Channel Myanmar

Viu

Summer Night (2024)
Summer Night (2024) နွေလယ်ည (၂၀၂၄)ဒီစီးရီးလေးကတော့ နွေကျောင်းပိတ်ချိန်မတိုင်ခင် အထက်တန်းကျောင်းသားဘဝ လျှို့ဝှက်ချစ်ပုံပြင်ဇာတ်ကားလေးတစ်ပုဒ်ဖြစ်ပါတယ် ။ ဆယ်ကျော်သက်ကျောင်းသားဘဝရဲ့ လွတ်လပ်မှု ၊ သူငယ်ချင်းတွေအကြားတွယ်တာမှုနဲ့အတူ တစ်ခါတရံမှာ ဖြစ်ပေါ်တတ်တဲ့ ကြိုတင်မှန်းဆလို့မရတဲ့ ချစ်ခြင်းတွေ၊ အမုန်းတွေနဲ့ လှပစွာ တင်ဆက်ပြသထားတဲ့ စီးရီးလေးကို ကြည့်ရှုခံစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်ကျောင်းမှာ လူမသိသူမသိ တစ်ယောက်တည်းတိတ်ဆိတ်စွာ နေတတ်တဲ့ လွန်ဆိုတဲ့ကောင်လေးနဲ့ တက်တက်ကြွကြွပျော်ပျော်ရွှင်ရွှင်ရွှင်နဲ့အပေါင်းအသင်းများတဲ့ ထီဝါကွန်တို့ မတော်တဆတိုက်မိကာ နမ်းမိသွားရာကနေ ဝှိုက် ထီဝါကွန်က လွန်ကို သူတို့စတည်းချနေကျ အနုပညာခန်းလေးက သူ့သူငယ်ချင်းများနဲ့မိတ်ဆက်ပေးခဲ့ပါတယ်။ အဲဒီသူငယ်ချင်းတွေထဲက ဒီဇိုင်းနာဖြစ်ချင်သူ စတားဆိုတဲ့ သူငယ်ချင်းကျောင်းသူလေးကို လွန် နဲ့ ဝှိုက်တို့ကအတူတူ ချစ်မိသွားကြတဲ့အခါ လွန်နဲ့ဝှိုက် သူငယ်ချင်းနှစ်ယောက်ကြား အခြားသူငယ်ချင်းတွေကြား ဆက်ဆံရေးက ဆက်ပြီး အဆင်ပြေနိုင်ပါ့မလားဆိုတာ "နွေလယ်ည" ဆိုတဲ့ စီးရီးလေးမှာ ဆက်လက်ကြည့်ရှုကြရမှာပဲ ဖြစ်ပါတယ်။အညွှန်းကိုတော့ Dao Phyo က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Dao Phyo, Mary, Su Myat, Char Ou တို့ပဲ ဖြစ်ပါတယ်Genre..... BL, Drama Quality…. ...

Summer Night (2024)

2024
The Trainee (2024)
The Trainee (2024) အချစ်ရဲ့အလုပ်သင်လေး (၂၀၂၄)စီးပွားရေးမေဂျာကျောင်းသားလေး လိုင်အန်၊ကုမ္ပဏီတစ်ခုတည်းမှာ အလုပ်သင်အဖြစ်လုပ်ကြမယ့် သူငယ်ချင်းများဖြစ်တဲ့ တေး၊ ဘာမီ၊ ပိုင် တို့ဟာ ကိုယ်ကျွမ်းကျင်ရာ စိတ်သန်ရာအတိုင်း အကောင်းဆုံးလုပ်ကိုင်ဖို့အတွက် ရုပ်ရှင်ကုမ္ပဏီကို အလုပ်သင်အဖြစ်နဲ့လျှောက်ထားလာခဲ့ကြပြီး အလုပ်တွေကို သင်ယူဖို့ ရှိလာကြပါတယ်လိုင်အန်ဟာ လက်ထောက်ဒါရိုက်တာအဖြစ် ရုပ်ရှင်ကုမ္ပဏီမှာလုပ်နေတဲ့ ဂျိန်းနှင့်အတူ အလုပ်သင်အဖြစ် လုပ်ကိုင်ကြဖို့ဖြစ်လာပြီး အတွေ့အကြုံအသစ်တွေ ဖန်တီးတွေးခေါ်မှုအသစ်တွေ စိန်ခေါ်ချက်အသစ်တွေကို အတူတူ ဘယ်လိုဖြတ်ကျော်သွားကြမလဲဆိုတာကို ဒီ BL ဇာတ်ကားလေးမှာ ကြည့်နိုင်မှာဖြစ်ပါတယ်အပတ်စဉ် တနင်္ဂနွေနေ့တိုင်း တင်ဆက်ပေးသွားမှာမို့ စောင့်မျှော်ကြည့်ရှုအားပေးကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။အညွှန်းကိုတော့ Dao Phyo က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Mary, Char Ou, Kim, Dao Phyo တို့ပဲ ဖြစ်ပါတယ်။Genre..... BL, Drama Quality…. 1080p | 720p File size… 500MB | 250MB Format… mp4 Duration…. 40min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Mary, Char Ou, Kim, Dao ...

The Trainee (2024)

2024
4MINUTES (2024) 9
4MINUTES (2024) ၄ မိနစ် (၂၀၂၄)Kinn Porsche ရဲ့ထုတ်လုပ်ရေးကုမ္ပဏီဖြစ်တဲ့Be On Cloud ရဲ့ စိတ်ဝင်စားမှုအများဆုံးဖြစ်သလို ရွှေ့ဆိုင်းမှုများစွာနဲ့ BLသစ်ဖြစ်တဲ့ 4 minutesဝါရင့်မင်းသားကြီး Jes Jespipatရဲ့ ပထမဆုံးBLကားဖြစ်ပြီး Bibleနဲ့အတူ ဘယ်လိုအတွဲညီညီ သရုပ်ဆောင်မလဲ ရှုစားကြပါဦးစို့။ယာဉ်မတော်တဆမှုတစ်ခုနဲ့တိုက်ဆိုင်စွာနဲ့ပဲ အချိန်လေးမိနစ်စာ စောမြင်နေတဲ့ လုပ်ငန်းရှင်ကြီးရဲ့သား စီးပွားရေးကျောင်းသားလေးဂရိတ် သူဌေးသားပီပီ ဘဝကို ခပ်ပေါ့ပေါ့ပဲဖြတ်သန်းနေတဲ့ဂရိတ်အတွက် အနာဂတ်ကို လေးမိနစ်စောမြင်တဲ့အစွမ်းက ကြီးမားတဲ့ပြောင်းလဲမှု ဖြစ်စေခဲ့တာပေါ့။ဒီလိုနဲ့တစ်နေ့ ဘဝသမား ခွဲစိတ်ဆရာဝန်လေးထမ်းနဲ့ ဆုံဆည်းပြီး အဆင့်တွေတက်လာတဲ့အခါမှာတော့....BoCလက်ရာပီပီ Trailer မှာထဲက သည်းထိတ်ရသလို ရင်ဖိုစရာအခန်းလေးတွေလည်းပါတာမလို့ 18 ယောက်ပြည့်မှပဲ စီအမ်နဲ့အတူ ရင်ဖိုလိုက်ရအောင်ပါ။အညွှန်းကိုတော့ Mary Christ က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Mary, Char Ou, Su Myat ပဲ ဖြစ်ပါတယ်။Genre..... BL, Mystery Quality…. 1080p | 720p File size… 500MB | 200MB Format… mp4 Duration…. 40min Subtitle…. Myanmar Subtitle ...
9
TMDb: 9/10 2 votes
tv

