Channel Myanmar

Netflix

Blood of Zeus 2020 Season 2 8.5
Blood of Zeus 2020 Season 2 Blood of Zeus 2020 Netflix original serie တစ်ခုဖြစ်တဲ့ Blood of Zeus ဟာ Episode 8ခု ပါတဲ့ Animation Serie တစ်ခုဖြစ်ပြီးတော့ Oct27, 2020 မှာ ပထမအပိုင်း စလွှင့်ခဲ့တာဖြစ်ပါတယ်Greek Mythology ဂရိဒဏ္ဍာရီပုံပြင်ဇာတ်လမ်းတွေက်ို ကြားဖူးနားဝရှိရင်တော့ ဒီ Animation serie လေးကို ကြည့်ရတာ အစိမ်းသပ်သပ် ဖြစ်မှာမဟုတ်ပါဘူး မှောင်မိုက်နေတဲ့ တိမ်မဲတွေအောက်က ရွာလေးတစ်ရွာမှာနေတဲ့ ဟယ်ရွန်နဲ့ အီလက်ထရာဆိုတဲ့ အပယ်ခံ သားအမိနှစ်ယောက်အကြောင်း နဲ့ ဇာတ်လမ်းကို အစပြုထားပါတယ်အဲ့ဒီသားအမိနှစ်ယောက် ရွာကိုရောက်လာတဲ့အချိန်ကစပြီး ရွာမှာ ကံဆိုးမိုးမှောင်တွေ ကျခဲ့ရတယ်လို့ ယူဆကြတာကြောင့် သူတို့နှစ်ယောက်ကို တစ်ရွာလုံးက ဖယ်ကျဉ်ထားကြတယ် ဟယ်ရွန်က သူ့ကိုယ်သူ အိုလံပတ်စ်တောင်ပေါ်က နတ်မင်းကြီးဇူးစ်ရဲ့ သားတော်ဖြစ်ကြောင်း သိလိုက်ရပေမဲ့ အားလုံးသိကြတဲ့အတိုင်း အချစ်မေတ္တာအရမ်းများပြီး နှလုံးသားကြီးမားတယ်လို့ နာမည်ကြီးတဲ့ ...
8.5
TMDb: 8.5/10 49 votes
tv

Blood of Zeus 2020 Season 2

2020
Fiasco (2024) 6.412
Fiasco (2024)  ၂၀၂၄ ဧပြီလကထွက်ရှိထားတဲ့ Fiasco ပြင်သစ်စီးရီးဟာComedy အမျိုးအစားဆိုပေမယ့် ဟားတိုက်ရယ်မောနေရမှာမျိုးမဟုတ်ဘဲ ထေ့လုံးတွေ၊ ပါးနပ်တဲ့ဟာသတွေနဲ့အရည်အသွေးမြင့်တဲ့တင်ဆက်မှုပုံစံတွေကို မှတ်တမ်းရုပ်ရှင်တစ်ခုအသွင်ကြည့်ရှု့ခံစားရမှာဖြစ်ပါတယ်။အပိုင်း ၇ ပိုင်းပါဝင်တဲ့ mini-serie ကို ကိန်းရုပ်ရှင်ပွဲတော်မှာလည်းပြသခဲ့ပါတယ်။ Comedy ဖြစ်ပေမယ့် အညှာအတာမရှိတဲ့ရုပ်ရှင်လောကအကြောင်းကိုလည်း ထည့်သွင်းရိုက်ကူးထားတာမြင်တွေ့ရပါတယ်။အဓိကဇာတ်ကောင်ရာဖယ်လ်ဗဲလွန်းဟာ ပြင်သစ်တော်လှန်ရေးသမားတစ်ဦးဖြစ်ခဲ့တဲ့အဘွားဖြစ်သူကိုဂုဏ်ပြုဖို့ သူကိုယ်တိုင်ဒါရိုက်တာလုပ်ပြီး ပွဲဦးထွက်ရုပ်ရှင်ရိုက်ကူးမှုကိုစတင်ခဲ့ပါတယ်။ ပထမဆုံးရိုက်ကူးခွင့်ရတဲ့ရုပ်ရှင်ဖြစ်လို့စိတ်လှုပ်ရှားနေတဲ့ရာဖယ်လ်ဟာ ရိုက်ကွင်းကိုရည်မှန်းချက်ကြီးကြီးနဲ့ စွန့်စွန့်စားစားအကောင်အထည်ဖော်ခဲ့ပေမယ့် မထင်မှတ်ဘဲ ရိုက်ကွင်းမှာအလွဲလွဲအချော်ချော်တွေဖြစ်လာခဲ့ပါတယ်။ဒါ့အပြင် အဖွဲ့သားတစ်ဦးက ရိုက်ကွင်းနောက်ကွယ်ကမသင့်တော်တဲ့ဖြစ်ရပ်တွေကို ခိုးမှတ်တမ်းတင်ထားပြီးရုပ်ရှင်ကိုပျက်စီးရာပျက်စီးကြောင်းကြံစည်လာတဲ့အခါရာဖယ်လ်နဲ့အဖွဲ့ဟာ ဒီသစ္စာဖောက်ကိုဖော်ထုတ်ဖို့ကြိုးစားရင်းရုပ်ရှင်ကိုဘယ်လိုကယ်တင်သွားမယ်ဆိုတာ ဆက်လက်ကြည့်ရှု့ရမှာပဲဖြစ်ပါတယ်။Fiasco စီးရီးဟာ ထွက်ရှိပြီး ၂၄ နာရီအတွင်း ပြင်သစ်Netflix မှာ နံပါတ်တစ်ချိတ်ခဲ့ပြီး Globalမှာတော့ နံပါတ် ၇ နေရာမှာ ခြောက်ရက်ကြာအောင်နေရာယူထားနိုင်ခဲ့ပါတယ်။  File Size – 764 MB / 355 MB (@Episode)Quality –NF WEB-DL 1080p 5.1CH , 720pDuration – 40 Min ...
6.412
TMDb: 6.412/10 34 votes
tv

Fiasco (2024)

