Channel Myanmar

Paramount+

School Spirits (2023) 7.6
School Spirits (2023) School Spirits (2023) =============== IMDb Rating - 7.6/10အထက်တန်းကျောင်းနဲ့ သရဲဇာတ်လမ်းဆိုတာက ဘယ်လိုမှခွဲခြားလို့ မရတဲ့ အရာတစ်ခုလိုပါပဲ။ အထက်တန်းကျောင်းတိုင်းမှာ ဇာတ်လမ်း တစ်ပုဒ်ဆိုတာရှိကြတာပါပဲ။ တကယ်ရှိလား မရှိဘူးဆိုတာတော့ ကျွန် တော်တို့တွေ မသိနိုင်တဲ့အရာတစ်ခုပါပဲ။ ဒါပေမယ့် ကျွန်တော်တို့ သရဲ ဇာတ်လမ်းတွေ နားထောင်ပြီးတော့ ကြောက်ခဲ့ကြတာပေါ့။အခု Paramount+ ကနေ ထွက်လာတဲ့ School Spirits ဆိုတဲ့ ဇာတ်လမ်း တွဲဟာဆိုရင်လည်း အဲလိုမျိုးပါပဲ။ သေဆုံးသွားပြီဖြစ်တဲ့ အထက်တန်း ကျောင်းသားတွေဟာ ကျောင်းကနေ မထွက်နိုင်ဘဲ သောင်တင်နေကြတာ မျိုးကို ရိုက်ကူးတင်ဆက်ထားတာပါ။ ဒါပေမယ့် Horror ပုံစံမျိုးဆိုတာ ထက် Mystery, Crime Solving ပုံစံမျိုးပါ။ Rotten Tomatoes 81%, IMDb Rating 7.6 ရရှိထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ အထက်တန်းကျောင်းသူလေး မက်ဒီဟာ အသတ်ခံလိုက်ရပြီး ကျောင်းမှာ ဝိညာဉ်အဖြစ် သောင်တင်နေပါတော့တယ်။ သူ့ကို ဘယ်သူက သတ်သွားတယ် ဘယ်လို သေသွားတယ်ဆိုတာကို‌တော့ မမှတ်မိဘဲဖြစ်နေပါတယ်။ ဒါကြောင့် မက်ဒီလည်း ဝိညာဉ်ဘဝနဲ့ လိုက်စုံစမ်းဖို့ အကြောင်းဖန်လာပါတော့တယ်။ ...
7.6
TMDb: 7.6/10 4000 votes
tv

School Spirits (2023)

2023
Rabbit Hole (2023) 7.3
Rabbit Hole (2023) Rabbit Hole (2023)၂၀၂၃ မှာ Paramount+ မှ ထုတ်လွှင့်ဆဲ Thriller ဇာတ်လမ်းတွဲကောင်းတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်။ Prison Break တို့ 24 တို့လို ဇာတ်လမ်းတွဲမျိုးကို ကြိုက်သူတွေ ဒီဇာတ်လမ်းတွဲကို လက်လွှတ်မခံဖို့ အကြံပေးချင်ပါတယ်။IMDb rating 8/10၊ Rotten Tomatoes 71% ရရှိထားပါတယ်။24 ဇာတ်လမ်းတွဲမှာ ဂျက်ဘောင်ဝါ အဖြစ် အရမ်းကိုအောင်မြင်ခဲ့တဲ့ မင်းသားကြီး Kiefer Sutherland က အဓိကမင်းသား ဂျွန်ဝီယာ အဖြစ်ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဂျွန်ဝီယာဟာ ကတုံးပေါ် ထိပ်ကွက်၊ သူများမျက်ခုံးမွှေးပေါ် စင်္ကြံလျှောက်ပြီး စီးပွားရေးလုပ်ငန်းရှင်တွေကြားမှာ သူလျှိုအဖြစ် လုပ်ကိုင်ရင်းအသက်မွေးနေသူဖြစ်ပါတယ်။ လုပ်ငန်းရှင်တွေကလည်း သူတို့ရဲ့ပြိုင်ဖက်ကို ထိုးနှက်ဖို့၊ ငွေကြေးရေးကြေး အမြတ်ရရှိဖို့ အစရှိတဲ့ ကိစ္စရပ်တွေကို တရားမဝင်နည်းလမ်းနဲ့ လုပ်ဖို့အတွက် ဂျွန်ကို ငှားရမ်းကြပါတယ်။ ဒီလိုလုပ်ကိုင်နေရင်း အက်ဖ်ဘီအိုင်ကလည်း ဂျွန့်ကို လိုက်ပြီးစုံစမ်းနေပေမယ့် သက်သေမခိုင်လုံတဲ့အတွက် မဖမ်းနိုင်ဘဲဖြစ်နေပါတယ်။တစ်နေ့မှာ ဗဲလ်လန့်စ်ဆိုတဲ့ ...
7.3
TMDb: 7.3/10 23 votes
tv