4MINUTES (2024)

2024
My Love Mix-Up! (2024)
My Love Mix-Up! (2024) ခဲဖျက်ပေါ်က အချစ် (၂၀၂၄)Mangaမှာရော japan bl adaptation မှာပါ အတော်လေးလူကြိုက်များခဲ့တဲ့ဇာတ်လမ်းလေးကို thai versionနဲ့တစ်ဖန်ပြန်မြင်ရမယ့် Gemini-Fourthရဲ့ My Love Mix up2022 My School president အပြီးမှာ ပြန်လည်comebackလာတဲ့ ဒီCPအတွဲလေးကရော ခုဇာတ်လမ်းလေးထဲ ဘယ်လိုတွေဓာတုဗေဒမိနေဦးမလဲ ရှုစားကြပါဦးစို့။ကျွန်တော်တို့အားလုံးရဲ့ ဆယ်ကျော်သက်ကျောင်းသားဘဝမှာ မေ့မရတဲ့ရင်ထဲကကြိတ်ချစ်ရသူကိုယ်စီ ရှိခဲ့ကြတာပါပဲ။ ဒီလိုပါပဲ အတုမ်ဆိုတဲ့ကောင်လေးကလည်း သူ့ဘေးမှာထိုင်တဲ့ မဒ်မီးဆိုတဲ့ကောင်မလေးကို ကြိတ်ချစ်နေခဲ့တာပါ။ အဲဒီအချိန်က ခဲဖျက်မှာ ခရက်ရှ်နာမည်ကိုရေးတာ ခေတ်ထနေချိန်ဖြစ်ပြီး မဒ်မီးရဲ့ခဲဖျက်မှာရှိနေတဲ့နာမည်က ကွန်ထပ်ဆိုတဲ့ကောင်လေးဖြစ်နေတဲ့ပါသတဲ့။ဖြစ်ချင်တော့ ဒီနာမည်ပါတဲ့ခဲဖျက်က အတုမ်ဆီကနေ လွတ်ကျပြီး ကွန်ထပ်ကမြင်သွားချိန်မှာတော့ အတုမ်က သူ့ကိုခရက်ရှ်နေတယ်လို့ ထင်သွားတဲ့အခါ...ခရက်ရှ်ပါမသွားရေး တို့အရေးအတွက် အတုမ်တစ်ယောက် ချော်လဲရောထိုင်လုပ်ရင်း သူတို့သုံးယောက်ကြား ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ အပတ်စဉ်သောကြာနေ့တိုင်းမှာ ရှုစားကြပါစို့လား။အညွှန်းကိုတော့ Mary Christ က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Mary, Char Ou, Su Myat, Kim တို့ပဲ ဖြစ်ကြပါတယ်။Genre..... BL, Drama Quality…. 1080p ...

My Love Mix-Up! (2024)

2024
Serendipity’s Embrace (2024)
Serendipity’s Embrace (2024) Serendipity's Embrace (2024) ***************************** အပိုင်း (၁ မှ ၈) စ/ဆုံး ဒီဇာတ်ကားလေးကတော့ နာမည်ကြီးWebtoonကို အခြေခံရိုက်ကူးထားပြီး"Nevertheless", "Eye love you"ဇာတ်ကားထဲက အာလူးလေး Chae Jong Hyeop နဲ့"My lovely liar"ဇာတ်ကားထဲက အချစ်တော်ဘဲပေါက်လေး Kim So Hyun တို့ ပါဝင်ထားပါတယ်ဇာတ်လမ်းကတော့အီဟုန်းဂျူ(Kim So Hyun)ဟာ animation ထုတ်လုပ်သူတစ်ယောက်ဖြစ်ပါတယ်သူမ အထက်တန်းတတိယနှစ်မှာ အချစ်ဦးနဲ့‌ တွေ့ခဲ့ပေမဲ့ လမ်းခွဲလိုက်ရတဲ့အတွက် ထပ်ချစ်ရမှာကို ကြောက်နေခဲ့ပါတယ်ဒါပေမဲ့ လမ်းခွဲပြီး ၁၀နှစ်အကြာမှာ သူမရဲ့ ဝမ်းနည်းစရာအတိတ်ကို မျက်မြင်တွေ့ခဲ့ရတဲ့ ဂန်ဟူယောင်း (Chae Jong Hyeop)နဲ့ အမှတ်မထင် ပြန်တွေ့ပါတော့တယ်ဂန်ဟူယောင်းက ထက်မြက်ပြီး ရုပ်ရည်ချောမောတဲ့ ငွေကြေးစီမံသူတစ်ယောက်ပါဂန်ဟူယောင်းအတွက်‌တော့ အီဟုန်းဂျူက အချစ်ဦးပဲဖြစ်ပါတယ်ဒါကြောင့် ၁၀နှစ်အကြာမှာ ပြန်တွေ့ကြတဲ့ သူတို့ ၂ယောက် ဘယ်လိုမျိုး fall in loveကြမလဲဆိုတာကိုရင်ခုန်စိတ်လှုပ်ရှားစွာ ကြည့်ရှုရမှာဖြစ်ပါတယ်အညွှန်းကို ...

