Channel Myanmar

Netflix

Manifest Season 1 + 2 + 3 +4  (2018-2022) 7.7
Manifest Season 1 + 2 + 3 +4 (2018-2022) CM ပရိသတ်တွေ တောင်းတဲ့စီးရီးကောင်းတွေကို တစ်ခုပြီးတစ်ခုတော့ ကြိုးစားပြီး တင်ဆက်ပေးနေဆဲပါပဲ။အခုလည်း Manifest ကို တင်ဆက်ပေးလိုက်ပါပြီ။လေယာဉ်ကြီး တစ်စီးဟာ ခရီးသည် ၁၉၁ ယောက်ကို တင်ဆောင်ပြီး လေဆိပ်ကနေ စတင်ထွက်ခွာခဲ့တယ်။လေယာဉ်ပေါ်မှာ လူမျိုးစုံ ဘဝမျိုးစုံ ပါတာပေါ့။ ဒါပေမဲ့ သူတို့ လေယာဉ်ဆိုက်တဲ့အချိန်မှာပုံမှန်လေယာဉ်ကွင်းကို မဆင်းခိုင်းဘဲ လူမရှိတဲ့လေယာဉ်ကွင်းတစ်ခုမှာ ဆင်းဖို့ ညွှန်ကြားလာတယ်။လေယာဉ်ကွင်းထဲမှာ စောင့်ကြိုနေတာက အမျိုးတွေ မိတ်ဆွေတွေ မဟုတ်ဘဲကားတွေအများကြီးနဲ့ ရဲတွေ အာဏာပိုင်တွေဖြစ်နေပါလေရော။အဲဒီမှာ သူတို့ သိလိုက်ရတာက သူတို့လေယာဉ်တစ်စီးလုံး ပျောက်ဆုံးသွားခဲ့တာ ၅ နှစ်တောင် ရှိပြီမို့သူတို့အားလုံးကို သေစာရင်း သွင်းထားလိုက်ပါပြီတဲ့။ ဒီသတင်းက ကမ္ဘာတစ်ခုလုံးကို ရိုက်ခတ်သွားပြီးအာဏာပိုင်တွေက သူတို့ကို အထူးစောင့်ကြည့်ကြတယ်၊ ဘယ်သတင်းဌာနတွေနဲ့မှ မတွေ့ဖို့ သတိပေးကြတယ်။ဂြိုလ်သားတွေလား၊ အချိန်အာကာသ ဖောက်ပြန်တာလား၊ ဘုရားသခင်ရဲ့ အလိုတော်လား စသည်ဖြင့်သီဝရီမျိုးစုံထုတ်ကြတယ် အဖြေရှာကြတယ်ပေါ့။ လေယာဉ်ပေါ်က ဆင်းလာတဲ့လူတွေအတွက်တော့ခဏလေးလိုပေမဲ့ သူတို့တွေ အိမ်ပြန်လာတဲ့အချိန်မှာ လူတိုင်းရဲ့ ...
7.7
TMDb: 7.7/10 524 votes
tv

Manifest Season 1 + 2 + 3 +4 (2018-2022)

2018
Bloodhounds(2023)[Complete]
Bloodhounds(2023)[Complete] Bloodhounds(2023)******************အပိုင်း( ၁ မှ ၈) အထိ စ/ဆုံးနာမည်ကြီးဒိတ်ဒိတ်ကြဲမင်းသားတွေ ပါဝင်တဲ့ အက်ရှင်ဇာတ်ကြမ်းကားကိုမှ ကြည့်ချင်ပါတယ်ဆိုတဲ့ပရိသတ်တွေအတွက် ယခု (၉) ရက်နေ့ Netflix မှာပြသတော့မယ့် “Bloodhounds” အက်ရှင်ဇာတ်ကားကတော့တကယ့်ကို လက်မလွှတ်မသင့်တဲ့ ကားကောင်းတစ်ကားဖြစ်လာမှာပါနော်....ဇာတ်လမ်းအစမှာတော့ ဂင်ဂွန်းဝူဟာ လက်စပြင်းတဲ့တက်သစ်စလူငယ်လက်ဝှေ့ကစားသမားတစ်ဦးပါ လက်ဝှေ့ပြိုင်ပွဲတွေထိုးရင်း သူနဲ့အသင်မွေးဝမ်းကျောင်းချင်းတူတဲ့ ဟုံးဝူဂျင်းအမည်ရတဲ့ လက်ဝှေ့ကစားသမားနဲ့သူငယ်ချင်းဖြစ်ခဲ့ကြပါတယ်..ဂွန်းဝူရဲ့အမေဟာ ငွေကြေးမပြေလည်တာကြောင့် တရားမဝင်ငွေတိုးချေးစားတဲ့လောကထဲမှာမှ တကယ့်လူမိုက်ခေါင်းဆောင်ဂင်မြောင်ဂီးလ်ဆီကနေ ပိုက်ဆံချေးမိရာ နောက်ပိုင်းမှာ ပြန်မဆပ်နိုင်တော့တဲ့အခါသားဖြစ်သူ ဂွမ်းဝူနဲ့ လူမိုက်ခေါင်းဆောင် ဂင်မြောင်ဂီးလ်တို့ထိပ်တိုက်တိုးဖို့ အကြောင်းဖန်လာပါတော့တယ်...ဇာတ်ကား Casts Line up တွေကလည်း ရှယ်ပါပဲနော် Wo Do Hwan ၊ Lee Sang Yi ၊ Park Sung Woong ၊Huh Joon Ho နဲ့ Siwon (Super Junior) တို့အပါအဝင် အခြားသောသရုပ်ဆောင်တွေကဘယ်လိုမျိုးအချိတ်အဆက်မိမိနဲ့ အက်ရှင်ဇာတ်ကြမ်းမလဲဆိုတာကို ...