Rabbit Hole (2023)

2023
Star Trek: Picard – Season (02)(03) 7.5
Star Trek: Picard – Season (02)(03) Star Trek: Picard - Season (02)(03)=========================IMDb Rating - 7.5/10Star Trek ဇာတ်လိုက်ကျော်ကြီး Jean Luc Picard ရဲ့ စွန့်စားခန်း Season 2 ဆက်လက်ထွက်ရှိလာပါပြီ။ Star Trek ဆိုတာ ဒီနိုင်ငံမှာ Fanbase သိပ်မရှိပေမယ့် နိုင်ငံတကာမှာတော့ Sci-Fic လောကရဲ့ ပထမဆုံးထွက်ခဲ့တဲ့ ဘိုးအေ Franchise ကြီးတစ်ခုလို့ ပြောလို့ရပါတယ်။ဒီဇာတ်လမ်းတွဲမှာလည်း X Men ထဲက Charles Xavier နဲ့သိကြတဲ့ မင်းသားကြီး Patrick Stewart က ဦးဆောင်ပါဝင်ထားပြီး IMDB မှာလည်း 7.5 ထိရထားပြီး အတော်လေး အခြေအနေကောင်းပါတယ်။ဇာတ်လမ်းကိုပြောရရင် ...season 1 မှာ ဗိုလ်ကြီး ဂျွန်လု ပစ်ကာ့ အနားယူနေရာကနေ အမျိုးသမီးတစ်ယောက်ကြောင့် စွန့်စားခန်းတွေထွက်ဖြစ်ခဲ့ပြီး နောက်ဆုံး စတားဖလိ အကယ်ဒမီမှာ အဓိပတိတစ်ယောက်ဖြစ်လာခဲ့တာနဲ့ အဆုံးသတ်ထားပါတယ်။ဒီ Season 2 မှာတော့ အင်တာပရိုက် ...
7.5
TMDb: 7.5/10 2190 votes
tv

Star Trek: Picard – Season (02)(03)