2024
Jurassic World: Chaos Theory (2024) 7.4
Jurassic World: Chaos Theory (2024)  ဒီဇာတ်လမ်းတွဲလေးကတော့ Jurassic Park ပျက်စီးသွားပြီးနောက်ပိုင်းကို ရိုက်ပြတင်ဆက်ထားတဲ့ ဇာတ်လမ်းတွဲလေးပါ.....Jurassic Park ပျက်စီးသွားတဲ့အချိန် ဒိုင်နိုဆောတွေပြည့်နှက်နေတဲ့ ကျွန်းပေါ်မှာ ကျန်ခဲ့လို့ အားလုံးက ‌ေ-သပြီဆိုပြီး ယူဆထားတဲ့ Nublar Six ဆိုတဲ့ ဆယ်ကျော်သက်လေး ၆ယောက်ကတော့ မယုံနိုင်လောက်အောင်ပဲ အသက်ရှင်သန်နိုင်ခဲ့ပါတယ်......အဲဒီအချိန်မှာ လူတွေကလည်း ဒိုင်နိုဆောတွေနဲ့ အတူယှဉ်တွဲနေထိုင်နေကြပြီး သူတို့ကိုတော့ DPW လို့ခေါ်တဲ့ ကမ္ဘာဦးသားရိုင်းတိရိစ္ဆာန်ထိန်းသိမ်းရေး ဌာနကနေ တာဝန်ယူကြီးကြပ်ပေးထားပါတယ်......Nublar Six အဖွဲ့ထဲက ဘရွတ်ကလင်းဆိုတဲ့တစ်ယောက်ကတော့ ကျွန်းပေါ်မှာ ရှင်သန်အောင်နေနိုင်ခဲ့ပြီးမှ မြို့ပေါ်မှာ ဒိုင်နိုဆောကြောင့် အသက်ဆုံးရှုံးသွားခဲ့ရပါတယ်......သူတို့၆ယောက်လည်း တစ်ယောက်တစ်နေရာစီ ကိုယ့်ဘဝနဲ့ ရှင်သန်နေတုန်းမှာပဲ သူတို့ထဲက ဘန်ဂျမင်ဆိုတဲ့ တစ်ယောက်က ဘရွတ်ကလင်း သေဆုံးရတာ သွေးရိုးသားရိုးတိုက်ဆိုင်မှုမဟုတ်ဘဲ လုပ်ကြံခံရတာပါလို့ သံသယဝင်ရင်းစုံစမ်းရာမှ လူတစ်ယောက်က သူတို့ကို လိုက်ရှာရှင်းလင်းနေတယ်လို့ ယုံကြည်သွားခဲ့မိပါတယ်......အဲဒီနောက်ပိုင်းမှာတော့ သူ့ရဲ့ သူငယ်ချင်းတွေကို သတိလိုက်ပေးရင်း ဘရွတ်ကလင်းကို ဘယ်သူသ-တ်တာလဲ ဘာကြောင့်သ-တ်တာလဲဆိုတာ စွန့်စားခန်းတွေဖွင့်ပြီး ...
7.4
TMDb: 7.4/10 32 votes
tv

Jurassic World: Chaos Theory (2024)

2024
Baby Reindeer (2024) 7.786
Baby Reindeer (2024)  အခုတလော Interမှာရော မြန်မာနိုင်ငံမှာရော ရေပန်းစားနေတဲ့ Netflix ကနေ ထွက်ရှိထားတဲ့ Baby Reindeer လို့ခေါ်တဲ့ ဖြစ်ရပ်မှန်စီးရီးတစ်ခုကို တင်ဆက်ပေးချင်ပါတယ်။ ဒီစီးရီးရဲ့ထူးခြားချက်တစ်ခုက Donny နေရာကို အပြင်က တကယ့်နစ်နာသူ victim ဖြစ်တဲ့ Richard Gadd ကိုယ်တိုင် သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ Victim ကိုယ်တိုင် သရုပ်ဆောင်ထားတဲ့ စီးရီးဖြစ်နေတာကြောင့် ဇာတ်လမ်းမှာပါဝင်တဲ့ နောက်ယောင်လိုက်ခံရတာတွေ၊ စိတ်ထိခိုက်ဒဏ်ရာရရှိခဲ့တာတွေကို တခြားစီးရီးတွေထက် နက်နက်ရှိုင်းရှိုင်း ပိုပြီးခံစားရစေမှာပါ။ဇာတ်လမ်းလေးကတော့ ဒွန်နီဒန်းက မိမိအိပ်မက်ဖြစ်တဲ့ လူရွှင်တော် အလုပ်ကို အကောင်ထည်ဖော်ဖို့ လန်ဒန်ကို လာခဲ့သူလေးပါ။ ဒွန်နီက လူရွှင်တော်ဖြစ်ဖို့ကြိုးစားရင်း ငွေလေးဝင်အောင် ဘားတစ်ခုမှာ အလုပ်လုပ်ပါတယ်။ ဒွန်နီ ဘားမှာ အလုပ်လုပ်နေတုန်း မာသာလို့ခေါ်တဲ့ အမျိုးသမီးတစ်ယောက် ဆိုင်ထဲဝင်လာပါတယ်။ ဒွန်နီကလည်း သူ့ရဲ့ဝမ်းနည်းပင်ပန်းနေတဲ့ပုံသဏ္ဍာန်ကို သနားသွားပြီး အလကားတိုက်လိုက်ပါတယ်။ ဒီလို အလကားတိုက်လိုက်ရာကနေ မာသာ တစ်ယောက် ဒွန်နီ့ကို ...
7.786
TMDb: 7.786/10 365 votes
tv

Baby Reindeer (2024)

2024
The Devil’s Plan (2023) [Complete] 7.656
The Devil’s Plan (2023) [Complete] The Devil's Plan (2023)************************အပိုင်း (၁ မှ ၁၂) စ/ဆုံး "နယ်ပယ်အသီးသီးက နာမည်ကြီး အနုပညာရှင် ကစားသမား၁၂ယောက် ပါဝင်ပြီး ဆုကြေးငွေ ဝမ် ၅၀၀မီလီယံအထိ ရရှိနိုင်မဲ့ ကစားပွဲ"NF ရဲ့ နာမည်ကြီးရှိုးတွေထဲက တစ်ခုဖြစ်တဲ့ဒီ The Devil's Plan ဆိုတဲ့ Game Show မှာတော့အဓိက ကစားပွဲနဲ့ ဆုကြေး ကစားပွဲဆိုပြီး ကစားပွဲ နှစ်မျိုးပါဝင်ပါတယ်။ကစားသမား တစ်ယောက်ချင်းစီတိုင်းကို Piece တစ်ခုစီ ပေးထားပြီးတော့ဒီ Piece တွေကို အချင်းချင်း အလဲအထပ်လုပ်လို့ရသလိုGameအတွက် အကျိုးရှိမဲ့နေရာမှာလည်း အသုံးချလို့ရပါတယ်။Piece တစ်ခုမှ မရှိတော့တဲ့ ကစားသမားကတော့ ထုတ်ပယ်ခံရမှာ ဖြစ်ပြီးအဓိက ကစားပွဲနဲ့ ဆုကြေး ကစားပွဲကနေတဆင့် Piece တွေကို ရရှိနိုင်သလိုဆုံးရှုံးသွားတာလည်း ဖြစ်နိုင်ပါတယ်။ပြစ်ဒဏ်အနေနဲ့ကတော့ အဓိက ကစားပွဲကို ယှဉ်ပြိုင်လို့ အပြီးမှာPiece အနည်းဆုံး ပိုင်ဆိုင်ထားတဲ့ ...
7.656
TMDb: 7.656/10 64 votes
tv

