Channel Myanmar

Prime Video

Harlan Coben’s Shelter (2023) 6.4
Harlan Coben’s Shelter (2023) Harlan Coben's Shelter (2023) ====================== IMDb Rating - 6.4/10သည်းထိတ်ရင်ဖိုနဲ့ လျှို့ဝှက်ဆန်းကြယ်ဝတ္ထုတွေရေးတဲ့ အမေရိကန် စာရေးဆရာ Harlan Cobenရဲ့ "Shelter"ဆိုတဲ့ဝတ္ထုကို ရုပ်ရှင်အဖြစ် အသက်သွင်းထားတဲ့ စီးရီးလေးလာပါပြီ။ ဆယ်ကျော်သက်ကျောင်းသား တစ်စုရင်ဆိုင်ရမဲ့ လျှို့ဝှက်ဆန်းကြယ်ဇာတ်လမ်းတွေကို အခြေတည်ထား တာမို့ ဒါမျိုးပုံစံကြိုက်တတ်တဲ့သူတွေအတွက် အရမ်းကြည့်ကောင်းမဲ့စီးရီး လေးပါ။အောက်မှာဇာတ်လမ်းအညွှန်းလာပါပြီ။ ဆယ်ကျော်သက်ကောင်လေးမစ်ကီဟာ ကားအက်ဆီးဒင့်တစ်ခုကြောင့် အဖေကိုဆုံးရှုံးခဲ့ရပြီး အမေကိုလည်းဆုံးရှုံးလုဆဲဆဲအခြေအနေမှာ အဒေါ် ဖြစ်သူရဲ့ယာယီအုပ်ထိန်းမှုနဲ့ သူ့အဖေနေခဲ့တဲ့ ခက်ဆယ်လ်တန်က အထက် တန်းကျောင်းကို ပြောင်းလာရပါတယ်။ ခက်ဆယ်လ်တန်၊ ဟိုဘာ့လမ်းက သရဲခြောက်တဲ့အိမ်ကြီးတစ်ကြီးမှာ လင်းနို့မိန်းမကြီးနေတယ်လို့ ယုံတမ်းပုံပြင် တွေရှိပါတယ်။ တစ်ရက်ကျ အဲဒီမိန်းမကြီးနဲ့ မထင်မှတ်ဘဲဆုံလိုက်ရတဲ့ တ ခဏမှာ လင်းနို့မိန်းမကြီးက "မစ်ကီ မင်းအဖေ မသေသေးဘူး အသက်ရှင်နေ သေးတယ်"ဆိုပြီး ပြောလိုက်တော့ အဲဒီကတည်းကနေ မစ်ကီဟာ သူ့အဖေ တကယ်ရောသေလို့လားဆိုတဲ့ သံသယတွေဝင်လာပြီး အဲဒီလင်းနို့မိန်းမကြီးနဲ့ ထပ်တွေ့ရဖို့ကြိုးစားပါတော့တယ်။ထူးခြားတာတွေက ဒါတင်ပဲမဟုတ်သေးပါဘူး။ ကျောင်းပထမဆုံးတက်တဲ့နေ့က သူနဲ့ခင်ခဲ့တဲ့ ကောင်မလေးဟာ စာမလာအကြောင်းမကြား၊ ချိန်းထားတဲ့နေရာကို လည်းမလာဘဲ နောက်တစ်နေ့မှာပဲ ပျောက်ချင်းမလှပျောက်သွားပါတယ်။ ကောင် မလေးဟာ သူ့အကြောင်းဘယ်သူမှရေရေရာရာမသိဘဲ တည်ရှိမှုတစ်ခုလုံးပျောက် သွားသလိုမျိုးကို ဖြုတ်ခနဲပျောက်သွားတာပါ။ အဲလိုနဲ့ မစ်ကီဟာ လင်းနို့မိန်းမကြီး ကိုရော အဲဒီကောင်မလေးကိုပါ ...
6.4
TMDb: 6.4/10 1553 votes
tv

Harlan Coben’s Shelter (2023)