2022
The Chemistry of Death (2023)
The Chemistry of Death (2023) The Chemistry of Death (2023)Crime,Thriller နဲ့ Forensic seriesတွေကို နှစ်သက်သူတွေအကြိုက်တွေ့စေမဲ့ အသစ်စက်စက် Forensic seriesလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Silent Witness လို Forensicကားတွေကြိုက်တတ်ရင်တော့ ဒီစီးရီးလေးက should tryပါပဲ။Forensic Anthropologist တစ်‌ယောက်ဖြစ်တဲ့အပြင် ပိုးမွှားဗေဒနဲ့ပတ်သက်တဲ့နာမည်ကြီးစာတွေပါ ရေးထားတဲ့ မှုခင်းဆေးလောကမှာ အတော်ကိုနာမည်ကြီးသူဖြစ်တဲ့ ဒေါက်တာဒေးဗစ်ဟန်တာ ဖြစ်ရပ်ဆိုးတစ်ခုနဲ့ ဇနီးဖြစ်သူနဲ့ပါ ခွဲခွာလိုက်ရတာကြောင့် သူ့ရဲ့ဒိတ်ဒိတ်ကြဲမှုခင်းဆရာဝန်ဘဝကိုစွန့်လွှတ်ရင်းနဲ့ မန်ဟမ်ဆိုတဲ့ရွာလေးမှာ ကျေးရွာဆရာဝန်‌လေးအဖြစ် ဇာတ်မြှုပ်နေထိုင်ဖို့ဖြစ်လာပါတော့တယ်။ဒါပေမဲ့ အသက် ၁၀၀ မနေရပေမဲ့ အမှု ၁၀၀ တွေ့ရတတ်တဲ့လောကကြီးမှာ ဒေးဗစ်တစ်ယောက် အမှုတွေရှောင်ရှားဖို့ တောရွာလေးမှာ ဇာတ်မြှုပ်နေပေမဲ့ အမှုကသူ့နောက်လိုက်လာတဲ့အလား တိုက်တိုက်ဆိုင်ဆိုင် ဒီမြို့လေးမှာ အလောင်းတစ်လောင်းတွေ့ရတဲ့အခါ....တစ်ချိန်ကအေးချမ်းပြီး လူသူနည်းတဲ့ဒီမြို့လေးမှာ ရုတ်တရက်ပေါ်လာတဲ့အလောင်းက ဘယ်သူဖြစ်မလဲ။ လူနည်းတဲ့မြို့ပီပီ လူတွေအားလုံး အကြောင်းသိဖြစ်နေတဲ့ကြားက လူသတ်သမားသိုးမည်းလေးက ဘယ်သူဖြစ်မလဲ။ဒေါက်တာဟန်တာကရော အောင်မြင်နေတဲ့မှုခင်းဆရာဝန်ဘဝကို ဘာလို့ထားရစ်ခဲ့တာလဲ။ ဇာတ်မြှုပ်ပြီးပုန်းနေတဲ့ ဒေါက်တာဟန်တာကို ရွက်ပုန်းသီးလေးမှန်း တာဝန်ကျရဲအရာရှိက သိသွားတဲ့အခါ ဒေးဗစ်တစ်ယောက် ဆက်ပြီးတော့ ငြင်းနိုင်ဦးမလား ဒါမှမဟုတ် သူရှောင်ဖယ်နေခဲ့တဲ့မှုခင်းလောကကို ပြန်လာဖို့လမ်းစဖြစ်သွားမလားဆိုတာကတော့ The Chemistry Of Death ဆိုတဲ့ ...

The Chemistry of Death (2023)

2023
Tulsa King (2022) 8.4
Tulsa King (2022) Tulsa King (2022)==============IMDb Rating - 8.4/10မင်းသားကြီးစတားလုံးရဲ့ အထာကျကျ၊ အမိုက်စား မာဖီးယားစီးရီး အသစ်တစ်ခုကို တင်ဆက်​ပေးလိုက်ပါတယ်။ Paramount+က​နေ အပတ်စဉ်ထုတ်လွှင့်သွားမှာဖြစ်ပြီး လက်ရှိမှာ IMDb 8.4, RT 77% ရထားပါတယ်။ ​Rockyမင်းသားကြီးစတားလုံးရဲ့ ငါမအို​သေးဆိုတဲ့ လက်သီးစွမ်း​တွေကို တဝကြီး​တွေ့ရဦးမှာပါ။Dwight Manfrediဆိုတဲ့ နယူး​ယောက်မြို့က မာဖီးယားဘဲကြီးဟာ ​ထောင်(၂၅)နှစ်ကျခံပြီး ပြန်လွတ်လာတဲ့​အခါ ဘော့စ်ဖြစ်သူက သူ့ကို အဖွဲ့ထဲ​ ခေါ်မထားချင်​တော့ဘဲ နယ်ဘက်​ကို ပထုတ်ဖို့ကြံခဲ့ပါတယ်။ ဒီလိုနဲ့ပဲ Oklahomaပြည်နယ်က Tulsaဆိုတဲ့ မြို့​လေးကို နှင်ထုတ် ခံလိုက်ရတဲ့ Dwightတစ်​ယောက် ဘာဆိုဘာမှမရှိတဲ့ နယ်မြို့က​​နေ တစ်ကတဖန်ပြန်စပြီး တစ်စင်​ထောင်ပြီး အင်အားကြီးဂိုဏ်းတစ်ခု ဖန်တီးကာ ပြန်ရင်ဆိုင်ဖို့ကြိုးစားသွားမှာပဲ ဖြစ်ပါတယ်။ မာဖီးယား ဖြစ်တာနဲ့အညီ အ​ပြောကလည်း ​သွေး​အေးသလို လက်သံကလည်း အ​တော်​ပြောင်လို့ မင်းသားကြီးရဲ့ ပရိသတ်​တွေရော၊ Crime စီးရီး ကြိုက်သူ​တွေ​ရော သ​ဘောကျကြမှာပါ။တစ်ပတ်တစ်ပိုင်းနှုန်းဖြင့် စုစုပေါင်း(၁၀)ပိုင်းထွက်ရှိမှာဖြစ်ပြီး cmမှ အပတ်စဥ်တင်ဆက်ပေးသွားပါ့မယ်။(ဒီစီးရီးရဲ့ အညွှန်းနဲ့ ဘာသာပြန် ရေးသားပေးသူကတော့ JimX ဖြစ်ပါတယ်။)File Size.............(300 MB) / (600 MB) Quality...............WEB-DL ...
8.4
TMDb: 8.4/10 4000 votes
tv

