Channel Myanmar

SBS

Why Her?(2022)
Why Her?(2022) Why Her?(2022) ဇာတ်လမ်းတွဲ***************************အပိုင်း ( ၁ မှ ၁၆ ) အထိ စ/ဆုံးကိုရီးယားရဲ့အကြီးမားဆုံး Tk Group ဉပဒေရုံး ကြီ:ရှိတယ်... အူဆူဂျယ်ဆိုတဲ့အမျိုးသမီးဟာ မထင်မရှားကျောင်းလေးကနေ ဥပဒေဘွဲ့ရရှိပြီးနောက် အလုပ်သင်ရှေ့နေ့ အဖြစ် TK မှာ ဝင်ရောက်လုပ်ကိုင်ခဲ့တယ်.... အမျိုးသမီးလည်းဖြစ်တယ် ... ကျောင်းကလည်းအထင်ကြီးစရာ မရှိ ပုံစံကလည်း ချမ်းသာတဲ့မိသားစုက ဆင်းသက်လာတဲ့ ပုံမဟုတ်တဲ့အတွက် စီနီယာတွေက ရုံးစာပို့အဆင့်လောက် သာဆက်ဆံကြတယ်...အစည်းအဝေးခန်းထဲက ခွေးလိုမောင်းထုတ် ပစ်တာတွေ...စားသောက်ပွဲတွေမှာ တစ်ယောက်တည်း ချန်ထားခဲ့တာတွေ... အခြားနိုင်လိုမင်းထက်များစွာနဲ့ ဆက်ဆံခံရတယ်.. .ဒီလို အနိုင်ကျင့်ခံရမှုတွေ ကြောင့်ပဲ အူဆူဂျယ်ဆိုတဲ့ မိန်းကလေးအပေါ် တစ်နေ့အမြင့်ဆုံးကို ငါရောက် ရမယ်ဆိုတဲ့ အားအင်တွေဖြစ်လာပုံရတယ်... ဒီစိတ်ကြောင့်ပဲ အချိန်ပြည့်အလုပ်ကို အာရုံစိုက်တဲ့အပြင် ထက်မြက်ပါးနပ်တဲ့ သူ့ဉာဏ်ရည်ကြောင့် တဖြည်းဖြည်းနဲ့ TKမှာ သူ့ အရှိန်အဝါဟာ ကြီ:မားလာတယ်.. ကုမ္ပဏီရဲ့ ငွေကြေးအများဆုံး ရှာပေးနိုင်တဲ့သူ ဖြစ်လာသလို အခြား အဖွဲ့အစည်းပေါင်းများစွာကလည်း ကမ်းလှမ်းခံလာရတယ်...ဒီလိုထိပ်ဆုံးကိုရောက်လာတဲ့ သူမဟာလည်း ငယ်ငယ်တုန်းက ထိုးနှက်ခံရတဲ့လူတွေကြောင့် လက်ရှိပတ်ဝန်းကျင်မှာလည်း လိုက်လျောညီထွေဖြစ်မနေဘူး.. ဒါ့ကြောင့်ပဲ ရန်သူတွေ မနာလိုတဲ့ သူတွေပတ်လည်ဝိုင်းနေသလို ဖြစ်နေတယ်...အဆိုးဆုံးက သူမှန်တက်ထင်ရင် အစိုးရပိုင်းက အကြီးအကဲတွေ တက်သမဖို့ အထိ အူဆူဂျယ်ဆိုတဲ့ အမျိုးသမီးဟာ လက်တွန့်မနေခဲ့ဘူး.... ဒီကားက ကားနာမည်အတိုင်း female lead ပေါ့..မင်းသမီးကြီး Seo Hyun Jin က အူဆူဂျယ်အဖြစ် သရုပ်ဆောင်ထားတယ်.. သူ့ဇာတ်လိုဖြစ်နေတဲ့အတွက်ကြောင့် လုပ်ကွက်တွေအများကြီး ရသလို မင်းသမီ:ကြီးက ...

Why Her?(2022)

2022
Woori The Virgin (2022) Complete 8
Woori The Virgin (2022) Complete Woori The Virgin (အညွှန်း)===================SBS ကနေဒီနေ့မှာစပြသတဲ့ Romcom series လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဒီကားလေးက 2014 တုန်းက USမှာထုတ်လွှင့်ခဲ့တဲ့ Jane The Virgin ကို remake ပြန်လည်ရိုက်ကူးထားတာဖြစ်ပြီး Im Soo Hyang, Sung Hoon, Shin Dong Wook, Hong JiYeon တို့က အဓိကပါဝင်ထားတာပဲဖြစ်ပါတယ်။Woori >> နာမည်ကြီးဇာတ်လမ်းတွဲတွေရဲ့လက်ထောက်စာရေးဆရာမတစ်ယောက်ဖြစ်ပြီး အသက် ၁၅နှစ်အရွယ်ကတည်းက ဘုရားသခင်ထံမှာ လက်မထပ်ခင်အချိန်အထိ အပျိုစင်ဘဝကိုထိန်းသိမ်းထားပါ့မယ်လို့ ကတိကဝတ်ပြုထားသူပါ။ ဒီလိုနဲ့အရွယ်ရောက်လာတော့ Gang Jae ဆိုတဲ့စုံထောက်နဲ့တွဲနေပြီး ရည်းစားသက်တမ်း ၂နှစ်ကြာအထိသူ့ရဲ့အပျိုစင်ဘဝကိုထိန်းသိမ်းထားတုန်းပါပဲ။ ရည်းစားဖြစ်သူကလည်း Woori ရဲ့ဆန္ဒကိုလေးစားပေးတဲ့သူပါ။Raphael >> Cosmetics ကုမ္ပဏီတစ်ခုရဲ့ CEO ဖြစ်ပြီး အပြင်ပန်းအရတော့သွေးအေးတဲ့ပုံစံဆိုပေမယ့် တကယ်ကအရမ်းရိုဆန်တတ်ပြီး တကယ်ချစ်ရတဲ့မိန်းကလေးနဲ့ဆုံစည်းလိုတဲ့သူပါ။ ဒါပေမယ့် တကယ့်လက်တွေ့ဘဝမှာတော့ Lee Ma Ri ဆိုတဲ့အမျိုးသမီးရဲ့အကွက်ချလက်ထပ်တာကိုခံထားရတဲ့ သနားစရာသူဌေးလေးဖြစ်နေပါတော့တယ်။ဒီလိုနဲ့တစ်နေ့မှာ Woori တစ်ယောက် ကျန်းမာရေးစစ်ဆေးမှုလုပ်ရင်း OG ရဲ့မှားယွင်းမှုကြောင့် ဖန်ပြွန်သန္ဓေတည်သွားပါတော့တယ်။ ဒီကလေးရဲ့အဖေဖြစ်သူက အိမ်ထောင်သည် Raphael ဖြစ်နေတဲ့အခါ Woori တစ်ယောက် ...
8
TMDb: 8/10 8 votes
tv