Bloodhounds(2023)[Complete]

2023
Siren: Survive the Island (2023) 6
Siren: Survive the Island (2023) Siren : Survive the Island (2023)ဒီတစ်ခေါက်မှာတော့ Netflix ကနေ အသစ်ထွက်လာတဲ့ သည်းထိတ်ရင်ဖို survival show တစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်၂၄ ယောက်သော ရဲအရာရှိ၊ မီးသတ်သမား၊ သက်တော်စောင့်၊ စစ်သား၊ အားကစားသမား၊ စတန့်သမား အစရှိတဲ့ အမျိုးသမီးတွေက ဝေးလံခေါင်ဖျားအရပ်က လူသူကင်းဝင်းတဲ့ ကျွန်းတစ်ကျွန်းပေါ်မှာ အသက်ရှင်ကျန်ရစ်ဖို့အတွက် သူ့ထက်ငါအပြိုင် အစွမ်းကုန်ယှဉ်ပြိုင်ကြရမှာဖြစ်ပါတယ်ဘယ်လိုအားပြိုင်မှုတွေ စိန်ခေါ်မှုတွေနဲ့ အနိုင်ယူကြမလဲဆိုတာကို သည်းထိတ်ရင်ဖိုကြည့်ရှုရမှာဖြစ်လို့ သည်းထိတ်ရင်ဖိုအမျိုးအစားကို ကြိုက်နှစ်သက်တဲ့ပရိသတ်ကြီးတို့ လက်လွတ်မခံသင့်ဘူးနော်စုစုပေါင်း ၁၀ ပိုင်း ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။အညွှန်းကိုတော့ Hsu က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ CM Variety Team ပဲ ဖြစ်ပါတယ်။Genre..... Reality Quality…. 1080p | 720p File size… 1-2 GB | 500-750 MB Format… mp4 Duration…. 1h Subtitle…. Myanmar Subtitle (Hardsub) Translator ..... ...
6
TMDb: 6/10 2 votes
tv

Siren: Survive the Island (2023)

2023
Royal Doctor (2023) 8.8
Royal Doctor (2023) "တော်ဝင်သမားတော်လေးရဲ့ချစ်ရေးချစ်ရာ" မြန်မာစာတန်းထိုးဆေးကျောင်းသူလေးဘိုက ရုတ်တရက် တတိယမင်းဆက်အုပ်စိုးလျက်ရှိတဲ့ ဆေးဝါးပေါများရာထိုင်းနယ်မြို့တစ်ခုဆီကို ရောက်ရှိသွားပါတယ်နန်းတွင်းမှာ ကုသခွင့်ရတဲ့ထိတော်ဝင်သမားတော်ထောင်းခမ်မှာဆေးပညာတတ်ကျွမ်းတဲ့ ထောင်းအင်းနဲ့ထောင်းအွန့်လို့ခေါ်တဲ့ သားနှစ်ယောက်ရှိပါတယ်ထောင်းအွန့်ကတော့ ဒီဘက်ခေတ်ကိုရောက်လာတဲ့ ဘိုကို ကယ်ဆယ်ပြီးဆေးကုသပေးခဲ့ရာမှာဘိုနဲ့ထောင်းအွန့်တို့ မေတ္တာမျှသွားမလားဘိုက တချိန်ခေတ်သစ်ကိုပြန်ရမလား ခေတ်ဟောင်းမှာပဲနေရစ်ခဲ့မလားဆိုတာကတချိန်လုံး မတည့်အတူနေဖြစ်နေတဲ့သူတို့နှစ်ဦးရဲ့ဇာတ်ကို " တော်ဝင်သမားတော်လေးရဲ့ချစ်ရေးချစ်ရာ"ဆိုတဲ့ဇာတ်ကားထဲမှာ အချစ်ဟာသရောယှက်ပြီး ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်( အညွှန်းရေးသားသူကတော့ Lei Wutyi Tun ဖြစ်ပါတယ် )Native Title: หมอหลวง Episodes: 16 Aired: Mar 21, 2023 - ? Aired On: Monday, Tuesday Original Network: Channel 3 Duration: 1 hr. 7 min.Translated by  Kyi Nue Zin ,Nang Mwe Kham & Lei Wutyi TunEncoded by Naing Aung Latt Episode (1) [600MB] Yoteshin ...
8.8
TMDb: 8.8/10 votes
tv

Royal Doctor (2023)

2023
Sanctuary (2023) 8.0
Sanctuary (2023) Sanctuary ( 2023 ) ============== IMDb Rating - 8.0/10ဒီဇာတ်လမ်းတွဲက ရှားရှားပါးပါးမြင်ရတယ်‌ပြောရမလား နက်ဖလစ်မှာ ကျွန်တော်တို့ ပုံမှန်အနေနဲ့ ဒီလိုဂျပန်ဇာတ်လမ်းတွဲမျိုး မြင်ရခဲတယ်။ သူက တခြားမဟုတ်ဘဲ ဆူမိုနပန်းပွဲတွေအကြောင်း ရိုက်ထားတဲ့ ဇာတ် လမ်းကိုး။ ထူးတာက ဒီလို ရိုက်ထားတဲ့နေရာမှာ ဇာတ်လမ်းက ဇာတ် လမ်းလည်းဆန်သလို တစ်ဖက်မှာလည်း ဇာတ်လမ်းမဆန်ဘူး။ ပြော ချင်တာက ဇာတ်လမ်းပေမဲ့ ဒိုကူမန်ထရီရိုက်ထားသလို အငွေ့အသက် ပါရတယ်။ ဒီလိုရိုက်ထားလို့ ပျင်းစရာတော့ လုံးဝမကောင်းဘဲ ပိုစိတ် ဝင်စားစရာကောင်းသွားတယ်။ဆူမိုက ဂျပန်မှာပဲ တွေ့ရနိုင်တဲ့ ဂျပန်ရိုးရာအားကစားစစ်စစ်ပါပဲ။ ဆူမိုကို ဂျပန်မှာ ပထမဆုံး စကစားတာက ၁၆ရာစုအလယ်ပိုင်း တိုခုဂါဝခေတ် ကတည်းကဆိုတော့ အခုထိဆို ၅ရာစုလောက်ရှိပြီပြောရမယ်။ ဆူမိုဆိုတဲ့ စကားလုံးကို စတွေ့တာက ၇၁၂ခုနှစ်ကတည်းကဆိုတော့ နှစ်ထောင်ချီ ပြီလည်း ‌ပြောကြတယ်။ ဆူမိုအားကစားဟာ ကြမ်းတမ်းခက်ခဲတဲ့ အား ကစားတစ်ခုပီသစွာပဲ ဆူမိုသမိုင်းတစ်လျှောက်မှာ ယိုခိုဇုနလို့ခေါ်တဲ့ grand championတွေ သိပ်မရှိခဲ့ဘူး။ ဒီလိုချန်ပီယံဖြစ်လာဖို့ကလည်း မလွယ်ခဲ့ ဘူး။ ဒါပေမဲ့လည်း ဆူမိုနပန်းသမားတိုင်းနီးပါး ဆူမိုစဆော့ပြီဆိုတာနဲ့ သူတို့ရဲ့ပန်းတိုင်က ယိုခိုဇုနဖြစ်လာဖို့ကို ဦးတည်နေတယ်။ ...
8.0
TMDb: 8.0/10 2500 votes
tv

Sanctuary (2023)

