Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Tencent Video
Fateful Love (2024)
ရှန်းရှနတ်ကားတွေကိုမျှော်နေတဲ့သူတွေအတွက် ရှန်းရှဇာတ်ကားကောင်းလေးထွက်ရှိလာပါပြီ ။ ဇာတ်ကားလေးကဆရာမMao Xiao Mao (猫小猫) ရေးသားထားတဲ့Du Chong Yong Bin Wang Fei" (毒宠佣兵王妃) ဆိုတဲ့ ဝတ္ထုလေးကနေ ကောက်နုတ်ထားတာဖြစ်ပါတယ် ။ ဇာတ်လမ်းအကျဉ်းလေးအနေနဲ့ ခန့်မှန်းမရတဲ့ တိုင်းပြည်ရေးအခြေအနေတွေအောက်မှာတရားမဝင်သမီးနဲ့စစ်နတ်ဘုရားတိုက လျှောက်လှမ်းကြတဲ့လမ်းချင်းမတူခဲ့ကြပါဘူး။ တရားမဝင်သမီးဖြစ်တဲ့ Han Zi Jing က တိုင်းပြည်ရေးအရှုပ်အထွေးကြားဆွဲထည့်ခံရတဲ့အခါမှာအမျိုးမျိုးသောဆန့်ကျင်မှုတွေနဲ့ကြုံတွေ့ရပါတော့တယ် ။ ဒါပေမဲ့ သူမရဲ့သရုပ်မှန်ကိုဖုံးကွယ်မရတဲ့အချက်ကပဲ သူမကို စစ်နတ်ဘုရားဖြစ်တဲ့ Jun Bei Yeနဲ့စုံစေခဲ့ပါတော့တယ် ။ ဒီလိုနဲ့ချစ်မိသွားတဲ့ Jun Bei Ye ဟာ Han Zi Jing ကအမတ်ချုပ်ကြီးရဲ့တရားမဝင်သမီးဖြစ်နေတာတောင် အစွမ်းကုန်ကာကွယ်ပေးဖို ကြိုးစားပါတော့တယ် ။ ဇာတ်လမ်းလေးထဲမှာတော့ ရက်စက်တဲ့ပုံပေါ်ပြီး အကြင်နာမဲ့တဲ့ စစ်နတ်ဘုရားက တရားမဝင်သမီးဖြစ်တဲ့သူ့ချစ်သူကိုဘယ်လိုတွေကာကွယ်ပေးသွားမလဲဆိုတာရယ် ၊ တရားမဝင်သမီးဖြစ်ပေမဲ့ ရဲရင့်ပြီး ဉာဏ်ကောင်းတဲ့ Han Zi Jing ကရော မတရားမှုအဖြစ်မှန်တွေကို သူ့ချစ်သူနဲ့အတူဘယ်လိုဖော်ထုတ်သွားမလဲဆိုတာရယ်ကို စိတ်ဝင်စားဖိုကောင်းစွာနဲ့ ကြည့်ရှုရမှာပဲဖြစ်လို ဇာတ်ကားလေးကိုအဆုံးထိ လိုက်ပါကြည့်ရှူဖိုတိုက်တွန်းပါရစေနော် ။ =================================Quality : WEB-DL 720p, 1080p Total Episodes : 40 Format : ...
Fateful Love (2024)
2024
Adventure Behind The Bronze Door (2024)
ဒီတစ်ခေါက်ဇာတ်လမ်းလေးကတော့ Daomu Biji ဆိုတဲ့ ဇာတ်လမ်းရဲ့အဆက်ကလေးပဲဖြစ်ပါတယ် ဝူရှယ်က နီပေါကနေပြည်တွင်းပြန်ရောက်လာပြီးနောက် မော့ထောခရိုင်ကစာတိုက်တစ်ခုမှာ လူငယ်တစ်ယောက်ရဲ့ နံရံဆေးပန်းချီကိုတွေ့ရှိပြီး သူ့ငြိမ်းချမ်းတဲ့ဘဝက ကျင်းဝမ်ထန်ဆိုတဲ့လူတစ်ယောက်ကြောင့် ကမောက်ကမဖြစ်သွားခဲ့ရပါတယ်ဒီလူဟာ ကျန်းချီလင် ငယ်ဘဝနဲ့ပက်သက်မှုကြီးတဲ့ ကျန်းမိသားစုရှေးဟောင်းအိမ်တော်က ကင်းမြီးကောက်ပုံသဏ္ဍာန်ဆွဲသီးကိုယူလာခဲ့လေရာ သဲလွန်စတွေကို လိုက်လံရှာဖွေရာမှ ဝူရှယ်ကနီပေါကို ထပ်မံသွားရောက်ပြီး မော့ထောသိုပြောင်းလာခဲ့ပါတယ်မော့ထောမှာ ကျန်းချီလင်နဲ့ပက်သက်တဲ့သဲလွန်စတွေကို ရရှိလာခဲ့ရာကနေ ဝူရှယ်က သူမော့ထောကိုလာပြီး ဒီအရာတွေကိုတွေ့ရှိတာ မတော်တဆမဟုတ်ပဲ လူတစ်ယောက်စီစဥ်ထားတယ်ဆိုတာ သိခဲ့ရတယ် ပြီးနောက် ဝူရှယ်နဲ့ဝမ်ဖက်တီးတိုက ကျန်းချီလင်ရဲ့မိသားစုနောက်ခံနဲ့ ကျန်းမိသားစုနောက်ကွယ်က လျှိဝှက်ဆန်းကြယ်မှုတွေကို ပိုမိုရှာဖွေလေ့လာပါတော့တယ် ဒီဇာတ်လမ်းလေးမှာ သူတိုသဲလွန်စတွေကို ဘယ်လိုရှာဖွေပြီး ဘယ်လိုလျှိဝှက်ချက်တွေ တွေ့ရှိလာဦးမလဲဆိုတာ စောင့်မျှော်ကြည့်ရှုကြပါဦးနော်==================================Quality : WEB-DL 720p, 1080p Total Episodes : 36 Format : mp4 Genres : Action, Adventure, Mystery, Horror Runtime : 20 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Mary Encoded by LK ====================================== Ep 01 (720p) - GDToT/ Yoteshin/ Userdrive/ Megaup/ ...