The Devil’s Plan (2023) [Complete]

2023
Bodkin (2024) 6.22
Bodkin (2024)  ဒီတစ်ခါမှာတော့ May 9 တုန်းကမှ ထွက်ရှိထားတဲ့သည်းထိပ်ရင်ဖို စီးရီးအသစ်တစ်ခုကို CM ကဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ် ။ဇာတ်လမ်းကတော့ သတင်းပေး သေဆုံးသွားတဲ့အတွက်အလုပ်ပြုတ်ခါနီးဖြစ်နေတဲ့ ခေါင်းမာမာ အမှုစစ်သတင်းထောက် ဒပ်ဗ်ဘတ်ဆာ မယ်လွန်နီနဲ့ အစပြုထားပါတယ် ။ အလုပ်ပြုတ်ခါနီးဖြစ်နေတဲ့ ဒပ်ဗ်ကိုသူ့အထက်လူကြီး အယ်ဒီတာက Podcast တစ်ခုအတွက် အိုင်ယာလန်နိုင်ငံ ဘော့ကင်း လို့ ခေါ်တဲ့ကမ်းရိုးတန်းနယ်မြို့လေးကို လွှတ်လိုက်ပါတော့တယ် ။မသွားချင်သွားချင်နဲ့ ရောက်သွားရတဲ့ ဒပ်ဗ်ဟာPodcast သမား ဂေလ်ဘတ် ၊ Researcher အမ်မီတို့နဲ့ပေါင်းပြီး ဘော့ကင်းမြို့မှာ လွန်ခဲ့တဲ့ နှစ် ၂၀ တုန်းကဆားဝင်ပွဲတော်ညမှာ လူသုံးယောက်ပျောက်သွားတဲ့အမှုကို စုံစမ်းရမှာပါ ။အေးချမ်းတယ်လို့ ထင်ရတဲ့ ဘော့ကင်းမြို့နဲ့မြို့သားတွေဟာ တကယ်ပဲ အေးချမ်းပါရဲ့လား ။လူသုံးယောက်ပျောက်တဲ့အမှုနဲ့ ပတ်သက်လို့ရောသူတို့ ဘာတွေဖုံးကွယ်ထားသလဲ ။ဒပ်ဗ်တို့ သုံးယောက် သွားတည်းတဲ့အိမ်က မသင်္ကာစရာအိမ်ပိုင်ရှင်နဲ့ သားဖြစ်သူကရော ဘာတွေလဲဆိုတာကိုသူတို့ သုံးယောက်နဲ့အတူတူ စိတ်ဝင်စားဖွယ် ဖြေရှင်းရမှာဖြစ်ပါတယ် ။ဒါဆိုရင်တော့ ...
6.22
TMDb: 6.22/10 25 votes
tv

Bodkin (2024)

2024
Crooks (2024) 6.6
Crooks (2024)  Netflix ရဲ့ Rating 7 နဲ့ နောက်ဆုံးထွက်ဂျာမန်ဇာတ်လမ်းတွဲဖြစ်ပါတယ်.. ရှေးဟောင်း ဒင်္ဂါးပြားတစ်ပြားကို လိုက်လုကြရင်းနဲ့ ဖြစ်လာတဲ့ ဂိုဏ်းးစစ်ပွဲတွေကြားက ဘဝနဲ့ အက်ရှင် ဒရမ်မာပိုင်းကို ကောင်းကောင်းရိုက်ပြထားပါတယ်မိသားစုနဲ့အတူဘဝကိုအေးဆေးဖြတ်သန်းနေတဲ့ ချာလီဟာ လူကောင်းတော့မဟုတ်ပါဘူး အရင်က အိမ်တွေကို ခိုးဝင်အလစ်သုတ်မှုနဲ့ထောင်ကျဖူးပါတယ်...နောက်ပိုင်းထောင်ကထွက်လာပြီး သူကျွမ်းကျင်တဲ့ သော့ပညာနဲ့ သော့ဖျက်ပညာရှင်လုပ်နေပြီး ဘယ်သော့မဆို ဖျက်ပြနိုင်တဲ့ သော့ဝိဇ္ဇာတစ်ယောက်ပါတစ်နေ့ လူမိုက်ဂိုဏ်းတစ်ဂိုဏ်းက ယူရိုသန်းချီတန်တဲ့ မီးခံသေတ္တာတစ်ခုကို ဖျက်ဖို့တာဝန်မှာ ချာလီဟာ အဓိက အရေးပါသူဖြစ်လာတဲ့အခါမှာတော့ အေးချမ်းနေတဲ့ ချာလီရဲ့ဘဝဟာက ဒီမီးခံသေတ္တာထဲက သန်းချီတန်တဲ့ပစ္စည်းတွေကို လိုက်လုနေတဲ့ ဂိုဏ်းစစ်ပွဲကြီးမှာ ပါဝင်ရပါတော့တယ်...( အညွှန်းနဲ့ဘာသာပြန်ကိုတော့ Thiha Yan Naing ကရေးသားထားပါတယ် ) File size…(1.3 GB)/(685 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:07:00 Genre...Action, Adventure, Drama, Crime  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Thiha ...
6.6
TMDb: 6.6/10 23 votes
tv

Crooks (2024)

2024
The 8 Show (2024) [Complete]
The 8 Show (2024) [Complete] The 8 Show (2024) *******************အပိုင်းသစ် (၁ မှ ၈) /ဆုံး Survival Series အမျိုးအစားကို သဘောကျနှစ်ခြိုက်တဲ့ ပရိသတ်တွေအတွက်The 8 Showဆိုတဲ့ Series အသစ်ထွက်ရှိလို့လာပါပြီ။ဒီစီရီးကတော့ Money Gameနဲ့ Pi Game ဆိုတဲ့Webcomic နှစ်ခုကို အခြေခံပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။ဇာတ်လမ်းကတော့ ငွေလိုအပ်နေတဲ့ လူ၈ယောက်ဟာMoney Gameလို့‌ ခေါ်တဲ့ Reality Variety Showကိုဖိတ်ကြားခံလိုက်ရပြီး ဗလာနတ္ထိဖြစ်‌နေတဲ့ ကွန်ကရစ်နံရံတွေကြားမှာရက်၁၀၀ တိတိနေရမှာ ဖြစ်ပါတယ်။ရက်၁၀၀ အထိ နေနိုင်သွားရင်တော့ ၄၄.၈ဘီလီယံဆိုတဲ့ဆုကြေးကို အညီအမျှ ခွဲဝေယူနိုင်မှာ ဖြစ်ပါတယ်။ဒါပေမဲ့ သူတို့အတွက် နေ့စဉ် လိုအပ်တဲ့ အစားအသောက်အသုံးအဆောင် ပစ္စည်းတွေဟာ သာမန် ဈေးနှုန်းထက် အဆ၁၀၀၀များပြားပြီးတော့ ဆုကြေး‌ငွေထဲကနေ နုတ်ယူခံရမှာ ဖြစ်တယ်။ကွန်ကရစ် စတူဒီယိုထဲက သူတို့၈ယောက် ဘယ်လို စိန်ခေါ်မှုတွေအခက်အခဲတွေနဲ့ ရင်ဆိုင်ကြရမှာလဲ...။Cast တွေအနေနဲ့ကတော့ ပရိသတ်တွေရင်းနှီးပြီးသားဖြစ်တဲ့ Reply ...

