Channel Myanmar

Netflix

Guillermo del Toro’s Cabinet of Curiosities (2022) 8.2
Guillermo del Toro’s Cabinet of Curiosities (2022) Guillermo del Toro's Cabinet of Curiosities (2022) ==================================== IMDb Rating - 8.2/10ဒီစီးရီးကိုတော့ ဒါရိုက်တာ ဂီရယ်မို ဒီတယ်ရိုရဲ့ ပရိသတ်တွေ ဟော်ရာ ကောင်းကောင်းကြိုက်သူတွေ အတော်ကိုမျှော်နေကြတာပါ။ ဂီရယ်မို ဒီတယ်ရို နဲ့ မရင်းနှီးရင်တောင်သူ့ရဲ့ ထူးခြားတဲ့ ကျောချမ်းစရာလက်ရာတွေကို ရင်းနှီးနေကြလောက်ပါတေယ်။ Pan's Labyrinth, Hellboy, Shape of Water Pacific Rim, Nightmare Alley စတဲ့နာမည်ကျော်ရုပ်ရှင်တွေအများကြီးပါပဲ။ Shape of Water နဲ့လည်း အကောင်းဆုံး ဒါရိုက်တာဆု၊ ရုပ်ရှင်ဆု ရထားပါသေးတယ်။အခုစီးရီးကလည်း သဘာဝလွန် လောကအကြောင်းကို ပဟေဠိဆန်ဆန် ရိုက်ကူးထားတာပါပဲ။ စုစုပေါင်း ရှစ်ပိုင်းထွက်ရှိမှာဖြစ်ပါတယ်။ တစ်ပိုင်းချင်းစီမှာ ထူးခြားတဲ့ ကြောက်စရာပုံပြင်တွေပါဝင်တာမို့ ဟော်ရာရုပ်ရှင်(၈)ကားလို အဝကြည့်ရမှာပါပဲ။(ဒီစီးရီးရဲ့ အညွှန်းကို Mr.Andersonမှရေးသားပေးပြီး၊ ဘာသာပြန် ရေးသား ပေးသူများကတော့ Mr.Anderson, Thiha Yan Naing တို့ ဖြစ်ပါတယ်။)File Size.............(300 MB) / (600 ...
8.2
TMDb: 8.2/10 1200 votes
tv

Guillermo del Toro’s Cabinet of Curiosities (2022)

2022
Scarlet Hill (2022) 6.5
Scarlet Hill (2022) Scarlet Hill (2022)ဒီတစ်ခေါက် CM က တင်ဆက်ပေးမယ့်ဇာတ်လမ်းတွဲလေးကတော့ ဗီယက်နမ် Netflix ကားဖြစ်ပြီး Horror , Crime Genre ပဲဖြစ်ပါတယ် လူဝ် ဆိုတဲ့ခရီးသွားလုပ်ငန်းရှင် နဲ့ ဗီ ဆိုတဲ့မိန်းကလေးတို့က စေ့စပ်ထားကြတဲ့ ဇနီးမောင်နှံလောင်းစုံတွဲလေးပါ ဗီဟာ ကလေးတစ်ယောက်ရှိတဲ့ Single Mother တစ်ယောက်ပေါ့ ဗီဟာ Anxiety တစ်ခုကိုခံစားနေရတာကြောင့် အိပ်ရာပေါ်ကကိစ္စတွေကို မစွမ်းဆောင်နိုင်ဘူး ဖြစ်နေခဲ့ပါတယ် မြို့ပေါ်မှာနေတာကြောင့် စိတ်ဖိစီးမှုအမျိုးမျိုးကြောင့်လို့ ယူဆတဲ့ Family Doctor ကြောင့် သူတို့စုံတွဲနဲ့ သားဖြစ်သူတို့ဟာ “Scarlet Hill” ဆိုတဲ့ "ကတ္တီပါ တောင်ဝှမ်း" စံအိမ်ကို ပြောင်းရွှေ့လာခဲ့ကြပါတော့တယ် မြင်ရသလောက်သိပ်ကိုသာယာတဲ့ နေရာ ဆိုပေမယ့် အနည်းငယ်ကျောချမ်းစရာတော့ကောင်းနေပါတယ် ဒါပေမဲ့ ထိုနေရာမှာ အတူအိပ်ဖို့ကြိုးစားကြည့်တဲ့ အချိန်မှာတော့ ဗီ ရဲ့ထင်ယောင်ထင်မှားတွေ စလာခဲ့ပါတော့တယ် အမြဲ သူမြင်နေရတဲ့ မျက်လုံးထဲက ပုံရိပ်တွေကဘာလဲ ... နောက်ပိုင်းမှာ လူသေမှုတွေပါဖြစ်လာခဲ့ပြီး စံအိမ် နဲ့ တကွအရှုပ်တော်ပုံတွေ အစပြုလာပါတော့တယ် တရားခံအစစ်က ဘယ်သူလဲ????? ထင်ယောင်ထင်မှားတွေကရောဘာလဲ????? ဒီ ကတ္တီပါတောင်ဝှမ်းရဲ့ ...
6.5
TMDb: 6.5/10 2 votes
tv

Scarlet Hill (2022)

