Channel Myanmar

Netflix

The Hunt for Veerappan (2023) 8.273
The Hunt for Veerappan (2023) The Hunt for Veerappan (TV Series) (2023) IMDb - 8.0/10Documentaryကောင်းကောင်း ငတ်မွတ်တောင့်တနေသူတွေအတွက် Netflixကနေ ရေကြည်တစ်စက်ပတ်ဖြန်းလိုက်ပါပြီ။အိန္ဒိယတောင်ပိုင်းရဲ့တောတောင်တွေကို အုပ်စိုးတဲ့တရားမဝင်အမဲလိုက်သမားကနေ အိန္ဒိယရဲ့အကြီးမားဆုံးရာဇဝတ်ကောင် စန္ဒကူးမှောင်ခိုသမားတစ်ဖြစ်လဲ တောဘုရင်ကြီးတစ်ယောက်ကို လိုက်လံဖမ်းဆီးခဲ့တဲ့အကြောင်းပေါ့။သူ့ရဲ့မိသားစုမိတ်ဆွေတွေရဲ့ အမြင်၊လိုက်လံဖမ်းဆီးခဲ့တဲ့ အရာရှိတွေရဲ့အမြင်၊ တပည့်တပန်းတွေရဲ့အမြင်တွေကို လိုက်လံမေးမြန်းထားတာတွေ။သူ့အပေါ် သစ္စာရှိတဲ့လူအပေါ်မှာ သူ့အသက်ကိုစတေးလိုက်ဖို့ဝန်မလေးသလို သစ္စာဖောက်တဲ့လူကိုလည်း ရက်ရက်စက်စက်သတ်ဖြတ်တတ်တယ်ဆိုတဲ့ နှလုံးလှလူမိုက်ကြီး။အစိုးရအာဏာပိုင်တွေဘက်က သမိုင်းမှာအဆိုးဝါးဆုံးရာဇဝတ်ကောင်အဖြစ်သတ်မှတ်ပေမယ့် ရွာသူရွာသားတွေက ဘုရားလိုကိုးကွယ်ကြပြန်ရော။ပြည်နယ်နှစ်ခုပေါင်းပြီး လိုက်လံဖမ်းဆီးပေမယ့်လည်း ဆယ်စုနှစ်ကြာလွတ်မြောက်ထွက်ပြေးနိုင်ခဲ့သူကြီး။ အိန္ဒိယရဲ့သမိုင်းမှာ ကာလအရှည်ကြာဆုံးနဲ့ ကုန်ကျစရိတ်အများဆုံး လိုက်လံဖမ်းဆီးခဲ့ရတဲ့ ရာဇဝတ်ကောင်ကြီး။ "မူသူး နင့်ကိုငါ လက်ထပ်မလို့တွေးနေတာ နင်ရောဘယ်လိုလဲ" "နင်မှငါ့ကို မယူရင် ငါ့နှလုံးသားကိုလည်း ကျောက်စိုင်ကျောက်ခဲအဖြစ်ထားလိုက်တော့မယ် တစ်သက်လုံး တခြားမိန်းမကိုရှာမှာမဟုတ်တော့ဘူး"ဆိုတဲ့ ဒရာမာကင်းကြီးလည်းဖြစ်ပြန်ရော။ သူ့နာမည်က ဗီရပ်ပန်တဲ့။ဗီရပ်ပန်ဘ၀ရဲ့ အတက်အကျအနိမ့်အမြင့်တွေ၊ ကြင်နာတတ်မှုတွေနဲ့ ရက်စက်မှုတွေကိုအပိုင်းလေးပိုင်းနဲ့ တစ်၀ကြီးခံစားကြည့်ရှုလိုက်ပါဦး။(အညွှန်းနဲ့ဘာသာပြန်သူတွေက​တော့ V~Thaik San~Yunni~Alexတို့ပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )Quality : 1080p NF WEB DL / 720pTotal ...
8.273
TMDb: 8.273/10 11 votes
tv

The Hunt for Veerappan (2023)

2023
Daily Dose of Sunshine(2023)[Complete]
Daily Dose of Sunshine(2023)[Complete] Daily Dose of Sunshine(2023)***************************အပိုင်း ( ၁ မှ ၁၂) ထိ စ/ဆုံး All of Us Are Dead” ရဲ့ပဲ့ကိုင်ရှင် ဒါရိုက်တာ Lee Jae Kyu ရဲ့လက်ရာအသစ်ဖြစ်ပြီး“All of Us Are Dead” နဲ့မတူကွဲပြားပြီး ရယ်လည်းရယ်ရ ငိုလည်းငိုရမယ့် healing ဒရာမာလေးပဲဖြစ်ပါတယ်။Cast တွေအနေနဲ့လည်း Park Bo Young, Yeon Woon Jin, Jang Dong Yoon နဲ့ Lee Jung Eun တို့ကအဓိကပါဝင်သွားမှာဖြစ်သလို စုစုပေါင်းအပိုင်း ၁၂ ပိုင်းပါဝင်မှာပဲဖြစ်ပါတယ်။အရင်က ကိုယ်တွင်းအင်္ဂါကုဌာနမှာပဲလုပ်ခဲ့ဖူးတဲ့ သူနာပြုဆရာမလေး Jung Da Eun ..တစ်နေ့မှာတော့ မြောင်ရှင်းတက္ကသိုလ်ဆေးရုံက စိတ်ရောဂါကုဌာနဆီ ပြောင်းရွှေ့ခံလိုက်ရပါတော့တယ်။ ပထမဆုံးအတွေ့အကြုံလည်းဖြစ်သလို သာမန်ဝေဒနာရှင်တွေလိုမျိုး ကိုယ်ခံစားနေရတဲ့ဝေဒနာကိုသေချာမပြောပြနိုင်ကြတဲ့လူနာတွေနဲ့ကြုံတွေ့လာရတဲ့အခါ ဘယ်လိုအလွဲတွေ ...

