Channel Myanmar

Prime Video

Batman: Caped Crusader (2024) 7.5
Batman: Caped Crusader (2024) DCရဲ့ နာမည်ကြီးဇာတ်ကာင် Batmanရဲ့ animation ဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ Batman : Caped Crusaderကို Amazon Primeကနေထုတ်လွှင့်လိုက်ပါပြီ။ IMDb 7.4,RT 95%နဲ့ နိုင်ငံတကာက DC hardcoreဖန်တွေကြား အတော်လေး ချီးကျူးခံနေရတဲ့ ဇာတ်လမ်းတွဲဖြစ်ပါတယ်။Animationပိုင်းတွေ fight scene‌တွေမှာ အတော်လေး ကောင်းသလိုဇာတ်လမ်းပိုင်းကလည်း ဂေါ်သမ်မြို့ကြီးထဲက မှုခင်း‌တွေ၊ ဂိုဏ်းတွေနဲ့ရင်ဆိုင်ရပုံတွေ၊အမှုဖြေရှင်းပုံတွေကို စုံထောက်ဆန်ဆန် ရိုက်ကူးထားလို့မူလ Batmanရဲ့အရသာကို အပြည့်အဝပြန်ခံစားရစေတဲ့Animation ပါပဲ။အထွေအထူးညွှန်းနေစရာတောင် မလိုတာမို့ ကြည့်ရှုခံစားလိုက်ပါဦး။ File size…    450 MB Quality… Web-DL 1080p Format… mp4 Duration…. 25m Genre ..... Action/Animation Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by JimX 1080pEP 01 - Usersdrive / Yoteshin / MegaupEP ...
7.5
TMDb: 7.5/10 110 votes
tv

Batman: Caped Crusader (2024)

2024
The Mallorca Files (2019- 2024) 7
The Mallorca Files (2019- 2024) The Mallorca Files (2019) Season 1 Genre – Crime, Drama IMDB – 6.7/10စပိန်နိုင်ငံရဲ့ လှပတဲ့ကျွန်းလေးတစ်ကျွန်းပေါ်မှာ ခပ်မြူးမြူးတီးလုံးလေးတွေနဲ့အတူ လူမျိုးမတူ စရိုက်မတူတဲ့ စုံထောက်နှစ်ဦး ဒုစရိုက်မှုတွေကို လိုက်လံဖြေရှင်းကြတာ ကြည့်ရမယ့် BBCထုတ် စီးရီးလေးကို တင်ဆက်ပေးလိုက်ပါတယ်။စုံထောက်ဘလိတ်ခ်ဆိုတာက ဗြိတိသျှသူတစ်ယောက်။ မယောရ်ကာကျွန်းပေါ်ကနေ လူဆိုးတစ်ယောက်ဖမ်းလာပြီး လန်ဒန်ကို ပြန်ပို့ရတော့မှာ။အဲဒီမှာတင် လူဆိုးက အသတ်ခံရပြီး ပြဿနာတက်တော့ အထက်အရာရှိက လန်ဒန်ကိုပဲ ပြန်လာပါတော့ သူတို့ ဖြေရှင်းပေးမယ်ဆိုတာကို လက်မလျှော့ချင်တဲ့စိတ်နဲ့ ဆက်နေပြီး ဖြေရှင်းဖို့ ဖြစ်လာတော့တယ်။ဒါပေမဲ့လည်း မယောရ်ကာရဲဌာနကတော့ တစ်ယောက်တည်း မလိုက်နဲ့ အဖော်ထည့်ပေးမယ်ဆိုပြီး ထူးထူးခြားခြား အမှုလိုက်တတ်တဲ့ လူပျော်ကြီး ဂျာမန်စုံထောက်မက်စ်နဲ့ ထည့်ပေးလိုက်ရော။အဲဒီမှာတင် အလုပ်ဆိုရင် ရုပ်တည်ကြီးနဲ့ စနစ်တကျ မပြုံးမရယ် အသေကောင်လိုပဲ လုပ်တတ်တဲ့ ဗြိတိသျှသူနဲ့ ဘာနေနေ ကပျက်ကချော်နဲ့ လုပ်ရိုးလုပ်စဉ်အတိုင်း မလုပ်ပဲ ပေါက်ကရ လုပ်တတ်တဲ့ ဂျာမန်သားတို့ နှစ်ယောက်ပူးပေါင်းပြီး စပိန်နိုင်ငံက မယောရ်ကာကျွန်းလေးပေါ်က ရာဇဝတ်မှုတွေကို ဘယ်လိုဖြေရှင်းသွားကြမလဲဆိုတာ ပေါ့ပေါ့ပါးပါး ကြည့်ရမှာပါ။Season တစ်ခုကို ...
7
TMDb: 7/10 31 votes
tv

The Mallorca Files (2019- 2024)

2019
My Lady Jane (2024) 7.517
My Lady Jane (2024) အင်္ဂလန်သမိုင်းမှာ ၉ ရက်ပဲ ဘုရင်မဖြစ်ခွင့်ရလိုက်တဲ့ ဘုရင်မ ဂျိန်းဂရေးအကြောင်းကို ကျောရိုးတည်ပြီးရိုက်ကူးထားတာ ဖြစ်ပါတယ်သမိုင်းမှာတော့ Nine Days Queen လို့နာမည်ကြီးပြီး 9 ရက်အကြာမှာ ခေါင်းဖြတ်သတ်ခံလိုက်ရတဲ့ ဘုရင်မပါ .. ဒီဇာတ်လမ်းတွဲမှာတာ့ သမိုင်းကိုအနည်းငယ်ပြောင်းလဲရိုက်ကူးထားပါတယ် ...Jane Grey ဟာ ဂရေးမိသားစုရဲ့ အကြီးဆုံးသမီးဖြစ်ပြီး အမျိုးသမီးတွေပညာသင်ခွင့်မရတဲ့ ခေတ်မှာ စာပေပညာထူးချွန်သူတစ်‌ေယာက်ပါ ..သူ့မိခင် ဖရန်စစ်က သမီးတွေကြည့် 3 ယောက်မွေးထားတာဖြစ်လို့ အမွေဆက်ခံမယ့်ယောက်ျားသားကို လိုချင်တဲ့အတွက်ဒူဒလီ မိသားစုက သားငယ် ဂေးဖို့ဒူဒလီနဲ့ အတင်းလက်ဆက်ပေးစားပါတယ် ဒါပေမယ့် သူတို့ခေတ်မှာ အီသီယန်လို့‌ခေါ်တဲ့ လူတစ်ပိုင်း သားရဲတစ်ပိုင်း သတ္တဝါတွေလည်း အတော်သောင်းကြမ်းနေပါတယ် ... ဂျိန်းလက်ထပ်လိုက်တဲ့ ဂေးဖို့ဟာ အီသီယန်တစ်ကောင်ဖြစ်နေမှန်း သိလိုက်ရတဲ့အခါမှာတော့ လက်ထပ်ပွဲက ပြီးဆုံးကာ အားလုံးနောက်ကျ သွားပါပြီ...တစ်ဆက်ထဲမှာပဲ အင်္ဂလန်ဘုရင် အက်၀က်ဟာ အစ်မဖြစ်သူ နန်းလုသူ မယ်ရီရဲ့ အဆိပ်ခပ်လုပ်ကြုံမှုကို ခံလိုက်ရပါတယ် ...
7.517
TMDb: 7.517/10 59 votes
tv

