Channel Myanmar

Netflix

Cobra Kai Season 1 + 2 + 3 + 4 + 5+6 8.1
Cobra Kai Season 1 + 2 + 3 + 4 + 5+6 ဒီစီးရီးကို IMDb 8.6 ရောက်အောင် လူ ၁၅၀၀၀၀ ကျော် vote ပေးထားပြီး CM fan တွေလည်းတောင်းဆိုနေလို့ တင်ပေးလိုက်ပါတယ်။ ဂန္ဓဝင် Karate Kid 1984 ရုပ်ရှင်ရဲ့ ပရိတ်သတ်တွေဆိုရင်တော့ နာမည်ကြည့်တာနဲ့ ဘာအကြောင်းလဲသိမှာပါ။ စုစုပေါင်း စီစန် ၄ ခု ရှိပြီး အပိုင်း ၄၀ အထိ တင်ဆက်ပေးသွားပါမယ်။ ကရာတေးအသားပေးစီးရီးဖြစ်ပြီး မိသားစု ဒရာမာ၊ အထက်တန်းကျောင်း လူငယ်ရိုမန့်စ်တွေကိုမှ အတိုက်အခိုက်တွေနဲ့ ရောထားတဲ့ ဇာတ်လမ်းမို့ အများစု ကြိုက်ကြမှာပါ။ဇာတ်လမ်းအကျဉ်းကရာတေးကစ်ဒ် ရုပ်ရှင်ထဲက အဓိက လူငယ်သရုပ်ဆောင် နှစ်ယောက်ရဲ့ လူကြီးဘဝကို ဆက်ပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီစီးရီးအစမှာတော့ ကော်ဘရာကိုင် ကရာတေးသမား ဂျွန်နီလောရန့်ဟာ အတော်မွဲနေပြီး အောက်ခြေသိမ်းအလုပ်သမားဖြစ်နေပါပြီ။ စိတ်ထဲမှာလည်း ငယ်ငယ်က အရှုံးဒဏ်ကို ခံနေရတုန်းပါပဲ။ မီရာဂီဒိုကရေးတေးသမား လော်ရုဆိုကတော့ ကားဝပ်ရှော့အကြီးကြီးဖွင့်နေပြီး ...
8.1
TMDb: 8.1/10 4140 votes
tv

Cobra Kai Season 1 + 2 + 3 + 4 + 5+6

2018
The Great Indian Kapil Show (2024) 9

The Great Indian Kapil Show (2024)

2024
Elite 2018-2024 (Complete) 8
Elite 2018-2024 (Complete) စပိန်စကားပြော ဒီ Netflix စီးရီးလေးကတော့ ၂၀၁၈ ကစတင်ထွက်ရှိခဲ့ပြီး အခုဆို Season (4) ထိ ထွက်ရှိထားသလို နောက်စီစင်တွေလဲ ထပ်မံထွက်ရှိဦးမှာဖြစ်ပါတယ်။ဒီစီးရီးက ထူးခြားတဲ့တင်ဆက်မှုတစ်ခုဖြစ်ပြီး လူငယ်တွေကြားက နက်နဲတဲ့ Relationshipအကြောင်းတွေကို ရဲရဲတင်းတင်း ပွင့်ပွင့်လင်းလင်းတင်ဆက်ထားတာပါ။အသက် ၁၈ နှစ်တောင် မပြည့်ကြသေးတဲ့ လူငယ်တွေ ကျောင်းမှာပညာရှာရင်းနဲ့ ပွဲကြမ်းချက်ကလဲ လက်လန်ပါတယ်...Sex ကိစ္စမှာဆိုလဲ Straight , BL , Lesbian , Cuckold , 2 in 1 , Incest စသည်ဖြင့်အောတိုက်ရလောက်အောင် စုံစီနဖာပဲ အရပ်ကတို့ရေ... ကဲ..ဒီစီးရီးနာမည်လေးကတော့ Elite အထက်တန်းလွှာဆိုတဲ့ အဓိပ္ပာယ်ပေါ့.. Las Encinas ဆိုတဲ့ ကျောင်းတော်ကြီးဟာ စပိန်နိုင်ငံပြဲပြဲစင်မှာ ကြေးရတက်လူတန်းစား တွေ လူကုန်ထံသားသမီးတွေပဲ တက်နိုင်တဲ့ အထက်တန်းစားကျောင်းတော်ကြီးပေါ့ ဒါပေမယ့် ထူးထူးဆန်းဆန်းပဲ ဆင်ခြေဖုံးရပ်ကွက်မှာနေတဲ့ သာမန်လူတန်းစားအသိုင်းဝိုင်းက လူငယ်လေးသုံးယောက် Las Encinas ကျောင်းတော်ကြီးမှာတက်ရောက်ဖို့ ကံအကြောင်းတိုက်ဆိုင်လာပါတယ် မထင်မှတ်ထားတဲ့ ငလျင်လှုတ်ခတ်မှုကြောင့် ...
8
TMDb: 8/10 9038 votes
tv

Elite 2018-2024 (Complete)