Serendipity’s Embrace (2024)

2024
A Love So Beautiful (2024)
A Love So Beautiful (2024) မင်းသာ ငါ့အချစ်ဦး (၂၀၂၄)Home School နဲ့ ထိုင်းF4ကားထဲမှာပါတဲ့ မင်းသားချောလေး Dew Jirawat Sutivanichsakရဲ့ ဇာတ်ကားအသစ်လေးထွက်ရှိလို့လာပါပြီ။ ငယ်သူငယ်ချင်းသံယောဇဉ်နဲ့ အစပြုထားတဲ့ အချစ်ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ ချက်ဂျန်ဆိုတဲ့ကောင်လေးနဲ့ ဆုမ်အိုဆိုတဲ့ကောင်မလေးတို့ဟာ ငယ်ငယ်လေးကတည်းက မူကြိုအတူတူတက်, ကျောင်းကားအတူတူစီးကြရုံသာမဟုတ်ဘဲ အိမ်နီးနားချင်းတွေလည်း ဖြစ်ပါသေးတယ်။ ဒီလိုနဲ့နေထိုင်လာရင်း မမျှော်လင့်ပဲ ဆုမ်အိုရဲ့ ဖခင်ဖြစ်သူဟာ ဆုံးပါးသွားပြီးနောက်မှာ ဆုမ်အိုရဲ့မိခင်ဖြစ်သူဟာ နောက်အိမ်ထောင်ပြုလိုက်ပြီးပြင်သစ်ကိုပြောင်းရွှေ့ဖို့ ဖြစ်လာပါတော့တယ်။ ပြင်သစ်ကို မလိုက်ချင်တဲ့ ဆုမ်အိုတစ်ယောက် ချက်ဂျန်တို့ရဲ့အိမ်မှာပဲ အတူတူနေထိုင်ရင်း ကျောင်းဆက်တက်ဖို့ ဖြစ်လာတဲ့နောက်မှာ ..... အထက်တန်းတက်တဲ့အချိန်မှာတော့ ချက်ဂျန်နဲ့ ဆုမ်အိုတို့ တခြားသူငယ်ချင်းတွေပါ ရလာရင်း ကျောင်းသားဘဝလေးမှာ ဘယ်လိုတွေဖြတ်သန်းမလဲ... ငယ်ကတည်းကပေါင်းလာရင်း အနေနီးလာရာကနေ သူတို့နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးကရော ဘယ်လိုတွေဖြစ်ပေါ်လာမလဲ ..... စိတ်ကစားတတ်တဲ့အရွယ်ဖြစ်တဲ့အလျောက် သူတို့ရဲ့ အချစ်ဇာတ်လမ်းလေးကရော အရိုအချိုလေးတွေပဲလား ပြဿနာတွေရော ရှိလာဦးမလားဆိုတာတွေကို ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်။အညွှန်းကိုတော့ Char Ou က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Mary, Char Ou, Hmwe, Khaing တို့ပဲ ဖြစ်ကြပါတယ်။Genre..... Drama Quality…. 1080p | 720p File size… 600MB ...

A Love So Beautiful (2024)

2024
Wandee Goodday (2024)
Wandee Goodday (2024) မေ့မရတဲ့ တစ်ညတာ (၂၀၂၄)Ch7ကနေ GMMTV ကို ပြောင်းလာအပြီးမှာ ပထမဆုံး BL ခြေလှမ်းသစ်ကို စတင်မယ့် Beauty Newbie, Start upထဲက မင်းသား‌ချော P'Greatရဲ့ Wandee Good DayProtectiveဖြစ်တဲ့ဖိုက်တာကိုကိုနဲ့ clingy ဒေါက်တာလေးတို့ရဲ့အချစ်ဇာတ်လမ်းကို တောင့်တောင့်ဖြောင့်ဖြောင့်CPနှစ်ယောက်ရဲ့ အတွဲညီညီ ဘယ်လိုသရုပ်ဆောင်မလဲဆိုတာ ရှုစားကြပါဦး။Open relationship တွေကို လူတွေကျင့်သုံးလာတာနဲ့အမျှ friend with benefits တို့ one night stand တို့ဟာ အထူးအဆန်းမဟုတ်တော့ပါဘူး။ ဒါပေမဲ့ တဏှာရမ္မက်သက်သက်နဲ့ စတင်ခဲ့တဲ့ တစ်ညတာဆက်ဆံရေးကနေ အချစ်စစ်တစ်ခု မွေးဖွားလာဖို့ဆိုတာ ဖြစ်နိုင်မှာလား။၈ နှစ်တာလုံးကြိတ်ချစ်ခဲ့ရ ကြိတ်ကြွေခဲ့ရတဲ့ခရက်ရှ်ရဲ့ သစ်စိမ်းချိုးချိုးတာခံလိုက်ရတဲ့ ဒေါက်တာဝမ်ဒီးတစ်ယောက် နှလုံးသားဒဏ်ရာကို အရက်နဲ့ကုစားရင်း ရိုရက်ဆိုတဲ့ လက်ဝှေ့သမားနဲ့တွေ့ပါတော့တယ်။ မူးနေတဲ့ဝမ်ဒီးကို ရိုရက်ကအိမ်ပြန်ပို့ပေးရင်းနဲ့ပဲ အိပ်ရာထဲအထိရောက်သွားရင်း တစ်ညတာကို အတူဖြတ်သန်းတဲ့အဆင့်ဖြစ်သွားတော့တာပေါ့။ဒီလိုနဲ့ friend with benefits လုပ်ဖို့ အကြံပြုချက်နဲ့အတူ ဟန်ဆောင်ချစ်သူဘဝအထိ အဆင့်တက်လာတဲ့ ဒီနှစ်ယောက်ကြားမှာ ရင်းနှီးမှုနဲ့အတူ ...

Wandee Goodday (2024)

2024
High School Return of a Gangster (2024) [Complete]
High School Return of a Gangster (2024) [Complete] High School Return of a Gangster (2024)***************************************အပိုင်း (၁ မှ ၈) စ/ဆုံး ဒီကားလေးကတော့ နာမည်ကြီး BL Novel ရဲ့ ကျောရိုးကိုယူပြီးဒရာမာအဖြစ် ပြန်လည်အသက်အသွင်းထားတဲ့ ကားလေးပဲဖြစ်ပါတယ်။All of Us Are Dead ထဲက မင်းသား Yoon Chan-Young နဲ့Golden Child အဖွဲ့မှ Bong Jae-Hyun တို့ကအဓိကပါဝင်သရုပ်ဆောင်ထားပြီး မင်းသားကြီး Lee Seo-Jin  ကcameo ဝင်အားဖြည့်ပေးထားပါတယ်။ဇာတ်လမ်းအညွှန်း-အသက် ၄၇ နှစ်ရှိပြီဖြစ်တဲ့ ဂန်းစတား Kim Deuk Pal (Lee Seo-Jin) ဟာငယ်ငယ်က တက္ကသိုလ်ကို တက်ချင်တဲ့လူငယ်လေးတစ်ယောက်ဖြစ်ခဲ့ပေမဲ့ချို့တဲ့တဲ့မိဘတွေကြောင့် ကျောင်းစာကောင်းကောင်း မသင်ခဲ့ရသူဖြစ်ပါတယ် ။တစ်နေ့မှာတော့ Song Yi-Heon (Yoon Chan-Young) ဆိုတဲ့အထက်တန်းကျောင်းသားလေးတစ်ယောက်က အ‌ဆောက်အအုံပေါ်ကနေခုန်ချ အဆုံးစီရင်ဖို့လုပ်နေတာကို တွေ့ပြီး ဝင်တားရာကနေKim ...

