Channel Myanmar

Netflix

Bulgasal: Immortal Souls (2021)
Bulgasal: Immortal Souls (2021) Bulgasal : Immortal souls (2021)Dan hwal (Lee Jin-Wook)ကအမြဲတမ်းထာဝရရှင်သန်နေတဲ့ လွန်ခဲ့သောနှစ်ပေါင်း 600 က လူသားတစ်ဦးဖြစ်ပါတယ် ရှေးခေတ်မှာ တပ်မှူးတစ်ယောက်အဖြစ် တာဝန်ကို ထမ်းဆောင်နေပြီး နှစ်ပေါင်း 600 လုံးလုံး မသေနိုင်ခဲ့ပါဘူးMin Sang Woon(Kwon Na-Ra) ကလည်းမသေနိုင်တဲ့လူဖြစ်ခဲ့‌ပေမယ့် အခုတော့ သူမက လူသားအဖြစ်ကို ပြန်လည်ဝင်စားပြီးတော့ လူသားအဖြစ် နေထိုင်‌နေပါတယ် သူမရဲ့ ကြေကွဲဖွယ်ဖြစ်ရပ်တစ်ခုကို ဖြတ်သန်းပြီးတော့ သူမရဲ့ တကယ့်နာမည်နှင့် အထောက်အထား‌တွေကို ပြောင်းလဲပြီး နေထိုင်နေခဲ့ပါတယ် သူမရဲ့ကြေကွဲစရာအဖြစ်အပျက်ကို လက်စားချေဖို့ ပြင်ဆင်ရင်း လျှို့ဝှက်စွာ နေနေခဲ့ပါတယ် အတိတ်မှာ Dan Sol က Dan Hwal ရဲ့ ဇနီးဖြစ်ခဲ့ပြီး သူမမှာ ထူးခြားမှုတစ်ခုရှိနေပါတယ်Ok Eul Tae ကလည်း Dan Hwal လိုမျိုး မသေနိုင်တဲ့လူသားပါ ဒါပေမယ့် သူကတော့ သေရမှာကိုမကြိုက်တဲ့သူ၊ ဒီလိုရှင်သန်နေရတာကို ပျော်မွေ့နေတဲ့သူပါအဲ့တော့ သူက ဗီလိန်ဖြစ်လာမှာလား...မွေးကတည်းက ကျိန်စာတိုက်ခံရပြီး သေခြင်းမှ ...

Bulgasal: Immortal Souls (2021)

2021
Raising Dion Season 1 + 2 (2019-2022) 8.2
Raising Dion Season 1 + 2 (2019-2022) Rotten tomatoမှာ 82%အထိရပြီး IMDBမှာ 7.2အထိ ရထားတဲ့Rating မြင့်တဲ့ Seriesလေးတခုဖြစ်လို့ကြည့်ရကျိုးနပ်မယ့်ကားလေး။SuperHero ဇာတ်လမ်းပုံစံတွေ ခေတ်စားလာပြီးနောက်Super Hero တွေကိုပုံစံမျိုးစုံနဲ့ ရိုက်လာကြတယ်။များသောအားဖြင့်က အရွယ်ရောက်ပြီး Superheroတွေဖြစ်ကြပြီးနောက်ပိုင်းမှာ ဆယ်ကျော်သက်နဲ့ Superhero ပေါင်းစပ်ထားတဲ့Genre တွေပါ ခေတ်စားလာတယ်DC ရဲ့ Teen Titansရယ် Marvelရဲ့ Runaway Series တွေက လူသိများတယ်။DC နဲ့ Marvel က မဟုတ်ပဲနဲ့ဆို Jumper Movie ကိုမှSequel ပုံစံမျိုးရိုက်ထားတဲ့ Impulse တို့ရှိတယ်။Superheroဆိုတိုင်း သူရဲကောင်းတွေ မဟုတ်တာကို ပြသွားတဲ့The Boy လိုမျိုး Series တွေ။အဲလိုပုံစံတွေထဲကနေမှ တမျိုးလေးခွဲထွက်လာတဲ့ တကားရှိတယ်။အဲဒါကတော့ အခု ...
8.2
TMDb: 8.2/10 43 votes
tv

Raising Dion Season 1 + 2 (2019-2022)

2019
I Am Georgina (2022) 6.2
I Am Georgina (2022) I Am Georgina (2022) ====================== IMDb Rating - 6.2/10ရုပ်၀တ္တုလောကဆန်ဆန် နှိုင်းယှဉ်ပြောရမယ်ဆို သူဟာ influencer, စီးပွားရေးပညာရှင်တစ်ယောက် ။ Instagram မှာ followers အများဆုံးသော ကမ္ဘာကျော်အမျိုးသားရဲ့ လက်တွဲဖော်တစ်ယောက်။ပကာသနတွေ မပါဘဲ တင်စားရမယ်ဆိုရင်တော့ သူဟာ မိခင်တစ်ယောက်။ အချစ်ကြောင့် ပြောင်းလဲသွားခဲ့သူတစ်ယောက်ပေါ။ သူဆိုတာ Georgina Rodriguez။ Cristiano Ronaldo ကို ပိုင်ဆိုင်ထားတဲ့၊ မီဒီယာမှာ မျက်နှာပန်းလှတဲ့၊ အောင်မြင်နေတဲ့ အမျိုးသမီးပါ။ လူတိုင်းဟာ အချစ်ရေး၊ စီးပွားရေး၊ အိမ်ထောင်ရေး စသည်ဖြင့် အဘက်ဘက်ကနေ ဒီအမျိုးသမီးကို အားကျကြတယ်။ လေးစားကြတယ်။ အခုတော့ ဒီအမျိုးသမီးဟာ မဂ္ဂဇင်း ကာဗာတွေရဲ့ နောက်ကွယ်၊ အင်စတာဂရမ်ပုံတွေရဲ့ ‌နောက်ကွယ်၊ ကောဇောခင်းနီတွေရဲ့ နောက်ကွယ် ခြုံငုံပြောရရင် အောင်မြင်မှုဆိုတဲ့ ကန့်လန့်ကာနောက်ကွယ်က သူ့ဘ၀ကို ချပြဖို့ ဆုံးဖြတ်ခဲ့ပါပြီ။လူထဲက လူတစ်ယောက်ပေမဲ့ အောင်မြင်ကျော်ကြားသူ ဖြစ်လာတဲ့အခါ သူ့ရဲ့ Personal Life ကအစ စိတ်၀င်စားစရာဖြစ်လာပါတယ်။ ဒီတော့ ဒီ reality show မှာရော ...
6.2
TMDb: 6.2/10 2300 votes
tv

