Channel Myanmar

Netflix

Cowboy Bebop Season 1 (2021) 7.3
Cowboy Bebop Season 1 (2021) တစ်ချိန်ကနာမည်ကြီးခဲ့တဲ့ classic anime ကြီးကို အခြေခံထားတဲ့ အမိုက်စားစီးရီးဖြစ်ပါတယ်။ အနာဂတ်ခေတ် sci-fi အမျိုးအစားကိုမှ ရှေးခေတ်အငွေ့အသက်တွေနဲ့ ရောနှောထားပြီး anime တုန်းအတိုင်းပဲ jazz ဂီတစတိုင်နောက်ခံတီးလုံးတွေနဲ့ ကြည့်ရတာထူးခြားနေမှာပါ။ ​ဆုငွေထုတ်ထားတဲ့ ရာဇဝတ်သားတွေကို လိုက်ဖမ်းကြတဲ့ အာကာသကောင်းဘွိုင် စပိုက်ခ်စပီဂယ်နဲ့ ဂျတ်တို့ဟာ Bebop ဆိုတဲ့ယာဥ်ပျံနဲ့ အာကာသအနှံ့လူဆိုးလိုက်ဖမ်းရင် း ကြုံရတဲ့စွန့်စားခန်းတွေကို အထူးပြုလုပ်ချက်တွေ ပီပီပြင်ပြင် ရိုက်ချက်အမိုက်စားတွေနဲ့ပြန်တွေ့ရမှာပါ။ စပိုက်ခ်တို့ဟာ ဂျတ်ရဲ့သူငယ်ချင်းပေးတဲ့ အလုပ်တစ်ခုကိုလက်ခံလိုက်ရာမှာ သာမန်လူဆိုးဖမ်းအလုပ်ကနေ စပိုက်ခ်ရှောင်တိမ်းနေခဲ့တဲ့ အတိတ်ကအရိပ်မည်းကြီးနဲ့ ပတ်သတ်လာတဲ့အခါ အတိတ်ကိုပြန်ရင်ဆိုင်ဖို့ဖြစ်လာပါပြီ။ အရင်anime ကို မကြည့်ရသေးတဲ့သူတွေရေ ာ ကြည့်ဖူးတဲ့သူတွေအတွက်ပါ ကျေနပ်စေမယ့် anime live action ဇာတ်လမ်းတွဲကောင်းတစ်ခုဖြစ်ပါတယ်။ Translated by Pyi T Nyein, MTA, Yoon Sandi Aung, Thaung Hitke Zaw Encoded by Mr. Anderson Genre - Action, Adventure, Sci-fi Fantasy Episode 1 VIP / Yoteshin / Megaup / Usersdrive/ Meganz /  ...
7.3
TMDb: 7.3/10 3 votes
tv

Cowboy Bebop Season 1 (2021)

2021
More Than Blue : The Series (2021) 8.0
More Than Blue : The Series (2021) IMDb Rating (8.4) You are The Apple of My Eye လိုမျိုး အတည်ပေါက်နဲ့ ကြည်နူးလွမ်းဆွေးရမယ့် ဒီစီးရီးဟာ အပိုင်း(၁၀)ပိုင်းပါရှိပြီး Netflix ကနေ အသစ်ထွက်ရှိလာတာပါ။၀မ်းနည်းခြင်းအစစ်ဟာ သီချင်းတစ်ပုဒ်လိုပဲ။ အစပိုင်းမှာ ခင်ဗျားကိုဝမ်းနည်းအောင်မလုပ်သေးဘူး။ ဒါပေမယ့် Chorus အပိုဒ်တွေကျရင် လှိုင်းတွန့်လေးတွေလို တစ်စထက်တစ်ပုံထပ်လာပြီး မေ့မရနိုင်စရာသံစဉ်တစ်ခုအဖြစ် ရင်ထဲကိုရိုက်ခတ်လာလိမ့်မယ်။ ဝမ်းနည်းခြင်းဆိုတာဟာ ရုတ်ချည်းရောက်ချလာတယ်လို့ ခင်ဗျားထင်နေခဲ့ရင် အစပိုင်းမှာလာနေခဲ့တဲ့ နုတ်စ်အနိမ့်လေးတွေကိုခင်ဗျားလျစ်လျူရှုခဲ့မိလို့ပါပဲ၊ - ချန်ချေကိုင်အန်းရီချီဆိုတာ ဂီတထုတ်လုပ်သူ ဝမ်ပိုဟန်ရဲ့လက်ထောက်တစ်ဦးဖြစ်ပြီး မကြာခင်ထွက်ရှိဖို့လုပ်နေတဲ့ နာမည်ကျော်အဆိုတော် အားလင်ရဲ့အယ်လ်ဘမ်အသစ်အတွက် ခေါင်းစီးသီချင်းကိုရွေးနေကြချိန်ဖြစ်ပါတယ်။ သူ့စားပွဲပေါ်ကိုရောက်နေတဲ့ ရွက်ပုန်းသီးဂီတဝါသနာရှင်များစွာရဲ့ သီချင်းတွေအများကြီးထဲကမှ သူ့စိတ်ထဲကို ရောက်လာတဲ့ သီချင်းတစ်ပုဒ်ကိုပြလိုက်တဲ့အချိန်မှာတော့ အားလင်တစ်ယောက်ချက်ချင်းဆိုသလိုပဲသဘောကျသွားပြီး ဒီသီချင်းကိုခေါင်းစီးအဖြစ်ရွေးချယ်ခဲ့ပါတယ်။အဲဒီမှာအခက်တွေ့တာက စီဒီပေါ်မှာ ကေ နဲ့ ခရင်မ် ဆိုတာကလွဲလို့ ပေးပို့သူအမည်မပါ၊လိပ်စာမပါရှိခဲ့လို့ပါပဲ။ ဒီသီချင်းရဲ့မူပိုင်ခွင့်အတွက် ဝမ်ပိုဟန် သိထားတဲ့ သဲလွန်စသေးသေးလေးကတစ်ဆင့် တစ်စ တစ်စ လိုက်လံစုံစမ်းရင်းနဲ့ ဒီသီချင်းနောက်ကွယ်က ကြေကွဲဆွတ်ပျံ့စရာ ချစ်ဇာတ်လမ်းလေးတစ်ပုဒ်၊ ကေနဲ့ ခရင်မ်ဆိုတဲ့ အမည်ပိုင်ရှင်နှစ်ယောက်၊ ဒီသီချင်းဖြစ်ပေါ်လာရတဲ့ အကြောင်းအရာစေ့ဆော်မှုတွေကိုပါ တဖြည်းဖြည်းနားလည်သိရှိလာရာက သူတို့ရဲ့ဘဝတွေထဲအထိ သက်ရောက်မှုတွေရှိလာခဲ့တဲ့အခါမှာတော့..။More Than ...
8.0
TMDb: 8.0/10 4 votes
tv

More Than Blue : The Series (2021)

