Channel Myanmar

Netflix

Lovestruck in the City (2020) 8.0
Lovestruck in the City (2020)  Park Jae-Won (Ji Chang-Wook) ကတော့ ရိုးသားကြိုးစားတဲ့ ဗိသုကာပညာရှင်တစ်ယောက်ပေါ့သူက မြိ့တွင်းလမ်းငယ်လေးတွေကို သဘောကျတတ်ပြီး မတူတဲ့ ထူးဆန်းတဲ့အရာလေးတွေ လိုက်စုဆောင်းနေတတ်သူဖြစ်တဲ့အပြင်သူ့အချစ်တွေကို သိမ်းပိုက်ပြီး ပျောက်ကွယ်သွားတဲ့ မိန်းကလေးတစ်ယောက်ကိုလည်း မမေ့နိုင်သေးတဲ့သူပါတစ်ဖက်မှာလည်း Lee Eun-O (Kim Ji-Won) ကတော့ ဈေးကွက်စီးပွားရေးသမားတစ်ယောက်ဖြစ်ပြီး ဦးတည်ချက်မဲ့ ခရီးလျောက်ထွက်နေတတ်သူ...ဒီလိုနဲ့ ခရီးထွက်ရင်း နှစ်ယောက်သား သွားဆုံတဲ့အခါမှာတော့...ဒီစီးရီးလေးဟာဆိုရင် တစ်ပတ် ၂ ပိုင်း Tuesday, Friday နေ့တွေမှာ ပြသသွားမှာဖြစ်ပါတယ် ။မင်းသား မင်းသမီးကြိုက်လို့ကြည့် ကြည့် အချစ်ဇာတ်လမ်းကြိုက်လို့ ကြည့်ကြည့် အဆင်ပြေမယ့်ကားလေးမို့ တင်ဆက်ပေးလိုက်ပါတယ် ။  Native Title: 도시남녀의 사랑법 Episodes: 12 Aired: Dec 22, 2020 - Jan 29, 2021 Aired On: Tuesday, Friday ...
8.0
TMDb: 8.0/10 votes
tv

Lovestruck in the City (2020)

2020
History of Swear Words 2021 6.9
History of Swear Words 2021 IMDb - 6.9 ဆဲတာချင်းအတူတူ အဆဲတွေရဲ့ သမိုင်းကြောင်းကို သိထားတော့ ပိုမကောင်းဘူးလား CM ပရိတ်သတ်ကြီးရေ အနာဂတ်မှာ အထာကျကျ ဆဲနိုင်ဖို့အတွက် မင်းသားကြီး Nicholas Cage က ဦးဆောင်ပါ၀င်ထားတဲ့ ဒီ documentary ကို ကြည့်ဖြစ်အောင်ကြည့်လိုက်ပါ။ လူငယ်တွေကြားမှာ တော်တော်လေးရေပန်းစားတဲ့ အဆဲစကားတွေရဲ့ သမိုင်းကြောင်းကို ပွင့်ပွင့်လင်းလင်း ကွင်းကွင်းကွက်ကွက် ရှင်းပြပြီး discussion လုပ်ထားတာ မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ အင်မတန်မှ ကြည့်ကောင်းပြီး ဗဟုသုတတွေလည်း အများကြီးရမှာပါ။ အပိုင်း ၆ ပိုင်းပါ၀င်ပြီး တစ်ပိုင်းမှာ အဆဲစကားလုံး တစ်လုံးရဲ့ သမိုင်းကြောင်းကို fun & alive ဖြစ်ဖြစ်တင်ဆက်ထားပါတယ် ဘယ် အဆဲလုံးတွေလည်း သိချင်ရင်တော့ အခုပဲ ကြည့်လိုက်ပါတော့ CM ချစ်သူတို့ရေTranslated by Yoon Sandi Aung and MTADuration - 20 minutes Size -  150 Mb  ZIP VIP/ Megaup / Yoteshin   Episode 1 - VIP / Yoteshin ...
6.9
TMDb: 6.9/10 11 votes
tv

History of Swear Words 2021

2021
Chilling Adventures of Sabrina Part 4 ( Completed ) 8.4
Chilling Adventures of Sabrina Part 4 ( Completed ) အားလုံးစောင့်မျှော်နေတဲ့ Sabrina လေးပြန်လာခဲ့ပါပြီPart 3 နောက်ဆုံးပိုင်းမှာ သိခဲ့ရတဲ့အတိုင်း Sabrina ၂ယောက်မှာတစ်ယောက်က ငရဲဘုရင်မ လုပ်နေပြီး တစ်ယောက်ကတော့သူ့ရဲ့မိသားစုတွေဆီကိုပြန်သွားခဲ့တာကိုမြင်ရမှာပါပြီးတော့ Father BlackWood ဟာလည်း မကောင်းဆိုးဝါးတွေကိုဆင့်ခေါ်ခဲ့တာကိုတွေ့ရမှာပါ အခု Part 4 မှာတော့Sabrina တစ်ယောက် ဘယ်လိုတွေကြမ်းဦးမလဲဆိုတာကိုမြင်ရဦးမှာပါ..ငရဲက တစ်ယောက်ရယ် လက်ရှိတစ်ယောက်ရယ်ကြားကအဖြစ်အပျက်တွေ ဆက်နွယ်မှုတွေကိုလည်းထပ်မြင်ရဦးမှာဖြစ်သလိုNetflix series တခုဖြစ်တာကြောင့် chilling adventures of sabrinapart 4 ဟာ ကျွန်တော်တို့စောင့်မျှော်နေရကြိုးနပ်ပြီး စိတ်မပျက်စေခဲ့ဘူးဆိုတာကိုတော့ ရဲရဲကြီးပြောလိုက်ပါရစေ အ ရှေ့က part 1+ 2+ 3 ကိုဒီမှာကြည့်နိုင်ပါတယ် Quality : NF  WEBRip- 720pFormat : mp4Subtitle : Myanmar Subtitle ( Hardsub )Translator : Yoon Sandi Aung , Phue Pyae ...
8.4
TMDb: 8.4/10 1816 votes
tv

Chilling Adventures of Sabrina Part 4 ( Completed )