I Am Georgina (2022)

2022
Neymar: The Perfect Chaos (2022) 8.4
Neymar: The Perfect Chaos (2022) Neymar : The Perfect Chaos (2022) မြန်မာစာတန်းထိုး******************************************IMDb - 7အပိုင်း ၁ မှ ၃ (အစ-အဆုံး) ''ခင်ဗျား ကျွန်တော့်ကိုမကြိုက်ဘူးမလား"၊ "အဲဒါ ခင်ဗျားကိစ္စလေ"၊  "ကျွန်တော်ကတော့ ကျွန်တော်နေချင်သလိုနေမှာပဲ" သတင်းထောက်ကို နေမာပြန်ပြောခဲ့တဲ့စကား။ တကယ်ဘုကျတဲ့ကောင်။ခင်ဗျားဟာ ဘောလုံးလောကနဲ့ မရင်းနှီးတဲ့လူတစ်‌ယောက်ဆိုရင်တောင် နေမာကိုတော့ ခင်ဗျားကြားဖူးနားဝရှိနေလိမ့်မယ်။ သူဟာ ရော်နယ်ဒို၊ မက်ဆီတို့ပြီးရင် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားတွေထဲက တစ်ယောက်ဖြစ်ပြီး နာမည်ကျော် ဘာစီလိုနာအသင်းမှာ ငါးနှစ်ကြာကစားခဲ့တဲ့လူတစ်ယောက်ဖြစ်ပါတယ်။၂၀၁၇ မှာ ပြင်သစ်လိဂ် ပီအက်စ်ဂျီအသင်းကို စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ အသင်းပြောင်းလာခဲ့ပါတယ်။ ဆိုတော့ သူ့ရဲ့စံချိန်တင်ပြောင်းရွှေ့ကြေးက ဘယ်လောက်တဲ့လဲဆိုရင် ယူရို ၂၂၂ သန်းပါ။ အခုငွေလဲနှုန်းနဲ့ဆို မြန်မာငွေ သိန်းပေါင်း ၄၄ သိန်းကျော်ပါ။ 2022 ခုနှစ်မှာ နေမာရဲ့ကြွယ်ဝမှုဟာ မြန်မာငွေ သိန်းပေါင်း 35 သိန်းချမ်းသာကြွယ်ဝပါတယ်။ဝင်ငွေအရကြည့်မယ်ဆိုရင် သူဟာ တစ်စက္ကန့်ကို သုံးဒေါ်လာနှုန်း ...
8.4
TMDb: 8.4/10 46 votes
tv

Neymar: The Perfect Chaos (2022)

2022
The Woman in the House Across the Street from the Girl in the Window (2022) 7.5
The Woman in the House Across the Street from the Girl in the Window (2022) The Woman in the Window ပြတင်းပေါက်ဘေးကမိန်းကလေး ဆိုတဲ့ ရုပ်ရှင်နဲ့စာအုပ်ကို ကြားဖူး ကြည့်ဖူးကြမှာပါ။ ဒီစီးရီးရဲ့ နာမည်ကတော့တွေ့တဲ့အတိုင်းပါပဲ။ the woman in the house across the street from the girl in the window ပြတင်းပေါက်ဘေးကမိန်းကလေးရဲ့အိမ်ရှေ့ အိမ်ထဲက မိန်းကလေးပါတဲ့။ Dark Comedy Mystery အမျိုးအစားမို့ ရယ်ရမလို ငိုရမလို ပဟေဠိတွေနဲ့ စိတ်ဝင်စားစရာ အတော်ကောင်းပါတယ်။ အဓိက ဇာတ်ကောင်ကတော့ အန်နာပါ။ သူ့သမီးလေးသေသွားတာ ၃ နှစ်ရှိပြီဖြစ်ပြီး ယောကျာ်းနဲ့လည်းကွဲနေတာမို့ တစ်ယောက်တည်း ရှက်ကီတွေထုရင်း ကြောင်နေပြီး စိတ်ရောဂါဆေးတွေကိုပါ အရက်နဲ့ရောချနေတော့ အတော်ကွဲနေတာပါ။ မူရင်းဇာတ်ကားထဲကအတိုင်းပဲ တစ်နေ့မှာတော့ သူ့အိမ်နီးချင်းအိမ်ထဲမှာ မိန်းကလေးတစ်ယောက်အသတ်ခံရတာကို တွေ့လိုက်ရတဲ့အခါ ထူးဆန်းတာတွေ တလွဲတွေ လှည့်ကွက်တွေ အများကြီးနဲ့ ...
7.5
TMDb: 7.5/10 11 votes
tv

The Woman in the House Across the Street from the Girl in the Window (2022)

