Channel Myanmar

Netflix

Designated Survivor: 60 Days (2019) 8.19
Designated Survivor: 60 Days (2019) Designated Survivor:60 Days (2019)"နိုင်ငံရေး"ဆိုတာ တစ်ယောက်နဲ့တစ်ယောက် သဘောထားချင်းမတူညီနိုင်သလို တူညီဖို့လည်း မလိုအပ်တဲ့ သဘောတရားတစ်ခုပါဒါပေမဲ့ လူအမျိုးမျိုး အမြင်အမျိုးမျိုးရဲ့ သဘောထားစုံလင်ကွဲပြားမှုတွေကို လူတိုင်းက လက်သင့်ခံပြီး အတူတကွယှဉ်တွဲနေထိုင်သွားနိုင်မှသာ ငြိမ်းချမ်းတဲ့တိုင်းပြည်တစ်ခု ဖြစ်လာပါလိမ့်မယ်အဲဒီလိုဖြစ်ဖို့ဆိုတာကလည်း လွယ်တဲ့ကိစ္စတော့ မဟုတ်ပြန်ပါဘူး အမေရိကန်ဇာတ်လမ်းတွဲ Designated Survivor ကို အခြေခံပြီးရိုက်ကူးထားတဲ့ ဒီဇာတ်လမ်းမှာဆိုရင်တော့ တောင်ကိုရီးယားရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေတွေကစလို့ အာဏာခွဲဝေမှုတွေအထိ ကိုရီးယားရဲ့နိုင်ငံရေးအကြောင်းကို စုံစုံလင်လင် ရှုစားကြရမှာဖြစ်ပါတယ်စစ်အေးတိုက်ပွဲကာလမှာ ကိုရီးယားကျွန်းဆွယ်ရဲ့ငြိမ်းချမ်းရေးအတွက် တောင်နဲ့မြောက် ကိုရီးယားနှစ်နိုင်ငံကြား ငြိမ်းချမ်းရေးစာချုပ်လက်မှတ်ထိုးနိုင်ဖို့ ကြိုးပမ်းနေစဉ်မှာပဲ အမျိုးသားလွှတ်တော်ခန်းမကို ဗုံးခွဲတိုက်ခိုက်ခံလိုက်ရပါတယ်အဲဒီဗုံးခွဲတိုက်ခိုက်မှုကြောင့် သမ္မတကြီးအပါအဝင် ဝန်ကြီးများအားလုံး အသက်ဆုံးရှုံးခဲ့ရပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဘတ်မူဂျင်ကသာ တစ်ဦးတည်းသော အသက်ရှင်ကျန်ရစ်သူဖြစ်လာခဲ့ပါတယ်တောင်ကိုရီးယားသမ္မတနိုင်ငံရဲ့ ဥပဒေပုဒ်မ ၇၁ အရ ဝန်ကြီးဘတ်မူဂျင်ဟာ ယာယီသမ္မတအဖြစ် ရက်ပေါင်း ၆၀ ကြာ တာဝန်ထမ်းဆောင်ရဖို့ အကြောင်းဖန်လာချိန်မှာတော့ နိုင်ငံရေးအတွေ့အကြုံ ၆ လပဲရှိသေးတဲ့ သူဟာ နိုင်ငံ့အရေးကို ဘယ်လိုကိုင်တွယ်သွားမလဲဗုံးခွဲတိုက်ခိုက်မှုနဲ့ပတ်သက်တဲ့ အမှန်တရားကိုရော သူ့အနေနဲ့ ရှာဖွေဖော်ထုတ်သွားနိုင်ပါ့မလားဆိုတာ မျက်တောင်မခတ်တမ်း ကြည့်ရှုခံစားရမယ့် နိုင်ငံရေးဇာတ်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်သရုပ်ဆောင်တွေအနေနဲ့ကတော့ အထွေအထူးမိတ်ဆက်နေစရာမလိုတဲ့ မင်းသားကြီး Ji Jin-Hee ...
8.19
TMDb: 8.19/10 21 votes
tv

Designated Survivor: 60 Days (2019)

2019
The Empress (2022) 7.3
The Empress (2022) The Empress Season 1 (2022)IMDb rating ~ 7.4၁၉ ရာစု ဥရောပရဲ့ ဒုတိယမြောက် အကြီးကျယ်ဆုံး ဩစတြီးယားအင်ပါယာကြီးရဲ့ဧကရာဇ် ပထမမြောက် ဖရန့်ဇ် ဂျိုးဇက် ဘုရင်နဲ့ ကြင်ယာတော် အဲလိဇဘက်တို့ရဲ့ အချစ်ဇာတ်လမ်းပါSissi ဆိုပြီး နာမည်ကြီးတဲ့ ဘာဗေးရီးယား မင်းသမီး အဲလိဇဘက်အကြောင်း ရိုက်ကူးထားတဲ့ ဇာတ်ကားတွေ စီးရီးတွေ အမြောက်မြားရှိသလို ဇာတ်ကားတိုင်း စီးရီးတိုင်းဟာလည်း သူ့ပုံစံနဲ့သူ ပေါက်ခဲ့တာချည်းပါပဲဒီတစ်ခေါက်စီးရီးကတော့ Netflix ကနေ လွှင့်တဲ့ စီးရီးပါကဗျာတွေ ရေးရတာ သဘောကျပြီး လွတ်လပ်စွာ တွေးခေါ် ပြုမူတတ်တဲ့ ဘာဗေးရီးယား မင်းသမီး အဲလိဇဘက်ဟာ အဲဒီခေတ်အဲဒီအခါကတော့ မိသားစုရဲ့ သိုးမည်းဆိုပြီး အမည်တပ်ခံထားရသူပါ၁၈၅၃ ခုနှစ် ဩစတြီးယား အင်ပါယာကြီးမှာ ရာသီဥတုဒဏ်နဲ့ ငတ်မွတ်ခေါင်းပါးမှုတွေကြောင့် ဆူပူအုံကြွမှုတွေ ပေါ်ပေါက်လာပါတယ်ဆူပူမှုတွေကို ဖြေရှင်းဖို့ လူထုကို အာရုံလွှဲတဲ့အနေနဲ့ ဩစတြီးယား အင်ပါယာ ဘုရင်ရဲ့ မိခင်ဖြစ်သူက သားတောင်မောင် ဘုရင်မင်းမြတ်အတွက် ဧကရီမိဖုရားမြှောက်ပေးဖို့ ကြိုးပမ်းပါတော့တယ်မိဖုရားလောင်းအနေနဲ့ တူမတော်စပ်တဲ့ ဘာဗေးရီးယား ...
7.3
TMDb: 7.3/10 3 votes
tv

The Empress (2022)