2018
Òlòtūré: The Journey (2024) 6.333
Òlòtūré: The Journey (2024) Oloture : The JourneySeason 1 (2024)IMDb rating - 6.3/10အညွှန်းဒီတစ်ခေါက်မှာတော့ CM ပရိတ်သတ်ကြီးအတွက် အသစ်ထွက်ရှိထားတဲ့ Netflix mini series လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။အိုလိုကျူရီ ဆိုတဲ့ တက်သစ်စဂျာနယ်လစ်‌လေးဟာ လူကုန်ကူးမှုအကြောင်း သတင်းရေးဖို့အတွက် အသွင်ယူတာကနေ စပါတယ်။ ဒီကနေပဲ ပြဿနာတွေလည်း စတော့တာပေါ့။ လူအချိတ်အဆက်တွေများ ရှုပ်ထွေးပွေလီလှတဲ့ ဒီနယ်ပယ်ကြီးထဲမှာ အိုလိုကျူရီတစ်ယောက် လက်လွန်ကြက်သွန်ဖြစ်ရင်း ပြန်ထွက်မရတော့တဲ့ အခြေအနေထိပါ ရောက်ကုန်ပါတယ်။ဒီလိုကနေ ဥရောပကိုပို့မယ့် လူကုန်ကူးခရီးစဉ်မှာ လိုက်ပါလာရပါတယ်။ တရားမဝင်သွားရတဲ့ခရီးမှာ ဒုက္ခအလီလီ ကြုံတွေ့ရပုံတွေကို ရိုက်ကူးပြထားတာပါ။ နောက်တစ်ခုက သူရေးမယ့်သတင်းကရော ဘယ်လိုဆက်ဖြစ်မလဲ၊ သူရဲ့ဘဝကြီးကရော ဘယ်လိုတွေဆက်ဦးမလဲ။ ဆက်လက်ကြည့်ရှုကြပါဦး။(အပိုင်းသုံးပိုင်းပါဝင်ပြီး ကြာချိန် တစ်နာရီ မိနစ်၄၀ကျော်ပဲရှိပါတယ်။)(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသူမှာ Orika ဖြစ်ပါတယ်။)File Size – 750(Appx;)@EpisodeQuality – 1080p WEB DLDuration –45minute (@Episode)Total Episodes:3EpsSubtitle – Myanmar HardsubFormat – Mp4Genre : Drama~CrimeTranslator ...
6.333
TMDb: 6.333/10 3 votes
tv

Òlòtūré: The Journey (2024)

2024
Gangs of Galicia (2024) 6.972
Gangs of Galicia (2024) Ana ကတော့ ရှေ့နေ့တစ်ဦးဖြစ်ပြီး အလုပ်အပေါ် သေချာကြိုးစားလုပ်ကာ အမှု့တိုင်းကို နိုင်နေတဲ့ သူတစ်ယောက်ပေါ့...သူ့အဖေဖြစ်သူကတော့ အပျော်တမ်းရွက်လှေမောင်းပေးသူပါ... တစ်နေ့မှာတော့ သူ့အဖေ အသတ်ခံလိုက်ရပါတယ်အကြောင်းပြချက်မရှိဘဲ အသတ်ခံလိုက်ရတဲ့နောက်မှာ သူ့အဖေနောက်ဆုံး ရေးခဲ့တဲ့ သေတမ်းစာနဲ့ အမွေခွဲတမ်းတွေကို ဖတ်ရတဲ့ အခါမှာသူ့အဖေက သာမာန်လူတစ်ယောက်မဟုတ်ဘဲ မှောင်ခိုဒုစရိုက်ခေါင်းဆောင်ဖြစ်ပြီး ဒီနေရာမှာ ဇာတ်မြှုြှုနေတာဆိုတာကို သိလိုက်ရတဲ့နောက်...သူ့အဖေ ဖွက်ခဲ့တဲ့ ယူရို၆ သန်းနဲ့ Galiciaမြို့မှာ ana တစ်ယောက် သူ့အဖေအကြောင်းစုံစမ်းရင်း တစ်ခြားအမှု့ ဒုစရိုက်လောကသားတွေနဲ့ ဆုံတေွ့ ရတာတွေကို ကြည့်ရှု့ရမှာပါ ။( အညွှန််းရေးသားထားသူကတော့ A Hao ပါ )Quality_Blu-Ray 1080p Format_mp4 Aired: 2024 Original Network: Netflix Duration_00:55:00 Genre_Mystery, Crime, Action Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Episode (1)_720p [600MB] Yoteshin /Userdrive / Megaup/ StreamVid Episode (1)_1080p [1GB] Yoteshin /Userdrive ...
6.972
TMDb: 6.972/10 18 votes
tv

Gangs of Galicia (2024)

2024
Kota Factory S1+2+3 8.1
Kota Factory S1+2+3 Kota Factory (2019)"ပုံစံခွက်ထဲက ပြိုင်မြင်းများ" =======================================Season (1) ဇာတ်လမ်းဇာတ်အိမ်တွေရော၊ သရုပ်ဆောင်တွေရော တော်တာ်လေးကောင်းပြီး Fan base လည်းကြီးတဲ့ IMDb 9/10 ရ ဟင်ဒီစကားပြော ဇာတ်လမ်းတွဲလေးကို စီအမ်ပရိသတ်တွေခံစားနိုင်ဖို့ တင်ဆက်ပေးချင်ပါတယ်။အိန္ဒိယနိုင်ငံမှာ နာမည်အကြီးဆုံး တက္ကသိုလ်တစ်ခုရှိပါတယ်။ အဲဒါကတော့ 3 idiots ရုပ်ရှင်ထဲက IIT အင်ဂျင်နီယာတက္ကသိုလ်ပါ။ အဲဒီတက္ကသိုလ်ကို ဝင်ခွင့်ရဖို့အတွက် JEE နဲ့ NEET ဆိုတဲ့ စာမေးပွဲတွေကိုဖြေရပါတယ်။ကိုတာဆိုတဲ့ မြို့လေးကတော့ အဲဒီစာမေးပွဲတွေကိုဝင်ဖြေဖို့ သီးသန့်လေ့ကျင့်ပေးတဲ့ ကိုယ်ပိုင်ကျောင်းတွေအများအပြားရှိတဲ့ မြို့လေးပါ။ ဉာဏ်ကောင်းပေမဲ့ အပျင်းကြီးပြီး အလွယ်လမ်းကိုရှာဖို့ကြိုးစားတတ်တဲ့ ဗိုင်ဘာ့ဗ်ဆိုတဲ့ ၁၁ တန်းကျောင်းသားလေးဟာ IIT ဝင်ခွင့်ရဖို့ ကြိုးစားဖို့အတွက် ကိုတာမြို့ကို ရောက်လာခဲ့တယ်။အပေါ်ယံကြည့်ရင် ကိုတာမြို့မှာ အတော်ဆုံးကျောင်းသားတွေပဲရှိပြီး IIT ဝင်ခွင့်ရဖို့ အသွားသင့်ဆုံးနေရာလို့ထင်ရပေမဲ့ တကယ်တမ်းတော့ ပြိုင်ဆိုင်မှု၊ မနာလိုမှုတွေ၊ ပုံစံခွက်ထဲရိုက်သွင်းမှုတွေအများကြီးရှိနေပါတယ်။ငယ်ရွယ်နုနယ်တဲ့ ကျောင်းသားတွေကို ပြင်ပလောကကြီးနဲ့အဆက်ဖြတ်ပြီး တစ်ပုံစံတည်းဖြစ်အောင် ပုံသွင်းတတ်တဲ့အတွက် ကိုတာမြို့ကို ကိုတာစက်ရုံလို့တောင် နာမည်ပြောင်ပေးကြရတဲ့အထိပါပဲ။3 Idiots ရုပ်ရှင်ထဲက ချာတူးရ်လိုမျိုး အရာရာကို အလွတ်ကျက် ကူးချပြီးဖြေရှင်းချင်နေတဲ့ ဗိုင်ဘာ့ဗ်ကို ဂျီတူးဆိုတဲ့ IIT ...
8.1
TMDb: 8.1/10 84 votes
tv