Woori The Virgin (2022) Complete

2022
Six Flying Dragons(2015) 8.1
Six Flying Dragons(2015) Six Flying Dragons(2015) ဇာတ်လမ်းတွဲအညွှန်း****************************************အပိုင်း ( ၁ မှ ၅၀ ) ထိ စ/ဆုံးကိုးရီးယားက သမိုင်းနောက်ခံစီးရီးတွေများစွာရိုက်ကူးခဲ့ပေမဲ့ ဒီအထဲမှာအကောင်းဆုံးကိုပြပါဆိုရင်Six Flying Dragons ဆိုတဲ့စီးရီးပါပဲ...အကောင်းဆုံး ဒရမ်မာဆု , သရုပ်ဆောင်ဆု  ထိပ်တန်းဆုပေါင်းများစွာကို၂၀၁၅နဲ့ ၂၀၁၆မှာ သိမ်းကြုံးယူသွားခဲ့ပါတယ်...ဒါ့ကြောင့် ဒီစီးရီးကို ကြည့်ဖို့တော့လုံးဝ ရာနှုန်းပြည့်ညွှန်းဆိုပါတယ်..အက်ရှင်ခန်းတွေလည်းအတော်မိုက်သလိုSetting တွေ Constume Design တွေကလည်း အသေးစိတ်ကျပြီး အခန်းတိုင်း မျက်စိပသာဒဖြစ်ပါတယ်...တစ်ချို့ကြည့်ပြီးသားဖြစ်ပေမဲ့ပြန်ကြည့်ချင်တဲ့သူတွေအတွက်လည်း 1080P ကိုကြည်တောက်ရှင်းနေအောင် ပြုလုပ်ပေးထားပါတယ်... ဒီဇာတ်လမ်းတွဲကြီးကို ဇာတ်အိမ်တည်ထားတဲ့ ‌ကာလအပိုင်းအခြားကတော့ ခြစားမှုတွေနဲ့ယိုယွင်းပျက်စီးလာနေတဲ့ ဂိုလျောခေတ်အကုန် ဂျိုဆွန်းခေတ်စဖို့ ဦးတည်နေတဲ့အချိန်ပါပဲ။ရှေးခေတ်ကားဆိုသော်ငြား နန်းတွင်းထဲမှာ ဘုရင်တွေကို လုပ်ကြံ၊ မိဖုရား၊ကြင်ယာတော်တွေ အာဏာလုပုံမျိုးကို မြင်တွေ့ရမှာမဟုတ်ဘဲ နိုင်ငံရေးသဘောသဘာဝကိုပဲအကျယ်ချဲ့ပြီး ရိုက်ပြပေးထားတာမလို့ လက်ရှိအချိန်နဲ့ ယှဉ်ထိုးကြည့်ရင်တောင်နားလည်သဘောပေါက်လွယ်မဲ့ နိုင်ငံရေးလှည့်ကွက်တွေ အစုံအလင်ပါဝင်နေတာမလို့ကြည့်ရင်းနဲ့ စိတ်ဝင်စားလာစေပါတယ်..အာဏာရလူမျိုးစုဖြစ်တဲ့ မျိုးရိုးမြင့်အရာရှိတွေက တိုင်းပြည်ယိုယွင်းပျက်စီးနေချိန်မှာတောင်ပြည်သူပြည်သားတွေအပေါ် ဘယ်လိုအမြတ်ထုတ်ယူပြီး ကိုယ်ကောင်းစားဖို့အတွက်ပဲ ကြံစည်ကြသလဲဆိုတာကိုပါသက်ကြီးဝါရင့်သရုပ်ဆောင်တွေက မာန်ပါပါနဲ့ ...
8.1
TMDb: 8.1/10 14 votes
tv

Six Flying Dragons(2015)

2015
Show!terview with Jessi (2020)
Show!terview with Jessi (2020) Show Iterview with Jessiအားလုံးရဲ့အချစ်တော် Rapper Queen Jessi ရဲ့ Showterview with Jessi အစီအစဉ်လေးလာပါပြီနော်ဒီအစီအစဥ်ကတော့ သာမန် interview အစီအစဥ်တွေနဲ့မတူဘဲ Rapper မမ Jessi က MC အဖြစ်နဲ့ တောင်ကိုရီးယားရဲ့ နာမည်ကြီး Idol တွေ အဆိုတော်တွေ သရုပ်ဆောင်တွေ နဲ့ အခြားနယ်ပယ်အသီးသီးက နာမည်ကျော်တွေကို ပွင့်ပွင့်လင်းလင်း လိုတိုရှင်း interview မယ့် အစီအစဥ်လည်းဖြစ်ပါတယ် MC နဲ့ Guest တွေရဲ့ လိုက်ဖက်တဲ့အချိတ်အဆက်တွေနဲ့ သာမန် interview အစီအစဉ်တွေနဲ့လုံးမတူတဲ့ ပုံစံတွေကိုမြင်တွေ့ရမယ့် အစီအစဥ်ဖြစ်ပါတယ်အခုစတင် တင်ဆက်ပေးလိုက်တာကတော့ Episode(69) ကနေဖြစ်ပြီး နောက်အပိုင်းတွေကို အပတ်စဉ် ကြာသပတေးနေ့တိုင်း Channel Myanmar မှာတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီအပတ်ရဲ့ Guest ကတော့ ITZY အဖွဲ့ပဲ ဖြစ်ပါတယ် Crazy in Love Album နဲ့ Comeback လုပ်ထားတဲ့ ITZY က ချစ်စရာကောင်မလေးတွေကို Jessi ...

Show!terview with Jessi (2020)

2020
Village Survival, the Eight (2018) 9
Village Survival, the Eight (2018) Village Survival The Eight Season 1 ======================အခုတစ်ခါမှာတော့ စီအမ်ပရိသတ်ကြီးတွေကို သဲလွန်စလေးတွေနဲ့ စဥ်းစားခန်းဖွင့်ရမဲ့ ပဟေဠိရှိးအစီအစဥ်လေးနဲ့ မိတ်ဆက်ပေးပါရစေအစီအစဥ်လေးရဲ့ နာမည်ကတော့ Village Survival The Eight ပဲဖြစ်ပါတယ် ဒီအစီအစဥ်လေးကတော့ SBS ရုပ်သံလိုင်းမှာ ၂၀၁၈ ခုနှစ်က ပြသခဲ့တာဖြစ်ပြီး Season 1,2 ဆိုပြီး ရာသီနှစ်ခု ထွက်ရှိထားပါတယ် Season နှစ်ခုစလုံးကိုစီအမ်ကနေပဲ တင်ဆက်ပေးသွားမှာမလို စောင့်မျှော်အားပေးဖို မမေ့ကြပါနဲ့နော်ဒါဆိုရင် Village Survival The Eight က ဘယ်လိုအစီအစဥ်မျိုးဖြစ်မလဲ....???The Eight ဆိုတဲ့အတိုင်းပဲ အဖွဲဝင် စုစုပေါင်း ၈ ယောက်ဟာ မီချူရီလိုအမည်ရတဲ့ ရွာလေးမှာ ဝှက်ထားတဲ့ ဝမ်သိန်းတစ်ရာကို သဲလွန်စတွေကနေ တစ်ဆင့်လိုက်ရှာရမှာဖြစ်ပါတယ်သဲလွန်စတွေကလည်း "ရော့ အင့်" ဆိုပြီး အဖြေချည်းသက်သက်ထိုးပေးသွားမှာ မဟုတ်ပါဘူး ရသမျှသဲလွန်စတွေကို ဖြေရှင်း တစ်ခုနဲ့တစ်ခု ချိတ်ဆက်ပြီး ...
9
TMDb: 9/10 3 votes
tv

