Channel Myanmar

Netflix

The Glory  (2022)[Complete]
The Glory (2022)[Complete] The Glory (2022)*****************အပိုင်း (၁ မှ ၁၆ ) ထိ စ/ဆုံး တို့မမ ဆုန်းဟယ်ဂို ရဲ့ ဒရမ်မာ အသစ်လေး လာပါပြီ။ မထွက်ခင်ကတည်းကအားလုံးသိထားတဲ့အတိုင်း လက်စားချေတဲ့ ဇာတ်မျိုးဖြစ်လို့ လောင်လို့ ကောင်းကြဦးမှာ အသေအချာပါပဲ။ဇာတ်လမ်းအကျဉ်း ...ဗိသုကာပညာရှင်တစ်ယောက်ဖြစ်ချင်တဲ့ စိတ်ကူးအိပ်မက်တွေ တစ်ပုံကြီးနဲ့ အထက်တန်းကျောင်းသူလေးတစ်ယောက် ... ကံဆိုးစွာနဲ့ပဲ ကျောင်းတွင်းအကြမ်းဖက်မှုတစ်ခုမှာ နစ်နာသူဖြစ်ခဲ့တယ်ဆိုပေမဲ့ ကျောင်းနားရမဲ့အထဲ သူလည်း ပါဝင်ခဲ့ရတယ်။နှစ်တွေ ကြာလာတဲ့အခါမှာတော့ တစ်ချိန်က ကျောင်းတွင်းအကြမ်းဖက်မှုမှာအမှန်တကယ် ပြစ်မှုကျူးလွန်ခဲ့သူဟာ အိမ်ထောင်ရပ်သားကျပြီး သားသမီးတွေပါထွန်းကားခဲ့ပါပြီ။ ဒီလိုနဲ့ သူရဲ့ သားသမီးတွေ ကျောင်းနေရမဲ့ အရွယ်ရောက်လာပါတော့တယ်။ကံကြမ္မာအလှည့်အပြောင်းအနေနဲ့ ကလေးတွေရဲ့ အတန်းပိုင် ဆရာမကတစ်ချိန်က သူ အနိုင်ကျင့်ခဲ့တဲ့သူဖြစ်နေတဲ့အခါ ...ဘာတွေဆက်ဖြစ်မလဲ? မိဘနဲ့ ရန်ငြိုးရှိခဲ့တာကြောင့် ကလေးတွေအပေါ် မညှာမတာလုပ်ရပ်တွေနဲ့ လက်စားချေသွားမလား? ဆရာ ဆိုတဲ့ ဂုဏ်အတိုင်း ကလေးတွေကို ငဲ့ညာမလား?ဆိုတာတော့ ဆက်လက် ကြည့်ရှုလိုက်ကြစို့နော်။Aired: Dec 30, 2022 Aired ...

The Glory (2022)[Complete]

2022
In Love All Over Again (2023) Season 01 Complete 6.3
In Love All Over Again (2023) Season 01 Complete In Love All Over Again (2023) Season 01 Complete ~ IMDb - 6.3/10, Rotten Tomatoes - 80% ~ မက်ဒရစ်က ရထားကြီးတစ်စီးမှာ အကြိမ်ကြိမ်အခါခါ လွဲခဲ့ကြတဲ့ စုံတွဲလေးတစ်တွဲရှိတယ်။ ထင်သလိုအလျဉ်းမဖြစ်တဲ့ ကံကြမ္မာအောက် မြင်မြင်ချင်းအချစ်နဲ့ ချစ်မိကြပေမဲ့ သူတို့အချစ်တွေ အခါခါလွဲခဲ့ကြဖူးတယ်။ ကောင်မလေးက ဒါရိုက်တာဖြစ်ချင်တယ်။ မက်ဒရစ်က အနုပညာကျောင်းမှာတက်ပြီး ရုပ်ရှင်ဇာတ်လမ်းတိုလေး တစ်ကားရိုက်ဖို့ကြိုးစားနေတဲ့ ဒါရိုက်တာပေါက်စမလေးပေါ့။ ကောင်မလေးကိုမတွေ့ခင်က ကောင်လေးရဲ့ ဘဝမှာ ဘာရည်ရွယ်ချက်မှ မရှိခဲ့ဘူး။ ဇာတ်ဆောင်မရှိတဲ့ ကောင်မလေးရဲ့ ရုပ်ရှင်မှာ ဇာတ်ဆောင်ဖြစ်ပေးဖို့ ကြိုးစားရင်း သရုပ်ဆောင်ဖြစ်ဖို့ ဝါသနာ ပါမှန်းမသိပါလာခဲ့တယ်။ စပိန်က နာမည်ကျော် ဒါရိုက်တာကြီးကလည်း သူ့ကို သဘောကျပြီး ခေါ်သုံးချင်ခဲ့တယ်။ ဒီလိုနဲ့ အိမ်အပြန်ရထားကြီးတစ်စီးမှာ ပေါက်တဲ့ဗုံးဟာ သူတို့၂ယောက်ကို ရှင်ကွဲခွဲသွားတယ်။ နှစ်ပေါင်းဘယ်လောက်ကြာလဲတော့ မသိဘူး။ ဒါပေမဲ့ ...
6.3
TMDb: 6.3/10 19 votes
tv