Adventure Behind The Bronze Door (2024)
2024
Are You The One (2024)
CM ကနေ ဒီတစ်ခါတင်ဆက်ပေးမယ့် ဇာတ်လမ်းတွဲလေးကတော့Lost You Forever မှာတုန်းက ကိုကိုရွှမ်းကို ကြိုက်ကြတဲ့ပရိတ်သတ်တွေအတွက် အကြိုက်တွေ့စေမယ် ဇတ်လမ်းသစ်လေးပဲဖြစ်ပါတယ်Main cast တွေကလည်း တရုတ်မှာ နာမည်ရလာကြတဲ့ Zhang Wanyi နဲ့Wang Churan တို့ပဲဖြစ်ပါတယ်။ အဲ့တော့ ဇာတ်လမ်းလေးကိုပြောပြရမယ်ဆိုရင်ယန်တောင်ရဲ့မြို့စောင့်တပ်အရှင်သခင်မ လျိုမျန်ထန်က ရဲရင့်ပြီးတော့ဖြောင့်မတ်မှန်ကန်တဲ့ သူတစ်ဦးဖြစ်ပါတယ်။ တစ်နေ့မှာတော့ သူနဲ့ လက်ထပ်ဖို့ချွေးကျိုဆီကိုအသွားမှာ ရက်စက်ကြမ်းကြုတ်တဲ့ဓါးပြတွေနဲ့ဆုံပြီးဒဏ်ရာအပြင်းအထန်ရသွားခဲ့ပါတယ်။ အဲ့ဒါကို ဟွိုင်ယန်မင်းသားဖြစ်တဲ့ချွေးရှင်ကျိုးက ကယ်တင်ပြီးတော့ ဆေးကုသပေးခဲ့ပေမယ့်လျိုမျန်ထန်တစ်ယောက် အတိတ်မေ့သွားပြီး ယန်တောင်ကနေလက်ထပ်ထိမ်းမြားဖို့ ထွက်လာတဲ့ ကိစ္စကိုပဲ မှတ်မိပါတော့တယ်။နန်းတွင်းမှာ အဆင့်ကိုးဖြစ်ပြီး ချွေးမျိုးရိုးဖြစ်တာကြောင့်ချွေးရှင်ကျိုးရဲ့ သူငယ်ချင်းက ချွေးကျိုလို့ခေါ်လိုက်တာကို ကြားပြီးလျိုမျန်ထန်တစ်ယောက် ခင်ပွန်းမှားသွားခဲ့ပါတော့တယ်။ဟွိုင်ယန်မင်းသားကလည်း သူ့အတွက်အကျိုးရှိနေတော့ မရှင်းတော့ဘဲဒီအတိုင်းထားလိုက်ရာကနေ နောက်ပိုင်းမှာ ...
Are You The One (2024)
2024
Strange Tales of Jiang Cheng (2024)
လူတွေရဲ့အပြုအမူကိုကြည့်ပြီး စိတ်အခြေနေကိုသုံးသပ်နိင်တဲ့ စိတ်ပညာရှင်ချင်ဟော်လော့၊ ထက်မြက်တဲ့စုံစမ်းစစ်ဆေးရေးအဖွဲခေါင်းဆောင် စုန့်ဟယ်နဲ့ မှန်းဆရခက်တဲ့ မှုခင်းဆရာဝန်မလေးဖန့်ရှောင်ဖန်တိုလူငယ်လေး(၃)ယောက် ပူးပေါင်းပြီးတော့ ကျန်းချန်မြိုကထူးဆန်းတဲ့အမှု(၈)မှုကိုဖော်တဲ့ဇာတ်လမ်းတွဲဖြစ်ပါတယ်။ နောက်ကြောင်း အကျင့်စရိုက် အတွေးအခေါ်တွေ မတူတဲ့လူငယ်လေးတွေဟာ သူတိုရဲ့စိတ်အားထက်သန်မှုကိုအရင်းခံပြီးတော့ကျန်းချန်ကသွေးစွန်းတဲ့အမှုတွေကိုဖော်ထုတ်ဖိုကြိုးစားခဲ့ကြတယ်။ တစ်ချိုတွေကမတရားပြုမူခံရတာကြောင့် မကောင်းဆိုးဝါးတွေဖြစ်သွားကြတယ်။ တစ်ချိုတွေကတော့ သူများတွေအတွက်တရားမျှတမှုကိုရယူနိုင်ဖို ကိုယ့်ကိုယ်ကိုယ်စတေးလိုက်ကြရတယ်။တစ်ချိုတွေကတော့ အပြစ်ကျူးလွန်လိုပြစ်ဒဏ်ပေးခံရတာကို သူတိုဘယ်နားမှားမှန်းမသိကြပဲ ပြည်သူတွေကိုဒုက္ခရောက်အောင်လုပ်ခဲ့ကြတယ်။ ဒီအမျိုးမျိုးသောတစ်ကိုယ်ရေဆန္ဒတွေအတွက် အပြစ်မရှိတဲ့လူတွေကိုအသုံးချစတေးပစ်ကြတဲ့လူတွေကို တရားနဲ့စီရင်နိုင်ဖို လူငယ်လေး(၃)ယောက်ဟာ ဘယ်လိုတွေထက်ထက်မြက်မြက်နဲ့ကြိုးစားကြလဲဆိုတာ ဆက်လက်စောင့်ကြည့်လိုက်ပါဦးနော်။==================================Quality : WEB-DL 1080p Total Episodes : 52 Format : mp4 Genres : Thriller, Historical, Mystery, Horror Runtime : 20 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK ======================================Ep 01 (1080p) - GDToT/ Yoteshin/ Userdrive/ Megaup/ Streamwish/ Meganz Ep 02 (1080p) - GDToT/ Yoteshin/ Userdrive/ ...
Strange Tales of Jiang Cheng (2024)
2024
Snowfall (2024)
CM ရဲ့ တရုတ်ကားဖန်တိုရေ.. ဒီနေ့မှာတော့ သဘာဝလွန် သွေးစုပ်ဖုတ်ကောင် ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်...ဇာတ်လိုက်မင်းသားကတော့ အားလုံးရဲ့ တုန့်ဟွားတိကျွင်း Gao Wei Guang ပါ... အခုမှပဲ ဇာတ်လိုက်မင်းသားအနေနဲ့ ပိတ်ကားပြင်ပေါ် ပြန်ဆုံရမှာနော်... မင်းသမီးလေးကတော့ Ouyang Nana ယုံအန်းအိပ်မက်ထဲက ရှန်ကျန့်လေးပေါ့... ဦးနဲ့ကလေး ဇာတ်ကားလိုလည်း ဆိုရမှာပေါ့... နောက်ပြီး အားလုံးကို ရူပါဒါနပြုချင်သူလေး win win ကတော့ စီးထူဝေလျန်အနေနဲ့ ပါဝင်အားဖြည့်ထားပါသေးတယ်ဇာတ်လမ်းအကျဉ်းလေးကို ဆိုရရင်တော့...တရုတ်ပြည်သူ့သမ္မတနိုင်ငံခေတ်မှာ နှစ်ပေါင်းရာချီ ရှင်သန်နေထိုင်ခဲ့တဲ့ နာမည်ကြီး သွေးစုပ်ဖုတ်ကောင် ရှန်ကျီးဟန်က မျက်နှာဖုံးစွပ်တပ်သားတွေ လုပ်ကြံသတ်ဖြတ်တာကို ခံခဲ့ရတယ်... ဒါပေမယ့် မီလန်လို ခေါ်တဲ့ မျက်မမြင် မိန်းကလေးက သူ့ကိုကယ်တင်လို သေဘေးက လွတ်ခဲ့တယ်... တကယ်လို မီလန်ဆိုတဲ့ မိန်းကလေးဘဝက သနားဖိုကောင်းပါတယ်... ဖခင်ရဲ့ လျစ်လျူရှုမှုနဲ့ မိခင်ရဲ့ နှိပ်စက်မှုတွေ လူကိုသူလို ဆက်ဆံမခံခဲ့ရတာတွေကြောင့် ကိုယ့်ကိုယ်ကို အဆုံးစီရင်ဖို လုပ်နေခဲ့တာပါ... ဒီအချိန်မှာ ရှန်ကျီးဟန်နဲ့ ...