My Lady Jane (2024)

2024
Bujji & Bhairava (2024)
Bujji & Bhairava (2024) B & B: Bujji and Bhairava 2024 ဘူဂျီ အခုတစ်ခေါက်တင်ဆက်ပေးချင်တဲ့ Animated series လေးကတော့ကလေးတင်မက လူကြီးတွေပါအကြိုက်တွေလောက်တဲ့ထိ ကောင်းတယ်လို့ဆိုရပါမယ် Imdb 7.8 ရရှိထားပြီး mini series တစ်ခုဖြစ်တာကြောင့် အချိန်ခဏပေးပြီး စိတ်အပန်းဖြေလိုက်ပါဦးရှင်ဗိုင်ရာဗာ...ရပ်ကွက်ထဲမှာမသိတဲ့လူမရှိ ကလေးတွေရဲ့ စွန့်စားခန်းသူရဲ‌ကောင်းအချစ်တော်ဆိုပေမဲ့ လူကြီးတွေကတော့ မျက်မုန်းကျိုးနေပါတယ် စွန့်စားတတ်ပေမဲ့ အကြွေးတော့မပေးတတ်တဲ့ဗိုင်ရာဗာက ဘာအလုပ်လုပ်လဲဆို ထွက်ပြေးတဲ့ရာဇဝတ်သားတွေကို ဆုကြေးရအောင်လိုက်ဖမ်းပေးတာပါ သူ့ရဲ့အိပ်မက်က Complex ဆိုတဲ့အဖွဲ့ထဲဝင်ခွင့်ရဖို့ပါပဲ ဒါပေမဲ့ဒီထဲဝင်ခွင့်ရဖို့က အဆင်မြင့်စီးတော်ယာဉ်ရှိမှဖြစ်မှာပါ ဒီဈေးကြီးတဲ့ယာဉ်က သူ့အတွက်တော့စိတ်ကူးယဉ်တစ်ခုလိုပဲပေါ့သူနဲ့တွေ့ဖို့အကြောင်းဖန်လာတာကတော့ Complex ဆိုတဲ့အဖွဲ့အစည်းထဲက ဘူဂျီဆိုတဲ့စက်ရုပ်လေး စက်ရုပ်ဆိုပေမဲ့ ထမ်းဆောင်ရတဲ့တာဝန်ကို 99ခုထိအောင်မြင်ခဲ့ပြီး 100မြောက်မှာ လုပ်ကြံခံခဲ့ရလို့ လေယာဉ်ပျက်ကျပြီး အိမ်မပြန်နိုင်သူတစ်ဦးပါ ဗိုင်ရာဗာနဲ့ တွေ့ဆုံပြီး အိမ်ပြန်ဖို့စီးတော်ယာဉ်ဖန်တီးပြီးပြန်လာပေမဲ့ Complex ကသူ့ကိုပြန်လက်မခံခဲ့ပါဘူး ရာထူးတိုးဖို့ ဒီ Complex ထဲဝင်မှဖြစ်မဲ့ဘူဂျီရယ် Complex ထဲဝင်ဖို့က ပန်းတိုင်ဖြစ်နေတဲ့ ဗိုင်ရာဗာတို့ ပူးပေါင်းပြီး အခက်အခဲတွေကို ဘယ်လိုဖြေရှင်းသွားမလဲဆိုတာကြည့်ရှုရမှာပဲဖြစ်ပါတယ်( အညွှန်းနဲ့ ဘာသာပြန်ကတော့ Yunni ဖြစ်ပါတယ် )File Size – 350MB(Appx;)@EpisodeQuality – ...

Bujji & Bhairava (2024)

2024
Sausage Party: Foodtopia (2024) 10
Sausage Party: Foodtopia (2024) Sausage Party: Foodtopia(2024) IMDb: 5.8/10 Rotten Tomatoes: 71% Genre: Animation/Adventure/ComedySausage Party ရုပ်ရှင်ကိုမသိတဲ့လူမရှိလောက်ဘူးထင်ပါတယ်။ အခုအသစ်ထွက်လာတဲ့ Sausage Party: Foodtopia ကတော့ ယခင်ထွက်ရှိလာတဲ့ Sausage Party ရဲ့အဆက် အပိုင်း ရှစ်ပိုင်းပါတဲ့ စီးရီးစ်တစ်ခုဖြစ်ပါတယ်။ မျက်နှာမြင် ရယ်ချင်ပါစေ၊ အသံကြားအူတက်ပါစေဆိုတဲ့ ဆုနဲ့မွေးကတည်းကပြည့်လာတဲ့ နာမည်ကြီး ဟာသမင်းသား Seth Rogen ဦးဆောင်ပြီး အသံသရုပ်ဆောင်ထားတာမလို့ မရယ်ရမှာတော့ ပူစရာမလိုပါဘူး။ Animation ဆိုပေမယ့် မိသားစုနဲ့အတူကြည့်ဖို့၊ ကလေးတွေကြည့်ဖို့ထုတ်ထားတဲ့ Animation မဟုတ်ပဲ Dark Comedy နဲ့ 18+ တွေဖောဖောသီသီပါဝင်မှာဖြစ်ပါတယ်။ ကြည့်ရတာသဘောတွေ့မယ့်စီးရီးစ်ဆိုလည်းမမှားပါဘူး။ဇာတ်ညွှန်း ဖရန့်ခ်နဲ့ဘရန်ဒါတို့ဦးဆောင်လာတဲ့ အစားအသောက်တော်လှန်ရေးကြီးဟာ ပထမ Sausage Party ဇာတ်လမ်းမှာအောင်မြင်မှုရခဲ့ပါတယ်။ ဘယ်လောက်တောင်အောင်မြင်လဲဆိုရင် လူသားတွေအကုန်သေတဲ့အထိကိုအောင်မြင်မှုရခဲ့ပါတယ်။ ဖရန့်ခ်ဟာ အစားအသောက်တွေအတွက် အစားအသောက် နိဗ္ဗာန်ဘုံတစ်ခုကိုတည်ဆောက်ခဲ့ပါတယ်။ လူသားတွေမရှိတဲ့ ကမ္ဘာမှာအစားအသောက်တွေကြီးစိုးခဲ့ပါတယ်။ ခက်တာက သူတို့မထင်ထားတဲ့ ...
10
TMDb: 10/10 1 votes
tv

Sausage Party: Foodtopia (2024)