Tulsa King (2022)

2022
Bosé (2022) 7.091
Bosé (2022) ဒီစီးရီးလေးကတော့ နာမည်ကြီးစပိန်အဆိုတော်၊ သရုပ်ဆောင် Miguel Bose ရဲ့ ဘဝအကြောင်းကို ရိုက်ပြထားတဲ့ biography series ပဲဖြစ်ပါတယ်။ Miguel Bose က ၁၉၇၀နဲ့ ၁၉၈၀ ဝန်းကျင်ခုနှစ်တွေမှာ အီတလီ၊ စပိန်နဲ့ လက်တင်အမေရိက နိုင်ငံတွေမှာ ဆယ်ကျော်သက် အဆိုတော်တစ်ယောက်အနေနဲ့ ရေပန်းစားခဲ့ပြီး အနုပညာသက်တမ်းကြာလာတဲ့အခါမှာလည်း ဂန္ထဝင်မြောက်အဆိုတော်တစ်ဦးအနေနဲ့ အောင်မြင်စွာ ရပ်တည်နေနိုင်တဲ့သူ ဖြစ်ပါတယ်။သူက သရုပ်ဆောင်အနေနဲ့ အနုပညာလောကထဲကို စဝင်လာပြီးတော့ ရုပ်ရှင်တွေ များစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့အပြင် ဂီတဘက်မှာလည်း လက်တင်ဂရမ်မီဆုပေါင်း 14 ဆုထိ ဆွတ်ခူးနိုင်ခဲ့တဲ့အထိ အောင်မြင်မှုရခဲ့တာဖြစ်ပါတယ်။ သူ သရုပ်ဆောင်တစ်ယောက်ဖြစ်လာပုံကနေစပြီးတော့ အဆိုတော်ဖြစ်ဖို့ အကြောင်းဖန်လာပုံတွေ အပါအဝင် ဘဝတစ်လျှောက် ကြုံတွေ့ခဲ့ရတဲ့အခြေအနေအားလုံးကို ဒီစီးရီးထဲမှာ ကြည့်ရှုခံစားနိုင်မှာဖြစ်ပါတယ်File Size – 900MB // 400MBQuality – 1080p WEB H264 / 720pDuration – 45minute (@Episode)Total ...
7.091
TMDb: 7.091/10 11 votes
tv

Bosé (2022)

