Channel Myanmar

Netflix

Welcome to Eden (2022) 6.7
Welcome to Eden (2022) Welcome to Eden (2022) Season 1 ဇာတ်လမ်း အညွှန်း=======================လူငယ်လေး တစ်စုဟာ တစ်ရက်မှာ video clip လေးတစ်ခုကို အကြောင်းပြုပြီး သီးသန့်ပါတီပွဲကို ဖိတ်ကြားခံရပါတယ်။ဒါကမထူးဆန်းသေးပါဘူး။ဒါပေမဲ့ ထူးဆန်းတာက ဖိတ်ကြားခံရတဲ့ ပါတီက "ဧဒင်" လို့ အမည်ရတဲ့ ကျွန်းလေးတစ်ကျွန်းမှာ လုပ်မှာပါ။နောက်ပြီး ဒီပွဲကိုတက်တဲ့အခါ လိုက်နာရမယ့် စည်းကမ်းတွေကိုလည်း . စာချုပ်နဲ့ချုပ်ပြီး သဘောတူထားရပါသေးတယ်။ စာချုပ်အရဆိုရင် ဘယ်အသိမိတ်ဆွေကိုမှ ခေါ်လို့မရသလို ဆက်သွယ်ရေး ပစ္စည်းတွေကို ပေးမယူပါဘူး။ ဒါတွေကိုလိုက်နာနိုင်ရင်တော့ တက်ခွင့်ရမယ့် ပါတီကတော့ တကယ့်အမိုက်စားပါပဲ။ ခရီးစဥ်တစ်လျှောက်လုံးကိုလည်း ကုန်ကျစရိတ်အားလုံး ကျခံသွားမှာဆိုတော့ သဘောမကျမယ့်သူ ရှိမယ်မထင်ပါဘူး။ဒါပေမဲ့ ဒီပါတီပွဲက ဘာရည်ရွယ်ချက်နဲ့ ကျွန်းပေါ်မှာမှ ရွေးပြီး လုပ်ရတာလဲ။ ဖိတ်တဲ့အခါမှာလည်း ဘာလို့ လျှို့ဝှက်သဘောတူရတာတွေရှိနေရတာလဲ။ အဖိတ်ခံရတဲ့လူငယ်တွေကလည်း နေ့စဥ်ဘဝမှာ အစွန့်ပစ်ခံ အပယ်ခံတွေကိုမှ ရွေးဖိတ်ထားတာပါ။ တစ်နည်းအားဖြင့် စိတ်ဒဏ်ရာတွေရှိနေတဲ့ လူငယ်တွေချည်း ရွေးဖိတ်တာကလည်း မေးခွန်းထုတ်စရာပါ။တကယ်ပဲရောက်သွားတဲ့အခါမှာ သူတို့ကို စောင့်ကြည့်နေမယ့် လူတစ်စုရှိနေတဲ့အခါ....ဧဒင်ဟာ လောကနိဗ္ဗာန်လား ..... ဒါမှမဟုတ် ငရဲဘုံလား ...
6.7
TMDb: 6.7/10 18 votes
tv

Welcome to Eden (2022)

2022
The Sound of Magic(2022)
The Sound of Magic(2022) The Sound of Magic(2022) ဇာတ်လမ်းတွဲအညွှန်း**************************************အပိုင်း( ၁ မှ ၆) အထိ စ/ဆုံးYoon Ah Yi ဆိုတဲ့ကောင်မလေးဟာ အသက်အရွယ်နဲ့မလိုက်အောင် ခက်ခဲတဲ့ဘဝကိုဖြတ်သန်းနေရတယ်...ငွေကြေးမပြည့်စုံတော့ အချိန်ပိုင်းအလုပ်နဲ့  ကျောင်းပြေးတက်နေရသလိုကျောင်းမှာလည်း မပြေလည်မှုများစွာနဲ့ပေါ့...ဒါပေမဲ့ အောင်မြင်ချင်တဲ့စိတ်ကြောင့်အရမ်းကြိုးစားခဲ့သလို ထိပ်တန်းအဖွဲ့တည်းကိုလည်း စာရင်းဝင်လာတယ်...တစ်နေ့တော့ ပိတ်ထားတဲ့ပန်းခြံတစ်ခုမှာ မမျှော်လင့်ဘဲရောက်သွားရင်း ခပ်ဆန်းဆန်း မှော်ဆရာတစ်ယောက်နဲ့ကြုံတွေ့ရတဲ့အခါမှာတော့အပိုင်း (၆)ပိုင်းလုံးထွက်ရှိလာတာမို့  ဆက်တိုက်ကြည့်ရမှာဖြစ်ပါတယ်...Episodes: 6Duration: 65 MinQuality :Web-DL1080p5.1ch, 720pGenres:  Fantasy , DramaTranslated by  EiPhyu Khin , Hnin Pale , ThynnNuSwe  & Hay Thar OoEncoded by  Phyo Pyae   Episode 1 720P(500MB)>>>> UsersDrive   | Yoteshin |     MegaUp    |     Mega.NZ    | StreamSB ...

The Sound of Magic(2022)

