Channel Myanmar

Netflix

Tooth Pari: When Love Bites(2023) 5.5
Tooth Pari: When Love Bites(2023) Tooth Pari: When Love Bites 2023အခုတင်ဆက်ပေးမယ့် ဇာတ်လမ်းကတော့ ထူးထူးခြားခြား Netflix ကနေအသစ်ထွက်ရှိထားတဲ့ ဟင်ဒီစကားပြော ဗန်ဗိုင်းယားစီးရီးတစ်ပုဒ်ဖြစ်ပါတယ်။ IMDb 7.8အထိရရှိထားပြီး cast တွေအနေနဲ့ နာမည်ကြီးမင်းသမီးလေးတန်ညာက ဗန်ဗိုင်းယားမအဖြစ် သရုပ်ဆောင်ထားပြီး သွားဆရာ၀န်ကတော့ ဂန်ဂူဘိုင်းဇာတ်ကားထဲက မင်းသားပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်း လတ်ရဲဆတ်ရဲတဲ့ ဗန်ဗိုင်းယားမလေးတစ်ယောက် လူသားတွေကိုပလေးရင်း သူ့ဆန္ဒတွေကိုဖြည့်ဆည်းတာပေါ့။ တစ်နေ့မှာ မတော်တဆဖြစ်ပြီး သူ့အစွယ်ကျိုးသွားခဲ့တယ်။ သူ့အစွယ်ပြန်ရဖို့အရေး သွားဆေးခန်းသွားရာမှာ မာမား boy လေးသွားဆရာဝန်နဲ့ ဆုံတွေ့ဖို့ဖြစ်လာတော့တယ်။ လူသားတွေကိုပတ်ပလေးနေတဲ့ ဗန်ဗိုင်းယားမလေးတစ်ယောက် သွားဆရာဝန်နဲ့တွေ့သွားတဲ့အခါ ထုံးစံအတိုင်းလူသားနဲ့ ဗန်ဗိုင်းယားတို့ကြားက အချစ်တွေပေါက်ဖွားလာပေမယ့် ကံကြမ္မာက မျက်နှာသာမပေးခံလိုက်ရတဲ့အခါ ...ဇာတ်လမ်းထူးခြားတဲ့ Drama ,Thriller ,Comedy ကားဖြစ်ပြီး‌ ပေါ့ပေါ့ပါးပါးတင်ဆက်ထားပေမယ့် နောက်ပိုင်းမှာ ဇာတ်လမ်းက plot twist တွေနဲ့ dark ဖြစ်တဲ့ဇာတ်ကွက်ကို ကြည့်ရှုရမှာဖြစ်ပါတယ်။Quality : 1080p NF WEB DL / 720pTotal Episodes : 8EpsFormat : mp4Genres ...
5.5
TMDb: 5.5/10 4 votes
tv

Tooth Pari: When Love Bites(2023)

2023
Obsession (2023) 18+ 6.718
Obsession (2023) 18+ ပရိသတ်ကြီးအတွက် ဒီတစ်ခါတော့ IMDb 5.1 ရှိတဲ့ ဇာတ်လမ်းတွဲလေးတစ်ခုတင်ဆက်ပေးလိုက်ပါတယ် ဒီခေတ်ကြီးထဲမှာ ဘယ်သံယောဇဉ်ကမှ မယုံရတော့ဘူးလို့ တော်တော်များများကပြောနေကြတာပါ ခေါက်ရိုးကျိုးနေတဲ့ လူ့အသိုင်းအဝိုင်းမှာ အဖန်တလဲလဲဖြစ်တတ်တဲ့ အရာတွေကလည်း အများကြီးပါပဲ လူ့စိတ်ဆိုတာကလည်း ခက်သားဗျ မရနိုင်တာ မယူထိုက်တာကိုမှ ပိုပြီးလိုချင်ကြတဲ့အမျိုးလေ ကိုယ်သွေးသားရင်းကလွဲရင် ကျန်တဲ့သူတွေဆို သိပ်ယုံလို့ရတဲ့ခေတ်မှမဟုတ်တော့တာကိုး ဒီကားလေးထဲမှာတော့ ဒိတ်ဒိတ်ကြဲ ဆရာဝန်ကြီးတစ်ယောက်ရယ် သူ့သားရဲ့ ကောင်မလေးတစ်ယောက်ရယ်ကို အခြေခံပြီးရိုက်ထားတဲ့ လူ့သဘာဝဖောက်လွဲဖောက်ပြန်တတ်တဲ့အကြောင်းလေးပါပဲနည်းနည်းလေးလွန်တာကတော့ မြင်ရုံနဲ့ မနေနိုင်မထိုင်နိုင်ဖြစ်ပြီး သိပ်တောင်မတွေ့ကြရသေးဘဲ အချစ်နယ်ကျွံကြတဲ့ ကိစ္စပါ သူ့သားက ကောင်မလေးတွေအများကြီးတွဲလိုက် ပျက်လိုက်ဖြစ်နေပေမဲ့ ဒီတစ်ယောက်နဲ့ကျတော့ ဖခင်ကြီးကိုယ်တိုင် နွံနစ်ရတဲ့အဖြစ်ပါပဲ အဲဒီလိုနဲ့ သားရော အဖေရော အပိုင်အုပ်ထားတဲ့ အန်နာဆိုတဲ့ ကောင်မလေးက လှေတံနှစ်ဖက်ကို အချိုးကျကျနင်းမလား လျှို့ဝှက်ချက်ကြီးပေါ်သွားရင် ဘာဖြစ်ကြမလဲ နာမည်အရမ်းကြီးနေတဲ့သူတစ်ယောက်အတွက် ဒီလိုမျိုးကိစ္စဆို ဘယ်လိုဖြေရှင်းကြမလဲ စတာ စတာတွေကို ဒီထဲမှာ အပြီးသာ ကြည့်ရှုလိုက်ကြပါတော့....... File size…(760 ...
6.718
TMDb: 6.718/10 39 votes
tv