2023
Muted (2023) 6.9
Muted (2023)  ဒီတစ်ခေါက်မှာတော့ CM ပရိသတ်ကြီးကို အသစ်ထွက် Crime/Drama/Mysteryအမျိုးအစား စပိန် mini series လေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီစီးရီးလေးထဲမှာတော့ မင်းသား Arón Piper (Eliteထဲက Ander Muñoz)နဲ့ မင်းသမီး Almudena Amor (The Good Boss)တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြတာပါ။ ဇာတ်လမ်းအကျဉ်း ဆယ်ဂီရိုဆိုတဲ့ကောင်လေးက အိုင်ကျူ ၁၅၄ ရှိပြီး ဉာဏ်ကောင်း ထက်မြက်လွန်းပေမယ့် အဖေနဲ့အမေကို ရက်ရက်စက်သတ်ခဲ့တဲ့ ရာဇဝတ်သားတစ်ယောက်ပါ။ မိဘတွေကို ဝရန်တာကနေ တွန်းချခဲ့တာမို့ သူ့ကို ဝရန်တာလူသတ်သမားလို့ ခေါ်ခဲ့ကြတာပေါ့။မိဘတွေကို ရက်ရက်စက်စက်သတ်ခဲ့ပေမယ့် အမှုရင်ဆိုင်တဲ့အချိန်မှာ ဘာစကားတစ်ခွန်းမှ မဆိုဘဲ နှုတ်ဆိတ်နေခဲ့တာကြောင့် သူ့အမှုက ထွက်ဆိုချက်မရှိတဲ့ အမှုတစ်ခုအဖြစ် ထူးဆန်းတဲ့အမှုတစ်ခုလည်း ဖြစ်ခဲ့ရပါတယ်။ မိဘတွေကိုသတ်မှုနဲ့ ထိန်းသိမ်းခံခဲ့ရပြီး ၆နှစ်အကြာမှာတော့ လျှော့ပေါ့ပြစ်ဒဏ်နဲ့ ဆယ်ဂီရိုတစ်ယောက် အကျဉ်းသားဘဝကနေ လွတ်ငြိမ်းခွင့်ရခဲ့ပြီး ပြန်လွတ်လာခဲ့ပါတယ်။ အဲဒီလိုလွတ်လာတဲ့ ဆယ်ဂီရို့ကို ...
6.9
TMDb: 6.9/10 37 votes
tv

Muted (2023)

2023
IRL: In Real Love (2023) Ep 1 to 10 Complete 5.6
IRL: In Real Love (2023) Ep 1 to 10 Complete IRL (In Real Love)Dating Reality Show ကို စတင်မိတ်ဆက်ပေးခဲ့တဲ့ အမေရိကန်ရဲ့ Too hot too handle အောင်မြင်သွားပြီးနောက်ပိုင်း ဆက်ထွက်လာတဲ့ Love Island(Australia,Brazil) အိုပါးတွေ အိုင်ဒေါတွေ‌လို လှပချောမောတဲ့ ကိုရီးယားသား/သူလေးတွေကို ကြည့်ခဲ့ရတဲ့ Single inferno အပြီးမှာ ‌အိန္ဒိယပရိသတ်ကြီးအတွက် ညိုချောလေး ဖြူနုလေးတွေကို netflix ကနေစီစဉ်တင်ဆက်ထားပေးတဲ့ Show အသစ်လေးလာပါပြီဖောက်ပြန်တာတွေခေတ်စားနေတဲ့ လောကကြီးမှာ ခံစားချက်တွေမလွန်ကျူးကြခင် ကိုယ်ခန္ဓာရင်းနှီးမှုတွေမပါဘဲ ပေါ်တင်ပဲတည့်တွဲကြရင်ရော...ခေါင်းစဉ်လေးအတိုင်းပါပဲ အချစ်စစ်မှာတဲ့အချစ်စစ်မှာဘာတွေလိုအပ်လဲ ကိုယ့်စံချိန်တွေကဘာတွေလဲ ဒါတွေဂာတစ်ခါတလေမှာ ရင်းနှီးသွားမှ ကြုံဖူးသွားကြမှသိကြတာတွေရှိပါတယ်နာမည်ကြီးမင်းသားမင်းသမီးတွေမဟုတ်ဘဲ သက်ဆိုင်ရာနယ်ပယ်တွေမှာအောင်မြင်ထင်ရှားသူတွေပါဝင်ထားတဲ့ အချစ်စစ်ကိုရှာကြသူများ ဟာသပေါ့ပါး Reality ရှိုးလေးတင်ဆက်ပေးလိုက်ပါတယ်သတ်မှတ်ထားတဲ့ အဆောက်အဦးတွေမှာခွဲနေကြတဲ့ ယောက်ျားလေးအဖွဲ့နဲ့ မိန်းကလေးအဖွဲ့ အစမှာတည်းက အားလုံးကရွေးချယ်ထားတဲ့လက်‌တွဲဖော်လုပ်ထားတဲ့ အတွဲကိုယ်စီရှိပါတယ် ဒါပေမဲ့ တခြားသူတွေနဲ့ဆိုရင်ရောဘယ်လိုနေမလဲဆိုပြီး အွန်လိုင်းကနေစတီတာကြပလီကြပေါ့ ဒီလိုနဲ့ Meet Cute ဆိုတဲ့ App လေးကအောင်သွယ်ပေးပြီး ဒီလူတွေအချင်းချင်းပဲ ကော်ဖီဒိတ်လိုက် ပန်းခြံဒိတ်လိုက် ကမ်းခြေဒိတ်လိုက် ပြန်လာရင် တီတူးခဲ့တာလေးတွေပြောလိုက်နဲ့ပေါ့ ...
5.6
TMDb: 5.6/10 5 votes
tv

IRL: In Real Love (2023) Ep 1 to 10 Complete

2023
Risqué Business: Japan (2023) 5.3
Risqué Business: Japan (2023) Risque Business : Japan (2023)ယခုတစ်ခေါက်တင်ဆက်ပေးမယ့် Korea variety show လေးကတော့ ကိုရီးယားရဲ့ထိပ်တန်းအစီအစဉ်တင်ဆက်သူတွေထဲက တစ်ယောက်ဖြစ်တဲ့ Shin Dong-Yup နဲ့ ကိုရီးယားထိပ်တန်း Ballad အဆိုတော် Sung Si-kyung တို့က ဂျပန်နိုင်ငံရဲ့ ထူးခြားတဲ့ Sex industry ကို သွားရောက်လေ့လာကြမှာဖြစ်ပါတယ်။ဂျပန်လူမျိုးတွေရဲ့ sex အပေါ်ထားတဲ့ ပွင့်လင်းမြင်သာတဲ့ အလေ့အထတွေကို ပေါ်ပေါ်ထင်ထင် မြင်ကြရမှာဖြစ်ပြီး တစ်ပိုင်းနှင့်တစ်ပိုင်း မတူညီတဲ့ ခေါင်းစဉ်တွေအောက်မှာ ဓလေ့မတူတဲ့ကိုရီးယားလူမျိုးနှစ်ယောက် ဘယ်လိုမျိုးအံ့ဩနေရမလဲ မြင်ကြရမှာဖြစ်ပါတယ်။ Shin Dong-Yup ဆိုတဲ့အတိုင်း ညစ်တီးညစ်ပတ်ဟာသတွေမှာ ဆရာတစ်ဆူဖြစ်သလို အင်နိုးဆန့်လေး Sung Si-kyung ကလည်း ဂျပန်စကားသင်ထားသူပီပီ ဘယ်လိုတွေ အရွန်းဖောက်ကြမလဲဆိုတာကို အစအဆုံး ၆ ပိုင်းပဲ ရှိတဲ့ ဒီရှိုးလေးထဲမှာ ကြည့်ရှုလိုက်ကြပါဦး။Remark: ကြမ်းတမ်းတဲ့အသုံးအနှုန်းတွေ၊ စကားတွေ၊ ပုံစံတွေ ပါတာဖြစ်လို့ မိသားစုနှင့် ကြည့်ဖို့ မသင့်လျော်ပါကြောင်း....အညွှန်း နဲ့ ဘာသာပြန်ကတော့ Kaung Set ...
5.3
TMDb: 5.3/10 3 votes
tv