2022
The 7 Lives of Lea (2022) 8.5
The 7 Lives of Lea (2022) The 7 Lives of Lea (2022)ဒီဇာတ်လမ်းတွဲက​တော့ Netflixက​နေ တင်ဆက်ထားတဲ့ ပြင်သစ် Crime Drama ဇာတ်လမ်းတွဲဖြစ်ပြီး IMDbအ​နေနဲ့ 7.1ရရှိထားပါတယ်၊ Total Episodesအ​နေနဲ့ ၇ပိုင်းပါဝင်ပြီး တစ်ပိုင်းပြီးတစ်ပိုင်း ဆက်တိုက်တင်ဆက်​ပေးသွားမှာပါ။ဇာတ်လမ်းအကျဉ်းက​တော့ လီယာဆိုတဲ့ ​ကောင်မ​လေးဟာ ပါတီပွဲတစ်ခုမှာ မူးရူး​ပျော်ပါးရင်း ​​သေဆုံးတာနှစ်​ပေါင်းများစွာကြာပြီဖြစ်တဲ့ အ​ရိုးစုတစ်စုကို ​သွား​တွေ့ပါတယ်၊ အဲဒီအရိုးစုဟာ ဘယ်သူဘယ်ဝါဆိုတာ ​​ဖော်ထုတ်ဖို့ကြိုးစားရင်း လီယာတစ်​ယောက် အိပ်​​ပျော်သွားပြီး ​​နောက်တစ်ရက် ပြန်နိုးလာချိန်မှာ ၁၉၉၁ခုနှစ်ကို ​အစ္စ​မေးဆိုတဲ့ ​ကောင်​လေးအ​နေနဲ့ ​ရောက်ရှိ​နေတာပါ၊ အစ္စ​မေးရဲ့ ခန္ဓာကိုယ်ထဲမှာ တစ်ရက်တာရှင်သန်ရင်း ပစ္စုပ္ပန်ကာလမှာ သူ​ရှာတွေ့ခဲ့တဲ့အ​လောင်းဟာ အစ္စ​မေးဖြစ်​နေ​ကြောင်း သိရှိပြီး ပြန်နိုးလာပါ​တော့တယ်။ဒါ​ပေမဲ့လီယာတစ်​​ယောက် အစ္စ​မေးအ​ဖြစ် တစ်ရက်ပဲနေခွင့်ရလိုက်ပြီး ​ နောက်​နေ့အိပ်ရာနိုးချိန်မှာ​ အ​​မေဖြစ်သူကာရင်းရဲ့ ၁၉၉၁ဗားရှင်းထဲ ​ရောက်​​​နေပြန်ပါတယ်၊ မိဘ၂ပါးဖြစ်တဲ့ စတက်ဖန်နဲ့ကာရင်းက အစ္စ​မေးနဲ့ သူငယ်ချင်း​တွေမှန်း သိလိုက်ရ​တဲ့​နောက် တစ်ညကို တစ်ဘဝစီ အိပ်မက်ကမ္ဘာထဲမှာ စုံစမ်းရင်း အစ္စ​မေးအမှုနဲ့ပတ်သတ်​နေတဲ့ လူ ၇​​ယောက်ရဲ့ ၇ဘဝတိတိ လီယာတစ်​ယောက် အချိန်ခရီးသွားသလို ကြုံ​တွေ့ခဲ့ရပါတယ်၊ ဒီလိုဘဝ​တွေ​ပြောင်းပြီး အမှုမှန်ကိုစုံစမ်းရင်း လီယာတစ်​ယောက် အစ္စ​မေးကိုသတ်ခဲ့တဲ့ တရားခံကို​ဖော်ထုတ်နိုင်မှာလား၊ အထက်ပါ လူ၇​ယောက်ကြားမှာ ဘယ်လိုပတ်သတ်မှု​တွေရှိခဲ့လဲ၊ အဆိုပါပတ်သတ်မှု​တွေက ...
8.5
TMDb: 8.5/10 2 votes
tv

The 7 Lives of Lea (2022)

2022
Russian Doll – Season 02 7.8
Russian Doll – Season 02 Russian Doll - Season 02==================IMDb Rating - 7.8/10Season 1 မှာ သေလိုက် ရှင်လိုက်နဲ့ တူညီတဲ့မွေးနေ့ပွဲညကိုပဲ ထပ်တလဲလဲဖြတ်သန်းနေခဲ့ရတဲ့ နာဒီယာဟာ အခု Season(2) မှာတော့ အမှတ်(၆)ရထားကိုစီးပြီး သက္ကရာဇ် ၁၉၈၀ ကျော်ကို ပြန်ရောက်သွားခဲ့ပါတယ်။ထူးဆန်းတာက ပြန်ရောက်သွားချိန်မှာ သူကိုယ်တိုင်အနေနဲ့မဟုတ်ပဲ သူ့ကိုကိုယ်ဝန်လွယ်ထားတဲ့ သူ့အမေကိုယ်ထဲရောက်သွားခဲ့တာဖြစ်ပြီး သူဘယ်သွားသွား လူတွေက သူ့အမေနိုရာအဖြစ်ပဲ မြင်နေကြတာပါ။ သူ့အမေဖြစ်သူ နိုရာက စိတ်ကစဉ့်ကလျားရောဂါကိုခံစားနေရတာဖြစ်ပြီး သူ့အဖွားရဲ့ရွှေဒင်္ဂါးတွေကို ခိုးပြီး အကုန်လျှောက်သုံးခဲ့ပါတယ်။ နောက်ပြီးမိသားစုဆီက အမွေလိုချင်တဲ့နာဒီယာလည်း အဲဒီရွှေဒင်္ဂါးတွေကို ရေဆုံးမြေဆုံးလိုက်ပြန်ရှာရာက ဘာတွေဆက်ဖြစ်မလဲဆိုတာ ဆက်လက် ကြည့်ရှူခံစားလိုက်ပါဦး။(ဒီစီးရီးရဲ့ အညွှန်းကို May Myat Thu မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေး သူများကတော့ May Myat Thu, Thiha Yan Naing တို့ဖြစ်ပါတယ်။)File Size - (300 MB) Quality – WEBDL 720p Duration - 1Hr (@Episode) Subtitle – Myanmar Hardsub Format ...
7.8
TMDb: 7.8/10 417 votes
tv

Russian Doll – Season 02

2022
Samurai Rabbit: The Usagi Chronicles (2022)
Samurai Rabbit: The Usagi Chronicles (2022) Samurai Rabbit: The Usagi Chronicles (2022)တရုတ်နောက်ခံ နာမည်ကြီးကာတွန်းကားလေးတွေ ထွက်ရှိပြီးနောက်ဒီတစ်ခါမှာတော့ Netflix ကနေ ဂျပန်နောက်ခံ ကာတွန်းစီးရီးလေးတစ်ခု ထွက်ရှိလာပြန်ပါပြီ။ဂျပန်နိုင်ငံကိုနောက်ခံထားပြီး ချစ်စရာတိရစ္ဆာန်လေးတွေနဲ့ ပုံဖော်ထားတဲ့ ဒီစီးရီးလေးမှာတော့လွန်ခဲ့တဲ့နှစ်ပေါင်းတစ်ထောင်လောက်က Yokai ဆိုတဲ့ မကောင်းဆိုးဝါးတွေထဲကအကြမ်းဆုံးတစ်ကောင်ကို MC Yuichi ရဲ့ ဘိုးဘေးဖြစ်သူ ဆာမူရိုင်း Miyanoto Usagi က သတ်ပစ်နိုင်ခဲ့ပါတယ်။  ဒီလိုနဲ့ Yuichi ဆိုတဲ့ ၁၆ နှစ်အရွယ် ယုန်ကလေးကဘိုးဘေးဆာမူရိုင်းရဲ့ လုပ်ဆောင်ချက်ကို အားကျလေးစားပြီးဆာမူရိုင်းဖြစ်လာဖို့အတွက် အိပ်မက်မက်နေပါတော့တယ်။ ဖြစ်ချင်တော့ Yuichi က စိုက်ပျိုးရေးရွာလေးတစ်ခုမှာ အန်တီနဲ့အတူ နေထိုင်ရတော့ ဆာမူရိုင်းဖြစ်ဖို့ဘာမှကြိုးစားခွင့်မရတဲ့အတွက် Neo Edo မြို့တော်ကိုသွားရဖို့ အန်တီကို ခွင့်တောင်းပါတော့တယ်။အန်တီဖြစ်သူက ဆာမူရိုင်းဖြစ်ချင်ရင် ဆရာရှာဖို့ မှာပြီး လွှတ်ပေးလိုက်ပေမဲ့လည်းYuichi တစ်ယောက် ကိုယ့်ကိုယ် အတော်ဆုံးလို့ ထင်မှတ်ပြီး ဆရာ မရှာတဲ့အခါ....မြို့တက်သွားပြီးတော့ ဘယ်လိုအရာတွေ ကြုံရမလဲ၊ ဘယ်လိုတလွဲတွေ ...