Snowfall (2024)
2024
A Love So Beautiful (2024)
မင်းသာ ငါ့အချစ်ဦး (၂၀၂၄)Home School နဲ့ ထိုင်းF4ကားထဲမှာပါတဲ့ မင်းသားချောလေး Dew Jirawat Sutivanichsakရဲ့ ဇာတ်ကားအသစ်လေးထွက်ရှိလို့လာပါပြီ။ ငယ်သူငယ်ချင်းသံယောဇဉ်နဲ့ အစပြုထားတဲ့ အချစ်ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ ချက်ဂျန်ဆိုတဲ့ကောင်လေးနဲ့ ဆုမ်အိုဆိုတဲ့ကောင်မလေးတို့ဟာ ငယ်ငယ်လေးကတည်းက မူကြိုအတူတူတက်, ကျောင်းကားအတူတူစီးကြရုံသာမဟုတ်ဘဲ အိမ်နီးနားချင်းတွေလည်း ဖြစ်ပါသေးတယ်။ ဒီလိုနဲ့နေထိုင်လာရင်း မမျှော်လင့်ပဲ ဆုမ်အိုရဲ့ ဖခင်ဖြစ်သူဟာ ဆုံးပါးသွားပြီးနောက်မှာ ဆုမ်အိုရဲ့မိခင်ဖြစ်သူဟာ နောက်အိမ်ထောင်ပြုလိုက်ပြီးပြင်သစ်ကိုပြောင်းရွှေ့ဖို့ ဖြစ်လာပါတော့တယ်။ ပြင်သစ်ကို မလိုက်ချင်တဲ့ ဆုမ်အိုတစ်ယောက် ချက်ဂျန်တို့ရဲ့အိမ်မှာပဲ အတူတူနေထိုင်ရင်း ကျောင်းဆက်တက်ဖို့ ဖြစ်လာတဲ့နောက်မှာ ..... အထက်တန်းတက်တဲ့အချိန်မှာတော့ ချက်ဂျန်နဲ့ ဆုမ်အိုတို့ တခြားသူငယ်ချင်းတွေပါ ရလာရင်း ကျောင်းသားဘဝလေးမှာ ဘယ်လိုတွေဖြတ်သန်းမလဲ... ငယ်ကတည်းကပေါင်းလာရင်း အနေနီးလာရာကနေ သူတို့နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးကရော ဘယ်လိုတွေဖြစ်ပေါ်လာမလဲ ..... စိတ်ကစားတတ်တဲ့အရွယ်ဖြစ်တဲ့အလျောက် သူတို့ရဲ့ အချစ်ဇာတ်လမ်းလေးကရော အရိုအချိုလေးတွေပဲလား ပြဿနာတွေရော ရှိလာဦးမလားဆိုတာတွေကို ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်။အညွှန်းကိုတော့ Char Ou က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Mary, Char Ou, Hmwe, Khaing တို့ပဲ ဖြစ်ကြပါတယ်။Genre..... Drama Quality…. 1080p | 720p File size… 600MB ...
A Love So Beautiful (2024)
2024
As Beautiful As You (2024)
As Beautiful As You ဆိုတဲ့ဇာတ်ကားလေးကို CM ချစ်ပရိသတ်တွေအတွက် ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်…ကလေးမျက်နှာနဲ့ မင်းသမီးလေး ထန်စုန်ယွင်နဲ့ မင်းသားချောလေး ရွှခိုင်တို ပါဝင် သရုပ်ဆောင်ထားတဲ့ကားလေးပါဇာတ်လမ်းအကျဉ်းလေး ပြောပြရမယ်ဆိုရင်နည်းပညာပိုင်းကျွမ်းကျင်ရှိသူ ကျီရှင်းက သူ့ စီးပွားရေးမှာ စွန့်စားချင်တဲ့ အိပ်မက်ကို အကောင်အထည်ဖော်ဖိုအတွက် လက်ရှိအလုပ်ကနေ ထွက်လာပြီး မောင်လေးနဲ့အတူ လုပ်ငန်းတစ်ခုကို စတင်ခဲ့ကြတယ်ဒါပေမဲ့ အစမှာပဲ လုပ်ငန်းတစ်ခုလုံး ဆုံးရှုးရတော့မလို ဖြစ်ပြီး မျှော်လင့်ချက်မဲ့နေတဲ့အချိန် တုန်းယန်နည်းပညာလုပ်ငန်း ဥက္ကဋ္ဌ ဟန်ထင်ရဲ့ ထောက်ပံ့မှုကို ရရှိခဲ့ပါတယ် ဟန်ထင်ရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ကျီရှင်းတို လုပ်ငန်း ပြန်နလန်ထူလာနိုင်ခဲ့ပေမဲ့ ကျီရှင်း တစ်ယောက် ၇ နှစ်ကြာ တွဲလာတဲ့ ချစ်သူနဲ့ လမ်းခွဲဖိုပါဖြစ်ခဲ့တယ်ဘဝရဲ့အခက်အခဲတွေနဲ့ အချစ်ကြောင့် နာကျင်မှုတွေကြားမှာ ကျီရှင်း တစ်ယောက် ဘယ်လိုရုန်းကန်ရမလဲ လုပ်ငန်းပါတနာတွေအဖြစ်ကနေ ခံစားချက်တွေ အရောင်ပြောင်းလာတဲ့ ကျီရှင်း နဲ့ ဟန်ထင်တို အခက်အခဲ အတားအဆီးတွေကို ဘယ်လိုရင်ဆိုင်ဖြေရှင်းကြတယ်ဆိုတာရယ်စီးပွါးရေးလောကကို ပုံဖော်ထားတဲ့ ဇာတ်အိမ်ချိုချိုလေးနဲ့ ဒီဇာတ်ကားလေးကတော့ ကြည့်ကိုကြည့်သင့်တဲ့စာရင်းထဲပါနေတာမို CM ချစ်ပရိသတ်တို ဘဝအမောပြေ ဒီကားလေးကြည့်လိုက်ကြနော်~=================================Quality ...
