Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
RTÉ One
6.3
Clean Sweep (2023)
Season 1 [ Complete] မှုခင်းဒရာမာကောင်းကောင်းလေးတွေကိုကြိုက်နှစ်သူတွေအတွက်2023 တုန်းကထွက်ရှိထားတဲ့ Series ကောင်းလေးတစ်ခုကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်အိမ်ကိုဖြည်းဖြည်းချင်းတည်ဆောက်သွားပြီး အဆုံးသတ်ကျမှထကြမ်းပြတဲ့အကွက်မျိုးတွေနဲ့ရိုက်ကူးထားတဲ့အတွက်Episode 6 ပိုင်းလုံးကိုဖြည်းဖြည်းချင်းဇိမ်ပြေနပြေအေးဆေးကြည့်ရှုရမှာဖြစ်ပါတယ်။ဒီ Series ကောင်းလေးရဲ့နာမည်ကတော့ Clean Sweep ဖြစ်ပြီးIMDb Rating 6.5 အထိရရှိထားပါတယ်။ရှယ်လီဆိုတဲ့အမျိုးသမီးတစ်ယောက်က ကလေး ၃ ယောက်နဲ့ခင်ပွန်းနဲ့အတူတူပျော်ရွှင်စရာကောင်းတဲ့မိသားစုဘ၀လေးကိုပိုင်ဆိုင်ထားပါတယ်။ဒါပေမယ့် လူ့ဘ၀ကြီးကမပြည့်စုံဘူးဆိုတဲ့အတိုင်း ငွေကြေးဆိုင်ရာစိတ်ညစ်စရာလေးတွေကတော့ရှိနေပါတယ်။အဲ့ဒါကြောင့် သူ့ယောက်ျားဖြစ်သူကစုံထောက်ရာထူးတိုးဖို့ဒုန်းစိုင်းနေပြီး သူကလည်းအချိန်ပိုင်း အလုပ်လုပ်ကိုင်ချင်နေပါတော့တယ်။ဒါပေမယ့် တစ်နေ့မှာတော့ရှယ်လီ့ဘ၀ထဲကို ကြမ္မာဆိုးကြီးတစ်ခုကရောက်ရှိလာပါတော့တယ်။အဲ့ဒီကြမ္မာဆိုးကတော့ သူနဲ့အရင်တုန်းက သိကျွမ်းခဲ့တဲ့လူတစ်ယောက်က သူ့ကိုမရမကလိုက်ရှာပြီးလိုက်ပတ်သတ်နေတာပါပဲ။ဒီလိုနဲ့ သူတို့ကြားကကိစ္စတွေကိုဖြေရှင်းဖို့အတွက် မိုတယ်တစ်ခုမှာ ချိန်းလိုက်ကြပြီး အခြေအနေတွေ ထိန်းမနိုင်သိမ်းမရဖြစ်လာကာ ရှယ်လီကအဲ့ဒီလူကိုသတ်မိလိုက်ပါတော့တယ်။လက်ရာခြေရာတွေ တတ်နိုင်သလောက်ဖျောက်ပြီးထွက်ပြေးလာခဲ့ပေမဲ့ အဲ့ဒီအမှုကိုကိုင်ရတာသူ့ယောက်ျားဖြစ်နေတဲ့အခါမှာတော့ သူလူသတ်ထားတဲ့အမှုပေါ်သွားမလား လက်ရှိမိသားစုဘ၀မပိုင်ဆိုင်ခင် သူ့အတိတ်ကဘ၀ကရောဘယ်လိုတွေဖြစ်ခဲ့လို့ ဒီလိုအရာတွေဖြစ်လာရတာလဲဆိုတာကို စိတ်ဝင်စားစရာကောင်းစွာကြည့်ရှုရမဲ့ Series ကောင်းလေးတစ်ခုပဲဖြစ်ပါတယ်။ File Size – 625 MB / 311 MBQuality –WEB-DL 1080p , 720pEpisodes - 6 EpsDuration ...