Daily Dose of Sunshine(2023)[Complete]

2023
Castlevania: Nocturne (2023) 7.5
Castlevania: Nocturne (2023) Castlevania : Nocturne (2023) ........................................ IMDb Rating - 7.5/10 Rotten Tomatoes 100%များ​​သောအားဖြင့်ဇာတ်လမ်းတစ်ခု​ပေါက်လို့ ​နောက်ဆက်တွဲ​​တွေ ဆက်ထုတ်ရင် ဂွမ်းတာများ​ပေမဲ့ ဒီစီးရီးက​တော့ ပထမစီးရီးကို​ကောင်း​ကောင်းကြီးယှဥ်နိုင်တဲ့အ​နေ အထားမှာရှိပါတယ်။ ဇာတ်လမ်းဆင်ထားတာ​တော့ ပထမစီးရီးကအဖြစ်အပျက်ပြီး နှစ်​ပေါင်းသုံးရာအကြာ ပြင်သစ်​နိုင်ငံရဲ့​တော်လှန်​ရေးကာလ ( ၁၇၈၉ -၁၇၉၉)ပါ။ ​ မြန်မာ​တွေသိကြတဲ့ဇာတ်လမ်းဖြစ်တဲ့ လူ​တွေငတ်ပြတ်​နေလို့ ​ပေါင်မုန့်​တောင် စာစရာ မရှိဘူးဆိုပြီး ဘုရင်ကို​တောင်းဆိုချိန်မှာ ​ပေါင်မုန့်မရှိရင် ကိတ်မုန့်စားဆိုပြီး​ဘုရင်မက ပြောခဲ့ရာက​နေ လူထုအုံကြွမှုပိုဆိုးသွားပြီး ​နောက်ဆုံး ပြည်သူ​တွေဟာ နန်း​တော်ထဲ အထိဝင်စီးကာ ​ဘုရင်ကို​ရော၊ ဘုရင်မကိုပါ ​ဖမ်းဆီးပြီး ​ခေါင်းဖြတ်သတ်ခံထိတဲ့ ဘုရင်မ Marie Antoinette (မာရီအန်တွာနတ်)က ဒီဘုရင်မပါပဲ။ ပြင်သစ်​တော်လှန်​ရေးအ​ကြောင်းကိုအကြမ်းဖျင်း​လေ​ပေါပြရရင်​တော့ ပြင်သစ် တော် လှန်ရေးဆိုတာက ၁၈ ရာစုနှောင်းပိုင်းကာလ ၁၇၈၉ - ၁၇၉၉ ခုနှစ်အတွင်း ပြင်သစ်သမိုင်း မှာဖြစ်ပျက်ခဲ့တဲ့ နိုင်ငံရေး၊ လူမှုရေး အပြောင်းအလဲကြီး တစ်ရပ်ပါ။ အဲ့ဒီခေတ်ကာလတုန်း က ပြင်သစ်နိုင်ငံမှာ ဘုရင်နှင့် ဘာသာရေး အကြီးအကဲ ကက်သလစ် ဘုန်းတော်ကြီးများ ကြီးစိုးသည့် သက်ဦးဆံပိုင် ဧကရာဇ် ...
7.5
TMDb: 7.5/10 9200 votes
tv

Castlevania: Nocturne (2023)

2023
Creature (2023) 7.031
Creature (2023) တူရကီ ဖရန်ကင်စတိုင်း Creature 2023 Season 1 စဆုံးလူကြီးမင်းတို့မှာ နှလုံးဘယ်နှစ်ခု ပါသလဲဗျ။ လူကြီးမင်းတို့ရဲ့ ခန္ဓာကိုယ်ကို သွေးလည်ပတ်စေဖို့ နှလုံးဆိုတာ တစ်ခုပဲလိုပါတယ်လေ။ ဒါပေမဲ့ တစ်ယောက်သောသူမှာတော့ နှလုံးနှစ်ခုပါတယ်။ အဆုတ်လေးခုနဲ့။ သူတကာထက်ထူးပြီး ထွားကျိုင်းသန်မာလှသလို ကိုယ်အင်္ဂါတွေလည်း နှစ်ဆပါလာတဲ့သူ။ဘုရားသခင် ဖန်ဆင်းလိုက်တဲ့ သတ္တဝါတိုင်းမှာ ဝိညာဉ်ကိုယ်စီ ပါခဲ့တာပေါ့ဗျာ။ ဒါပေမဲ့ ဝိညာဉ်စွန့်ခွာသွားပြီးနောက် ကျန်ခဲ့တဲ့ ကိုယ်အပုပ်ကောင်ကြီးကို တစ်စစီခွဲစိတ် အလောင်းသုံးလေးခုကနေ အင်္ဂါအစိတ်အပိုင်းတွေစု၊ တစ်စုတဝေးတည်း ပြန်လည်တပ်ဆင်ပြီး လျှပ်စစ်အကြီးစား ရှော့ခ်ရိုက်လိုက်တဲ့အခါ ဘယ်သူဖြစ်လာပါသလဲ။ လူကြီးမင်းတို့ သိပါတယ်။ ဖရန်ကင်စတိုင်းပေါ့။ သူ့မှာ ဘယ်ကဝိညာဉ်ပါလာမလဲတော့ လူကြီးမင်းလည်းမသိနိုင်သလို ကျွန်တော်လည်း မသိပါဘူးလေ။ဒါကတော့ တူရကီဗားရှင်းနဲ့ရိုက်ထားတဲ့ ဖရန်ကင်စတိုင်း ဇာတ်လမ်းတွဲပေါ့။ စိတ္တဇ ဆရာဝန်ကြီးရယ်၊ သူ့ကိုမှ တပည့်ခံမိတဲ့ အူတူတူ တပည့်လေးတစ်ယောက်ရယ်။ သူတို့ရဲ့ဆေးပညာကို အထင်သေးလှောင်ပြောင်ကြတဲ့ ဆေးလောက အသိုင်းအဝန်းရယ်။ဒါပေမဲ့ ...
7.031
TMDb: 7.031/10 16 votes
tv

Creature (2023)