2021
Narcos: Mexico(2021)Season 3[Complete] 7.9
Narcos: Mexico(2021)Season 3[Complete] Narcos: Mexico(2021)Season 3 ဇာတ်လမ်းတွဲအညွှန်း**********************************************အပိုင်း( ၁ မှ ၁၀)ထိ စ/ဆုံးIMDb...8.8ကိုလံဘီယာကကိုကင်းဘုရင်ကြီးပါ့ဘလိုအက်စကိုဘာဆိုရင်ပိုက်ဆံတွေကိုမီးလှုံတဲ့ဘဲကြီးဆိုပြီးနာမည်ကြီးရအောင်ထိနာမည်ကြီးခဲ့တဲ့သူပါ။သူ့အကြောင်းကိုရိုက်ကူးထားတဲ့ Narcos series ဟာလည်းတော်တော်အောင်မြင်ခဲ့တဲ့ပါတယ်...ပါ့ဘလိုကြီးကျဆုံးခန်းပြီးလို့ ရင်ထဲဟာတာတာဖြစ်နေတဲ့အချိန် Narcos: Mexico စီးရီးကိုNetflix ကထပ်ထုတ်လွှင့်လိုက်တာ အခုဆို Narcos: Mexico(2021)Season 3ဆို ထပ်မံရောက်ရှိလာပါပြီ...ဘယ်လိုဂိုဏ်းတွေထပ်ပေါ်လာမလဲ....DEA နဲ့ မက္ကစီကိုရဲတွေရဲ့အစီမံတွေအောင်မြင်မလား....Season 3 လည်း imdb 8.8 တောင်ရရှိထားတာမို့ Narcos ပရိတ်သတ်တွေစိတ်မပျက်စေရဘူးလို့ သတင်းကောင်းပါးအပ်ပါတယ်ဗျို့...  Quality – WEB-DL 720PDuration – 50min (@Episode)Subtitle – Myanmar HardsubFormat – Mp4Genre :  Drama, CrimeTranslator – Lwin Lwin Aung, Hnin Wut Ye  & Chothet_mlmtEncoder – Phyo Pyae Episode 1 720P >>> UsersDrive   |    ...
7.9
TMDb: 7.9/10 748 votes
tv

Narcos: Mexico(2021)Season 3[Complete]

2021
The Billion Dollar Code (2021) 8.5
The Billion Dollar Code (2021) The Billion Dollar Code (2021)IMDb - 8.4/10နည်းပညာလောကရဲ့ သမိုင်းဝင် ဖြစ်ရပ်မှန်ကြီးတစ်ခုကို တင်ဆက်ပေးပါရစေ။ Google Earth ကို မူပိုင်ခွင့်ချိုးဖောက်မှုအတွက် တရားစွဲခဲ့တဲ့ ဂျာမန် ကွန်ပြူတာ ပညာရှင် နှစ်ယောက်အကြောင်းပေါ့။ Google Earth ကို 2005 နောက်ပိုင်းမှာ စတင်မိတ်ဆက်တုန်းက လူအတော်များများ အံ့သြတကြီး သုံးခဲ့ကြရတာကို မှတ်မိကြဦးမလားပဲ။ကမ္ဘာပေါ်က ဘယ်နေရာကိုမဆို မိုးပေါ်က မြင်ကွင်းကနေ အနီးကပ်မြင်ကွင်းအထိ ဆွဲယူကြည့်ရှုလို့ရတဲ့ နည်းပညာကြီးတစ်ခုပေါ့။ ဒီနည်းပညာကြီးကို စပြီးတီထွင်ခဲ့ပါတယ်ဆိုပြီး Google ကို တရားစွဲခဲ့တာကတော့ ဂျာမန်က ကျောင်းတောင်မပြီးခဲ့တဲ့ ကွန်ပြူတာ ကြမ်းပိုးနှစ်ယောက်ပါပဲ။ ဒီလိုပဲ တက္ကသိုလ်တွေက ကျောင်းမပြီးခဲ့တဲ့သူတွေ ကြမ်းပိုးတွေပဲ သူတို့ရဲ့ အိုင်ဒီယာတွေ ဖန်တီးမှုတွေနဲ့ ဘီလီယံနာတွေ ဖြစ်လာခဲ့ကြ မနည်းတော့ပါဘူး။ဒီ မီနီစီးရီးလေးမှာလည်း ဧရာမကုမ္ပဏီကြီးနဲ့ ကြမ်းပိုးတွေကြားမှာ ဘယ်လို ငြင်းခုံတိုက်ခိုက်ကြမလဲဆိုတာ မြင်ရပါလိမ့်မယ်။စုစုပေါင်း ၄ ပိုင်း ပါဝင်မှာပဲ ဖြစ်ပါတယ်။ဘာသာပြန်နဲ့ အညွှန်းကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။Quality….WEB-DL 1080p File size…700MB ...
8.5
TMDb: 8.5/10 2 votes
tv

The Billion Dollar Code (2021)

2021
Maya and the Three(2021) Complete 8
Maya and the Three(2021) Complete Maya and the Three (2021)Netflix က ထွက်ရှိလာတဲ့ animation series တစ်ခု တင်ဆက်ပေးချင်ပါတယ်။Animation ဆိုပေမဲ့ ကလေးကြိုက်ဇာတ်လမ်းမျိုးမဟုတ်ဘဲဇာတ်လမ်းဇာတ်အိမ်ခိုင်ခိုင်နဲ့ ရိုက်ကူးထားတာမို့သေချာပေါက် ကြည့်ရှုခံစားသင့်တဲ့ series လေးပါအညွှန်းလေးကို ဆက်လက်ဖတ်ရှုပေးပါဦး။ရှေးလူကြီးတွေ ထားခဲ့တဲ့ ဗျာဒိတ်တော်အရဧရာမလင်းယုန်ကြီးတစ်ကောင်နဲ့ ရဲရင့်သောဂျာဂွာသုံးကောင်သာလူ့လောကကြီးကို ကယ်တင်ဖို့အတွက် အမှောင်နတ်ဘုရားကိုရှင်းလင်းသုတ်သင်နိုင်ပါလိမ့်မယ်တဲ့။တက်ကာပြည်ကြီးရဲ့ မင်းသမီးတစ်ပါးဖြစ်သူ မာယာဟာထိုလင်းယုန်ကြီးအဖြစ် တိုက်ခိုက်နိုင်ဖို့ စစ်သူရဲကောင်းဖြစ်ချင်နေပါတယ်။မင်းသမီးတစ်ပါးလို မပြုမူနိုင်ဘဲ တိုက်ခိုက်ဖို့ကိုသာ စိတ်ပါနေတဲ့အတွက်မင်းသမီးအဖြစ် နန်းတက်ရမဲ့နေ့မှာပဲ မိခင်ဖြစ်သူ ဘုရင်မကြီးနဲ့ကတောက်ကဆဖြစ်ပြီး မတတ်သာတဲ့အဆုံး နန်းတက်ပွဲကို လက်ခံလိုက်ရတယ်။ပွဲတော်ကျင်းပနေတုန်းမှာပဲ အမှောင်မြေအောက်တိုင်းပြည်ကသံတမန်တစ်ယောက်ရောက်ရှိလာပြီးမင်းသမီးကို ခေါ်ဆောင်သွားဖို့ ကြိုးပမ်းပါတော့တယ်။ဒါကို ဘယ်လိုတားဆီးပြီး ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာကိုတော့CM ပရိသတ်ကြီးတို့ကိုယ်တိုင် ဆက်လက်ကြည့်ရှုသင့်ပါတယ်။အပိုင်း ၉ ပိုင်း ပါဝင်ပြီး IMDB 8.5 ရရှိထားပါတယ်။လှပ သစ်ဆန်းလှတဲ့ animation ရိုက်ချက်တွေကြောင့်စိတ်ဝင်တစားကြည့်ရှုရမှာမို့ လက်မလွတ်သင့်ကြောင်း တိုက်တွန်းလိုက်ရပါတယ်။ဇာတ်လမ်းအညွှန်းကို Thet Hnin Hsu မှ ရေးသားထားပါတယ်။ File Size ...
8
TMDb: 8/10 1 votes
tv