2022
Cyberpunk: Edgerunners (2022) Complete 8.7
Cyberpunk: Edgerunners (2022) Complete Gamer​တွေကြား အ​မျှော်လင့်ကြီး ​မျှော်လင့်ထားသလို မသိသူ မရှိ​လောက်တဲ့ Cyberpunk : Edgerunners ကို တင်ဆက်​ပေး လိုက်ပါပြီ။ ဒီAnimeက Cyberpunk 2077 မတိုင်ခင် တစ်နှစ် မှာ ဖြစ်ခဲ့တဲ့ ကိစ္စ​တွေကို Prequel အ​နေနဲ့ ရိုက်ကူးထားတာပါ။ IMDB 8.6နဲ့ RT 100% အပြည့် ရထားပါတယ်။ Animationနဲ့ Effect​တွေကလည်း ​ပြော​စရာမလို​အောင် ရှယ်လှပါတယ်။​​ခေတ်​ရှေ့​ပြေးလွန်းပြီး ​သိပ္ပံနည်းပညာ​တွေ ထွန်းကားလွန်းသလို ​ငွေနဲ့ပဲ အရာရာလည်ပတ်နေတဲ့ အနာဂတ် မြို့​တော်ကြီးတစ်ခုမှာ ​ဒေးဗစ်လို့​​ခေါ်တဲ့ ဂျစ်ကန်ကန်​ကောင်​လေးဟာ ​​ဆင်းရဲနွမ်းပါးမှု ​ကြောင့် လူရာသွင်းမခံရသလို ဘယ်​လောက်ပဲ ကြိုးစားကြိုးစား အရှုံးနဲ့ ရင်ဆိုင်​ရတဲ့ ဘဝပိုင်ရှင်လို့ပဲ ​ပြောရမှာပါ။ကံအ​ကြောင်းမလှရတဲ့အထဲ တစ်​​နေ့မှာသူ့ဘဝတစ်ခုလုံးကို ​ဇောက်ထိုးမိုး​မျှော် ဖြစ်စေမယ့် ဖြစ်ရပ်ဆိုးကြီးဖြစ်လာတဲ့အခါ ဘဝ​ပေးကံကြမ္မာကို ​ခြေစုံကန်ပြီး ​ငွေရဖို့အတွက် ဘာမဆိုအကုန်လုပ်မယ့် ​ဝရမ်း​ပြေး ​ကြေးစား Edgerunnerဘဝကို ​ရောက်သွားပါ​တော့တယ်။File Size – 400MB / 200MBQuality – 1080p NF WEB DL /  ...
8.7
TMDb: 8.7/10 231 votes
tv

Cyberpunk: Edgerunners (2022) Complete

2022
Black Summer (2019) 5.7
Black Summer (2019) Black Summer (2019  Season 1 ဇာတ်လမ်းအကျဉ်းဒီကားမှာတော့ စစခြင်း ဘာဖြစ်တာမှန်း မသိအောင် ရိုက်ထားပါတယ်။ရောဂါလား ရေဒီရို ဓါတ်သင့်တာလား Government project လားဝေခွဲ လို့မရအောင် အစပျိုးထားပါတယ်။မြို့သေးသေးလေးမှာ မို့ Zombie တွေကို အပြွတ်လိုက်မမြင်ရပေမဲ့တွေ့ဖူးသမျှ Zombie တွေထဲမှာ ဉာဏ်တော်တော်ရှိပြီး အားသန်တာတွေ ပါပါတယ်။ပထမဆုံး ဇာတ်ကောင် Rose ရဲ့ အကြောင်းကို Rose ဆိုပြီး ကဏ္ဍ ခွဲပြီးရှင်းပြတာကိုထူးဆန်းစွာတွေ့ရမှာပါသူ့သမီးရယ် သူ့ယောကျာ်းရယ်နဲ့ အန္တရာယ် ကင်းတဲ့နေရာ ကို ထွက်ပြေးမဲ့ အချိန်မှာမထင်မှတ်တဲ့ ကိစ္စကြောင့် သူ့သမီးလေးနဲ့သူ ကွဲရသလိုသူ့ယောကျာ်းလဲ Zombie ဖြစ်သွားခဲ့တယ်။zombie တွေဟာ တကောင်နဲ့တကောင် ကိုက်တာက မဟုတ်ပဲသေဆုံးရင်လဲ Zombie ဖြစ်တာကို ကြည့်ခြင်းအားဖြင့်ရေဒီယို ဓါတ်သင့်တာ ဖြစ်နိုင်တယ်လို့ပိုထင်ပါတယ်။ဇာတ်ကားထဲမှာ “black clouds” လို့ပဲ ညွှန်းထားတာကြောင့်ဘာဖြစ်မှန်းတော့မပါခဲ့ပါဘူး ။ဇာတ်လမ်း ဇာတ်ညွှန်း ...
5.7
TMDb: 5.7/10 43 votes
tv

Black Summer (2019)

2019
Dahmer – Monster: The Jeffrey Dahmer Story (2022) Completed 8.533
Dahmer – Monster: The Jeffrey Dahmer Story (2022) Completed Dahmer - Monster: The Jeffrey Dahmer Story (2022) Completed Limited Series ~ IMDb - 8.6/10, Rotten Tomatoes - 91% ~ ဂျက်ဖ​ရေး ဒါးမား...​ ဝစ္စကွန်ဆင်ပြည်နယ် မီလ်​ဝေါကီးမြို့က ရူပါသန့်သန့် ရွှေအို​ရောင်ဆံပင်ရှည်နဲ့ လူ​ချော​တစ်​ယောက်​ပေါ့။ လူပုံစံကပျော့တိ​ပျော့ဖတ်နဲ့ အားမရှိတဲ့ပုံဖြစ်​နေတဲ့ ​​ကောင်​​လေးတစ်​ယောက်က လိင်တူစိတ်ဝင်စားသူဖြစ်သလို အ​ဖော်အချွတ် ဓါတ်ပုံ​တွေရိုက်ကူးရတာ ဝါသနာကြီးတာ​ကြောင့် အနီးအနားက အရက်ဘားကိုသွားပြီး ​ကိုယ်ဟန်ပြမော်ဒယ်​ရှာ​​လေ့ရှိသူပါ။ တစ်ရက်မှာ​တော့ ထ​ရေစီဆိုတဲ့ လူမည်း​ကောင်​​လေးတစ်​ယောက် ဂျက်ဖ်ရဲ့စကား​ပြော​ကောင်းမှုနဲ့အတူ ဓါတ်ပုံရိုက်ခံဖို့ သူ့တိုက်ခန်းကို ပါသွားခဲ့ပါတယ်။ တိုက်ခန်းထဲကို ရောက်တဲ့အချိန်မှ ဂျက်ဖ်ရဲ့ မူမမှန်​မှု​တွေကို အခါ​နှောင်းမှ ရိပ်စားခဲ့မိ​ပေမယ့် ​သေကံမပါခဲ့လို့ ထွက်​ပြေးလွတ်​မြောက်လာခဲ့ပြီး ကင်းလှည့်ရဲကားနဲ့မှ တည့်တည့်တိုးကာ တိုင်ကြားနိုင်ခဲ့ပါတယ်။ ဒီလိုနဲ့ပဲ ဂျက်ဖ်တစ်​ယောက်ဟာ ​သား​ကောင်အ​ရွေးမှားမှု​ကြောင့် သူ နှစ်ရှည်လများကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုကြီး​တွေကို အထုပ်နဲ့အထည်နဲ့ ချပြလျက်သား ...
8.533
TMDb: 8.533/10 15 votes
tv