As Beautiful As You (2024)
2024
8.1
Lost You Forever : Season 2 ( 2024 )
Lost you forever ( Season 2 ) 2024 ထာဝရလွမ်းဆွတ်ခြင်း ( အတွဲ ၂ )2023 တုန်းက Season 1 ထုတ်လွှင့်ခဲ့ပြီး ဝက်ဝက်ကွဲအောင်မြင်ခဲ့တဲ့ 1st billing ခေါင်းဆောင်မင်းသမီးအဖြစ် Yang Zi နဲ့အတူ တွဲဖက်မင်းသားတွေဖြစ်တဲ့ Zhang Wang Yi , Deng Wei , Tan Jian Ci , Wang Hong Yi တို့လေးယောက်ပါဝင်သရုပ်ဆောင်ထားတဲ့ 2023 ရဲ့ ဆုပေးပွဲကြီးတွေမှာ ဆုပေါင်းမြောက်များစွာသိမ်းယူထားတဲ့ ပရိသတ်တွေမျှော်လင့်နေကြတဲ့ Lost You Forever S2 လေးထွက်ရှိလို့လာပါပြီ ။ အရင် S1 တုန်းကလည်း CM က 4K quality နဲ့ပါတင်ဆက်ပေးခဲ့ပြီး အခုထွက်ရှိမဲ့ S2 ကိုလည်း ဆက်လက်တင်ဆက်ပေးလိုက်ပါတယ် ။S2 အတွက်ဇာတ်လမ်းအညွှန်းကတော့ S1 ကြည့်ထားတဲ့ ပရိသတ်တွေအတွက်တော့ သိပြီးသားဖြစ်မှာပါ ...
8.1
TMDb:
8.1/10
11 votes
tv
Lost You Forever : Season 2 ( 2024 )
2023
Limited 72 Hours Of Love
လူငယ်ဆန်ဆန် ပေါ့ပေါ့ပါးပါးကြည့်ရှုရမယ့် ချိုမြိန်တဲ့အချစ်တွေလွှမ်းခြုံထားတဲ့ ပေါ့ပေါ့ပါးပါး အချစ်ဒရာမာလေးတစ်ခု ရောက်ရှိလာပါပြီ။ကောင်မလေးတစ်ယောက်မှာ ရည်းစားကိုးယောက်ရှိနေပါသတဲ့။ အဲ့ရည်းစားတစ်ယောက်ချင်းစီကလည်းချောမောခန့်ညားပြီး နယ်ပယ်အသီးသီးမှာအောင်မြင်ကြသူတွေဖြစ်ပါတယ်။စူးနွမ်နွမ်ဆိုတဲ့ Blind box ဒီီဇိုင်နာကောင်မလေးဟာ ဘဝမှာ အမြဲတမ်းကံဆိုးမှုတွေနဲ့ပဲကြုံတွေ့နေရသူပေါ့။ သူမရဲ့မွေးနေ့မှာ တောင်းဆုတစ်ခုပြုမိရင်း အံ့ဩဖွယ်ရာတွေသူမဘဝမှာကြုံတွေ့လာရတဲ့အခါ...ဘယ်လိုကံကောင်းမှုတွေသူမဘဝမှာဖြစ်ပေါ်လာသလဲဆိုတာ စောင့်ကြည့်လိုက်ကြရအောင်။========================= Quality : WEB-DL 1080p , 720p Total Episodes : 24 Format : mp4 Genres : Romance, Drama, Fantasy Runtime : 35 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Yin Wai Phyo Encoded by LK ====================================== Ep 1 (720p) - Yoteshin/ Userdrive/ Megaup/ Streamwish/ Meganz Ep 1 (1080p) - Yoteshin/ Userdrive/ Megaup/ Streamwish/ Meganz Ep ...
Limited 72 Hours Of Love
2024
8.8
A Will Eternal (2020)
MyAnimeList 7.8/10 IMDb 7.9/10သိုင်းဝတ္ထုတွေမှာဆိုရင် Wuxia, xuanhuanနဲ့ xianxiaဆိုပြီး အကြမ်းဖြင်းရှိပါတယ်။ Wuxiaမှာဆိုရင် ဆရာကြီး ကျင်းယုံရဲ့ universeက နာမည်ကြီးပြီး ( ရှောင်ဖုံး၊ ကောကျင့်၊ ကျန်းဝူကျိ၊ လင်ဟူချုံး) Xianxiaမှာဆိုရင် Ergen verseက နာမည်ကြီးပါတယ်။ (မြန်မာဝတ္ထုတွေထဲမှာဆိုရင် ထူးထူးခြားခြား မင်းသိင်္ခဝတ္ထုတွေမှာ ဆားပုလင်းနှင်းမောင်universeဖြစ်နေအောင် ဇာတ်လမ်းဆင်ထားပါတယ်။ ဥပမာ ဆားပုလင်းနှင်းမောင်၊ စနေမောင်မောင်၊ မိုးသီး၊ ပုဏ္ဏားဘကွန်း)Ergen Verseအကြောင်းအကြမ်းဖြင်းပြောရမယ်ဆိုရင်တော့ အရင်ဆုံး ဆရာErgenရဲ့ထွက်ရှိထားတဲ့ဝတ္ထုတွေကိုပြောပါရစေ။1. Renegade Immortal (နှောင်ဖွဲ့ခြင်းကင်း တန်ခိုးရှင်) 2. Pursuit of the truth (အမှန်တရားရှာပုံတော်) 3. I shall see the heaven (ကောင်းကင်တံခါးငါပိတ်မယ်) 4. A Will Eternal (ထာ၀ရအသက်ရှည်လိုသော်) 5. A World Worth Protecting (ကာကွယ်သူတို့ကမ္ဘာ) တို့ပါ။Animeအနေနဲ့ Renegade Immortal, A will eternal, a world worth protectingတို့ ထွက်ထားပါတယ်။ အခုတင်ဆက်ပေးမှာကတော့ Er Gen Verseရဲ့ အမွှေစိန်ပိုင်ရှောင်ချန်းဇာတ်လမ်းပါ။ ဝတ္ထုဖတ်ထဲကလအရမ်းခွီရသလို ဆွဲထားတဲ့ပုံစံက နီကျားပုံစံမျိုးမလို့ ...