Maya and the Three(2021) Complete

2021
My Name(2021)S1 Complete
My Name(2021)S1 Complete My Name(2021) ဇာတ်လမ်းတွဲအညွှန်း*******************************အပိုင်း ( ၁ မှ ၈ ) ထိ စ/ဆုံး....ကဲ CM ကကွီးယားဖန်တွေအတွက် ဒီတစ်ခေါက် တင်ဆက်ပေးမယ့်ကားကတော့... လက်ရှိပြသနေတဲ့ ယူမီဆဲလ်ထဲကမင်းသား Ahn Bo-Hyun နဲ့ လိပ်ပြာကားထဲကမင်းသမီးချောလေးHan So-Hee တို့ရဲ့ ကြမ်းကြရမ်းကြမယ့် "My Name"ဆိုတဲ့ အက်ရှင်ဇာတ်လမ်းတွဲပဲဖြစ်ပါတယ်...ဇာတ်လမ်းအကျဥ်းYoon Ji-Woo(Han So-Hee) က မူးယစ်ဆေးဂိုဏ်းရဲ့အဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီး ဖခင်ဖြစ်သူရုတ်တရက်သေဆုံးသွားတဲ့အတွက် အသည်းအသန်လက်စားချေချင်နေတဲ့သူတစ်ယောက်ပါ...ဒီလိုလက်စားချေနိုင်ဖို့ Dongcheonpa ဆိုတဲ့မူးယစ်ဆေးဂိုဏ်းခေါင်းဆောင်တစ်ဦးဖြစ်တဲ့ Choi Moo-Jin(Park Hee-Soon)ရဲ့ အကူအညီနဲ့ ရဲတပ်ဖွဲ့ထဲကို သူလျှိုအနေနဲ့ဝင်ရောက်ပြီး ဖခင်ဖြစ်သူသေဆုံးမှုရဲ့နောက်ကွယ်ကအကြောင်းရင်းကို ဖော်ထုတ်ဖို့ကြိုးစားပါတော့တယ်...Jeon Pil-Do(Ahn Bo-Hyun)ကတော့ မူးယစ်စုံစမ်းစစ်ဆေးရေးဌာနရဲ့ရဲတပ်ဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီး Yoon Ji-Wooရဲ့ ပါတနာတစ်ယောက်ဖြစ်လာခဲ့ပါတယ်...မူးယစ်ဆေးဂိုဏ်းခေါင်းဆောင်၊ရဲစုံထောက်နဲ့သူလျှို ဒီသုံးယောက်ကြားမှာဘယ်လိုမမျှော်လင့်ထားတဲ့ ဇာတ်လမ်းတွေဖြစ်ပေါ်လာမလဲဆိုတာတော့....အပိုင်း၈ပိုင်းလုံး တစ်နေ့တည်းအပြီးပြသသွားမှာဖြစ်လို့ သောကြာနေ့ညကိုMy Name လေးကြည့်ရင်းဖြတ်သန်းရအောင် CMကနေချက်ချင်းတင်ဆက်ပေးသွားမှာမို့ စောင့်မျှော်အားပေးကြပါဦးနော်...အညွှန်းကိုတော့ Ei Phyu Khin မှ ရေးသားထားပေးပါတယ်...Episodes: 8Duration: 50 MinGenres: ...

My Name(2021)S1 Complete

2021
You (2021) – Season 03 8.1
You (2021) – Season 03 You (2021) - Season 03==================IMDb Rating - 8.0/10Hello Hello !အားလုံးစောင့်မျှော်နေတဲ့ ပြည်သူ့အချစ်တော် psychopath ကြီး ကိုကို Joe ပြန်လာပါပြီ။You ဆိုတဲ့ စကားလုံးလေး တစ်လုံးနဲ့ ပရိသတ်ရင်ထဲကို အရောက်၀င်ခဲ့တာ Season 1& 2 ကြည့်ဖူးသူတွေအသိပါပဲဗျ။ပြီးခဲ့တဲ့ စီစန်မှာ Joe နဲ့ သူ့ချစ်သူ Love တို့  ဂြိုဟ်မွှေခဲ့တာလည်း မမေ့လောက်ကြသေးဘူး ထင်ပါရဲ့။ဒီ စီစန်မှာတော့  အတိတ်က အရိပ်ဆိုးတွေကို ဖုံးကွယ်မေ့ဖျောက်ပစ်ဖို့ လင်မယား ၂ ယောက်သား ကယ်လီဖိုးနီးယားကဆင်ခြေဖုံးဒေသတစ်ခုကို ပြောင်းရွှေ့နေထိုင်နေတာကိုတွေ့ရမှာပါ။Love ရဲ့ ရည်ရွယ်ချက်ကတော့ ရှင်းပါတယ် နေရာသစ်မှာ မိသားစုဘ၀လေး ထူထောင်ဖို့ပါပဲ။ဒါပေမဲ့ မရိုးနိုင်တဲ့ Joe ကတော့ နေရာသစ်မှာလည်း မရိုးနိုင်တာတွေ ဇာတ်လမ်းတွေ ထပ်ဖန်တဲ့အခါ ... ဘာတွေဆက်ဖြစ်မလဲ။ နဂိုက ဇ ...
8.1
TMDb: 8.1/10 168000 votes
tv

You (2021) – Season 03

2021
You (2019) – Season 02 7.8
You (2019) – Season 02 You (2019) - Season 02=================IMDb Rating - 7.7/10Season 01မှာ ဂျိုးဟာ အချစ်အတွက်နဲ့ အဆိုးရွားဆုံးဆိုတာတွေ အများကြီး လုပ်ခဲ့ပြီးပါပြီ။Season2မှာတော့ ဂျိုးတစ်ယောက် လော့စ်အန်ဂျလီကို ပြောင်းရွှေ့သွားပြီး ဘဝသစ်စဖို့ကြိုးစားရင်း အချစ်သစ်နဲ့ တွေ့မှာပါ။"အချစ်အတွက် ဘာမဆိုလုပ်မယ် ဒီလိုလုပ်တာလည်း မှန်ကန်တယ်"ဆိုတဲ့ သူ့ရဲ့ ခံယူချက်အတိုင်း လွန်လွန်ကျူးကျူးတွေလုပ်ခဲ့မိတဲ့ဂျိုးတစ်ယောက် . ဒီလုပ်ရက်တွေရဲ့ အကျိုးဆက်ကို ရှောင်ပြေးဖို့အတွက် LAကို ရောက်လာပါတယ်။ဒီတစ်ကြိမ်မှာတော့ ဘယ်သူ့ကိုမှ ထပ်မချစ်မိတော့အောင် သူ့ကိုယ်သူ ထိန်းချုပ်ရင်း ဘဝသစ်စဖို့ ကြိုးစားပါတော့တယ်။ဒါပေမယ့်လည်း မှန်းထားသလိုတွေ ဖြစ်မလာတဲ့အခါမှာတော့....ဘာတွေဆက်ဖြစ်မလဲဆိုတာ Season 1တုန်းကလိုပဲ စိတ်ဝင်တစား သဲထိတ်ရင်ဖိုနဲ့ ဆက်ကြည့်သွားရမှာဖြစ်ပါတယ်။Season 2 ဟာ စာအုပ်တွဲထဲက Hidden Bodiesဆိုတဲ့ အပိုင်းကို အခြေခံရိုက်ကူးထားတာဖြစ်ပြီး ဂျိုးရဲ့ ငယ်ဘဝအကြောင်းကိုလည်းပိုပြီးပြည့်ပြည့်စုံစုံဖော်ပြထားပါတယ်။Castတွေ အနေနဲ့ကတော့ ဂျိုး အဖြစ် Penn Badgleyက ပြန်လည်ပါဝင်ထားပြီး ...
7.8
TMDb: 7.8/10 165 votes
tv