6.3
TMDb:
6.3/10
3 votes
tv
Clean Sweep (2023)
2023
8.333
Obituary (2023)
(function(f,b,n,j,x,e){})();အိုင်ယာလန်နိုင်ငံက လူဦးရေ ငါးထောင်လောက်ပဲ နေထိုင်တဲ့ မြို့ငယ်လေးတစ်မြို့မှာအယ်လ်ဗီရာ ကလန်စီဆိုတဲ့ အသက် ၂၄ နှစ်အရွယ် ကောင်မလေး တစ်ယောက်ရှိတယ်။ငယ်ငယ်ကတည်းက ကလေးအများစုနဲ့ မတူဘဲ လူတွေသေတာကို ငြိမ်းချမ်းခြင်း၊စိတ်ချမ်းသာစရာ ကောင်းခြင်းလို့ မြင်တတ်တဲ့ သူက ဒီမြို့လေးရဲ့ နယ်ခံသတင်းစာတိုက်တစ်ခုမှာ အလုပ်လုပ်တယ် သူလုပ်ရတဲ့ အလုပ်က သေဆုံးသွားတဲ့ လူတွေရဲ့ နာရေးသတင်းဆောင်းပါးကို ရေးပေးရတာပါ။ တစ်နေ့မှာ သတင်းစာတိုက် အယ်ဒီတာကစရိတ်စက လျှော့ချရေးအတွက် သူမကို ပုံမှန်လစာ မပေးတော့ဘဲ နာရေးဆောင်းပါးတစ်ခုချင်းစီအတွက်ပဲ လုပ်ခပေးတော့တယ်။ ဒီတော့ တစ်ယောက်တည်းသာမက အလုပ်မရှိအရက်စွဲနေတဲ့ ဖခင်ကိုပါ ကြည့်ရှုစောင့်ရှောက်နေရတဲ့ အယ်လ်ဗီရာ တစ်ယောက် ငွေးရေးကြေးရေး အတော် အကြပ်ရိုက်နေခဲ့ပါတယ် . ဒီလို ဒီအကြပ်အတည်းတွေကို ရင်ဆိုင်နေရင်းကမထင်မှတ်ပဲ အကျင့်မကောင်းတဲ့ အဘိုးကြီး တစ်ယောက်ကို မတော်တဆ သတ်လိုက်မိတယ်အခါ အယ်ဗီရာ တစ်ယောက် ဘယ်လိုမျိုးရှေ့ဆက်မလဲ..တစ်ချိန်တည်မှာပဲ အယ်ဗီရာအလုပ်လုပ်နေတဲ့ သတင်းတိုက်ကို ...
8.333
TMDb:
8.333/10
3 votes
tv
Obituary (2023)
2023
7.2
Hidden Assets – Season (01)
Hidden Assets - Season (01) ============ IMDb Rating - 7.2/10 Crime , DramaFBI လိုဇာတ်လမ်းတွဲကောင်းတွေသဘောကျတဲ့သူတွေအတွက် IMDB 7.2 rating နဲ့ Crime ဇာတ်လမ်းတွဲအသစ်ဖြစ်ပါတယ်။ British ဇာတ်လမ်းတွဲဖြစ်တဲ့အတွက် ရဲစုံထောက်ဇာတ်လမ်းတွဲ တစ်ခုအနေနဲ့ ပိုပြီးအသက်ဝင်စေပါတယ်။နိုင်ငံရဲ့ အချမ်းသာဆုံးသူဌေးကြီးဆီကနေ အမွေရလိုက်တဲ့ နိုင်ငံပိုင် သိမ်းဆည်းမှုတွေကို ပြန်အရယူဖို့အတွက် ငွေကြေးခဝါချပြီး အသေ ခံဗုံးခွဲတိုက်ခိုက်မှုတွေနဲ့ ဉရောပသမဂ္ဂကို အကြပ်ရိုက်ပြီး နိုင်ငံကိုခြိမ်း ခြောက်နေတဲ့ ဒုစရိုက်အဖွဲ့ကြီးကိုနှိမ်နင်းဖို့အတွက် အီတလီရဲတပ်ဖွဲ့နဲ့ ဗြိတိန်ကအထူး ဖက်ဒရယ်စုံထောက်တွေ ပေါင်းစည်းကာ ဒီအကြမ်း ဖက်အဖွဲ့ကို နှိမ်နင်းကြတဲ့ဖြစ်ရပ်ကိုရိုက်ပြထားပါတယ်။ တစ်ပိုင်းချင်း စီမှာ အလှည့်အပြောင်း ကြိုးကိုင်ဖလှယ်မှုတွေနဲ့ ဂတုံးပေါ်ထိပ်ကွက် လုပ်နေကြတဲ့ လူတွေရဲ့ လောဘကို ကွက်ကွက်ကွင်းကွင်းပုံဖော်ပြထား ပါတယ်။ ဇာတ်အိမ်ကောင်းကောင်းနဲ့ စိတ်ဝင်စားအောင်ရိုက်ပြထားတဲ့ အတွက် လက်မလွှတ်တမ်းကြည့်သင့်တဲ့ ဇာတ်လမ်းတွဲတစ်ခုဖြစ်တာ ကတော့အသေချာပါပဲ ။(ဒီစီးရီးရဲ့ အညွှန်းနဲ့ဘာသာပြန် ရေးသားပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်။)File Size.............(600 MB) / (300 MB) Quality...............WEB-DL 1080p / 720p Duration............50Mins(@Episode) Subtitle..............Myanmar ...