Indian Predator: Murder in a Courtroom (2022) 9
Indian Predator: Murder in a Courtroom (2022) Indian Predators Season2 (2022)Season 1မှာတုန်းက ၁၉၉၈ခုနှစ်ကနေ ၂၀၀၇ခုနှစ်အထိ ၉နှစ်တာလူသတ်မှု၈မှုကျူးလွန်ခဲ့ပြီး အမှုတိုင်းမှာလည်း ပလက်စတစ်နဲ့ထုပ်ပြီး ရဲစခန်းရှေ့သွားပစ်ထားတဲ့ ဖြစ်ရပ်မှန်မှတ်တမ်းရုပ်ရှင်ကိုမှတ်မိကြမယ်ထင်ပါတယ် အခုလည်းဖြစ်ရပ်မှန်ပေါ်အခြေခံရိုက်ကူးထားတဲ့ Season 2 လည်း Netflix မှထွက်ရှိလို့လာပါပြီတရားခွင်ထဲမှလူသတ်မှု : ထိုးသွင်းဒဏ်ရာ၇၅ချက်နဲ့သေဆုံးခဲ့တဲ့တရားခံ အကူရာဒေ့ဗ် ဒီမှတ်တမ်းကတော့ တရားရုံးထဲမှာတရားခံကို လူအုပ်ကြီးကဝိုင်းသတ်ကြတဲ့အမှုပါ ရဲတွေရှေ့နေ့တွေတရားသူကြီးတွေရှေ့မှာ အမျိုးသမီး အယောက်၅၀ခန့်လူအုပ်ကြီးက တရားခွင်ထဲဝင်လာကြီး တရားခံကိုသတ်သွားကြတဲ့ မကြုံစဖူးဖြစ်စဉ်မို့ နေရာအနှံ့ကသတင်းထောက်တွေကြားဟိုးလေးတစ်ကျော်ကျော်ဖြစ်သွားခဲ့တယ်ခေါင်းစဉ်တွေမျိုးစုံနဲ့သတင်းထွက်လာခဲ့ပြီး မျက်မြင်သက်သေပြောဆိုချက်အရ အမျိုးသမီး၅ဦးကိုသာဖမ်းဆီးခဲ့တဲ့ဖြစ်စဉ်ကြောင့် ဆူပူအုံကြွမှုတွေဖြစ်ခဲ့ပြီး ကတ်စတူဘာနာဂ်ဂါက ၄၀၀သော အမျိုးသမီးတွေကလာအဖမ်းခံခဲ့တဲ့ဖြစ်စဉ်ဒီတရားခံအပေါ်သူတို့ဘယ်လိုအမုန်းတရားတွေရှိနေမလဲ ရက်စက်ကြမ်းကြုတ်စွာလူသတ်မှုတွေကျူးလွန်ခဲ့တဲ့အကူရာဒေ့ဗ်ကို လအနည်းငယ်နဲ့ပြန်ပြန်လွှတ်ပေးခဲ့တဲ့ ရဲတွေရဲ့ညံ့ဖျင်းမှုကြောင့် ဒီလိုအမှုဖြစ်လာတယ်လို့အယုံရှိကြတဲ့လူကတစ်ဖွဲ့၊ အမျိုးသမီးတွေကိုအသုံးချကြိုးကိုင်ပြီး စိတ်ဝမ်းကွဲအောင် ဆူပူမှုဖန်တီးတယ်လို့လက်ခံတဲ့တစ်ဖုံနဲ့ SMS ကနေ မဲအရေအတွက်နဲ့ Voting ခွဲခဲ့ရတဲ့ဖြစ်ရပ်မှန်ဒီမှတ်တမ်းရုပ်ရှင်ကို အသည်းတယားယား ခံပြင်းစွာနဲ့ကြည့်ရှုရမှာပါ IMDb မှာလည်း 7.3ထိရရှိထားပြီး Netflix ကထုတ်လွှင့်တာဖြစ်လို့မကောင်းမှာတော့မပူရပါဘူးရှင်Quality : 1080p NF WEB DL /  720pTotal Episodes : 3EpsFormat : mp4Genres :Documentry , CrimeDuration : 2h 48mSubtitle : Myanmar Subtitle ( ...
9
TMDb: 9/10 3 votes
tv

Indian Predator: Murder in a Courtroom (2022)

2022
Somebody (2022) Complete
Somebody (2022) Complete Somebody (2022) (အညွှန်း) ====================လျှို့ဝှက်ချက်တွေ ဇာတ်လှည့်ကွက်တွေအပြည့်နဲ့ စိတ္တဇဆန်ဆန် သည်းထိတ်ရင်ဖိုမှုခင်းဇာတ်ကားတွေကိုမှ ကြိုက်နှစ်သက်တဲ့ cm ပရိသတ်အတွက် ပြီးခဲ့တဲ့ Oct တုန်းက “အပြည်ပြည်ဆိုင်ရာ ဘူဆန်ရုပ်ရှင်ပွဲတော်” မှာ ပွဲဦးထွက်ပြသခဲ့ပြီး Nov 18 မှာ Netflix ကနေထုတ်လွှင့်ပြသမယ့် အပိုင်း (၈) ပိုင်းနဲ့ “Somebody” App developer တစ်ယောက်အနေနဲ့ရပ်တည်နေပြီး Mok Won နဲ့ Ki Eun အပြင် တခြားသူငယ်ချင်းအပေါင်းအသင်းမရှိတဲ့ Kim Sum ..နေ့စဥ်ဘဝမှာ လူတွေနဲ့ပေါင်းသင်းဆက်ဆံပြောဆိုရတာကိုက Kim Sum အတွက် ဝန်ထုပ်ဝန်ပိုးကြီးလိုဖြစ်နေပြီး အချိန်အများစုကို သူ့ရဲ့ရုံးခန်းလေးထဲမှာပဲ ကွန်ပျူတာတစ်လုံးနဲ့တစ်ကုပ်ကုပ် အချိန်ကုန်ဆုံးနေတတ်တဲ့ sociopath တစ်ယောက် .. ဒီလိုလက်တွေ့ဘဝမှာ လူတွေနဲ့သဟဇာတမဖြစ်တဲ့ Kim Sum က တစ်ဖက်မှာတော့ ကမ္ဘာကြီးရဲ့နေရာပေါင်းစုံကလူပေါင်းစုံရဲ့ဆုံစည်းရာ ဖူးစာဆုံရာ “Somebody” လို့ခေါ်တဲ့ online dating app တစ်ခုရဲ့ ဖန်တီးသူပဲ့ကိုင်ရှင်လည်းဖြစ်နေပြန်ပါသေးတယ်။ ဒီလိုနဲ့တစ်နေ့မှာတော့ လူသတ်မှုတစ်ခုဖြစ်ပွားခဲ့ပြီး ...

Somebody (2022) Complete

2022
1899 (2022) 10
1899 (2022) 1899 (2022)နာမည်​ကျော်Dark series ပရိုဂျူဆာ​တွေရဲ့ နောက်ထပ်mystery, horror, thriller seriesတစ်ခုဖြစ်တဲ့ 1899seriesထွက်လာပါပြီ။ Darkအ​ကြောင်းကို သိသူ​တွေအတွက် ဒီseriesက ​ဘယ်​လောက် Mind-blownလုပ်ဦးမလဲဆိုတာ ရိပ်စားမိကြမှာပါ။ လက်ရှိ IMDb 9.2နဲ့ RT 71%ရထားပါတယ်။ Darkလိုမျိုး Time travel genre ထပ်သုံးမှာမဟုတ်ဘူးလို့ ​ပြောထားတာလည်းရှိ​တော့ အခုseriesနဲ့ Dark ချိတ်ဆက်ပေးမ​လားဆိုတာ​​​ ​စောင့်ကြည့်ရမှာပါ။​သေချာတာ တစ်ခုက​တော့ Mysteries​ပေါင်းများစွာနဲ့ ကြည့်သူ​​တွေရဲ့စိတ်ကို ကောင်း​ကောင်းကြီးအလုပ်​ပေးဦးမှာပါ။ဇာတ်လမ်းအညွှန်းက​​တော့ လန်ဒန်က နယူး​ယောက်ကို ​ရေ​နွေး​ငွေ့ သင်္ဘော Kerberosနဲ့ ထွက်ခွာလာတဲ့ လူတစ်စုဟာ လမ်းခုလတ်မှာ ခရီးဖင့်စရာကိစ္စတစ်ခုနဲ့ ကြုံခဲ့ရပါတယ်။ Prometheusလို့​ခေါ်တဲ့ ကုမ္ပဏီတူသင်္ဘောတစ်စင်းဟာ ​ပျောက်ဆုံးသွားတာ ၄လ​ကျော်ထိ ရှိပြီဆို​ပေမဲ့ Kerberosသင်္ဘောဖြတ်သွားတဲ့အချိန်မှ ကိုဩဒိနိတ်နဲ့ တည်​နေရာကို အချက်ပြလာလို့ နဂိုလမ်း​ကြောင်းက​ ပြန်လှည့်ပြီး သွားကယ်ဖို့ ကြိုးစားရာမှ Kerberos​ပေါ်က ခရီးသည်​တွေအ​နေနဲ့ ထူးဆန်း​ပွေလီတဲ့ ပ​ဟေဠိများစွာနဲ့ ပတ်သက်မိသွားပါ​တော့တယ်။အညွှန်းကိုတော့ JimX က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ JimX, Leonard Lin, Act Molemy, Lai Laii, Mary Christ တို့ပဲ ဖြစ်ပါတယ်။Genre..... ...
10
TMDb: 10/10 3 votes
tv