2023
Everything Now (2023) 6.7
Everything Now (2023) Everything Now (2023) ================= IMDb Rating - 6.7/10ပရိတ်သတ်ကြီးတို့အနေနဲ့ ကျောင်းရက်ရှည်ပျက်ဖူးတာမျိုးရှိပါသလား။ ကျောင်းရက်ရှည်ပျက်ပြီး ကျောင်းပြန်တက်တဲ့အခါ စာသင်ခန်းထဲ ခြေချ လိုက်တာနဲ့ စာတွေရော၊ အတန်းထဲဖြစ်ပျက်တဲ့ကိစ္စတွေဘာတွေရော ခေတ် တစ်ခေတ်စာလောက် နောက်ကျသွားသလိုမျိုး ခံစားရတယ်ဟုတ်။မီယာဟာ 'Anorexia'ဆိုတဲ့ စိုးရိမ်ဖွယ်အဆင့် ခံတွင်းပျက်ခြင်း၊ အလွန် အမင်းကိုယ်အလေးချိန်ကျဆင်းတဲ့ရောဂါကြောင့် ကျောင်း(၇)လနားပြီး ဆေးရုံတက်ခဲ့ရတဲ့ အသက် (၁၆)နှစ်အရွယ် ကောင်မလေးတစ်ယောက်ပါ။ သူကျောင်းပြန်တက်ရတဲ့အချိန်မှာ သူငယ်ချင်းတွေရော၊ ကျောင်းကအခြေ အနေတွေရောက သူ့ထက် အများကြီး‌ ခေတ်ရှေ့ရောက်နေသလို ခံစားလိုက် ရပါတယ်။ အဲဒါကြောင့် သူလည်းတခြားသူတွေလို ရေစီးကြောင်းကို လိုက်မီဖို့ ဆယ်ကျော်သက်ပီပီ အသည်းအသန်ကြိုးစားတော့တာပေါ့။ဒါပေမဲ့ သူ့ရောဂါက လုံးဝအရှင်းမပျောက်သေးတဲ့အပြင် ပစ်ထားလိုက်လို့ ရတဲ့ရောဂါမျိုးလည်း ဟုတ်မနေပါဘူး။ ဆိုတော့ကာ (၇)လခေတ်နောက်ကျ သွားပြီး အရိပ်မည်းကြီးလိုလိုက်နေတဲ့ရောဂါအခံရှိတဲ့ ဆယ်ကျော်သက်ကျောင်း သူလေးမီယာတစ်ယောက် ရွယ်တူတွေကြားမှာကြိုးစားနေထိုင်‌ရတဲ့ဘဝကို "Everything Now"ဆိုတဲ့ Comedy-Drama series လေးထဲမှာ ကြည့်ရှုခံ စားရမှာဖြစ်ပါတယ်။(ဒီစီးရီးရဲ့ အညွှန်းကို Ngwe Zin မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေး သူများကတော့ CM Team မှဖြစ်ပါတယ်။)File Size.............(300 MB) / (700 ...
6.7
TMDb: 6.7/10 1800 votes
tv

Everything Now (2023)

2023
Life on Our Planet (2023) 10
Life on Our Planet (2023) CM ပရိသတ်ကြီးတို့ကို Netflix ကနေ အသစ်စက်စက် ထွက်ရှိထားတဲ့Docuseries တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။IMDB rating 8.2 အထိ ရထားတာမလို့အချိန်ကုန်ခံရကျိုးမနပ်မှာကိုတော့ စိတ်ပူစရာမလိုပါဘူး။Docuseries ဆိုတဲ့အတိုင်း ကမ္ဘာပေါ်က ကျွမ်းကျင်ပညာရှင်တွေရဲ့အချက်အလက်တွေကို ကိုးကားပြီး ရိုက်ကူးပုံဖော်ထားတာမလို့အပန်းဖြေကြည့်ရင်း ဗဟုသုတပါ တိုးဦးမှာပါ။ Series နာမည်ဖြစ်တဲ့ Life On Our Planet ဆိုတဲ့အတိုင်းဒီမှတ်တမ်းရုပ်ရှင်မှာတော့ ကမ္ဘာကြီးရဲ့ သက်ရှိတွေအကြောင်းကို ကြည့်ရှုရမှာဖြစ်ပါတယ်။ ကမ္ဘာကြီးပေါ်မှာ သက်ရှိတွေ ဘယ်ကနေ စတင်ပေါ်ပေါက်လာတာလဲဆိုတာကနေစပြီးဒီနေ့ခေတ်မှာ မြင်တွေ့နေရတဲ့ သက်ရှိတွေဖြစ်ပေါ်လာပုံအထိအသေးစိတ်ကြည့်ရှုခွင့်ရမှာ ဖြစ်ပါတယ်။ အားလုံးနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ ဒိုင်နိုဆောမျိုးစိတ်တွေအကြောင်းလည်းတင်ဆက်ပြောပြထားတာမလို့ အားလုံးစိတ်ဝင်စားကြမှာ အသေချာပါပဲ။ဒါ့အပြင် ကမ္ဘာကြီးကိုယ်တိုင်နဲ့ သူ့ပေါ်မှာ နေထိုင်ကြတဲ့သက်ရှိတွေရဲ့ ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်တွေကိုပါ ကြည့်ရှုရဦးမှာပါ။ ဒီ series လေးရဲ့ ထူးခြားချက်တစ်ခုကတော့ အကြောင်းအရာတွေကိုတင်ဆက်တဲ့အခါမှာ စာသင်ပြသလို ဖတ်ပြနေတာမျိုးမဟုတ်ဘဲလက်တွေ့ရိုက်ကူးထားတဲ့ clip တွေ, CG နဲ့ ဖန်တီးထားတဲ့ clip တွေကိုရောစပ်ရိုက်ပြထားတာမလို့ အတော်လေးစိတ်ဝင်စားဖို့ကောင်းပါတယ်။Docuseries တွေ ကြည့်ရတာ ...
10
TMDb: 10/10 1 votes
tv

Life on Our Planet (2023)