High School Return of a Gangster (2024) [Complete]

2024
Secret Ingredient (2024) [Complete] 10
Secret Ingredient (2024) [Complete] Secret Ingredient (2024)**********************အပိုင်းသစ် (၁ မှ ၆) စ/ဆုံး ဒီတစ်ခေါက်တင်ဆက်ပေးမယ့် Drama လေးကတော့ အချိုကြိုက်တဲ့သူတွေအကြိုက်တွေ့မဲ့ Secret Ingredient ဆိုတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ဒီဇာတ်ကားလေးမှာတော့ ကိုရီးယား၊ ဖိလစ်ပိုင် နဲ့ အင်ဒိုနီးရှားသုံးနိုင်ငံက သရုပ်ဆောင်တွေကို စုံစုံလင်လင် တွေ့ရမှာဖြစ်တဲ့အတွက်သာမန်ကိုရီးယားတွေနဲ့ ကွဲထွက်နေမှာပဲဖြစ်ပါတယ်။သရုပ်ဆောင်တွေကတော့ ကျွန်တော်တို့ ရင်းနှီးပြီးသား ဇာတ်ကားတွေဖြစ်တဲ့Xo Kitty နဲ့ Gran Turismo တွေနဲ့ နာမည်ကြီးတဲ့ ကိုးရီးယားသရုပ်ဆောင်Sang Heon Lee နဲ့ ဖိလစ်ပိုင်က မင်းသမီးချောလေး Julia Barretto တို့အပြင်တခြား နိုင်ငံတကာက သရုပ်ဆောင်များစွာလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။Hajoon (Sang Heon Lee) ကတော့ ငယ်ရွယ်ပြီး စည်းစိမ်ဥစ္စာပြည့်ဝတဲ့သူတစ်ယောက်ပါ။သူက ငယ်ငယ်ကသိခဲ့တဲ့ သူငယ်ချင်းကောင်မလေး Maya (Julia Barretto) နဲ့ပြန်လည်ဆုံစည်းဖို့အတွက် ငွေကုန်ကြေးကျခံပြီးတော့ သူမကိုရှာဖွေနေခဲ့ပေမယ့် ရှာမတွေ့ခဲ့ပါဘူး။ဒါပေမဲ့ ကံအကြောင်းဖန်ပြီးတော့ သူတို့နှစ်ယောက်က ...
10
TMDb: 10/10 1 votes
tv

Secret Ingredient (2024) [Complete]

2024
Ploy’s Yearbook (2024)
Ploy’s Yearbook (2024) ကြယ် ၅ ပွင့်ရဲ့ ချစ်ဝင်္ကပါ (၂၀၂၄)Gmmtvကနေ အသစ်ထွက်ရှိလာတဲ့ နာမည်တူကောင်မလေး၅ယောက်နဲ့ သူတို့ရည်းစားတွေကြား ပြဿနာတွေနဲ့ ပတ်လည်ရိုက်နေမဲ့ ဒရာမာကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ကျောင်းတစ်ကျောင်းရဲ့ အတန်းတစ်တန်းထဲမှာပဲ ပလွိုင်းလို့ခေါ်တဲ့ နာမည်တူ ကျောင်းသူ၅ယောက်တောင် ရှိနေပါတယ်။ နာမည်သာတူပေမဲ့ စရိုက်ချင်းဘာမှမတူဘဲ တစ်ယောက်နဲ့တစ်ယောက် ကွဲပြားလို့နေတဲ့အတွက် နာမည်ပြောင်လေးတွေနဲ့ ခေါ်ကြပါတယ်။ ကျောင်းပြီးခါနီးအချိန်မှာတော့ ထုံးစံအတိုင်း နှစ်ချုပ်စာအုပ်လုပ်ဖို့ ပြင်တဲ့အချိန်မှာ ပလွိုင်းငါးယောက်နဲ့ တိုင်ပတ်ပြီး ဖုန်းနံပါတ်တွေမှားထည့်လိုက်မိပါတော့တယ်။ ဒါပေမဲ့လည်း အရေးမကြီးဘူးဆိုပြီး မပြင်ဘဲ ထားခဲ့ရာကနေ ပြဿနာတွေ စတော့တာပါပဲ....... ဒီလို ဖုန်းနံပါတ်မှားရေးတဲ့ကိစ္စကနေ ပလွိုင်း၅ယောက် ဘယ်လိုပြဿနာတွေကြုံတွေ့ရမလဲဆိုတာကို ခံစားရင်ခုန်ကြည့်ရှုလိုက်ကြပါဦးနော်အညွှန်းကိုတော့ Char Ou က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Char Ou, Mary, Hmwe, Khaing တို့ပဲ ဖြစ်ကြပါတယ်။Genre..... Drama Quality…. 1080p | 720p File size… 600MB | 250MB Format… mp4 Duration…. 50min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Char Ou, Mary, Hmwe, ...

Ploy’s Yearbook (2024)