You (2019) – Season 02

2018
Maid(2021) Complete 7.9
Maid(2021) Complete Maid(2021) ဇာတ်လမ်းတွဲအညွှန်း**************************IMDb...8.6... Rotten..96%အပိုင်း  ( ၁ မှ  ၁၀) အထိ စ/ဆုံး" Never underestimate a mother's love '' : "မိခင်တစ်ယောက်ရဲ့ချစ်ခြင်းကိုအထင်မသေးလိုက်ပါနဲ့ ".......... CM ကနေဒီတစ်ခါတင်ဆက်ပေးမှာကတော့ အနောက်တိုင်းကားလေးကိုမှ တွေ့ရခဲတဲ့မိခင်မေတ္တာရသလေးရစေမယ့်ဇာတ်ကားလေးပါ ဆယ်ကျော်သက်အရွယ်နဲ့အိမ်ထောင်ကျပြီးကလေးရခဲ့တဲ့ အဲလက်စ် (Alex) ဟာ ယောက်ျားဖြစ်သူ ရှော်န် (Sean) သမီးလေးမက်ဒီ (Maddy) နဲ့အတူမိသားစုပျော်ပွဲစားကားထဲမှာနေရပါတယ် .....ရှော်န်ဟာအရက်ကြောင်ကြောင်ပြီး အကြမ်းဖက်ရာကနေလွန်သွားတဲ့တစ်ညမှာတော့ အဲလက်စ်ဟာ မက်ဒီနဲ့အတူ အိမ်ကနေထွက်ပြေးဖို့ကြံပါတယ်...ပညာရေးလည်းမပြီးဆုံးခဲ့ အလုပ်လည်းမလုပ်တတ် သွားစရာလည်းမရှိတဲ့အဲလက်စ်ဟာကလေးတစ်ယောက်နဲ့အတော်ဒုက္ခရောက်ရပါတယ် .....အားကိုးစရာမိသားစုအနေနဲ့လည်းအဲလက်စ်အမေကိုယ်တိုင်ကရူးကြောင်ကြောင်ဖြစ်ပြီး အဖေနဲ့လည်းကွဲနေတာပါ ....အိမ်ဖော်အလုပ်ဝင်လုပ်ရမယ့်အဲလက်စ်ဟာ ကလေးကိုအမေအိမ်မှာထားခဲ့ရာကနေ ဘာဖြစ်သွားမလဲ...ရင်တမမကြည့်ရမယ့် ဇာတ်ဝင်ခန်းတွေကို အပိုင်း၁မှာတင် စတွေ့ရမှာဖြစ်ပါတယ်...Western  Drama ဆိုပြီး ပျင်းဖို့ကောင်းတာလည်းမဟုတ်တာကြောင့် Highly Recommend ပါနော်Total Episodes- 10 File Size :500MB Quality : NF.Web-DL 720p Format…mp4 Duration…00:50:00 Genre ...
7.9
TMDb: 7.9/10 21 votes
tv

Maid(2021) Complete

2021
Lupin Season 1 + 2 + 3 (2021) 8.1
Lupin Season 1 + 2 + 3 (2021) ပြင်သစ်နိုင်ငံ ပဲရစ်မြို့ဆိုတာနဲ့ ရိုမန့်စ်တွေပြည့်နှက်နေတဲ့ အချစ်မြို့တော်ကြီးလို့ပဲ တော်တော်များများက ပြေးမြင်မိကြမှာပါ ဒါပေမယ့် ဒီဇာတ်လမ်းမှာတော့ ပဲရစ်မြို့က ဇာတ်လိုက်​ကျော်ခိုးသားကြီး အာဆန်းဂျုပ်ရဲ့ ပြောင်မြောက်တဲ့ခိုးကွက်တွေကို ကြည့်ရှုကြရမှာပါ ခိုးသားဆိုလို့ သာမန်သူခိုးတော့မဟုတ်ပါဘူး ပဲရစ်မြို့ရဲ့ အထင်ကရပြတိုက်ကြီး လူဗာပြတိုက်က သမိုင်းဝင်ယူရိုသန်းချီလည်ဆွဲကြီးကိုမှ ပါးပါးနပ်နပ်ခိုးယူမယ့် သူခိုးကြီးပါ သူ့ရဲ့စံပြပုဂ္ဂိုလ်ကြီးကတော့ ခိုးသားလူကြီးလူကောင်းဆိုတဲ့ စာအုပ်ထဲက "အာဆင်နီလူပင်" ပါပဲ အာဆင်နီလူပင်ရဲ့ အကွက်တွေကိုအသုံးချပြီး ဟိတ်ဟန်အပြည့်နဲ့ ရုပ်ပြောင်းရုပ်လွှဲအမျိုးမျိုးနဲ့ ပါးပါးနပ်နပ်ကစားသွားပုံတွေကတော့ သြချလောက်စရာပါ ဒါပေမယ့်သူ့ရည်ရွယ်ချက်က ငွေလိုချင်ရုံသက်သက်မဟုတ်ပါဘူး ဒီသမိုင်းဝင်လည်ဆွဲကြီးကိုမှ ဘာလို့ခိုးယူရလဲဆိုတာတွေကိုတော့ ၁၉၉၅ ခုနှစ် အာဆန်းရဲ့ငယ်စဥ်ကလေးဘဝပုံရိပ်တွေနဲ့အတူ ပြသွားတာဖြစ်ပြီး အပိုင်း၅ပိုင်းပဲ ပါတာဖြစ်တဲ့အတွက် ငြီးငွေ့မသွားစေဘဲ အတော်လေးစိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်ကားတစ်ကားဖြစ်မှာပါ ကြည့်ရှုခံစားလိုက်ကြပါဦးTranslators - Yoon Sandi Aung, MTA Season 1 (1-5) Zip - VIP / Yoteshin / Megaup  Season 2 (1-5) Zip - VIP / Yoteshin / Megaup Season 2  Episode 1- VIP / Yoteshin ...
8.1
TMDb: 8.1/10 181 votes
tv

Lupin Season 1 + 2 + 3 (2021)