In Love All Over Again (2023) Season 01 Complete

2023
Luna Nera – Season (01) 6.0
Luna Nera – Season (01) Luna Nera - Season (01) ================= IMDb Rating - 6.0/10နာတာလီဟာ လက်သည်အဘွားကြီးတစ်ယောက်ဖြစ်ပြီး မွေးလူနာ တစ်ယောက်အခက်အခဲတွေ့နေတဲ့အချိန်မှာသူ့မြေးမငယ် အာဒီနဲ့ အတူ ကူညီမွေးဖွားပေးနေခဲ့ပါတယ်။ မွေးကင်းစကလေးဟာကံ မကောင်းအကြောင်းမလှစွာသေဆုံးလုဆဲဆဲအချိန်မှာ မွေးလူနာက အာဒီကိုစုန်းမဆိုပြီး ထိတ်လန့်မောင်းထုတ်ခဲ့သလို အဲ့ဒီကလေးငယ် လည်း သေဆုံးသွားခဲ့ရပါတယ်။အခြေအနေတွေကိုကြိုမြင်တဲ့ နာတာလီဟာ တကယ်လို့ သူ့ကိုစုန်း လိုက်မုဆိုးတွေလာခေါ်သွားပြီး ပြန်မလာနိုင်ခဲ့ရင်ဆိုတဲ့အကြောင်း ပြချက်နဲ့ ဆန်းကြယ်တဲ့ရှေးဟောင်းစာအုပ်တစ်အုပ်၊ ပြီးတော့ ပျောက် ဆုံးနေတဲ့မြို့တော်များလို့ခေါ်တဲ့နေရာတစ်ခုကိုရှာတွေ့နိုင်ဖို့ လိုအပ် တာတွေကို အာဒီထံသင်ကြားပြသပေးပြီး မောင်ဖြစ်သူ ဗလန်တေး ကိုလည်း စောင့်ရှောက်ဖို့မှာထားခဲ့ပါတယ်။ပီထရိုဆိုတဲ့ကောင်လေးကတော့ ရောမမှာခေတ်ပေါ်ဆေးပညာကိုသင် ကြားနေသူဖြစ်ပြီးတော့ သူတို့ကိုသူ့ဆရာကနေ ဒီခေတ်မှာစုန်းတွေ မှော်အတတ်တွေဟာတကယ်မရှိတော့ဘဲ ဆေးသိပ္ပံနည်းကသာအရာရာ ကို ဖြေရှင်းနိုင်ကြောင်းလက်တွေ့ပြသလေ့ရှိပါတယ်။ သူ့အမေနေမ ကောင်းဘူး ဆိုတဲ့သတင်းစကားကြောင့်နေရပ်ကိုပြန်လာချိန်မှာတော့ သူ့ဖခင်ဟာစုန်းလိုက်မုဆိုးအဖွဲ့ခေါင်းဆောင်ဖြစ်နေပြီး သူ့အမေမကျန်း မာဖြစ်ရတာရယ်၊မွေးကင်းစကလေးသေဆုံးမှုရယ်ဟာ နာတာလီဆိုတဲ့ စုန်းမကြီးလက်ချက်လို့တစ်ထစ်ချယုံကြည်ပြီးစုန်းတွေကို အမြစ်ဖြတ် ချေမှုန်းတော့မယ့်အချိန်ပါပဲ။ဆန့်ကျင်ဘက်နောက်ခံနှစ်ခုဆီက အာဒီနဲ့ ပီထရို၊ ရှေးဟောင်းအယူသီး မှုတွေနဲ့ခေတ်ပညာတတ်လူငယ်တွေကြားက လွန်ဆွဲအားပြိုင်မှုတွေ၊ ရှေးခေတ်သဘာဝလွန်ပညာတွေရဲ့နက်နဲမှုနဲ့ လျှို့ဝှက်ချက်တွေကိုရပ် သပ်ရှုမောတွေ့မြင်ရပါလိမ့်မယ်။ ရာဇဝတ်နောက်ခံ ဇာတ်လမ်းသဘော ကျနှစ်သက်သူတွေ၊ စုန်းကဝေမှော်ကားကြိုက်ပရိသတ်တွေ အကြိုက် တွေ့မယ့်ဇာတ်ကားဖြစ်ပါတယ်။အဲတော့ နာတာလီတစ်ယောက် စုန်းလိုက်မုဆိုးတွေလက်က ပြန်လာနိုင် ပါ့မလား၊ သူ့မြေးမငယ်အာဒီကရော တကယ်ပဲစုန်းတစ်ကောင်လား၊ သူ ရှာဖွေတွေ့ရှိစေချင်ခဲ့တဲ့ ရှေးဟောင်းစာအုပ်နဲ့လျှို့ဝှက်မြို့တော်မှာဘာတွေ ရှိနေမလဲ အစရှိတာတွေကို ဇာတ်လမ်းထဲမှာဆက်ပြီးရှုစားစေချင်ပါတယ်။(ဒီစီးရီးရဲ့ အညွှန်းကို Alias မှရေးသားပေးပြီး၊ ...
6.0
TMDb: 6.0/10 3200 votes
tv

Luna Nera – Season (01)

2020
La Révolution (2020) 6.6
La Révolution (2020) La Révolution (2020) ================ IMDb Rating - 6.6/101787 ခုနှစ်မှာ ပြင်သစ်ပြည်ကြီးဟာ ဝါးအစည်းပြေသလို ဖရိုဖရဲနဲ့ ဖြစ်ချင်တိုင်း ဖြစ်နေပါတယ်။ အောက်ခြေ လူတန်း စားတွေက ငတ်မွတ်ခေါင်းပါးပြီး ဆင်းရဲမွဲတေနေသလောက် အာဏာပိုင်တွေကတော့ အဓိပ္ပာယ်မရှိတဲ့ အခွန်အတုတ်တွေ ကောက်ပြီး ပျော်ပါးနေကြတဲ့ ကာလပါ။အဲဒီလို အချိန်ကာလမှာ မွန်တာဇင်းနယ်မြေမှာ ရေဗက္ကာဆိုတဲ့ ဆင်းရဲသားမိန်းကလေးတစ်ယောက် အသတ်ခံလိုက်ရပါတယ်။ အာဏာပိုင်တွေကတော့ တိုင်းတစ်ပါးသား ကလေကချေ အိုးမဲ့ အိမ်မဲ့ တစ်ယောက်က သတ်သွားတာလို့ ဝါဒဖြန့်ပြီး အိုကာဆိုတဲ့ အိမ်ခြေရာမဲ့ကို ကြိုးပေးဖို့ ပြင်ပါတော့တယ်။ ဒါပေမဲ့ အိုကာရဲ့ အကျဉ်းထောင် တာဝန်ခံဆရာဝန် ဂျိုးဆက်က အိုကာ့မှာ အပြစ် မရှိဘူးလို့ ယုံကြည်ပြီး လူသတ်သမား အစစ်ကို ရှာဖွေဖို့ ကြိုးစား ရင်းနဲ့ အထက်တန်းလွှာ အသိုင်းအဝိုင်းထဲမှာ ပျံ့နှံ့နေတဲ့ ဗိုင်းရပ်စ် ပိုး တစ်ခုကို တွေ့ရှိသွားတဲ့နောက်မှာတော့…၁၈ ရာစု ပြင်သစ်တော်လှန်ရေးကြီး မဖြစ်ခင်ကာလကို သဘာ ဝလွန် အဖြစ်အပျက်တွေနဲ့ စိတ်ကူးယဉ်ဆန်ဆန် ရိုက်ကူးထား တာပါ။ ဖြစ်ရပ်မှန်နဲ့ fantasy ကို ရောသမမွှေလိုက်ရင် ...
6.6
TMDb: 6.6/10 5900 votes
tv

La Révolution (2020)