Dahmer – Monster: The Jeffrey Dahmer Story (2022) Completed

2022
Feels Like Ishq (2021) Complete 4.667
Feels Like Ishq (2021) Complete Drama, Romance, Comedy IMDb - 6.4/ 10ဒီတစ်ခေါက်မှာတော့ Channel Myanmar ကနေပြီးတော့ Netflix က ထုတ်လွှင့်ထားတဲ့ စီးရီးလေးတစ်ခုကို ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်ဒီစီးရီးလေးကတော့ ဇာတ်လမ်းသွားတစ်ခုတည်း မဟုတ်ဘဲ တစ်ပိုင်းကို ဇာတ်လမ်းတစ်ခုချင်းစီပဲ ဖြစ်ပါတယ်လူငယ်တွေရဲ့ ဘဝတစ်စိတ်တစ်ပိုင်းနဲ့ ဖြတ်သန်းရတဲ့ဘဝတွေကို ရိုက်ကူးတင်ဆက်ပေးထားတာဖြစ်ပြီးဒီကားလေးကိုကြည့်ပြီး ဘယ်သူမဆို ကိုယ်ကိုယ်တိုင်မဟုတ်တောင် ကိုယ့်ဘေးပတ်ဝန်းကျင်မှာ ကြုံရဆုံရတဲ့ လူငယ်ဘဝ ဇာတ်လမ်းအဖုံဖုံကို ပြန်လည် မြင်ယောင်လာမိမှာပါအရွယ်ရောက်လာတဲ့ဘဝမှာ ကြုံတွေ့ရတဲ့ ပျော်ရွှင်မှု ဝမ်းနည်းမှု ရင့်ကျက်မှု မရင့်ကျက်မှုတွေကို မီးမောင်းထိုးပြပေးထားတာဖြစ်ပြီးဟာသ ဒရမ်မာနဲ့ အချစ်မေတ္တာတို့ ရောစပ်ထားတဲ့ ဟောဒီ့စီးရီးလေကို အခုလိုပဲ တင်ဆက်ပေးလိုက်ရပါတယ်ရှင်File Size – 500MB / 250MBQuality – 1080p NF WEB DL / 720pDuration – 29minsTotal Episodes: 6EpsSubtitle – Myanmar HardsubFormat – Mp4Genre : Comedy , DramaTranslator – ...
4.667
TMDb: 4.667/10 3 votes
tv

Feels Like Ishq (2021) Complete

2021
Devil in Ohio (2022) 6.625
Devil in Ohio (2022) Devil in Ohio (2022)Suspense Thriller ဖြစ်ပြီး Ohio က မိစ္ဆာဒိဋ္ဌိအဖွဲ့တစ်ခုကနေ လွတ်မြောက်လာတဲ့မိန်းကလေးအကြောင်းဖြစ်ပါတယ်။ ဒီ Devil in Ohio ကိုရေးခဲ့တဲ့စာရေးဆရာမက ဒီဇာတ်လမ်းကစိတ်ကူးယဥ်ဖြစ်ပေမယ့် ဇာတ်လမ်းကျောရိုးကတော့ အိုဟိုင်းရိုးက တကယ့်မိစ္ဆာဒိဋ္ဌိအဖွဲ့ပေါ်အခြေခံထားတယ်ဆိုတာကြောင့် ပရိသတ်အတော်များများစိတ်ဝင်စားနေတဲ့ series ပါ။ ဒီလွတ်မြောက်လာတဲ့မိန်းကလေးက ဆေးရုံရောက်လာတော့ ကျောမှာငါးထောင့်ကြယ်စက်ဝိုင်းကြီးကိုထွင်းခံထားရပြီး စိတ်ဒဏ်ရာလဲအတော်ရထားပုံပါပဲ။ ဘာမှလဲမေးမြန်းလို့မရပါဘူး။ ဆေးရုံက စိတ်ရောဂါအထူးကုဒေါက်တာမက်သစ်က ဒီမိန်းကလေးကိုမြင်တော့ သူ့သမီးလေးအရွယ်မို့ တော်တော်သနားပြီးသံယောဇဥ်ဖြစ်သွားပါတယ်။ သုံးလေးရက်ကြာတော့ အခြေအနေအရ ဒေါက်တာမက်သစ်ကကောင်မလေးကို သူ့အိမ်ခေါ်သွားခဲ့ပါတယ်။ ကောင်မလေးကြောင့် ဒေါက်တာတို့မိသားစုထဲမှာအပြောင်းအလဲတွေဖြစ်လာတဲ့အခါ၊ ကောင်မလေးရဲ့အတိတ်တွေ ပစ္စုပ္ပန်ထိလိုက်လာတဲ့အခါဘာတွေဆက်ဖြစ်မလဲ။Cult series တစ်ခုဖြစ်ပေမယ့် တစ်ချိန်လုံးသည်းထိတ်ရင်ဖိုဖြစ်နေရမှာမျိုးမဟုတ်ဘဲ Teen drama လေးတွေနဲ့ပါထူးထူးခြားခြားတွဲဖက်ထားလို့ ကြည့်ရမလားကျော်ရမလားဆိုရင်တော့ ကြည့်သင့်တဲ့series တစ်ခုလို့ညွှန်းပေးလိုက်ပါတယ်။အညွှန်းကိုတော့ Rashida က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Rashida, Moh Moh, Zaw Myo Thu, K.Hein တို့ပဲ ဖြစ်ပါတယ်။Genre.....Crime, Drama, Mystery Quality…. 1080p | 720p File size…600MB | 300MB Format… mp4 Duration….40min Episodes.....8 Episodes Subtitle…. Myanmar Subtitle ...
6.625
TMDb: 6.625/10 56 votes
tv

Devil in Ohio (2022)