2023
Bambai Meri Jaan (2023)
Bambai Meri Jaan (2023) BomBay My Beloved (2023)ဘုံဘေဆိုတဲ့ ပင်လယ်ဆိပ်ကမ်းစီးပွားရေးမြို့ဟာ ဒုစရိုက်မှုတွေ အင်မ‌တန်ပေါများတဲ့မြို့ဆိုလည်းမမှား...ဘုံဘေက လူမိုက်ဂိုဏ်းရာဇဝတ်ဂိုဏ်းတွေကိုထိန်းချုပ်ပြီး ရေလမ်းကလာသမျှအဖိုးတန်ပစ္စည်းတွေ မှောင်ခိုရောင်းချနေကြ ၊ ဒုစရိုက်မှုမှန်သမျှနောက်ကွယ်ကကြိုးကိုင်နေသူ ဟာဂျီဘုံဘေတစ်မြို့လုံးက ကြောက်ရွံ့ကြတဲ့ အနေအထားကနေ တစ်မြို့လုံးလေးစားရတဲ့အခြေအနေထိဖန်တီးလာနိုင်ခဲ့တဲ့သူသူ့အလုပ်သူ့စီးပွားရေးတွေဆိုရင် သူခိုးအသေးစားကအစ အထက်အရာရှိကြီးတွေအထိမထိရဲကြတဲ့အချိန်မှာ သူ့ရဲ့ ဖုံးမနိုင်ဖိမရရာဇဝတ်မှုတွေကို‌ချေမှုန်းဖို့ တာဝန်ကျလာတဲ့သူကတော့ အစ်မေးလ်တို့ ပထာန်အထူးစုံစမ်းရေးအဖွဲ့တစ်မြို့လုံးကိုခြယ်လှယ်နိုင်တဲ့ ရာဇဝတ်ဂိုဏ်းကြီးနဲ့ ရဲစွမ်းသတ္တိရှိတဲ့ သာမန်ရဲအရာရှိတစ်ယောက်ရဲ့ ထိပ်တိုက်တွေ့ဆုံပွဲ လူမိုက်တွေကြားက အချင်းချင်းပတ်ကွက်ကျော်ရိုက်တဲ့အကွက်တွေကို မြင်တွေ့ရမဲ့စီးရီးတစ်ခုဖြစ်ပါတယ်(အညွှန်းနှင့်ဘာသာပြန်ကတော့ BpL ~ V ~ Yunni ~ Zwe ~ Dee ~ Moon ~ Cherry ~ Aditi ~ YH တို့ပဲဖြစ်ပါတယ်)Quality : 1080p WEB DL / 720p Total Episodes : 10EpsFormat : mp4Genres : Crime ~ DramaDuration : 1h Subtitle : Myanmar Subtitle ( ...

Bambai Meri Jaan (2023)

2023
Fit Check: Confessions of an Ukay Queen (2023) Complete 10
Fit Check: Confessions of an Ukay Queen (2023) Complete Fit Check: Confessions of An Ukay Queen (2023) IMDb-8.5/10အခုတစ်ခေါက်မှာတော့ ဖက်ရှင်ကိုအရမ်းရူးသွပ်တဲ့ကောင်မလေးတစ်ယောက်ရဲ့ အိပ်မက်တွေလက်တွေဖြစ်လာဖို့ ကြိုးစားတာကို ကြည့်ရှုခံစားရမယ့် ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်သလို ရည်မှန်းချက်ပန်းတိုင်ကို လျှောက်လှမ်းနေရင်း အခက်အခဲတွေ ကြုံတွေလာလို့ ပင်ပန်းနေတဲ့အခါမျိုးမှာ ကြည့်သင့်တဲ့ဇာတ်လမ်းလေးတစ်ပုဒ်လည်းပဲ ဖြစ်ပါတယ်။ငယ်စဉ်ကတည်းက အဖေဖြစ်သူရဲ့အဝတ်အစားဘေထုပ်ရောင်းတဲ့ဆိုင်မှာ ကြီးပြင်းလာခဲ့တဲ့သူတစ်ယောက်ဖြစ်ပြီး ဖက်ရှင်တွေကို ရူးသွပ်နေတဲ့ ကောင်မလေး မယ်လန်နီ။ အဖေဖြစ်သူဆုံးပါးသွားပြီးနောက်ပိုင်းမှာတော့ အဖေ့လက်ကျန်စီးပွားရေးလေးကို ဆက်လုပ်ကိုင်နေခဲ့ပေမဲ့ ကံမကောင်းစွာဘဲ ဘေထုပ်ဆိုင်လေးကို ဆုံးရှုံးခဲ့ရပါတယ်။ဒီလိုနဲ့ပဲ တစ်နေ့မှာတော့ SFXဥက္ကဌရဲ့ သားဖြစ်သူ ခရစ်ဘလန်ကိုရဲ့ဖိတ်ခေါ်မှုနဲ့အတူ ဖက်ရှင်လောကထဲကို ဝင်ရောက်ဖို့ ‌အကြောင်းဖန်လာခဲ့ပါတယ်။ အဲဒီလိုနဲ့ စတင်လာခဲ့တဲ့ အိပ်မက်တို့ ဦးတည်ရာဆီကို ကိုယ်စီသွားနေကြတဲ့ သူတွေနဲ့ ရင်ဆိုင်လာကြရတဲ့အခါမှာတော့ ဘယ်လိုခံယူချက်မျိုးနဲ့ ဖြတ်သန်းသွားကြမလဲ.... မယ်လန်နီတစ်ယောက်ရော ဘဝရည်မှန်းချက်ပန်းတိုင်ကို ရောက်ရှိနိုင်ပါ့မလား ....ဘယ်လိုအခက်အခဲဆူးလမ်းတွေကို ကျော်ဖြတ်ရမလဲ... စတာတွေကို ခံစားနိုင်ဖို့အတွက် ဒီဇာတ်လမ်းကို ကြည့်ရှုလိုက်ကြပါဦး...(အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ Dee ~ BpL ~Yunni~ Zwe ~ Cherry ~ YH တို့ပဲဖြစ်ပါတယ်)Quality : 1080p WEB ...
10
TMDb: 10/10 1 votes
tv