8.8
TMDb:
8.8/10
11 votes
tv
A Will Eternal (2020)
2020
The Legend of Heroes (2024)
မက်မွန်မြေကချစ်တေးတစ်ပုဒ် or သူရဲကောင်းတို့ရဲ့ဒဏ္ဍာရီအသစ်ထွက်ရှိလာတဲ့ The Legend of Heroes (2024) သိုင်းကားစစ်စစ်ဖြစ်ပါတယ် ဂန္ဓာဝင်စာရေးဆရာကြီး ကျင်းယုံရဲ့ လက်ရာဖြစ်တဲ့ Condor Trilogy ထဲက ပထမဆုံး စာအုပ်ကို ပြန်လည်ဆန်းသစ်ရိုက်ကူးတင်ဆက်ထားခြင်းဖြစ်ပါတယ်သိုင်းကားစစ်စစ် ငတ်နေကြတဲ့ သိုင်းပရိသတ်တွေအတွက်တော့ မျှော်လင့်ထားရမယ့် စီးရီးတွဲတခုဖြစ်ပါတယ် 2020 နောက်ပိုင်း ဆရာကြီးကျင်းယုံရဲ့ Novel တွေကို ပြန်ရိုက်သမျှ Remake တွေလိုပဲ အစဉ်အလာမပျက် Fail ဦးမလား ဒါမှမဟုတ် အောင်မြင်မှာလားဆိုတာတော့ ကျွန်တော်တို့ဆက်လက်ရှုစားကြရအောင်ပါရိုက်ကူးရေးမှာတော့ Director ၅ ယောက် နဲ့ Screen Writer ၅ ယောက် ပါဝင်ထားပါတယ် Part တွေခွဲပြီးရိုက်ကူးသွားကြမှာဖြစ်ပြီး Shen Li ရဲ့ ဒါရိုက်တာ အပြင် Legend Of Zhuo Hua ရဲ့ ဒါရိုက်တာလဲပါဝင်ကြောင်းသိရပါတယ်ဇာတ်လမ်းကောင်းတွေကိုရိုက်ကူးခဲ့တဲ့ ဒါရိုက်တာတွေလဲ ပါဝင်ကြတာဖြစ်တဲ့အတွက် မျှော်လင့်ဖို့ထိုက်တန်တဲ့ Drama လေးတခုအဖြစ် သိုင်းပရိသတ်တွေရင်ခုန်နေမှာအမှန်ပါပဲဒီဇာတ်လမ်းရဲ့ မူရင်းဝတ္ထုဖြစ်တဲ့ The Legend of the Condor Heroes (射鵰英雄傳) ကို ၁၉၅၇ ခုနှစ်မှာ ပထမဆုံးအကြိမ် စတင်ထုတ်ဝေခဲ့ပါတယ် အခု ထွက်လာမဲ့ ...
The Legend of Heroes (2024)
2024
Jade’s Fateful Love (2024)
ဒီဇာတ်လမ်းလေးကတော့ တွေ့မြင်နေကျ ဇာတ်လမ်းတွေနဲ့မတူတစ်မျိုးကွဲထွက်ပြီး romance , supernatural စတဲ့ genre တွေနဲ့အတူတစ်မျိုးတစ်ဖုံ စိတ်လှုပ်ရှားစွာနဲ့ကြည့်ရှုရမဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ် ။ဇာတ်လမ်းအညွှန်းလေးကတော့ -ကျောင်းစိမ်းပြားလေးတစ်ပြားဟာ ယွဲ့လင်နဲ့ ကျိုးရှစ်ယွီတို့ကိုထူးခြားဆန်းကြယ်တဲ့ကံကြမ္မာတစ်ခုယူဆောင်လာပေးခဲ့ပါတယ် ။အဲဒါကတော့ တုန်းယွီပြည်နဲ့ ပေရှော့ပြည်နှစ်ပြည် လက်ဆက်မင်္ဂလာအတွက်တုန်းယွီပြည်က မင်းသမီးလေးကို ပေရှော့ပြည်ကိုပြန်ခေါ်သွားတဲ့လမ်းမှာသူပုန်တွေနဲ့တိုးပြီး သေသွားတိုင်း ပြန်ပြန်ရှင်နေခဲ့တာပါ ။ဒီလိုနဲ့နှစ်ယောက်သား ဒီအခက်အခဲကို အဖြေရှာဖို့အတွက်မတည့်တဲ့ကြားက ခင်မင်ရင်းနှီးသွားကြပြီးတော့ဆန်းကြယ်တဲ့ကံကြမ္မာဟာလည်း စတင်ခဲ့ပါတော့တယ် ။ဒီကျောက်စိမ်းပြားက သူတို့၂ယောက်အတွက် ဘယ်လိုထပ်ပြီးတော့ဆန်းကြယ်တဲ့ကံကြမ္မာတွေယူဆောင်လာပေးမလဲ။နှစ်နိုင်ငံဆက်ဆံရေးနဲ့ဆက်နွယ်နေတဲ့ မင်္ဂလာပွဲကရော ဘယ်လိုဖြစ်သွားမလဲ။သူတို့ကြားက အချစ်ရေးကရော ဘယ်လိုအဆင်ပြေလာနိုင်မလဲဆိုတာကိုစိတ်ဝင်စားဖွယ် ဇာတ်လမ်းလေးထဲမှာ လိုက်ပါကြည့်ရှုလိုက်ကြပါအုံးနော် ။==================================Quality : WEB-DL 720p, 1080p Total Episodes : 24 Format : mp4 Genres : Drama, Romance, Historical Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated ...
Jade’s Fateful Love (2024)
2024
The Tale of Rose (2024)
အားလုံးစောင့်မျှော်နေကြတဲ့ နာမည်ကြီးမင်းသမီး Liu Yi Fei နဲ့ နာမည်ကြီး မင်းသား ၅ ယောက်ပါဝင်သရုပ်ဆောင်ထားတဲ့ The Tale of Rose ဇာတ်လမ်းတွဲကိုတော့ ဒီနေ့ကစပြီး ကြည့်ရှုရတော့မှာပဲ ဖြစ်ပါတယ်မူရင်းဝတ္ထုကိုရေးတဲ့ စာရေးဆရာမက မကြာသေးခင်ကမှ ပြီးသွားတဲ့ Xu kai နဲ့ Yang Zi သရုပ်ဆောင်ထားတဲ့ Best Choice Ever ကို ရေးခဲ့တဲ့ စာရေးဆရာမ Yi Shu မို့ ဒီတစ်ခါလည်း အမျိုးသမီး ဇာတ်ကောင်တွေကို အသားပေးပြီးရေးတတ်တဲ့ ဆရာမရဲ့ လက်ရာကောင်းတစ်ပုဒ်ကို ကြည့်ရှုရဦးမှာပါဇာတ်လမ်းအညွှန်းပညာတတ်မိသားစုမှာ မွေးဖွားလာခဲ့တဲ့ ဟွမ်ယိမေ (Liu Yi Fei) ဟာ မိသားစုရဲ့ ကာကွယ်စောင့်ရှောက်မှုအောက်မှာ ကောင်းမွန်စွာကြီးပြင်းလာရသလို ငယ်စဥ်ကတည်းကစပြီး သူ့ရဲ့ အနုပညာပါရမီတွေကို ထုတ်ဖော်ပြသနိုင်ခဲ့တဲ့ မိန်းကလေးတစ်ဦးလည်း ဖြစ်ပါတယ်အဲဒီနောက်မှာတော့ လုပ်ငန်းခွင်ထဲကို စတင်ဝင်ရောက်လာတဲ့ ဟွမ်ယိမေဟာ ထူးချွန်တဲ့အရည်အချင်းတွေကြောင့် နေရာပေးခံခဲ့ရသလို မကြာခင်မှာ လုပ်ဖော်ကိုင်ဖက် ကျွမ့်ကော်တုန်း (Peng Guanying) နဲ့ ချစ်သူတွေ ဖြစ်သွားခဲ့ပေမဲ့ သူ့တို့ရဲ့ ...