Samurai Rabbit: The Usagi Chronicles (2022)

2022
Hold Tight (2022) 6.3
Hold Tight (2022) Hold Tight (2022)=============IMDb Rating - 6.3/10ဒီနေ့အတွက် တင်ဆက်ပေးချင်တာကတော့ Netflix ကနေ April 22 မှာ ပြသသွားတဲ့ Crime, Drama, Mystery အမျိုးအစား Series တစ်ခုပဲ ဖြစ်ပါတယ်။ IMDb Rating အနေနဲ့ 6.3/10 ရရှိထားပြီး အတော်လေး စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်လမ်း ဇာတ်အိမ်ခိုင်တဲ့ စီးရီးတစ်ခုလို့လည်း ပြောလို့ရပါတယ်။ဇာတ်လမ်းအစမှာတင် အီဂေါ်ဟော ဆိုတဲ့ ဆယ်ကျော်သက်ကောင်လေး သေဆုံးသွားခဲ့ပါတယ်။ ဆေးစစ်ချက်အရ မူးယစ်ဆေးဝါးတွေကို ဝိုင်နဲ့ သောက်ခဲ့တာကြောင့် နှလုံးဖောက်ပြီး သေဆုံးသွားတယ်လို့ ဆိုပေမယ့်၊ သူတို့သူငယ်ချင်းကြား လျို့ဝှက်ချက်တစ်ခုရှိနေခဲ့ပါတယ်။အီဂေါ်ဆုံးသွားပြီးနောက် သူ့သူငယ်ချင်း အာဒန်မူမမှန်တာကို အမေဖြစ်သူ အန်နာက ရိပ်မိတာကြောင့် သူ့သားဖုန်းထဲမှာ စပိုင်ဆော့ဝဲလ်တစ်ခုကို ထည့်ထားခဲ့ပါတယ်။ နောက်တော့ ဘာအကြောင်းကြောင့်မှန်းမသိ အာဒန် ပျောက်သွားခဲ့ပြီး အားလုံးနဲ့ အဆက်အသွယ်ဖြတ်သွားခဲ့ပါတယ်။ အဲ့တော့ အာဒန်ဘာကြောင့် ပျောက်သွားတာလဲ၊ ပျောက်သွားရတဲ့ အကြောင်း အရင်းကရော ဘာဖြစ်နိုင်သလဲ။ သူ့သူငယ်ချင်း အီဂေါ်က ဘာကြောင့် သေသွား ခဲ့တာလဲ။ အမေဖြစ်သူ အန်နာက သားဖြစ်သူ ...
6.3
TMDb: 6.3/10 2500 votes
tv

Hold Tight (2022)

2022
Pacific Rim: The Black (2022) Season 2 8.4
Pacific Rim: The Black (2022) Season 2 ကမ္ဘာမြေဟာ ခိုင်းဂျူး လို့ခေါ်တဲ့ မကောင်းဆိုးဝါးတွေရဲ့ ကျူးကျော်ခြင်းကို ခံနေရပါတယ်။လူသားမျိုးနွယ်ဟာ ခိုင်းဂျူးတွေကိုတိုက်ခိုက်ဖို့ ယေးဂါ လို့ခေါ်တဲ့လူပုံစံလက်နက်ကြီးတွေကို တီထွင်ခဲ့ကြပါတယ်။ ခိုင်းဂျူးနဲ့ ယေးဂါတို့ကြားက တိုက်ပွဲတွေကြောင့် မြို့တွေ တစ်မြို့ပြီးတစ်မြို့ပျက်စီးလာပြီးယေးဂါတွေလည်း တစ်စီးပြီးတစ်စီး ကျဆုံးလာတာကြောင့် မြို့ပျက်ကြီးမှာ ကျန်ရစ်ခဲ့တဲ့သူတွေကို ကူကယ်ဖို့ရာလဲ မတတ်နိုင်ကြတော့ပါဘူး။ တေလာနဲ့ ဟေလီတို့ မောင်နှမနှစ်ယောက်ဟာလည်း ကျန်ရစ်သူအချို့နဲ့အတူ ယေးဂါပိုင်းလော့တွေဖြစ်တဲ့မိဘနှစ်ပါးပြန်အလာကို စောင့်မျှော်နေကြပါတယ်။ တစ်နေ့မှာ "အက်လက်စ် ဖျက်ဆီးသူ" လို့ခေါ်တဲ့လေ့ကျင့်ရေးယာဉ်ကို ရှာတွေ့ပြီး မိဘနှစ်ပါးကို ရှာပုံတော် ထွက်ခဲ့ပါတယ်။ လမ်းခရီးမှာ ထူးဆန်းတဲ့ကလေးငယ်တစ်ယောက်နဲ့တွေ့ဆုံခဲ့ပြီး ခရီးတစ်လျှောက် အတူခေါ်လာခဲ့ပါတယ်။ အဲဒီနောက်မှာတော့အဖွဲ့အစည်းတစ်ခုနဲ့ တွေ့ဆုံပြီး ခိုင်းဂျူးတွေကို ပြန်လည်တိုက်ခိုက်နေချိန်မှာ ထူးဆန်းတဲ့ကလေးငယ်လေးဟာခိုင်းဂျူးအသွင်ကို ပြောင်းသွားခဲ့ပြီးနောက် ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့Pacific Rim: the Black Season 2 မှာ စိတ်လှုပ်ရှားဖွယ် စောင့်ကြည့်ရမှာဖြစ်ပါတယ်။ ဇာတ်လမ်းပိုင်း၊ ဇာတ်ကောင်ပိုင်းနဲ့ အက်ရှင်အခန်းတွေဟာ အင်မတန်မှ စိတ်ဝင်စားဖို့ကောင်းပြီးရင်တမမနဲ့ ကြည့်နေရမယ့်အပြင် rating ကလဲ IMDB ...
8.4
TMDb: 8.4/10 311 votes
tv