Kota Factory S1+2+3

2019
Master of the House (2024)
Master of the House (2024) အိမ်ကြီးရှင် (၂၀၂၄)ဝါရင့်သရုပ်ဆောင်တွေရဲ့ ပြောင်မြောက်လှတဲ့သရုပ်ဆောင်ချက်တွေနဲ့အတူ ဇာတ်လမ်းရဲ့အရှုပ်အထွေးကို တစ်ဆင့်ချင်းအဖြေရှာရမယ့် Netflix ဇာတ်လမ်းတွဲသစ် "အိမ်ကြီးရှင်"ဒီဇာတ်ကားလေးမှာတော့ အလောင်ကားတို့ထုံးစံအတိုင်း လူချမ်းသာအသိုင်းအဝိုင်း ဒိတ်ဒိတ်ကြဲမိသားစုကြီးတစ်ခုရဲ့ လောဘရမ္မက် ငမ်းငမ်းတက်ပုံကို ရှုစားရမှာဖြစ်ပါတယ်။ထိုင်းနိုင်ငံရဲ့ ကျိကျိတက်ချမ်းသာတဲ့ ဘီလီယံနာစိန်သူဌေးကြီးဖြစ်တဲ့ ထေဝါကျောက်မျက်လုပ်ငန်းပိုင်ရှင် ခွန်ရွန်ဂရိုဖ်တစ်ယောက် ထူးဆန်းတဲ့အဖြစ်အပျက်နဲ့ ရုတ်တရက်ဆုံးပါးသွားတဲ့အခါ ဆက်ခံသူလည်းမရွေးထား သေတမ်းစာအကြောင်းအရာကိုလည်း တိတိပပမသိရသေးတဲ့ သားနှစ်ယောက်ဖြစ်တဲ့ မာဝင်နဲ့ဖူဖတ်နဲ့ သူတို့ရဲ့မိသားစုတွေ တစ်ဖက်က သူဌေးကြီးရဲ့အသည်းစွဲလေးဖြစ်တဲ့ ဇနီးအသစ်စက်စက်လေး ခိုင်မွခ် တစ်ဖက်က ရမယ့်အမွေကလည်း ဆယ်ဘီလီယံတန်ကြေးရှိတဲ့ကျောက်မျက်လုပ်ငန်းကြီးဖြစ်နေတဲ့အခါ လောဘကိုရှေ့တန်းတင်လို့ ဒီလူတစ်စုကြားက အညှာအတာမဲ့ တိုက်ခိုက်မှုတွေ အရှုပ်အရှင်းတွေကို ဘယ်လိုမြင်ရမလဲဆိုတာ ရှုစားကြရအောင်ပါ။အညွှန်းကိုတော့ Mary က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Mary, Char Ou, Su Myat, Dao Phyo တို့ပဲ ဖြစ်ပါတယ်။Genre..... Drama Quality…. 1080p | 720p File size… 600MB | 250MB Format… mp4 Duration…. 40min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Mary, Char ...

Master of the House (2024)

2024
Vikings: Valhalla – Season(01),(02),(03) 7.2
Vikings: Valhalla – Season(01),(02),(03) Vikings: Valhalla - Season(01),(02) ========================= IMDb Rating - 7.0/10နာမည်ကျော် ဗိုက်ကင်းစီးရီးကြီးကို အတော်များများ ကြည့်ဖူးကြားဖူးမှာပါ။ မကြည့်ဖူးသေးရင်လည်း CM မှာ ဒေါင်းကြည့်လို့ရပါတယ်။ ဒီစီးရီးကတော့ ဗိုက်ကင်းရဲ့အဆက်ပါပဲ။ ဒါပေမဲ့ ဗိုက်ကင်းအဟောင်းတွေကိုမကြည့်ဖူးလည်း ကြည့်လို့ရပါတယ်။ အရင်ခေတ်ရဲ့ နှစ် ၁၀၀ အကြာဇာတ်လမ်းကိုအခြေခံထား လို့ပါပဲ။ ဇာတ်လမ်းရော တိုက်ခိုက်ခန်းတွေရော အကုန် မိုက်ပါတယ်။ဗိုက်ကင်း တွေဟာ မြောက်ပိုင်းဇာတိကို စွန့်ခွာလာပြီး ဥရောပတလွှားမှာ အခြေချခဲ့ပါပြီ။ အင်္ဂလန်မှာလည်း အများကြီးပါပဲ။ ဒါပေမဲ့ ဥရောပမှာ ဗိုက်ကင်းတွေ အင်အားကြီး လာတာကို မလိုလားတဲ့ အင်္ဂလိပ်ဘုရင် ဒုတိယမြောက် အက်သယ်ရတ်ဟာ အင်္ဂလန်မြေပေါ်က ဗိုက်ကင်းတွေအားလုံးကို မိန်းမကလေးပါမကျန် အလစ်အငိုက် သတ်ပစ်ခဲ့ပါတယ်။ ဒါကို လက်စားချေဖို့ ဒိန်းမတ်ဘုရင်ကနျူ့ဟာ နေရာပေါင်းစုံက ဗိုက်ကင်းတွေကို စုစည်းပြီး အင်္ဂလန်ကို တိုက်ခိုက်ဖို့ စစ်ပြင်ကြတဲ့အခါ....(စုစုပေါင်း 8 ပိုင်းရှိတဲ့ ...
7.2
TMDb: 7.2/10 41000 votes
tv