2024
Mirzapur (2024) Season 3 Complete 8.1
Mirzapur (2024) Season 3 Complete Mirzapur season 3အပိုစာသားအက်ရှင်တွေမပါဘဲအမှန်အကန်ကြမ်းတဲ့ gangကားချစ်သူတွေအကြိုက်တွေ့မယ့် Mirzapur s3ထွက်ရှိလို့လာပါပြီ။အတွဲ ၂ ရဲ့အဓိက အာဏာပြိုင်ဆိုင်မှုဖြစ်တဲ့ ကာလင်းနဲ့ ဂူဒူနဲ့ဘာလူးတို့ရဲ့ သေရင်မြေကြီး ရှင်ရင် ရွှေထီးဆိုတဲ့ပြိုင်ပွဲမှာ ရှုံးနိမ့်သွားခဲ့တဲ့ ကာလင်းတစ်‌ယောက် အမြီးကုပ်သွားသလို ဂူဒူလည်း ဘာလူကို ဆုံးရှုံးလိုက်ရပြီးတဲ့နောက်မှာတော့ မီဇာပူးရဲ့ပလ္လင်လုပွဲလည်း ပြန်ပြီးတော့ အသက်ဝင်လာခဲ့တော့တာပေါ့။မီဇာပူးပလ္လင်ကို အရမယူခင်မှာ ကာလင်းအုပ်ချုပ်နေတဲ့ ပူရ်ဗန်ချယ်ကို အုပ်စိုးမယ့်သူရွေးဖို့ ဂိုဏ်းစတားတွေစည်းဝေးဖို့ဖြစ်လာချိန်....မီဇာပူးပလ္လင်ဆီကို တက်လှမ်းဖို့ဆို ပူရ်ဗန်ချယ်က အခရာဖြစ်နေတဲ့အတွက် သူ့ထက်ငါအပြိုင် ဒီနေရာကို ချောင်းမြောင်းနေကြချိန်မှာ အဓိကပြိုင်ဘက်ဖြစ်လာတဲ့ ဂူဒူနဲ့ တစ်ချိန်ကဝံပုလွေပေါက်ကနေ ကျားပေါက်ဖြစ်လာတဲ့ ရှရတ်ရှူကလာတစ်ဖက်က အာဏာလုပွဲမှာ အသက်ပေးလိုက်ရတဲ့ ခင်ပွန်းဖြစ်သူမူနာအတွက် လက်စားချေဖို့ တစ်ယောက်တည်းအကွက်ချစီစဉ်နေတဲ့ဝန်ကြီးချုပ်မာဒူနီကပါ အာဏာလုပွဲထဲ ပါဝင်ပတ်သက်လာချိန်မှာတော့.....အာဏာလုပွဲဆိုတဲ့အတိုင်း သွေးချောင်းစီးမှုနဲ့ပဲ အဆုံးသတ်တာမလို့ ဒီအတွဲ ၃ မှာရော လှိုင်းတစ်လုံးထက် တစ်လုံးကပိုမြင့်နေတဲ့ မြေအောက်လောကမှာ ဘယ်သူတွေက အာဏာရှင်ဖြစ်လာဦးမလဲဆိုတာ ရှုစားလိုက်ရအောင်ပါ။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamမှပဲဖြစ်ပါတယ်)File Size – 500MB(Appx;)@EpisodeQuality – 1080p WEB DLDuration –60minute (@Episode)Total Episodes:10EpsSubtitle – ...
8.1
TMDb: 8.1/10 122 votes
tv

Mirzapur (2024) Season 3 Complete

2018
Panchayat (2020-2023) 7.9
Panchayat (2020-2023) Panchayat (2020)"ရွာပျော်" ==========================၂၀၂၀ ခုနှစ်ကတည်းက ထွက်ရှိခဲ့ပြီး ပရိသတ်အင်အားအတော်အသင့်တောင့်တင်းပြီး ရိတ်တင် 8အကျော်ထိတောင်ရခဲ့တဲ့ Amazon Prime ရဲ့ ဟင်ဒီစကားပြော ဟာသဒရာမာဇာတ်လမ်းတွဲလေးတစ်ခုကို ချန်နယ်မြန်မာပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။Amazon Prime ကထုတ်တဲ့ အိန္ဒိယဇာတ်လမ်းတွဲတွေ များသောအားဖြင့် ဇာတ်လမ်းဇာတ်အိမ် တင်ဆက်ပုံတွေ တော်တော်လေးကောင်းမွန်တာကို အားလုံးလဲသိပြီးသားဖြစ်မယ်ထင်ပါတယ်။ဇာတ်လမ်းကတော့ အာဘီရှက်ဆိုတဲ့ အင်ဂျင်နီယာဘွဲ့ရတစ်ယောက်ဟာ သူရတဲ့ဘွဲ့နဲ့ အလုပ်ရှာလို့မရတဲ့အတွက် MBA ဘွဲ့ယူဖို့ကြိုးစားနေသူပါ။MBA လျှောက်တဲ့အခါ အင်တာဗျူးတွေမှာ လုပ်ငန်းအတွေ့အကြုံရှိကြောင်းပြောနိုင်ဖို့အတွက် အာဘီရှက်ဟာ တွေ့တဲ့အလုပ်ကိုလျှောက်ရင်း မြို့ပြနဲ့ အင်မတန်ဝေးတဲ့ရွာတစ်ရွာမှာ ကျေးရွာကောင်စီရဲ့အတွင်းရေးမှူးအဖြစ် အလုပ်ရသွားခဲ့ပါတယ်။အဲဒီရွာကို ရောက်ရောက်ချင်းမှာပဲ ကဂျီကဂျောင်ကိစ္စတွေကို ကြုံတွေ့ခဲ့ရပြီး ပေါ်လာတဲ့ပြဿနာတွေကို သူ့ရဲ့ ဉာဏ်စွမ်းနဲ့ဖြေရှင်းရင်းနဲ့တဖြည်းဖြည်းနဲ့ ရွာသားတစ်ပိုင်းဖြစ်လာပုံတွေကို ဒီဇာတ်လမ်းတွဲထဲမှာ ဟာသနှောပြီး ပေါ့ပေါ့ပါးပါးမြင်တွေ့ရမှာပါ။Panchayat ဇာတ်လမ်းတွဲဟာ လက်ရှိမှာ အတွဲသုံးတွဲထိ ထွက်ထားပြီး CMပရိတ်သတ်ကြီးတွေ အားပေးမှုများပါက ကျန်၂တွဲကိုလဲ ဆက်လက်တင်ဆက်သွားမှာပါဖြစ်ပါတယ်...။ဒီဇာတ်လမ်းလေးကို ဘာသာပြန်တင်ဆက်ရင်း ငယ်ငယ်တုန်းက ဖတ်ခဲ့ရတဲ့ကာတွန်းရုပ်ပြဖြစ်တဲ့ "ကိုတင့်တို့ရပ်ကွပ်"ဆိုတဲ့ဟာသကာတွန်းလေးကိုတောင် ပြန်အမှတ်ရမိသွားကြောင်း ထပ်တိုးညွှန်းရင်း တင်ဆက်ပေးလိုက်ပါတယ်(ဒီဇာတ်လမ်းတွဲအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)File Size – 800MB(Appx;)@EpisodeQuality – 1080p WEB ...
7.9
TMDb: 7.9/10 73 votes
tv

Panchayat (2020-2023)