Obsession (2023) 18+

2023
Copycat Killer (2023) 8
Copycat Killer (2023) Copycat Killer (2023)The victim gameတို့ Danger zoneတို့လိုပဲ ထိုင်ဝမ်စုံထောက်စီးရီးပရိသတ်တွေကြားမှာ ရေပန်းစားနေတဲ့ Copycat killerဆိုတဲ့ Taiwan remakeဇာတ်ကားလေးကို တင်ဆက်ပေးချင်ပါတယ်။Chris Wu နဲ့ Ko Chia Yen တို့လို ထိုင်ဝမ်ဝါရင့်သရုပ်ဆောင်တွေ ဝိုင်းဝန်းအားဖြည့်ထားတဲ့အပြင် အချစ်တော်လေး Ruby Linကိုလည်း Support role အနေနဲ့ မြင်ရဦးမှာဆိုတော့ သင်္ကြန်တွင်းမှာ စုံထောက်စီးရီးကောင်းကောင်းနဲ့နှပ်ချင်သူတွေအတွက် ရွေးစရာတစ်ခုဖြစ်မှာပါ။စိတ္တဇလူသတ်သမားတစ်ယောက်ရယ်လို့ ဖြစ်လာခြင်းရဲ့အရင်းခံဟာ မွေးရာပါဗီဇကိုက မကောင်းတာလား။ ဒါမှမဟုတ် ငယ်စဉ်ကပတ်ဝန်းကျင်ရဲ့လွှမ်းမိုးမှုတွေ ကြုံတွေ့ခဲ့ရတဲ့ နာကျင်မှုတွေကြောင့်လား။ ရုတ်တရက်ဖြစ်ပေါ်လာတဲ့ စေ့ဆော်မှုတစ်ခုနောက်ကိုလိုက်ရင်း လူသတ်ရတာကို နေသားကျနှစ်ခြိုက်သွားတာလား။အကြောင်းအရင်းက ဘယ်တစ်ခုပဲဖြစ်နေပါစေ လောကကြီးမှာ အကြမ်းအနု စိတ်ကိုလု ဆိုသလိုပဲ လူကောင်းနဲ့လူဆိုးကြားမှာ အလွှာပါးတစ်ခုပဲခြားတယ်ဆိုတာကိုတော့ ဘယ်သူမှငြင်းနိုင်မယ်မထင်ပါဘူး။ဒီကားလေးထဲမှာတော့ ငယ်စဉ်ဘဝက ကြီးမားတဲ့ဖြစ်ရပ်ဆိုးတစ်ခုကြောင့် စိတ်ဒဏ်ရာရှိခဲ့ဖူးတဲ့ အမှုစစ်ကောရှောင်ချိဟာ ဥပဒေကိုလက်ကိုင်လို့ ရာဇဝတ်သားတိုင်းကို အပြစ်ပေးမယ်ဆိုပြီး သံဓိဋ္ဌာန်ချထားသူပါ။ အပြောနဲ့အလုပ်ညီတဲ့သူတစ်ယောက်ဖြစ်တာကြောင့် အဖြောင့်မတ်ဆုံး အထက်မြက်ဆုံးအမှုစစ်အဖြစ်နဲ့ အတော်လေးနာမည်ကြီးသူလည်းဖြစ်ပါတယ်။ လုပ်ဖော်ကိုင်ဖက်တွေကြားမှာတော့ သူဟာစာအုပ်ကြီး၊ ပေတံကြီးလို ဆက်ဆံခံရသူပေါ့။ဒီလိုနဲ့ ရွှေ့ပြောင်းနေထိုင်သူတွေများတဲ့ စုန့်ယန်မြို့မှာ ...
8
TMDb: 8/10 31 votes
tv

Copycat Killer (2023)

2023
The Kingdom Season 1+2 (2021) 7.3
The Kingdom Season 1+2 (2021) ဒီတစ်ခေါက်မှာတော့ CM ပရိသတ်ကြီးကို The Kingdom El Reino ဆိုတဲ့ ၂၀၂၁ ခုနှစ်ထွက် Netflix ရဲ့ Crime/Thriller/Drama အမျိုးအစား Argentiina စီးရီးလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ IMDB rating 6.5/10 ရရှိထားပြီး အာဂျင်တီးနားရုပ်ရှင်ဝေဖန်ရေးအသင်းကပေးအပ်တဲ့ အကောင်းဆုံးဇာတ်ညွှန်းဆု၊ Tadeo အဖြစ် သရုပ်ဆောင်တဲ့ Peter Lanzaniက အကောင်းဆုံး ဇာတ်ပို့ဆုနဲ့ ဇာတ်ဝင်သီချင်းဆုတွေကို အသီးသီးရရှိခဲ့တာပါ။ ဇာတ်လမ်းအညွှန်း လူသိများထင်ရှားတဲ့ သင်းအုပ်ဆရာ ဖာသာအယ်မီလီယိုက အာဂျင်တီးနားရဲ့ သမ္မတရွေးကောက်ပွဲမှာ သမ္မတလောင်း အယ်လ်မန်ဒိုဘာဒါခေါ့စ်နဲ့အတူ ဒုသမ္မတလောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်နေတာပါ။ အခက်အခဲတွေကြားထဲကပဲ လူထုစည်းဝေးပွဲတွေလုပ်၊ ဟောပြောပွဲတွေလုပ်နဲ့ နောက်ဆုံးတော့ နှစ်ယောက်သား နောက်ဆုံးလူထုစည်းဝေးပွဲမှာ ဟောပြောဖို့ ဖြစ်လာခဲ့ပါတယ်။ လုံခြုံရေးတွေ အထပ်ထပ်ချထားပေမယ့် အဓိကရုဏ်းဖန်တီးသူတွေကြောင့် လူထူစည်းဝေးပွဲက အနည်းငယ် ကမောက်ကမဖြစ်သွားတာမို့ စည်းဝေးပွဲကို ဆက်မလုပ်ဖို့အရေးဆွေးနွေးတိုင်ပင်ရတော့တာပေါ့။ ဒါပေမယ့်လည်း သင်းအုပ်ဆရာရဲ့ ...
7.3
TMDb: 7.3/10 42 votes
tv

The Kingdom Season 1+2 (2021)

2021
Queenmaker(2023)[Complete] 10
Queenmaker(2023)[Complete] Queenmaker(2023)*****************အပိုင်း( ၁ မှ ၁၁) ထိ စ/ဆုံးအကြံပေးအရာရှိဆိုတဲ့ အသုံးအနှုံးကို ကျွန်တော်တို့  တော်တော်များများ ကြားဖူးနားဝရှိကြတယ်..သမ္မတအကြံပေးအရာရှိ ကုမ္ပဏီအကြံပေးအရာရှိ ယုတ်စွအဆုံး အဆိုတော် နဲ့အခြား ဆယ်လီအကျော်အမော်များစွာပင် အကြံပေးအရာရှိပုံစံများ အနားမှာ ခေါ်ယူထားကြတယ်..တကယ်တော့ သူတို့ရဲ့ တာဝန်တွေကလည်း အတော်ကြီးမားလှပါတယ်..သူ့တို့အရည်အချင်းပြည့်ဝမှုပေါ်မူတည်ပြီး သူတို့တာဝန်ထမ်းဆောင်နေတဲ့သူတွေဟာ ပိုမိုထင်ပေါ်သွားနိုင်သလိုဟိုးအောက်ဆုံးကိုကျသွားနိုင်တာလည်းရှိလို့ပါ... Queenmaker မှာ ဒီသဘောတွေကိုအဓိက ထားပြီးရိုက်ပြထားတယ်..လှတပတ ကောင်းမလေးတွေ ကောင်လေးတွေမပါဘဲ လုပ်ငန်းခွင်နဲ့ အကောင်းဆုံးဖြတ်သန်းနိုင်တဲ့၃၀ကျော်အရွယ်တွေနဲ့ အဓိက ဇာတ်အိမ်တည်ထားတယ်...Kim Hee Ae နဲ့ Moon So Ri လို ဆရာမကြီးတွေကဒီဇာတ်လမ်းရဲ့ အဓိက ဇာတ်ဆောင်တွေဖြစ်ပြီး ဇာတ်ပို့တွေကလည်းနာမည်ကြီးတွေကြီးဖြစ်ကြတယ်..တစ်ယောက်က လုပ်ငန်းစုကြီးတစ်ခုရဲ့ ထက်မြက်တဲ့အကြံပေးအရာရှိတစ်ယောက်ဖြစ်သလိုတစ်ယောက်ကတော့ ဒီလုပ်ငန်းကြီးကိုဖြိုချဖို့ တိုက်ပွဲဝင်နေတဲ့သူ...ဇာတ်လမ်းက အရမ်းစိတ်ဝင်စားစရာကောင်းတယ်... မျက်မှောက်ခေတ်မှာ ဒီနည်းလမ်းတွေကိုစနစ်ကျကျနဲ့အသုံးပြုလာကြသလို တော်တော်များများကလည်း ဗဟုသုတရ ရစရာတွေ မှတ်သားစရာတွေဖြစ်နေတယ်....ပျင်းစရာကြီးလို့လည်းမထင်လိုက်နဲ့  လုံးဝဂေါ်ထွက်နေအောင် ရိုက်ပြထားတာမို့ ခံစားကြည့်ကြပါဦး. Episodes: 11File Size:1.3GB, ...
10
TMDb: 10/10 1 votes
tv