2020
Rise of Empires: Ottoman (2020) 7.354
Rise of Empires: Ottoman (2020) Rise Of Empires: Ottoman Season 1 (2020)သမိုင်းဖြစ်ရပ်မှန်များကို စိတ်ဝင်စားသူတွေ မဖြစ်မနေကြည့်ရမယ့် series တစ်ခုလာပါပြီ။ အော့တမန်အင်ပါယာကို အင်အားကြီးစေပြီး သမိုင်းလမ်းကြောင်းကိုလဲ ကြီးကြီးမားမားပြောင်းလဲစေခဲ့တဲ့ အော့တမန်ဘုရင် စူလ်တန်မာမက်ရဲ့သမိုင်းကြောင်းပါ။ စူလ်တန်မာမက်ကတော့ သူ့ခမည်းတော်နတ်ရွာစံအပြီးမှာ ၁၉ နှစ်အရွယ်နဲ့နန်းတက်ခဲ့တဲ့စူလ်တန်ငယ်တစ်ပါးပါ။ အသက်အရွယ်ငယ်တော့ သူ့အင်ပါယာတွင်းကရော အပြင်ကရန်သူကပါ သွေးတိုးစမ်းမှုတွေနဲ့ကြုံရပါတယ်။ မာမက်ကလဲ သူ့စွမ်းရည်ကိုပြသဖို့ရာအတွက် ဘိုင်ဇင်တိုင်းအင်ပါယာရဲ့မြို့တော်ဖြစ်တဲ့ ကွန်စတန်တီနိုပယ်ကိုသိမ်းဖို့ဆုံးဖြတ်လိုက်ပါတယ်။ ဘိုင်ဇင်တိုင်းအင်ပါယာကတော့ အရှေ့ရိုမန်အင်ပါယာပါပဲ။ သူတို့မြို့တော် ကွန်စတန်တီနိုပယ်က ခရစ်ယာန်ဘာသာရေးအရ အထွတ်အမြတ်နေရာလဲဖြစ်ပြီး ဒီမြို့ကိုသိမ်းပိုက်ချင်ခဲ့တဲ့တခြားတပ်ပေါင်း၂၃ တပ်က အရှုံးပေးလက်လျှော့ပြန်ခဲ့ရတဲ့မြို့ပါ။ အဲ့ဒီတပ်တွေထဲမှာ မာမက်ဖခမည်းတော် စူလ်တန်မူရက်ဒ်ရဲ့တပ်လဲအပါအဝင်ပါပဲ။ ဒီဇာတ်လမ်းမှာတော့ ၁၉နှစ်သားအရွယ်စူလ်တန် မာမက်ရဲ့ကွန်စတန်တီနိုပယ်ကို ကြိုးပမ်းမှုအကြောင်းအဓိကကြည့်ရမှာပါ။ ဒီစီးရီးရဲ့ ထူးခြားချက်ကတော့ Docudrama အဖြစ်ဖန်တီးထားခြင်းပါပဲ။ ဒီဒရာမာဇာတ်လမ်းသွားထဲမှာပဲ ပညာရှင်တွေရဲ့အမြင်တွေရှင်းလင်းချက်တွေကို တစ်ပါထဲထည့်ပေးထားတော့ ဒီသမိုင်းကြောင်းကိုကိုယ်သိမထားရင်တောင် ဂူဂဲလ်သွားရှာစရာမလိုပဲ အဆင်ပြေပြေကြည့်နိုင်သွားသလို ပါဝင်တဲ့ဇာတ်ကောင် အဲ့ဒီခေတ်ရဲ့အနေအထား အယူအဆတွေကိုလဲတစ်ပါထဲသိရမှာပါ။ ရုပ်ရှင်ကြည့်နေရင်း ကိုယ်သိချင်တဲ့မေးခွန်းတွေကိုလဲဖြေပေးမယ့် စပွိုင်လာလဲမပေးမယ့်သူမျိုး ဘေးမှာရှိနေသလိုပေါ့။အဲ့ဒါအပြင် နောက်ခံစကားပြောသူကလဲ GOT ထဲက အားလုံးသဘောကျနှစ်ခြိုက်ရသူကြီး တိုင်ဝင်လန်နစ်စတာ (Charles Dance) ဆိုတော့ သူ့အသံပါဝါ အနိမ့်အမြင့် အစွဲအငင်တွေရဲ့ ပံ့ပိုးမှုကလဲ ဒီစီးရီးကိုအသက်ဝင်စေတာမို့ တော်တော်ပြည့်စုံတဲ့စီးရီးတစ်ခုပါပဲ။အညွှန်းကိုတော့ ...
7.354
TMDb: 7.354/10 240 votes
tv

Rise of Empires: Ottoman (2020)

2020
The Chestnut Man (2021) Season 01 7.7
The Chestnut Man (2021) Season 01 The Chestnut Man (2021) S01 ~ IMDb - 7.7/10, Rotten Tomatoes - 100% ~ ဒီတစ်ခါတင်ဆက်ပေးချင်တဲ့စီးရီးကတော့ ပရိသတ်နဲ့သိပ်ရင်းနှီးမှာမဟုတ်တဲ့ ဒိန်းမတ် စီးရီးလေးတစ်ခုပါပဲ။ ဒီစီးရီးကို Netflix ကတင်ဆက်ထားတာဖြစ်ပြီး Season 1 မှာတော့ အပိုင်းခြောက်ပိုင်းပါဝင်လာပါတယ်။ ဇာတ်လမ်းအကျဥ်းကိုပြောရမယ်ဆိုရင်... ဒိန်းမတ်နိုင်ငံအနှံ့အပြားမှာ အသက်လတ်ပိုင်းအမျိုးသမီးတွေ တစ်ယောက်ပြီးတစ်ယောက်သတ်ခံရတဲ့ ကွင်းဆက်လူသတ်မှုတွေဖြစ်လာခဲ့ပါတယ်။ အဲဒီအမှုကိုစုံစမ်းဖို့ သူလင်မ်ဆိုတဲ့စုံထောက်အမျိုးသမီးနဲ့ ဟက်စ်ဆိုတဲ့နယ်ပြောင်းစုံထောက်အမျိုးသားတစ်ဦးက ဘယ်လိုလိုက်ဖြေရှင်းကြမလဲဆိုတာရှုစားရမှာဖြစ်ပါတယ်။ ဇာတ်ကားနာမည်ထဲက Chestnut Man ဆိုတာကတော့ အဲဒီလူသတ်မှုတွေအားလုံးနဲ့ဆက်စပ်နေတဲ့တစ်ခုထဲသောသဲလွန်စက တရားခံဟာ သစ်အယ်သီးကိုတုတ်လေးတွေထိုးပြီးလုပ်ထားတဲ့ အရုပ်လေးတွေကို အခင်းဖြစ်ပွားရာတိုင်းမှာ ချန်ခဲ့တတ်လို့ပါပဲ။ ဒီသဲလွန်စတစ်ခုကိုခြေရာကောက်ပြီး သစ်အယ်သီးလူသားလို့အမည်တပ်ထားတဲ့ ကွင်းဆက်လူသတ်တရားခံကို သူလင်မ်နဲ့ဟက်စ်တို့ ဘယ်လိုရှာဖွေဖော်ထုတ်ကြမှာလဲ... ဘာကြောင့်ဒီအရွယ်အမျိုးသမီးတွေကိုမှ လူသတ်သမားကပစ်မှတ်ထားတာလဲ... ဆိုတာတွေကို စိတ်ဝင်တစားကြည့်ရှုရမှာဖြစ်တဲ့အပြင် ဇာတ်လမ်းဇာတ်ကွက်နဲ့  Plot Twist တွေကလည်း ဟာကနဲ၊ ဟင်ကနဲ ဖြစ်ရလောက်အောင် ကောင်းမွန်ပြီး အဆင့်သတ်မှတ်ချက်ကောင်းတွေလည်းရရှိထားတာကြောင့် လက်မလွှတ်သင့်တဲ့ လျှို့ဝှက်သည်းဖို၊ ...
7.7
TMDb: 7.7/10 404 votes
tv