2021
Midnight Mass(2021) 8
Midnight Mass(2021) Midnight Mass(2021) ဇာတ်လမ်းတွဲအညွှန်း***********************************IMDb...8.0အပိုင်းသစ်( ၁ မှ ၇) ထိ စ/ဆုံးThe Haunting of Hill House , Doctor Sleep နဲ့  Gerald's Game တို့လိုအမိုက်စား Horror တွေရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Mike Flanagan ရဲ့  စီးရီးသစ်လာပါပြီဗျာ...လူဦးရေထူထပ်ပြီး ငါးဖမ်းလုပ်ငန်းဖြင့်အသက်မွေးကြသော ခရော့ကတ်ကျွန်းလေးမှာထူးဆန်းတဲ့အရာတွေဖြစ်လို့လာပါတယ်...မြို့ထဲကို ပေါလ် ဆိုတဲ့သင်းအုပ်ဆရာတစ်ဦးရောက်လာပြီးနောက်မှာ ပုံမှန်မဟုတ်တဲ့အရာတွေစတင်ဖြစ်ပေါ်လာပါတယ်...ပြင်းထန်တဲ့မုန်တိုင်းတစ်ခုနှင့်အတူ ကမ်းခြေတွင်ကြောင်သေအလောင်းများ ပျံ့ကျဲကာတင်ကျန်လျက်ရှိကာဘာကြောင့်သေနေရတယ်မသိခဲ့ရ........ ရိုင်လီတစ်ယောက် ပြူတင်းပေါက်ကနေလှမ်းမြင်လိုက်ရတဲ့ လေတွေမိုးတွေကြားမှစစ်မိုးကာနဲ့လူကြီးတစ်ဦး..... ရိုင့်လီရဲ့ညီလေးတွေ့လိုက်ရတဲ့ အမှောင်ထဲကမျက်လုံးဝင်းဝင်းကြီးတစ်စုံ......မြို့နယ်ဆရာဝန်မလေးရဲ့ မိခင်အိုကြီးလည်းမူမမှန်ဖြစ်လာတယ် ဒါတွေဟာစိတ်ထင်နေတာတွေလား ....ဘာအကြောင်းကြောင့်ဖြစ်လာတာလဲဆိုတာကို Supernatural horror ဆန်ဆန် Mystery ဆန်ဆန်ကြည့်ရှုခံစားရမယ့်ဇာတ်ကားတစ်ကားဖြစ်ပါတယ်.....  Episodes  : 7 Quality : NFWeb-dl 720p Format…mp4 Duration…00:55:00 Genre : Horror, Mystery , Drama Subtitle : Myanmar Subtitle (Hard Sub) Translated ...
8
TMDb: 8/10 1 votes
tv

Midnight Mass(2021)

2021
Jaguar (2021) 7.0
Jaguar (2021) Jaguar (2021)============IMDb Rating - 7.0/10Netflix ကနေ 22 Sept 2021 မှာထွက်ရှိလာတဲ့ အသစ်စက်စက် စပိန်စီးရီးအလန်းစားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဒုတိယကမ္ဘာစစ်အပြီး ၁၉၆၀ ခုနှစ်တွေမှာ စပိန်နိုင်ငံဟာ နာဇီစစ်ဆေးရေးစခန်းကနေ အသက်ရှင်လွတ်မြောက်လာသူတွေရဲ့ ခိုလှုံရာတိုင်းပြည်တစ်ခုပါ။ဒီလိုလွတ်မြောက်လာသူတွေထဲမှာ အစ်စဘယ်ဆိုတဲ့ ကောင်မလေးလည်းပါဝင်လာတယ်။ အစ်စဘယ်က သူငယ်စဉ်ကသူ့အဖေကို သတ်ဖြတ်ခဲ့တဲ့ နာဇီအရှာရှိတစ်ယောက်နောက်ကို လက်စားချေဖို့ လိုက်နေတာပေါ့။ အဲ့ဒီအရာရှိဟာလည်းဥရောပတစ်ခွင်မှာ အန္တရာယ်အရှိဆုံးပုဂ္ဂိုလ်လို့ သတ်မှတ်ခံထားရတော့ အစ်စဘယ်တစ်ယောက် လွယ်လွယ်နဲ့ ခြေရာခံလို့မရခဲ့ဘူး။ ဒီလိုနဲ့ အစ်စဘယ်ဟာ မမြင်နိုင်တဲ့အန္တရာယ်တွေကြားတိုးဝင်ရင်း သူနဲ့ရည်မှန်းချက်တူတဲ့ အဖွဲ့အစည်းတစ်ခုနဲ့ပေါင်းစည်းမိသွားရာကနေ . တကယ့်ရက်စက်ယုတ်မာလွန်းလှတဲ့ နာဇီအရာရှိဟောင်းများကို လက်စားချေဖို့ ကြိုးပမ်းကြတာကိုရိုက်ကူးထားတဲ့ အက်ရှင်စီးရီး​လေးပါ။အပိုင်း (၆) ပိုင်းပါဝင်ပြီး အက်ရှင်ကြမ်းကြမ်းရမ်းရမ်းများကို ကြည့်ရှုခံစားရမှာဖြစ်လို့ လက်မလွှတ်ကြဖို့တိုက်တွန်းချင်ပါတယ်။(ဒီဇာတ်လမ်းရဲ့ အညွှန်းကို Thet Hnin Hsu မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ F&R Team မှဖြစ်ပါတယ်။) Quality – 1080p, ...
7.0
TMDb: 7.0/10 2300 votes
tv

Jaguar (2021)

2021
Bangkok Breaking(2021)
Bangkok Breaking(2021) Bangkok Breaking(2021)ထိုင်းဇာတ်လမ်းတွဲအညွှန်း********************************************အပိုင်းသစ်( ၁ မှ ၆ )ထိ စ/ဆုံးဒီဇာတ်ကားလေးကတော့ Netflix ကုမ္ပဏီက ကိုယ်တိုင် ရိုက်ကူးထုတ်လုပ်ထားပြီး လျို့ဝှက်ဆန်းကြယ်တဲ့ ထိုင်းအက်ရှင်ဇာတ်ကားကောင်းတစ်ကောင်းပါ.... အပိုင်းအရေအတွက်အားဖြင့် (၆) ပိုင်းတိတိ တစ်ပြိုင်တည်း ထွက်ထားပါတယ်....Casts:ဝမ်ချိုင် အဖြစ် Weir Sukollawat ကတ် အဖြစ် Aom Susharဇာတ်လမ်းအစမှာတော့ ထူးဆန်းပြီး ကြီးမားလွန်းတဲ့ ကားအက်ဆီးဒင့်တစ်ခုကနေ စခဲ့တာပါ.... နယ်ဘက်ကနေ ဘန်ကောက်ကို အလုပ်လာလုပ်ဖို့ တက်လာတဲ့ ဝမ်ချိုင်တစ်ယောက် ဘန်ကောက်ကို ရောက်ရောက်ချင်း အစ်ကိုဖြစ်သူ လာအကြိုကို ကားမှတ်တိုင်မှာ ‌စောင့်နေခဲ့ပါတော့တယ်... ကတ်ဆိုတဲ့ ကောင်မလေးကတော့ ဘန်ကောက်မှာ သတင်းထောက်လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေသူတစ်ယောက်ပေါ့ အဲ့ဒီအက်ဆီးဒင့်မဖြစ်ပွားမှီ ကတ်တစ်ယောက် သူ့ဦးလေးဖြစ်သူနဲ့ ကုမ္ပဏီစီအီးအိုအသစ် ကြိုဆိုပွဲအတွက် လောလောနဲ့ ကားကို အရှိန်ပြင်းစွာ မောင်းလာခဲ့ပါတယ် တစ်ဖက်မှာလည်း ဝမ်ချိုင့်အစ်ကို ပါလာတဲ့ ကားတစ်စီးဟာ အရှိန်ပြင်းစွာ မောင်းနှင်လာခဲ့ရာ အရှိန်မသတ်နိုင်တော့ပဲ ကြီးမားတဲ့ ကားအက်ဆီးဒင့်တစ်ခုဖြစ်ခဲ့ရပါတော့တယ် ဒါပေမယ့် ထူးခြားတာတစ်ခုက အဲ့ဒီအက်ဆီးဒင့်ဟာ အတွင်းကျကျ လျို့ဝှက်စွာနဲ့ လုပ်ကြံခံလိုက်ရခြင်းပါ.....တရားခံအစစ်ကို လုံးဝရှာမရပဲ ပျောက်ပျက်သွားပါတော့တယ်.. အဲ့နောက်တော့ ဒီလျှို့ဝှပ်ဆန်းကြယ်လှတဲ့တရားခံက ...