Fit Check: Confessions of an Ukay Queen (2023) Complete

2023
The Lost Flowers of Alice Hart (2023) 8.1
The Lost Flowers of Alice Hart (2023)  Genre – Drama IMDB – 8.1/10 IMDB 8.1 ရရှိထားတဲ့ ၇ ပိုင်း မီနီ ဒရမ်မာစီးရီးကောင်း အသစ်ဖြစ်ပါတယ်။သြစတြေးယား ရှုခင်းအလှအပတွေနဲ့ ဆိုးဝါးတဲ့ ငယ်ဘဝနဲ့ ကောင်မလေးတစ်ယောက်အကြောင်း ပုံဖော်ထားတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် Avator တို့Alien တို့မှာ ပါဝင်သရုပ်ဆောင်ဖူးတဲ့ မင်းသမီးကြီး Sigourney Weaver ကလည်းအားဖြည့်ထားပါသေးတယ်။ ဇာတ်လမ်းလေးကတော့ အဲလစ်စ်ဆိုတဲ့ကောင်မလေးဟာ မိဘဖြစ်သူတွေနဲ့လူသူကင်းဝေးရာမှာ နေထိုင်ပါတယ်။ စာဖတ်ရတာလည်း အလွန်နှစ်ခြိုက်တဲ့ကောင်မလေးပေါ့။ မိခင်ဖြစ်သူကလည်း မောင်လေးလား ညီမလေးလားမွေးပေးတော့မယ့်အချိန်ပါ။ အဖေကလည်း ချစ်တယ်ဆိုပေမဲ့ ချုပ်ချယ်ပြီးလက်ပါတဲ့အထိ ဆုံးမတတ်လို့ တစ်ခါတရံ ပွန်းပဲ့နေတတ်တဲ့ကောင်မလေးမျိုးပေါ့။ဒီလိုနဲ့ တစ်ရက်ကျ သူတို့မိသားစုဘဝ ကံဆိုးမိုးမှောင်ကျပြီး တစ်အိမ်လုံး မီးလောင်ကျွမ်းကာ အမေရော အဖေရော သေဆုံးတဲ့အထိ ဖြစ်ကာ သူကိုယ်တိုင်လည်း မနည်းအသက်ကယ်ထားရတာပါ။ ဒီလိုနဲ့ မွေးစားမယ့်လူမရှိတုန်း သဘောကောင်းသူစာကြည့်တိုက်မှုးက မွေးစားချင်ပေမဲ့ အဖေဖက်က အဖွားဖြစ်သူ ရောက်လာပြီးမွေးစားသွားပါတယ်။ ဒီလိုနဲ့ ...
8.1
TMDb: 8.1/10 16 votes
tv

The Lost Flowers of Alice Hart (2023)