The Tale of Rose (2024)
2024
7.8
Joy of Life (Season 2)
2019 နှစ်ကုန်ကနေ 2020 နှစ်ဆန်းအထိ ထုတ်လွှင့်ခဲ့တဲ့ Joy Of Life Season 1 ရဲ့ အဆက်ဖြစ်တဲ့ Season 2 ကိုတော့ ဒီနေ့မှာ စကြည့်ရတော့မှာပါနော်ဒီ Season 2 မှာတော့ Season 1 တုန်းက ယန်ပင်းယွင်နေရာမှာ သရုပ်ဆောင်ခဲ့တဲ့ Xiao Zhan နဲ့ ယဲ့လင်အာနေရာမှာ သရုပ်ဆောင်ခဲ့တဲ့ Han Jiu Nuo က လွဲလို ကျန်တဲ့ဇာတ်ကောင်တွေအားလုံးက Season 1 က အတိုင်း ပြန်ပါလာတာမို အရင် Season 1 တုန်းကလို ရသအပြည့်နဲ့ ကြည့်ရဦးမှာပါအရင် Season 1 ရဲ့ ဇာတ်သိမ်းပိုင်းမှာ မင်းသား ၂, မင်းသမီးကြီးနဲ မင်းအိမ်တော်တို ပူးပေါင်းသွားတဲ့အပြင် ဖန့်ရှန်ကို သူတိုဘက်တော်သားဖြစ်အောင် သိမ်းသွင်းဖို ဖန့်ရှန်ရဲ့ ဆရာဖြစ်သူ ဖေ့ကျဲ့, ထန်ကျစ်ကျင်းရဲ့ သားလေးအပြင် ဖန့်စစ်ကျယ်တိုနဲ့ အကျပ်ကိုင်ပြီး ...
7.8
TMDb:
7.8/10
51 votes
tv
Joy of Life (Season 2)
2019
Men In love
Hu Yi Tian နဲ့ Liang Jie ရဲ့ လူငယ်အချစ်ဇာတ်လမ်းလေးလာပါပြီ။ စည်းကမ်းကြီးပြီး ဝီရိယရှိပြီးကြိုးစားတဲ့ မဂ္ဂဇင်းအယ်ဒီတာချုပ်ဖြစ်တဲ့ ယဲ့ဟန်ဟာ ချစ်စရာကောင်းပြီးကပျက်ကချော်နိုင်တဲ့အားကစားဆရာမလေးလီရှောင်းရှောင်းကို တိုက်တိုက်ဆိုင်ဆိုင် အခက်အခဲတွေကနေကူညီပေးမိတယ်။ အတိတ်ကအဖြစ်အပျက်တွေကြောင့် အချစ်ဆိုတဲ့အဆင့်ထိသွားဖိုခက်ခဲနေကြတယ်။ စိတ်အားထက်သန်ပြီးတော့တည့်တိုးဆန်တဲ့ မဂ္ဂဇင်းထုတ်ဝေသူ ရွှကျားချန်ဟာ အရင်တုန်းကလက်တွဲလုပ်ဖူးတဲ့ မော်ဒယ်ထုံယီဝမ်နဲ့ပြန်ဆုံခဲ့တယ်။သူတိုနှစ်ယောက်ဟာ အချစ်ရေးနဲ့အလုပ်အကိုင်ကို မျှတနိုင်ဖိုကြိုးစားနေကြတယ်။ သူတို(၄)ယောက်ရဲ့ပတ်သက်မှုက ရှောင်းရှောင်းကကျားချန်ကိုတိတ်တခိုးချစ်နေမိတဲ့အတွက် ရှုပ်ထွေးလာပြီးစစ်သပ်မှုတွေနဲ့ပြည့်လာခဲ့တယ်။ ယဲ့ဟန်ဟာရှောင်းရှောင်းအားငယ်နေချိန်မှာ အမြဲစောင့်ရှောက်ပေးခဲ့တော့နောက်ဆုံးမှာ ရှောင်းရှောင်းကယဲ့ဟန်ရဲ့အချစ်ဒဏ်ရာတွေပျောက်သွားအောင်လုပ်ပေးနိုင်သွားပါတယ်။ အဲဒီအချိန်မှာပဲ ကျားချန်နဲ့ယီဝမ်ကစမ်းစစ်မှုတွေကိုကျော်ဖြတ်နိုင်သွားခဲ့တယ်။ လူငယ်စုံတွေလေးတွေကြုံတွေ့တတ်တဲ့အခက်အခဲတွေနဲ့ အချစ်အကြောင်းကိုဖော်ကျူးထားတဲ့ ဒရာမာလေးကိုစောင့်ကြည့်လိုက်ပါဦးနော်။ ====================================Quality : WEB-DL 1080p , 720p Total Episodes : 40 Format : mp4 Genres : Romance, Drama Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK=====================================Ep 1 (720p) - Yoteshin/ Userdrive/ Megaup/ ...