2018
Chilling Adventures of Sabrina Part 3 7.8
Chilling Adventures of Sabrina Part 3 အားလုံးစောင့်နေတဲ့စုန်းမလေးစဘရီနာပြန်လာပါပြီSeason 2မှာ နစ်တစ်ယောက်အမှောင်သခင်ကိုကိုယ်ထဲထည့်ပြီးငရဲကိုရောက်သွားခဲ့တာအခုseason 3မှာတော့သူ့ချစ်ချစ်စဘရီနာလေးကနစ်ကိုငရဲကနေဘယ်လိုနည်းလမ်းတွေသုံးပြီးပြန်ဆွဲခေါ်ထုတ်မလဲအမှောင်သခင်ကိုရော နစ်ကိုယ်ထဲကနေဘယ်လိုထုတ်ပေးမလဲပြီးတော့အားလုံးလည်းtrailerကြည့်ပြီးတဲ့အတိုင်းစဘရီနာတစ်ယောက်က season 3မှာ Queen of Hell ဖြစ်သွားမှာပါဒါပေမယ့်ဘုရင်မဖြစ်ဖို့ကအဲဒီလောက်ကြီးလည်း မရိုးရှင်းဘူးပေါ့နော်သူဘယ်လိုအခက်အခဲတွေကျော်ဖြတ်ပြီးဘုရင်မတစ်ယောက်ဖြစ်လာမလဲအဲဒါတွေအပြင် season 2မှာ အမှောင်သခင်ကို သူတို့လှောင်ပိတ်ခဲ့တာရဲ့အကျိုးဆက်ဆိုးကျိုးတွေကို သူတို့ကိုဗန်စုန်းမျိုးနွယ်တွေခံစားရလာတဲ့အခါမှာရော သူဘယ်လိုတွေဖြေရှင်းပေမလဲဒီ season 3 ကတော့ စဘရီနာတစ်ယောက်အရှုပ်တွေလုပ်ပြီးတော့အလုပ်တွေပြန်ရှုပ်တော့မယ် လုံးဝအမိုက်စားseasonတစ်ခုပဲဖြစ်ပါတယ် Translators : Phue & Aye Mon KyawEncoder : Moe Myint Lwin Season- 3 (Completed) Zip File CM CM App Link Yoteshin 
7.8
TMDb: 7.8/10 281 votes
tv

Chilling Adventures of Sabrina Part 3

2018
Chilling Adventures of Sabrina Part 2 7.3
Chilling Adventures of Sabrina Part 2 Sabrina Season 2 ဟာ Rating 7.8 အထိရရှိထားပြီးတော့အားပေးမှူ့များစွာနဲ့ ပွဲထွက်လှခဲ့ပါတယ်....အရင် Season 1မှာ သွေးနှောတစ်ယောက်ဖြစ်တဲ့စဘရီနာတစ်ယောက်အမှောင်သခင်ကြီးရဲ့စာအုပ်မှာသူ့နာမည်ရေးထိုးတာနဲ့ဆုံးထားပြီးအခု Season2မှာတော့ အရင်ထက်ပိုပြီးDarkဖြစ်လာပါတယ်။ဒီ Seasonမှာ စုန်းလောကရဲ့ပိုနက်နဲတဲ့အကြောင်းတွေနဲ့ စဘရီနာ၊ ဟာဗီ၊ နစ်ခ်သူတို့သုံးယောက်ရဲ့သုံးဘက်ဆိုင်အချစ်တို့ကိုပါပိုမိုတွေ့မြင်နိုင်မှာပါ။ဒါ့အပြင် ဇာတ်ကောင်အသစ်တွေလဲပါဝင်လာပြီးစဘရီနာနဲ့ဘယ်လိုတွေများပတ်သတ်နေမလဲ၊အရင်Seasonမှာပါဝင်ခဲ့တဲ့ဇာတ်ကောင်တွေရဲ့တိမ်မြုပ်နေတဲ့ဇာတ်ကြောင်းတွေကရောဘယ်လိုတွေလဲ....ဒါတွေအားလုံးကို အခု Season မှာရင်ခုန်စိတ်လှုပ်ရှားစွာနဲ့တွေ့မြင်နိုင်မှာပါ။စဘရီနာတစ်ယောက် အမှောင်သခင်ကြီးရဲ့ဘက်တော်သားဖြစ်သွားပြီးအမှောင်လမ်းကြောင်းနောက်ကိုလိုက်မလားဒါမှမဟုတ် သူ့ရဲ့နဂိုစိတ်ရင်းအတိုင်းပဲရိုးသားစွာနဲ့ဆက်နေသွားမလားဆိုတာကိုတော့Season 2 မှာကြည့်လိုက်ရအောင်လား.... Translators : Aye Mon Kyaw , Pone Thone , Phue , HMO , NeveEncoder : May Pyae Sone Oo Season- 2 (Completed) Zip File VIP / Yoteshin / Megaup
7.3
TMDb: 7.3/10 123 votes
tv