2023
Hostel Days (2023)
Hostel Days (2023) Hostel Days(TV Series)(2023) IMDb-8.1/10အင်ယာကျောင်းတော်ကြီးကို အလွမ်းသယ်ဖို့နောက်ထပ်စီးရီးအသစ်လေးတခုလာပါပြီ။ ဒီလိုဇာတ်လမ်းတွေကြည့်ရင် တချိန်ကတက္ကသိုလ်ကိုသတိရမိတာအမှန်ပဲ။ကျောင်းတက်ဘဲလ်မြည်တဲ့အသံလေးရယ် ဘဲလ်ပျက်နေရင် ကျောင်းတက်ရမှာမသိတာလိုလို ယောင်လည်လည်နဲ့ အတန်းနောက်ကျခဲ့တာတွေ။ ရိုးကောလ်မပြည့်လို့ မိသားစုဆရာမနောက် တကောက်ကောက်လိုက်ပြီး အပူကပ်ရတာတွေ။ သူငယ်ချင်းနှစ်ယောက်စကားများပြီး ကျောင်းနားကလယ်ကွင်းထဲ ဆိုင်ကယ်တစီးတည်းစီးသွား မောနေအောင်နပမ်းလုံးပြီး အတူတူကျောင်းကိုပြန်လာခဲ့ကြတာတွေ။တညလုံးမအိပ်ဘဲ မိန်းကလေးဆောင်တွေဂစ်တာလိုက်တီးပြီး အလင်းဆိုင်လေးမှာထမင်းဆီဆမ်းနဲ့ကြက်ဥခေါက်ကြော်စားခဲ့တာတွေ။ တညအိပ်နှစ်ရက်ဖဲထိုင်ရိုက်ခဲ့တာတွေ။ စနေ၊တနင်္ဂနွေ နှစ်ရက်လုံး ထန်းရည်ဆိုင်ကမပြန်ခဲ့တာတွေ။ အဲဒီလို စတာတွေက အဆောင်နေကျောင်းသားတွေအတွက်တော့ ပြန်တမ်းတအောက်မေ့မိတဲ့အတိတ်ကပုံရိပ်တွေပေါ့။ ကြည့်နေရင်း ကြည့်နေရင်း ငါတို့တုန်းကလည်း ဒါမျိုးတွေလုပ်ခဲ့တာလေဆိုတဲ့ဇာတ်ဝင်ခန်းတွေနဲ့။ဗရုတ်တကောင်ပါမယ်။စာကြမ်းပိုးတကောင်ပါမယ်။ဖွန်ကြောင်တဲ့တကောင်ရှိမယ်။နှစ်ဆွေးအရက်သမားကြီးတကောင်ပါမယ်။ ဒါဆိုကျောင်းသားကားတစ်ကားအတွက်က ပြည့်စုံနေပါပြီ။တစ်ခန်းကို လူနှစ်ယောက်ပဲနေရပေမယ့် အခန်းနံပါတ် ၂၀၉မှာ ယာဒါ့ဗ်၊ချီတာ၊စိုင်းဆိုတဲ့ ဒီသုံးယောက်ကဘာလို့အတူနေရတာလဲဆိုတာကအစ၊ သုံယောက်ပေါင်းပြီး ဘယ်လိုတွေဗရုတ်ကျကြမလဲ၊အမေဖြစ်သူရဲ့ချုပ်ချယ်မှုအောက်ကနေ လွတ်မြောက်လာဖို့အတွက် အင်ဂျင်နီယာကျောင်းတော်ကြီးကို လာတက်တဲ့ကာဗယာတယောက် သူလိုချင်တဲ့လွပ်လပ်မှုတွေရမှာလား။ သေးသေးမွှားမွှားကိစ္စလေးကအစ အဖေဖြစ်သူနဲ့တိုင်ပင်တတ်တဲ့ ရီသီကာတစ်ယောက်ကရော သမီးအလိမ္မာလေးအဖြစ်နဲ့ဆက်ရှိနေမှာလားဆိုတာ။ အပိုင်းငါးပိုင်းပဲပါတဲ့ ဒီစီးရီးလေးကိုကြည့်ရင်း ကျောင်းသားဘ၀ကိုပြန်လည်အောက်မေ့လိုက်ကြတာပေါ့။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V~Zwe~Moon~Yunni~BpLတို့ပဲဖြစ်ပါတယ်)File Size – 500MB / 250MBQuality – 1080p / 720pDuration – 33minsTotal Episodes: 5EpsSubtitle – Myanmar HardsubFormat – Mp4Genre : ...

Hostel Days (2023)

2023
Home School (2023) 7.8
Home School (2023) ရန် အဖြစ် Gun Atthaphan မာကီ အဖြစ် Film rachanum တိဘက် အဖြစ် Nabi Hirunkit နိုင် အဖြစ် Dew Jirawat ဝိုက် အဖြစ် Jane Ramida ပိန်နိန် အဖြစ် Chimon Wachirawit ဟျူဂို အဖြစ် Kay Lertsittichai ကျင်ကျိုင် အဖြစ် Jamie Juthapich ဖလိန်း အဖြစ် Love Pattranite မတ် အဖြစ် AJ Chayapol မောက် အဖြစ် JJ Chayakorn ဖူဂျီ အဖြစ် View Benyapa ဘျူး အဖြစ် Prigkhing Sureeyares ယင် အဖြစ် Indy Thanathatဇာတ်လမ်းအကျဉ်း“Home School “ ကတော့ စာသင်နှစ်တစ်နှစ်စာကို ဘတ်တစ်သန်းပေးရတဲ့ ကြေးမြင့် ဘော်ဒါကျောင်းတစ်ခုဖြစ်ပြီး လူချမ်းသာအများစု အလုအယက် ကလေးတွေကို ထားချင်ကြတဲ့ ကျောင်းတစ်ခုပဲ ဖြစ်ပါတယ်မတူညီတဲ့သင်ရိုးပုံစံတွေနဲ့ သင်ကြားပြီး ဝင်ခွင့်စာမေးပွဲကအစ အုပ်ထိန်းသူတွေပဲဖြေရတဲ့ ထူးခြားတဲ့ကျောင်းတစ်ခုလည်းဖြစ်ပါတယ်Gen ...
7.8
TMDb: 7.8/10 2 votes
tv

Home School (2023)