2022
Chosen (2022) 5.0
Chosen (2022) Chosen (2022)===========ဒါက​တော့ ဒီ​​နေ့ထွက် Drama, Sci-fic, Mystery series အသစ်ဖြစ်ပြီးEpisode 6ပိုင်းပါဝင်တဲ့ ဒိန်းမတ်seriesတစ်ခုပဲဖြစ်ပါတယ်၊ Middleboဆိုတဲ့မြို့​လေးဟာ အရင်က အင်မတန်စည်ကားတဲ့ သင်္ဘောကျင်းမြို့ဖြစ်​ပေမဲ့ သင်္ဘောကျင်းပိတ်သွားပြီး​နောက် အင်မတန်​ခေါင်တဲ့ မြို့​လေးဖြစ်သွားပါတယ်။ဒါ​​ပေမဲ့ လွန်ခဲ့တဲ့၁၇နှစ်က မြို့​ပေါ်ကို ဥက္ကာခဲတစ်ခုပြုတ်ကျပြီး မြို့ရဲ့ကံကြမ္မာကလည်း ​နေ့ချင်းညချင်း​ကြီး ပြောင်းလဲသွားပြီး ခရီးသွားမြို့ကြီးအဖြစ် အသွင်​ပြောင်းသွားပါတယ်။ဒါ​ပေမဲ့ဒီဥက္ကာခဲဟာ ​​သွေးရိုးသားရိုးမဟုတ်ဘဲ ကမ္ဘာ​မြေပြင်ပ သက်ရှိမျိုးစိတ်နဲ့ ဂြိုလ်သား​တွေနဲ့ ပတ်သတ်​နေပြီး မျိုးစုံ​သော သဘာဝလွန်ဖြစ်တည်မှု​တွေနဲ့ သက်ရှိ​တွေ Middlebo မြို့​​မှာ ဖြစ်လာတဲ့အခါ ဇာတ်လိုက် Emmaနဲ့ သူငယ်ချင်း ၅​ယောက် တို့ မိမိဇာတိမြို့ကို ဂြိုလ်သား​တွေရန်မှ ကာကွယ်ဖို့ အ​ကြောင်း ဖန်လာပါ​တော့တယ်။(ဒီဇာတ်လမ်းဟာ စုစုပေါင်း(၆)ပိုင်းတစ်ပြိုင်တည်းထွက်ထားပါတယ်။) (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူများကတော့ CM Team မှဖြစ်ပါတယ်။)File Size - (330 MB) Quality – WEBRIP 720p Duration - 40 mins (@Episode) Subtitle – Myanmar Hardsub Format – MP4 Genre : Drama, Sci-Fi, Mystery Translator ...
5.0
TMDb: 5.0/10 1200 votes
tv

Chosen (2022)

2022
All of Us Are Dead (2022) 10
All of Us Are Dead (2022) All of Us Are Dead (2022) ဇာတ်လမ်းတွဲအညွှန်း******************************************အပိုင်း ၁ မှ ၁၂ (အစ-အဆုံး) "ဇွန်ဘီတွေက ရုပ်ရှင်ထဲမှာပဲ ရှိရမှာလေ...ဘာလို့ ငါတို့ကျောင်းမှာလဲ?" သာမန်နေ့တစ်နေ့ကိုပဲ ဖြတ်သန်းနေတဲ့ Hyosan အထက်တန်းကျောင်းက ကျောင်းသားတွေ...ကျောင်းမှာ ဇွန်ဘီဗိုင်းရပ်စ် ကူးစက်လာပြီး သူငယ်ချင်းတွေက ဇွန်ဘီတွေဖြစ်သွားတဲ့ အခိုက်အတန့်...ဒါ့အပြင် ပိတ်မိနေတာတောင် ကူကယ်မယ့်သူမရှိဘဲ ကိုယ့်လွတ်လမ်းကိုရှာဖွေပြီး အသက်ရှင်ဖို့ကြိုးပမ်းရတဲ့အခါမှာတော့...ကျောင်းသားတွေရဲ့စာအံသံ၊ စလိုက်နောက်လိုက် ရန်ဖြစ်သံတွေနဲ့ ပြည့်နေတဲ့ကျောင်းလေးမှာ သွေးသံတရဲရဲ အော်ဟစ်သံတွေက ကြောက်မက်ဖွယ် ဖုံးလွှမ်းသွားပါတော့တယ်။ ဒီကားလေးထဲမှာ မျက်နှာသစ်သရုပ်ဆောင်အများစုကို သုံးထားပြီး လက်တွေ့ဆန်အောင်ရိုက်ကူးထားတဲ့အတွက် ကိုယ့်ကျောင်းမှာ တကယ်ဖြစ်နေသလိုခံစားရစေမှာပါ။ပိုကောင်းကောင်းခံစားချင်ရင် အခန်းမီးမှိန်မှိန်မှာ အသံကျယ်ကျယ်ဖွင့်ကြည့်ဖို့လည်း ဒါရိုက်တာတစ်ယောက်က recommend ပေးထားပါသေးတယ်^^ တစ်ပြိုင်တည်း ၁၂ပိုင်းလုံးထွက်ရှိမှာဖြစ်လို့ သောကြာနေ့ညကို ကုန်ဆုံးဖို့ ဇာတ်လမ်းကောင်းရှာနေတဲ့ CM ပရိသတ်ကြီးအတွက် ဒီကားလေးကို ကြည့်ရှုခံစားကြည့်ကြဖို့ တိုက်တွန်းလိုက်ပါရစေနော် ...(အညွှန်းကို Ei Phyu Khin က ရေးသားပေးထားပါတယ်) Aired: January ...
10
TMDb: 10/10 3 votes
tv

All of Us Are Dead (2022)

2022
Too Hot to Handle Season 3 (2022) 6.9
Too Hot to Handle Season 3 (2022) Too Hot To Handle Season 3 (2022)ကဲ အားလုံးတူတူပူကြရမယ့် ရီရယ်လတီရှိုးကြီး ပြန်လာပါပြီအားလုံးသိပြီးသား ဖြစ်တဲ့အတိုင်း အလွန်ထန်တဲ့ ကောင်လေး၊ ကောင်မလေး ၁၀ ယောက် ကမ်းခြေမှာ ဟိုဒင်းဟိုဟာတွေ လုပ်ကြမယ် ကြမ်းကြမယ်ပေါ့ဒါပေမဲ့ ဒီအစီအစဉ်ရဲ့ ရည်ရွယ်ချက်ကိုက လေးနက်တဲ့ဆက်ဆံရေးတွေ တည်ဆောက်စေချင်တာဆိုတော့ အဲဒီလိုလုပ်တိုင်း သူတို့ရဲ့ဆုကြေးငွေကတော့ တဖြည်းဖြည်း အနုတ်ခံရမှာပါပိုဆိုးတာ စီစန်၃ မှာက ရှေ့စီစန်တွေရဲ့ ဆုကြေးငွေနှစ်ဆ ဒေါ်လာ၂သိန်းတောင် ပေးမှာဆိုတော့ အထန်လေးတို့ ငွေထုပ်ပိုက်ပြီး အိမ်ပြန်ချင်ရင် စိတ်ထိန်းနိုင်မှ ဖြစ်မှာပေါ့နော်ကဲ စားဘဲကြီးတွေ၊ စားစော်ကြီး ၁၀ယောက်နဲ့ မိတ်ဆက်ပေးပါမယ်-တောင်အာဖရိကက စီးပွားရေးနဲ့စီမံခန့်ခွဲရေးကျောင်းသားတစ်ဦးလည်းဖြစ်၊ မော်ဒယ်လည်းဖြစ်တဲ့ အသက်၂၄နှစ်အရွယ် အင်တာနေရှင်နယ်ပလေးဘွိုင်း "နေသန်"-ဩစတြေးလျက bad boy တွေကိုမှ ကြိုက်တယ်ဆိုတဲ့ အသက်၂၆နှစ်အရွယ် ကွင်းဆက်အသည်းခွဲတရားခံမလေး "ဂျော်ဂျီယာ"-အထက်တန်းကျောင်းတုန်းက အီစီကလီအလုပ်နိုင်ဆုံးဆုကို ရရှိခဲ့တယ်ဆိုတဲ့ အသက်၂၅နှစ်အရွယ် လော့အိန်ဂျလိစ်မော်ဒယ် "စတီဗန်"-ဟော်ကီကစားရတာ ...
6.9
TMDb: 6.9/10 299 votes
tv