Pacific Rim: The Black (2022) Season 2

2021
Yakamoz S-245(2022)
Yakamoz S-245(2022) Yakamoz S-245(2022) ဇာတ်လမ်းတွဲအညွှန်း***************************************အပိုင်း (၁ မှ ၇)ထိ စ/ဆုံးNetflix ကနေ အသစ်ထွက်ရှိလာတဲ့ သဘောဝဘေးနဲ့ဆိုင်တာမျိုးတွေသဘောကျတဲ့သူတွေအတွက်စီးရီးသစ် လာပါပြီ။ကျွန်တော်တို့ကမ္ဘာကို အလင်းဓာတ်ပေးနေတဲ့ နေမင်းကြီးဟာနေ့စဥ်နေ့တိုင်း သစ္စာမပြတ်ဘဲ မနက်ဆိုထွက်လာပြီးအလင်းပေး၊ ညဆိုရင် ပြန်ဝင်သွားပြီး အနားယူတယ်လို့ တင်စားကြသတဲ့။နေလုံးကြီးဟာ ကမ္ဘာမြေကြီးရဲ့မိတ်ဆွေအဖြစ် ဒီလိုမျိုးပဲ နေထိုင်လာခဲ့တာဟာနှစ်ပေါင်းဘီလီယံနဲ့ ချီနေခဲ့ပါပြီ။ ဒါပေမဲ့ ဒီလိုမျိုးအကြီးမားဆုံးသော မိတ်ဆွေကြီးက တစ်နေ့မှာ အန္တရာယ်ပြုလာမယ် ဆိုရင်ရော???အဏ္ဏဝါဗေဒပညာရှင် အာမန်ဟာ သုတေသန မစ်ရှင်တစ်ခုအတွက်ရေငုပ်သင်္ဘောပေါ်ကို ရောက်လာခဲ့ပါတယ်။ အာမန်တစ်ယောက် ရေငုပ်သင်္ဘောထဲရှိနေချိန်မှာကမ္ဘာမြေပေါ်ကလူတွေဟာ နေရောင်ခြည်ကြောင့် စတင်သေဆုံးလာခဲ့ပါတယ်။ဒါကြောင့် အသက်ရှင်လွတ်မြောက်ရေးအတွက် ကမ္ဘာမြေပေါ်မှာ ဘာတွေဖြစ်နေလဲဆိုတာကို အာမန်နဲ့ သူရဲ့သိပ္ပံပညာရှင်တွေ အဖြေရှာရတော့မှာပါ။ဒါ့အပြင် စစ်တပ်ရဲ့ မစ်ရှင်အစစ်က ဘာလဲဆိုတာကိုပါ ရှာဖွေရမှာဖြစ်ပြီး အဲဒါကရော အခုလို ဖြစ်ရပ်တွေနဲ့ ပတ်သက်နေမလား???အမှန်တရားကို ရှာဖွေနေရင်းပဲ အာမန်နဲ့ ရေတပ်ရဲ့ဒုဗိုလ်မှူး အူမွတ် တို့ကြားမှာပါ တင်းမာမှုတွေရှိလာခဲ့ပါတယ်။ကမ္ဘာကြီးကို ကယ်တင်ဖို့အတွက် အာမန်တို့အဖွဲ့က ဘယ်လိုကြိုးပမ်းကြမလဲဆိုတာကို ...

Yakamoz S-245(2022)

2022
He’s Expecting (2022) 10
He’s Expecting (2022) He's expecting (2022)ဂျပန်နိုင်ငံကတော့ အလုပ်ဦးစားပေးပြီး တော်ရုံတန်ရုံမိသားစုမထူထောင်ကြတော့တဲ့နိုင်ငံဆိုတာ အားလုံးသိပြီး ဖြစ်မှာပါ။ နောက်ပိုင်း ဂျပန်မှာ မင်္ဂလာပွဲကျင်းပရင်တောင်မှ အစိုးရက ငွေကြေးထောက်ပံ့တာတွေအထိ ရှိလာခဲ့ပါတယ်။ဒီလို အလုပ်ဦးစားပေးတဲ့နိုင်ငံမျိုးမှာ ကလေးမွေးဖွားတယ်ဆိုတာ ရှားပါးတဲ့ကိစ္စ ဖြစ်လာခဲ့ပါတယ်။ သာမန်မိသားစုမှာတောင် ကလေးတစ်ယောက် ပျိုးထောင်ဖို့ဆိုတာ အချိန်အား၊ ငွေအားအပြင် လူအားရောစိုက်ရတာမို့ တကယ်ခက်ခဲပင်ပန်းတဲ့ကိစ္စပါ။ဂျပန်နိုင်ငံနာမည်ကြီး ကြော်ငြာကုမ္ပဏီက ထက်မြက်တဲ့အမျိုးသားဝန်ထမ်း ဟီယာမာတစ်ယောက်... စာရေးဆရာအဖြစ်ရပ်တည်တဲ့ ချစ်သူကောင်မလေး အာခီနဲ့အတူ နေထိုင်ရင်း မထင်မှတ်ဘဲ ကိုယ်ဝန်ရရှိသွားတဲ့အခါ..... ကိုယ်ဝန်ရတာကလည်း ချစ်သူကောင်မလေးမဟုတ်ဘဲ မိမိကိုယ်တိုင် ဖြစ်နေတဲ့အပြင် ကုမ္ပဏီမှာလည်း အရေးကြီးအလုပ်ကိစ္စတွေ ရှိနေပြန်တော့....အမျိုးသားတွေ ကိုယ်ဝန်ဆောင်မှာမဟုတ်ဘူးလို့ ထင်မှတ်ထားတဲ့ ဟီယာမာကတော့ ရှော့ရပြီး ဘယ်လိုတွေဆက်လုပ်မှာလဲဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားစွာ ကြည့်ရှုရမှာ ဖြစ်ပါတယ်။ဒီ series လေးကိုတော့ Netflix က အပိုင်း 8 ပိုင်းနဲ့ ထုတ်လွှင့်တင်ဆက်ထားတာ ဖြစ်ပါတယ်။ ရသစုံခံစားရမယ့်အပြင် မိခင်ဖခင်ဘဝနဲ့ပတ်သက်တဲ့ ပညာပေးတွေလည်း ပါဝင်မှာဖြစ်လို့ အတူတူ အားပေးကြည့်ရှုလိုက်ကြရအောင်နော်။အညွှန်းကိုတော့ Myo Myo Htet က ရေးထားပေးပြီးတော့ဘာသာပြန်ထားတာကတော့ Myo ...
10
TMDb: 10/10 1 votes
tv

He’s Expecting (2022)