Village Survival, the Eight (2018)

2018
Tree of Heaven(2006) 7
Tree of Heaven(2006) Tree of Heaven(2006) အညွှန်း*************************အပိုင်း ( ၁ မှ ၁၀ )ထိ စ/ဆုံး၂၀၀၆ ခုနှစ်တုန်းက ထွက်ရှိခဲ့ပြီး ဒီစီ:ရီးဟာ လူတော်တော်များများရဲ့ နှလုံးအိမ်ကို ဆွဲယူနိုင်စွမ်းရှိခဲ့တယ်..တစ်ချို့အတွက်ဒီစီးရီးဟာ ဘယ်တော့မှ ပြန်မကြည့်ဖြစ်တော့မဲ့ စီးရီးအဖြစ်သတ်မှတ်ခဲ့သလိုတစ်ချို့ကြတော့လည်း ယွန်းဆောနဲ့ ဟန်နာရဲ့  ဖြစ်အင်ကို စာနာချင်လို့ ဆွေးတမြည့်မြည့်ပြန်လည် ခံစားချင်တဲ့သူတွေရှိခဲ့ကြတယ်...မည်သို့ပင်ဆိုစေကာမူအမုန်းနဲ့လမ်းခွဲခဲ့တဲ့ တစ်ချိန်က အချစ်ဟောင်းကို ကျွန်တော်တို့ဟာ ရူးမိုက်စွာ အမှတ်တရလေးတွေဘယ်သူမှမသိအောင် တိတ်တဆိတ် တူးဆွခဲ့ဖူးကြတာပဲမလား...အဲ့ဒီတုန်းက DVDrip အမျိုးအစားက ရုပ်ထွက်သိပ်မကောင်းခဲ့လို့ အခု WEB-DL အကြည်လေးရလို့တင်ဆက်ပေးလိုက်ပါတယ်...Park Shin Hye ရဲ့အကြိုက်ဆုံးဒရမ်မာတွေထဲကတစ်ခုTree of heaven လို့ပြောလိုက်တာနဲ့ ဟန်နာနဲ့ ယွန်းဆောအိုပါး ဆိုတဲ့အသံလေးကို လူတိုင်းပြန်ကြားယောင်မိလောက်မှာပါ...ဟန်နာလေးဟာ ငယ်ငယ်လေးနဲ့ အဖေဖြစ်သူကို ဆုံးရှုံးခဲ့ရတဲ့တက်ကြွဖျက်လက်သော မိန်းကလေးဖြစ်ပါတယ် ...သူ့အမေ ဂျပန်ကိုပြန်လာတဲ့အချိန်မှာခင်ပွန်းအသစ်နဲ့သားဖြစ်သူ ယွန်းဆောဆိုတဲ့ ဂျစ်ကန်ကန်ကောင်လေးပါလာခဲ့တယ်...အဲ့ဒီနောက် လေချွန်သံလေး ချိုမျှမျှ....အေးစက်လွန်းတဲ့ နှင်းမှုန်တွေကြားထဲမှာ....Episodes: 10Duration: ...
7
TMDb: 7/10 2 votes
tv

Tree of Heaven(2006)

2006
Defendant(2017) 8.2
Defendant(2017) Defendant(2017) ဇာတ်လမ်းတွဲအညွှန်း**********************************အပိုင်း (၁ မှ ၁၈) အထိ  စ/ဆုံး"ကျွန်တော့်သမီးလေးဘယ်မှာလဲ....ကျွန်တော့်မိန်းမရော....မနေ့က အိမ်မှာကိုအခုကျွန်တော်ဘယ်ရောက်နေတာလဲ...."သွေးရူးသွေးတမ်းနဲ့ လူတစ်ယောက်အော်ဟစ်နေတယ်...တကယ်တော့သူဟာ ထောင်ထဲရောက်နေတာပါ...မိန်းမနဲ့မွေးထားတဲ့သမီးလေးကိုသတ်မှုနဲ့ သေဒဏ်ကျခံဖို့စောင့်နေရတဲ့ လူတစ်ယောက်... သို့ပေမဲ့ထောင်ထဲရောက်တာ တရားရင်ဆိုင်ရင်းနဲ့ဆို ၄လ ကာလ အချိန်ရှိနေပေမဲ့ သူ့မှတ်ဉာဏ်က အိပ်ရာက နိုးလိုက်တာနဲ့သမီးလေးမွေးနေ့ကျင်းပပြီးတဲ့လွန်ခဲ့တဲ့ ၄လဆီကကိစ္စကိုပဲမှတ်မိနေပြီး တခြားကိစ္စတွေတော့ဘာမမှတ်မိတော့ပါဘူး...သူ့ဘဝရဲ့အပြောင်းအလဲဟာ လူတိုင်းအတွက်မယုံနိုင်စရာကောင်းတယ်..သူဟာအရင်တုန်းက သိပ်ထက်မြက်တဲ့အမှုစစ်တစ်ယောက်....နားလည်ပေးတတ်တဲ့ ဇနီးသည်ရယ် ချစ်စရာကောင်းတဲ့ သမီးလေးရယ်နဲ့သူ့ဘဝဟာသိပ်ကိုကျေနပ်စရာကောင်းခဲ့တာ...ဒီလိုလူက ဇနီ:နဲ့သမီးကိုပြန်သတ်ခဲ့ပြီး ထောင်ထဲရောက်တော့လည်း မှတ်ဉာဏ်တွေဆုံးရှုံးနေတာ ဘာ့ကြောင့်လဲ....ဒီဇာတ်လမ်းတွဲဟာ အပိုင်းတိုင်းမှာ Twist တွေ တလှေကြီးပါသလို နည်းနည်းလေးတောင် ကျော်ကြည့်လို့မသင့်တဲ့စီးရီးတစ်ခုပါ...ချစ်ကြိုက်ကွဲငြားတွေ အရိုတစ်လိုင်းသမားတွေတော့လက်ရှောင်သင့်ပါတယ်.....ဗီလိန်နဲ့အဓိက ဇာတ်လိုက်တို့အားပြိုင်တာကလည်းတကယ်ကိုပွဲကြီ:ပွဲကောင်းပဲ...Penthouse မှာ ဂျူထန်းဒယ်အဖြစ်လူတွေပိုသိခဲ့တဲ့ မျက်လုံးမှေးကျဉ်းကျဉ်းဘိုးတော်ပေါ့...Drama of the Year ဆုကိုလည်း ကောင်းကောင်းကြီးသိမ်းပိုက်နိုင်ခဲ့ပါသေးတယ်....နှိုင်းသင့်လားမသိပေမဲ့ ဒီကားရိုက်တဲ့ဒါရိုက်တာက မိုက်ကယ်စကိုးဖီးတို့ရဲ့ Prison Break ကို တော်တော်စွဲလမ်းပုံရတယ်...အဲ့ဒီဟန်ပန်အချို့လည်းပါနေတယ်....ဇာတ်ရှိန်ကျတဲ့အခန်းကို မရှိပါဘူး..Thriller, Mystery, Law,Crime တွေလုံးဝစိတ်ဝင်စားတယ်ဆိုရင် 100% ညွှန်းဆိုပါတယ်....ကြည့်ကြပါလို့....Episodes: 18Duration: 60 MinQuality ...
8.2
TMDb: 8.2/10 18 votes
tv