Too Hot to Handle Season 3 (2022)

2020
Yeh Kaali Kaali Ankhein (2022) 7.3
Yeh Kaali Kaali Ankhein (2022) These Black Black Eyes (2022)"ပိုက်ဆံ ၊ အာဏာ နဲ့ မိန်းမ ဒီသုံးခုက ယောက်ျားတစ်ယောက်ကို ဖျက်ဆီးပစ်နိုင်တယ်တဲ့။ငါ့ဘဝမှာ ပိုက်ဆံကို လောဘမတက်ခဲ့ဘူးအာဏာကို ရယူဖို့လည်း မကြိုးစားခဲ့ဒီတော့ နောက်ဆုံးကျန်တာက '' ပူဝါသေမင်းခံတွင်းဝက ဗီဂရန့်ရဲ့နောက်ဆုံးအတွေးတွေပေါ့။ဒီနေ့ IMDb မှာ rating 7.7 ထိရထားတဲ့ Netflix ရဲ့အိန္ဒိယဇာတ်လမ်းတွဲကောင်းတစ်ခုကို CM ကနေ တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။မြင်မြင်ချင်းချစ်ရတဲ့ ယောက်ျားတစ်ယောက်ကို ၁၅ နှစ်၈ လ ၇ ရက်စောင့်ပြီး ပြန်တွေ့တော့ လက်ထပ်ချင်ခဲ့တဲ့ ပူဝါတစ်ယောက်။ရှီဂါဆိုတဲ့ မိန်းကလေးကိုပဲ မြတ်နိုးပြီး ရင်ထဲ သိမ်းထားတဲ့ ဗီဂရန့်။ဒီ ၃ ယောက်ရဲ့ သုံးပွင့်ဆိုင်က ပုံမှန်အချစ်ဇာတ်လမ်းတွေလိုတော့ မရိုးရှင်းလှပါဘူး။ပူဝါဆိုတဲ့ မိန်းကလေးက သူ့ဘဝမှာမွေးကတည်းက လိုချင်တာမှန်သမျှရခဲ့တဲ့သူပါ။ဒါတွေအားလုံးက သူ့အဖေ အကီရာဂျ်ဆိုတဲ့ နိုင်ငံရေးသမားကြောင့်ပေါ့ဗျာ။အာဏာတည်မြဲဖို့ အင်အားကြီးဖို့ လူသတ်ဖို့ဝန်မလေးတဲ့အထက်တန်းအသိုင်းအဝန်းက လူတစ်ယောက်။ သူ့သမီးသာလိုချင်ရင်ကောင်းကင်က ကြယ်ကိုတောင်ခူးပေးမယ့် ...
7.3
TMDb: 7.3/10 4 votes
tv

Yeh Kaali Kaali Ankhein (2022)

2022
Archive 81 (2022) (1-8 END) 7.2
Archive 81 (2022) (1-8 END)  Sci- ficဆိုတာမျိုးကို သ​ဘောကျ၊ Mysteryဆိုရင် မ​​နော​ခွေ့ Horror​ ပါမှ ကြည့်ရတာမြိန်တဲ့ CM ပရိတ်သတ်​တွေအတွက် ဒီ​နေ့ထွက်Netflix seriesအသစ်ကို တင်ဆက်​​ပေးလိုက်ပါတယ် Series နာမည်က​တော့ Archive 81 ဖြစ်ပြီး IMDb rating 7.4 ရရှိထားပါတယ်ဒန်တာနာက တိပ်​ခွေပြုပြင်ကျွမ်းကျင်ပညာရှင် တစ်​ယောက်ဖြစ်ပြီး နယူး​ယောက်ပြတိုက်မှာ အလုပ်လုပ်တဲ့သူပါ၊ တစ်​နေ့မှာ သူ့ဆီကို LMGလုပ်ငန်းစုဆိုတဲ့ ကုမ္ပဏီက တိပ်​ခွေတစ်​ခွေ လာအပ်ပါတယ်၊ တိပ်​ခွေကို ပြင်ဆင်ပြီး ဖွင့်ကြည့်လိုက်တဲ့​နောက်မှာ ၁၉၉၄ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ဗစ်ဆာApartment မီး​မ​​​လောင်ခင်အချိန်က ရိုက်ကူး ထားတဲ့ မှတ်တမ်းဗီဒီယိုဖြစ်​နေခဲ့ပါတယ်မီးဒဏ်​ကြောင့် လုံးဝမရနိုင်​တော့ဘူးထင်တဲ့ တိပ်​ခွေကိုပြန်ပြင်နိုင်တဲ့ တာနာရဲ့အစွမ်း​ကြောင့် ဗစ်ဆာကိုLMGကုမ္ပဏီက​နေ မက်လုံး​ပေးပြီး ဗစ်ဆာတိုက်ခန်းမီး​လောင်မှုရဲ့ ​နောက်ဆက်တွဲတိပ်​ခွေ​တွေကို LMG ရဲ့ သီးသန့်​မြေကွက်တစ်ခုတည်းမှာ တစ်​ယောက်တည်း သွားပြင်ခိုင်း ခဲ့ပါတယ်တိပ်​ခွေ​တွေကို ပြင်ဆင်ရင်းနဲ့ ဗစ်ဆာတိုက်ခန်းကြီးရဲ့ မီး​​​​လောင်မှုက ​သွေးရိုးသားရိုး​မဟုတ်ဘဲ ​များစွာ​လေးနက်ပြီး ကြောက်မက်ဖွယ်၊ ပ​ဟေဠိဆန်ဆန် လျှို့ဝှက်ချက်​ပေါင်းများစွာ ရှိ​နေသလို တာနာရဲ့ မိသားစု​နောက်​ကြောင်းနဲ့ပါ ပတ်သတ်​နေတဲ့အခါဗစ်ဆာတိုက်ခန်းကြီးရဲ့ မီး​​​လောင်မှု​နောက်ကွယ်မှာ ရှိ​နေတာ လူလား နာနာဘာဝလား၊ ဘယ်​လောက်ထိ ဆိုးရွားတဲ့အဖြစ်အပျက်​တွေ အဲဒီ တိုက်ခန်းမှာ ဖြစ်ခဲ့တာလဲ၊ နှစ်​ပေါင်းများစွာကြာပြီဖြစ်တဲ့ ...
7.2
TMDb: 7.2/10 11 votes
tv

