dan Ohကတော့ နှလုံးရောဂါသည် ဇာတ်ပို့မလေးတစ်ယောက်ဖြစ်နေခဲ့ပါတယ်။လက်တွေ့နဲ့ Webtoon ဆရာ ရေးဆွဲထားတဲ့ ဇာတ်ကွက်တွေကြား အချိန်အပိုင်းအခြားကို သတိပြုမိခဲ့တဲ့ Eun Dan Ohဟာ သူ့ရဲ့တကယ့်ဘဝက ဇာတ်ခုံပေါ်မှာရှိနေတာကိုသိရှိသွားပြီးတဲ့နောက် သူကိုယ်တိုင် ဇာတ်လိုက်ဖြစ်နေမယ့် လက်တွေ့ကမ္ဘာကြီးမှာလွတ်လွတ်လပ်လပ်ပဲ ရှင်သန်ဖို့ကြိုးစားပါတော့တယ်။ရှုပ်ထွေးတဲ့ Webtoonဇာတ်ကွက်တွေနဲ့ သူ့ရဲ့လက်တွေ့ဘဝကြားထဲ သေချာပေါက်‌ မင်းသားလေးနှစ်လက်ကပါ ရောယှက်ပါဝင်နေဦးမှာပါ။"July found by Chance"ဆိုတဲ့ Webtoonရဲ့ Live Action လည်းဖြစ်သလို တခြား school ...
8.496
TMDb: 8.496/10 119 votes
tv

Extraordinary You (2019)

2019
Unique Lady (2019) 7
Unique Lady (2019) အခုတစ်ခေါက် CMကတင်ဆက်ပေးသွားမယ့် ဇာတ်လမ်းလေးကတော့သမားရိုးကျဇာတ်အိမ်တွေနဲ့မတူပဲ တမူထူးခြားတဲ့ဇာတ်အိမ်နဲ့စိတ်ဝင်စားဖွယ်ကြည့်ရှုရမဲ့ ဇာတ်လမ်းလေးဖြစ်ပါအဓိကဇာတ်ကောင်တွေအနေနဲ့ ပါဝင်ထားသူတွေကတော့Zhong Wu Mei အဖြစ်မင်းသားချောလေး Gong Junနဲ့Lin Luo Jingအဖြစ်မင်းသမီးချောလေး Jade Chengတိုကပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်ကြောင်းလေးကတော့...Lin Luoဆိုတဲ့ ကောင်မလေးဟာ စာလေ့လာရင်လေ့လာ မဟုတ်ရင်လည်းဂိမ်းဆော့ပြီးအချိန်ကုန်လေ့ရှိတဲ့သူတစ်ယောက်ဖြစ်ပါတယ်။သူ့ရဲ့ dating lifeကြီးကြောင့်စိတ်ရှုပ်ထွေးနေ‌ချိန်မှာ သူငယ်ချင်းတစ်ယောက်ကdating ဂိမ်းအသစ်တစ်ခုကိုဆော့ကြည့်ဖို အကြံပေးလာခဲ့ပါတယ်။အဲဒီဂိမ်းအသစ်က တခြားဂိမ်းတွေနဲ့မတူပဲ ဂိမ်းစပြီဆိုတာနဲ့ ကစားသမားတွေကိုဂိမ်းထဲကိုပိုလိုက်ပြီး ကိုယ့်အတွက်အချစ်စစ်ကို မတွေ့ရမချင်း ဂိမ်းထဲနေထွက်လိုမရတဲ့ဂိမ်းမျိုးဖြစ်ပါတယ်။ဂိမ်းရဲ့ခက်ခဲမှု အဆင့်ရွေးချယ်ချိန်မှာ Lin Luo တစ်ယောက် မတော်တဆအခက်ခဲဆုံးအဆင့်ကိုရွေးချယ်မိလိုက်ပါတယ် ဂိမ်းကိုနိုင်အောင်ဆော့ဖိုကတော့ငါးကြိမ်ကြိုးစားခွင့်ရှိပြီး သူ့ရဲ့ ဂိမ်းဇာတ်ကောင်ကတော့ အမတ်ချုပ်ကြီးရဲ့သမီးဖြစ်ပါတယ်။ဂိမ်းလေးထဲမှာဆိုရင် ဓားနတ်ဘုရား၊တော်ဝင်သက်တော်စောင့်၊ချမ်းသာသ‌လို ရည်းစားလည်းများတဲ့သူ ၊မာနကြီးတဲ့မင်းသားလေးတိုလို ဆွဲဆောင်မှုရှိတဲ့ ယောက်ျား‌ေတွနဲ့ တွေ့ဆုံရမှာပါLuo Jingကတော့ စစချင်းမှာ ဒီဂိမ်းကိုအရမ်းအံ့အားသင့်သ‌ဘောကျသွားကာသူ့နောက်ကွယ်မှာ ကြိုတင်စီစဉ်ထားတဲ့အစီအစဉ်တွေကို ဘာမှမသိ‌လေဘဲကောင်လေးတွေကို ဘယ်လိုဘယ်ပုံစွဲလမ်းသွားမလဲ ဘယ်လိုမျိုးအချစ်စစ်ကိုရှာဖွေမလဲဆိုတာကိုဒီဇာတ်လမ်းလေးမှာ ဟာသလေးနှောပြီးစိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမှာပဲဖြစ်ပါတယ်နော်[Reviewed by Cherry Aung]Quality : WEB-DL 720p,1080pTotal Episodes ...
7
TMDb: 7/10 2 votes
tv