Defendant(2017)

2017
A Business Proposal (2022) 8.0
A Business Proposal (2022) Business Proposal အညွှန်းကဲ..အားလုံး လည်တဆန့်ဆန့်နဲ့မျှော်နေတဲ့ကားလေးကို CM ကနေ ဦးဦးဖျားဖျားတင်ဆက်ပေးလိုက်ပါပြီနော်အိမ်မှာသမီးကြီးဖြစ်ပြီး အိမ်ရဲ့ဝန်ကိုကူထမ်းပေးနေရတဲ့ သာမန်ဝန်ထမ်းဖြစ်သူ ရှင်းဟာရီ...သူ့မှာ နှစ်အတော်ကြာပေါင်းလာခဲ့ပြီး ကြိတ် Crush နေရတဲ့ ယောကျ်ားလေးသူငယ်ချင်းတစ်ယောက်ရှိပြီး Crush ကတော့ crush တို့ရဲ့ထုံးစံအတိုင်း ဟာရီကလွဲပြီး ကောင်မလေးတိုင်းနဲ့တွဲခဲ့တဲ့သူပါ။အဲလိုနှလုံးသားရေးမှာပါ ကံမကောင်းတဲ့ ဟာရီတစ်ယောက် နောက်ထပ်သူငယ်ချင်းတစ်ယောက်ဖြစ်သူ သူဌေးသမီးလေး ဂျင်ယောင်ဆောကို အခကြေးငွေယူပြီး ကူညီပေးရင်းနဲ့ အမွေဆက်ခံသူ သူဌေးဂန်ထယ်မူနဲ့ တွေ့ဖို့အကြောင်းဖန်လာပါတယ်အကြောင်းကတော့ True love ကိုသာအယုံအကြည်ရှိပြီး ကိုယ်ချစ်တဲ့သူနဲ့သာ ယူချင်တာကြောင့် အိမ်ကစီစဉ်ပေးတဲ့ကြင်ဖက်တွေ့ဆုံပွဲကိုမသွားချင်တဲ့ ဂျင်ယောင်ဆောက ဟာရီကို အယောင်ဆောင်ခိုင်းပြီး ငြင်းခဲ့ဖို့လွှတ်လိုက်တာကနေစတာပါ အဲလိုကနေ တွေ့တွေ့ချင်းပဲ ဂန်ထယ်မူက ဟာရီ့ကို လက်ထပ်ပါ့မယ်လို့ ပြောလာတဲ့အခါမှာတော့....တိုက်ဆိုင်စွာနဲ့ပဲ ဟာရီရဲ့အလုပ်မှာ အသစ်ရောက်လာတဲ့ သူဌေးက ဂန်ထယ်မူဖြစ်နေတဲ့အခါ ဘယ်လိုတွေဆက်ဖြစ်ကြမလဲဆိုတာကို CM မှာအပတ်တိုင်း စောင့်မျှော်ကြည့်ရှုနိုင်ပါပြီလို့...မင်းသားမင်းသမီးတွေကလည်း နာမည်ကြီးတွေကိုမှ Office romance ကားလေးဖြစ်တာမလို့၊ ဘယ်လိုတွေရိုကြဦးမလဲဆိုတာကို စောင်ကိုက်ပြီးကြည့်ရမဲ့တစ်ကားထပ်တိုးလာကြောင်း ထာဝရ FA များကို အသိပေးရင်းတင်ဆက်လိုက်ပါတယ်ဗျ ...
8.0
TMDb: 8.0/10 votes
tv

A Business Proposal (2022)

2022
The Dog I Encountered (2021) 8.9
The Dog I Encountered (2021) The Dog I Encountered (2021)ဒီအစီအစဉ်လေးကတော့ လူသားတွေကြောင့် ထိခိုက်ဒဏ်ရာရပြီး စွန့်ပစ်ခံထားရတဲ့ ခွေးလေးတွေကို နာမည်ကြီး အနုပညာရှင်တွေက စောင့်ရှောက်ပေးကြမယ့် အစီအစဉ်လေးပဲဖြစ်ပါတယ်ဒီအပိုင်းလေးမှာတော့ လူမဆန်တဲ့လူတွေရဲ့ လုပ်ရပ်ကြောင့် ဒဏ်ရာအမြောက်အမြားရရှိထားပြီး ကောင်းကောင်း လမ်းမလျှောက်နိုင်တဲ့ ခွေးလေးကို ဆေးကုသ စောင့်ရှောက်ပေးနိုင်အောင် ကြိုးပမ်းကြပုံကို ရှုစားကြရမှာပါလူတွေကြောင့် စိတ်ဒဏ်ရာရထားလို့ အလွယ်တကူချဉ်းကပ်ဖို့ ခက်ခဲတဲ့ ခွေးလေးကို ဘယ်လိုမျိုး ပြုစုစောင့်ရှောက်မှုတွေ ပေးသွားကြမလဲခွေးလေးတွေကရော လူသားတွေကြောင့် ရခဲ့တဲ့ စိတ်ဒဏ်ရာကို ကျော်လွှားနိုင်ပြီး မိသားစု အသစ်နဲ့ တွေ့ဆုံသွားနိုင်မလားဆိုတာ ကြည့်ရှုခံစားလိုက်ကြပါဦးနော်စုစု‌‌ပေါင်း ၄ ပိုင်း ပါဝင်မှာပဲ ဖြစ်ပါတယ်.အညွှန်းကိုတော့ Theingi က ရေးသားပေးပြီးဘာသာပြန်ထားတာကတော့ CM Variety Pro Max ပဲ ဖြစ်ပါတယ် ။Genre.....Reality Quality….WEB-DL 1080p and 720p File size…1GB and 500MB Format…mp4 Duration….1h 15min Subtitle….Myanmar Subtitle (Hardsub) Translator ..... CM Variety Pro Max Encoder .....AugustVIP Link - ...
8.9
TMDb: 8.9/10 48 votes
tv