Archive 81 (2022) (1-8 END)

2022
The Journalist (2022)
The Journalist (2022) The Journalist (2022)၂၀၁၉ ကထွက်ရှိခဲ့တဲ့ The Journalist ဆိုတဲ့ movie ရဲ့ remake series လေးနဲ့ မိတ်ဆက်ပေးပါရစေအကျင့်ပျက်ခြစားနေတဲ့ နိုင်ငံရေးဇာတ်ရှုပ်ကြီးကို ဂျာနယ်လစ်တွေ ပူးပေါင်းဖော်ထုတ်ကြမယ့် ဇာတ်လမ်းပါဇာတ်လမ်းအကျဉ်းကတော့အန်နာမတ်ဆူဒါဟာ တိုတိုသတင်းစာတိုက်ရဲ့ လက်ရွေးစင်ရဲရဲတောက်ဂျာနစ်လစ်တစ်ယောက်သူ သတင်းတစ်ခုလိုက်မိပြီဆိုတာနဲ့ အလျှော့မပေးဘဲ ရေဆုံးမြေဆုံးဖော်တတ်သူမျိုးပါတစ်ရက်မှာတော့ ပြည်သူပိုင်မြေတစ်ကွက်ကို သတ်မှတ်နှုန်းထားထက် ဆယ်ပုံတစ်ပုံထိ လျှော့ရောင်းပြီးအိုင်ရှင်အကယ်ဒမီဆိုတဲ့ကျောင်း ဆောက်လုပ်တဲ့ သတင်းတစ်ခုပေါ်လာပါတယ်ပုံမှန်မဟုတ်တဲ့ ရောင်းဈေးတွေ၊ ငွေလွှဲမှုတွေ၊ မသင်္ကာစရာ မှတ်တမ်းမှတ်ရာ အချက်အလက်တွေကြောင့်ဒီကိစ္စကို ဆက်လက်စုံစမ်းဖို့ မတ်ဆူဒါတစ်ယောက် တာဝန်ပေးခံလိုက်ရပါတော့တယ်နိုင်ငံ့ခေါင်းဆောင် ဝန်ကြီးချုပ်ထိပါ ပါဝင်ပတ်သက်နေတယ်လို့ ကောလဟလတွေထွက်နေတဲ့ ကိစ္စမျိုးကိုမတ်ဆူဒါတစ်ယောက် ဘယ်လို‌ဖော်ထုတ်မလဲဆိုတာနဲ့အတူအစိုးရယန္တရားကြီးရဲ့ ပုပ်ပွနေတဲ့စနစ်တွေ၊ အကျင့်ပျက်ခြစားမှုတွေကို လက်တွေ့ကျကျ ရိုက်ကူးပြထားတာပါအပိုင်း၆ပိုင်းပါဝင်တဲ့ Drama Thriller series လေးပါ။ ကြည့်ရှုလိုက်ကြပါဦးအညွှန်းကိုတော့ MTA က ရေးသားပေးထားပြီးတော့ဘာသာပြန်ထားတာကတော့ MTA, Poe, JimX, Loon Swal Eain, Roman ...

The Journalist (2022)

2022
Stay Close (2021) (1-8 END) 8.6
Stay Close (2021) (1-8 END) စာရေးစရာ Harlan Coben ရဲ့ဝတ္ထုကိုအခြေခံထားတဲ့ Crime drama စီးရီးဖြစ်ပါတယ်။သူ့ဝတ္ထုနောက်တစ်အုပ်ဟာလည်း The innocent ဆိုတဲ့စပိန်စီးရီးအဖြစ် ထွက်ထားပါသေးတယ်။ မိသားစုအတွက်ပဲ အမြဲလုံးပမ်းနေတဲ့မက်ဂန်ဟာ သူ့လက်တွဲဖော်နဲ့ လက်ထပ်ခါနီးအချိန်မှာ ထားခဲ့တဲ့အတိတ်ဆိုးကြီးက တံခါးဝကိုပြန်ရောက်လာပါတယ်။ လူပျောက်မှုတစ်ခုကို စုံစမ်းရင်း လွန်ခဲ့တဲ့၁၇နှစ်က သူမဖြေရှင်းနိုင်ခဲ့တဲ့အမှုနဲ့ ဆက်စပ်မှုတွေတွေ့လာရတဲ့ စုံထောက်မိုက်ကယ်ဘရွန်းနဲ့ ပျောက်နေတဲ့လူကို ဓာတ်ပုံရိုက်မိခဲ့တဲ့ သတင်းဓာတ်ပုံဆရာရေးမွန်းတို့ဟာ အိမ်ထောင်ရှင်မမက်ဂန်နဲ့အတူ အရှုပ်အထွေးတွေထဲ ဘယ်လိုပတ်သတ်လာမယ်ဆိုတာ စိတ်ဝင်တစားနဲ့ သည်းထိတ်ရင်ဖိုကြည့်ရမယ့် မှုခင်းဇာတ်လမ်းတွဲကောင်းတစ်ခုဖြစ်ပါတယ်။ The innocent ကိုကြည့်ခဲ့ပြီး သဘောကျတယ်ဆိုရင် ဒီစီးရီးကိုလည်းသဘောကျမှာအမှန်ပါ။ ဇာတ်လမ်းနက်နက်နဲနဲနဲ့ မှုခင်းဇာတ်လမ်းတွဲကောင်းကောင်းကြည့်ချင်သူတွေလည်း လုံးဝလက်မလွှတ်သင့်တဲ့ စီးရီးအသစ်ဖြစ်ပါတယ်။ File size…400 Mb Quality….Webrip 720p Format…mp4 Duration….50 Min Genre...Drama, Crime, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by JimX, MTA, Yoon Sandi Aung, Pyi T Nyein, Thet ...
8.6
TMDb: 8.6/10 8 votes
tv