Queenmaker(2023)[Complete]

2023
That ’90s Show (2023) 7
That ’90s Show (2023) That 90's Show (2023) ~ IMDb - 6.4/10, Rotten Tomatoes - 76% ~ ဒီတစ်ခါတင်ဆက်ပေးချင်တာကတော့ ထူးထူးဆန်းဆန်းလေးလို့ပဲပြောရမှာပါ။ ၂၀၂၃ မှာထွက်ပေမဲ့ နာမည်အတိုင်း ၁၉၉၀ ပြည့်နှစ်တွေက Sitcom ပုံစံမျိုး တင်ဆက်ပေးထားတာဖြစ်ပါတယ်။ Sitcom ရဲ့သဘောတရားကိုအကြမ်းဖျဥ်းပြောပြရရင် Scene တွေအားလုံးကို Studio ဆင်ပြီး ရိုက်ကူးတာဖြစ်ပါတယ်။ မြင်သာအောင်ပြောရရင် ပြဇာတ်ကို ရုပ်ရှင်လိုရိုက်ပြလိုက်တဲ့သဘောပါပဲ။ ပရိသတ် Reaction တွေပါမယ်။ သိပ်သဘာဝမကျတဲ့ ဟာကွက်တွေနဲ့ အစစ်မဟုတ်မှန်းသိသာတဲ့ Setting မျိုးတွေ၊ ပေါတောတောဟာသတွေအများစု၊ ဒါတွေပေါင်းစပ်ထားတာကိုအကြမ်းဖျဥ်းအားဖြင့် Sitcom လို့ခေါ်ပါတယ်။ ဘာလို့ဒါတွေရှင်းပြနေရသလဲဆိုရင် သာမန်စီးရီးတွေနဲ့ပဲကျင့်သားရနေတဲ့သူတွေ၊ Sitcom ရဲ့သဘောတရားကိုမသိတဲ့သူတွေက ရုပ်ရှင်စစ်စစ်တွေနဲ့နှိုင်းပြီး ဝေဖန်တာမျိုးတွေရှိနေလို့ပါပဲ။ အဲဒီလို မပြီးပြည့်စုံမှု၊ ရုပ်ရှင်မဆန်မှု၊ ပေါကားအထာဟာသလေးတွေ၊ ယုတ္တိမရှိတဲ့ Plot လေးတွေကပဲ Sitcom ရဲ့အနှစ်သာရစစ်စစ်ဖြစ်နေလို့ပါ။ ဇာတ်လမ်းအကြောင်းကိုသွားရရင် ဝင်စကွန်ဆန်မှာနေကြတဲ့ ရက်ဒ်နဲ့ကစ်တီတို့ ...
7
TMDb: 7/10 77 votes
tv

That ’90s Show (2023)

2023
BEEF (2023) 8.8
BEEF (2023)   ပရိသတ်ကြီးအတွက် ဒီတစ်ခါတော့ IMDB 8.2 ရရှိထားတဲ့ ဇာတ်လမ်းတွဲလေးကိုတင်ဆက်ပေးလိုက်ပါတယ် လောကကြီးမှာ ထိန်းရအခက်ဆုံးက ကိုယ့်စိတ်ပါပဲ ကိုယ့်စိတ်ကိုယ်နိုင်ရင် လောကကြီးကို တဝက်နိုင်ပြီဆိုသလိုပဲ လူတိုင်းက ကိုယ့်အတွေးနဲ့ကိုယ် ကိုယ့်အကြိုက်နဲ့ကိုယ် နေထိုင်နေကြတာပါ စိတ်ရဲ့စေစားရာကို တွန်းလှန်နိုင်ဖို့က တကယ့်ကိုမှခက်ခဲတဲ့အလုပ်တစ်ခုပါပဲ တော်ရုံလူမလုပ်နိုင်လို့ ဘဝပျက်သွားရတဲ့သူတွေမှအများကြီးပါ ဒီဇာတ်လမ်းလေးကတော့ အဲဒါကိုအခြေခံပြီး ကွင်းကွင်းကွက်ကွက် မြင်နိုင်အောင်ရိုက်ပြထားတဲ့ကားလေးပါပဲ တချို့တွေနဲ့ အရမ်းကိုတိုက်ဆိုင်နေရင်တော့ ပြင်ဆင်ဖို့အတွက် တကယ့်ကိုအထောက်အကူဖြစ်မဲ့ကားလေးပါဇာတ်လမ်းအကျဉ်းလေးကတော့ ဒန်နီရယ် နဲ့ အေမီတို့ဟာ စတိုးဆိုင်တစ်ခုမှာ ဘာမှာမဟုတ်တဲ့ ကားဟွန်းတီးတဲ့ ကိစ္စလေးနဲ့ ကားသမားချင်း ပြဿနာတက်ခဲ့ကြတာပေါ့ ဖြစ်ချင်တော့ အဲဒီအချိန်မှာ နှစ်ယောက်လုံးက စိတ်မကြည်တဲ့အချိန်ဖြစ်နေသလို ဘာပဲလုပ်လုပ် တစ်ခုခုအဆင်မပြေဖြစ်နေတဲ့အချိန်ဆိုတော့ ပိုဆိုးသွားတာပေါ့ အဲဒီလိုနဲ့ ဒန်နီရယ်က အေမီရဲ့ ကားနံပါတ်ကိုမှတ်ထားပြီးလိုက်ရှာပါလေရော တကယ်ဆို အေးဆေးပြီးသွားရမဲ့ကိစ္စကနေ အများအမြင်မှာ ဘာမဟုတ်တဲ့ကိစ္စလေးကို အကျယ်ချဲ့မိသလိုဖြစ်သွားတာပေါ့ ရှာရင်းတွေ့သွားတော့ အေမီ့ အိမ်မှာ သေးနဲ့ပန်းခဲ့ပါလေရော အဲဒီလိုနဲ့စတဲ့ဇာတ်လမ်းလေးရယ် နှစ်ယောက်လုံးက ...
8.8
TMDb: 8.8/10 22 votes
tv

BEEF (2023)

2023
The Night Agent (2023) 7.867
The Night Agent (2023) IMDb - 7.7 , RT - 67% တဖွဖွတောင်းဆိုနေကြတဲ့Netflixရဲ့Seriesအသစ်လေးလာပါပြီ။ ဒီSeriesက ထုတ်လွှင့်ပြီးချင်းမှာပဲ နံပါတ် 1နေရာကို အရယူနိုင်ခဲ့တဲ့ ဇာတ်လမ်းလေးလည်းဖြစ်ပါတယ်။ ဇာတ်လမ်းလေးက ပြောရရင် ပီတာဆန်သာလန်ဆိုတဲ့ အေးဂျင့်တစ်ယောက်က အမေရိကန်နိုင်ငံရဲ့ အိမ်ဖြူတော်ထဲမှာ နိုက်အက်ရှင်လို့ခေါ်တဲ့ အရေးပေါ်ဖုန်းလိုင်းကိုင်ရတဲ့အလုပ်ကိုလုပ်မိရာကနေ ဇာတ်လမ်းတစ်ခုလုံးစတင်ပါတော့တယ်။ ပီတာတစ်ယောက် အလုပ်ကမ်းလှမ်းခံရတုန်းက အရေးပေါ်ဖုန်းကမြည်တာရှားတယ်ဆိုပြီးကမ်းလှမ်းခံရခဲ့ပင်မယ့် သူအလုပ်လုပ်နေတဲ့အချိန်အတွင်း ဖုန်းတစ်ကောလ် ဝင်လာတဲ့အခါ ..... ။ ဖုန်းကိုင်လိုက်ပြီးတဲ့အချိန်မှာတော့ ဘယ်လိုမျိုးအကြောင်းရာတွေကို ရင်ဆိုင်ကျော်ဖြတ်သွားရမလဲ။ အတားဆီးတွေကိုရော ကျော်ဖြတ်သွားနိုင်ပါ့မလား၊ နောက်ဖြစ်လာမယ့်အရာတွေကိုရော ပီတာဆန်သာလန်တစ်ယောက် တားဆီးနိုင်ပါ့မလား၊ သူယုံကြည်ရတဲ့လူတွေကရော တကယ်ပဲယုံကြည်လို့ရရဲ့လားဆိုတာကို အဖြူအမည်း သဲကွဲသွားအောင် ဇာတ်သိမ်းပိုင်းအထိ ဇာတ်ရှိန်ကျမသွားပဲ ကြည့်ရှူ့ရမှာဖြစ်ပါတယ်။File size…(677 MB)/(382 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….00:56:00 Genre...Drama, Mistery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min ...
7.867
TMDb: 7.867/10 90 votes
tv