The Dog I Encountered (2021)

2021
Through the Darkness ( 2022 )
Through the Darkness ( 2022 ) မှုခင်းသည်းထိတ်ရင်ဖိုကားတွေကိုမှ ရင်တလှပ်လှပ်နဲ့ကြည့်ချင်သူCM ပရိသတ်ကြီးအတွက် ဒီတစ်ခေါက်မှာတော့Through the darkness ဆိုတဲ့ ကိုရီးယားစီးရီးလေးကို တင်ဆက်ပေးလိုက်ပါတယ်။ဒီကားလေးကတော့ ကိုရီးယားနိုင်ငံရဲ့ ပထမဆုံး profiler(မှုခင်းပုံဖော်သူ) အကြောင်းကိုရိုက်ကူးထားတာပါ။ကိုရီးယားနိုင်ငံအဝှမ်းမှာ ဖြစ်ပေါ်နေတဲ့ထိတ်လန့်ဖွယ်ရာကွင်းဆက်လူသတ်မှုရဲ့နောက်ကွယ်ကလူသတ်သမားကို ရဲဌာနကမလိုက်နိုင်တဲ့အခါမှာတော့အမေရိကန် FBI ရဲ့ Profile နည်းကို အသုံးချပြီးလူသတ်သမားကိုဖမ်းဖိုကြိုးစားကြပါတော့တယ်။ဒီလိုProfile ကိုလေ့လာတဲ့နည်းနဲ့ လူသတ်သမားရဲ့အတွင်းစိတ်ရိုင်းကို ပုံဖော်ပြီး အမှုလိုက်ကြမယ့်သူတွေကတော့ကိုရီးယားရဲ့ပထမဆုံးမှုခင်းပုံဖော်သူ Song Ha-young အဖြစ်မြန်မာပရိသတ်နဲ့မစိမ်းတဲ့ ဒေါသကြီးတဲ့ဖာသာလေး Kim Nam gilမှုခင်းကောက်ကြောင်းလိုက်တဲ့ဌာနရဲ့ ဌာနမှူးGook Young-soo အဖြစ် Jin Seon-kyuSMPA အဖွဲမှ စစ်ဆေးရေးအဖွဲမှူး Yoon Tae-goo အဖြစ်Kim So-jin တိုက ပါဝင်သွားမှာဖြစ်ပါတယ်။ဒီဇာတ်ကားလေးကိုကြည့်ရင်းရှုပ်ထွေးပြီးကြောက်စရာကောင်းတဲ့အမှုတွေကို သူတိုတွေ ဘယ်လိုဖြေရှင်းကြမလဲ ?သူတိုရဲ့ Profile ကောက်တဲ့နည်းကရော အောင်မြင်နိုင်ပါ့မလား ?နောက်ကွယ်မှာရော ဘယ်လိုအရှုပ်အထွေးတွေ ရှိနေဦးမလဲ ?ဆိုတာကို အသည်းတအေးအေးနဲ့ အဖြေရှာလိုက်ကြရအောင်နော်။  Quality : HDTV 720p Format : ...

Through the Darkness ( 2022 )

2022
The Secret Life of My Secretary(2019) 8.3
The Secret Life of My Secretary(2019) The Secret Life of My Secretary(2019) ဇာတ်လမ်းတွဲအညွှန်း*****************************************************အပိုင်း (၉ မှ ၁၆ ) ထိ(အစ/အဆုံး ရပါပြီ) Mobile Media Company တစ်ခုရဲ့ CEO ရာထူးကို မဲပေးရွေးချယ်ကြဖို့ အချိန်ကျခါနီးမှာဥက္ကဋ္ဌဖြစ်ရဲ့တူဖြစ်သူဟာ လုပ်ရည်ကိုင်ရည်အမြင့်ဆုံးဖြစ်နေတာကြောင့် မဲအများဆုံးရနိုင်ခြေရှိနေပါတယ်,,,သူ့ရဲ့ထူးခြားမှုကတော့ အတွင်းရေးမှူးတစ်ယောက်ကို တစ်နှစ်ထက်ပိုပြီးထားခြင်းမရှိတာပါပဲ ....ဘာမဆိုသည်းခံပြီး အလုပ်အရမ်းကြိုးစားတဲ့ အတွင်းရေးမှူးမလေးကတော့အမြဲတမ်းဝန်ထမ်းဖြစ်ဖို့မျှော်လင့်နေပေမယ့်လည်း တစ်နှစ်တာစာချုပ်ပြည့်ပြီးတာနဲ့အလုပ်ဖြုတ်ခံလိုက်ရတဲ့အတွက် ပြဿနာသွားရှာဖို့ အရက်မူးပြီးအလာမှာ လုပ်ကြံခံရလုနီးနီးဖြစ်နေတဲ့သူ့သူဌေးကိုတွေ့လိုက်ရပါတယ်...မတော်တဆမှုကြောင့် ဦးခေါင်းဒဏ်ရသွားပြီး မျက်နှာတွေကိုမမှတ်မိနိုင်တော့ဘဲကူကယ်ရာမဲ့နေချိန်မှာ သူအလုပ်ဖြုတ်လိုက်တဲ့ အတွင်းရေးမှူးမလေးကိုသာ မှတ်မိတော့တဲ့အခါ....  Episodes: 16Quality : WEB-DL 1080p,720pFile Size: 1.3 GB & 450MBGenres:Drama ,Romance, ComedyTranslated by  EiPhyu Khin, Hnin Pale, Lwin Lwin Aung , Hnin Wut Ye & ...
8.3
TMDb: 8.3/10 12 votes
tv

The Secret Life of My Secretary(2019)