2020
Alex Rider (2020) 7.5
Alex Rider (2020)  ပေါ့ပေါ့ပါးပါးနဲ့ ဇာတ်အိမ်ကောင်းတဲ့ လူငယ်စပိုင်ကား ကြိုက်နှစ်သက်သူများအတွက် Alex Rider စီးရီးကိုတင်ဆက်ပေးလိုက်ပါတယ်။အဲလက်စ် ရိုက်ဒါကတော့ သာမာန်အထက်တန်းကျောင်းသားလေးတစ်ယောက်ဖြစ်ပြီး ဦးလေးဖြစ်သူ အီယန်နဲ့အတူနေပါတယ်။ ညတစ်ညမှာတော့ ဦးလေး အီယန်က အလုပ်ကိစ္စနဲ့အပြင်သွားရင်း ကားမတော်တဆမှုနဲ့သေဆုံးသွားခဲ့ကြောင်း အကြောင်းကြားလာပါတယ်။ အဲလက်စ်လည်း သတိကြီးလှတဲ့ ဦးလေးအီယန် ယာဉ်တိုက်မှုဖြစ်တာကို လက်မခံနိုင်တာကြောင့် နောက်ယောင်ခံစုံစမ်းရင်းနဲ့ အီယန်က အမ်အိုင် ၆ ရဲ့ သူလျိုတစ်ယောက်ဖြစ်နေတာအပြင် ယာဉ်တိုက်မှု‌ကြောင့်မဟုတ်ဘဲ ပ-စ်သ-တ်ခံလိုက်ရတာဖြစ်ကြောင်းကိုပါသိလိုက်ရပါတယ်။ဒီလိုနဲ့ အဲလက်စ်ရဲ့ လုပ်နိုင်စွမ်းတွေကိုသိသွားတဲ့ အမ်အိုင် ၆ ဌာနခွဲ ခေါင်းဆောင် အလန် ဘလန့်က အီယန်ရဲ့သေဆုံးမှုကို ကူညီစုံစမ်းပေးဖို့ ကမ်းလှမ်းလာတဲ့အခါမှာ အီယန်ရဲ့ အသ-တ်ခံရမှုနဲ့ ဆက်စပ်နေတဲ့ ပွိုင့် ဘလန့်ခ် ကျောင်းကို ဝင်ခွင့်ရအောင်လုပ်ရင်း အဲလက်စ်ရဲ့ စွန့်စားခန်းတွေကို စိတ်ဝင်စားဖွယ်ကြည့်ရှုကြရမှာပါ။ File size…(870 Mb)/(350 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….00:46:00 Genre... Action, Adventure, Drama Subtitle….Myanmar Subtitle ...
7.5
TMDb: 7.5/10 391 votes
tv

Alex Rider (2020)

2020
Maxton Hall – The World Between Us (2024) 8.4
Maxton Hall – The World Between Us (2024) Maxton Hall – The World Between Us ( 2024 ) ========================================ဒီစီးရီးကတော့ ကျွန်တော်တို့ဒရာမာပေါင်းစုံမှာ မြင်နေရတဲ့ ထိတ်ထိတ်ကြဲလူချမ်းသာ လူဘော်ကြော့ သူဌေးသားနဲ့ ရိုးသားကြိုးစားဆင်းရဲတဲ့ ကျောင်းသူမလေးတို့ကြားက ဒရာမာတွေကို အခြေတည်ထားတဲ့ စီးရီးပဲ။ ကောင်လေးရယ် ကောင်မလေးရယ် ခြားထားတဲ့ ကမ္ဘာတွေရယ်ပေါ့။ ထူးတာက ဒီစီးရီးက ကျွန်တော်တို့မြင်နေကျ နိုင်ငံတွေက စီးရီးတော့မဟုတ်ဘူး။ ဂျာမနီက ထုတ်တဲ့စီးရီး။ ဒါကြောင့်မို့ပဲ ထူးခြားသွားလို့လားတော့မသိ Maxton Hallစီးရီးဟာ အမေဇုန်ပရိုင်းရဲ့ ကြည့်ရှုသူအများဆုံးစီးရီးစာရင်းထဲ နိုင်ငံပေါင်း၁၂၀မှာ ထိပ်ဆုံးမှာ ရောက်နေတယ်။ ဂျာမနီစာရေးဆရာမMona Kastenရဲ့ Save Me ဆိုတဲ့ စာအုပ်ကိုပဲ ပြန်ရိုက်ထားတယ်။ လက်ရှိမှာ Season 1 ထွက်ရှိထားပြီး အောင်လည်းအောင်မြင်နေတာမို့  Season 2ပါ ဆက်ထွက်ဖို့ ပရိုင်းက မီးစိမ်းပြထားတယ်။ဇာတ်လမ်းကတော့  Pride and Prejudice, ...
8.4
TMDb: 8.4/10 132 votes
tv

Maxton Hall – The World Between Us (2024)

2024
Dil Dosti Dilemma (2024) 10
Dil Dosti Dilemma (2024) Dil Dosti Dilemma (2024) အက်စ်မာရဲ့နွေရာသီIMDb 6.5/10ဒီတစ်ခေါက်ကတော့ dramaဇာတ်လမ်းလေးတစ်ခုကို CM ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။မိသားစုတိုင်းမှာ လူငယ်နဲ့လူကြီးကြား ဒီဇာတ်လမ်းထဲလို တစ်ခေါက်လောက်တော့ ဖြစ်ဖူးကြမှာပါ။ အရှက်ရတာမျိုးပေါ့။ ကိုယ်တို့ရဲ့ဘဝမှာ လူကြီးတွေရဲ့တစ်ခုခုကို အရှက်ရပြီးအပေါင်းအသင်းတွေကို ဖုံးကွယ်ထားတာမျိုး လုပ်ဖူးကြပါတယ်။ အမေစာမတတ်တာ၊ အဖေအရက်သောက်ပြီး ရိုက်တတ်တာ၊ ဆွေမျိုးတွေရဲ့ အတွေးအခေါ်က နိမ့်ကျနေတာ အစရှိသဖြင့်ပါ။ ကိုယ့်စိတ်ထဲ ဒါကအောက်တယ်ထင်ပြီး ကိုယ်ရဲ့ ပတ်ဝန်းကျင်မှာဖုံးကွယ်ထားမျိုး ငယ်ရွယ်တုန်းမှာ လုပ်မိတတ်ကြပါတယ်။ဒီထဲက အက်စ်မာဆိုတဲ့ကောင်မလေးကလည်း အတူတူပါပဲ။စီးပွားရေးအဆင်ပြေ၊ ခေတ်မှီ၊ ပွင့်လင်းပြီးအမြင်ရှိတဲ့ မိဘတွေလက်မှာ ချမ်းချမ်းသာသာနေရတဲ့ ကောင်မလေးပါ။ တီနဲ့နွန်းဆိုတဲ့ သူ့လိုrk ကောင်မလေးနှစ်ယောက်နဲ့လည်း အတွေးတူ အမြင်တူ အချစ်ဆုံးသူငယ်ချင်းတွေပါ။ ရှောပင်းလေးထွက်လိုက်၊ ကောင်လေးတွေနဲ့ ဇယားခင်းလိုက်နဲ့ ဘဝကိုပေါ့ပေါ့လေး နေနေရပါတယ်။ အက်စ်မာရာဟာ နွေရာသီမှာ အစ်ကိုဘွဲ့ယူမယ့်ကနေဒါကို မိသားစုလိုက်သွားမယ့်အရေးတွေးပြီး အစီအစဥ်တွေ အပြည့်ဆွဲထားခဲ့တယ်။ဒီလိုနဲ့ တစ်နေ့အိမ်ကို နယ်ကအဘွားလာလည်တော့ တိုက်တိုက်ဆိုင်ဆိုင် သူငယ်ချင်းတွေရှိနေတဲ့အခိုက်ဖြစ်နေခဲ့တယ်။ အဲဒီမှာ အဘွားရဲ့ရိုးရိုးအအပုံတွေကြည့်ပြီး အထင်သေးနေတဲ့ သူငယ်ချင်းတွေကြောင့် သူမျက်နှာပျက်ရမှာကြောက်ပြီး အဘွားသူငယ်ချင်းလို့ လိမ်လိုက်တော့တယ်။အဘွားခမျာ စိတ်ထိခိုက်ပြီး သမီးအလာတောင်မစောင့်ဘဲ ...
10
TMDb: 10/10 1 votes
tv