2022
The Offer (2022) (Complete) 8
The Offer (2022) (Complete) The Offer (2022) (Complete Limited Series) ~ IMDb rating - 8.7/10 ~ ခင်ဗျားသာ ရုပ်ရှင်တွေကို ချစ်တဲ့လူမှန်ရင် The Offer ဟာ ခင်ဗျားဘယ်လိုမှ ငြင်းပယ်မရမယ့် ရုပ်ရှင်ပါပဲ။ The Godfather ဆိုတဲ့ နာမည်ကို ရုပ်ရှင်လောကမှာရော စာအုပ်လောကမှာရော မသိတဲ့သူ မရှိပါဘူး။ 1969 မှာထုတ်ဝေခဲ့တဲ့ မာရီယိုပူဇိုရဲ့ The Godfather ဟာ နယူးယောက်တိုင်းမ်ရဲ့ အရောင်းရဆုံး စာအုပ်စာရင်းကနေ ၆၇ပတ်အထိ မဆင်းခဲ့ဘဲ နှစ်နှစ်အတွင်းမှာ ကော်ပီကိုးသန်းကျော် ရောင်းခဲ့ရတဲ့အထိ ၀က်၀က်ကွဲအောင်မြင်ခဲ့တယ်။ 1972မှာ ထွက်ခဲ့တဲ့ ပူဇိုပဲ ဇာတ်ညွှန်းရေးပြီး ဖရန်စစ်ဖို့ဒ်ကော်ပိုလာရိုက်ခဲ့တဲ့ The Godfather ရုပ်ရှင်ဟာလည်း Greatest Of All Time ရုပ်ရှင်တစ်ကား ဖြစ်ခဲ့ပါတယ်။ ဒီဇာတ်လမ်းကတော့ အဲဒီရုပ်ရှင်ဖြစ်လာဖို့ ကြိုးစားခဲ့ရတဲ့ နောက်ကွယ်က ...
8
TMDb: 8/10 2 votes
tv

The Offer (2022) (Complete)

2022
Halo (2022) 7.7
Halo (2022) Halo ဆိုတာ ဒီမှာတော့လူသိနည်းလောက်ပေမယ့် တခြားနိုင်ငံတွေမှာ တော်တော်ကြီးအောင်မြင်ခဲ့တဲ့ Sci-fi ဂိမ်းစီးရီးဖြစ်ပါတယ်။ဇာတ်လမ်းဇာတ်အိမ်အတော်ကျယ်ပြန့်ခိုင်မာတာမို့ live action ဇာတ်လမ်းတွဲအဖြစ်ပြန်ပုံဖော်ခံရတာ ကွက်တိပဲလို့ပြောရမှာပါ။1883, Mayor of Kingstown တို့လိုအမိုက်စားစီးရီးတွေထုတ်ထားတဲ့ Paramount + ကဆိုတော့ အပြင်အဆင်အထူးပြုလုပ်ချက်ပိုင်းတွေ ရုပ်ရှင်ကားကြီးလိုဖြစ်နေမှာပြောစရာမလိုပါဘူး။ အပိုင်း ၉ ပိုင်းရှိပြီး တစ်ပတ်တစ်ပိုင်း ပြသသွားမှာဖြစ်ပါတယ်။ Halo အကြောင်းပြောရင် Master chief အကြောင်းကစပြောရမှာပါ။The witcher က Geralt၊ The mandalorian က Din Jarin တို့လို Halo မှာလည်း အပိုစကားတွေမပြောပဲ မျက်နှာမပြပဲ ပွဲကြမ်းတဲ့ master chief ခေါ် John-117 ရှိပါတယ်။ကလေးဘဝကတည်းက စူပါတပ်သားဖြစ်လာအောင် သင်တန်းပေး စမ်းသပ်ခံခဲ့ရသူတစ်ယောက်ပါ။Spartan လို့ခေါ်တဲ့ ထိုအထူးတပ်သားတွေကိုဖန်တီးရာမှာ စမ်းသပ်မှုဒဏ်တွေကို လူနည်းစုသာခံနိုင်ပြီး အသက်ရှင်နိုင်ပါတယ်။ Covenant ဆိုတဲ့ ဂြိုလ်သားမျိုးနွယ်အင်ပါယာကြီးဟာ Forerunner လို့ခေါ်တဲ့ရှေးဦးဂြိုလ်သားတွေဖန်တီးခဲ့တဲ့ ...
7.7
TMDb: 7.7/10 7 votes
tv