2022
Thai Cave Rescue (2022) 10
Thai Cave Rescue (2022) ဒီတစ်ခေါက် ဇာတ်လမ်းတွဲကတော့ ၂၀၁၈ ခုနှစ် ဇွန်၊ဇူလိုင်လမှာ ဖြစ်ပျက်ခဲ့ပြီး တစ်ကမ္ဘာလုံးထိတ်လန့်​သွားခဲ့ရတဲ့ ထိုင်းနိုင်ငံရဲ့ နာမည်ကျော်အဖြစ်အပျက်တစ်ခုကို ရိုက်ကူးတင်ဆက်ထားတာပဲ ဖြစ်ပါတယ်ဒီ​ဖြစ်ရပ်မှာတော့ မူဘာ(တောဝက်)အသင်းရဲ့ နည်းပြဖြစ်သူ အိတ်နဲ့ ကျောင်းသား ၁၂ယောက်တို့က ချင်းရိုင်ဘက်က ထမ့်လုန်ဂူကို အလည်သွားရင်း မိုးသည်းထန်လာပြီး ဂူထဲမှာ ပိတ်မိသွားခဲ့ပါတယ်ပိတ်မိနေခဲ့တဲ့ ၁၃ယောက်ကို နိုင်ငံပေါင်း၁၇နိုင်ငံက ကယ်ဆယ်ရေးသမားတွေ ပူးပေါင်းကယ်ဆယ်ဖို့ကြိုးစားခဲ့ပါတယ်ဒီဖြစ်ရပ်ကြီးကို နိုင်ငံပေါင်းစုံက documentary တွေ movie တွေအဖြစ်နဲ့တင်ဆက်ခဲ့ပြီး ဒီဇာတ်လမ်းတွဲမှာတော့ နည်းပြ အိတ်အဖြစ် Beam Papangkorn နဲ့ ကျောင်းသား ၁၂ယောက်အဖြစ် Pratya Patong, Songpol Kantawong, Chakkapat Sisat, Thanawut Chetuku, Teeraphat Somkaew, Thanaphong Kanthawong, Thanapat Phungpumkaew, Aphisit Yookham, Watcharaphol Puangsawan, Thapanot Huttapasu, Apisit ...
10
TMDb: 10/10 1 votes
tv

Thai Cave Rescue (2022)

2022
Fate: The Winx Saga – Season (02) 8.34
Fate: The Winx Saga – Season (02) Fate: The Winx Saga - Season(02)========================IMDb Rating - 6.9/10ဒီစီးရီးဟာ ယခုလို Live Action စီရီးအနေနဲ့မထွက်ခင် Animated series အနေနဲ့ ၂၀၀၄ ခုနှစ်တည်းက စတင်ထွက်ရှိလာခဲ့ပြီး၊ အောင်မြင်ခဲ့တဲ့ မှော်စီးရီး တစ်ခုလည်းဖြစ်ပါတယ်။ Live Action ဟာ Animated ထက် ပိုကောင်းသွားတဲ့ စီးရီးကိုပြပါဆို ဒီစီးရီးဟာ ထိပ်ဆုံးကနေ ဦးဆောင်မယ့်စီးရီးတစ်ခုလို့ဆိုရပါလိမ့်မယ်။ မှော်ဇာတ်လမ်းအများစုဟာ ဇာတ်လမ်းဇာတ်ကွက်ချာ၊ CGI effect ကညံ့၊ သရုပ်ဆောင်တွေက သုံးစားမရလို့ ကြည့်မကောင်းတာတွေက ‌အတော်များတတ်ပေမဲ့ ဒီစီးရီးမှာတော့ ထိုအရာတွေအကုန်လုံးတစ်ခုမှ ပြောစရာမလိုဘဲ အလွန်ကောင်းတယ်ဆိုတာ Season 1 ကြည့်ဖူးသူတိုင်း သိကြမယ်လည်းထင်ပါတယ်။  ပရိသတ်တွေ အရမ်းသဘော ကျလွန်းလို့ Rating ခပ်များများပေးထားတာခံရတဲ့ စီးရီးလေးလည်းဖြစ်တာမို့ ဘယ် လောက်ကြည့်ထိုက်လဲဆိုတာ သိပ်ပြောပြဖို့လိုနေမယ်မထင်တော့ပါဘူး။ယခုမှစကြည့်ချင်သူတွေ‌အနေနဲ့ကတော့ Season 1 ကိုစကြည့်ရမှာဖြစ်ပြီး မှော်ကား ကြိုက်သူတစ်ယောက်အတွက် အလွန်နှစ်ခြိုက်စရာကောင်းအောင် ကြိုအသိပေးထား ပါရစေ။ ယခု Season 2 ကိုတော့ Season ...
8.34
TMDb: 8.34/10 42000 votes
tv

Fate: The Winx Saga – Season (02)

2022
Fate: The Winx Saga – Season (01) 9.2
Fate: The Winx Saga – Season (01) Fate: The Winx Saga (2021) ======================= IMDb Rating - 6.8/10Netflix ကအသစ်လွှင့်တဲ့ Fate: The Winx Saga Series ဖြစ်ပါတယ်။ Alfea ဆိုတဲ့ သာမာန်လူတွေမသိတဲ့ ‌တစ်ခြားကမ္ဘာကမှော်နယ်မြေတစ်ခုမှာ နတ်သမီး (fairy)ကျောင်းတစ်ခုမှာ ရှိပြီး (fairy)မျိုးဆက်တွေကို ပညာသင် ကြားပေးပါတယ်။ ကျောင်းကြီးဟာ ပညာသင်ပေးရုံသာမက လောင်းကျွမ်း သားရဲကောင်အန္တရာယ်ကနေကာကွယ်ဖို့ အကာကွယ်ကြီးအုပ်ကာထားတဲ့ ခံတပ်ကြီးတစ်ခုလဲဖြစ်ပါတယ်။ဘလွန်းရဲ့ မိဘတွေကသာမာန်လူတွေဖြစ်လျှက် သူမမှာနတ်သမီးအစွမ်းရှိနေ တာသိခဲ့ပြီး မထိန်းချုပ်နိုင်ဘဲ ဒုက္ခရောက်ခဲ့ရာကစလို့ အစွမ်းကိုထိန်းချုပ်နိုင်ဖို့ ကျောင်းလာတက်ပါတယ်။ လူတွေနဲ့အနေဝေးပြီး သီးသန့်နေတတ်တဲ့ ဘလွန်းဟာ သူနဲ့အဆောင်တူ မိန်းကလေး ၄ ယောက်နဲ့အတူ ပထမဆုံးကျောင်းတက်တဲ့နေ့မှာပဲ အဖြစ်မျိုးစုံကြုံရင်း သာမာန်မိဘကနေ ဘာကြောင့် နတ်သမီးအစွမ်းတွေရနေတာလဲ၊ လောင်ကျွမ်း သားရဲကြီးက ကောဘာကြောင့်ရောက်နေတာလဲ ဘယ်လိုအန္တရာယ် ဆိုးတွေကြုံရမလဲ။ သူတို့အစွမ်းတွေနဲ့တိုက်ဖျက်ဖြေရှင်းနိုင်ကြမှာလားဆိုတာ တို့ကိုစိတ်ဝင်စားဖွယ်ကြည့်ရမှာဖြစ်ပါတယ်။ဇတ်လမ်းလေးက စိတ်ဝင်စားဖို့ကောင်းတဲ့အပြင် ဖန်တီးသူကလဲ  the-vampire- diaries ရဲ့ စာရေးဆရာဖြစ်တဲ့ Brian Young ဖြစ်ပါတယ်။ Virtual Effect တွေလဲ အတော်လေးကောင်းတဲ့အတွက် Magic ဖန်တွေ ကြည့်သင့်တဲ့  Fantasy ...
9.2
TMDb: 9.2/10 17 votes
tv