Risqué Business: Japan (2023)

2023
The Diplomat (2023) Complete 8
The Diplomat (2023) Complete The Diplomat (2023) A Netflix Series ~ IMDb - 8.1/10, Rotten Tomatoes - 88% ~ သံတမန်လုပ်ရတယ်ဆိုတာ တော်တော်လေးမလွယ်တဲ့ အလုပ်ပါပဲ။ ကြိုးတန်းလျှောက်တဲ့သူလို ဘယ်ဖက်ကိုမှ မယိမ်းအောင် သတိကြီးကြီးထားပြီး လုပ်ရတဲ့အလုပ်မျိုးပေါ့။ ဒါပေမဲ့ ကြိုးတန်းလျှောက်သမားက ဟန်ချက်ပျက်ပြီး လဲရင်တောင် သူတစ်ယောက်တည်း လဲတာပါ။ သံအမတ်ဆိုတာကတော့ နိုင်ငံတစ်နိုင်ငံကို ကိုယ်စားပြုနေတဲ့မျက်နှာဖြစ်တဲ့အတွက် ဟန်ချက်တစ်ချက် ပျက်ရင် စကားတစ်ခွန်းမှားရင် တစ်နိုင်ငံလုံး ဒါမှမဟုတ် နှစ်နိုင်ငံလုံး မျက်နှာပျက်စရာတွေ ဒုက္ခအကြီးအကျယ်ရောက်စရာတွေ ဖြစ်သွားနိုင်ပါတယ်။ အပြောအဆိုအနေအထိုင် ပါးနပ်ရတယ်။ နိုး လို့ပြောရင် သံအမတ်မဟုတ်ဘူးဆိုတဲ့ ဟာသလိုပဲ စကားပရိယာယ်ကြွယ်ရတယ်။ ပါးနပ်ဆို တခြားနိုင်ငံမှာ သွားနေရတာကိုး အိမ်ရှင်မျက်နှာလည်း ကြည့်ရသေးတယ်လေ။ ကိုယ်ဖြစ်ချင်တာကို တစ်ဖက်လူ လက်ခံနိုင်အောင် ပြောရတယ်ဆိုတာ တော်တော်လေးမလွယ်တဲ့ အလုပ်ပါပဲ။ ကိုယ်သိမ်းသွင်းနေတဲ့သူက နိုင်ငံတစ်နိုင်ငံကို ဦးဆောင်နေတဲ့ နိုင်ငံ့ခေါင်းဆောင်တွေဆိုရင် ပိုခေါင်းကိုက်ရတာပေါ့။ နိုင်ငံခေါင်းဆောင်တွေ ...
8
TMDb: 8/10 82 votes
tv

The Diplomat (2023) Complete

2023
In the Name of God: A Holy Betrayal (2023) 7.929
In the Name of God: A Holy Betrayal (2023) In the Name of God: A Holy Betrayal ( 2023 ) ======================================= . . IMDb 7.1/10, Rotten tomatoes 67% ၂၀၀၈ ခုနှစ်တုန်းက ကိုရီးယားမှာ ဂျောင်မြောင်ဆော့ဆိုတဲ့ ဒိတ်ဒိတ်ကြဲဘာသာရေးခေါင်းဆောင်တစ်ယောက် သူ့ရဲ့ ဖော်လိုဝါမိန်းကလေးတွေကို လိင်ပိုင်းဆိုင်ရာစော်ကားတဲ့အမှုနဲ့ ထောင် ၁၀ နှစ်ကျသွားခဲ့တယ်။ အဲဒီလူဟာ သူ့ကိုယ်သူ ယေရှုဝင်စားတဲ့သူ၊ ဘုရားသခင်ရဲ့တမန်တော်ပါလို့ ကြေညာခဲ့ပြီး ယုံကြည်ကိုးကွယ်သူပေါင်းလည်း ထောင်သောင်းကျော်တဲ့အထိ များပြားခဲ့တာပါ။လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေကြောင့် ထောင် ၁၀ နှစ်ကျသွားခဲ့ပေမဲ့ ၂၀၁၈ ထောင်ကထွက်လာခဲ့ပြီး လျှပ်စစ်ခြေပတ် ပတ်ထားရတဲ့အချိန်မှာတောင် သူဟာ ဆိုးရွားတဲ့ လိင်ပြစ်မှုတွေကိုဆက်လက်ကျူးလွန်နေဆဲပါပဲ။ အဲဒီ လိင်ပြစ်မှုတွေရဲ့ နစ်နာသူ မိန်းကလေးတွေ speak up လုပ်ကြရာကနေ ဒီမှတ်တမ်းရုပ်သံဇာတ်လမ်းတွဲ ဖြစ်မြောက်လာခဲ့ပါတယ်။ ဒီ မှတ်တမ်းရုပ်သံမှာဆိုရင် ဂျောင်မြောင်ဆော့အပါအဝင် ဘတ်ဆွန်းဂျာ၊ ဂင်ဂီဆွန်း၊ အီဂျယ်ရော့ဆိုတဲ့ မတူညီတဲ့အရေခြုံဘာသာရေးဂိုဏ်းခေါင်းဆောင်လေးယောက်ရဲ့ အမှောင်ဘက်ခြမ်းနဲ့ ဆိုးယုတ်တဲ့ပြစ်မှုတွေ၊ ဘာသာရေးခုတုံးလုပ်မှုတွေ၊ မျက်စိမှိတ်ယုံကြည်ကိုးကွယ်မှုရဲ့ ဆိုးကျိုးတွေကို သေချာဖော်ပြထားပါတဲ့အတွက် ဖြစ်ရပ်မှန် မှတ်တမ်းရုပ်ရှင်ကြိုက်တတ်သူတွေ စိတ်ဝင်စားကြမယ့်ဇာတ်လမ်းမျိုးပဲဖြစ်ပါတယ်။ဒီမှတ်တမ်းရုပ်သံဇာတ်လမ်းတွဲမှာဆိုရင် ကြမ်းတမ်းတဲ့ ...
7.929
TMDb: 7.929/10 14 votes
tv