2023
Bodies 2023 (Season 1) 7.079
Bodies 2023 (Season 1)   IMDb Rating (7.5) / Rotten Tomatoes (83%)မတူညီတဲ့ Timeline ၄ ခုစလုံးမှာ တစ်ယောက်ထဲသေနေတဲ့ ဆန်းကြယ်စုံထောက်မှုခင်းဇာတ်လမ်းတွဲကြီးလာပါပြီ။ ၁၈၉၀ ခုနှစ် အင်္ဂလိပ်-မြန်မာကျူးကျော်စစ်ကာလ ၊ ၁၉၄၁ ခုနှစ် ၊ လက်ရှိအချိန် ၂၀၂၃ နဲ့ အနာဂတ် ၂၀၅၃ ခုနှစ် စတဲ့မတူညီတဲ့ Timeline ၄ ခုစလုံးမှာ အလောင်းတစ်ခုဟာ တပြိုင်တည်း တစ်နေရာထဲမှာ ရောက်ရှိနေပြီး မတူညီတဲ့ စုံထောက် ၄ ယောက်က ဒီကိစ္စကိုဖော်ထုတ်ကြမှာပါ။တစ်သက်မှာ တစ်ခါပဲသေရသတဲ့။ စစ်ထွက်ကာနီး စစ်သူကြီးတွေ ကြုံးဝါးကြ။ သေအံ့မူးမူးလူတွေ အားတင်းကြ။ ဒီစကားလုံးနဲ့ပေါ့။ တစ်သက်မှာ တစ်ခါပဲသေရ ဘာကြောက်စရာရှိလဲပေါ့လေ။ဂေဘရီယယ် ဒီဖိုး ကတော့ တစ်ခါတည်းသေရုံနဲ့ အားမရပါဘူးတဲ့။ 1890 ခုနှစ် လောင်းဟားဗက်လမ်းပေါ်မှာ ဝတ်လစ်စားလစ် အမျိုးသားတစ်ယောက်ရဲ့အလောင်းကိုတွေ့တယ်။ ဘယ်ဘက်မျက်လုံးကနေ ခေါင်းခွံထဲကို ကျည်ဆံဝင်ထားတဲ့သေနတ်ဒဏ်ရာနဲ့။ ကျည်ဆံပြန်ထွက်သွားတဲ့အပေါက်မရှိ။ ...
7.079
TMDb: 7.079/10 38 votes
tv

Bodies 2023 (Season 1)

2023
Kaala Paani (2023) 7
Kaala Paani (2023) Kaala Paani (2023) "သဘာ၀တရားရဲ့ဒဏ်ခတ်ခြင်း" IMDb - 8.1/10Netflixကနေ ထုတ်လွှင့်လိုက်တဲ့ ကပ်ရောဂါဘေးဇာတ်လမ်းတွဲ အမိုက်စားကြီးကို တင်ဆက်ပေးလိုက်ပါတယ်။ 3Idiotsဇာတ်ကားထဲမှာ မင်းသမီးရဲ့အစ်မဖြစ်သူနေရာက ဖုန်စုတ်စက်နဲ့ မီးဖွားခဲ့ရတဲ့ မင်းသမီးမိုနာဆင်းဂ်က ဒေါက်တာဆင်းဂ်အဖြစ် အဓိကသရုပ်ဆောင်ထားပါတယ်။ရေပတ်လည်ဝန်းရံနေတဲ့ ဆိပ်ကမ်းမြို့လေးတစ်ခု။ပွဲတော်ကြီးကျင်းပမှာမို့ ခရီးသွားတွေထောင်ချီလာရောက်လည်ပတ်ကြမယ့်နေရာ။ ရှားပါးသစ်ပင်ပန်းမန်တွေနဲ့ လူမျိုးနွယ်စုတွေ နေထိုင်နေတဲ့ တောတောင်တွေနဲ့။ အဲဒီလိုသဘာ၀တရားကြီးက ပေးထားတဲ့ကောင်းခြင်းတွေတည်ရှိရာနေရာ။ ရှားပါးလူရိုင်းမျိုးနွယ်စုနဲ့ တောတောင်ရေမြေပြုန်းတီးမှာစိုးရိမ်လို့ သဘာ၀တရားကြီးကိုကာကွယ်ပေးချင်သူတစ်စု။ သဘာ၀တရားကို ဖျက်ဆီးပြီး တကိုယ်ရည်ကောင်းကျိုးကိုရှာချင်ကြတဲ့လူက တစ်စု။အဲဒါတွေကြားထဲမှာ ကိုယ်လုပ်စရာရှိတာလုပ်ပြီး ထင်ရာစိုင်းခေါင်းမာတတ်တဲ့ ဒေါက်တာဆင်းဂ်။ ကိုဗစ်ကပ်ရောဂါကြီးအပြီး အဲဒီရေပတ်လည်ဝန်းရံနေတဲ့ ကျွန်းတွေထဲက အဒါမန်နဲ့ နီကိုဘာဆိုတဲ့ ကျွန်းပေါ်မှာ LHF-27 ဆိုတဲ့ကူးစက်မြန်ရောဂါပိုးတစ်ခုပျံ့နှံ့ဖြစ်ပွားလာပါတော့တယ်။ ဒီရောဂါပိုးကိုစတင်တွေ့ရှိခဲ့တာကတော့ ဒေါက်တာဆင်းဂ်။ရောဂါပိုးက အခုမှာဖြစ်တာတော့မဟုတ်။ လွန်ခဲ့တဲ့နှစ်လေးဆယ်ကလည်းဖြစ်ခဲ့ပြီး အဲဒီတုန်းကလည်း စုစုပေါင်းခုနစ်ယောက်ပဲသေခဲ့တာဆိုတော့ ဒေါက်တာဆင်းဂ်ပြောတာဆိုတာ ပိတ်ပင်တားဆီးတာတွေ ဘယ်သူကမှနားမထောင်။ ဒီလိုနဲ့ ကပ်ရောဂါကြီးက အရှိန်အဟုန်နဲ့ကူးစက်ပါတော့တယ်။လူ့ဘဝမှာ ပျော်ရွှင်စရာအဆုံးသတ်ဆိုတာ မရှိပါဘူး။ ဘာလို့လဲဆိုတော့ အဆုံးသတ်ဆိုတာကိုက မရှိလို့ပါတဲ့။ လူတွေကသေပြီးသွားရင် ကိုယ့်ကိုချစ်တဲ့လူတွေဆီမှာ မျက်ရည်တစ်ဖြစ် အပြုံးတစ်ဖုံနဲ့ ရှိနေတတ်ကြပါတယ်တဲ့။ အိုရ နာရ သေရတဲ့ ဒီတိုတောင်းလှတဲ့ဘဝလေးအတွင်း လူအများသိကြတဲ့ ကိုဗစ်ဗိုင်းရပ်စ်လိုမျိုး ကူးစက်မြန်ကပ်ရောဂါပျံ့နှံ့မှုကြောင့် ရှင်သန်ဖို့နည်းကို အသည်းအသန်ရှာကြရတဲ့ ဇာတ်လမ်းတွေထဲက စီးရီကောင်းလေးတစ်ခုမို့ ...
7
TMDb: 7/10 5 votes
tv

Kaala Paani (2023)