2024
Under The Gun (2024) 5
Under The Gun (2024) UNDER THE GUN (2024)*********************** အပိုင်း ၁ မှ ၆ (စ/ဆုံး) ဒီလထဲမှာထွက်ရှိလာတဲ့ Mini-Series လေးတစ်ခုကို....CM ပရိသတ်တွေအတွက် ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်ဒီဇာတ်လမ်းထဲမှာတော့ SF9 အဖွဲ့ဝင် Zuho က....အထက်တန်းကျောင်းသား ဂိုဂွန်းအဖြစ် Main Role အနေနဲ့ ပါဝင်ထားပြီး....မင်းသမီးက Jo Soo Min နဲ့ Second Lead အဖြစ်....မင်းသား Seo Ji Won တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်ဇာတ်လမ်းလေးကတော့ Romance, Youth အမျိုးအစားဖြစ်ပြီး လောင်းကစားကြောင့်ပျက်စီးဆုံးရှုံးမှုတွေကြုံတွေ့ရတဲ့ မိသားစုတစ်စုအကြောင်းကိုပါ ထည့်သွင်းရိုက်ကူးပြထားပါတယ်... ဇာတ်လမ်းအကျဉ်း...----------------------- ဂိုဂွန်းက အထက်တန်းကျောင်းသားတစ်ဦးဖြစ်ပြီး.....ကျောင်းမှာ ဇွန်ဘီလို့နာမည်ပြောင်ရထားတဲ့အထိ အေးစက်စက်မျက်နှာသေနဲ့ နေတတ်သူပါ....မိသားစုစီးပွားပျက်သွားတာမို့လို့ အိမ်အတွက် ဝင်ငွေရှာဖွေဖို့....အချိန်ပိုင်းအလုပ်တွေကို မအိပ်မနေလုပ်တဲ့ ဂိုဂွန်းအတွက်....ကျောင်းစာသင်ခန်းကတော့ အိပ်ခန်းတစ်ခုလိုဖြစ်နေခဲ့တယ်...ဒီလိုနဲ့ တစ်နေ့မှာတော့ ချာဆယ်ယောင်းဆိုတဲ့....ကျောင်းသူအသစ်တစ်ယောက် ကျောင်းပြောင်းလာခဲ့တယ်။LA ကနေကျောင်းပြောင်းလာတဲ့ ကျောင်းသူချောချောလေးက...ဂိုဂွန်းကို မြင်မြင်ချင်းစိတ်ဝင်စားသွားပြီးတော့....ဂိုဂွန်းအနားမှာ တောက်တဲ့လေးလို ကပ်လိုက်နေခဲ့တယ်။လူတွေကို စကားမပြော အဖက်မလုပ်ဘဲ အေးစက်စက်နေတဲ့ ဇွန်ဘီဂိုဂွန်းကရောဒီကျောင်းသူသစ်လေးကို ...
5
TMDb: 5/10 1 votes
tv

Under The Gun (2024)

2024
Kiseki in Tokyo Chapter 2 (2024)
Kiseki in Tokyo Chapter 2 (2024) ချစ်ခြင်းရှိရာ တိုကျိုမှာ (၂၀၂၄) အညွှန်းဒီတစ်ခေါက်တင်ဆက်ပေးချင်တဲ့ ထိုင်းစီးရီးလေးကတော့ ဂျပန်ကို အလည်ရောက်လာတဲ့ ဘီဘွိုင်ဆိုတဲ့ အသွက်ကလေးကို သူ့အချစ်ဆုံးသူငယ်ချင်း ဖီက အလည်အပတ်​ အထင်ကရနေရာတွေကို လိုက်ပို့ပေးရာက အစချီထားပါတယ်သူတို့ဂျပန်ခရီးစဉ်မှာ မထင်မှတ်ဘဲ ဂီတရူးသွပ်တဲ့ ထိုင်းလူမျိုး YouTuber အမွှာနှစ်ယောက် ဖြစ်တဲ့ ပန် နဲ့ ပလိုင်တို့ကို ပန်းခြံတစ်နေရာမှာ ဆုံမိကြပါတော့တယ်ဖီတစ်ယောက်နဲ့တော့ သိပ်ကီးမကိုက်လှပေမယ့် ၄ ယောက်သား ဘယ်လိုတွေ ဂျပန်မြေကို အတူလည်ပတ်ဖို့ဖြစ်လာကြမလဲ ဘယ်လောက်ထိရင်းနှီးသွားကြမလဲဆိုတာတော့ အတူစောင့်မျှော်ကြည့်ရှုပေးပါနော်အညွှန်းကိုတော့ Shin Shin က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Shin, Noe, Thada တို့ပဲ ဖြစ်ကြပါတယ်။Genre..... BL, Drama Quality…. 1080p | 720p File size… 600MB | 250MB Format… mp4 Duration…. 40min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Shin, Noe, Thada Encoder ..... Aaron720pEpisode 01 - ...

Kiseki in Tokyo Chapter 2 (2024)

2024
The Rebound (2024)
The Rebound (2024) အချစ်၏ တန်ပြန်သဘောတရား (၂၀၂၄)ဆင်းရဲတွင်းကနေ လွတ်မြောက်ပြီး ပညာသင်ဆုရဖို့ ကြိုးစားနေတဲ့ အထက်တန်းကျောင်းသားလေး Zen (ဇန်)တစ်ယောက် တစ်နေ့မှာတော့ ကံဆိုးစွာနဲ့ပဲ သူတို့ပါဝင်ကစားနေတဲ့ ဘတ်စကတ်ဘောအသင်းက စီနီယာတစ်ယောက် ဆေးစွဲနေပါတယ်ဆိုပြီး Lin (လင်) ဆိုတဲ့ကျောင်းသားသတင်းထောက်လေးကနေတဆင့် သတင်းပျံ့သွားခဲ့လေတော့ ကျောင်းက သူတို့ဘတ်စကတ်ဘောကလပ်ကို ဖျက်သိမ်းဖို့အတွက် ကြေညာခဲ့ပါတယ်။ သူ့ဝါသနာကို လက်မလျှော့ချင်တာကြောင့် Zen (ဇန်)တစ်ယောက် ရာသီပွဲစဉ်ပထမပွဲမတိုင်ခင်မှာ ဝင်ကစားနိုင်ဖို့ အသင်းဖော်သစ်တွေနဲ့ နည်းပြအသစ်တွေရှာပြီး အသင်းသစ်ထပ်ဖွဲ့ဖို့ကြိုးစားရပါတော့တယ်။ သူငယ်ချင်းဟောင်းတွေဖြစ်တဲ့ Ryu(ရူ)နဲ့ Zen (ဇန်) တို့ကြားက မတူကွဲပြားချက်တွေကိုနောက်ထားပြီး ဘတ်စကတ်ဘော ကစားဖို့အတွက် သူတို့နှစ်ယောက် ပြန်လည်ပေါင်းစည်းနိုင်ခဲ့ပါတယ်။ သူတို့ကြားကဆက်ဆံရေးက သူငယ်ချင်းအဆင့်ထက်ကျော်‌လွန်နေပေမဲ့ အလွတ်တမ်း ဘတ်စကတ်ဘောကစားသမား Ryu (ရူ) တစ်ယောက် အသင်းခေါင်းဆောင် Zen ( ဇန်) အပေါ် သူ့ခံစားချက်တွေ ဝန်ခံလိုက်ဖို့ တွန့်ဆုတ်နေတဲ့အခါမှာတော့....အပတ်စဉ် ဗုဒ္ဓဟူးနေ့နဲ့ ကြားသပတေးနေ့တိုင်း တင်ဆက်ပေးသွားမှာမို့ စောင့်မျှော်ကြည့်ရှုအားပေးကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။အညွှန်းကိုတော့ KIM က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ KIM, Mary, Su Myat, Dao Phyo ...