Fate: The Winx Saga – Season (01)

2021
The Last Kingdom – Season(01), (02), (03), (04), (05) – Complete 8.3
The Last Kingdom – Season(01), (02), (03), (04), (05) – Complete The Last Kingdom ================ IMDb Rating - 8.5/10 Rotten Tomatoes 91%CMပရိတ်သတ်တွေ ခဏခဏတောင်းဆိုလွန်းလို့ ဒီစီးရီးကို Season(05)ထိ အကုန်တင်ဆက်ပေးသွားပါမည်။Review ---------- ကျုပ်ဟာ အင်္ဂလန်ရဲ့ အော်လ်ဒေါ်မန်တစ်ယောက်အဖြစ် မွေးဖွားလာခဲ့တယ်။ ဘီဘန်ဘာ့၊ နော်သမ်ဘရီယန်မြေရဲ့ ဆက်ခံသူ အစစ်ပေါ့။ အသက် ၁၂ နှစ်မှာ ပထမဆုံး တိုက်ပွဲ၀င်ခဲ့တယ်။ အဖေ အသတ်ခံရတာကို ကျုပ်မျက်စိနဲ့ တပ်အပ် မြင်ခဲ့ရတယ်။နောက်တော့ ဘရီဒါဆိုတဲ့ ဆက်ဆွန်သူလေးနဲ့အတူ ကျူးကျော်သူတွေ ခိုးယူ‌ ခေါ်ဆောင်ခြင်းကို ခံခဲ့ရတာပေါ့။ ပထမ.. အစေခံ။ နောက်တော့ အာလ် ၀က်ဂ်နာရဲ့ သားဖြစ်လာတယ်။ ကံကြမ္မာကြောင့် ကျုပ်ဟာ ဒိန်းမတ်လူမျိုး ဖြစ်သွားတယ်။ ၀က်ဂ်နာအငယ်လေးက ကျုပ်ရဲ့ ညီဖြစ်လာပြီး ဘရီဒါက ကျုပ်ချစ်သူ ဖြစ်လာတယ်။ နောက်တော့ ကံကြမ္မာရဲ့ သစ္စာဖောက်ခဲ့ခြင်းကိုခံရတယ်ဆိုမလား ၀က်ဂ်နာ့ကို သတ်တာ ကျုပ်ဆိုတဲ့ အလိမ်ဆင်တွေ ပြန့်ကုန်တယ်။ဒီတော့ သူ့ရဲ့ ပိုင်ဆိုင်မှုတွေ ယူပြီး တောင်ပိုင်း ၀က်ဆက်က ဘီအိုကာနဲ့ ဘုရင့်ညီ အဲလ်ဖရက်ဆီ သွားခဲ့တာပေါ့။ ကျူပ်ကို ဒိန်းမတ်တွေက ...
8.3
TMDb: 8.3/10 1144 votes
tv

The Last Kingdom – Season(01), (02), (03), (04), (05) – Complete

2015
The Imperfects (2022) 6.0
The Imperfects (2022) The Imperfects (2022)================ဒီစီးရီးကတော့ Netflix ကနေ လောလောလတ်လတ်ထွက်ထားတဲ့ စီးရီးသစ်တစ်ခုဖြစ်ပြီး Season(1) အနေနဲ့ဆယ်ပိုင်းတစ်ပြိုင်ထဲထွက် ရှိထားတာဖြစ်ပါတယ်။Action, Adventure, Drama အမျိုးအစားဖြစ်ပါတယ်။ဇာတ်လမ်းအကျဥ်းကတော့ မျိုးဗီဇချို့ယွင်းမှုတွေနဲ့မွေးဖွားလာတဲ့ လူငယ်တွေကို ဒေါက်တာဆာကော့ဗ်ဆိုတဲ့ဆရာဝန်နဲ့သူ့လက်ထောက်က ကုသဖို့ကြိုးစားရင်း၊ စမ်းသပ်ချက်တွေလုပ်ရင်း မထင်မှတ်ထားတဲ့ ရလဒ်တွေဖြစ်လာတဲ့နောက် ဒီလူငယ်တွေမှာအစွမ်းလို့ခေါ်လို့လည်းရသလို ထိန်းချုပ်မရနိုင်တဲ့အကျိုးဆက်တွေဖြစ်လာခဲ့ပါတယ်။ အကြမ်းဖျဥ်းအားဖြင့် ပြောရရင် Xmen တွေနဲ့သဘောတရားချင်းဆင်တူပြီး Character တည် ဆောက်ထားပုံတွေလည်းခိုင်မာကျစ်လစ်တယ်လို့ပြောလို့ရပါတယ်။ချူပါကာဘရာလို့ခေါ်တဲ့ဒဏ္ဍာရီလာသမန်းဝံပုလွေတစ်ပိုင်း၊ရုပ်ပြဝတ္ထုစာရေး ဆရာလူငယ်လေးဟွမ်ရူဝိစ်၊ အသံနဲ့ခြောက်လှန့်တတ်တဲ့အိုင်းရစ်ရှ်ဒဏ္ဍာရီလာ မကောင်းဆိုးဝါးမဘန်ရှီးလို အကြားအာရုံနဲ့အသံပါဝါတွေရလိုက်တဲ့ အညတရ တီးဝိုင်းတစ်ခုကအဆိုတော်မလေး တေလ်ဒါ၊ အိပ်ပျော်နေတဲ့ယောကျ်ားတွေဆီက ကာမဂုဏ်ကိုစားသုံးတတ်တယ်ဆိုတဲ့ဒဏ္ဍာရီလာနတ်ဆိုးမ ဆက္ကူဘတ်စ်လို သူ့ရဲ့ကိုယ်သင်းနံ့နဲ့ ကျား၊မ မရွေးကိုလိင်စိတ်အလွန်အမင်းကြွလာအောင် လှုံ့ဆော် နိုင်စွမ်းရှိသူ ဇီဝသိပ္ပံကျောင်းသူလေးအက်ဘီဆင်းဂ်၊ သူတို့ရဲ့ထိန်းချုပ်မရတဲ့ အစွမ်း တွေက ကောင်းခြင်းတွေကိုဦးတည်လာမလား၊ လက်ရှိကျိန်စာတစ်ခုလိုခံစားနေရ တာကနေ ဘယ်လိုရုန်းထွက်မှာလဲဆိုတာတွေအပြင် သူတို့ရဲ့စွန့်စားခန်းတွေကို စိတ်ဝင်တစားကြည့်ရှုရမှာပါ။(ဒီစီးရီးရဲ့ အညွှန်းကို Min Khant Bo မှရေးသားပေးပြီး၊ ဘာသာပြန် ရေးသား ပေးသူများကတော့ Min Khant Bo, Alias, San Thu Aung, Htet Kyaw Myo တို့ ဖြစ်ပါတယ်။)File Size.............(350 MB) / (800 MB) Quality...............WEB-DL ...
6.0
TMDb: 6.0/10 1500 votes
tv