The Chestnut Man (2021) Season 01

2021
The Law According to Lidia Poët (2023) 7.5
The Law According to Lidia Poët (2023) The Law According to Lidia Poët (2023) ============================ IMDb Rating 7.5/10 Rotten Tomatoes 86%သွယ်ဝိုက်နာမည်တပ်ရမယ်ဆိုရင် "ရှေ့နေမလေးလေဒီယာနှင့် သူ၏အမှုတွဲများ"ပေါ့။ဒီဇာတ်လမ်းတွဲဟာ နာမည်လေးဖတ်ကြည့်ပြီး အရမ်းရိုးရှင်းမယ်၊ ပေါ့ပေါ့ပါးပါးလေးပါလို့ ထင်ရသလောက်ကို မရိုးရှင်းတဲ့၊ မပေါ့ပါး လှတဲ့ စီးရီးတစ်ခုပါ။ အီတလီတင်မက ကမ္ဘာနဲ့ချီပြီး ဒီစီးရီး ရေပန်း စားနေရတဲ့ အဓိကအကြောင်းအရင်း‌တွေထဲက တစ်ခုကတော့ တ ကယ့်ဖြစ်ရပ်မှန်ကို အခြေခံထားတာကြောင့်ပဲ ဖြစ်လိမ့်မယ်ထင် ပါတယ်။ဤလောကမြေကမ္ဘာမှာ ကြီးမားလှတဲ့ ပြောင်းလဲမှုပေါင်းများစွာ ရှိခဲ့ပါတယ်။ ယခုနှစ်ဆိုရင်လည်း AI တွေ ထွန်းကားတော့မယ့် နှစ်ပဲ ဆိုပါတော့ဗျာ။ ဒီလိုပြောင်းလဲမှုပေါင်းများစွာထဲမှာ အသိမ်မွေ့ဆုံးနဲ့ အလှပဆုံးပြောင်းလဲမှုကို ပြောပါဆိုရင် ဖိုဝါဒီကို တိုက်ထုတ်ဖို့ကြိုး စားခဲ့ကြတဲ့ အမျိုးသမီးထုကြီးတွေရဲ့ကြိုးပမ်းမှုတွေ ဖြစ်လိမ့်မယ်။ ဒီအမျိုးသမီးတွေဟာ သဘာဝတရားကြီးကြောင့် အားနည်းတဲ့ပုံပေါ် နေကြသော်ငြား၊ အမှန်တကယ်အားနည်းကြသော်ငြား မာကြောဖို့ လိုလာပြီဆိုရင်လည်း သူမတူအောင်မာကျောနိုင်စွမ်းရှိကြတယ်ဆို တာကို နိုင်ငံအနှံ့အပြားက အမျိုးသမီးတွေရဲ့ကြံ့ကြံ့ခံတွန်းလှန်ခဲ့မှု တွေက သက်သေပြခဲ့ကြပြီးပြီလည်းဖြစ်ပါတယ်။ဒါဆို ဒီစီးရီးကရော ဘယ်ရပ်ဘယ်ဝန်းကျင်မှာ အမျိုးသမီးတွေဘယ်လို ရုန်းကန်ရတာလဲဆိုတာကို ခန့်မှန်းမိကြလိမ့်မယ်ထင်ပါတယ်။ လေဒီ ယာဟာ ဥပဒေအရာရှိကြီးတစ်ဦးဖြစ်တဲ့ ဖခင်ဖြစ်သူရဲ့သမီးဖြစ်တာနဲ့ အညီ ရှေ့နေတစ်ယောက်ဖြစ်ရဖို့ကို ငယ်ငယ်တည်းက စိတ်ကူးယဉ် အိပ်မက်ခဲ့ရသူပါ။ သို့ပေမဲ့လို့ ...
7.5
TMDb: 7.5/10 2800 votes
tv

The Law According to Lidia Poët (2023)

2023
October Faction (2020) 6.789
October Faction (2020) October Faction (2020)**********************(စ-ဆုံး)IMdb မှာ 6.2 ရထားတဲ့အပြင်Drama/thriller ကား fan တွေအတွက် comic book ကို အခြေခံထားတဲ့supernatural ဇာတ်လမ်းတွဲလေးပါ Fred နဲ့ Deloris တို့စုံတွဲကGoeffနဲ့ Viv ဆိုတဲ့ အမွှာသားနဲ့ သမီးနဲ့ ပျော်ရွှင်တဲ့မိသားစုလေး ရှိပါတယ် ဒါပေမဲ့ ကလေး၂ယောက်မသိတာက Fred နဲ့ Deloris က monster hunter တွေဆိုတာပါပဲFred တို့စုံတွဲက ငယ်ငယ်က ကျောင်းပြီးတည်းက Presidio ဆိုတဲ့ အဖွဲ့အစည်းတစ်ခုကို ဝင်ပြီး monster မျိုးစုံဖမ်းပြီး သတ်ဖြတ်နှိမ်နင်းရေးအလုပ်ကို လုပ်နေတာပါvampireတွေ werewolf တွေနဲ့ supernatural သတ္တဝါမျိုးစုံကို အမဲလိုက်ကြပါတယ် သူတို့ကလေး၂ယောက်ကိုတော့ ဘာမှမပြောပြဘဲသာမန်ဘဝလိုနေထိုင်နေကြတယ်ဒါပေမဲ့ Goeff နဲ့ Viv က ခု ဆယ်ကျော်သက် 17 နှစ်ရွယ်ရောက်နေပြီဆိုတော့ဖုံးကွယ်ရတာခက်လာရင်း အန္တရာယ်တွေလည်း ကြုံလာရတော့ ဘယ်လိုဆက်ဖြစ်ကြမလဲ.... Episodes: 10File Size:815MB, ...
6.789
TMDb: 6.789/10 230 votes
tv

October Faction (2020)

2020
Freeridge (2023) 6.1
Freeridge (2023) Freeridge(2023)Imdb 5.8, Tomatometer 88%2018ခုနှစ်တုန်းက ထွက်ခဲ့တဲ့ "On my block" ဆိုတဲ့ Teenage dramaလေးရဲ့ Spin-off seriesတစ်ခုပါ။ရှေ့က မူလစီးရီးနဲ့ အလားတူပါပဲ ဒီတစ်ခုကိုလည်း Teenage dramaလို့ သမုတ်လို့ ရပါတယ်။ ဇာတ်အိမ်ကိုတော့ Gloriaနဲ့Inesလို့ ခေါ်တဲ့ မိတဆိုးညီအစ်မနှစ်ယောက်နဲ့ သူငယ်ချင်းအုပ်စုလေးအပေါ်မှာ တည်ထားပြီး Mysteryလေးပါ ရောထားတာကို တွေ့ရမှာပါ။ ပြီးတော့ ဒရာမာတို့ရဲ့ထုံးစံအတိုင်း Comedy ကို ပါ ခပ်ပါးပါးပုတ်ထားတာမို့ ကြည့်ရမပျင်းတာတော့ အမှန်ပါပဲ။ဇာတ်လမ်းအကျဉ်းကတော့ အထက်တန်း ဒုတိယနှစ်ကိုရောက်လို့ ပျော်လို့မှမဆုံးသေးတဲ့ Gloriaခမျာ ညီမဖြစ်သူ Inesပါ ပထမနှစ်တက်ဖို့ ကျောင်းပြောင်းလာတာမို့ နဂိုတည်းက မတည့်အတူနေသမားတွေဖြစ်တာကြောင့် ကျောင်းမှာ တစ်နေ့တစ်ခါလောက် ဘိုင်ဝမ်းတီးလိုက်ကြတာ ကျောင်းဖွင့်ပြီး သုံးရက်မြောက်တဲ့နေ့မှာပဲ မိဘခေါ်ကာ ကျောင်းထုတ်ဖို့ သတိပေးခံလိုက်ရပါပြီ။ သို့သော်ငြားလည်း ဦးလေးဖြစ်သူTonioကို တစ်ဖက်လှည့်နဲ့ အဖေဟန်ဆောင်ခိုင်းပြီး ခေါ်လာတဲ့အတွက် သတိပေးခံရတာလောက်နဲ့ပဲ ပြီးသွားခဲ့တာပါ။ ကံဆိုးချင်တော့ "ကျားကြောက်လို့ ရှင်ကြီးကိုး၊ ရှင်ကြီးကျားထက်ဆိုး" ဆိုတဲ့စကားပုံလိုပဲ အရင်းရှင်ဦးလေးTonioကြီးက ဝန်ဆောင်ကြေး ဒေါ်လာတစ်ထောင် ထတောင်းနေတာမို့ ...
6.1
TMDb: 6.1/10 11 votes
tv