2022
Russian Doll – Season 01 7.5
Russian Doll – Season 01 Russian Doll - Season 01=================IMDb Rating - 7.8/10ယခု CM ကနေ တင်ဆက်ပေးမယ့် Drama/ Comedy စီးရီးလေးဟာ 2019 ခုနှစ်က ထွက်ရှိထားတဲ့ စီးရီးကောင်းတစ်ခုဖြစ်ပြီး မကြာခင်လည်း Season 2 ထွက်ရှိမှာဖြစ်လို့ Season 1 ကို ဦးစွာတင်ဆက်ပေးလိုက်ရပါတယ်။ ဇာတ်ဆောင်မင်းသမီးဖြစ်တဲ့ Natasha Lyoone ဟာ ဒီဇာတ်လမ်းတွဲအတွက် စာရေးဆရာနဲ့ ဒါရိုက်တာပိုင်းမှာ ကိုယ်တိုင်ပါ၀င်ခဲ့ပါတယ်။ဒီစီးရီးထဲမှာတော့ သူဟာ နာဒီယာလို့ ခေါ်တဲ့ အမျိုးသမီးတစ်ယောက်ပါ ။ ဆော့ဖ်ဝဲ အင်ဂျင်နီယာတစ်ယောက်အနေနဲ့ ဘ၀ကို အလေးအနက်မထား ပေါ့ပေါ့ပါးပါးပဲ ဖြတ်သန်းနေသူတစ်ယောက် ၊ အချစ်ရေး အိမ်ထောင်ရေး တွေမှာလည်း အယုံအကြည်မရှိတဲ့သူပေါ့ ။ ဒီလိုလူတစ်ယောက်ဆီကို စကြာ၀ဠာကြီးက လမ်းကြောင်းပြန်တည့်မတ်ပေးဖို့ ဖြစ်လာတဲ့အခါ နာဒီယာတစ်ယောက် သူ့ရဲ့မွေးနေ့ပွဲညတစ်ညမှာ မမျှော်လင့်ထားတာတွေ ဖြစ်လာရတော့မယ် အလေးအနက် မထားချင်လည်း ထားရမယ့် ကိစ္စတွေ ရှိလာရတော့မယ်။ ဖြစ်ပုံက နာဒီယာဟာ သေလိုက် ရှင်လိုက်နဲ့ တူညီတဲ့မွေးနေ့ပွဲညကိုပဲ ထပ်တလဲလဲဖြတ်သန်းနေရတာပါပဲ ။ ပေါ့ပျက်ပျက်မိန်းမသား နာဒီယာ တစ်ယောက် ...
7.5
TMDb: 7.5/10 396 votes
tv

Russian Doll – Season 01

2019
Mai: A Mother’s Rage (2022) 9.7
Mai: A Mother’s Rage (2022) Mai: A mother's rage (2022)ဒီဇာတ်ကားလေးကတော့ Netflix ကနေပူပူနွေးနွေးထွက်ရှိထားတဲ့မှုခင်းဒရမ်မာကားလေးဖြစ်ပြီးတော့ IMDB ကလည်း 8.1ထိရထားတာမို့ ကြည့်မကောင်းမှာလည်း စိတ်မပူပါနဲ့နော်ဇာတ်လမ်းအကျဉ်းလေးကတော့တစ်နေ့မှာ Sheel နဲ့ သမီးဖြစ်သူ Supriya က လမ်းလယ်ခေါင်မှာကတောက်ကဆစကားများကြရင်းနဲ့ သမီးဖြစ်သူကကိုယ့်မျက်စိရှေ့တင်ကားတိုက်ခံရပြီးဆုံးပါးသွားခဲ့ပါတယ်တရားရုံးကလည်း မူးယစ်ရင်းကားမောင်းမှုကြောင့်ကျူးလွန်မိတာဆိုပြီး ‌ဒရိုင်ဘာကိုထောင်ချခဲ့ပေမဲ့Sheel ဟာ အမှုက တစ်ခုခုလွဲမှားနေတာကို သတိထားမိလာခဲ့ပါတယ်Sheel ဟာ မိသားစု၀င်တွေအတန်တန်တားကြတဲ့ကြားက အမှန်တရားကိုကိုယ်တိုင်ဖော်ထုတ်ဖို့ကြိုးစားရင်းနဲ့ သမီးဖြစ်သူရဲ့လူသတ်မှုမှာနိုင်ငံရေးသမားဖြစ်တဲ့ Jawahar ပါ၀င်နေတာကို သိလိုက်ရတဲ့အချိန်မှာSheel တစ်ယောက် သမီးအတွက် ဘယ်လိုလက်စားချေမလဲအဲလူသတ်မှုမှရောနိုင်ငံရေးသမားအပြင် ဘယ်သူတွေပါ၀င်နေပြီး ဘယ်လိုအရှုပ်ထွေးတွေရှိနေမလဲစိတ်လှုပ်ရှားဖွယ်ကြည့်ရမယ့်ကားလေးမို့ လက်မလွတ်တမ်းကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ် File Size –550MB / 300MB @EpisodeQuality – 1080p NF WEB DL AAC5.1CH  / 720pDuration – 45minute (@Episode)Total Episodes: 6EpsSubtitle – Myanmar HardsubFormat ...
9.7
TMDb: 9.7/10 6 votes
tv

Mai: A Mother’s Rage (2022)

2022
Our Great National Parks (2022) 10
Our Great National Parks (2022) Our Great National Parks ဆိုတဲ့ Docuseries လေးမှာ Narrator အနေနဲ့အမေရိကားရဲ့ သမ္မတဟောင်းတစ်ဦးဖြစ်တဲ့ Barack Obama ပါ၀င်ထားတာက ထူးခြားချက်တစ်ခုပဲဖြစ်ပါတယ်။Netflix Original ဖြစ်တဲ့အတွက် ကြည့်မကောင်းမှာကိုတော့ စိတ်ပူစရာ မလိုပါဘူး။ကမ္ဘာကြီးပေါ်မှာ မျိုးတုံး‌ပျောက်ကွယ်တော့မယ့် တိရစ္ဆာန်တွေကို ထိန်းသိမ်းထားတဲ့ကမ္ဘာ့နေရာ အနှံ့အပြားမှာရှိတဲ့ သဘာ၀ရဲ့ အမျိုးသားဥယာဉ်ကြီးတွေကို တွေ့မြင်ရမှာ။Discovery ကိုကြည့်ရတာကြိုက်တဲ့လူရော မကြိုက်တဲ့လူရော ကြည့်ပြီးရင်အသိပညာတွေတိုးပွားစေမယ့် showဖြစ်ပါတယ်။ကမ္ဘာပေါ်မှာရှိနေတဲ့ သားရဲတိရစ္ဆာန်တွေရဲ့ တည်ရှိမှုက လူသားတွေကိုဘယ်လို အကျိုးပြုပေးနေပြီး ဂေဟဗေဒ စနစ်ကို ထိန်းညှိပေးထားကြောင်းတွေကိုလဲထောက်ပြထားတဲ့ အချက်တွေလဲ အများကြီးပါ၀င်ပါတယ်။ဥယာဉ်လို့ သတ်မှတ်ထားတဲ့ အတိုင်းအတာက ဘယ်လောက်ကျယ်၀န်းလဲ၊ဘယ်လိုမျိုးစုံတဲ့ ကိုယ်မမြင်ဖူးတဲ့ တောရိုင်း တိရစ္ဆာန်တွေကို မြင်ရမလဲဆိုတာကို ကိုယ်တိုင်ကိုယ်ကျ Obama နဲ့အတူလိုက်ပါ ခံစားကြည့်လိုက်ပါ။File Size –2GB / 800MB @EpisodeQuality –1080p NF WEB DL AAC ...
10
TMDb: 10/10 2 votes
tv