Chilling Adventures of Sabrina Part 2

2018
Chilling Adventures of Sabrina (2018) 7.3
Chilling Adventures of Sabrina (2018) ဒီကားက Netflix ကထုတ်ထားတဲ့စီးရီးတစ်ခုပါ IMDB 8ရထားတဲ့ကားတစ်ကားပါစပယ်လ်မန်းမိသားစုရဲ့ သမီးဖြစ်တဲ့ စဘရီနာဆိုတဲ့၁၆နှစ်ပြည့်ကာနီးကောင်မလေးကနေပြီးတော့ ဇာတ်လမ်းကစပါတယ်ဇာတ်ကားနံမည်နဲ့အလိုက် သူမရဲ့နေရာကနေပြီးတော့ ဖြစ်ကြောင်းကုန်စင်ရိုက်ပြထားတာပါသူမကတော့ စုန်းသွေးတစ်ဝက်လူသွေးတစ်ဝက်နှောနေတဲ့ ကပြားမလေးပါဟယ်ရီပေါ်တာကားနည်းနည်းဆန်ပါတယ်ထူးခြားတဲ့အစွမ်းတွေရှိနေမယ်လို့ယုံကြည်ခံထားရတဲ့ကလေးမလေးဟာစုန်းမျိုးစစ်စစ်အဖြစ်ခံယူလိုက်ရမလားလူသားတစ်ယောက်အဖြစ်ပဲခံယူလိုက်ရမလားဆိုပြီး ဇဝေဇဝါဖြစ်လို့နေပါတယ်သူမရဲ့၁၆နှစ်ပြည့်မွေးနေ့မှာ ၆၆နှစ်မှတစ်ခါပေါ်တဲ့သွေးရောင်လွှမ်းတဲ့လကြတ်မှုအောက်မှာ စုန်းမျိုးရိုးစစ်စစ်ဖြစ်အောင်သွတ်သွင်းချင်တဲ့သူ့ရဲ့အန်တီတွေနဲ့ ချစ်ရတဲ့ချစ်သူနဲ့သူငယ်ချင်း လူသားတွေဘက်ကို လွန်ဆွဲရင်းနဲ့ဝေခွဲမရနိုင်ဖြစ်နေတဲ့ ၁၆နှစ်အရွယ် စုန်းကပြားမလေးတစ်ယောက်အကြောင်းပါပြီးတော့ ကောင်မလေးကလဲချစ်ဖို့တော်တော်ကောင်းပါတယ်သူ့ရဲ့စွန့်စားမှုတွေကဘယ်လိုတွေရှိလဲသူ့မိဘတွေရော သူ့ကျောင်းမှာတက်နေတဲ့ပြသနာတွေကိုရော....စိတ်ဝင်စားရင်တော့ ဒေါင်းပြီးကြည့်လိုက်ဖို့ပဲပြောချင်ပါတယ်အပိုင်း၁၀ပိုင်းရှိပါတယ် ၂ရက်ကို၁ပိုင်းနှုန်းလောက်တင်ဆက်ပေးသွားမှာပါဒေါင်းရတဲ့ဘေကုန်ရကျိုးနပ်တဲ့ကားလို့ပဲပြောချင်ပါတယ်...(အညွှန်းနဲ့ဘာသာပြန်ပေးထားတာကတော့ Thinzar Htet ပဲဖြစ်ပါတယ်...) Translator .... ThinZar Htet / MiKiEncoder ..... Moe Myint Lwin Season- 1 (Completed) Zip File Vip Links Yoteshin / Userdrive / Megaup / Veryfiles        
7.3
TMDb: 7.3/10 15 votes
tv

Chilling Adventures of Sabrina (2018)

2018
Dash & Lily 2020 7.9
Dash & Lily 2020 FA တို့အတွက် ကုန်ကြမ်းရှာလို့ရမယ့် romance-comedy Netflix စီးရီးလေးလာပါပြီ ကုန်ကြမ်းအဖြစ်သုံးမရလည်း ကြည့်ပြီး အားကျကြည်နူးနိုင်မှာဖြစ်ပါတယ် ခရစ်စမတ်နီးပြီဖြစ်တဲ့အတွက် ခရစ်စမတ်ကားတွေတော်တော်များများ ထွက်ရှိလာတဲ့အထဲကမှ ဒီစီးရီးလေးကတော့ New York ခရစ်စမတ်ကို အခြေခံထားတဲ့ အချစ်ဟာသလေးပါ။ ဒက်ရှ်ဆိုတဲ့ ကောင်လေးဟာ အရင် ရည်းစားနဲ့ ပြတ်ပြီးကတည်းက တစ်ကိုယ်တည်းဖြစ်နေရှာပြီး ခရစ်စမတ်မှာလည်း အထီးကျန်လျက်ပါပဲ လီလီဆိုတဲ့ ကောင်မလေးကတော့ တစ်ခါမှရည်းစားမထားဖူးသူတစ်ယောက်ဖြစ်ပြီး အထီးကျန်ဆန်တဲ့ ခရစ်စမတ်မှာ ပျော်စရာတွေဖန်တီးဖို့အတွက် စာအုပ်ဆိုင်လေးတစ်ဆိုင်မှာ သူ့ရဲ့ အနီရောင်မှတ်စုစာအုပ်လေးကို တမင်ထားခဲ့ပါတယ်။ ဒါကို ဒက်ရှ်ကတွေ့သွားတဲ့အခါမှာ စာအုပ်လေးထဲက ညွှန်ကြားချက်တွေအတိုင်း လီလီရှာပုံတော်ဖွင့်ရပါတော့တယ်။ ဖုန်းတွေအင်တာနက်တွေပေါတဲ့ ခေတ်မှာမှ ဒက်ရှ်နဲ့လီလီကတော့ အနီရောင်မှတ်စုစာအုပ်လေးကနေတစ်ဆင့် တစ်ယောက်ကိုတစ်ယောက်လည်း မမြင်ဖူးပါပဲ အဆက်အသွယ်တွေလုပ်ပြီး challenge တွေခေါ်ကြတာတွေကို စိတ်၀င်စားဖွယ် ကြည့်ရှုရမှာပါနော် ဇာတ်ကားကြည့်ပြီး လက်တွေ့စမ်းသပ်ချက်တွေ လုပ်ကြည့်ကြပါ ရည်းစားတစ်ယောက်လောက်ရသွားလည်း fa မဖြစ်တော့ဘူးပေါ့ Translated by Yoon Sandi Aung / Htet Wai ...
7.9
TMDb: 7.9/10 15 votes
tv