2023
Deadloch (2023) 5.7
Deadloch (2023) Deadloch (2023) ========= Comedy, Crime IMDB 6.6/10ဇာတ်လမ်းတွဲကောင်းတွေထွက်တဲ့ amazon prime ရဲ့ Comedy , Crime ဇာတ်လမ်းတွဲလေးဖြစ်ပါတယ် Deadloach ဆိုတဲ့ မြို့လေးက လူနေနည်းပြီး အေးဆေးတိတ်ဆိတ်တဲ့ ခရိုင်မြို့ငယ်လေးဖြစ်ပါတယ် တစ်နေ့တော့ သူ့တို့မြို့ရဲ့ လူသိများပြီး ဖော်ရွေတဲ့ ထရန့်လေသန်ဆိုတဲ့ လူတစ်ယောက် ကမ်းခြေမှာ ကိုယ်တုံးလုံးနဲ့ သေနေပါတယ်.... နယ်ခံရဲတွေကတော့ ဒါကို မူးရူးပြီး ခိုက်ရန်ဖြစ်ပွားခဲ့တယ်လို့ ယူဆရင်း သာမန်လူသေမှုအဖြစ် သတ်မှတ်လိုက်ပါတယ် ဒါပေမယ့် မကြာခင်မှာပဲ ထရန့်ရဲ့ အစ်ကိုဖြစ်သူ ဂါဗင်လေသန်ကလည်း သူ့ညီလိုပဲ သေဆုံးရင်း လျှာပါ နှုတ်ယူခံလိုက်ရပါတယ် ညီအစ်ကိုနှစ်ယောက်လုံး လျှာဖြတ်ခံရပြီးသေသွားတဲ့ အမှုဟာ သာမန်သွေးရိုးသားရိုး မဟုတ်ဘဲ ကွင်းဆက်လူသတ်သမားတစ်ယောက် ဒက်လော့ချ်မှာရှိနေပြီဆိုတာကို သိလိုက်ရပါတယ်... ဒီအမှုကို ဦးဆောင်ဖြေရှင်းဖို့အတွက် လစ်စ်ဘွန်းမြို့က စုံထောက် အက်ဒီရက်ကလစ်ဖ်နဲ့ နယ်ခံရဲမေ ဒေါ်စီကော်လင်းတို့ တာဝန်ဖြစ်လာပါတယ်... နှစ်ယောက်လုံးက Lesbian တွေဖြစ်ပြီး အမြဲတမ်းသဘောထားကွဲလဲနေတဲ့ ဘုနဲ့ဘောက်ဖြစ်တာကြောင့် ဒီကွင်းဆက်လူသတ်သမားအမှုကို ဘယ်လိုဖြေရှင်းသွားမလဲဆိုတာကို စိတ်ဝင်တစား စောင့်ကြည့်ရမှာဖြစ်ပါတယ်အညွှန်းကိုတော့ Thiha Yan ...
5.7
TMDb: 5.7/10 18 votes
tv

Deadloch (2023)

2023
Good Omens Season 2 8
Good Omens Season 2 Good Omens (2019-2023) Genre – Comedy, Fantasy IMDB – 8.0/10၂၀၁၉ ခုနှစ်တုန်း Season 1 ထွက်ရှိထားပြီး Supernatural လိုမျိုး ခရစ်ယာန်အယူဝါဒတွေကောင်းဘင်ဘုံတို့ ငရဲပြည်တို့ နတ်ဆိုးတွေ တမန်တော်တွေ စသဖြင့် ပါဝင်ပြီးရယ်မောစရာလေးတွေနဲ့ လူကြိုက်များ ဟာသဒရမ်မာစီးရီးလေး ပြန်လာတာ ဖြစ်ပါတယ်။သူက ကောင်းဆို Stardust ရုပ်ရှင်တို့ Netflix ပေါက်စီးရီး Sandman တို့အရင်တုန်းက American Gods စီးရီးတို့လို Fantansy စိတ်ကူးယဉ်စာအုပ်တွေရေးသားခဲ့တဲ့ စာရေးဆရာကြီး Neil Gaiman ရဲ့ Good Omen ကိုပဲပြန်လည် Adaptation လုပ်ထားတာ ဖြစ်လို့ပါ။အဓိကဇာတ်လိုက်ကျော် ၂ ယောက်ကတော့ စိတ်ထားစေတနာအလွန်ကောင်းပြီးအကောင်းမြင်တတ်တဲ့ တမန်တော်ဟောင်း အဲဇာရက်ဖဲလ်ရယ်သူနဲ့ အရာရာနီးပါး ဆန့်ကျင်ဖက်ဖြစ်ပြီး စေတန်ရဲ့လက်ပါးစေတစ်ယောက် ခရိုလီတို့ ဖြစ်ကြပါတယ်။Season 1 မှာတုန်းကတော့ နှစ်ယောက်သား ဘုနဲ့ဘောက် ...
8
TMDb: 8/10 1525 votes
tv