Our Great National Parks (2022)

2022
The Last Bus (2022) 6.5
The Last Bus (2022) The Last Bus (2022)===============IMDb Rating - 6.5/10Netflix က‌နေ လတ်တလောအသစ်ထွက်ရှိထားတဲ့ ဇာတ်လမ်းတွဲ ကောင်းကောင်းတစ်ခုကို တင်ဆက် ပေးလိုက်ပါတယ်။ Cast တွေက ကလေးအများစုဖြစ်ကြပေမယ့် သရုပ်ဆောင်ကောင်းကြပါတယ်။ သိပ္ပံဆိုင်ရာယူဆချက်တွေ ပါဝင်ပေမယ့် အများကြီး ထည့်မထားလို့ ဇာတ်က လေးပင်မနေဘဲ ပေါ့ပေါ့ပါးပါးပဲဖြစ်ပါတယ်။ အများကြီး တွေးတောနေစရာမလိုဘဲ ရယ်မောရင်း အပျင်းပြေ ကြည့်ချင်သူများ ကြည့်သင့်တဲ့ ဇာတ်လမ်းပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဥ်းကတော့ ကမ္ဘာကြီးပေါ်မှာ ဖြစ်သမျှ သမုဒ္ဒရာကြီး ညစ်ညမ်းလာမှု၊ ရာသီဥတုပြောင်းလဲမှု၊ ကမ္ဘာ့ငြိမ်းချမ်းရေး၊ သစ်တော ပြုန်းတီးမှုတွေ နဲ့ တခြား ကိစ္စများဟာ လူသားတွေကြောင့် ဖြစ်လာတယ်လို့ အစွန်းရောက် ယူဆတဲ့ သိပ္ပံပညာရှင် Dalton Monkhouse ဟာ နည်းပညာပိုင်းမှာ လွန်စွာထူးချွန်တဲ့သူတစ်ယောက်ပါ။  တစ်နေ့မှာတော့ သူဟာ ပြပွဲကျင်းပမယ်ဆိုပြီး လူတွေကို ဖိတ်ကြားလိုက်ပါတယ်။ Braelawn Academy မှ ကျောင်းသား/သူတစ်သိုက်တို့ ထိုပွဲကို သွားရာမှ ဒရုန်းတွေရဲ့ တိုက်ခိုက်မှုကို ခံကြရပါတယ်။ အသိဉာဏ်ရှိပြီး ရက်စက်တဲ့ ဒရုန်းတွေရဲ့ တိုက်ခိုက်မှုကြားမှာ ကျောင်းသားတွေဘယ်လိုရှင်သန်ကြမလဲ။ ဘယ်လို ရုန်းကန်ကြမလဲ ဆိုတာကို  အတည်အတံ့မဟုတ်ဘဲ ...
6.5
TMDb: 6.5/10 2200 votes
tv

The Last Bus (2022)

2022
Eternally Confused and Eager for Love (2022) Complete 6.4
Eternally Confused and Eager for Love (2022) Complete Eternally confused and eager for love------------------------------အလုပ်ခွင်ဝင်နေတဲ့ သာမန်လူငယ်လေးဖြစ်တဲ့ ဂေါ်မစွံ အထီးကျန် အသက်24နှစ်အရွယ်Virgin လေးတစ်ယောက်ရဲ့ love life လေးကို ရိုက်ကူးတင်ဆက်ထားတဲ့ Netflix ရဲ့ Comedy seriesကောင်းလေးတစ်ခုဖြစ်ပြီး rating လည်းကောင်းတဲ့ ဇာတ်လမ်းတွဲလေးတစ်ခုဖြစ်ပါတယ်Netflix series ဖြစ်တာကြောင့်လားမသိ..အခြားအိန္ဒိယဇာတ်ကားစတိုင်တွေနဲ့ အတော်လေးကွဲထွက်ပြီးလက်တွေ့ကျတဲ့ life struggles ပုစိလေးတွေနဲ့ သဘာဝကျကျရယ်နေရမယ့် ဇာတ်လမ်းလေးပါဒီဇာတ်လမ်းထဲမှာတော့ အသက် 24 တိုင်အောင် virginဖြစ်နေတဲ့ Ray တစ်ယောက်သူ့ရဲ့ စိတ်ကူးထဲက မှော်ဆရာအရုပ်လေးရဲ့ လမ်းညွှန်တိုင်ပင်မှုနဲ့ အချစ်ရေးလေးလည်းအဆင်ပြေပြီး Virginဘဝကလည်း ကျွတ်အောင် လုံးပန်းရပုံကို ပေါ့ပေါ့ပါးပါးကြည့်ရှုရမယ့် ကားလေးဖြစ်ပါတယ်လူငယ်ကားလေးဖြစ်တာကြောင့် လူငယ်ဆန်ဆန် ဘုနဲ့ဘောက်နဲ့ပြောကြပြီး ဆဲလုံးလေးတွေနဲ့ဒဲ့တိုးပြောကြတာလေးတွေ..friendship လေးတွေ ....ပတ်ဝန်းကျင်မှာတွေ့ရတတ်တဲ့တွဲလိုက်ပြတ်လိုက်လေးတွေလည်း ရှုစားရမှာဖြစ်လို့ လူငယ်အကြိုက်ဖြစ်တဲ့ဒီ series လေးကိုလည်း ကြည့်ရှုအားပေးလိုက်ကြပါဦးအညွှန်းကို Go-O မှ ရေးသားပေးထားပါတယ် File Size – ...
6.4
TMDb: 6.4/10 5 votes
tv