1899 (2022)

2022
The Crown 2016 Season 1 + 2 + 3 + 4+5+6
The Crown 2016 Season 1 + 2 + 3 + 4+5+6 IMDb - 8.7 / 10Rotten Tomatoes - 91%The Crown ဆိုတဲ့ စီရီးဟာ ဘာအကြောင်းလဲ။အဲလိဇဘက် ဘုရင်မကြီး အကြောင်း။ဒါပဲပြောရင်တော့ ပျင်းစရာလို့ ထင်ရတာပေါ့။ဘုရင်မလုပ်ရတာ တကယ်တော့ ပျင်းစရာမကောင်းဘူးဆိုတာ ဆက်ကြည့်လိုက်ရင်တော့ တွေ့ရမှာပါ။ အဲလိဇဘက်ဘုရင်မကြီးဟာ ဝန်ကြီးချုပ် အဆက်ဆက်ကို ဖြတ်သန်းခဲ့ရသူပါ။ ဝင်စတန် ချာချီ၊ မက်မီလန်၊ အဲလက်၊ ဝယ်ဆန် စသည်ဖြင့်ပါပဲ။ဝန်ကြီးချုပ်တိုင်းနဲ့အတူ နိုင်ငံ့ပြဿနာတွေကို အတူဖြေရှင်းခဲ့ရတာပါ။ မြူဆိုင်းတဲ့ကပ်ဘေးတွေ၊ စူးအက်တူးမြောင်းလို ကိစ္စတွေ၊ သမ္မတ JFK စုံတွဲနဲ့ ကိစ္စတွေ၊ သမ္မတဂျွန်ဆန်နဲ့ ဗီယက်နမ်စစ်ပွဲကိစ္စတွေ၊ သူလျှိုမှုတွေ၊ လိင်အရှုပ်တော်ပုံတွေ အများကြီးပါပဲ။ဒါ့အပြင်သူ့ရဲ့ ဦးရီးတော်ကလည်း မိန်းမအတွက်နဲ့ နန်းစွန့်ခဲ့ပြီး သစ္စာဖောက်လို ဆက်ဆံခံရတဲ့ ရှုပ်ထွေးတဲ့သူပါ။ သူ့ရဲ့ ညီမကလည်း သူနဲ့ဆန့်ကျင်ဘက် ခေတ်ဆန်ဆန်၊ပေါ့ပေါ့ပါးပါး၊ ထက်ထက်မြက်မြက်ရှိပေမယ့် ပြဿနာ မကြာခဏရှာတတ်တဲ့သူပါ။ ယူထားတဲ့ယောကျာ်းကလည်း နိုင်ငံခြားဘုရင်မျိုးဆက် နာဇီတွေရဲ့ ...

The Crown 2016 Season 1 + 2 + 3 + 4+5+6

2016
Warrior Nun (2020) 8.4
Warrior Nun (2020) Channel Myanmar ပရိတ်သတ်တွေအတွက် အခုတစ်ခါ တင်ဆက်ပေးမှာကတော့ မနေ့တစ်နေ့ကမှ လောလောလတ်လတ် ထွက်ရှိထားတဲ့ Warrior Nun ဆိုတဲ့ အမိုက်စား ရုပ်ရှင်စီးရီးလေးပဲဖြစ်ပါတယ်။ ဒီ Warrior Nun Series ဟာ July 2 ရက်နေ့ကမှ Neflix မှာ စတင်ပြသခဲ့တာဖြစ်ပြီး Stranger Things ရဲ့ vibe ကို ခံစားရစေတယ်လို့ ကြည့်ရှုသူတွေက ဆိုကြပါတယ်။ ဇာတ်လမ်းအကြောင်းလေး ပြောရမယ်ဆိုရင်တော့… ပရိတ်သတ်တို့ ပတ်ဝန်းကျင်မှာ ခရစ်ယာန်သီလရှင်တွေကို မြင်ဖူးပါသလား.. ခရစ်တော်ရဲ့ တရားဓမ္မနဲ့ ပျော်မွေ့တဲ့ မေတ္တာတရားပိုင်ရှင် အေးချမ်းတဲ့မျက်နှာလေးတွေနဲ့ သီလရှင်လေးတွေပေါ့…. ဒါပေမယ့် ဒီဇာတ်လမ်းမှာ ပါဝင်တဲ့ သီလရှင်လေးကတော့ ကမ္ဘာပေါ်ရောက်လာတဲ့ နတ်ဆိုးတွေကို တိုက်ထုတ်ရင်း ဘုရားသခင်ကို ရွပ်ရွပ်ချွံချွံ အမှုတော်ထမ်းမယ့် စစ်သည်တော်သီလရှင်လေးပါ။ သူကတော့ အေဗာ တဲ့….. အသက် ၁၉ နှစ်အရွယ် အေဗာလေးဟာ ရုတ်တရက်သေဆုံးသွားပြီး ရင်ခွဲရုံထဲ ရောက်သွားခိုက် ရုတ်တရက် သေရွာပြန်အဖြစ်နဲ့ ပြန်လည် နိုးထလာတဲ့အခါ……… တဖန်ပြန်လည်ရှင်သန်ခြင်းနဲ့အတူ ငရဲဘုံရော ကောင်းကင်ဘုံကပါ အသည်းအသန်လိုချင်နေတဲ့ အစွမ်းတွေက သူ့ဆီကို မဖိတ်ခေါ်ဘဲ ရောက်လာခဲ့တဲ့အခါ….. တစ်ဖက်မှာလည်း ဘုန်းတော်ကြီးတွေ စစ္စတာတွေနဲ့ ဖွဲ့စည်းထားတဲ့ ဘာသာရေးဂိုဏ်းက အေဗာ့ဆီရောက်သွားတဲ့ စွမ်းအင်ကို အသည်းအသန်လိုက်ရှာရင်း ...
8.4
TMDb: 8.4/10 20 votes
tv

Warrior Nun (2020)