Dil Dosti Dilemma (2024)

2024
Inspector Rishi (2024) 6.8
Inspector Rishi (2024) Inspector Rishi (2024)"တောကြီးမာယာ" =================================Supernatural လိုမျိုး သဘာဝလွန်ကိစ္စတွေနဲ့ စုံထောက်ဇာတ်လမ်းကို အိန္ဒိယမှုပြုပြီး စိတ်ဝင်စားစရာကောင်းအောင်တင်ဆက်ထားတဲ့ IMDb 7.2/10 ရ ဇာတ်လမ်းတွဲတစ်ခုကို ချန်နယ်မြန်မာပရိသတ်တွေအတွက်တင်ဆက်ပေးချင်ပါတယ်။မြန်မာ urban legends တွေထဲက ကျတ်သရဲနဲ့တူတဲ့ ပရလောကသားတွေ ခိုအောင်းနိုင်လောက်တဲ့ထိ တောထူတဲ့ သစ်တောကြိုးဝိုင်းကြီးတစ်ခုရှိရာ တောင်ပေါ်ရွာလေးတစ်ရွာမှာ ထူးဆန်းတဲ့ လူသေမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။ သူတို့ရွာရဲ့ တောအုပ်တစ်နေရာမှာ ဓာတ်ပုံဆရာတစ်ယောက်ဟာ သစ်ပင်တစ်ပင်ပေါ်က ပင့်ကူအိမ်လို ပိုးမျှင်အိမ်ကြီးတစ်ခုထဲမှာ ဇောက်ထိုးအနေအထားနဲ့ ထူးထူးဆန်းဆန်းသေဆုံးနေတာပါ။အဲဒီသေဆုံးမှုကို ဆိုင်ရာပိုင်ရာတွေက လူသဝာ်မှုလို့ သံသယရှိတဲ့အတွက် လူသဝာ်မှုတွေဖြေရှင်းရာမှာ နာမည်ကြီးတဲ့ ရီရှီနန်ဒန်ဆိုတဲ့ စုံထောက်ကို တာဝန်ပေးလိုက်ပါတယ်။ရီရှီဟာ အဲဒီအမှုကို စုံစမ်းရင်း စုံစမ်းရင်းနဲ့ တရားခံမပေါ်ဘဲ သဘာဝလွန်ကိစ္စလိုလို ဘာလိုလိုဖြစ်လာတဲ့အခါ သဘာဝလွန်ကိစ္စတွေကို လုံးဝအယုံအကြည်မရှိတဲ့ရီရှီတစ်ယောက် သူ့ကိုယ်သူ သက်သေပြဖို့ ဇွတ်တရွတ်ကြိုးစားပုံတွေကို ဒီဇာတ်လမ်းတွဲထဲမှာမြင်ရမှာဖြစ်ပါတယ်...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)File Size – 500MB(Appx;)@EpisodeQuality – 1080p WEB DLDuration –minute (@Episode)Total Episodes:10EpsSubtitle – ...
6.8
TMDb: 6.8/10 4 votes
tv

Inspector Rishi (2024)

2024
American Rust Season 2 (2024) 6.9
American Rust Season 2 (2024) American Rust ( 2021 - 2024 )လက်ရှိမှာ Season 2ခုထွက်ပြီးသား အမေရိကန် မှုခင်းဒရာမာစီးရီးဖြစ်တဲ့ American Rust ဟာ   မှုခင်းရုပ်ရှင် စုံထောက်ရုပ်ရှင်ကိုမှ စိတ်ဝင်စားစရာအပြည့်နဲ့ မြုပ်ကွက်တွေအပြည့်နဲ့ ကြည့်ရမယ့် ဇာတ်လမ်းတွဲပါပဲ။ ဒုတိယတွဲကတော့ ပထမတွဲကနေပဲ တိုက်ရိုက်ဆက်ထားပြီး  ပထမတွဲက ပြဿနာတွေရဲ့နောက်ဆက်တွဲတွေ ပထမတွဲက မပြီးပြတ်သေးတဲ့ ပြဿနာတွေကို ဆက်လက်တင်ပြထားတယ်။မြို့လေးတစ်မြို့ထဲက အချင်းချင်းသိနေတဲ့လူတွေကြား လူသတ်မှုတွေ တစ်ခုခုပြီးဖြစ်လာခဲ့တယ်။  ဒီမြို့ကလေးကလူတွေပဲဆိုပေမဲ့ Landwills လို့ခေါ်တဲ့  ကုမ္ပဏီကလူတွေကတော့ ဒီမြို့မှာ လုပ်ငန်းလုပ်ရင်း ဒီမြို့ကမြေတွေကို ပတ်ဝယ် ပတ်ငှားရင်း ဒီကိစ္စတွေရဲ့ မသင်္ကာစရာတစ်ခုဖြစ်လာခဲ့တယ်။ ဒီကုမ္ပဏီနဲ့ပေါင်းပြီး မြို့သူမြို့သားအချင်းချင်းအမြတ်ထုတ်ချင်တဲ့လူတစ်အုပ်ရယ်။ အမြတ်ထုတ်ခံရတဲ့လူတစ်အုပ်ရယ်။  ရဲတွေ အမှုစစ်တွေကြားက အကျင့်ပျက်ခြစားမှုတွေရယ်။ အဲဒီအကျင့်ပျက်ခြစားမှုတွေကို တိုက်ဖျက်ချင်နေတဲ့ရယ်တွေ တစ်ယောက်အကြောင်းလည်း တစ်ယောက်သိသင့်သလောက်သိနေကြပြီး ခြေချင်းလိမ်နေကြတဲ့ မြို့ကျဉ်းကျဉ်းထဲက ရှုပ်ထွေးတဲ့ပြဿနာတွေကိုမြင်ရမှာပါပဲ။ဒီမြို့ကျဉ်းကျဉ်းလေးမှာပဲ စရိုက်ပေါင်းစုံနဲ့လူတွေရှိနေသလို ရဲတွေကလည်း မကောင်းတဲ့ရဲကပိုများနေသလို လူသတ်မှုတွေကလည်း ...
6.9
TMDb: 6.9/10 47 votes
tv

American Rust Season 2 (2024)