Halo (2022)

2022
1883 (2021) 9
1883 (2021) ဒီဇာတ်လမ်းတွဲကတော့ နာမည်ကျော် စီးရီး Yellowstone ထဲက မိသားစုရဲ့မူလပထမ စွန့်စားခန်းခရီးစဉ်ကို ရိုက်ကူးထားတာဖြစ်ပါတယ်။ Rating အမြင့်စား ကောင်းဘွိုင်စီးရီးရှားပါးနေတဲ့အချိန်မှာ ပီပီပြင်ပြင်ကို ရိုက်ကူးထားတာပါပဲ။ ၁၈၈၃ခုနှစ် အမေရိကန်ပြည်မှာ ရေမြေပတ်ဝန်းကျင် ပိုကောင်းရာအရပ်တွေဆီ ပြောင်းရွှေ့နေထိုင်ကြပုံတွေကို ရိုက်ကူးပြသထားတာပါ။ ဇာတ်လမ်းအကျဉ်းကတော့ လယ်သမားတစ်ဦးဖြစ်တဲ့ ဂျိမ်းစ်ဒက်တန်ဟာ ခိုးဆိုးဓားပြတွေပေါတဲ့ တက္ကဆက်အရိုင်းမြေကို စွန့်ခွာပြီး သူ့မိသားစုနဲ့အတူ အနောက်အရပ်ဆီ ခရီးထွက်ဖို့ပြင်ခဲ့ပါတယ်။ ဒီလိုပြင်ဆင်တုန်းမှာ လှည်းခရီးသွားတစ်ဖွဲ့ကို အနောက်အော်ရီဂွန်အရပ်ဆီ ဦးဆောင်သွားမယ့် ရှီအေးဘရန်နန်ဆိုတဲ့ လူတစ်ယောက်နဲ့ ဆုံမိခဲ့ပါတယ်။ ရှီအေးဘရန်နန်ဆိုတာကတော့ ကူးစက်ရေကျောက်ရောဂါဖြစ်ပြီး သေဆုံးသွားတဲ့ မိသားစုကို အိမ်မှာမီးရှို့ပြီးထားခဲ့ရတဲ့ နာကျင်စရာအတိတ်‌တွေနဲ့ လူတစ်ဦးပါ။ သူ့မှာ သောမတ်စ်ဆိုတဲ့ ညာလက်ရုံးတစ်ဦးလည်းရှိပါတယ်။ ဂျိမ်းစ်မိသားစုမှာက မိန်းမသားလေးယောက်နဲ့ ငါးနှစ်သား‌တစ်ယောက်၊ ရှီအေးတို့ခရီးသွားအဖွဲ့မှာက ‌မြင်းမစီး သေနတ်မပစ်တတ် ဘာဆိုဘာမှ မကျွမ်းကျင်သူတွေချည်းဆိုတော့ တစ်နေရာတည်းသွားမယ့် ခရီးသည်တွေအဖြစ် သူတို့နှစ်ဖွဲ့ တူတူခရီးနှင်ခဲ့ကြပါတယ်။ လမ်းခရီးမှာတော့ ခိုးဆိုးဓားပြ၊ မြွေပါးကင်းပါး၊ လှည်းနင်းမိတဲ့မတော်တဆမှုတွေ၊ ရောဂါကပ်ဘေးတွေ အမျိုးမျိုးကြုံကြရပါတယ်။ သေခြင်းတရားတွေ ပူဆွေးမှုတွေနဲ့ ပြည့်နှက်နေတဲ့ ခရီးစဉ်ကြီးပေါ့။ ဒါပေမဲ့ ဆယ်ကျော်သက်‌မိန်းမပျိုလေးတစ်ဦးဖြစ်တဲ့ ...
9
TMDb: 9/10 32 votes
tv

1883 (2021)

2021