2020
Mr. Midnight: Beware the Monsters (2022) S01 Complete 6
Mr. Midnight: Beware the Monsters (2022) S01 Complete Mr. Midnight: Beware the Monsters (2022) Season 01 Complete ငယ်ငယ်က ဆရာသက်ဦးလွင် ဘာသာပြန်တဲ့ James Lee ရဲ့ Mr. Midnight စာစဥ်အတွဲလိုက်တွေကို ဖတ်ဖူးတဲ့ ကြောက်ခဲ့ဖူးတဲ့ မစ္စတာမစ်နိုက်ဖန်တွေ ရှိမယ်ထင်ပါတယ်။ ခုစီးရီးကတော့ အဲဒီစာအုပ်တွေကို မှီငြမ်းထားပြီး မစ္စတာမစ်နိုက်ဖန်တွေအတွက်တင်မကဘဲ သရဲခြောက်တဲ့အိမ်တွေ နေရာတွေကို လိုက်သွားရင်း ဇစ်မြစ်ရှာ သရဲတွေချွတ်တာကို သဘောကျတဲ့ Supernatural ဖန်တွေအတွက် သရဲချွတ်တဲ့ သရဲရှာတဲ့ကလေးတွေရဲ့ စီးရီးအသစ်ကလေးပေါ့။ James Lee ရဲ့ စာအုပ်‌တွေဟာ စင်ကာပူကထုတ်တာဖြစ်သလို ဒီစီးရီးကိုလည်း စင်ကာပူကပဲထုတ်တာပါ။ ကျွန်တော့်အတွက်တော့ ပထမဆုံးကြည့်ဖူးတဲ့ စင်ကာပူရုပ်ရှင်လည်းဟုတ်ပါတယ်။ ဇာတ်လမ်းကတော့ ကလေးသုံးကောင် ယူကျူ့ချန်နယ်ထောင်ပြီး သရဲခြောက်တဲ့နေရာတွေအကြောင်း တင်ကြပါတယ်။ တစ်နေ့မှာတော့ သူတို့ထဲက ကောင်လေးက ဝိညာဥ်တွေကို မြင်လာနိုင်ပြီး ပရလောကနဲ့ လူ့လောကကြား နှစ်ဖက်လုံးနဲ့ ချိတ်ဆက်နိုင်တဲ့ နတ်ဝင်သည်ဖြစ်လာပါတယ်။ ...
6
TMDb: 6/10 1 votes
tv

Mr. Midnight: Beware the Monsters (2022) S01 Complete

2022
Ultraman – Season (02) 7.047
Ultraman – Season (02) Ultraman season 2 (2022) ====================== IMDb Rating - 6.8/10Netflix ရဲ့ Anime ဇာတ်လမ်းကောင်းတစ်ခုဖြစ်တဲ့ Ultraman season 2 ဖြစ်ပါတယ်။ အာထရာမန်း fan တွေဆိုရင် ဒီ series က season 1 မှာထဲက လက်ရာဘယ်လောက်ကောင်းလဲသိပါတယ်။ အခု season 2 မှာလည်း စိတ်ပျက်မိစေမှာမဟုတ်ပါဘူး။ဇာတ်လမ်းအညွှန်းကတော့ နယူးယောက်မှာ ရုတ်တရက် နေ့ခင်း ကြောင်တောင် လူသွားလမ်းကြီးမှာ လူအုပ်လိုက် ပျောက်ဆုံးမှုဖြစ်သွား ပါတယ်။ ဒါကို သက်ဆိုင်ရာအာဏာပိုင် သတင်းထောက်တွေကလည်း အဖြေရှာနေကြပြီး မစဉ်းစားတတ်နိုင်အောင်ဖြစ်နေပါတယ်။ လျှို့ဝှက် အဖွဲ့အစည်းတွေကတော့ ဒီကိစ္စက ဂြိုလ်သားသက်ရှိတွေပါဝင်ပတ်သက် နေရမယ်ဆိုပြီးပြောထားပါတယ်။ဒီလိုနဲ့ ဒုတိယအကြိမ်အဖြစ် ဂျပန်မှာလည်း လူတွေပျောက်သွားပြန်ပါတယ်။ ဒီအခါမှာတော့ ကမ္ဘာကြီးကို ပါဝင်မယ့် အာထရာမန်းတွေပါဝင်လာခဲ့ပြီး၊ နောက်ကွယ်က တရားခံကို စုံစမ်းနိုင်ခဲ့ပါတယ်။ ဝါဒိုရန်ဆိုတဲ့ ဂြိုလ်သားမျိုးစိတ် တွေဟာ မျိုးတုံးခါနီးအခြေအနေနဲ့ရင်ဆိုင်ရတဲ့အတွက် လူသားတွေကိုပြန်ပေး ဆွဲပြီး ကပ်ပါးကောင်အနေနဲ့ နေထိုင်တာဖြစ်ပါတယ်။ နောက်ကွယ်က Villainကြီး ကလည်း တစ်ကမ္ဘာလုံးက လူတွေမပျောက်ချင်ရင် ကမ္ဘာမြေတစ်ဝက် သူ့လက်ထဲ ထည့်ပါဆိုပြီးခြိမ်းခြောက်လာပါတယ်။ ဒါကို ...
7.047
TMDb: 7.047/10 2100 votes
tv

Ultraman – Season (02)