The 8 Show (2024) [Complete]

2024
A Man in Full (2024) 6.8
A Man in Full (2024) ဒီစီးရီးကတော့ မကြာသေးခင်ကမှ Netflix ကထွက်ရှိထားတဲ့ဒရာမာစီးရီးတစ်ခုဖြစ်ပါတယ်။Succession စီးရီးလိုမျိုး စီးပွားရေးလုပ်ငန်းရှင်တွေဉာဏ်ချင်းယှဉ်ကစားကြတဲ့ဒရာမာစီးရီးတစ်ခုပါ။ ဇာတ်လမ်းကတော့ ချာလီခရွတ်ခ်ကာဆိုတဲ့ အိမ်ခြံမြေလုပ်ငန်းရှင်တစ်ယောက်အကြောင်းကို ဇာတ်အိမ်တည်ထားပါတယ်။ချာလီခရွတ်ခ်ကာဟာ ဂျော်ဂျီရာပြည်နယ်မှာ လူသိများရေပန်းစားပြီးဩဇာလွှမ်းမိုးမှုရှိတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးပါ။တစ်နေ့မှာတော့ သူ့ရဲ့လူယုံသတ်မှုကြောင့် လုပ်ငန်းကဒေဝါလီခံမယ့်အရေးနဲ့ ကြုံတွေ့လာရပါတော့တယ်။အဲဒီလိုနဲ့ အခွင့်ကောင်းကိုချောင်းနေတဲ့သူ့ရဲ့ပြိုင်ဘက်တွေကသူ့ကိုအဘက်ဘက်ကထိုးနှက်ပြီး စီးပွားရေးလောကကနေအပြတ်ရှင်းဖို့ကြံပါတော့တယ်။ ဒီစီးရီးမှာတော့ စီးပွားရေးသမားအချင်းချင်းကတုံးပေါ်ထိပ်ကွက်ပြီး ဘယ်လိုမျိုးအကွက်ရွှေ့ကြတယ်၊စီးပွားရေးလောကထဲမှာ ရှင်သန်ဖို့အတွက်တစ်ယောက်ကိုတစ်ယောက် ဘယ်လိုထိုးကျွေးကြတယ်ဆိုတာတွေကိုမြင်တွေ့ရမှာပါ။လောကမှာအရေးကြီးဆုံးက ပိုက်ဆံ၊အာဏာ၊ပါဝါဆိုတဲ့အတိုင်းဒီအရာတွေဖြစ်တည်လာဖို့ရည်မှန်းချက်ကြီးကြီးနဲ့တည်ဆောက်ကြပုံတွေ၊ဒါ့အပြင် စီးပွားရေးနဲ့နိုင်ငံရေး ဘယ်လိုမျိုးပတ်သက်ဆက်နွယ်နေတယ်၊နည်းလမ်းပေါင်းစုံနဲ့ အခွင့်ကောင်းကိုချောင်းပြီးဘယ်လိုကိုယ်ကျိုးရှာကြတယ်ဆိုတဲ့လူလည်တွေနဲ့ပြည့်နှက်နေတဲ့ရှုပ်ထွေးတဲ့စီးပွားရေးလောကကြီးအကြောင်းကို စိတ်ဝင်စားဖွယ်မြင်တွေ့ရမှာပါ။ File size…   500 MB Quality… Web-Dl 1080p Format… mp4 Duration…. 44m Genre ..... Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Vader, Z, Elizabeth Khant EP 01 - Usersdrive / Yoteshin / Megaup / StreamSbEP 02 - Usersdrive / ...
6.8
TMDb: 6.8/10 30 votes
tv

A Man in Full (2024)

2024
Heeramandi: The Diamond Bazaar (2024) Complete 5
Heeramandi: The Diamond Bazaar (2024) Complete Heeramandi: The Diamond Bazaar (2024) "ဂန္ထဝင်တွင်ကျန်ရစ်..." IMDb - 6.2/10Netflixကနေ ထုတ်လွှင့်ခဲ့ပြီး တောင်းဆိုမှုများနေတဲ့ အိန္ဒိယရုပ်သံဇာတ်လမ်းတွဲကို တင်ဆက်ပေးလိုက်ပါတယ်။ အပိုင်းရှစ်ပိုင်း ထုတ်လွှင့်ထားပြီး အဲဒီအပိုင်းရှစ်ပိုင်းအတွက် ဘတ်ဂျက်အနေနဲ့ ရူပီး ကုဋေနှစ်ရာထိကုန်ကျခံခဲ့တာပါ။Castတွေအနေနဲ့ဆိုလည်း Dil Se..(1998)ထဲက မင်းသမီးကြီး Manisha Koirala၊ Rowdy Rathore (2012)မှာ အပြုံးချိုချို ပါးချိုင့်ခွက်ခွက်လေးနဲ့ မင်းသမီး Sonakshi Sinha၊ Rockstar(2011)မှာ ရီနာအဖြစ်ပါခဲ့တဲ့ မင်းသမီး Aditi Rao Hydariစတဲ့ ဒိတ်ဒိတ်ကြဲ မင်းသမီးကြီး မင်းသမီးငယ်တွေ အထူးပါဝင်ထားကြပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ၁၉၁၀-၁၉၄၀ခုနှစ်အတွင်း ဗြိတိသျှတွေကိုဆန့်ကျင်တဲ့ အိန္ဒိယလွပ်လပ်ရေးလှုပ်ရှားမှုပြုနေချိန် လာဟိုးပြည်နယ်က ဟီရာမန်ဒီမှာရှိတဲ့ ဂုဏ်ရှိန်ကြီးမြတ်လှတဲ့ ပြည့်တန်ဆာအိမ်ကြီးကနေစပါတယ်။ မျိုးရိုးစဉ်ဆက် လုပ်ကိုင်လာခဲ့တဲ့ ဒီပြည့်တန်ဆာဆိုတဲ့ ဂုဏ်ပုဒ်ကို မိသားစုရဲ့သမီးမိန်းကလေးတိုင်း အရွယ်ရောက်တာနဲ့ မငြင်းပယ်နိုင်ဘဲ ဆက်ခံလာခဲ့ရာကနေ ကဗျာဆရာမလေးဖြစ်ချင်တဲ့ အာလမ်ရဲ့ အလှည့်မှာတော့ ဒီဂုဏ်ပုဒ်ကို သူ့ကံတရားကနေဖယ်ရှားဖို့ တိုက်ခိုက်ပါတော့တယ်။တာ့ဂျ်ဒါရ်ကတော့ အောက်စဖို့ဒ်တက္ကသိုလ်မှာ ပညာတော်သင်ခြောက်နှစ်သွားတက်လာပြီး လာဟိုးကိုပြန်လာခဲ့တဲ့ ဆွေကြီးမျိုးကြီးမိသားစုက ပေါက်ဖွားလာသူတစ်ယောက်။ဗြိတိသျှတွေကို မျက်နှာလုပ်ဖားယားနေရတဲ့ ...
5
TMDb: 5/10 1 votes
tv