Freeridge (2023)

2023
Physical: 100 (2023) 2
Physical: 100 (2023) Physical : 100 (2023)Squid Game လို ဂိမ်းမျိုးက တကယ့် Reality Game အနေနဲ့ ထွက်လာပြီဆိုရင် ယုံမလား? တကယ့်ကို Survival Game တစ်ခု ပေါ်ထွက်လာပါပြီ။ ထူးထူးခြားခြား အသစ်ထွက်ရှိထားတဲ့ Physical 100 ဆိုတဲ့ရှိုးလေးပါပဲ။ဘယ်လိုရှိုးမျိုးလဲဆိုတော့ သာမန်မြင်တွေ့နေကျ Survival Shows တွေနဲ့မတူဘဲ ပါဝင်ယှဉ်ပြိုင်သူတွေက ခန္ဓာကိုယ် ကြံ့ခိုင်တောင့်တင်းသူတွေ ဖြစ်ပြီးတော့ လူအယောက် ၁၀၀ တိတိ က ရုပ်ပိုင်းဆိုင်ရာ အင်အားချင်း ယှဉ်ပြိုင်ကြရမှာပါ။နပန်းသမား၊ အားကစားသမား၊ ကာယဗလမောင်‌မယ်တွေကစလို့ အထူးတပ်ဖွဲ့ဝင်တပ်သားတွေပါ ပါဝင်ထားတဲ့ ဒီအစီအစဉ်မှာဆိုရင် ကျား/မ မရွေးဘဲ ခန္ဓာကိုယ်အကြံ့ခိုင်အတောင့်တင်းဆုံးသူ တစ်ဦးတည်းကသာ အနိုင်ရရှိမှာဖြစ်ပါတယ်။အင်အားသုံးရတဲ့ ရှိုး‌ခပ်ဆန်းဆန်းလေးတွေကိုမှ ကြိုက်နှစ်သက်သူပရိသတ်ကြီးဆိုရင်တော့ လက်လွှတ်မခံဘဲ ကြည့်ရှုသင့်တဲ့ အစီအစဉ်တစ်ခုပါပဲနော်။ ကိုယ်ကိုယ်တိုင် ဝင်ပြိုင်ချင်လောက်တဲ့အထိ အသည်းတယားယား ရင်တဖိုဖိုနဲ့ ကြည့်ရမယ့် ရှိုးတစ်ခုလည်း ဖြစ်ပါတယ်။အညွှန်းကိုတော့ Hmwe Thet Winn က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ CM Variety Team ...
2
TMDb: 2/10 1 votes
tv

Physical: 100 (2023)

2023
Gunther’s Millions (2023) 6.3
Gunther’s Millions (2023) Gunther's Millions (2023)ကာလိုတီ လီဘင်စတိုင်းဆိုတဲ့ ဂျာမန်မြို့စားကတော်ကြီးတစ်ယောက်က သေခါနီးမှာ သူပိုင်ဆိုင်တဲ့ ပစ္စည်းဥစ္စာတွေကို “ဂွန်သာ” လို့ခေါ်တဲ့ ဂျာမန်သိုးထိန်းခွေးကို အမွေပေးခဲ့ပါတယ်။အဆိုတော်မက်ဒေါနားရဲ့ မိုင်ယာမီက အပန်းဖြေအိမ်ကြီးကို ဒေါ်လာ ၇.၅ သန်းနဲ့ဝယ်ခဲ့တဲ့ ဂျာမန်သိုးထိန်းခွေးဆိုတာ အဲဒီ “ဂွန်သာ”ပါပဲ။ဂွန်သာက ဒေါ်လာ သန်း(၄၀၀) လောက် ချမ်းသာပြီးတော့ ကိုယ်ပိုင်စားဖိုမှူး အထူးပြင်ဆင်ပေးတဲ့ အသားကို ကျကျနန ပွဲတော်တည်လေ့ရှိပါတယ်။ခရီးသွားရင် ကိုယ်ပိုင်ဂျက်လေယာဉ်နဲ့ သွားပြီးတော့ ကိုယ်ပိုင် အပျော်စီးသင်္ဘောနဲ့ ပင်လယ်ပြင်မှာ day out ထွက်ရတာကိုလည်း သဘောကျပါတယ်။ဂွန်သာ့မှာ အစောင့်အရှောက်တွေအပြင် ဂွန်သာပြန်ကြာရေးအဖွဲ့၊ ဂွန်သာလူမှုဆက်ဆံရေးအဖွဲ့၊ ဂွန်သာပြောရေးဆိုခွင့်ရှိသူ စတာတွေလည်း ရှိပါတယ်။ ပြောရရင် ရှင်ဘုရင်တစ်ပါးလို စိုးစံနေတဲ့ ခွေးပါ။ဒါပေမဲ့ “ခွေးဆိုတာက ခွေးပဲ” ဖြစ်လေတော့ ဂွန်သာရဲ့ ပစ္စည်းဥစ္စာတွေကို Gunther Trust ဆိုတဲ့ အဖွဲ့ကြီးက စီမံခန့်ခွဲပေးရပါတယ်။အဲဒီအဖွဲ့ကြီးရဲ့ပဲ့ကိုင်ရှင်ကတော့ မာရိဇီယို မီရန်ဆိုတဲ့ အီတလီကြီးပါ။ဒီ documentary က ဒီပုဂ္ဂိုလ်ကြီးရဲ့ စီမံခန့်ခွဲပုံနဲ့ “ထူးဆန်းတဲ့ ပရောဂျက်တွေ”အကြောင်းကို အင်တာဗျူး ...
6.3
TMDb: 6.3/10 10 votes
tv

Gunther’s Millions (2023)

2023
My Dad the Bounty Hunter (2023) 9.2
My Dad the Bounty Hunter (2023) My Dad the Bounty Hunter (2023)အခု animation series လေးကတော့ Netflix မှာ ပြသနေတဲ့ စိတ်ဝင်စားစရာလည်းကောင်း ချစ်စရာလည်းကောင်းတဲ့ Sci-Fi လေးပါ။ဇာတ်လမ်း အကျဥ်းချုပ်ကတော့ လူဆိုးတွေကိုလိုက်ဖမ်းတဲ့သူရဲ့ သားနဲ့သမီးဟာ သူ့အဖေနောက် ခိုးလိုက်ရင်း အာကာသထဲ မတော်တဆ ရောက်ရှိသွားပြီး သူအဖေနဲ့အတူ စွန့်စားခန်းတွေ ဖွင့်ကြတာပါပဲ။ သူ့အဖေဟာ ဂြိုလ်သားတွေနဲ့တိုက်ခိုက်တာကို သိသွားတဲ့ အချိန်မှာတော့ သူ့အဖေရဲ့အလုပ်က စိတ်ဝင်စားစရာကောင်းမှန်း သိသွားကြပါတယ်။ အဲ့မှာ သူတို့ရဲ့ အရင်က အဆင်သိပ်မပြေတဲ့ ဆက်ဆံရေးတွေက အဲ့လို စွန့်စားခန်းတွေ ဖွင့်ပြီးတဲ့ နောက်မှာတော့ ဘာဆက်ဖြစ်မယ်ဆိုတာ ကြည့်ရူလိုက်ကြပါဦးဗျို့။စဆုံး ၁၀ ပိုင်း ရှိမှာ ဖြစ်ပြီးတော့ ဆက်တိုက်ဆိုသလို တက်ပေးသွားမှာပဲ ဖြစ်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Hetang ပဲ ဖြစ်ပါတယ်။Genre..... Action & Adventure, Animation, Comedy, Family Quality…. 1080p | 720p File size… ...
9.2
TMDb: 9.2/10 8 votes
tv