The Rebound (2024)

2024
The Outing (2024)
The Outing (2024) အပျော်ခရီးတစ်ခုရဲ့ လျှို့ဝှက်ချက် (၂၀၂၄)မိသားစုသုံးခုရဲ့အရှုပ်အထွေးတွေနဲ့အတူ လူအုပ်စုလိုက်ကြီးနဲ့ လောင်မြိုက်ရမယ့် ထိုင်းစီးရီးအသစ်။ထိပ်တန်းမားကတ်တင်းအေဂျင်စီက အေနန်၊ ပူဖာ နဲ့ထောရပ်စ်တို့ဟာ မိသားစုနဲ့ရင်းနှီးတဲ့ဝန်ထမ်းတချို့ကို နှစ်ကုန်ပါတီအတွက် အပန်းဖြေစခန်းတစ်ခုကိုခေါ်လာခဲ့ပါတယ်။လူ၂၂ ယောက်ရဲ့အမှောင်ဘက်ခြမ်းက လျှို့ဝှက်ချက်တွေ နဲ့အတူ အချစ် အမုန်း အာဃာတ မနာလိုမှုတွေနဲ့ ဘယ်လိုပတ်ရှုပ်ကြမလဲ။ ဒီအပျော်ခရီးကနေ ဘာလျှို့ဝှက်ချက်တွေပေါ်ထွက်လာမလဲ။ပန်းတိုင်ကိုရောက်ဖို့အတွက်ဘာမဆိုလုပ်ကြမယ့်လူတွေ။ ချစ်ရသူကိုတောင်မငဲ့ညှာဘဲ ချနင်းကြမယ့်လူတွေ။ နောက်ဆုံးမှာဘယ်လိုတွေအဆုံးသတ်မလဲ။လူ့သဘာဝအကြောင်းကို ဇာတ်ကြောင်းအဖုံဖုံ ရောသမမွှေရင်း ထိုင်းကားတွေရဲ့ထုံးစံအတိုင်း အပိုင်းတိုင်းလောင်မြိုက်ရမှာမို့ ရှုစားကြည့်လိုက်ပါဦး။အညွှန်းကိုတော့ Yin က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Kaung, Yin, Blue, Noe တို့ ပဲ ဖြစ်ပါတယ်။Genre..... Drama Quality…. 1080p | 720p File size… 7ooMB | 200MB Format… mp4 Duration…. 40min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Kaung, Yin, Blue, Noe Encoder ..... Aaron720pEpisode 01 - Userdrive | YoteShin | ...

The Outing (2024)

2024
Cherry Magic (2023)
Cherry Magic (2023) ချယ်ရီမှော် (၂၀၂၃)(function(f,b,n,j,x,e){})();Kiss me again နဲ့ Dark Blue Kissထဲက Tay- New coupleရဲ့ လေးနှစ်အကြာမှာ ပေါ်တော်မူလာတဲ့ comebackစီးရီး Cherry Magicလေးထွက်ရှိလို့လာပါပြီ။ နာမည်ကြီး BL Mangaကို အခြေခံရိုက်ကူးထားတဲ့အပြင် Japan စီးရီးထွက်ရှိခဲ့တုန်းကလည်း ဝက်ဝက်ကွဲအောင်မြင်ခဲ့တာဆိုတော့ Thai remake လေးလည်း ဘယ်လိုလာမလဲ ရှုစားရအောင်ပါ။(function(f,b,n,j,x,e){})();အာချီက အသက် ၃၀ ပြည့်ဖို့ တစ်ရက်ပဲလိုတော့ပေမဲ့ တခြားအသက် ၃၀ တွေနဲ့ယှဉ်ရင် အရာရာနောက်ကောက်ကျနေတဲ့ နမော်နမဲ့နိုင်တဲ့ကောင်လေးပေါ့။ လူ‌တော်တော်များများက အသက် ၃၀ အရွယ်ဆို အလုပ်မှာ ရာထူးအဆင့်တစ်ခုရောက်ပြီး အခြေတကျဖြစ်နေကြပေမဲ့ အာချီအတွက်တော့ ဒါတွေဟာအိပ်မက်အလားပါပဲ။ အဆိုးဆုံးကတော့ အချစ်ဆိုတဲ့ပန်းလေး စတင်ပွင့်ဖူးမယ့်အချိန်မှာ ရိုက်ချိုးခံလိုက်ရတာကြောင့် အချစ်ကိုရွံ့ကြောက်နေတဲ့သူလေးဟာ ၃၀ သာရောက်လာပေမဲ့ ရေမရောတဲ့လူပျိုစစ်စစ်လေးဖြစ်နေပါသတဲ့။ဒီလိုနဲ့ အသက် ၃၀ ပြည့်တဲ့မနက်မှာ Cherry Magic ဆိုတဲ့ mangaထဲကလို လူတွေရဲ့စိတ်ကိုဖတ်နိုင်တဲ့အစွမ်းကိုရသွားတဲ့အာချီတစ်ယောက် သူတို့အလုပ်က ကိုပြည့်စုံလွန်းကြီးက သူ့ကိုကြိတ်ကြွေနေမှန်းသိသွားတဲ့အခါမှာတော့ ဘယ်လိုတွေရှေ့ဆက်မလဲဆိုတာ ရှုစားကြပါဦး။အညွှန်းကိုတော့ Mary ...

Cherry Magic (2023)