The Night Agent (2023)

2023
Framed! A Sicilian Murder Mystery (2022) Season 02 Complete 6.946
Framed! A Sicilian Murder Mystery (2022) Season 02 Complete Framed! A Sicilian Murder Mystery (2022) S02 Complete Season 2 မှာမှ Season 1 ရဲ့ ဇာတ်လမ်းအစကိုပြန်​ရောက်သွားတာပါ။ Season 1 အဆုံးမှာ​တော့ ဆယ်ဗိုက သူ့မိန်းမနဲ့လမ်းခွဲလိုက်ပြီး ဗယ်လက်တီနိုက​တော့ ရဲမှူးမ​လေး အက်ဂက်တာနဲ့ တွဲဖြစ်သွားပါတယ်။ Season 2 မှာ​တော့ ​ခေါင်းကိုင်ဖခင်တို့အဖွဲ့ပြန်​​ပေါ်လာပြီး ဆယ်ဗိုတို့ကို ဖမ်းပြီး ဘာ​တွေလုပ်ခိုင်းမလဲ ဆယ်ဗိုတို့ကလည်း ထုံးစံအတိုင်း ဘယ်လို​တွေ ကပျက်က​ချော် တလွဲ​တွေလုပ်မလဲဆိုတာကို ကြည့်ရမှာဖြစ်ပါတယ်။ Season 1 မှာ မပါလိုက်တဲ့ အက်ဂက်တာရဲ့ သား​လေး ​ရောဘတ်တီနိုလည်း Season 2 မှာပါလာမှာဖြစ်ပါတယ်။ Season 2 အဆုံးမှာ​ရော ​ခေါင်းကိုင်ဖခင်တို့အဖွဲ့ကို ဖမ်းမိသွားမလား... ဆယ်ဗိုတို့​ရော အဆင်​ပြေသွားမလားဆိုတာ တစ်မိနစ်​တောင် မပျင်းရပဲ ရယ်ရယ်​မောမောကြည့်ရမယ့် Season 2 ​လေးပဲဖြစ်ပါတယ်။ Season 3 လာဦးမလားဆိုတာ‌ကတော့ ...
6.946
TMDb: 6.946/10 56 votes
tv

Framed! A Sicilian Murder Mystery (2022) Season 02 Complete

2022
Lilyhammer Season 1+2+3 (2012) 7.367
Lilyhammer Season 1+2+3 (2012)  Frank Tagliano ဟာနယူးယောက်မြို့တော်အခြေစိုက် အမေရိကန်မာဖီးယားဂိုဏ်းမိသားစုရဲ့ လက်ထောက်ဂိုဏ်းခေါင်းဆောင်အဆင့် ဖြစ်ခဲ့ပြီး သူ့ဘော့စ်သေဆုံးတဲ့အချိန်မှာ ဂိုဏ်းခေါင်းဆောင်နေရာကို ဘော့စ်ရဲ့ညီတက်လာတဲ့အချိန်မှာ မကျေနပ်ပဲ အဲ့ဒီငနဲကို အက်ဖ်ဘီအိုင်နဲ့လက်ဝါးချင်းရိုက်ပြီးလက်ထောက်ချခဲ့ပါတယ်။ အဲ့ဒီနောက်မှာ အက်ဖ်ဘီအိုင်ကသူ့ကိုမျက်မြင်သက်သေကာကွယ်ရေး အစီအစဉ်အနေနဲ့ တစ်နေရာမှာ နာမည်သစ်လူသစ်နဲ့ဘဝသစ်စဖို့အခွင့်အလမ်းပေးလာခဲ့တဲ့နောက် သူက နော်ဝေးနိုင်ငံက လီလီဟမ်းမားဆိုတဲ့ နယ်မြို့လေးတစ်မြို့ကိုရွေးချယ်ခဲ့ပါတယ်။ အက်ဖ်ဘီအိုင်ကလူတွေက သူ့အတွက်လိုအပ်တာတွေအားလုံးစီစဉ်ကူညီပေးခဲ့ပြီး မသွားခင် တစ်ခွန်းပဲမှာလိုက်ပါတယ်။ အဲ့ဒါကတော့ ''ရဲတွေနဲ့ပြဿနာမတက်ပါစေနဲ့ တက်ခဲ့ရင်ကိုယ့်ဟာကိုယ်ရှင်း'' ဆိုတာပါပဲ။ ဒါပေမယ့်လဲ ဂန်းစတားဗီဇမဖျောက်နိုင်တဲ့ ဖရန့်တစ်ယောက် အဲ့ဒီတောမြို့လေးမှာအခြေချဖို့ကြိုးစားရင်း ဂွတီးဂွကျ လက်ပေါက်ကပ်တဲ့ဒေသခံတွေနဲ့ ဘုဘောက်ကျ ဉာဏ်ချင်းယှဉ်ပြိုင်ကြမဲ့ အဖြစ်အပျက်တွေကို ဟာသနှောပြီးတင်ဆက်ထားတာကို ရှုစားရမှာဖြစ်ပါတယ်။ ဖရန့်ဟာ တစ်ချိန်က နယူးယောက်လိုမြို့တော်မှာ မာဖီးယားဂိုဏ်းကြီးတစ်ခုကိုတာဝန်ယူခဲ့တဲ့သူဖြစ်တဲ့အတွက် သူလိုချင်တဲ့အရာကို အနုနည်းနဲ့တစ်မျိုး အကြမ်းနည်းနဲ့တစ်မျိုး လက်တစ်လုံးခြားလှည့်ပတ်ရယူပုံတွေကိုမြင်တေ့ွရမှာပါ။သူမတော်တဆရန်ငြိုးဖွဲ့မိခဲ့တဲ့သူတွေထဲမှာ မြို့ရဲ့ရဲချုပ်နဲ့သူ့လက်ထောက်တွေပါပါဝင်တဲ့အတွက် ဟိုဘက်ကမျက်စိဒေါက်ထောက်စောင့်ကြည့်ခံရသလို တွေ့ကြုံလာတဲ့အကျပ်အတည်းတွေ ပြဿနာတွေကြားက လှည့်ပတ်ရုန်းထွက်ပုံတွေကလဲ ခွီနေရတာပါ။ဂန်းစတားကားပရိသတ်တွေရော ဟာသပရိသတ်တွေရောအကြိုက်တွေ့မယ့်ကားဖြစ်ပါတယ်။ ဖရန့် တစ်ဖြစ်လဲ ဂျီယိုဗန်နီအဖြစ် ပရိသတ်နဲ့မစိမ်းတဲ့ Steven Van Zandt (The Sopranos,The Irishman) ကခေါင်းဆောင်ပါဝင်ထားပါတယ်။File size…(800MB)/(400MB) Quality….Webrip 1080p / 720p Format…mp4 Duration….02:01:00 Genre...Drama,Comdey,Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. ...
7.367
TMDb: 7.367/10 180 votes
tv