Good Omens Season 2

2023
With Love – Season (01), (02) 7.2
With Love – Season (01), (02) With Love - Season (01), (02) ===================== IMDb Rating - 7.2/10Rom-Com အမျိုးအစားကို ဇာတ်လမ်းကောင်းကောင်းနဲ့ ရယ် ရမှဆိုတဲ့ ဇာတ်လမ်းတွဲမျိုးကို ကြိုက်တတ်တဲ့သူ ဆိုရင် ဒီဇာတ် လမ်းတွဲကို ကြည့်လိုက်ပါ။ ဒီဇာတ်လမ်းတွဲဟာ IMDb Rating 7.2, Rotten Tomatoes 100% ရထားလောက်တဲ့အထိ ကောင်း ပါတယ်။ အရမ်းကြီး serious ဖြစ်နေတာတွေ၊ တွေးတောနေရ တာမျိုးတွေ၊ ဦးနှောက်စားနေရတာမျိုးတွေ မဟုတ်ဘဲ အေးအေး ဆေးဆေး ချစ်သူလေးနဲ့ chill ရင်း ကြည့်မယ်ဆိုရင်တော့ လုံးဝကို Perfect ဖြစ်မယ့် ဇာတ်လမ်းတွဲမျိုးပါ။လီလီဒီယက်ဇ်ဟာ ခရစ္စမတ်ညမတိုင်ခင်မှာ ရည်းစားနဲ့ လမ်းခွဲခဲ့တဲ့ လက်တင်သူလေး တစ်ယောက်ပါ။ အသက်ကလည်း ၂၈ နှစ်ရှိပြီမို့ မိဘတွေကလည်း သူ့ကို အခြေတကျဖြစ်စေချင်ပါတယ်။ လီလီလည်း ခရစ္စမတ်အကြို မိသားစု ညစာစားပွဲမှာ အမျိုးတွေနဲ့ ဆုံရမှာမို့ စိတ် ညစ်နေခဲ့ပါတယ်။ အကြောင်းကတော့ လက်တင်မျိုးနွယ်တွေရဲ့ ထုံးစံ အတိုင်း အမျိုးများပြီး၊ ထိုအမျိုးတွေကလည်း "ရည်းစားနဲ့ကွဲတယ်ဆို စိတ်မညစ်ပါနဲ့ ...
7.2
TMDb: 7.2/10 2500 votes
tv

With Love – Season (01), (02)

2021
Jee Karda (2023) 8.5
Jee Karda (2023) Jee Karda(2023)IMDb-7.7/10မင်းသမီးချောလေး သမန်းနားနဲ့ Taj Divided by Blood စီးရီးထဲက မင်းသားဆလင်းမ်နေရာက သရုပ်ဆောင်ထားတဲ့ Aashim Gulati တို့အပြင် နာမည်ကြီး အနုပညာရှင်တွေအများကြီးပါဝင်ထားတဲ့ လူငယ်ရိုမန့်ဒရာမာစီးရီးလေးဖြစ်ပါတယ်မတူညီတဲ့ဗီဇတစ်ယောက်တစ်မျိုးစီနဲ့ သူငယ်ချင်း ၇ ယောက်ရှိကြတယ် ဘာမဆိုလက်တည့်စမ်းချင်ကြတဲ့ ဆယ်ကျော်သက်လေးတွေပေါ့ တစ်နေ့ပွဲဈေးတန်ူမှာ မျက်နှာကိုဖတ်ပြီးဟောပေးတဲ့ မှော်ဆရာတစ်ယောက်အကြောင်း ငြင်းကြခုံကြရင်း ဝင်မေးဖြစ်ကြသွားတယ် အားလုံးကိုတစ်ခုစီပဲဟောလိုက်တယ်"အဖေကိုသတိထား အစ်ကိုကို သတိထား အချစ်ကို သတိထား ရာထူးနေရာကို သတိထား ချိုတဲ့အရာတွေကို သတိထား ၂၂ (၂၀၂၂) ကိုသတိထား သန်မာအောင်နေ " တဲ့ အိုင်တီခေတ်ကလေးတွေဆိုတော့ မယုံကြပါဘူး"ဒီလိုနဲ့ အသက်နှစ်ဆယ်‌ကျော်ဘဝကို ရင်ဆိုင်ကြတဲ့ ၂၀၂၂ ဆိုတဲ့အချိန်ကိုရောက်လာပါတယ် အရင်လိုပဲ သူငယ်ချင်းသံယောဇဉ်တွေနဲ့ အရင်လိုပျော်ရွှင်နေကြတုန်းပါပဲ ဟောကိန်းကိုလည်း သတိရမနေကြပါဘူး ဒီလူငယ်တွေရဲ့ဗီဇနဲ့ ဒီဗီဇကိုဆန့်ကျင်နေတဲ့ဟောကိန်းတွေက တကယ်ဖြစ်လာတဲ့အချိန် ဘယ်လိုရင်ဆိုင်ကြမလဲ ။ အသက်နှစ်ဆယ်ကျော်လူငယ်တွေရဲ့ ဘဝနေထိုင်မှုပုံစံ အတွေးအခေါ်တွေကို လူငယ်ဆန်ဆန်ဟာသလေးတွေနဲ့ မင်းသမီးချောလေးတွေရဲ့ အလှတွေကို ခံစားရင်းကြည့်ရှူရမှာဖြစ်ပါတယ် (၁၈+ အခန်းများပါဝင်တာကြောင့် မိသားစုနှင့်အတူ ကြည့်ရှုရန် မသင့်တော်ပါကြောင်း)(အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ Moon ~ Aditi ~ ...
8.5
TMDb: 8.5/10 2 votes
tv