2019
Notre-Dame (2022) 6.3
Notre-Dame (2022) Notre-Dame (2022)(တချို့ကိစ္စ အမှတ်တရတွေက လူတွေကိုအမြဲအမှတ်ရနေစေတာမဟုတ်ပါဘူး သူတို့ဘဝထဲကအချိန်ကာလတစ်ခုကို ရပ်တန့်သွားစေခဲ့တာပါ)၂၀၁၉ ခုနှစ်က ပဲရစ်မြို့ကပြည်သူတွေရဲ့အချိန်ကို တစ်ခဏတာရပ်တန့်စေခဲ့တဲ့ အဖြစ်အပျက်တစ်ခု သို့မဟုတ် ပဲရစ်မြို့ရဲ့အထင်ကရနေရာတစ်ခုလည်းဖြစ် ယူနက်စ်ကိုရဲ့ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် ကြေညာထားတဲ့နေရာလည်းဖြစ်တဲ့ နိုတာဒမ်းခရစ်ယာန်ဘုရားကျောင်းမီးလောင်ကျွမ်းမှုလူသေဆုံးမှုမရှိခဲ့ပေမယ့်လည်း ယဉ်ကျေးမှုအမွေအနှစ်ဖြစ်တဲ့ ဘုရားကျောင်းထိခိုက်ပျက်စီးမှုများတဲ့အပြင် လူတွေရင်ထဲစွဲမြဲနေလောက်အောင် အထိတ်တလန့်ဖြစ်‌စေခဲ့တဲ့ ဒီဖြစ်ရပ်မှန်အကြောင်းကို မီးသတ်သမားရဲ့ရှုထောင့်ဘက်က ရိုက်ကူးထားတဲ့ Notre Dame ဆိုတဲ့ Netflix mini seriesလေးနဲ့ စီအမ်ပရိတ်သတ်ကြီးကို မိတ်ဆက်ပေးလိုက်ပါရစေ။ဘဝမှာပထမဆုံးဆိုတဲ့အရာတွေဟာ နှလုံးသားရဲ့အနက်ရှိုင်းဆုံးတစ်နေရာမှာ အမြစ်တွယ်နေတတ်ပါတယ်။ ဥပမာ "အချစ်ဦး" ပေါ့။ မီးသတ်သမားတစ်ယောက်အတွက်လည်း သူပထမဆုံးငြိမ်းသတ်ရတဲ့မီးက သူ့ဘဝရဲ့မှတ်ကျောက်တစ်ခုပါ။ ဒါပေမဲ့ အဒမ်စကီကတော့ ပထမဆုံးမီးငြိမ်းသတ်ရချိန်မှာ ချစ်ရသူနဲ့လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ဘန်ကို ဆုံးရှုံးလိုက်ရပြီး စိတ်ဒဏ်ရာရသွားခဲ့တာကြောင့် အလုပ်ပါနားလိုက်ရပါတယ်။ ဒီတူညီသောဖြစ်ရပ်မှာပဲ စိတ်ဒဏ်ရာရသွားခဲ့သူကတော့ မီးသတ်ဌာနရဲ့ဗိုလ်ချုပ်ဖြစ်တဲ့ ဘန်ရဲ့အဖေဖြစ်သူပါ။ ဒီလိုစိတ်ဒဏ်ရာတွေနဲ့လူနှစ်ယောက်ကို ပြန်လည်ဆုံတွေ့စေမယ့် နိုတာဒမ်းမီးလောင်ကျွမ်းမှုမှာရော အတိတ်ဖြစ်ရပ်‌ရဲ့ Flashbackတွေကြားကနေ သူတို့နှစ်ယောက်ကျရာတာဝန်ကို ဘယ်လိုထမ်းဆောင်ကြမလဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာဖြစ်ပါတယ်။၂၀၁၉ ခုနှစ် နိုတာဒမ်းမီးလောင်မှုကို သေချာရိုက်ကူးပြထားတဲ့စီးရီးကောင်းတစ်ခုဖြစ်တာကြောင့် ဒီဖြစ်စဉ်ကိုသေချာသိချင်သူတွေရော မသိလိုက်သူတွေပါ ကြည့်ရှုသင့်တဲ့စီးရီးလေးအဖြစ် ညွှန်းပေးလိုက်ရပါတယ်။ စုစုပေါင်း ၆ ပိုင်း ပါရှိမှာပဲ ဖြစ်ပါတယ်။အညွှန်းကိုတော့ Mary Christ က ...
6.3
TMDb: 6.3/10 13 votes
tv

Notre-Dame (2022)

2022
Take 1 (2022) 4
Take 1 (2022) Take 1 (2022)အရင်ဆုံး Netflixကတင်ဆက်ပေးလိုက်တဲ့ Docuseries ဖြစ်တဲ့ Take1ဟာဆိုရင် ကြည့်ရှူသူတွေအတွက် ဗဟုသုတပေါင်းစုံ ရသမျိုးစုံကို သိမြင်ခံစားရမှာတော့ အာမခံပါတယ်။နယ်ပယ်ပေါင်းစုံမှာ ကိုယ်စားပြုရပ်တည်ခဲ့ကြတဲ့ နာမည်ကြီးအနုပညာရှင်တွေရဲ့ အိပ်မက်ထဲကစင်မြင့်ကို Take1 ပရောဂျက်ကြီးက အကောင်အထည်ဖော်ပေးသွားမှာပါ။ကန့်သတ်ချက်အနေနဲ့ကတော့ Take1ဆိုတဲ့အတိုင်း တစ်ကြိမ်တစ်ခါအခွင့်အရေးကိုပဲ ပေးအပ်သွားမှာဖြစ်တဲ့အပြင်ကို Legendary Performance တစ်ခုအတွက် အနုပညာရှင်တွေအနေနဲ့ သီချင်းတစ်ပုဒ်ကိုပဲ ရွေးချယ်ခွင့်ရှိမှာပါ။ဘဝမှာအလှပဆုံးကျန်ရှိနေစေမယ့် ဖျော်ဖြေမှုတစ်ခုအတွက်ရွေးချယ်နိုင်မှာက သီချင်းတစ်ပုဒ်တည်းဆိုတော့ ရွေးချယ်လိုက်မယ့်သီချင်းက ဘယ်လောက်ထိအဖိုးတန်မလဲဆိုတာ တွေးကြည့်နိုင်ပါတယ်။သီချင်းရွေးချယ်မှု၊စတိတ်စင်ပြင်ဆင်မှုအပါအဝင် ဖျော်ဖြေပွဲနဲ့ ပက်သက်တဲ့ကိစ္စရပ်တိုင်းအတွက် လုပ်ပိုင်ခွင့်က ပါဝင်သွားမယ့် အနုပညာရှင်တွေရဲ့ လက်ထဲမှာပါ။ နာမည်ကြီးအနုပညာရှင်တွေကိုယ်တိုင် စီစဉ်မယ့် ဖျော်ဖြေပွဲကအမိုက်စားတွေဖြစ်နေမှာတော့ အသေအချာပါပဲ။ စုစုပေါင်း အပိုင်း၇ပိုင်းပါဝင်သွားမှာဖြစ်ပြီးတော့ တစ်ပိုင်းစီမှာ အနုပညာရှင်၁ဦးစီနဲ့ပက်သက်ပြီး ရိုက်ကူးထားတာပါ။အညွှန်းကိုတော့ Milkeux က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ CM Variety Team ပဲ ဖြစ်ပါတယ်။Genre..... Reality Quality…. 1080p | 720p | 480p File size… 1GB | 500MB | 250MB Format… mp4 Duration…. 60min Episodes... 7 ...
4
TMDb: 4/10 3 votes
tv

Take 1 (2022)