Lilyhammer Season 1+2+3 (2012)

2012
Framed! A Sicilian Murder Mystery (2022) Season 01 Complete 6.936
Framed! A Sicilian Murder Mystery (2022) Season 01 Complete Framed! A Sicilian Murder Mystery (2022) S01 ~ IMDb rating - 6.8/10 ~ ဒီတစ်ခါမိတ်ဆက်​ပေးမှာက​တော့ ဟာသကားကြိုက်တဲ့ သူ​တွေအတွက် ပိတ်ရက်​တွေကျရင် တစ်ထိုင်တည်းနဲ့ အသားကုန်ခွီ​နေရမယ့် အီတလီဟာသစီးရီး Framed! A Sicilian Murder Mystery ပဲဖြစ်ပါတယ်။ Netflix က​နေ 2022 ကမှ လတ်လတ်ဆတ်ဆတ်ထွက်ထားတဲဲ့ ဟာသ စုံထောက် စီးရီးလေးပေါ့။ အရမ်းကြီး​ပေါကွက်​တွေနဲ့ ကလိထိုးပြီးရယ်ရ​အောင် လုပ်ထားတာမျိုးမဟုတ်လို့ ဟာသသမားတွေ အကြိုက်​တွေ့ပါလိမ့်မယ်။ ~ ဇာတ်လမ်းအညွှန်း ~ ယူထားတဲ့မိန်းမထက် သည်းထိတ်ရင်ဖိုစုံ​ထောက်တီဗီရှိူး​တွေကိုပဲ ကြိုက်တဲ့ဆယ်ဗိုနဲ့ အရာရာ​မေ့​မေ့သား​လေးဖြစ်​နေတဲ့ ဗယ်လက်တီနိုတို့ သူတို့အလုပ်အရ ကာစတန်မာ ဂန်ဘီနိုအိမ်ကို တီဗီပြင်ဖို့သွားရင်း ဂန်ဘီနိုသေ​နေတာကိုမြင်သွားတဲ့အခါ သူတို့ကိုယ် သူတို့လူသတ်သမားလို့ သံသယဝင်​နေတာကိုဘယ်လို​ဖျောက်ကြမလဲ... နောက်ဖြစ်လာမယ့် ကိစ္စ​တွေကို ဘယ်လို​ကျော်ဖြတ်ကြလဲဆိုတာကို ဟာသဆန်ဆန်ရိုက်ကူးထားတာ​လေးပဲဖြစ်ပါတယ်။ အခု​​ခေတ်မှာ ကလိထိုးရယ်ခိုင်းတဲ့ကား​တွေများလာတာ​ကြောင့် ဒီလိုရှားပါးတဲ့ဟာသဇာတ်လမ်းမျိုးကိုတစ်​ခေါက်​လောက်​တော့ကြည့်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ (ဒီစီးရီးကို အညွှန်းရေးသား ဘာသာပြန်ပေးသူကတော့ ...
6.936
TMDb: 6.936/10 55 votes
tv

Framed! A Sicilian Murder Mystery (2022) Season 01 Complete

2022
From Me to You: Kimi ni Todoke(2023)[Complete]
From Me to You: Kimi ni Todoke(2023)[Complete] From Me to You: Kimi ni Todoke(2023)************************************အပိုင်းသစ် (၁ မှ ၁၂) အထိ စ/ဆုံးအားလုံးစောင့်မျှော်နေကြတဲ့ Kimi ni Todoke Anime Live action လေးလာပါပြီ။ အရမ်းအရှက်အကြောက်ကြီးပြီး ဆံပင်အရှည်ကြီးကိုအမြဲချထားတဲ့ Sawako ဆိုတဲ့ကျောင်းသူလေးတစ်ယောက်။အမြဲကြောက်ဖို့ကောင်းအောင်နေသလိုဖြစ်နေလို့ ကျောင်းကတခြားလူတွေကသူ့နာမည်အရင်းတောင်မခေါ်ဘဲ သရဲကားထဲက သရဲမနာမည်ဖြစ်တဲ့ "Sadako" လို့ပြောင်းခေါ်ကြပါတယ်..တစ်နေ့မှာတော့ ကျောင်းကို Shota ဆိုတဲ့ လူချစ်လူခင်ပေါများတဲ့ ကောင်လေးတစ်ယောက်ရောက်လာတဲ့အခါ...Sawako တစ်ယောက် Shota နဲ့သူငယ်ချင်းဖြစ်သွားတဲ့အခါ..သူတို့နှစ်ယောက် ဘယ်လိုရင်ခုန်စရာလေးတွေဖြစ်လာမလဲ Sawako ဘဝကြီးလည်းဘယ်လိုပြောင်းလဲသွားမလဲဆိုတာကတော့..နင်းကန်ပျော်ရွှင်ကြည်နူးရတဲ့ လူငယ်အချစ်ဇာတ်လမ်းတွဲလေးမို့ရင်ခုန်ကြည်နူး စိတ်ကြည်မြူးချင်တဲ့သူတွေကြည့်သင့်ပါကြောင်း...........Episode: 12Aired: Mar 30, 2023File Size:800MB, 300MBQuality :Web-DL 1080p,720PGenres:Romance, Drama, ComedyTranslated by  Thynn,  Jane &  EricEncoded by  Phyo Pyae<<<<<<TELE LINK>>>>>  Episode 1 720P>>>  ...

From Me to You: Kimi ni Todoke(2023)[Complete]

2023
The Letter for the King (2020) စ-ဆုံး 7.041
The Letter for the King (2020) စ-ဆုံး 2020 ကထွက်ရှိခဲ့တဲ့ Fantasy, Adventure series လေးပါ။ Tiuri နဲ့မိခင်ဖြစ်သူတို့ဟာ စစ်ကြောင့်မွေးရပ်မြေကိုစွန့်ခွာခဲ့ရပြီး Dagonaut တိုင်းပြည်ကိုလာပြီး ပထွေးဖြစ်သူ သူကောင်းမျိုးတစ်ယောက်နဲ့ အတူနေပါတယ်။ တစ်နေ့မှာတော့ မမျှော်လင့်ဘဲ တိုင်းပြည်တစ်ခုလုံးကို အပြောင်းအလဲဖြစ်သွားစေနိုင်တဲ့စာတစ်စောင်ကို ဘုရင်ကြီးဆီပို့ဖို့တာ၀န်က Tiuri ဆီကိုရောက်ရှိလာပါတယ်။ တစ်ချိန်တည်းမှာဘဲရက်စက်ကြမ်းကြုတ်တဲ့ မင်းသား Viridian ဟာဒဏ္ဍာရီလာဟောကိန်းထဲက သူရဲကောင်းကိုလိုက်ရှာနေရင်း Tiuri ကိုပါ သတ်ဖို့အမိန့်ထုတ်ထားပါတယ်။ Tiuri တစ်ယောက်လည်း အန္တရာယ်အသွယ်သွယ်ကို သူငယ်ချင်းတွေအကူအညီနဲ့ဖြတ်ကျော်ပြီး ကျရောက်လာတဲ့တာ၀န်ကိုပြီးမြောက်အောင်ဆောင်ရွက်နိုင်မလားဆိုတာ ကြည့်ရှူ့ရမယ့် လူငယ်စွန့်စားခန်းဇာတ်လမ်းတွဲလေးပါ။File size…(1 GB) / (500 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….00:52:00 Genre...Sci and fantasy, Action and adventure, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by SPDownload LinkEpisode 1 720p  -  Yoteshin ...
7.041
TMDb: 7.041/10 193 votes
tv