Men In love
2024
7.8
Joy of Life (Season 1)
မကြာခင်မှာ Season 2ထွက်တော့မှာဖြစ်လို့ Season 1 ကို ပြန်နွှေးဖို့အတွက် ကြည်ကြည်လင်လင်နဲ့ကြည့်လို့ရအောင်ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်ဒီဇာတ်ကားလေးက 2019ခုနှစ်ရဲ့ အအောင်မြင်ဆုံးဇာတ်လမ်းတွေထဲက တစ်ခုဖြစ်ခဲ့ပြီး Douban score 7.9 နဲ့ တော်တော်လေးလူကြိုက်များခဲ့တဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ် ။ဇာတ်လမ်းလေးကလည်း သာမန်နဲ့မတူတဲ့ ရသမျိုးပေးစွမ်းနိုင်ပြီးတော့ မြင်တွေ့နေကျဇာတ်လမ်းမဟုတ်တာကြောင့် ကြည့်မိရင် တကယ်နောင်တရမှာတော့မဟုတ်ပါဘူး ။ဇာတ်ကားရဲ့အဓိကဇာတ်ကောင်ဖြစ်တဲ့ ဖန့်ရှန်ဟာ ဒီဘက်ခေတ် 21ရာစုရဲ့ မှတ်ဉာဏ်တွေနဲ့ ရှေးခေတ်ချင်မင်းဆက်ခေတ်မှာမွေးဖွားလာခဲ့တာပါ ။ သူကမွေးလာကတည်းက နယ်မြို့လေးမှာ အဘွားဖြစ်သူကပျိုးထောင်လာခဲ့တာပါ ။ဒါပေမဲ့ သူ့ရဲ့အဖေဖြစ်သူက ဘဏ္ဍာရေးဌာနက စစ်နန်အမတ်ကြီး ဖန့်ကျန့်နဲ့ အမေဖြစ်သူကလည်း နန်းမြို့တော်မှာအတော်ဆုံးတီထွင်သူ အချမ်းသာဆုံးသူတစ်ယောက်ဖြစ်ပါတယ် ။ သူကရိုးရိုးနယ်မြို့လေးမှာနေပေမဲ့ နောက်ခံကမရိုးရှင်းတော့ မကြာခဏဆိုသလိုသူ့ကိုလိုက်သတ်ကြတဲ့သူတွေရှိလာပါတယ် ။အရွယ်ရောက်လာတဲ့ဖန့်ရှန်တစ်ယောက် သူ့မှာဘာလို့ 21ရာစုက မှတ်ဉာဏ်တွေရှိနေလဲဆိုတာရယ် ၊ ဘာလို့သူ့ကိုလိုက်သတ်နေကြတာလဲဆိုတဲ့အကြောင်းရယ် ၊ တမူထူးခြားတဲ့သူ့အမေနဲ့ပတ်သတ်တဲ့အကြောင်းပိုသိချင်တာရယ်ကြောင့် နန်းမြို့တော်ကိုလာခဲ့ပါတော့တယ် ။ဖန့်ရှန့်တစ်ယောက်နန်းမြို့တော်မှာ ဘယ်လိုအခက်အခဲတွေကြုံတွေ့လာမလဲ ? တော်ဝင်မျိုးနွယ်ကအုပ်ချုပ်နေတဲ့ အမေဖြစ်သူရဲ့ပိုင်ဆိုင်မှုတွေကိုရောပြန်ယူနိုင်မလား ? နန်းတော်ထဲမှာရော ဘယ်လိုအတားအစီးတွေက စောင့်ကြိုနေမလဲဆိုတာကို စိတ်ဝင်စားစရာကြည့်ရှုရမှာဖြစ်လို့ ဆက်ဆက်စောင့်ကြည့်ဖို့မမေ့ပါနဲ့Quality : 1080p Format : mp4 Total Episodes : 46 Genres : Mystery , Romance , ...
7.8
TMDb:
7.8/10
50 votes
tv
Joy of Life (Season 1)
2019
What If ( 2024 )
Liu Xue Yi,Zhong Chuxi နဲ့ Lin Yu Shen တိုဇာတ်ကားအသစ်လေးကိုတင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းအကျဉ်းလေးကတော့ စျေးကွက်စီးပွားရေးကိုစိတ်ဝင်စားပြီးတော့ အောင်မြင်တဲ့အမျိုးသမီးတစ်ယောက်ဖြစ်ချင်တဲ့ Xia Guoဘ၀ကြီးကအချစ်မရှိရင်အရသာမရှိတဲ့ရေလိုပဲဆိုသလို တစ်ဖက်မှာလည်းအောင်မြင်တဲ့သူတစ်ယောက်ဖြစ်ချင်သလို အချစ်ကိုလည်းမစွန့်လွှတ်နိုင်တဲ့သူဖြစ်တဲ့အတွက်ကြောင့် ချစ်သူဖြစ်တဲ့ Yu Jian ကိုပါ သူနဲ့အတူရှန်ဟိုင်းကိုလိုက်ဖိုအတင်းခေါ်ပါတော့တယ်ဒီဇိုင်းပညာမှာထူးချွန်ပြီးတော့ တခြားနေရာမှာအလွယ်တကူအလုပ်လုပ်လိုရပေမဲ့ အေးရာအေးကြောင်း ချစ်ရတဲ့သူတွေနဲ့ဇာတိမြေမှာပဲအခြေချချင်တဲ့ Yu Jian တစ်ယောက် ချစ်သူလေးကြောင့် ရှန်ဟိုင်းမှာအလုပ်သွားလုပ်ဖို စဉ်းစားရပါတော့တယ်အကျင့်စရိုက်မတူတဲ့ချစ်သူနှစ်ဦး လောကဓံရဲ့ရိုက်ခတ်မှုတွေကြားမှာ ဆက်ပြီးလက်တွဲမြဲဦးမှာလား Xia Guo ကရော ဇာတိမှာ ချစ်သူလေးနဲ့အတူ သာယာတဲ့ဘ၀လေးမှာဖြတ်သန်းဖိုရွေးချယ်မှာလား ဒါမှမဟုတ် အောင်မြင်နိုင်ဖိုအခွင့်အရေးကိုဖမ်းဆုပ်ရင်း မြိုကြီးမှာနေဖြစ ေမှာလားဆိုတာ ဒီဇာတ်လမ်းတွဲမှာစောင့်ကြည့်ရမှာဖြစ်ပါတယ်။====================================Quality : WEB-DL 1080p , 720p Total Episodes : 20 Format : mp4 Genres : Romance, Historical, Drama Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed ...
What If ( 2024 )
2024
Lady Revenger Returns From the Fire
လော်အိမ်ရဲ့သမီးအကြီးဆုံးဖြစ်တဲ့ လော်အိုက်လျန်ဟာ မမျှော်လင့်ထားတဲ့အရှုပ်အထွေးတွေကြားမှာ ဖခင်ဖြစ်သူသေဆုံးခဲ့ရပြီး၊ သူမကို လူသတ်တရားခံအဖြစ်လည်းစွပ်စွဲခံခဲ့ရပါတယ်။ ညတွင်းချင်းမှာ အိမ်တော်တစ်ခုလုံးပြိုလဲသွားခဲ့ပြီး အရာအားလုံးကိုဆုံးရှုံးလိုက်ရတဲ့သူမဟာ ဖခင်ဖြစ်သူကိုသတ်တဲ့တရားခံကို ဖော်ထုတ်ဖို့ကြိုးစားရင်း အသက်အန္တရာယ်ထိ ထိခိုက်ခဲ့ပြန်ပါတယ်။လော်အိုက်လျန်တစ်ယောက် သေဆုံးသွားပြီလို့အများကထင်ခဲ့ကြပေမယ့်သူမဟာသေရွာကပြန်ပြီး ပို့ဆောင်ရေးဂိုဏ်းတစ်ခုဖြစ်တဲ့ ရှန်အိမ်ရဲ့သမီးကြီးရှန်တန်းချင်းအဖြစ် ပြန်လည်ပေါ်ထွက်လာခဲ့ပါတယ်။အရင်းနှီးဆုံးလူတွေဆီက သစ္စာဖောက်ခံခဲ့ရတဲ့သူမဟာ ပျော့ညံ့ပြီးယုံလွယ်တဲ့မိန်းမငယ်လေးအဖြစ်ကနေ သန်မာရက်စက်တဲ့အမျိုးသမီးတစ်ဦးဖြစ်လာခဲ့ပါတယ်။ ရန်သူတွေပတ်လည်ဝိုင်းနေတဲ့သူမရဲ့ကလဲ့စားခရီးစဥ်မှာပါဝင်လာသူကတော့ မြို့စောင့်စစ်သူကြီး ရွှီချန်ဖုန်းပါ။ပျောက်ဆုံးနေတဲ့ဘဏ္ဍာတွေကိုရှာနေတဲ့စစ်သူကြီးရွှီနဲ့အတူ သူမရဲ့ကလဲ့စားချေမယ့်လမ်းမှာအနိမ့်အမြင့်အတက်အကျတွေကို ကြုံတွေ့ပြီးနောက်မှာတော့ သူတို့နှစ်ဦးကြားမှာသံယောဇဥ်ကြိုးလေးတွေရစ်နှောင်မိကြတဲ့အခါမှာတော့ စိတ်လှုပ်ရှားဖွယ်ရာဇာတ်လမ်းတစ်ပုဒ် ဖြစ်ပေါ်လာပါတော့တယ်။====================================Quality : WEB-DL 1080p , 720p Total Episodes : 24 Format : mp4 Genres : Romance, Historical, Drama Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Yin Wai Phyo Encoded by LK===================================== Ep 1 (720p) ...