2023
Beckham (2023) 8.5
Beckham (2023) Beckham (2023) A Netflix Mini Series ~ IMDb - 8.5/10, Rotten Tomatoes - 100% ~ ဒေးဗစ်ဘက်ခမ်းရဲ့ အနီရဲရဲ ရက်စွဲများ ‌ဒေးဗစ်ဘက်ခမ်းရဲ့ အဖြူသန့်သန့် ရက်စွဲများ ဒေးဗစ်ဘက်ခမ်းရဲ့ ရွှေ‌ဝါရောင် ရက်စွဲများ ဒေးဗစ်ဘက်ခမ်းရဲ့ ကာလာစုံ ရက်စွဲများ ဘောလုံးကွင်းဟာ ပိတ်ကားစဖြစ်ပြီး ဘောလုံးသမားဟာ ပန်းချီဆရာဖြစ်သွားတယ်လို့ သမုတ်ကြတဲ့ ဘောလုံးလောကမှာ သူမတူတဲ့ ပန်းချီတွေကို ခြယ်ခဲ့သူ လန်ဒန်သားတစ်ယောက်ရှိခဲ့ဖူးတယ်။ စုတ်ချက်တိုင်းကို လှလှပပ သပ်သပ်ရပ်ရပ် အရောင်ခြယ်နိုင်ခဲ့သူ... ထိုသူဟာ ဒေးဗစ်ဘက်ခမ်း။ ဒေးဗစ်ဘက်ခမ်းလို့ပြောလိုက်ရင် မကြားဖူးတဲ့သူ အတော်ကိုရှားလိမ့်မယ်။ မြင်ဖူးသူတွေကတော့ ကြားရုံကြားဖူးသူတွေကို အထင်သေးလိမ့်မပေါ့။ မြေဆွဲအားကိုဆန့်ကျင်တဲ့ ဆံသားရှည်ရှည်တွေအောက်မှာ ယောက်ျားချင်းတောင် ကြွေချင်တယ်လို့ ကျွန်တော်တို့ စနောက်ခဲ့ကြဖူးတယ်။ ကွင်းလယ်ကနေ သူ့စိတ်တိုင်းကျ ဘောလုံးကို စေခိုင်းနေတာကို မြင်ရတာ သိပ်ကိုအရသာရှိခဲ့တာပေါ့။ သူ့လိုခြေထောက်မျိုးကို ကျွန်တော်တို့ ဘုရားဆီပူဆာခဲ့မိဖူးကြလိမ့်မယ်။  "ဘုရားသခင် ဒေးဗစ်ဘက်ခမ်းလို မှော်ဝင်ခြေထောက်များ ပေးသနားတော်မူပါ။"  ဘက်ခမ်းရဲ့ ...
8.5
TMDb: 8.5/10 10 votes
tv

Beckham (2023)

2023
Our Planet (2019) 9.3
Our Planet (2019) Netflixနဲ့ Silverback Filmsတို့ကနေ ပူးပေါင်းတင်ဆက်ထားတဲ့ Our Planetဟာ IMDBမှာ 9.4 နဲ့ Rotten Tomatoes မှာ 93% အထိ rating ရရှိထားတဲ့ Season 1 တွင်အပိုင်း ၈ ပိုင်းပါဝင်ပြီး Season 2 တွင် အပိုင်း ၄ ပိုင်း ပါဝင်တဲ့ Documentary series ဖြစ်ပြီး စက်တင်ဘာ ၂၂ရက်နေ့မှာ ကျင်းပခဲ့တဲ့ Emmyဆုပေးပွဲကြီးမှာလဲ အကောင်းဆုံး documentary seriesဆုကိုအားလုံးမျှော်မှန်းထားတဲ့အတိုင်း ရယူနိူင်ခဲ့ပြီး စီးရီးရဲ့နောက်ခံစကားပြော David Attenboroughကလဲ Best Narratorဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။ Documentaryစီးရီး ဖြစ်လို့ ကြည့်ရတာပျင်းစရာကြီးလား လို့မေးရင် ထိုင်ရာကမထတမ်း ကြည့်မိလောက်အောင်ထိကို ဆွဲဆောင်မှုရှိတယ်လို့ ပြန်ဖြေမှာရပါ။ ဘာကြောင့်ဒီလောက်ထိ ကြည့်ရှုသူကို ဆွဲဆောင်ထားနိူင်တာလဲ? အပိုင်းတစ်ပိုင်းစီမှာ လူသူအရောက်ပေါက်နည်းပြီး အရင်ကတစ်ခါမှ ရိုက်ကူးလေ့လာမှုမလုပ်ရသေးတဲ့ မတူညီတဲ့ နေရာဒေသပေါင်းစုံက သက်ရှိဘဝတွေ သဘာဝဖြစ်စဉ်တွေကို လျှိ့ဝှက်ကင်မရာတွေ ဒရုန်းတွေနဲ့ စိတ်ဝင်စားဖွယ် ရိုက်ကူး တင်ဆက်ထားတာပါ။ ဒီလိုရိုက်ကူးနိူင်ဖို့ သေချာ ရွေးချယ်ထားတဲ့အတော်ဆုံး ရိုက်ကူးရေးအဖွဲ့ဝင်ပေါင်း ၆၀၀ကျော်ဟာ နိူင်ငံပေါင်း ၅၀ကျော်က နေရာဒေသအစုံမှာ ရိုက်ကူးရေး ရက်ပေါင်း ၃၅၀၀ကျော် (စုစုပေါင်းကြာမြင့်ချိန် ...
9.3
TMDb: 9.3/10 290 votes
tv

Our Planet (2019)