In the Name of God: A Holy Betrayal (2023)

2023
FUBAR (2023) 6.89
FUBAR (2023) ပရိသတ်အချစ်တော်မင်းသားကြီးအာနိုးရဲ့ အသစ်ထွက် Action/comedy စီးရီးလေးလာပါပြီ။ မင်းသားကြီးအာနိုးနဲ့အတူ မင်းသမီးချောလေး Monica Barbaro (Top Gun: Maverick ထဲက Phoenix)က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ စီအိုင်အေစုံထောက်တစ်ယောက်ဖြစ်တဲ့ လုခ်က မကြာခင် အငြိမ်းစားယူတော့မှာဖြစ်ပြီး မိသားစုနဲ့ ဘဝကိုအေးအေးချမ်းချမ်းဖြတ်သန်းတော့ဖို့ စိတ်ကူးထားသူပါ။ သူသိပ်ချစ်တဲ့သမီးဖြစ်သူ အမ်မာဟာဆိုရင်လည်း ဆေးလိပ်မသောက် အရက်မသောက် တယောတီးတဲ့နေရာမှာလည်းအလွန်တော်တဲ့ ဂုဏ်ယူရတဲ့ ဖေဖေ့သမီးလေးပေါ့။ ဒါပေမယ့် အငြိမ်းစားမယူခင်လေးမှာပဲ နောက်ဆုံးအနေနဲ့ ရန်သူ့နယ်မြေထဲ အသွင်ယူစုံစမ်းနေတဲ့အေးဂျင့်တစ်ယောက်ကို သွားကယ်ပေးရမှာဖြစ်ပြီး နောက်ဆုံးအနေနဲ့ စစ်ဆင်ရေးတစ်ခုကို လုပ်ပေးဖို့ အမိန့်ကျလာခဲ့ချိန်မှာတော့.. မလွှဲမရှောင်သာ စစ်ဆင်ရေးကို စတင်ခဲ့ရပြီး ရန်သူ့နယ်မြေထဲရောက်သွားခဲ့ချိန်မှာပဲ ရန်သူ့နယ်မြေထဲမှာ သူ လုံးဝမထင်မှတ်ထားတဲ့ လူတစ်ယောက်ကို တွေ့လိုက်ရပါတော့တယ်.. အဲဒါကတော့ သူ့ရဲ့ အချစ်ရဆုံး အလိမ်မ္မာတုံး သမီးလေးပါပဲ.. အံ့ဩထိတ်လန့်ခြင်းများစွာနဲ့ လုခ်တစ်ယောက် စစ်ဆင်ရေးကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်ပါ့မလား.. သူ့သမီးအမ်မာကရော ဘာဖြစ်လို့ ရန်သူ့နယ်မြေထဲကို ...
6.89
TMDb: 6.89/10 41 votes
tv

FUBAR (2023)

2023
Queen Charlotte: A Bridgerton Story (2023)(18+) 7.764
Queen Charlotte: A Bridgerton Story (2023)(18+) 2023 Netflix Top-Ten Series တစ်ခုပါBridgerton စီးရီးကို သိပြီးသားသူတွေဆို ဒီဘုရင်မကြီးကို အကျွမ်းတဝင်ရှိပါလိမ့်မယ် ဘရစ်ဂျာတန်စီးရီးထဲမှာတော့ သူက main character သိပ်မဟုတ်တော့ သူ့ကို အာပလာလို ထင်မိသူရှိကောင်း ရှိနိုင်ပါလိမ့်မယ် ...ဒါပေမဲ့ ဂျာမနီနိုင်ငံကနေ ဥရောပတစ်ခွင် ဖြတ်သန်းလာပြီး ဗြိတိသျှအင်ပါယာကြီးရဲ့ ဘုရင်မ တစ်ပါးဖြစ်လာသူ Queen Charlotte ဟာ နယ်နယ်ရရ မဟုတ်ပါဘူး.ဒီဇာတ်လမ်းမှာ ဘုရင်မကြီး Charlotte ရဲ့ ငယ်ဘဝ ဇာတ်ကြောင်းတွေကို မြင်ရမယ် ... အသက်အရွယ်နဲ့ မလိုက်အောင် ဘယ်လိုထက်မြက်ကြောင်း ရဲရင့်ကြောင်းတွေ မြင်ရမယ် အထူးသဖြင့် ဘုရင်မကြီးနဲ့ ဘုရင် ဂျော့ဂ်ျတိုရဲ့ တစ်မူထူးခြားတဲ့ စိတ်ဝင်စားဖွယ်အချစ်ဇာတ်လမ်း ...ဒါတွေအပြင် လေဒီ ဒန်ဘရီတစ်ယောက် သာမန်ဘ၀ကနေ လေဒီရာထူးကို ဘယ်လိုဘယ်ပုံနဲ့ အရယူခဲ့သလဲ ဆိုတာတွေနဲ့ ... လေဒီ ဘရစ်ဂျာတန်ရဲ့ စိတ်ကိုလည်း အနီးကပ် သိနိုင်ဦးမှာပါ ...ပြောရရင်တော့ ဒီစီးရီးက ...
7.764
TMDb: 7.764/10 104 votes
tv

Queen Charlotte: A Bridgerton Story (2023)(18+)