2021
Expats (2024) 9
Expats (2024) ပြည်ပကနေ ဟောင်ကောင်ကိုအခြေချနေထိုင်ကြတဲ့ (Nicole Kidmanအပါအဝင်) အမျိုးသမီး၃ယောက်ရဲ့ ဘဝကို ဇာတ်အိမ်တည်ပြီးရိုက်ကူးထားတဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းဇာတ်လမ်းထဲမှာ သားသမီးကိုဆုံးရှုံးလိုက်ရတဲ့ မာဂရတ်၊ အိမ်ထောင်ရေးဆုံးရှုံးခါနီး ဟစ်လာရီနဲ့ ဟောင်ကောင်ရောက် ကိုရီးယားလူမျိုး မာစီတို့ရဲ့အကြောင်းကို တစ်လှည့်စီရိုက်ပြထားပါတယ်။ အဖြစ်အပျက်ဆိုးဖြစ်ပြီးတစ်နှစ်အကြာနဲ့ဇာတ်လမ်းကိုစထားပြီး ဇာတ်ကားရဲ့တစ်ပိုင်းချင်းစီမှာမှ အတိတ်ကိုတဖြည်းဖြည်း​ချင်း ဖြည်ပြပေးမယ့်ဇာတ်ကားမျိုးဖြစ်ပါတယ်။ပထမအမျိုးသမီး မာဂရတ်က မူလကကလေး၃ယောက်အမေဖြစ်ပေမဲ့ အငယ်ဆုံးသားလေးဂတ်စ်ကိုပျောက်ဆုံးသွားတဲ့မိခင်တစ်ဦးပေါ့။ ဒါကြောင့်လည်း နေ့ရက်တိုင်းကို စိတ်နဲ့ကိုယ်နဲ့မကပ်ပဲ ရှင်သန်နေရပြီး ဂတ်စ်ကိုပြန်တွေ့လို့ပြန်တွေ့ငြား ပူဆွေးနေရတဲ့မိခင်တစ်ဦးလည်းဖြစ်ပါတယ်။ဒီထဲမှာ နောက်ထပ်နစ်နာသူကတော့ မာဂရတ်ရဲ့သူငယ်ချင်းဟစ်လာရီပါ။ ယိုင်နဲ့နဲ့အိမ်ထောင်ရေးကိုကယ်တင်ဖို့ကြိုးစားနေရရင်း ခင်ပွန်းဖြစ်သူနဲ့အဆင်မပြေဖြစ်နေသူပေါ့။ သူတို့အိမ်ထောင်ရေးအဆင်မပြေရတဲ့အကြောင်းရင်းကလည်း ဂတ်စ်ရဲ့ပျောက်ဆုံးမှုနဲ့ဆက်စပ်နေပုံရပြီး အားလုံးထဲမှာမှ မာစီကတော့ပဟေဠိတွေရဲ့အဓိကသော့ချက်လိုဖြစ်နေပုံရပါတယ်။ File size…(957 Mb)/(422 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….00:59:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Su Eaindra Season (1)Episode 1 720p  -  Yoteshin / Megaup / Meganz / Usersdrive / StreamwishEpisode ...
9
TMDb: 9/10 9 votes
tv

Expats (2024)

2024
Paatal Lok (2020) 7.2
Paatal Lok (2020) Paatal Lok (2020) ငရဲပြည်...အခုတစ်ခါ ပရိသတ်ကြီးအတွက် တင်ဆက်ပေးချင်တဲ့ စီးရီးလေးကတော့ Amazon Prime ကနေ Streaming ပြနေတဲ့ Crime-Thriller စီးရီးလေးပဲ ဖြစ်ပါတယ်ဇာတ်လမ်းလေးရဲ့နာမည်ကိုက ဘာသာပြန်လိုက်ရင် ငရဲပြည်လို့ အဓိပ္ပာယ်ရပါတယ် ဇာတ်လမ်းထဲမှာ နတ်ပြတ် လူ့ပြည် ငရဲပြည်ဆိုတဲ့ လောကသုံးပါးကို အိန္ဒိယရဲ့လူတန်းစားအလွှာတွေနဲ့ နှိုင်းယှဉ်ပြထားတာပါ ဒီငရဲပြည်နဲ့တူတဲ့ အောက်ခြေလူတန်းစားအလွှာ‌တွေရှိတဲ့မှာ ရဲလုပ်နေရတဲ့ ချောင်ဒရီအတွက်ကတေ့ာ ကိုယ်တိုင်ငရဲကျနေသလိုပါပဲနေ့စဉ် ရိုက်မှုခိုးမှုတွေနဲ့ ပတ်လည်ရိုက်နေပြီးတော့ ရာထူးလဲမတက် စခန်းလဲမပြောင်း ရဲဘဝကို စိတ်ကုန်နေသူတစ်ယောက်ပါပဲ အဲ့အချိန် သူ့နယ်ထဲမှာ အထက်ဌာနချုပ်ကပါ လူကြားထဲ ကိုယ်တိုင်လိုက်ဖမ်းရတဲ့ လူသတ်ဖို့ကြံနေတဲ့ လူဆိုးလေးယောက်ကို သူ့စခန်းမှာချုပ်ပြီးတော့ စစ်ဆေးစုံစမ်းရဖို့ ဖြစ်လာပါတယ်....သူတို့သတ်ဖို့ကြံနေတဲ့သူကလည်း အမှန်တွေတအားဖော်တဲ့ နာမည်ကြီးသတင်းထောက်တစ်ယောက်ဖြစ်နေတာ သိလိုက်ရတဲ့အခါ ဒီလိုလုပ်ဖို့ကြံတာ ဘယ်သူလဲ ဘယ်အဖွဲ့အစည်းကလဲ နောက်ကွယ်မှာ ဘယ်သူတွေရှိနေလဲဆိုတာ ရဲမှူးချောင်ဒရီတစ်ယောက်စုံစမ်းရင်းနဲ့ ဘယ်အတိုင်းအတာထိ နက်ရှိုင်းသွားမလဲဆိုတာတော့.....အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကပဲ ဖြစ်ပါတယ်File Size –700MB (Appx;)@EpisodeQuality – 1080p WEB DL Duration – 42minute (@Episode)Total Episodes: ...
7.2
TMDb: 7.2/10 64 votes
tv

Paatal Lok (2020)

2020
Fallout (2024) 9.4
Fallout (2024) ကမ္ဘာကျော် အက်ရှင် သိပ္ပံ ဂိမ်းကြီးတစ်ခုဖြစ်တဲ့ Fallout ကိုအခြေခံတဲ့ စီးရီးအသစ်လာပါပြီ။ Halo စီးရီးလိုပဲ ဇာတ်လမ်းကောင်းကောင်း ရိုက်ချက်ကောင်းကောင်းနဲ့တင်ဆက်ထားတာပါ။ ပစ်တာခတ်တာ ဖောင်းဒိုင်းတာတွေ ကြမ်းလို့ ကလေးတွေ မပြသင့်ပါဘူး။ဇာတ်လမ်းအကျဉ်းအနုမြူစစ်ပွဲကြီးဖြစ် ကမ္ဘာကြီးပျက်သွားပြီး နှစ် ၂၀၀ ကျော်အကြာကို အခြေခံထားတာပါ။ ကမ္ဘာမျက်နှာပြင်ပေါ်က အနုမြူရောင်ခြည်တွေကြောင့် မြေအောက်မှာ အလုံခန်းကြီးတွေဆောက်နေတဲ့ အလုံခန်းသားတွေရှိမယ်၊ ကမ္ဘာပေါ်မှာပဲ ခပ်ကြမ်းကြမ်းအသက်ရှင်နေတဲ့ မြေပေါ်သားတွေရှိမယ်။ အလုံခန်းတွေကို လိုက်ဓားပြတိုက်နေတဲ့သူတွေ၊ မြေပေါ်က သန္ဓေပြောင်းကောင်တွေ စသဖြင့် အန္တရာယ် အစုံရှိပါတယ်။ဇာတ်လမ်းအစမှာတော့ အလုံခန်း-၃၂ ရဲ့ အုပ်ကြီးဖြစ်သူကို မြေပေါ်ဓားပြတွေက ဖမ်းသွားပါတယ်။ အလုံခန်းသားတွေကလည်း ကြောက်လို့လိုက်မကယ်ချင်ကြသလို၊ ခေါင်းဆောင်ကိုသွားကယ်လိုက်ရင် သူတို့ခေါင်းဆောင်မလုပ်ရမှာစိုးလို့ မကယ်ကြပါဘူး။ အုပ်ကြီးရဲ့ သမီးကတော့ မြေပေါ်ကို ခိုးတက်သွားပြီး သူ့အဖေကို လိုက်ရှာပါတော့တယ်။ တချိန်တည်းမှာပဲ သံမဏိအဖွဲ့ဆိုတဲ့ နည်းပညာထိန်းချုပ်ရေးအဖွဲ့ကလည်း သူတို့ရဲ့ စစ်သည်တော်တွေ စစ်သည်တော်လက်ထောက်တွေနဲ့ စစ်ဆင်ရေးတစ်ခု လွှတ်လိုက်ချိန်မှာ ...
9.4
TMDb: 9.4/10 11 votes
tv