2019
Choona (2023) 7.3
Choona (2023) Choona 2023 (IMDb 6.3/10)ယခုတင်ဆက်ပေးမှာကတော့ netflix ကနေပူပူနွေးနွေးထွက်ရှိလာတဲ့ crime-comedy စီးရီးလေးပဲဖြစ်ပါတယ်ဒီထဲက အဓိကဆရာကြီးကတော့ ကုလားစနေမောင်မောင်ဗားရှင်းလို့ ပြောရမဲ့ နိုင်ငံရေးသမား ရှူကလာပဲဖြစ်ပါတယ် သူ့ရဲ့ထူးခြားချက်ကို ဗေဒင်ကိန်းခန်းနက္ခတ်တွေကို အရမ်းယုံပြီး လူသတ်ရင်တောင် နက္ခက်ကိုက်မှသတ်တဲ့ နိုင်ငံရေးသမား လူဆိုးကြီးဖြစ်ပါတယ်ဘောလီးဝုဒ်နိုင်ငံရေးသမားတို့ရဲ့ထုံးစံအတိုင်း ဟိုမဲဆွယ်ဒီမဲဆွယ် ဟိုမင်းသားနဲ့ငြိ ဒီမင်းသားနဲ့ငြိနဲ့ အကုန်လုံးကို အနိုင်ပတ်ကျင့်ပြီးတဲ့နောက်မှာ ဆရာကြီးကို ကြည့်မရတဲ့လူတစ်သိုက်စုပြီး ဆရာကြီးရဲ့ ပိုင်ဆိုင်သမျှထဲ တန်ဖိုးအများဆုံးပမာဏကို ဝိုင်းခိုးဖို့ အကွက်ချပါတော့တယ်အဲ့တော့ ocean eleven လို သူခိုးတသိုက်နဲ့ လူဆိုးကြီးစနေမောင်မောင်(ခေတ္တအိန္ဒိယ) ဗားရှင်းပေါ့ဗျာ ဇာတ်လမ်းလဲကောင်းသလို ဟာသပါတယ်ဆိုပေမဲ့ ပေါမနေပဲ အတည်နောက်ထားတာကြောင့် အားလုံးပဲ သူခိုးကားလေးလဲကြည့်ရ ဗေဒင်လေးလဲကြုံတုန်းတွက်ရတာမို့ လက်မနှေးကြဖို့ ပြောကြားရင်း တင်ဆက်ပေးလိုက်ပါတယ်အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ကပဲဖြစ်ပါတယ်( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>Click Here )File Size – 800MB ...
7.3
TMDb: 7.3/10 3 votes
tv

Choona (2023)

2023
Reporting for Duty (2023) 5.4
Reporting for Duty (2023) Reporting for Duty (2023) ===================လူဆိုးဂိုဏ်းဝင်တစ်ယောက်ကို ကြက်ကန်းဆန်အိုးတိုးပြီး ဖမ်းမိသွားတဲ့ နောက်မှာ ဆူဇန်နိုဟာ ရာထူးတိုးပြီး စီရင်စု(၈)ရဲစခန်းမှာ စီရင်စုမှူးဖြစ် သွားပါတော့တယ်။ ထူးခြားတာက အဲ့ရဲစခန်းက စီရင်စုမှူးတိုင်းက Slot Machine မာဖီးယားအဖွဲ့သတ်တာခံရပြီး သေသေသွားကြတာပဲ။ ဆူဇန်နို တစ်ယောက် ဒီအကြောင်းကို သိသွားပြီးတဲ့အချိန်မှာတော့ နောက်ကျသွား ခဲ့ပါပြီ။ သူစစရောက်ချင်းနေ့မှာပဲ အဲ့မာဖီးယားအဖွဲ့ကို ဖမ်းဖို့အတွက် စစ် ဆင်ရေးတစ်ခုစီစဉ်ထားကြတော့ ရဲအုပ်အမျိုးသမီးက သူ့ကို‌ဦးဆောင်ခိုင်း တယ်။ သူကလည်း ဝေ့လည်ကြောင်ပတ်လုပ်ပြီး ရဲစခန်းကိုလာတိုင်တဲ့ အဘွားအိုတစ်ယောက်ရဲ့ အမှုသေးသေးလေးကိုပဲ ဖြေရှင်းပြီးနေရစ်ခဲ့လိုက် တယ်။ကံကောင်းချင်တော့ အဲ့အမှုသေးသေးလေးကနေ မာဖီးယားအဖွဲ့နဲ့ ပတ်သက်တဲ့သဲလွန်စကို ရှာတွေ့သွားပြီး သူတို့ဂိုဏ်းရဲ့ပစ္စည်းတွေကို သိမ်း ဆည်းလိုက်ကြတယ်။အထိနာသွားတဲ့ မာဖီးယားတွေက ဆူဇန်နို့ဆီကို ‌ခြိမ်းခြောက်စာတွေပို့ပြီး နောက်မှာ ဘာတွေဆက်ဖြစ်မလဲ မာဖီးယားအဖွဲ့ကို စီရင်စု ၈ ရဲစခန်းက ဘယ်လိုတွေဖမ်းကြမလဲဆိုတာကို ပေါ့ပေါ့ပါးပါးကြည့်ရှုရမဲ့ ဟာသဇာတ် လမ်းတွဲလေးပဲဖြစ်ပါတယ်။(ဒီစီးရီးရဲ့ အညွှန်းကို Khant Sett Naing မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ CM Team မှဖြစ်ပါတယ်။)File Size.............(1.4 GB) Quality...............WEB-DL 1080p Duration............30Mins(@Episode) Subtitle..............Myanmar Hardsub Format...............MP4 Genre.................Comedy, Crime Translator..........Khant Sett ...
5.4
TMDb: 5.4/10 1140 votes
tv

Reporting for Duty (2023)

2023
Kleo (2022) 7.034
Kleo (2022) Kleo (2022) =========== IMDb Rating - 7.5/10Kill Bill လိုမျိုး လက်စားလိုက်ချေတဲ့ကား၊ Atomic Blonde နဲ့ Red Sparrow တို့လို စပိုင် ဇာတ်လမ်းမျိုးတွေ ကြိုက်တယ်ဆိုရင် ဒီဇာတ်လမ်း တွဲကို လက်လွှတ်မခံပါနဲ့။ IMDb rating 7.5, Rotten Tomatoes 92% ရထားပါတယ်။ ဇာတ်လမ်းကတော့ မမိုက်မှာမပူနဲ့။ ဂျာမန်တွေ ရိုက်ကူး ထားပြီး Netflixက ထုတ်ဝေထားတာပါ။ Netflix က ကျန်တဲ့ ဇာတ်ကား တွေသာ ချာရင်ချာမယ်၊ ဥရောပတစ်ခွင်ကရိုက်တဲ့ ဇာတ်လမ်းတွေကတော့ ဇာတ်လမ်း၊ ဇာတ်အိမ် ခိုင်မာကြသလို တော်တော်ကြီးကြည့်လို့ကောင်းတဲ့ အစဉ်အလာရှိပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ကလီယိုဟာ အရှေ့ဂျာမနီအစိုးရရဲ့ ထောက် လှမ်းရေးဌာနခွဲက လျှို့ဝှက်အေးဂျင့်တစ်ယောက်ပါ။ ကလီယိုဟာ စည်းကမ်း ကို ချိုးဖောက်ပြီး လုပ်ဖော်ကိုင်ဖက်နဲ့ ချစ်ကြိုက်မိကာ ကိုယ်ဝန်ကိုလည်း လွယ်ထားရပါတယ်။ ဒီလိုနဲ့ အလုပ်ကနေ အနားယူမယ် လုပ်တုန်းက ချောက် ချခံရပြီး တစ်သက်တစ်ကျွန်း ထောင်ကျသွားပါတယ်။ ထောင်ထဲမှာ ကိုယ်ဝန် ပျက်ကျ၊ ဒုက္ခပေါင်းစုံကိုခါးစည်းခံရပါတယ်။ ...
7.034
TMDb: 7.034/10 89 votes
tv