Dash & Lily 2020

2020
Paranormal (2020) 9.1
Paranormal (2020) Paranormal (2020)===============IMDb Rating - 9.1 / 10 1960 ခုနှစ်၀န်းကျင်ကို အခြေခံထားပြီး ရင်ဖိုစရာ အသည်းထိတ်စရာ ဆန်းကျယ်မှုတွေနဲ့ ပြည့်နေတဲ့Netflix စီးရီးတစ်ခုလာပါပြီ။အသက် ၄၀ ၀န်းကျင်အရွယ်ရှိတဲ့ ရက်ဖာ့တ် အစ်စ်မေးလ် ဆိုတဲ့ ဆရာ၀န်ဟာ သဘာ၀လွန်ဖြစ်ရပ်တွေမကောင်းဆိုးဝါးတွေကို လုံး၀အယုံကြည်မရှိသူတစ်ယောက်ပါ။ ဒါပေမယ့် ဒီလိုလူတစ်ယောက်ရဲ့ ပတ်၀န်းကျင်မှာမှ သူ သက်၀င်ယုံကြည်မှု မရှိတဲ့ အဖြစ်အပျက်တွေ ဖြစ်လာပြီး သူချစ်တဲ့သူတွေ သူ့ရဲ့ ပတ်၀န်းကျင်က လူတွေအပေါ်ပါ ဒီကြောက်စရာအဖြစ်အပျက်တွေက သက်ရောက်လာတဲ့အခါ ဒေါက်တာရက်ဖာ့တ်တစ်ယောက် ဘာတွေရင်ဆိုင်ပြီး ဘယ်လိုတွေဖြေရှင်းမလဲ .....ဒီဇာတ်လမ်းဟာ ရောင်းအားအကောင်းဆုံး thriller novel series ဖြစ်တဲ့ Paranormal ကို ပြန်လည်အသက်သွင်းရိုက်ကူးထားတာဖြစ်ပါတယ်။IMDb 9.1 တောင် ရထားလို့ အထူးတလည် ပြောစရာလိုမယ် မထင်ပါဘူး။ Quality – 720p WebRipDuration – 22 mins ...
9.1
TMDb: 9.1/10 43,261 votes
tv

Paranormal (2020)

2020
The Queen’s Gambit(2020) 8.9
The Queen’s Gambit(2020) The Queen's Gambit(2020) အညွှန်း********************************IMDb..8.9(((စ/ဆုံး Zip File ရပါပြီနော်)))ဒီနှစ်ထဲမှာ ကျွန်တော့်အကြိုက်ဆုံး စီးရီးတွေထဲက တစ်ခုကို တင်ပေးလိုက်ပါတယ်။ဇတ်လမ်း၊ သရုပ်ဆောင်၊ ဂီတ အကုန်ကြိုက်တယ်ဗျာ။ Rating က 8.9 တဲ့၊ တကယ်ရသင့်ပါတယ်။အမ်မီဆုတွေတော့ ကြိုမှန်းလို့ရနေပြီ။ စစ်တုရင်အကြောင်း ဇာတ်လမ်းကို စစ်တုရင် နားမလည်တဲ့သူတွေပါကြိုက်အောင်၊စစ်တုရင် ပွဲကို လက်ဝှေ့ပွဲလို ရင်ခုန်အောင် ရိုက်ပြထားတာတော့ တကယ်ချီးကျူးမိတယ်။ဒီရုပ်ရှင်ကိုကြည့်ဖို့ စစ်တုရင် အကြောင်း မသိသေးရင်တောင် ရသေးတယ်။ဒီတော့ ဇာတ်လမ်းအကြေငာ်း မပြောခင် နောက်ခံသမိုင်းလေး အရင်ပြောပြမယ်။ဒီရုပ်ရှင်ကို ဝေါ်တာ တဲဗစ်ရဲ့ ၁၉၈၃ တုန်းက ဝတ္ထုအပေါ် အခြေခံပြီး ရိုက်ကူးထားတာပါ။ကာလကတော့ စစ်အေးတိုက်ပွဲကာလ အမေရိကန် ရုရှား အကြီးအကျယ် အားပြိုင်တဲ့ အချိန်ပေါ့။အဲဒီအချိန်မှာ အားကစား၊ ပညာရေး၊ နည်းပညာတိုးတက်မှု၊ ...
8.9
TMDb: 8.9/10 167 votes
tv

The Queen’s Gambit(2020)

2020
Meteor Garden(2018) 8
Meteor Garden(2018) Meteor Garden(2018)ဇာတ်လမ်းတွဲအညွှန်း****************************************အပိုင်း( ၁ မှ ၄၉) စ/ဆုံး(WEB-DL 1080P ဖြင့် တင်ဆက်ပေးထားပါသည်...)တုံရှင်းချိုင်ဆိုတဲ့ကောင်မလေးဟာ အခြေခံလူတန်းစားကမွေးဖွားခဲ့တဲ့ကောင်မလေးတစ်ယောက်...သူမရဲ့ရည်မှန်းချက်က မင်ဒဲ တက္ကသိုလ်ကို ဝင်ပြီး သူမ ဝါသနာပါတဲ့ မေဂျာယူရင်းအအောင်မြင်ဆုံးဖြစ်အောင်ကြိုးစားဖို့ပါ...မင်ဒဲတက္ကသိုလ်က တော်ရုံလူတော့ ဝင်နိုင်ဖို့မလွယ်..ဒါကြောင့် တုံရှင်းချိုင်တစ်ယောက်အရမ်းပျော်နေခဲ့တာပေါ့...သူငယ်ချင်းအသစ်တွေ အတွေ့အကြုံသစ်တွေနဲ့ ကျောင်းပျော်ကြီးဖြစ်မယ်လို့ ထင်ခဲ့ပေမဲ့ကျောင်းရဲ့ အထင်ကရ F4 လေးယောက်နဲ့တွေ့တဲ့အခါမှာတော့သူမ ထင်ထားခဲ့သလိုဖြစ်မလာတော့ပါဘူး...ဒီတရုတ်စီးရီးက ကွီးယားF4 ကိုအဓိက ကျောရိုးယူရိုက်ကူးထားတာပါ...တရုတ်ရဲ့ ဓလေ့ထုံးတမ်းတွေပြင်ဆင်ရိုက်ကူးခဲ့တဲ့အပြင်ရှုခင်းတွေလည်းအတော်ကြီးကိုလှပါတယ်....မျက်စိတော့ အတော်အေးပါတယ်....အပိုင်း (၄၉)ပိုင်းရှိပြီး သူလည်း တစ်မျိုးလေးခံစားလို့ကောင်းပါတယ်....ဒါ့ကြောင့် တရုတ်ပုံစံလေးသဘောကျတဲ့သူတွေအတွက်ရော ခံစားချင်လို့ရအောင် တင်ဆက်ပေးထားပါတယ်..... Quality –1080 WEB-DL Duration – 45Min (@Episode)Subtitle – Myanmar HardsubFormat – Mp4Genre : Comedy, Drama, Romance Translator – CM TeamEncoder –  Phyo Pyae  Ep 1-7  Yoteshin  /  VIP Ep8-15 Yoteshin  ...
8
TMDb: 8/10 21 votes
tv