Stay Close (2021) (1-8 END)

2021
The Silent Sea ( 2021 )
The Silent Sea ( 2021 ) မှင်စာဦးဦးနဲ့အတူ လကမ္ဘာကိုသွားဖို့စောင့်နေကြတဲ့ CM ပရိသတ်ကြီးအတွက်သိပ္ပံစိတ်ကူးယဉ် သည်းထိတ်ရင်ဖို အမျိုးအစားဖြစ်တဲ့ The Silent Sea ဆိုတဲ့ဇာတ်ကားလေးကတော့ ထွက်ရှိလို့လာပါပြီ။ ကမ္ဘာမြေပေါ်မှာ တဖြည်းဖြည်းကုန်ဆုံးသွားတော့မယ့် သဘာဝရင်းမြစ်တွေရဲ့ပြဿနာကိုအဖြေရှာဖို့အတွက် ကပ္ပတိန် Han Yoon-jae ဦးဆောင်တဲ့အဖွဲ့ဟာလကမ္ဘာပေါ် မှာရှိတဲ့ သုတေသနစခန်းတစ်ခုမှာ ဇီဝပစ္စည်းတစ်ခုကို သွားယူဖို့တာဝန်ပေးအပ်ခြင်းခံလိုက်ရပါတယ်။ လကမ္ဘာပေါ် စွန့်စွန့်စားစားသွားခဲ့ပြီးနောက်သုတေသနစခန်းအဟောင်းကြီးထဲမှာ ကြောက်စရာကောင်းတဲ့လျှို့ဝှက်ဆန်းကြယ်မှုတွေ နဲ့ ထိတ်လန့်စရာကိစ္စတွေကို တွေ့ကြုံလိုက်ရတဲ့အခါဒီကိစ္စတွေရဲ့ နောက်ကွယ်က အကြောင်းအရာတွေကို အဖြေရှာဖို့ကြိုးစားကြမလား ?သူတို့မစ်ရှင်တစ်ခုတည်းကိုပဲ အာရုံစိုက်ပြီး လုပ်ဆောင်သွားမလား ?အန္တရာယ်တွေကြား သူတို့အဖွဲ့ဝင်တွေရော ဘေးကင်းနိုင်ကြမလား ?ဆိုတာကိုတော့ ဒီကားလေးထဲမှာ ရင်တဖိုဖိုနဲ့ကြည့်ရှုရမှာပဲဖြစ်ပါတယ်။လကမ္ဘာကိုသွားမယ့် အာကာသယာဥ်မှူးတွေအဖြစ်နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ Gong Yoo ၊ Bae Doona ၊Lee Joon ၊ Heo Sung Tae ၊ Lee Moo Saeng နဲ့ Kim Sun Young ...

The Silent Sea ( 2021 )

2021
Aranyak (2021) 7.2
Aranyak (2021) Aranyak 2021 ဒီSeriesလေးကတော့ Netflix က အသစ်ထွက်လာတဲ့အိန္ဒိယ Police Drama Seriesလေးပဲ ဖြစ်ပါတယ်Police Drama ဆိုပေမယ့် နိုင်ငံရေးအရှုပ်အထွေးများကိုပါပဟေဠိဆန်ဆန်ထည့်ထားတဲ့အတွက် လူဆိုးက ထွက်ပြေးရဲကလိုက်ဖမ်းအခန်းတွေပဲ မဟုတ်ဘဲ ဘာဖြစ်မလဲကြိုခန့်မှန်းရမယ့် ဇာတ်ကွက်တွေ တရားခံဘယ်သူလဲ စဥ်းစားရမယ့်မြှပ်ကွက်တွေနဲ့ ကြည့်လို့ကောင်းမယ့် ဇာတ်လမ်းတစ်ပုဒ်ပါပဲIMDb rating ကလည်း 8.2 ဇာတ်လမ်းပုံစံကလည်း စိတ်ဝင်စားဖို့ကောင်းလွန်းပါတယ်စိီရိုရာ ဆိုတဲ့ ကျေးလက်တောင်တန်းဒေသလေးရဲ့ တောထဲမှာ ၂၀၀၀ ခုနှစ်တုန်းကမိန်းမ ကိုးယောက်ဟာ မုဒိန်းကျင့်ခံရပြီး သစ်ပင်တွေမှာ ဆွဲကြိုးချချိတ်ဆွဲခံခဲ့ရပါတယ်သူတို့ ခန္ဓာကိုယ်တွေမှာလည်း ကျားသစ်လက်သည်းရာတွေနဲ့အပြည့်ပါပဲထိုအချိန်ကတည်းက စီရိုရာမြို့မှာ ကျားသစ်လူသားက သူတို့ကို သတ်သွားတာဆိုတဲ့ ကောလဟာလဟာ ပျံ့နှံ့နေခဲ့တာပါမျက်မှောက်ခေတ် - ကတ်ဆူရီ ဒိုဂရာဆိုတဲ့ ရဲမေဟာ သူ့မိသားစုကို အချိန်ပေးနိုင်ဖို့စခန်းမှူးဘဝကနေ တစ်နှစ်လောက် ခွင့်ယူဖို့လုပ်နေသူပါသူ့အလုပ်ကနေ ခွင့်ယူမယ့် နောက်ဆုံးရက်မှာ သူ့နေရာကိုအစားဝင်နေမယ့် အန်ဂတ် မာလစ်ကိုတွေ့လိုက်ရချိန်မှာတော့ သူ့လိုမျိုး ဒီဒေသရဲ့ မှုခင်းတွေကို ကိုယ်တွယ်ဖြေရှင်းနိုင်ပါ့မလားလို့သံသယဖြစ်လာပါတော့တယ်အဲ့လိုနဲ့ ...
7.2
TMDb: 7.2/10 9 votes
tv