2019
God’s Gift 14 Days(2014) 7.6
God’s Gift 14 Days(2014) God's Gift - 14 Days(2014) ဇာတ်လမ်းတွဲအညွှန်း****************************************အပိုင်း ( ၁ မှ ၁၆) အထိ စ/ဆုံး မိသားစုတစ်စု အဖေရောအမေရော အလုပ်ကိုယ်စီမှာ အရေးပါတဲ့သူဆိုတော့ သမီးလေးကိုသိပ်အချိန်မပေးနိုင်ရှာဘူး.. ကလေးထိန်းနဲ့ကျောင်းမှာပဲအချိန်အများစုကုန်ဆုံးရတယ်.. ဒီလိုနဲ့ တစ်နေ့တော့ ကလေးကပြန်ပေးဆွဲခံလိုက်ရတယ်.. ပြန်ပေးဆွဲသူဟာ အမေအလုပ်လုပ်နေတဲ့ ရုပ်သံဌါနထိ ရုပ်သံလွှင့်ချိန်မှာ ဖုန်းဆက်ပြီး ဆက်သွယ်ခဲ့တော့ တစ်နိုင်ငံလုံးလည်း သိကုန်ကြတယ်.. ဒီလိုနဲ့ ကလေးက ပြန်ပေးသမားကြောင့်သေဆုံးခဲ့ပြီး ရေထဲကနေအလောင်းကိုပြန်ရှာတွေ့ခဲ့တယ်ပေါ့.. ဇာတ်လမ်းက ခုမှစတာ... မိဘ(၂)ဉီးအတွက် သမီးလေးတစ်ယောက်ဆုံးရှုံးလိုက်ရတာ ကမ္ဘာပျက်သလိုပါပဲ..အထူးသဖြင့်မိခင်အတွက်ပေါ့.. ဖခင်က အတတ်နိုင်ဆုံးကြိုးစားဖြေသာရှာပေမဲ့ မိခင်ကတော့ နောက်ဆုံး သမီးရေနစ်သေတဲ့မြစ်ထဲခုန်ချသေဖို့ဆုံးဖြတ်လိုက်တယ်.. ရေထဲခုန်ချခါနီး သူမနဲ့မလှမ်းမကမ်းမှာပဲ လူဆိုးဂိုဏ်းတစ်ဖွဲ့က စုံထောက်ပြုတ်ယောက်ျားတစ်ဦးကို ချုပ်ပြီး ရေထဲကန်ချဖို့လုပ်နေတယ်.. တကယ်တော့ သူတို့ ၂ဦးက လူချင်းသိကြလို့ စုံထောက်ပြုတ်က လှမ်းအကူညီတောင်းတယ်. ဒါပေမဲ့လည်း ၂ယောက်လုံးရေထဲရောက်သွားကြတယ်.. စုံထောက်ပြုတ်က ရေထဲရောက်တဲ့အချိန် အသက်မသေဘဲ သူ့အသိအမျိုးသမီးကိုလည်း ကယ်နိုင်ခဲ့တယ်.. ထူးဆန်းစွာပဲ သူတို့ဟာ သမီးလေးမသေဆုံးမီ ၁၄ ရက်အလိုကိုရောက်သွားတာပဲ... အချိန်ရွှေ့သွားတဲ့သဘောပေါ့.. ဒီတော့ အမေဖြစ်သူဟာ သမီးသေဖို့ကိုတားဆီးဖို့အချိန် ၁၄ ရက်ရတဲ့ဆိုတဲ့သဘောပဲ.. ဒီမှာသူရဲ့အဖြစ်ကိုရဲတွေနဲ့ယောက်ျားကိုပြောပေမဲ့လည်း အကုန်လုံးက သူ့ကိုအရူးလိုပဲမြင်နေကြတယ်.. ဖြစ်မဲ့ဟာတွေကြိုပြောတော့ဘယ်သူက ယုံကြည်ကြပါ့မလဲ.. ဒီမှာသူနဲ့အဖြစ်တူတာက အစောက စုံထောက်ပြုတ်.. သူလည်းတိုင်ပတ်နေတာ ရေကန်ထဲက တက်လာချိန် အချိန်တွေက နောက်ကိုပြန်ရောက်နေတော့. ဒီမှာ လူသတ်တရားခံကို သူတို့(၂)ယောက်ပေါင်းရှာကြတာပဲ... ဒီဇာတ်လမ်းတွဲက အပိုင်း ၁ ...
7.6
TMDb: 7.6/10 11 votes
tv

God’s Gift 14 Days(2014)

2014
Our Beloved Summer (2021)
Our Beloved Summer (2021) Our Beloved Summer 2021Webtoonကနေ ပြန်အသက်သွင်းလိုက်တဲ့ကြွက်နဲ့ကြောင်စုံတွဲလေးရဲ့ တစ်ခါတုန်းကနွေရာသီ ဒရမ်မာလေး လာပါပြီအထက်တန်းကျောင်းတက်ခဲ့တဲ့ နွေရာသီကာလလေးတစ်ခုမှာချွဲအွန်းနဲ့ယောင်းဆူတို့နှစ်ယောက် ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့ နောက်ဆုံး လမ်းခွဲခဲ့ကြသတဲ့မထင်မှတ်ဘဲ နောင်၁၀နှစ်ကြာမှာ သူတို့နှစ်ယောက် ဇာတ်လမ်းလေးဖြစ်ခဲ့ဖူးတဲ့အဲ့နှစ်နွေရာသီက ရိုက်ခဲ့တဲ့ documentaryလေးဟာ နာမည်ကျော်ကြားလာတော့ကြွက်နဲ့ကြောင် ရည်စားဟောင်းနှစ်ယောက် မဖြစ်မနေပြန်ဆုံဖြစ်ကြတဲ့အခါသူတို့ဘယ်လို အဲ့ဒီနှစ်က နွေရာသီခံစားချက်လေးကိုပြန်လည်အသက်သွင်းကြမလဲဆိုတာကို ဟာသလေးနှောရင်းရိုမန့်ဆန်ဆန်ကလိကလိလေး ကြည့်ရှုရမှာပါ File Size – 542MB@Episode / 1GB@Episode Quality –720p / 1080pDuration – 70 minute (@Episode)Total Episodes: Subtitle – Myanmar HardsubFormat – Mp4Genre : Comedy , DramaTranslator – Deer , Lai Laii , Elrond , IchikaEncoder – Thit San Khant ...

Our Beloved Summer (2021)

2021
The Soldiers (2021)
The Soldiers (2021) The Soldiers (더솔저스)Channel Myanmar ကနေပြီးတော့ ထူးထူးခြားခြား Military survival show လေးနဲ့ မိတ်ဆက်ပေးပါရစေဒီအစီအစဉ်မှာတော့ နိုင်ငံအသီးသီးက အထူးတပ်ဖွဲ့ဝင်တွေက ခက်ခဲတဲ့မစ်ရှင်အမျိုးမျိုးကို လုပ်ဆောင်ရမှာဖြစ်ပြီး အဲဒီထဲကမှ တောင်ကိုရီးယားနိုင်ငံကိုယ်စားပြု အထူးတပ်ဖွဲ့အတွက် အတော်ဆုံးအဖွဲ့ဝင်တွေကို ရွေးချယ်သွားမှာပါတောင်ကိုရီးယားရေတပ်ဖွဲ့ဝင်‌ဟောင်း Kim Sang Joong က host အဖြစ် ပါဝင်သွားမှာဖြစ်ပြီးCast တွေအနေနဲ့ကတော့ - ဗြိတိသျှအထူးလေတပ်ဖွဲ့ဝင်ဟောင်း Jay Morton - ဆွီဒင်အထူးတပ်ဖွဲ့ဝင်ဟောင်း Johan Reispass - ယူအက်စ်လေတပ်ဖွဲ့ဝင်ဟောင်း Wilrolan Ravelo - တောင်ကိုရီးယား ၇၀၇ အထူးတပ်ဖွဲ့ဝင်ဟောင်း Lee Chang Juneတို့က ကြီးကြပ်ပေးသွားမှာပဲ ဖြစ်ပါတယ်တကယ့်တပ်ဖွဲ့ဝင်တွေနဲ့ ရိုက်ကူးထားတဲ့ military survival program ပါ ကြည့်ရှုလိုက်ကြပါဦးEpisodes - 10 Genre..... Reality Quality….WEB-DL 720p File size…500MB Format…mp4 Duration….60min Release date - Nov 19 2021 ...