2022
Everything Calls for Salvation (2022) 7.5
Everything Calls for Salvation (2022) Everything Calls for Salvation (2022) ========================== IMDb Rating - 7.5/10ဒန်နီရယ်ဆိုတဲ့လူငယ်လေးဟာ ဘော်ဒါတစ်သိုက်နဲ့ နိုက်ကလပ်မှာ အပီကဲ၊ အိပ်ပျော်အောင် ဆေးလေးဘာလေးချပြီးသကာလ အိမ်လည်း ပြန်ရောက်ရော မူးမူးနဲ့အိပ်ပျော်သွားတယ်ပဲဆိုကြပါစို့။ မနက်ရောက်တော့ သူ့စောင်ပေါ်မီးတင်ရှို့ခံရလို့နိုးလာရာကနေ သူဆေးရုံကုတင်ပေါ်ရောက် နေမှန်းသိလိုက်ရတယ်။ ရိုးရိုးဆေးရုံမဟုတ်ပဲ စိတ်ကျန်းမာရေးဆေးရုံ ဖြစ်နေတာပါပဲ။အဲ့ကဆရာဝန်က သူဒီမှာတစ်ပတ်တိတိ ကုသမှုခံယူရမယ်လို့ပြောလိုက်တော့ သကောင့်သားက မျက်ကလူးဆန်ပြာနဲ့ထငြင်းပါလေရော။ လောကဓံဆိုတာကြီးက ပျော်တဲ့သူကိုငိုအောင်၊ ငိုတဲ့သူကိုပျော်အောင် ကျီစားတယ်ဗျ။ လူတွေအားလုံးမှာ သူ့အကြောင်းနဲ့သူချည်းပါပဲ။ ကံကောင်းခြင်းတွေစုနေရာကနေ ကံဆိုးခြင်းတွေ ဗြုန်းခနဲပေါ်လာတတ်တာပဲမလား။ ဒန်နီရယ်တွေ့ရမယ့်သူတွေကလည်းအဲ့လိုပဲပေါ့။ သူဘာလို့အဲ့ဆေးရုံကိုအပို့ခံရတာလဲ။ သူမမှတ်မိတဲ့အရာတွေကဘာတွေလဲ။ အဲ့ဆေးရုံမှာနေရင်း သူဘာတွေသင်ယူလာရမလဲ။ အဲ့ဆေးရုံကတခြားလူနာတွေနဲ့အတူတူ တစ်ပတ်တိတိ ဘယ်လိုနှစ်ပါးသွားရမလဲဆိုတာကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်ဗျာ။(ဒီစီးရီးရဲ့ အညွှန်းကို Ngwe Zin မှရေးသားပေးပြီး၊ ဘာသာပြန် ရေးသား ပေးသူကတော့ Ngwe Zin, C'mon, May Thet Khine Soe, June, Bianca Zhang တို့ဖြစ်ပါတယ်။)File Size.............(300 MB) / (700 MB) Quality...............WEB-DL 720p / 1080p Duration............45Mins(@Episode) Subtitle..............Myanmar Hardsub Format...............MP4 Genre.................Comedy, Drama Translator..........Ngwe Zin, ...
7.5
TMDb: 7.5/10 1527 votes
tv

Everything Calls for Salvation (2022)

2022
Heartbreak High (2022) Season 01 Complete 7.4
Heartbreak High (2022) Season 01 Complete Heartbreak High (2022) Season 01 Complete ~ IMDb rating - 7/10 ~ နာမည်မှာပါတဲ့အတိုင်းပဲ... အထက်တန်းကျောင်းတစ်ကျောင်းက ကျောင်းသားလူငယ်တွေဘဝကို အခြေခံရိုက်ကူးထားတဲ့စီးရီးလေးတစ်ခုပါ။ ဇာတ်အိမ်တည်ထားပုံ၊ ကာရိုက်တာတည်ဆောက်ထားပုံတွေဟာ ဗြိတိသျှတို့လက်ရာ Sex Education အမည်ရတဲ့ မထင်မရှားစီးရီးလေးနဲ့ မဆိုစလောက် ချွတ်စွပ်နီးပါးဆင်တူနေပေမယ့် ဇာတ်လမ်းကတော့ကွဲပါတယ် (လို့မျှော်လင့်ရတာပဲ)။ ဆင်တူတယ်ဆိုတိုင်းလည်း မကောင်းဘူးလို့မဆိုလိုပါဘူး။ Sex Education ကိုကြည့်ဖူးတဲ့သူတွေအတွက် စစချင်းမှာ ပေါ့သလိုလိုဖြစ်နေနိုင်ပေမယ့် တဖြည်းဖြည်းနဲ့ သူ့ဇာတ်လမ်းကလည်းဆွဲဆောင်မှုတစ်မျိုးရှိမှန်း သိလာပါလိမ့်မယ်။ ဩစတြေးလျလေသံကလည်း တစ်မျိုးလေးအသစ်အဆန်းဖြစ်သလို သရုပ်ဆောင်ပိုင်းရွေးချယ်ထားမှုမှာလည်း နာမည်ကြီးပြီးသား မင်းသား၊ မင်းသမီးတွေ မဟုတ်သည့်တိုင် သူ့နေရာနဲ့သူကိုက်ညီနေပြီး အချောအလှလေးတွေ ဒီထဲမှာတောင်ပိုများပါတယ်။ ဇာတ်လမ်းကိုသွားရရင် သြစတြေးလျနိုင်ငံက ဟာ့တ်လေဆိုတဲ့ အထက်တန်းကျောင်းလေးဟာ စည်းကမ်းပိုင်းနဲ့ပတ်သက်ပြီး တော်တော်နာမည်ကြီးပါတယ်။ ဆိုးတဲ့ဘက်ကပါ။ ဒီလိုဆိုပေမယ့်လည်း ကျောင်းရဲ့အောင်ချက်က ထိပ်တန်းအဆင့်မှာရှိနေပါတယ်။ နောက်ကရေရင်ပေါ့။ ဒီလိုလန်ထွက်နေတဲ့ကျောင်းလေးဟာဆိုရင် ဇာတ်လမ်းရဲ့ အဓိကဇာတ်ဆောင်ဖြစ်တဲ့ အမ်မရီနဲ့ဟာပါဆိုတဲ့ ကောင်မလေးတွေရဲ့လက်ချက်ကြောင့် ...
7.4
TMDb: 7.4/10 9 votes
tv

Heartbreak High (2022) Season 01 Complete

2022
Santo (2022) 6.692
Santo (2022) Santo (2022)Netflix ကနေ စက်တင်ဘာလကမှ ထွက်ရှိလာတဲ့ စပိန်စကားပြော Crime/Thriller ဇာတ်လမ်းတွဲတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်။အခုလက်ရှိမှာတော့ Season 1 ထွက်ရှိထားပြီး အပိုင်း ၆ ပိုင်း ပါဝင်ပါတယ်။ Netflix ကနေထွက်ရှိလာတဲ့ စပိန်ဇာတ်လမ်းတွဲတွေဟာဆိုရင် ဇာတ်လမ်းဇာတ်အိမ်ကောင်းတာမို့ နာမည်ကြီးကြပါတယ်။ ရာဇဝတ်မှု နှိမ်နင်းတဲ့ စုံထောက်ဇာတ်လမ်းမျိုးကို ကြိုက်နှစ်သက်သူသာဆိုရင် လက်လွတ်မခံဖို့ ပြောချင်ပါတယ်။ ဆန်တို ဟာဆိုရင် နာမည်ကြီး မူးယစ်ရာဇာတစ်ယောက်ဖြစ်ပါတယ်။ သူ မကျူးလွန်ဘူးတဲ့ ပြစ်မှုဆိုတာ မရှိသလောက်ပါပဲ။ ထူးခြားတာကတော့ သူ့ကို ဘယ်သူမှမမြင်ဖူးကြပါဘူး။ ရဲတွေက အသည်းအသန်လိုက်ဖမ်းကြသော်လည်း ဘယ်လိုမှ ဖမ်းလို့မမိဖြစ်နေပါတယ်။ မီလန်နဲ့ ကာဒိုနာ ဆိုတဲ့ ရဲနှစ်ယောက်ဟာဆိုရင် ပထမဆုံးအကြိမ် ဆုံတွေ့ကြပြီး ဆန်တိုကို လိုက်ဖမ်းဖို့ ကြိုးစားကြပါတော့တယ်။အဆိုပါလူကို ဖမ်းနိုင်ဖို့ဆိုရင် သူတို့အနေနဲ့ အဖွဲ့လိုက်လုပ်ဆောင်သွားမှပဲ ဖြစ်နိုင်ပါလိမ့်မယ်။ သူတို့ ဘယ်လို အခက်အခဲတွေ ကြုံတွေ့ရမလဲ တကယ်ရော ဖမ်းနိုင်ပါ့မလားဆိုတာကိုတော့ ဇာတ်လမ်းတွဲထဲမှာ ဆက်လက်ကြည့်ရှု့လိုက်ကြပါဦး။အညွှန်းကိုတော့ Leonard Lin က ရေၕးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ .... Leonard Lin, Kuz, K.Hein, ...
6.692
TMDb: 6.692/10 13 votes
tv