Unique Lady (2019)

2019
Someday or One Day (2019) 8.8
Someday or One Day (2019) Someday or One Day (2019)“ရှင် ဘယ်ရောက်နေလဲ? ကျွန်မကိုမေ့သွားပြီလား ? ကျွန်မမွေးနေ့မှာ အမြဲတမ်းရှိနေမယ်ဆို.... ကျွန်မနဲ့ ဘယ်တော့မှမခွဲတော့ဘူးဆို... ပုံပြင်တွေပြောခဲ့တဲ့ ရှင်ရယ်... အခုတော့ ဘယ်ရောက်နေပြီလဲ? ကျွန်မလွမ်းတယ်.. ရှင့်ကို အရမ်းအရမ်းလွမ်းပါတယ်....”ဟွမ်ယွီရွှမ်းဟာ သူအရမ်းချစ်ရတဲ့ချစ်သူ ဝမ်ချွမ်ရှန့်ကို လွန်ခဲ့တဲ့နှစ်နှစ်က ဆုံးရှုံးခဲ့ပြီး စားလည်းဒီစိတ်၊ သွားလည်းဒီစိတ်နဲ့ တစ်နှစ်ကျော်လောက်ကို ပြိုလဲခဲ့ရပါတယ်။ အခုမှစိတ်သစ်လူသစ်နဲ့ အလုပ်ပြန်လုပ်နိုင်တာပါ။ အများအမြင်မှာ အဆင်ပြေနေပေမယ့် ချစ်သူကိုသတိရစိတ်က အချိန်ပြည့်စိုးမိုးထားတဲ့ အချစ်ကြီးသူတစ်ယောက်ပေါ့။တစ်နေ့မှာ အကြားအမြင်ဆရာမနဲ့ စကားပြောဖြစ်တော့ ဟွမ်ယွီရွှမ်းကို နံပါတ် ၃၂ နဲ့ပတ်သက်ပြီး အာရုံရတယ်လို့ပြောခဲ့ပါတယ်။ သူရှာဖွေနေတဲ့ အရေးကြီးဆုံးအရာကို နံပါတ် ၃၂ နဲ့ဆက်စပ်ပြီး ရှာတွေ့နိုင်ပါတယ်တဲ့။ သိပ်အလေးမထားခဲ့ပေမယ့် သူကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေက နံပါတ် ၃၂ နဲ့တိုက်ဆိုင်နေပါတယ်။အဲ့ဒါအပြင် သူနဲ့တစ်ပုံစံတည်းတူတဲ့ကောင်မလေးက ဝမ်ချွမ်ရှန့်နဲ့တစ်ပုံစံတည်းတူတဲ့ကောင်လေးနဲ့ ၃၂ အခွေဆိုင်ရှေ့မှာ တွဲရိုက်ထားတဲ့ ဓါတ်ပုံကို အင်တာနက်ပေါ်ကနေ ရှာတွေ့ခဲ့ပါတယ်။ အဲ့ဒီဓါတ်ပုံကနေ စတင်လိုက်တဲ့ လျှို့ဝှက်ချက်တွေ၊ ထူးဆန်းတဲ့အဖြစ်အပျက်တွေနဲ့အတူ ဟွမ်ယွီရွှမ်းတစ်ယောက် ဘယ်လိုရှေ့ဆက်သွားမလဲဆိုတာ ဆက်ကြည့်လိုက်ပါတော့နော်...ဒီကားလေးက Parallel Universe နဲ့ Time ...
8.8
TMDb: 8.8/10 25 votes
tv