Fallout (2024)

2024
Wedding.con (2024) 5
Wedding.con (2024) Wedding.con (2023) "အိမ်ထောင်ရေးလိမ်လည်မှု" IMDb - 7.0/10Prime Videoကနေ ထုတ်လွှင့်ခဲ့ပြီး အချစ်ကိုကိုးကွယ်ကြတဲ့ အမျိုးသမီးလေးတွေ အွန်လိုင်းကနေ လိမ်ညာခံရတဲ့အကြောင်းကို အခြေခံရိုက်ကူးထားတဲ့ ဆိုက်ဘာရာဇဝတ်မှုခင်း မီနီစီးရီးလေးကို တင်ဆက်ပေးလိုက်ပါတယ်။အိန္ဒိယအမျိုးသမီးလေးတွေဟာ အချိန်တန်အရွယ်ရောက်ရင် အုပ်ထိန်းသူတွေရဲ့ အိမ်ထောင်ဖက်စီစဉ်ပေးတာကို လက်ခံကြရတာ များပါတယ်။ ခေတ်တွေတိုးတက်လာတော့ အွန်လိုင်းမှာ လိုက်ဖက်မဲ့သတို့သားလောင်းရှာကြပါတော့တယ်။ဒီမှာပဲ အိမ်ထောင်ရေးဝက်ဆိုက်ကနေတဆင့် မသိနားမလည်တဲ့သူတွေ၊ တတ်သိနားလည်ပေမဲ့ ယုံကြည်မှုတစ်ခုနဲ့ အချစ်ကိုကိုးစားမှုကြောင့် ခံလိုက်ရတဲ့ လိမ်ညာမှု သစ္စာဖောက်ခံရမှုတွေအကြောင်းပေါ့။ဒီစီးရီးလေးထဲမှာတော့ ပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်တစ်ခုကို ထူထောင်ဖို့ ဆန္ဒရှိတဲ့ အမျိုးသမီးငါးယောက်ကို ဇာတ်ကြောင်းပြန်ပြောတဲ့ပုံစံနဲ့ မှတ်တမ်းရုပ်ရှင်ဆန်ဆန် ရိုက်ကူးတင်ဆက်ထားတာမို့ တမူထူးပြီး စိတ်ဝင်စားဖို့ကောင်းနေတာကြောင့် ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ V ~ Alex ~ ToMo ~ Yunniတို့ပဲ ဖြစ်ပါတယ်) File Size – 400MB (Appx;)@Episode Quality – 1080p WEB DL Duration – 27minute (@Episode) Total Episodes: 5Eps Subtitle – Myanmar Hardsub Format ...
5
TMDb: 5/10 1 votes
tv

Wedding.con (2024)

2023
Invincible (2023) – Season (02) 8.7
Invincible (2023) – Season (02) Invincible (2023) - Season (02) ========================လွန်ခဲ့တဲ့နှစ်နှစ်ကျော်က ထွက်ခဲ့တဲ့ Invincibleဟာ Season 1 မှာ ပရိသတ်ကြားရော ဝေဖန်ရေးဆရာတွေကြားရော လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့သလို သူ့အရင် Prime က ထုတ်ခဲ့ပြီး အောင်မြင်ခဲ့တဲ့ The Boys ထက်ပါ Rating ကျော်တက်နိုင်ခဲ့တယ်။ Invincible Comicsကို ထုတ်ခဲ့တဲ့ Image Comicsဆိုတာကလည်း မာဗယ်နဲ့ ဒီစီပြီးရင် Comics ဈေးကွက်မှာ တတိယအကြီးဆုံး ဈေးကွယ်ရှယ်ယာယူထားတဲ့ Comics publisher ပါပဲ။ Spawn, The Walking Dead, Invincible, Jupiter's Legacyစတဲ့ နာမည်ကျော် Comicsစာအုပ်တွေကို ထုတ်ခဲ့တဲ့ publisherပါ။ Comic Books တွေကို ရုပ်ရှင်အဖြစ်အသက်သွင်းတဲ့နေရာမှာလည်း Invincibleဟာ ကျန်တဲ့အလားတူရုပ်ရှင်တို့ စီးရီးတို့ တော်တော်များများ ထက် ပိုအောင်မြင်ခဲ့ပါတယ်။ဒီ Season 2 မှာတော့ ပထမ Seasonအဆုံးက Invincibleနဲ့ Omni-Manတို့ သားအဖတိုက်ပွဲရဲ့ အကျိုးဆက်တွေနဲ့ ပြန်စထားပြီး မထင်မှတ်ထားတဲ့ Plotတွေနဲ့ ပြန်စဖွင့်ထားပါတယ်။ ...
8.7
TMDb: 8.7/10 170000 votes
tv

Invincible (2023) – Season (02)

2023
Love Storiyaan (2024) 3
Love Storiyaan (2024) Love Storiyaan (2024) "အချစ်ဆိုသည်မှာ..." IMDb - 7.7/10သံသရာဝဲဂယက်က မလွတ်ကင်းနိုင်သရွေ့ ဆုန်ချည်ဆန်ချည်ကူးခတ်ရင်း ကြုံတွေ့ကြရမှာက ချစ်ခြင်းမေတ္တာဆိုတဲ့ ပူလောင်ခြင်း အေးချမ်းခြင်းစတဲ့ အမျိုးမျိုးသော ခံစားမှုတွေကို ပေးစွမ်းတဲ့အရာကိုပါပဲ။ဒီစီးရီးလေးမှာတော့ ချစ်ခြင်းမေတ္တာနဲ့ အရာရာကို အောင်နိုင်ပြီး ပျော်ရွှင်စရာအဆုံးသတ်လေးတွေ ကြုံတွေ့ခဲ့ရတဲ့ လက်တွေ့ဘ၀က ချစ်သူစုံတွဲတွေကို မှတ်တမ်းရုပ်ရှင်အနေနဲ့ ရိုက်ကူးတင်ဆက်ထားတာပါ။လက်တွေ့ဘ၀က လူတွေအကြောင်းကို ရိုက်ကူးတင်ဆက်ထားတာ ဖြစ်တဲ့အတွက် ဒီစီးရီးလေးကို ကြည့်နေရင်းနဲ့ ဒီနေရာလေးကတော့ ငါတို့ကြုံတွေ့ခဲ့ဖူးတဲ့ အခိုက်အတန့်လေးနဲ့ဆင်လိုက်တာ၊ ဒါလေးကငါတို့လက်ရှိရင်ဆိုင်နေရတဲ့ ပြဿနာလေးတွေလိုပဲလို့ မြင်တွေ့ခံစားကြရမဲ့အပြင် သူတို့တွေ ဘယ်လိုဖြတ်သန်းရင်ဆိုင်ကြလဲဆိုတာကိုပါ အတုယူလို့ ရစေမှာပါ။လက်တွေ့ဘ၀က မတူညီတဲ့ စုံတွဲခြောက်တွဲရဲ့ အချစ်ရေးကို အပိုင်းခြောက်ပိုင်းမှာ တစ်တွဲစီတင်ဆက်ပေးထားတာမို့ ခံစားကြည့်ရှုကြပါဦး ချစ်သောရုပ်ရှင်ချစ်ပရိသတ်တို့။ (အညွှန်းနဲ့ဘာသာပြန်ကတော့ V~KKKZ~BpL~Yunni~Aditi~ToMoတို့ပဲဖြစ်ပါတယ်)File Size – 600MB (Appx;)@EpisodeQuality – 1080p WEB DLDuration – 36minute (@Episode)Total Episodes: 6EpsSubtitle – Myanmar HardsubFormat – Mp4Genre : Documentary, DramaTranslator ...
3
TMDb: 3/10 1 votes
tv