Eternally Confused and Eager for Love (2022) Complete

2022
Forecasting Love and Weather ( 2022 ) 10
Forecasting Love and Weather ( 2022 ) အရိုတစ်လိုင်းကြိုက်သူတို့အတွက် အခုတစ်ခေါက် CM ကနေတင်ဆက်ပေးလိုက်တာကတော့ မိုးလေဝသဌာနက အထက်အရာရှိမမနဲ့ရာသီဥတုကိုခန့်မှန်းရာမှာကျွမ်းကျင်တဲ့မောင်လေးတို့ရဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ဂျင်ဟာဂယောင်းဟာ အရမ်းကိုသံသယကြီးလွန်းတဲ့မိုးလေဝသဌာနကအရာရှိတစ်ယောက်ပါ။ သူ့မှာ ၁၀နှစ်တာလက်တွဲခဲ့တဲ့ဂီဂျွန်းဆိုတဲ့ ရုပ်ချော ငွေပေါပြီး အလုပ်အကိုင်လည်းကောင်းတဲ့ ကောင်လေးရှိပါတယ်။ရှီဝူကတော့ ဘဝကိုပျော်ပျော်နေတတ်တဲ့ မိုးလေဝသခန့်မှန်းရာမှာတော်တဲ့ကောင်လေးဖြစ်ပြီး သတင်းထောက်ကောင်မလေးတစ်ယောက်ကို ချစ်နေသူပါ။ဒါပေမဲ့ ကံကြမ္မာက ဆိုင်သူရှိပြီးသားသူတို့နှစ်ဦးကိုမိုးလေဝသခန့်မှန်းရေးသတင်းဌာနမှာ ရေစက်ဆုံဖို့ ဖန်လိုက်တဲ့အခါ...မိုးလေဝသဆိုတာ ခန့်မှန်းရခက်ပေမယ့် အချက်ပြတဲ့ signal လေးတွေရှိတတ်ပါတယ်။ဒါဆို တရားသေသတ်မှတ်ထားလို့မရတဲ့ ဘဝကြီးထဲမှာ ပေါက်ဖွားလာမယ့်အချစ်ကရော signal ပြမှာလား ? ရုတ်တရက်ကြီး ဝင်ရောက်လာမှာလား ?သိချင်ကြတယ်ဆိုရင်တော့ မမနဲ့မောင်လေးတို့နဲ့အတူ မိုးလေဝသခန့်မှန်းရင်းအပတ်စဥ် စနေတနင်္ဂနွေတိုင်း CM မှာ ကြည့်ရှုလိုက်ရအောင်နော်။ Quality : NF WEB-DL 720pFormat : mp4Genres : DramaTotal Episodes : 16Subtitle : Myanmar Subtitle ( Hardsub )Translated by CM ...
10
TMDb: 10/10 1 votes
tv

Forecasting Love and Weather ( 2022 )

2022
Light the Night ( 2021 ) Season 1+2+3 Completed
Light the Night ( 2021 ) Season 1+2+3 Completed ‌ဒီတစ်ခါCM ကနေဘာသာပြန်တင်ဆက်ပေးမှာကတော့ Light the night ဆိုတဲ့ Taiwan series လေးပဲ ဖြစ်ပါတယ်အဓိက ပါဝင်ထားတဲ့သရုပ်‌ဆောင်တွေကတော့ လော်ယွီနုန် (Rose) အဖြစ် နာမည်ကြီးဟွမ်ကျူးကောကော ကားထဲက ကြည်ဝေ လို့ လူသိများတဲ့ Ruby Lin (ဒီကားရဲ့ producer တစ်ယောက်ဆိုလည်းမမှားပါဘူး)စူးချင့်ရီ(Sue) အဖြစ်နာမည်ကြီးထိုင်ဝမ်မင်းသမီး Cheryl Yang ဝမ်အိုက်လျန်(Aiko)အဖြစ်နာမည်ကြီးအဆိုတော်သရုပ်ဆောင် Puff Kuo ကျန်းဟန့်အဖြစ် ထိုင်ဝမ်-ဗြိတိန်သွေးနှော မင်းသား Rhydian Vaughanတို့နဲ့အတူအခြားနာမည်ကြီး ထိုင်ဝမ်သရုပ်ဆောင်တွေကလည်း ဧည့်သည်သရုပ်ဆောင်အနေနဲ့အားဖြည့်ပေးထားကြတာဖြစ်လို့ လက်မလွှတ်တမ်းကြည့်ရှူသင့်တဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ်ဇာတ်လမ်းလေးကတော့ 1988ခုနှစ် ထိုင်ဝမ်ကျွန်းရဲ့ လင်စန်း မြောက်ပိုင်းလမ်းမှာ ရှိတဲ့ ဂျပန်စတိုင်ကလပ် ကို ‌အဓိက နောက်ခံထားပြီး ရိုက်ကူးထားတာဖြစ်ပါတယ် မင်းသမီးအသားပေးဇာတ်လမ်းလေးဖြစ်ပြီးတော့Rose နဲ့ Sue တို့ဟာဆိုရင် သူငယ်ချင်းတွေဖြစ်ပြီး နှစ်ယောက်လုံးဟာ ဂျပန်ကလပ်ရဲ့ ပိုင်ရှင်တွေလည်းဖြစ်ပါတယ်ဒါပေမယ့် သူတို့နှစ်ယောက်ကြားထဲကို ဝင်လာတဲ့ ယောက်ျားတစ်ယောက်ကြောင့် ...

Light the Night ( 2021 ) Season 1+2+3 Completed

2021
Queer Eye Germany (2022) 7.5
Queer Eye Germany (2022) Queer Eye Germany (2022)===================IMDb Rating - 7.5/10နဂိုမူလ series ထုတ်လွှင့်ပြီး ကာလအတော်ကြာပြီးမှ Netflix ဟာ Queer Eye ကို Fab Five အဖွဲ့ဝင် အသစ်တွေနဲ့ ပြန်လည်အသက်သွင်းလိုက်ပါတယ်။ ဒီ Season ကိုတော့ ဂျာမနီ နိုင်ငံမှာ အခြေတည်ထားပါတယ်။Lifestyle, ဖက်ရှင်, အလှအပ, ကျန်းမာရေးနဲ့ ဒီဇိုင်းကျွမ်းကျင်သူ ၅ ယောက်ကို Fab Five များအဖြစ် အဖွဲ့ဖွဲ့ပေးလိုက်ပါတယ်။ ပါဝင်သူ တွေကတော့ ရန်ဟန်းနရစ်၊ အာယန်၊ ဒေးဗစ်၊ လီနီ နှင့် အယ်ရိုရှာတို့ဟာ သက်ဆိုင်ရာ နယ်ပယ်အသီးသီးမှာ ကျွမ်းကျင်သူများဖြစ်ကြပါတယ်။ မတူညီတဲ့ အမြင်တွေ၊ အတွေးအခေါ်တွေ ပိုင်ဆိုင်ထားသူများဖြစ်ကြလို့ ရသပေါင်းစုံပေးစွမ်းနိုင်မှာပါ။ဒီ ရှိုးဟာဆိုရင် အလှပြင်ပေးတဲ့ ရှိုးတစ်ခုဆိုတာထက် အများကြီးပိုပါတယ်။ လူတွေကို အိမ်အရောက်လိုက်လံပြီး ကူညီပေးရင်း သူတို့ရဲ့ ဘဝတွေ၊ အမြင်တွေ၊ ဝတ်ပုံစားပုံတွေ၊ နေပုံထိုင်နည်းတွေကအစ ပြောင်းလဲသွားအောင် လုပ်ပေးမယ့် ရှိုးကောင်းလေးတစ်ခု ဖြစ်ပါတယ်။ တစ်ပိုင်း တစ်ပိုင်းချင်းစီဟာလည်း စိတ်ဝင်စားစရာကောင်းပြီး ရယ်မောဖွယ် ကြည့် ...
7.5
TMDb: 7.5/10 2890 votes
tv