Santo (2022)

2022
Suptar 2550 (2022) [Complete]
Suptar 2550 (2022) [Complete] တစ်ချိန်တုန်းက အချစ်ဦး ~ Suptar 2550 (2022) [အစ-အဆုံး]အပိုင်းသစ် - ၁၀ (ဇာတ်သိမ်းပိုင်း)(1080p ရပါပြီ)ကိုလူဆိုးလေးရိုမီယို ဇာတ်သိမ်းသွားပြီးနောက်မှာတော့ သူ့အစားလာတဲ့ ဇာတ်ကားသစ်လေးတစ်ကားကို ထပ်မံတင်ဆက်ပေးလိုက်ပါတယ်။ ဒီဇာတ်ကားလေးမှာပါဝင်တဲ့ သရုပ်ဆောင်တွေကတော့ Ryu အဖြစ် Ken .. Kat အဖြစ် Anne .. Taro အဖြစ် Mean .. Suna အဖြစ် Mint တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဉ်း ....ခေတ်မီတိုးတက်လာတာနဲ့အမျှ ရုပ်သံလိုင်းတွေရဲ့ အစီအစဉ်တင်ဆက်မှုတွေကလည်း ပြောင်းလဲတိုးတက်လာခဲ့တယ်။ ရုပ်သံလိုင်းတွေဟာ တစ်ခုနဲ့ တစ်ခုအပြိုင်အဆိုင် ဇာတ်ကားတွေထုတ်လွှင့်ကြတယ်။ ဒါပေမယ့် Big TV Channel ဟာ သူတိုရဲ့ ရုပ်သံထုတ်လွှင့်စရာ အရံသင့်ရိုက်ထားတဲ့ကားတွေ ပြတ်လပ်သွားတဲ့နောက်မှာ သူတိုလက်ရှိရင်ဆိုင်နေရတဲ့ အခက်အခဲတွေကိုဖြေရှင်းဖို့ အရေးပေါ်အနေနဲ့ အစီအစဉ်တစ်ခုကို အစားထိုးတင်ဆက်ခဲ့တယ်။ဒါကတော့ ၂၀၀၇ ခုနှစ်တုန်းက နာမည်ကြီးရေပန်းစားခဲ့တဲ့ သူတိုရဲ့ စတားတွေကို ...

Suptar 2550 (2022) [Complete]

2022
High Water (2022) 7.147
High Water (2022) High Water 2022Netflix က ပိုလန်မှာရင်းနှီးမြှပ်နှံမှုတွေ များလာတာကြောင့် ရုပ်ရှင်ချစ်သူတွေအတွက် ပိုလန်စီးရီးတွေကို Netflix မှာလက်လှမ်းမီနေပါပြီ။ ပိုလန်စီးရီးတွေကလဲ တကယ့်ကိုစီးရီးကောင်းတွေအများကြီးထွက်တာမို့ hidden gems တွေပေါ်လာတယ်ပြောရမှာပါပဲ။အခုလဲ ပိုလန်စီးရီးအသစ်တစ်ခုဖြစ်တဲ့ High Water ကိုကြည့်လိုက်ကြရအောင်။ဒါကတော့ပိုလန်ကရေကြီးမှုဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ဇာတ်လမ်းပါ။ နယ်သာလန်မှာနေနေတဲ့ ပိုလန်ကဗရော့ဆွာဖ်မြို့သူ ဇလဗေဒပညာရှင်ယက်ရှ်မီနာက ဗရော့ဆွာဖ်မှာရေကြီးတော့မယ်လို့ခန့်မှန်းချက်ထုတ်လိုက်ပါတယ်။ တခြားဇလဗေဒပညာရှင်ကြီးတွေကတော့မဖြစ်နိုင်ဘူးဆိုပါတယ်။ မြို့တော်ဝန်ကတော့သေချာအောင်ဆိုပြီး ယက်ရှ်မီနာကိုမြို့ဆီ ပြန်လာကူညီဖို့ဖိတ်ခေါ်ရာမှာဇာတ်လမ်းစတင်လာပါတယ်။ သဘာဝတရားနဲ့ရင်ဆိုင်ရမယ်ဆိုရင်တော့ လုပ်စရာတစ်ခုပဲရှိပါတယ်။ အားလုံးအန္တရာယ်ကင်းရေးပါ။သဘာဝတရားကိုပြန်တိုက်ခိုက်ဖို့ဆိုတာက မဖြစ်နိုင်သလောက်ပဲလေ။ ဗရော့ဆွာဖ်မှာ ရေကြီးမယ့်အရိပ်အယောင်စချိန်မှာပဲ ပညာရှင်တွေကြားကအယူအဆတွေ အားပြိုင်မှုတွေ လုပ်ဆောင်ချက်တွေ မြို့သူမြို့သားတွေရဲ့တုံ့ပြန်မှုတွေ ဒါ့အပြင်မြို့ပြန်ရောက်လာတဲ့ယက်ရှ်မီနာရဲ့အတိတ်ဒရာမာတွေ အဲလိုအကြောင်းအရာတွေကိုဇာတ်လမ်းသွားခပ်သွက်သွက်နဲ့တင်ဆက်ထားတာက ရေကြီးမှူအကြောင်းဘာမှမသိသူအတွက်တောင် စိတ်ဝင်စားစရာကောင်းပြီး ဗဟုသုတလဲအတော်ရတဲ့စီးရီးကောင်းတစ်ခုပါပဲ။အညွှန်းကိုတော့ Rashida က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Rashida, Roman NoX, Mary Christ တို့ပဲ ဖြစ်ပါတယ်။Genre..... Drama Quality…. 1080p | 720p | 480p File size…800MB | 400MB Format… mp4 Duration…. 44min Episodes... 6 Episodes Subtitle…. Myanmar Subtitle (Hardsub) Translator ..... Rashida, Roman NoX, Mary Christ Encoder ...
7.147
TMDb: 7.147/10 34 votes
tv

High Water (2022)