Someday or One Day (2019)

2019
Carnival Row (2019)+ Season-2 7.8
Carnival Row (2019)+ Season-2 Carnival Row (2019) Burgue မှာ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်နေတဲ့ လူသတ်မှုတွေ..... အသတ်ခံလိုက်ရတဲ့လူတိုင်းကလည်း Fae(ဖေး) လို့ ခေါ်တဲ့ မိန်းမပျိုလေးတွေချည်း ဖြစ်နေတဲ့အခါ..... ဒါကို စုံစမ်းထောက်လှမ်းနေတဲ့ စုံထောက်ဖိုင်လို..... မိမိရဲ့နေရပ်ကို စွန့်ခွာလာတဲ့ "ဖေး" မလေး ဗင်ညက်.... သူတို့နှစ်ဦး ဆုံတွေ့ကြတဲ့အခါ..... သူတို့ကြားမှာ ရှိနေတဲ့ဇာတ်လမ်းက.....ဘာလဲ? လူသတ်မှုတွေကရော ပေါ်ပေါက်လာပါ့မလား? လူတန်းစား၊ မျိုးနွယ်စု ကွာခြားမှုတွေနဲ့အတူ ဇာတ်ရဲ့မြှုပ်ကွက်တွေက ဘာတွေဖြစ်မလဲ? တစ်ပိုင်းထက်တစ်ပိုင်း စိတ်ဝင်စားဖို့ကောင်းပါတယ် မင်းသားက Orlando Bloom မင်းသမီးက Cara Delevigne (Suicide Squad ထဲက Enchantress) တို့ အဓိက ပါဝင် သရုပ်ဆောင်ထားပြီးတော့ IMDb - 8/10 ရထားတဲ့ ဇာတ်လမ်းတွဲ တစ်တွဲ ဖြစ်ပါတယ်။   File size…350-450mb Quality…720p WEB-DL.DD.5.1 H264 FGT Format…mp4 Duration…56min Subtitle….Myanmar Subtitle (Hardsub) Encoder… Mr Anderson Translator…Act Molemy     SEASON-2 Episode 1 720p  -  Yoteshin / Megaup ...
7.8
TMDb: 7.8/10 80 votes
tv