The Letter for the King (2020) စ-ဆုံး

2020
Sky High: The Series 7.75
Sky High: The Series Sky High (2023)Spain ဓားပြကားလေးတွေမှ ကြိုက်နှစ်သက်သူတို့အတွက် နောက်ထပ်ရွေးစရာတစ်ခုဖြစ်လာတဲ့ Sky Highဆိုတဲ့ စီးရီးလေးနဲ့ မိတ်ဆက်ပေးပါရစေ။ Actionလေးလည်းပါ Family Drama လေးလည်း ပါလို့ ရသအစုံခံစားနိုင်မဲ့ crime thriller စီးရီးလေးဆိုလည်း မမှားပါဘူး။မှောင်ခိုလုပ်ငန်းတွေကြီးစိုးနေတဲ့ မြို့ရဲ့အဓိကမှောင်ခိုဈေးကွက်ကို ရိုဂယ်လီယိုနဲ့ သူ့သားမက်ဖြစ်သူအန်ဂယ်တို့က ထိန်းချုပ်ထားပါတယ်။ အန်ဂယ်ကတော့ ဖောက်ထွင်းလုယက်ဖို့ကို တာဝန်ယူထားပြီးတော့ ခိုးရာပါပစ္စည်းတွေကိုတော့ ရိုဂယ်လီယိုက ဝယ်မဲ့လူတွေနဲ့ချိတ်ဆက်ပေးပါတယ်။ ရဲဘက်ကလည်း ရိုဂယ်လီယိုကို မှောင်ခိုလောကရဲ့လက်မည်းကြီးမှန်းသိနေပေမဲ့ အကွက်စေ့ထောင့်စေ့လွန်းတဲ့ ရိုဂယ်လီယိုကိုဖမ်းဖို့ လက်ဆုပ်လက်ကိုင်သက်သေ ရှာမရပါဘူး။ ဒီလိုနဲ့ တစ်နေ့မှာ အန်ဂယ်တစ်ယောက် ရုတ်တရက်ဆုံးသွားတဲ့အခါ...- အန်ဂယ်သေဆုံးမှုနဲ့အတူ သမီးဖြစ်သူဆို‌လေကိုချုပ်ကိုင်ဖို့ကြိုးစားလာတဲ့ရိုဂယ်လီယို၊ - ကိုယ်ပိုင်ဖြစ်တည်မှုတစ်ခု ပျောက်ဆုံးနေတဲ့ဘဝကနေရုန်းထွက်လို့ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ဖို့ ခင်ပွန်းဟောင်းအန်ဂယ်ရဲ့အဖွဲ့နဲ့ပူးပေါင်းမဲ့ single mother ဆိုလေ၊ - ရိုဂယ်လီယိုကို အသေရရအရှင်ရရဖမ်းချင်နေတဲ့စုံထောက်ဒူကဲ၊ - အန်ဂယ်တို့အဖွဲ့ထဲကို ဝင်လာတဲ့ လျှို့ဝှက်ချက်တွေနဲ့လူသစ်လေး ဖာနန် ဒီဒီ ဇာတ်ဆောင် ၄ ယောက် ရဲ့ ဉာဏ်ကစားပွဲနဲ့အတူ ရန်သူ၊ မိတ်ဆွေ ...
7.75
TMDb: 7.75/10 8 votes
tv

Sky High: The Series

2023
Rana Naidu (2023) 8.1
Rana Naidu (2023) Rana Naidu (IMDb 7.4/10) **************************ဘာဟူဘလီရဲ့ ဗီလိန်ကြီးဘလ်လားလ်ဒေ့ဗ် ရာနာဒက်ဂူဗာသီ နဲ့ Drushyam (Telugu Version)မင်းသားကြီး ဒက်ဂူဗာသီ ဝမ်န်ကာတေးရှ် တို့ အဓိကပါ၀င်သရုပ်ဆောင်ထားတဲ့ Netflix ရဲ့ rating ကောင်းကောင်း cast အလန်းနဲ့ အက်ရှင်ကားကောင်းလေးတစ်ခုကို မိတ်ဆက်ပေးချင်ပါတယ်....ဇာတ်လမ်း အကျဉ်း ရာနာနိုင်ဒူဆိုတာ ‌ဆယ်လီတွေလောကမှာ ပြသနာမှန်သမျှ ဖြေရှင်းပေးနိုင်တဲ့ ဆရာကြီးပါ အတွင်းရေးတွေလူသိမခံချင်ဘူးလား ရွှေကြာတွေခေါ်ပျော်ပါးတာ လူမိသွားလို့တိုင်ပတ်နေတာလား မယားငယ်ထားပြီးတိုင်ပတ်နေလား ရာနာဆီဖုန်းတစ်ချက်ဆက်လိုက်ရုံပါပဲ.. အချိန်မရွေးပေါ့ ၂၄ နာရီ ဝန်ဆောင်မှုပါ..... သူ့မှာ ညီတစ်ယောက်အကိုတစ်ယောက်ရှိပါသေးတယ် သူတို့ညီအကိုသုံးဖော်ရဲ့အဖေက အခုမှထောင်ကလွတ်လာတာပါ ရာနာကသူ့အဖေဆိုမျက်နှာချင်းတောင်မဆိုင်ချင်လောက်အောင် မုန်းတာပါ အဲဒီတော့ သူ့အဖေထောင်ကထွက်လာတဲ့အခါမှာ ဆရာကောင် ရာနာနဲ့ ဘာပြသနာတွေတက်မလဲ သူ့အဖေကရော ဘာလို့ထောင်ကျသွားတာလဲ အရင်ကရော ဘာတွေဖြစ်ခဲ့လဲ ခုလဲဘာဆက်ဖြစ်မလဲဆိုတာ တစ်ဝကြီးကြည့်ရှုရမဲ့ အဖေနဲ့သားများ ဂန်းစတားအထာဇာတ်လမ်းလေး ဖြစ်ပါတယ်Netflix series ဖြစ်တာနဲ့အညီ ဆက်တင်အလန်း ရိုက်ချက်အလန်း အက်ရှင်ခန်းအလန်းတွေအပြင်အသုံးအနှုန်းတချို့ဇာတ်ကွက်တွေကလဲ ဆယ့်ရှစ်အပေါင်းမက နှစ်ဆယ့်တစ်အပေါင်းနီးပါးမို့မိသားစုနဲ့အတူ မကြည့်ရှုသင့်ကြောင်းတော့ ကြိုတင်သတိပေးလိုက်ပါရစေ။File Size – 800MB / 400MBQuality – 1080p WEB DL / 720pDuration – 50mTotal Episodes:Subtitle – ...
8.1
TMDb: 8.1/10 8 votes
tv

Rana Naidu (2023)