Vikings: Valhalla – Season(01),(02),(03)

2022
Desperate Lies (2024) 7.25
Desperate Lies (2024) Desperate Lies 2024 (စိတ်ပျက်ဖွယ်ရာ အလိမ်အညာများ)ဒီတစ်ခါမှာတော့ အပိုင်း (၁၇)ပိုင်းပါဝင်တဲ့ ပေါ်တူဂီဒရာမာ ရိုးမန့်စ်စီးရီးကောင်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။လီယာနာနဲ့ တိုမာ့စ်တို့ဟာ ကလေးလိုချင်လို့ ကြိုးစားနေကြတဲ့ အတွဲတစ်တွဲပေါ့။ သူတို့ဟာ ကလေးလိုချင်လွန်းလို့ အရမ်းပဲ ရူးသွပ်နေကြပြီး လီယာနာဟာဆိုရင် ခင်ပွန်းဖြစ်သူမသိအောင် မျိုးဥအောင်ဆေးတွေပါ သောက်နေပါပြီး လိင်ဆက်ဆံခြင်းကို တာဝန်တစ်ခုလို သတ်မှတ်ပြီး ပြုလုပ်နေကြတဲ့ အတွဲလေးပေါ့။ဒီလိုနဲ့ တစ်နေ့မှာ ခင်ပွန်းဖြစ်သူ တိုမာ့စ်ဟာ ဖောက်ပြန်နေတာကို သိသွားတဲ့အခါမှာတော့ ပြဿနာတွေတက်ကြရင်း တိုမာ့စ်ဟာ စက်ဘီးကလပ်နဲ့ သွားမှာကို အကြောင်းပြပြီး အိမ်ကနေ ထွက်သွားပါတော့တယ်။ အဲဒီအချိန်မှာပဲ တောင်ပေါ်မှာ စက်ဘီးစီးရင်း မတော်တဆဖြစ်ကာ ဆေးရုံပေါ်ရောက်သွားတဲ့ တိုမာ့စ်ဟာ ဇနီးဖြစ်သူကို အကြောင်းမကြားခဲ့ရာမှ လီယာနာဟာလည်း ခင်ပွန်းဖြစ်သူဟာ သူ့ကိုပစ်သွားပြီဆိုတဲ့ အတွေးဝင်ခဲ့ပါတယ်။သူငယ်ချင်းဖြစ်သူရဲ့ စေ့ဆော်မှုကြောင့် ကလပ်ကိုသွားရင်း စိတ်ဖြေဖျောက်ရာကနေ သူငယ်ချင်းရဲ့မောင်လေးနဲ့ ကုတင်ပေါ်ရောက်သွားပါတော့တယ်။ ခင်ပွန်းဖြစ်သူ ဆေးရုံတက်တာကို သိသွားတဲ့နောက်မှာ ပြန်အဆင်ပြေသွားကြရင်း ၆ပတ်ကြာတဲ့အခါမှာ လီယာနာ့မှာ အမွှာကိုယ်ဝန်ရှိလာတဲ့အခါမှာတော့ ....... လီယာနာရဲ့ ကိုယ်ဝန်ဟာ ခင်ပွန်းဖြစ်သူနဲ့ရတာလား တစ်ညတာမှားယွင်းမိတဲ့ ရလဒ်လား ........ ကလေးရချင်တဲ့ အိပ်မက်လေး ...
7.25
TMDb: 7.25/10 4 votes
tv

Desperate Lies (2024)

2024
Joko Anwar’s Nightmares and Daydreams (2024) 6.643

Joko Anwar’s Nightmares and Daydreams (2024)