Carnival Row (2019)+ Season-2

2019
Justice(2019) 7
Justice(2019) Justice(2019)************အပိုင်း (၁ မှ ၁၆) အထိ စ/ဆုံးဒီတစ်ခါတော့ ဥပဒေတွေ အမှုကိစ္စရေးရာတွေနဲ့ ပတ်သက်နေပေမဲ့ အဓိကဇာတ်ကောင်ကကောင်းတဲ့ဘက်ကရပ်တည်တာမျိုးမဟုတ်ဘဲ အကျင့်ပျက်ခြစားပြီး ကိုယ်ကျိုးပဲကြည့်တဲ့သူဖြစ်ပါတယ်..ဟောင်းပေမဲ့ ကောင်းနေဆဲ ဇာတ်လမ်းတွဲလေးတစ်ခုကို CM ကထပ်မံတင်ဆက်ပေးလိုက်ပါပြီလူငယ်ဘဝမှာ ညီဖြစ်သူကို ဆုံးရှုံးလိုက်ရလို့ လက်စားပြန်ချေမယ်ဆိုတဲ့စိတ်နဲ့ရှေ့နေဖြစ်ဖို့ကြိုးစားလာခဲ့သူ အီထယ်ဂယောင်း (ချွဲဂျင်ဟျော့) ဒီနယ်ပယ်မှာကျင်လည်လာတာနဲ့အမျှ ငွေနောက်လိုက်ပြီး ထိပ်တန်းရှေ့နေတစ်ယောက်အဖြစ် လမ်းမှားကိုရောက်မှန်းမသိရောက်လာခဲ့တဲ့သူ သူ့ကို လူချမ်းသာဘော်ကြော့ ရာဇဝတ်ကောင်တွေနဲ့ ချိတ်ဆက်အမှုအပ်ပေးသူက ဘုမ်ဂျွန်ဆောက်လုပ်ရေးပိုင်ရှင် ဆုန်းဝူယွန်း(ဆွန်းဟျွန်းဂျူ)သူတို့နှစ်ယောက် Elite လူတန်းစားတွေနဲ့ လက်တွဲပြီး ကြီးပွားချမ်းသာလာရင်းနဲ့တစ်နေ့မှာတော့ ဖျော်ဖြေရေးအေဂျင်စီတစ်ခုက တက်သစ်စမင်းသမီးလေးတွေပျောက်ဆုံးသေဆုံးမှုနဲ့ဆက်စပ်နေတဲ့ အမှုတစ်ခုကို ကိုင်ဖို့ဖြစ်လာရာကသူတို့နှစ်ယောက်ကြား သဘောထားမတူမှုတွေ စပြီးဖြစ်ပေါ်လာပါတယ်အဲအမှုရဲ့ကြိုးစက ဘယ်အထိဆက်သွားမလဲ ဘယ်သူတွေနဲ့ပတ်သက်နေမလဲဆိုတာကိုတော့ဇာတ်လမ်းတွဲမှာပဲ စီးမြောကြည့်ရှုပြီးတော့ အဖြေရှာနိုင်ပါတယ်လို့ သတင်းကောင်းပါးလိုက်ပါတယ်ဗျ Episodes: 16File Size:900MB, 350MBQuality :Web-DL  1080p,720PGenres:  Thriller, Mystery, Law, DramaTranslated by  Ei Phyu Khin, Khine Khine Wai, Phyu ...
7
TMDb: 7/10 1 votes
tv

Justice(2019)

2019
Modern Love (2019) 7.4
Modern Love (2019) Modern Love - Season 1 (2019)New York Times သတင်းစာမှာ Modern Love Column ဆိုတဲ့ ကဏ္ဍတစ်ခု ရှိပါတယ်။ အချစ်ဟောင်းနဲ့ ပတ်သက်တဲ့ အမှတ်တရတွေ၊ ဖြတ်တောက်လို့ မရတဲ့ သံယောဇဉ်ကြိုးတွေ၊ အဆင်မပြေတော့တဲ့ ဆက်ဆံရေးတွေ၊ နူးညံ့သိမ်မွေ့သလောက် နက်နဲရှုပ်ထွေးတဲ့ ချစ်ခြင်းမေတ္တာအကြောင်းတွေ... စတာတွေကို အပတ်စဉ်တင်ဆက်ပေးတဲ့ အစီအစဉ်ပါ။အဲဲဒီ column က ဇာတ်လမ်းတွေကို Inspire ယူပြီး Amazon Studios က Modern Love ဆိုတဲ့ ဒီစီးရီးကို ဖန်တီးထားတာပါ။စီးရီးထဲမှာ တစ်ပိုင်းကို ဇာတ်လမ်းတစ်ပုဒ်စီနဲ့ အပိုင်း(၈)ပိုင်း ပါဝင်ပြီး ဝတ္တုတိုကောင်း (၈)ပုဒ်ကို ဇိမ်နဲ့ ထိုင်ဖတ်နေရသလိုမျိုး တစ်ပိုင်းကို ရသ တစ်မျိုးစီ ခံစားရမှာပါ။New York Times ရဲ့ column က ဇာတ်လမ်းတွေ ဖြစ်တာနဲ့အညီ ဇာတ်လမ်းဇာတ်ကွက်တွေက ပေါပေါပဲပဲ မဟုတ်သလို Cast တွေအနေနဲ့ ကြည့်မယ်ဆိုရင်လည်း မင်းသမီးကြီး Jane ...
7.4
TMDb: 7.4/10 242 votes
tv

Modern Love (2019)

2019