Bangkok Breaking(2021)

2021
Squid Game (2021)
Squid Game (2021) Squid Game (2021)Squid Game ဆိုတာကတော့ ဒေါ်လာ သန်း ၄၀ ဆုကြေးအနေနဲ့ ရရှိမယ့် Survival Game ပဲ ဖြစ်ပါတယ်။ဂီဟွန်းက အလုပ်ထုတ်ခံလိုက်ရပြီးတဲ့နောက်မှာ ဒီဂိမ်းကို ဝင်ကစားဖို့ ဖြစ်လာခဲ့ပါတယ်။ဆန်ဝူးကတော့ ဂီဟွန်းရဲ့ကလေးဘဝကတည်းက သူငယ်ချင်းပါ။ သူလည်း အလုပ်တွေ ဘယ်လောက်ပဲ လုပ်လုပ် လူရာအသွင်းမခံရ အလုပ်မှာ အဆင်မပြေတာတွေနဲ့ ကြုံရတာမို့ သူလည်း ဒီဂိမ်းကို ပြိုင်ပြီး ပိုက်ဆံရှာဖို့ ဖြစ်လာခဲ့ပါတယ်။Squid Game ဆိုတာ ဂီဟွန်း နဲ့ ဆန်ဝူး ကလေးဘဝက အတူတူကစားခဲ့ကြတဲ့ လမ်းပေါ်ကဂိမ်းတစ်ခုပဲ ဖြစ်ပါတယ်။ခန္ဓာကိုယ်ကို သုံးပြီး ဆော့ရတဲ့ ကစားနည်းတစ်ခုဖြစ်ပြီးတော့ နောက်ဆုံး အနိုင်ရရှိသူက တစ်ဦးပဲ ရှိမှာပါ။ သူတို့ အခုကစားတဲ့ Survival ဂိမ်းလိုမျိုးပါပဲ။ဒီဂိမ်းကို ဘာလို့ ကင်းမွန်လို့ နာမည်ပေးထားရသလဲဆိုတော့ ဂိမ်းနာမည်အတိုင်း မြေပြင်အနေအထားပေါ်မူတည်ပြီး ပုံစံအမျိုးမျိုး ပြောင်းနေရတဲ့ ကင်းမွန်လိုမျိုး ဖြစ်နေလို့ပါပဲ။Netflix စီးရီးတစ်ခု ဖြစ်ပြီးတော့ R-Rated အဆင့်ရှိတဲ့ စီးရီးတစ်ခုပါ။ သွေးထွက်သံယို အခန်းတွေ ပါတာမို့ အသည်းငယ်သူတွေတော့ ...

Squid Game (2021)

2021
Lucifer(2021)SE6 8.5
Lucifer(2021)SE6 Lucifer(2021)SE6 ဇာတ်လမ်းတွဲအညွှန်း**********************************အပိုင်းသစ်( ၁ မှ ၁၀)ထိ စ/ဆုံးမျှော်နေကြတဲ့ Lucifer Season 6 ထွက်လာပါပြီနော်... Season 5 မှာ ကောင်းကင်ဘုံနဲ့ ငရဲ တိုက်ပွဲကြီး ပြီးသွားတဲ့အချိန်မှာ ဘုရားသခင်ရဲ့နေရာကိုဆက်ခံဖို့ Lucifer က ချွင်းချက်မရှိ ဆက်ခံသူဖြစ်သွားပါပြီ။ ဒီ Season မှာတော့ ငရဲဘုရင်တစ်ယောက် ဘုရားသခင်နေရာကိုဝင်ပြီး အမွေဆက်ခံထိုက်သူ ဖြစ်နိုင်ဖို့ ကြိုးစားနေတာကိုတွေ့ရမှာပါ။ အရင်ဘုရားသခင်ရဲ့ လက်ရုံးကြီး ဘုရားသခင်ရဲ့အမျက်တော် အမန်နာဒီရယ်ကတော့လူလောကမှာပဲ ရဲဝန်ထမ်းလုပ်ဖို့ကြိုးစားနေပြီး မေ့ဇ်နဲ့ အိဗ် အတွဲကတော့ ငရဲကိုပြန်မသွားတော့ဘဲ LA မှာပဲဆက်ရှိနေဦးမှာပါ။ ကွင်းဆက်လူသတ်သမားနဲ့ တွဲဖြစ်ခဲ့တဲ့ အချစ်တော်အယ်လာလေးအတွက် စုံထောက်ကာရိုးကော်ဘတ်ဆိုတဲ့ ဇာတ်ကောင်အသစ်လေးပါလာပါတယ်။ စုံထောက်ကြီး ကလိုဝီကတော့ စုံထောက်ပြုတ်ဖြစ်ပြီး အငြိမ်းစားဘဝမှာ တိုင်ပတ်နေပါတယ်။ ငရဲကိုရောက်သွားတဲ့ ဒန်တစ်ယောက်ကတော့ ငရဲမှာ အထူးဝန်ဆောင်မှုရပြီးသာယာနေပေမဲ့ ပြန်လာချင်နေပါတယ်။ ငရဲကျနေတုန်းဆိုတော့လေ။ ဗီလိန်တမာန်တော်တစ်ပါးလည်းပါလာပါတယ်။ သူ့ရဲ့အကြောင်းကိုတော့ ဇာတ်လမ်းမှာပဲဆက်ကြည့်လိုက်ပါတော့။ ငရဲဘုရင်က ဘုရားသခင်ဖြစ်သွားတော့လည်း အားပေးကြဦးမယ်မလား။Total Episodes – 10 Quality :NF-WEB-DL1080P5.1CH720p File Size : ...
8.5
TMDb: 8.5/10 10070 votes
tv