2024
Raising Voices (2024) 7.846
Raising Voices (2024)  ဒီတစ်ခါတော့ IMDb - 7.2 ထိရရှိထားတဲ့ စပိန်ဇာတ်လမ်းတွဲလေးတစ်ခု တင်ဆက်ပေးပါ့မယ်......ဆယ်ကျော်သက် အထက်တန်းကျောင်းသူလေးတစ်ယောက်ရဲ့ အဖြစ်အပျက်ကိုရိုက်ပြထားတာကြောင့် လူငယ်တွေရော လူကြီးတွေအတွက်ပါ အကျိုးရှိစေမဲ့ကားလေးတစ်ကားပါပဲ......ဆယ်ကျော်သက်အရွယ်ဆိုတာ အင်မတန်ထိန်းရခက်တဲ့အရွယ်ပါ အဲဒီထဲကမှ မိန်းကလေးဖြစ်နေပြီဆို ပိုလို့စိတ်ပူရပါတယ်...... ပတ်ဝန်းကျင် မိသားစုအသိုင်းအဝိုင်း ပေါင်းနေတဲ့သူငယ်ချင်း တက်နေတဲ့ကျောင်း အခြေအနေမျိုးစုံက သူတို့အပေါ်လွှမ်းမိုးမှုရှိနေတာဆိုတော့ ကောင်းမွန်တဲ့ဘဝလေးပိုင်ဆိုင်ရစေဖို့ နည်းလမ်းပေါင်းစုံနဲ့ထိန်းကျောင်းလမ်းပြပေးရတဲ့အရွယ်ပါ......ဒီဇာတ်လမ်းထဲမှာပါတဲ့ အယ်မာဆိုတဲ့ အထက်တန်းကျောင်းသူလေးကတော့ ကျောင်းရဲ့ အော့ကြောလန်ငဆိုးမလေးတစ်ယောက်ပါ..... အိမ်မှာလည်း သိပ်အစေးမကပ်တဲ့အပြင် စာကိုလည်းသိပ်စိတ်မဝင်စားပါဘူး...... ဆေးခြောက်ရှူတယ် ဆေးလိပ်သောက်တယ် သူငယ်ချင်းတွေနဲ့ ပါတီ ကလပ်တက်တယ်...... အဲဒီမှာ သူ့အချစ်ဆုံး သူငယ်ချင်း ဂရတ်တာရဲ့ အစ်ကို ကို သူက ကြိတ်ကြွေနေတော့ ဂရတ်တာ့အစ်ကို ရှိတဲ့ပါတီကို အသက်မပြည့်သေးပေမဲ့ ကြံဖန်လုပ်ပေးထားတဲ့ လက်မှတ်နှစ်စောင်နဲ့ ရောက်သွားကြတယ်..... အဲဒီမှာပဲ အရက်အပြင် မော်လီဆိုတဲ့ ဆေးပါချမိရင်း သူ့သူငယ်ချင်းအစ်ကို ကို သူကပဲစပြီး ဇာတ်လမ်းဆင်ပါတော့တယ်...... သူ့သူငယ်ချင်းအစ်ကိုက စိတ်မဝင်စားကြောင်းပြောတော့ ...
7.846
TMDb: 7.846/10 231 votes
tv

Raising Voices (2024)

2024
Supacell (2024) 6.96
Supacell (2024)   Netflix ကနေ လက်ရှိထွက်ထားတဲ့ Scifi ဇာတ်လမ်းတွဲအသစ်ပါ Rating အမြင့်တဲ့ ဇာတ်လမ်းတည်ဆောက်ပုံက အတော်လေးစိတ်ဝင်စားဖို့ကောင်းပါတယ်ဇာတ်လမ်းအညွှန်းကိုပြောရရင်...လန်ဒန်က သွေးကလာပ်ဆဲရောဂါဖြစ်နေတဲ့ လူမည်းအများစုမှာရုတ်တရက် အစွမ်းတွေရလာပါတယ်...အဲ့ဒီအထဲမှာ ဘဝကိုအေးအေးဆေးဆေးဖြတ်သန်းနေတဲ့ မိုက်ကယ်အပါအဝင်ပဲ.. တစ်နေ့ပစ္စည်းပို့ရင်း လမ်းဘေးဂိုဏ်းတစ်ခုက ဓားထိုးခံလိုက်ရပြီး သေရာပြန်ရှင်ကာ အစွမ်းတွေရလာပါတယ်သူ့အစွမ်းကအနာဂတ်ကို အချိန်ခရီးသွားနဲ့ တယ်လီပို့နိုင်ခြင်းပါ...ဒါပေမယ့် သူ့လိုမျိုး အစွမ်းတွေရလာတဲ့ လူပေါင်းစုံနဲ့ အနာဂတ်က ဖြစ်ရပ်ဆိုးကြီးကို တားဆီးဖို့ လိုအပ်လာတဲ့အတွက် ကျန်တဲ့လူတွေကို လိုက်စည်းရုံးဖို့လိုလာပါပြီ... ဒီအစွမ်းတွေရဲ့ နောက်ကွယ်က ဘယ်သူလဲ..ဘာကြောင့်အစွမ်းတွေရလာတာလဲဆိုတာကိုတော့ Supacell ဆိုတဲ့ ဇာတ်လမ်းတွဲမှာ စိတ်ဝင်တစားဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်(အညွန်းကိုတော့ Thiha Yan Naing ကရေးသားထားပါတယ်) File size…(1 GB)/(500 Mb) Quality….WEB-DL 1080p / 720p Format…mp4 Duration….01:00:00 Genre... Action, Adventure, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Thiha Yan Naing, Pyi Ti Nyein Download Links Episode ...
6.96
TMDb: 6.96/10 25 votes
tv

Supacell (2024)

2024
Thank You, Next (2024) 8
Thank You, Next (2024)   လေလာ ဟာရှေ့နေမလေးတစ်ယောက်ဖြစ်ပြီး သူ့ဦးလေးတည်ထောင်ထားတဲ့ Firm မှာအလုပ်လုပ်ပါတယ်။ မကြာသေးခင်ကမှ ရည်းစားနဲ့ပြတ်စဲထားပြီး အဲ့ဒီရည်းစားကိုဖြတ်ပြီးပြီးချင်း စိတ်ပြေလက်ပျောက်ထွက်ခဲ့တဲ့ အပန်းဖြေခရီးမှာ စားဖိုမှူးလူချောတစ်ယောက်နဲ့တွဲခုတ်ဖြစ်ခဲ့ပါသေးတယ်။ပြန်ရောက်ရောက်ချင်း သူကိုင်ရတဲ့အမှုက နာမည်ကျော်လူငယ်သန်းကြွယ်သူဌေးတစ်ဦးရဲ့ဇနီးနဲ့ကွာရှင်းပြတ်စဲမှုဖြစ်ပါတယ်။ အဲ့ဒီအမှုမှာသူက ဇနီးသည်ဘက်ကဆိုပေမယ့် တစ်ဖြည်းဖြည်းအမှုထဲမှာပါဝင်ပတ်သက်သူတွေနဲ့ ရင်းနှီးလာအကြောင်းသိလာချိန်မှာ သန်းကြွယ်သူဌေးလူချောနဲ့ သူဟာ ဘုဘောက်ကျရာကနေ ပြေလည်လာသလို၊ အချင်းချင်းနားလည်စပြုလာပါတယ်။တချိန်တည်းမှာပဲ ပြတ်စဲခဲ့တဲ့ ရည်းစားဟောင်းက ဇွဲမလျှော့သေးပဲအမြဲတမ်းအနားမှာရှိနေတဲ့အခါ လူချောသုံးယောက် လေလာတစ်ယောက် ဇာတ်လမ်းစတင်ပါတော့တယ်။ ဇာတ်လမ်းကို non linear ပုံစံနဲ့သွားထားပြီး ဇာတ်ရဲ့အဖွင့်ဟာ ဇာတ်သိမ်းဖြစ်နေတာကိုတွေ့ကြရပါလိမ့်မယ်။ အဲ့ဒါကိုဇာတ်ထဲမှာဖြည်းဖြည်းချင်း ဖြည်ချသွားတာပါ။ ဇာတ်ကိုလည်း လူ့မလိုင်အထက်တန်းလွှာတွေထဲမှာပဲ ဖွဲ့စည်းထားပြီး ပျော်စရာ အားကျစရာ သွားရည်ယိုစရာ လူနေမှုဘ၀တွေ ရှုခင်းလှလှတွေ အမိုက်စားဝတ်စုံတွေ မင်းသားမင်းသမီး ချောချောလှလှတွေကိုတစ်၀ကြီးငေးရမှာဖြစ်တဲ့အတွက် စိတ်ကူးယဉ်လို့လည်းကောင်းမှာပါ။ရှုစားကြည့်ကြပါ။ File size…(850 Mb)/(470 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….0o:45:00 Genre... Comedy, Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by ...
8
TMDb: 8/10 17 votes
tv