Heeramandi: The Diamond Bazaar (2024) Complete

2024
As the Crow Flies (2023) Season 2+3 7
As the Crow Flies (2023) Season 2+3  အစီအစဉ်တင်ဆက်သူလောကမှာ နာမည်တစ်လုံးနဲ့ရပ်တည်နေတဲ့ လာလေကီရန်ရဲ့ နေရာကိုနည်းလမ်းမရွေးဘဲ ရအောင်ယူနိုင်ခဲ့တဲ့ အက်စ်လီ တူနာ...သုခတွေကိုပဲမြင်ပြီး လိုချင်ခဲ့တဲ့ ပလ္လင်ကို နောက်ဆုံးရယူနိုင်ခဲ့တဲ့အခါ အဲဒီပလ္လင်ပေါ်မှာထိုင်ရတဲ့ဒုက္ခတွေကိုပါနောက်ဆက်တွဲအနေနဲ့ အက်စ်လီတစ်ယောက် ခံစားခဲ့ရပါတော့တယ်...အမြဲတမ်း ကြည့်ရှုသူနှုန်းက အမြင့်ဆုံးဖြစ်နေရမယ်၊Professional ဆန်နေရမယ်ဆိုတဲ့ ထိပ်တန်းအစီအစဉ်တင်ဆက်သူနေရာကို အက်စ်လီတစ်ယောက်ရေရှည်ထိန်းသိမ်းနိုင်ပါ့မလား...လာလေကရော စင်ပေါ်ကဆင်းပေးလိုက်ရတဲ့အချိန်ကစပြီးခံစားနေရတဲ့စိတ်ဓာတ်ကျမှုတွေကိုကျော်လွှားပြီး တစ်ဖန်ပြန်ဦးမော့လာနိုင်မလားဆိုတာကိုSeason 2 မှာ စောင့်စားကြည့်ရှုရမှာဖြစ်ပါတယ်...မနာလိုမှုတွေ၊ စောင်းမြောင်းမှုတွေ၊ နေရာတစ်နေရာရဖို့တစ်ယောက်နဲ့တစ်ယောက် ထိုးချမှုတွေ၊ ရှေ့မှာကောင်းပြနေပေမဲ့နောက်ကွယ်မှာတော့ မကောင်းပြောနေတာတွေလိုမျိုးလူ့လောကဇာတ်ခုံပေါ်မှာ ဖြစ်လေ့ရှိတဲ့ အဖြစ်အပျက်တွေကိုအစီအစဉ်တင်ဆက်သူတွေရဲ့လောကကြီးကိုပြသထားရင်းနဲ့အကောင်းဆုံးတင်ဆက်ထားတဲ့ Serie တစ်ခုမို့လို့ ကြည့်ရှုပြီးရင်အတွေးတစ်မျိုးတော့ ပေါက်သွားကြမယ်ဆိုတာ အမှန်ပါပဲ...  File Size – 1.19 GB / 383 MBQuality –WEB-DL 1080p , 720pDuration – 45 Min (@Episode)Total Episodes: 8 EpsSubtitle – Myanmar HardsubFormat – Mp4Genre : DramaTranslator ...
7
TMDb: 7/10 53 votes
tv

As the Crow Flies (2023) Season 2+3

2023
Dead Boy Detectives (2024) 7.264
Dead Boy Detectives (2024)   DC Fan မှန်ရင် ကြည့်ကိုကြည့်သင့်တဲ့ နောက်ထပ် Series တစ်ခု ဖြစ်တဲ့ Dead Boy Detectives ...The Sandman နဲ့ Timeline တစ်ခုတည်းဖြစ်ပြီး Neil Gaiman ရဲ့ Dead Boy Detectives Comics ရဲ့ LA version လည်းဖြစ်ပါတယ် Netflix ကထုတ်တာဖြစ်ပြီး rating 7.3 နဲ့ ကောင်းတဲ့အထဲပါတယ် ...Episode 1 နဲ့တင်တော်တော်လေးမိုက်ပါတယ်1900 ခုနှစ်‌ထဲက သေဆုံးခဲ့ အက်၀င်နဲ့ ချားစ်ဆိုတဲ့ ဝိဉာဉ် 2 ကောင်ဟာ ဘ၀မကူးဘဲ တမင်လူ့လောကမှာ ကျင်လည်ပြီး သေမင်းလာခေါ်ရင် ရှောင်တိမ်းကာ သဘာ၀လွန်အမှုတွေကို လိုက်လံဖြေရှင်းပေးနေပါတယ် ..တစ်နေ့ သူတို့ဘ၀ထဲကို ခရစ်စတယ်လို့ခေါ်တဲ့ နတ်ဆိုးပူးကပ်နေတဲ့ အကြားအမြင်‌ရ စိတ်တန်ခိုးရှင် ကောင်မလေးရောက်လာတဲ့အခါမှာတော့ စုံစမ်းစရာ အမှုတွေနဲ့ အန္တရာယ်စွန့်စားခန်းတွေပိုမိုများပြားလာပါတော့တယ် ။ File ...
7.264
TMDb: 7.264/10 36 votes
tv

Dead Boy Detectives (2024)