7.2
TMDb:
7.2/10
3000 votes
tv
Hidden Assets – Season (01)
2021
8.065
Kin (2021)
ကင်ဆယ်လာမိသားစုဟာ ဒဗ္ဗလင်အခြေစိုက်ဂန်းစတားမိသားစုတစ်ခုဖြစ်ပြီး နာမည်ကြီးတဲ့အထဲမှာပါပါတယ်။ ကွေလန်မိုးဆိုတဲ့ သူတို့ပြိုင်ဘက်တစ်ယောက်နဲ့ ပြိုင်ဆိုင်မှုတွေပြင်းထန်လာခဲ့ရာကနေ မိသားစုထဲက သွေးဆူလွယ်တဲ့ မိုက်ရူးရဲတစ်ယောက်ဖြစ်တဲ့ အဲရစ်ရဲ့လက်ချက်နဲ့သူတို့တစ်မိသားစုလုံး တစ်မြို့လုံးက ဂန်းစတားတွေရဲ့ပစ်မှတ်အောက်ရောက်တဲ့အထိပြဿနာတွေကြီးထွားလာပါတော့တယ်။ရှေ့တိုးမရနောက်ဆုတ်မရအခြေအနေ၊ မိသားစုတွင်းက သွေးကွဲမှုပြဿနာတွေ ပြိုင်ဆိုင်မှုတွေကြားကနေ ဘယ်လိုရုန်းထွက်ကြမလဲ? အင်အားကြီးတစ်ဖက်ရန်သူကိုဘယ်လိုရင်ဆိုင်အနိုင်ယူကြမလဲ အစရှိတာတွေကို ဒီဇာတ်လမ်းတွဲမှာတွေ့မြင်ရပါလိမ့်မယ်။Crime/Drama ပရိသတ်တွေသေချာပေါက်အကြိုက်တွေ့မှာဖြစ်ပြီး episode 1 ကနေအဆုံးအထိ မထတမ်းကြည့်ချင်အောင်ဆွဲဆောင်နိုင်မယ့်ဇာတ်လမ်းတွဲလည်းဖြစ်ပါတယ်။ ဖရန့်ကင်ဆယ်လာအဖြစ် GOT ထဲက Littlefinger တစ်ဖြစ်လဲ Aidan Gillenခေါင်းဆောင်ပါဝင်ထားတာပါ။File size…(848 MB)/(406 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….00:53:00 Genre...Drama, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Alias Season 1Episode 1 720p - Yoteshin / Megaup / Meganz / Usersdrive / Streamvid / Streamsb Episode ...
8.065
TMDb:
8.065/10
23 votes
tv
Kin (2021)
2021
7.1
SisterS (2023) Complete
SisterS (2023) ~ IMDb - 7.1/10, Rotten Tomatoes - 100% ~ ဒီစီးရီးလေးက ရိုးရိုးလေးပဲ။ ဘာမှဆန်းဆန်းပြားပြားမပါဘူး။ အဆန်းဆုံးက ကနေဒါသူနဲ့ အိုင်ယာလန်သူ ညီအစ်မဖြစ်နေတာပဲလို့ပြောရမယ်။ ဖအေတူ မအေကွဲတွေပေါ့။ ဒါ အဆန်းဆုံးပဲ။ ကျန်တာ ဘာမှဆန်းဆန်းပြားပြားမပါဘူး။ ဒါပေမဲ့ တော်တော်လေး ရိုးရှင်းပေမဲ့ စိတ်ပေါ့ပါးသွားစေမယ့် ချစ်စရာဇာတ်လမ်းတွဲလေး။ ကနေဒါက ကောင်မလေးက တစ်သက်လုံးအမေနဲ့နေလာတယ်။ အဖေဆိုတာ ဘာလဲတောင်မသိခဲ့ဘူး။ သူ့အမေကတော့ သူ့အဖေ ဆုံးသွားပြီလို့ပြောထားတယ်။ တစ်နေ့ သူ့အမေရဲ့သေတမ်းစာ သူ့လက်ထဲရောက်လာမှပဲ သူ့မှာ အဖေရှိသေးတာသိလိုက်ရတယ်။ ဒီလိုနဲ့ သူ့အဖေရှိတဲ့ အိုင်ယာလန်ကို သူရောက်လာတယ်။ သူ့အဖေရဲ့ မယားကြီးနဲ့ တွေ့ကြတယ်။ ရှိမှန်းမသိခဲ့တဲ့ သူ့အစ်မနဲ့လည်းတွေ့ကြတယ်။ အသက်၃၀ကျော်ပြီးမှ တွေ့ကြတဲ့ ညီအစ်မတတွေပေါ့။ သူကတော့ အဆင်ပြေနေပေမဲ့ သူ့အမက စားပွဲထိုးလုပ်ရင်း အကြွေးတွေတင်နေရင်း ဘဝကခက်ခဲနေတယ်။ ဘယ်သူ့ကိုမှလည်း အမြင်ကြည်မနေဘူး။ ဒီလိုနဲ့ ...
7.1
TMDb:
7.1/10
4 votes
tv
SisterS (2023) Complete
2023