Thank You, Next (2024)

2024
The Whirlwind (2024) [Complete]
The Whirlwind (2024) [Complete] The Whirlwind (2024)**********************အပိုင်းသစ် (၁ မှ ၁၂) စ/ဆုံး ဒီဇာတ်လမ်းလေးထဲမှာတော့ မင်းသားကြီး Sol Kyung-gu နဲ့မင်းသမီးကြီး Kim Hee-ae တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြပြီးဝန်ကြီးချုပ်နဲ့ ဒုတိယစီးပွာရေးဝန်ကြီးချုပ်ကြားက နိုင်ငံရေးပဋိပက္ခတွေအကြောင်းကိုရိုက်ကူးထားတဲ့ နိုင်ငံရေးဇာတ်လမ်းလေးတစ်ခုပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းPark Dong-ho ဆိုတဲ့လူကတော့ ကိုရီးယားနိုင်ငံရဲ့ ဝန်ကြီးချုပ်တစ်ယောက်ပဲဖြစ်ပြီးစီးပွားရေးလုပ်ငန်းများစွာကို လက်ဝါးကြီးအုပ်ခြယ်လှယ်နေကြတဲ့ အင်အားကြီးမားတဲ့လူချမ်းသာမိသားစုတွေနဲ့ ပေါင်းပြီး  မကောင်းမှုတွေလုပ်နေတဲ့ အကျင့်ပျက်ခြစားတဲ့သမ္မတကိုအပြစ်ပေးပြီး နိုင်ငံရေးလောကကို ပြောင်းလဲချင်တဲ့သူတစ်ယောက်ပါ။Jeong Su-jin ကတော့  ဝန်ကြီးချုပ် Park Dong-ho ရဲ့ အကျင့်ပျက်ခြစားတဲ့လူတွေကိုအမြစ်ဖြတ်မယ့် အစီအစဉ်ကို ဆန့်ကျင်တဲ့ ဒုစီးပွားရေးဝန်ကြီးချုပ်တစ်ယောက်ဖြစ်ပြီးနှစ်ဖက် သဘောထားမတူရာကနေ အချင်းချင်း ထိပ်တိုက်ရင်ဆိုင်လာကြတဲ့အခါမှာတော့...သူတို့နှစ်ဦးကြားကဖြစ်ပေါ်လာတဲ့ ပဋိပက္ခတွေကို ဘယ်လိုဖြေရှင်းသွားကြမလဲ..။Park Dong-ho ကရော အကျင့်ပျက်ခြစားတဲ့သမ္မတကို အပြစ်ပေးနိုင်မလား...။Jeong Su-jin ကရော Park Dong-ho ကို တားဆီးပြီးတော့ အာဏာကိုပြန်ယူနိုင်သွားမလားဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ဒီနေ့မှာ ၁၂ ပိုင်းလုံးထွက်ရှိသွားမှာဖြစ်လို့ CM ပရိတ်သတ်ကြီးတို့လက်မလွှတ်တမ်း ...

The Whirlwind (2024) [Complete]