2023
XO, Kitty (2023) 10
XO, Kitty (2023) XO Kitty (2023)To All The Boy I loved Before မှာထဲက အားလုံးချစ်ခဲ့ရတဲ့ အငယ်ဆုံးလေးကစ်တီတောင် အထက်တန်းကျောင်းသူကြီးဖြစ်လာခဲ့ပြီ။ ဒါကတော့ကစ်တီရဲ့ကိုယ်ပိုင်ဇာတ်လမ်းပါ။ အစ်မနှစ်ယောက်ကလဲ ဘဝမှာကိုယ်စီကိုယ်စီလမ်းတွေကိုထွက်သွားကြပြီဆိုတော့ ကစ်တီကလဲလမ်းစခင်းပြီပေါ့။ ကစ်တီကတော့ အစ်မတွေလို တက္ကသိုလ်ကျောင်းသူကြီးဖြစ်ဖို့တောင်မစောင့်ပါဘူး။ သူ ပြောသလိုပဲ ကံကြမ္မာပါလာတော့ သူ့အမေပစ္စည်းတွေကိုရှင်းရင်း သူ့အမေက အထက်တန်းကို ကိုးရီးယားက KISS ဆိုတဲ့ကျောင်းမှာတက်ခဲ့တာသိသွားပါလေရော။ နောက်ထပ်ကြမ္မာပါလာတာက ကစ်တီ့ချစ်သူ ဒေး ကလဲ လက်ရှိအဲ့ဒီကျောင်းမှာတက်နေတာ ဖြစ်နေတယ်။ ထပ်ပြီးကြမ္မာပါပြန်ပြီ။ ကစ်တီကလဲအဲ့ဒီကျောင်းကိုလျှောက်လိုက်တာ အနီးကပ်မှစကောလားရှစ်ရသွားပါလေရော။ အဲ့တော့ကစ်တီက ဒါသူနဲ့ဒေးရဲ့ဖူးစာပဲ။ ပြီးတော့သူ့အမေရဲ့ဘဝတစ်စိတ်တစ်ပိုင်းကိုလဲ သိခွင့်ရမယ်ဆိုတဲ့စိတ်နဲ့ ကိုးရီးယားမှာကျောင်းသွားတက်မယ့် ကစ်တီ့ရဲ့စွန့်စားခန်းမှာ ဘာတွေကြုံရမလဲဆိုတာ လိုက်ကြည့်လိုက်ရအောင်။စုစုပေါင်း ၁၀ ပိုင်း ရှိပြီးတော့ ဆက်တိုက်ဆိုသ်လို တင်ပေးသွားမှာပါ။အညွှန်းကိုတော့ Rashida က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Rashida, Roman NoX, Mary Christ, Moh Moh တို့ပဲ ဖြစ်ကြပါတယ်။Genre..... Comedy Quality…. 1080p | 720p File ...
10
TMDb: 10/10 2 votes
tv

XO, Kitty (2023)

2023
Black Knight (2023) [Complete]
Black Knight (2023) [Complete] Black Knight(2023)******************အပိုင်း(၁ မှ ၆ ) စ/ဆုံးအားလုံးစောင့်မျှော်နေကြတဲ့ Netflix Series အသစ် Black Knight ဟာဆိုရင် 2071 ခုနှစ် မှာဇာတ်အိမ်တည်ထားတာဖြစ်ပြီးလေထုအဆိပ်သင့်မှုပြင်းထန်လာတာနဲ့အညီ ကမ္ဘာကြီးမှာရှိတဲ့ လူဦးရေရဲ့ ၁% ပဲ အသက်ရှင်ကျန်တော့တဲ့ခေတ်ကာလပါ...ဒီလိုခေတ်ကာလမှာတော့ လူတွေက အိမ်ထဲကအိမ်ပြင်မထွက်ကြတော့ပါဘူး...အိမ်အပြင်ကိုထွက်ကြတာနဲ့လည်း အောက်စီဂျင် Mask တွေ တပ်ကြရတာမို့လို့ တစ်ဦးနဲ့တစ်ဦး ပေးပို့ချင်တာ စားနပ်ရိက္ခာပစ္စည်း စတာတွေကို Knight လို့ ခေါ်ကြတဲ့ Delivery သမားတွေက ပို့ပေးကြရပါတယ်....အန္တရာယ်တွေကြား သူခိုးဓါးပြတွေကြားကနေ Delivery လိုက်ပို့ပေးရတဲ့ Knight တွေထဲမှာကိုယ်ခံပညာအကျွမ်းကျင်ဆုံးနဲ့ အတော်ဆုံးကတော့ Knight 5-8 (Kim Woo Bin) ပဲဖြစ်ပါတယ်...ကမ္ဘာပျက်ကာလရဲ့ သူရဲကောင်း 5-8 နဲ့ အပြိုင်ဇာတ်လမ်းမှာပါလာမယ့် ဗီလိန်ကတော့ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ ကမ္ဘာကြီးကိုအုပ်စိုးဖို့ ကြိုးစားနေတဲ့ ဥက္ကဌကြီး Ryu Hae Jin ရဲ့ ...

Black Knight (2023) [Complete]

2023
Transatlantic (2023) 6.5
Transatlantic (2023) Transatlantic (2023) =============== IMDb Rating - 6.5/10ဒီစီးရီးရဲ့ အချိန်ကာလက ဒုတိယကမ္ဘာစစ် ဟစ်တလာရဲ့ နာဇီတပ်ဖွဲ့တွေ ပြင်သစ်ပြည်မြောက်ပိုင်းကို သိမ်းပိုက်အပြီး ပြင်သစ်နဲ့ ဂျာမနီ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရယူထားတဲ့ ကာလပါ။ ပြင်သစ်ပြည်တောင်ပိုင်းကိုတော့ ဗင်ချီ(Vinchy) အစိုးရက တာဝန်ယူထားပြီး ပဲရစ်အပါအဝင် ပြင်သစ်ပြည် မြောက်ပိုင်းက ထွက်ပြေးလာကြတဲ့ စစ်ဘေး ဒုက္ခသည်အများအပြား မာဆေးမြို့မှာ သောင်တင်နေချိန်ပါ။ ဂျူးလူမျိုးတွေကို အမြစ်ပြတ် နှိမ်နင်းရေးဆိုတဲ့ ဟစ်တလာရဲ့ မဟာပေါ်လစီကြီးကြောင့် မာဆေးမြို့ရောက် ဂျူးတွေ ပြင်သစ် ပြည်ကနေ ထွက်ပြေးဖို့ ဆိုင်းပြင်နေကြချိန်ပါ။အဲဒီကာလမှာ မာဆေးမြို့က ဂျူးတွေကို ကယ်ထုတ်ပေးခဲ့တဲ့ Emergency Rescue Committee ဆိုတဲ့ အမေရိကန် အဖွဲ့ တစ်ဖွဲ့ ရှိခဲ့ပါတယ်။ ဗေရီယန် ဖရိုင်း(Varian Fry) ဦးဆောင်တဲ့ အဲဒီအဖွဲ့ဟာ Hannah Arendt, Max Ernst, Marc Chagall တို့လို အကျော်အမော်တွေအပါအဝင် ဒုက္ခသည်ပေါင်း ၂,၀၀၀ ကျော်ကို စပိန်နယ်စပ်ကနေ ပေါ်တူဂီ၊ အဲဒီကနေ အမေရိကန် ပြည်ထောင်စုဆီ ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ဒီစီးရီးက ဗေရီယန်ဖရိုင်းတို့အဖွဲ့ရဲ့ဂျူးကယ်ဆယ်ရေး စွန့်စား ခန်းတွေကို ...
6.5
TMDb: 6.5/10 3100 votes
tv

Transatlantic (2023)