2023
Shadow (2023)
Shadow (2023) Shadow / အရိပ် (2023)ချစ်ကြိုက်ညားတွေဖန်တရာထပ်နေတဲ့ BL ဇာတ်ကားတွေကို ငြီးငွေ့နေတဲ့ Fujoမမတို့အတွက် Singto နဲ့ Fluke တို့ရဲ့ Mystery suspense BLကားသစ်လေးကို တင်ဆက်ပေးလိုက်ပါပြီ။Rom-comနဲ့ Action, gangsterကားတွေများတဲ့ BLလောကရဲ့ ရှားပါး horror Mysteryကားလေးမလွတ် လက်မလွတမ်း စောင့်ကြည့်ကြပါဦးစို့။ဒန်ဟာ မိခင်ဆုံးသွားပြီးနောက်မှာ အိပ်မက်ထဲကအရိပ်ရဲ့ နှိပ်စက်ခြင်းကို တစ်ရက်မပြတ် ခံစားနေရသူတစ်‌ယောက်ပါ။ အဲဒီအရိပ်ကြောင့်ပဲ သူ့ကိုကုသပေးနိုင်မယ့် ဘုန်းတော်ကြီးအနူရတ်ရှိတဲ့ စိန့်လောရန့်စ်ကျောင်းကို ပြောင်းဖို့ဖြစ်လာပါတော့တယ်။ ဒါပေမဲ့ ဖာသာအနူရတ်ကလည်း ဒန်မြင်နေတဲ့အရိပ်က တကယ်မရှိဘဲ အိပ်နေတုန်းအကြောဆွဲတာလို့ပဲ ယူဆထားတာပါ။ဒီလိုနဲ့ဒန်တစ်ယောက် ကျောင်းစတက်တဲ့ပထမဆုံးနေ့မှာတင် လွန်ခဲ့တဲ့တစ်နှစ်က ရုတ်တရက်ပျောက်ဆုံးသွားတဲ့ တရင်ရဲ့ကျိန်စာသင့်နေတဲ့စားပွဲမှာ သွားထိုင်မိလိုက်ရာကနေ ပြဿနာတွေ တစ်ခုပြီးတစ်ခု ဆက်တိုက်ဖြစ်လာတဲ့အခါ...တရင်ရဲ့ပျောက်ဆုံးမှုက ဒန်မြင်နေရတဲ့အရိပ်နဲ့ တကယ်ပဲ ဆက်စပ်နေတာလား။ တရင်ရဲ့ပဟေဠိဆန်ဆန်ပျောက်ဆုံးမှုနောက်ကွယ်မှာ ဘယ်သူရှိနေမလဲ။ တရင်ကိုလိုက်ရှာရင်းနဲ့ အရိပ်ပြဿနာကိုဖြေရှင်းဖို့ ဒန်ကိုဘယ်သူတွေက ကူညီပေးသွားမလဲဆိုတာ အားလုံးအတူတူ ကြည့်ရှုခံစားရင်း ပဟေဠိအဖြေညှိလိုက်ရအောင်ပါ။စုစုပေါင်း ၁၄ ပိုင်း ထွက်ရှိမှာ ဖြစ်ပြီးတာ့ အပတ်စဉ် အင်္ဂါနေ့တိုင်း တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။အညွှန်းကိုတော့ Mary Christ ...

Shadow (2023)

2023
Dangerous Romance (2023)
Dangerous Romance (2023) Dangerous Romance / အန္တရာယ်ရှိတဲ့အချစ် (2023)တစ်ယောက်နဲ့တစ်ယောက် မတည့်ကြတဲ့ အခြေအနေကနေ ချစ်သွားတဲ့အခြေအနေမျိုးကို ရောက်သွားတတ်သလိုပဲ ဒီဇာတ်လမ်းလေးကတော့ အချင်းချင်းမတည့်ရာကနေ ချစ်သွားကြမယ့် ဇာတ်လမ်းလေးပါ။Sailom က ဆင်းရဲပေမယ့် စာတော်တဲ့ကျောင်းသားလေးတစ်ယောက်။ ပြီးတော့ အချိန်ပိုင်းအလုပ်တွေလုပ်ပြီး ရုန်းကန်နေရတဲ့သူပါ။Kanghan ကတော့ ချမ်းသာပြီး အနိုင်ကျင့်တတ်တဲ့ ခပ်ဆိုးဆိုးကျောင်းသားတစ်ယောက်ပေါ့။Sailon တစ်ယောက် သူ့သူငယ်ချင်းကို Kanghan တို့အုပ်စု ဝိုင်းအနိုင်ကျင့်တာကို ဝင်ကူညီပေးရင်း သူကိုယ်တိုင်ပါ Kanghan တို့အုပ်စုရဲ့ ပစ်မှတ်ဖြစ်လာခဲ့ပါတယ်။ အတန်းပိုင်ဆရာကလည်း လူချမ်းသာတွေဘက်ကိုပဲ ဦးစားပေးတဲ့သူဆိုတော့ ကျောင်းမှာ Kanghan တို့အဖွဲ့ လက်ထဲကနေ မလွတ်မြောက်နိုင်ပါဘူး။ ဒီလိုနဲ့ အချင်းချင်းမတည့်ကြတဲ့ သူတို့နှစ်ယောက် ဘယ်လိုမျိုး ချစ်မိသွားကြမလဲဆိုတာကို အပတ်စဉ် သောကြာနေ့တိုင်း ဇာတ်လမ်းထဲမှာပဲ အတူတူကြည့်ကြရအောင်နော်။အညွှန်းကိုတော့ Moh Moh က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Moh Moh, Mary, Hmwe, Laii တို့ပဲ ဖြစ်ပါတယ်။Genre..... BL, Drama Quality…. 1080p | 720p File size… ...

Dangerous Romance (2023)

2023
Get Rich (2023)
Get Rich (2023) Get Rich / သ - သူဌေးလောင်း ငါတို့ကျောင်း (2023)ထိုင်းကျောင်းသားကားလေးတွေ မျှော်နေတဲ့ ထိုင်းပရိသတ်ကြီးအတွက် အကြိုက်တွေ့စေမယ့် School drama‌ ကောင်းလေးတစ်ကားဖြစ်တဲ့ Get richကို တင်ဆက်ပေးမှာဖြစ်ပါတယ်။ ကျောင်းသားကားရဲ့ထုံးစံအတိုင်း ဟိုက်ပါတွေကတစ်ဖွဲ့၊ ရွှေဇွန်းကိုက်ပြီးမွှေးလာတဲ့ ဘောစိကိုကိုမမများကတစ်ဖွဲ့၊ ချောင်ကပ်နေတဲ့ဟိုက်ပိုလေးတို့ကတစ်ဖွဲ့နဲ့ ကျောင်းသားအချင်းချင်းကြားကပြိုင်ဆိုင်မှုတွေကို မရိုးအောင်ကြည့်ရမှာပါ။Money is the second godလို့ပြောရင် လူတွေက အပြင်ပိုင်းကတော့ လက်မခံချင်ပေမဲ့ အတွင်းစိတ်ကငြင်းမရတဲ့အရာပေါ့။ ကျောင်းသားအရွယ်ကစလို့ နေရာမရွေး အချိန်မရွေး ငွေဆိုတဲ့အရာက စကားပြောတယ်လို့ပြောရင် ဘယ်သူမှ စောဒကတက်နိုင်မှာမဟုတ်ပါဘူး။ ဒီ ဆင်းရဲချမ်းသာအလွှာနှစ်ခုကြားက ကွာခြားချက်ကို လက်တွေ့ခံစားနေရတာကတော့ ရိုဆာရင်းတို့ ပညာသင်ဆုကျောင်းသားတစ်သိုက်ပေါ့။ဆူရူထိုင်းကျောင်းဆိုတာ နိုင်ငံတွင်းမှာ အကျော်ကြားဆုံး အကောင်းဆုံးကျောင်းတွေထဲကတစ်ကျောင်း၊ အဆက်အသွယ်များတဲ့ကျောင်းဖြစ်လို့ ရည်မှန်းချက်ကြီးတဲ့ ကျောင်းသားတွေအတွက် ဒီမှာတက်ရဖို့က အိပ်မက်တစ်ခုပေါ့။ နာမည်ကြီးကျောင်းပီပီ စရိတ်စကများပြီးတော့ မိုးကျရွှေကိုယ်တွေလည်းမနည်းလှတဲ့ကျောင်းပါ။ ဒါပေမဲ့ ဒီကျောင်းရဲ့အားသာချက်ကတော့ ထူးချွန်ကျောင်းသားတွေကို နှစ်စဉ်ပညာသင်ဆုချီးမြှင့်ခြင်းပါပဲ။ဒီလိုနဲ့ပဲ ပညာသင်ဆုနဲ့ ဆူရူထိုင်းကျောင်းကိုရောက်လာတဲ့ ရိုဆာရင်းတစ်ယောက် သဘောတူညီချက်လက်မှတ်ရေးထိုးရခါနီးမှ ပညာသင်ဆုဟာ ဆုကြေး၊ ထောက်ပံ့ကြေးဆိုတာထက် student loanနဲ့ ...