Meteor Garden(2018)

2018
Reply 1994
Reply 1994 Reply 1994   ကဲ.. CM က အချစ်တို့ရေ..... 90 နှစ်ပိုင်းတွေကို မလွမ်းကြဘူးလား... ဒါမှမဟုတ် ဘယ်လိုလေးများလဲလို့ မသိချင်ကြဘူးလား.. အဖြေက Yes! ဆိုရင်တော့... ဒီ Reply 1994 စီးရီးလေးကို လက်လွှတ် မခံသင့်တာ သိပ်သေချာသွား​ပြီပေါ့...   ၉ဝ ခုနှစ် ဝန်းကျင်က အသိုင်းအဝိုင်း ... ပတ်ဝန်းကျင်.... လူ့သဘောထား... ဒါတွေဟာ ခုခေတ်နဲ့ လားလားမှ မတူတာမို့... အတိတ်ဟောင်းတွေ ကို ပြန်ငဲ့ ကြည့်မိသလို နွေးနွေးထွေးထွေးလေး ခံစားရမှာနော်... ( ငယ်ချစ်ဟောင်းတွေ ပြန်တွေးမိရင်တော့ တာဝန် မယူပါကွယ်... )   အထူးသဖြင့် ဒီစီးရီး​​လေးဟာ..​..နယ်ပေါင်းစုံကနေ ​လာနေရင်း ကျောင်းတက် ရသူတွေ အတွက် တစ်ထပ်တည်းကျ လွမ်းဆွေးခွင့်ရမယ့်ကားလေးဆိုရင် မမှားဘူးရယ်... ဘော်ဒါ​နေ အဆောင်သူ အဆောင်သားတို့ ရဲ့ သဘာဝ.... အချစ်ဦးဆိုတာကို အဲ့ဒီ​ခေတ်က လူငယ်တွေ ဘယ်လို မျိုးသဘောထားကြလဲ... အဲ့ဒီခေတ်အခါက လူ့သဘော... လူ့အကြိုက်... အထူးသဖြင့် လူငယ်တွေရဲ့ သဘာဝကို ဟာသလေးနှောပြီး ရယ်ရယ်မောမော နဲ့ လွမ်းလွမ်းဆွေးဆွေး ကြည့်ခွင့်ရမယ့် ကားကောင်းလေးဆိုတာကိုတော့.. ရဲရဲ ကြီး အာမခံပါတယ်...   ဇာတ်လမ်းလေးကတော့ ...

Reply 1994

2013
The Haunting of Bly Manor 7.4
The Haunting of Bly Manor The Haunting of Bly Manor (2020)   The Haunting of Hill House ရဲ့ အဆက် ဘလိုင်းအိမ်တော်ကြီး လာပါပြီဗျာ။ ဒီဇာတ်လမ်းကတော့ ၁၈၉၈ ခုနှစ်က ထွက်ရှိခဲ့တဲ့ Henry James ရဲ့ The Turn of the Screw ကို အခြေခံပြီး ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ၂၀၀၇ ခုနှစ်မှာ ပြုလပ်တဲ့ မင်္ဂလာဆောင်ပွဲတစ်ခုမှာ အကြိုညစာစားပွဲကို တက်ရောက်လာတဲ့ အဖွားတစ်ယောက်က ၁၉၈၇ ခုနှစ်က လန်ဒန်မှာ ဖြစ်ပျက်ခဲ့တဲ့ ကလေးထိန်း အမျိုးသမီးတစ်ယောက်ရဲ့ အဖြစ်အပျက်ကို ပြန်ပြောရာကနေ စပါတယ်။ ဒီအမျိုးသမီးက ကလေးနှစ်ယောက်ကို ထိန်းဖို့ ဘလိုင်းမြို့က အိမ်ကြီးရခိုင်တစ်လုံးဆီကို ရောက်လာပါတယ်။ သူ မတိုင်ခင် ရှေ့က ကလေးထိန်းအမျိုးသမီးက သေထားတဲ့အတွက် ဒီကလေးတွေကို ဘယ်သူမှ မထိန်းချင်ကြပါဘူး။ ဒီအိမ်ကြီးရခိုင်မှာ ဘာလျှို့ဝှက်ချက်တွေများ ရှိနေတာလဲ? ကလေးနှစ်ယောက်ကရော ဘယ်လို လျှို့ဝှက်ချက်တွေ ရှိနေတာလဲ? အသည်းတယားယား ရင်တဖိုဖိုနဲ့ ကြည့်ကြ ကြောက်ကြရဦးမယ့် ဇာတ်လမ်းတွဲကောင်းတစ်ခုပါပဲ။ တစိမ့်စိမ့်တွေး တရေးရေးပေါ်ပြီး ...
7.4
TMDb: 7.4/10 24 votes
tv