Aranyak (2021)

2021
The Hungry and the Hairy (2021)
The Hungry and the Hairy (2021) The Hungry and Hairy (2021)အဆိုတော်သရုပ်ဆောင် Rain နဲ့ comedian Ro Hong Chul တို့ ဆိုင်ကယ်စီးပြီး မြို့ပတ်ကြမယ့် အစီအစဉ်လေးပါတောင်ကိုရီးယားနိုင်ငံရဲ့ မြို့ပြကျေးလက်မကျန် လှပတဲ့ရှုခင်းတွေ၊ tourist attraction site တွေကို ဆိုင်ကယ်တစ်စီးနဲ့ သွားရောက်လည်ပတ်ကြမှာဖြစ်ပြီးအရသာရှိတဲ့ အစားအသောက်မျိုးစုံကိုပါ ရှာဖွေစားသောက်ဦးမှာပါတဲ့မစားရညှော်ခံ လုပ်လိုက်ကြစို့ဦးပေါ့နော်နောက်ပြီး Rain က တစ်ရက်တစ်နပ်ပဲစားပြီး diet လုပ်နေတာဆိုတော့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ဘယ်လိုမျိုးအစားအ‌စာတွေကို ရွေးချယ်စားသောက်မလဲဆိုတာလည်း စိတ်ဝင်စားစရာပါHost နှစ်ယောက်လုံးက variety skill လည်းကောင်းကြပြီး cchemistry မိမိတင်ဆက်သွားမှာဆိုတော့ အတော်လေးကြည့်လို့ကောင်းမှာပါအပိုင်း ၁၀ ပိုင်းပါဝင်မှာဖြစ်ပြီး ဆက်တိုက်တင်ဆက်ပေးသွားပါမယ်Genre.....Reality Quality….WEB-DL 720p File size…500MB Format…mp4 Duration….60min Subtitle….Myanmar Subtitle (Hardsub) Translator ..... CM Variety Team Encoder ..... AugustEpisode 01 - VIP | Userdrive | Yoteshin | ...

The Hungry and the Hairy (2021)

2021
Inspector Koo (2021) 8
Inspector Koo (2021) Inspector Koo (2021) အသက်၄၀အရွယ် ဂူဂယောင်းရီကရဲမေတစ်ယောက်ဖြစ်ခဲ့တာပါ သူမရဲ့ ထက်မြက်ပြီး ပြောင်မြောက်လှတဲ့ အလိုလိုသိစိတ်တွေကြောင့် အမှုအမျိုးမျိုးကိုဖြေရှင်းန်ုင်စွမ်းရှိပါတယ် သူ့မဘဝကိုအေးဆေးဖြတ်သန်းနေရင်း တနေ့မှာတော့ သူမရဲ့ဂျူနီယာNa Je-Heeက အမှုတစ်ခုအပ်ခဲ့ပါတယ် ကွင်းဆက်လူသတ်အမှုကိုလိုက်နေတဲ့ Koo Kyung-Yiတစ်ယောက် သူမရဲ့အရည်အချင်တွေအသုံးချပြီး လူသတ်သမားကိုဘယ်လိုဖမ်းဖို့ကြိုးစားမလဲဆိုတာကိုတော့ သည်းထိပ်ရင်ဖိုကောင်းတဲ့ ပုံစံတွေ စိတ်ဝင်စားဖွယ် ဇာတ်ကွက်တွေနဲ့ စုံထောက်အမှုလိုက်ကားလေးကို ဟာသလေးနှောပြီး ကြည့်ရမှာပါ Size: 600MB Quality: 720P Subtitle: Myanamar (Hardsub) Episodes: 12 Aired: Oct 30, 2021 - Dec 5, 2021 Aired On: Saturday, Sunday Original Network: jTBC, Netflix Duration: 1 hr. 10 min. Translators: Shoon, Lwin, Khine Khine Wai, Khaing Khin, Yamin Ei Encoder: LK Episode 01 VIP | Userdrive | Yoteshin | Megaup | CMDrive | Streamsb   Episode 02 VIP | ...
8
TMDb: 8/10 2 votes
tv

Inspector Koo (2021)

2021
True Story (2021) Mini Series 8.4
True Story (2021) Mini Series စိတ်၀င်စားဖို့ ကောင်းတဲ့ Crime-Drama မီနီစိးရီးလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်လမ်းရဲ့ ဇာတ်လိုက် comedian Kid ရဲ့ ကာရိုက်တာကို အပြင်မှာ တကယ့် comedian တစ်ယောက်ဖြစ်တဲ့ Kevin Hart က သရုပ်ဆောင်ထားပြီး ကျွန်တော်တို့ ငယ်ငယ်က အရမ်းကြိုက်ခဲ့ကြတဲ့ Blade ကားတွေရဲ့ မင်းသားကြီး Wesley Snipes က Kid ရဲ့ အစ်ကို ဖြစ်သူ Carlton အဖြစ် ပါ၀င်ထားပါတယ်ဇာတ်လမ်းအကျဉ်းKid ဟာ အောင်မြင်ကျော်ကြားပြီး ပရိသတ်ချစ်တဲ့ comedian တစ်ယာက်ပါ။ King of Comedy လို့တင်စားရလောက်တဲ့ထိအောင် သူ့ရဲ့ ပြက်လုံးတွေက လူတွေအပေါ် လွှမ်းမိုးထားပါတယ်။ ဒီတော့ ခြုံပြောရရင် သာယာတဲ့ ဘ၀ကို ပိုင်ဆိုင်ထားတဲ့ အနုပညာရှင်တစ်ယောက်လို့ ဆိုရပါမယ်။ ဒါပေမဲ့ သာယာနေတဲ့ သူ့ဘ၀ဟာ နယ်လှည့်ဖျော်ဖြေရေးအတွက် သူ့ရဲ့ ...
8.4
TMDb: 8.4/10 8 votes
tv