The Soldiers (2021)

2021
Let Me Be Your Knight(2021)
Let Me Be Your Knight(2021) Let Me Be Your Knight(2021) ဇာတ်လမ်းအညွှန်း*******************************************အပိုင်း - ၁၂ (ဇာတ်သိမ်းပိုင်း)(အစ-အဆုံး ရပါပြီ) အိပ်မပျော်တဲ့ရောဂါကိုခံစားနေရပြီး ဆရာဝန်နဲ့ လျှိဝှက်စွာ ကုသမှုခံယူနေတဲ့ LUNA လိုခေါ်တဲ့ နာမည်ကြီး Boy band ရဲ့အဆိုတော်ကောင်လေး Yoon Tae Inတစ်လောကလုံးက သူ့ကိုအမြဲစောင့်ကြည့်နေပြီး ဖန်တွေရဲ့ ချစ်ခင်နှစ်သက်မှုကို အပြည့်အဝရရှိထားပေမယ့် နောက်ကွယ်မှာတော့ ဘယ်သူမှမသိတဲ့ဝေဒနါကို ရင်ဆိုင်ရင်း ပျာကလပ်စိန်မလေး In Yoon Joo နဲ့တွေ့ရကနေ ရင်ခုန်မိသွားတဲ့အခါအလွဲလေးတွေနဲ့ ရယ်ရွှင်ဖွယ်ကြည့်မြင်ရမှာဖြစ်ပြီး idol တွေရဲ့ နောက်ကွယ်က real life တွေကိုလည်း ခံစားရင်း သီချင်းကောင်းတွေပါ ခံစားနိုင်မယ့် ဇာတ်ကားကောင်းလေး Healing ဖြစ်ချင်သူများ ကြည့်ချင်တဲ့ ကားကောင်းလေးဆိုလည်း မမှားပါဘူးနော်အပတ်စဥ် တနင်္ဂနွေနေ့တိုင်း ထုတ်လွှင့်မှာဖြစ်ပြီး ၁၂ ပိုင်းပါဝင်ပါတယ် Episodes: 12Aired: November 7, 2021 --Aired ...

Let Me Be Your Knight(2021)

2021
Now, We Are Breaking Up(2021) 8
Now, We Are Breaking Up(2021) Now, We Are Breaking Up(2021) ဇာတ်လမ်းတွဲအညွှန်း***********************************************အပိုင်း - ၁၆ (ဇာတ်သိမ်းပိုင်း)နာမည်ကြီး ဖက်ရှင်ကုမ္ပဏီ ရဲ့ ဒီဇိုင်းအဖွဲ့မှူး ဟာယောင်းအွန်းဟာဖက်ရှင်လောကမှ နေရာ တစ်နေရာ ရထားသူ တစ်ဦး။အလုပ်မှာဆိုရင် ထက်မြက်တယ် ၊ခေတ်ရေစီးကြောင်းကို နားလည်တယ် ၊အလုပ်ဆို ကြိုးကြိုးစားစား လုပ်တတ်တယ်ဆိုပေမဲ့ အချစ်ရေးမှာတော့ သူမဟာတမူကွဲပြားနေပြန်တယ်။ လက်တွေ့ဆန်ဆန် အမှန်အမှား တွက်ချက်နေတတ်ပြီးသွေးအေးအေးနဲ့ တည်ငြိမ်မှုကို ဦးစားပေးကာ ရပ်တည်နေသူတစ်ဦးဖြစ်တယ်။အလုပ်မှာရော အချစ်ရေးမှာရော သွေးအေးတယ် ထင်ချင်ထင် တုပ်တုပ်မလှုပ်ပေမဲ့ ယွန်းဂျယ်ဂုဆိုတဲ့ နာမည်ကျော်ဖက်ရှင်ဓာတ်ပုံဆရာလေးနဲ့ တွေ့ဆုံခဲ့ရာမှာတော့ အပြောင်းအလဲလေးဖြစ်လာခဲ့တယ်။ ပြီးပြည့်စုံမှုရဲ့ပြယုဒ် ဂျယ်ဂုဟာ စည်းစိမ်, ရုပ်ရည်ချောမောမှု,ထက်မြက်မှု တွေကိုပိုင်ဆိုင်ထားသူ တစ်ဦး ။ဒါပေမဲ့ ဒါတွေက ‌ယောင်းအွန်းကို ဆွဲဆောင်နိုင်တာမျိုးတော့ မဟုတ်ပါဘူး ...ဒါပေမဲ့ ပုံပြင်တိုင်းဟာ ပျော်ရွှင်စရာ ဇာတ်သိမ်းတော့ မရှိနိုင်ဘူးလေ...ဒါကြောင့်မို့ ယောင်အွန်းနဲ့ ဂျယ်ဂု တို့ရဲ့ ဇာတ်လမ်းလေးဟာကြည့်ရှုသူတွေရဲ့ နှလုံးသားကို ...
8
TMDb: 8/10 2 votes
tv

Now, We Are Breaking Up(2021)

2021
Where Stars Land (2018) 8.3
Where Stars Land (2018) Where Stars Land (2018)==================IMDb Rating - 7.1/10အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်က ဝန်ထမ်းတွေကြားက အချစ်ဇာတ်လမ်းလေးကို ရိုက်ကူးပြသထားတဲ့ romance melodramaလေးနဲ့မိတ်ဆက်ပေးပါရစေ။"အဖေကပြောဖူးတယ် လောကကြီးမှာတိုက်ဆိုင်မှုဆိုတာမရှိဘူး။ ဘဝမှာ အရာအားလုံးက အကြောင်းရှိလို့ဖြစ်ရတာချည်းပဲ" ဆိုပြီးဇာတ်ကားလေးကိုဖွင့်ထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ဒီလိုပါ . . . အီဆူယွန်းက ကိုရီးယားနိုင်ငံရဲ့ အဆင့်မြင့်တက္ကသိုလ် Kaist ကနေ ဘွဲ့ရထားတဲ့ ခရီးသည်ဝန်ဆောင်မှုဌာနက ဝန်ထမ်းတစ်ယောက်ပါ။ အရည်အချင်းလည်းရှိပြီး ရုပ်တည်ကြီးနဲ့နေတတ်လွန်းလို့ အခုမှသုံးလအစမ်းခန့်ကာလပြီးထားတဲ့ဝန်ထမ်းသစ်‌လို့ မထင်ရအောင်ပါပဲ။ ဘယ်သူနဲ့မှ ရောရောနှောနှောနေလေ့မရှိတဲ့အတွက် သူ့အကြောင်း အတင်းအဖျင်း‌၊ ကောလာဟလတွေလည်းအများကြီးရှိတဲ့ နားလည်ရခက်တဲ့လူမျိုး‌ပေါ့နော်။ဟန်ယောရမ်ကတော့ အင်ချွန်းလေဆိပ်မှာအလုပ်လုပ်တာ တစ်နှစ်ရှိပြီဖြစ်ပေမယ့် စိတ်ဆတ်လွယ်ပြီး ရမ်းကားတဲ့ခရီးသည်တွေအပေါ် ကြမ်းကြမ်းတမ်းတမ်းပြောဆိုပြုမူမှုတွေကြောင့် ခရီးသည်ဝန်ဆောင်မှုဌာနကို ပြောင်းရွှေ့ခံလိုက်ရတဲ့ ရှပ်ပြာမလေးပါ။ အဲဒီလိုမဟုတ်မခံမလေးကို သူ့ထက်နောက်ကျပြီးမှ အလုပ်ဝင်တဲ့ အီဆူယွန်းက ဆရာအဖြစ်ကြီးကြပ်ရတဲ့အခါ ဘယ်လိုတွေခရီးဆက်ကြမလဲ။အီဆူယွန်းနဲ့ပတ်သက်တဲ့ ကောလာဟလဆိုတာတွေကရော အမှန်တွေလား ဆိုတာကတော့ မကြာမီလာမည် မျှော်ပေါ့နော်။ အီဆူယွန်းအဖြစ်Architecture 101 ...
8.3
TMDb: 8.3/10 12 votes
tv