Lady Revenger Returns From the Fire
2024
Young Babylon
ဒီဇာတ်ကားလေးကတော့ Youthful vibe အပြည့်နဲ့ ro-com ဇာတ်လမ်းလေးတွေကြိုက်တတ်တဲ့ပရိသတ်ကြီးအတွက်အကြိုက်တွေ့စေမဲ့ ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ် ။ဇာတ်လမ်းအညွှန်းလေးအနေနဲ့ -သူမွေးဖွားလာတဲ့ အလုပ်သမားလူတန်းစာဘဝကလွဲပြီး ကျန်တာဘာကိုမှမသိတဲ့ လုရှောင်လုတစ်ယောက် ဘဝကိုသူအမြဲတမ်းတွေးထားသလိုပုံစံအတိုင်းပဲစတင်ခဲ့ပါတယ် ။1990ပြည့်နှစ် သူ့ဆယ်ကျော်သက်အရွယ်မှာတင် မြိုကစက်ရုံလေးမှာအလုပ်ဝင်ခဲ့ပြီးတော့ ဘေးပတ်ဝန်းကျင်နဲ့လိုက်လျောညီထွေနေဖိုနဲ့အတူ ဖိအားတွေကိုပါစတင်ခံစားခဲ့ရပါတယ် ။ဒီလိုနဲ့ တိုးတတ်လာတဲ့တရုတ်ပြည်ရဲ့စီးပွားရေးနဲ့အတူ လုပ်ငန်းခွင်ထဲမှာ သင်ခန်းစာယူရင်း သူနေထိုင်တဲ့ပတ်ဝန်းကျင်ထက်ပိုပြီးကျယ်ပြန့်တဲ့နေရာ စီးပွားရေးလုပ်ကွက်တွေကိုပါမြင်လာတဲ့အခါမှာတော့ လုရှောင်လုတစ်ယောက်သူ့ကိုပျော်ရွှင်စေမဲ့လမ်းကိုပဲလျှောက်ဖိုဆုံးဖြတ်လိုက်ပါတော့တယ် ။ဇာတ်ကားလေးက ငယ်ငယ်ရွယ်ရွယ်ကောင်လေးတစ်ယောက်ဘဝတိုက်ပွဲဝင်ရင်း ကိုယ်ပိုင်ပျော်ရွှင်မှုကိုရှာဖွေသွားမဲ့ဇာတ်လမ်းလေးဖြစ်လို လုရှောင်လုရဲ့ဘဝဇာတ်ခုံကိုအတူတူခံစားကြည့်လိုက်ရအောင်ပါရှင် ။ ====================================Quality : WEB-DL 1080p , 720p Total Episodes : 26 Format : mp4 Genres : Romance, Drama Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Kay Encoded by LK===================================== Ep 1 (720p) - Yoteshin/ Userdrive/ Megaup/ Steamwish/ Meganz Ep 1 ...
Young Babylon
2024
Will Love In Spring
မြိုပြလူနေမှုကြားမှာ နွေးထွေးတဲ့ဇာတ်ရုပ်တွေနဲ့ အချစ်ကိုအဓိကထားတဲ့ နွေးထွေးတဲ့ Healing Drama လေးတင်ဆက်ပေးနေပါပြီ။ ဒီဇာတ်ကားမှာ Li Xian နဲ့ Zhou Yu Tong တိုအဓိက သရုပ်ဆောင်ထားတဲ့အတွက်စောင့်ကြည့်ဖိုထိုက်တန်တဲ့ကားလေးပဲဖြစ်ပါတယ်နော်။ လူငယ်ဘဝတုန်းက ပုန်ကန်ပြီးခေါင်းမာတတ်တဲ့ ချန်မိုင့်သုန်းဟာ ဘဝရဲအချိုးအကွေ့တွေကြုံတွေ့ပြီးနောက် အလောင်းပြင်ဆရာဖြစ်လာခဲ့တယ်။ ကျွမ်းကျယ်ဟာ ကားအက်စီးဒင့်ကြောင့် ဒုက္ခိတဖြစ်ခဲ့ရတယ်ဒါပေမယ့် ပိုကောင်းတဲ့သူတစ်ယောက်ဖြစ်ဖိုအတွက် ကြိုးစားရင်း မြိုပြရဲ့လုပ်ငန်းခွင်မှာထိပ်တန်းဖြစ်လာခဲ့တယ်။ ပုန်ကန်တတ်တဲ့စရိုက်ရှိပေမယ့် အထီးကျန်တဲ့အလောင်းပြင်ဆရာတစ်ယောက်နဲ့ ခန္ဓာကိုယ်မှာချိုယွင်းချက်ရှိပေမယ့် သတ္တိရှိပြီးတောက်ပနေတဲ့ ထက်မြက်တဲ့မိန်းကလေးတစ်ယောက်တိုကြားက ရုန်းကန်ရင်း နားလည်မှုတွေတိုးပြီး အပြန်အလှန်လေးစားမှုတွေနဲ့ချစ်ကြည်နူးကြမယ့် Healing ဖြစ်စေမယ့် ဇာတ်လမ်းလေးကိုစောင့်ကြည့်လိုက်ပါဦးနော်။=================================================Quality : WEB-DL 1080p , 720p Total Episodes : 21 Format : mp4 Genres : Drama Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK===================================== Ep 1 ...
Will Love In Spring
2024
1
2
3
4
5
Next