The Imperfects (2022)

2022
Narco-Saints (2022) [Complete] 7.333
Narco-Saints (2022) [Complete] Narco-Saints (2022)အပိုင်းသစ် - ၁ မှ ၆ [အစ-အဆုံး](1080p များလည်း ရပါပြီ)အွန်းဆူဆိုတဲ့ သူဟာ မိဘ(၂)ပါးလည်းမရှိ ..ငယ်စဉ်ကတည်းက ပညာလည်းကောင်းစွာမသင်ရတော့ ဘဝကအတော်ရုန်းကန်ရတယ်။ ဒါပေမဲ့သူဟာ အမေရိကန်သံရုံးကသူတွေနဲ့နီးစပ်ခဲ့လို့ အင်္ဂလိပ် စကားအတော်အတန် ပြောတတ်တဲ့အပြင် သူ့မိသားစုလည်း သူ့လိုမဖြစ်စေရဘူးဆိုတဲ့စိတ်ကြောင့် အလုပ်အကိုင်တွေ ကြိုးစားလုပ်လို့ အတော်အဆင်ပြေလာတယ်။ဒီနောက်တော့ ပိုချမ်းသာချင်တဲ့သူ့ဆီကို ကုန်သည်တစ်ယောက်က ဆူရာနမ်ဆိုနိုင်ငံက ငါးတွေကို ကိုယ်တိုင် ကုန်ကူးဖို့ လာရောက်ဆက်သွယ်တယ်။ ဒီတော့ သူဟာ ဆူရာနမ်ကို သွားခဲ့တယ်...လူရည်လည်တဲ့သူ့အဖို့ သိပ်အခက်အခဲမရှိပေမဲ့ အဲ့ဒီကာလများဆီမှာ ကိုရီးယားကို ဆူရာနမ်ကနေ မူးယစ်ဆေးတွေသွင်းနေတဲ့အကောင်ကြီးကြီး တစ်ကောင်လည်းရှိတယ်။အဲ့ဒီနောက်မှာတော့ ...ဒီစီးရီးက ဘက်ဂျက်တွေအများကြီးသုံးထားသလို နာမည်ကြီး cast တွေချည်းသုံးထားပြီး ဖြစ်ရပ်မှန်အပေါ်အခြေခံထားတယ်လို့လည်းဆိုတာမို့ ဒီလထဲ အကြည့်သင့်ဆုံး အကြမ်းဆုံး ကိုရီးယားစီးရီးဖြစ်လိမ့်မယ်လို့ထင်တဲ့အတွက် နင်းကန်ကြည့်သင့်ပါကြောင်း ...Aired                ...
7.333
TMDb: 7.333/10 3 votes
tv

Narco-Saints (2022) [Complete]

2022
You’re Nothing Special (2022) Complete 5.583
You’re Nothing Special (2022) Complete You're Nothing Special Season 1 ===========================ဘာစီလိုနာမြို့ကြီးကနေ သူ့အမေရဲ့ ဇာတိမြို့နယ်လေးကို ပြောင်းရွှေ့လာရတဲ့ ‌ဆယ်ကျော်သက် ကျောင်းသူလေး အမ်မိုင်ယာ မြို့ခံတွေဆီက အဖွားအကြောင်းတီးတိုးပြောကြတာတွေကို စူးစမ်းရင်း အဖွားရဲ့ ထူးဆန်းတဲ့စွမ်းအားတွေကို တွေ့ရှိသွားခဲ့တယ်သူငယ်ချင်းရဲ့ ငယ်ဘ၀မကျေနပ်ချက်ကို အစွမ်းတွေသုံးပြီး လက်တည့်စမ်း ကျိန်ရာကနေ သူ့ကျိန်စာအတိုင်း တစ်ကယ်ဖြစ်လာတဲ့အချိန်မှာ တခြားသူငယ်ချင်းတွေကပါ သူတို့ရဲ့ အချစ်ရေး လူမှုရေးအခက်အခဲလေးတွေဖြေရှင်းပေးဖို့ အမ်မိုင်ယာကို လာအပူကပ်ကြတယ်တစ်ပိုင်းချင်းစီမှာ သူငယ်ချင်းတွေ အကူအညီတောင်းသမျှကို အဘွားရဲ့ အစွမ်းတွေ သုံးပြီး ကူညီပေးတဲ့ ပုံစံလေး ရိုက်ကူးထားတာပါ ဆယ်ကျော်သက် လူငယ်တွေရဲ့ စူးစမ်းစိတ် အချစ်နဲ့ သူငယ်ချင်းဆက်ဆံရေး တွေကို စပိန်နိုင်ငံက မြို့သေးလေး‌ရဲ့ မျက်စိအေးစရာ ရှုခင်းလေးတွေနဲ့ ပေါ့ပေါ့ပါးပါး ကြည့်ကောင်းတဲ့ drama ကားလေးဆိုပြီး review ရထားတဲ့ကားမို့ Heavy Drama တွေနဲ့အီနေရင် အပြောင်းအလဲအဖြစ် ကြည့်ကြည့်နော် File Size – 7200MB / 400MBQuality – 1080p NF WEBDL AAC5.1CH / 720pDuration – ...
5.583
TMDb: 5.583/10 6 votes
tv

You’re Nothing Special (2022) Complete

2022
The Girl in the Mirror (2022) 8
The Girl in the Mirror (2022) The Girl in the Mirror (2022 Netflix series)IDMDb (7.1/10) =================================ခရီးစဥ် တစ်ခုမှာ လူငယ်တွေအချင်းချင်း ဆုံပြီး အသိအကျွမ်း ဖြစ်သွားကြတယ်။လူငယ်သဘာဝ သောက်စားပျော်ပါးရင်းနဲ့ ခင်မင်လာတော့ သူ့အတွဲ ကိုယ့်အတွဲ အီစီကလီတွေ ဖြစ်လာကြတယ်။ခရီးအဆုံးမှာ ကတောက်ကဆ အနည်းငယ်ဖြစ်လို့ စိတ်ခုစိတ်ဆိုးကြတာ ရှိရုံကလွဲပြီး တခြားထူးထူးခြားခြား မရှိခဲ့ပေမယ့် အပြန်လမ်းမှာ သူတို့ ခရီးသည်တင်ကား ရှေ့ဆက်သွားလို့မရအောင် မြူခိုးတွေ ပိတ်လာခဲ့ပါတယ်။မြူခိုးကြားက မရမက သွားရင်းနဲ့ မမျှော်လင့်ထားတဲ့ ကားမတော်တဆမှု ဖြစ်ခဲ့ပါတယ်။ဒီမတော်တဆမှုကြောင့် ဒဏ်ရာရသူကရ၊ သေတဲ့သူက သေ၊ ပျောက်တဲ့သူက ပျောက်နဲ့ ဖြစ်ခဲ့ပေမယ့် သေရွာက ကပ်သီးလေး လွတ်မြောက်လာတာကတော့ အယ်လ်မာဆိုသူ မိန်းမပျိုလေးပါ။သူကိုယ်တိုင် အတိတ်မေ့ပြီး မှတ်ဉာဏ်ပျောက်ခဲ့ရတော့ ဒီမတော်တဆမှုကို ပြန်လည် စုံစမ်းရှာဖွေရင်း သူ့ကိုယ်သူ ပြန်မှတ်မိအောင် ကြိုးစားရပါတော့တယ်။ဒီမတော်တဆမှုက သွေးရိုးသားရိုးမှ ဟုတ်ရဲ့လား၊ ဒီခရီးစဥ်နဲ့ ဘယ်လိုများပတ်သက်နေမလဲ၊ အယ်လ်မာရဲ့ မှတ်ဉာဏ်ထဲမှာ ကျန်ခဲ့တဲ့ အစိတ်အပိုင်းတွေက ဘယ်လို ဖြစ်လာမလဲ...၊စတဲ့ သို့လောသို့လော ...
8
TMDb: 8/10 1 votes
tv