Where Stars Land (2018)

2018
The Fiery Priest (2019) 8
The Fiery Priest (2019) The Fiery Priest (2019)စိတ်ထားကောင်းတဲ့ ခရစ်ယန်ဘုန်းတော်ကြီးဆိုပေမဲ့ဒေါသလွယ်ပြီး စိတ်ဆတ်တဲ့အတွက် ပြဿနာဖြစ်ပြီး ဂူဒမ်မြို့ကိုရောက်လာခဲ့တဲ့ ဖာသာဂင်ဟယ်အီးစကားများပြီး ကြောက်တတ်တဲ့ ဂူဒမ်ရဲစခန်း အကြမ်းဖက်နှိမ်နှင်းရေးအဖွဲ့က စုံထောက် ဂူဒယ်ယောင်းရည်မှန်းချက်ကြီးပြီး အထက်လူကြီးတွေနဲ့ ပေါင်းသင်းတတ်တဲ့အပြင် ထက်မြက်တဲ့ အမှုစစ်ပတ်ဂယောင်းဆွန်းဘုရားကျောင်း ဂိုဏ်းအုပ် ဘုန်းတော်ကြီး အသတ်ခံရမှုအတွက် သူတို့တွေ ဘယ်လို အမှုလိုက်ကြမလဲတစ်ယောက် နယ်ပယ်တစ်ခုစီဆိုပေမဲ့ ဘယ်လိုတွေသိကျွမ်းပြီးတော့ဘယ်လိုမျိုးတွေ အမှုလိုက်ကြမလဲဆိုတာ စောင့်မျှော်ကြည့်ပေးကြပါဦးနော်အမျိုးအစားကတော့ Action, Comedy, Crime, Mystery ဖြစ်ပါတယ်ဒီဇာတ်လမ်းတွဲရဲ့ ထူးခြားချက်ကတော့ အေးဆေးတည်ငြိမ်တဲ့ ဘုန်းတော်ကြီးမဟုတ်ဘဲဒေါသလွယ်တဲ့ ဖာသာရဲ့ ကာရိုက်တာဟာတော့ တကယ်စိတ်ဝင်စားစရာပါပဲCasting အနေနဲ့ကတော့ The Pirates ရဲ့ဇာတ်လိုက် Kim Nam Gi,မကြာသေးခင်ကမှ ပြီးသွားတဲ့ One the Woman က Lee Ha Nee နဲ့Reply series တွေဆိုရင် မကျန်ခဲ့စေရမဲ့ Kim Sung ...
8
TMDb: 8/10 11 votes
tv

The Fiery Priest (2019)

2019
Love Story in Harvard(2004) Complete 8
Love Story in Harvard(2004) Complete Love Story in Harvard(2004) ဇာတ်လမ်းတွဲ အညွှန်း************************************************( အပိုင်း ၁ မှ ၁၆  ) ထိ  စ/ဆုံး“တစ်ခါတုန်းက တက္ကသိုလ်မှာ” ဆိုပြီး နာမည်ကြီးခဲ့တဲ့ ဒီဇာတ်လမ်းတွဲဟာ ဟိုးယခင် မှုန်ဝါးဝါးရုပ်ထွက်နဲ့တောင် ကျွန်တော်တို့ တစ်စက္ကန့်လေးတောင် ကျော်မပစ်ချင်လောက်အောင်ကောင်းလို့ အားပေးခဲ့ရတာပါယခုတော့ ယခင်ထက်များစွာကောင်းမွန်တဲ့ Quality လေးထွက်လာလို့ အမှတ်တရာသိမ်းထားခြင်သူများအတွက်ရော ပြန်လည်ခံစားချင်သူများအတွက်ရော ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်ဒီဇာတ်လမ်းတွဲ အတွက် ကောင်းခြင်းတွေပြောရမယ်ဆိုရင်အတော်များလှပါတယ်။ တစ်ချို့သောသူတွေအတွက် ကိုရီးယားဇာတ်လမ်းတွဲအားပေးဖြစ်အောင်ရှေ့ဆောင် စီးရီးတစ်ခုအဖြစ်ဆိုရင်လည်း မမှားပါဘူးအဓိက ဇာတ်ကောင်(၃)ဦးကို မတူညီတဲ့ ပုံစံတွေနဲ့တည်ဆောက်ထားပြီး ဟားဗက်တက္ကသိုလ်မှာ ကိုယ်လိုချင်တဲ့ ပန်းတိုင်ဆီအရောင်လှမ်းဖို့ ကြိုးစားရင်း အခက်အခဲမျိုးစုံကြားမှာ နည်းအမျိုးမျိုးနဲ့လှုပ်ရှားရုန်းကန်နေရပုံတွေကိုတွေ့ရမှာပါ။ ဒါ့ကြောင့်အပိုင်းတိုင်းဟာ ဆွဲဆောင်မှုရှိပြီး လူငယ်တွေအတွက်လည်း တစ်နည်းတစ်ဖုံ Motivation လည်းရသလို အတုယူဖို့ နည်းလမ်းတွေရရှိခဲ့ပါတယ်။မင်းသမီးနဲ့ မင်းသားကတော့ အထွေအထူး ပြောနေစရာမလိုအောင် တစ်ချိန်က ကိုးရီးယားက ရုပ်ရှင်လောကမှာ လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့သလို ...
8
TMDb: 8/10 2 votes
tv

Love Story in Harvard(2004) Complete

2004