2024
Blood & Water (2020) S1+S2+S3+S4 7.863
Blood & Water (2020) S1+S2+S3+S4 Blood & Water (2020)ဒီတစ်ခါ တင်ဆက်ပေးမှာကတော့ IMDb 6.7/10 ရထားတဲ့ အာဖရိကန်စီးရီးလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ ပူလင်ရဲ့အိမ်မှာ နှစ်တိုင်း ၁၇ နှစ်တိတိမွေးနေ့ပွဲတစ်ခုလုပ်ပါတယ်။ မွေးနေ့ရှင်ကတော့ မရှိပါဘူး။ ဒါပေမဲ့ ပွဲကိုကြီးကြီးမားမားကိုလုပ်တာပါ။ ဒီ ပွဲရဲ့ပိုင်ရှင်ကတော့ ပူးမယ်ဆိုတဲ့ မွေးကင်းစမျာ ပျောက်သွားခဲ့တဲ့ ပူလင်ရဲ့အစ်မပဲဖြစ်ပါတယ်။အစ်မရဲ့အရိပ်လိုအမြဲနေလာရပြီး မောင်‌ဖြစ်သူကိုစောင့်ရှောက်ရင်း ဘဝကိုမပျော်တလှည့်ပျော်တလှည့်နေလာရတဲ့ ပူလင်တစ်ယောက် တစ်နေ့မှာတော့ အဖေဖြစ်သူကိုပါ အစ်မဖြစ်သူရဲ့ပျောက်ဆုံးမှုမှာ ပါဝင်တယ်ဆိုပြီး သံသယနဲ့ ဖမ်းသွားခံလိုက်ရတဲ့အခါ...ပူလင်တစ်ယောက်လည်း ပါတီတက်ရင်းကနေ သူနဲ့တူတဲ့တစ်ယောက်ကို အမှတ်မထင်တွေ့လာပြီး ‌ရှက်ရှက်နဲ့ကျောင်းပြောင်းရင်းက တစ်ကျောင်းတည်းအတူတက်ပြီး စုံစမ်းဖြစ်တဲ့အခါ...ပျောက်ဆုံးနေတဲ့အစ်မဖြစ်သူကိုပဲ ရှာတွေ့သွားမလား။ ဒီပျောက်ဆုံးမှုရဲ့ ဖြစ်ရပ်မှန်ကရော ဘာများလဲ ။ နောက်ပြီး ကျောင်းကြီးထဲက ပဟေဋိတွေကိုရော အဖြေရှာတွေ့သွားမလား...။*အမြင်မသင့်တော်သောအသုံးအနှုန်းနှင့် ဇာတ်ဝင်ခန်းများပါဝင်တာကြောင့် အသက်မပြည့်သူများ မကြည့်သင့်ပါ။*အညွှန်းနဲ့ဘာသာပြန်ကတော့ Channel Myanmar Team ကပဲဖြစ်ပါတယ်။File Size – 900MB(Appx;)@EpisodeQuality – 1080p WEB DLDuration –46 minute (@Episode)Total Episodes: 6EpsSubtitle – Myanmar ...
7.863
TMDb: 7.863/10 303 votes
tv

Blood & Water (2020) S1+S2+S3+S4

2020
Anthracite (2024) 6.094
Anthracite (2024)  IMDB 6.1/10 ရရှိထားတဲ့ ၂၀၂၄ ခုနှစ်ထွက် Crime/Drama/Mystery အမျိုးအစား ပြင်သစ် mini series အသစ်လေးနဲ့ မိတ်ဆက်ပေးပါရစေ။အီဒါက ငယ်ငယ်လေးကတည်းက အဖေတစ်ခုသမီးတစ်ခုနေခဲ့ရတာမို့ ဖခင်ဖြစ်သူနဲ့ ရင်းနှီးပြီး လျှို့ဝှက်ချက်တွေ မရှိကြေး ကတိတွေထားကာ အရွယ်ရောက်လာခဲ့သူပါ။ ဒီလိုနဲ့ တစ်နေ့မှာတော့ ဖခင်ဖြစ်သူက လွန်ခဲ့တဲ့ နှစ် ၃၀ က တောရွာလေးတစ်ခုက သတင်းတစ်ခုကိုလိုက်ရင်း ထူးဆန်းစွာ ပျောက်ဆုံးသွားတာမို့ သူ့ဖခင်ကို ပြန်တွေ့နိုင်ဖို့အရေး ရွာငယ်လေးဆီ လိုက်သွားခဲ့ရပါတော့တယ်။ရွာလေးကိုရောက်တော့ သူ့ဖခင်ကို ပြန်တွေ့ဖို့ လုံးပန်းရာကနေ သူ့ဖခင်က လူတစ်ယောက်ကို ရှာနေတာဖြစ်ကြောင်း သိခဲ့ရတာမို့ အဲဒီလူဆီ သွားမေးတော့လည်း အဲဒီလူက သူ့အဖေကို မြင်ဖူးဖို့မပြောနဲ့၊ ကြားတောင်မကြားဖူးဘူးလို့ ဆိုလာတာကြောင့် အစအနပျောက်ကာ မျှော်လင့်ချက်မဲ့ဖြစ်ခဲ့ရပါတော့တယ်။ ဒါပေမဲ့လည်း ဇွဲကြီးတဲ့ အီဒါက ဖခင်ဖြစ်သူကို မတွေ့မချင်း ရှာဖို့ ကြိုးစားခဲ့ရာက အဲဒီရွာငယ်လေးရဲ့ လျှို့ဝှက်ချက်တွေကို ...
6.094
TMDb: 6.094/10 32 votes
tv

Anthracite (2024)

2024
Goodbye Earth (2024) [Complete]
Goodbye Earth (2024) [Complete] Goodbye Earth (2024)***********************အပိုင်းသစ် (၁ မှ ၁၂) စ/ဆုံး "ရက် ၂၀၀ အတွင်း ကမ္ဘာပျက်မယ်ဆိုရင် သင်ဘာလုပ်မလဲ"ဂျပန်၀တ္ထုကို အခြေခံရိုက်ကူးထားပြီး Netflix ကနေ ထုတ်လွှင့်သွားမဲ့ဒီစီရီးမှာတော့ တစ်နှစ်တာအကောင်းဆုံးဇာတ်လမ်းတွဲဆုကိုရရှိသွားခဲ့တဲ့"My Dearest" ထဲက မင်းသမီး Ahn Eun-Jin ၊ "Seoul Vibe, Hellbound " ထဲကYoo Ah-in ၊ "The Fiery Priest" ထဲက ဖာသာလေးဖြစ်တဲ့ Jeong Sung-Woo ၊"Shooting Star" ထဲက Kim Yoon-Hye တို့အပြင် ဝါရင့်အနုပညာရှင်ကြီးတွေ ပါဝင်ထားပါတယ်။ဂြိုဟ်သိမ်ဂြိုဟ်မွှားတစ်ခုဟာ ကမ္ဘာကြီးပေါ်ကို ရက် 200 အတွင်းကျရောက်ပြီးကမ္ဘာကြီးပျက်သုဥ်းတော့မယ်လို့ လူသားတွေသိသွားကြတဲ့အခါမှာကမ္ဘာမြေကြီးမှာ ဝရုန်းသုန်းကားတွေ ဖြစ်သွားပါတော့တယ်။ဒီသတင်းကို သိသွားတဲ့အချိန်မှာတော့ အလယ်တန်းဆရာမလေး တစ်ယောက်ဖြစ်တဲ့Jin Se-Kyung (Ahn Eun-Jin) ဟာ အန္တရာယ်ကျရောက်နေတဲ့ကလေးတွေကိုကယ်တင်ဖို့အတွက် ကျောင်းဆရာမအလုပ်ကနေထွက်ပြီးတော့ ...