The Haunting of Bly Manor

2020
The Business of Drugs (2020) [COMPLETE] 7.1
The Business of Drugs (2020) [COMPLETE] (Unicode)စီအိုင်အေ အဖွဲဝင်ဟောင်းတဦးဖြစ်တဲ့ အမ်မာရယ်လစ် ဖောက်စ် ဆိုတဲ့ အမျိုူသမီးက ကမ႓ာပေါ်မှာ စီးဆင်းနေတဲ့ မူးယစ်ဆေးအမျိုးမျိုးကိုစီးပွားရေး နိုင်ငံရေးနဲ့ ဆေးပညာရှုထောင့်ကနေ ချဉ်းကပ်ပြထားတဲ့ နက်ဖလစ် မှတ်တမ်းသတင်းရုပ်ရှင် စီးရီးတခုပဲဖြစ်ပါတယ်ကိုကိန်းတွေ တရားမဝင် ဓာတုစပ်ဆေးတွေကနေစလို့ ဘိန်းဖြးူတွေ ယာဘ တွေအထိ ဘယ်လိုထုတ်လုပ်တယ်ဘယ်လိုဖြန့်ချီတယ် ဘယ်လိုသုံးစွဲတယ်ဆိုတာကနေ သုံးစွဲသူတွေကလည်း ဘယ်လိုခံစားရတယ်ဘယ်လိုဆိုးကျိုးတွေရှိတယ်ဆိုတာကို ကိုယ်တိုင် ကွင်းဆင်း မေးမြန်းပြီး ရိုက်ကူးထားတာပဲဖြစ်ပါတယ်မြန်မာနိုင်ငံအကြောင်းလည်း တချို့အပိုင်းတွေမှာ ပါဝင်ပါတယ်ရှမ်းပြည်နဲ့ ကချင်ပြည်က မူးယစ်ဆေးတွေဟာ ရန်ကုန်ကနေတဆင့် တခြားနိုင်ငံတွေကို ဘယ်လို ရောက်သွားတာတွေဒီမူးယစ်ဆေးတွေက ရတဲ့ ငွေမည်းတွေကို ဆောက်လုပ်ရေးတွေမှာ ဘယ်လိုပြန်သုံးပြီး ငွေဖြူဖြစ်အောင်လုပ်တာတွေ စတဲ့စီးပွားရေးလုပ်ငန်းတချို့နဲ့ မူးယစ်ဆေး ဆက်စပ်နေပုံတွေ မေးမြန်းထားပါတယ်မူးယစ်စီးပွားရေးက ကမ႓ာ့ဒေသတချို့ရဲ့ စီးပွားရေးကို ဘယ်လို မောင်းနှင်နေတယ်ဆိုတာ စိတ်ဝင်စားရင် ကြည့်သင့်တဲ့ စီးရီးတခုပါပဲ။(ဘာသာပြန်ပေးထားသူတွေကတော့ Zuel Khant Thwin နဲ့ d3mon ပဲဖြစ်ပါတယ်)(Zawgyi)စီအိုင်အေ အဖွဲဝင်ဟောင်းတဦးဖြစ်တဲ့ အမ်မာရယ်လစ် ...
7.1
TMDb: 7.1/10 88 votes
tv


2020
The School Nurse Files(2020) The School Nurse Files(2020)ဇာတ်လမ်းတွဲအညွှန်း********************************************(စ/ဆုံး)ကျောင်းတစ်ကျောင်းမှာ  အလုပ်လုပ်နေတဲ့ School Nurse ဆရာမလေးတစ်ယောက်ရှိတယ်.... သူ့မှာ ထူးခြားတဲ့စွမး်ရည်တစ်ခုပိုင်ဆိုင်ထားတယ်.... အဲ့ဒါက Jelly ပုံစံ Monster တွေကို မြင်နိုင်တဲ့စွမး်ရည်ပါ.... ဒီလိုသဘာဝလွန်စွမ်းအားကိုပိုင်ဆိုင်ထားတဲ့ ဆရာမလေးဟာ Monsterတွေကို နှိမ်နင်းနိုင်မယ့် လက်နက်တစ်ခုလည်းပိုင်ဆိုင်ထားတယ်.... အန္တရယ်ရှိနေနိုင်တယ်လို့ယူဆရတဲ့ ဒီMonster တွေဟာ ကျောင်းရဲ့ပတ်ဝန်းကျင်မှာ နေရာအနှံပါပဲ.... ဆရာမလေးအတွကတော့ တကယ့်ကိုအကြတ်ရိုက်တဲ့ကာလတစ်ခုပေါ့... သူများတွေမမြင်နိုင်တဲ့အရာတွေကို မြင်နေပြီးအပြုအမူတွေဟာလည်း ထူးဆန်းနေတော့ တခြားသူတွေအမြင်မှာ ခပ်ကြောင်ကြောင်ဆရာမပေါ့... ဒီလိုနဲ့သူမရဲ့အမြင်တွေကို လက်ခံပေးဖို့အခြေအနေဖန်လာတဲ့ ခပ်ချောချော တရုတ်စာသင်ဆရာတစ်ယောက်လည်းပေါ်လာတဲ့... အဲ့ဒီနောက်မှာတော့ ကျောင်းမှာ ထူးခြားတဲ့  အမှောင်ပယောဂမျိုးစုံပေါ်လာတဲ့အခါမှာတော့ ဆရာနဲ့ ဆရာမလေးတို့ ဘယ်လိုပူးပေါင်းပြီးဖြေရှင်းကြမလဲဆိုတာကိုတော့.... ခံစားကြည့်ကြပါဉီး...ရယ်လည်းရယ်ရသလို ရင်လည်းဖိုရ ရင်လည်းခုန်ရမို့ ကွီးယားချစ်ပရိတ်သတ်တွေအတွက် နောက်ထပ်လက်မလွှတ်သင့်တဲ့စီးရီးလေးဖြစ်ပါကြောင်း သတင်းကောင်းပါးပါရစေ....Quality –WEB-DL 720 p Duration – 50min (@Episode)Subtitle – Myanmar HardsubFormat – Mp4Genre : Crime , Drama, Comedy, MysteryTranslator – Hnin Pale,Shoon Thu Thu Chain ,Ei Phyu Khin &Lwin Lwin ...

The School Nurse Files(2020)