The Girl in the Mirror (2022)

2022
Delhi Crime(S1+S2) 8.7
Delhi Crime(S1+S2) Season 2Delhi crime Season 2 2022IMDb 8.5/10 ရထားပြီး အပိုင်းတိုင်း အပိုင်းတိုင်း စိတ်လှုပ်ရှားဖွယ် ကြည့်ရှူခဲ့ရတဲ့ Delhi Crime ဖြစ်ရပ်မှန်မှုခင်းဇာတ်လမ်းတွဲ Season 2 ထွက်ရှိလာပါပြီ ဒီတစ်ခါမှာလည်း ပြင်ပလက်ရှိလောကမှာ အမှန်တကယ်ဖြစ်ခဲ့တဲ့ ကတ်ချဘန်နီရန်ဆိုတဲ့ လူမျိုးစုဂိုဏ်းရဲ့ မွှေချက်ကြီးကို ကြည့်ရမှာပါစွပ်ကျယ်နဲ့ လန်ကွတ်တီပဲ ဝတ်ထားတဲ့ ကတ်ချဘန်နီရန်ဂိုဏ်းရဲ့ ပြစ်မှုကျူးလွန်သူတွေဟာ တစ်ညမှာ အိမ်ကြီးထဲ ခိုးဝင်ပြီး သက်ကြီးအဖိုးအဖွား စုံတွဲနှစ်တွဲကို ရုပ်ပျက်ဆင်းပျက်ဖြစ်အောင် သတ်လိုက်ကြတယ် အငြှိုးရှိဟန်လည်း မတူပေမယ့် တစ်အိမ်လုံးမှာ ပွစာကြဲအောင် မွှေနှောက် သောက်စား အညစ်အကြေးစွန့်ထားခဲ့ပြီး စီစီတီဗွီမှာပါ သက်သေအထောက်အထားချန်ထားခဲ့တဲ့ လူသတ်သမားတွေကို ရဲမှူးဗာတီကာနဲ့ အဖွဲ့က ရှာဖွေစုံစမ်းကြမှာဖြစ်ပါတယ် ၁၉၉၀ ပြည့်နှစ်တွေကတော့ ကတ်ချဘန်နီရန်ဂိုဏ်းသားတွေ အတော်ကိုထောင်လွှားခဲ့ပြီး ပြစ်မှုမျိုးစုံကျူးလွန်ခဲ့ကြတယ် အခုတစ်ခေါက် ပေါ်တော်မူလာတဲ့ တရားခံတွေကရော အတူတူပဲလား ဘယ်သူတွေလဲဆိုတာကို ကြည့်ရှူခံစားရမယ့် အပြင် ရဲမှူးကြီးရဲ့ တာဝန်ဝတ္တရားခွဲဝေကြီးကြပ်ပုံ တရားမျှတမှုအတွက် လွန်ဆွဲရတဲ့ ဇာတ်ကြောင်းတွေကိုပါ ခံပြင်းဖွယ် ကြည့်ရှုရမှာပဲဖြစ်ပါတယ် Reviewed by Jerrica Season2 Link>> Vip Member - Click Here 720p>> Episode 1  - ...
8.7
TMDb: 8.7/10 5 votes
tv

Delhi Crime(S1+S2)

2019
The Sandman (2022) 8.417
The Sandman (2022) The Sandman (2022) ================ IMDb Rating - 8.0/10နက်ဖလစ်ရဲ့နတ်ဘုရားစီးရီးအသစ်တစ်ခုကိုတင်ဆက်ထားပါပြီ။ American Gods တို့ Norse Mythology တို့ကို ရေးခဲ့တဲ့ စာရေးဆရာကြီး နီးလ်ဂိုင်မန်ရဲ့ လက်ရာတွေထဲက Sandman ဆိုတဲ့ နတ်ဘုရား စွမ်းအားရှင် တစ်ယောက်အကြောင်းပါပဲ။ဇာတ်လမ်းအစမှာတော့ ကမ္ဘာနှစ်ခုကို အရင်ပြသထားပါတယ်။ လူသားတွေ နေတဲ့ နိုးထကမ္ဘာနဲ့ အိပ်မက်ကမ္ဘာပေါ့။ အိပ်မက်ကမ္ဘာရဲ့ နတ်ဘုရားဟာ သူ့ဆီ ကနေ ထွက်ပြေးပြီး လူတွေကို ဒုက္ခပေးနေတဲ့ အိပ်မက်ဆိုးတစ်ကောင်ကို လိုက်ဖမ်းနေခဲ့ပါတယ်။ ဖမ်းမိသွားတဲ့အချိန်လေးမှာပဲ ဘာမှမလုပ်ခင် သူ့ကို လူသားတစ်စုက မှော်အစီအရင်တွေနဲ့ ထောင်ချောက်ဆင်ဖမ်းတာခံလိုက်ရပါတယ်။ ဒါပေမဲ့ တကယ်တော့လည်း လူသားတွေ ဖမ်းချင်တာက သေမင်းတမန်တော်ကိုပါ။ ယုံထောင်ကြောင်မိဖြစ်ပြီး အိပ်မက်နတ်ဘုရားက အချောင်ဖမ်းခံလိုက်ရပါတယ်။ နောက်မှသိရတာက အိပ်မက်နတ်ဘုရားဟာ Endless ဆိုတဲ့ အဆုံးမဲ့နတ်ဘုရား (၇) ပါးထဲက တစ်ပါးဖြစ်နေတာပါပဲ။ အဲဒီ ၇ ပါးကတော့ ကံကြမ္မာ၊ ခွဲခွာမှု၊ အိပ်မက်၊ ဖျက်ဆီးခြင်း၊ ရမက်၊ သောက၊ ထင်ယောင်ထင်မှား ဆိုတဲ့ ဘုရား(၇)ပါးပါပဲ။သူတို့က သာမန်နတ်ဘုရားတော်တော်များများထက် စွမ်းအားကြီးကြပါတယ်။ ဒီစီးရီးမှာတော့ ...
8.417
TMDb: 8.417/10 6 votes
tv