2023
The Nurse (2023) 6.9
The Nurse (2023) The Nurse (2023) ============== IMDb Rating - 6.9/10[ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားသည်]2012 ခုနှစ် --------------- Arne ဆိုတဲ့ သက်ကြီးပိုင်း အမျိုးသားကြီးတစ်ယောက် ဒိန်း မတ် နိုင်ငံက ဆေးရုံတစ်ခုမှာ .. ရောဂါလက္ခဏာ ကြီးကြီးမား မား မရှိပါဘဲ သေဆုံးသွားခဲ့တယ်။ အလောင်းကို စစ်ကြည့်တဲ့ အခါ diazepam လွန်ကဲမှုကြောင့်လို့ အဖြေထွက်တယ်။ ဆေးရုံက ဆေးမှားထိုးတာ မဟုတ်ကြောင်း သေချာတဲ့အတွက် လူနာဟာ သူ့ကိုယ်သူ ဆေးထိုး သေကြောင်းကြံတယ်လို့ ‌သတ်မှတ်လိုက် ကြတယ်။2014 ခုနှစ် ---------------- Pernille ဆိုတဲ့ အမျိုးသမီးတစ်ယောက် ဒိန်းမတ်ဆေးရုံကြီးမှာ သူနာပြုအနေနဲ့ ပထမဆုံး အလုပ်ဆင်းခွင့်ရခဲ့တယ်။ Christina ဆိုတဲ့ သူနာပြုက သူ့ရဲ့ အလုပ်၀င်စ ကာလတွေမှာ သင်ပြလေ့ကျင့် ပေးတယ်။ တစ်ခုသော ညမှာ လူနာတစ်ယောက် ရုတ်တရက် သေ ဆုံးတယ်။ လူနာခန်းထဲက အမှိုက်ခြင်းထဲမှာ Diazepam တွေပါတဲ့ ဆေးထိုးပြွန်ကို Pernille တွေ့သွားတယ်။ သေဆုံးရခြင်း အကြောင်း ရင်း တူညီတဲ့ ဖြစ်ရပ်တွေ စိပ်လာတဲ့အခါ သံသယ၀င်စရာတွေ ...
6.9
TMDb: 6.9/10 710 votes
tv

The Nurse (2023)

2023
Sweet Tooth Season2 7.9
Sweet Tooth Season2 Sweet tooth ( season 2 ) ======================Season 1 တုန်းက ထင်တာထက်ပိုကောင်းပြီး၊ emmy ဆုတွေ ရတဲ့ထိအောင်မြင်ခဲ့တဲ့ Sweet tooth ဇာတ်လမ်းတွဲရဲ့ season 2 ဟာ ပရိသတ်ရှေ့ကို ပြန်လည်ရောက်ရှိလာခဲ့ပါပြီ။ ပြီးခဲ့တဲ့ season မှာတော့ တစ်စစီပြန့်ကြဲနေခဲ့တဲ့ အစပျိုးထားသမျှ ဇာတ်ကောင်တွေကို ချိတ်ဆက် ပေါင်းစည်းပြပြီးတော့မှ ပရိသတ်တွေ ကလိကလိဖြစ်အောင် ဟက်ကော့ကြီးဇာတ်သိမ်းသွားခဲ့ပါတယ်။ဇာတ်လမ်း ပြန်ဆက်ရရင်တော့ ရောဂါလှိုင်း နောက်တစ်လှိုင်းပြန်စလို့ ဖြေဆေး အသည်းအသန်လိုချင်နေကြတဲ့ နောက်ဆုံးလူသားတွေဟာ မျိုးစပ်ကလေးတွေကို ရိုးတွင်းချဉ်ဆီထုတ်ဖို့အတွက် ဖမ်းထားကြပြီး မျိုးစပ်ကလေးတွေကလည်း သူတို့နည်းသူတို့ဟန်နဲ့ လွတ်မြောက်ဖို့ကြိုးစားနေကြပါတယ်။ဇာတ်လမ်းက ဘယ်လိုဆက်ဖြစ်သွားလဲ၊ အခု season 2 ကရော season 1 ရဲ့ tempo ကို မီရဲ့လား၊ hype ထားရတာနဲ့ တန်ရဲ့လားဆိုတာတွေကို ကိုယ်တိုင်ကြည့်ပြီး ဆုံးဖြတ်နိုင်ဖို့ သမင်ချိုနဲ့ကောင်လေး ဆွိတုရဲ့ ဇာတ်လမ်းတွဲကို ချန်နယ်မြန်မာကနေ ဘာသာပြန်ဆိုတင်ဆက်ပေးလိုက်ပါတယ်...။Quality :1080p WEBRIP / 720pTotal ...
7.9
TMDb: 7.9/10 1092 votes
tv

Sweet Tooth Season2

2023
Florida Man (2023) 7.2
Florida Man (2023) Florida Man (2023) A Complete Netflix Series Netflix ကနေ လောလောလတ်လတ် အသစ်ထွက်ထားတာဖြစ်ပြီး ပါသမျှလူတွေအချင်းချင်း ကိုယ် သူ့မယုံ သူ့ ကိုယ်မယုံ လိမ်ကောက်ရင်း ကလိမ်ကျနေတဲ့ ရှုပ်ရှုပ်ထွေးထွေး စုံထောက် အက်ရှင်ဇာတ်လမ်းကို ဟာသလေးနှောပြီး ကြည့်ရမှာပါ။ Agents of S.H.I.E.L.D. ထဲက အေးဂျင့်ကိုလ်ဆင်ကြီး တစ်ချက်တစ်ချက် ထဖောက်တဲ့ အခန်းတွေက အခွီရဆုံးလို့ထင်တာပါပဲ။ ဇာတ်လမ်းကတော့ လောင်းကစားစွဲနေလို့ ပြဿနာတွေတက်ပြီး စုံထောက်ရာထူးကနေ အလုပ်ပြုတ်သွားတဲ့ မိုက်က သူအကြွေးတင်နေတဲ့ လူမိုက်ခေါင်းဆောင်ဆီမှာ အကြွေးသိမ်းတဲ့အလုပ် ပြန်လုပ်ရင်း သူ့သူဌေးရဲ့ မိန်းမကိုလည်း ခိုးစားနေတာက‌နေစတာပါပဲ။ အဲဒီကောင်မလေးက ရုတ်တရက် လူမိုက်ခေါင်းဆောင်ဆီက ထွက်ပြေးသွားတော့ လူမိုက်ခေါင်းဆောင်က မိုက်ကို လိုက်ရှာခိုင်းပါတယ်။ ကောင်မလေးပြေးသွားတာက မိုက်ရဲ့ ဇာတိမြို့ဖြစ်တဲ့ ဖလော်ရီဒါပါ။ ဖလော်ရီဒါကို မုန်းနေတဲ့ မိုက်တစ်ယောက် သူဌေးလုပ်သူနဲ့ အပေးအယူလုပ်ပြီး ကောင်မလေးကို ...
7.2
TMDb: 7.2/10 33 votes
tv