2020
Curon (2020) 7.4
Curon (2020) အီတလီနိုင်ငံမြောက်ပိုင်းက ပါးစပ်ပြောရာဇဝင်တွေ ပြည့်နှက်နေတဲ့ မြို့ငယ်လေးတစ်ခုရှိတယ် “ကူရွန်” တဲ့………..ကူရွန်မြို့လေးမှာ ခေါင်းလောင်းမျှော်စင် လို့ခေါ်တဲ့ မျှော်စင်ကြီးတစ်ခု ရှိတယ်။ ဒါပေမယ့် အဲဒီမျှော်စင်မှာ ဘာခေါင်းလောင်းမှ ရှိမနေပါဘူး။ ဒါပေမယ့် တချို့လူတွေဟာ မျှော်စင်ကြီးဆီက ခေါင်းလောင်းသံကို အဆက်မပြတ် ကြားရလေ့ရှိပါတယ်….. အဲဒီလိုကြားပြီးတဲ့သူတိုင်း အရာတစ်ခုကို ရင်ဆိုင်ကြရတယ်….. ဘာလဲဆိုတော့……. ကံဆိုးခြင်းတွေနဲ့ သေခြင်းတရား ပဲပေါ့….. ဒါ့အပြင် ကူရွန်မှာ ရိန်နာမျိုးနွယ်တွေပိုင်တဲ့ ဟိုတယ်ကြီး တစ်လုံးရှိလေရဲ့…အဲဒီဟိုတယ်ဟာ မကောင်းဆိုးရွားနဲ့ ကံကြမ္မာဆိုးတွေကို ပိတ်လှောင်ထားရာနေရာ လို့ နယ်ခံတွေက ယုံကြည်နေကြတယ်။ သူတို့ ယုံကြည်ရလောက်အောင်လည်း အဖြစ်အပျက်ဆိုးတွေ ကြုံခဲ့ရတာကိုး….။ အဲဒီအဖြစ်အပျက်ဆိုးတွေထဲမှာမှ ကံဆိုးခဲ့ရရှာသူလေးက ရိန်နာမိသားစုက အန်နာလေး ပေါ့။ အန်နာ့ အမေ ရဲ့ ကြမ္မာငင်နဲ့ ဘဝအဆုံးသတ်ကြောင့် လူတွေက ရိန်နာတွေကို ပို လို့ ကြဉ်လာကြတယ်။ အန်နာ့ အဖေ ကလည်း အန်နာကို ကူရွန်မြို့ဆီ ဘယ်တော့မှ ပြန်မလာခဲ့နဲ့ လို့ နှင်ထုတ်လိုက်ပြီး ဘယ်တော့မှ အဆက်အသွယ် မလုပ်တော့ပါဘူး။ အန်နာကိုယ်တိုင်လည်း နာကျင်စရာအတိတ်တွေရှိရာ ကူရွန် ဆီကို ဘယ်တော့မှ ပြန်မသွားတော့ဘူးလို့ အမြဲ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမယ့် အန်နာဟာ သူ့ရဲ့ အမွှာသားသမီးလေး နှစ်ယောက်ဖြစ်တဲ့ ဒါရီယာ နဲ့ မာအူရို ...
7.4
TMDb: 7.4/10 21 votes
tv

Curon (2020)

2020
Was It Love?(2020)[စ/ဆုံး]
Was It Love?(2020)[စ/ဆုံး] Was It Love?(2020)ဇာတ်လမ်းတွဲအညွှန်း**********************************အပိုင်း(၁ မှ ၁၆) ထိ စ/ဆုံးRunning Man ရဲ့ ace လေး Song Ji Hyo ရဲ့ drama series အသစ်လေးပါ ...movie producer တစ်ဉီးဖြစ်တဲ့ Noh Ae Jung တစ်ယောက်ဟာ  သမီးလေးတစ်ယောက်နဲ့Single mother ဘဝကိုအချိန်အတော်ကြာဖြတ်သန်းနေတဲ့သူတစ်ယောက်ပါ....ယောကျ်ားတွေကိုစိတ်ကုန်နေတာမျိုးမဟုတ်ပေမယ့် အလုပ်နဲ့သမီးအတွက်ပဲ အချိန်ပြည့်ပေးရင်သူမရဲ့အချိန်ဇယားတွေကို ပြီးဆုံးစေတဲ့သူပါ.....ဒီလိုပဲဖြတ်သန်းနေတဲ့သူမရဲ့နှလုံးသားကတော့ အနည်းနဲ့အများတော့ ကျောက်စိုင်ကျောက်ခဲလို မာကျောနေတယ်လို့ပြောရမှာပဲ... ဒီလိုနှလုံးသားပိုင်ရှင်ကို  အချစ်နတ်ဘုရားက ကြည့်မနေနိုင်ဘူးထင်ပါတယ်...နူးညံပြီး ချစ်တတ်တဲ့ နှလုံးသားတစ်စုံပြန်လည်မွေးဖွားဖို့ လှုပ်နုှိးပေးမဲ့ သူကိုလွှတ်လိုက်တယ်...ဒါပေမယ့် Noh Ae Jung တစ်ယောက်ကံကောင်းတာလား ကံဆိုးတာလားမသိ...သူမ ဘဝထဲကိုခပ်ကြမ်းကြမ်းနဲ့ရင်ခုန်သံတွေမွေးဖွားပေးဖို့ဝင်လာတဲ့ ယောက်ျားလေးက  (၄)ယောက်တောင်ပါပဲ....ကိုင်းဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဉီး.....ဒီစီးရီးက မင်းသမီး Song Ji-hyo တစ်ယောက်အတွက်အပိုင်နိုင်ဆုံး Character ပါပဲ...ရိုးသားတယ်...ဟာသလေးတွေကလည်း တစ်ကယ်ကို ရယ်ရတယ်....အပိုင်း(၁၆) ပိုင်းထွက်ရှိမှာဖြစ်ပြီး အပတ်စဉ် ...

Was It Love?(2020)[စ/ဆုံး]

2020
High Seas  Season 3 {Complete} 6.7
High Seas Season 3 {Complete} High Seas ( Season - 3 ) နက်ရှိုင်းတဲ့ ပင်လယ်ကြီးထဲကို တစ်ခေါက် အလည်ပြန်ထွက်ရပြန်ပါပြီဗျာ။ ဗီလာနွေဗာတို့ ညီအမဟာ ဘာဘရာ ဒီ ဘရက်ဂန်ဇာ သင်္ဘောကြီးနဲ့ ခရီးထွက်ဖို့ အကြောင်းဖန်လာပြန်ပါတယ်။ ကာရိုလီနာ ကတော့ ဖာနန်ဒိုနဲ့ အကြောင်းပါသွားပါပြီ။ အယ်ဗာ နဲ့ နီကိုးလက်စ် တို့က သူငယ်ချင်းလို့ပဲ ဆက်၍ ခေါ်နေဆဲပါပဲ။ အယ်ဗာကတော့ နာမည်ကျော် စာရေးဆရာမ ဖြစ်လာခဲ့ပါပြီ။ ဒီဇာတ်လမ်းကတော့ ခရီးစဉ်အသစ်ဖြစ်တဲ့အတွက် ဇာတ်ကောင်အသစ်တွေ ပါလာခဲံပါတယ်။ အခုကတော့ ဗိုင်းရပ်စ်ရာသီပဲ ဖြစ်နေလို့လား မသိပါဘူး။ ဒီဇာတ်လမ်းမှာလည်း သင်္ဘောပေါ် ဗိုင်းရပ်စ်ပါတာကို အခြေတည်ထားပါတယ်။ သင်္ဘောပေါ်မှာ ဗိုင်းရပ်စ် တကယ်ပါရဲ့လား မပါဘူးလားဆိုတာကိုတော့ ဇာတ်လမ်းထဲမှာ ဆက်ကြည့်ကြပါခင်ဗျာ။ စပိန်ကားတွေထုံးစံပီပီ စပွိုင်းရင် အကုန်ပေါ်သွားမျာမို့ပါ။ အရင်ဇာတ်လမ်းတွေလိုပဲ မမျှော်လင့်တဲ့ အချိုးအကွေ့တွေနဲ့ သင်္ဘောကြီးတစ်စီးကို အတူတူ စီးလိုက်ရအောင်ပါ. Season 4 ကိုတော့ နဂို စီစဉ်ထားပေမယ့် အခုအချိန်မှာတော့ မဆက်တော့ဘူးလို့ Netflix က ဆုံးဖြတ်ထားပါတယ်တဲ့။ အတွဲ - ၃ နဲ့ နှုတ်ဆက်လိုက်ပါတယ်ခင်ဗျာ။ Translated By : August , YK , ...
6.7
TMDb: 6.7/10 49 votes
tv