2022
The Watcher (2022) Complete 8
The Watcher (2022) Complete The Watcher (2022)==================ဒီ‌တစ်ခေါက်မှာတော့ Netflix ရဲ့ အသစ်ထွက်ရှိထားတဲ့ The Watcher ဆိုတဲ့ Series လေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီဇာတ်လမ်းကတော့ အိမ်မှား၀ယ်မိတဲ့မိသားစုတစ်စုကို အန္တရာယ်တစ်ခုက စောင့်ကြိုနေတဲ့ Horror/Mystery ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းအစမှာ မိသားစုတစ်စုဟာ အိမ်အသစ်၀ယ်ဖို့ ၀က်စ်ဖီးလ်မြို့လေးကို လာခဲ့ကြပါတယ်။ သူတို့သဘောကျတဲ့အိမ်ရဲ့ အိမ်နီးချင်းတွေဟာ အနည်းငယ်မူမမှန်သလိုဖြစ်နေပြီး အိမ်ဟာလည်း အလွန်ဈေးကြီးနေခဲ့ပါတယ်။ ဒါပေမယ့် အိမ်ထောင်ဦးစီးဖြစ်သူ ဒင်းန်ဘရန်‌နော့ခ် ဟာ အိမ်ကိုသဘောကျလွန်းတာကြောင့် အိမ်ရဲ့နောက်ခံသမိုင်းကြောင်းကိုတောင် မမေးမြန်းတော့ဘဲ ပိုင်ဆိုင်သမျှအကုန် ရင်းနှီးပြီး အိမ်ကို မရရအောင် ၀ယ်လိုက်ပါတယ်။ဒီလိုနဲ့ ဘရန်နော့ခ် မိသားစုတို့ အိမ်အသစ်ကိုပြောင်းလာခဲ့ကြပြီး မကြာခင်မှာပဲ အိမ်ရဲ့မူမမှန်မှုတွေဟာ တစ်စတစ်စကြီးထွားလာခဲ့ပါတယ်။ ဒါတင်မကပဲ The Watcher လို့ သူ့ကိုယ်သူ နာမည်ပေးထားတဲ့ သူဆီက ခြိမ်းခြောက်စာတွေ ဆက်တိုက် ရလာတဲ့အခါမှာတော့ သူတို့တွေ ဒီပြဿနာကို ဘယ်လိုဖြေရှင်းကြမလဲ၊ The Watcher လက်ထဲက လွတ်မြောက်နိုင်ပါ့မလား ဆိုတာကို ကြည့်ရှူခံစားရမှာဖြစ်ပါတယ်။File Size –720MB  / 320MBQuality – 1080p NF WEBDL  / ...
8
TMDb: 8/10 23 votes
tv

The Watcher (2022) Complete

2022
Glitch S01 (2022) [Complete]
Glitch S01 (2022) [Complete] Glitch S01 (2022)[အစ-အဆုံး]အပိုင်းသစ် - (၁ မှ ၁၀)(1080p များလည်း ကြည့်ရှုနိုင်ပါပြီ)Vincenzo ထဲက ဟုံးချာယောင်း(Jeon Yeo Been) နဲ့ Kill It ထဲက ဒိုယောင်းဂျင်း(Nana) တို့ရဲ့ Glitch ဆိုတဲ့ အလန်းစား Thriller, Comedy, Sci-Fi ဒရမ်မာလေးလာပါပြီ။ Season 1 အနေနဲ့ 10 ပိုင်းထွက်ရှိမယ်လို့ ကနဦး သိထားရပြီး နောက်ထပ် 6 ပိုင်းကိုတော့ Season 2 အနေနဲ့ ထုတ်လွှင့်ပြသသွားဖို့ရှိပြီး Season 2 ပြသမဲ့ရက်ကိုတော့ ကြေငြာထားခြင်း မရှိသေးပါဘူး။ဇာတ်လမ်းအညွှန်း ... ဟုံးဂျီဟိုဆိုသူ အမျိုးသမီးရဲ့ ချစ်သူကောင်လေးအီရှီဂုဟာ ညတစ်ညမှာ အမည်မသိမီးရောင်တွေနဲ့အတူ ခြေရာလက်ရာမရှိ ပျောက်ဆုံးသွားခဲ့ပါတယ်။ဟောဘိုရာကတော့ မအောင်မြင်သေးတဲ့ streamer တစ်ယောက်ဖြစ်ပြီး YouTube နဲ့ Twitch တို့မှာ subscriber ...

Glitch S01 (2022) [Complete]

2022
Crash Landing on You 8.6
Crash Landing on You Crash Landing on You (2019)======================== ဇတ်လမ်းပုံစံကတော့ ယွန်းဆယ်ရီ ဆိုတဲ့ ကောင်မလေး ဟာ ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီး ကွင်းစ် လုပ်ငန်းစု ဥက္ကဌ ရဲ့သမီးအငယ်ဆုံးလေး ဖြစ်ပြီး မိမိ အရည်အချင်းကို မိမိသာ ယုံကြည်ပြီး စီးပွားရေးလုပ်ငန်းတစ်ခုကို ကိုယ်တိုင် တည်ထောင်ပြီး အောင်မြင်အောင် လုပ်နိုင်သူ ဖြစ်ပါတယ် ယွန်းဆယ်ရီ ရဲ့လုပ်ငန်းကတော့ အားကစားပစ္စည်းများ ဖက်ရှင်ပစ္စည်းများဖြစ်ပြီးလုပ်ငန်းပိုင်းဆိုင်ရာ ပါးနပ်ကျွမ်းကျင်မှု နဲ့ စီမံခန့်ခွဲမှုမှာ တော်တဲ့အတွက်အလွန်အောင်မြင်နေသူ တစ်ဦးပါ... ဒီအတိုင်းတာမှာပဲ ဖခင်ဖြစ်သူဟာ ငွေကြေးအမှု တစ်ခုကြောင့် ယာယီထိန်းသိမ်းခံနေရာကနေ ပြန်လွှတ်လာပြီး သူ့ပိုင်ဆိုင်မှု လုပ်ငန်း ဥက္ကဌ အဖြစ်သားသမီးတွေ အားလုံးထဲကမှ သမီးအငယ်ဆုံးလေး ယွန်းဆယ်ရီ အား ပေးအပ်ခဲ့ပြန်ပါတယ် အောင်မြင်မှုတွေ ချမ်းသာမှုတွေ ဝန်းရံနေပြီ ဖြစ်တဲ့ ယွန်းဆယ်ရီ တစ်ယောက်ဥက္ကဌ ရာထူးကို မယူမှီ တစ်ရက် အလိုမှာ သူမ လုပ်ငန်းက ထုတ်တဲ့ အပျော်စီး လှေထီး တစ်ခုအား စမ်းစီးပြရန် ပြုလုပ်တဲ့ နေ့မှာပဲ ကံကြမ္မာက သူမ ဆီကို အလွဲတွေ စတင်ယူဆောင်လာခဲ့ပါတော့တယ်... ဇာတ်လမ်းတွဲဟောင်းတွေထဲကမှ အကောာင်းဆုံး  ဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ Crash ...
8.6
TMDb: 8.6/10 367 votes
tv

Crash Landing on You

2019