Queer Eye Germany (2022)

2022
Top Boy – Season 02 8.2
Top Boy – Season 02 Top Boy - Season 02================IMDb Rating - 8.4/10Season(1)မှာဆိုရင် မူးယစ်လောကရဲ့အကောင်ကြီးဖြစ်တဲ့ Dushane နဲ့ အားပြိုင်မှုတိုက်ပွဲမှာ Jamie တစ်ယောက်ကျရှုံးခဲ့ရပါတယ်။ Stefan (Jamie ရဲ့ညီ)ရဲ့ သူငယ်ချင်း Ats ဆိုတဲ့ကောင်လေးကို အသုံးချပြီးတော့ Jamie တို့ထောင်ချောက်ဆင်ခံလိုက်ရတာပါ။ Jamie တစ်ယောက် ညီဖြစ်သူကို ထောင်ကျမခံချင်တာကြောင့် ညီဖြစ်သူကိုယ်စားထောင်ထဲဝင်သွားခဲ့ပါတယ်။ ​အခု Seasonမှာဆိုရင်တော့ Jamie တစ်ယောက်ကထောင်ကလွတ်လာခဲ့ပြီး မူးယစ်လောကကိုလည်း Dushane ကအုပ်စိုးနေပါပြီ။ စပိန်ကအဆက်တွေနဲ့ မူးယစ်လောကမှာဆရာတစ်ဆူဖြစ်လာတဲ့ Dushane, ထောင်ကလွတ်ပြီးနောက် ညီဖြစ်သူနဲ့မိသားစုကိုဦးစားပေးလာတဲ့ Jamie, သူတို့တွေရဲ့တိုက်ပွဲကြားမှာ အသုံးချခံဖြစ်ခဲ့ရတဲ့ Atas ရဲ့ရုတ်တရက်သေဆူံးမှုတွေနဲ့ ပြဿနာတွေက မပြီးဆုံးနိုင် သေးသောအခါ......(ဒီစီးရီးရဲ့ အညွှန်းကို Chit Tee မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသား ပေးသူများကတော့ CM Team မှဖြစ်ပါတယ်။)File Size -  (800 MB) / (400 MB) Quality – WEBDL 1080p / 720p Duration - ...
8.2
TMDb: 8.2/10 22 votes
tv

Top Boy – Season 02

2022
A Tale Dark & Grimm (2021) 7.7
A Tale Dark & Grimm (2021) A Tale Dark And Grimm (2021)====================== IMDb Rating - 7.3/10Rating အလန်းစားလေးနဲ့ရတဲ့နောက်ထပ် aminated series လေးတစ်ခု တင်ဆက်ပေးလိုက်ပါတယ်။ အိပ်ရာဝင်ပုံပြင်တွေ နတ်သမီးပုံပြင်တွေဟာ ချစ်စရာအကောင်လေးတွေ နတ်သမီးလေးတွေရဲ့အ‌‌ေကြာင်းကို ဇာတ်လမ်း လေးတွေရေးဖွဲ့ကြတာဆိုပေမယ့်။ ဒီဇာတ်လေးကတော့ တစ်မျိုးတစ်ဖုံကို ကွဲထွက်နေပါတယ်။  ဇာတ်လမ်းရှည်ဖြစ်တာနဲ့အညီ တစ်ပိုင်းပြီးတစ်ပိုင်း မြှုပ်ကွက်တွေ လှည့်ကွက်တွေနဲ့ ဆွဲဆောင်သွားတာအတော်ကိုကြည့်လို့ ကောင်းတဲ့ adventure ဆန်ဆန် series လေးပါ။ဇာတ်လမ်းအကျဉ်းကိုပြောပြရရင် ဂရင်းဆိုတဲ့တိုင်းပြည်မှာ ဟန်ဆယ်နဲ့ ဂရေတယ်ဆိုတဲ့ ဘုရင့်သားတော်နဲ့သမီးတော်ရှိပါတယ်။ ဒီအမွှာနှစ်ယောက်ပဲ ရှိတဲ့အတွက် ဘုရင်ကြီးနဲ့ ဘုရင်မကြီးဟာသည်းသည်းလှုပ်ချစ်တာပေါ့။ ဒီလိုနဲ့ တစ်နေ့မှာဘုရင်နဲ့ဘုရင်မကြီးဟာ အကြောင်းတစ်စုံတစ်ရာမရှိပဲနဲ့ ဒီကလေးနှစ်ယောက်ကိုခေါင်းဖြတ်သတ်လိုက်တယ်။ ပြီးတော့မှကလေး နှစ်ယောက် ကိုမှော်အစွမ်းရှိတဲ့ကြိုးနဲ့ သူတို့ခေါင်းကိုပြန်ချုပ်ပေးလိုက်တယ်။ ကလေးနှစ်ယောက်လုံးပြန်အသက်ရှင်လာတယ်ဆိုပေမယ့် သေရွာကနေ ပြန်ရှင်လာတဲ့ ဟန်ဆယ်နဲ့ဂရေတယ်တို့ ဟာ သူတို့မိဘတွေကိုအရမ်းကြောက် သွားတယ်။ ကိုယ့်ကလေးနှစ်ယောက်လုံးခေါင်းဖြတ်ပြီးမှ ပြန်အသက်ရှင်စေတဲ့ ဒီမိဘတွေဟာ သူတို့ကိုတကယ်မချစ်လို့လား နောက်ထပ်ရောခေါင်းဖြတ်ခံရဦး မှာလားဆိုပြီး စိုးရိမ်စိတ်တွေနဲ့ နန်းတော်ကနေနှစ်ယောက်လုံးထွက်ပြေးကြတယ်။ ဟန်ဆယ်နဲ့ဂရေတယ်တို့သူတို့ကိုချစ်မယ့်ပြီးပြည့်စုံတဲ့မိသားစုကိုရှာဖွေရင်း သူမတူတဲ့ အခက်အခဲတွေကြုံရပါတော့တယ်။ ဘုရင်ကြီးနဲ့ ဘုရင်မကြီးဟာကိုယ့်ကလေးကို ခေါင်းဖြတ်သတ်လိုက်ရတဲ့အထိ ဘာအကြောင်းတွေများရှိနေလို့လဲ ၊ ဟန်ဆယ်နဲ့ ဂရေတယ်ကရော သူတို့ကိုတကယ်ချစ်တဲ့ပြီးပြည့်စုံတဲ့မိသာစုကိုရှာဖွေရင်းနဲ့ ဘယ်လိုအခက်အခဲတွေကြုံတွေရမလဲဆိုတာကြည့်ရှုပေးပါဦး ‌။(ဒီစီးရီးရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Tin Myo ...
7.7
TMDb: 7.7/10 10 votes
tv

A Tale Dark & Grimm (2021)

2021