Goodbye Earth (2024) [Complete]

2024
The Indrani Mukerjea Story: Buried Truth (2024) 7
The Indrani Mukerjea Story: Buried Truth (2024) The Indrani Mukerjea Story: Buried Truth (2024) "မြှုပ်နှံထားသော အမှန်တရား" IMDb - 6.3/10Netflixကနေ ဆက်တိုက်ဆိုသလို အိန္ဒိယဖြစ်ရပ်မှန်မှုခင်းမှတ်တမ်းရုပ်ရှင်တွေ ထုတ်လွှင့်လာခဲ့ရာမှာ ဒီမှတ်တမ်းရုပ်သံဇာတ်လမ်းတွဲကတော့ အတော်လေးကို ဇာတ်အလှည့်အပြောင်းများပြီး စိတ်ကူးယဉ်ဇာတ်လမ်းတွေထက်တောင် ပိုပြီးစိတ်ကူးယဉ်ဆန်နေတာကို တွေ့ရပါတယ်။၂၀၁၅ခုနှစ်မှာ ရှီနာဘိုရာလူသတ်မှုဆိုပြီး အိန္ဒိယပြည်သူတွေကြား ဟိုးလေးတကျော်ကျော်ဖြစ်ခဲ့တာပေါ့။နာမည်ကြီးမီဒီယာတစ်ခုရဲ့ စီအီးအိုအင်ဒရာနီကို ညီမဖြစ်သူ ရှီနာကိုသတ်တဲ့အမှုနဲ့ မွမ်ဘိုင်းရဲတွေဖမ်းဆီးခဲ့ပါတယ်။ ၂၀၁၂က ပျောက်ဆုံးသွားခဲ့တဲ့ ရှီနာဘိုရာကို ၂၀၁၅ခုနှစ်မှ အသတ်ခံရမှန်းသိပြီး တရားခံအင်ဒရာနီကိုဖမ်းဆီးခဲ့တာပါ။ ဒီလိုဖမ်းဆီးခံရတော့မှ ရှီနာဟာ အင်ဒရာနီရဲ့ညီမမဟုတ်ဘဲ သမီးအရင်းဖြစ်နေတာ ပေါ်လာခဲ့ပါတော့တယ်။ကိုယ့်သမီးအရင်းကို သတ်တဲ့အမေဆိုပြီး ပြည်သူတွေရဲ့ ပြစ်တင်ရှုံ့ချခြင်းကိုလည်း ခံခဲ့ရတယ်။ ဒါပေမဲ့ အင်ဒရာနီကတော့ သူ့သမီးက အမေရိကမှာကျောင်းတက်နေတာ... သူမသတ်ပါဘူးဆိုပြီး ဘူးခံလို့ငြင်းကောင်းတုန်းပါပဲ။သပွတ်အူလိုရှုပ်ထွေးလှတဲ့ မိသားစုအသိုင်းအဝိုင်းဆက်နွယ်မှုတွေနဲ့အတူ တကယ့်အဖြစ်မှန်ကဘာလဲဆိုတာ စိတ်ဝင်တစားကြည့်ရမဲ့ဇာတ်လမ်းတွဲမို့ ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ V ~ BpL ~ ToMo ~ Yunni တို့ပဲဖြစ်ပါတယ်)File Size –700MB (Appx;)@EpisodeQuality – 1080p NF WEB DLDuration ...
7
TMDb: 7/10 4 votes
tv

The Indrani Mukerjea Story: Buried Truth (2024)

2024
The Believers (2024) 10
The Believers (2024) လူကောင်းတို့ရဲ့သဒ္ဓါ လူမိုက်တို့ရဲ့အသပြာ (၂၀၂၄)ဒီတစ်ခါမှာတော့ ဘာသာရေးယုံကြည်မှုကို အလွဲသုံးစားလုပ်ပြီးတော့ ငွေရှာကြတဲ့သူတွေအကြောင်းကို ရိုက်ကူးတင်ဆက်ထားတဲ့ အမိုက်စားစီးရီးလေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ လူငယ်လေးသုံးယောက်ဟာ ချေးငွေတွေယူပြီး Pirate's Hell လို့ခေါ်တဲ့ ဂိမ်းကို အောင်မြင်အောင်လုပ်မယ်ဆိုတဲ့အတွေးနဲ့ တီထွင်ရင်း အစပိုင်းမှာ အောင်မြင်ခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ အရှုံးပေါ်ပြီး အကြွေးတင်ခဲ့ပါတော့တယ်။ အဲဒီမှာပဲ သူတို့အုပ်စုထဲက ဝင်း ဆိုတဲ့ကောင်လေးဟာ အမေနဲ့ဘုရားကျောင်းကိုလိုက်သွားရင်း ဘုရားကျောင်းက အလှူခံဆိုင်းဘုတ်ကို မြင်သွားပြီး အကြံရသွားပါတော့တယ်။ သူ့အကြံကတော့ ဘာသာရေးအပေါ် ယုံကြည်သက်ဝင်သူတွေအပေါ် အမြတ်ထုတ်ပြီး အလှူခံစားဖို့ပဲဖြစ်ပါတယ်။ ဒီလိုအကြံနဲ့ ဘုရားကျောင်းလိုက်ရှာကြပြီးတဲ့နောက်မှာ ဘာတွေဆက်ဖြစ်မလဲဆိုတာကို ဆက်လက်ကြည့်ရှုပေးကြပါဦးနော်အညွှန်းကိုတော့ Char Ou က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Char Ou, Thada, Shin, Noe, Mary, Kaung Set, Khaing တို့ပဲ ဖြစ်ကြပါတယ်။Genre..... Drama, Crime Quality…. 1080p | 720p File size… 600MB | 200MB Format… mp4 Duration…. 40min Subtitle…. Myanmar Subtitle (Hardsub) Translator ...
10
TMDb: 10/10 1 votes
tv

The Believers (2024)