Lucifer(2021)SE6

2016
Into the Night Season 2(2021) Complete 7.5
Into the Night Season 2(2021) Complete Into The Night (2021) ၂၀၂၀ခုနှစ်မှာ ကမ္ဘာတစ်ဝန်းက အက်ရှင်သိပ္ပံကားကြိုက်သူများကို သိမ်းသွင်းခဲ့တဲ့ "Into The Night"ဟာ Season 2 ထွက်ရှိလာပြီဖြစ်ပါတယ်။Rating လည်းမြင့်ပြီး ဝက်ဝက်ကွဲ​အောင်မြင်ခဲ့တဲ့​ကား​လေးကို မသိသူမရှိ​လောက်​​ပေမယ့် အမြည်းဇာတ်ညွှန်း​လေး​တော့ ရေး​ပါရ​စေဗျာ။အကယ်၍များ ကျွန်​တော်တို့သက်ရှိ​သတ္တဝါတွေကို နေလုံးကြီးက လိုက်သတ်​နေရင် ဘယ်လိုလုပ်ကြမလဲဗျ။ကျွန်​တော်တို့ အသက်ရှင်နိုင်ကြပါ့မလား။အသက်ရှင်တယ်ဆိုရင်​တောင် ရှင်သန်လှုပ်ရှားဖို့ဖြစ်နိုင်ပါ့မလား။ဘယ်လိုစား​သောက်​နေထိုင်ကြမှာလဲ။စဥ်းစားကြည့်​တော့လည်း မဖြစ်နိုင်သလိုပဲ​နော်။ဒါ​​ပေမယ့် ဒီကား​လေးက အ​ပေါ်ကမေးခွန်း​တွေကို အ​ခြေခံပြီး ရိုက်ကူးထားပါတယ်။နေ​ရောင်​ကွယ်တဲ့ မြေ​အောက်စခန်းထဲက မွန်းကြပ်မှု​တွေ အသက်ရှင်နိုင်ဖို့ ရုန်းကန်ရတာ​တွေကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမှာပါ။Season 1 မှာ​ လေယာဥ်တစ်စီးနဲ့ ကမ္ဘာပတ်​ပြေးခဲ့ရတဲ့ လူတစ်ခုဟာ အခု season 2 မှာ​တော့ မြေ​အောက်စစ်တပ်စခန်းတစ်ခုမှာ နေရာကျသွားကြပါပြီ။ဒါ​ပေမဲ့ အခက်အခဲ​တွေ​တော့ရှိ​​နေပါ​သေးတယ်။ သို​​လှောင်ထားတဲ့ ရိက္ခာများပျက်စီးမှု​​ကြောင့် ငတ်မွတ်​ခေါင်းပါးမှု​ဘေးနဲ့ကြုံ​တွေ့နေရပါတယ်။ရွေးချယ်စရာရှိတာက မြေ​​အောက်မှာ အစာပြတ်လတ်ပြီး​​သေမလား မြေပြင်​ပေါ်တက်ပြီး စွန့်စားကြမလားဆိုတာပါပဲ။ဒါ​ကြောင့်သူတို့ဟာ နော်​ဝေနိုင်ငံမှာရှိတဲ့ မျိုး​စေ့တွေကို လေယာဥ်နဲ့သွားယူဖို့ ဆုံးဖြတ်လိုက်ကြတယ်။အဲ့​တော့နေ​လုံးကြီးရဲ့ အန္တရာယ်ကို​ရှောင်ကွင်းပြီး ...
7.5
TMDb: 7.5/10 259 votes
tv

Into the Night Season 2(2021) Complete

2020
Into the Night (2020) Season 1[COMPLETE] 7.6
Into the Night (2020) Season 1[COMPLETE] နက်ဖလစ်ရဲ့ စီးရီးအသစ်လေး တစ်ခု တင်ပေးထားပါပြီ။  ဒီကားကတော့ Survival အမျိုးအစားပါပဲ။ကပ်ဘေးတစ်ခုကနေ အသက်ရှင်အောင် ကြိုးစားရတာမျိုးပေါ့။  ကပ်ဘေးကတော့ နည်းနည်းဆန်းပါတယ်။တစ်ကမ္ဘာလုံးက လူတွေအားလုံး နေရောင်နဲ့ ထိတာနဲ့ သေဆုံးကုန်ပါတယ်။အိမ်တွေထဲမှာနေတာတောင် မရပါဘူး။ဒီတော့ အဲဒီကပ်ဘေးစတင်ချိန်မှာ ကမ္ဘာကြီးရဲ့ နေမထွက်သေးတဲ့နိုင်ငံကလူတွေလည်း အသည်းအသန် ထွက်ပြေးဖို့ပုန်းခိုဖို့တွေလုပ်ပြီး ကမ္ဘာပျက်ကိန်းကြီး စလာပါတော့တယ်။ဒီထဲက အဓိက ဇာတ်ကောင်တွေကတော့ လေယာဉ်တစ်စီးထဲ စီးမိတဲ့ သူတွေဖြစ်ပြီး ကမ္ဘာက နေကိုပတ်နေတဲ့လမ်းကြောင်းနဲ့ဆန့်ကျင်ဘက်ကို တစ်ဆင့်ပြီးတစ်ဆင့် ပတ်ပြေးဖို့ ကြိုးစားကြပါတော့တယ်။ဇာတ်လမ်းနာမည် ဖြစ်တဲ့ Into the night ဆိုတာ ဒါပါပဲ။ညဆီကို တိုးမဝင်နိုင်ဘဲ ကျန်ခဲ့တဲ့ လူအားလုံး သေရပါလိမ့်မယ်။ဒီကပ်ဆိုးကနေ ဘယ်လိုအလွတ်ရုန်းကြပြီးဘယ်လို အဖြေရှာကြမလဲဆိုတာ ကြည့်ရမှာပါပဲ။၆ ပိုင်းပဲ ရှိတာမို့ ဆက်တိုက်စဆုံး တင်ပေးသွားပါ့မယ်။(ဘာသာပြန်တင်ဆက်ထားသူကတော့ Littleneo ပဲ ဖြစ်ပါတယ်)Quality – 720p NF WEB-DLDuration – 40min (@Episode)Subtitle ...
7.6
TMDb: 7.6/10 28 votes
tv

Into the Night (2020) Season 1[COMPLETE]

2020
Man to Man (2017) 8
Man to Man (2017)   နာမည်ကြီးကြည့်ပြီး ကျော်မသွားကြနဲ့နော်အညွှန်းလေးတော့ဆုံးအောင်ဖတ်ကြည့်ကြပါလို့Devil Judge ထဲက ဗီလိန်မမ Kim Min Jung ရယ်My Love From The Star ရဲ့ ဒုတိယမင်းသား Park Hye jin မှmain cast အဖြစ်ပါဝင်သရုပ်ဆောင်ထားပြီး မင်းသားကြီး Park Sung Woongပါဝင်အားဖြည့်ထားတဲ့ အက်ရှင်ဒရမ်မာဇာတ်လမ်းလေးကို တင်ဆက်ပေးချင်ပါတယ် အေးဂျင့်ကေဟာ ကိုရီးယားနိုင်ငံရဲ့ဗဟိုထောက်လှမ်းရေးအဖွဲ့အစည်းရဲ့ထိပ်တန်းဖြစ်တဲ့ အမည်မဲ့အေးဂျင်ဖြစ်ပြီးတော့ နိုင်ငံတကာမှာ missionတွေထမ်းဆောင်သူလည်းဖြစ်ပါတယ် သူ့ကို နိုင်ငံတော်အဆင့်ထိပ်ပိုင်းရာထူးကြီးတချို့ပဲ သိထားကြပါတယ်တနေ့မှာ Missionထမ်းဆောင်နေတဲ့အေးဂျင့်တစ်ယောက် စာတစ်စောင်ပို့ပြီးနောက်ပျောက်သွားတဲ့အတွက်ကြောင့် ဒီကိစ္စကို အေးဂျင့်ကေတစ်ယောက်စုံစမ်းဖို့ဖြစ်လာပါတော့တယ်Missionကိုဆောင်ရွက်ဖို့အတွက်အေးဂျင့်ကေက နာမည်ကျော်မင်းသားယိုအွန်းဂန်းရဲ့ သက်တော်စောင့်ရဲ့အဖြစ်ဟန်ဆောင်ပြီးတော့ယိုအွန်းဂန်းရဲ့ Big Fan တဖြစ်မန်နေဂျာဖြစ်သူ ချာဒိုဟာရဲ့ အချစ်ကိုအသုံးချဖို့လုပ်ပါတော့တယ် အေးဂျင့်ကေစုံစမ်းနေရတဲ့အမှု နောက်ကွယ်မှာ နိုင်ငံရေးလောကအဘတွေ အရှုပ်ထွေးများကြီးပါဝင်ပတ်သတ်နေကြောင်းတဖြည်းဖြည်းသိလာတဲ့ခါမှာ....... အချစ်ကိုအယုံအကြည်မရှိဘဲနဲ့ အချစ်ရေးကို ...
8
TMDb: 8/10 25 votes
tv