Jee Karda (2023)

2023
I’m a Virgo (2023) 7
I’m a Virgo (2023) I'm a Virgo (2023) ============== IMDb Rating - 6.9/10ကျွန်တော်တို့ ငယ်ငယ်က ငလက်မလေးပုံပြင်ဆိုတဲ့ အိပ်ရာဝင် ပုံပြင်လေးတစ်ပုဒ်နဲ့ ရင်းနှီးခဲ့ကြတယ် ဟုတ်။ သာမန်လူတွေကြား မှာ လူပိစိလေး ရောက်သွားတဲ့အခါ ကြုံတွေ့ရတဲ့ကိစ္စတွေအကြောင်း ပြောပြထားတဲ့ ပုံပြင်လေးကို မှတ်မိကြဦးမယ် ထင်ပါတယ်။အခုညွှန်းသွားပေးမဲ့ စီးရီးကတော့ ငလက်မပုံပြင်နဲ့ ဆန့်ကျင်ဘက် လူထွားကြီးဇာတ်လမ်းပါ တဲ့။ Virgo ရာသီခွင်ထဲမှာ မွေးဖွားလာတဲ့ ကူတီဆိုတဲ့ ကောင်လေးတစ်ယောက်က မွေးကတည်းက သာမန်လူ တွေနဲ့ မတူဘဲ ခန္ဓာကိုယ် အဆမတန် ကြီးထွားနေခဲ့ပါတယ်။ ဒီလိုနဲ့ အရွယ်ရောက်လာတော့ အရပ်ကြီးက ၁၃ ပေထိ ရှည်လာပြီး ဆိုဒ် ကြီးကလည်း ကျွန်တော်တို့ဆီမှာ အလှူခံလှည့်တဲ့ထဲက ဒုံးရုပ်ကြီး တွေရဲ့ လေးဆလောက်ကို ရှိလာခဲ့တာပါ။ ဒီလိုသာမန်မဟုတ်တဲ့ ဖြစ် ရပ်ကြောင့် ကူတီရဲ့ လုံခြုံရေးစိုးရိမ်ရတဲ့အတွက် မိဘတွေက သူ့ကို လူမြင်ကွင်းဆီ မထွက်ခိုင်းဘဲ အိမ်တွင်းအောင်းပြီးသာ နေခိုင်းခဲ့ပါ တယ်။ဒီလိုနဲ့နေလာရင်း တစ်နေ့မှာတော့ ကူတီနဲ့ရွယ်တူ ဆယ်ကျော် သက်လေးတစ်သိုက်နဲ့ အမှတ်မထင် တွေ့ဆုံသွားကြပြီး ကူတီတစ် ယောက် ပြင်ပကမ္ဘာကြီးကို ...
7
TMDb: 7/10 13 votes
tv

I’m a Virgo (2023)