Florida Man (2023)

2023
Thicker Than Water (2023) 7.2
Thicker Than Water (2023) Thicker Than Water (2023)"သွေးကရေထက်ပျစ်တယ်" ဆိုတဲ့စကားက ဆလင်းမ်တို့မိသားစုကိုရည်ညွှန်းတာပါပဲ။ သူတို့က ပဲရစ်မှာနေနေကြတဲ့ အယ်လ်ဂျီးရီးရန်းမွတ်ဆလင်တွေပါ။ သူတို့မိသားစုထဲမှာ ဆလင်းမ်ကအမွှေဆုံး။ သူ့အစ်မသုံးယောက်ရှိတယ်။ အဲ့ဒီသုံးယောက်ထဲက ဖာဟာဆိုတဲ့အစ်မက ဆလင်းမ်ကိုအချစ်ဆုံးအစ်မ။ ဖာဟ့ာအပြောအရတော့ သူတို့မိသားစုတွေက ငယ်ငယ်ထဲကအချင်းချင်းဂရုစိုက်ဖို့ သင်ကြားပေးတာခံထားရတယ်တဲ့။ အဲ့ဒါအပြင် သူတို့အဖေက သူတို့ကိုထားပြီးထွက်သွားချိန်မှာ အမေကလဲအလုပ်တွေအရမ်းလုပ်ရတော့ ဆလင်းမ်အတွက် ဖာဟာကအစ်မအပြင် ဒုတိယမိခင်ဖြစ်ခဲ့တယ်။ ဒီဇာတ်လမ်းက မွတ်ဆလင်တွေရဲ့ရမ်မဒါန်ဥပုဒ်လမှာဖြစ်တယ်။ရမ်မဒါန်လရဲ့ပထမရက်မှာ မိသားစုတွေအတူ ဥပုဒ်ဖြေဖို့ချိန်းထားကြတာ ဆလင်းမ်ကရောက်မလာဘူး။ သိပ်မကြာပါဘူး ရဲတွေရောက်လာပြီး ဖာဟာတို့ညီအစ်မတွေကို စစ်ဆေးမေးမြန်းကြပါလေရော။ အကြောင်းကရော ဆလင်းမ်က ရဲတစ်ယောက်ကိုကားနဲ့တိုက်ပြီးထွက်ပြေးသွားလို့ပါ။ ဆလင်းမ်ကလဲအဲ့ဒီကားကို ဖာဟာ့အိမ်မှာလာရပ်ထားတယ်။ ဖာဟာကလဲ သူလဲအမှုမပတ်အောင် သူ့မောင်ကိုလဲကယ်တင်ချင်ဇောနဲ့ သူတို့ညီမသုံးယောက်ရယ် ငမွှေထိုးတူမလေးရယ်ပေါင်းပြီး ကားကြီးကိုမီးရှို့အစဖျောက်လိုက်ကြတယ်။ပြသနာကဒီမှာတင်ပြီးရင်တော်သေး။ ဖာဟ့ာစေတနာကဝေဒနါဖြစ်သွားတယ်ဆိုပါတော့။ ရဲကိုတိုက်တာက ပြသနာသိပ်မရှိဘူး။ ပြသနာကသူတို့မီးရှို့လိုက်တဲ့ကားထဲမှာ ဆလင်းမ်ပို့ပေးရမယ့်မူးယစ်ဆေးတွေပါသွားတာပဲ။ အဲ့မှာတင်ရဲတွေရော မူးယစ်ရာဇာတွေနဲ့ပါ ဇာတ်လမ်းကရှုပ်လာတော့ ဖာဟာ့အနေနဲ့ ဆလင်းမ်ကိုရော သူ့မိသားစုဝင်တွေကိုပါ ဘယ်လိုများကာကွယ်ဖြေရှင်းပေးမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။Seriesရဲ့ ဇာတ်လမ်းသွားက ခိုင်ခိုင်မာမာရှိတဲ့အပြင် ဒီဇာတ်လမ်းမှာ မိသားစုတွေကြားကသံယောဇဥ်တွေ၊ အဆိုးအကောင်းပြသနာတွေရော၊ မောင်နှမတွေရဲ့ အမြဲသတ်နေ စကားနိုင်တွေလုနေကြပေမယ့် တကယ့်အရေးကြုံလာတဲ့အခါ သွေးကရေထက်ပျစ်တယ်ဆိုတာတွေကို ရမဒါန်ဥပုဒ်လနောက်ခံနဲ့ဖော်ကြူးပြထားလို့ တမူထူးခြားတဲ့ series လဲဖြစ်ပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။Genre..... ...
7.2
TMDb: 7.2/10 14 votes
tv

Thicker Than Water (2023)

2023
Sweet Tooth (2021) 10
Sweet Tooth (2021) Sweet Tooth (2021)IMDb 8.4/ 10Netflix ကတော့ ထုံးစံအတိုင်း စိတ်၀င်စားစရာ series တစ်ခု မိတ်ဆက်လိုက်ပြန်ပါပြီJeff Lemire ရဲ့ Sweet Tooth ဆိုတဲ့ DC Comic Book ကို ပြန်လည် ဆန်းသစ်ထားတဲ့ Action-adventure, fantasy drama လေးမို့ DC fan တွေ အကြိုက်တွေ့မယ်လို့ ထင်ပါတယ်Sweet Tooth ဆိုတာကတော့ ဒီဇာတ်လမ်းရဲ့ အဓိကဇာတ်ဆောင် ကောင်လေးလေးရဲ့ နာမည်ပါဒီကောင်လေးဟာ hybrid လို့ခေါ်တဲ့ လူတစ်ပိုင်း သမင်တစ်ပိုင်းလေးပါကမ္ဘာကြီး ပျက်သုဉ်းသွားပြီးနောက် သူဟာ တခြားသော hybrids တွေနဲ့ရောပြီး အသက်ရှင်ကျန်ရစ်ခဲ့ပါတယ်အရွယ်ကလည်းငယ် အတွေ့အကြုံမရှိသေးတဲ့ hybrid လေးတစ်ကောင် ဒီလောကကြီးမှာ အသက်ဆက်နိုင်ဖို့ရာ တစ်ဦးတည်း ရင်ဆိုင်ရပုံတွေကို စိတ်၀င်စားဖွယ်တင်ဆက်ထားပုံတွေကိုအပိုင်း ၈ ပိုင်းနဲ့ တစ်၀ကြီး ကြည့်ရှူရမှာဖြစ်ပါတယ်DC entertainment ...
10
TMDb: 10/10 1 votes
tv

Sweet Tooth (2021)

2021