Man to Man (2017)

2017
Hit & Run (2021) Season 1 [COMPLETE] 8.6
Hit & Run (2021) Season 1 [COMPLETE] Action ကြိုက်သူတွေအတွက် Hit and Run ဆိုတဲ့ TV series လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် IMDB rating 7.2 ထိရထားပါတယ်။အစ္စရေးအမေရိကန် အက်ရှင်စီးရီးလို့ ပြောရမှာပါဇာတ်လမ်းလေး ဖြစ်ပွားခဲ့တဲ့နေရာက အစ္စရေးနိုင်ငံ တဲအဲဗစ်မြို့မှာပါ ဇာတ်လမ်းအကျဉ်းလေးကတော့ အစ္စရေးလူမျိုး ဧည့်လမ်းညွန် ဆာဂေဆိုသူဟာ အမေရိကန်အကမယ်လေး ဒန်နီရယ်ဆိုတဲ့ အမျိုးသမီးနဲ့ ပျော်ရွှင်စွာ လက်ထပ်ပေါင်းသင်းနေနိုင်နေသူဖြစ်ပါတယ်သူ့မှာ အရင်အိမ်ထောင်နဲ့ ရထားတဲ့ အယ်လာဆိုတဲ့ သမီးတစ်ယောက်လည်း ရှိပါတယ် သူတို့ရဲ့ မိသားစုဘဝလေး သာယာပျော်ရွှင်နေချိန်မှာပဲ ဒန်နီရယ့်ကို ကားနဲ့တိုက်ပြီး ထွက်ပြေးသွားတဲ့ မတော်တဆမှုကြောင့် ဒန်နီနယ် အသက်ဆုံးရှူံးခဲ့ရပါတယ်မတော်တဆမှုမှာ ကားတိုက်ပြေးသွားသူတွေကို စုံစမ်းဖော်ထုတ်မိတဲ့အခါ သာမန်မတော်တဆမှု မဟုတ်ဘဲ ပစ်မှတ်ထား တိုက်ခိုက်ခံရတာ ဖြစ်ကြောင်း တစစနဲ့ သိလာရပါတော့တယ်ဆာဂေကိုယ်တိုင်က သူ့ဘဝတလျှောက်လုံး ဧည့်လမ်းညွှန်အဖြစ် အသက်မွေးခဲ့တာ မဟုတ်ဘဲ ယခင်အလုပ်ရှင်ဟောင်းရဲ့ ငြိစွန်းမှုကြောင့် သူ့ဇနီးသေဆုံးရတယ်လို့ ယူဆမိပါတော့တယ်ဆာဂေတစ်ယောက် ဒီအမှုကို ရဲ‌တွေ ဖြေရှင်းတာထက် သူကိုယ်တိုင် ...
8.6
TMDb: 8.6/10 18 votes
tv

Hit & Run (2021) Season 1 [COMPLETE]

2021
The Innocent(2021) 7.8
The Innocent(2021)                IMDB Rating 7.9/10 User 20Kအင်္ဂလိပ်လိုဆိုရင် The Innocent , စပိန်စကားနဲ့​ပြောရရင်Inocente, မြန်မာမှုပြုလိုက်ရ​င်​တော့ "အပြစ်ကင်း​လေသူ"​ပေါ့ဒါ​ပေမဲ့ ဒီseriesထဲက ဇာတ်​ကောင် မက်တီယိုဗီဒယ်က​တော့အပြစ်ကင်းသူဆိုတာထက် "ကံဆိုးသူ​မောင်ရှင်" လို့​ခေါ်ရင် ပိုမှန်ပါလိမ့်မယ်ဇာတ်လမ်းအစမှာတင် အကိုဖြစ်သူရဲ့ရန်ပွဲမှာ ဝင်ပါမိရင်းမ​တော်တဆလူသတ်မှု​ကြောင့် ​ထောင်ကျခဲ့ရသူ၊ ထောင်က​နေ အာမခံနဲ့လွတ်ရက်ရပြန်​​တော့လည်း မိဘနှစ်ပါးရဲ့နာ​ရေး၊ ​ထောင်က​နေလွတ်လာပြီး ဘဝတစ်ခုပြန်စမယ်​တွေးပြန်​​တော့ချစ်ရတဲ့အကိုဖြစ်သူကပါ ​လေဖြတ်​ရောဂါနဲ့ ဆုံးသွားပြန်​ရောဒီလိုကံဆိုးလွန်းတဲ့ ဇာတ်လိုက်​ကျော်မက်တီယိုရဲ့ ဘဝထဲကိုမိန်းက​လေးတစ်​ယောက် ဝင်​ရောက်လာပြီး သာယာတဲ့အိမ်​​ထောင်ရေးတစ်ခုကို ​ပျော်​ပျော်ရွှင်ရွှင်အစပြုဖို့ကြံစည်ခဲ့ပါတယ်ဒါ​ပေမဲ့ အဲ့ဒီအကြံဟာလည်း သူ့ရဲ့ ရှုမငြီးတဲ့ချစ်ဇနီးဆီ ဝင်လာတဲ့Unknown Numberနဲ့ ဖုန်းတစ်​​ကောလ်​ကြောင့် ​ဇောက်ထိုးမိုး​မျှော်ဖြစ်သွားရပြန်ပါတယ်သူ့ဇနီးကိုဆက်တဲ့ဖုန်းနံပါတ်ဟာ ဘယ်သူ့နံပါတ်လဲ၊ သူ့ဇနီးက သူ့ကိုလိမ်ညာထားတာလား၊ ​နောက်ကွယ်မှာ​ဖောက်ပြန်​နေတာလားဆိုတဲ့ပြဿနာအ​သေးစား​လေးက​နေသပွတ်အူလိုရှူပ်​ထွေး​ပွေလီလွန်းတဲ့ပြဿနာကြီးတစ်ခုထဲကိုမက်တီယိုတစ်​ယောက် ပါဝင်ပတ်သတ်မိသွားတဲ့အခါ.......စပိန် Crime,Thriller,Mystery ရုပ်ရှင်​တွေနဲ့ ဇာတ်လမ်းတွဲ​တွေဟာ ဇာတ်လမ်းဇာတ်အိမ်ခိုင်မာမှု၊ ထင်မထားတဲ့ Plot twist​တွေများစွာပါဝင်မှု၊သရုပ်​ဆောင်​တွေရဲ့ သဘာဝကျမှု​ကြောင့် အဆင့်အတန်းတစ်ခုမှာ ရှိ​နေမှန်း Money Heist, Elite, The Platform, Alta Mar, ...
7.8
TMDb: 7.8/10 140 votes
tv

The Innocent(2021)

2021