My Dad the Bounty Hunter (2023)

2023
Shanty Town (2023) 8.66
Shanty Town (2023) Shanty Town (2023)ယဥ်ကျေးတဲ့ လူ့အဖွဲ့အစည်းတစ်ခုဖြစ်ဖို့အတွက် အဓိကလိုအပ်ချက်ကတော့ လူသားဆန်ဖို့ပါပဲ။ လူတစ်ယောက်ရဲ့တန်ဖိုးကိုလည်း ငွေနဲ့ဆုံးဖြတ်ပြီး ပိုင်ဆိုင်ခွင့်မရှိပါဘူး။ လူတစ်​ယောက်ကို ငွေအားကိုးနဲ့ အတင်းအကြပ် အဓမ္မစေခိုင်းခြင်းမျိုးတွေက ယနေ့ခေတ်လို ယဥ်းကျေးတဲ့ လူ့အဖွဲ့အစည်းနဲ့ လုံးဝမသင့်တော်ပါဘူး။ဒီ Series ကတော့ Netflix Series ဖြစ်တာကြောင့် သူ့အဆင့်အတန်းနဲ့သူရှိပါတယ်။ သရုပ်ဆောင်တွေကိုလည်း သဘာဝဆန်ဆန်ရွေးချယ်ထားပြီး သရုပ်ဆောင်ချက်တွေဟာလည်း ပီပြင်မှုရှိပါတယ်။ ဒီ Series ကတော့ ပြည့်တန်ဆာတွေနေထိုင်တဲ့ မြို့ငယ်လေးမှာ ဇာတ်အိမ်တည်ထားပါတယ်။ စရိုက်မျိုးစုံနဲ့ ကြီးနိုင်ငယ်ညှင်းဝါဒကြီးစိုးပြီး လူမဆန်တဲ့ဒေသမှာ ပြည့်တန်ဆာတွေဟာ သူတို့ရဲ့ စားဝတ်နေရေးအတွက် ခက်ခက်ခဲခဲ ရုန်းကန်ရပါတယ်။ ကိုယ်ရဲ့သဘောဆန္ဒအရ ပြည့်တန်ဆာလုပ်ချင်တဲ့သူတွေလည်းရှိပေမယ့် အကြွေးလည်းပင်းနစ်နေတဲ့အတွက်ကြောင့် ပြည့်တန်တာဘဝကို ရောက်ရှိလာတဲ့သူတွေလည်း ရှိပါတယ်။ ဒါကြောင့် လွတ်လပ်မှုကိုရှာဖွေနိုင်ဖို့အတွက် ပြည့်တန်ဆာတချို့ဟာ ကြိုးစားကြပါတော့တယ်။ အဲဒီမြို့ကို စကားဆိုတဲ့ လက်နက်ကိုင်ဂိုဏ်းစတားတစ်ဦးက ကြီးစိုးပြီး လူတိုင်းက ကြောက်ရွံ့ရပါတယ်။ သူ့ဒေသမှာ ရဲတွေ အစိုးရတွေက အုပ်ချုပ်ခွင့်မရှိဘဲ သူ့တပ်ဖွဲ့တွေကပဲ လုံခြုံရေးကို စောင့်ကြပ်ရတဲ့အထိ အာဏာကြီးတဲ့ ဘဲကြီးတစ်ပွေပါ။ အဲဒီလို ကြမ်းတဲ့ ဘဲကြီးရဲ့လက်ထဲကနေ ပြည့်တန်ဆာအဖွဲ့က ကိုယ့်ဘဝကို ကိုယ်ပိုင်ဖို့အတွက် လွတ်လပ်မှုကိုရဖို့အတွက် ဘယ်လိုမျိုးကြိုးစားမလဲဆိုတာ ရိုက်ကူးထားတဲ့ ...
8.66
TMDb: 8.66/10 103 votes
tv

Shanty Town (2023)

2023
The Way of the Househusband – Season (01), (02) 7.3
The Way of the Househusband – Season (01), (02) The Way of the Househusband - Season (01), (02) =================================== IMDb Rating - 7.3/102018မှာ စထုတ်ပြီး နာမည်ကြီးလာတဲ့ ဒီManga seriesကို Netflix ကနေ Animeအဖြစ် အသက်သွင်းလိုက်ပါတယ်။ Season 1မှာ စုစုပေါင်း အပိုင်း(၅)ပိုင်းပါပါတယ်။ Trailer စထုတ်တဲ့မနှစ်ကတည်းက လူစိတ် ဝင်စားများနေတဲ့ anime ဖြစ်သလို ထွက်လာတဲ့အချိန်မှာလည်း စိတ်ကျေ နပ်မှုကို တော်တော်လေးပေးနိုင်ပါတယ်။ဇာတ်လမ်းအကျဉ်းက... မြေအောက်လောကမှာ နှစ်တော်တော်ကြာကျင်လည်ခဲ့တဲ့ ယာကူဇာဘော့စ် တစ်ယောက် ဒုစရိုက်လောကကနေ အနားယူလိုက်ပြီးတဲ့နောက်မှာတော့ အိမ်ထောင်ကျပြီး အိမ်ရှင်ထီးတစ်ယောက်ဖြစ်လာပါတော့တယ်။ အိမ်ရှင်ထီး ဘဝက အလွဲတွေ၊ ဟာသတွေကို စိတ်ဝင်စားစရာကောင်းအောင် တင်ဆက် ထားတာကြောင့် စိတ်ညစ်စရာကာလမှာ တစ်ခါလောက်ပြုံးချင်ကြတဲ့လူတွေ တော့ အကြိုက်တွေ့ကြမှာပါ။P.S ဒီAnimeကို Animeဖန်အများစုကတော့ မန်ဂါနဲ့ယှဉ်ပြီး သိပ်အကြိုက် မတွေ့ပါဘူး။ Animeတစ်ခုအနေနဲ့ ကြည့်ကြမယ့်လူတွေအတွက်တော့ မပြေ လှပါဘူး။ ဒါပေမဲ့ ဒီAnimeဟာ ကျွန်တော်တို့ကို တစ်ခါမကတော့ပြုံးစေမှာပါ။ ကျွန်တော့်အနေနဲ့ အာမခံလို့ရတာကတော့ ဒီဇာတ်လမ်း‌လေးဟာ အရင်က အကြည်တော်၀တ္တုတွေလို ရယ်ရပြီး ဒီရုပ်ရှင်ထဲက မိခုနဲ့တဆုအတွဲကလေးဟာ လက်တွေ့ဘ၀‌အတွဲတွေလို ...
7.3
TMDb: 7.3/10 5508 votes
tv

The Way of the Househusband – Season (01), (02)