True Story (2021) Mini Series

2021
House of Secrets: The Burari Deaths (2021) 7.6
House of Secrets: The Burari Deaths (2021) House of Secrets : The Brurari Deaths (2021)ကြမ္မာငင်တယ် ဆိုတဲ့ အရာက ဘာ​ကြောင့်ဖြစ်လာသလဲ? ဘဝ​ပေးကံ​ကြောင့်လား၊ အကုသိုလ်​တွေ များလို့လား၊ကိုယ်တိုင်က ကြမ္မာငင်တာ နဲ့ တည့်တည့်ဝင်တိုးတဲ့အထိ အသိဉာဏ်နည်းတာလား၊ ဒါမှမဟုတ် အထက်ပါအချက်​တွေအားလုံး ကျိုး​ကြောင်းဆီလျော်စွာ စုံသွားတာလား၊ဘာ​ကြောင့်ပဲဖြစ်ဖြစ် ကြမ္မာငင်တယ် ဆိုတဲ့ အရာကိုက ဇာတ်သိမ်းမလှတတ်ဘူး မဟုတ်လားဒီ Seriesဟာ ၂၀၁၈ခုနှစ် ဇွန်လ၃၀ရက် အိန္ဒိယနိုင်ငံ ​ဒေလီမြို့မှာဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန်မှုခင်းကို Documentaryပုံစံ ပြန်လည်ရိုက်ကူးထားတဲ့ အပိုင်း၃ပိုင်းပါဝင်တဲ့ limied crime horror seriesပဲဖြစ်ပါတယ်​ကြေးရတတ် ပညာတတ်မိသားစုဖြစ်တဲ့ ဘာတီယာမိသားစုဟာ ​ ဒေလီမြို့ ဘူရာရီရပ်ကွက်မှာ စိတ်သ​ဘောမ​နော​ကောင်းမှုနဲ့ နာမည်ကြီးသလို လူချစ်လူခင်လည်း အရမ်းများပါတယ်၊ စည်းစိမ်ဥစ္စာလည်း ပူပင်စရာမရှိဘဲ တင့်​တောင့်​တင့်တယ်​နေနိုင်တဲ့ မိသားစုကြီးတစ်စုပါတစ်​နေ့မှာ​တော့ ဘာတီယာမိသားစုဝင် "၁၁ ​ယောက်လုံး" ​နေအိမ်မှာပဲ ကြိုးဆွဲချသတ်​သေသွားခဲ့ပါတယ်၊ ဒီမှုခင်းဟာ ​အသတ်ခံရတာလား သွေးရိုးသားရိုး​သတ်​သေမှုဟုတ်ရဲ့လား စုံစမ်းရာမှ ​ ကြောက်မက်ဖွယ် လျှို့ဝှက်ချက်​​တွေ တန်းစီထွက်​ပေါ်လာတဲ့အခါ....ဒီ Documentary အ​ခြေခံရိုက်ကူးထားတဲ့ မှုခင်းဖြစ်ရပ်မှန်ဟာ ၂၀၁၈ခုနှစ်အတွင်း အိန္ဒိယနိုင်ငံတစ်ခုလုံး ...
7.6
TMDb: 7.6/10 14 votes
tv

House of Secrets: The Burari Deaths (2021)

2021
Hellbound (2021) 10
Hellbound (2021) Hellbound (2021)အားလုံးမျှော်လင့်နေကြတဲ့ Hellbound ကတော့ ထွက်ရှိလို့လာပါပြီHellbound ဆိုတာ ဘယ်လိုဇာတ်လမ်းမျိုးလဲ??Webtoon ကို အခြေခံထားပြီး နာမည်ကြီး Train to Busan ရုပ်ရှင်ရဲ့ ဒါရိုက်တာ ကိုယ်တိုင် ရိုက်ကူးပုံဖော်ပေးထားတဲ့ ဇာတ်လမ်းပဲ ဖြစ်ပါတယ် ဒါရိုက်တာတင် နာမည်ကြီးရုံမကပါဘူး Yoo Ah In,Woo jin A,Kim Hyun Joo စတဲ့ နာမည်ကြီးမင်းသားမင်းသမီးတွေ ပါဝင်သရုပ်ဆောင်ထားတာမလို့ ပရိတ်သတ်အားလုံး အကြိုက်တွေ့စေမှာ သေချာပါတယ်"မင်းမကြာခင်သေဆုံးတော့မယ်" ဆိုတဲ့ စကားကိုကြားမိရင် တုန်လှုပ်မိမှာလား ဒါမှမဟုတ် မဖြစ်နိုင်တဲ့ ပေါက်ကရစကားတွေကို နားကြားမှားတာလို့ ထင်မိကြမှာလား????ဒီဇာတ်လမ်းလေးမှာတော့ လူတွေဟာ သူတို့သေဆုံးတော့မယ်ဆိုရင် ကြိုတင်နိမိတ်ပြတဲ့အနေနဲ့ "မင်းမကြာခင်သေဆုံးတော့မယ်"ဆိုတဲ့စကားကို ကြားရလေ့ရှိပါတယ် အဲ့လိုကြားပြီး သေဆုံးမဲ့အချိန်မှာမှ ငရဲသားတမန်တော်က သူတို့ရှေ့မှာပေါ်လာပြီးတော့ သူတို့ကိုသတ်ပစ်တာပါဇာတ်ကောင်တွေကို မိတ်ဆက်ကြည့်ရအောင်...Jung Jin Soo ကတော့ ဘာသာရေးအသင်းအဖွဲ့ အသစ် Saejinrihwe ရဲ့ခေါင်းဆောင်တစ်ဦး ဖြစ်ပါတယ် သူက ဒီငရဲသားတမန်တော်တွေက ငရဲကလာတဲ့အကြောင်း ဘုရားသခင်ရဲ့တည်ရှိမှုကိုဖော်ပြတဲ့အကြောင်း စတဲ့ ဘာသာရေးအယူဝါဒတွေကို ဟောပြောတဲ့သူပါJin Soo ...
10
TMDb: 10/10 1 votes
tv

Hellbound (2021)

2021