2023
MH370: The Plane That Disappeared (2023) 7.5
MH370: The Plane That Disappeared (2023) MH370: The Plane that Disappeared (2023)ပြီးခဲ့တဲ့ မတ်လ ၈ ရက်နေ့က မလေးရှားMH370 လေယာဥ် ပျောက်ဆုံးသွားတာ ကိုးနှစ်ပြည့်ခဲ့တဲ့နေ့ပါ။၂၀၁၄ မှာ MH-370 ပျောက်ဆုံးသွားတဲ့သတင်းက တစ်ကမ္ဘာလုံးကိုရိုက်ခတ်ခဲ့ပါတယ်။ ခရီးသည် ၂၂၇ ယောက် လေယာဥ်ဝန်ထမ်း ၁၂ ယောက်ပါဝင်တဲ့ ခရီးသည်လေယာဥ်ကြီးက ကွာလာလမ်ပူ(မလေးရှား) ကနေ ဘေကျင်းကိုသွားတဲ့လမ်းမှာ အစအနရှာမရ ပျောက်ဆုံးသွားခဲ့ပါတယ်။မလေးရှားအစိုးရ၊ နိုင်ငံတကာနဲ့ အရပ်သားတွေပါ ဝိုင်းဝန်းကူညီရှာဖွေခဲ့ပေမယ့် ယခုတိုင်အောင် လေယာဥ်ဘယ်မှာပျက်ကျသွားလဲ ဘာကြောင့်လဲ ဒီခရီးသည်တွေရောဘယ်ရောက်ကုန်ပြီလဲ အားလုံးက ပဟေဠိဖြစ်နေဆဲပါ။ သီအိုရီတွေကလဲများစွာထွက်ခဲ့ပါတယ်။ ဒီခရီးသည်တွေသေလားရှင်လားတောင်မသိရတဲ့ မိသားစုဝင်တွေအတွက်လဲယူကျုံးမရစရာပါပဲ။ သေသွားပြီ လို့ ခိုင်ခိုင်မာမာ သိရရင်တောင် လက်ခံနိုင်ကြပါဦးမယ်။ အခုတော့ သူတို့တွေ တစ်နေရာရာမှာများဒုက္ခရောက်နေကြမလား ကြောက်နေကြမလား လာကယ်တာကိုများစောင့်နေကြလား ဒီလိုမေးခွန်းပေါင်းများစွာနဲ့ ဝမ်းနည်းကြေကွဲမှုတွေ ရှုပ်ထွေးမှုတွေ ဒေါသတွေအားလုံးရောယှက်နေကြပါတယ်။Netflix ရဲ့ ဒီစီးရီးမှာတော့ အပိုင်းသုံးပိုင်းပါဝင်ပြီး- ပထမပိုင်းမှာ MH370 ပျောက်သွားပြီးရက်ပိုင်းအခြေအနေတွေ ခရီးသည်တစ်ချို့ရဲ့မိသားစုဝင်တွေရဲ့ပြောကြားချက်တွေကိုကြည့်ရှုရမှာပါ။ - ဒုတိယပိုင်းမှာတော့ ဖြစ်နိုင်ချေအများဆုံးသီအိုရီတွေကို ရှင်းလင်းပြထားပြီး - တတိယပိုင်းမှာတော့ ဇွဲမလျှော့သေးတဲ့မိသားစုဝင်တွေ ဂျာနယ်လစ်တွေရဲ့ဆက်လက်စုံစမ်းရှာဖွေရေးတွေအကြောင်းလဲကြည့်ရှုရဦးမှာပါ။အညွှန်း နဲ့ ...
7.5
TMDb: 7.5/10 39 votes
tv

MH370: The Plane That Disappeared (2023)

2023
Shadow and Bone Season (1+2) 8.2
Shadow and Bone Season (1+2) Shadow and Bone (2021)===================IMDb Rating - 8.2/10ဒီနှစ်အတွက် မှော်စီးရီး ကောင်းကောင်းလေး ကြည့်ချင်နေတဲ့သူတွေအတွက် Shadow and Bone က တကယ် ကျေနပ်စေမှာပါ။ ဒီဇာတ်လမ်းဟာ စိတ်ကူးယဉ်နိုင်ငံနဲ့ တိုင်းပြည်တွေအပေါ် အခြေခံပြီး တည်ဆောက်ထားပါတယ်။ ရက်ဗ်ကာဆိုတဲ့ ကြီးကျယ်ခမ်းနားတဲ့ နိုင်ငံကြီးတစ်ခုဟာ နိုင်ငံအလယ်မှာ ဘယ်လိုမှ ဖျက်ဆီးလို့မရတဲ့ အမှောင်တံတိုင်းကြီးနဲ့ ကာဆီးနေပြီး ကွဲပြားနေပါတယ်။ အရှေ့ဘက်နဲ့ အနောက်ဘက်ကို ခရီးသွားဖို့ အမှောင်တံတိုင်းကြီးကိုဖြတ်ဖို့ကလည်း အထဲက သတ္တဝါဆိုးကြီးတွေကြောင့် အန္တရယ်များလွန်းပါတယ်။ တံတိုင်းကြီးကို ဘေးကပတ်သွားတော့လည်း လမ်းတွေက ကြမ်းတမ်းပြီး ရန်သူတွေ ဝိုင်းနေတာပါပဲ။ ဒီတော့ ဒီတံတိုင်းကိုသာ ဘေးကင်းကင်း ဖြတ်ကူးနေနိုင်သူက နိုင်ငံရဲ့ အချမ်းသာဆုံးအဖြစ် လွယ်လွယ်ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် ရက်ဗ်ကာနိုင်ငံက လူတွေကလည်း သာမန်တွေမဟုတ်ပါဘူး။ မှော်အစွမ်းကိုယ်စီရှိတယ်သူတွေလည်း ပါပါတယ်။ မီး၊ရေ၊လေ၊အမှောင်ကို ထိန်းနိုင်သူတွေ၊ လူကို ထိန်းချုပ်နိုင်သူတွေ ...
8.2
TMDb: 8.2/10 13535 votes
tv

Shadow and Bone Season (1+2)

2021
Sex/Life – Season (01),(02) 6.5
Sex/Life – Season (01),(02) Sex/Life - Season (01),(02) ==================== IMDb Rating - 6.5/10 Comedy, Drama, Romanceဇာတ်ကားနာမည် မြင်တာနဲ့ ပြေးဒေါင်းတော့မယ်ဆိုတာ သိပေမယ့် အညွှန်းလေးတော့ ဖတ်သွားဦးဗျ :3၊ ပထမဆုံး မှာချင်တာက ဒီကားဟာ မိသားစုနဲ့ အတူမကြည့်သင့်တဲ့ ကားဖြစ်သလို တစ်ယောက်တည်းကြည့်ရင်လည်း နားကြပ်နဲ့ ကြည့်ပါ။ B.B.Easton ရဲ့ 44 Chapters about Men ကို အခြေခံရိုက်ကူးထားတဲ့ Sex/Life ဟာတော့ စားစော်ကြီး တစ်ယောက် အကြောင်းပဲဖြစ်ပါတယ်။ဘီလီ ကော်နယ်လီဆိုတဲ့ မိန်းမဟာ တော်တော့ကို ထန်တဲ့သူပါ။ ဘယ်လောက်ထန်သလဲဆို ကလေးနို့တိုက်ရင်းတောင် စိတ်က ကယောင်ချောက်ချားတွေ မှန်းဖီးလ်ပါတယ်။ ဟုတ်ပါတယ် သူက လင်ရှိအမျိုးသမီး ကလေးနှစ်ယောက် အမေပါ။ လင်ရှိရဲ့သားနဲ့ ဘာလို့ ဒီလောက်ဖြစ်နေလဲမေးရင်တော့ သူ့လင် ကူပါက ကလေး (၂)ယောက်မွေးပြီး သူ့တာ၀န်ကျေပြီ ထင်နေတဲ့ကောင်စားလို့ ပြော ရမှာပေါ့။ ဒီတော့ ဘီလီတစ်ယောက် သူ့ရဲ့ အတိတ်တုန်းက သူဌေး၊ ငမွဲမချန် ရှိသမျှကောင်းဆိုးလေးတွေနဲ့ ကျုံးခဲ့တာတွေကို သူ ပြန် တမ်းတပြီး သူကိုယ်တိုင် ...
6.5
TMDb: 6.5/10 200 votes
tv