2021
Love to Hate You(2023)[Complete]
Love to Hate You(2023)[Complete] Love to Hate You(2023)**********************အပိုင်း(  ၁ မှ ၁၀) အထိNetflix ကနေယနေ့ထွက်ရှိလာတဲ့ စီးရီးသစ်ဖြစ်ပါတယ်..Yeo MiRan ဆိုတဲ့အမျိုးသမီးဟာ ရှေ့နေတစ်ယောက်ဖြစ်တယ်..ထက်မြက်တယ် ...ပါးနပ်တယ်... ကိစ္စတစ်ခုတိုင်းကို ယုံကြည်ချက်ရှိရှိကိုယ်တွယ်တတ်သလိုစိတ်မြန်လက်မြန်ဖြစ်လွန်းလို့လည်း သူ့ကို တစ်ချို့က မထိရဲ မစမ်းရဲကြဘူး..ဒါအပြင့် သူမဟာ ယောက်ျားတွေကိုလည်း  မန်ကျည်းကိုးပင်က အရွက်တွေထက်မာယာများတဲ့သူတွေလို့ မြင်တတ်တဲ့သူလည်းဖြစ်တယ်...ဒီလိုအမျိုးသမီးနဲ့ ကိုရီးယားက ထိပ်တန်းမင်းသားတစ်လက်ဖြစ်တဲ့စတား Nam KangHo နဲ့ဆုံတွေကြလေတော့တယ်..ဒီမင်းသားကလည်း  မိန်းမတို့ရဲ့ မာယာဟာ ဖျာကိုးချပ်စာသဲပွင့်အရေအတွက်နှင့်အမျှ များပြားတယ်လို့ ယူဆထားတဲ့သူဖြစ်ပါတယ်..မန်ကျည်းကိုးပင်နဲ့ သဲကိုးဖြာရဲ့ ထိပ်တိုက်တွေ့ဆုံခန်းတွေကိုကြည့်ချင်တယ်ဆိုရင်တော့ဖြင့်...၁၀ ပိုင်းတစ်ခါတည်းထွက်ရှိမှာဖြစ်သဖြင့် အေးဆေးစွာစောင့်မျှော်ကြည့်ရှုကြပါကုန်...Episodes: 1၀File Size:800M B, 250MBQuality :Web-DL  1080p,720PGenres: Drama, ComedyTranslated by  Chothet_mlmt , Hnin Wai Oo   , Estel  & MiriEncoded by  Phyo Pyae   >>>TELE ...

Love to Hate You(2023)[Complete]

2023
[18+] Class (2023) 7.7
[18+] Class (2023) Class (2023) Season 01 Complete Netflix ​က​နေ ပြီးခဲ့တဲ့ အပတ်ကမှ ပူပူ​နွေး​နွေးထွက်ရှိထားတဲ့ ​ကျောင်းသား Series ​လေးတစ်ခုပါ။ Netflix ရဲ့ နာမည်ကြီး စပိန်စီးရီးဖြစ်တဲ့ Elite ကို ​ကျောရိုးယူပြီး အိန္ဒိယ ဗားရှင်း​လေးပြန်ရိုက်ထားတာပါ။ စပိန်စီးရီးကို ပြန်ရိုက်ထား​ပေမယ့် အိန္ဒိယရဲ့ အလွှာခွဲခြားဆက်ဆံ​ရေး၊ လူမျိုး​ရေးခွဲခြား​ရေး၊ ခြစားမှု​တွေ၊ မူးယစ်​ဆေး​တွေကို ရောသ‌မမွှေပြီး အ​ရှေ့တိုင်းအ​ငွေ့အသက်​လေး​တွေနဲ့ မတူ​အောင်ဖန်တီးထားလို့ ကြည့်သင့်တဲ့ Series ​လေးတစ်ခုပါ။ ~ ဇာတ်လမ်းအညွှန်း ~ ဇာတ်လမ်းအစမှာတည်းက အရင် Series အတိုင်း ဇာတ်​ဆောင်က အသတ်ခံလိုက်ရပါပြီ။ သူ့​သေဆုံးမှုက ဘယ်သူ့​ကြောင့်ဖြစ်တယ်ဆိုတာ ​နောက်​ကြောင်းပြန်ထားတာ​တွေကို စိတ်ဝင်တစား ကြည့်ရှုရမှာဖြစ်ပါတယ်။ နူပါခါတိုစာမြို့​လေးမှာ​ ကျောင်းတစ်​ကျောင်းမီး​လောင်မှု​ကြောင့် မြို့မျက်နှာဖုံး အာဟူဂျာမိသားစု ဆန္ဒပြခံရတဲ့အခါ အ​​ခြေအ​နေ​တွေငြိမ်သက်​အောင် ​အောက်အလွှာက ​ကျောင်းသား​တွေဖြစ်တဲ့ ​ဒေရူး၊ ဆာဘား၊ ဘယ်လီတို့ကို ​ဒေလီမြို့ရဲ့ အထက်တန်းလွှာ​တွေချည်းရှိတဲ့ ​ကျောင်းကို ဝင်ခွင့်ပြုလိုက်တဲ့အခါ ...
7.7
TMDb: 7.7/10 9 votes
tv

[18+] Class (2023)

2023
Sexify – Season (01) 6.5
Sexify – Season (01) Sexify - Season (01) =============== IMDb Rating - 6.5/10ရှေးဦးစွာ ဘာမှမညွှန်းခင်မှာ သတိပေးချင်တာကတော့ ဒီကားကို လူကြားထဲမှာ လုံးဝမကြည့်မိပါစေနဲ့။ ကိုကြီးစား မောင်လေးစား ထက်ပိုကြမ်းတဲ့ အချိန်တိုင်းစားနေတဲ့ ဇာတ်ဝင်ခန်းတွေပါတာကြောင့် ပါ၊ နောက်ပြီး earphones မပါဘဲနဲ့လည်း လူကြီးတွေရှေ့ သွားမဖွင့် လိုက်ပါနဲ့။ ၁‌၈ နှစ်မပြည့်သေးရင်လည်း မကြည့်ပါနဲ့လို့ ပြောချင်ပေမဲ့ တားမရမှာသိတော့ မတားတော့ပါဘူး။အညွှန်းကိုသာ ဆက်လိုက်ကြ တာပေါ့။ဇာတ်လမ်းအညွှန်း - နာတာလီယာကတော့ တက္ကသိုလ်မှာ စာအတော်ဆုံးဆိုပေမဲ့ တစ်ခါမှ ရည်းစားမထားဖူးသေးတဲ့ ကောင်မလေးတစ်ယောက်ပါ။ နာတာလီယာ ရဲ့ သူငယ်ချင်းဖြစ်သူ ပေါ်လီနာ ကတော့ ရည်းစားနဲ့ပဲတစ်ချိန်လုံးစားနေပြီး အဆောင်တောင် ပြန်မအိပ်တဲ့ ကောင်မလေးပေါ့။ မိုနီကာကတော့ သက် တမ်းရင့် စားစော်ကြီးတစ်ယောက် ဖြစ်ပြီး "ဘဝမှာ အရေးအကြီးဆုံးက sex ပဲ" လို့ ခံယူထားသူလေးပါ။ဒီလိုနဲ့ တစ်နေ့မှာ ကျောင်းက ပရောဂျက်တစ်ခုအတွက် သူတို့သုံးယောက် ပေါင်းပြီး app တစ်ခုထောင်ဖို့ အကြောင်းဖန်လာပါတယ်။ အဲဒီ app က လည်း ဖောင်းဒိုင်းကိစ္စတွေကို သုတေသနလုပ်မဲ့ app ...
6.5
TMDb: 6.5/10 5800 votes
tv

Sexify – Season (01)