Kleo (2022)

2022
Kung Fu Panda: The Dragon Knight 10
Kung Fu Panda: The Dragon Knight Kung Fu Panda : Dragon Knight (2022)ကွန်ဖူးပန်ဒါ ကာတွန်းစီးရီးထွက်လာပါပြီ။ ကာတွန်းရုပ်ရှင်လိုပဲ ရုပ်ထွက်ကောင်းကောင်း ဇာတ်လမ်းကောင်းကောင်းနဲ့ ရိုက်ကူးထားတာဖြစ်လို့ တဝကြီးကြည့်ရမှာပါ။ဇာတ်လမ်းအစမှာတော့ ကလောက်စ်နဲ့ ဗရူကာဆိုတဲ့ ဖျံလူဆိုးနှစ်ကောင်ဟာ တရုတ်ပြည်ရဲ့ အစွမ်းထက်တဲ့ ရှေးဟောင်းလက်နက် ဝူကောင်းလက်အိတ်ကို လာလုပါတယ်။ အဲဒါကို နဂါးဆရာသခင် ပိုက တားဆီးရင်နဲ့ ထုံးစံအတိုင်း တလွဲတွေဖြစ် ရွာပါပျက်စီးပြီး လက်အိတ်လည်းပါသွားပါတယ်။ ဒါကြောင့် မင်းကြီးက ပို့ဆီက နဂါးဆရာသခင်ဘွဲ့ကို ရုတ်သိမ်းတော့မှာပဲ ဖြစ်ပါတယ်။ အဲဒီအချိန်မှာပဲ အဲဒီဖျံနှစ်ကောင်နောက်ကို လိုက်ဖမ်းနေတဲ့ အင်္ဂလန်သူရဲကောင်း လေလွင့်ဓားမိမယ် လူသယ်ရာနဲ့အတူ ပေါင်းမိပြီး တလွဲတွေ စွန့်စားခန့်ဖွင့်ကြတဲ့အခါ .....စုစုပေါင်း ၁၁ ပိုင်း ထုတ်လွှင့်သွားမှာပဲ ဖြစ်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။Genre..... Action & Adventure, Animation, Comedy Quality…. 1080p | 720p File size… 600MB | ...
10
TMDb: 10/10 1 votes
tv

Kung Fu Panda: The Dragon Knight

2022
The Bastard Son & the Devil Himself (2022) 7.761
The Bastard Son & the Devil Himself (2022)  Rating ကောင်းကောင်းရထားတဲ့ Netflix ရဲ့ 2022 ထွက် fantasy-drama စီးရီးလေးတစ်ခု လာပါပြီ။ Rotten tomatoes မှာ ခရမ်းချဥ်သီးပုပ် 93% အထိရထားပြီး 1MDb မှာလည်း rating 7.5 ရထားတာဖြစ်တဲ့အတွက် ကြည့်ပျော်ရှုပျော်အဆင့်ထက်လွန်တယ်လို့ ပြောလို့ရတဲ့ စီးရီးတစ်ခုပါ။ ဇာတ်အိမ်ကလည်း လူငယ်ဇာတ်ကောင်အများစုနဲ့ ပေါ့ပေါ့ပါးပါးတည်ဆောက်ထားလို့ မိသားစုနဲ့ကြည့်လို့ရပါတယ်။ Titans(2018) နဲ့ The Batman(2022) မှာပါဝင်ထားတဲ့ သရုပ်ဆောင် Jay Lycurgoကအဓိကဇာတ်ဆောင်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားပြီး Nadia Parkes၊ Emilien Vekemans၊ Isobel Jesper Jones စတဲ့ တက်သစ်စ လူငယ်သရုပ်ဆောင်တွေလည်း ပါဝင်အားဖြည့်ပေးထားပါတယ်။ Colm McCarthy၊ Debs Paterson၊ Rachna Suri တို့က ပူးတွဲရိုက်ကူးပေးထားပြီး ဇာတ်အိမ်ကတော့ Sally green ရဲ့ Halfbad ...
7.761
TMDb: 7.761/10 90 votes
tv

The Bastard Son & the Devil Himself (2022)

2022
Class Act (2023) 6.5
Class Act (2023) Netflix ရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းတွဲ Class Act မီနီဇာတ်လမ်းတွဲ နဲ့ မိတ်ဆက်ပေးပါရစေ။၁၉၆၀ ခုနှစ်ဝန်းကျင် ပြင်သစ်နိုင်ငံ မြို့ငယ်လေး တစ်မြို့မှာ သာမန်ဝန်ထမ်းမိသားစုကနေပေါက်ဖွားကြီးပြင်းလာခဲ့တဲ့ ဘာနာ့ဒ်တာပီးလို့အမည်ရတဲ့သူတစ်ဦးရှိတယ်..သူဘဝမျိုးစုံကြုံဖူးခဲ့သလို နယ်ပယ်တစ်ခုချင်းတိုင်းမှာလည်း အောင်မြင်မှုတွေစိုက်ထူနိုင်ခဲ့တဲ့သူဖြစ်ပါတယ်...သို့ပေမဲ့ ဘယ်အလုပ်မဆို အောင်မြင်မှုဆိုတာ ကျရှုံးမှုနဲ့ အစပြုကြရတာပဲမဟုတ်လား...ဒီစီးရီးဟာ သူလှုပ်ရှား ရုန်းကန်ခဲ့ရတဲ့ ဘဝတစ်ခုချင်းအလိုက်လူငယ်တွေ‌ေဆောင်ရန်ရှောင်ရန်ကို ရိုက်ကူးထားတာဖြစ်ပါတယ်..သို့ပေမဲ့ ပျင်းစရာမကောင်းဘဲအတော်ကြည့်လို့ကောင်းပါတယ်..အဆိုတော်၊ စီးပွားရေးသမား၊ဖျော်ဖြေတင်ဆက်သူ၊ နိုင်ငံရေးသမားပြင်သစ်လီဂူးက မာဆေးလ်အသင်းပိုင်ရှင် နာမည်ကျော် အားကစားပစ္စည်းကုမ္ပဏီ Adidasတို့ကိုပိုင်ဆိုင်ခဲ့ဖူးတဲ့ ဘာနာ့ဒ်တာပီး ရဲ့အကြောင်းကို စိတ်ဝင်စားဖွယ်ရာကြည့်ရှုရမှာဖြစ်ပါတယ်....။။  File Size –  1.40 GB/ 485MBQuality –NF WEB-DL 1080p 5.1 CH, 720pDuration – 55 Min  (@Episode)Total Episodes: 7 EpsSubtitle – Myanmar HardsubFormat – Mp4Genre : Drama , ...
6.5
TMDb: 6.5/10 14 votes
tv