Sex/Life – Season (01),(02)

2021
You – Season (04) 7.7
You – Season (04) You - Season (04) =============== IMDb Rating - 7.7/10ကဲ.. စာတွေအရမ်းဖတ် စာတွေအရမ်းတတ်ပြီး အရာရာမှာ ပိရိလွန်းတဲ့ ကိုကို ဂျိုးပြန်လာပါပြီ။ ရှေ့က ပြီးခဲ့တဲ့ စီစန်တွေမှာ ကိုကိုဂျိုးတစ်ယောက် သူကပြုသလို၊ သူ့ကို ပြုတဲ့သူတွေနဲ့ လည်း ကြုံတွေ့ခဲ့ရပြီးပါပြီ။ဒီစီစန်မှာတော့ ကိုကိုဂျိုးတစ်ယောက် ပဲရစ်ဆိုတဲ့ အရပ်ဒေသ မှာ လူသစ် စိတ်သစ်နဲ့ အခြေချနေထိုင်လို့နေပါတယ်။ သူ့စကား အရဆိုရင်တော့ "ဥရောပ အားလပ်ရက်ခရီး" ပေါ့။ သို့ပေမယ့် မပြောင်းလဲသေးတာက သူ့ရဲ့ စိတ်ပါပဲ။သူကိုယ်တိုင် ပြောင်းလဲတော့မယ်၊ မချစ်ဘူး လူတွေနဲ့ မပတ်သတ် ဘူး၊ စာအုပ်တွေပဲ ဖတ်မယ်လို့ ကြွေးကြော်နေပါသော်ငြား ကိုယ်တိုင် မသိလိုက်ခင်မှာပဲ သူဟာ မထင်မှတ်ထားချင်ယောင်ဆောင်ထားတဲ့ ကိစ္စအရပ်ရပ်ကို လုပ်ပြီးနေပါပြီ။ ဒီ‌တော့ ဒီတစ်ခေါက်မှာရော ဇာတ် မြှုပ်နေတဲ့ ဂျိူးတစ်ယောက် ဘယ်လိုပြဿနာတွေ ဖန်တီးပြီး လွတ် မြောက်သွားဦးမှာလဲဆိုတာ ဆက်လက်ကြည့်လိုက်ရအောင်ပါ။(ဒီစီးရီးရဲ့ အညွှန်းကို Act Molemy မှရေးသားပေးပြီး၊ ဘာသာပြန် ရေးသားပေးသူများကတော့ CM Team မှဖြစ်ပါတယ်။)File Size.............(350 ...
7.7
TMDb: 7.7/10 251000 votes
tv

You – Season (04)

2023
The Romantics(2023) 7
The Romantics(2023) The Romantics 2023IMDb-8/10အမီတာဘဂျမ်း ရှာရွတ်ခန်း ဆယ်လ်မန်ခန်း ကာဂျိုးလ် ရန်ဘီးကပူး အာမီခန်း ရီသိက် ကတ်တရီးနား ရာနီး ရန်ဗီးဆင်းဂ် တို့လို နာမည်ကြီးအနုပညာရှင်ပေါင်းများစွာလာရောက်ပြီး သူတို့ရိုက်ခဲ့ဖူးတဲ့ကားတွေအကြောင်း အိန္ဒိယရုပ်ရှင်လောကသမိုင်းမှာ သူတို့ကိုယ်တိုင်ကြားသိကြုံတွေ့ခဲ့ရတာတွေကိုစုံစုံလင်လင်သိမြင်ခံစားရမယ့် Docuseries လေးခံစားကြည့်ပါဦး"အိန္ဒိယရုပ်ရှင်အကြောင်းပြောမယ်ဆိုရင် Deewar ရုပ်ရှင်အကြောင်း မပြောလို့မရဘူး"လို့ ပြောစမှတ်ပြုရလောက်တဲ့ Deewar ရုပ်ရှင်ဖန်တီးရိုက်ကူးခဲ့သူတွေရဲ့ စကားတွေ အောင်မြင်လွှမ်းမိုးခဲ့ပုံတွေ၂၀၁၈မှာ သေဆုံးခဲ့ရတဲ့ ရှရီးဒေဗီရဲ့ အအောင်မြင်ဆုံးကားဖြစ်ခဲ့တဲ့ ချန်ဒနီရုပ်ရှင်ရဲ့ နောက်ကွယ်ကဖြစ်ရပ်မှန်တွေစတဲ့ ဇာတ်လမ်းပေါင်းများစွာရဲ့ နောက်ကွယ်ကအကြောင်းရင်း ဖန်တီးသူအနုပညာရှင်တွေရဲ့ ဖန်တီးဖြစ်ခဲ့တဲ့စိတ်ကူးတွေ အဲဒီချိန်ကရင်ခုန်စိတ်လှုပ်ရှားခဲ့ရတာတွေကို မြင်တွေ့ရမှာဖြစ်ပါတယ်အိန္ဒိယအချစ်ဇာတ်လမ်းရုပ်ရှင်တွေရဲ့ ကနဦးထုတ်လုပ်ရေး Yash Raj Films ဖြစ်တည်လာပုံနဲ့ ယာ့ရှ်ချိုပရာရဲ့ ဘ၀ဇာတ်ခုံ ၊ ယာ့ရှ်ရဲ့ အစ်ကိုကြီးဘီအာချိုပရာစတင်တည်ထောင်လိုက်တဲ့ ရုပ်ရှင်လုပ်ငန်းတစ်ခုကို ယာ့ရှ်ချိုပရာက အချစ်ဇာတ်လမ်းတွေနဲ့ပိုမိုထိုးဖောက်အောင်မြင်ခဲ့ပြီး သူ့ရဲ့သားအာဒီချိုပရာက လူငယ်တွေလိုချင်တမ်းတနေတဲ့ ရုပ်ရှင်တွေကို ဖန်တီးရိုက်ကူးခဲ့တဲ့အကြောင်းတွေ မျိုးဆက်အဆက်ဆက် လက်ဆင့်ကမ်းတိုးတက်အောင်မြင်ခဲ့ပုံတွေဘောလိဝုဒ်ရုပ်ရှင်လောကမှာလူပြောများတဲ့ ‌ဆွေမျိုးကောင်းစားရေးဝါဒီဆိုတာရော တကယ်လား တကယ်ရော ဆွေကြီးမျိူးကြီးဖြစ်တာနဲ့အောင်မြင်နိုင်သ‌လားဆိုတာကို ရုပ်ရှင်သရုပ်ဆောင်တစ်‌ယောက်ကိုစံထားရှင်းပြသွားတာကိုပါ သိရမှာဖြစ်ပါတယ်လက်ရှိမှာအောင်မြင်နေသူတွေရဲ့ ဘ၀အစမှာ ခံစားဖြတ်သန်းခဲ့ရပုံတွေ ၊ သူတို့‌တွေလည်းတစ်ချိန်ကကိုယ်တွေလိုပဲ ခံစားခဲ့ရတာပါလားဆိုတာကိုကြည့်ပြီး စိတ်ခွန်အားတွေယူနိုင်ဖို့တင်ဆက်ပေးလိုက်ရပါတယ်ဘာကားကြည့်ရမလဲလို့ အမြဲမေးနေတဲ့ CM ပရိသတ်ကြီးတွေအတွက်လည်း ဘယ်ကားတွေကိုဘာကြောင့်ကြည့်ရမလဲဆိုပြီး ဒီထဲမှာ သရုပ်ဆောင်တွေဒါရိုက်တာတွေထုတ်လုပ်သူတွေက ...
7
TMDb: 7/10 4 votes
tv

The Romantics(2023)

2023