2024
Together: Treble Winners (2024) 9.0
Together: Treble Winners (2024) Together: Treble Winners (2024)=======================နည်းပြကြီး ဂွာဒီယိုလာရဲ့ မန်းစီးအသင်းဟာဆိုရင် အရင်နှစ် (၂၀၂၂-၂၀၂၃) ရာသီမှာ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်နဲ့ အက်ဖ်အေဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့ပါတယ် ။ဖလား(၃)လုံးအောင်ပွဲအတွက် မှတ်တမ်းရုပ်ရှင်သစ်အဖြစ် ရိုက်ကူးခဲ့ပြီး မန်စီးတီးအသင်းရဲ့ အသင်း အောင်မြင်မှု့နောက်ကွယ်က လူတွေမသိတဲ့အကြောင်းအရာတွေ ၊ အသင်းရဲ့ကြိုးပမ်းမှု့အတွေ့အကြုံတွေကို မျှ‌ေ၀ပေးသွားမှာဖြစ်ပြီးဟာလန်း (Erling Haaland) ကလည်း ဒီမှတ်တမ်းရုပ်ရှင်ကအကောင်းဆုံးထဲကတစ်ခုဖြစ်မယ်လို့လည်း ပြောသွားခဲ့ပါတယ်။၂၀၁၈ က All or Nothing စီးရီးပြီးနောက် အကောင်းဆုံးထပ်ထွက်လာခဲ့တဲ့ Netflix ရဲ့ Documentary စီးရီးတစ်ခုဖြစ်ပြီး အပိုင်း ၆ပိုင်းပါ၀င်ကာ ဒီဇာတ်လမ်းကို ၀ယ်ယူဖို့အတွက် Netflix မှ စီးတီးအသင်းကို ပေါင် (ဂဏန်း၇လုံး)သန်းခန့်ပေးခဲ့ရတယ်လို့လည်း ဒေးလီးမေလ်သတင်းစာမှာ ဖော်ပြခဲ့ပါတယ် ။Quality_Blu-Ray 1080p / 720p Format_mp4 Aired: April 2, 2024 Original Network: NETFLIX Duration_0045::00 Genre_Sport Subtitle_Myanmar Subtitle (Hardsub) Encoder_a ...
9.0
TMDb: 9.0/10 votes
tv

Together: Treble Winners (2024)

2024
RIPLEY (2024) 8.1
RIPLEY (2024)  ရှားလော့ဟုမ်းထဲက ဗီလိန်ကြီး မိုရီရာတီအဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသား Andrew Scott ရဲ့ ဇာတ်လမ်းတွဲအသစ်ပါ ဒီကားမှာလည်း သူ့ကို အဓိကဇာတ်လိုက်တစ်ဖြစ်လဲ ဗီလိန်တစ်ယောက်အဖြစ် တွေ့ရမှာဖြစ်ပြီး rating လည်း 8.1 ထိရထားလို့ အတော်လေးကောင်းတဲ့ ရှားရှားပါးပါး Neo-Noir ဇာတ်လမ်းတွဲဖြစ်ပါတယ်...အမေရိကန်နယူးယောက်ကနေ စွန့်ခွာပြီး အီတလီမှာ ဇာတ်မြှုပ်နေထိုင် ပန်းချီဆွဲနေတဲ့ ဒစ်ကီဂရင်းလိစ်ကို သူ့မိဘတွေက လွမ်းလာတဲ့အတွက် အိမ်ပြန်လာဖို့ လူတစ်ယောက် စေလွှတ်ပြီး စည်းရုံးခိုင်းလိုက်ပါတယ်သူကတော့ တစ်ခြားမဟုတ်ဘဲဗီလိန် တွန်ရစ်ပလီဆိုသူပါ...ရစ်ပလီက နယူးယောက်မှာ သာမန်စာရင်းကိုင်ဆိုပေမယ့် သမာအာဇီဝနဲ့လုပ်စားနေသူတော့ မဟုတ်ပါဘူး..သူ့ကိုမှ မြွေပွေးခါးပိုက်ပိုက်မိတဲ့ မစ္စတာဂရင်းလိစ်ဟာ သားဖြစ်သူကို ခေါ်ဖို့ အီတလီကို လွှတ်လိုက်ပါတယ်....ဒါပေမယ့် ရစ်ပလီဟာ အစကတော့ ခိုင်းတဲ့အတိုင်းအခကြွေးငွေယူပြီး ဒစ်ကီကို နယူးယောက်ပြန်ခေါ်ဖို့လုပ်ပေမယ့်...ဂရင်းလိစ်တို့ မိသားစုရဲ့ စည်းစိမ်ကို မြင်သွားတာကြောင့် ဒစ်ကီ ဂရင်းလိစ်ကို သွေးအေးအေးနဲ့ နှိပ်စက်ပါတော့တယ်..... ကာရိုက်တာ ဇာတ်ကောင်နည်းနည်းနဲ့ ဇာတ်ရှိန်ကို အမြင့်ကြီး ...
8.1
TMDb: 8.1/10 55 votes
tv

RIPLEY (2024)

2024
Iron Reign (2024) 7.059
Iron Reign (2024)   ဘာစီလိုနာ ဆိပ်ခံဆိုတာ ဉရောပကိုဝင်မယ့် ကုန်သင်္ဘော ကုန်တိန်နာတွေရဲ့ တစ်ဝက်လောက်ကို လက်ခံတင်ပို့ရတဲ့ ကမ္ဘာကုန်သွယ်ရေး အချက်ချာကြီးပါဒီနေရာကို တစ်နေ့ကို ကုန်တိန်နာပေါင်း သိန်းနဲ့ချီဝင်ပြီး...အဲ့ဒီကုန်တိန်နာတွေထဲမှာ မူးယစ်ဆေးမျိုးစုံ နေ့စဉ်နဲ့အမျှဝင်လေ့ရှိပါတယ်... ဆိပ်ခံရဲ့ အုပ်ချုပ်သူတစ်ဖြစ်လဲ ဟာကွင်းမန်ချာဒါနဲ့ သူ့ မိသားစုရဲ့ မူးယစ်အင်ပါယာကြီးကလည်း ဒီဆိပ်ကမ်းမှာ အာဏာပိုင်တွေနဲ့ လက်ဝါးချင်းရိုက်ပြီး ကြီးစိုးနေပါတယ်...အင်အားကြီးလွန်းလို့ သူ့ကို တော်ရုံအစိုးရပိုင်းကဆိုရင် ထိလို့မရပါဘူး... သူ့ရဲ့ မူးယစ်အင်ပါယာကြီးထဲက အရှုပ်အရှင်းပြဿနာတွေကို ကောင်းကောင်းကြီး ကြည့်ရပြီး ဒီအင်ပါယာကြီးကို သုညကနေ ဘယ်လိုစတင်ခဲ့လဲ ကြည့်ရမယ့် Crime Drama ကောင်းတစ်ခုဖြစ်ပါတယ် Money Heist ထဲက ဒန်ဗာအဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသား Jaime Lorente လည်း ပါဝင်ထားပြီး Rating ကောင်းကောင်းနဲ့ ကြည့်ရှုရမယ့် စပိန်ဇာတ်လမ်းတွဲဖြစ်ပါတယ်( အညွှန်းနဲ့ ဘာသာပြန်ကိုတော့ Thiha Yan Naing ကရေးသားထားပါတယ် ) File size…(1.8 GB)/(600 ...
7.059
TMDb: 7.059/10 17 votes
tv

Iron Reign (2024)

2024