Love Storiyaan (2024)

2024
Roadkillers (2023)
Roadkillers (2023) Roadkillers 2023 (ဝဋ်) IMDb _ 6.6လုပ်မိတဲ့အတိုင်း ပြန်ခံရတဲ့ဝဋ်ကိုယုံကြပါသလား စောပြီးခံရတာနဲ့နောက်ကျမှခံရတာပဲကွာကြပါတယ် စိုက်ပျိုးတဲ့အတိုင်းရိတ်သိမ်းရတယ်ဆိုတဲ့စကားက ဒီတိုင်းဆိုထားတဲ့စကားတော့မဟုတ်နေဘူးပေါ့ လူတွေအများအပြား သေကျေပျက်စီးကြတဲ့ကိုဗစ်ကာလကြီးတစ်ခု..ဆေးရုံတွေမှာ အခန်းတွေမလောက်လို့ပိုစိုးရိမ်ရ ပိုအခြေအနေဆိုးတဲ့လူနာတွေကိုပဲရရာအခန်းပေးကြရနဲ့ အခန်းမရတဲ့လူနာတွေကိုတော့ ပြင်ပလျှောက်လမ်းမှာပဲညအိပ်စောင့်ကြရတဲ့အထိ လူတွေပြွတ်သိပ်နေတဲ့ဆေးရုံမှာစတေစီ့ဖခင်လည်းအပါအဝင်ပေါ့အခန်းရဖို့အသိအကူအညီနဲ့ကြိုးစားကြည့်ပေမဲ့ အခန်းရချင်ရင်လူတစ်ယောက်ဆေးရုံဆင်းဖို့ ဒါမှမဟုတ် သေဖို့သာဆုတောင်းနေဆိုတဲ့စကားလေးတစ်ခွန်းပဲအဖြေပြန်ရခဲ့တယ် ဒီလိုနဲ့ ဖခင်အတွက်ဆိုပြီးတော့မကြံကောင်းမစည်ရာတွေကြံစည်မိပြီး PPE ဝတ်စုံဝတ် လူနာခန်းတွေလိုက်ကြည့်ရင်း ၂နှစ်အတွင်းလူနာရှင်ဧည့်တွေတစ်ခါလေးတောင်မလာတဲ့ လူနာတစ်ယောက်ကိုတွေ့သွားတော့ အောက်ဆီဂျင်ပိုက်ဖြုတ်ပြီးလုပ်ကြံမိခဲ့တယ်ဒါပေမဲ့လည်း အချိန်လွန်မှအခန်းရလို့ဖခင်ဖြစ်သူကိုတော့အသက်မမှီလိုက်ဘူးပေါ့လေ ဒီဝဋ်ကြွေးကိုဘယ်လိုပြန်ဆပ်ရမလဲဆိုတော့ အလောင်းကိုပြန်သယ်လာတဲ့လမ်းမှာ အလောင်းခိုးခံရပြီးတော့ အဖေ့အလောင်းကိုပြန်လိုချင်ရင်ခိုင်းတဲ့အတိုင်းလုပ်ရမယ်ဆိုပြီး တစ်စတစ်စနဲ့လူပါသတ်ခိုင်းတဲ့အဆင့်မိရောက်လာခဲ့တဲ့အခါမှာတော့ ... ဘာတွေဆက်ဖြစ်သွားမယ်ဆိုတာဆက်လက်ရှုစားကြပါရှင်(အညွှန်းနဲ့ဘာသာပြန်တွေကတော့ Yunni ~ BpL တို့ပဲဖြစ်ပါတယ်)File Size – 500MB (Appx;)@EpisodeQuality – 1080p WEB DL Duration – 45 minute (@Episode)Total Episodes: 4EpsSubtitle – Myanmar HardsubFormat – Mp4Genre : Action & Adventure, Crime, DramaTranslator – Yunni ~ BpL Encoder – YK Episode 1 - Yoteshin | ...

Roadkillers (2023)

2023
Poacher (2024) 10
Poacher (2024) Poacher (2024) "ဆင်မုဆိုး" IMDb - 7.8/10Delhi Crime(2019)စီးရီးကို ဖန်တီးရေးသားပြီး ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာရစ်ချီမယ်ထာ ရိုက်ကူးပုံဖော်ထားတဲ့ မီနီစီးရီးအသစ်စက်စက်ကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီစီးရီးက မလေယာလမ်းစီးရီးဖြစ်ပြီး မင်းသမီးချော အာလီယာဘတ်လည်း အားဖြည့်ထားပါတယ်။ "ကျွန်မတို့မှာ ကျွန်မတို့ကမ္ဘာမြေအတွက် တာဝန်ရှိတယ်...အဲဒါက ဒီစီးရီးမှာပါဝင်ရတဲ့အကြောင်းပြချက်တွေထဲက တစ်ချက်ပေါ့"လို့ မင်းသမီးချောအာလီယာဘတ်က ဆိုပါသေးတယ်။ကီရာလာက တောကြီးတစ်ခုထဲမှာ ဆင်အကောင်ရေ ခြောက်ထောင်ဝန်းကျင်လောက်ပဲ ကျန်ပါတော့တယ်။ ကိုးဆယ်ပြည့်နှစ်အလွန်ကတည်းက မတွေ့ရတော့တဲ့ ဆင်မှောင်ခိုသမားတွေက ရုတ်တရက် တစ်စခန်းထလာပြီး ဆင်တွေကို သတ်ဖြတ်မှောင်ခိုကူးပါတယ်။ ဒီမှာပဲ သစ်တောဦးစီးဌာနကို အထက်က ရှယ်ကြိမ်းတော့တာပေါ့။ ငှက်ဘေးမဲ့တောမှာ တာဝန်ကျနေပြီး အေးအေးဆေးဆေးဖြတ်သန်းနေတဲ့ ထူးချွန်အရာရှိမာလာက တချိန်က ကီရာလာကဆင်ရိုင်းတွေကို ကာကွယ်ပေးခဲ့တဲ့သူ။အခုလို ဆင်တွေကိုမှောင်ခိုကူးတဲ့ကိစ္စက တာဝန်ကျအရာရှိတွေ ခေါင်းမီးတောက်နေတုန်းမှာ အရာရှိမာလာပဲ ကိုယ်တွယ်နိုင်မယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရာရှိမာလာတစ်ယောက် ကီရာလာက တောကြီးထဲမှာ ပြန်လည်တာဝန်ထမ်းဆောင်ရပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )File Size –700MB ...
10
TMDb: 10/10 1 votes
tv

Poacher (2024)

2024