2024
Doctor Climax (2024)
Doctor Climax (2024) ဒေါက်တာကျော်ကြီး (၂၀၂၄)မြန်မာပရိသတ်တွေ အသည်းစွဲဖြစ်တဲ့ P'Terရဲ့ရုပ်ရှင်တွေအကြောင်းပြောရမယ်ဆိုရင်တော့ ထိပ်ဆုံးကနေသတိရမိမှာ Lieutenant Opasနဲ့ATMပါပဲ။ ဟာသဇာတ်ရုပ်မှာ သူမတူအောင် ပရိသတ်ကိုညှို့ယူနိုင်လွန်းတဲ့ Ter Chantavitရဲ့ comedy dramaကားသစ်လေးဖြစ်တဲ့ Dr Climaxလေးကို ခုပဲတင်ဆက်ပေးလိုက်ပါရစေခင်ဗျာ။1970နှောင်းပိုင်းကာလ တစ်နည်းပြောရရင် လူတွေလည်း Sex eduနဲ့ပတ်သက်ရင် ပွင့်လင်းမြင်သာမှုတွေမရှိတဲ့ကာလလေးတစ်ခုမှာ လူတွေက သူတို့ရဲ့sex lifeပြဿနာတွေကို ပေါ်တင်ဖွင့်ဟမတိုင်ပင်ရဲတဲ့အချိန်လေးမှာ ဇာတ်လမ်းတည်ထားတာဖြစ်ပြီးဒီအချိန်မှာ စွန့်စားခန်းဝတ္ထုစာရေးဆရာဖြစ်ချင်တဲ့ အရေပြားနဲ့ လိင်ကတစ်ဆင့်ကူးစက်တဲ့ရောဂါ အထူးကုဆရာဝန် ဒေါက်တာနက်တစ်ယောက် ဒေါက်တာကျော်ကြီးဆိုတဲ့ကလောင်နာမည်နဲ့ sex eduကို ပါးပါးလေးပုတ်တဲ့ဆောင်းပါးတွေရေးတဲ့ ကလောင်ရှင်လုပ်ဖို့ ဆုံးဖြတ်လိုက်တဲ့အခါ....Sex eduဆိုတာကို လက်မခံသေးတဲ့ကာလက ရှေးရိုးစွဲလူတွေနဲ့ တစ်ဖက်က တိုင်ပင်ဖော် ရင်ဖွင့်ဖော်ရသွားလို့ အားကိုးချင်တဲ့လူတွေအကြား ဒေါက်တာနက်နဲ့သူ့ရဲ့အလွဲလေးတွေကို စိတ်ဝင်တစားရှုစားရမှာဖြစ်လို့ ခုပဲကြည့်ရှုစားလိုက်ရအောင်ပါ။(Sex educationဆိုတော့ အတန်ငယ်ကြမ်းတဲ့စကားလုံးလေးတွေ ဖောဖောသီသီပါဝင်မှာဖြစ်လို့ လူများများနဲ့ ၁၈ ယောက်စုကြည့်ဖို့တော့ အကြံပြုလိုက်ပါတယ်။)အညွှန်းကိုတော့ Mary Christ က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ CM Thai Team ပဲ ဖြစ်ပါတယ်။Genre..... Drama, Comedy Quality…. 1080p | 720p File size… 600MB ...

Doctor Climax (2024)

2024
Bridgerton Season 1+2+3 (2020) (17+) 8.2
Bridgerton Season 1+2+3 (2020) (17+)  ၁၈၀၀ ခုနှစ်များဆီက အင်္ဂလန်ပြည်ရဲ့ ကြေးရတတ် အထက်တန်းလွှာများကြားမှာ မယ်မယ်ရရ အပျင်းဖြေစရာ လုပ်စရာရယ်ဆိုလို့ အတင်းအဖျင်း ပြောကြတာ သမီးတွေ လင်ကောင်းသားကောင်းရဖို့ စပ်ကြ ဟပ်ကြတာတွေပဲ ရှိပါတယ်ဒီထဲမှာမှ အထူးသဖြင့် မုဆိုးမ လေဒီဘရစ်ဂျာတန် နဲ့ မျက်နှာချင်းဆိုင် ဖယ်သရင်တန်တော် အိမ်တော်က မျက်နှာပေါက်ဆိုးဆိုး သမီးတွေပိုင်ဆိုင်တဲ့ လေဒီဖယ်သရင်တန်တို့ကတော့ လန်ဒန်မြို့ရဲ့ အသုံးတော်ခံပါဒီထဲမှာ အပျော်အပါး အလွန်နှစ်ခြိုက်တော်မူတဲ့ အပျင်းဖြေရအောင် အမြဲ ပါတီပေး ပွဲခံနေတတ်တဲ့ ဘုရင်မကြီး ချားလော့ကတော့ ဒီဇာတ်လမ်းရဲ့ မပါမဖြစ် ဇာတ်ကောင်ပါအတင်းအဖျင်းသတင်းတွေ လှိုင်လှိုင်လွှမ်းခြုံထားတဲ့ လန်ဒန်မြို့တော်ကြီးမှာ နောက်ထပ် မပါမဖြစ်ကတော့ လန်ဒန်တစ်မြို့လုံး အပ်ကျတာကအစ သိတဲ့ လျှို့ဝှက်ချက်ပေါင်းစုံတို့ရဲ့ ကဝေ စာရေးဆရာမကြီး လေဒီဝှစ်ဆယ်ဒေါင်းပါပဲဒီဇာတ်လမ်းမှာ အရေးကြီးဆုံး အလှည့်အပြောင်းမျိုးစုံနဲ့ ရိုးမန့်စ်ခင်းကြမယ့် စုံတွဲကတော့ မကြာသေးခင်ကမှ အမွေဆက်ခံလာတဲ့ ပူပူနွေးနွေး နယ်စားလေး ဆိုင်မွန်နဲ့ ဘရစ်ဂျာတန် အိမ်တော်က ...
8.2
TMDb: 8.2/10 1328 votes
tv

Bridgerton Season 1+2+3 (2020) (17+)

2020
Sweet Tooth Season 3 7.837
Sweet Tooth Season 3 [ဇာတ်ကြောင်းနားလည်ဖို့ ရှေ့စီစန်တွေကို ကြည့်ဖို့ လိုအပ်ပါတယ်]အားလုံးချစ်တဲ့ သမင်တစ်ပိုင်းလူတစ်ပိုင်း ဆွိတုလေး ပြန်လာပါပြီ CM ပရိသတ်ကြီးရေ။စီစန်သရီးမှာတော့ ... The Sick ဆိုတဲ့ ‌ကူးစက်ရောဂါကြီးကြောင့် လူသားမျိုးနွယ်တစ်ခုလုံး မျိုးသုဉ်းဖို့ ရက်ပိုင်းလောက်သာ ကျန်တော့တဲ့ အခြေအနေဖြစ်လို့နေပါပြီ။ Sick အတွက် ဖြေဆေးကို ရှာဖို့ အဖွဲ့ပေါင်းစုံကလည်း ပထမဆုံး hybrid ဖြစ်တဲ့ ဆွိတုလေးကို အသည်းအသန် လိုက်ရှာ ဖမ်းဆီးဖို့ ပြင်ဆင်နေကြပါပြီ။ဆွိတုလေးဟာလည်း ဖြေဆေးရှာပေးနိုင်မယ်လို့ ယုံကြည်တဲ့ သူ့အမေရှိရာ အလက်စကာကို ခရီးဆက်ဖို့ ကြိုးစားလို့နေပါတယ်။ ဒီတော့ ဒီအန္တရာယ်တွေကြားကနေ ဆွိတုလေး လွတ်မြောက်သွားမလား။ လူသားတွေနဲ့ မျိုးစပ်တွေကြား ဘယ်လို သဘောထားတွေ ကွဲလွဲပြီး ဘာတွေ ဆက်ဖြစ်ကြမလဲဆိုတာ ကြည့်ရှူအားပေးကြပါဦး။File Size – 600MB (Appx;)@EpisodeQuality – 1080p WEB DLDuration –45minute (@Episode)Total Episodes:8EpsSubtitle – Myanmar HardsubFormat – Mp4Genre ...
7.837
TMDb: 7.837/10 1349 votes
tv