High Seas Season 3 {Complete}

2019
Reply 1997 {Complete} 8
Reply 1997 {Complete} Reply စီးရီးတွေကတော့ ကိုရီးယားဒရာမာလောကမှာ နာမည်ကြီး စီးရီးတွေပဲ ဖြစ်ပါတယ်။ ၁၉၉၀ နားတဝိုက်မှာ မွေးဖွားခဲ့တဲ့သူတွေရဲ့ ဘဝဖြတ်သန်းပုံတွေကို အခြေတည်ပြီး ရိုက်ကူးထားတဲ့ ဇာတ်လမ်းတွဲတွေပဲ ဖြစ်ပါတယ်။ ၁၉၉၀ ခုနှစ်ရဲ့ အငွေ့အသက်တွေက နွေးထွေးမှု ပိုရှိတယ်လို့ ခံစားရပါတယ်။ နည်းပညာတွေ အရမ်းမဖွံ့ဖြိုးခဲ့သေးတဲ့ အချိန်ဖြစ်ခဲ့တော့ လူတစ်ယောက်နဲ့တစ်ယောက်ရဲ့ ဆက်ဆံရေးဟာ ပိုမိုနွေးထွေးခဲ့ကြပါတယ်။ ပိုမိုရင်းနှီးခဲ့ကြပါတယ်။ ဒီဇာတ်လမ်းမှာ အခြေတည်ထားတာက‌တော့ "သူငယ်ချင်း" ဆိုတဲ့ စကားရပ်ပါပဲ။ Reply 1997 ရဲ့ ဇာတ်လမ်းအကျဉ်းကတော့ ဒီလိုပါ။ ဘူဆန်မြို့က သူငယ်ချင်း ၆ ယောက်ရဲ့ ၁၈ နှစ် အရွယ်ဘဝတွေကို အခြေတည်ပြီး ရိုက်ကူးထားတာပါ။ ၂၀၁၂ ခုနှစ် မှာတော့ ၃၃ နှစ် အရွယ်ကို ရောက်ရှိနေကြပြီပဲ ဖြစ်ပါတယ်။ သူငယ်ချင်းဟောင်းတွေ ပြန်လည်တွေ့ဆုံပြီး ညစာစားပွဲ ပြုလုပ်တဲ့အချိန်မှာ စုံတွဲတစ်တွဲက သူတို့လက်ထပ်ကြတော့မယ့်အကြောင်း ကြော်ငြာကြတဲ့အချိန်မှာ ..... ကဲ ...... ၉၀ ခုနှစ် အလွန်တွေကို သတိရတမ်းတစိတ်တွေနဲ့ ပြန်သွားလိုက်ကြရအောင်ပါဗျာ။ ဘာသာပြန်ထားသူတွေကတော့ August, Phue Nge Nge Thein, Naw Phoo, Dolly, Pyae Shan Tun ...
8
TMDb: 8/10 23 votes
tv

Reply 1997 {Complete}

2012
Goedam ( 2020 ) Complete 7
Goedam ( 2020 ) Complete ဒီကားလေးကတော့ Netflix ရဲ့ Horror အမျိုးအစားလေးဖြစ်ပြီးတော့တစ်ပိုင်းကို ကြာချိန် ၅ မိနစ်ကနေ ၁၀ မိနစ်စာလောက်လေးပဲ ပါဝင်ပါတယ်တစ်ပိုင်းချင်စီမှာ မတူညီတဲ့ title လေးတွေနဲ့Mystery ဆန်ဆန်ဇာတ်အိမ်လေးကိုခံစားရမှာပါတပိုင်းချင်းစီရဲ့ အငွေ့အသက်လေးတွေဟာ သင့်ရဲ့ကြောက်စိတ်ကိုနှိုးဆွပေးနိုင်စွမ်းအပြည့်တော့ရှိနေမှာပါမြို့တစ်မြို့ရဲ့ညအခါသမယမှာ ဒဏ္ဍာရီထဲကအရိပ်တွေ ဝိဉာဉ်တွေဟာ ကြောက်လန့်စရာဇာတ်လမ်းပေါင်းချုပ်ကြီးထဲမှာအသက်ဝင်လာကြတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်မလဲဆိုတာကိုယ်တိုင်ခံစားကြည့်ရှုရမှာပဲဖြစ်ပါတယ်Horror ချစ် ပရိတ်သတ်တွေအတွက်တော့ အကြိုက်တွေ့မှာပဲဖြစ်ပါတယ် Quality : NF WEB-DL 720pAudio Codes : AACVideo Codes : x264Subtitle : Myanmar Subtitle ( Hardsub )Translator : Shoon Thu Thu Chain , Lwin Lwin Aung , Ya Min OuEncoder : LK  Download Episode 1 - Yoteshin | ...
7
TMDb: 7/10 5 votes
tv

Goedam ( 2020 ) Complete

2020