2021
Interests of Love (2022)[Complete]
Interests of Love (2022)[Complete] Interests of Love (2022)အပိုင်း( ၁ မှ ၁၆ ) ထိ စ/ဆုံး စိတ်ဝင်စားမှုမတူညီကြတဲ့လူလေးယောက် ဘဏ်မှာအလုပ်လုပ်ရင်းတွေ့ဆုံကြတဲ့အခါ ဖြစ်ပေါ်လာတဲ့ရုံးတွင်းအချစ်ရေးကိုပုံဖော်ထားတဲ့ ရိုမန့်စ်ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။Ha Sang Soo က တည်ငြိမ်ပြီး ထူးခြားမှုမရှိတဲ့ ဘဝကမှ ပျော်ရွှင်ခြင်းရဲ့ သော့ချက်လို့ စွဲစွဲမြဲမြဲ ခံယူထားသူဖြစ်ပါတယ်။ ဒါပေမယ့် အချစ်နဲ့တွေ့တဲ့အချိန်မှာတော့ သူ့ရဲ့တည်ငြိမ်တဲ့ဘဝလေးက မုန်တိုင်းထန်သွားပါတော့တယ်။An Soo Young ကေတာ့ အချစ်က တည်မြဲမှုမရှိဘဲ အချိန်မရွေး ပျောက်ကွယ်သွားနိုင်တယ်လို့ ယုံကြည်နေသူလေးပါ။ ခက်ခဲတဲ့ အခြေအနေတွေကြားမှာ ကိုယ်တိုင်တောင့်ခံကြိုးစားရင်း သူ့ဆီ ချဉ်းကပ်လာတဲ့ ယောကျာ်းတစ်ယောက်ကို ရင်ခုန်စိတ်လှုပ်ရှားလာခဲ့ပါတယ်။Park Mi Kyung ဟာ ချမ်းသာတဲ့မိသားစုကဆင်းသက်လာတဲ့ ယုံကြည်မှုရှိပြီး ခံစားချက်ပွင့်လင်းသူဖြစ်ပါတယ်။ သဘောကျတဲ့သူတွေ့ရင် ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် သူ့ဘေးရောက်အောင်လုပ်မယ့်သူပေါ့။ ဒါပေမယ့် သူဖြစ်စေချင်သလိုမဟုတ်တဲ့ ဆက်ဆံရေးတစ်ခုနဲ့သာ တွေ့ကြုံလာရပါတယ်။Jung Jong Hyun ကေတာ့ ရဲအရာရှိဖြစ်ဖို့ ကြိုးစားနေသူပါ။ ...

Interests of Love (2022)[Complete]

2022
Lady Voyeur (2023) 7.273
Lady Voyeur (2023) Lady Voyeur (2023) ===============ရပ်ကွက်ထဲမှာ မှန်ပြောင်းတစ်လက်နဲ့ ဘယ်အိမ်က ဘာဖြစ်နေလဲ ဆိုတာကို လိုက်ကြည့်နေတတ်တဲ့ ရပ်ကွက်စီစီတီဗွီတချို့ကို မြင်ဖူး ကြတယ်ဟုတ်။ ဒီထဲက မင်းသမီးကတော့ ရပ်ကွက်ရေးရာကို လိုက် ကြည့်တာ မဟုတ်ဘဲနဲ့ သူများအတွဲတွေ ဟိုဒင်းဟိုဟာပြုကြတာကို မှန်ပြောင်းနဲ့ လိုက်ချောင်းတတ်တဲ့ ကောင်မလေးတစ်ယောက်ပါတဲ့။သူ့အခန်းနဲ့ မျက်နှာချင်းဆိုင်မှာရှိတဲ့ တိုက်ခန်းက ညငှက်မလေးတစ် ယောက်ဆီမှာ နေ့တိုင်းလာပျော်ပါးကြတဲ့ ယောက်ျားတွေရဲ့ စွမ်းရည် တွေကို ကြည့်ပြီး ခရမ်းသီးအားကိုးလုပ်နေတတ်တာပေါ့လေ။ ဒါပေမဲ့ ဒီဇာတ်လမ်းကို သာမန်ကာလျှံကာတော့ တွက်လိုက်လို့မရဘူးဗျ။ သူ(မ) ရဲ့  ဝန်ခံချက်အရ သူဟာ ယောက်ျားနှစ်ယောက်ကို ပျက်စီးစေခဲ့ပြီး တစ်ယောက်ကို သေဆုံးစေခဲ့တဲ့ မိန်းမတစ်ယောက်ပါ။ဇာတ်ကောင်တွေရဲ့ ရှုပ်ထွေးတဲ့ ဆက်ဆံရေးတွေ၊ မထင်မှတ်ထားတဲ့ လူသေမှုတွေနဲ့ ဆန်းကြယ်တဲ့ ဇာတ်လမ်းတစ်ခုအသွင်ကို ပြောင်းလဲ သွားဦးမှာမို့ ချိုချဉ်ဖန်ခါးအရသာ အစုံအလင်ကို ခံစားချင်သူတွေအဖို့ အကြိုက်တွေ့စရာ ဇာတ်လမ်းတွဲတစ်ခုဖြစ်လို့လာပါလိမ့်မယ်။(ဒီစီးရီးရဲ့ အညွှန်းကို May Thet Khine Soe မှရေးသားပေးပြီး၊ ဘာ သာပြန် ရေးသားပေးသူများကတော့ CM Team မှဖြစ်ပါတယ်။)File Size.............(350 MB) / ...
7.273
TMDb: 7.273/10 55 votes
tv

Lady Voyeur (2023)

2023
Firefly Lane (2021) 7.573
Firefly Lane (2021) Firefly Lane Season 1 (2021)IMDb 7.4 ရထားတဲ့ Drama, Romance အမျိုးစား ဇာတ်လမ်းတွဲဖြစ်ပါတယ်။ ဆယ်ကျော်သက်အရွယ်ကနေ သက်လတ်ပိုင်းအရွယ်ထိ အချစ်ဆုံးသူငယ်ချင်းတွေဖြစ်ကြတဲ့ Tully နဲ့ Kate ရဲ့ အကြောင်းကို ရိုက်ကူးထားတာပါ။Tully ကတော့ အလန်းစားကောင်မလေးဖြစ်ပြီးတော့ အားလုံးက ကြွေကြတဲ့ ကောင်မလေးပါ။ Kate ကတော့ ရိုးရိုးအေးအေးနေတတ်တဲ့ Introvert ကောင်မလေးပါ။လက်ရှိအချိန်မှာတော့ Tully က ရှိုးတစ်ခုရဲ့ တင်ဆက်သူဖြစ်နေပြီးတော့ Kate ကတော့ ကွာရှင်းခါနီး ကလေးတစ်ယောက်အမေဖြစ်ပါတယ်။ အကျင့်စရိုက်၊ နေထိုင်ပုံ အစစအရာရာကွာခြားတဲ့ သူတို့နှစ်ယောက် ဘယ်လိုသူငယ်ချင်းဖြစ်သွားတယ်၊ ဘယ်လောက်ထိခင်ကြတယ်ဆိုတာကို တစ်ယောက်ချင်းစီရဲ့ ဇာတ်လမ်းတွေနဲ့ ဆယ်ကျော်သက်အရွယ်ကနေ လက်ရှိအချိန်ထိ မရိုးအောင် ရိုက်ပြထားပါတယ်။အညွှန်းကိုတော့ Moh Moh က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Moh Moh, Robin, Hugo, Xavier Zy, Sierra တို့ပဲ ဖြစ်ပါတယ်။Genre..... Drama Quality…. 1080p | 720p File ...
7.573
TMDb: 7.573/10 130 votes
tv

Firefly Lane (2021)

2021