The Sandman (2022)

2022
DOTA: Dragon’s Blood – Season (01), (02), (03) 7.8
DOTA: Dragon’s Blood – Season (01), (02), (03) DOTA: Dragon's Blood - Season (01), (02), (03)==================================IMDb Rating - 7.8/10ကမ္ဘာကျော် ဂိမ်းတစ်ခုဖြစ်တဲ့ DOTA ထဲက ဟီးရီုးတွေကို အခြေခံပြီး ရိုက်ကူးထားတဲ့ ကာတွန်းစီးရီးတစ်ခု နက်ဖလစ်ကနေ ပြသလိုက်ပါတယ်။ အဓိက ဇာတ်ကောင်ကတော့ Dragon Knight ဒေဗီယံ ပဲဖြစ်ပြီး၊ သူ့ရဲ့ စွန့်စားခန်းတွေနဲ့ အခြားသော ဟီးရိုးတွေနဲ့ ပတ် သတ်မှုတွေကို ဇာတ်လမ်းဆင်ရိုက်ကူးထားတာပါ။ ရုပ်ထွက်တွေရော ဇာတ်လမ်းရော ကောင်း မွန်တာမို့ ဘာသာပြန်ပြီး တင်ဆက်ပေးထားပါတယ်။ အားပေးကြပါဦး။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်။) File Size.............(400 MB) Quality...............WEBDL 1080p Duration............30Mins(@Episode) Subtitle..............Myanmar Hardsub Format...............MP4 Genre.................Animation, Action, Adventure Translator..........Mr.Anderson, d3mon Encoder..............SWM============================ CM VIP - LINK ============================= Zip File------------S1 - Yoteshin / Megaup / VIP  S2 - Yoteshin / ...
7.8
TMDb: 7.8/10 18000 votes
tv

DOTA: Dragon’s Blood – Season (01), (02), (03)

2021
A Model Family (2022) 8
A Model Family (2022) A Model Family (2022)စစ်ပွဲတွေ ရောဂါတွေ မတော်တဆမှုတွေကြောင့် ကမ္ဘာပေါ်မှာ နေ့စဥ် လူပေါင်းများစွာ အသက်ဆုံးရှုံးနေရပါတယ်ဒါပေမယ့် အဲဒီထက်ပိုများတဲ့ အသက်တွေကတော့ ငွေကြောင့်ဆုံးရှုံးနေတယ်တဲ့လောကမှာ ငွေကြောင့်ဆုံးရှုံးရတဲအသက်တွေ ဘယ်လောက်အထိများနေပြီလဲဇာတ်လမ်းအကျဥ်းဘတ်ဒုံဟာက ဂန်အွန်းဂျူနဲ့လက်ထပ်ထားတဲ့ သာမန် အိမ်ထောင်ဦးစီးတစ်ယောက်ဖြစ်တယ် သားသမီး ၂ ယောက်ရှိပြီး သားငယ်လေး ဟျွန်းအူ နှလုံးအစားထိုးခွဲစိတ်ဖို့အတွက် ငွေအရေးပေါ်လိုအပ်နေတယ် မိသားစုအပေါ် သူ့ရဲ့ တာဝန်မကျေမှုတွေကြောင့် ဇနီးဖြစ်သူ အွန်းဂျူကလည်း သူ့ကို ကွာရှင်းချင်နေတယ် အွန်းဂျူမှာကလည်း လျို့ဝှက်ချက်တွေက ရှိနှင့်ပြီးသားပေါ့ဒုံဟာတစ်ယောက် စိတ်ညစ်ညစ်နဲ့ခြေဦးတည့်ရာထွက်လာခဲ့ရာက မထင်မှတ်ဘဲ ကားတစ်စီးကိုတွေ့လိုက်ရတယ်လူပြတ်တဲ့လမ်းမပေါ်မှာရပ်ထားတာမို့ ထူးဆန်းလို့ အဲဒီကားအနားကိုသွားကြည့်တဲ့အခါ... ကားထဲမှာ လူနှစ်ယောက် သွေးအလိမ်းလိမ်းနဲ့ဖြစ်နေတာတွေ့လိုက်ရတယ် အစက အရေးပေါ်ကို ဖုန်းဆက်ပေးပေမယ့် ကားနောက်ခန်းက ငွေထုတ်ကြောင့် စိတ်ပြောင်းပြီး ဖုန်းချလိုက်တယ် နောက်ဆုံး ကားထဲကငွေတွေကို ခိုးယူလိုက်မိတယ်အဲဒီငွေတွေက မူးယစ်ဂိုဏ်းတွေနဲ့ ပက်သက်နေတဲ့အခါ ဒုံဟာတစ်ယောက် ဘယ်လိုဆက်ဖြစ်မှာလဲဆိုတာ ဒီဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှုကြပါရှင် ။Drama: A Model Family Director: Kim Jin-Woo Writer: Lee ...
8
TMDb: 8/10 1 votes
tv

A Model Family (2022)

2022
Rebelde (2022) 8
Rebelde (2022) Rebelde Season 1Rebelde a.k.a Rebel က​တော့  Netflixရဲ့ အသစ် ထွက်ရှိလာတဲ့ လက်တင်စကား​ပြော Mexican ရုပ်သံစီးရီးတစ်ခုပဲ ဖြစ်ပါတယ်၊ Comedy, Teen Drama, Musical Themeဖြစ်ပြီး လက်တင်စီးရီး​တွေကို ရိုက်ကူးရာ၊ reboot ရာ စင်တင်​ပေးရာမှာ လက်​စောင်းထက်​လေ့ရှိတဲ့ Netflix ​ကြောင့် ​ ရှေ့က​​နောင်​​တော် Hit Teen Drama​တွေဖြစ်ကြတဲ့ Elite နဲ့ Control Zတို့​ရဲ့ခြေရာကို နင်းနိုင်မလား​​ဆိုတာ စောင့်ကြည့်ရမယ့် Teen Drama serieပဲဖြစ်ပါတယ်၊Rebelde ဟာ Latin Americaမှာ ၂၀၀၀ပြည့်နှစ်ဝန်းကျင်က အ​တော်​ရေပန်းစားခဲ့တဲ့ Teen Dramaပဲဖြစ်ပါတယ်၊ မူရင်းက အာဂျင်တီးနား series ဖြစ်တဲ့ Rebelde Wayဖြစ်ပြီး 2004 ခုနှစ်မှာ မက္ကဆီကိုအ​​ခြေစိုက်Televisaက​နေ ဗားရှင်း​ပြောင်းပြီး ရိုက်ကူးထားတာဖြစ်ပါတယ်၊ 2004 ထွက် Mexican version က​တော့Season 3 ခု total episodes 440နဲ့ Latin ...
8
TMDb: 8/10 2 votes
tv

Rebelde (2022)

2022