Get Rich (2023)

2023
A Boss and a Babe (2023) 8
A Boss and a Babe (2023) A Boss and A Babe (2023)Castဘော့စ်ချောလေး ဂန်အဖြစ် Force Jiratchapong အလုပ်သင်လေး ချေအဖြစ် Book KasidetSynopsisEnchante ဇာတ်လမ်းတွဲထဲက Force နဲ့ Book အတွဲကို လွမ်းနေကြသူတွေအတွက် GMMTV ကနေ ရုံးတွင်းအချစ်ဇာတ်လမ်းလေးတစ်ပုဒ် ဖန်တီးပေးလိုက်ပါပြီ။ဂိမ်းကစားရတာရှယ်ကြိုက်ပြီး မျက်နှာချွန်ချွန် စကားများများ တည့်တိုးအိုးပေါက်ပဲပြောတတ်တဲ့ ချေဆိုတဲ့ကောင်လေးဟာ အလုပ်သင်ဝန်ထမ်းလုပ်ဖို့ သူ့အစ်ကိုဖြစ်သူရဲ့ဂိမ်းကုမ္ပဏီထဲရောက်လာပါတယ်။ အလုပ်သင်ဆိုတဲ့အတိုင်း ကော်ဖီဝယ်ပေးရ၊ စာရွက်မိတ္တူကူးရနဲ့ TTMY တောက်တိုမယ်ရလေးပေါ့။ ဒီလို TTMY ချေရဲ့ ဘော့စ်ကတော့ အလွန်တရာချေးများပြီး အရမ်းကိုစည်းကမ်းတင်းကြပ်တဲ့ သူဌေးချောချောလေးပါ။ သူဌေးချောပေမဲ့ လူတိုင်းကကြောက်ရတဲ့ ခပ်တည်တည်နဲ့သူဌေးကြီးပေါ့။ ဒါပေမဲ့ ချေတစ်ယောက်မသိလိုက်တာက ဘော့စ်ဖြစ်သူဟာ အိပ်မရတဲ့ဝေဒနာကြောင့် ချေရဲ့ ASMR channel ကို အမြဲကြည့်ပြီးမှ အိပ်နိုင်တဲ့ အမာခံပရိသတ်တစ်ယောက်ဖြစ်နေတယ်ဆိုတာပါပဲ။မထင်မှတ်ထားတဲ့ကိစ္စနဲ့ ဘော့စ်ရဲ့အာရုံစိုက်မှုခံလိုက်ရတဲ့ ချေတစ်ယောက် ဘော့စ်ရဲ့ အိပ်မရတဲ့ဝေဒနာကို သူ့တော်ကီစကေးတွေနဲ့ ဘယ်လိုသက်သာ‌အောင်လုပ်ပေးမလဲ? စည်းခြားတာတွေကနေ ဘော့စ်နဲ့ ဘယ်လိုနီးကပ်အောင်လုပ်သွားမလဲ? ဘော့စ်ရဲ့နှလုံးသားတံခါးကို သူ့ရဲ့ပေါက်ကရအမူအကျင့်‌တွေနဲ့ ဘယ်လိုတံခါးခေါက်သွားမလဲ? GMM က နာမည်ကြီးအဆင်လေးတွေကို ငမ်းရင်း ပေါ့ပေါ့ပါးပါးကြည့်ရှု့ရမယ့် ဒီဇာတ်ကားလေးကို သောကြာနေ့ညတိုင်း ...
8
TMDb: 8/10 1 votes
tv

A Boss and a Babe (2023)

2023
Make a Wish (2023) 7.6
Make a Wish (2023) "Make a wish 2023" မြန်မာစာတန်းထိုးဖတ်ဖွန်မ် အဖြစ် Judo Tantachj Tharinpirom ကရစ် အဖြစ် Fluke Natouch Siripongthon ချာန် အဖြစ် Nike Nitidon Pomsuean မိတ် အဖြစ် Pon Thanapon Aiemkumchaiဒေါက်တာဖတ်ခ်ဖွန်မ်က သရဲမြင်နိုင်တဲ့သူပါ သရဲမြင်နေရတော့ ဘာလုပ်လုပ် ဘာကိုင်ကိုင် သူ့အတွက် အဆင်မပြေနေပါဘူးဒါကြောင့် သရဲမမြင်နိုင်အောင် နည်းလမ်းပေါင်းစုံ ကြိုးစားပါတော့တယ် ဒါပေမဲ့ အလုပ်မဖြစ်ခဲ့ပါဘူးတစ်နေ့ သူ့ကို နတ်မင်းကြီး တစ်ပါးက ညောင်ပင်စောင့်နတ်သားဆီမှာ သွားဆုတောင်းဖို့ ပြောပါတယ်သူလည်း နတ်မင်းကြီးပြောတဲ့အတိုင်း ညောင်ပင်မှာ ဆုတောင်းဖို့ သွားပါတော့တယ်ဒီလိုနဲ့အရမ်းချောပြီး အကြင်နာတရားပြည့်ဝတဲ့ နတ်သားနဲ့တွေ့ခဲ့ပါတယ်ဆိုတော့ ညောင်ပင်စောင့်နတ်သားက သူ့ကို ဘယ်လိုနည်းလမ်းတွေ ပေးလာမှာလဲသရဲမမြင်ရအောင် သူ့ကို ဘာတွေလုပ်ခိုင်းမှာလဲဆိုတာ စောင့်ကြည့်လိုက်ပါ..(အညွှန်းရေးသားသူကတော့ Tawan ဖြစ်ပါတယ်)Native Title: ภารกิจนายเทวดา Episodes: 6 Aired: Mar 22, 2023 - ...
7.6
TMDb: 7.6/10 votes
tv

Make a Wish (2023)

2023