2023
The Forbidden Marriage (2022) [Complete] 9
The Forbidden Marriage (2022) [Complete] The Forbidden Marriage (2022) [အစ-အဆုံး]အပိုင်းသစ် - ၁၂ (ဇာတ်သိမ်းပိုင်း)(1080p ရပါပြီ)အရမ်းချစ်ရတဲ့ မိဖုရားက တစ်ရက်မှာ ကိုယ့်ကိုကိုယ် သတ်သေသွားတာကြောင့် ယူကျုံးမရဖြစ်နေတဲ့ ဂျိုဆွန်းဘုရင် Lee Heonဟာ ကြင်ယာတော် ထပ်မံတင်မြှောက်ဖို့ကို ငြင်းဆန်တဲ့အပြင် တစ်တိုင်းပြည်လုံးကိုလည်း လက်ထပ်ခွင့်မပြုဆိုတဲ့ အမိန့်ကို ချမှတ်လိုက်ပါတယ်။၇နှစ်ကြာတဲ့အထိ ဒီအမိန့်ကို ပြန်မရုတ်သိမ်းတာကြောင့် အိမ်ထောင်ပြုခွင့်မရတဲ့တိုင်းသူပြည်သားတွေက ဘုရင်က gayနေတယ်။ မစွမ်းဆောင်နိုင်ဘူးဆိုပြီး ပြောကြပါတော့တယ်။ဒီအမိန့်ကို ဖီဆန်ပြီး လူငယ်တွေကို တိတ်တခိုး လက်ထပ်ဖို့ ကူညီပေးတဲ့ လူလိမ်မလေး Ye So Rang က နန်းတော်ထဲက နတ်ရွာစံသွားတဲ့ မိဖုရားရဲ့ ဝိညာဉ်ပူးကပ်နေတယ်ဆိုပြီး လိမ်လည်ရာကနေ နန်းတော်ထဲအထိ သတင်းရောက်သွားပါတော့တယ်။ကြင်ဖက်ကိုဆုံးရှုံးထားတာကြောင့် ရင်ကွဲမတတ်ဖြစ်နေတဲ့ဘုရင်နဲ့လူလိမ်မလေးရဲ့လှည့်ကွက်တွေကြားမှာ ဘယ်လိုဂယက်တွေဆက်ဖြစ်လာမလဲဆိုတာ ကြည့်ရှုပေးပါဦး။(ဇာတ်လမ်းအညွှန်းကိုတော့ Estel က ရေးပေးထားပါတယ်။)Aired: Dec 9, 2022 -- Aired On: Friday, Saturday Genres: ...
9
TMDb: 9/10 2 votes
tv

The Forbidden Marriage (2022) [Complete]

2022
The King 2 Hearts (2012) [Complete] 7.4
The King 2 Hearts (2012) [Complete] The King 2 Hearts (2012) [အစ-အဆုံး]အပိုင်း (၁၆ မှ ၂၀) (ဇာတ်သိမ်းပိုင်း)လီဂျယ်ဟာကတော့ တောင်ကိုရီးယားတော်ဝင်မျိုးနွယ်ရဲ့ ဒုတိယ‌မြောက်သားအဖြစ် မင်းသားအရိုက်အရာကို ဆက်ခံထားရသူဖြစ်ပါတယ်။ နိုင်ငံရေးနဲ့ပတ်သက်လို့ စိတ်ဝင်စားမှုမရှိတဲ့ လီဂျယ်ဟာကို မင်းကြီးလီဂျယ်ဂန်က ကမ္ဘာ့ထိပ်တန်းအရာရှိပြိုင်ပွဲမှာ မြောက်ကိုရီးယားနဲ့ ပူပေါင်းယှဉ်ပြိုင်ဖို့ တာဝန်ပေးစေလွှတ်ခဲ့ပါတယ်။တစ်ဖက်မှာတော့ မြောက်ကိုရီးယားစစ်အာဏာပိုင်အဖွဲ့ဝင်တစ်ဦးရဲ့ သမီးဖြစ်တဲ့ ဂင်ဟန်အာက မြောက်ပိုင်းကိုယ်စားပြု အနေနဲ့ပါဝင်လာခဲ့ပါတယ်။ ယောက်ျားသားတွေထက်တောင် ပိုကြမ်းလို့ အသက်၃၀အရွယ်အထိ ချစ်သူမရှိ၊ အိမ်ထောင်မရှိအောင် ယင်ဖိုတောင်မသန်းရဲလောက်တဲ့ ဂင်ဟန်အာနဲ့ လူ့ပေါ်ကြော့မင်းသား လီဂျယ်ဟာတို့ တာဝန်အတူထမ်း‌ဆောင်တဲ့အခါမှာတော့ အလွဲလေးတွေ တသီသီ စတင်လာပါတော့တယ်။တောင်မြောက်ချစ်ကြည်ရေးကို ဖော်ဆောင်ကြမယ့်သူတို့နဲ့ လက်နက်ရောင်းဝယ်ပြီး အမြတ်ထုတ်ကြမယ့် နောက်ကွယ်က အဖွဲ့အစည်းတွေရဲ့ အဖျက်အမှောက်နှောက်ယှက်မှုတွေကို ရင်တလှပ်လှပ်နဲ့ ကြည့်ရှုရမှာဖြစ်တဲ့အပြင် Ha Ji Won ရဲ့ မြောက်ပိုင်းသူဆန်ဆန် အက်ရှင်တွေကိုလည်း ချစ်ချင်စရာမြင်တွေ့ရဦးမှာမို့ လက်မလွှတ်တမ်း စောင့်မျှော်ကြည့်ရှုဖို့ရာ ဖိတ်ခေါ်လိုက်ရပါတယ်ခင်ဗျာ။ဟာဂျီဝန်း နဲ့ လီဆောင်ဂီတို့ရဲ့ ...
7.4
TMDb: 7.4/10 15 votes
tv

The King 2 Hearts (2012) [Complete]

2012