Class Act (2023)

2023
Dear Child (2023) Complete 7.6
Dear Child (2023) Complete Dear Child (2023) A Netflix Mini Series ~ IMDb - 7.5/10, Rotten Tomatoes - 84% ~ Stockholm Syndrome ဆိုတာကတော့ ပြန်ပေးဆွဲခံရတဲ့သူတွေမှာဖြစ်တတ်တဲ့ စိတ်အခြေအနေတစ်မျိုးပါ။ ပြန်ပေးဆွဲခံရသူတွေက သူတို့ကို ပြန်ပေးဆွဲတဲ့သူတွေအပေါ် နားလည်ပေးပြီး ပြန်ပေးဆွဲတဲ့သူတွေ လိုချင်ရချင်တာကို ရအောင်ကူညီပေးတတ်တဲ့ အခြေအနေပါ။ ပြန်ပေးဆွဲသူနဲ့ ပြန်ပေးဆွဲခံရသူက ခပ်ဆင်ဆင်ဖြစ်လာတဲ့သဘောမျိုးလို့ပြောလို့ရပါတယ်။ ကိုယ့်ကိုပြန်ပေးဆွဲတာပဲကွာ ဘာလို့ကိုယ်က ပြန်ပေးဆွဲတဲ့သူကိုသနားရမှာလဲ မဖြစ်နိုင်ပါဘူးကွာလို့တော့ မထင်ပါနဲ့။ ပြန်ပေးဆွဲခံရတဲ့သူတွေရဲ့ ၈% လောက်က ဒီလို အခြေအနေမျိုးဖြစ်တတ်ကြပါတယ်။ ဒီဂျာမန် Mystery, Crime, Drama Series လေးက ပြန်ပေးဆွဲတဲ့ ဇာတ်လမ်းလေးပါ။ ရိုးရိုးပြန်ပေးဆွဲတဲ့ဇာတ်လမ်းတော့မဟုတ်ပါဘူး။ ဇာတ်လမ်းအစမှာ ပြန်ပေးဆွဲခံရတဲ့သူက ထွက်ပြေးလာတယ်။ ပြေးလာရင်း ကားတစ်စီးနဲ့ တိုက်မိတယ်။ သူ့ကို ကားနဲ့တိုက်မိတဲ့သူက ဆေးရုံကားခေါ်ပေးပေမဲ့ ဆေးရုံကားရောက်လာတဲ့အချိန်မှာတော့ ကားတိုက်ခံရတဲ့သူနဲ့ သူ့သမီးလို့ပြောတဲ့ ကောင်မလေးတစ်ယောက်ကိုပဲတွေ့ရတယ်။ ...
7.6
TMDb: 7.6/10 42 votes
tv

Dear Child (2023) Complete

2023
Song of the Bandits(2023)[Complete] 10
Song of the Bandits(2023)[Complete] Song of the Bandits(2023)*************************အပိုင်း( ၁ မှ၉) ထိ စ/ဆုံး( Islandမှာ ဗန်အဖြစ် သရုပ်ဆောင်ထားတဲ့ Kim Nam Gilနဲ့ Girl Generationအဖွဲ့ဝင် Seohyunတို့အပြင် နာမည်ကြီးသရုပ်ဆောင်များစွာ ပါဝင်သရုပ်ဆောင်ထားပါတယ်)1920ခုနှစ် ဂျပန်ကိုလိုနီခေတ်ကို ဇာတ်အိမ်တည်ရိုက်ကူးထားတာဖြစ်ပါတယ်..အဲဒီခေတ်ကာလများမှာတော့ ဂျပန်တွေဟာ နိုင်ငံရေးအမြင်နည်းပါးတဲ့ကိုရီးယားလူမျိုးတွေကို ကောင်းကောင်းနှိပ်ကွပ်ခဲ့တဲ့ကာလပေါ့...ငဲ့ရမဲ့ မိသားစုတွေရှိလို့ ဂျပန်ရန်ကကာကွယ်ဖို့အရေးအလိုက်အထိုက်နေတဲ့သူတွေ ဂျပန်နဲ့ပေါင်းပြီး လူမျိုးချင်းပြန်ဖိနှိပ်တဲ့သူတွေ အများအပြားရှိတဲ့အတွက်ကြောင့်ကိုရီးယားတွေရဲ့ နင်းပြားဘဝဟာ ဆိုးပြီးရင်းဆိုးရင်းပေါ့...ဒီအခြေအနေတွေကိုပြောင်းပြန်လှန်ဖို့အဖွဲ့အစည်းတစ်ခုပေါ်လာတယ်...ရိုင်ဖယ်တစ်လက်ကို ပခုံးပေါ်ထမ်းပြီးခပ်ကြမ်းကြမ်း ဂျပန်အဖွဲ့တွေကို ပြောက်ကျားနည်းနဲ့သမနေတဲ့တောပုန်းဓားပြအဖွဲ့ပေါ့..ဘယ်လိုတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့ခံစားကြည့်လိုက်ပါ....Episodes: 9 Aired: Sep 22, 2023  Aired On: :  Friday Original Network: Netflix Duration: 45min. Genres: Action & Adventure Subtitle__Myanmar Subtitle (Hardsub) Translated by  Stary , Windi, Htoo Htoo Aung , Hnin Wai Oo& Toe Toe ...
10
TMDb: 10/10 1 votes
tv

Song of the Bandits(2023)[Complete]

2023