Sweet Tooth Season 3

2024
Eric (2024) 7.105
Eric (2024) ဗင်းဆင့်ဟာ အင်မတန် အရည်အချင်းရှိတဲ့ ရုပ်သေးဆရာတစ်ယောက်ဖြစ်ပြီးတော့ Good Day Sunshine ဆိုတဲ့ ရုပ်သေးတီဗွီအစီအစဉ်ကို ဖန်တီးခဲ့သူတစ်ဦးဖြစ်ပါတယ်။ သူ့မှာ ဇနီးဖြစ်သူ ကက်ဆီနှင့် အက်ဂါဆိုတဲ့ တအားလိမ္မာတဲ့ သားလေးတစ်ယောက်လည်း ရှိပြီးတော့ အဖက်ဖက်က ကြည့်ရင် သာယာစိုပြေတဲ့ အိမ်ထောင်ရေးနှင့် မိသားစု ဘဝကို ပိုင်ဆိုင်ထားသူပေါ့။ ဒါပေမဲ့ ဗင်းဆင့်ဟာ အရမ်း အတ္တကြီးပြီးတော့ သူ့ဘေးပတ်ဝန်းကျင်က မိသားစုဝင်၊ လုပ်ဖော်ကိုင်ဖက် အားလုံးကို သူ့စိတ်ထဲမှာ အကောင်းဆုံးဖြစ်မယ့်ပုံစံကို အတင်းသွပ်သွင်း၊ တခြားလူရဲ့ ထင်မြင်ချက် အတွေးအမြင်ကို ဂရုမစိုက်ပဲ သူအထင်အမြင်၊ သူလုပ်တာသာ အကောင်းဆုံးဆိုပြီးတော့ လူတိုင်းကို အတ္တနဲ့ လွမ်းမိုးတတ်သူပါ။တစ်နေ့မှာတော့ သားလေးဖြစ်သူ အက်ဂါဟာ ဗင်းဆင့်ရဲ့ ရုပ်သေးအစီအစဉ်အတွက် သူစိတ်ကူးနဲ့ ဆွဲထားတဲ့ ရုပ်သေးသတ္တဝါကြီး အဲရစ်ကို ဗင်းဆင့်ကို ပြခဲ့ပေမယ့် ဗင်းဆင့်က သူ့သားလေးရဲ့ ကြိုးစားအားထုတ်မှုကို လက်သင့်မခံပဲ ...
7.105
TMDb: 7.105/10 62 votes
tv

Eric (2024)

2024
Hierarchy (2024) [Complete]
Hierarchy (2024) [Complete] Hierarchy (2024)*****************အပိုင်းသစ် (၁ မှ ၇) စ/ဆုံး Netflixမှ ထုတ်လွှင့်သွားမယ့် အချောလေးတွေကိုတစ်စုတစ်စည်းတည်း ကြည့်ရှုလို့ရမယ့် "Hierarchy"ဇာတ်လမ်းတွဲမှာတော့ Crash Course in Romance"မှမင်းသား Lee Chae Min, "18 again "မှ မင်းသမီးလေးRoh Jeong Eui, "Our Blues" မှ မင်းသား Kim Jae Won တို့အပြင်တခြားလူငယ်သရုပ်ဆောင်များစွာ ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဥ်း-ဂျူရှင်းလုပ်ငန်းစုမှ တည်ထောင်ထားတဲ့ ဂျူရှင်းအထက်တန်းကျောင်းဟာတောင်ကိုရီးယားရဲ့ ဂုဏ်သတင်းအကြီးမားဆုံး ကျောင်းတစ်ကျောင်းဖြစ်ပြီးမွေးကင်းစကတည်းက အရွေးချယ်ခံထားရတဲ့ကျောင်းသားတွေသာဒီကျောင်းမှာတက်ရောက်လို့ရတဲ့အထိ ကြီးကျယ်လှပါတယ်။အဲဒီလိုကျောင်းကို ခြယ်လှယ်နေတာတော့ ဂျယ်ယူးလ်လုပ်ငန်းစုရဲ့တစ်ဦးတည်းသောသမီး ဂျွန်ဂျယ်အီ(Roh Jeong Eui),ဂျူရှင်းလုပ်ငန်းစုရဲ့ ဆက်ခံသူ ဂင်ရီအန်း(Kim Jae Won),ယွန်း နိုင်ငံတကာကုန်သွယ်ရေးကုမ္ပဏီရဲ့ အငယ်ဆုံးသမီး ယွန်းဟီရာ (Ji Hye Won),နိုင်ငံရေး အာဏာရှိတဲ့မိသားစုမှ သားလတ် အီဝူဂျင်း(Lee Won Jung)တို့ပဲဖြစ်ပါတယ်။ဒါပေမဲ့ တစ်နေ့မှာတော့ သာမန်ကောင်လေးတစ်ယောက်ဖြစ်တဲ့ဂန်ဟာ(Lee ...

Hierarchy (2024) [Complete]

2024